အခ်စ္ေလျပည္ တိုး၀င္လာခဲ့ေသာ္...

By god-dess11

352K 33.6K 1.1K

တစ္ေန႔တြင္ သူမေလးသည္ သူႏွင့္မေတာ္တဆ အိပ္မိသြားခဲ့သည္။ ႏွစ္လခန႔္ၾကာေသာ္... သူမေလးထံတြင္ ကိုယ္၀န္ရွိမွန္း သိလ... More

မိတ္ဆက္ျခင္း
စာစဥ္ ၁ ( ၁ - ၁၂ )
စာစဥ္ ၂ ( ၁၃ - ၂၄ )
စာစဥ္ ၁ ( ၂၅ - ၃၀ )
စာစဥ္ ၂ ( ၁ - ၁၀ )
စာစဥ္ ၂ ( ၁၁ - ၂၀ )
စာစဥ္ ၂ (၂၁-၃၀)
စာစဥ္ ၃ (၁-၁၄)
စာစဥ္ ၃ (၁၅-၂၀)
စာစဥ္ ၃ (၂၁-၂၆)
စာစဥ္ ၃ (၂၇-၃၀)
စာစဥ္ ၄ (၁-၈)
စာစဥ္ ၄ (၉-၁၆)
စာစဥ္ ၄ (၁၇-၂၀)
စာစဥ္ ၄ (၂၁-၂၆)
စာစဥ္ ၄ (၂၇-၃၀)
စာစဥ္ ၅ (၁-၁၀)
စာစဥ္ ၅ (၁၁-၁၆)
စာစဥ္ ၅ (၁၇-၂၄)
စာစဥ္ ၅ (၂၅-၃၀)
စာစဥ္ ၆ (၁-၈)
စာစဥ္ ၆ (၉-၁၄)
စာစဥ္ ၆ (၁၅-၃၀)
စာစဥ္ ၇ (၁-၁၀)
စာစဥ္ ၇ (၁၁-၂၀)
စာစဥ္ ၇ (၂၁-၃၀)
စာစဥ္ ၈ (၁-၁၀)
စာစဥ္ ၈ (၁၁-၃၀)
စာစဥ္ ၉ (၁-၁၀)
စာစဥ္ ၉ (၁၁-၂၀)
စာစဥ္ ၉ (၂၁-၃၀)
စာစဥ္ ၁၀ (၁-၁၆)
စာစဥ္ ၁၀ (၁၇-၃၀)
စာစဥ္ ၁၁ (၁-၁၄)
စာစဥ္ ၁၁ (၁၅-၃၀)
စာစဥ္ ၁၂ ( ၁ - ၁၈ )
စာစဥ္ ၁၂ ( ၁၉ - ၃၀ )
စာစဥ္ ၁၃ ( ၁ - ၁၆ )
စာစဥ် ၁၃ (၁၇ - ၃၀)
စာစဥ် ၁၄ ( ၁ - ၁၆)
စာစဥ် ၁၄ (၁၇-၃၀)
စာစဥ် ၁၅ (၁၇ - ၃၀)
စာစဥ် ၁၆ (၁-၁၆)
စာစဥ် ၁၆ (၁၇-၃၀)
စာစဥ္ ၁၇ (၁ - ၁၆)
စာစဥ္ ၁၇ (၁၇-၃၀)
စာစဥ္ ၁၈ (၁-၁၀)
စာစဥ္ ၁၈ (၁၁-၃၀)
စာစဥ္ ၁၉ (၁ - ၃၀)
စာစဥ္ ၂၀ (၁-၃၀)
စာစဥ္ ၂၁ (၁-၁၀)
စာစဥ္ ၂၁ (၁၁-၃၀)
စာစဥ္ ၂၂ (၁-၃၀)
စာစဥ္ ၂၃ (၁-၃၀)
စာစဥ္ ၂၄ (၁-၁၆)
စာစဥ္ ၂၄ (၁၇-၃၀)
စာစဥ္ ၂၅ (၁-၁၄)
စာစဥ္ ၂၅ (၁၅-၃၀)
စာစဥ္ ၂၆ (၁-၁၆)
စာစဥ္ ၂၆ (၁၇-၃၀)
စာစဥ္ ၂၇ (၁-၁၆)
စာစဥ္ ၂၇ (၁၇-၃၀)
စာစဥ္ ၂၈ (၁-၁၀)
စာစဥ္ ၂၈ (၁၁-၂၀)
စာစဥ္ ၂၈ (၂၁-၃၀)
စာစဥ္ ၂၉ (၁-၁၀)
စာစဥ္ ၂၉ (၁၁-၂၀)
စာစဥ္ ၂၉ (၂၁-၃၀)
စာစဥ္ ၃၀ (၁-၁၀)
စာစဥ္ ၃၀ (၁၁-၂၀)
စာစဥ္ ၃၀ (၂၁-၃၀)
စာစဥ္ ၃၁ (၁-၁၀)
စာစဥ္ ၃၁ (၁၁-၂၀)

စာစဥ် ၁၅ (၁ - ၁၆)

3.8K 397 26
By god-dess11

စာစဥ် ၁၅၊ အခန်း ၁။ ပိုက်ဆံပြန်ပေး(1)

အခုမှပဲ ဂူယူရှန်း ဘာလို့ သူမကို သရက်သီး စားခိုင်းသလဲ သဘောပေါက်တော့သည် ။ ချင်းကျီအိုက် သရက်သီးမစားနိုင်တာကို လျန်ဒေါ့ကူ တကယ်မသိခဲ့ရ ။

“ယူရှန်း အမှတ်မှားနေပြီထင်တယ် ကျွန်မက သရက်သီး မကြိုက်ဘူးပဲ ပြောခဲ့တာ မစားနိုင်ဘူးလို့ ပြောတာမဟုတ်ဘူး”

သူမ ရှင်းပြနေပေမဲ့ ဂူယူရှန်းက ဖုန်းကို ထုတ်ကာ တစ်ခုခုကို နှိပ်နေပြီးနောက် စားပွဲပေါ်က လျန်ဒေါ့ကူရဲ့ဖုန်းက နှစ်ကြိမ်မြည်လာတော့သည် ။

ဖုန်းကို မကြည့်တောင် ဂူယူရှန်း စာပို့တာမှန်း သိတာကြောင့် သူမ ဖုန်းကိုမကြည့်ခင် ဂူယူရှန်းကို တစ်ချက်လှမ်းကြည့်ပြီးမှ ဖုန်းကိုယူလိုက်တော့သည် ။

ဂူယူရှန်းက ပုံနှစ်ပုံကို ပို့ထားတာမို့ သူမ အနီးကပ်ဆွဲကြည့်လိုက်တော့ တစ်ပုံက ကျိုးကျင်းနဲ့ သူမပုံ နောက်တစ်ပုံကတော့ ဂူယူရှန်းအိမ်မှာ ချင်းကျီအိုက်က အမှိုက်ထုပ်ကိုင်ထားတဲ့ပုံ ...။

ပုံနှစ်ပုံ ရိုက်ထားတဲ့ အချိန်ကွာဟချက်က ၃မိနစ်သာ ရှိနေတာကြောင့် လျန်ဒေါ့ကူ မျက်မှောင်ကြုံ့လိုက်သည် ။

ဂူယူရှန်း ဒီပုံတွေကို ဘယ်လိုရခဲ့သည်လဲ ။

အရင်တည်းက ရိပ်မိနေခဲ့သည်လား ။

လျန်ဒေါ့ကူ ဘယ်လိုမှမငြင်းနိုင်တော့တာကြောင့် ဂူယူရှန်းကို ကြည့်နေလိုက်တော့သည် ။

ဂူယူရှန်းစကားအပိုတွေလည်း မပြောချင်သလို သူမရဲ့အလိမ်အညာတွေကိုလည်း ထပ်မကြားချင်တော့တာကြောင့် လိုရင်းပဲပြောလိုက်သည် ။

“ပထမမေးခွန်းကို မင်းမဖြေချင်လည်း ရတယ် မေးခွန်းပြောင်းမေးမယ် သူ့နာမည်က ဘာလဲ”

လျန်ဒေါ့ကူ ဘာစကားမှ မပြောနိုင်ပဲ ငြိမ်သက်နေမိတော့ ဂူယူရှန်းကလည်း ထပ်မမေးတော့သလို သူမကို အချိန် ပေးထားပြီး ၁၀ မိနစ်ကြာတော့ လျန်ဒေါ့ကူ အသံထွက်လာသည် ။

“ယူရှန်း ဒီပုံတွေက တစ်ယောက်ယောက် လုပ်ကြံထားတာ ကျွန်မ...”

“မင်း ငါ့မေးခွန်းကို မဖြေချင်သေးဘူးလား”

“မဖြေချင်လို့မဟုတ်ဘူး အဲ့ဒါက...”

ဂူယူရှန်း အကြောင်းအရာပြောင်းပြောလိုက်တော့သည် ။

“အိမ်မှာ ရှိနေတာအားလုံးက မင်းပစ္စည်းတွေလား”

ဂူယူရှန်း ဘာကြောင့်မေးသည်တော့ သူမ မသိပေမဲ့ ခေါင်းငြိမ့်ပြီး ဖြေလိုက်သည် ။

“အင်း”

ဂူယူရှန်း ထိုင်နေတဲ့ ခုံကို ကန်ကာထလိုက်ပြီးနောက် ထမင်းစားခန်းထဲကထွက်သွားသည် ။

သူဘာကြောင့် စကားလွှဲသွားရသည်လဲ ။

လျန်ဒေါ့ကူရှုပ်ထွေးနေရတော့သည် ။

အခုလို အခြေအနေမျိုးမှာ သေချာပေါက် သူမကို အလွတ်ပေးမည် မဟုတ်တာကို ဘာလို့များ ... ။

အဲ့ဒီအချိန်မှာပဲပြတင်းပေါက်ကနေ ဆူညံသံတွေကြားလိုက်ရတော့သည် .....။

-----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၂။  ပိုက်ဆံပြန်ပေး (2)

လျန်ဒေါ့ကူ အံ့အားသင့်စွာနဲ့ မျက်မှောင်ကြုံ့လိုက်မိပြီးနောက် အဒေါ်ကြီးက အသံကြားရာဆီ သွားကြည့်ကာ သူမကို လှည့်ကြည့်လာတော့ လျန်ဒေါ့ကူမတ်တပ်ရပ်လိုက်မိသည် ။

“သခင်မလေး”

“ဘာဖြစ်တာလဲ”

လျန်ဒေါ့ကူ ပြတင်းပေါက်ဆီ မသွားခင်မှာပဲ နောက်ထပ်ဆူညံသံတွေ ထပ်ကြားလိုက်ရတာမို့
မျက်ခုံးတို့ ပင့်တက်ကာ ခပ်သွက်သွက်သွားလိုက်တော့ ဖောက်ထွင်းမြင်နိုင်တဲ့ မှန်တံခါးကနေ ခြံထဲမှာ သေတ္တာဗူးကျနေတာကို တွေ့လိုက်ရသည် ပြီးတော့ အ၀တ်အစားတွေရော အပေါ်ထပ်ကနေ ပြုတ်ကျလာတော့သည် ။

လျန်ဒေါ့ကူ ဂူယူရှန်းလုပ်နေသည်တွေကို နားလည်သွားတာကြောင့် တံခါးအပြင်ကို ပြေးထွက်ကာ ကြည့်လိုက်တော့ အ၀တ်အစားတွေ အိတ်တွေ ဇာတ်ညွှန်းစာရွက်တွေ အလှကုန်တွေနဲ့ သူမခရီးဆောင်အိတ်တွေ ပြန့်ကျဲနေတာကို တွေ့လိုက်ရတော့သည် ။

ဂူယူရှန်း အိမ်ကို ချင်းကျီအိုက် ပြောင်းလာတုန်းက လျန်ဒေါ့ကူပုံစံ ပိုပေါက်အောင် သူမရဲ့တန်ဖိုးကြီးပစ္စည်းတွေ သုံးခိုင်းခဲ့ပြီး တစ်ချို့ကိုတော့ မသုံးခိုင်းခဲ့ ။

ဒီလို သူမတန်ဖိုးထားရတဲ့ ငွေအများကြီးသုံးထားရတဲ့ ပစ္စည်းတွေက
အခုတော့ ဂူယူရှန်းလုပ်ရပ်ကြောင့် မြေပြင်မှာပြန့်ကျဲလို့ ....

လျန်ဒေါ့ကူ ပစ္စည်းတွေရှိရာဆီ ပြေးသွားလိုက်ပြီး တန်ဖိုးကြီးတွေကို ကောက်ယူဖို့ လုပ်တုန်း အပေါ်ထပ်ကနေ တစ်ချို့ပစ္စည်းတွေကို ပစ်ချနေသေးတာကြောင့် လျန်ဒေါ့ကူခေါင်းကို ခဏခဏလာထိသည် ။

သူမခေါင်းပေါ်ပြုတ်ကျတဲ့ အ၀တ်အစားတွေက တန်ဖိုးကြီးပစ္စည်းတွေနဲ့ လုပ်ထားတဲ့ လက်လုပ်အထည်တွေဖြစ်တာကြောင့် နာသွားရသည် ၊
ဒါကြောင့် သူမ နောက်ဆုတ်လိုက်တော့ သူမနောက်က လက်ဆောင်ဗူးကို တက်နင်းမိပြီး ချော်လဲ သွားရတာမို့ လမ်းခင်းထားတဲ့ကျောက်တုံးနှင့် လက်တွေခြေထောက်တွေက ထိသွားတာကြောင့် နာကျင်ရတာ ငိုမိမတတ်ပင် ။

သူမ မတ်တပ်ရပ်မလို့ပြင်တုန်းမှာပဲ အိတ်တွေထပ်ပြီးကျလာသေးတာကြောင့် လျန်ဒေါ့ကူ လက်နဲ့ကာလိုက်ပေမဲ့ လက်ကိုင်အိတ်က သူမ နားရွက် ကိုပွတ်တိုက်သွားသေးသည် ။

ကျလာတဲ့ပစ္စည်းတွေလည်း လျော့လာပြီး ဆူညံတို့လည်း တိတ်သွားချိန်မှာတော့ ဂူယူရှန်း အောက်ထပ်ဆင်းလာတဲ့ ခြေသံကိုကြားလိုက်ရတော့သည် ။

ဂူယူရှန်း တံခါး၀က ဖိနပ်စင်ကို ဖွင့်လိုက်ပြီးနောက်
သူမရဲ့ဖိနပ်တွေကို ထုတ်ကာ လွှင့်ပစ်သည်။

ဖိနပ်စင်ထဲက သူမဖိနပ်တွေအားလုံး ကုန်သွားတော့ ဂူယူရှန်းအိမ်ထဲပြန်၀င်မလို့လုပ်တုန်း
ဒီနေ့ သူမ စီးလာခဲ့တဲ့ဒေါက်ဖိနပ်ကို တွေ့တာကြောင့် ကန်ထုတ်လိုက်ပြီး အဲ့ဒီနောက် ကြမ်းပြင်ပေါ်မှာ ထိုင်လျက်သားဖြစ်နေတဲ့ လျန်ဒေါ့ကူကို ဂူယူရှန်းလှမ်းကြည့်လိုက်တော့သည် ...

“ငါ မေးတာကို မဖြေရင်တော့ အခုချက်ချင်း လစ်လိုက်တာ ကောင်းမယ်”

-----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၃။ ပိုက်ဆံပြန်ပေး (3)

လျန်ဒေါ့ကူကို ထွက်သွားတော့ဖို့ ပြောပြီးနောက် တံခါးပိတ်ဖို့ လုပ်လိုက်ပြီးနောက်ရပ်လိုက်ပြီး စကားထပ်ပြောလိုက်သည် ။

“ငါမေးတာကို ဖြေဖြေမဖြေဖြေ ထွက်သွားရမှာတော့ သေချာတယ်”

ပြောပြီးပြီးချင်းပဲ ဂူယူရှန်း တံခါးကို ဆွဲပိတ်လိုက်တာမို့ ပြန့်ကျဲနေတဲ့ သူမပစ္စည်းတွေနဲ့ အတူ လျန်ဒေါ့ကူလည်း သူ့အမြင်ထဲက ပျောက်သွားရတော့သည် ။

ကျိုးကျင်းပြောတာမှန်သည် ။

ဂူယူရှန်းက လွယ်လွယ်နဲ့အရူးလုပ်လို့ရတဲ့သူမျိုးမဟုတ် ၊
သူမ တွေးထားတာထက်အများကြီးပါးနပ်တဲ့လူမျိုးပင် ။

ဂူယူရှန်းလှေကားပေါ်တက်မလို့ပြင်တုန်း အဒေါ်ကြီးက အလောတကြီးခေါ်လာတော့သည် ။

“သခင်လေးဂူ သခင်မလေး...”

ဂူယူရှန်း ဒေါသတကြီး နဲ့ အဒေါ်ကြီးကိုကြည့်လိုက်ပြီးနောက် ....

“သူက သခင်မလေးမဟုတ်ဘူး မိန်းကလေး လျန် ပဲ”

အဒေါ်ကြီးလည်း ဂူယူရှန်းကိုကြောက်တာမို့ စကားဆက်မပြောရဲတော့ပေမဲ့ လှေကားပေါ်တက်သွားပြီ ဖြစ်တဲ့ ဂူယူရှန်းကိုအရဲစွန့်ကာလှမ်းခေါ်လိုက်သည် ။

“သခင်လေး”

အစကတော့ သူမကို သခင်မလေး မခေါ်ခိုင်းခဲ့ပဲ အခုနှုတ်ကျိုးတော့မှ မိန်းကလေး လျန် လို့ပြန်ခေါ်ခိုင်းနေပြန်သည် ။
ထမင်းစားခန်းထဲမှာပြောနေခဲ့ကြသည့် “သူ” ဆိုတာကရော ဘယ်သူလဲဆိုတာ သူမ သိချင်မိသေး၏ ။

သူမခေါ်သံကြောင့်ရပ်နေခဲ့တဲ့ ဂူယူရှန်းကြောင့် အဒေါ်ကြီးလည်း ပြောချင်နေတဲ့စကားကို ပြောလိုက်တော့သည် ။

“မိန်းကလေး လျန် ဖုန်းက ထမင်းစားခန်းထဲမှာ ကျန်နေခဲ့တယ်”

“လွှင့်ပစ်လိုက်”

ဂူယူရှန်း ခပ်ပြတ်ပြတ်ပဲပြောပြီး အပေါ်ထပ်တက်သွားတော့ သည် ။

အိမ်အကူအဒေါ်ကြီးလည်း ဂူယူရှန်းရဲ့အမိန့်အတိုင်း ဖုန်းကိုယူကာ လျန်ဒေါ့ကူကို အိမ်အပြင်ထွက်ပြီး ပေးလိုက်သည် ။

“မိန်းကလေး လျန် ဒီမှာ ဖုန်းပါ”

လျန်ဒေါ့ကူ အတွေးထဲမျောနေချိန်ပေါ်ထွက်လာတဲ့ အဒေါ်ကြီးအသံကြောင့် သူမ အဒေါ်ကြီးလက်ထဲက ဖုန်းကိုလှမ်းကြည့်လိုက်ပေမဲ့ မယူဖြစ် ။

သူမကို အမြဲ သခင်မလေးလို့ ခေါ်လာခဲ့တဲ့သူက အခုတော့ ရုတ်တရက် “မိန်းကလေး လျန်” လို့ခေါ်နေသည် ။

ဂူယူရှန်းက ချင်းကျီအိုက်ကိုပဲ “သခင်မလေး”လို့ ခေါ်ထိုက်ကြောင်း ပြောခဲ့သည်လား ။

သူမက ဂူယူရှန်းမိန်းမပဲကို ဘာလို့ “သခင်မလေး”လို့ အခေါ်မခံနိုင်ရမည်နည်း ။

လျန်ဒေါ့ကူ မတ်တပ်ရပ်လိုက်ကာ တံခါးကိုဆွဲဖွင့်ပြီး အိမ်ထဲကို ၀င်သွားတော့သည် ။

“ဂူယူရှန်း ဘယ်လိုလုပ် ငါ့ကို နှင်ထုတ်နိုင်ရတာလဲ အဖိုးက ဒီကို ပြောင်းခိုင်းထားတာ မေ့နေပြီလား”

----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၄။  ပိုက်ဆံပြန်ပေး (4)

“ငါတို့ က တရား၀င်လက်ထပ်ထားတဲ့ လင်မယားဆိုတာ မမေ့နဲ့လေ ဂူယူရှန်း ...ငါဆိုတဲ့လျန်ဒေါ့ကူက ရှင့်မိန်းမမို့လို့ ဒီမှာနေခွင့်ရှိတယ် ဘယ်လိုလုပ် နှင်ထုတ်နိုင်ရတာလဲ”

ဘယ်လိုလုပ်နှင်ထုတ်နိုင်ရတာလဲ တဲ့လား ။

ပြဿနာအိုးလေးမှမဟုတ်သည်ပဲကို ။

ဂူယူရှန်းအပေါ်ထပ်ကို တက်နေတဲ့ခြေလှမ်းတို့ ရပ်သွားရပြီးနောက်
သူမကို ဘာစကားမှပြန်မပြောပဲ သူမဆီလျှောက်လှမ်းလာခဲ့သည် ။

“မသွားနိုင်ဘူး ရှင့်မိန်းမက ငါပဲ ဒီမှာပဲနေမှာ ဘယ်မှမသွားဘူး”

လျန်ဒေါ့ကူ မသွားနိုင်ကြောင်းကိုပြောနေချိန်မှာ ဂူယူရှန်းက တံခါး ဆီလျှောက်လာတော့ သူမလည်း အနောက်ဆုတ်လိုက်မိတာ အိမ်အပြင်ပင်ရောက်နေခဲ့ပြီ ။

“အိမ်ထဲ၀င်လာ”

အိမ်အပြင်ဘက်မှာရပ်နေတဲ့အဒေါ်ကြီးကို ဂူယူရှန်း လှမ်းအော်လိုက်တာကြောင့် သူမလည်း ပြေး၀င်လာပြီးနောက် လျန်ဒေါ့ကူ လက်ထဲကို သူမဖုန်းကို ထည့်ပေးခဲ့ကာ ဂူယူရှန်းဆီပြေးသွားလိုက်တော့သည် ။

အဲ့ဒီနောက် ဂူယူရှန်းက အိမ်တံခါးက password  ကို ပြောင်းနေပြီးနောက် လျန်ဒေါ့ကူကို တစ်ချက်လှည့်မကြည့်ပဲ တံခါးကိုဆွဲပိတ်တော့ လျန်ဒေါ့ကူလည်း အပိတ်မခံပဲ တွန်းနေခဲ့တာကြောင့် ဂူယူရှန်းက မျက်မှောင်ကြုံ့ပြီး အားပိုထည့်ကာ တံခါးကို ဆွဲပိတ်လိုက်တော့
လျန်ဒေါ့ကူ တင်းမထားနိုင်တော့တာကြောင့် တံခါးလုံး၀မပိတ်သွားခင်လေး လျန်ဒေါ့ကူ အော်ပြောလိုက်သည် ။

“ဂူယူရှန်း အဲ့ဒီမိန်းမက ဘယ်သူလဲမသိချင်ဘူးလား ငါ့ကို အခုနှင်ထုတ်လိုက်ရင် အဲ့ဒီမိန်းမကို ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး”

ဂူယူရှန်းပိတ်တော့မဲ့တံခါးကို ဆက်မပိတ်တော့ ...။

“ငါ မင်းကို ဒီမှာနေခွင့်ပေးရင် မင်းကပြောပြမှာတဲ့လား... မပြောဘူးမလား”

ဂူယူရှန်း လျန်ဒေါ့ကူကို လှောင်ပြုံး ပြုံးပြလိုက်ကာ စကားဆက်လိုက်တော့သည် ။

“သူ ဘယ်သူလဲ မင်း ပြောရင်တောင် ငါကတော့ မင်းကို ဒီမှာ လုံး၀ပေးမနေနိုင်တာကြောင့် မင်းတကယ်ပြောချင်တယ်ဆိုရင် စာပို့လိုက်.. အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ခြံထဲက မင်းပစ္စည်းတွေကိုအမြန်ယူပြီး သွားလိုက်တော့ .. ဒီထက်ပိုဆိုးတာတွေ ငါမလုပ်ချင်ဘူး”

အဲ့ဒီနောက် ဂူယူရှန်း တံခါးပိတ်ဖို့ပြင်တော့ လျန်ဒေါ့ကူက တားပြန်သည် ။

“ဂူယူရှန်း ငါပြောပြပါ့မယ် အခုတံခါးပိတ်လိုက်ရင် ဘယ်တော့မှ သိရမှာ မဟုတ်တော့ဘူးနော်”

သူမကို ဒီလိုဆက်ဆံရင်တော့ ဂူယူရှန်း ပျော်ရမည်မဟုတ် ....
သူမ ခံစားရသလို အကုန်လုံးလည်းခံစားရမည် ။

“သူ့ကို ရှာတွေ့ရင်တောင် ရှင်တို့ လက်ထပ်လို့မရစေရဘူး ငါက ကွာရှင်းပေးမှာမဟုတ်လို့ပဲ .. အဲ့ဒီမိန်းမနဲ့ ရှင်က အတူနေချင်သပါ့ဆိုရင်တော့ သူက တိတ်တိတ်ပုန်း မယားငယ်အဖြစ် ရှိရမှာပဲဆိုတာ သိထားလိုက်ဂူယူရှန်း .... ပြီးရင် ရှင့်ရဲ့တိတ်တိတ်ပုန်းမယားငယ်ကို ငါကိုယ်တိုင် တစ်ကမ္ဘာလုံးကို ပြောပြပြီး ရှင်တို့ကို တစ်သက်လုံး မျက်နှာမဖော်နိုင်အောင်လုပ်မှာ”

တိတ်တိတ်ပုန်းမယားငယ် .. လား ။

ဂူယူရှန်း သူမစကားကိုကြားတော့ တံခါးကိုပြန်ဖွင့်လိုက်သည်.

-----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၅။ ပိုက်ဆံပြန်ပေး (5)

လျန်ဒေါ့ကူရဲ့ ကွာရှင်းမပေးဘူးဆိုတဲ့စကားက အလုပ်ဖြစ်သွားပုံပင် .. သူမနဲ့ညှိနှိုင်းဖို့ တံခါးဖွင့်လာတဲ့ ဂူယူရှန်းကို သူမ ကြည့်နေလိုက်သည် ။

“လျန်ဒေါ့ကူ ငါတို့ တရား၀င်လက်ထပ်ထားတယ်လို့ ထင်နေတုန်းလား”

ဂူယူရှန်းက ခနဲ့သလိုပြုံးတော့ ကြောင်အသွားရတာက လျန်ဒေါ့ကူပင် ၊

“ဘာကိုဆိုလိုတာလဲ”

ကြောက်နေတဲ့ လျန်ဒေါ့ကူမျက်လုံးတို့ကို တည့်တည့်ကြည့်ပြီး သူရှင်းပြလိုက်တော့သည် ။

“မင်းထင်နေသလို ငါတို့က တကယ်လက်ထပ်ထားတာမှ မဟုတ်တာ လျန်ဒေါ့ကူရဲ့”

မီးရောင်မှိန်ပြပြ ဟပ်နေတဲ့ ဂူယူရှန်းမျက်နှာက တည်ကြည်ပြီး ကြည့်လို့ကောင်းသည့်မျက်နှာထားမျိုးပင် ။

မျက်တောင်တစ်ချက် ခတ်လိုက်တုန်း မျက်လုံးတို့ကို လွှမ်းခြုံထားတဲ့ မျက်တောင်ရှည်ရှည်တို့က ယောကျ်ားတစ်ယောက်ရဲ့ဆွဲဆောင်မှုလို့ ပြောလို့ရတဲ့အရာမျိုးပင်။ ရက်စက်တဲ့စကားတို့ကိုပြောနေတာတောင် ချိုသာတဲ့အသံတို့က ထွက်နေစမြဲ ...။

“ငါ မင်းကို ဘယ်တုန်းကမှ လက်မထပ်ချင်ခဲ့ဘူး အဖိုးစကားကိုလည်း မလွန်ဆန်နိုင်လို့ လက်ထပ်စာချုပ်အတုတွေလုပ်ခဲ့တာ အဲ့ဒါကြောင့်မင်းသိထားဖို့က အဲ့ဒီကောင်မလေးကိုရှာတွေ့လို့ ငါ သူ့ကို လက်ထပ်တဲ့အခါ သူက ငါ့ရဲ့တိတ်တိတ်ပုန်း မယားငယ်မဟုတ်ပဲ တရား၀င်သခင်မလေးဖြစ်ရမှာဆိုတာပဲ”

လျန်ဒေါ့ကူ မျက်လုံးတို့က အံအားရိပ်နဲ့အတူ မယုံကြည်နိုင်မှုတွေပါ စွက်နေသည် ...

ဂူယူရှန်းကိုကြည့်ကာ ခေါင်းကိုအဆက်မပြတ်ခါရင်း ....

“ညာနေတာ”

ဂူယူရှန်း လက်ကို လျန်ဒေါ့ကူ ဖမ်းဆွဲလိုက်ပြီး တောင်းပန်သလိုကြည့်သည် ။

“ညာနေတာမလား .. ဟုတ်တယ်မလား ငါတို့က လက်ထပ်ထားတာလေ ယူရှန်းရဲ့ ငါက သခင်မလေးလေ ... ဂူယူရှန်းမိန်းမလေ”

မျှော်လင့်ချက်မဲ့နေတဲ့သူမမျက်လုံးတို့က မျက်ရည်တွေအပြည့် ။

“ငါက မင်းကို ဘာလို့ညာရမလဲ”

ဂူယူရှန်းနှုတ်ခမ်းတို့ကိုမဲ့လိုက်ကာ လက်ကိုဆွဲဖြုတ်လိုက်ပြီး သူမရှေ့မှာပဲ တစ်ရှူးကို ယူကာ လက်ကို သုတ်လိုက်တော့သည် ။

“ညာတယ်ဆိုတာ ဂရုစိုက်ခြင်းပဲ ။ ငါ မင်းကို ဂရုမစိုက်တော့မှတော့ ညာစရာအကြောင်းရှိပါ့မလား မယုံရင် ငါတို့လက်ထပ်စာချုပ်ကို ယူပြီး ကြိုက်တဲ့နေရာကို သွားမေး အမှန်ကိုသိရလိမ့်မယ်”

ဂူယူရှန်း သူမကို လက်ထပ်မည်ဆိုတုန်းက လျန်ဒေါ့ကူ သံသယဖြစ်ခဲ့ပေမဲ့ အရမ်းပျော်နေခဲ့တာကြောင့် ဂူယူရှန်း ဒီလိုလုပ်နိုင်တယ်ဆိုတဲ့အချက်ကိုမေ့သွားခဲ့သည် ။

လျန်ဒေါ့ကူ ခေါင်းကိုခါလိုက်ကာ ဂူယူရှန်းကိုကြည့်ရင်း စကားတွေတတွတ်တွတ်ပြောနေတော့သည် ။

“မယုံဘူး မယုံဘူး ရှင်ညာနေတာ ကျွန်မက ရှင့်မိန်းမလေ ရှင့်မိန်းမလေ...ညာနေတာ”

သူမက မျက်ရည်တို့ကျနေခဲ့ပြီး စကားတစ်မျိုးတည်းကိုပဲ အထပ်ထပ်ရွတ်နေသည် ။

“ကျွန်မက သခင်မလေးဂူပဲလေ ...ရှင်စိတ်ဆိုးနေတုန်းမို့ ညာပြောနေတာမလား ဟုတ်တယ်မလား ကျွန်မက ရှင့်မိန်းမလေ ကျွန်မတို့လက်ထပ်ထားတာ လက်ထပ်ထားတာလေ”

လျန်ဒေါ့ကူ ငိုနေလည်း ဂူယူရှန်း ဘာခံစားချက်မှ မရှိတာကြောင့် ခြေလှမ်းတို့ကို နောက်ဆုတ်လိုက်ပြီး တံခါးပိတ်လိုက်တော့သည် ...

------------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၆။ ပိုက်ဆံပြန်ပေး (6)

လွန်ခဲ့တဲ့ နှစ်တွေတည်းက ဂူယူရှန်းက သူမကို လျစ်လျူရှုနေစမြဲဆိုပေမဲ့ ဒီတစ်ခါမှာတော့ သူ့ရဲ့လျစ်လျူရှုမှုအပေါ် တုန်လှုပ်မိသည် ။

လွန်ခဲ့တဲ့နှစ်တွေမှာ သူ့အချစ်ကိုမရခဲ့ဘူးဆိုပေမဲ့ မပိုင်ဆိုင်ရတာမျိုးမဟုတ်ခဲ့ ။
အခုတော့ သူ့မှာ ချစ်ရတဲ့သူလည်းရှိနေပြီပင် ...
သူတို့နှစ်ယောက်ကြားက တံခါးတစ်ချပ်က ကမ္ဘာတစ်ခုခြားနေသလိုပင် ။

လျန်ဒေါ့ကူ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ဂူယူရှန်းကို ဖမ်းဆွဲထားချင်မိတာကြောင့် သူ့အင်္ကျီကို လှမ်းဆွဲလိုက်တော့သည် ။

“ယူရှန်း ကျွန်မကိုယုံပေးပါ .. ဒီကောင်မလေးကို ကျွန်မနေရာမှာ အစားထိုးခဲ့တယ်ဆိုတာကလည်း အကြောင်းရှိခဲ့လို့ပါ ရှင့်ကို မဆုံးရှုံးချင်လို့ ...ယူရှန်း ကျွန်မလေ အဲ့တုန်းက နေမကောင်းဖြစ်နေခဲ့လို့ အဲ့လိုလုပ်ခဲ့ရတာပါ”

ဘာလို့ဒီလိုလုပ်ခဲ့ရတယ်ဆိုတာကို ဂူယူရှန်း မသိချင်သလို စိတ်လည်းမ၀င်စား ။

ဂူယူရှန်း ဂရုစိုက်ကြင်နာခဲ့တဲ့လူကလည်း လျန်ဒေါ့ကူမဟုတ် .. သူ့ရဲ့ပြဿနာအိုးလေးကိုပင် ။
ဒါကြောင့် ပြဿနာအိုးလေးက လျန်ဒေါ့ကူ မဟုတ်တာကို သိလိုက်ရပြီမို့ လျန်ဒေါ့ကူနဲ့ဆက်ပတ်သက်ဖို့မလိုတော့....။

လျန်ဒေါ့ကူရဲ့ရှင်းပြချက်တွေကို ဂူယူရှန်း ဂရုမစိုက်စွာပဲ သူ့အင်္ကျီကို ဆုပ်ကိုင်ထားတဲ့ သူမလက်တို့ကို ဖယ်ခွာပစ်လိုက်တော့သည် ။

“ယူရှန်း တောင်းပန်ပါတယ် ကျွန်မကိုနှင်မထုတ်ပါနဲ့နော်”

ဂူယူရှန်း တံခါးကိုဆွဲပိတ်လိုက်သည် ။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ယူရှန်းရယ်...”

ပိတ်သွားတဲ့တံခါးကို ထုရိုက်ရင်း လျန်ဒေါ့ကူကတော့ အော်ဟစ်နေခဲ့သည် ။

“ဂူယူရှန်း ကျွန်မအဖိုးက ရှင့်အဖိုးအသက်ကို ကယ်ထားတယ်ဆိုတာ မမေ့နဲ့လို့”

“တံခါးဖွင့် ဖွင့်လို့”

ပွင့်မလာတော့တဲ့ တံခါးကို လျန်ဒေါ့ကူ ခြေထောက်နဲ့ ကန်လိုက်ရင်း ..

“စာနာစိတ်မရှိတဲ့လူ ငါ့ကိုတောင်းပန်ရမယ် လျန် မျိုးရိုးကို တောင်းပန်ရမယ်ဂူယူရှန်း”

“အဖိုးကို သွားရှာရမယ် အဖိုးကို အခုချက်ချင်းသွားရှာပြီး ငါစိတ်ဆင်းရဲရသလို နင်တို့အားလုံးလည်း စိတ်ဆင်းရဲစေရမယ်”

ပြောရင်း လျန်ဒေါ့ကူက သူမလက်ထဲကဖုန်းနဲ့ တံခါးကို ပစ်ပေါက်လိုက်တော့သည် ။
အဲ့ဒီနောက် တံခါးကိုမှီကာထိုင်ချပြီး ...

“ဂူယူရှန်း ငါဘာတွေမှားခဲ့တာလဲ တကယ်ဆို လူအစားမထိုးခဲ့သင့်တာကို ငါမှားသွားပါတယ် ဂူယူရှန်းရယ် ကျေးဇူးပြုပြီး လိမ်နေတာလို့ ပြောပေးပါလား ကျွန်မက ရှင့်မိန်းမပါလို့ ပြောပေးပါလား ဂူယူရှန်းတံခါးဖွင့်ပေးပါ”

လျန်ဒေါ့ကူ ငိုနေခဲ့ရတာကြောင့် အားပင်မရှိတော့ပေမဲ့ တံခါးကို တတ်နိုင်သလောက် ထုရိုက်ပြီးနောက် ဖုန်းကို လှမ်းကောက်လိုက်ပြီး ကျိုးကျင်းကို ဖုန်းခေါ်လိုက်တော့သည်။

“ကျိုးကျင်း ပြီးသွားပြီ အခုအားလုံးပြီးသွားပြီ”

______________________________________________

စာစဥ် ၁၅၊ အခန်း ၇။  ပိုက်ဆံပြန်ပေး (7)

“ဘာတွေဖြစ်နေတာလဲ”

ကျိုးကျင်း နားမလည်စွာမေးတော့ လျန်ဒေါ့ကူ တစ်ချက်ရှိုက်ရင်း ပြောခဲ့တဲ့စကားကိုပဲ ထပ်ပြောသည် ။

“အကုန်မှားသွားခဲ့ပြီ အကုန်လုံး”

ဖြစ်ပျက်ခဲ့တာတွေကို ဘယ်လိုပြောပြရမည်ကို သူမ တကယ်မသိတော့ ။

“ရှောင်ကူ စိတ်ကိုအေးအေးထားလေ”

ကျိုးကျင်းလည်း စိတ်ပူနေပေမဲ့ လျန်ဒေါ့ကူကို နှစ်သိမ့်ပေးလိုက်ပြီးနောက် လျန်ဒေါ့ကူက ငြိမ်သက်သွားခဲ့ပြီး ခဏအကြာ...

“အခု ဂူယူရှန်းအိမ်မှာ ငါ့ကို လာခေါ်ပေး”

ကျိုးကျင်း နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလိုပင် ..
ခံစားချက်က လုံး၀မကောင်းတော့ ။

“ဂူယူရှန်းနဲ့ တွေ့ခဲ့တာလား”

“အင်း”

“သူ..သိသွားတာလား”

“အင်း”

လျန်ဒေါ့ကူထပ်ငိုပြီးနောက် စကားထပ်ပြောသည် ။

“မေးခွန်းတွေ ရပ်ပြီး အခု ငါ့ကို လာခေါ်တော့”

“အေးပါ ငါလာပြီ စိတ်ကို အေးအေးထားနော်”

လျန်ဒေါ့ကူ အေးတဲ့မြေပြင်ပေါ်မှာ ထိုင်နေခဲ့ရပြီးနောက်
ဂူယူရှန်းပစ်ချခဲ့တဲ့ သူမပစ္စည်းတွေကို လိုက်ကောက်နေလိုက်သည် ..

ကျိုးကျင်းက ရောက်မလာသေးတာကြောင့် ခြံထဲမှာ သူမ ရပ်နေခဲ့ပြီးနောက် ကားဆီလျှောက်သွားလိုက်ကာ ကားတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာပဲ အိမ်တံခါးက ရုတ်တရက်ပွင့်လာတော့သည် ။

အဲ့ဒီနောက် ဂူယူရှန်းက သူမဆီလျှောက်လာလေတော့
သူမ ရင်တို့တုန်လာရသည် ..

သူမအဖိုးအကြောင်းပြောခဲ့သည်မို့ ဂူယူရှန်း ထွက်လာသည်လား ။

အဖိုးကို သွားတိုင်မည်စိုးတာကြောင့်လား ။

ဂူယူရှန်းက သူ့အဖိုးကိုဆိုရင် အလေးထားတာမို့
သူမကို ထွက်မသွားတော့ဖို့ လာပြောတာဖြစ်နိုင်သည် ။

ဂူယူရှန်း သူမဆီလျှောက်လာခဲ့ပေမဲ့ အနားရောက်တော့ သူမဘေးကနေဖြတ်သွားတော့သည် ။

လျန်ဒေါ့ကူ သူသွားရာကိုကြည့်လိုက်တော့ ဂူယူရှန်းက သူမကားနားမှာရပ်နေသည် ။
အဲ့ဒီနောက် သူက သူမပစ္စည်းတွေ ထည့်ထားတဲ့ ကားတံခါးကိုဖွင့်ကာ လက်ကိုင်အိတ်ဗူးကို ဆွဲထုတ်သည် ..
ပြီးတော့ တခြား လက်ဆောင်ဗူးတွေကိုပါ ထုတ်နေတာကြောင့် သူမထင်ထားသလို အိမ်မှာပဲ နေခိုင်းတော့မည် ထင်သည် ။

“ယူရှန်း”

ဂူယူရှန်းက သူမ ခေါ်တာကို မကြားသလိုနေရင်း လက်ဆောင်ဗူးတွေကိုပဲ ရွေးထုတ်နေပြီးနောက် ပစ္စည်းတွေကို ယူကာ အိမ်ထဲပြန်၀င်ဖို့ပြန်သည် ။

“ယူရှန်း”

ဂူယူရှန်းက သူမလက်ထဲမှာ ကိုင်ထားတဲ့ပိုက်ဆံအိတ်ကိုပါ ကြည့်နေလိုက်တော့သည် ။

ဒါကလည်း သူ ပြဿနာအိုးလေးကို ပေးခဲ့သည့်လက်ဆောင်ပင် ....

---------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၈။  ပိုက်ဆံပြန်ပေး (8)

ဂူယူရှန်း သူမပစ္စည်းတွေကို ပစ်ချတုန်းက ပြဿနာအိုးလေးကို
သူ ပေးခဲ့တဲ့လက်ဆောင်တွေကို ပစ်ချလိုက်မိတာပင်မို့ ဒီလက်ဆောင်တွေကို သူမကို ယူသွားခွင့်မပြုနိုင် ။

ဒါကြောင့် ဂူယူရှန်း သူမဆီ လျှောက်သွားလိုက်ပြီး သူမလက်မှာ ချိတ်ထားတဲ့အိတ်ကို ဆွဲယူလိုက်တော့သည် ..

"ယူ..."

ဂူယူရှန်းအပြုအမူတွေကို နားမလည်နိုင်တာကြောင့်
လျန်ဒေါ့ကူ မျက်မှောင်ကြုံ့လိုက်မိတော့သည် ။

"ယူရှန်း ဘာတွေလုပ်နေတာလဲ"

ဂူယူရှန်းလည်း လက်ကိုင်အိတ်ထဲက သူမပစ္စည်းတွေကို ထုတ်ပြီး ကားထဲပစ်ထည့်လိုက်ကာ သူပေးထားတဲ့လက်ဆောင် မရှိတော့မှ အိမ်ထဲ၀င်ဖို့ပြင်တော့သည် ။

လျန်ဒေါ့ကူ ဂူယူရှန်းနောက်ကို လိုက်သွားမိတော့ သူက ရုတ်တရက် ခြေလှမ်းတို့ကို တန့်လိုက်တာမို့ သူမလည်း ရပ်လိုက်တော့သည် ။

ဂူယူရှန်းက သူမကို ကျောပေးထားပြီး ယူသွားခဲ့တဲ့လက်ကိုင်အိတ်ကို မြှောက်ကာကြည့်နေသည် ။

သူမကို ဒီအိမ်မှာနေဖို့ ခွင့်ပြုသည်လား မေးဖို့ နှုတ်ခမ်းပြင်တုန်း ဂူယူရှန်းက သူမဘက်လှည့်လာပြီး အိတ်ကိုပြန်ပေးလိုက်တော့သည် ။

"ဒီအိတ်က ၁၈၀၂၀၃၈ ဒေါ်လာ တန်တယ်"

သူ ဘာလို့ စေျးတွေပြောနေသည်လဲ သူမ နားမလည်...။

"ဟင်"

"မိန်းကလေး လျန် ကတ်နဲ့ငွေလွှဲမလား ဒါမှမဟုတ် Alipay .. မဟုတ်ရင် WeChat နဲ့လား"

"ဟင်"

လျန်ဒေါ့ကူ နားမလည်စွာနဲ့ ဂူယူရှန်းကိုကြည့်နေမိတော့ ဂူယူရှန်းက စကားထပ်ပြောလာသည် ။

" ဒီအိတ်က ၁၈၀၂၀၃၈ ဒေါ်လာတန်တယ်လို့ ပိုက်ဆံပြန်ပေးလို့ ပြောနေတာ..ဒီအိတ်က ငါ သူ့ကို လက်ဆောင်ပေးထားတာ မင်းသုံးလိုက်လို့သုံးမရတော့ဘူး ငါမင်းကိုပေးခဲ့တဲ့လက်ဆောင်မဟုတ်လို့ ပိုက်ဆံပြန်ပေး"

လျန်ဒေါ့ကူ ဘာမှတောင်ပြန်မပြောနိုင်တော့ပဲ အိတ်ကိုသာ ကြည့်နေမိတော့သည် ။

ဒါဆို ဂူယူရှန်းအိမ်ထဲက ထွက်လာတာက သူမကို လာခေါ်တာ မဟုတ်ပဲ ချင်းကျီအိုက်ကိုပေးခဲ့တဲ့လက်ဆောင်တွေကို ပြန်လာယူတာပေါ့လေ ....။

----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၉။ ပိုက်ဆံပြန်ပေး (9)

လျန်ဒေါ့ကူ မျက်လုံးထဲမျက်ရည်တို့ ပြန်ရောက်လာခဲ့တာကြောင့် သက်ပြင်းရှိုက်လိုက်ပြီး ကားပေါ်မှာ တစ်ခုခုကို သွားရှာလိုက်တော့သည် ။
အဲ့ဒီနောက် ဖုန်းကို ထုတ်လာပြီး အသံကတုန်ကယင်နှင့် ဂူယူရှန်းကို မေးလာတော့သည် ။

"ဘဏ်အကောင့်က ဘာလဲ"

ဂူယူရှန်း ဘဏ်အကောင့်ကို ပိုက်ဆံအိတ်ထဲမှာ ထည့်မှတ်ထားခဲ့တာမို့ အပေါ်ထပ်မှာ ပိုက်ဆံအိတ်သွားယူရန် စဥ်းစားပြီးနောက်
ပြဿနာအိုးလေးကို သူပေးခဲ့တဲ့ကတ်ကို သတိရသွားတော့သည် ။

ပြဿနာအိုးလေးက သေချာပေါက် ဒီကတ်ကိုလည်း ပေးခဲ့မည်မို့...

"ငါ့ကတ် မင်းဆီမှာရှိနေမယ်ထင်တယ် အဲ့ကို ငွေလွှဲပြီး ပို့လိုက်"

လျန်ဒေါ့ကူ တုန်ရီစွာနဲ့ပဲ သူမပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး
ဂူယူရှန်းကတ်ကို ထုတ်ယူလိုက်ကာ ဘဏ်အကောင့်ကိုကြည့်ပြီးနောက် ဖုန်းကနေ ငွေလွှဲလိုက်တော့သည် ...

အဲ့ဒီနောက် ဂူယူရှန်းကို ကတ်လှမ်းပေးလိုက်ရင်း ငိုချင်စိတ်ကို နှုတ်ခမ်းကိုက်ရင်း ထိန်းထားရသည် ။

"လွှဲပြီးပြီ"

ဂူယူရှန်း သူမဆီက ကတ်ကိုယူပြီးနောက် အိမ်ထဲ ၀င်သွားတော့မှ
လျန်ဒေါ့ကူ ငိုချလိုက်တော့သည် ။

သူမအစီအစဥ်တွေအကုန် မြောင်းထဲ ရောက်သွားခဲ့ရပြီ ...

ဂူယူရှန်းရဲ့အမျိုးသမီး ဖြစ်ခွင့် သူမမှာ မရှိတော့ ...
သူမကို နှင်ထုတ်ပြီး လက်ဆောင်တွေပါ ပြန်ယူသွားခဲ့ပြီမို့
သူတို့တကယ် ပတ်သက်ခွင့်မရှိတော့ပေ။

မျက်နှာချင်းတူတာတောင်
ချင်းကျီအိုက်ကိုပဲ ချစ်ပြီး ဘာလို့ သူမကို မဟုတ်ရသည်လဲ ။

ဘာလို့ သူမကိုပဲ နှင်ထုတ်ရသနည်း ။

လျန်ဒေါ့ကူ ဒေါသဖြစ်စွာနဲ့ ဂူယူရှန်းနောက်ကျောကို လှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်တာ့သည် ။

"ဂူယူရှန်း သူ ဘာလို့ ရှင့်ကို ထားခဲ့တာလဲသိလား ..ငါက သူ့ကို ပိုက်ဆံပေးခဲ့လို့ပဲ သူက ရှင့်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး ငွေအတွက် ရှင်နဲ့အတူအိပ်ခဲ့တဲ့လူမျိုးပဲမို့လို့ ငွေသာပေးရင် တခြားလူနဲ့လည်း အိပ်မဲ့မိန်းမမျိုးပဲ သူက ပိုက်ဆံအတွက် ဘာမဆိုလုပ်တဲ့မိန်းမ ဂူယူရှန်းရဲ့"

"အဲ့ဒီတော့ …"

ဂူယူရှန်း လမ်းလျှောက်တာကို ရပ်လိုက်ပြီး သူမကို ခပ်အေးအေးပဲပြန်ပြောတော့ လျန်ဒေါ့ကူက ထပ်ပြောသည် ။

"ငွေအတွက် ဘာမဆိုလုပ်မဲ့..."

"အဲ့ဒီတော့ ဘာဖြစ်လဲလို့"

-------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၀။  ပိုက်ဆံပြန်ပေး (10)

လျန်ဒေါ့ကူကို ဂူယူရှန်း လှည့်ကြည့်လိုက်ပြီး...

“သူက အဲ့လိုမိန်းကလေးဆိုတော့ရော ဘာဖြစ်လဲ”

“ငါက သူ့ကိုကြိုက်တာလေ မင်းကိုမှမဟုတ်တာ အခုထိ မသိသေးဘူးလား”

“သူက ဂူမျိုးရိုးရဲ့ သခင်မလေးပဲ မင်း မဟုတ်ဘူး”

“အဲ့ဒါကြောင့် သူက မကောင်းတဲ့မိန်းကလေး ဆိုရင်တောင် မင်းနဲ့ယှဥ်လို့မရဘူးဆိုတာ သိထား”

လျန်ဒေါ့ကူ ပြန်ပြောရန် နှုတ်ခမ်းတို့ လှုပ်လိုက်ပေမဲ့ မပြောဖြစ်တော့ ။

ဂူယူရှန်း လှည့်ထွက်သွားပြီး အိမ်ထဲပြန်၀်သွားခဲ့တော့
လျန်ဒေါ့ကူ သက်ပြင်းရှိုက််ပြီး ကားပေါ် တက်လိုက်ကာ
ဂူယူရှန်းအိမ်က ထွက်သွားခဲ့တော့သည် ။

လျန်ဒေါ့ကူ စိတ်မတည်ငြိမ်နေတာမို့ လုံခြုံရေးဂိတ်က လက်ရန်းကို တိုက်မိပြီးနောက် အရှေ့ကို ငိုက်ကျသွားကာ နဖူးကိုတိုက်မိသွားတာမို့
သူမ ထပ်ပြီး ငိုချင်လာပြန်တော့သည် ။

ဂူယူရှန်း ကတော့ ပြန်ယူလာခဲ့တဲ့ လက်ဆောင်ဗူးတွေကို
အိပ်ခန်းထဲက ဗီဒိုထဲမှာ တစ်ခုချင်း အစီအရီ ထားလိုက်ပြီးနောက် လက်ဆောင်တွေကိုကြည့်နေမိရင်းက အရင်နေ့တွေက ဖြစ်ပျက်ခဲ့သမျှက အိမ်မက်တွေလိုဖြစ်နေခဲ့တာကို တွေးမိသည် ..

သူ ဆေးရုံမှာ နိုးလာတဲ့အချိန် ပြဿနာအိုးလေး မရှိတော့သလို အဖြစ်အပျက်မျိုးကလည်း မယုံနိုင်စရာ ကောင်းလှတာမို့ ဒေါသထွက်စွာနဲ့ စီထားခဲ့တဲ့ လက််ဆောင်တွေကိုပြန်လွှင့်ပစ်လိုက်တော့သည် ...

ဂူယူရှန်း ဒဏ်ရာသည်လည်း အရှင်းသက်သာသေးသည် မဟုတ်တာမို့ လွန်ခဲ့တဲ့ရက်တွေက ဖြစ်ပျက်ခဲ့တာတွေက သူ့ကိုအားလျော့စေတာကြောင့် ကိုယ်အပူချိန်တောင် တက်နေခဲ့သည်ပဲ ...

အိပ်ယာပေါ်မှာ ခဏလှဲနေလိုက်ပြီးနောက် ထရပ်ကာ ၀ရန်တာကို ဖြေးဖြေးပဲ လျှောက်သွားလိုက်ရင်း ညဘက်မြင်ကွင်းကို ငေးကာ အတွေးထဲနစ်မြုပ်ထားလိုက်သည် ။

ပြဿနာအိုးလေး သူ့ကိုထားခဲ့ပြီဆိုတာကို လက်ခံနိုင်ဖို့
ခက်ခဲနေတဲ့ အရူးတစ်ယောက်လိုသူက အခုထိ
သူမ မရှိတော့တာကို မယုံချင်သေး ...

အခုကစပြီး သူစိတ်ဆိုးတဲ့အခါဖြစ်တည်တတ်တဲ့ သူမရဲ့ မချင့်မရဲမျက်နှာလေးကိုလည်း မတွေ့နိုင်တော့သလို ပျော်စရာရှိတဲ့အခါ သူမရဲ့အပြုံးရိပ်သန်းနေတဲ့ မျက်လုံးတို့ကိုလည်း မတွေ့ရတော့ ။ ပြီးတော့ ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ အပြုအမူတွေလည်း မရှိတော့ပေ ...

ဘယ်လိုလုပ်များ ထားခဲ့နိုင်သည်လဲ ...
ဘယ်လိုအကြောင်းပဲရှိရှိ သူမကို ရှာရမည် ။

အဲ့ဒီနောက် ဂူယူရှန်း အိပ်ယာဆီပြန်လှည့်လာတာ ဖုန်းကိုလှမ်းယူပြီး တစ်နေရာကိုခေါ်လိုက်တော့သည် ။

ကျိုးကျင်းကတော့ ဂူယူရှန်းအိမ်ကိုအလာ လမ်းဘေးမှာ ရပ်ထားတဲ့ လျန်ဒေါ့ကူကားကို တွေ့လိုက်တာကြောင့် သူမကားကို ရပ်လိုက်ပြီး လျန်ဒေါ့ကူကားထဲကို ကူးသွားလိုက်သည် ။

လျန်ဒေါ့ကူကားက လော့မချထားတာမို့ ဖွင့်လို့ရတာကြောင့် ကျိုးကျင်းလည်း ကားထဲ၀င်သွားလိုက်တာတောင် လျန်ဒေါ့ကူက သတိမထားမိ ။
သူမက ခေါင်း ငိုက်စိုက်ကာ ငိုနေခဲ့ပြီး ပုခုံးတို့တသိမ့်သိမ့် တုန်နေခဲ့သည် ။

------------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၁။  အနာဂတ်တစ်ခုကိုပဲ တွေးတယ်(1)

သူမနာမည်ကို ကျိုးကျင်း နှစ်ခါတောင် ခေါ်နေခဲ့ပေမဲ့ လျန်ဒေါ့ကူက သူမကို ဘာမှမတုံ့ပြန်တာမို့ ကျိုးကျင်းလည်း ထိုင်ပဲစောင့်နေလိုက်တော့သည် ။

ငိုလို့အပြီး ရှိုက်သံထွက်လာခဲ့တဲ့နောက် တစ်ရှူးကို လှမ်းယူတဲ့လျန်ဒေါ့ကူ ပုခုံးကို ကျိုးကျင်း လှမ်းကိုင်ထားလိုက်သည် ....

“အဆင်ပြေသွားမှာပါ ထပ်မငိုနဲ့တော့”

လျန်ဒေါ့ကူကတော့ သူမကို ဘာစကားမှ ပြန်မပြောသေးပဲ ရှိုက်လို့နေသည် ။
မိနစ်ပိုင်းခန့် အကြာမှာတော့ ကျိုးကျင်းလည်း လျန်ဒေါ့ကူပုခုံးကနေ ဆွဲထူကာ သူမ မျက်ရည်တို့ကို တစ်ရှူးနဲ့ သုတ်ပေးလိုက်သည် ။

“ထပ်မငိုတော့နဲ့ ငိုနေလို့ ပြဿနာကို မရှင်းနိုင်ဘူး”

လျန်ဒေါ့ကူ ခေါင်းငြိမ့်လိုက်ပြီး ကျိုးကျင်းလက်ထဲက တစ်ရှူးကို ယူကာ
သူမ မျက်နှာကို သုတ်ပစ်လိုက်သည် ။

ကျိုးကျင်းလည်း ရေဗူးလှမ်းယူပြီးနောက် လျန်ဒေါ့ကူကို လှမ်းပေးတော့ မော့သောက်လိုက်တော့သည် ။

“ကျေးဇူးပဲ”

ကျိုးကျင်းကတော့ စကားပြန်မပြောတော့ပဲ လျန်ဒေါ့ကူကိုသာ ကြည့်နေလိုက်သည် ။

နှစ်တွေအများကြီး အတူအလုပ်လုပ်ခဲ့တာကြောင့် ကျိုးကျင်းက သူမကို ဘာတွေဖြစ်ခဲ့လဲ ပြောစေချင်နေကြောင်း လျန်ဒေါ့ကူ သိတာမို့ ရေကိုတစ်၀က်လောက်သောက်ပြီးမှ ဂူယူရှန်းနဲ့သူမ ဘာဖြစ်ခဲ့လဲပြောပြလိုက်တော့သည် ....

“ကျိုးကျင်း ငါ အခု ဘယ်လိုလုပ်ရမလဲ ဂူယူရှန်းက ငါနဲ့မပတ်သက်တော့ဘူး လက်ထပ်စာချုပ်ကလည်း အတုတဲ့”

ကျိုးကျင်းက ပြတင်းပေါက်ကိုသာ ငေးကြည့်ရင်း ဘာစကားမှပြန်မပြောတာမို့ လျန်ဒေါ့ကူလည်း စကားထပ်ပြောလိုက်သည် ။

“သူ ငါ့ကို နှင်ထုတ်လိုက်တယ် ပြီးတော့ သူ ဟိုကောင်မလေးကို ရှာမယ်တဲ့ သူသာ ရှာတွေ့သွားရင် ...”

“မဖြစ်ရဘူး”

ငြိမ်နေခဲ့တဲ့ကျိုးကျင်းက စကားသံထွက်လာတော့သည် ။

“ဂူယူရှန်း သူ့ကို ရှာမတွေ့စေရဘူး ဂူယူရှန်းဘယ်လောက်ပဲ လိုက်ရှာလဲ သူရှာတွေ့မှာမဟုတ်ဘူး ငါတို့သာမပြောပြရင် သူ့ကိုဘယ်သူလဲဆိုတာ သိစရာအကြောင်းမရှိတာမို့ ... အဲ့ဒါကြောင့် စိတ်မပူနဲ့ အဲ့ဒီမိန်းကလေးက ငါတို့ဖွင့်ပြခဲ့တဲ့အသံဖိုင်ကို ကြားပြီးတည်းက ဂူယူရှန်းဆီကိုပြန်လာမှာ မဟုတ်တော့ဘူး ဂူယူရှန်း သေချာပေါက် အဲ့ဒီမိန်းကလေးကို ရင်ထဲမှာပဲ သိမ်းထားရလိမ့်မယ်”

ကျိုးကျင်း လျန်ဒေါ့ကူ ပုခုံးပေါ်လက်တင်လိုက်ပြီးနောက်...

“ရှောင်ကူဘက်မှာ အဖိုးရှိသေးတာပဲမလား ဂူယူရှန်းနဲ့ပြန်ဆက်သွယ်ဖို့ အခွင့်အရေး ရှိပါသေးတယ်”

---------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၂။  အနာဂတ်တစ်ခုကိုပဲ တွေးတယ် (2)

“အဲ့ဒါကြောင့် အခု ဘာမှမတွေးနဲ့ စိတ်အေးအေးထားပြီးမှ ထပ်စီစဥ်ရအောင် အခု ငါနဲ့ အိမ်လိုက်ခဲ့ပြီး ရေလေးဘာလေးချိုးပြီး နားလိုက်တော့ ပြီးတော့မနက်ဖြန် သခင်ကြီးဂူနဲ့ ထမင်းတစ်နပ်လောက် အတူသွားစားလိုက်ဖို့ မမေ့နဲ့ သန်ဘက်ခါကျရင်တော့ အစမ်းလေ့ကျင့်ဖို့ လုပ်ရမယ်နော်”

“အင်း”

လျန်ဒေါ့ကူ ကျိုးကျင်းကို ပြုံးပြလိုက်တော့ ကျိုးကျင်းက
သူ့ ကားကို ထိုးပြကာ ..

“ဒါဆိုသွားရအောင်”

“အိုကေ”

ကျိုးကျင်း သူမကားကိုပြန်သွားဖို့ လျန်ဒေါ့ကူကားပေါ်က ဆင်းဖို့ပြင်တော့ လျန်ဒေါ့ကူက လှမ်းခေါ်တာမို့ သူမ လှည့်ကြည့်လိုက်သည် ။

“ကျေးဇူးပါပဲ ကျိုးကျင်းရယ်”

“မလိုပါဘူး ရှောင်ကူကလည်း”

ကျိုးကျင်းလည်း ပြုံးကာ ဖြေလိုက်ပြီးနောက် ကားပေါ်က ဆင်းလိုက်တော့သည် ။ အဲ့ဒီနောက် သူမကားထဲကနေ လျန်ဒေါ့ကူကား ထွက်သွားတာကိုကြည့်နေလိုက်ပြီးနောက် နောက်ကလိုက်သွားခဲ့သည် ။

လျန်ဒေါ့ကူက အခုထိချောင်ပိတ်မိနေခြင်း မဟုတ်သေးတာမို့ သူမ ဆက်ပြီး ကူညီနေရခြင်း ..တကယ်လို့ သူမသာ ထွက်ပေါက်မရှိတော့တဲ့အချိန်ဆိုရင် ကျိုးကျင်းလည်း ဆက်ကူညီတော့မည် မဟုတ်ကြောင်း ကြိုတွေးထားသည် ။

ဂူယူရှန်း ဖုန်းတွေအများကြီး ခေါ်ခဲ့ပေမဲ့ အဖြေတွေကတော့ အတူတူပင် ။ ပြဿနာအိုးလေးနဲ့ ပတ်သက်တဲ့ အကြောင်းတစ်စုံတစ်ရာမှ မသိရ...။

ဘယ်လိုများ ခြေရာလက်ရာတောင် မကျန်ဘဲ ပျောက်သွားနိုင်ရမည်လဲ ။

လျန်ဒေါ့ကူကများ တစ်ခုခုကိုမသိရအောင် ပိတ်ပင်ထားခဲ့သည်လား ။

ဂူယူရှန်း ကိုယ်အပူချိန်တွေ တက်နေခဲ့ပြီး မောလာတာမို့ ဆိုဖာမှာ မှီထိုင်လိုက်ပြီးနောက် တစ်ခုခုကို ဆုံးဖြတ်လိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး ကားသော့ယူကာ အောက်ထပ်ကို ဆင်းသွားလိုက်တော့သည် ။

သူမကို ရှာရမည် ။

သူမကို ဘယ်က စရှာရမလဲ ဂူယူရှန်းမသိပေမဲ့
တစ်ခုခုတော့ လုပ်ရမည် ၊
သူမကို ပြောစရာတွေ အများကြီးရှိသေးသည် ...
ဒါကြောင့် သူမကို ပျောက်ကွယ်သွားခွင့်မပေးနိုင် ...

ဂူယူရှန်း အောက်ထပ်ကို ရောက်တော့ ပြတင်းပေါက်အပြင်ဘက်ကနေ လျှပ်စီးတို့ တလက်လက်ဖြစ်နေခဲ့တာကြောင့် အိပ်ပျော်နေခဲ့တဲ့ အဒေါ်ကြီးကလည်း နိုးလာပြီး ပြတင်းပေါက်တွေထပိတ်ချိန်
ဖိနပ်စီးနေတဲ့ ဂူယူရှန်းကို တွေ့သွားတော့သည် ။

“သခင်လေးလား”

ဂူယူရှန်းက သူမကို တစ်ချက်လှည့်ကြည့်ပြီးနောက် တံခါးဆီလျှောက်သွားတော့ အဒေါ်ကြီးလည်း သူ့ရဲ့နီနေတဲ့မျက်နှာနဲ့ နဖူးမှာ ချွေးတွေစို့နေတာကို သတိထားမိတာကြောင့် ဂူယူရှန်းဆီ ပြေးသွားလိုက်တော့သည် ။

အဲ့ဒီနောက် ဂူယူရှန်းနဖူးကို စမ်းကြည့်လိုက်တော့ ထင်သည့်အတိုင်း အဖျားတွေတက်နေသည် ။

“သခင်လေး ကိုယ်တွေပူနေတယ်လေ ဘယ်ကိုသွားမလို့လဲ”

အဒေါ်ကြီးကပြောရင်း ဂူယူရှန်းလက်ကိုဆွဲကာ ဆိုဖာကိုခေါ်မည်အပြု ဂူယူရှန်းက လက်ကိုရုန်းရင်း တံခါးဖွင့်ကာ ထွက်သွားတော့သည် ..

မိုးတွေရွာပြီး လေထန်နေခဲ့ပေမဲ့ ဂူယူရှန်းက ထီးတောင် ယူမသွားခဲ့တာမို့ အဒေါ်ကြီးလည်း ထီးကို ဆွဲယူကာ သူ့နောက်ပြေးလိုက်ရတော့သည် ။

သူမလည်း အပြင်ရောက်တော့ ဂူယူရှန်းက ကားပေါ်မှာ ထိုင်လျက်သားဖြစ်နေပြီး ကားမောင်းထွက်သွားခဲ့တော့သည် ။

“သခင်လေး”

သူမ လိုက်ခေါ်ခဲ့ပေမဲ့ ဂူယူရှန်းကတော့ ကားကိုမရပ်ပေးခဲ့ ။

----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၃။  အနာဂတ်တစ်ခုကိုပဲ တွေးတယ် (3)

လျှပ်စီးတွေလည်း လက်နေတာမို့ အဒေါ်ကြီးလည်း အိမ်ထဲအမြန်ပြေး၀င်လိုက်တော့သည် ။

သူမ အမိုးရှိတဲ့နေရာမှာပဲ ရပ်နေခဲ့တာတောင် အ၀တ်အစားတွေ စိုသွားသည်အထိ မိုးတွေသည်းနေခဲ့တော့တာပင် ။

ဒီလောက်မိုးရွာနေတဲ့ညအချိန် ကားမောင်းခြင်းက အန္တရာယ်ရှိသည့်အပြင် ဖျားနေသေးတာကြောင့် အဒေါ်ကြီးလည်း စိတ်တွေပူနေခဲ့သည် ။

တွေးလေ ပိုစိတ်ပူလာလေမို့ အိမ်အကူအဒေါ်ကြီး ဖုန်းရှိရာဆီ သွားပြီး ဂူယူရှန်းဆီ ဖုန်းခေါ်လိုက်ပေမဲ့ မကိုင်ခဲ့ပေ ။
သူမ အကြိမ်ကြိမ်ခေါ်ခဲ့ပေမဲ့ ဂူယူရှန်းက ဖုန်းလုံး၀မကိုင် ။

မိုးကလည်း ပိုသည်းလာခဲ့တာကြောင့် အဒေါ်ကြီး အတော်ကို စိတ်ပူနေခဲ့ရလေပြီမို့ ဂူမျိုးရိုးဆီ ဖုန်းခေါ်ဖို့ နှိပ်လိုက်ပေမဲ့ ရပ်လိုက်သည် ။

သခင်ကြီးက အသက်ကြီးလေပြီမို့ စိတ်ပူစေလို့မဖြစ် ဖုန်းခေါ်လိုက်ရင် သခင်ကြီး စိတ်ပူပြီး အိပ်မပျော်နိုင်တော့မှာမို့ သခင်လေးဂူကလည်း သိသွားခဲ့ရင် ဆူလိမ့်မည် ။

ဒါကြောင့် အိမ်အကူအဒေါ်ကြီးလည်း လုဘန်ချန်းဆီပဲ ဖုန်းခေါ်လိုက်တော့ သူကတော့ ချက်ချင်းဖုန်းကိုင် သည် ။

“ဟဲလို”

“ကျွန်မပါ သခင်လေးဂူတို့အိမ်ကအဒေါ်ကြီးပါ နောက်ကျမှ ဖုန်းခေါ်ရလို့ အားနာလိုက်တာ”

“ဘာဖြစ်လို့လဲဗျ”

“သခင်လေးက အခုချိန်ကြီး အိမ်ကနေထွက်သွားလို့ပါ သူ အဖျားတွေလည်း တက်နေပြီး ဒဏ်ရာကလည်း အခုထိ သက်သာသေးတာ မဟုတ်ဘူး အခု ရာသီဥတုအခြေအနေ ကလည်း ဆိုးနေတော့ ကျွန်မ သူ့ကို စိတ်ပူလို့်ပါ ဖုန်းလည်းမကိုင်လို့ ..သူ့အဖိုးဆီ ဖုန်းခေါ်ဖို့တွေးလိုက်ပေမဲ့ အဖိုးကလည်း စိတ်ပူမှာစိုးလို့...”

“ကျွန်တော်သိပါပြီ ကျွန်တော်အခု သူ့ကိုလိုက်ရှာလိုက်မယ်”

“ကျေးဇူးတင်ပါတယ်ကွယ်”

အိမ်အကူအဒေါ်ကြီး နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့တော့သည် ..

ပြဿနာအိုးလေးကို အခုလို ရှာလို့မတွေ့နိုင်တာ ဂူယူရှန်း သိပေမဲ့ သူ့မှာ တခြားနည်းလမ်းမရှိ ။

မိုးရွာနေတာမို့ ဂူယူရှန်း အရှေ့ကို သေချာမမြင်ရတာမို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တော့သည် ။

မိုးတွေပက်နေပေမဲ့လည်း သူဂရုမစိုက်ပဲ တစ်လမ်းချင်းစီ ၀င်ကာ ပြဿနာအိုးလေးကို လိုက်ရှာနေလိုက်သည် ...

ကားထဲမှာ ဂူယူရှန်းရော ရွဲရွဲစိုနေခဲ့ပြီး ဒဏ်ရာရထားတဲ့နေရာတွေကလည်း နာနေခဲ့ပေမဲ့ ဂူယူရှန်း ဂရုမစိုက်ပဲ သူမကိုသာ ရှာနေခဲ့တော့သည် ...

----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၄။  အနာဂတ်တစ်ခုကိုပဲ တွေးတယ် (4)

နာကျင်မှုကြောင့်ရော ဖျားတဲ့ဒဏ်ကို မိုးရေစိုနေတာကြောင့်ပါ ဂူယူရှန်း အားနည်းလာရပြီး ခြေထောက်ကပါ ကားမောင်းဖို့သိပ်အဆင်မပြေတော့ပေ ။

အသက်ရှူသံတို့လည်း ပိုပိုပြင်းလာရပြီး မျက်ခွံတို့က မှိတ်မှိတ်ကျလာသည် ။ မကြာခင် သတိမရှိတော့မှာကိုကြိုသိတာကြောင့် ကားကို လမ်းဘေးထိုးရပ်လိုက်ပြီးနောက်မှာပဲ လက်ကိုင်ဘီးပေါ် ခေါင်းမှောက်ချလိုက်တော့သည် ...

ဂူယူရှန်းနိုးလာတော့ အပြင်မှာမှောင်နေဆဲပင် မျက်လုံးတို့ကိုဖွင့်ကြည့်တော့ ရင်းနှီးနေတဲ့အလင်းရောင်ခပ်ဖျော့ဖျော့ကို တွေ့သည် ။

သူ အိပ်ခန်းထဲ ရောက်နေသည်ပဲ ..

အဖျားကတော့ ရှိသေးပေမဲ့ ကိုယ်အပူချိန်က အရမ်းမတက်တော့ပေ ... အားသိပ်မရှိသလိုမို့ အိပ်ယာပေါ်မှာပဲ လှဲနေလိုက်ရင်း သူ့လက်က ပိုက်ကတစ်ဆင့် သွယ်ထားတဲ့ ဆေးချိတ်ထားတဲ့ပုလင်းကို မော့ကြည့်လိုက်တော့ ဆေးနည်းနည်းသာ ကျန်တော့သည် ။

မျက်လုံးတို့ကိုမှိတ်ချလိုက်ပေမဲ့ အိပ်လို့မပျော် ခေါင်းထဲလည်း ဘာမှရှိမနေပဲ ဗလာသက်သက်ဖြစ်နေတော့သည် ...

ခဏအကြာမှာတော့ တံခါးတွန်းဖွင့်သံကြားလိုက်ရပြီး ခြေသံတို့က သူ့အိပ်ယာနားရပ်သည် ။

အိမ်အကူအဒေါ်ကြီး မဟုတ်တာကို သိပေမဲ့လည်း သူမျက်လုံးတို့ကို ဖွင့်မကြည့်နိုင် ။
အဲ့ဒီနောက် သူ့လက်က ဆေးထိုးအပ်ကို ဖြုတ်ပေးသွားပြီး ဂွမ်းနဲ့ ထိုနေရာကို ကပ်သွားသည် ။

လုဘန်ချန်းမှန်း သူသိတာကြောင့် ဂူယူရှန်းမျက်လုံးတို့ကို ဖွင့်လိုက်တော့...လုဘန်ချန်းက သူ့ကိုကျောပေးပြီး ဂွမ်းစတစ်ချို့ကို အမှိုက်ပုံးထဲ လွှင့်ပစ်နေတာကြောင့် သူ သတိရလာတာကို မသိပေ ။

ဂူယူရှန်းလည်း အားသုံးကာ ထထိုင်နေတုန်း လုဘန်ချန်းက ပြန်လှည့်လာတော့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ သူ့ကိုမြင်ပြီး စကားဆိုလာတော့သည် ။

“သတိရလာပြီလား”

ဂူယူရှန်းက ပြန်မပြောပဲ ထိုင်လျက်သားနှင့် ကုတင်ကိုမှီလိုက်သည် ။

အဲ့ဒီနောက် လုဘန်ချန်းက အပူချိန်တိုင်း သာမိုမီတာကို ယူပြီး ဂူယူရှန်းပါးစပ်ထဲ ထည့်ကာ ...

“အပူတိုင်းမယ်”

“အဒေါ်ကြီးကဆန်ပြုတ်လုပ်ပေးနေတယ် ငါသွားယူပေးမယ်”

လုဘန်ချန်းအပြောတွေကို ဂူယူရှန်းက တစ်ခွန်းမှပြန်မပြောတာကြောင့် လုဘန်ချန်းလည်း အခန်းထဲက ထွက်သွားလိုက်တော့သည် ။

ဆန်ပြုတ်ယူပြီးပြန်လာတော့ ဂူယူရှန်းက ဆိုဖာမှာထိုင်နေပြီး
ဘေစင်ထောင့်က အပင်စိမ်းစိမ်းကိုငေးနေသည် ။

“ဘာလို့ထလာတာလဲ”

လုဘန်ချန်းက ဆန်ပြုတ်ပန်းကန်းကို ဂူယူရှန်းရှေ့ ချကာ မေးပြီးနောက် ခုဏကတိုင်းခဲ့တဲ့ သာမိုမီတာကို အိပ်ယာပေါ်ကနေ သွားယူကြည့်လိုက်သည် ။

“အပူချိန် ၁၀၄ အခုထိအဖျားရှိသေးတာပဲ မနက်ဖြန် ဒေါက်တာ ရှာ လာလိမ့်မယ်”

သာမိုမီတာကို ချကာ ဂူယူရှန်းကို လှမ်းကြည့်လိုက်တော့ သူအခန်းထဲ၀င်လာတုန်းကအတိုင်းပင် မလှုပ်မယှက် ။

လုဘန်ချန်းလည်း ဂူယူရှန်းရှေ့က ထိုင်ခုံမှာ
သွားထိုင်လိုက်ပြီး ...
“ဘာမှမစားရသေးဘူးဆိုတော့ အခုနည်းနည်းဖြစ်ဖြစ် စားဦး”

“မင်းမှာ အဖျားရှိသေးတာကို ညကလည်း မိုးရေထဲလျှောက်သွားနေတယ် မစားရင် ဘယ်လိုလုပ် သက်သာမလဲကွ”

----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၅။  အနာဂတ်တစ်ခုကိုပဲ တွေးတယ် (5)

“မင်းအခုချိန်မှာ ၀မ်းနည်းနေတာသိပေမဲ့ ဒီလိုတော့ မနေနဲ့လေကွာ”

လုဘန်ချန်းကသာ စကားတွေအများကြီး ပြောနေပေမဲ့ ဂူယူရှန်းကတော့ တစ်ခွန်းပင်ပြန်မပြော ။ သူပြောသမျှကို နားထောင်ပုံလည်းမပေါ်ပဲ အတွေးထဲနစ်နေပုံပင် ။

နောက်ဆုံးမှာတော့ လုဘန်ချန်းလည်း စကားဆက်မပြောတော့ပဲ သက်ပြင်းသာချလိုက်တော့သည် ။

“ညက အဒေါ်ကြီးက ငါ့ကိုဖုန်းဆက်လို့ ငါ မင်းကို လိုက်ရှာတာ ဘယ်မှာမှ မတွေ့လို့ ဟောင်ဇီ ကို ခေါ်လိုက်တာ သူကတော့ မင်းရှိမဲ့နေရာကို သိမယ်ထင်လို့ ..အဲ့ဒါနဲ့ မင်းမိန်းမက နှစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရတယ် ပြီးတော့ မင်းကို ရှာတွေ့ပြီး အိမ်ခေါ်လာတော့
အဒေါ်ကြီးကို ဘာတွေဖြစ်ခဲ့လဲမေးလိုက်တာ သူက ရှောင်ကူကို မင်း မနေ့က မောင်းထုတ်လိုက်တယ်တဲ့...သူထွက်သွားပြီလား”

ဂူယူရှန်းက လုဘန်ချန်းစကားအဆုံး ခေါင်းကို ငုံ့ချလိုက်တော့သည် ။ အဲ့ဒီနောက် ဆိုဖာပေါ် ခေါင်းမှီလိုက်ပြီး အားမရှိတဲ့အသံဖြင့် ...

“ခန်းဆီး ပိတ်လိုက်ပါလား”

“အေးပါ”

လုဘန်ချန်းလည်း ခန်းဆီး သွားပိတ်ပေးလိုက်ပြီးနောက် ဆိုဖာကိုပြန်လှည့်ကြည့်တော့ ...

“မီးရော ပိတ်ပေး”

လုဘန်ချန်း မီးပိတ်ပေးပြီးနောက် အခန်းက မှောင်သွားတာကြောင့် 4ဂူယူရှန်းဆီ စမ်းတ၀ါး၀ါး လျှောက်လာရပြီး အမှောင်ထဲက ဂူယူရှန်းကိုကြည့်နေလိုက် သည် ...

“ငါ လူတိုင်းကို ဖုန်းဆက်ခဲ့ပေမဲ့ သူ့ကို မတွေ့ကြဘူးတဲ့”

ဂူယူရှန်း ဘာအကြောင်းကို ပြောနေကြောင်း လုဘန်ချန်း သိတာကြောင့် ဘာမှပြန်မပြောပဲငြိမ်ပြီး နားထောင်လိုက်တော့သည် ။

“ဟောင်ဇီက သူက လျန်ဒေါ့ကူအစစ် မဟုတ်ကြောင်း ပြောတဲ့နေ့က ငါ သူ့ကိုတွေ့ဖို့ ရှန်ဟိုင်းကနေ ပေကျင်းကို ကားမောင်းခဲ့တယ်ပြီးတော့ သူကဖုန်းခေါ်ပြီး ငါ့ကိုတွေ့ဖို့ ရှန်ဟိုင်းကိုလာမယ်တဲ့ဆိုတော့ ငါအရမ်းပျော်သွားခဲ့တာကွာ အဲ့လိုအပျော်မျိုး တစ်ခါမှမရှိခဲ့ဖူးဘူး
ပြီးတော့ ငါ ဆေးရုံရောက်သွားပြီး နိုးလာတော့ သူ့ကိုမတွေ့ရတော့ဘူး ငါ....ငါအဲ့တုန်းက သူ့ကိုဆုံးရှုံးရမှာအရမ်းကြောက်နေခဲ့တာ”

----------------------------------------------------------------------

စာစဥ် ၁၅၊ အခန်း ၁၆။  အနာဂတ်တစ်ခုကိုပဲ တွေးတယ် (6)

“ဒါဆို အဲ့နေ့ကသာ ဟိုကောင်လေးနှစ်ယောက်ကို မကယ်ခဲ့ရင် သူနဲ့တွေ့ခဲ့ရမှာပေါ့”

ဂူယူရှန်းက လုဘန်ချန်းအမေးကို အတော်ကြာမှ ပြန်ဖြေခဲ့သည် ။

“အင်း”

လုဘန်ချန်းလည်း သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ကို ဘယ်လိုနှစ်သိမ့်ရမည်တောင် မသိတော့တာကြောင့် အကြာကြီး ငြိမ်နေခဲ့မိပြီးနောက် ...

“မင်းနောင်တရနေမှာပေါ့”

“နောင်တမရပါဘူး .. ငါ့ရှေ့မှာ ဒီကလေး သေသွားတာကို တော့ ငါမကြည့်နိုင်ဘူးလေ”

“ငါ ရေထဲမှာ သေလုနီးပါးဖြစ်နေတုန်းက သူ ငါ့ကို စောင့်နေမှာကို သတိရသွားလို့ ငါအသက်ရှင်ဖို့ ကြိုးစားခဲ့တာ”

“ဘန်ချန်း ငါ စစ်ထဲမှာတုန်းကလည်း ဒဏ်ရာတွေ အများကြီး ရဖူးပေမဲ့
ဒီလို အသက်ရှင်ဖို့တော့တစ်ခါမှမကြိုးစားခဲ့ဖူးဘူး”

ဂူယူရှန်းမှာ စကားတွေအများကြီး ပြောစရာ ရှိနေသေးတာကို လုဘန်ချန်းသိနေတာကြောင့် ဘာမှပြန်မပြောပဲ သူပြောသမျှကို နားထောင်ပေးလိုက်သည် ...

သူလည်း အခုလိုပဲဖြစ်ဖြစ် စိတ်ပေါ့ပါးချင်မည်ပဲ ...

“ငါမသေချင်ခဲ့ဘူး...သူစောင့်နေခဲ့တာမို့”

“ဒါပေမဲ့ ငါအသက်ဆက်ရှင်ဖို့ကြိုးစားခဲ့ပေမဲ့ သူကတော့မရှိတော့ဘူး”

“ငါ သူ့အတွက်နဲ့...”

ဂူယူရှန်းအသံတို့က တုန်နေခဲ့သည် ။

“ငါ အခုထိမသိဘူး အသက်ရှင်ရခြင်းရဲ့အဓိပ္ပာယ်ကို .. ဘ၀ကြီးက အဓိပ္ပာယ်မရှိသလိုပဲ..မင်းရောသိလား”

ဂူယူရှန်းကို လုဘန်ချန်း ဘယ်လိုပြန်ဖြေရမည်တောင် မသိတော့ချေ ။

အခန်းကမှောင်နေတာမို့ ဂူယူရှန်းမျက်နှာပေါ်က ခံစားချက်တို့ကို မမြင်နိုင်ပေမဲ့ ဂူယူရှန်း နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ခံစားနေရသည်ကိုတော့ လုဘန်ချန်းမြင်နေရသည် ။

ဂူယူရှန်းက စကားထပ်မပြောတော့တာကြောင့် အခန်းကတိတ်သွားခဲ့ပြီး ဂူယူရှန်းရဲ့အသက်ရှုသံတို့ပင် ကြားနေရသည် ။

“ငါ နှစ်တွေအများကြီးအထိ ရင်မခုန်ခဲ့ဖူးဘူး”

ဂူယူရှန်းမိဘတွေဆုံးပါးသွားတည်းက
ဂူယူရှန်းက အိမ်မက်တွေကိုလည်း လက်လျော့ခဲ့ပြီး
ဘ၀ကို အဓိပ္ပာယ်မဲ့စွာနေထိုင်ခဲ့ပေမဲ့
သူမ ပေါ်လာတော့မှ
နှလုံးခုန်သံတို့ကလည်း နိုးထလာခဲ့တော့သည် ...

အဲ့ဒီအချိန်တည်းက
သူမက ဂူယူရှန်းဘ၀ရဲ့အိမ်မက်အသစ် တစ်ခုဖြစ်လာခဲ့ပေမဲ့
အခုတော့ ပျက်ဆီးလုနီးနီးဖြစ်နေလေပြီ ....

----------------------------------------------------------------------
ကောင်းသောမနက်ခင်းလေးပါ ။ အခုဆို ကျီအိုက်လေးက fb page ကို မှီသွားပါပြီ ။ ဒါကြောင့်မို့ အရင်အချိန်ဇယားအတိုင်း တစ်ပတ်ကို တစ်ရက်ပဲ တင်ပေးသွားပါတော့မယ်နော် ။

Paid group ၀င်ပြီး မနားတမ်းဖတ်ချင်သူများကတော့ ဂရုတစ်ခုကို ၂၀၀၀ ထဲနဲ့ ကျီအိုက်လေးကို ခံစားဖတ်ရှုလို့ ရနေပါပြီ ။

.....

Zawgyi

စာစဥ္ ၁၅၊ အခန္း ၁။ ပိုက္ဆံျပန္ေပး(1)

အခုမွပဲ ဂူယူရွန္း ဘာလို႔ သူမကို သရက္သီး စားခိုင္းသလဲ သေဘာေပါက္ေတာ့သည္ ။ ခ်င္းက်ီအိုက္ သရက္သီးမစားႏိုင္တာကို လ်န္ေဒါ့ကူ တကယ္မသိခဲ့ရ ။

“ယူရွန္း အမွတ္မွားေနၿပီထင္တယ္ ကြၽန္မက သရက္သီး မႀကိဳက္ဘူးပဲ ေျပာခဲ့တာ မစားႏိုင္ဘူးလို႔ ေျပာတာမဟုတ္ဘူး”

သူမ ရွင္းျပေနေပမဲ့ ဂူယူရွန္းက ဖုန္းကို ထုတ္ကာ တစ္ခုခုကို ႏွိပ္ေနၿပီးေနာက္ စားပြဲေပၚက လ်န္ေဒါ့ကူရဲ႕ဖုန္းက ႏွစ္ႀကိမ္ျမည္လာေတာ့သည္ ။

ဖုန္းကို မၾကည့္ေတာင္ ဂူယူရွန္း စာပို႔တာမွန္း သိတာေၾကာင့္ သူမ ဖုန္းကိုမၾကည့္ခင္ ဂူယူရွန္းကို တစ္ခ်က္လွမ္းၾကည့္ၿပီးမွ ဖုန္းကိုယူလိုက္ေတာ့သည္ ။

ဂူယူရွန္းက ပုံႏွစ္ပုံကို ပို႔ထားတာမို႔ သူမ အနီးကပ္ဆြဲၾကည့္လိုက္ေတာ့ တစ္ပုံက က်ိဳးက်င္းနဲ႔ သူမပုံ ေနာက္တစ္ပုံကေတာ့ ဂူယူရွန္းအိမ္မွာ ခ်င္းက်ီအိုက္က အမႈိက္ထုပ္ကိုင္ထားတဲ့ပုံ ...။

ပုံႏွစ္ပုံ ႐ိုက္ထားတဲ့ အခ်ိန္ကြာဟခ်က္က ၃မိနစ္သာ ရွိေနတာေၾကာင့္ လ်န္ေဒါ့ကူ မ်က္ေမွာင္ႀကဳံ႕လိုက္သည္ ။

ဂူယူရွန္း ဒီပုံေတြကို ဘယ္လိုရခဲ့သည္လဲ ။

အရင္တည္းက ရိပ္မိေနခဲ့သည္လား ။

လ်န္ေဒါ့ကူ ဘယ္လိုမွမျငင္းႏိုင္ေတာ့တာေၾကာင့္ ဂူယူရွန္းကို ၾကည့္ေနလိုက္ေတာ့သည္ ။

ဂူယူရွန္းစကားအပိုေတြလည္း မေျပာခ်င္သလို သူမရဲ႕အလိမ္အညာေတြကိုလည္း ထပ္မၾကားခ်င္ေတာ့တာေၾကာင့္ လိုရင္းပဲေျပာလိုက္သည္ ။

“ပထမေမးခြန္းကို မင္းမေျဖခ်င္လည္း ရတယ္ ေမးခြန္းေျပာင္းေမးမယ္ သူ႔နာမည္က ဘာလဲ”

လ်န္ေဒါ့ကူ ဘာစကားမွ မေျပာႏိုင္ပဲ ၿငိမ္သက္ေနမိေတာ့ ဂူယူရွန္းကလည္း ထပ္မေမးေတာ့သလို သူမကို အခ်ိန္ ေပးထားၿပီး ၁၀ မိနစ္ၾကာေတာ့ လ်န္ေဒါ့ကူ အသံထြက္လာသည္ ။

“ယူရွန္း ဒီပုံေတြက တစ္ေယာက္ေယာက္ လုပ္ႀကံထားတာ ကြၽန္မ...”

“မင္း ငါ့ေမးခြန္းကို မေျဖခ်င္ေသးဘူးလား”

“မေျဖခ်င္လို႔မဟုတ္ဘူး အဲ့ဒါက...”

ဂူယူရွန္း အေၾကာင္းအရာေျပာင္းေျပာလိုက္ေတာ့သည္ ။

“အိမ္မွာ ရွိေနတာအားလုံးက မင္းပစၥည္းေတြလား”

ဂူယူရွန္း ဘာေၾကာင့္ေမးသည္ေတာ့ သူမ မသိေပမဲ့ ေခါင္းၿငိမ့္ၿပီး ေျဖလိုက္သည္ ။

“အင္း”

ဂူယူရွန္း ထိုင္ေနတဲ့ ခုံကို ကန္ကာထလိုက္ၿပီးေနာက္ ထမင္းစားခန္းထဲကထြက္သြားသည္ ။

သူဘာေၾကာင့္ စကားလႊဲသြားရသည္လဲ ။

လ်န္ေဒါ့ကူရႈပ္ေထြးေနရေတာ့သည္ ။

အခုလို အေျခအေနမ်ိဳးမွာ ေသခ်ာေပါက္ သူမကို အလြတ္ေပးမည္ မဟုတ္တာကို ဘာလို႔မ်ား ... ။

အဲ့ဒီအခ်ိန္မွာပဲျပတင္းေပါက္ကေန ဆူညံသံေတြၾကားလိုက္ရေတာ့သည္ .....။

-----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၂။  ပိုက္ဆံျပန္ေပး (2)

လ်န္ေဒါ့ကူ အံ့အားသင့္စြာနဲ႔ မ်က္ေမွာင္ႀကဳံ႕လိုက္မိၿပီးေနာက္ အေဒၚႀကီးက အသံၾကားရာဆီ သြားၾကည့္ကာ သူမကို လွည့္ၾကည့္လာေတာ့ လ်န္ေဒါ့ကူမတ္တပ္ရပ္လိုက္မိသည္ ။

“သခင္မေလး”

“ဘာျဖစ္တာလဲ”

လ်န္ေဒါ့ကူ ျပတင္းေပါက္ဆီ မသြားခင္မွာပဲ ေနာက္ထပ္ဆူညံသံေတြ ထပ္ၾကားလိုက္ရတာမို႔
မ်က္ခုံးတို႔ ပင့္တက္ကာ ခပ္သြက္သြက္သြားလိုက္ေတာ့ ေဖာက္ထြင္းျမင္ႏိုင္တဲ့ မွန္တံခါးကေန ၿခံထဲမွာ ေသတၱာဗူးက်ေနတာကို ေတြ႕လိုက္ရသည္ ၿပီးေတာ့ အ၀တ္အစားေတြေရာ အေပၚထပ္ကေန ျပဳတ္က်လာေတာ့သည္ ။

လ်န္ေဒါ့ကူ ဂူယူရွန္းလုပ္ေနသည္ေတြကို နားလည္သြားတာေၾကာင့္ တံခါးအျပင္ကို ေျပးထြက္ကာ ၾကည့္လိုက္ေတာ့ အ၀တ္အစားေတြ အိတ္ေတြ ဇာတ္ၫႊန္းစာ႐ြက္ေတြ အလွကုန္ေတြနဲ႔ သူမခရီးေဆာင္အိတ္ေတြ ျပန႔္က်ဲေနတာကို ေတြ႕လိုက္ရေတာ့သည္ ။

ဂူယူရွန္း အိမ္ကို ခ်င္းက်ီအိုက္ ေျပာင္းလာတုန္းက လ်န္ေဒါ့ကူပုံစံ ပိုေပါက္ေအာင္ သူမရဲ႕တန္ဖိုးႀကီးပစၥည္းေတြ သုံးခိုင္းခဲ့ၿပီး တစ္ခ်ိဳ႕ကိုေတာ့ မသုံးခိုင္းခဲ့ ။

ဒီလို သူမတန္ဖိုးထားရတဲ့ ေငြအမ်ားႀကီးသုံးထားရတဲ့ ပစၥည္းေတြက
အခုေတာ့ ဂူယူရွန္းလုပ္ရပ္ေၾကာင့္ ေျမျပင္မွာျပန႔္က်ဲလို႔ ....

လ်န္ေဒါ့ကူ ပစၥည္းေတြရွိရာဆီ ေျပးသြားလိုက္ၿပီး တန္ဖိုးႀကီးေတြကို ေကာက္ယူဖို႔ လုပ္တုန္း အေပၚထပ္ကေန တစ္ခ်ိဳ႕ပစၥည္းေတြကို ပစ္ခ်ေနေသးတာေၾကာင့္ လ်န္ေဒါ့ကူေခါင္းကို ခဏခဏလာထိသည္ ။

သူမေခါင္းေပၚျပဳတ္က်တဲ့ အ၀တ္အစားေတြက တန္ဖိုးႀကီးပစၥည္းေတြနဲ႔ လုပ္ထားတဲ့ လက္လုပ္အထည္ေတြျဖစ္တာေၾကာင့္ နာသြားရသည္ ၊
ဒါေၾကာင့္ သူမ ေနာက္ဆုတ္လိုက္ေတာ့ သူမေနာက္က လက္ေဆာင္ဗူးကို တက္နင္းမိၿပီး ေခ်ာ္လဲ သြားရတာမို႔ လမ္းခင္းထားတဲ့ေက်ာက္တုံးႏွင့္ လက္ေတြေျခေထာက္ေတြက ထိသြားတာေၾကာင့္ နာက်င္ရတာ ငိုမိမတတ္ပင္ ။

သူမ မတ္တပ္ရပ္မလို႔ျပင္တုန္းမွာပဲ အိတ္ေတြထပ္ၿပီးက်လာေသးတာေၾကာင့္ လ်န္ေဒါ့ကူ လက္နဲ႔ကာလိုက္ေပမဲ့ လက္ကိုင္အိတ္က သူမ နား႐ြက္ ကိုပြတ္တိုက္သြားေသးသည္ ။

က်လာတဲ့ပစၥည္းေတြလည္း ေလ်ာ့လာၿပီး ဆူညံတို႔လည္း တိတ္သြားခ်ိန္မွာေတာ့ ဂူယူရွန္း ေအာက္ထပ္ဆင္းလာတဲ့ ေျခသံကိုၾကားလိုက္ရေတာ့သည္ ။

ဂူယူရွန္း တံခါး၀က ဖိနပ္စင္ကို ဖြင့္လိုက္ၿပီးေနာက္
သူမရဲ႕ဖိနပ္ေတြကို ထုတ္ကာ လႊင့္ပစ္သည္။

ဖိနပ္စင္ထဲက သူမဖိနပ္ေတြအားလုံး ကုန္သြားေတာ့ ဂူယူရွန္းအိမ္ထဲျပန္၀င္မလို႔လုပ္တုန္း
ဒီေန႔ သူမ စီးလာခဲ့တဲ့ေဒါက္ဖိနပ္ကို ေတြ႕တာေၾကာင့္ ကန္ထုတ္လိုက္ၿပီး အဲ့ဒီေနာက္ ၾကမ္းျပင္ေပၚမွာ ထိုင္လ်က္သားျဖစ္ေနတဲ့ လ်န္ေဒါ့ကူကို ဂူယူရွန္းလွမ္းၾကည့္လိုက္ေတာ့သည္ ...

“ငါ ေမးတာကို မေျဖရင္ေတာ့ အခုခ်က္ခ်င္း လစ္လိုက္တာ ေကာင္းမယ္”

-----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၃။ ပိုက္ဆံျပန္ေပး (3)

လ်န္ေဒါ့ကူကို ထြက္သြားေတာ့ဖို႔ ေျပာၿပီးေနာက္ တံခါးပိတ္ဖို႔ လုပ္လိုက္ၿပီးေနာက္ရပ္လိုက္ၿပီး စကားထပ္ေျပာလိုက္သည္ ။

“ငါေမးတာကို ေျဖေျဖမေျဖေျဖ ထြက္သြားရမွာေတာ့ ေသခ်ာတယ္”

ေျပာၿပီးၿပီးခ်င္းပဲ ဂူယူရွန္း တံခါးကို ဆြဲပိတ္လိုက္တာမို႔ ျပန႔္က်ဲေနတဲ့ သူမပစၥည္းေတြနဲ႔ အတူ လ်န္ေဒါ့ကူလည္း သူ႔အျမင္ထဲက ေပ်ာက္သြားရေတာ့သည္ ။

က်ိဳးက်င္းေျပာတာမွန္သည္ ။

ဂူယူရွန္းက လြယ္လြယ္နဲ႔အ႐ူးလုပ္လို႔ရတဲ့သူမ်ိဳးမဟုတ္ ၊
သူမ ေတြးထားတာထက္အမ်ားႀကီးပါးနပ္တဲ့လူမ်ိဳးပင္ ။

ဂူယူရွန္းေလွကားေပၚတက္မလို႔ျပင္တုန္း အေဒၚႀကီးက အေလာတႀကီးေခၚလာေတာ့သည္ ။

“သခင္ေလးဂူ သခင္မေလး...”

ဂူယူရွန္း ေဒါသတႀကီး နဲ႔ အေဒၚႀကီးကိုၾကည့္လိုက္ၿပီးေနာက္ ....

“သူက သခင္မေလးမဟုတ္ဘူး မိန္းကေလး လ်န္ ပဲ”

အေဒၚႀကီးလည္း ဂူယူရွန္းကိုေၾကာက္တာမို႔ စကားဆက္မေျပာရဲေတာ့ေပမဲ့ ေလွကားေပၚတက္သြားၿပီ ျဖစ္တဲ့ ဂူယူရွန္းကိုအရဲစြန႔္ကာလွမ္းေခၚလိုက္သည္ ။

“သခင္ေလး”

အစကေတာ့ သူမကို သခင္မေလး မေခၚခိုင္းခဲ့ပဲ အခုႏႈတ္က်ိဳးေတာ့မွ မိန္းကေလး လ်န္ လို႔ျပန္ေခၚခိုင္းေနျပန္သည္ ။
ထမင္းစားခန္းထဲမွာေျပာေနခဲ့ၾကသည့္ “သူ” ဆိုတာကေရာ ဘယ္သူလဲဆိုတာ သူမ သိခ်င္မိေသး၏ ။

သူမေခၚသံေၾကာင့္ရပ္ေနခဲ့တဲ့ ဂူယူရွန္းေၾကာင့္ အေဒၚႀကီးလည္း ေျပာခ်င္ေနတဲ့စကားကို ေျပာလိုက္ေတာ့သည္ ။

“မိန္းကေလး လ်န္ ဖုန္းက ထမင္းစားခန္းထဲမွာ က်န္ေနခဲ့တယ္”

“လႊင့္ပစ္လိုက္”

ဂူယူရွန္း ခပ္ျပတ္ျပတ္ပဲေျပာၿပီး အေပၚထပ္တက္သြားေတာ့ သည္ ။

အိမ္အကူအေဒၚႀကီးလည္း ဂူယူရွန္းရဲ႕အမိန႔္အတိုင္း ဖုန္းကိုယူကာ လ်န္ေဒါ့ကူကို အိမ္အျပင္ထြက္ၿပီး ေပးလိုက္သည္ ။

“မိန္းကေလး လ်န္ ဒီမွာ ဖုန္းပါ”

လ်န္ေဒါ့ကူ အေတြးထဲေမ်ာေနခ်ိန္ေပၚထြက္လာတဲ့ အေဒၚႀကီးအသံေၾကာင့္ သူမ အေဒၚႀကီးလက္ထဲက ဖုန္းကိုလွမ္းၾကည့္လိုက္ေပမဲ့ မယူျဖစ္ ။

သူမကို အၿမဲ သခင္မေလးလို႔ ေခၚလာခဲ့တဲ့သူက အခုေတာ့ ႐ုတ္တရက္ “မိန္းကေလး လ်န္” လို႔ေခၚေနသည္ ။

ဂူယူရွန္းက ခ်င္းက်ီအိုက္ကိုပဲ “သခင္မေလး”လို႔ ေခၚထိုက္ေၾကာင္း ေျပာခဲ့သည္လား ။

သူမက ဂူယူရွန္းမိန္းမပဲကို ဘာလို႔ “သခင္မေလး”လို႔ အေခၚမခံႏိုင္ရမည္နည္း ။

လ်န္ေဒါ့ကူ မတ္တပ္ရပ္လိုက္ကာ တံခါးကိုဆြဲဖြင့္ၿပီး အိမ္ထဲကို ၀င္သြားေတာ့သည္ ။

“ဂူယူရွန္း ဘယ္လိုလုပ္ ငါ့ကို ႏွင္ထုတ္ႏိုင္ရတာလဲ အဖိုးက ဒီကို ေျပာင္းခိုင္းထားတာ ေမ့ေနၿပီလား”

----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၄။  ပိုက္ဆံျပန္ေပး (4)

“ငါတို႔ က တရား၀င္လက္ထပ္ထားတဲ့ လင္မယားဆိုတာ မေမ့နဲ႔ေလ ဂူယူရွန္း ...ငါဆိုတဲ့လ်န္ေဒါ့ကူက ရွင့္မိန္းမမို႔လို႔ ဒီမွာေနခြင့္ရွိတယ္ ဘယ္လိုလုပ္ ႏွင္ထုတ္ႏိုင္ရတာလဲ”

ဘယ္လိုလုပ္ႏွင္ထုတ္ႏိုင္ရတာလဲ တဲ့လား ။

ျပႆနာအိုးေလးမွမဟုတ္သည္ပဲကို ။

ဂူယူရွန္းအေပၚထပ္ကို တက္ေနတဲ့ေျခလွမ္းတို႔ ရပ္သြားရၿပီးေနာက္
သူမကို ဘာစကားမွျပန္မေျပာပဲ သူမဆီေလွ်ာက္လွမ္းလာခဲ့သည္ ။

“မသြားႏိုင္ဘူး ရွင့္မိန္းမက ငါပဲ ဒီမွာပဲေနမွာ ဘယ္မွမသြားဘူး”

လ်န္ေဒါ့ကူ မသြားႏိုင္ေၾကာင္းကိုေျပာေနခ်ိန္မွာ ဂူယူရွန္းက တံခါး ဆီေလွ်ာက္လာေတာ့ သူမလည္း အေနာက္ဆုတ္လိုက္မိတာ အိမ္အျပင္ပင္ေရာက္ေနခဲ့ၿပီ ။

“အိမ္ထဲ၀င္လာ”

အိမ္အျပင္ဘက္မွာရပ္ေနတဲ့အေဒၚႀကီးကို ဂူယူရွန္း လွမ္းေအာ္လိုက္တာေၾကာင့္ သူမလည္း ေျပး၀င္လာၿပီးေနာက္ လ်န္ေဒါ့ကူ လက္ထဲကို သူမဖုန္းကို ထည့္ေပးခဲ့ကာ ဂူယူရွန္းဆီေျပးသြားလိုက္ေတာ့သည္ ။

အဲ့ဒီေနာက္ ဂူယူရွန္းက အိမ္တံခါးက password  ကို ေျပာင္းေနၿပီးေနာက္ လ်န္ေဒါ့ကူကို တစ္ခ်က္လွည့္မၾကည့္ပဲ တံခါးကိုဆြဲပိတ္ေတာ့ လ်န္ေဒါ့ကူလည္း အပိတ္မခံပဲ တြန္းေနခဲ့တာေၾကာင့္ ဂူယူရွန္းက မ်က္ေမွာင္ႀကဳံ႕ၿပီး အားပိုထည့္ကာ တံခါးကို ဆြဲပိတ္လိုက္ေတာ့
လ်န္ေဒါ့ကူ တင္းမထားႏိုင္ေတာ့တာေၾကာင့္ တံခါးလုံး၀မပိတ္သြားခင္ေလး လ်န္ေဒါ့ကူ ေအာ္ေျပာလိုက္သည္ ။

“ဂူယူရွန္း အဲ့ဒီမိန္းမက ဘယ္သူလဲမသိခ်င္ဘူးလား ငါ့ကို အခုႏွင္ထုတ္လိုက္ရင္ အဲ့ဒီမိန္းမကို ဘယ္ေတာ့မွ ရွာေတြ႕ေတာ့မွာ မဟုတ္ဘူး”

ဂူယူရွန္းပိတ္ေတာ့မဲ့တံခါးကို ဆက္မပိတ္ေတာ့ ...။

“ငါ မင္းကို ဒီမွာေနခြင့္ေပးရင္ မင္းကေျပာျပမွာတဲ့လား... မေျပာဘူးမလား”

ဂူယူရွန္း လ်န္ေဒါ့ကူကို ေလွာင္ၿပဳံး ၿပဳံးျပလိုက္ကာ စကားဆက္လိုက္ေတာ့သည္ ။

“သူ ဘယ္သူလဲ မင္း ေျပာရင္ေတာင္ ငါကေတာ့ မင္းကို ဒီမွာ လုံး၀ေပးမေနႏိုင္တာေၾကာင့္ မင္းတကယ္ေျပာခ်င္တယ္ဆိုရင္ စာပို႔လိုက္.. အဲ့လိုမဟုတ္ဘူးဆိုရင္ေတာ့ ၿခံထဲက မင္းပစၥည္းေတြကိုအျမန္ယူၿပီး သြားလိုက္ေတာ့ .. ဒီထက္ပိုဆိုးတာေတြ ငါမလုပ္ခ်င္ဘူး”

အဲ့ဒီေနာက္ ဂူယူရွန္း တံခါးပိတ္ဖို႔ျပင္ေတာ့ လ်န္ေဒါ့ကူက တားျပန္သည္ ။

“ဂူယူရွန္း ငါေျပာျပပါ့မယ္ အခုတံခါးပိတ္လိုက္ရင္ ဘယ္ေတာ့မွ သိရမွာ မဟုတ္ေတာ့ဘူးေနာ္”

သူမကို ဒီလိုဆက္ဆံရင္ေတာ့ ဂူယူရွန္း ေပ်ာ္ရမည္မဟုတ္ ....
သူမ ခံစားရသလို အကုန္လုံးလည္းခံစားရမည္ ။

“သူ႔ကို ရွာေတြ႕ရင္ေတာင္ ရွင္တို႔ လက္ထပ္လို႔မရေစရဘူး ငါက ကြာရွင္းေပးမွာမဟုတ္လို႔ပဲ .. အဲ့ဒီမိန္းမနဲ႔ ရွင္က အတူေနခ်င္သပါ့ဆိုရင္ေတာ့ သူက တိတ္တိတ္ပုန္း မယားငယ္အျဖစ္ ရွိရမွာပဲဆိုတာ သိထားလိုက္ဂူယူရွန္း .... ၿပီးရင္ ရွင့္ရဲ႕တိတ္တိတ္ပုန္းမယားငယ္ကို ငါကိုယ္တိုင္ တစ္ကမာၻလုံးကို ေျပာျပၿပီး ရွင္တို႔ကို တစ္သက္လုံး မ်က္ႏွာမေဖာ္ႏိုင္ေအာင္လုပ္မွာ”

တိတ္တိတ္ပုန္းမယားငယ္ .. လား ။

ဂူယူရွန္း သူမစကားကိုၾကားေတာ့ တံခါးကိုျပန္ဖြင့္လိုက္သည္.

-----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၅။ ပိုက္ဆံျပန္ေပး (5)

လ်န္ေဒါ့ကူရဲ႕ ကြာရွင္းမေပးဘူးဆိုတဲ့စကားက အလုပ္ျဖစ္သြားပုံပင္ .. သူမနဲ႔ညႇိႏႈိင္းဖို႔ တံခါးဖြင့္လာတဲ့ ဂူယူရွန္းကို သူမ ၾကည့္ေနလိုက္သည္ ။

“လ်န္ေဒါ့ကူ ငါတို႔ တရား၀င္လက္ထပ္ထားတယ္လို႔ ထင္ေနတုန္းလား”

ဂူယူရွန္းက ခနဲ႔သလိုၿပဳံးေတာ့ ေၾကာင္အသြားရတာက လ်န္ေဒါ့ကူပင္ ၊

“ဘာကိုဆိုလိုတာလဲ”

ေၾကာက္ေနတဲ့ လ်န္ေဒါ့ကူမ်က္လုံးတို႔ကို တည့္တည့္ၾကည့္ၿပီး သူရွင္းျပလိုက္ေတာ့သည္ ။

“မင္းထင္ေနသလို ငါတို႔က တကယ္လက္ထပ္ထားတာမွ မဟုတ္တာ လ်န္ေဒါ့ကူရဲ႕”

မီးေရာင္မွိန္ျပျပ ဟပ္ေနတဲ့ ဂူယူရွန္းမ်က္ႏွာက တည္ၾကည္ၿပီး ၾကည့္လို႔ေကာင္းသည့္မ်က္ႏွာထားမ်ိဳးပင္ ။

မ်က္ေတာင္တစ္ခ်က္ ခတ္လိုက္တုန္း မ်က္လုံးတို႔ကို လႊမ္းၿခဳံထားတဲ့ မ်က္ေတာင္ရွည္ရွည္တို႔က ေယာက်္ားတစ္ေယာက္ရဲ႕ဆြဲေဆာင္မႈလို႔ ေျပာလို႔ရတဲ့အရာမ်ိဳးပင္။ ရက္စက္တဲ့စကားတို႔ကိုေျပာေနတာေတာင္ ခ်ိဳသာတဲ့အသံတို႔က ထြက္ေနစၿမဲ ...။

“ငါ မင္းကို ဘယ္တုန္းကမွ လက္မထပ္ခ်င္ခဲ့ဘူး အဖိုးစကားကိုလည္း မလြန္ဆန္ႏိုင္လို႔ လက္ထပ္စာခ်ဳပ္အတုေတြလုပ္ခဲ့တာ အဲ့ဒါေၾကာင့္မင္းသိထားဖို႔က အဲ့ဒီေကာင္မေလးကိုရွာေတြ႕လို႔ ငါ သူ႔ကို လက္ထပ္တဲ့အခါ သူက ငါ့ရဲ႕တိတ္တိတ္ပုန္း မယားငယ္မဟုတ္ပဲ တရား၀င္သခင္မေလးျဖစ္ရမွာဆိုတာပဲ”

လ်န္ေဒါ့ကူ မ်က္လုံးတို႔က အံအားရိပ္နဲ႔အတူ မယုံၾကည္ႏိုင္မႈေတြပါ စြက္ေနသည္ ...

ဂူယူရွန္းကိုၾကည့္ကာ ေခါင္းကိုအဆက္မျပတ္ခါရင္း ....

“ညာေနတာ”

ဂူယူရွန္း လက္ကို လ်န္ေဒါ့ကူ ဖမ္းဆြဲလိုက္ၿပီး ေတာင္းပန္သလိုၾကည့္သည္ ။

“ညာေနတာမလား .. ဟုတ္တယ္မလား ငါတို႔က လက္ထပ္ထားတာေလ ယူရွန္းရဲ႕ ငါက သခင္မေလးေလ ... ဂူယူရွန္းမိန္းမေလ”

ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့သူမမ်က္လုံးတို႔က မ်က္ရည္ေတြအျပည့္ ။

“ငါက မင္းကို ဘာလို႔ညာရမလဲ”

ဂူယူရွန္းႏႈတ္ခမ္းတို႔ကိုမဲ့လိုက္ကာ လက္ကိုဆြဲျဖဳတ္လိုက္ၿပီး သူမေရွ႕မွာပဲ တစ္ရႉးကို ယူကာ လက္ကို သုတ္လိုက္ေတာ့သည္ ။

“ညာတယ္ဆိုတာ ဂ႐ုစိုက္ျခင္းပဲ ။ ငါ မင္းကို ဂ႐ုမစိုက္ေတာ့မွေတာ့ ညာစရာအေၾကာင္းရွိပါ့မလား မယုံရင္ ငါတို႔လက္ထပ္စာခ်ဳပ္ကို ယူၿပီး ႀကိဳက္တဲ့ေနရာကို သြားေမး အမွန္ကိုသိရလိမ့္မယ္”

ဂူယူရွန္း သူမကို လက္ထပ္မည္ဆိုတုန္းက လ်န္ေဒါ့ကူ သံသယျဖစ္ခဲ့ေပမဲ့ အရမ္းေပ်ာ္ေနခဲ့တာေၾကာင့္ ဂူယူရွန္း ဒီလိုလုပ္ႏိုင္တယ္ဆိုတဲ့အခ်က္ကိုေမ့သြားခဲ့သည္ ။

လ်န္ေဒါ့ကူ ေခါင္းကိုခါလိုက္ကာ ဂူယူရွန္းကိုၾကည့္ရင္း စကားေတြတတြတ္တြတ္ေျပာေနေတာ့သည္ ။

“မယုံဘူး မယုံဘူး ရွင္ညာေနတာ ကြၽန္မက ရွင့္မိန္းမေလ ရွင့္မိန္းမေလ...ညာေနတာ”

သူမက မ်က္ရည္တို႔က်ေနခဲ့ၿပီး စကားတစ္မ်ိဳးတည္းကိုပဲ အထပ္ထပ္႐ြတ္ေနသည္ ။

“ကြၽန္မက သခင္မေလးဂူပဲေလ ...ရွင္စိတ္ဆိုးေနတုန္းမို႔ ညာေျပာေနတာမလား ဟုတ္တယ္မလား ကြၽန္မက ရွင့္မိန္းမေလ ကြၽန္မတို႔လက္ထပ္ထားတာ လက္ထပ္ထားတာေလ”

လ်န္ေဒါ့ကူ ငိုေနလည္း ဂူယူရွန္း ဘာခံစားခ်က္မွ မရွိတာေၾကာင့္ ေျခလွမ္းတို႔ကို ေနာက္ဆုတ္လိုက္ၿပီး တံခါးပိတ္လိုက္ေတာ့သည္ ...

------------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၆။ ပိုက္ဆံျပန္ေပး (6)

လြန္ခဲ့တဲ့ ႏွစ္ေတြတည္းက ဂူယူရွန္းက သူမကို လ်စ္လ်ဴရႈေနစၿမဲဆိုေပမဲ့ ဒီတစ္ခါမွာေတာ့ သူ႔ရဲ႕လ်စ္လ်ဴရႈမႈအေပၚ တုန္လႈပ္မိသည္ ။

လြန္ခဲ့တဲ့ႏွစ္ေတြမွာ သူ႔အခ်စ္ကိုမရခဲ့ဘူးဆိုေပမဲ့ မပိုင္ဆိုင္ရတာမ်ိဳးမဟုတ္ခဲ့ ။
အခုေတာ့ သူ႔မွာ ခ်စ္ရတဲ့သူလည္းရွိေနၿပီပင္ ...
သူတို႔ႏွစ္ေယာက္ၾကားက တံခါးတစ္ခ်ပ္က ကမာၻတစ္ခုျခားေနသလိုပင္ ။

လ်န္ေဒါ့ကူ ေနာက္ဆုံးအေနနဲ႔ပဲျဖစ္ျဖစ္ ဂူယူရွန္းကို ဖမ္းဆြဲထားခ်င္မိတာေၾကာင့္ သူ႔အက်ႌကို လွမ္းဆြဲလိုက္ေတာ့သည္ ။

“ယူရွန္း ကြၽန္မကိုယုံေပးပါ .. ဒီေကာင္မေလးကို ကြၽန္မေနရာမွာ အစားထိုးခဲ့တယ္ဆိုတာကလည္း အေၾကာင္းရွိခဲ့လို႔ပါ ရွင့္ကို မဆုံးရႈံးခ်င္လို႔ ...ယူရွန္း ကြၽန္မေလ အဲ့တုန္းက ေနမေကာင္းျဖစ္ေနခဲ့လို႔ အဲ့လိုလုပ္ခဲ့ရတာပါ”

ဘာလို႔ဒီလိုလုပ္ခဲ့ရတယ္ဆိုတာကို ဂူယူရွန္း မသိခ်င္သလို စိတ္လည္းမ၀င္စား ။

ဂူယူရွန္း ဂ႐ုစိုက္ၾကင္နာခဲ့တဲ့လူကလည္း လ်န္ေဒါ့ကူမဟုတ္ .. သူ႔ရဲ႕ျပႆနာအိုးေလးကိုပင္ ။
ဒါေၾကာင့္ ျပႆနာအိုးေလးက လ်န္ေဒါ့ကူ မဟုတ္တာကို သိလိုက္ရၿပီမို႔ လ်န္ေဒါ့ကူနဲ႔ဆက္ပတ္သက္ဖို႔မလိုေတာ့....။

လ်န္ေဒါ့ကူရဲ႕ရွင္းျပခ်က္ေတြကို ဂူယူရွန္း ဂ႐ုမစိုက္စြာပဲ သူ႔အက်ႌကို ဆုပ္ကိုင္ထားတဲ့ သူမလက္တို႔ကို ဖယ္ခြာပစ္လိုက္ေတာ့သည္ ။

“ယူရွန္း ေတာင္းပန္ပါတယ္ ကြၽန္မကိုႏွင္မထုတ္ပါနဲ႔ေနာ္”

ဂူယူရွန္း တံခါးကိုဆြဲပိတ္လိုက္သည္ ။

“ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီး ယူရွန္းရယ္...”

ပိတ္သြားတဲ့တံခါးကို ထု႐ိုက္ရင္း လ်န္ေဒါ့ကူကေတာ့ ေအာ္ဟစ္ေနခဲ့သည္ ။

“ဂူယူရွန္း ကြၽန္မအဖိုးက ရွင့္အဖိုးအသက္ကို ကယ္ထားတယ္ဆိုတာ မေမ့နဲ႔လို႔”

“တံခါးဖြင့္ ဖြင့္လို႔”

ပြင့္မလာေတာ့တဲ့ တံခါးကို လ်န္ေဒါ့ကူ ေျခေထာက္နဲ႔ ကန္လိုက္ရင္း ..

“စာနာစိတ္မရွိတဲ့လူ ငါ့ကိုေတာင္းပန္ရမယ္ လ်န္ မ်ိဳး႐ိုးကို ေတာင္းပန္ရမယ္ဂူယူရွန္း”

“အဖိုးကို သြားရွာရမယ္ အဖိုးကို အခုခ်က္ခ်င္းသြားရွာၿပီး ငါစိတ္ဆင္းရဲရသလို နင္တို႔အားလုံးလည္း စိတ္ဆင္းရဲေစရမယ္”

ေျပာရင္း လ်န္ေဒါ့ကူက သူမလက္ထဲကဖုန္းနဲ႔ တံခါးကို ပစ္ေပါက္လိုက္ေတာ့သည္ ။
အဲ့ဒီေနာက္ တံခါးကိုမွီကာထိုင္ခ်ၿပီး ...

“ဂူယူရွန္း ငါဘာေတြမွားခဲ့တာလဲ တကယ္ဆို လူအစားမထိုးခဲ့သင့္တာကို ငါမွားသြားပါတယ္ ဂူယူရွန္းရယ္ ေက်းဇူးျပဳၿပီး လိမ္ေနတာလို႔ ေျပာေပးပါလား ကြၽန္မက ရွင့္မိန္းမပါလို႔ ေျပာေပးပါလား ဂူယူရွန္းတံခါးဖြင့္ေပးပါ”

လ်န္ေဒါ့ကူ ငိုေနခဲ့ရတာေၾကာင့္ အားပင္မရွိေတာ့ေပမဲ့ တံခါးကို တတ္ႏိုင္သေလာက္ ထု႐ိုက္ၿပီးေနာက္ ဖုန္းကို လွမ္းေကာက္လိုက္ၿပီး က်ိဳးက်င္းကို ဖုန္းေခၚလိုက္ေတာ့သည္။

“က်ိဳးက်င္း ၿပီးသြားၿပီ အခုအားလုံးၿပီးသြားၿပီ”

______________________________________________

စာစဥ္ ၁၅၊ အခန္း ၇။  ပိုက္ဆံျပန္ေပး (7)

“ဘာေတြျဖစ္ေနတာလဲ”

က်ိဳးက်င္း နားမလည္စြာေမးေတာ့ လ်န္ေဒါ့ကူ တစ္ခ်က္ရႈိက္ရင္း ေျပာခဲ့တဲ့စကားကိုပဲ ထပ္ေျပာသည္ ။

“အကုန္မွားသြားခဲ့ၿပီ အကုန္လုံး”

ျဖစ္ပ်က္ခဲ့တာေတြကို ဘယ္လိုေျပာျပရမည္ကို သူမ တကယ္မသိေတာ့ ။

“ေရွာင္ကူ စိတ္ကိုေအးေအးထားေလ”

က်ိဳးက်င္းလည္း စိတ္ပူေနေပမဲ့ လ်န္ေဒါ့ကူကို ႏွစ္သိမ့္ေပးလိုက္ၿပီးေနာက္ လ်န္ေဒါ့ကူက ၿငိမ္သက္သြားခဲ့ၿပီး ခဏအၾကာ...

“အခု ဂူယူရွန္းအိမ္မွာ ငါ့ကို လာေခၚေပး”

က်ိဳးက်င္း ႏွလုံးတစ္ခုလုံး ျပဳတ္က်သြားသလိုပင္ ..
ခံစားခ်က္က လုံး၀မေကာင္းေတာ့ ။

“ဂူယူရွန္းနဲ႔ ေတြ႕ခဲ့တာလား”

“အင္း”

“သူ..သိသြားတာလား”

“အင္း”

လ်န္ေဒါ့ကူထပ္ငိုၿပီးေနာက္ စကားထပ္ေျပာသည္ ။

“ေမးခြန္းေတြ ရပ္ၿပီး အခု ငါ့ကို လာေခၚေတာ့”

“ေအးပါ ငါလာၿပီ စိတ္ကို ေအးေအးထားေနာ္”

လ်န္ေဒါ့ကူ ေအးတဲ့ေျမျပင္ေပၚမွာ ထိုင္ေနခဲ့ရၿပီးေနာက္
ဂူယူရွန္းပစ္ခ်ခဲ့တဲ့ သူမပစၥည္းေတြကို လိုက္ေကာက္ေနလိုက္သည္ ..

က်ိဳးက်င္းက ေရာက္မလာေသးတာေၾကာင့္ ၿခံထဲမွာ သူမ ရပ္ေနခဲ့ၿပီးေနာက္ ကားဆီေလွ်ာက္သြားလိုက္ကာ ကားတံခါးကို ဆြဲဖြင့္လိုက္ခ်ိန္မွာပဲ အိမ္တံခါးက ႐ုတ္တရက္ပြင့္လာေတာ့သည္ ။

အဲ့ဒီေနာက္ ဂူယူရွန္းက သူမဆီေလွ်ာက္လာေလေတာ့
သူမ ရင္တို႔တုန္လာရသည္ ..

သူမအဖိုးအေၾကာင္းေျပာခဲ့သည္မို႔ ဂူယူရွန္း ထြက္လာသည္လား ။

အဖိုးကို သြားတိုင္မည္စိုးတာေၾကာင့္လား ။

ဂူယူရွန္းက သူ႔အဖိုးကိုဆိုရင္ အေလးထားတာမို႔
သူမကို ထြက္မသြားေတာ့ဖို႔ လာေျပာတာျဖစ္ႏိုင္သည္ ။

ဂူယူရွန္း သူမဆီေလွ်ာက္လာခဲ့ေပမဲ့ အနားေရာက္ေတာ့ သူမေဘးကေနျဖတ္သြားေတာ့သည္ ။

လ်န္ေဒါ့ကူ သူသြားရာကိုၾကည့္လိုက္ေတာ့ ဂူယူရွန္းက သူမကားနားမွာရပ္ေနသည္ ။
အဲ့ဒီေနာက္ သူက သူမပစၥည္းေတြ ထည့္ထားတဲ့ ကားတံခါးကိုဖြင့္ကာ လက္ကိုင္အိတ္ဗူးကို ဆြဲထုတ္သည္ ..
ၿပီးေတာ့ တျခား လက္ေဆာင္ဗူးေတြကိုပါ ထုတ္ေနတာေၾကာင့္ သူမထင္ထားသလို အိမ္မွာပဲ ေနခိုင္းေတာ့မည္ ထင္သည္ ။

“ယူရွန္း”

ဂူယူရွန္းက သူမ ေခၚတာကို မၾကားသလိုေနရင္း လက္ေဆာင္ဗူးေတြကိုပဲ ေ႐ြးထုတ္ေနၿပီးေနာက္ ပစၥည္းေတြကို ယူကာ အိမ္ထဲျပန္၀င္ဖို႔ျပန္သည္ ။

“ယူရွန္း”

ဂူယူရွန္းက သူမလက္ထဲမွာ ကိုင္ထားတဲ့ပိုက္ဆံအိတ္ကိုပါ ၾကည့္ေနလိုက္ေတာ့သည္ ။

ဒါကလည္း သူ ျပႆနာအိုးေလးကို ေပးခဲ့သည့္လက္ေဆာင္ပင္ ....

---------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၈။  ပိုက္ဆံျပန္ေပး (8)

ဂူယူရွန္း သူမပစၥည္းေတြကို ပစ္ခ်တုန္းက ျပႆနာအိုးေလးကို
သူ ေပးခဲ့တဲ့လက္ေဆာင္ေတြကို ပစ္ခ်လိုက္မိတာပင္မို႔ ဒီလက္ေဆာင္ေတြကို သူမကို ယူသြားခြင့္မျပဳႏိုင္ ။

ဒါေၾကာင့္ ဂူယူရွန္း သူမဆီ ေလွ်ာက္သြားလိုက္ၿပီး သူမလက္မွာ ခ်ိတ္ထားတဲ့အိတ္ကို ဆြဲယူလိုက္ေတာ့သည္ ..

"ယူ..."

ဂူယူရွန္းအျပဳအမူေတြကို နားမလည္ႏိုင္တာေၾကာင့္
လ်န္ေဒါ့ကူ မ်က္ေမွာင္ႀကဳံ႕လိုက္မိေတာ့သည္ ။

"ယူရွန္း ဘာေတြလုပ္ေနတာလဲ"

ဂူယူရွန္းလည္း လက္ကိုင္အိတ္ထဲက သူမပစၥည္းေတြကို ထုတ္ၿပီး ကားထဲပစ္ထည့္လိုက္ကာ သူေပးထားတဲ့လက္ေဆာင္ မရွိေတာ့မွ အိမ္ထဲ၀င္ဖို႔ျပင္ေတာ့သည္ ။

လ်န္ေဒါ့ကူ ဂူယူရွန္းေနာက္ကို လိုက္သြားမိေတာ့ သူက ႐ုတ္တရက္ ေျခလွမ္းတို႔ကို တန႔္လိုက္တာမို႔ သူမလည္း ရပ္လိုက္ေတာ့သည္ ။

ဂူယူရွန္းက သူမကို ေက်ာေပးထားၿပီး ယူသြားခဲ့တဲ့လက္ကိုင္အိတ္ကို ေျမႇာက္ကာၾကည့္ေနသည္ ။

သူမကို ဒီအိမ္မွာေနဖို႔ ခြင့္ျပဳသည္လား ေမးဖို႔ ႏႈတ္ခမ္းျပင္တုန္း ဂူယူရွန္းက သူမဘက္လွည့္လာၿပီး အိတ္ကိုျပန္ေပးလိုက္ေတာ့သည္ ။

"ဒီအိတ္က ၁၈၀၂၀၃၈ ေဒၚလာ တန္တယ္"

သူ ဘာလို႔ ေစ်းေတြေျပာေနသည္လဲ သူမ နားမလည္...။

"ဟင္"

"မိန္းကေလး လ်န္ ကတ္နဲ႔ေငြလႊဲမလား ဒါမွမဟုတ္ Alipay .. မဟုတ္ရင္ WeChat နဲ႔လား"

"ဟင္"

လ်န္ေဒါ့ကူ နားမလည္စြာနဲ႔ ဂူယူရွန္းကိုၾကည့္ေနမိေတာ့ ဂူယူရွန္းက စကားထပ္ေျပာလာသည္ ။

" ဒီအိတ္က ၁၈၀၂၀၃၈ ေဒၚလာတန္တယ္လို႔ ပိုက္ဆံျပန္ေပးလို႔ ေျပာေနတာ..ဒီအိတ္က ငါ သူ႔ကို လက္ေဆာင္ေပးထားတာ မင္းသုံးလိုက္လို႔သုံးမရေတာ့ဘူး ငါမင္းကိုေပးခဲ့တဲ့လက္ေဆာင္မဟုတ္လို႔ ပိုက္ဆံျပန္ေပး"

လ်န္ေဒါ့ကူ ဘာမွေတာင္ျပန္မေျပာႏိုင္ေတာ့ပဲ အိတ္ကိုသာ ၾကည့္ေနမိေတာ့သည္ ။

ဒါဆို ဂူယူရွန္းအိမ္ထဲက ထြက္လာတာက သူမကို လာေခၚတာ မဟုတ္ပဲ ခ်င္းက်ီအိုက္ကိုေပးခဲ့တဲ့လက္ေဆာင္ေတြကို ျပန္လာယူတာေပါ့ေလ ....။

----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၉။ ပိုက္ဆံျပန္ေပး (9)

လ်န္ေဒါ့ကူ မ်က္လုံးထဲမ်က္ရည္တို႔ ျပန္ေရာက္လာခဲ့တာေၾကာင့္ သက္ျပင္းရႈိက္လိုက္ၿပီး ကားေပၚမွာ တစ္ခုခုကို သြားရွာလိုက္ေတာ့သည္ ။
အဲ့ဒီေနာက္ ဖုန္းကို ထုတ္လာၿပီး အသံကတုန္ကယင္ႏွင့္ ဂူယူရွန္းကို ေမးလာေတာ့သည္ ။

"ဘဏ္အေကာင့္က ဘာလဲ"

ဂူယူရွန္း ဘဏ္အေကာင့္ကို ပိုက္ဆံအိတ္ထဲမွာ ထည့္မွတ္ထားခဲ့တာမို႔ အေပၚထပ္မွာ ပိုက္ဆံအိတ္သြားယူရန္ စဥ္းစားၿပီးေနာက္
ျပႆနာအိုးေလးကို သူေပးခဲ့တဲ့ကတ္ကို သတိရသြားေတာ့သည္ ။

ျပႆနာအိုးေလးက ေသခ်ာေပါက္ ဒီကတ္ကိုလည္း ေပးခဲ့မည္မို႔...

"ငါ့ကတ္ မင္းဆီမွာရွိေနမယ္ထင္တယ္ အဲ့ကို ေငြလႊဲၿပီး ပို႔လိုက္"

လ်န္ေဒါ့ကူ တုန္ရီစြာနဲ႔ပဲ သူမပိုက္ဆံအိတ္ကို ထုတ္လိုက္ၿပီး
ဂူယူရွန္းကတ္ကို ထုတ္ယူလိုက္ကာ ဘဏ္အေကာင့္ကိုၾကည့္ၿပီးေနာက္ ဖုန္းကေန ေငြလႊဲလိုက္ေတာ့သည္ ...

အဲ့ဒီေနာက္ ဂူယူရွန္းကို ကတ္လွမ္းေပးလိုက္ရင္း ငိုခ်င္စိတ္ကို ႏႈတ္ခမ္းကိုက္ရင္း ထိန္းထားရသည္ ။

"လႊဲၿပီးၿပီ"

ဂူယူရွန္း သူမဆီက ကတ္ကိုယူၿပီးေနာက္ အိမ္ထဲ ၀င္သြားေတာ့မွ
လ်န္ေဒါ့ကူ ငိုခ်လိုက္ေတာ့သည္ ။

သူမအစီအစဥ္ေတြအကုန္ ေျမာင္းထဲ ေရာက္သြားခဲ့ရၿပီ ...

ဂူယူရွန္းရဲ႕အမ်ိဳးသမီး ျဖစ္ခြင့္ သူမမွာ မရွိေတာ့ ...
သူမကို ႏွင္ထုတ္ၿပီး လက္ေဆာင္ေတြပါ ျပန္ယူသြားခဲ့ၿပီမို႔
သူတို႔တကယ္ ပတ္သက္ခြင့္မရွိေတာ့ေပ။

မ်က္ႏွာခ်င္းတူတာေတာင္
ခ်င္းက်ီအိုက္ကိုပဲ ခ်စ္ၿပီး ဘာလို႔ သူမကို မဟုတ္ရသည္လဲ ။

ဘာလို႔ သူမကိုပဲ ႏွင္ထုတ္ရသနည္း ။

လ်န္ေဒါ့ကူ ေဒါသျဖစ္စြာနဲ႔ ဂူယူရွန္းေနာက္ေက်ာကို လွမ္းၾကည့္လိုက္ၿပီး ေအာ္ေျပာလိုက္တာ့သည္ ။

"ဂူယူရွန္း သူ ဘာလို႔ ရွင့္ကို ထားခဲ့တာလဲသိလား ..ငါက သူ႔ကို ပိုက္ဆံေပးခဲ့လို႔ပဲ သူက ရွင့္ကို ဘယ္တုန္းကမွ သေဘာမက်ခဲ့ဘူး ေငြအတြက္ ရွင္နဲ႔အတူအိပ္ခဲ့တဲ့လူမ်ိဳးပဲမို႔လို႔ ေငြသာေပးရင္ တျခားလူနဲ႔လည္း အိပ္မဲ့မိန္းမမ်ိဳးပဲ သူက ပိုက္ဆံအတြက္ ဘာမဆိုလုပ္တဲ့မိန္းမ ဂူယူရွန္းရဲ႕"

"အဲ့ဒီေတာ့ …"

ဂူယူရွန္း လမ္းေလွ်ာက္တာကို ရပ္လိုက္ၿပီး သူမကို ခပ္ေအးေအးပဲျပန္ေျပာေတာ့ လ်န္ေဒါ့ကူက ထပ္ေျပာသည္ ။

"ေငြအတြက္ ဘာမဆိုလုပ္မဲ့..."

"အဲ့ဒီေတာ့ ဘာျဖစ္လဲလို႔"

-------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၀။  ပိုက္ဆံျပန္ေပး (10)

လ်န္ေဒါ့ကူကို ဂူယူရွန္း လွည့္ၾကည့္လိုက္ၿပီး...

“သူက အဲ့လိုမိန္းကေလးဆိုေတာ့ေရာ ဘာျဖစ္လဲ”

“ငါက သူ႔ကိုႀကိဳက္တာေလ မင္းကိုမွမဟုတ္တာ အခုထိ မသိေသးဘူးလား”

“သူက ဂူမ်ိဳး႐ိုးရဲ႕ သခင္မေလးပဲ မင္း မဟုတ္ဘူး”

“အဲ့ဒါေၾကာင့္ သူက မေကာင္းတဲ့မိန္းကေလး ဆိုရင္ေတာင္ မင္းနဲ႔ယွဥ္လို႔မရဘူးဆိုတာ သိထား”

လ်န္ေဒါ့ကူ ျပန္ေျပာရန္ ႏႈတ္ခမ္းတို႔ လႈပ္လိုက္ေပမဲ့ မေျပာျဖစ္ေတာ့ ။

ဂူယူရွန္း လွည့္ထြက္သြားၿပီး အိမ္ထဲျပန္၀္သြားခဲ့ေတာ့
လ်န္ေဒါ့ကူ သက္ျပင္းရႈိက္္ၿပီး ကားေပၚ တက္လိုက္ကာ
ဂူယူရွန္းအိမ္က ထြက္သြားခဲ့ေတာ့သည္ ။

လ်န္ေဒါ့ကူ စိတ္မတည္ၿငိမ္ေနတာမို႔ လုံၿခဳံေရးဂိတ္က လက္ရန္းကို တိုက္မိၿပီးေနာက္ အေရွ႕ကို ငိုက္က်သြားကာ နဖူးကိုတိုက္မိသြားတာမို႔
သူမ ထပ္ၿပီး ငိုခ်င္လာျပန္ေတာ့သည္ ။

ဂူယူရွန္း ကေတာ့ ျပန္ယူလာခဲ့တဲ့ လက္ေဆာင္ဗူးေတြကို
အိပ္ခန္းထဲက ဗီဒိုထဲမွာ တစ္ခုခ်င္း အစီအရီ ထားလိုက္ၿပီးေနာက္ လက္ေဆာင္ေတြကိုၾကည့္ေနမိရင္းက အရင္ေန႔ေတြက ျဖစ္ပ်က္ခဲ့သမွ်က အိမ္မက္ေတြလိုျဖစ္ေနခဲ့တာကို ေတြးမိသည္ ..

သူ ေဆး႐ုံမွာ ႏိုးလာတဲ့အခ်ိန္ ျပႆနာအိုးေလး မရွိေတာ့သလို အျဖစ္အပ်က္မ်ိဳးကလည္း မယုံႏိုင္စရာ ေကာင္းလွတာမို႔ ေဒါသထြက္စြာနဲ႔ စီထားခဲ့တဲ့ လက္္ေဆာင္ေတြကိုျပန္လႊင့္ပစ္လိုက္ေတာ့သည္ ...

ဂူယူရွန္း ဒဏ္ရာသည္လည္း အရွင္းသက္သာေသးသည္ မဟုတ္တာမို႔ လြန္ခဲ့တဲ့ရက္ေတြက ျဖစ္ပ်က္ခဲ့တာေတြက သူ႔ကိုအားေလ်ာ့ေစတာေၾကာင့္ ကိုယ္အပူခ်ိန္ေတာင္ တက္ေနခဲ့သည္ပဲ ...

အိပ္ယာေပၚမွာ ခဏလွဲေနလိုက္ၿပီးေနာက္ ထရပ္ကာ ၀ရန္တာကို ေျဖးေျဖးပဲ ေလွ်ာက္သြားလိုက္ရင္း ညဘက္ျမင္ကြင္းကို ေငးကာ အေတြးထဲနစ္ျမဳပ္ထားလိုက္သည္ ။

ျပႆနာအိုးေလး သူ႔ကိုထားခဲ့ၿပီဆိုတာကို လက္ခံႏိုင္ဖို႔
ခက္ခဲေနတဲ့ အ႐ူးတစ္ေယာက္လိုသူက အခုထိ
သူမ မရွိေတာ့တာကို မယုံခ်င္ေသး ...

အခုကစၿပီး သူစိတ္ဆိုးတဲ့အခါျဖစ္တည္တတ္တဲ့ သူမရဲ႕ မခ်င့္မရဲမ်က္ႏွာေလးကိုလည္း မေတြ႕ႏိုင္ေတာ့သလို ေပ်ာ္စရာရွိတဲ့အခါ သူမရဲ႕အၿပဳံးရိပ္သန္းေနတဲ့ မ်က္လုံးတို႔ကိုလည္း မေတြ႕ရေတာ့ ။ ၿပီးေတာ့ ကေလးတစ္ေယာက္လို ခ်စ္စရာေကာင္းတဲ့ အျပဳအမူေတြလည္း မရွိေတာ့ေပ ...

ဘယ္လိုလုပ္မ်ား ထားခဲ့ႏိုင္သည္လဲ ...
ဘယ္လိုအေၾကာင္းပဲရွိရွိ သူမကို ရွာရမည္ ။

အဲ့ဒီေနာက္ ဂူယူရွန္း အိပ္ယာဆီျပန္လွည့္လာတာ ဖုန္းကိုလွမ္းယူၿပီး တစ္ေနရာကိုေခၚလိုက္ေတာ့သည္ ။

က်ိဳးက်င္းကေတာ့ ဂူယူရွန္းအိမ္ကိုအလာ လမ္းေဘးမွာ ရပ္ထားတဲ့ လ်န္ေဒါ့ကူကားကို ေတြ႕လိုက္တာေၾကာင့္ သူမကားကို ရပ္လိုက္ၿပီး လ်န္ေဒါ့ကူကားထဲကို ကူးသြားလိုက္သည္ ။

လ်န္ေဒါ့ကူကားက ေလာ့မခ်ထားတာမို႔ ဖြင့္လို႔ရတာေၾကာင့္ က်ိဳးက်င္းလည္း ကားထဲ၀င္သြားလိုက္တာေတာင္ လ်န္ေဒါ့ကူက သတိမထားမိ ။
သူမက ေခါင္း ငိုက္စိုက္ကာ ငိုေနခဲ့ၿပီး ပုခုံးတို႔တသိမ့္သိမ့္ တုန္ေနခဲ့သည္ ။

------------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၁။  အနာဂတ္တစ္ခုကိုပဲ ေတြးတယ္(1)

သူမနာမည္ကို က်ိဳးက်င္း ႏွစ္ခါေတာင္ ေခၚေနခဲ့ေပမဲ့ လ်န္ေဒါ့ကူက သူမကို ဘာမွမတုံ႔ျပန္တာမို႔ က်ိဳးက်င္းလည္း ထိုင္ပဲေစာင့္ေနလိုက္ေတာ့သည္ ။

ငိုလို႔အၿပီး ရႈိက္သံထြက္လာခဲ့တဲ့ေနာက္ တစ္ရႉးကို လွမ္းယူတဲ့လ်န္ေဒါ့ကူ ပုခုံးကို က်ိဳးက်င္း လွမ္းကိုင္ထားလိုက္သည္ ....

“အဆင္ေျပသြားမွာပါ ထပ္မငိုနဲ႔ေတာ့”

လ်န္ေဒါ့ကူကေတာ့ သူမကို ဘာစကားမွ ျပန္မေျပာေသးပဲ ရႈိက္လို႔ေနသည္ ။
မိနစ္ပိုင္းခန႔္ အၾကာမွာေတာ့ က်ိဳးက်င္းလည္း လ်န္ေဒါ့ကူပုခုံးကေန ဆြဲထူကာ သူမ မ်က္ရည္တို႔ကို တစ္ရႉးနဲ႔ သုတ္ေပးလိုက္သည္ ။

“ထပ္မငိုေတာ့နဲ႔ ငိုေနလို႔ ျပႆနာကို မရွင္းႏိုင္ဘူး”

လ်န္ေဒါ့ကူ ေခါင္းၿငိမ့္လိုက္ၿပီး က်ိဳးက်င္းလက္ထဲက တစ္ရႉးကို ယူကာ
သူမ မ်က္ႏွာကို သုတ္ပစ္လိုက္သည္ ။

က်ိဳးက်င္းလည္း ေရဗူးလွမ္းယူၿပီးေနာက္ လ်န္ေဒါ့ကူကို လွမ္းေပးေတာ့ ေမာ့ေသာက္လိုက္ေတာ့သည္ ။

“ေက်းဇူးပဲ”

က်ိဳးက်င္းကေတာ့ စကားျပန္မေျပာေတာ့ပဲ လ်န္ေဒါ့ကူကိုသာ ၾကည့္ေနလိုက္သည္ ။

ႏွစ္ေတြအမ်ားႀကီး အတူအလုပ္လုပ္ခဲ့တာေၾကာင့္ က်ိဳးက်င္းက သူမကို ဘာေတြျဖစ္ခဲ့လဲ ေျပာေစခ်င္ေနေၾကာင္း လ်န္ေဒါ့ကူ သိတာမို႔ ေရကိုတစ္၀က္ေလာက္ေသာက္ၿပီးမွ ဂူယူရွန္းနဲ႔သူမ ဘာျဖစ္ခဲ့လဲေျပာျပလိုက္ေတာ့သည္ ....

“က်ိဳးက်င္း ငါ အခု ဘယ္လိုလုပ္ရမလဲ ဂူယူရွန္းက ငါနဲ႔မပတ္သက္ေတာ့ဘူး လက္ထပ္စာခ်ဳပ္ကလည္း အတုတဲ့”

က်ိဳးက်င္းက ျပတင္းေပါက္ကိုသာ ေငးၾကည့္ရင္း ဘာစကားမွျပန္မေျပာတာမို႔ လ်န္ေဒါ့ကူလည္း စကားထပ္ေျပာလိုက္သည္ ။

“သူ ငါ့ကို ႏွင္ထုတ္လိုက္တယ္ ၿပီးေတာ့ သူ ဟိုေကာင္မေလးကို ရွာမယ္တဲ့ သူသာ ရွာေတြ႕သြားရင္ ...”

“မျဖစ္ရဘူး”

ၿငိမ္ေနခဲ့တဲ့က်ိဳးက်င္းက စကားသံထြက္လာေတာ့သည္ ။

“ဂူယူရွန္း သူ႔ကို ရွာမေတြ႕ေစရဘူး ဂူယူရွန္းဘယ္ေလာက္ပဲ လိုက္ရွာလဲ သူရွာေတြ႕မွာမဟုတ္ဘူး ငါတို႔သာမေျပာျပရင္ သူ႔ကိုဘယ္သူလဲဆိုတာ သိစရာအေၾကာင္းမရွိတာမို႔ ... အဲ့ဒါေၾကာင့္ စိတ္မပူနဲ႔ အဲ့ဒီမိန္းကေလးက ငါတို႔ဖြင့္ျပခဲ့တဲ့အသံဖိုင္ကို ၾကားၿပီးတည္းက ဂူယူရွန္းဆီကိုျပန္လာမွာ မဟုတ္ေတာ့ဘူး ဂူယူရွန္း ေသခ်ာေပါက္ အဲ့ဒီမိန္းကေလးကို ရင္ထဲမွာပဲ သိမ္းထားရလိမ့္မယ္”

က်ိဳးက်င္း လ်န္ေဒါ့ကူ ပုခုံးေပၚလက္တင္လိုက္ၿပီးေနာက္...

“ေရွာင္ကူဘက္မွာ အဖိုးရွိေသးတာပဲမလား ဂူယူရွန္းနဲ႔ျပန္ဆက္သြယ္ဖို႔ အခြင့္အေရး ရွိပါေသးတယ္”

---------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၂။  အနာဂတ္တစ္ခုကိုပဲ ေတြးတယ္ (2)

“အဲ့ဒါေၾကာင့္ အခု ဘာမွမေတြးနဲ႔ စိတ္ေအးေအးထားၿပီးမွ ထပ္စီစဥ္ရေအာင္ အခု ငါနဲ႔ အိမ္လိုက္ခဲ့ၿပီး ေရေလးဘာေလးခ်ိဳးၿပီး နားလိုက္ေတာ့ ၿပီးေတာ့မနက္ျဖန္ သခင္ႀကီးဂူနဲ႔ ထမင္းတစ္နပ္ေလာက္ အတူသြားစားလိုက္ဖို႔ မေမ့နဲ႔ သန္ဘက္ခါက်ရင္ေတာ့ အစမ္းေလ့က်င့္ဖို႔ လုပ္ရမယ္ေနာ္”

“အင္း”

လ်န္ေဒါ့ကူ က်ိဳးက်င္းကို ၿပဳံးျပလိုက္ေတာ့ က်ိဳးက်င္းက
သူ႔ ကားကို ထိုးျပကာ ..

“ဒါဆိုသြားရေအာင္”

“အိုေက”

က်ိဳးက်င္း သူမကားကိုျပန္သြားဖို႔ လ်န္ေဒါ့ကူကားေပၚက ဆင္းဖို႔ျပင္ေတာ့ လ်န္ေဒါ့ကူက လွမ္းေခၚတာမို႔ သူမ လွည့္ၾကည့္လိုက္သည္ ။

“ေက်းဇူးပါပဲ က်ိဳးက်င္းရယ္”

“မလိုပါဘူး ေရွာင္ကူကလည္း”

က်ိဳးက်င္းလည္း ၿပဳံးကာ ေျဖလိုက္ၿပီးေနာက္ ကားေပၚက ဆင္းလိုက္ေတာ့သည္ ။ အဲ့ဒီေနာက္ သူမကားထဲကေန လ်န္ေဒါ့ကူကား ထြက္သြားတာကိုၾကည့္ေနလိုက္ၿပီးေနာက္ ေနာက္ကလိုက္သြားခဲ့သည္ ။

လ်န္ေဒါ့ကူက အခုထိေခ်ာင္ပိတ္မိေနျခင္း မဟုတ္ေသးတာမို႔ သူမ ဆက္ၿပီး ကူညီေနရျခင္း ..တကယ္လို႔ သူမသာ ထြက္ေပါက္မရွိေတာ့တဲ့အခ်ိန္ဆိုရင္ က်ိဳးက်င္းလည္း ဆက္ကူညီေတာ့မည္ မဟုတ္ေၾကာင္း ႀကိဳေတြးထားသည္ ။

ဂူယူရွန္း ဖုန္းေတြအမ်ားႀကီး ေခၚခဲ့ေပမဲ့ အေျဖေတြကေတာ့ အတူတူပင္ ။ ျပႆနာအိုးေလးနဲ႔ ပတ္သက္တဲ့ အေၾကာင္းတစ္စုံတစ္ရာမွ မသိရ...။

ဘယ္လိုမ်ား ေျခရာလက္ရာေတာင္ မက်န္ဘဲ ေပ်ာက္သြားႏိုင္ရမည္လဲ ။

လ်န္ေဒါ့ကူကမ်ား တစ္ခုခုကိုမသိရေအာင္ ပိတ္ပင္ထားခဲ့သည္လား ။

ဂူယူရွန္း ကိုယ္အပူခ်ိန္ေတြ တက္ေနခဲ့ၿပီး ေမာလာတာမို႔ ဆိုဖာမွာ မွီထိုင္လိုက္ၿပီးေနာက္ တစ္ခုခုကို ဆုံးျဖတ္လိုက္ကာ မတ္တပ္ထရပ္လိုက္ၿပီး ကားေသာ့ယူကာ ေအာက္ထပ္ကို ဆင္းသြားလိုက္ေတာ့သည္ ။

သူမကို ရွာရမည္ ။

သူမကို ဘယ္က စရွာရမလဲ ဂူယူရွန္းမသိေပမဲ့
တစ္ခုခုေတာ့ လုပ္ရမည္ ၊
သူမကို ေျပာစရာေတြ အမ်ားႀကီးရွိေသးသည္ ...
ဒါေၾကာင့္ သူမကို ေပ်ာက္ကြယ္သြားခြင့္မေပးႏိုင္ ...

ဂူယူရွန္း ေအာက္ထပ္ကို ေရာက္ေတာ့ ျပတင္းေပါက္အျပင္ဘက္ကေန လွ်ပ္စီးတို႔ တလက္လက္ျဖစ္ေနခဲ့တာေၾကာင့္ အိပ္ေပ်ာ္ေနခဲ့တဲ့ အေဒၚႀကီးကလည္း ႏိုးလာၿပီး ျပတင္းေပါက္ေတြထပိတ္ခ်ိန္
ဖိနပ္စီးေနတဲ့ ဂူယူရွန္းကို ေတြ႕သြားေတာ့သည္ ။

“သခင္ေလးလား”

ဂူယူရွန္းက သူမကို တစ္ခ်က္လွည့္ၾကည့္ၿပီးေနာက္ တံခါးဆီေလွ်ာက္သြားေတာ့ အေဒၚႀကီးလည္း သူ႔ရဲ႕နီေနတဲ့မ်က္ႏွာနဲ႔ နဖူးမွာ ေခြၽးေတြစို႔ေနတာကို သတိထားမိတာေၾကာင့္ ဂူယူရွန္းဆီ ေျပးသြားလိုက္ေတာ့သည္ ။

အဲ့ဒီေနာက္ ဂူယူရွန္းနဖူးကို စမ္းၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္း အဖ်ားေတြတက္ေနသည္ ။

“သခင္ေလး ကိုယ္ေတြပူေနတယ္ေလ ဘယ္ကိုသြားမလို႔လဲ”

အေဒၚႀကီးကေျပာရင္း ဂူယူရွန္းလက္ကိုဆြဲကာ ဆိုဖာကိုေခၚမည္အျပဳ ဂူယူရွန္းက လက္ကို႐ုန္းရင္း တံခါးဖြင့္ကာ ထြက္သြားေတာ့သည္ ..

မိုးေတြ႐ြာၿပီး ေလထန္ေနခဲ့ေပမဲ့ ဂူယူရွန္းက ထီးေတာင္ ယူမသြားခဲ့တာမို႔ အေဒၚႀကီးလည္း ထီးကို ဆြဲယူကာ သူ႔ေနာက္ေျပးလိုက္ရေတာ့သည္ ။

သူမလည္း အျပင္ေရာက္ေတာ့ ဂူယူရွန္းက ကားေပၚမွာ ထိုင္လ်က္သားျဖစ္ေနၿပီး ကားေမာင္းထြက္သြားခဲ့ေတာ့သည္ ။

“သခင္ေလး”

သူမ လိုက္ေခၚခဲ့ေပမဲ့ ဂူယူရွန္းကေတာ့ ကားကိုမရပ္ေပးခဲ့ ။

----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၃။  အနာဂတ္တစ္ခုကိုပဲ ေတြးတယ္ (3)

လွ်ပ္စီးေတြလည္း လက္ေနတာမို႔ အေဒၚႀကီးလည္း အိမ္ထဲအျမန္ေျပး၀င္လိုက္ေတာ့သည္ ။

သူမ အမိုးရွိတဲ့ေနရာမွာပဲ ရပ္ေနခဲ့တာေတာင္ အ၀တ္အစားေတြ စိုသြားသည္အထိ မိုးေတြသည္းေနခဲ့ေတာ့တာပင္ ။

ဒီေလာက္မိုး႐ြာေနတဲ့ညအခ်ိန္ ကားေမာင္းျခင္းက အႏၲရာယ္ရွိသည့္အျပင္ ဖ်ားေနေသးတာေၾကာင့္ အေဒၚႀကီးလည္း စိတ္ေတြပူေနခဲ့သည္ ။

ေတြးေလ ပိုစိတ္ပူလာေလမို႔ အိမ္အကူအေဒၚႀကီး ဖုန္းရွိရာဆီ သြားၿပီး ဂူယူရွန္းဆီ ဖုန္းေခၚလိုက္ေပမဲ့ မကိုင္ခဲ့ေပ ။
သူမ အႀကိမ္ႀကိမ္ေခၚခဲ့ေပမဲ့ ဂူယူရွန္းက ဖုန္းလုံး၀မကိုင္ ။

မိုးကလည္း ပိုသည္းလာခဲ့တာေၾကာင့္ အေဒၚႀကီး အေတာ္ကို စိတ္ပူေနခဲ့ရေလၿပီမို႔ ဂူမ်ိဳး႐ိုးဆီ ဖုန္းေခၚဖို႔ ႏွိပ္လိုက္ေပမဲ့ ရပ္လိုက္သည္ ။

သခင္ႀကီးက အသက္ႀကီးေလၿပီမို႔ စိတ္ပူေစလို႔မျဖစ္ ဖုန္းေခၚလိုက္ရင္ သခင္ႀကီး စိတ္ပူၿပီး အိပ္မေပ်ာ္ႏိုင္ေတာ့မွာမို႔ သခင္ေလးဂူကလည္း သိသြားခဲ့ရင္ ဆူလိမ့္မည္ ။

ဒါေၾကာင့္ အိမ္အကူအေဒၚႀကီးလည္း လုဘန္ခ်န္းဆီပဲ ဖုန္းေခၚလိုက္ေတာ့ သူကေတာ့ ခ်က္ခ်င္းဖုန္းကိုင္ သည္ ။

“ဟဲလို”

“ကြၽန္မပါ သခင္ေလးဂူတို႔အိမ္ကအေဒၚႀကီးပါ ေနာက္က်မွ ဖုန္းေခၚရလို႔ အားနာလိုက္တာ”

“ဘာျဖစ္လို႔လဲဗ်”

“သခင္ေလးက အခုခ်ိန္ႀကီး အိမ္ကေနထြက္သြားလို႔ပါ သူ အဖ်ားေတြလည္း တက္ေနၿပီး ဒဏ္ရာကလည္း အခုထိ သက္သာေသးတာ မဟုတ္ဘူး အခု ရာသီဥတုအေျခအေန ကလည္း ဆိုးေနေတာ့ ကြၽန္မ သူ႔ကို စိတ္ပူလို႔္ပါ ဖုန္းလည္းမကိုင္လို႔ ..သူ႔အဖိုးဆီ ဖုန္းေခၚဖို႔ေတြးလိုက္ေပမဲ့ အဖိုးကလည္း စိတ္ပူမွာစိုးလို႔...”

“ကြၽန္ေတာ္သိပါၿပီ ကြၽန္ေတာ္အခု သူ႔ကိုလိုက္ရွာလိုက္မယ္”

“ေက်းဇူးတင္ပါတယ္ကြယ္”

အိမ္အကူအေဒၚႀကီး နည္းနည္းေတာ့ စိတ္သက္သာရာ ရသြားခဲ့ေတာ့သည္ ..

ျပႆနာအိုးေလးကို အခုလို ရွာလို႔မေတြ႕ႏိုင္တာ ဂူယူရွန္း သိေပမဲ့ သူ႔မွာ တျခားနည္းလမ္းမရွိ ။

မိုး႐ြာေနတာမို႔ ဂူယူရွန္း အေရွ႕ကို ေသခ်ာမျမင္ရတာမို႔ ျပတင္းေပါက္ေတြကို ဖြင့္လိုက္ေတာ့သည္ ။

မိုးေတြပက္ေနေပမဲ့လည္း သူဂ႐ုမစိုက္ပဲ တစ္လမ္းခ်င္းစီ ၀င္ကာ ျပႆနာအိုးေလးကို လိုက္ရွာေနလိုက္သည္ ...

ကားထဲမွာ ဂူယူရွန္းေရာ ႐ြဲ႐ြဲစိုေနခဲ့ၿပီး ဒဏ္ရာရထားတဲ့ေနရာေတြကလည္း နာေနခဲ့ေပမဲ့ ဂူယူရွန္း ဂ႐ုမစိုက္ပဲ သူမကိုသာ ရွာေနခဲ့ေတာ့သည္ ...

----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၄။  အနာဂတ္တစ္ခုကိုပဲ ေတြးတယ္ (4)

နာက်င္မႈေၾကာင့္ေရာ ဖ်ားတဲ့ဒဏ္ကို မိုးေရစိုေနတာေၾကာင့္ပါ ဂူယူရွန္း အားနည္းလာရၿပီး ေျခေထာက္ကပါ ကားေမာင္းဖို႔သိပ္အဆင္မေျပေတာ့ေပ ။

အသက္ရႉသံတို႔လည္း ပိုပိုျပင္းလာရၿပီး မ်က္ခြံတို႔က မွိတ္မွိတ္က်လာသည္ ။ မၾကာခင္ သတိမရွိေတာ့မွာကိုႀကိဳသိတာေၾကာင့္ ကားကို လမ္းေဘးထိုးရပ္လိုက္ၿပီးေနာက္မွာပဲ လက္ကိုင္ဘီးေပၚ ေခါင္းေမွာက္ခ်လိုက္ေတာ့သည္ ...

ဂူယူရွန္းႏိုးလာေတာ့ အျပင္မွာေမွာင္ေနဆဲပင္ မ်က္လုံးတို႔ကိုဖြင့္ၾကည့္ေတာ့ ရင္းႏွီးေနတဲ့အလင္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ကို ေတြ႕သည္ ။

သူ အိပ္ခန္းထဲ ေရာက္ေနသည္ပဲ ..

အဖ်ားကေတာ့ ရွိေသးေပမဲ့ ကိုယ္အပူခ်ိန္က အရမ္းမတက္ေတာ့ေပ ... အားသိပ္မရွိသလိုမို႔ အိပ္ယာေပၚမွာပဲ လွဲေနလိုက္ရင္း သူ႔လက္က ပိုက္ကတစ္ဆင့္ သြယ္ထားတဲ့ ေဆးခ်ိတ္ထားတဲ့ပုလင္းကို ေမာ့ၾကည့္လိုက္ေတာ့ ေဆးနည္းနည္းသာ က်န္ေတာ့သည္ ။

မ်က္လုံးတို႔ကိုမွိတ္ခ်လိုက္ေပမဲ့ အိပ္လို႔မေပ်ာ္ ေခါင္းထဲလည္း ဘာမွရွိမေနပဲ ဗလာသက္သက္ျဖစ္ေနေတာ့သည္ ...

ခဏအၾကာမွာေတာ့ တံခါးတြန္းဖြင့္သံၾကားလိုက္ရၿပီး ေျခသံတို႔က သူ႔အိပ္ယာနားရပ္သည္ ။

အိမ္အကူအေဒၚႀကီး မဟုတ္တာကို သိေပမဲ့လည္း သူမ်က္လုံးတို႔ကို ဖြင့္မၾကည့္ႏိုင္ ။
အဲ့ဒီေနာက္ သူ႔လက္က ေဆးထိုးအပ္ကို ျဖဳတ္ေပးသြားၿပီး ဂြမ္းနဲ႔ ထိုေနရာကို ကပ္သြားသည္ ။

လုဘန္ခ်န္းမွန္း သူသိတာေၾကာင့္ ဂူယူရွန္းမ်က္လုံးတို႔ကို ဖြင့္လိုက္ေတာ့...လုဘန္ခ်န္းက သူ႔ကိုေက်ာေပးၿပီး ဂြမ္းစတစ္ခ်ိဳ႕ကို အမႈိက္ပုံးထဲ လႊင့္ပစ္ေနတာေၾကာင့္ သူ သတိရလာတာကို မသိေပ ။

ဂူယူရွန္းလည္း အားသုံးကာ ထထိုင္ေနတုန္း လုဘန္ခ်န္းက ျပန္လွည့္လာေတာ့ လႈပ္လႈပ္ရွားရွားျဖစ္ေနတဲ့ သူ႔ကိုျမင္ၿပီး စကားဆိုလာေတာ့သည္ ။

“သတိရလာၿပီလား”

ဂူယူရွန္းက ျပန္မေျပာပဲ ထိုင္လ်က္သားႏွင့္ ကုတင္ကိုမွီလိုက္သည္ ။

အဲ့ဒီေနာက္ လုဘန္ခ်န္းက အပူခ်ိန္တိုင္း သာမိုမီတာကို ယူၿပီး ဂူယူရွန္းပါးစပ္ထဲ ထည့္ကာ ...

“အပူတိုင္းမယ္”

“အေဒၚႀကီးကဆန္ျပဳတ္လုပ္ေပးေနတယ္ ငါသြားယူေပးမယ္”

လုဘန္ခ်န္းအေျပာေတြကို ဂူယူရွန္းက တစ္ခြန္းမွျပန္မေျပာတာေၾကာင့္ လုဘန္ခ်န္းလည္း အခန္းထဲက ထြက္သြားလိုက္ေတာ့သည္ ။

ဆန္ျပဳတ္ယူၿပီးျပန္လာေတာ့ ဂူယူရွန္းက ဆိုဖာမွာထိုင္ေနၿပီး
ေဘစင္ေထာင့္က အပင္စိမ္းစိမ္းကိုေငးေနသည္ ။

“ဘာလို႔ထလာတာလဲ”

လုဘန္ခ်န္းက ဆန္ျပဳတ္ပန္းကန္းကို ဂူယူရွန္းေရွ႕ ခ်ကာ ေမးၿပီးေနာက္ ခုဏကတိုင္းခဲ့တဲ့ သာမိုမီတာကို အိပ္ယာေပၚကေန သြားယူၾကည့္လိုက္သည္ ။

“အပူခ်ိန္ ၁၀၄ အခုထိအဖ်ားရွိေသးတာပဲ မနက္ျဖန္ ေဒါက္တာ ရွာ လာလိမ့္မယ္”

သာမိုမီတာကို ခ်ကာ ဂူယူရွန္းကို လွမ္းၾကည့္လိုက္ေတာ့ သူအခန္းထဲ၀င္လာတုန္းကအတိုင္းပင္ မလႈပ္မယွက္ ။

လုဘန္ခ်န္းလည္း ဂူယူရွန္းေရွ႕က ထိုင္ခုံမွာ
သြားထိုင္လိုက္ၿပီး ...
“ဘာမွမစားရေသးဘူးဆိုေတာ့ အခုနည္းနည္းျဖစ္ျဖစ္ စားဦး”

“မင္းမွာ အဖ်ားရွိေသးတာကို ညကလည္း မိုးေရထဲေလွ်ာက္သြားေနတယ္ မစားရင္ ဘယ္လိုလုပ္ သက္သာမလဲကြ”

----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၅။  အနာဂတ္တစ္ခုကိုပဲ ေတြးတယ္ (5)

“မင္းအခုခ်ိန္မွာ ၀မ္းနည္းေနတာသိေပမဲ့ ဒီလိုေတာ့ မေနနဲ႔ေလကြာ”

လုဘန္ခ်န္းကသာ စကားေတြအမ်ားႀကီး ေျပာေနေပမဲ့ ဂူယူရွန္းကေတာ့ တစ္ခြန္းပင္ျပန္မေျပာ ။ သူေျပာသမွ်ကို နားေထာင္ပုံလည္းမေပၚပဲ အေတြးထဲနစ္ေနပုံပင္ ။

ေနာက္ဆုံးမွာေတာ့ လုဘန္ခ်န္းလည္း စကားဆက္မေျပာေတာ့ပဲ သက္ျပင္းသာခ်လိုက္ေတာ့သည္ ။

“ညက အေဒၚႀကီးက ငါ့ကိုဖုန္းဆက္လို႔ ငါ မင္းကို လိုက္ရွာတာ ဘယ္မွာမွ မေတြ႕လို႔ ေဟာင္ဇီ ကို ေခၚလိုက္တာ သူကေတာ့ မင္းရွိမဲ့ေနရာကို သိမယ္ထင္လို႔ ..အဲ့ဒါနဲ႔ မင္းမိန္းမက ႏွစ္ေယာက္ျဖစ္ေနေၾကာင္း သိလိုက္ရတယ္ ၿပီးေတာ့ မင္းကို ရွာေတြ႕ၿပီး အိမ္ေခၚလာေတာ့
အေဒၚႀကီးကို ဘာေတြျဖစ္ခဲ့လဲေမးလိုက္တာ သူက ေရွာင္ကူကို မင္း မေန႔က ေမာင္းထုတ္လိုက္တယ္တဲ့...သူထြက္သြားၿပီလား”

ဂူယူရွန္းက လုဘန္ခ်န္းစကားအဆုံး ေခါင္းကို ငုံ႔ခ်လိုက္ေတာ့သည္ ။ အဲ့ဒီေနာက္ ဆိုဖာေပၚ ေခါင္းမွီလိုက္ၿပီး အားမရွိတဲ့အသံျဖင့္ ...

“ခန္းဆီး ပိတ္လိုက္ပါလား”

“ေအးပါ”

လုဘန္ခ်န္းလည္း ခန္းဆီး သြားပိတ္ေပးလိုက္ၿပီးေနာက္ ဆိုဖာကိုျပန္လွည့္ၾကည့္ေတာ့ ...

“မီးေရာ ပိတ္ေပး”

လုဘန္ခ်န္း မီးပိတ္ေပးၿပီးေနာက္ အခန္းက ေမွာင္သြားတာေၾကာင့္ 4ဂူယူရွန္းဆီ စမ္းတ၀ါး၀ါး ေလွ်ာက္လာရၿပီး အေမွာင္ထဲက ဂူယူရွန္းကိုၾကည့္ေနလိုက္ သည္ ...

“ငါ လူတိုင္းကို ဖုန္းဆက္ခဲ့ေပမဲ့ သူ႔ကို မေတြ႕ၾကဘူးတဲ့”

ဂူယူရွန္း ဘာအေၾကာင္းကို ေျပာေနေၾကာင္း လုဘန္ခ်န္း သိတာေၾကာင့္ ဘာမွျပန္မေျပာပဲၿငိမ္ၿပီး နားေထာင္လိုက္ေတာ့သည္ ။

“ေဟာင္ဇီက သူက လ်န္ေဒါ့ကူအစစ္ မဟုတ္ေၾကာင္း ေျပာတဲ့ေန႔က ငါ သူ႔ကိုေတြ႕ဖို႔ ရွန္ဟိုင္းကေန ေပက်င္းကို ကားေမာင္းခဲ့တယ္ၿပီးေတာ့ သူကဖုန္းေခၚၿပီး ငါ့ကိုေတြ႕ဖို႔ ရွန္ဟိုင္းကိုလာမယ္တဲ့ဆိုေတာ့ ငါအရမ္းေပ်ာ္သြားခဲ့တာကြာ အဲ့လိုအေပ်ာ္မ်ိဳး တစ္ခါမွမရွိခဲ့ဖူးဘူး
ၿပီးေတာ့ ငါ ေဆး႐ုံေရာက္သြားၿပီး ႏိုးလာေတာ့ သူ႔ကိုမေတြ႕ရေတာ့ဘူး ငါ....ငါအဲ့တုန္းက သူ႔ကိုဆုံးရႈံးရမွာအရမ္းေၾကာက္ေနခဲ့တာ”

----------------------------------------------------------------------

စာစဥ္ ၁၅၊ အခန္း ၁၆။  အနာဂတ္တစ္ခုကိုပဲ ေတြးတယ္ (6)

“ဒါဆို အဲ့ေန႔ကသာ ဟိုေကာင္ေလးႏွစ္ေယာက္ကို မကယ္ခဲ့ရင္ သူနဲ႔ေတြ႕ခဲ့ရမွာေပါ့”

ဂူယူရွန္းက လုဘန္ခ်န္းအေမးကို အေတာ္ၾကာမွ ျပန္ေျဖခဲ့သည္ ။

“အင္း”

လုဘန္ခ်န္းလည္း သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ သူ႔ကို ဘယ္လိုႏွစ္သိမ့္ရမည္ေတာင္ မသိေတာ့တာေၾကာင့္ အၾကာႀကီး ၿငိမ္ေနခဲ့မိၿပီးေနာက္ ...

“မင္းေနာင္တရေနမွာေပါ့”

“ေနာင္တမရပါဘူး .. ငါ့ေရွ႕မွာ ဒီကေလး ေသသြားတာကို ေတာ့ ငါမၾကည့္ႏိုင္ဘူးေလ”

“ငါ ေရထဲမွာ ေသလုနီးပါးျဖစ္ေနတုန္းက သူ ငါ့ကို ေစာင့္ေနမွာကို သတိရသြားလို႔ ငါအသက္ရွင္ဖို႔ ႀကိဳးစားခဲ့တာ”

“ဘန္ခ်န္း ငါ စစ္ထဲမွာတုန္းကလည္း ဒဏ္ရာေတြ အမ်ားႀကီး ရဖူးေပမဲ့
ဒီလို အသက္ရွင္ဖို႔ေတာ့တစ္ခါမွမႀကိဳးစားခဲ့ဖူးဘူး”

ဂူယူရွန္းမွာ စကားေတြအမ်ားႀကီး ေျပာစရာ ရွိေနေသးတာကို လုဘန္ခ်န္းသိေနတာေၾကာင့္ ဘာမွျပန္မေျပာပဲ သူေျပာသမွ်ကို နားေထာင္ေပးလိုက္သည္ ...

သူလည္း အခုလိုပဲျဖစ္ျဖစ္ စိတ္ေပါ့ပါးခ်င္မည္ပဲ ...

“ငါမေသခ်င္ခဲ့ဘူး...သူေစာင့္ေနခဲ့တာမို႔”

“ဒါေပမဲ့ ငါအသက္ဆက္ရွင္ဖို႔ႀကိဳးစားခဲ့ေပမဲ့ သူကေတာ့မရွိေတာ့ဘူး”

“ငါ သူ႔အတြက္နဲ႔...”

ဂူယူရွန္းအသံတို႔က တုန္ေနခဲ့သည္ ။

“ငါ အခုထိမသိဘူး အသက္ရွင္ရျခင္းရဲ႕အဓိပၸာယ္ကို .. ဘ၀ႀကီးက အဓိပၸာယ္မရွိသလိုပဲ..မင္းေရာသိလား”

ဂူယူရွန္းကို လုဘန္ခ်န္း ဘယ္လိုျပန္ေျဖရမည္ေတာင္ မသိေတာ့ေခ် ။

အခန္းကေမွာင္ေနတာမို႔ ဂူယူရွန္းမ်က္ႏွာေပၚက ခံစားခ်က္တို႔ကို မျမင္ႏိုင္ေပမဲ့ ဂူယူရွန္း ႏွလုံးသားထဲက နက္နက္ရႈိင္းရႈိင္း ခံစားေနရသည္ကိုေတာ့ လုဘန္ခ်န္းျမင္ေနရသည္ ။

ဂူယူရွန္းက စကားထပ္မေျပာေတာ့တာေၾကာင့္ အခန္းကတိတ္သြားခဲ့ၿပီး ဂူယူရွန္းရဲ႕အသက္ရႈသံတို႔ပင္ ၾကားေနရသည္ ။

“ငါ ႏွစ္ေတြအမ်ားႀကီးအထိ ရင္မခုန္ခဲ့ဖူးဘူး”

ဂူယူရွန္းမိဘေတြဆုံးပါးသြားတည္းက
ဂူယူရွန္းက အိမ္မက္ေတြကိုလည္း လက္ေလ်ာ့ခဲ့ၿပီး
ဘ၀ကို အဓိပၸာယ္မဲ့စြာေနထိုင္ခဲ့ေပမဲ့
သူမ ေပၚလာေတာ့မွ
ႏွလုံးခုန္သံတို႔ကလည္း ႏိုးထလာခဲ့ေတာ့သည္ ...

အဲ့ဒီအခ်ိန္တည္းက
သူမက ဂူယူရွန္းဘ၀ရဲ႕အိမ္မက္အသစ္ တစ္ခုျဖစ္လာခဲ့ေပမဲ့
အခုေတာ့ ပ်က္ဆီးလုနီးနီးျဖစ္ေနေလၿပီ ....

----------------------------------------------------------------------
ေကာင္းေသာမနက္ခင္းေလးပါ ။ အခုဆို က်ီအိုက္ေလးက fb page ကို မွီသြားပါၿပီ ။ ဒါေၾကာင့္မို႔ အရင္အခ်ိန္ဇယားအတိုင္း တစ္ပတ္ကို တစ္ရက္ပဲ တင္ေပးသြားပါေတာ့မယ္ေနာ္ ။

Paid group ၀င္ၿပီး မနားတမ္းဖတ္ခ်င္သူမ်ားကေတာ့ ဂ႐ုတစ္ခုကို ၂၀၀၀ ထဲနဲ႔ က်ီအိုက္ေလးကို ခံစားဖတ္ရႈလို႔ ရေနပါၿပီ ။

Continue Reading

You'll Also Like

546K 55.7K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
194K 20.2K 68
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
204K 7.7K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 18.1K 29
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd