တရုတ်ဆရာဝန်အိုကြီးတွေကို emoj...

By LuciousKim

139K 28.3K 1.9K

Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပ... More

Description
Chapter (1.1)
Chapter (2.1)
Chapter (2.2)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter (4.2)
Chapter (4.3)
Chapter (5.1)
Chapter (5.2)
Chapter (6.1)
Chapter (6.2)
Chapter (7.1)
Chapter (7.2)
Chapter (8.1)
Chapter (8.2)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (11)(Final)
extra

Chapter (1.2)

7.1K 1.3K 83
By LuciousKim

3.

အဲဒီအခ်ိန္ကစျပီး ဘြဲ႕ယူျပီးတဲ့အထိ ငါေနာက္တစ္ေခါက္ထပ္ျပီး မခ်စ္ခဲ့ေတာ့ဘူး ။
ေဂးအသိုင္းအဝိုင္းထဲမွာ အျမဲတမ္း အမိႈက္ေကာင္ေတြရိွေနတတ္တယ္။ ေနာက္ျပီး relationship အမ်ားစုက sex ကိစၥကို အေျခခံထားၾကတာ။ ငါကေတာ့ အဲလိုအက်ိဳးလိုလို႕တည္ေဆာက္ထားတဲ့ relationship မ်ိဳးကို တစ္ေယာက္ေယာက္နဲ႕ လုပ္ခ်င္တဲ့စိတ္မရိွဘူး ။

ဒါက ငါအခ်စ္ကိုေၾကာက္သြားလို႕မဟုတ္ဘူးေနာ္ ။ ဒါေပမယ့္ ငါ အဲဒီ relationship ကိုျပန္ၾကည့္မိတဲ့အခါ ငါ့အတြက္အက်ိဳးမရိွဘူးလို႕ နည္းနည္းခံစားမိတယ္။ ဒီေတာ့ ငါက ဘာေၾကာင့္ relationship ထပ္ထားခ်င္ေတာ့မွာတုန္း ?
ငါ လက္မထပ္နိုင္ဘူး ။ ငါ့မွာကေလးေတြလည္း ရနိုင္မွာမဟုတ္ဘူး ။ ေနာက္ျပီးေတာ့ ငါ sex ကိစၥကိုနည္းနည္းေလးေတာင္လုပ္ခ်င္စိတ္ရိွမေနဘူး ။

ေန႕ရက္ေတြအားလံုးမွာ အခ်စ္စိတ္ေတြျပည့္ေနခဲ့ရင္ လူေတြက တျခားကိစၥေတြအတြက္စဥ္းစားနိုင္ပါဦးမလား ?

လူငယ္ေတြပဲေလ ။ သူတို႕က အလုပ္မွာ ဘာလို႕မ်ား ပိုျပီးနွစ္ျမဳပ္မထားနိုင္ၾကတာလဲ ?

အဲလိုအရည္အခ်င္းေတြေၾကာင့္ပဲ ငါလုပ္ငန္းခြင္ထဲကိုဝင္တဲ့အခ်ိန္မွာ လ်ွင္လ်ွင္ျမန္ျမန္ တိုးတက္လာခဲ့တာျဖစ္နိုင္တယ္။ နွစ္အနည္းငယ္ၾကာျပီးတဲ့ေနာက္မွာေတာ့ ငါဟာ ဌာနခ်ဳပ္အယ္ဒီတာအျဖစ္ ရာထူးတိုးခဲ့ျပီျဖစ္တယ္။

အဲဒီမွာ လူေလးေယာက္ပဲရိွေပမယ့္လဲ အယ္ဒီတာဌာနအတြက္ အတူတကြရိွေနခဲ့ၾကတယ္။

ဒါေပမယ့္ အဲဒီအလုပ္က တကယ့္ကိုငါ့အတြက္အေကာင္းဆံုးပံုစံပဲ။ အဲဒီက လစဥ္စာေစာင္မဂၢဇင္းတစ္ခုသာထုတ္ေဝတာျဖစ္တယ္။ ဒါေၾကာင့္ အလုပ္က အရမ္းကိုသက္ေတာင့္သက္သာရိွျပီး အခ်ိန္ပိုေတြလည္းရိွတယ္။ ဝင္ေငြက သိပ္မမ်ားေပမယ့္လည္း ငါ့အေနနဲ႕ ပိုေနတဲ့အခ်ိန္ေတြမွာ အပိုဝင္ေငြရရိွဖို႕ေဆာင္းပါးေတြေရးနိုင္တာေၾကာင့္ အနည္းငယ္ေအာင္ျမင္လာျပီး စုေဆာင္းလာနိုင္တယ္။

ငါအိမ္က ထြက္ခြာလာရတဲ့တစ္ခုတည္းေသာကိစၥရပ္ကေတာ့ ငါမိဘေတြက ငါ့ဘဝရဲ႕အခ်စ္ေရးအတြက္စိတ္ပူေနတာေၾကာင့္ပဲ။

ဟင္း.... ငါထြက္လာခဲ့တဲ့ေနရာကို ဘာလို႕ျပန္သြားေနရမွာလဲ ?

ဒါေပမယ့္ ငါ့မိဘေတြက ထပ္ခါထပ္ခါေျပာလာျပန္တယ္။
"အားလံုးက ငါတို႕ရဲ႕အမွားေတြပဲ "
ငါသေဘာတူခဲ့ရတယ္။ ဒါက blind date တစ္ခုပဲေလ ။ ငါသြားၾကည့္လိုက္ပါ့မယ္။

သူတို႕ေတြ ဘယ္လိုေမွာ္ပညာကိုသံုးျပီး blind date ကို လိုလိုလားလားလက္ခံတဲ့ ေနာက္ထပ္ေဂးအမ်ိဳးသားတစ္ေယာက္ကို ရွာေတြ႕ခဲ့လဲဆိုတာေတာ့ ငါမသိဘူး။ ငါအေနနဲ႕ဆိုရင္ေတာ့ လံုးဝရွာေတြ႕နိုင္မယ္မထင္ဘူး !

ဒါေပမယ္လည္း အမွန္အတိုင္းေျပာရရင္ ပံုစံတူေတြ ထပ္မလုပ္ခ်င္ေတာ့ဘူး ။ ငါ့ရဲ႕ အရင္ blind dateေတြအားလံုးမွာ သူတို႕ေတြက တစ္ခုခုမွားယြင္းေနသလိုပဲ။

ငါကိုယ္တိုင္ကလား ? အင္း .. ငါ့ကပဲ တစ္ခုခုျဖစ္ေနတာလဲ ျဖစ္နိုင္တာပဲ။ စေတြ႕တဲ့အခ်ိန္မွာ ငါဘာမွမေျပာခဲ့ဘူးေလ ။

တကယ္တမ္းမွာ အမ်ိဳးသားအမ်ားစုကေတာ့ အဲတာကို ထည့္ဖို႕အတြက္ဆိုရင္ေကာင္းေလာက္ေပမယ့္ အမ်ာစိတ္ပိုင္းဆိုင္ရာ ဖြံ႕ျဖိဳးမႈေနာက္က်ျပီး ပြင့္ပြင့္လင္းလင္းေျပာရရင္ EQ ကေတာ္ေတာ္နိမ့္ေနတာ။

အမ်ားဆံုးျပသနာေတြကေတာ့ EQ နိမ့္တဲ့ေကာင္ေတြပဲ ။ ငါသူတို႕ကိုရွင္းထုတ္ဖို႕ ေတာ္ေတာ္အားစိုက္ခဲ့ရတယ္။

4.

ဥပမာ တစ္ေယာက္ေယာက္က ငါ့ကို Gym မွာ dateဖို႕ေခၚတယ္ဆိုပါေတာ့ ။ သူ႕ရဲ႕ရင္အုပ္ၾကြက္သားေတြ ထင္းလင္းေနတဲ့ သူ႕ရဲ႕တင္းၾကပ္ေနတဲ့ အေရျပားေတြကေန အမ်ိဳးသားဟိုမုန္းနံ႕ေတြထုတ္လႊင့္ေနျပီးေတာ့ Top တစ္ေယာက္ရဲ႕ပံုစံေတြထုတ္ျပလိမ့္မယ္။ အဲဒီေနာက္သူက ခံုတန္းကို ဖိလိုက္ျပီးေတာ့ သူရဲ႕ေဖ်ာ္ေျဖမႈကိုရပ္နားလိုက္သလိုမ်ိဳးငါ့ဆီၾကည့္လာလိမ့္မယ္။

(T/N - ဒီအပိုဒ္က တခ်ိဳ႕ေနရာေတြမွာ တိတိက်က်မျပန္ထားေပမယ့္ ေျပာခ်င္တာက ဟန္ေရးျပေနတာကြာ )

ငါသေဘာေပါက္ခဲ့တယ္။ အဲဒီေကာင္ရဲ႕ဗီဇက ေဒါင္းထီးေတြလိုျဖစ္ေနတာပဲ ။

ဒါေပမယ့္ မင္း Gym ကိုသြားမယ္ဆိုရင္ အနည္းဆံုးေတာ့ ၾကိဳတင္ျပီးေျပာသင့္တယ္ေလ ။ ဒါမွ ငါလည္းသင့္ေတာ္မယ့္အဝတ္အစား ေျပာင္းဝတ္နိုင္မွာေပါ့။

သူက ရွက္ေၾကာက္တဲ့ပံုစံနဲ႕ေျပာလာခဲ့တယ္။ " ေဘဘီ ကိုယ္မင္းကို surprise တစ္ခုေပးစရာရိွတယ္ "

အိုး .. Surprise ေပါ့ေလ။

ငါအျဖဴေရာင္ရွပ္အက်ႌနဲ႕ အနက္ေရာင္ေဘာင္းဘီရွည္ကို ဝတ္ဆင္ထားျပီးေတာ့ ေခ်ြးေတြစိုခ်ြဲေနတဲ့အမ်ိဳးသားတစ္စုရဲ႕ေနာက္မွာ အဲဒီေကာင္ အေလးမ ေနတာကို တစ္ညလံုးထိုင္ၾကည့္ခဲ့ရတယ္ေလ !

5.

ေနာက္တစ္ေယာက္လည္းရိွပါေသးတယ္။ သူကေတာ့ Wechat မွာ တစ္ေယာက္နဲ႕တစ္ေယာက္ add ျပီးတာနဲ႕ selfie ပံုတစ္ပံု ပို႕ခိုင္းေတာ့တာပဲ။

ဒါက blind date ေတြမွာ ျဖစ္ေနက်ပံုစံပါပဲ ။ ဒါေၾကာင့္ ငါသူဆီကို ၾကံဳရာက်ပန္းတစ္ပံုပို႕ေပးလိုက္တယ္။ အဲဒီ ကိုယ္တစ္ဝက္ပံုက ငါ့သူငယ္ခ်င္းက ငါ့ကို cafe တစ္ခုထဲမွာ ေသေသခ်ာခ်ာေလးရိုက္ေပးထားတဲ့ပံုျဖစ္ေနခဲ့တယ္။
အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးနဲ႕ ရိုက္ယူထားတဲ့ေထာင့္အေနအထားေၾကာင့္ အဲဒီပံုက ငါ့ရဲ႕ဓာတ္ပံုအစားဆံုးပံုထဲကတစ္ခုျဖစ္ေနခဲ့တာ။

ပံုမွန္စကားေျပာတဲ့အတိုင္းဆိုရင္ အေျခခံေလာကဝတ္သေဘာတရားအရ အျပန္အလွန္ေပးပို႕ရမွာမဟုတ္ဘူးလား ။ သူလည္းပဲ ငါ့ဆီကိုသူ႕ရဲ႕ဓာတ္ပံုပို႕ေပးသင့္တယ္ေလ။

ဒါေပမယ့္ အဲဒီေကာင္က ပို႕မေပးခဲ့ဘူး။

လက္ထဲက ရွည္လ်ွားတဲ့လက္နက္ : အဲလိုပံုစံမ်ိဳးမဟုတ္ဘူး ။ ငါက selfieပံုလိုခ်င္တာေလ [😁] [😁][😁]

Normcore : ဘာကြာျခားေနလို႕လဲ

လက္ထဲကရွည္လ်ားတဲ့လက္နက္ : ငါက မင္းအဝတ္အစားခ်ြတ္ထားတဲ့ပံုကိုျမင္ခ်င္တာ [ရွက္]

Normcore: ငါ့မွာအဲလိုပံုမ်ိဳးမရိွဘူး

လက္ထဲကရွည္လ်ားတဲ့လက္နက္ : အခုတစ္ပံုေလာက္ရိုက္လိုက္ေလ ငါၾကည့္ခ်င္လို႕ပါ

Normcore: ...

လက္ထဲကရွည္လ်ွားတဲ့လက္နက္ : လုပ္စမ္းပါ တစ္ပံုေလာက္ရိုက္လိုက္ပါ ငါၾကည့္ခ်င္လို႕ .. မင္းကအရမ္းဆြဲေဆာင္မႈရိွတာပဲ ေနာက္ျပီးမင္းရဲ႕ ခႏၶာကိုယ္ကလည္း ေတာ္ေတာ္ေလးလွတယ္ မင္းသာ အဝတ္အစားေတြခ်ြတ္ျပီးရိုက္မယ္ဆိုရင္ ပိုျပီးေတာ့ေတာင္အလုပ္ျဖစ္ဦးမွာ

လက္ထဲကရွည္လ်ွားတဲ့လက္နက္ : မရွက္ပါနဲ႕ ျပစမ္းပါေဘဘီရာ

လက္ထဲကရွည္လ်ွားတဲ့လက္နက္: ငါမင္းရဲ႕ဟာကိုၾကည့္ပါရေစ [shy]

လက္ထဲကရွည္လ်ွားတဲ့လက္နက္ : မင္းရိွေသးလား ဘယ္ကိုေရာက္သြားတာလဲ [🐷]

အကိုၾကီး.. ေဂးတစ္ေယာက္အေနနဲ႕ ခင္ဗ်ားID ရဲ႕ ေလးစားထိုက္ဖြယ္ရာ ဆြဲေဆာင္တဲ့နည္းလမ္းက အေျဖာင့္ေကာင္တစ္ေယာက္နဲ႕တူေနတာကိုသိရဲ႕လား ?

ငါ ဖုန္းကိုပိတ္ခ်လိုက္တယ္။ အဲေကာင္ကို reply မျပန္ေတာ့တာေၾကာင့္ ေနာက္ဆံုးေတာ့ ရပ္သြားေလတယ္။

သူသိသင့္တာကေတာ့ အရမ္းမဖြယ္မရာျဖစ္တဲ့ကိစၥေတြကို ငါလုပ္ခ်င္တဲ့စိတ္မရိွဘူးဆိုတာပဲ။ ငါေနာက္တစ္ရက္အထိမေစာင့္ေတာ့ဘဲ သူ႕ရဲ႕နာမည္ကိုဖုန္းထဲကေနဖ်က္ခ်လိုက္တယ္။

ရလဒ္အေနနဲ႕ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အခါမွာ ငါ့ရဲ႕ဖုန္းက တုန္ခါလာတဲ့အတြက္ ေကာက္ယူျပီးေတာ့ အထဲကိုဖြင့္ၾကည့္လိုက္မိတယ္။

လက္ထဲကရွည္လ်ားတဲ့လက္နက္ : ေဘဘီ ကိုယ္မင္းရဲ႕ပံုနဲ႕ ကိုယ့္ကိုကိုယ္ ေျဖေဖ်ာက္ေနတာ
(He means masturbate)

ငါ အဲေသာက္ေကာင္ မဖြယ္မရာေတြေျပာတဲ့အခ်ိန္တုန္းက ဘာလို႕မ်ား blacklist ထဲမထည့္ခဲ့မိတာတုန္း ? !

ဒီလိုဆိုက္ကိုေကာင္ကဘယ္ကေနေရာက္လာရတာလဲ ?!

ဒီေန႕ေခတ္ရဲ႕ ေဂးေတြအကုန္လံုးက ဒီလိုအက်င့္မေကာင္းတဲ့အၾကံအစည္သမားေတြပဲျဖစ္ကုန္ျပီလား ? !

Are you a blind date or a fuckboy?!

Are you a blind date or a fuckboy?!

Are you a blind date or a fuckboy?!

(T/N ျမန္မာလိုျပန္မလို႕လုပ္ေသးေပမယ့္ ဒီအတိုင္းပိုေကာင္းမလားလို႕ XD)

6.

ေနာက္ဆိုရင္ေတာ့ ငါ ငါ့အေမရဲ႕စကားကို ျပင္းျပင္းထန္ထန္ကန္႕ကြက္မွရေတာ့မယ္ ။

ငါသိထားတာကေတာ့ ေဂးေတြက သူတို႕ရဲ႕ျဖစ္တည္မႈကိုဖံုးကြယ္ျပီးေနတတ္တဲ့ အစုအေဝးပဲေလ။ ေနာက္ျပီး blind dateကိုလာဖို႕အတြက္ မျငင္းဆန္ခဲ့တဲ့သူေတြဟာလဲ ေတာ္ေတာ္ေလးရွားပါးလိမ့္မယ္။ ဒီေတာ့ သူတို႕ကိုေတြ႕ဖို႕ဆိုတာ ခက္ခဲမွာပဲ။

ဒါေပမယ့္ ငါတို႕က ေအးေအးေဆးေဆးနဲ႕လက္ခံလိုက္တာမ်ိဳးေတာ့ မလုပ္နိုင္ပါဘူး ။ လုပ္သင့္လို႕လား ?
အဲဒီလူေတြက ဘယ္သူေတြမ်ားလဲ ?
ကံၾကမၼာက မ်က္နွာသာေပးမႈဆိုတာ လူတိုင္းအေပၚမွာေတာ့မရိွနိုင္ဘူးမလား ?

ငါ့အေမကေတာ့ သူ႕ရဲ႕အက်င့္အတိုင္းပဲ ဆိုးဆိုးဝါးဝါးတုန္႕ျပန္ခဲ့တယ္။

ေနာက္ေတာ့ သူမက သူမရဲ႕အသက္နဲ႕ေတာင္ ေလာင္းေၾကးထပ္ျပီး ေနာက္လာမယ့္ blind date ကအမွန္တကယ္ထူးျခားလိမ့္မယ္လို႕ေျပာခဲ့တယ္။ လံုးဝကိုထူးျခားေနလိမ့္မယ္တဲ့။

ဒါေပမယ့္လည္း ငါ ကလစ္နဲ႕ညွပ္ထားတဲ့စာရြက္ေပၚက ကိုယ္ေရးအခ်က္အလက္ေတြေပၚကို အၾကည့္ေရာက္သြားေတာ့ ငါ့ရဲ႕နွလံုးသားထဲမွာ နမိတ္မေကာင္းတဲ့ အရိပ္အေယာင္ေတြၾကိဳတင္ခံစားေနရတယ္။

Wang Dequan.

ေသခ်ာတာေပါ့ ။ ငါသူ႕ကိုမသိဘူး ။

ဒါေပမယ့္ ဒီနာမည္က ...

ခ်င္မင္းဆက္ ဇာတ္လမ္းတြဲထဲမွာထည့္ရိုက္မယ္ဆိုရင္ သူကေသခ်ာေပါက္ ကုန္းကုန္းေနရာရမွာပဲ။ ဂ်ပန္ေတာ္လွန္ေရးကားထဲမွာသာဆိုရင္ေတာ့ အဲတစ္ေယာက္က အေျမွာက္စာခံဇာတ္ေကာင္ျဖစ္ေနလမ့္မယ္ ။ သူ႕ရဲ႕နာမည္က အပိုင္းငါးအထိေတာင္ အသက္မရွင္နိုင္ေလာက္တဲ့ ဇာတ္ေကာင္ရဲ႕နာမည္မ်ိဳးပဲ ။

မားမားေရ ... အဲဒီတစ္ေယာက္က ေျခာက္ခုေျမာက္ ဒါမွမဟုတ္ခုနွစ္ခုေျမာက္မွာ ေမြးတာမဟုတ္ဘူးဆိုတာေရာေသခ်ာရဲ႕လား ?

ဟင့္အင္း .. ဒါကသိပ္ေတာ့အဆင္မေျပဘူး ။ သူတစ္ပါးရဲ႕အေၾကာင္းကို ခပ္ျမန္ျမန္နဲ႕ ရိုင္းစိုင္းတဲ့ပံုမ်ိဳးနဲ႕ ထင္ေၾကးေပးတာမ်ိဳးက လူၾကီးလူေကာင္းမဆန္ဘူးေလ။ ငါ ပထမဆံုးအေနနဲ႕ သူ႕ရဲ႕အေၾကာင္းကို သိေအာင္လုပ္တာကပိုေကာင္းလိမ့္မယ္။ ဒီလိုနဲ႕ ငါသူ႕ရဲ႕ Wechat အေကာင့္ကိုရွာေတြ႕ခဲ့တယ္။

....တကယ္ေတာ့ ငါအဲဒါကိုဘယ္လိုေတာင္ေမ့ေနခဲ့တာလဲ။ ငါ " Contact ထဲကိုထည့္ရန္" ဆိုတာကို သိခ်င္စိတ္သက္သက္နဲ႕သြားျပီးမလုပ္ခဲ့သင့္ဘူး ။

သူက သူ႕ရဲ႕နာမည္အစစ္ကိုသံုးထားတာပဲ။ ရွင္းလင္းျပီးေသသတ္တဲ့စာလံုးနွစ္လံုးက "Wang Dequan "တဲ့။ အပိုစာလံုး တစ္လံုးမွမပါသလို ေလ်ွာ့ေရးထားတာလည္းမရိွဘူး ။သူ႕ရဲ႕ ပရိုဖိုင္မွာတင္ထားတာကေတာ့ အနက္ေရာင္ေအာက္ခံေပၚက လူပံုသ႑ာန္အရိပ္တစ္ခုပဲ ။

_ ဒါက system အတိုင္းပဲရိွေနတာမဟုတ္ဘူးလား ။

မွန္တာေပါ့ ။ ထိုသူက ပရိုင္ဖိုင္ပံုေလးကိုေတာင္ တင္ထားျခင္းမရိွဘူးေလ။

မင္းအေနနဲ႕ ခရီးသြားဓာတ္ပံုရိုက္ျပီး ေနာက္ခံမွာ သဘာဝက်က် စာသားေတြေရးျပီး ပရိုင္ဖိုင္ပံုအျဖစ္တင္နိုင္တယ္ေလ !!

ငါဒါကိုစိတ္ထဲမထားဘူးဆိုတာကေတာ့ မျဖစ္နိုင္ဘူး ။ ငါ မၾကာေသးခင္အထိ လူတိုင္းက မ်ိဳးဆက္ကြာျခားျခင္းအေပၚမွာအက်ြမ္းတဝင္ျဖစ္ေနျပီလို႕သိထားခဲ့တာ ။ ငါတို႕က ဘာေၾကာင့္ " Chatting "လုပ္ရင္းနဲ႕ စြမ္းအင္ေတြကို ျဖဳန္းတီးေနခဲ့ၾကတာလဲ ??

7.

ဒါေပမယ့္ ငါ့အေမရဲ႕ရွင္းျပခ်က္ေပးတဲ့ အမိန္႕သံေအာက္မွာ ငါသူ႕ဆီကို friend request ေပးပို႕လိုက္ရျပီး တစ္ဖက္ကလည္းခ်က္ခ်င္းလက္ခံလာခဲ့တယ္ ။

ဘယ္လိုပဲျဖစ္ျဖစ္ ပရိုဖိုင္ပံုမထည့္ထားတဲ့မ်က္နွာၾကီးေၾကာင့္ ငါစိတ္မသက္မသာခံစားေနရေၾကာင္း ကိုယ့္ကိုကိုယ္သတိထားမိလာတယ္။

ငါ ဘာေျပာသင့္လဲ ?

သူသာ သူ႕ရဲ႕ပံုကိုအသံုးျပဳထားမယ္ဆိုရင္ မင္းအေနနဲ႕ သူ႕ရဲ႕ပံုပန္းသ႑ာန္နဲ႕ အသက္ကို သိရိွနိုင္လိမ့္မယ္။ သူသာ Hatsune Miku ရဲ႕ပံုကိုသံုးထားရင္ေတာ့ သူက otaku တစ္ေယာက္လို႕ယူဆနိုင္တယ္။

(T/N အဲေကာင္မေလးပါ မူရင္းမွာေတာ့မပါဘူး ကိုယ္ထည့္ေပးထားတာ XD)

သူက Iker Casillas ရဲ႕ပံုကိုသံုးရင္ေတာ့ မင္းအေနနဲ႕သူ႕ကို ေဘာလံုးပြဲအေၾကာင္းေတြေျပာလို႕ရတယ္ေလ။ တကယ္လို႕ သူကတိရိစာၦန္ပံုေလးတင္ထားခဲ့မယ္ဆိုရင္ေတာ့ သူက ငယ္ရြယ္တဲ့သူျဖစ္နိုင္သလို နူးညံ့သိမ္ေမြ႕တဲ႕နွလံုးသားရိွတာလည္း ျဖစ္နိုင္တာပဲ .....

ဒါေပမယ့္ ဘာမွမရိွရင္ေတာ့ မင္းအတြက္ သူ႕ကို ခံစားခ်က္အစစ္အမွန္နဲ႕ ခံစားနိုင္ဖို႕ဆိုတာ မျဖစ္နိုင္ေတာ့ဘူး ။

သို႕ေပမယ့္လည္း ငါသိပ္ၾကာၾကာေတာ့ စိတ္မပူလိုက္ရပါဘူး ။ သူက ပထမဆံုးစျပီးစကားေျပာလာခဲ့လို႕ေလ ။

Wang Dequan: Hello

Hello ဟုတ္လား !!!

ငါအကူအညီမဲ့သလိုခံစားရျပီးေတာ့ ခႏၶာကိုယ္ကိုေျဖာင့္တန္းစြာနဲ႕ ထထိုင္လိုက္မိတယ္။

Normcore: Ah... Hello.

ငါဘာလုပ္သင့္လဲ ? ငါေနာက္ထပ္ ဘယ္လိုတံု႕ျပန္သင့္လဲ ? ဒီလိုမ်ိဳး အရမ္းယဥ္ေက်းျပေနတာၾကီးက ငါ့ကိုကိုးရိုးကားယားေတြခံစားရေစတယ္။ ငါလည္းပဲ ရိုေသေလးစားသမႈနဲ႕စကားေတြေျပာခဲ့ပါတယ္။ အျပင္ထြက္ျပီးစားေသာက္တဲ့အခ်ိန္ေတြ ၊ ဆာဗာအတြက္ေျပာရတဲ့အခ်ိန္မ်ိဳးေတြမွာေပါ့။ ဒါေပမယ့္ blind date မွာေတာ့ မဟုတ္ေသးဘူးေလ ...

ခနေနပါဦး ။ ေကာင္းျပီ ။ သူက ငါဘယ္သူလဲဆိုတာကို မသိတာမ်ားလား ။ သူ႕ရဲ႕အလုပ္ကတစ္ေယာက္ေယာက္က စကားလာေျပာတယ္လို႕ထင္ေနတာမ်ား ျဖစ္ေနမလား ။

Normcore: ခင္ဗ်ား က်ြန္ေတာ္ဘယ္သူလဲဆိုတာ သိလား ?

Wang Dequan: အင္း ကိုယ္တို႕က blind date အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္မိတ္ဆက္ထားၾကတာေလ .. မင္းနာမည္က Du Qing မလား ?

Normcore: အမ္ အဲဒါက က်ြန္ေတာ္ပါပဲ orz.. ဒီေတာ့ က်ြန္ေတာ္ထင္တာကေလ က်ြန္ေတာ္တို႕ေတြ တေလးတစားနဲ႕ေျပာစရာမလိုဘူးလားလို႕ ခင္ဗ်ားကေတာ္ေတာ္ေလး ယဥ္ေက်းေနလို႕

ဖာ့ခ္... ငါအခု "ခင္ဗ်ား" လို႕သံုးလိုက္မိတာလား !!

Wang Dequan: ေကာင္းျပီ

T/N - တရုတ္မွာက you ဆိုတဲ့အသံုးကို ယဥ္ေက်းတဲ့အသံုးအနႈန္း( 您) နဲ႕ ရင္းနီးက်ြမ္းဝင္တဲ့သူေတြအတြက္သံုးတဲ့ ( 你) ဆိုျပီးရိွတယ္ကြာ ေနာက္ကဟာကက်ေတာ့ မရင္းနီးတဲ့သုအေပၚမွာသံုးရင္နည္းနည္းရိုင္းတဲ့သေဘာရိွတယ္။ သူက အေပၚမွာ (您) ကိုသံုးခဲ့ျပီးေတာ့ ေအာက္ကစာေၾကာင္းမွာ (你)ကိုသံုးမိသြားတာ
ကိုယ္ကေတာ့ နွစ္ခုလံုးကို ခင္ဗ်ားလို႕ပဲသံုးလိုက္တယ္ XD

ေအာက္မွာ E translator ရဲ႕ရွင္းလင္းခ်က္ေတြပါေပမယ့္ အမ်ားစုက သိျပီးသားေတြျဖစ္ေနလို႕ ဘာသာမျပန္ခဲ့ေတာ့ဘူးေနာ္။

*****

3.

အဲဒီအချိန်ကစပြီး ဘွဲ့ယူပြီးတဲ့အထိ ငါနောက်တစ်ခေါက်ထပ်ပြီး မချစ်ခဲ့တော့ဘူး ။
ဂေးအသိုင်းအဝိုင်းထဲမှာ အမြဲတမ်း အမှိုက်ကောင်တွေရှိနေတတ်တယ်။ နောက်ပြီး relationship အများစုက sex ကိစ္စကို အခြေခံထားကြတာ။ ငါကတော့ အဲလိုအကျိုးလိုလို့တည်ဆောက်ထားတဲ့ relationship မျိုးကို တစ်ယောက်ယောက်နဲ့ လုပ်ချင်တဲ့စိတ်မရှိဘူး ။

ဒါက ငါအချစ်ကိုကြောက်သွားလို့မဟုတ်ဘူးနော် ။ ဒါပေမယ့် ငါ အဲဒီ relationship ကိုပြန်ကြည့်မိတဲ့အခါ ငါ့အတွက်အကျိုးမရှိဘူးလို့ နည်းနည်းခံစားမိတယ်။ ဒီတော့ ငါက ဘာကြောင့် relationship ထပ်ထားချင်တော့မှာတုန်း ?
ငါ လက်မထပ်နိုင်ဘူး ။ ငါ့မှာကလေးတွေလည်း ရနိုင်မှာမဟုတ်ဘူး ။ နောက်ပြီးတော့ ငါ sex ကိစ္စကိုနည်းနည်းလေးတောင်လုပ်ချင်စိတ်ရှိမနေဘူး ။

နေ့ရက်တွေအားလုံးမှာ အချစ်စိတ်တွေပြည့်နေခဲ့ရင် လူတွေက တခြားကိစ္စတွေအတွက်စဉ်းစားနိုင်ပါဦးမလား ?

လူငယ်တွေပဲလေ ။ သူတို့က အလုပ်မှာ ဘာလို့များ ပိုပြီးနှစ်မြုပ်မထားနိုင်ကြတာလဲ ?

အဲလိုအရည်အချင်းတွေကြောင့်ပဲ ငါလုပ်ငန်းခွင်ထဲကိုဝင်တဲ့အချိန်မှာ လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့တာဖြစ်နိုင်တယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ငါဟာ ဌာနချုပ်အယ်ဒီတာအဖြစ် ရာထူးတိုးခဲ့ပြီဖြစ်တယ်။

အဲဒီမှာ လူလေးယောက်ပဲရှိပေမယ့်လဲ အယ်ဒီတာဌာနအတွက် အတူတကွရှိနေခဲ့ကြတယ်။

ဒါပေမယ့် အဲဒီအလုပ်က တကယ့်ကိုငါ့အတွက်အကောင်းဆုံးပုံစံပဲ။ အဲဒီက လစဉ်စာစောင်မဂ္ဂဇင်းတစ်ခုသာထုတ်ဝေတာဖြစ်တယ်။ ဒါကြောင့် အလုပ်က အရမ်းကိုသက်တောင့်သက်သာရှိပြီး အချိန်ပိုတွေလည်းရှိတယ်။ ဝင်ငွေက သိပ်မများပေမယ့်လည်း ငါ့အနေနဲ့ ပိုနေတဲ့အချိန်တွေမှာ အပိုဝင်ငွေရရှိဖို့ဆောင်းပါးတွေရေးနိုင်တာကြောင့် အနည်းငယ်အောင်မြင်လာပြီး စုဆောင်းလာနိုင်တယ်။

ငါထွက်ခွာလာရတဲ့တစ်ခုတည်းသောကိစ္စရပ်ကတော့ ငါမိဘတွေက ငါ့ဘဝရဲ့အချစ်ရေးအတွက်စိတ်ပူနေတာကြောင့်ပဲ။

ဟင်း.... ငါထွက်လာခဲ့တဲ့နေရာကို ဘာလို့ပြန်သွားနေရမှာလဲ ?

ဒါပေမယ့် ငါ့မိဘတွေက ထပ်ခါထပ်ခါပြောလာပြန်တယ်။
"အားလုံးက ငါတို့ရဲ့အမှားတွေပဲ "
ငါသဘောတူခဲ့ရတယ်။ ဒါက blind date တစ်ခုပဲလေ ။ ငါသွားကြည့်လိုက်ပါ့မယ်။

သူတို့တွေ ဘယ်လိုမှော်ပညာကိုသုံးပြီး blind date ကို လိုလိုလားလားလက်ခံတဲ့ နောက်ထပ်ဂေးအမျိုးသားတစ်ယောက်ကို ရှာတွေ့ခဲ့လဲဆိုတာတော့ ငါမသိဘူး။ ငါအနေနဲ့ဆိုရင်တော့ လုံးဝရှာတွေ့နိုင်မယ်မထင်ဘူး !

ဒါပေမယ်လည်း အမှန်အတိုင်းပြောရရင် ပုံစံတူတွေ ထပ်မလုပ်ချင်တော့ဘူး ။ ငါ့ရဲ့ အရင် blind dateတွေအားလုံးမှာ သူတို့တွေက တစ်ခုခုမှားယွင်းနေသလိုပဲ။

ငါကိုယ်တိုင်ကလား ? အင်း .. ငါ့ကပဲ တစ်ခုခုဖြစ်နေတာလဲ ဖြစ်နိုင်တာပဲ။ စတွေ့တဲ့အချိန်မှာ ငါဘာမှမပြောခဲ့ဘူးလေ ။

တကယ်တမ်းမှာ အမျိုးသားအများစုကတော့ အဲတာကို ထည့်ဖို့အတွက်ဆိုရင်ကောင်းလောက်ပေမယ့် အမျာစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျပြီး ပွင့်ပွင့်လင်းလင်းပြောရရင် EQ ကတော်တော်နိမ့်နေတာ။

အများဆုံးပြသနာတွေကတော့ EQ နိမ့်တဲ့ကောင်တွေပဲ ။ ငါသူတို့ကိုရှင်းထုတ်ဖို့ တော်တော်အားစိုက်ခဲ့ရတယ်။

4.

ဥပမာ တစ်ယောက်ယောက်က ငါ့ကို Gym မှာ dateဖို့ခေါ်တယ်ဆိုပါတော့ ။ သူ့ရဲ့ရင်အုပ်ကြွက်သားတွေ ထင်းလင်းနေတဲ့ သူ့ရဲ့တင်းကြပ်နေတဲ့ အရေပြားတွေကနေ အမျိုးသားဟိုမုန်းနံ့တွေထုတ်လွှင့်နေပြီးတော့ Top တစ်ယောက်ရဲ့ပုံစံတွေထုတ်ပြလိမ့်မယ်။ အဲဒီနောက်သူက ခုံတန်းကို ဖိလိုက်ပြီးတော့ သူရဲ့ဖျော်ဖြေမှုကိုရပ်နားလိုက်သလိုမျိုးငါ့ဆီကြည့်လာလိမ့်မယ်။

(T/N - ဒီအပိုဒ်က တချို့နေရာတွေမှာ တိတိကျကျမပြန်ထားပေမယ့် ပြောချင်တာက ဟန်ရေးပြနေတာကွာ )

ငါသဘောပေါက်ခဲ့တယ်။ အဲဒီကောင်ရဲ့ဗီဇက ဒေါင်းထီးတွေလိုဖြစ်နေတာပဲ ။

ဒါပေမယ့် မင်း Gym ကိုသွားမယ်ဆိုရင် အနည်းဆုံးတော့ ကြိုတင်ပြီးပြောသင့်တယ်လေ ။ ဒါမှ ငါလည်းသင့်တော်မယ့်အဝတ်အစား ပြောင်းဝတ်နိုင်မှာပေါ့။

သူက ရှက်ကြောက်တဲ့ပုံစံနဲ့ပြောလာခဲ့တယ်။ " ဘေဘီ ကိုယ်မင်းကို surprise တစ်ခုပေးစရာရှိတယ် "

အိုး .. Surprise ပေါ့လေ။

ငါအဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီးတော့ ချွေးတွေစိုချွဲနေတဲ့အမျိုးသားတစ်စုရဲ့နောက်မှာ အဲဒီကောင် အလေးမ နေတာကို တစ်ညလုံးထိုင်ကြည့်ခဲ့ရတယ်လေ !

5.

နောက်တစ်ယောက်လည်းရှိပါသေးတယ်။ သူကတော့ Wechat မှာ တစ်ယောက်နဲ့တစ်ယောက် add ပြီးတာနဲ့ selfie ပုံတစ်ပုံ ပို့ခိုင်းတော့တာပဲ။

ဒါက blind date တွေမှာ ဖြစ်နေကျပုံစံပါပဲ ။ ဒါကြောင့် ငါသူဆီကို ကြုံရာကျပန်းတစ်ပုံပို့ပေးလိုက်တယ်။ အဲဒီ ကိုယ်တစ်ဝက်ပုံက ငါ့သူငယ်ချင်းက ငါ့ကို cafe တစ်ခုထဲမှာ သေသေချာချာလေးရိုက်ပေးထားတဲ့ပုံဖြစ်နေခဲ့တယ်။
အလင်းရောင်ဖျော့ဖျော့လေးနဲ့ ရိုက်ယူထားတဲ့ထောင့်အနေအထားကြောင့် အဲဒီပုံက ငါ့ရဲ့ဓာတ်ပုံအစားဆုံးပုံထဲကတစ်ခုဖြစ်နေခဲ့တာ။

ပုံမှန်စကားပြောတဲ့အတိုင်းဆိုရင် အခြေခံလောကဝတ်သဘောတရားအရ အပြန်အလှန်ပေးပို့ရမှာမဟုတ်ဘူးလား ။ သူလည်းပဲ ငါ့ဆီကိုသူ့ရဲ့ဓာတ်ပုံပို့ပေးသင့်တယ်လေ။

ဒါပေမယ့် အဲဒီကောင်က ပို့မပေးခဲ့ဘူး။

လက်ထဲက ရှည်လျှားတဲ့လက်နက် : အဲလိုပုံစံမျိုးမဟုတ်ဘူး ။ ငါက selfieပုံလိုချင်တာလေ [😁] [😁][😁]

Normcore : ဘာကွာခြားနေလို့လဲ

လက်ထဲကရှည်လျားတဲ့လက်နက် : ငါက မင်းအဝတ်အစားချွတ်ထားတဲ့ပုံကိုမြင်ချင်တာ [ရှက်]

Normcore: ငါ့မှာအဲလိုပုံမျိုးမရှိဘူး

လက်ထဲကရှည်လျားတဲ့လက်နက် : အခုတစ်ပုံလောက်ရိုက်လိုက်လေ ငါကြည့်ချင်လို့ပါ

Normcore: ...

လက်ထဲကရှည်လျှားတဲ့လက်နက် : လုပ်စမ်းပါ တစ်ပုံလောက်ရိုက်လိုက်ပါ ငါကြည့်ချင်လို့ .. မင်းကအရမ်းဆွဲဆောင်မှုရှိတာပဲ နောက်ပြီးမင်းရဲ့ ခန္ဓာကိုယ်ကလည်း တော်တော်လေးလှတယ် မင်းသာ အဝတ်အစားတွေချွတ်ပြီးရိုက်မယ်ဆိုရင် ပိုပြီးတော့တောင်အလုပ်ဖြစ်ဦးမှာ

လက်ထဲကရှည်လျှားတဲ့လက်နက် : မရှက်ပါနဲ့ ပြစမ်းပါဘေဘီရာ

လက်ထဲကရှည်လျှားတဲ့လက်နက်: ငါမင်းရဲ့ဟာကိုကြည့်ပါရစေ [shy]

လက်ထဲကရှည်လျှားတဲ့လက်နက် : မင်းရှိသေးလား ဘယ်ကိုရောက်သွားတာလဲ [🐷]

အကိုကြီး.. ဂေးတစ်ယောက်အနေနဲ့ ခင်ဗျားID ရဲ့ လေးစားထိုက်ဖွယ်ရာ ဆွဲဆောင်တဲ့နည်းလမ်းက အဖြောင့်ကောင်တစ်ယောက်နဲ့တူနေတာကိုသိရဲ့လား ?

ငါ ဖုန်းကိုပိတ်ချလိုက်တယ်။ အဲကောင်ကို reply မပြန်တော့တာကြောင့် နောက်ဆုံးတော့ ရပ်သွားလေတယ်။

သူသိသင့်တာကတော့ အရမ်းမဖွယ်မရာဖြစ်တဲ့ကိစ္စတွေကို ငါလုပ်ချင်တဲ့စိတ်မရှိဘူးဆိုတာပဲ။ ငါနောက်တစ်ရက်အထိမစောင့်တော့ဘဲ သူ့ရဲ့နာမည်ကိုဖုန်းထဲကနေဖျက်ချလိုက်တယ်။

ရလဒ်အနေနဲ့ အချိန်တော်တော်ကြာတဲ့အခါမှာ ငါ့ရဲ့ဖုန်းက တုန်ခါလာတဲ့အတွက် ကောက်ယူပြီးတော့ အထဲကိုဖွင့်ကြည့်လိုက်မိတယ်။

လက်ထဲကရှည်လျားတဲ့လက်နက် : ဘေဘီ ကိုယ်မင်းရဲ့ပုံနဲ့ ကိုယ့်ကိုကိုယ် ဖြေဖျောက်နေတာ
(He means masturbate)

ငါ အဲသောက်ကောင် မဖွယ်မရာတွေပြောတဲ့အချိန်တုန်းက ဘာလို့များ blacklist ထဲမထည့်ခဲ့မိတာတုန်း ? !

ဒီလိုဆိုက်ကိုကောင်ကဘယ်ကနေရောက်လာရတာလဲ ?!

ဒီနေ့ခေတ်ရဲ့ ဂေးတွေအကုန်လုံးက ဒီလိုအကျင့်မကောင်းတဲ့အကြံအစည်သမားတွေပဲဖြစ်ကုန်ပြီလား ? !

Are you a blind date or a fuckboy?!

Are you a blind date or a fuckboy?!

Are you a blind date or a fuckboy?!

(T/N မြန်မာလိုပြန်မလို့လုပ်သေးပေမယ့် ဒီအတိုင်းပိုကောင်းမလားလို့ XD)

6.

နောက်ဆိုရင်တော့ ငါ ငါ့အမေရဲ့စကားကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှရတော့မယ် ။

ငါသိထားတာကတော့ ဂေးတွေက သူတို့ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ပြီးနေတတ်တဲ့ အစုအဝေးပဲလေ။ နောက်ပြီး blind dateကိုလာဖို့အတွက် မငြင်းဆန်ခဲ့တဲ့သူတွေဟာလဲ တော်တော်လေးရှားပါးလိမ့်မယ်။ ဒီတော့ သူတို့ကိုတွေ့ဖို့ဆိုတာ ခက်ခဲမှာပဲ။

ဒါပေမယ့် ငါတို့က အေးအေးဆေးဆေးနဲ့လက်ခံလိုက်တာမျိုးတော့ မလုပ်နိုင်ပါဘူး ။ လုပ်သင့်လို့လား ?
အဲဒီလူတွေက ဘယ်သူတွေများလဲ ?
ကံကြမ္မာက မျက်နှာသာပေးမှုဆိုတာ လူတိုင်းအပေါ်မှာတော့မရှိနိုင်ဘူးမလား ?

ငါ့အမေကတော့ သူ့ရဲ့အကျင့်အတိုင်းပဲ ဆိုးဆိုးဝါးဝါးတုန့်ပြန်ခဲ့တယ်။

နောက်တော့ သူမက သူမရဲ့အသက်နဲ့တောင် လောင်းကြေးထပ်ပြီး နောက်လာမယ့် blind date ကအမှန်တကယ်ထူးခြားလိမ့်မယ်လို့ပြောခဲ့တယ်။ လုံးဝကိုထူးခြားနေလိမ့်မယ်တဲ့။

ဒါပေမယ့်လည်း ငါ ကလစ်နဲ့ညှပ်ထားတဲ့စာရွက်ပေါ်က ကိုယ်ရေးအချက်အလက်တွေပေါ်ကို အကြည့်ရောက်သွားတော့ ငါ့ရဲ့နှလုံးသားထဲမှာ နမိတ်မကောင်းတဲ့ အရိပ်အယောင်တွေကြိုတင်ခံစားနေရတယ်။

Wang Dequan.

သေချာတာပေါ့ ။ ငါသူ့ကိုမသိဘူး ။

ဒါပေမယ့် ဒီနာမည်က ...

ချင်မင်းဆက် ဇာတ်လမ်းတွဲထဲမှာထည့်ရိုက်မယ်ဆိုရင် သူကသေချာပေါက် ကုန်းကုန်းနေရာရမှာပဲ။ ဂျပန်တော်လှန်ရေးကားထဲမှာသာဆိုရင်တော့ အဲတစ်ယောက်က အမြှောက်စာခံဇာတ်ကောင်ဖြစ်နေလမ့်မယ် ။ သူ့ရဲ့နာမည်က အပိုင်းငါးအထိတောင် အသက်မရှင်နိုင်လောက်တဲ့ ဇာတ်ကောင်ရဲ့နာမည်မျိုးပဲ ။

မားမားရေ ... အဲဒီတစ်ယောက်က ခြောက်ခုမြောက် ဒါမှမဟုတ်ခုနှစ်ခုမြောက်မှာ မွေးတာမဟုတ်ဘူးဆိုတာရောသေချာရဲ့လား ?

ဟင့်အင်း .. ဒါကသိပ်တော့အဆင်မပြေဘူး ။ သူတစ်ပါးရဲ့အကြောင်းကို ခပ်မြန်မြန်နဲ့ ရိုင်းစိုင်းတဲ့ပုံမျိုးနဲ့ ထင်ကြေးပေးတာမျိုးက လူကြီးလူကောင်းမဆန်ဘူးလေ။ ငါ ပထမဆုံးအနေနဲ့ သူ့ရဲ့အကြောင်းကို သိအောင်လုပ်တာကပိုကောင်းလိမ့်မယ်။ ဒီလိုနဲ့ ငါသူ့ရဲ့ Wechat အကောင့်ကိုရှာတွေ့ခဲ့တယ်။

....တကယ်တော့ ငါအဲဒါကိုဘယ်လိုတောင်မေ့နေခဲ့တာလဲ။ ငါ " Contact ထဲကိုထည့်ရန်" ဆိုတာကို သိချင်စိတ်သက်သက်နဲ့သွားပြီးမလုပ်ခဲ့သင့်ဘူး ။

သူက သူ့ရဲ့နာမည်အစစ်ကိုသုံးထားတာပဲ။ ရှင်းလင်းပြီးသေသတ်တဲ့စာလုံးနှစ်လုံးက "Wang Dequan "တဲ့။ အပိုစာလုံး တစ်လုံးမှမပါသလို လျှော့ရေးထားတာလည်းမရှိဘူး ။သူ့ရဲ့ ပရိုဖိုင်မှာတင်ထားတာကတော့ အနက်ရောင်အောက်ခံပေါ်က လူပုံသဏ္ဍာန်အရိပ်တစ်ခုပဲ ။

_ ဒါက system အတိုင်းပဲရှိနေတာမဟုတ်ဘူးလား ။

မှန်တာပေါ့ ။ ထိုသူက ပရိုင်ဖိုင်ပုံလေးကိုတောင် တင်ထားခြင်းမရှိဘူးလေ။

မင်းအနေနဲ့ ခရီးသွားဓာတ်ပုံရိုက်ပြီး နောက်ခံမှာ သဘာဝကျကျ စာသားတွေရေးပြီး ပရိုင်ဖိုင်ပုံအဖြစ်တင်နိုင်တယ်လေ !!

ငါဒါကိုစိတ်ထဲမထားဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး ။ ငါ မကြာသေးခင်အထိ လူတိုင်းက မျိုးဆက်ကွာခြားခြင်းအပေါ်မှာအကျွမ်းတဝင်ဖြစ်နေပြီလို့သိထားခဲ့တာ ။ ငါတို့က ဘာကြောင့် " Chatting "လုပ်ရင်းနဲ့ စွမ်းအင်တွေကို ဖြုန်းတီးနေခဲ့ကြတာလဲ ??

7.

ဒါပေမယ့် ငါ့အမေရဲ့ရှင်းပြချက်ပေးတဲ့ အမိန့်သံအောက်မှာ ငါသူ့ဆီကို friend request ပေးပို့လိုက်ရပြီး တစ်ဖက်ကလည်းချက်ချင်းလက်ခံလာခဲ့တယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ပရိုဖိုင်ပုံမထည့်ထားတဲ့မျက်နှာကြီးကြောင့် ငါစိတ်မသက်မသာခံစားနေရကြောင်း ကိုယ့်ကိုကိုယ်သတိထားမိလာတယ်။

ငါ ဘာပြောသင့်လဲ ?

သူသာ သူ့ရဲ့ပုံကိုအသုံးပြုထားမယ်ဆိုရင် မင်းအနေနဲ့ သူ့ရဲ့ပုံပန်းသဏ္ဍာန်နဲ့ အသက်ကို သိရှိနိုင်လိမ့်မယ်။ သူသာ Hatsune Miku ရဲ့ပုံကိုသုံးထားရင်တော့ သူက otaku တစ်ယောက်လို့ယူဆနိုင်တယ်။

(T/N အဲကောင်မလေးပါ မူရင်းမှာတော့မပါဘူး ကိုယ်ထည့်ပေးထားတာ XD)

သူက Iker Casillas ရဲ့ပုံကိုသုံးရင်တော့ မင်းအနေနဲ့သူ့ကို ဘောလုံးပွဲအကြောင်းတွေပြောလို့ရတယ်လေ။ တကယ်လို့ သူကတိရိစာ္ဆန်ပုံလေးတင်ထားခဲ့မယ်ဆိုရင်တော့ သူက ငယ်ရွယ်တဲ့သူဖြစ်နိုင်သလို နူးညံ့သိမ်မွေ့တဲ့နှလုံးသားရှိတာလည်း ဖြစ်နိုင်တာပဲ .....

ဒါပေမယ့် ဘာမှမရှိရင်တော့ မင်းအတွက် သူ့ကို ခံစားချက်အစစ်အမှန်နဲ့ ခံစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ။

သို့ပေမယ့်လည်း ငါသိပ်ကြာကြာတော့ စိတ်မပူလိုက်ရပါဘူး ။ သူက ပထမဆုံးစပြီးစကားပြောလာခဲ့လို့လေ ။

Wang Dequan: Hello

Hello ဟုတ်လား !!!

ငါအကူအညီမဲ့သလိုခံစားရပြီးတော့ ခန္ဓာကိုယ်ကိုဖြောင့်တန်းစွာနဲ့ ထထိုင်လိုက်မိတယ်။

Normcore: Ah... Hello.

ငါဘာလုပ်သင့်လဲ ? ငါနောက်ထပ် ဘယ်လိုတုံ့ပြန်သင့်လဲ ? ဒီလိုမျိုး အရမ်းယဉ်ကျေးပြနေတာကြီးက ငါ့ကိုကိုးရိုးကားယားတွေခံစားရစေတယ်။ ငါလည်းပဲ ရိုသေလေးစားသမှုနဲ့စကားတွေပြောခဲ့ပါတယ်။ အပြင်ထွက်ပြီးစားသောက်တဲ့အချိန်တွေ ၊ ဆာဗာအတွက်ပြောရတဲ့အချိန်မျိုးတွေမှာပေါ့။ ဒါပေမယ့် blind date မှာတော့ မဟုတ်သေးဘူးလေ ...

ခနနေပါဦး ။ ကောင်းပြီ ။ သူက ငါဘယ်သူလဲဆိုတာကို မသိတာများလား ။ သူ့ရဲ့အလုပ်ကတစ်ယောက်ယောက်က စကားလာပြောတယ်လို့ထင်နေတာများ ဖြစ်နေမလား ။

Normcore: ခင်ဗျား ကျွန်တော်ဘယ်သူလဲဆိုတာ သိလား ?

Wang Dequan: အင်း ကိုယ်တို့က blind date အတွက် တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ထားကြတာလေ .. မင်းနာမည်က Du Qing မလား ?

Normcore: အမ် အဲဒါက ကျွန်တော်ပါပဲ .. ဒီတော့ ကျွန်တော်ထင်တာကလေ ကျွန်တော်တို့တွေ တလေးတစားနဲ့ပြောစရာမလိုဘူးလားလို့ ခင်ဗျားကတော်တော်လေး ယဉ်ကျေးနေလို့

ဖာ့ခ်... ငါအခု "ခင်ဗျား" လို့သုံးလိုက်မိတာလား !!

Wang Dequan: ကောင်းပြီ

T/N - တရုတ်မှာက you ဆိုတဲ့အသုံးကို ယဉ်ကျေးတဲ့အသုံးအနှုန်း( 您) နဲ့ ရင်းနီးကျွမ်းဝင်တဲ့သူတွေအတွက်သုံးတဲ့ ( 你) ဆိုပြီးရှိတယ်ကွာ နောက်ကဟာကကျတော့ မရင်းနီးတဲ့သုအပေါ်မှာသုံးရင်နည်းနည်းရိုင်းတဲ့သဘောရှိတယ်။ သူက အပေါ်မှာ (您) ကိုသုံးခဲ့ပြီးတော့ အောက်ကစာကြောင်းမှာ (你)ကိုသုံးမိသွားတာ
ကိုယ်ကတော့ နှစ်ခုလုံးကို ခင်ဗျားလို့ပဲသုံးလိုက်တယ် XD

အောက်မှာ E translator ရဲ့ရှင်းလင်းချက်တွေပါပေမယ့် အများစုက သိပြီးသားတွေဖြစ်နေလို့ ဘာသာမပြန်ခဲ့တော့ဘူးနော်။

*****

Continue Reading

You'll Also Like

141K 13K 70
"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 ...
154K 23.5K 47
Novelနှင့်သက်ဆိုင်သည့်အချက်အလက်အားလုံးကို Description တွင် ထည့်ထားပါသည်။ Start Date - 9.12.2022 End date - ~Just Fan translation ~
356K 34.1K 100
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
528K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်