Unicode ‼️
သခင်ပျော်နေသလို ကျွန်တော်လဲ
သိပ်ပျော်နေခဲ့တာ
အချစ်ဆိုတဲ့ အရာကို ခံစားတွေ့ကြုံနေရလို့ပဲ ထင်ပါတယ်။
သခင်က ကျွန်တော် နဲ့
အစ်ကို ဂျောင်ကု ကို ချစ်တယ်။
ကျွန်တော်က သခင့်ကို ချစ်တယ်။
နောက်ပြီး သခင့်ချစ်သမျှ အရာအားလုံးကို
ချစ်တယ်။
ဤသို့ဤနှယ် ချစ်မေတ္တာတွေဖုံးလွှမ်းပြီး
နေထိုင်ရတဲ့ ဘဝကြီးက တကယ်
ပျော်စရာကောင်းခဲ့ပါတယ်။
••••••
သခင် နဲ့ အစ်ကို ဂျောင်ကု က ဟိုတခါကလို နှစ်ယောက်ထဲ တွေ့ပြီး Dating လို့ ခေါ်တဲ့ အရာကို မကြာခဏ ပြုလုပ်လေ့ရှိတယ်။
များသောအားဖြင့် ထိုသို့တွေ့ဆုံတိုင်း ကျွန်တော်ပါ သခင်နဲ့အတူ လိုက်သွားတတ်ပြီး တခါတလေကျရင်တော့ ဘာဖြစ်လို့လဲ မသိပါဘူး... သခင်က ကျွန်တော့်ကို အိမ်မှာပဲ ချန်ထားရစ်ခဲ့တယ်။
အဲ့လို တစ်ယောက်ထဲ ကျန်ခဲ့ရင်တော့ ကျွန်တော်လဲ ပျင်းပျင်းနဲ့ သခင့်ရဲ့ ပစ္စည်းတွေ ထိုင်ကိုက်နေလိုက်တော့တာပါပဲ။
တခါကတော့ သခင့်ဆိုဖာလေးကို တစစီ အရသာခံပြီး ကိုက်လိုက်မိကထဲက အဲ့နောက်ပိုင်း သခင့်က ကျွန်တော့်ကို အိမ်မှာ မထားခဲ့တော့တာပါပဲ။
ကဲ... ချစ်စရာကောင်းလွန်းတဲ့ သခင် မဟုတ်ပါလား။
ဒါ့ကြောင့်လဲ ကျွန်တော်က နေရာတကာ ပါခွင့်ရပြီး ဟိုဒီလျှောက်လိုက်ရင်းကနေ ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးတဲ့ သခင့်ချစ်သူ အစ်ကို ဂျောင်ကု နဲ့ ပိုမို ချစ်ခင်ရင်းနှီးလာသလို
သခင့်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့
အစ်ကို ဟိုဆော့ ၊ အစ်ကို ဂျီမင်း ၊ အစ်ကို ယွန်းဂီ တို့နဲ့ကတော့ ပြောမနာဆိုမနာ ငယ်ပေါင်းကြီးဖော်တွေလိုမျိုး တယောက်အထှာ တယောက် ပိုနားလည်ပြီး တကပ်ကပ်နဲ့ မခွာစတမ်း ကပ်လို့ ကောင်းခဲ့ပါတော့တယ်။
သို့သော်ငြား
သခင်နဲ့အတူ နေတဲ့အတောအတွင်း သခင့်ဆီမှာအခုလို ပျော်စရာတွေပဲ ရှိနေမယ်လို့ ကျွန်တော် ထင်ခဲ့မိပေမဲ့ တစုံတယောက်ကြောင့် သခင့်က စိတ်ရှုပ်စရာ ၊ စိတ်အနှောက်အယှက် ဖြစ်နေတဲ့ဟန် ရှိတယ်လို့ ကျွန်တော် ခံစားမိခဲ့ရချိန်မှာတော့
ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်ပါ ကျွန်တော်ကတော့ သခင့်ကို ကာကွယ်စောင့်ရှောက်ဖို့ အမြဲအသင့်ရှိနေမှာပါ။
****
စိတ်ရှုပ်စေတဲ့ အကြောင်းအရင်းက ကျွန်တော်ထင်တာ မမှားရင် အဲ့တုန်းက သခင်က သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ နေရာကို အသွား လမ်းမှာ အဲ့လူကို တွေ့ခဲ့ခြင်းက စမယ် ထင်ပါတယ်။
"ထယ်ယောင်း...
မင်းက တော်တော် ရက်စက်တာပါပဲနော် ... "
"ငါ မင်းကို သိပ်ချစ်တာ ...
ငါ့ကောင်လေး ဖြစ်ပေးပါလို့ ရင်ဖွင့်ခဲ့ရဲ့သားနဲ့
ငါ့ဘက်ကိုကျ တချက်မှ လှည့်မကြည့်ပေးခဲ့ပဲ...
အခုတော့ ဂျွန်ဂျောင်ကု နဲ့ တွဲနေကြပြီဆို ဟုတ်လား"
သခင့်ဘေးကနေ စကားတတွတ်တွတ်လိုက်ပြောနေတဲ့ ထိုလူကို ဘာ့ကြောင့်မှန်း မသိဘဲ သဘောမကျတဲ့ စိတ်က အလိုလို ဖြစ်တည်လာမိတာ။
သူ့မျက်ဝန်း အကြည့်တွေက တကယ် ခက်ထန်နေတာမို့ ကြောက်ရွံ့စရာကြီး။
ဒါ့ကြောင့်လဲ မာန်ဖီရင်း "တဝုတ်ဝုတ်" နဲ့ ထိုးဟောင် လိုက်တော့ ကျွန်တော့်ကို ပွေ့ချီပြီး လမ်းလျှောက်နေတဲ့ သခင်က ကျွန်တော့်နားရွက်လေးကို သူ့လက်လေးနဲ့ အသာပွတ်သပ်ရင်း မဟောင်ဖို့ ဟန့်တားတယ်။
အဲ့နောက် သခင်က ထိုလူကို မကြည့်ပဲ ရှေ့ကိုသာ
တည့်တည့်ကြည့်ပြီး စကားတခွန်းပြောလိုက်တယ်။
"ခင်ဗျားအချစ်ကို လက်မခံနိုင်ခဲ့တဲ့အတွက်
ကျွန်တော် တောင်းပန်ပါတယ် ...
ကျွန်တော်လဲ ကျွန်တော်တကယ် ချစ်တဲ့ သူကိုပဲ ရွေးချယ်ပြီး ချစ်နေပါရစေ..."
သခင်က ဘာပြောလိုက်တယ် မသိ ၊ ရုတ်တရက် ပိုတင်းမာသွားတဲ့ မျက်နှာနဲ့ ထိုလူက သခင့် ကိုယ်လုံးကို ဆွဲပြီး သူ့ဘက်လှည့်ကာ
"မရဘူး... ကင်ထယ်ယောင်း
ငါမင်းကို လက်လွှတ်ပေးမှာ မဟုတ်ဘူး ၊
မင်းက ငါ့အပိုင်ပဲ ဖြစ်စေရမယ်
အဲ့ဒါကို မင်းမြဲမြဲမှတ်ထား"
သခင်ကတော့ မထင်မှတ်ထားတဲ့အရာကို သိမြင်လိုက်ရတာမို့ ဘာစကားမှ ထွက်မလာတော့ဘဲ
မှင်သက်မိသွားတဲ့ ပုံလေးနဲ့။
ကျွန်တော်ကတော့ သခင့်ကို ကြမ်းကြမ်းတမ်းတမ်း လာလုပ်တဲ့ ထိုသူကို ဘယ်လိုမှ ကြည့်လို့မရတော့တာနဲ့ သခင့်ပုခုံးကို ကိုင်ထားတဲ့ သူ့လက်က ကျွန်တော့ ပါးစပ်နားရောက်နေတာဆိုတော့ အကိုက်ဖြစ်သွားတာမို့ ထိုသူ့လက်ကို လှမ်းဆွဲပြီး ကိုက်ပစ်လိုက်တယ်။
"အာ့"
ခပ်စူးစူးထွက်လာတဲ့ သူ့အသံက သွေးတောင်မထွက်သေးတဲ့ မဖြစ်စလောက် ကိုက်ရာလေးနဲ့မှ မလိုက်မဖက် ကျယ်ကျယ်လောင်လောင်။
ကျွန်တော့်အပေါ် သူ့အကြည့်တွေကလဲ မုန်းတီးနေမှန်း အသိအသာ။ မကြည်ကြည့်ကြီးနဲ့။
အဲ့လိုမှန်းသိ ကျွန်တော် ဒီထက် ပိုပြီး အားနဲ့ ဆွဲကိုက်ပစ်လိုက်ပါတယ်။ အမြင်ကပ်လိုက်တာ။
"ဟော... ယောင်းလေး .. ရောက်လာပြီလား
ငါတို့ မင်းကို စောင့်နေကြတာ"
အခန်းတစ်ခုထဲက ထွက်လာတဲ့ အစ်ကို ဟိုဆော့က သခင့်ကို မြင်မြင်ချင်း ပျော်ရွှင်သွားတဲ့ပုံစံလေးနဲ့ ပြောရင်း ကျွန်တော်တို့ရှိရာဆီ လှမ်းလာတယ်။
"ထယ်ယောင်း ကိုယ်ပြောတာ မမေ့ပါနဲ့"
ခပ်တည်တည်ရုပ်ကြီးနဲ့ ပြောပြီး လှည့်ထွက်သွားတဲ့ ထိုသူ။
ဖြစ်နိုင်ရင် သူ့နောက်ကို ကျွန်တော်ပြေးလိုက်ပြီး ထပ်ကိုက်လိုက်ချင်မိသား ။
သခင်က ကျွန်တော့်ကို ခပ်တင်းတင်း ပွေ့ဖက်ထားလို့သာ ။ မဟုတ်ရင် ကျွန်တော် ကိုက်လိုက်လို့ ထိုလူရဲ့ ခြေသလုံး ပုတ်ပြီသာမှတ်။
"စီနီယာ ချွဲအွန်ဝူးက ဘာတွေပြောသွားတာလဲ ယောင်းလေး ?
ဘာလဲ ... မင်းကို ထပ်ပြီးနှောက်ယှက်နေတုန်းပဲလား?"
"ဘာမှမဟုတ်ပါဘူး .. ထားလိုက်ပါ သူ့ကို..
လာ... သွားရအောင် ကျန်တဲ့သူတွေရော
ရောက်နေပြီလား"
အစ်ကို ဟိုဆော့က စိုးရိမ်တဲ့ပုံနဲ့ မေးနေပေမဲ့ သခင်က ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ပုံလေးနဲ့ပဲ ဖြေရင်း အခန်းထဲကို ဝင်သွားတာ ၊ ဘာ့ကြောင့် သခင်အခုလို ဟန်ဆောင်လိုက်ရတယ်ဆိုတာကို ကျွန်တော် နားမလည်ပါဘူး ။
သေချာတာကတော့ သခင် ထိုလူ့ကြောင့် စိတ်ရှုပ်သွားမှန်း ကျွန်တော် သိပါတယ်။
သခင် မပျော်ရင်
ကျွန်တော်လဲ မပျော်ဘူး သခင် ။
****
အဲ့နောက်တော့ ကျွန်တော် သတိထားမိသလောက် ထိုလူက သခင့်နောက် ခဏခဏ လိုက်ချောင်းနေတာမျိုး တွေ့မိတယ်။
အဲ့လူဆီက ရတဲ့အနံ့ကို ကျွန်တော်စွဲမှတ်ထားတာမို့ ခပ်လှမ်းလှမ်းက ထိုအနံ့မျိုး ထွက်လာတိုင်း ကျွန်တော် လိုက်ရှာမိတော့တာပါပဲ။
ကျွန်တော်က သခင်နဲ့ ကျောင်းပိတ်ရက်လောက်ပဲ အတူတူ အပြင်ထွက်ဖြစ်တာမို့ ထိုနေ့မျိုးမှာ အနှီလူသားက သခင့်နောက်လိုက်နေပြီဆို ကျွန်တော် တန်းသိပြီ ။
အထူးသဖြင့် သခင်သွားနေကျ Music Class ၊ ကျောင်းဘောလုံးကွင်း ၊ ကမ်းနားလမ်းက ခုံတန်းလေး အစရှိတဲ့ နေရာတော်တော်များများမှာ မလှမ်းမကမ်းအနေအထားနဲ့ ခိုးကြောင်ခိုးဝှက် လိုက်နေတဲ့ ထိုသူကို ကျွန်တော် တွေ့မိစမြဲပါ။
သခင်ရော မသိလေဘူးလား ။
စိတ်ပူတယ် သခင်။
ကျွန်တော် စိတ်ပူနေသလို သခင့်သူငယ်ချင်းတွေပါ စိတ်ပူနေကြတယ်ဆိုတာကို မကြာခင်မှာပဲ သူတို့ပြောစကားကို ကျွန်တော် နားစွန်နားဖျား ကြားရင်းကနေ သိလိုက်မိတယ်။
"ယောင်းလေး ...စီနီယာအွန်ဝူးကို ငြင်းလိုက်ပြီးနောက် သူ ဘာတွေ လုပ်သေးလဲ ?
မင်း အဆင်ရော ပြေရဲ့လား ?
Sanbae က တဇွတ်ထိုး တဇောက်ကန်း သမား ..
သူလိုချင်တာကို မရရအောင် ယူတတ်တယ်တဲ့ ။
နောက်ပြီး ငါ ကြားတာတော့ (ဆေးတွေ ခိုးသုံးပြီး ဆေးစွဲနေတယ် ဆိုလားပဲ) အပုပ်နံ့ကတော့ ထွက်နေတာနော်
မင်း သတိတော့ထား"
ကျွန်တော် ကြားမိသလောက် သခင်တို့ စကားဝိုင်းတိုင်းမှာ ၄ ပုံ ၁ ပုံလောက်က ထိုလူ့အကြောင်းတွေချည်းပဲ ။ ကောင်းသတင်းတော့ ဖြစ်ဟန်မတူ ။
ဘေးကင်းပါစေနော် သခင် ။
*****
ဒါပေမဲ့ တကယ်တန်း ထိုသူရဲ့ အဆုံးစွန်
နှောက်ယှက်ခြင်းကို သခင်ကြုံတွေ့ခဲ့ရချိန်မှာတော့
အဲ့နေ့ကို ကျွန်တော် မုန်းလိုက်တာ သခင်ရာ ။
ညနေခင်း သခင် ကျောင်းက ပြန်လာပြီးနောက် ကျွန်တော်နဲ့ ခြံထဲမှာတောင် ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြသေးတယ်။
မှောင်ရီမပျိုးတပျိုး အချိန်လောက်မှာပဲ အစ်ကို ဂျောင်ကုက သခင့်ထံ ဖုန်းဆက်လာပုံရတယ်။
လမ်းထိပ်က မုန့်ဆိုင်မှာ ရောက်နေတာမို့ သခင့်ကို ထွက်လာဖို့ ပြောပုံရပါတယ် ။
သခင်လဲ ဝမ်းသာအားရနဲ့ပဲ အလျင်စလို ထွက်သွားတယ်။
ခဏတဖြုတ်မို့ ထင်ပါတယ် ကျွန်တော့်ကိုတောင်
မခေါ်ပဲ ထွက်သွားတယ်လေ။
ထားပါတော့... တခါတလေတော့လဲ ကျွန်တော်မပါပဲ နှစ်ယောက်ထဲ တွေ့ချင်မှာပေါ့လေ။ အိမ်ထဲကနေပဲ သခင်ပြန်အလာကို စောင့်နေပါတော့မယ်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးနောက်
အိမ်ရှေ့ထံမှ သခင့် အသံကို ကြားမိလိုက်ပြီး သခင့်ရဲ့ အမွှေးနံ့လေးကို ရလိုက်သလို ရှိတာမို့ သခင့်ကို ကြိုဖို့ ခြံထဲပြေးဆင်းကာ အိမ်တံခါးဝင်ပေါက်ဆီ အမြန်ပြေးထွက်လာခဲ့မိတယ်။
ခြံတံခါးက သော့ခတ်ထားခြင်းမရှိပဲ ခပ်ပြေပြေလေး ပွင့်နေသည်မို့ ထိုတံခါးမှ အပြင်သို့ တိုးထွက်လိုက်မိတယ်။ ကြည့်ရတာ သခင် တံခါးဖွင့်ထားတာပဲ ဖြစ်မယ်။
သို့ပေမဲ့ အိမ်ရှေ့ရောက်လာသည့်တိုင် သခင့်ကို မတွေ့မိ။ ဘာ့ကြောင့်ပါလိမ့် ။
သခင့်အသံ နဲ့ အနံ့ကို ရလို့ ကျွန်တော် အိမ်ပြင်ထွက်လာခဲ့တာလေ၊ အခုကျ သခင်က ဘယ်ရောက်သွားပါလိမ့် ။
သခင့်ကို တွေ့မဲ့အစား မြေပေါ်မှာ ကျနေတဲ့ မုန့်ထုပ်ကြီးကိုပဲ တွေ့မိတယ်။ သခင် ကျနေခဲ့တာလား။
ထိုစဉ်မှာပဲ ရမိတဲ့ အနံ့တစ်ခု ... ဒါ ဟိုလူ အနံ့၊
သူက ဒီအနီးဝန်းကျင်မှာပဲ ရှိနေလေသလား။
ဒါ့ကြောင့် အိမ်ရှေ့မှ ခွာကာ ထိုအနံ့ရတဲ့နေရာဆီ မှန်းဆပြီး အမြန်ပြေးသွားကြည့်ရင်းကနေ အမှောင်ရိပ်ပိုကျရာ လမ်းချိုးအကွေ့ဒေါင့်တစ်နေရာ အရောက်မှာတော့ တွေ့လိုက်ရလေသည်က ....။
*****
"ထယ်ယောင်း ... မင်းနဲ့ ဂျွန်ဂျောင်ကု ကို တွဲပြီး
ငါမတွေ့ချင်ပါဘူးလို့ ပြောထားရက်နဲ့ ..
ဟမ်... ငါ့ရင်ကို အစိမ်းလိုက်ခွဲနေတာလား
ပြောစမ်း... မင်း... ပြောစမ်းပါ"
"မင်းကို ငါ့အပိုင် ဖြစ်စေရမယ်လို့ ငါပြောပြီးသားနော်... မင်းက ငါ့စကားကို အလေးမထားတာလား
ဟင်... ကင်ထယ်ယောင်း"
သခင့်လက်တွေအား နောက်ပြန်ဖမ်းချုပ်ကြိုးတုပ်ထားပြီး အုတ်နံရံသို့ ကပ်ထားကာ အနောက်မှနေ၍ သခင့်ရဲ့ လည်ပင်းသားတလျှောက် အတင်းနမ်းရှုံ့နေသော ထိုလူ့ပုံစံက ဘီလူးသရဲဝင်စီးနေသလို။
ကျွန်တော်က သခင့်ကို ချစ်မြတ်နိုး၍ သခင့်မျက်နှာ နှင့် လက်ကလေးတွေအား နူးညံ့စွာပင် အသာယက်ခဲ့ဖူးသည်။ ထို့အတူ အစ်ကို ဂျောင်ကုကလဲ သခင့်နှုတ်ခမ်းနားတဝိုက်အား ညင်သာစွာ ယက်ခဲ့ဖူးလေ၏။
ထိုလူပုံစံမှာကား ထိုသို့မဟုတ်။ အကြမ်းပတမ်းဖြင့် အတင်းပြုမူနေလေတယ်။ သခင်ကလဲ အလိုတူဟန်မရှိ။ အတင်းရုန်းဖယ်ဟန်ရှိတဲ့ သခင့်ပုံစံက သိသာနေတယ် မဟုတ်လား။
သခင့်ပါးစပ်အား အဝတ်စဖြင့် စို့ထားလေသည်မို့သာ အော်သံ ထွက်မလာတာ ဖြစ်မည်။
ဒါ့ကြောင့် အန္တာရယ်ကျရောက်နေတာ သေချာလေသော ကျွန်တော့်သခင်ကို ကူညီနိုင်ဖို့ရာ ထိုနေရာသို့ တဟုန်ထိုးဖြင့် ကျွန်တော် ပြေးခဲ့မိတော့သည်။
တန်နီး လာပြီ သခင် .... ။
စိတ်တိုတိုဖြင့် အနှီလူသားဆီ အပြေးသွားပြီး ပါးစပ်လှမ်းမီရာ သူ့ခြေထောက်အား အားနဲ့မာန်နဲ့ အပီအပြင် ကိုက်ခဲထားလိုက်မိတော့ "အား" ကနဲ အော်သံနဲ့ အတူ ထိုလူမှာ ထွန့်ထွန့်လူးသွားတယ်။
သခင့်ကို လွှတ်စမ်း ...။
"ဟာ... ဒီခွေးစုတ်.. ရောက်လာပြန်ပြီ ...
ငါ့ကို လိုက်နှောက်ယှက်နေတာများပြီ ...
ဒီတခါတော့ ဒင်းသေမှအေးမယ် သေစမ်းကွာ"
ကျွန်တော့် သခင်ကို နာကျင်အောင် လုပ်နေတဲ့
ထိုလူကြီး ။ သူ့ခြေထောက်ကိုသာ အတင်းတွယ်ပြီး ကိုက်ခဲထားတာမို့ ကျန်တာ အာရုံမရှိမိ ။ အဓိကက ထိုလူကြီးမှ သခင့်ကို နာကျင်အောင် ထပ်မလုပ်စေနိုင်ဖို့သာ ကျွန်တော် ရည်ရွယ်ခဲ့တာ။
အဲ့အချိန်မှာပဲ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ထုတ်ယူလိုက်တဲ့ အရာတစ်ခု ။ လက်ခနဲ အရောင်လက်သွားသလို ထင်လိုက်ပြီးနောက်မှာတော့ ထိုပစ္စည်းကို သုံးပြီး ကျွန်တော့် ခန္ဓာပေါ်သို့ ရောက်လာသော ထိုးသွင်းချက်တွေ။ အချက်ပေါင်းများစွာ မရေမတွက်နိုင်အောင်။
နာတယ်... အရမ်းနာတာပဲ။
မျက်လုံးလေးအဝိုင်းသားနဲ့ ရှော့ရသွားပုံရတဲ့ သခင်က တခဏမျှတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားတဲ့ပုံစံလေး။
ပြီးနောက်မှ အသိဝင်လာပြီး ထိုလူ့ကို သခင်ခြေထောက်တွေနဲ့ လှမ်းကန်ဖို့ ကြိုးစားလေတော့တယ်။
ပါးစပ်ကိုလဲ အဝတ်ဖြင့်စို့ခံထားရပြီး လက်တွေကိုလဲ နောက်ပြန်အနေအထားဖြင့် ကြိုးတုပ်ခံထားရသည်မို့ သခင်အသုံးပြုနိုင်သည်မှာ ခြေထောက်ပဲရှိလေသည်။ ဒါ့ကြောင့်လဲ ခြေထောက်တွေနဲ့ တတ်နိုင်သမျှ လှမ်းပြီးကန်နေခဲ့တာ။
ဒါပေမဲ့ ကျွန်တော့်အပေါ် ထိုသူရဲ့ ထိုးနှက်ချက်တွေကတော့ ရပ်တန့်သွားခြင်း မရှိခဲ့သေးပေ။
နာလိုက်တာ သခင်ရာ ။ ကျွန်တော် အရမ်း နာကျင်နေပြီ။
******
"တန်နီး ..........."
ကျွန်တော့်နာမည်ကို စိုးရိမ်တကြီးနဲ့ တနင့်တနှီး အော်ခေါ်လိုက်တဲ့ အသံတစ်ခု။
ဒါ ... ဒါ အစ်ကို ဂျောင်ကု အသံလေး မလား။
အစ်ကို မပြန်သေးဘဲ သခင့်နောက် လိုက်လာတာလား ။
ဒေါသတကြီးနဲ့ ဝုန်းကနဲ ထိုသူအား အပြေးခုန်အုပ်လိုက်လေတဲ့ အစ်ကို ဂျောင်ကု ၊ နောက်တော့ အစ်ကိုဂျောင်ကုရဲ့ ပြင်းထန်လှတဲ့ လက်သီးချက်တွေဟာ ထိုလူ့မျက်နှာဆီသို့ တဟုန်ထိုးဖြင့် ။ တဖြေးဖြေးနဲ့ နာကျင်စွာ လဲကျသွားလေပြီ ဖြစ်တဲ့ ထိုလူ့ပုံရိပ်။
ချည်နှောင်ထားတဲ့ လက်က ကြိုးတွေကို အတင်းအားထုတ်ပြီးဆွဲဖြည်ရင်း ပြေလျော့သွားပုံရတဲ့ ကျွန်တော့်သခင်ကတော့ ကြိုးတွေကို ဖြည်ချပြီး ပါးစပ်ထဲက အဝတ်ကိုလဲ ဆွဲထုတ်ပြီးနောက်
ပြိုးပြိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေနဲ့အတူ "တန်နီး ... တန်နီး " တကြော်ကြော်အော်ခေါ်ကာ ကျွန်တော့် ကိုယ်လုံးလေးကို အတင်းပွေ့ဖက်ထားလေတော့တယ်။
ကျွန်တော့်ခန္ဓာကိုယ်ထဲက ထွက်ကျနေတဲ့ သွေးတွေက သခင့်ဆီ ပေကျံကုန်ပါဦးမယ် သခင်ရယ်။
"ကိုကို့ ကလေးလေး... ကိုကို့ ကို ခွဲမသွားရဘူးနော်...တန်နီးရာ့... မသေရဘူးနော် မသေရဘူး"
အော်ဟစ်ငိုကြွေးနေတဲ့ သခင့်အသံလေး ။
ကျွန်တော် ဘယ်လိုလုပ်ပြီး သခင့်ကို ခွဲရက်မှာလဲ သခင်ရယ်။ ကျွန်တော် သိပ်ချစ်တဲ့ သခင့်ကိုလေ ။
ဒါပေမဲ့ ကျွန်တော် အရမ်း ပင်ပန်းနေပြီ ။
တစ်ကိုယ်လုံးကလဲ နာကျင်နေတာ အရမ်းပဲ ။
ကျွန်တော် အိပ်စက် အနားယူချင်နေပြီ သခင်ရယ်။
တဖြေးဖြေး မှေးပြီး လေးလံလာတဲ့ မျက်ဝန်းတွေကို မှိတ်ချလိုက်တာနဲ့ ကျွန်တော် အိပ်ပျော်သွားတော့မှာ မဟုတ်လားဟင် သခင်။
ဒါပေမဲ့ ကျွန်တော်အရမ်းကြောက်တယ်။
ပြန်နိုးလာလို့ သခင့်ကို မတွေ့ရတော့ရင်
ဘယ်လို လုပ်မလဲ ။
ဒါ့ကြောင့် ကျွန်တော် မျက်လုံးတွေကို
မမှိတ်ရဲသေးဘူး။
ဟော... ကြည့်ပါဦး။
တအားကို ငိုကြွေးနေတဲ့ သခင့်ကို အနောက်ကနေ ဖက်ထားပြီး နှစ်သိမ့်ပေးနေတဲ့ အစ်ကိုဂျောင်ကု ။
သူ့မျက်ဝန်းထဲမှာလဲ မျက်ရည်တွေ ရွှဲနစ်လို့ ။
မငိုပါနဲ့ ကျွန်တော့်အချစ်ဆုံးတို့ရယ်။
ကျွန်တော် မကြည့်ရက်လို့ပါ။
သခင် ....
အစ်ကို ဂျောင်ကု နဲ့ အမြဲပျော်ရွှင်စွာ နေသွားရမယ်နော်။
အစ်ကို ဂျောင်ကု ....
သခင့်ကို အပ်ပါတယ်နော်။ ကျွန်တော် စိတ်ချပါရစေ။
မျက်လုံးထဲမှာ တဖြေးဖြေးချင်း ပြန်မြင်ယောင်လာမိတာ သခင်နဲ့ ကျွန်တော် စတွေ့တဲ့ သခင့်မွေးနေ့ရက်မြတ်လေး ။
အဲ့နောက် သခင်နဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြတဲ့ အချိန်လေးတွေ ။
သခင့်သူငယ်ချင်းတွေနဲ့ ပျော်ပါးခဲ့ကြတာတွေ။
နောက်တော့ အစ်ကိုဂျောင်ကုနဲ့ပါ အချစ်တွေ ဖလှယ်ခဲ့ကြတာတွေ ။
ကျွန်တော် သိပ်ပျော်ခဲ့တာပါ သခင် ။
ကျွန်တော်ဟာ သခင့်ရဲ့ "တန်နီး" ဆိုတဲ့ ခွေးလေးဖြစ် ခဲ့ရလို့ သိပ်ကံကောင်းခဲ့တာပါ။
ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး သခင်။
အား... ကျွန်တော် ဘယ်လိုမှ စိတ်တင်းထားလို့ မရတော့ဘူး။ ကျွန်တော့်မျက်လုံးတွေ အရမ်းလေးလံလာပြီ။
မျက်ခွံတွေက တအိအိနဲ့ ပြိုဆင်းလာရင်း
နောက်ဆုံးတော့ ကျွန်တော့ကမ္ဘာကြီး အမှောင်ကျသွားခဲ့ပါပြီ။
နှုတ်ဆက်ခဲ့ပါတယ် ။
"အရမ်းချစ်တယ်နော် ... သခင်"
Next part is Final ______
မရေးချင်ဆုံးသော ဒီအပိုင်းလေးကို မျက်ရည်တွေကြားထဲကပဲ ရေးလိုက်ရပါတယ် 😭
Final Episode will upload soon ✌️
Cuttiehsumindooly
💜💜💜
Zawgyi ‼️
သခင္ေပ်ာ္ေနသလို ကြၽန္ေတာ္လဲ
သိပ္ေပ်ာ္ေနခဲ့တာ
အခ်စ္ဆိုတဲ့ အရာကို ခံစားေတြ့ႀကံဳေနရလို႔ပဲ ထင္ပါတယ္။
သခင္က ကြၽန္ေတာ္ နဲ႔
အစ္ကို ေဂ်ာင္ကု ကို ခ်စ္တယ္။
ကြၽန္ေတာ္က သခင့္ကို ခ်စ္တယ္။
ေနာက္ၿပီး သခင့္ခ်စ္သမ်ွ အရာအားလံုးကို
ခ်စ္တယ္။
ဤသို႔ဤႏွယ္ ခ်စ္ေမတၲာေတြဖံုးလႊမ္းၿပီး
ေနထိုင္ရတဲ့ ဘဝႀကီးက တကယ္
ေပ်ာ္စရာေကာင္းခဲ့ပါတယ္။
••••••
သခင္ နဲ႔ အစ္ကို ေဂ်ာင္ကု က ဟိုတခါကလို ႏွစ္ေယာက္ထဲ ေတြ့ၿပီး Dating လို႔ ေခၚတဲ့ အရာကို မၾကာခဏ ျပဳလုပ္ေလ့ရိွတယ္။
မ်ားေသာအားျဖင့္ ထိုသို႔ေတြ့ဆံုတိုင္း ကြၽန္ေတာ္ပါ သခင္နဲ႔အတူ လိုက္သြားတတ္ၿပီး တခါတေလက်ရင္ေတာ့ ဘာျဖစ္လို႔လဲ မသိပါဘူး... သခင္က ကြၽန္ေတာ့္ကို အိမ္မွာပဲ ခ်န္ထားရစ္ခဲ့တယ္။
အဲ့လို တစ္ေယာက္ထဲ က်န္ခဲ့ရင္ေတာ့ ကြၽန္ေတာ္လဲ ပ်င္းပ်င္းနဲ႔ သခင့္ရဲ့ ပစၥည္းေတြ ထိုင္ကိုက္ေနလိုက္ေတာ့တာပါပဲ။
တခါကေတာ့ သခင့္ဆိုဖာေလးကို တစစီ အရသာခံၿပီး ကိုက္လိုက္မိကထဲက အဲ့ေနာက္ပိုင္း သခင့္က ကြၽန္ေတာ့္ကို အိမ္မွာ မထားခဲ့ေတာ့တာပါပဲ။
ကဲ... ခ်စ္စရာေကာင္းလြန္းတဲ့ သခင္ မဟုတ္ပါလား။
ဒါ့ေၾကာင့္လဲ ကြၽန္ေတာ္က ေနရာတကာ ပါခြင့္ရၿပီး ဟိုဒီေလ်ွာက္လိုက္ရင္းကေန ကြၽန္ေတာ့္ကို အရမ္းဂရုစိုက္ေပးတဲ့ သခင့္ခ်စ္သူ အစ္ကို ေဂ်ာင္ကု နဲ႔ ပိုမို ခ်စ္ခင္ရင္းႏွီးလာသလို
သခင့္ရဲ့ သူငယ္ခ်င္းေတျြဖစ္တဲ့
အစ္ကို ဟိုေဆာ့ ၊ အစ္ကို ဂ်ီမင္း ၊ အစ္ကို ယြန္းဂီ တို႔နဲ႔ကေတာ့ ေျပာမနာဆိုမနာ ငယ္ေပါင္းႀကီးေဖာ္ေတြလိုမ်ိဳး တေယာက္အထွာ တေယာက္ ပိုနားလည္ၿပီး တကပ္ကပ္နဲ႔ မခြာစတမ္း ကပ္လို႔ ေကာင္းခဲ့ပါေတာ့တယ္။
သို႔ေသာ္ျငား
သခင္နဲ႔အတူ ေနတဲ့အေတာအတြင္း သခင့္ဆီမွာအခုလို ေပ်ာ္စရာေတြပဲ ရိွေနမယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့မိေပမဲ့ တစံုတေယာက္ေၾကာင့္ သခင့္က စိတ္ရႈပ္စရာ ၊ စိတ္အေနွာက္အယွက္ ျဖစ္ေနတဲ့ဟန္ ရိွတယ္လို႔ ကြၽန္ေတာ္ ခံစားမိခဲ့ရခ်ိန္မွာေတာ့
ဘယ္လိုအေျခအေနပဲ ျဖစ္ျဖစ္ပါ ကြၽန္ေတာ္ကေတာ့ သခင့္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ အၿမဲအသင့္ရိွေနမွာပါ။
****
စိတ္ရႈပ္ေစတဲ့ အေၾကာင္းအရင္းက ကြၽန္ေတာ္ထင္တာ မမွားရင္ အဲ့တုန္းက သခင္က သူ႔သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားတဲ့ ေနရာကို အသြား လမ္းမွာ အဲ့လူကို ေတြ့ခဲ့ျခင္းက စမယ္ ထင္ပါတယ္။
"ထယ္ေယာင္း...
မင္းက ေတာ္ေတာ္ ရက္စက္တာပါပဲေနာ္ ... "
"ငါ မင္းကို သိပ္ခ်စ္တာ ...
ငါ့ေကာင္ေလး ျဖစ္ေပးပါလို႔ ရင္ဖြင့္ခဲ့ရဲ့သားနဲ႔
ငါ့ဘက္ကိုက် တခ်က္မွ လွည့္မၾကည့္ေပးခဲ့ပဲ...
အခုေတာ့ ဂြၽန္ေဂ်ာင္ကု နဲ႔ တြဲေနၾကၿပီဆို ဟုတ္လား"
သခင့္ေဘးကေန စကားတတြတ္တြတ္လိုက္ေျပာေနတဲ့ ထိုလူကို ဘာ့ေၾကာင့္မွန္း မသိဘဲ သေဘာမက်တဲ့ စိတ္က အလိုလို ျဖစ္တည္လာမိတာ။
သူ႔မ်က္ဝန္း အၾကည့္ေတြက တကယ္ ခက္ထန္ေနတာမို႔ ေၾကာက္ရြံ႔စရာႀကီး။
ဒါ့ေၾကာင့္လဲ မာန္ဖီရင္း "တဝုတ္ဝုတ္" နဲ႔ ထိုးေဟာင္ လိုက္ေတာ့ ကြၽန္ေတာ့္ကို ေပြ့ခ်ီၿပီး လမ္းေလ်ွာက္ေနတဲ့ သခင္က ကြၽန္ေတာ့္နားရြက္ေလးကို သူ႔လက္ေလးနဲ႔ အသာပြတ္သပ္ရင္း မေဟာင္ဖို႔ ဟန္႔တားတယ္။
အဲ့ေနာက္ သခင္က ထိုလူကို မၾကည့္ပဲ ေရ႔ွကိုသာ
တည့္တည့္ၾကည့္ၿပီး စကားတခြန္းေျပာလိုက္တယ္။
"ခင္ဗ်ားအခ်စ္ကို လက္မခံႏိုင္ခဲ့တဲ့အတြက္
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ...
ကြၽန္ေတာ္လဲ ကြၽန္ေတာ္တကယ္ ခ်စ္တဲ့ သူကိုပဲ ေရြးခ်ယ္ၿပီး ခ်စ္ေနပါရေစ..."
သခင္က ဘာေျပာလိုက္တယ္ မသိ ၊ ရုတ္တရက္ ပိုတင္းမာသြားတဲ့ မ်က္ႏွာနဲ႔ ထိုလူက သခင့္ ကိုယ္လံုးကို ဆြဲၿပီး သူ႔ဘက္လွည့္ကာ
"မရဘူး... ကင္ထယ္ေယာင္း
ငါမင္းကို လက္လႊတ္ေပးမွာ မဟုတ္ဘူး ၊
မင္းက ငါ့အပိုင္ပဲ ျဖစ္ေစရမယ္
အဲ့ဒါကို မင္းၿမဲျမဲမွတ္ထား"
သခင္ကေတာ့ မထင္မွတ္ထားတဲ့အရာကို သိျမင္လိုက္ရတာမို႔ ဘာစကားမွ ထြက္မလာေတာ့ဘဲ
မွင္သက္မိသြားတဲ့ ပံုေလးနဲ႔။
ကြၽန္ေတာ္ကေတာ့ သခင့္ကို ၾကမ္းၾကမ္းတမ္းတမ္း လာလုပ္တဲ့ ထိုသူကို ဘယ္လိုမွ ၾကည့္လို႔မရေတာ့တာနဲ႔ သခင့္ပုခံုးကို ကိုင္ထားတဲ့ သူ႔လက္က ကြၽန္ေတာ့ ပါးစပ္နားေရာက္ေနတာဆိုေတာ့ အကိုက္ျဖစ္သြားတာမို႔ ထိုသူ႔လက္ကို လွမ္းဆြဲၿပီး ကိုက္ပစ္လိုက္တယ္။
"အာ့"
ခပ္စူးစူးထြက္လာတဲ့ သူ႔အသံက ေသြးေတာင္မထြက္ေသးတဲ့ မျဖစ္စေလာက္ ကိုက္ရာေလးနဲ႔မွ မလိုက္မဖက္ က်ယ္က်ယ္ေလာင္ေလာင္။
ကြၽန္ေတာ့္အေပၚ သူ႔အၾကည့္ေတြကလဲ မုန္းတီးေနမွန္း အသိအသာ။ မၾကည္ၾကည့္ႀကီးနဲ႔။
အဲ့လိုမွန္းသိ ကြၽန္ေတာ္ ဒီထက္ ပိုၿပီး အားနဲ႔ ဆြဲကိုက္ပစ္လိုက္ပါတယ္။ အျမင္ကပ္လိုက္တာ။
"ေဟာ... ေယာင္းေလး .. ေရာက္လာၿပီလား
ငါတို႔ မင္းကို ေစာင့္ေနၾကတာ"
အခန္းတစ္ခုထဲက ထြက္လာတဲ့ အစ္ကို ဟိုေဆာ့က သခင့္ကို ျမင္ျမင္ခ်င္း ေပ်ာ္ရႊင္သြားတဲ့ပံုစံေလးနဲ႔ ေျပာရင္း ကြၽန္ေတာ္တို႔ရိွရာဆီ လွမ္းလာတယ္။
"ထယ္ေယာင္း ကိုယ္ေျပာတာ မေမ့ပါနဲ႔"
ခပ္တည္တည္ရုပ္ႀကီးနဲ႔ ေျပာၿပီး လွည့္ထြက္သြားတဲ့ ထိုသူ။
ျဖစ္ႏိုင္ရင္ သူ႔ေနာက္ကို ကြၽန္ေတာ္ေျပးလိုက္ၿပီး ထပ္ကိုက္လိုက္ခ်င္မိသား ။
သခင္က ကြၽန္ေတာ့္ကို ခပ္တင္းတင္း ေပြ့ဖက္ထားလို႔သာ ။ မဟုတ္ရင္ ကြၽန္ေတာ္ ကိုက္လိုက္လို႔ ထိုလူရဲ့ ေျခသလံုး ပုတ္ၿပီသာမွတ္။
"စီနီယာ ခြၽဲအြန္ဝူးက ဘာေတြေျပာသြားတာလဲ ေယာင္းေလး ?
ဘာလဲ ... မင္းကို ထပ္ၿပီးေနွာက္ယွက္ေနတုန္းပဲလား?"
"ဘာမွမဟုတ္ပါဘူး .. ထားလိုက္ပါ သူ႔ကို..
လာ... သြားရေအာင္ က်န္တဲ့သူေတြေရာ
ေရာက္ေနၿပီလား"
အစ္ကို ဟိုေဆာ့က စိုးရိမ္တဲ့ပံုနဲ႔ ေမးေနေပမဲ့ သခင္က ဘာမွမျဖစ္သလို ေပါ့ေပါ့ပါးပါး ပံုေလးနဲ႔ပဲ ေျဖရင္း အခန္းထဲကို ဝင္သြားတာ ၊ ဘာ့ေၾကာင့္ သခင္အခုလို ဟန္ေဆာင္လိုက္ရတယ္ဆိုတာကို ကြၽန္ေတာ္ နားမလည္ပါဘူး ။
ေသခ်ာတာကေတာ့ သခင္ ထိုလူ႔ေၾကာင့္ စိတ္ရႈပ္သြားမွန္း ကြၽန္ေတာ္ သိပါတယ္။
သခင္ မေပ်ာ္ရင္
ကြၽန္ေတာ္လဲ မေပ်ာ္ဘူး သခင္ ။
****
အဲ့ေနာက္ေတာ့ ကြၽန္ေတာ္ သတိထားမိသေလာက္ ထိုလူက သခင့္ေနာက္ ခဏခဏ လိုက္ေခ်ာင္းေနတာမ်ိဳး ေတြ့မိတယ္။
အဲ့လူဆီက ရတဲ့အနံ႔ကို ကြၽန္ေတာ္စြဲမွတ္ထားတာမို႔ ခပ္လွမ္းလွမ္းက ထိုအနံ႔မ်ိဳး ထြက္လာတိုင္း ကြၽန္ေတာ္ လိုက္ရွာမိေတာ့တာပါပဲ။
ကြၽန္ေတာ္က သခင္နဲ႔ ေက်ာင္းပိတ္ရက္ေလာက္ပဲ အတူတူ အျပင္ထြက္ျဖစ္တာမို႔ ထိုေန့မ်ိဳးမွာ အႏွီလူသားက သခင့္ေနာက္လိုက္ေနၿပီဆို ကြၽန္ေတာ္ တန္းသိၿပီ ။
အထူးသျဖင့္ သခင္သြားေနက် Music Class ၊ ေက်ာင္းေဘာလံုးကြင္း ၊ ကမ္းနားလမ္းက ခံုတန္းေလး အစရိွတဲ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မလွမ္းမကမ္းအေနအထားနဲ႔ ခိုးေၾကာင္ခိုးဝွက္ လိုက္ေနတဲ့ ထိုသူကို ကြၽန္ေတာ္ ေတြ့မိစၿမဲပါ။
သခင္ေရာ မသိေလဘူးလား ။
စိတ္ပူတယ္ သခင္။
ကြၽန္ေတာ္ စိတ္ပူေနသလို သခင့္သူငယ္ခ်င္းေတြပါ စိတ္ပူေနၾကတယ္ဆိုတာကို မၾကာခင္မွာပဲ သူတို႔ေျပာစကားကို ကြၽန္ေတာ္ နားစြန္နားဖ်ား ၾကားရင္းကေန သိလိုက္မိတယ္။
"ေယာင္းေလး ...စီနီယာအြန္ဝူးကို ျငင္းလိုက္ၿပီးေနာက္ သူ ဘာေတြ လုပ္ေသးလဲ ?
မင္း အဆင္ေရာ ေျပရဲ့လား ?
Sanbae က တဇြတ္ထိုး တေဇာက္ကန္း သမား ..
သူလိုခ်င္တာကို မရရေအာင္ ယူတတ္တယ္တဲ့ ။
ေနာက္ၿပီး ငါ ၾကားတာေတာ့ (ေဆးေတြ ခိုးသံုးၿပီး ေဆးစြဲေနတယ္ ဆိုလားပဲ) အပုပ္နံ႔ကေတာ့ ထြက္ေနတာေနာ္
မင္း သတိေတာ့ထား"
ကြၽန္ေတာ္ ၾကားမိသေလာက္ သခင္တို႔ စကားဝိုင္းတိုင္းမွာ ၄ ပံု ၁ ပံုေလာက္က ထိုလူ႔အေၾကာင္းေတြခ်ည္းပဲ ။ ေကာင္းသတင္းေတာ့ ျဖစ္ဟန္မတူ ။
ေဘးကင္းပါေစေနာ္ သခင္ ။
*****
ဒါေပမဲ့ တကယ္တန္း ထိုသူရဲ့ အဆံုးစြန္
ေနွာက္ယွက္ျခင္းကို သခင္ႀကံဳေတြ့ခဲ့ရခ်ိန္မွာေတာ့
အဲ့ေန့ကို ကြၽန္ေတာ္ မုန္းလိုက္တာ သခင္ရာ ။
ညေနခင္း သခင္ ေက်ာင္းက ျပန္လာၿပီးေနာက္ ကြၽန္ေတာ္နဲ႔ ၿခံထဲမွာေတာင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားခဲ့ၾကေသးတယ္။
ေမွာင္ရီမပ်ိဳးတပ်ိဳး အခ်ိန္ေလာက္မွာပဲ အစ္ကို ေဂ်ာင္ကုက သခင့္ထံ ဖုန္းဆက္လာပံုရတယ္။
လမ္းထိပ္က မုန္႔ဆိုင္မွာ ေရာက္ေနတာမို႔ သခင့္ကို ထြက္လာဖို႔ ေျပာပံုရပါတယ္ ။
သခင္လဲ ဝမ္းသာအားရနဲ႔ပဲ အလ်င္စလို ထြက္သြားတယ္။
ခဏတျဖဳတ္မို႔ ထင္ပါတယ္ ကြၽန္ေတာ့္ကိုေတာင္
မေခၚပဲ ထြက္သြားတယ္ေလ။
ထားပါေတာ့... တခါတေလေတာ့လဲ ကြၽန္ေတာ္မပါပဲ ႏွစ္ေယာက္ထဲ ေတြ့ခ်င္မွာေပါ့ေလ။ အိမ္ထဲကေနပဲ သခင္ျပန္အလာကို ေစာင့္ေနပါေတာ့မယ္။
အခ်ိန္ေတြ တေရြ့ေရြ့ကုန္ဆံုးၿပီးေနာက္
အိမ္ေရ႔ွထံမွ သခင့္ အသံကို ၾကားမိလိုက္ၿပီး သခင့္ရဲ့ အေမႊးနံ႔ေလးကို ရလိုက္သလို ရိွတာမို႔ သခင့္ကို ႀကိဳဖို႔ ၿခံထဲေျပးဆင္းကာ အိမ္တံခါးဝင္ေပါက္ဆီ အျမန္ေျပးထြက္လာခဲ့မိတယ္။
ၿခံတံခါးက ေသာ့ခတ္ထားျခင္းမရိွပဲ ခပ္ေျပျပေလး ပြင့္ေနသည္မို႔ ထိုတံခါးမွ အျပင္သို႔ တိုးထြက္လိုက္မိတယ္။ ၾကည့္ရတာ သခင္ တံခါးဖြင့္ထားတာပဲ ျဖစ္မယ္။
သို႔ေပမဲ့ အိမ္ေရ႔ွေရာက္လာသည့္တိုင္ သခင့္ကို မေတြ့မိ။ ဘာ့ေၾကာင့္ပါလိမ့္ ။
သခင့္အသံ နဲ႔ အနံ႔ကို ရလို႔ ကြၽန္ေတာ္ အိမ္ျပင္ထြက္လာခဲ့တာေလ၊ အခုက် သခင္က ဘယ္ေရာက္သြားပါလိမ့္ ။
သခင့္ကို ေတြ့မဲ့အစား ေျမေပၚမွာ က်ေနတဲ့ မုန္႔ထုပ္ႀကီးကိုပဲ ေတြ့မိတယ္။ သခင္ က်ေနခဲ့တာလား။
ထိုစဉ္မွာပဲ ရမိတဲ့ အနံ႔တစ္ခု ... ဒါ ဟိုလူ အနံ႔၊
သူက ဒီအနီးဝန္းက်င္မွာပဲ ရိွေနေလသလား။
ဒါ့ေၾကာင့္ အိမ္ေရ႔ွမွ ခြာကာ ထိုအနံ႔ရတဲ့ေနရာဆီ မွန္းဆၿပီး အျမန္ေျပးသြားၾကည့္ရင္းကေန အေမွာင္ရိပ္ပိုက်ရာ လမ္းခ်ိဳးအေကြ့ေဒါင့္တစ္ေနရာ အေရာက္မွာေတာ့ ေတြ့လိုက္ရေလသည္က ....။
*****
"ထယ္ေယာင္း ... မင္းနဲ႔ ဂြၽန္ေဂ်ာင္ကု ကို တြဲၿပီး
ငါမေတြ့ခ်င္ပါဘူးလို႔ ေျပာထားရက္နဲ႔ ..
ဟမ္... ငါ့ရင္ကို အစိမ္းလိုက္ခြဲေနတာလား
ေျပာစမ္း... မင္း... ေျပာစမ္းပါ"
"မင္းကို ငါ့အပိုင္ ျဖစ္ေစရမယ္လို႔ ငါေျပာၿပီးသားေနာ္... မင္းက ငါ့စကားကို အေလးမထားတာလား
ဟင္... ကင္ထယ္ေယာင္း"
သခင့္လက္ေတြအား ေနာက္ျပန္ဖမ္းခ်ဳပ္ႀကိဳးတုပ္ထားၿပီး အုတ္နံရံသို႔ ကပ္ထားကာ အေနာက္မွေန၍ သခင့္ရဲ့ လည္ပင္းသားတေလ်ွာက္ အတင္းနမ္းရႈံ႔ေနေသာ ထိုလူ႔ပံုစံက ဘီလူးသရဲဝင္စီးေနသလို။
ကြၽန္ေတာ္က သခင့္ကို ခ်စ္ျမတ္ႏိုး၍ သခင့္မ်က္ႏွာ ႏွင့္ လက္ကေလးေတြအား ႏူးညံ့စြာပင္ အသာယက္ခဲ့ဖူးသည္။ ထို႔အတူ အစ္ကို ေဂ်ာင္ကုကလဲ သခင့္ႏႈတ္ခမ္းနားတဝိုက္အား ညင္သာစြာ ယက္ခဲ့ဖူးေလ၏။
ထိုလူပံုစံမွာကား ထိုသို႔မဟုတ္။ အၾကမ္းပတမ္းျဖင့္ အတင္းျပဳမူေနေလတယ္။ သခင္ကလဲ အလိုတူဟန္မရိွ။ အတင္းရုန္းဖယ္ဟန္ရိွတဲ့ သခင့္ပံုစံက သိသာေနတယ္ မဟုတ္လား။
သခင့္ပါးစပ္အား အဝတ္စျဖင့္ စို႔ထားေလသည္မို႔သာ ေအာ္သံ ထြက္မလာတာ ျဖစ္မည္။
ဒါ့ေၾကာင့္ အႏၲာရယ္က်ေရာက္ေနတာ ေသခ်ာေလေသာ ကြၽန္ေတာ့္သခင္ကို ကူညီႏိုင္ဖို႔ရာ ထိုေနရာသို႔ တဟုန္ထိုးျဖင့္ ကြၽန္ေတာ္ ေျပးခဲ့မိေတာ့သည္။
တန္နီး လာၿပီ သခင္ .... ။
စိတ္တိုတိုျဖင့္ အႏွီလူသားဆီ အေျပးသြားၿပီး ပါးစပ္လွမ္းမီရာ သူ႔ေျခေထာက္အား အားနဲ႔မာန္နဲ႔ အပီအျပင္ ကိုက္ခဲထားလိုက္မိေတာ့ "အား" ကနဲ ေအာ္သံနဲ႔ အတူ ထိုလူမွာ ထြန္႔ထြန္႔လူးသြားတယ္။
သခင့္ကို လႊတ္စမ္း ...။
"ဟာ... ဒီေခြးစုတ္.. ေရာက္လာျပန္ၿပီ ...
ငါ့ကို လိုက္ေနွာက္ယွက္ေနတာမ်ားၿပီ ...
ဒီတခါေတာ့ ဒင္းေသမွေအးမယ္ ေသစမ္းကြာ"
ကြၽန္ေတာ့္ သခင္ကို နာက်င္ေအာင္ လုပ္ေနတဲ့
ထိုလူႀကီး ။ သူ႔ေျခေထာက္ကိုသာ အတင္းတြယ္ၿပီး ကိုက္ခဲထားတာမို႔ က်န္တာ အာရံုမရိွမိ ။ အဓိကက ထိုလူႀကီးမွ သခင့္ကို နာက်င္ေအာင္ ထပ္မလုပ္ေစႏိုင္ဖို႔သာ ကြၽန္ေတာ္ ရည္ရြယ္ခဲ့တာ။
အဲ့အခ်ိန္မွာပဲ သူ႔ေဘာင္းဘီအိတ္ကပ္ထဲမွ ထုတ္ယူလိုက္တဲ့ အရာတစ္ခု ။ လက္ခနဲ အေရာင္လက္သြားသလို ထင္လိုက္ၿပီးေနာက္မွာေတာ့ ထိုပစၥည္းကို သံုးၿပီး ကြၽန္ေတာ့္ ခႏၶာေပၚသို႔ ေရာက္လာေသာ ထိုးသြင္းခ်က္ေတြ။ အခ်က္ေပါင္းမ်ားစြာ မေရမတြက္ႏိုင္ေအာင္။
နာတယ္... အရမ္းနာတာပဲ။
မ်က္လံုးေလးအဝိုင္းသားနဲ႔ ေရွာ့ရသြားပံုရတဲ့ သခင္က တခဏမ်ွေတာ့ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိျဖစ္သြားတဲ့ပံုစံေလး။
ၿပီးေနာက္မွ အသိဝင္လာၿပီး ထိုလူ႔ကို သခင္ေျခေထာက္ေတြနဲ႔ လွမ္းကန္ဖို႔ ႀကိဳးစားေလေတာ့တယ္။
ပါးစပ္ကိုလဲ အဝတ္ျဖင့္စို႔ခံထားရၿပီး လက္ေတြကိုလဲ ေနာက္ျပန္အေနအထားျဖင့္ ႀကိဳးတုပ္ခံထားရသည္မို႔ သခင္အသံုးျပဳႏိုင္သည္မွာ ေျခေထာက္ပဲရိွေလသည္။ ဒါ့ေၾကာင့္လဲ ေျခေထာက္ေတြနဲ႔ တတ္ႏိုင္သမ်ွ လွမ္းၿပီးကန္ေနခဲ့တာ။
ဒါေပမဲ့ ကြၽန္ေတာ့္အေပၚ ထိုသူရဲ့ ထိုးႏွက္ခ်က္ေတြကေတာ့ ရပ္တန္႔သြားျခင္း မရိွခဲ့ေသးေပ။
နာလိုက္တာ သခင္ရာ ။ ကြၽန္ေတာ္ အရမ္း နာက်င္ေနၿပီ။
******
"တန္နီး ..........."
ကြၽန္ေတာ့္နာမည္ကို စိုးရိမ္တႀကီးနဲ႔ တနင့္တႏွီး ေအာ္ေခၚလိုက္တဲ့ အသံတစ္ခု။
ဒါ ... ဒါ အစ္ကို ေဂ်ာင္ကု အသံေလး မလား။
အစ္ကို မျပန္ေသးဘဲ သခင့္ေနာက္ လိုက္လာတာလား ။
ေဒါသတႀကီးနဲ႔ ဝုန္းကနဲ ထိုသူအား အေျပးခုန္အုပ္လိုက္ေလတဲ့ အစ္ကို ေဂ်ာင္ကု ၊ ေနာက္ေတာ့ အစ္ကိုေဂ်ာင္ကုရဲ့ ျပင္းထန္လွတဲ့ လက္သီးခ်က္ေတြဟာ ထိုလူ႔မ်က္ႏွာဆီသို႔ တဟုန္ထိုးျဖင့္ ။ တေျဖးေျဖးနဲ႔ နာက်င္စြာ လဲက်သြားေလၿပီ ျဖစ္တဲ့ ထိုလူ႔ပံုရိပ္။
ခ်ည္ေနွာင္ထားတဲ့ လက္က ႀကိဳးေတြကို အတင္းအားထုတ္ၿပီးဆြဲျဖည္ရင္း ေျပေလ်ာ့သြားပံုရတဲ့ ကြၽန္ေတာ့္သခင္ကေတာ့ ႀကိဳးေတြကို ျဖည္ခ်ၿပီး ပါးစပ္ထဲက အဝတ္ကိုလဲ ဆြဲထုတ္ၿပီးေနာက္
ၿပိဳးၿပိဳးေပါက္ေပါက္က်ေနတဲ့ မ်က္ရည္ေတြနဲ႔အတူ "တန္နီး ... တန္နီး " တေၾကာ္ေၾကာ္ေအာ္ေခၚကာ ကြၽန္ေတာ့္ ကိုယ္လံုးေလးကို အတင္းေပြ့ဖက္ထားေလေတာ့တယ္။
ကြၽန္ေတာ့္ခႏၶာကိုယ္ထဲက ထြက္က်ေနတဲ့ ေသြးေတြက သခင့္ဆီ ေပက်ံကုန္ပါဦးမယ္ သခင္ရယ္။
"ကိုကို႔ ကေလးေလး... ကိုကို႔ ကို ခြဲမသြားရဘူးေနာ္...တန္နီးရာ့... မေသရဘူးေနာ္ မေသရဘူး"
ေအာ္ဟစ္ငိုေႂကြးေနတဲ့ သခင့္အသံေလး ။
ကြၽန္ေတာ္ ဘယ္လိုလုပ္ၿပီး သခင့္ကို ခြဲရက္မွာလဲ သခင္ရယ္။ ကြၽန္ေတာ္ သိပ္ခ်စ္တဲ့ သခင့္ကိုေလ ။
ဒါေပမဲ့ ကြၽန္ေတာ္ အရမ္း ပင္ပန္းေနၿပီ ။
တစ္ကိုယ္လံုးကလဲ နာက်င္ေနတာ အရမ္းပဲ ။
ကြၽန္ေတာ္ အိပ္စက္ အနားယူခ်င္ေနၿပီ သခင္ရယ္။
တေျဖးေျဖး ေမွးၿပီး ေလးလံလာတဲ့ မ်က္ဝန္းေတြကို မိွတ္ခ်လိုက္တာနဲ႔ ကြၽန္ေတာ္ အိပ္ေပ်ာ္သြားေတာ့မွာ မဟုတ္လားဟင္ သခင္။
ဒါေပမဲ့ ကြၽန္ေတာ္အရမ္းေၾကာက္တယ္။
ျပန္ႏိုးလာလို႔ သခင့္ကို မေတြ့ရေတာ့ရင္
ဘယ္လို လုပ္မလဲ ။
ဒါ့ေၾကာင့္ ကြၽန္ေတာ္ မ်က္လံုးေတြကို
မမိွတ္ရဲေသးဘူး။
ေဟာ... ၾကည့္ပါဦး။
တအားကို ငိုေႂကြးေနတဲ့ သခင့္ကို အေနာက္ကေန ဖက္ထားၿပီး ႏွစ္သိမ့္ေပးေနတဲ့ အစ္ကိုေဂ်ာင္ကု ။
သူ႔မ်က္ဝန္းထဲမွာလဲ မ်က္ရည္ေတြ ရႊဲနစ္လို႔ ။
မငိုပါနဲ႔ ကြၽန္ေတာ့္အခ်စ္ဆံုးတို႔ရယ္။
ကြၽန္ေတာ္ မၾကည့္ရက္လို႔ပါ။
သခင္ ....
အစ္ကို ေဂ်ာင္ကု နဲ႔ အၿမဲေပ်ာ္ရႊင္စြာ ေနသြားရမယ္ေနာ္။
အစ္ကို ေဂ်ာင္ကု ....
သခင့္ကို အပ္ပါတယ္ေနာ္။ ကြၽန္ေတာ္ စိတ္ခ်ပါရေစ။
မ်က္လံုးထဲမွာ တေျဖးေျဖးခ်င္း ျပန္ျမင္ေယာင္လာမိတာ သခင္နဲ႔ ကြၽန္ေတာ္ စေတြ့တဲ့ သခင့္ေမြးေန့ရက္ျမတ္ေလး ။
အဲ့ေနာက္ သခင္နဲ႔အတူ ေပ်ာ္ရႊင္စြာ ေဆာ့ကစားခဲ့ၾကတဲ့ အခ်ိန္ေလးေတြ ။
သခင့္သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးခဲ့ၾကတာေတြ။
ေနာက္ေတာ့ အစ္ကိုေဂ်ာင္ကုနဲ႔ပါ အခ်စ္ေတြ ဖလွယ္ခဲ့ၾကတာေတြ ။
ကြၽန္ေတာ္ သိပ္ေပ်ာ္ခဲ့တာပါ သခင္ ။
ကြၽန္ေတာ္ဟာ သခင့္ရဲ့ "တန္နီး" ဆိုတဲ့ ေခြးေလးျဖစ္ ခဲ့ရလို႔ သိပ္ကံေကာင္းခဲ့တာပါ။
ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး သခင္။
အား... ကြၽန္ေတာ္ ဘယ္လိုမွ စိတ္တင္းထားလို႔ မရေတာ့ဘူး။ ကြၽန္ေတာ့္မ်က္လံုးေတြ အရမ္းေလးလံလာၿပီ။
မ်က္ခြံေတြက တအိအိနဲ႔ ၿပိဳဆင္းလာရင္း
ေနာက္ဆံုးေတာ့ ကြၽန္ေတာ့ကမ႓ာႀကီး အေမွာင္က်သြားခဲ့ပါၿပီ။
ႏႈတ္ဆက္ခဲ့ပါတယ္ ။
"အရမ္းခ်စ္တယ္ေနာ္ ... သခင္"
Next part is Final ______
မေရးခ်င္ဆံုးေသာ ဒီအပိုင္းေလးကို မ်က္ရည္ေတြၾကားထဲကပဲ ေရးလိုက္ရပါတယ္ 😭
Final Episode will upload soon ✌️
Cuttiehsumindooly