တရုတ်ဆရာဝန်အိုကြီးတွေကို emoj...
Von LuciousKim
133K 27.7K 1.9K
Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါလေးကပေါ့ပေ... Mehr
Description
Chapter (1.2)
Chapter (2.1)
Chapter (2.2)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter (4.2)
Chapter (4.3)
Chapter (5.1)
Chapter (5.2)
Chapter (6.1)
Chapter (6.2)
Chapter (7.1)
Chapter (7.2)
Chapter (8.1)
Chapter (8.2)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (11)(Final)
extra
Chapter (1.1)
10.3K 1.5K 175
Von LuciousKim
Zawgyi
(1)
ဒီကမ္ဘာပေါ်မှာ ကြင်နာမှုကိုထုတ်ပြတတ်တဲ့လူတွေအများကြီးရှိပေမယ့်လည်း ငါ့ရဲ့မိသားစုလိုမျိုး အေးဆေးတည်ငြိမ်ပြီး သည်းခံနိုင်စွမ်းရှိတဲ့ လူတွေကိုတော့ ငါတစ်ယောက်မှမမြင်ဖူးခဲ့ဘူး ။
(2)
***
Unicode
(1)
ဒီကမာ္ဘပေါ်မှာ ကြင်နာမှုကိုထုတ်ပြတတ်တဲ့လူတွေအများကြီးရှိပေမယ့်လည်း ငါ့ရဲ့မိသားစုလိုမျိုး အေးဆေးတည်ငြိမ်ပြီး သည်းခံနိုင်စွမ်းရှိတဲ့ လူတွေကိုတော့ ငါတစ်ယောက်မှမမြင်ဖူးခဲ့ဘူး ။
ငါ့အမေသာ အဲဒီစကားကိုကြားခဲ့မယ်ဆိုရင်တော့ သူမရဲ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်ယင်လာပြီး မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျဆင်းလာလိမ့်မယ်။ ငါ့အဖေကတော့ မျက်လုံးတွေနီရဲလာပြီး ငါးကန်ရဲ့ထာင့်စွန်းလေးမှာသွားထိုင်နေပြီး ငါးလေးတွေ သွားလာလှုပ်ရှားနေတာကို ကြည့်နေလိမ့်မယ်။
သူက ဟိုစမ်းဒီစမ်းလုပ်ပြီး စီးကရက်ကိုထုတ်လိုက်လိမ့်မယ်။ အဲဒီစီးကရက်ကို နှုတ်ခမ်းပါ်မှာတင်ပြီး မီးညှိဖို့လုပ်နေတုန်းမှာ ငါ့အမေရဲ့စကားကိုကြားရလိမ့်မယ်။
"ဘယ်သူကများ ရှင့်ကို အိမ်ထဲမှာဆေးလိပ်သောက်ဖို့ခွင့်ပြုထားလို့တုန်း ? ရှင်က ငါးတွေကိုရေထဲမှာနေရင်း ဒုက္ခရောက်သွားစေချင်တာလား 1 ? "
ငါ့ရဲ့အဖေက ခဏလောက်တိတ်ဆိတ်သွားပြီး စီးကရက်ကို ဘူးထဲသို့ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်ထည့်လိုက်လိမ့်မယ်။
ဒါဆိုရင် ငါ့အမေက ငါ့ဘက်ကိုဆက်ပြီးလှည့်လာပြီး သူမရဲ့ခေါင်းကိုဖိကိုင်ကာ နောင်တရနေတဲ့လေသံမျိုးနဲ့ပြောလာလိမ့်မယ်။
"ဒါတွေကငါတို့ရဲ့အမှားကြောင့်ပဲ .. ငါတို့ရဲ့အမှားကြောင့်ခုလိုတွေဖြစ်လာရတာ "
ငါက အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်ဖြစ်နေတာကြောင့် အဲလိုမျိုး အနီးပတ်ဝန်းကျင်ကလူတွေကိုဂရုမစိုက်ပဲ အော်ပြောတတ်တဲ့ပုံစံကို သဘောမကျပေမယ့်လည်း သူတို့ကို ငြင်းဆန်နိုင်ခြင်းတော့ မရှိလေဘူး။ ငါ့ရဲ့မိဘတွေက အသက်အရွယ်အားဖြင့် အိုမင်းနေပြီဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ခံစားချက်လိုအပ်မှုတွေကို ငါအာရုံစိုက်ပေးရလိမ့်မယ် ။
ငါ့မျော်လင့်ချက်နဲ့ဆန့်ကျင်စွာပဲ ငါ့အမေက မျက်ရည်တွေကိုသုတ်ပြီးတဲ့နောက်မှာ ငါ့မှာ စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိနေတာလားဆိုပြီးမေးလာခဲ့တယ်။ နောက်ပြီး ငါ့အနေနဲ့ ဘာမှထိတ်လန့်နေစရာမလိုကြောင်း ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူတို့က ငါ့ကိုအားပေးထောက်ခံနေမှာဖြစ်ကြောင်းကို အဆုံးမရှိပြောလာပြန်တယ်။
ဒါကဘာကြောင့်လဲဆိုတော့ ငါငယ်ငယ်လေးတုန်းက ကိုယ်ထိလက်ရောက် စော်ကားခံရဖူးတယ်။ ငါ တံခါးပေါက်ဝဆီကို ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် ဘေးဘက်အခန်းမှာငှားရမ်းနေထိုင်ခဲ့တဲ့ ကောလိပ်ကျောင်းသူက အိမ်ထဲကိုအတင်းဆွဲခေါ်သွားပြီး လူတွေမသိလိုက်ခင် ပါးစပ်နဲ့ဆက်ပြီးလုပ်ခိုင်းခဲ့တယ်။
အဲဒီကိစ္စကြောင့်ပဲ ငါ့မိဘတွေကအမြဲတမ်း အပြစ်မကင်းသလိုခံစားနေရပြီး သားဖြစ်သူကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲတဲ့အတွက် သူတို့ကိုသူတို့အပြစ်တင်ခဲ့ကြတယ် ။ သူတို့က ငါ့ကိုအမြဲတမ်းအလိုလိုက်ခဲ့ကာ သူတို့ကိုသူတို့ပဲအပြစ်တင်ခဲ့ကြတယ်။ နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ ထိုအပြုအမူတွေက အလေ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ငါ့မိဘတွေရဲ့အပြစ်လို့တစ်ခါမှမတွေးတောခဲ့ဖူးဘူး ။ အဲဒီကောလိပ်ကျောင်းသူက ကြင်နာတတ်တဲ့ပုံပေါက်ကာ နူးညံ့ပြီး အရှက်အကြောက်ကြီးမားတဲ့ပုံစံမျိုးဖြစ်ပြီး ရက်စက်ကြမ်းတမ်းတဲ့ပုံစံမျိုးမဟုတ်ဘူးလေ။ ဘယ်သူကများ သူမက ကလေးတွေအပေါ်မှာ လိင်စိတ်ဆန္ဒရှိတဲ့သူမှန်းကြိုသိနိုင်မှာတဲ့လဲ ။
အဲဒီအချိန်တုန်းက ဘာတွေဖြစ်သွားခဲ့လဲဆိုတာ ငါနားမလည်ခဲ့ဘူး ။ နောက်ပြီးဘာတွေဖြစ်သွားခဲ့လဲဆိုတာကိုလည်း တိတိကျကျမမှတ်မိတော့ဘူး။ ငါမှတ်မိတဲ့တစ်ခုတည်းသော အရာကတော့ သူမက ငါ့ရဲ့မိဘတွေကိုပြန်မပြောဖို့ခြိမ်းခြော်ခဲ့တဲ့အချိန်တုန်းက အရမ်းကိုကြောက်စရာကောင်းတယ်ဆိုတာပဲ။ ငါအရွယ်ရောက်လာတဲ့အချိန်မှတော့ အဲဒီဖြစ်ရပ်က မိန်းကလေးတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဟန့်အတားဖြစ်လာခဲ့ပြီး သဘာဝကျစွာနဲ့ပဲ ငါဟာ homo တစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့တယ် 2.
ငါကောလိပ်ကိုရောက်တဲ့အချိန်မှာတော့ အဲဒီစိတ်မချမ်းသာစရာသတင်းဆိုးကို ငါ့မိဘတွေဆီမှာ ဝန်ခံဖို့ရွေးချယ်လိုက်တယ်။ သူတို့က ရိုက်နှက်ဆုံးမတာတွေပြုလုပ်မယ့်အစား သူတို့ကိုသူတို့ပဲ မရေမတွက်နိုင်လောက်အောင် အပြစ်တင်ခဲ့ကြတယ်။ ငါအတွက် သူတို့ကို အာပေါက်နေအာင်နှစ်သိမ့်ပေးရတာကကိစ္စမရှိပေမယ့် အဲဒါက အသုံးမဝင်ခဲ့ဘူး။
ထိတ်လန့်တုန်လှုပ်မှုနဲ့ မိမိကိုယ်ကိုအပြစ်တင်စိတ်တွေကြောင့် ငါ့မိဘတွေရဲ့ အသည်းနှလုံးတွေကွဲကြေခံစားရမှာကို စိုးရိမ်မိတာကြောင့် နောက်ထပ်သတင်းဆိုးတစ်ခုကို ထပ်မပြောမိအောင် ပါးစပ်ထဲကိုအတွင်းအကျပ်ပြန်လည်မြိုချလိုက်ရတယ်။
ငါ့မှာ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒလဲပဲ ကင်းမဲ့နေသေးတယ် ! 3
(2)
လူအများက လိင်စိတ်ဆန္ဒ ကင်းမဲ့နေခြင်းနဲ့ ပတ်သက်ပြီး အထင်လွဲနေကြတယ်။
ငါတကယ်ကြီးကို အဲဒီနေရာက မထောင်နိုင်တာမျိုးမဟုတ်ဘူး !
ငါ့ရဲ့လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာလဲ အတားအဆီးတွေရှိမနေပါဘူေးနာ်။  ငါမနက်နိုးလာတဲ့အချိန်တွေမှာဆို အဲဒီနေရာကလည်း နိုးထနေပြီးတော့ gay film တွေကြည့်ပြီးတော့လဲ တစ်ကိုယ်ရည်ဖြေဖျောက်တာမျိုးလုပ်နိုင်သေးတယ်။
ဟင်း... ငါက လူတွေနဲ့ ဆက်ဆံချင်စိတ် မရှိရုံလေးပါပဲ။ (T/N လူတွေနဲ့ အိပ်ချင်စိတ်မရှိတာကွာ )
ငါ အဲလိုမျိုးပဲမလုပ်ချင်တာပါနော် ,အိုခေ ?
မင်းတို့က ဘာလို့ 'why' ဆိုပြီးလာမေးနေကြတာလဲ ?
ဒါက မင်းတို့ရဲ့သောက်လုပ်မဟုတ်ဘူးနော် ။
ငါကောလိပ်ကိုရောက်တော့ ဂျူနီယာလေးတစ်ယောက်နဲ့တွဲလိုက်သေးတယ်။ ကျောင်းဖိုရမ်ရဲ့ မျက်နှာပြင်ပေါ်မှာဆိုရင် ကမာ္ဘကြီးတုန်လှုပ်မတတ် ရေးသားဖော်ပြပြီး မှတ်ယူထားကြတာကတော့  " ကျောင်းလူဆိုး Gong x အနေအေးပြီး ရည်မွန်တဲ့ Shou " ဒါမှမဟုတ် "တော်ဝင်ခွေးကြီး Gong x အပြင်ပိုင်းကအေးစက်ပြီး အတွင်းဘက်မှာနွေးထွေးမှုတွေပြည့်နေတဲ့ Shou" ဆိုတဲ့ဟာမျိုးတွေပဲ။ ဒါပေမယ့် "ငယ်ရွယ်တဲ့ Gong 4" ဆိုတဲ့အချက်ကတော့ ငြင်းလို့မရနိုင်လေဘူး။ ဘာလို့လဲဆိုတော့ ထိုဂျူနီယာလေးက ငါ့ထက်အရပ်ရှည်နေပြီး ငါရဲ့ခန္ဓာကိုယ်ကလည်း ပိန်ပါးနေသေးတယ်။
အဲဒီအချိန်တုန်းက ငါအရမ်းပဲပြောချင်ခဲ့တာ။ သူတို့က Gong နဲ့ Shou ကို ဘယ်အချက်နဲ့များကောက်ချက်ချလိုက်ကြတာတုန်း ? ငါတို့က အတူတူတောင် မအိပ်ခဲ့ကြရသေးဘူး ဟုတ်ပြီလား ။
အဲတာက ထိုသူက ငါ့ရဲ့နောက်ကိုတစာစာအော်ပြီး အတင်းအကြပ် အတင်းအကြပ်လိုက်ခဲ့တဲ့အတွက်ကြောင့်ပဲ။
သူ့ရဲ့နည်းလမ်းက အိုဟောင်းနေခဲ့ပေမယ့် သူ့ရဲ့အဆင့်အတန်းကမြင့်မားတာကြောင့် တစ်ကျောင်းလုံးနီးပါးက ထိုအကြောင်းကိုသိသွားခဲ့တယ်။ (တစ်နည်းအားဖြင့် ကျောင်းရဲ့ဖိုရမ် အတွင်းမှာ ငါတို့အကြောင်းနဲ့ပတ်သက်တဲ့ ပိုစ့်တွေ ဘာကြောင့်များနေတယ်လို့ မင်းတို့ထင်လဲ )
နောက်ဆုံးတော့ ငါအမှန်တကယ်ပြောင်းလဲပြီး dateလုပ်ဖို့သဘောတူလိုက်ရတယ်။ ရည်းစားထားတာက ဘယ်လိုမျိုးလဲဆိုတာကိုသိရအောင်လို့ပေါ့ ။
မတိုင်ခင်က ငါဘယ်တုန်းကမှ sex ကိစ္စမရှိခဲ့ဘူးဆိုတာ အကုန်လုံးတော့မမှန်ဘူး။ Qixi ပွဲတော် ၊ ခရစ်စမတ်စ် ၊ နှင့် Valentine's Day တွေမှာဆိုရင် ထိုသူက တက္ကသိုလ်နယ်မြေမှာရှိတဲ့ ဟိုတယ်ဆီကို ဆွဲခေါ်သွားဖို့ ကြိုးစားလေ့ရှိတယ်။ ထိုအချိန်အများစုမှာတော့ ငါဟာ ဆင်ခြေအမျိုးမျိုးပေးပြီးငြင်းဆန်ခဲ့ပေမယ့် ဒါက အမြဲတမ်းတော့ရှောင်လွှဲလို့မရနိုင်ဘူး။ ဒါကြောင့် ငါအကြိမ်နည်းနည်းလောက်တော့ ခွင့်ပြုပေးခဲ့တယ်။
ငါ့အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပွတ်သတ်ပြီး နမ်းရှိုက်တာနဲ့ ထိုသူရဲ့ အာခံတွင်းနဲ့ကူညီပေးတဲ့နေရာလောက်အထိ အဆင်ပြေနေတုန်းပဲ။ ဒါပေမယ့် အဓိကနေရာကိုရောက်ရင်တော့ ငါလုပ်ချင်စိတ်မရှိတော့ဘူး ။
ငါတို့တတိယနှစ်တုန်းက ကမာ္ဘဖလားပြိုင်ပွဲချိန်မှာလည်း ငါ့ရဲ့ဂျူနီယာလေးက ပြိုင်ပွဲကြည့်ရမယ့်အချိန်မှာ ငါ့ကိုနောက်တစ်ခေါက် ဟိုတယ်ကိုဆွဲယူသွားပြန်တယ်။ ငါတို့ဟာ ဘီယာနဲ့ မုန့်တွေဝယ်ယူပြီး TV ကြည့်ရင်း စားသောက်ကြေတာဖြစ်တယ်။ လေထုက ညဦးယံအချိန်လောက်ထိ တော်တော်လေးကောင်းမွန်နေခဲ့တာကြောင့် သဘာဝကျစွာနဲ့ပဲ အဲဒီကိုသွားဖြစ်ခဲ့တယ်။
အကြိမ်များစွာ နှိုးဆော်ခံရပြီးနောက်မှာတော့ သူ့ရဲ့ဆန္ဒတွေကိုငါခွင့်ပြုလိုက်မိတယ်။ ထိုသူက ငါ့ဆီကခွင့်ပြုချက်ရလိုက်တဲ့အချိန်မှာ အရမ်းကိုပျော်ရွှင်နေခဲ့ပြီးတော့ ငါတို့ဟာ အချိန်တော်တော်ကြာအောင် ထိတွေ့နှိုးဆွမှုတွေလုပ်ခဲ့ကြတယ်။ ဒါပေမယ့် ငါတို့က အချိန်တွေအများကြီးကို ဖြုနိးတီးခဲ့မိတာပဲ။ သူ condom ကိုစွပ်နေတဲ့အချိန်မှာပဲ ငါနာရီဆီကိုအကြည့်ရောက်သွားပြီတော့ သူ့ကိုကပြာကယာ တွန်းထုတ်လိုက်တယ်။
"Final ပွဲစနေပြီလေ !!"
(T/N ဒီနားလေးမှာတစ်ဖက်ကတစ်ယောက်ကိုတော်တော်လေးသနားသွားတယ် XD)
ငါကတော့ နားမလည်နိုင်တော့ဘူး ။ ငါတို့နှစ်ယောက်လုံးအားပေးတဲ့ စပိန်အသင်းကနိုင်သွားတာကို အဲဒီကောင်က ဘာလို့မပျော်မရွှင်ဖြစ်နေရတာတုန်း ။
လမ်းပေါ်မှာရှိနေတဲ့ ဘယ်ယောက်ျားကိုမဆိုဆွဲပြီးမေးကြည့်လိုက်လေ ။ final ပွဲစဉ်ကပိုပြီးအရေးကြီးတာမဟုတ်ဘူးလား ?!
ဒါပေမယ့်အဆုံးသတ်မှာတော့ ငါ့ရဲ့ဂျူနီယာလေးက ငါ့ကို " လိင်ဆန္ဒကင်းမဲ့တဲ့လူ" လို့စွပ်စွဲပြီးတော့ လမ်းခွဲသွားခဲ့တယ်။
ငါလည်း တကယ်တော့နားလည်ပါတယ်။ အဲဒီကိစ္စအတွက် အပြစ်မကင်းသလိုခံစားခဲ့ရသေးတယ်။ ငါဆေးရုံကိုသွားပြီး ငါ့ရဲ့ခန္ဓာကိုယ်ကို ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ခဲ့ပေမယ့် ငါသူ့ကိုမပြခဲ့ဘဲ လျှို့လျှို့ဝှက်ဝှက်နဲ့ ဖြဲစုတ်ပြီးအဝေးကိုလွှင့်ပစ်ခဲ့တာ။
ငါတို့လမ်းခွဲလိုက်တယ်ဆိုတဲ့သတင်းက လေရဲ့အလျင်နဲ့ပျံ့နှံ့သွားပြီးခဲ့တယ်။ မိန်းကလေးတွေဟာ ကျောင်းဖိုရမ်မှာ ပူဆွေသောကရောက်စွာနဲ့တင်လာကြတယ်။
"ငါ အချစ် ဆိုတဲ့အရာကြီးကိုနောက်ထပ်မယုံကြည်ချင်တော့ဘူး "
ငါ့ရဲ့ဂျူနီယာလေးက ပိုပြီးတော့တောင်ကံဆိုးသွားသေးတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့လမ်းခွဲပြီးတဲ့နောက် သူကလှပတဲ့ကောင်လေးတစ်ယောက်နဲ့ ဟိုတယ်ကိုသွားခဲ့ပြီး အချိန်ကြာပြီးတဲ့နောက်မှာတော့ ထိုအကြောင်းကိုလူတွေသိသွားကြတယ်။ ကံမကောင်းစွာနဲ့ပဲ ငါတို့နှစ်ယောက်လုံးနဲ့သိတဲ့ သူငယ်ချင်းတွေက သူတို့ဆီကိုပြေးသွားခဲ့တယ်။ သူတို့ဟာ ဂျူနီယာလေးမှာ နောက်ထပ်အပျော်ရည်းစားတစ်ယောက်ရှိနေခဲ့တာကြောင့် ငါတို့နှစ်ယောက်လမ်းခွဲခဲ့ရတာလို့ ထင်ခဲ့ကြတယ်။
ထိုသတင်းတွေဟာ မိုင်ပေါင်းထောင်ချီပြီးပျံ့နှံ့သွားသလိုပဲ။ နောက်တော့ ကျောင်းဖိုရမ်မှာ Gong အစုတ်အပြတ်ရဲ့အကြောင်းကို ပြစ်တင်ရှုံ့့ချတဲ့ အကြောင်းကိုစိတ်အားထက်သန်စွာဆွေးနွေးလာကြတယ် ။
ငါ့အနေနဲ့ဆိုရင်တော့ ဂျူနီယာလေးဟာ ထိုသူနဲ့ပတ်သက်ပြီး အတည်တွေးနေတာမျိုးမဟုတ်တာကိုသိတယ်။ ဖြစ်နိုင်တာက ထိုဂျူနီယာလေးဟာ သူ့ရဲ့ဒေါကတွေကိုဖြေဖျောက်ဖို့အတွက် ဟိုတယ်ကိုသွားတာဖြစ်လိမ့်မယ်။ ဒါပေမယ့် သူက one night stand ပုံစံမျိုးနဲ့ ခဏတာပျော်ပါးခဲ့မိတာဖြစ်နိုင်တယ်။
ဒီတော့ ချောမောလှပတဲ့ကောင်လေးတစ်ယောက်ကြောင့်နဲ့ သူဟာ အရမ်းကိုဆိုးဝါးတဲ့သူဖြစ်သွားရရှာတယ်။ အဲဒီငယ်ရွယ်ရိုးသားတဲ့ကောင်လေးရဲ့စိတ်မရှည်မှုအတွက် ဝင်ပြီးရှင်းပြပေးသင့်တယ်လို့ ငါတွေးမိခဲ့တယ်။ ရလဒ်ကတော့ လူတွေကိုပီးပြီးခါခါးသီးသီးခံစားလာကြတာပဲ။ ငါဟာ အချစ်အတွက်နဲ့ ကိုယ့်ကိုကိုယ် စွန့်လွှတ်လိုက်ပြီးတော့ အေးစက်ပြီး ကျော့မော့ရည်မွန်တဲ့နတ်ဘုရားအဖြစ်ကနေ စွန့်ပစ်ခံရတဲ့ Shou လေးဖြစ်သွားတယ်တဲ့ !!
ထားလိုက်ပါတော့။ အကျင့်ပျက် Gong နဲ့ သူ့ရဲ့အပျော်ရည်းစားလေး ၊ နောက်ပြီး ငါ ။  အကုန်လုံးကနိမ့်ကျတဲ့ Shou  တွေအဖြစ်သတ်မှတ်ခံရတာပဲ။ ငါ သူတို့နှစ်ယောက်အပေါ် အားနာတဲ့ခံစားချက်မျိုးမရှိတော့ဘူး ။
***
Weiterlesen
Das wird dir gefallen
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
634K 113K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
1.9K 190 2
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - My wife is straight Original Autho...