နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

41.6K 1.6K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 24

876 35 0
By reli_08

(Unicode)

"ကိုယ်လက်မခံနိုင်ဘူး သန့်"

ဒီနေ့တွင် ကာကာတို့ မိသားစုသုံးယောက် အိမ်လာလည်သွားကြသည်။ ကိုကိုက သူ့ကိုတွေ့ချင်နေတာရော ကာကာကလည်း သူ့ကို သတိရနေတာကြောင့် ရောက်လာကြခြင်းပင်။ အိမ်ကိုရောက်ပြီဟေ့ ဆိုကတည်းက ကာကာသည် ကိုခွန်းလက်ထဲကနေ သူ့ဆီသို့ တန်းပြီး‌လာသည်။ သူ့ကိုတော့ ကာကာတစ်ယောက်က တော်တော်ခင်တွယ်သည်ဟု ထင်၏။ ကာကာတင်ပဲဆိုတော့ မဟုတ်ပြန်။ သူ့ကိုဆို ကလေး‌တွေက ကပ်ကြသည်။ အထင်ရှားဆုံး သာဓကအဖြစ် ပြောရရင် ကာကာမမွေးခင် လူဖြစ်‌နှင့်နေသော ထူးနှင့်ဆူးတို့ ညီအစ်မကို သက်သေပြရမည်။

ပိုင်မြင့်မြတ်ကျော်ကတော့ ကိုကိုနှင့်ကိုခွန်းတို့နှစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ သူလည်း စကားဝိုင်းထဲမှာ ပါ,ပါသည်။ သို့သော် စကားပြောဖို့ထက် ကာကာနှင့် ရေလိုက်ငါးလိုက်နေပေးဖို့ကို ပိုပြီး အားသန်၏။ ကိုခွန်းမှာ သားဖြစ်သူ ကာကာ့ကို လှည့်ကြည့်လိုက်၊ စကားပြောလိုက်လုပ်ပြီး စကားပြောရတာ ဆန့်တငန့်ငန့်နှင့်ရယ်ပါ။

ငြိမ်ငြိမ်လေး ငုတ်တုတ်ထိုင်လာရတာ ကြာလာ၍ထင့် ကာကာက သူ့ကို အိမ်ထဲလျှောက်သွားရန် မပီတပီ ပူဆာလာ၏။ နှစ်နှစ်‌နဲ့နှစ်လရှိပြီဖြစ်သော ကာကာသည် စကားအနည်းအကျဥ်းပြော တတ်နေပြီး ဟိုစပ်စပ်ဒီစပ်စပ် စူးစမ်းချင်သည်။ တူဖြစ်သူ လူလည်ဖိုးပြုံးချိုလေး တောင်းဆိုတာကို သူလည်း အဘယ်မှာ ငြင်းနိုင်ပါမည်လဲ။ စိတ်တိုင်းကျသာ အိမ်အနှံ့ လိုက်ပို့မိသည်။

အိမ်တစ်အိမ်လုံး မီးဖိုချောင်အစ၊သူ့ပန်းချီခန်းအလယ်၊ ဂိုဒေါင်အဆုံးနှံ့စပ်အောင် ကာကာ့ကို လက်ဆွဲပြီး လိုက်ပြဖြစ်သည်။ ကာကာ့ကိုခေါ်ပြီး လျှောက်သွားသည့်အချိန်တွင် သူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ လောဘမမည်သော လိုချင်စိတ်လေးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဖြစ်ချင်တဲ့ စိတ်‌ဆန္ဒလေးအား ကာကာတို့မိသားစု ပြန်သွားချိန်မှာ လုပ်သင့် မလုပ်သင့် ခေါင်းအေးအေးထားကာ စဉ်းစား၏။ စဉ်းစားခဲ့ခြင်းရဲ့ နောက်ဆုံးအဖြေအတိုင်း ပိုင်မြင့်မြတ်ကျော်ကို ပြောကြည့်ဖြစ်သည်။ သူမျှော်လင့်ထားပြီးသည့် စကားကိုသာ ပိုင်မြင့်မြတ်ကျော်က တုံ့ပြန်သည်။ ပိုင်မြင့်မြတ်ကျော်အနေနဲ့ မည်သို့သော အကြောင်းအရာနှင့်မှ သူ့ကို အသာတကြည် ခွင့်ပြုပေးနိုင်စရာမရှိ။

"ဦးမြတ် ကျွန်တော်"

"ဒါဘယ်‌လောက် စွန့်စားရာကျလဲ၊ ဒီလို အသက်အန္တရယ်နဲ့ နီးကပ်တဲ့ ကိစ္စကြီးကို ကိုယ်ခွင့်မပြုပေးနိုင်ဘူး သန့်၊ သန့် လိုချင်တယ်ဆို တခြားနည်း‌တွေဖြစ်တဲ့ အငှားကိုယ်ဝန်နဲ့ဖြစ်ဖြစ် ဖန်ပြွန်နဲ့ဖြစ်ဖြစ်ယူ"

"ကျွန်တော်ပြောတာကို ဦးမြတ် အရင်နားထောင်ပေးမလား"

"အင်း ပြော"

ပိုင်မြင့်မြတ်ကျော်က သက်ပြင်းတစ်ခုကို ချပြီးနောက် တီးတိုးစွာ စကားဆိုသည်။

"ဦးမြတ်ပြောသလို ကျွန်တော်မယူချင်ဘူး၊ ကျွန်တော်တစ်ယောက်တည်းရဲ့ မျိုးဆက်ကို လိုချင်တာလည်း မဟုတ်ဘူး၊ ဦးမြတ်နဲ့ ကျွန်တော့်ရဲ့ အသွေးအသားကနေ ဖြစ်လာတဲ့ သွေးသားရင်းချာကိုပဲ လိုချင်တာ၊ ကျွန်တော့်လိုမျိုး မွေးခါစအရွယ်တည်းက စွန့်ပစ်ခံရတဲ့ လူတစ်ယောက်အတွက် ကျွန်တော်ချစ်တဲ့ဦးမြတ်နဲ့ ဟိုးကတည်းက မိသားစုအသိုက်အမြုံလေးကို ကလေးလေးတွေနဲ့ ဖြတ်သန်းချင်စိတ်ရှိခဲ့တာ၊ ဒါပေမဲ့ မိသားစုတွေ တွေ့တိုင်း ကျွန်တော်က အဲ့လိုမျိုး ကလေးမွေးမပေးနိုင်ဘူးဆိုပြီး ကျွန်တော့်စိတ်ကူးက အတွေးထဲမှာ ပျောက်ကွယ်သွားပြီးပဲနေခဲ့ရတယ်၊ ကိုခွန်းက သူကိုယ်တိုင် ကိုယ်ဝန်ဆောင်ခဲ့တယ်ဆိုတဲ့ စကားကြားတော့ ကျွန်တော်လည်း အံ့အားသင့်မိသွားတာပဲ၊ နောက်ပိုင်းတွေ ကာကာ့ကို မြင်ရတွေ့ရဖန် များလာတော့ ကျွန်တော်ကိုယ်တိုင်လည်း ကိုခွန်းလို အရဲစွန့်ချင်လာတယ်၊ ကျွန်တော် လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ် ဦးမြတ်၊ ဒါကြောင့် ကျွန်တော့်ကို နားလည်ပေးပါ၊ အလိုလိုက်ပေးပါ၊ ဒါ ဦးမြတ်ကို ကျွန်တော့်အတွက် နောက်ဆုံးအကြိမ်အလိုလိုက်ခိုင်းခြင်း ဖြစ်တာမို့ လက်ခံပေးပါနော် ဦးမြတ်"

မတ်တပ်ရပ်နေတဲ့ သူ့အား ပိုင်မြင့်မြတ်ကျော်က ပေါင်ပေါ်သို့ ဆွဲချပြီး ထိုင်စေသည်။

"လက်ခံတယ်လို့ ပြောပါလား ဦးမြတ်"

"ကိုယ့်‌ကလေးလေးရဲ့ ဆန္ဒကို ကိုယ်လိုက်လျောပေးပါ့မယ်"

ထိုစကားကို ပြောသည့် ပိုင်မြင့်မြတ်ကျော်ရဲ့ မျက်ဝန်းတွေထဲမှာ စိုးရိမ်စိတ်မကင်းသော အရိပ်အရောင်များ မုချရှ်ိနေသည်ကို သူတွေ့မိလိုက်သည်။

" ဦးမြတ်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်"

"ကိုယ် အပြင်ခဏ သွားလို့ရလား သန့်"

ပိုင်မြင့်မြတ်ကျော် သူ့ကို အသိပေးခြင်းမဟုတ်။ ညဘက်ကြီး အပြင်ထွက်ဖို့ ခွင့်တောင်းနေခြင်း။ ပိုင်မြင့်မြတ်ကျော်ရဲ့ ရှုပ်ထွေးနေသော စိတ်တွေအလုံးစုံ ရှင်းလင်းသွားအောင် တစ်ယောက်တည်း ခဏလောက် နေချင်နေမှန်း သူရိပ်မိသည်။ ထို့ကြောင့် သူခွင့်ပြုရန် ဆုံးဖြတ်၏။

"ဟုတ်၊ (၁၀)နာရီ နောက်ဆုံးထားပြီး ပြန်လာရမယ်နော်၊ ကျွန်တော် စောင့်နေမှာ"

"ဟုတ်ပါပြီဗျာ"

🍀

သူ့ရှေ့တည့်တည့်တွင် ချထားသော ကော်ဖီခွက်လေးမှာ နွေးတေးတေးလေး ဖြစ်လို့နေသည်။ သူ့မှာ ဧည့်ခံထားသည့် ကော်ဖီကိုလည်း မသောက်နိုင်။ စိုးရိမ်ပူပန်မှုများသာ ထုထည်ကြီးမားနေ၏။ သူ့အနေနဲ့ စိတ်ခံစားချက်ကို ဘယ်လို ဖော်ပြရမှန်းကို မသိတော့။ သူ အာကာလင်းသန့်ကို အန္တရယ်များလွန်းသည့်အတွက် မလုပ်စေချင်သည့်အရာအား မလွှဲသာလို့ ခွင့်ပြုခဲ့ရခြင်းသာ။

အာကာလင်းသန့် ဖြစ်ချင်တဲ့ ဆန္ဒလေးကို သူနားလည်ပါသည်။ ကိုယ့်မိဘအရင်း မည်သူမည်ဝါမှန်းမသိ။ ဆွေမျိုးရင်းချာတွေကို မသိသည့် အာကာလင်းသန့်က ရင်သွေးလေးကို လိုချင်တယ်ဆိုတာ ဖြစ်သင့်ပါသည်။ သို့သော် အာကာလင်းသန့်ဆိုသည့် ထိုကလေးက သူကိုယ်တိုင် ကိုယ်ဝန်ဆောင်ပြီးမှ သူတို့နှစ်ယောက်ရဲ့ ကလေးကို မွေးချင်ပါသည်တဲ့။ အာကာလင်းသန့် အခုလောက်ထိ သူ့အပေါ် ချစ်တာကို တစ်ချိန်တည်းမှာပဲ ကြည်နူးစိတ်က ဖြစ်မိသေးရဲ့။ ဒါပေသိ အာကာလင်းသန့် တစ်ခုခုထိခိုက်မှာကိုတော့ သူ ပူမိသည်။

ကိုယ်ဝန်ဆောင်ခြင်းမှာ လွယ်သည့် ကိစ္စမှမဟုတ်ပဲလေ။ သူ့မျက်စိရှေ့မှာတင်ပဲ မမြိုင်က နှစ်ခါ ကိုယ်ဝန်ဆောင်ခဲ့ဖူးတာ မြင်ဖူးနေတော့ အပူတပြင်း စိုးရိမ်မိသည်။ ခွင့်မပြုခဲ့ရင် အာကာလင်းသန့်တစ်ယောက် စိတ်မကောင်းဖြစ်ပြီး စိတ်ထိခိုက်ဦးမည်။ ဒါကြောင့်ပဲ ဆက်လက်ခေါင်းမာပြီး မငြင်းရက်စွာ ခေါင်းညိတ်ခဲ့ရတော့သည်။ သူ့အဖြစ်က 'ဆုပ်လည်းစူး၊ စားလည်းရူး' ဆိုသလို ဖြစ်နေလေပြီ။

အိမ်ကထွက်လာပြီး ဟိုဟိုဒီဒီ တွေးတောမိရင်းကနေ သူနဲ့ အာကာလင်းသန့်ကြားက ပြဿနာတစ်ခုကို မီးမောင်းထိုးကာ အဖြေရှာပေးခဲ့သော မင်းတည်ကြည်ကို သတိရသွားသည်။ ထို့ကြောင့် ဖုန်းလှမ်းဆက်၍ လိပ်စာမေးပြီး မင်းတည်ကြည်ဆီ ရောက်ချသွားတော့၏။

မင်းတည်ကြည်တို့အိမ်ကို ရောက်တော့ မင်းတည်ကြည်နဲ့ သူ့ခင်ပွန်း စိုင်းခွန်လျှံတို့က သူ့ကို ဖော်ရွေစွာပဲ ကြိုဆိုရင်း ဧည့်ခံကြသည်။ ချက်ချင်းဆိုသလိုပဲ ကော်ဖီကို မင်းတည်ကြည်က သွားဖျော်ခဲ့ကာ စိုင်းခွန်လျှံကလည်း တစ်ခုခု ထွက်ဝယ်မည်ဆို၍ အသည်းအသန် တားရသေး၏။ ထိုရည်မွန်‌ သောလူငယ်နှစ်ယောက်နှင့် သူတို့ခင်မင်ခွင့်ရခဲ့တာ ကံကောင်းသည်ဟုဆိုရမည်။

"အစ်ကို သောက်လေဗျာ"

"သောက်ပါတယ်ကွာ ညီလျှံရယ်"

"ဒါနဲ့ ဟို‌ကောင်လေး လင်းသန့် ဘာလို့မပါတာလဲ အစ်ကို"

စိုင်းခွန်လျှံက မေးပြီဆိုတော့ လာရင်းကိစ္စကို အချိန်မဆွဲဘဲ ပြောပြရန် ရည်ရွယ်သည်။

"‌အစ်ကို လိုရင်းပဲပြောတော့မယ်၊ အစ်ကို ဒီကိုလာတာ သူမသိဘူး၊ ညကြီးမင်းကြီး ညီလျှံတို့ဆီ ရောက်လာတာက တည်ကြည့်ကို အစ်ကို မေးစရာလေးရှိလို့"

"ဪ ဒါများ ၊မေးလေ အစ်ကို"

"အခု သန့်က ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတယ်၊ အစ်ကိုပြောတာ တည်ကြည်သိမယ်ထင်တယ်၊ တည်ကြည်က ဆေးလောကသားဆိုတော့"

"ကျွန်တော် ကောင်းကောင်းသိပါတယ်"

"အစ်ကို့အနေနဲ့ဆိုရင် သန့်ကို လုံးဝမလုပ်စေချင်ဘူး၊ တားလိုက်လို့ကလည်း မဖြစ်တဲ့အခြေအနေရှိနေတယ်၊ ဒိီတော့ သဘောတူလိုက်ရတယ်ပေါ့၊ ဒါက သန့်အတွက် အရမ်း ခက်ခဲမှာလား၊ ခက်ခဲမယ်ဆိုရင်ရော အစ်ကို့ဘက်က ဘာတွေ ကြိုပြင်ထားသင့်လဲ"

"ကျွန်တော် သိထားတဲ့အတိုင်း ပြောပြမယ်နော်၊အမျိုးသားတွေ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် Ectopic Implantationနဲ့ Uterus Transplantationဆိုပြီး နည်းလမ်းနှစ်မျိုးရှိတယ်၊ ပထမနည်းက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်တဲ့ Ectopic Pregnancyလိုမျိုးပေါ့၊ ရှင်းအောင်ပြောရရင် အမျိုးသမီးတွေမှာဆို Ectopic Pregnancyဆိုတာ သားအိမ်အတွင်းမှာမဟုတ်ဘဲ သားအိမ်ပြင်ပမှာ နေရာလွှဲမှားပြီး ‌သန္ဓေသားဖြစ်တည်တာ၊ ဒါပေမဲ့ အဲ့ဒါက သ‌န္ဓေသားရော ကိုယ်ဝန်ဆောင်အတွက်ပါ အသက်အန္တရယ်အတော်များတာကြောင့် အဲ့နည်းလမ်းကို ဘယ်သူမှမသုံးကြဘူး၊ နောက်တစ်နည်းပဲ သုံးကြတယ်၊ ဒီတော့ ပထမဦးဆုံးအနေနဲ့ လင်းသန့်ကို လိုအပ်တဲ့ဆေးစစ်တာတွေ လုပ်လိမ့်မယ်၊ အဆင်ပြေတယ်ဆိုရင် သူတို့ အကြောင်းကြားပြီး ခွဲစိတ်မယ့်ရက်ကို ပြောမယ်၊ ခွဲစိတ်တယ်ဆိုတာက ကျွန်တော်ပြောခဲ့တဲ့ ဒုတိယနည်းအရ လင်းသန့်ရဲ့ ကိုယ်ထဲကို ကိုယ်ဝန်ဆောင်နိုင်အောင် သားအိမ်ထည့်ပေးဖို့ပါ၊ ဒါတွေပြီးရင်တော့ အမျိုးသမီးတွေနည်းတူ ကိုယ်ဝန်ဆောင်လို့ရပြီ၊ အစ်ကို စိတ်မပူပါနဲ့၊ အခုခေတ်ရဲ့ ဆေးပညာတွေက တိုးတက်နေတာ အဆင်ပြေပြေဖြစ်သွားပါလိမ့်မယ်၊ ကျွန်တော်လည်း ရှ်ိနေတာပဲ၊ ကူညီနိုင်တာ ကူညီမှာပေါ့ဗျာ"

"တည်ကြည်ပြောမှ အစ်ကို စိတ်အေးသလို ဖြစ်သွားပြီ"

"အစ်ကို့ဟာက စိတ်အေးတယ်လည်း မဟုတ်ဘူး ၊ စိတ်အေးသလိုဆိုတော့"

"ခွန်လျှံ မင်းလည်းသိတဲ့အတိုင်း အစ်ကိုက သူ့ကလေးနဲ့ ပတ်သတ်ရင် ဒီလိုပဲကို"

"ဟုတ်သားပဲကွာ၊ သူ့ကလေးကို သည်းကဲပြီး စိတ်ပူချက်ကိုမှ ငါမေ့နေတာ"

"လူကို ငုတ်တုတ်ကြီးရှေ့ထားပြီး ပြောနေကြတော့ အစ်ကို ‌မနေတတ်တော့ဘူး၊ ညီတို့လည်း နှစ်ယောက်တည်း အေးအေးဆေး‌‌ဆေး နေချင်ကြမှာပဲ၊ အစ်ကို ပြန်တော့မယ်"

"ကျွန်တော်တို့ စလို့လား"

"မဟုတ်ပါဘူး ညီလျှံရ၊ သန့်က (၁၀)နာရီ နောက်ဆုံးထားပြီး ပြန်ခဲ့ဖို့ မှာလိုက်လို့ နောက်မကျခင် ပြန်မှ"

စိုင်းခွန်လျှံနဲ့ မင်းတည်ကြည်ကို နှုတ်ဆက်ပြီး သူပြန်လာလိုက်သည်။ ထိုနှစ်ယောက်ကတော့ သူ့အဖြစ်ကို သဘောကျစွာ ပြုံးစိစိနှင့် ကျန်ခဲ့ကြလေ၏။

"မင်းရော လင်းသန့်လို ကလေးလိုချင်လား"

ဆိုဖာတွင် ထိုင်နေသည့် မင်းတည်ကြည်ရဲ့ ပေါင်ပေါ်သို့ စိုင်းခွန်လျှံက သူပြုမူနေကျအတိုင်း ခေါင်းအုံးအိပ်ကာ မေးသည်။

"လိုချင်တဲ့စိတ်တော့ ဖြစ်မိတယ်၊ ဒါပေမဲ့ မင်းစိတ် မင်းအကြောင်းကို မင်းထက် ငါက အသိဆုံးဆိုတော့ ငါအဲ့လိုမျိုး မွေးပေးစရာမလိုဘူး"

"တိကျလှချည်လား၊ ငါ့စိတ်က ဘယ်လိုရှိလို့လဲ ပြောပြပါဦး မင်းတည်ရ"

"မင်းလောက် ငါ့အပေါ် သဝန်တိုတာ မင်းပဲရှိတယ်၊ မင်းကတော့ ထင်နေမှာပဲ မင်းသဝန်တိုတာတွေ ငါမသိဘူးလို့၊ မင်းရဲ့ သဝန်တိုမှုက ပွင့်ပွင့်လင်းလင်းသာ ထုတ်မပြတာ တော်တော်ဆိုးတဲ့အထဲပါတယ်၊ ကလေးရှိလာရင်လည်း ကျိန်းသေပေါက် မင်းကငါ့ကို ကလေးနဲ့ပြိုင်ပြီး သဝန်တိုနေမှာ၊ ပြီးတော့ အသေချာဆုံးအချက်က  မင်းက ငါ့တစ်ယောက်တည်းကိုပဲ အပြည့်အဝချစ်ချင်တဲ့လူမျိုး၊ မင်းနှလုံးသားထဲကအချစ်တွေကို ငါကလွဲပြီး ဘယ်သူ့ကိုမှ မပေးချင်တဲ့သူ"

စိုင်းခွန်လျှံ ဝုန်းကနဲထထိုင်ပြီး မင်းတည်ကြည်ရဲ့ နှုတ်ခမ်းသားအား သူ့နှုတ်ခမ်းဖြင့် စက္ကန့်များစွာ ထိရုံသာ ထိကပ်မိသွားသည်။

"ငါ့တည်ကလေးက တော်လိုက်တာ၊ ငါ့ထက်တောင် ငါ့ကို ပိုသိသေးတယ်၊ တည်ကလေးက ဘာလဲ၊ ငါ့ကိုယ်စောင့်နတ်ဆီက ငါ့အကြောင်းတွေ သတင်းယူထားတာလား"

"ငါ့ကို အဲ့လို မခေါ်နဲ့ ခွန်လျှံ"

"တည်ကလေးကလည်း ငါက ချစ်စနိုးနဲ့ ချစ်လို့ကို"

"နှစ်ခါရှိပြီနော် ခွန်လျှံ၊ ထုံးစံအတိုင်း အသားမနာချင်ရင် တော်လိုက်တော့"

"အေးပါ၊ တော်ပြီ"

မင်းတည်ကြည်ကို ကြောက်လို့ စိုင်းခွန်လျှံ အလျှော့ပေးခြင်း လုံးဝ လုံးဝ မဟုတ်ရပါ။ သုံးခါဖြစ်သွားလို့ မင်းတည်ကြည်ဘက်က တိုက်စစ်ဆင်လာရင် သူကလည်း တန်ပြန်ထိုးစစ်ပြန်ဆင်မှာပင်။ သို့နှင့် မင်းတည်ကြည်လည်း အသားနာသွားမှာ မလိုလား၍ လက်မြှောက်အရှုံးပေးကာ ခြေလှမ်းပြန်ဆုတ်လိုက်ခြင်း ဖြစ်သည်။

🍀

A/N: ဒီနေ့ တင်ပေးတာ နောက်ကျသွားလို့တောင်းပန်ပါတယ်ရှင်၊ အလုပ်လေးရှုပ်နေလို့ပါ။
Male pregnant နဲ့ပတ်သတ်တဲ့အကြောင်းပြောတာမှာလေ Googleကနေရှာပြီးတော့ပဲ ကိုးကားရေးထားတာပါ၊ အဲ့အထဲကမှ ကိုယ်ဝန်သည်တချို့မှာဖြစ်တတ်တဲ့Ectopic Pregnancy အကြောင်းကို ပိုပြီးသိချင်တယ်ဆိုရင် ဒီအထဲ ဝင်ဖတ်ကြည့်ပါနော်။

https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/ectopic-pregnancy-%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%95%E1%80%9E%E1%80%B1%E1%82%8F%E1%81%B6%E1%80%90%E1%80%8A%E1%80%B9%E1%80%BB/

🍀

(Zawgyi)

"ကိုယ္လက္မခံႏိုင္ဘူး သန႔္"

ဒီေန့တြင္ ကာကာတို႔ မိသားစုသံုးေယာက္ အိမ္လာလည္သြားၾကသည္။ ကိုကိုက သူ႔ကိုေတြ့ခ်င္ေနတာေရာ ကာကာကလည္း သူ႔ကို သတိရေနတာေၾကာင့္ ေရာက္လာၾကျခင္းပင္။ အိမ္ကိုေရာက္ၿပီေဟ့ ဆိုကတည္းက ကာကာသည္ ကိုခြန္းလက္ထဲကေန သူ႔ဆီသို႔ တန္းၿပီး‌လာသည္။ သူ႔ကိုေတာ့ ကာကာတစ္ေယာက္က ေတာ္ေတာ္ခင္တြယ္သည္ဟု ထင္၏။ ကာကာတင္ပဲဆိုေတာ့ မဟုတ္ျပန္။ သူ႔ကိုဆို ကေလး‌ေတြက ကပ္ၾကသည္။ အထင္ရွားဆံုး သာဓကအျဖစ္ ေျပာရရင္ ကာကာမေမြးခင္ လူျဖစ္‌ႏွင့္ေနေသာ ထူးႏွင့္ဆူးတို႔ ညီအစ္မကို သက္ေသျပရမည္။

ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ ကိုကိုႏွင့္ကိုခြန္းတို႔ႏွစ္ေယာက္ႏွင့္ စကားလက္ဆံုက်ေနသည္။ သူလည္း စကားဝိုင္းထဲမွာ ပါ,ပါသည္။ သို႔ေသာ္ စကားေျပာဖို႔ထက္ ကာကာႏွင့္ ေရလိုက္ငါးလိုက္ေနေပးဖို႔ကို ပိုၿပီး အားသန္၏။ ကိုခြန္းမွာ သားျဖစ္သူ ကာကာ့ကို လွၫ့္ၾကၫ့္လိုက္၊ စကားေျပာလိုက္လုပ္ၿပီး စကားေျပာရတာ ဆန႔္တငန႔္ငန႔္ႏွင့္ရယ္ပါ။

ၿငိမ္ၿငိမ္ေလး ငုတ္တုတ္ထိုင္လာရတာ ၾကာလာ၍ထင့္ ကာကာက သူ႔ကို အိမ္ထဲေလ်ွာက္သြားရန္ မပီတပီ ပူဆာလာ၏။ ႏွစ္ႏွစ္‌နဲ႔ႏွစ္လရိွၿပီျဖစ္ေသာ ကာကာသည္ စကားအနည္းအက်ဥ္းေျပာ တတ္ေနၿပီး ဟိုစပ္စပ္ဒီစပ္စပ္ စူးစမ္းခ်င္သည္။ တူျဖစ္သူ လူလည္ဖိုးၿပံဳးခ်ိဳေလး ေတာင္းဆိုတာကို သူလည္း အဘယ္မွာ ျငင္းႏိုင္ပါမည္လဲ။ စိတ္တိုင္းက်သာ အိမ္အႏွံ႔ လိုက္ပို႔မိသည္။

အိမ္တစ္အိမ္လံုး မီးဖိုေခ်ာင္အစ၊သူ႔ပန္းခ်ီခန္းအလယ္၊ ဂိုေဒါင္အဆံုးႏွံ႔စပ္ေအာင္ ကာကာ့ကို လက္ဆြဲၿပီး လိုက္ျပျဖစ္သည္။ ကာကာ့ကိုေခၚၿပီး ေလ်ွာက္သြားသၫ့္အခ်ိန္တြင္ သူကိုယ္တိုင္ရဲ့ စိတ္ထဲမွာ ေလာဘမမည္ေသာ လိုခ်င္စိတ္ေလးတစ္ခု ျဖစ္ေပၚလာသည္။ ထိုျဖစ္ခ်င္တဲ့ စိတ္‌ဆႏၵေလးအား ကာကာတို႔မိသားစု ျပန္သြားခ်ိန္မွာ လုပ္သင့္ မလုပ္သင့္ ေခါင္းေအးေအးထားကာ စဉ္းစား၏။ စဉ္းစားခဲ့ျခင္းရဲ့ ေနာက္ဆံုးအေျဖအတိုင္း ပိုင္ျမင့္ျမတ္ေက်ာ္ကို ေျပာၾကၫ့္ျဖစ္သည္။ သူေမ်ွာ္လင့္ထားၿပီးသၫ့္ စကားကိုသာ ပိုင္ျမင့္ျမတ္ေက်ာ္က တံု႔ျပန္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္အေနနဲ႔ မည္သို႔ေသာ အေၾကာင္းအရာႏွင့္မွ သူ႔ကို အသာတၾကည္ ခြင့္ျပဳေပးႏိုင္စရာမရိွ။

"ဦးျမတ္ ကြၽန္ေတာ္"

"ဒါဘယ္‌ေလာက္ စြန႔္စားရာက်လဲ၊ ဒီလို အသက္အႏၲရယ္နဲ႔ နီးကပ္တဲ့ ကိစၥႀကီးကို ကိုယ္ခြင့္မျပဳေပးႏိုင္ဘူး သန႔္၊ သန႔္ လိုခ်င္တယ္ဆို တျခားနည္း‌ေတျြဖစ္တဲ့ အငွားကိုယ္ဝန္နဲ႔ျဖစ္ျဖစ္ ဖန္ႁပြန္နဲ႔ျဖစ္ျဖစ္ယူ"

"ကြၽန္ေတာ္ေျပာတာကို ဦးျမတ္ အရင္နားေထာင္ေပးမလား"

"အင္း ေျပာ"

ပိုင္ျမင့္ျမတ္ေက်ာ္က သက္ျပင္းတစ္ခုကို ခ်ၿပီးေနာက္ တီးတိုးစြာ စကားဆိုသည္။

"ဦးျမတ္ေျပာသလို ကြၽန္ေတာ္မယူခ်င္ဘူး၊ ကြၽန္ေတာ္တစ္ေယာက္တည္းရဲ့ မ်ိဳးဆက္ကို လိုခ်င္တာလည္း မဟုတ္ဘူး၊ ဦးျမတ္နဲ႔ ကြၽန္ေတာ့္ရဲ့ အေသြးအသားကေန ျဖစ္လာတဲ့ ေသြးသားရင္းခ်ာကိုပဲ လိုခ်င္တာ၊ ကြၽန္ေတာ့္လိုမ်ိဳး ေမြးခါစအရြယ္တည္းက စြန႔္ပစ္ခံရတဲ့ လူတစ္ေယာက္အတြက္ ကြၽန္ေတာ္ခ်စ္တဲ့ဦးျမတ္နဲ႔ ဟိုးကတည္းက မိသားစုအသိုက္အၿမံဳေလးကို ကေလးေလးေတြနဲ႔ ျဖတ္သန္းခ်င္စိတ္ရိွခဲ့တာ၊ ဒါေပမဲ့ မိသားစုေတြ ေတြ့တိုင္း ကြၽန္ေတာ္က အဲ့လိုမ်ိဳး ကေလးေမြးမေပးႏိုင္ဘူးဆိုၿပီး ကြၽန္ေတာ့္စိတ္ကူးက အေတြးထဲမွာ ေပ်ာက္ကြယ္သြားၿပီးပဲေနခဲ့ရတယ္၊ ကိုခြန္းက သူကိုယ္တိုင္ ကိုယ္ဝန္ေဆာင္ခဲ့တယ္ဆိုတဲ့ စကားၾကားေတာ့ ကြၽန္ေတာ္လည္း အံ့အားသင့္မိသြားတာပဲ၊ ေနာက္ပိုင္းေတြ ကာကာ့ကို ျမင္ရေတြ့ရဖန္ မ်ားလာေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း ကိုခြန္းလို အရဲစြန႔္ခ်င္လာတယ္၊ ကြၽန္ေတာ္ လုပ္ႏိုင္မယ္လို႔လည္း ယံုၾကည္တယ္ ဦးျမတ္၊ ဒါေၾကာင့္ ကြၽန္ေတာ့္ကို နားလည္ေပးပါ၊ အလိုလိုက္ေပးပါ၊ ဒါ ဦးျမတ္ကို ကြၽန္ေတာ့္အတြက္ ေနာက္ဆံုးအႀကိမ္အလိုလိုက္ခိုင္းျခင္း ျဖစ္တာမို႔ လက္ခံေပးပါေနာ္ ဦးျမတ္"

မတ္တပ္ရပ္ေနတဲ့ သူ႔အား ပိုင္ျမင့္ျမတ္ေက်ာ္က ေပါင္ေပၚသို႔ ဆြဲခ်ၿပီး ထိုင္ေစသည္။

"လက္ခံတယ္လို႔ ေျပာပါလား ဦးျမတ္"

"ကိုယ့္‌ကေလးေလးရဲ့ ဆႏၵကို ကိုယ္လိုက္ေလ်ာေပးပါ့မယ္"

ထိုစကားကို ေျပာသၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ မ်က္ဝန္းေတြထဲမွာ စိုးရိမ္စိတ္မကင္းေသာ အရိပ္အေရာင္မ်ား မုခ်ရွ္ိေနသည္ကို သူေတြ့မိလိုက္သည္။

" ဦးျမတ္ကို ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္"

"ကိုယ္ အျပင္ခဏ သြားလို႔ရလား သန႔္"

ပိုင္ျမင့္ျမတ္ေက်ာ္ သူ႔ကို အသိေပးျခင္းမဟုတ္။ ညဘက္ႀကီး အျပင္ထြက္ဖို႔ ခြင့္ေတာင္းေနျခင္း။ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရႈပ္ေထြးေနေသာ စိတ္ေတြအလံုးစံု ရွင္းလင္းသြားေအာင္ တစ္ေယာက္တည္း ခဏေလာက္ ေနခ်င္ေနမွန္း သူရိပ္မိသည္။ ထို႔ေၾကာင့္ သူခြင့္ျပဳရန္ ဆံုးျဖတ္၏။

"ဟုတ္၊ (၁၀)နာရီ ေနာက္ဆံုးထားၿပီး ျပန္လာရမယ္ေနာ္၊ ကြၽန္ေတာ္ ေစာင့္ေနမွာ"

"ဟုတ္ပါၿပီဗ်ာ"

🍀

သူ႔ေရ႔ွတၫ့္တၫ့္တြင္ ခ်ထားေသာ ေကာ္ဖီခြက္ေလးမွာ ေနြးေတးေတးေလး ျဖစ္လို႔ေနသည္။ သူ႔မွာ ဧၫ့္ခံထားသၫ့္ ေကာ္ဖီကိုလည္း မေသာက္ႏိုင္။ စိုးရိမ္ပူပန္မႈမ်ားသာ ထုထည္ႀကီးမားေန၏။ သူ႔အေနနဲ႔ စိတ္ခံစားခ်က္ကို ဘယ္လို ေဖာ္ျပရမွန္းကို မသိေတာ့။ သူ အာကာလင္းသန႔္ကို အႏၲရယ္မ်ားလြန္းသၫ့္အတြက္ မလုပ္ေစခ်င္သၫ့္အရာအား မလႊဲသာလို႔ ခြင့္ျပဳခဲ့ရျခင္းသာ။

အာကာလင္းသန႔္ ျဖစ္ခ်င္တဲ့ ဆႏၵေလးကို သူနားလည္ပါသည္။ ကိုယ့္မိဘအရင္း မည္သူမည္ဝါမွန္းမသိ။ ေဆြမ်ိဳးရင္းခ်ာေတြကို မသိသၫ့္ အာကာလင္းသန႔္က ရင္ေသြးေလးကို လိုခ်င္တယ္ဆိုတာ ျဖစ္သင့္ပါသည္။ သို႔ေသာ္ အာကာလင္းသန႔္ဆိုသၫ့္ ထိုကေလးက သူကိုယ္တိုင္ ကိုယ္ဝန္ေဆာင္ၿပီးမွ သူတို႔ႏွစ္ေယာက္ရဲ့ ကေလးကို ေမြးခ်င္ပါသည္တဲ့။ အာကာလင္းသန႔္ အခုေလာက္ထိ သူ႔အေပၚ ခ်စ္တာကို တစ္ခ်ိန္တည္းမွာပဲ ၾကည္ႏူးစိတ္က ျဖစ္မိေသးရဲ့။ ဒါေပသိ အာကာလင္းသန႔္ တစ္ခုခုထိခိုက္မွာကိုေတာ့ သူ ပူမိသည္။

ကိုယ္ဝန္ေဆာင္ျခင္းမွာ လြယ္သၫ့္ ကိစၥမွမဟုတ္ပဲေလ။ သူ႔မ်က္စိေရ႔ွမွာတင္ပဲ မၿမိဳင္က ႏွစ္ခါ ကိုယ္ဝန္ေဆာင္ခဲ့ဖူးတာ ျမင္ဖူးေနေတာ့ အပူတျပင္း စိုးရိမ္မိသည္။ ခြင့္မျပဳခဲ့ရင္ အာကာလင္းသန႔္တစ္ေယာက္ စိတ္မေကာင္းျဖစ္ၿပီး စိတ္ထိခိုက္ဦးမည္။ ဒါေၾကာင့္ပဲ ဆက္လက္ေခါင္းမာၿပီး မျငင္းရက္စြာ ေခါင္းညိတ္ခဲ့ရေတာ့သည္။ သူ႔အျဖစ္က 'ဆုပ္လည္းစူး၊ စားလည္းရူး' ဆိုသလို ျဖစ္ေနေလၿပီ။

အိမ္ကထြက္လာၿပီး ဟိုဟိုဒီဒီ ေတြးေတာမိရင္းကေန သူနဲ႔ အာကာလင္းသန႔္ၾကားက ျပႆနာတစ္ခုကို မီးေမာင္းထိုးကာ အေျဖရွာေပးခဲ့ေသာ မင္းတည္ၾကည္ကို သတိရသြားသည္။ ထို႔ေၾကာင့္ ဖုန္းလွမ္းဆက္၍ လိပ္စာေမးၿပီး မင္းတည္ၾကည္ဆီ ေရာက္ခ်သြားေတာ့၏။

မင္းတည္ၾကည္တို႔အိမ္ကို ေရာက္ေတာ့ မင္းတည္ၾကည္နဲ႔ သူ႔ခင္ပြန္း စိုင္းခြန္လ်ွံတို႔က သူ႔ကို ေဖာ္ေရြစြာပဲ ႀကိဳဆိုရင္း ဧၫ့္ခံၾကသည္။ ခ်က္ခ်င္းဆိုသလိုပဲ ေကာ္ဖီကို မင္းတည္ၾကည္က သြားေဖ်ာ္ခဲ့ကာ စိုင္းခြန္လ်ွံကလည္း တစ္ခုခု ထြက္ဝယ္မည္ဆို၍ အသည္းအသန္ တားရေသး၏။ ထိုရည္မြန္‌ ေသာလူငယ္ႏွစ္ေယာက္ႏွင့္ သူတို႔ခင္မင္ခြင့္ရခဲ့တာ ကံေကာင္းသည္ဟုဆိုရမည္။

"အစ္ကို ေသာက္ေလဗ်ာ"

"ေသာက္ပါတယ္ကြာ ညီလ်ွံရယ္"

"ဒါနဲ႔ ဟို‌ေကာင္ေလး လင္းသန႔္ ဘာလို႔မပါတာလဲ အစ္ကို"

စိုင္းခြန္လ်ွံက ေမးၿပီဆိုေတာ့ လာရင္းကိစၥကို အခ်ိန္မဆြဲဘဲ ေျပာျပရန္ ရည္ရြယ္သည္။

"‌အစ္ကို လိုရင္းပဲေျပာေတာ့မယ္၊ အစ္ကို ဒီကိုလာတာ သူမသိဘူး၊ ညႀကီးမင္းႀကီး ညီလ်ွံတို႔ဆီ ေရာက္လာတာက တည္ၾကၫ့္ကို အစ္ကို ေမးစရာေလးရိွလို႔"

"ဪ ဒါမ်ား ၊ေမးေလ အစ္ကို"

"အခု သန႔္က ကိုယ္ဝန္ေဆာင္ဖို႔ ျပင္ဆင္ေနတယ္၊ အစ္ကိုေျပာတာ တည္ၾကည္သိမယ္ထင္တယ္၊ တည္ၾကည္က ေဆးေလာကသားဆိုေတာ့"

"ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္"

"အစ္ကို႔အေနနဲ႔ဆိုရင္ သန႔္ကို လံုးဝမလုပ္ေစခ်င္ဘူး၊ တားလိုက္လို႔ကလည္း မျဖစ္တဲ့အေျခအေနရိွေနတယ္၊ ဒီေတာ့ သေဘာတူလိုက္ရတယ္ေပါ့၊ ဒါက သန႔္အတြက္ အရမ္း ခက္ခဲမွာလား၊ ခက္ခဲမယ္ဆိုရင္ေရာ အစ္ကို႔ဘက္က ဘာေတြ ႀကိဳျပင္ထားသင့္လဲ"

"ကြၽန္ေတာ္ သိထားတဲ့အတိုင္း ေျပာျပမယ္ေနာ္၊အမ်ိဳးသားေတြ ကိုယ္ဝန္ေဆာင္ႏိုင္ဖို႔အတြက္ Ectopic Implantationနဲ႔ Uterus Transplantationဆိုၿပီး နည္းလမ္းႏွစ္မ်ိဳးရိွတယ္၊ ပထမနည္းက အမ်ိဳးသမီးေတြမွာလည္း ျဖစ္တတ္တဲ့ Ectopic Pregnancyလိုမ်ိဳးေပါ့၊ ရွင္းေအာင္ေျပာရရင္ အမ်ိဳးသမီးေတြမွာဆို Ectopic Pregnancyဆိုတာ သားအိမ္အတြင္းမွာမဟုတ္ဘဲ သားအိမ္ျပင္ပမွာ ေနရာလႊဲမွားၿပီး ‌သႏၶေသားျဖစ္တည္တာ၊ ဒါေပမဲ့ အဲ့ဒါက သ‌ႏၶေသားေရာ ကိုယ္ဝန္ေဆာင္အတြက္ပါ အသက္အႏၲရယ္အေတာ္မ်ားတာေၾကာင့္ အဲ့နည္းလမ္းကို ဘယ္သူမွမသံုးၾကဘူး၊ ေနာက္တစ္နည္းပဲ သံုးၾကတယ္၊ ဒီေတာ့ ပထမဦးဆံုးအေနနဲ႔ လင္းသန႔္ကို လိုအပ္တဲ့ေဆးစစ္တာေတြ လုပ္လိမ့္မယ္၊ အဆင္ေျပတယ္ဆိုရင္ သူတို႔ အေၾကာင္းၾကားၿပီး ခြဲစိတ္မယ့္ရက္ကို ေျပာမယ္၊ ခြဲစိတ္တယ္ဆိုတာက ကြၽန္ေတာ္ေျပာခဲ့တဲ့ ဒုတိယနည္းအရ လင္းသန႔္ရဲ့ ကိုယ္ထဲကို ကိုယ္ဝန္ေဆာင္ႏိုင္ေအာင္ သားအိမ္ထၫ့္ေပးဖို႔ပါ၊ ဒါေတြၿပီးရင္ေတာ့ အမ်ိဳးသမီးေတြနည္းတူ ကိုယ္ဝန္ေဆာင္လို႔ရၿပီ၊ အစ္ကို စိတ္မပူပါနဲ႔၊ အခုေခတ္ရဲ့ ေဆးပညာေတြက တိုးတက္ေနတာ အဆင္ေျပျပေျဖစ္သြားပါလိမ့္မယ္၊ ကြၽန္ေတာ္လည္း ရွ္ိေနတာပဲ၊ ကူညီႏိုင္တာ ကူညီမွာေပါ့ဗ်ာ"

"တည္ၾကည္ေျပာမွ အစ္ကို စိတ္ေအးသလို ျဖစ္သြားၿပီ"

"အစ္ကို႔ဟာက စိတ္ေအးတယ္လည္း မဟုတ္ဘူး ၊ စိတ္ေအးသလိုဆိုေတာ့"

"ခြန္လ်ွံ မင္းလည္းသိတဲ့အတိုင္း အစ္ကိုက သူ႔ကေလးနဲ႔ ပတ္သတ္ရင္ ဒီလိုပဲကို"

"ဟုတ္သားပဲကြာ၊ သူ႔ကေလးကို သည္းကဲၿပီး စိတ္ပူခ်က္ကိုမွ ငါေမ့ေနတာ"

"လူကို ငုတ္တုတ္ႀကီးေရ႔ွထားၿပီး ေျပာေနၾကေတာ့ အစ္ကို ‌မေနတတ္ေတာ့ဘူး၊ ညီတို႔လည္း ႏွစ္ေယာက္တည္း ေအးေအးေဆး‌‌ေဆး ေနခ်င္ၾကမွာပဲ၊ အစ္ကို ျပန္ေတာ့မယ္"

"ကြၽန္ေတာ္တို႔ စလို႔လား"

"မဟုတ္ပါဘူး ညီလ်ွံရ၊ သန႔္က (၁၀)နာရီ ေနာက္ဆံုးထားၿပီး ျပန္ခဲ့ဖို႔ မွာလိုက္လို႔ ေနာက္မက်ခင္ ျပန္မွ"

စိုင္းခြန္လ်ွံနဲ႔ မင္းတည္ၾကည္ကို ႏႈတ္ဆက္ၿပီး သူျပန္လာလိုက္သည္။ ထိုႏွစ္ေယာက္ကေတာ့ သူ႔အျဖစ္ကို သေဘာက်စြာ ၿပံဳးစိစိႏွင့္ က်န္ခဲ့ၾကေလ၏။

"မင္းေရာ လင္းသန႔္လို ကေလးလိုခ်င္လား"

ဆိုဖာတြင္ ထိုင္ေနသၫ့္ မင္းတည္ၾကည္ရဲ့ ေပါင္ေပၚသို႔ စိုင္းခြန္လ်ွံက သူျပဳမူေနက်အတိုင္း ေခါင္းအံုးအိပ္ကာ ေမးသည္။

"လိုခ်င္တဲ့စိတ္ေတာ့ ျဖစ္မိတယ္၊ ဒါေပမဲ့ မင္းစိတ္ မင္းအေၾကာင္းကို မင္းထက္ ငါက အသိဆံုးဆိုေတာ့ ငါအဲ့လိုမ်ိဳး ေမြးေပးစရာမလိုဘူး"

"တိက်လွခ်ည္လား၊ ငါ့စိတ္က ဘယ္လိုရိွလို႔လဲ ေျပာျပပါဦး မင္းတည္ရ"

"မင္းေလာက္ ငါ့အေပၚ သဝန္တိုတာ မင္းပဲရိွတယ္၊ မင္းကေတာ့ ထင္ေနမွာပဲ မင္းသဝန္တိုတာေတြ ငါမသိဘူးလို႔၊ မင္းရဲ့ သဝန္တိုမႈက ပြင့္ပြင့္လင္းလင္းသာ ထုတ္မျပတာ ေတာ္ေတာ္ဆိုးတဲ့အထဲပါတယ္၊ ကေလးရိွလာရင္လည္း က်ိန္းေသေပါက္ မင္းကငါ့ကို ကေလးနဲ႔ၿပိဳင္ၿပီး သဝန္တိုေနမွာ၊ ၿပီးေတာ့ အေသခ်ာဆံုးအခ်က္က  မင္းက ငါ့တစ္ေယာက္တည္းကိုပဲ အျပၫ့္အဝခ်စ္ခ်င္တဲ့လူမ်ိဳး၊ မင္းႏွလံုးသားထဲကအခ်စ္ေတြကို ငါကလြဲၿပီး ဘယ္သူ႔ကိုမွ မေပးခ်င္တဲ့သူ"

စိုင္းခြန္လ်ွံ ဝုန္းကနဲထထိုင္ၿပီး မင္းတည္ၾကည္ရဲ့ ႏႈတ္ခမ္းသားအား သူ႔ႏႈတ္ခမ္းျဖင့္ စကၠန႔္မ်ားစြာ ထိရံုသာ ထိကပ္မိသြားသည္။

"ငါ့တည္ကေလးက ေတာ္လိုက္တာ၊ ငါ့ထက္ေတာင္ ငါ့ကို ပိုသိေသးတယ္၊ တည္ကေလးက ဘာလဲ၊ ငါ့ကိုယ္ေစာင့္နတ္ဆီက ငါ့အေၾကာင္းေတြ သတင္းယူထားတာလား"

"ငါ့ကို အဲ့လို မေခၚနဲ႔ ခြန္လ်ွံ"

"တည္ကေလးကလည္း ငါက ခ်စ္စႏိုးနဲ႔ ခ်စ္လို႔ကို"

"ႏွစ္ခါရိွၿပီေနာ္ ခြန္လ်ွံ၊ ထံုးစံအတိုင္း အသားမနာခ်င္ရင္ ေတာ္လိုက္ေတာ့"

"ေအးပါ၊ ေတာ္ၿပီ"

မင္းတည္ၾကည္ကို ေၾကာက္လို႔ စိုင္းခြန္လ်ွံ အေလ်ွာ့ေပးျခင္း လံုးဝ လံုးဝ မဟုတ္ရပါ။ သံုးခါျဖစ္သြားလို႔ မင္းတည္ၾကည္ဘက္က တိုက္စစ္ဆင္လာရင္ သူကလည္း တန္ျပန္ထိုးစစ္ျပန္ဆင္မွာပင္။ သို႔ႏွင့္ မင္းတည္ၾကည္လည္း အသားနာသြားမွာ မလိုလား၍ လက္ေျမႇာက္အရႈံးေပးကာ ေျခလွမ္းျပန္ဆုတ္လိုက္ျခင္း ျဖစ္သည္။

🍀

A/N: ဒီေန့ တင္ေပးတာ ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ရွင္၊ အလုပ္ေလးရႈပ္ေနလို႔ပါ။
Male pregnant နဲ႔ပတ္သတ္တဲ့အေၾကာင္းေျပာတာမွာေလ Googleကေနရွာၿပီးေတာ့ပဲ ကိုးကားေရးထားတာပါ၊ အဲ့အထဲကမွ ကိုယ္ဝန္သည္တခ်ိဳ႕မွာျဖစ္တတ္တဲ့Ectopic Pregnancy အေၾကာင္းကို ပိုၿပီးသိခ်င္တယ္ဆိုရင္ ဒီအထဲ ဝင္ဖတ္ၾကၫ့္ပါေနာ္။

https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/ectopic-pregnancy-%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%95%E1%80%9E%E1%80%B1%E1%82%8F%E1%81%B6%E1%80%90%E1%80%8A%E1%80%B9%E1%80%BB/

🍀

Continue Reading

You'll Also Like

1.9M 91K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
364K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
2M 104K 32
The entire story line and character names are just the imagination of the author.
243K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...