Unicode
ဘုန်းယံချွန်ဆံပင်ညှပ်ပေးနေသည့်အချိန် မြူဇံငြိမ်ငြိမ်လေးနေသည်။ လိုချင်သည့်ပုံစံညှပ်ပေးနေ၍ ငြိမ်နေခြင်းဖြစ်၏။ ကိုးလ်ကလည်း တစ်ချက်မှမလွတ်ဘဲ စောင့်ကြည့်နေ၏။
"ကဲ ကဲ ပြီးပြီ"
"လှလား အစ်ကို"
ဘုန်းယံချွန်သည် မြူဇံ၏ဆံပင်ပုံစံအားကြည့်၍ ရယ်ရခက်၊ငိုရခက်ဖြစ်သွားသည်။ ငုတ်တိုကိုမှ တိုတိုလေးညှပ်ထားသောကြောင့်ပင်။ လူကောင်သေးနှင့်ကြည့်လျှင် ချစ်စရာကောင်းနေသော်လည်း လှလားဟုမေးလာသောကြောင့် ဘုန်းယံချွန်မဖြေတတ်။ ကိုးလ်၏အကြံဖြစ်နေသောကြောင့် မြူဇံကြိုက်သည့်ပုံမဟုတ်။
"လှတာပေါ့ လာပါဦး၊ ကိုယ့်အနားကို"
"တကယ်လှတာလား မောင်"
မြူဇံသည် ကိုးလ်အနားပြေးလာ၍ ရွှင်ပျနေသည်။ ကိုးလ်လည်း ဖွပစ်စရာ ဆံပင်များမရှိသည့်ကြောင့် ငုတ်တိုဆံပင်များအား ပွတ်သပ်လိုက်သောအခါ မြူဇံရိပ်မိသွားတော့မလိုလိုဖြစ်သွား၏။
"လူကြီး သားရဲ့ဆံပင်တွေအကုန်ပြောင်သွားတာလား"
"ဟာ မဟုတ်ပါဘူး၊ အရင်းနားကျန်ပါသေးတယ်"
"လူကြီး သားကိုဂတုံးတုံးပစ်လိုက်တာလား"
မြူဇံသည် မိမိ၏ဆံပင်အားပွတ်သပ်၍ ဆိုလေသည်။ ငုတ်စိတိုလောက်သာကျန်တော့သည့် ဆံပင်များကြောင့် မြူဇံထိုင်ငိုတော့၏။
"သားဆံပင်တွေ အကုန်ဖြတ်ပစ်တယ်၊ မောင်မကောင်းဘူး...။ဟီး...ဟီး..."
ကြမ်းပြင်တွင် ထိုင်ချ၍ ရှူံးပွဲချငိုချတော့၏။ ဘုန်းယံချွန်လည်း ကပ်ကြေးကိုအနောက်တွင် အမြန်ဖွက်ထားပြီး နူတ်ပိတ်နေတော့သည်။
"လှပါတယ်ဆို၊ မင်းက ဒီကေနဲ့မှာချစ်ဖို့ကောင်းနေတာ"
သူ၏စကားကြောင့် ဆူပုတ်နေသောမျက်နှာလေးက မော့ကြည့်လာသည်။ ယခုအထိ သူ၏စကားများက မြူဇံ့အတွက်အကြုံးဝင်နေ၏။ ငုတ်တိုလေးဖြစ်နေသောခေါင်းကိုပွတ်သပ်၍ မြူဇံပေကပ်ကပ်ထရပ်လိုက်သည်။
"ဒါဆို လူကြီးလည်းဒီကေညှပ်"
"အမ်...မ...မ ညှပ်ပါဘူး"
ဘုန်းယံချွန်လည်း ကပ်ကြေးကိုအသံမြည်အောင် ညှပ်၍ သူ့အနားတိုးလာခဲ့သည်။ သူ့တွင်ထိန့်ထိန့်လန့်လန့်နှင့်ဖြစ်နေ၏။
"ဘုန်းယံချွန်! ငါ့ဆံပင်ထိရဲထိကြည့်"
ကိုးလ်အသံကျယ်ကြီးဖြင့်အော်လိုက်သည့်အခါမှ ဘုန်းယံချွန်စတာကို ရပ်လိုက်သည်။ ဆံပင်ညှပ်မည်ကို ကြောက်လန့်နေသော ကိုးလ်အားကြည့်၍ မြူဇံတဟားဟားဖြင့်ရယ်လေသည်။ ထိုအခါမှ ကိုးလ်လည်းမိမိဆံပင်များကို စုချည်ထား၍ သက်ပြင်းချလိုက်တော့၏။
___________________________
ယနေ့ မြူဇံသည် မိုကာအားကိုးနှင့် ကိုးလ်ကိုဝှီးချဲဖြင့် ခေါ်ထွက်လာခဲ့သည်။ နဂိုကတည်းက ဆံပင်တုတ်တိုဖြစ်နေသောမြူဇံက ကလေးတစ်ယောက်လို ပျော်နေ၏။
"ဟ..ဖြေးဖြေးတွန်း"
ဝှီးချဲကိုခပ်မြန်မြန်တွန်းနေသည့် မြူဇံကြောင့် ကိုးလ်ခြေမ,များကုတ်မိသည့်အထိ လက်ကိုင်ကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။ အနောက်ကပဲ ဖြေးဖြေးချင်းလိုက်လာသော မိုကာကိုကြည့်၍ စိတ်မောရသည်။ မတော်၍ သည်ကောင်လေး ဝှီချဲမနိုင်လျှင် ကိုးလ်တော့ ငါးပါးမှောက်ပြီ။
"ကလေး ဖြေးဖြေးတွန်းပါ"
"မောင်ကလည်းလေ စိတ်အပန်းဖြေလို့ရအောင် အမြန်သွားပေးနေရတာ"
"နေ...နေ စိတ်အပန်းဖြေရဖို့နေနေသာသာ မင့်လုပ်လို့ငါ့စိတ်ပိုပင်ပန်းရတယ်။ ကလေးက ကလေးလိုနေ၊ မိုကာ!"
"Yes, Boss!"
"လာတွန်းပေးပါဦး ဒီကလေးကိုဆက်တွန်းခိုင်းရင် ငါခြေကျိုးလက်ကျိုးဖြစ်ကုန်မယ်"
မြူဇံ့အား ပထုတ်၍ မိုကာအမြန်လာတွန်းပေးရသည်။ မြူဇံတွင်တော့ နှာခေါင်းရှူံ့၍ ဆူပုတ်ပုတ်ဖြင့် အရှေ့ကသွားတော့၏။ အပန်းဖြေကစားကွင်းသွားသည့် လမ်းတစ်လျှောက်လုံး အဝါရောင်နေကြာပန်းရိုင်းများက နေရာယူထားသည်။ ဘေးတွင်အစွမ်းကုန်ဖူးပွင့်နေကြသည့် ပန်းဝါဝါလေးများကို လက်ထဲတွင်အပြည့်ခူးထည့်၍ ပြုံးနေသော ကောင်လေးတစ်ယောက်။
သူလည်းပန်းရိုင်းများနှစ်သက်သော လူတစ်ယောက်ဖြစ်သည့်အတွက် ထိုကလေးကိုမတားတော့ချေ။ သည်လိုစိတ်ချမ်းသာနေသည့် ကလေးအားကြည့်၍ စိတ်ချမ်းသာမှုတွေက အတိုင်းထက်အလွန်ပင် ဖြစ်မိသည်။ မြူဇံက၁၈နှစ်သာရှိသေးသည်။ သူကတော့ ၂၆ပြည့်ခဲ့ပြီမဟုတ်ပါလား။
၁၈နှစ်ပြည့်သည့်ကောင်လေးက ယခုဒီဇင်ဘာလတွင် ၁၉နှစ်ပြည့်တော့မည်။ သူလည်း၂၇နှစ်ပြည့်တော့မည်။ မြူဇံက ဒီဇင်ဘာလ၁၅ရက်နေ့တွင်မွေး၍ သူကဒီဇင်ဘာလ၂၅ရက်နေ့တွင်မွေးသည်။ အသက်၈နှစ်မျှကွာသည့် သူ့ကို "မောင်"ဟုအမြတ်တနိုးခေါ်သည့် ကောင်လေးက ယခုအရှေ့တည့်တည့်တွင်ရှိနေသည်။
"မောင် "
"..........."
"မောင်...မောင်"
".............."
"မောင်! နွားအိုကြီး"
"အမ်! ဟိုကလေး ဘယ်လိုခေါ်လိုက်တာလဲ"
အရှေ့ကလှုပ်ရှားနေသော ပုံရိပ်များက ပုံရိပ်ယောင်များမဟုတ်ခဲ့။ ထိုကလေးကိုငေးမောကြည့်နေစဉ်တွင်ပဲ နွားအိုကြီးဆိုသော စကားကြောင့် သူရယ်ရခက်၊ငိုရခက်သွားသည်။
"လာခဲ့စမ်း!"
လက်ကောက်ဝတ်လေးကိုဖမ်းဆွဲ၍ ထိုကလေးကိုအပြစ်ပေးရန်ဖြစ်သည်။ အပြစ်ပေးမည်ဟုသာပြောနေ၏ တကယ်တမ်းသည်ကလေးကို မထိရက်မကိုင်ရက်သည့်အထိ သူမြတ်နိုးသည်ဆိုတာ သည်ကလေးသိမည်မထင်။
သူ၏နှာတံချွန်ချွန်ဖြင့် ပါးမို့မို့အိအိလေးထက် ပွတ်သပ်လေသည်။ မြူဇံဆီကအမြဲတမ်း ရနေသည့်ရနံ့သင်းသင်းလေးတစ်ခုကို သူသိပ်မြတ်နိုးသည်။ သည်ကောင်လေးဆီက အရာအားလုံးကို သူအရမ်းသဘောကျသည်။
"အဟမ်း Boss စိုင်းခမ်းဆီက ဖုန်းလာတယ်"
မြူဇံ့ကိုကလိထိုး၍ ဆော့နေစဉ် အနောက်တွင်မိုကာရှိနေမှန်း သတိဝင်လာတော့သည်။ သည်ကောင်လေးက ဘေးနားကလူတွေမေ့ပစ်နိုင်သည့်အထိ သူ့အားစိုးမိုးထားနိုင်၏။ သူ့ပေါင်ထက်တွင်ထိုင်နေသော မြူဇံ့ကိုထခိုင်းလိုက်သည်။
"နေဦးနော် ကိုယ်ဖုန်းပြောဦးမယ်"
"ဘယ်သူနဲ့လဲ"
"ရည်းစားနဲ့"
မိုကာလှမ်းပြောသည့် အချိန်တုန်းက ရယ်သံများဖုံးလွမ်းနေ၍ စိုင်းခမ်းနာမည်မကြားလိုက်တာဖြစ်သည်။ ထို့ကြောင့် မြူဇံလေးဟာ သူ့လူကြီးဖုန်းပြောနေတာကို နံဘေးတွင်ပေကပ်ကပ်ရပ်၍ သဝန်တိုနေတော့၏။
"အင်း...ပြော အချစ်"
"ဖေ-ိုးမကို အချစ်... ကြက်သီးတောင်ထတယ်၊ ဘာလဲ မင်းကွေးနေပြီလားကိုးလ်"
"ဆိုပါတော့ မင်းနဲ့စတွေ့တဲ့ရက်ကတည်းက ရင်တွေတဒိတ်ဒိတ်ခုန်နေခဲ့တာ"
"-ိုးမ ကို ရင်ခုန်တယ်လား"
စိတ်မဝင်စားသလိုရပ်နေသော်လည်း ခိုးနားထောင်နေသော မြူဇံ့ကိုကြည့်၍ သူအသံမြင့်ကာပြောလိုက်သည်။
"တကယ်ပါကွာ... အချစ်၊ ယုံပါ အဲ့နေ့ကတည်းက ချစ်ရဲ့မျက်နှာလေးကိုစွဲလမ်းနေခဲ့တာ"
" ထွီး! မင်းမျက်နှာမြင်ယောင်ပြီး ရွံလိုက်တာ ကိုးလ် မဟုတ်တာတွေလာမပြောနဲ့ ရူးနေလား"
"ယုံချင်ယုံ မယုံချင်နေ...မွမွ"
မသိသလိုဟန်ဆောင်နေသည့်မျက်နှာက တစ်ဖြေးဖြေးဆူပုတ်လာ၍ အကြည့်များလည်း နဂါးမျက်စောင်းဖြစ်လာသည့် မြူဇံ။ မိုကာလည်း ပေါက်ကရပြောနေသော သူ့ကိုကြည့်၍ ခေါင်းတဗျင်းဗျင်းကုတ်လျက်။
"လင်ရူးတမနေနဲ့ ငါပြောစရာရှိတယ်"
"အင်း...ပြောပြော ချစ်ပြောသမျှ ကိုယ်အကုန်နားထောင်ပေးမယ်"
"-ီး!မို့ ချစ်လို့မခေါ်စမ်းနဲ့"
တစ်ဖက်ကဖုန်းပြောနေသည့် စိုင်းခမ်းသည် မျက်နှာကြီးကို ငရုတ်သီးအပတ်ခံရသလို နီမြန်းလျက်။ ဖုန်းချရမလိုလိုဖြစ်နေသည်။ သို့သော်လည်း...
"ငါမေးစရာရှိလို့"
"မေးပါချစ်"
"ဒီလိုကွာ မင်းကုမ္ပဏီမှာ မြူလင်းဇံဆိုတဲ့ နာမည်နဲ့ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီရှိတယ်မလား"
စိုင်းခမ်း၏စကားကြောင့် ကိုးလ်အစအနောက်များပျောက်ပြယ်၍ မြူဇံ့ကိုမသိမသာဝေ့ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
"မင်းမသိပါဘူး၊ အရင်က ငါစိတ်ရောဂါသည်ကို ကုပေးတာမင်းကိုပြောဖူးပါတယ်။ အခု အဲ့ကလေးပျောက်နေတာ ၉လ၁၀လောက်ရှိနေပြီ၊ အခုသူ့အဖေလည်း ဂျပန်ကပြန်လာရင်း သူ့ကိုလိုက်ရှာနေတာ "
"အဲ့တော့..."
"မင်းအကူအညီလိုနေလို့"
"ငါနဲ့ဘာဆိုင်လို့လဲ"
"အရင်က မင်းကုမ္ပဏီမှာရှယ်ဝင်ထားတဲ့ မျက်နှာကိုထောက်ပြီး မင်းလူတစ်ချို့လွတ်ပြီး စုံစမ်းခိုင်းပါလား"
"ငါဖုန်းချပြီ"
ကိုးလ်ဒေါသထွက်စွာဖြင့် ဖုန်းချလိုက်သည်။ ပျောက်နေတာတစ်နှစ်ပြည့်တော့မည် ယခုမှပြန်ရှာသည့် ဦးဇံလင်းကို သူမည်သို့ပုံဖြင့် ဒေါသမထွက်ဘဲနေမည်နည်း။ အကယ်၍ ရှာတွေ့သွားလျှင်တောင် သူ့ဖက်လုံးဝပြန်ပေးမတွေ့နိုင်ပါ။ စိတ်ဒေါသထွက်နေသည့်ကြားက မိမိခြေထောက်အခြေအနေကြောင့် ပိုစိတ်တိုရသည်။
"မင်း စိတ်ဆိုးနေတာလား"
ဝှီးချဲဘီးကို ကိုယ့်ဘာသာတွန်း၍ စိတ်ကောက်နေသော ကလေး၏လက်ကို ဆွဲယူလိုက်သည်။ ထိုကလေးတွင်တော့ ဆူပုတ်နေဆဲ။
"ဟင်လို့ မင်းကိုယ့်ကိုယ်စိတ်ဆိုးနေတာလား"
သူ့ရဲ့လက်ကိုဆွဲလှုပ်မှ ချထားသည့်မျက်လွှာများပင့်ကြည့်လာ၍...
"စိတ်ဆိုးတာမဟုတ်ဘူး စိတ်ကောက်နေတာလို့"
နူတ်ခမ်းတထော်ထော်ဖြင့်ပြောလာသည့်သူ့ကြောင့် ကိုးလ်စိတ်ထဲအနည်းငယ်ပေါ့ပါးသွားရသည်။ မျက်ခုံးတန်းနှစ်ဖက်ကို တွန့်လိမ်အောင်ကျုံ့ထားသည့် သူ့ကို ရင်ခွင်ထဲဆွဲထည့်ထား၍ ...
"ဒီကလေးကလည်း ဘာမဟုတ်တာကို စိတ်ကောက်ရတယ်လို့"
"ကောက်စရာရှိတာကောက်မှာပဲ မောင်က ချော့စရာရှိတာ ချော့မှမချော့ဘဲ"
"ကဲ ပြောပါဦး ဘာတွေများစိတ်ကောက်စရာတွေရှိလို့လဲ"
"အား!..ခွေးသူတောင်းစားကြီး! အရိပ်အကဲမကြည့်တတ်ဘူးလား"
ရုတ်တရက်ထအော်ဆဲသည့် မြူဇံကအမှန်ပင်စိတ်တိုနေသည်။သူ့ကို ကိုးလ်အပြစ်မမြင်ရက်။ သို့သော်လည်း သည်ကောင်လေးကို စနောက်ရတာသဘောကျသည်။ အမှန်တိုင်းဝန်ခံလျှင် သူ့လိုလူတစ်ယောက်အတွက် သည်ကောင်လေးသဝန်တိုပေးသည်ကို ပျော်နေမိသည်။
ထို့ကြောင့် ကလေးဆန်မိသွား၏။ ထို့ကြောင့် သည်ကောင်လေးကို အပိုင်သိမ်းချင်မိသည်။ ထို့ကြောင့် သည်ကောင်လေးအား သူလိမ်ညာမိတော့မည်။
"အမ် ကိုယ်ကခွေးကြီးလာ"
"ဟုတ်တယ်"
"အမ်...မောင်မဟုတ်တော့ဘူးပေါ့၊ ခွေးကြီးပေါ့"
"အင်း..."
"ဝုတ်...ဝုတ်..."
ကိုးလ်သည် မြူဇံ၏ရင်ဘက်ထဲတွင် တိုးဝှေ့၍ ခွေးဟောင်သံဖြင့်မြူဇံအား စနောက်တော့သည်။
"ဟား..ဟား..ယားလိုက်တာ ခွေးသားကြီး"
"ဝုတ်...ဝုတ်... ခွေးကြီးလို့ထပ်ပြောစမ်း..."
"အင့်...ခစ်...ခစ်...တော်ပြီ"
"ပြောဦးမလား...ဝုတ်...ဝုတ်..."
"မပြောတော့ဘူး...အရှူံးပေးတယ်"
ကိုးလ်၏ကလိထိုးမှူကြောင့် ရုန်းရင်းမောသွားသည့် မြူဇံသည်အသက်ပြင်းပြင်းရှူ၍ ပြုံးနေသည်။
"လသာဆောင်ပြန်တော့မလား"
"ဟင့်အင်း... ဆော့ဦးမယ်ဆို"
"တော်ပြီလေ ကိုယ့်ခြေထောက်မကောင်းသေးလို့ နောက်မှထပ်လာရအောင်နော်"
"သားက ဟိုဟာစီးချင်တာကို"
"မင်းကလိမ်မာပါတယ်၊ ဒါကကိုယ့်အပိုင်တွေမို့၊ မင်းဘယ်အချိန်ပဲ လာ လာစီးလို့ရတယ်"
"ပြီးရော... သားညောင်းတယ်"
"အခုထိဘာမှမလုပ်ရသေးတဲ့ဟာ ဘာလို့ညောင်းတာလဲ"
"မောင်မသိပါဘူး၊ မောင်က ဒါစီးနေတာကို၊ ကိုယ်တိုင်လမ်းလျှောက်ကြည့်ပါလား"
လမ်းလျှောက်ပြန်ရမည်ကို ပျင်းနေသည့် ရစ်စိန်လေးက တစ်ကွက်ထပ်ရစ်လာပြန်သည်။ မနေသာတော့သည့် မိုကာအား လက်ညှိုးထိုးပြ၍ ကုန်းပိုးခိုင်း၏။
"ဟိုလူကြီး သားကိုကုန်းပိုးပြန်"
"ကျုပ်ကလား သခင်လေး"
"ဟာ...မဖြစ်ပါဘူး၊ လုံးဝမပိုးရဘူး"
အသည်းအသန်ဖြစ်နေသည့်ကိုးလ်က ပြာပြာသလဲငြင်းလိုက်သည်။
"သားညှောင်းနေတယ်လေ "
"ညှောင်းရင် ဒီမှာလာထိုင်၊ သူ့ကိုတော့လုံးဝ မပိုးခိုင်းနဲ့"
ကိုးလ်သည် မိမိဝှီးချဲပေါ်တွင်ထိုင်နေရင်း မြူဇံကိုလည်းပေါင်ပေါ်တွင်ထိုင်းခိုင်ရန်ပြင်နေစဉ်...
"မဖြစ်ပါဘူး Boss၊ ဒီဝှီးချဲကစိတ်မချရလို့ ကျိုးသွားရင်..."
"ငါ့ဝှီးချဲကို ဘာမှတ်နေလဲ၊ တရုတ်ထုတ်မဟုတ်ဘူး၊ Japan makeဟ...။ အထင်မသေးနဲ့ လာထိုင်"
ပြတ်ပြတ်သားသားပြောသည့် ကိုးလ်အားကြည့်၍ မိုကာခေါင်းတဗျင်းဗျင်းကုတ်လေတော့သည်။ Japan Makeဆိုတော့လည်း ဘာမှပြောမနေတော့၊ မဟုတ်လျှင် ကိုယ့်နိုင်ငံနာမည်အကျမခံနိုင်။
ဝှီးချဲတစ်ခုတည်းနှင့် လူနှစ်ယောက်စီးနေသည်ကို ဧည့်သည်တော်များက ဘုကြည့် ကြည့်သွားကြသည်။ မိုကာတွင်တော့ အပြုံးအရယ်မရှိဘဲ ယုံကြည်မှုရှိစွာ အနောက်ကနေတွန်း၍ Japan Makeလေး ကျိုးမသွားရန်သာဆုတောင်းတော့၏။ ဝှီးချဲပေါ်တွင်ထိုင်နေသည့် ကိုးလ်တွင်တော့...
"အဟမ်း..ဟမ်း ဝှီးချဲပေါ်မှာ လူနှစ်ယောက်ထိုင်နေတာကို အထူးအဆန်းလုပ်ပြီး ကြည့်နေကြတာ၊ မိုကာ ငါတို့ကကြောင်တောင်တောင်နိုင်နေတာလား"
"မဟုတ်ပါဘူး သူတို့ကသာ အထူးအဆန်းလုပ်နေကြတာပါ Boss"
__________________________________
၃လကြာပြီးနောက်.....
"Happy Birthday ''
မိမိအရှေ့တွင် ရောက်လာသည့် အနီရောင်ကျောက်ကြောင့် မြူဇံအံသြသွားသည်။ ထိုအနီရောင်ကျောက်လေးသည် အနီရောင်ဖြာ၍တောက်ပနေပြီး အစိမ်းရောင်ကျစ်ကြိုးဖြင့်ချည်ထားလေသည်။
"ဒါက"
"မင်းမွေးနေ့လက်ဆောင်လေ"
". ........."
"ကိုယ်ဆွဲပေးမယ်"
ကိုးလ်ကိုယ်တိုင် မြူဇံလည်ပင်း၌ဆွဲပေးလိုက်၏။ အနီရောင်ပတ္တမြာလေးသည် မြူဇံ၏လည်ပင်းထက်၌ ခမ်းနားစွာနေရာယူထားလေသည်။
"မင်းမွေးနေ့အတွက် သွားပြင်လိုက်ဦးမယ်၊ အခုကလက်ဆောင်ကြိုပေးတာ ကြိုက်ရဲ့လား"
မြူဇံသည် ဆိုဖာပေါ်ကဆင်း၍ ခြေဖျားထောက်ကာ ကိုးလ်၏ပါးပြင်ကို ခပ်ဖွဖွနမ်းလိုက်သည်။
"မောင်ပေးတဲ့ပစ္စည်းမှန်သမျှ အကုန်ကြိုက်တယ်"
အူအသည်းကြောင့် ကိုးလ်နူတ်ခမ်းနှစ်ဖက်လုံး ကွေးတက်သွားသလားမသိ။ အနည်းငယ်ပြန်ရှည်လာသည့် မြူဇံ၏ဆံပင်များကို ဖွပစ်၍အခန်းပြင်ထွက်လာခဲ့၏။
စိတ်ထဲတွင် ထုတ်မပြတတ်သည့် ပျော်ရွှင်မှုများကနရောအပြည့်ယူထားလျက်။ ခြေထောက်ပြန်ကောင်းသည့် ရက်ကတည်းက မိုင်းရှူးသို့သွား၍ ပတ္တမြားတွင်းတွင် ကိုယ်တိုင်ရှာလာသည့်ကျောက်ဖြစ်သည်။ ထိုမျှကြီးသည့်ကျောက်နီကို သန်းနှင့်ချီ၍အကုန်ခံထားပြီး ကျောက်ဒီဇိုင်နာလက်ထဲ၌ တစ်လအပြီးအစီးလုပ်ပေးရန်အပ်ခဲ့သည်။ လက်ခ၏တန်ဖိုးလည်းနည်းသည်မဟုတ်။
မြူဇံ၏မွေးနေ့တွင် အကောင်းဆုံးအရာပြုလုပ်ပေးရန် ကိုးလ်၏အဓိကစေတနာဖြစ်သည်။ အကောင်းဆုံးလူသားအတွက် အကောင်းဆုံးအရာပေးချင်ခဲ့သည်မဟုတ်ပါလား။ သည်ပတ္တမြားကျောက်ကမည်မျှတန်ဖိုးကြီးပလေ့စေ ထိုကောင်လေးထက်တန်ဖိုးမရှိနိုင်။
"လှလိုက်တာ အရောင်ကိုမှလင်းနေတာပဲ"
မြူဇံသည်မိမိလည်ပင်းထက်က အရောင်လက်နေသော လက်ရာမြောက်လွန်းသည့်ကျောက်ကိုကြည့်၍ တိုးတိုးလေးဆိုလိုက်သည်။ ပြီးနောက် သူ့ယုန်ကလးများနှင့်ဆက်ဆော့လေတော့၏။
"သိန်းရာနဲ့ချီပြီး မွေးနေ့လက်ဆောင်ပေးလိုက်တာလား"
"အင်း အဲ့ထက်များတယ်တန်ဖိုးက"
မြူဇံမွေးနေ့အတွက် ကိုယ်တိုင်ကိတ်မုန့်လုပ်ရင်း နံဘေးတွင် ဘုန်းယံချွန်နှင့် ခွန်လီအကူလုပ်ပေးသည်။ ဘုန်းယံချွန်တွင်တော့ တန်းဖိုးကြီးသည့် မြူဇံ၏လက်ဆောင်အကြောင်း စပ်စုလေတော့၏။
"မိုင်းရှူးကျောက်တွေက အရည်အသွေးပိုမြင့်တယ်လေ၊ ဒါကြောင့် ကျောက်ကို သိန်းငါးထောင်ပေးပြီးဝယ်လိုက်တာ"
"ငါးထောင်! "
"လက်ခက သိန်းတစ်ရာ့ငါးဆယ်"
"ငါးထောင်တစ်ရာ့ငါးဆယ်!"
ဘုန်းယံချွန်သည် ကြက်ဥများပစ်ချမိသည့်အထိ ပါးစပ်စိအဟောင်းသားနှင့် လက်ချောင်းများရေတွက်လိုက်သည်။ အမှန်ပင် မအံ့သြဘဲနေမည်လား။
"ဥတွေကွဲကုန်ပြီ"
ခွန်လီသည် မူးမေ့မသွားသည့် ဘုန်းယံချွန်ကိုသာကျေးဇူးတင်တော့သည်။ ကျကွဲသွားသည့် ကြက်ဥများကို အကူများအားရှင်းခိုင်းလိုက်၏။ ဘုန်းယံချွန်လည်း သိန်တစ်ထောင့်တစ်ရာ့ငါးဆယ်ကို လက်ချောင်းချိုးရေတွက်၍ မကုန်မခန်းအောင် အံ့သြနေသည်။
တစ်ဖက်က ကိုးလ်ကတော့နူတ်ခမ်းလေးမသိမသာပြုံးမိသွား၏။ နောက်မှအသိဝင်လာကာ မိမိကိုယ်မိမိသိပ်ဘဝင်မြင့်သွားမှန်းသတိရတော့သည်။ အထူးဧည့်အချို့လည်း ဖိတ်ထားသည့်အတွက် မြူဇံ၏မွေးနေ့ပွဲကို ထင်းရှူးစံအိမ်အသေးကြားတွင်သာ ကျင်းပရန်ဖြစ်သည်။
ဝန်ထမ်းများလည်း မြူဇံမွေးနေ့ပွဲအတွက်အလုပ်ရှုပ်နေကြ၏။ အစိမ်းရောင်တောထဲရှိ ဝန်ထမ်းများအားလုံးအလုပ်ရှုပ်နေကြသည်။ လေးလေးလည်း မီးပန်းကြိုးများလိုက်တပ်ကူရသည့်အထိ အလုပ်ရှုပ်နေသည့်အချိန်တွင် ဇိမ်ဖြင့်နေနိုင်သူက မွေးနေ့ရှင်တစ်ယောက်တည်းသာ။
မည်သူကမှရေသာခိုနေ၍မရ၊ သိပ်ခမ်းခမ်းနားနာကြီးမဟုတ်သော်လည်း အထူးဧည့်သည်အချို့ဖိတ်ထားသောကြောင့် မြူဇံ၏မွေးနေ့တွင် အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးကြသည်။ ကိုးလ်တို့အဖွဲ့လည်း သုံးဆင့်ကိတ်လေးကို အချိန်တော်တော်နှင့်မပြီးနိုင်။
မွေးနေ့ရှင်ကတော့ တရေးပင်နိုး၍ တဝါးဝါးသမ်းနေပြီ။ နေလုံးကြီးကလည်း တောင်စောင်းသို့ ခိုဝင်စပြုလေပြီ။ ဒီဇင်ဘာ၏ ဆောင်းညလည်းအအေးဒဏ်စတင်လွန်ကဲလာပြီ။ ခန္ဓာကိုယ်ပေါ်တွင်ဂျာကင်အထူကြီးဝတ်၍ လသာဆောင်၏ ဝရံတာတွင် ရပ်နေသူက မွေးနေ့ရှင်လေးဖြစ်နေသည်။ ည၅နာရီထိုးလျှင် လာခေါ်မည်ပြောသည့် တစ်စုံတစ်ယောက်ကို မျော်နေခြင်းဖြစ်သည်။
"ယုန်ပေါက်လေး "
"မောင်"
အနောက်တိုင်းဝတ်စုံနှင့် ခန့်ညားနေသော ကိုးလ်ကြောင့် ရင်ထဲတွင်လှိုင်ဖို၍ ပြေးဖက်မိသည်။ ဆံပင်ရှည်များအားလုံး ခပ်မြင့်မြင့်စုချည်ထားသောကြောင့် ပြေပြစ်သည့်နဖူးလေးက သူ့ကိုပို၍ခန့်ညားစေသည်။ ရင်ခွင်နွေးနွေးထဲခိုဝင်၍ မှေးစက်နေသူက မြူဇံဖြစ်နေ၏။ ချစ်တယ်ဟု တရားဝင်မပြောဖြစ်သေးသော်လည်း သည်လူအတွက်အရာရာပုံအောပေးနေသည်ဆိုတာ သူသိမည်မထင်။
"ဆက်ဖက်ထားမလို့လား"
"........"
ရင်ခွင်ငွေ့နွေးနွေးလေးကို သူသဘောကျသည်။ ပြီးတော့ အကြည့်ရိုင်းများက သူ့ကိုစွဲဆောင်နိုင်လွန်းသည်။
"မောင် မောင့်ကို သားချစ်တယ်"
ရင်ခွင်ထဲကခေါင်း မော့လာ၍ အစိမ်းရောင်မျက်ဝန်းလေးက စိုလဲ့နေ၏။ သည်စကားက ပထမဆုံးမှမဟုတ်တော့တာ။ ပြီးတော့ သည်ကောင်လေးသူ့ကိုမည်မျှချစ်မှန်း သူသိနေသည်။ ကောင်လေး၏ နဖူးလေးကိုသူငုံ့နမ်း၍ ပြုံးရုံသာပြုံးပြလိုက်၏။ ထိုအခိုက်သူခေါင်းညိတ်ပြသလားမသဲကွဲ။
"သွားရအောင် လေးလေးတို့ မွေးနေ့လက်ဆောင်ပေးဖို့စောင့်နေပြီ"
"ဟုတ်ကဲ့"
သူရဲ့ဘယ်လက်မောင်းကိုချိတ်၍ အူမြူးစွာ မွေးနေ့ပါတီသို့...။
မစ္စတာခွန်ပီနှင့် အခြားဧည့်သည်များကြိုရောက်နှင့်နေပြီးသား။ မီးရောင်စုံကြားတွင် မွေးနေ့ရှင်အား စောင့်မျော်နေကြသည့် လူတစ်သိုက်။ မွေးနေ့ရှင်ရောက်လာသည်နှင့် အားလုံးက သီချင်းဖြင့်ဂုဏ်ပြုပေးကြသည်။ လက်ခုပ်သံတို့က ဆူညံစွာထွက်လာခဲ့ပြီ။
"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မြူဇံ၊ ၁၉နှစ်ပြည့်မွေးနေ့မှစပြီး ဟိုလူကြီးနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေ"
"ဖြောင်း! ဝေါင်း...ဝေါင်း!"
ခွန်လီ၏မွေးနေ့ဆုတောင်းကြောင့် ကိုးလ်ရှက်နေသော်လည်း ပြုံးနေသောမြူဇံကြောင့် ယောင်ပြီးလက်ခုပ်တီးလိုက်မိ၏။
"ကိုးလ် မမိတ်ဆက်ပေးတော့ဘူးလာ"
လူများကြားမှ ထွက်လာ၍ မေးနေသောလူကြောင့် ကိုးလ်အောင့်သက်သက်ဖြစ်သွားသည်။ သက်ရှိုင်းဖြစ်နေသောကြောင့် ကိုးလ်မယုံစွာဖြင့်သာကြည့်လေ၏။ မွေးနေ့ဖိတ်သည့်လူထဲမှာ သက်ရှိုင်းမပါ။
"ဟုတ်တယ် မိတ်ဆက်ပေးပါဦး"
သက်ရှိုင်း၏ စကားကို ဝင်ထောက်ခံသည့် VIPဧည့်သည်တစ်ချို့ကြောင့် ကိုးလ်လည်းအကျပ်ရိုက်သွား၏။ သည်မွေးနေ့ပွဲလုပ်ပေးသည်က မှားပြီထင်သည်။
"မြူဇံတဲ့ ကျုပ်အရမ်းချစ်တဲ့ ကလေးပေါ့"
မြူဇံ၏လက်ကိုတင်းတင်းဆုပ်ကို၍ ကိုးလ်ဆိုလိုက်သည်။ ကိုးလ်၏အဖြေကို ဘယ်သူတွေဘယ်လိုထင်မလဲမသိသော်လည်း မျက်ဝန်းစိမ်းများပိုင်ဆိုင်ထားသည့် မြူဇံ့ကို ကြည့်မဝ၊ငေးမဝ အားကျနေကြ၏။
သက်ရှိုင်းက ကိုးလ်၏အဖြေကြောင့် မကျေနပ်သေးပါ။ ထို့ကြောင့် မြူဇံရှိရာသို့ချည်းကပ်လိုက်၏။
"ဒီမှာ ကလေး"
"ဗျာ"
" မင်းနဲ့ကိုးလ်က ဘယ်လိုဆက်ဆံရေးမျိုးလဲ"
"မောင့်ကိုပြောတာလာဟင်"
"မောင်"
မြူဇံ၏အဖြေကြောင့် သက်ရှိုင်းနားလည်လိုက်သည်။ နောက်ဆုံးတော့ ကိုးလ်ဟာ ကွေးသွားခဲ့ပြီဆိုသောအသိကြောင့် ကျေနပ်နေတော့၏။ မြူဇံဆိုသော ကောင်လေးလည်း ကိုးလ်အရိပ်တကြည့်ကြည့်ဖြစ်နေအောင် ထူးခြားသည့်အချက်များကို ပိုင်ဆိုင်ထားသည်မဟုတ်ပါတကား။
"ကိုးလ် မင်းငါ့ကိုရှင်းပြဦး"
စိုင်းခမ်း၏ ဆွဲခေါ်ရာနောက်လိုက်ပါလာ၍ လူများကြားကျန်နေခဲ့သည့်မြူဇံကို ကိုးလ်စိတ်မချပါ။ စိုင်းခမ်း၏အမေးကိုလည်း ယခုအချိန်ဖြေရန် စိတ်ကူးမရှိ။
"ငါသိတယ် အဲ့ကလေးက ဘာလို့မင်းဆီရောက်နေတာလဲ။ ကိုးလ်မင်းငါ့ကိုမလိမ်နဲ့"
"ကျစ်! ဘာလဲဟာ ငါ့ချစ်လို့ခေါ်ထားတာ"
"ဘာ!! မင်းက ဂေးလား"
"အင်း"
"ကိုးလ် မင်းရူးနေတာလားဟမ်...။ သူ့မိဘတွေလိုက်ရှာနေတယ် ငါမေးတုန်းက မင်းမသိဘူးဆို"
"တော်စမ်းပါ ဒီကိစ္စမင်းမသိလို့၊ ငါနောက်မှရှင်းပြမယ်။ လောလောဆယ်သူ့မွေးနေ့မှာ သူ့အနားငါရှိနေမှဖြစ်မှာ"
လှည့်ထွက်ရန်ပြင်နေသော ကိုးလ်၏လက်မောင်းကို စိုင်းခမ်းဖျပ်ခနဲလှမ်းဆွဲ၍...
"မရဘူး အခုငါ့ကိုရှင်းပြ၊ ဒီကိစ္စမင်းမရှင်းရင် ပြီးပြတ်မှာမဟုတ်ဘူး"
"တော်တော့လို့ မင်းကိုငါပြောနေတယ်နော်"
"ငါမတော်နိုင်ဘူး မင်းဘာလို့ ငါ့ကိုဖုံးကွယ်ထားတာလဲ"
"ကျစ်! "
"ပြောလေ!"
ဒေါသထွက်နေသည့်လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မထိုးမိရုံမတမယ်။ ခပ်တင်းတင်းဆုပ်ထားသည့်လက်တစ်ဖက်က စုချည်ထားသည့် ဆံပင်ကြိုးလေးကိုဖြုတ်၍...
"ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး သူ့အနားငါရှိမှဖြစ်မယ်"
"ငါ့ကိုရော ဘယ်တော့ရှင်းပြမလဲ"
"တစ်နေ့နေ့ကျရင် ငါသေချာတဲ့နေ့ကျရင် ပြောပြမယ်၊ ဟုတ်ပြီလား အခုတော့သူ့အနား ငါ့ကိုသွားခွင့်ပေး"
လေသံကိုထိန်းရင်းပြောနေသော ကိုးလ်ကြောင့် စိုင်းခမ်းဆုပ်ထားသောလက်ကို လွတ်ပေးလိုက်သည်။ မြူဇံအနားရောက်တော့ သိပ်မပြုံးတတ်သည့်ကိုးလ်က နူတ်ခမ်းများအနည်းငယ်ကွေးရုံသာ။
"မောင် ဘယ်တွေသွားနေတာလဲ"
"ကိုယ့်အသိတစ်ယောက်နဲ့စကားပြောနေတာ"
သိပ်မယုံချင်ဖြစ်နေသော မြူဇံ့ကိုကြည့်၍ မျက်ခုံးများတွန့်လိုက်သည်။ ဘာလဲ သည်ကောင်လေးသဝန်တိုနေသလား။
"စိတ်ချပါ ကိုယ့်ရဲ့သူငယ်ချင်းနဲ့စကားပြောနေတာ"
ထိုအခုမှ မြူဇံသက်ပြင်းချ၍ ကိုးလ်၏အင်္ကျီစကိုဆွဲလိုက်သည်။
"မင်း ပင်ပန်းနေပြီလာ"
"နည်းနည်းပါ"
"ကောင်းပြီ ကိုယ်မင်းကိုအခန်းထိလိုက်ပို့မယ်၊ ဧည့်သည်တွေကိုယ်ပဲဧည့်ခံထားလိုက်မယ် ဟုတ်ပြီလား"
အနည်းငယ်အေးစက်နေသော လက်ဖျားကို ကိုးလ်လက်ဖဝါးထဲထည့်၍ နွေးထွေးအောင်ဆုပ်ကိုင်ပေးသည်။ ထို့နောက် ဆူညံနေသောပါတီပွဲက တိတ်တဆိတ်ထွက်လာခဲ့၏။
___________________________
Zawgyi
ဘုန္းယံခြၽန္ဆံပင္ညွပ္ေပးေနသည့္အခ်ိန္ ျမဴဇံၿငိမ္ၿငိမ္ေလးေနသည္။ လိုခ်င္သည့္ပုံစံညွပ္ေပးေန၍ ၿငိမ္ေနျခင္းျဖစ္၏။ ကိုးလ္ကလည္း တစ္ခ်က္မွမလြတ္ဘဲ ေစာင့္ၾကည့္ေန၏။
"ကဲ ကဲ ၿပီးၿပီ"
"လွလား အစ္ကို"
ဘုန္းယံခြၽန္သည္ ျမဴဇံ၏ဆံပင္ပုံစံအားၾကည့္၍ ရယ္ရခက္၊ငိုရခက္ျဖစ္သြားသည္။ ငုတ္တိုကိုမွ တိုတိုေလးညွပ္ထားေသာေၾကာင့္ပင္။ လူေကာင္ေသးႏွင့္ၾကည့္လွ်င္ ခ်စ္စရာေကာင္းေနေသာ္လည္း လွလားဟုေမးလာေသာေၾကာင့္ ဘုန္းယံခြၽန္မေျဖတတ္။ ကိုးလ္၏အႀကံျဖစ္ေနေသာေၾကာင့္ ျမဴဇံႀကိဳက္သည့္ပုံမဟုတ္။
"လွတာေပါ့ လာပါဦး၊ ကိုယ့္အနားကို"
"တကယ္လွတာလား ေမာင္"
ျမဴဇံသည္ ကိုးလ္အနားေျပးလာ၍ ႐ႊင္ပ်ေနသည္။ ကိုးလ္လည္း ဖြပစ္စရာ ဆံပင္မ်ားမရွိသည့္ေၾကာင့္ ငုတ္တိုဆံပင္မ်ားအား ပြတ္သပ္လိုက္ေသာအခါ ျမဴဇံရိပ္မိသြားေတာ့မလိုလိုျဖစ္သြား၏။
"လူႀကီး သားရဲ႕ဆံပင္ေတြအကုန္ေျပာင္သြားတာလား"
"ဟာ မဟုတ္ပါဘူး၊ အရင္းနားက်န္ပါေသးတယ္"
"လူႀကီး သားကိုဂတုံးတုံးပစ္လိုက္တာလား"
ျမဴဇံသည္ မိမိ၏ဆံပင္အားပြတ္သပ္၍ ဆိုေလသည္။ ငုတ္စိတိုေလာက္သာက်န္ေတာ့သည့္ ဆံပင္မ်ားေၾကာင့္ ျမဴဇံထိုင္ငိုေတာ့၏။
"သားဆံပင္ေတြ အကုန္ျဖတ္ပစ္တယ္၊ ေမာင္မေကာင္းဘူး...။ဟီး...ဟီး..."
ၾကမ္းျပင္တြင္ ထိုင္ခ်၍ ရႉံးပြဲခ်ငိဳခ်ေတာ့၏။ ဘုန္းယံခြၽန္လည္း ကပ္ေၾကးကိုအေနာက္တြင္ အျမန္ဖြက္ထားၿပီး ႏူတ္ပိတ္ေနေတာ့သည္။
"လွပါတယ္ဆို၊ မင္းက ဒီေကနဲ႕မွာခ်စ္ဖို႔ေကာင္းေနတာ"
သူ၏စကားေၾကာင့္ ဆူပုတ္ေနေသာမ်က္ႏွာေလးက ေမာ့ၾကည့္လာသည္။ ယခုအထိ သူ၏စကားမ်ားက ျမဴဇံ့အတြက္အႀကဳံးဝင္ေန၏။ ငုတ္တိုေလးျဖစ္ေနေသာေခါင္းကိုပြတ္သပ္၍ ျမဴဇံေပကပ္ကပ္ထရပ္လိုက္သည္။
"ဒါဆို လူႀကီးလည္းဒီေကညွပ္"
"အမ္...မ...မ ညွပ္ပါဘူး"
ဘုန္းယံခြၽန္လည္း ကပ္ေၾကးကိုအသံျမည္ေအာင္ ညွပ္၍ သူ႕အနားတိုးလာခဲ့သည္။ သူ႕တြင္ထိန့္ထိန့္လန့္လန့္ႏွင့္ျဖစ္ေန၏။
"ဘုန္းယံခြၽန္! ငါ့ဆံပင္ထိရဲထိၾကည့္"
ကိုးလ္အသံက်ယ္ႀကီးျဖင့္ေအာ္လိုက္သည့္အခါမွ ဘုန္းယံခြၽန္စတာကို ရပ္လိုက္သည္။ ဆံပင္ညွပ္မည္ကို ေၾကာက္လန့္ေနေသာ ကိုးလ္အားၾကည့္၍ ျမဴဇံတဟားဟားျဖင့္ရယ္ေလသည္။ ထိုအခါမွ ကိုးလ္လည္းမိမိဆံပင္မ်ားကို စုခ်ည္ထား၍ သက္ျပင္းခ်လိဳက္ေတာ့၏။
___________________________
ယေန႕ ျမဴဇံသည္ မိုကာအားကိုးႏွင့္ ကိုးလ္ကိုဝွီးခ်ဲျဖင့္ ေခၚထြက္လာခဲ့သည္။ နဂိုကတည္းက ဆံပင္တုတ္တိုျဖစ္ေနေသာျမဴဇံက ကေလးတစ္ေယာက္လို ေပ်ာ္ေန၏။
"ဟ..ေျဖးေျဖးတြန္း"
ဝွီးခ်ဲကိုခပ္ျမန္ျမန္တြန္းေနသည့္ ျမဴဇံေၾကာင့္ ကိုးလ္ေျခမ,မ်ားကုတ္မိသည့္အထိ လက္ကိုင္ကိုတင္းတင္းဆုပ္ကိုင္ထားမိသည္။ အေနာက္ကပဲ ေျဖးေျဖးခ်င္းလိုက္လာေသာ မိုကာကိုၾကည့္၍ စိတ္ေမာရသည္။ မေတာ္၍ သည္ေကာင္ေလး ဝွီခ်ဲမနိုင္လွ်င္ ကိုးလ္ေတာ့ ငါးပါးေမွာက္ၿပီ။
"ကေလး ေျဖးေျဖးတြန္းပါ"
"ေမာင္ကလည္းေလ စိတ္အပန္းေျဖလို႔ရေအာင္ အျမန္သြားေပးေနရတာ"
"ေန...ေန စိတ္အပန္းေျဖရဖို႔ေနေနသာသာ မင့္လုပ္လို႔ငါ့စိတ္ပိုပင္ပန္းရတယ္။ ကေလးက ကေလးလိုေန၊ မိုကာ!"
"Yes, Boss!"
"လာတြန္းေပးပါဦး ဒီကေလးကိုဆက္တြန္းခိုင္းရင္ ငါေျခက်ိဳးလက္က်ိဳးျဖစ္ကုန္မယ္"
ျမဴဇံ့အား ပထုတ္၍ မိုကာအျမန္လာတြန္းေပးရသည္။ ျမဴဇံတြင္ေတာ့ ႏွာေခါင္းရႉံ႕၍ ဆူပုတ္ပုတ္ျဖင့္ အေရွ႕ကသြားေတာ့၏။ အပန္းေျဖကစားကြင္းသြားသည့္ လမ္းတစ္ေလွ်ာက္လုံး အဝါေရာင္ေနၾကာပန္းရိုင္းမ်ားက ေနရာယူထားသည္။ ေဘးတြင္အစြမ္းကုန္ဖူးပြင့္ေနၾကသည့္ ပန္းဝါဝါေလးမ်ားကို လက္ထဲတြင္အျပည့္ခူးထည့္၍ ၿပဳံးေနေသာ ေကာင္ေလးတစ္ေယာက္။
သူလည္းပန္းရိုင္းမ်ားႏွစ္သက္ေသာ လူတစ္ေယာက္ျဖစ္သည့္အတြက္ ထိုကေလးကိုမတားေတာ့ေခ်။ သည္လိုစိတ္ခ်မ္းသာေနသည့္ ကေလးအားၾကည့္၍ စိတ္ခ်မ္းသာမႈေတြက အတိုင္းထက္အလြန္ပင္ ျဖစ္မိသည္။ ျမဴဇံက၁၈ႏွစ္သာရွိေသးသည္။ သူကေတာ့ ၂၆ျပည့္ခဲ့ၿပီမဟုတ္ပါလား။
၁၈ႏွစ္ျပည့္သည့္ေကာင္ေလးက ယခုဒီဇင္ဘာလတြင္ ၁၉ႏွစ္ျပည့္ေတာ့မည္။ သူလည္း၂၇ႏွစ္ျပည့္ေတာ့မည္။ ျမဴဇံက ဒီဇင္ဘာလ၁၅ရက္ေန႕တြင္ေမြး၍ သူကဒီဇင္ဘာလ၂၅ရက္ေန႕တြင္ေမြးသည္။ အသက္၈ႏွစ္မွ်ကြာသည့္ သူ႕ကို "ေမာင္"ဟုအျမတ္တနိုးေခၚသည့္ ေကာင္ေလးက ယခုအေရွ႕တည့္တည့္တြင္ရွိေနသည္။
"ေမာင္ "
"..........."
"ေမာင္...ေမာင္"
".............."
"ေမာင္! ႏြားအိုႀကီး"
"အမ္! ဟိုကေလး ဘယ္လိုေခၚလိုက္တာလဲ"
အေရွ႕ကလႈပ္ရွားေနေသာ ပုံရိပ္မ်ားက ပုံရိပ္ေယာင္မ်ားမဟုတ္ခဲ့။ ထိုကေလးကိုေငးေမာၾကည့္ေနစဥ္တြင္ပဲ ႏြားအိုႀကီးဆိုေသာ စကားေၾကာင့္ သူရယ္ရခက္၊ငိုရခက္သြားသည္။
"လာခဲ့စမ္း!"
လက္ေကာက္ဝတ္ေလးကိုဖမ္းဆြဲ၍ ထိုကေလးကိုအျပစ္ေပးရန္ျဖစ္သည္။ အျပစ္ေပးမည္ဟုသာေျပာေန၏ တကယ္တမ္းသည္ကေလးကို မထိရက္မကိုင္ရက္သည့္အထိ သူျမတ္နိုးသည္ဆိုတာ သည္ကေလးသိမည္မထင္။
သူ၏ႏွာတံခြၽန္ခြၽန္ျဖင့္ ပါးမို႔မို႔အိအိေလးထက္ ပြတ္သပ္ေလသည္။ ျမဴဇံဆီကအၿမဲတမ္း ရေနသည့္ရနံ႕သင္းသင္းေလးတစ္ခုကို သူသိပ္ျမတ္နိုးသည္။ သည္ေကာင္ေလးဆီက အရာအားလုံးကို သူအရမ္းသေဘာက်သည္။
"အဟမ္း Boss စိုင္းခမ္းဆီက ဖုန္းလာတယ္"
ျမဴဇံ့ကိုကလိထိုး၍ ေဆာ့ေနစဥ္ အေနာက္တြင္မိုကာရွိေနမွန္း သတိဝင္လာေတာ့သည္။ သည္ေကာင္ေလးက ေဘးနားကလူေတြေမ့ပစ္နိုင္သည့္အထိ သူ႕အားစိုးမိုးထားနိုင္၏။ သူ႕ေပါင္ထက္တြင္ထိုင္ေနေသာ ျမဴဇံ့ကိုထခိုင္းလိုက္သည္။
"ေနဦးေနာ္ ကိုယ္ဖုန္းေျပာဦးမယ္"
"ဘယ္သူနဲ႕လဲ"
"ရည္းစားနဲ႕"
မိုကာလွမ္းေျပာသည့္ အခ်ိန္တုန္းက ရယ္သံမ်ားဖုံးလြမ္းေန၍ စိုင္းခမ္းနာမည္မၾကားလိုက္တာျဖစ္သည္။ ထို႔ေၾကာင့္ ျမဴဇံေလးဟာ သူ႕လူႀကီးဖုန္းေျပာေနတာကို နံေဘးတြင္ေပကပ္ကပ္ရပ္၍ သဝန္တိုေနေတာ့၏။
"အင္း...ေျပာ အခ်စ္"
"ေဖ-ိုးမကို အခ်စ္... ၾကက္သီးေတာင္ထတယ္၊ ဘာလဲ မင္းေကြးေနၿပီလားကိုးလ္"
"ဆိုပါေတာ့ မင္းနဲ႕စေတြ႕တဲ့ရက္ကတည္းက ရင္ေတြတဒိတ္ဒိတ္ခုန္ေနခဲ့တာ"
"-ိုးမ ကို ရင္ခုန္တယ္လား"
စိတ္မဝင္စားသလိုရပ္ေနေသာ္လည္း ခိုးနားေထာင္ေနေသာ ျမဴဇံ့ကိုၾကည့္၍ သူအသံျမင့္ကာေျပာလိုက္သည္။
"တကယ္ပါကြာ... အခ်စ္၊ ယုံပါ အဲ့ေန႕ကတည္းက ခ်စ္ရဲ႕မ်က္ႏွာေလးကိုစြဲလမ္းေနခဲ့တာ"
" ထြီး! မင္းမ်က္ႏွာျမင္ေယာင္ၿပီး ႐ြံလိုက္တာ ကိုးလ္ မဟုတ္တာေတြလာမေျပာနဲ႕ ႐ူးေနလား"
"ယုံခ်င္ယုံ မယုံခ်င္ေန...မြမြ"
မသိသလိုဟန္ေဆာင္ေနသည့္မ်က္ႏွာက တစ္ေျဖးေျဖးဆူပုတ္လာ၍ အၾကည့္မ်ားလည္း နဂါးမ်က္ေစာင္းျဖစ္လာသည့္ ျမဴဇံ။ မိုကာလည္း ေပါက္ကရေျပာေနေသာ သူ႕ကိုၾကည့္၍ ေခါင္းတဗ်င္းဗ်င္းကုတ္လ်က္။
"လင္႐ူးတမေနနဲ႕ ငါေျပာစရာရွိတယ္"
"အင္း...ေျပာေျပာ ခ်စ္ေျပာသမွ် ကိုယ္အကုန္နားေထာင္ေပးမယ္"
"-ိီး!မို႔ ခ်စ္လို႔မေခၚစမ္းနဲ႕"
တစ္ဖက္ကဖုန္းေျပာေနသည့္ စိုင္းခမ္းသည္ မ်က္ႏွာႀကီးကို င႐ုတ္သီးအပတ္ခံရသလို နီျမန္းလ်က္။ ဖုန္းခ်ရမလိုလိုျဖစ္ေနသည္။ သို႔ေသာ္လည္း...
"ငါေမးစရာရွိလို႔"
"ေမးပါခ်စ္"
"ဒီလိုကြာ မင္းကုမၸဏီမွာ ျမဴလင္းဇံဆိုတဲ့ နာမည္နဲ႕ရွယ္ယာဝင္ထားတဲ့ ကုမၸဏီရွိတယ္မလား"
စိုင္းခမ္း၏စကားေၾကာင့္ ကိုးလ္အစအေနာက္မ်ားေပ်ာက္ျပယ္၍ ျမဴဇံ့ကိုမသိမသာေဝ့ၾကည့္လိုက္၏။
"ဘာျဖစ္လို႔လဲ"
"မင္းမသိပါဘူး၊ အရင္က ငါစိတ္ေရာဂါသည္ကို ကုေပးတာမင္းကိုေျပာဖူးပါတယ္။ အခု အဲ့ကေလးေပ်ာက္ေနတာ ၉လ၁၀ေလာက္ရွိေနၿပီ၊ အခုသူ႕အေဖလည္း ဂ်ပန္ကျပန္လာရင္း သူ႕ကိုလိုက္ရွာေနတာ "
"အဲ့ေတာ့..."
"မင္းအကူအညီလိုေနလို႔"
"ငါနဲ႕ဘာဆိုင္လို႔လဲ"
"အရင္က မင္းကုမၸဏီမွာရွယ္ဝင္ထားတဲ့ မ်က္ႏွာကိုေထာက္ၿပီး မင္းလူတစ္ခ်ိဳ႕လြတ္ၿပီး စုံစမ္းခိုင္းပါလား"
"ငါဖုန္းခ်ၿပီ"
ကိုးလ္ေဒါသထြက္စြာျဖင့္ ဖုန္းခ်လိဳက္သည္။ ေပ်ာက္ေနတာတစ္ႏွစ္ျပည့္ေတာ့မည္ ယခုမွျပန္ရွာသည့္ ဦးဇံလင္းကို သူမည္သို႔ပုံျဖင့္ ေဒါသမထြက္ဘဲေနမည္နည္း။ အကယ္၍ ရွာေတြ႕သြားလွ်င္ေတာင္ သူ႕ဖက္လုံးဝျပန္ေပးမေတြ႕နိုင္ပါ။ စိတ္ေဒါသထြက္ေနသည့္ၾကားက မိမိေျခေထာက္အေျခအေနေၾကာင့္ ပိုစိတ္တိုရသည္။
"မင္း စိတ္ဆိုးေနတာလား"
ဝွီးခ်ဲဘီးကို ကိုယ့္ဘာသာတြန္း၍ စိတ္ေကာက္ေနေသာ ကေလး၏လက္ကို ဆြဲယူလိုက္သည္။ ထိုကေလးတြင္ေတာ့ ဆူပုတ္ေနဆဲ။
"ဟင္လို႔ မင္းကိုယ့္ကိုယ္စိတ္ဆိုးေနတာလား"
သူ႕ရဲ႕လက္ကိုဆြဲလႈပ္မွ ခ်ထားသည့္မ်က္လႊာမ်ားပင့္ၾကည့္လာ၍...
"စိတ္ဆိုးတာမဟုတ္ဘူး စိတ္ေကာက္ေနတာလို႔"
ႏူတ္ခမ္းတေထာ္ေထာ္ျဖင့္ေျပာလာသည့္သူ႕ေၾကာင့္ ကိုးလ္စိတ္ထဲအနည္းငယ္ေပါ့ပါးသြားရသည္။ မ်က္ခုံးတန္းႏွစ္ဖက္ကို တြန့္လိမ္ေအာင္က်ဳံ႕ထားသည့္ သူ႕ကို ရင္ခြင္ထဲဆြဲထည့္ထား၍ ...
"ဒီကေလးကလည္း ဘာမဟုတ္တာကို စိတ္ေကာက္ရတယ္လို႔"
"ေကာက္စရာရွိတာေကာက္မွာပဲ ေမာင္က ေခ်ာ့စရာရွိတာ ေခ်ာ့မွမေခ်ာ့ဘဲ"
"ကဲ ေျပာပါဦး ဘာေတြမ်ားစိတ္ေကာက္စရာေတြရွိလို႔လဲ"
"အား!..ေခြးသူေတာင္းစားႀကီး! အရိပ္အကဲမၾကည့္တတ္ဘူးလား"
႐ုတ္တရက္ထေအာ္ဆဲသည့္ ျမဴဇံကအမွန္ပင္စိတ္တိုေနသည္။သူ႕ကို ကိုးလ္အျပစ္မျမင္ရက္။ သို႔ေသာ္လည္း သည္ေကာင္ေလးကို စေနာက္ရတာသေဘာက်သည္။ အမွန္တိုင္းဝန္ခံလွ်င္ သူ႕လိုလူတစ္ေယာက္အတြက္ သည္ေကာင္ေလးသဝန္တိုေပးသည္ကို ေပ်ာ္ေနမိသည္။
ထို႔ေၾကာင့္ ကေလးဆန္မိသြား၏။ ထို႔ေၾကာင့္ သည္ေကာင္ေလးကို အပိုင္သိမ္းခ်င္မိသည္။ ထို႔ေၾကာင့္ သည္ေကာင္ေလးအား သူလိမ္ညာမိေတာ့မည္။
"အမ္ ကိုယ္ကေခြးႀကီးလား"
"ဟုတ္တယ္"
"အမ္...ေမာင္မဟုတ္ေတာ့ဘူးေပါ့၊ ေခြးႀကီးေပါ့"
"အင္း..."
"ဝုတ္...ဝုတ္..."
ကိုးလ္သည္ ျမဴဇံ၏ရင္ဘက္ထဲတြင္ တိုးေဝွ႕၍ ေခြးေဟာင္သံျဖင့္ျမဴဇံအား စေနာက္ေတာ့သည္။
"ဟား..ဟား..ယားလိုက္တာ ေခြးသားႀကီး"
"ဝုတ္...ဝုတ္... ေခြးႀကီးလို႔ထပ္ေျပာစမ္း..."
"အင့္...ခစ္...ခစ္...ေတာ္ၿပီ"
"ေျပာဦးမလား...ဝုတ္...ဝုတ္..."
"မေျပာေတာ့ဘူး...အရႉံးေပးတယ္"
ကိုးလ္၏ကလိထိုးမႉေၾကာင့္ ႐ုန္းရင္းေမာသြားသည့္ ျမဴဇံသည္အသက္ျပင္းျပင္းရႉ၍ ၿပဳံးေနသည္။
"လသာေဆာင္ျပန္ေတာ့မလား"
"ဟင့္အင္း... ေဆာ့ဦးမယ္ဆို"
"ေတာ္ၿပီေလ ကိုယ့္ေျခေထာက္မေကာင္းေသးလို႔ ေနာက္မွထပ္လာရေအာင္ေနာ္"
"သားက ဟိုဟာစီးခ်င္တာကို"
"မင္းကလိမ္မာပါတယ္၊ ဒါကကိုယ့္အပိုင္ေတြမို႔၊ မင္းဘယ္အခ်ိန္ပဲ လာ လာစီးလို႔ရတယ္"
"ၿပီးေရာ... သားေညာင္းတယ္"
"အခုထိဘာမွမလုပ္ရေသးတဲ့ဟာ ဘာလို႔ေညာင္းတာလဲ"
"ေမာင္မသိပါဘူး၊ ေမာင္က ဒါစီးေနတာကို၊ ကိုယ္တိုင္လမ္းေလွ်ာက္ၾကည့္ပါလား"
လမ္းေလွ်ာက္ျပန္ရမည္ကို ပ်င္းေနသည့္ ရစ္စိန္ေလးက တစ္ကြက္ထပ္ရစ္လာျပန္သည္။ မေနသာေတာ့သည့္ မိုကာအား လက္ညွိုးထိုးျပ၍ ကုန္းပိုးခိုင္း၏။
"ဟိုလူႀကီး သားကိုကုန္းပိုးျပန္"
"က်ဳပ္ကလား သခင္ေလး"
"ဟာ...မျဖစ္ပါဘူး၊ လုံးဝမပိုးရဘူး"
အသည္းအသန္ျဖစ္ေနသည့္ကိုးလ္က ျပာျပာသလဲျငင္းလိုက္သည္။
"သားေညွာင္းေနတယ္ေလ "
"ေညွာင္းရင္ ဒီမွာလာထိုင္၊ သူ႕ကိုေတာ့လုံးဝ မပိုးခိုင္းနဲ႕"
ကိုးလ္သည္ မိမိဝွီးခ်ဲေပၚတြင္ထိုင္ေနရင္း ျမဴဇံကိုလည္းေပါင္ေပၚတြင္ထိုင္းခိုင္ရန္ျပင္ေနစဥ္...
"မျဖစ္ပါဘူး Boss၊ ဒီဝွီးခ်ဲကစိတ္မခ်ရလို႔ က်ိဳးသြားရင္..."
"ငါ့ဝွီးခ်ဲကို ဘာမွတ္ေနလဲ၊ တ႐ုတ္ထုတ္မဟုတ္ဘူး၊ Japan makeဟ...။ အထင္မေသးနဲ႕ လာထိုင္"
ျပတ္ျပတ္သားသားေျပာသည့္ ကိုးလ္အားၾကည့္၍ မိုကာေခါင္းတဗ်င္းဗ်င္းကုတ္ေလေတာ့သည္။ Japan Makeဆိုေတာ့လည္း ဘာမွေျပာမေနေတာ့၊ မဟုတ္လွ်င္ ကိုယ့္နိုင္ငံနာမည္အက်မခံနိုင္။
ဝွီးခ်ဲတစ္ခုတည္းႏွင့္ လူႏွစ္ေယာက္စီးေနသည္ကို ဧည့္သည္ေတာ္မ်ားက ဘုၾကည့္ ၾကည့္သြားၾကသည္။ မိုကာတြင္ေတာ့ အၿပဳံးအရယ္မရွိဘဲ ယုံၾကည္မႈရွိစြာ အေနာက္ကေနတြန္း၍ Japan Makeေလး က်ိဳးမသြားရန္သာဆုေတာင္းေတာ့၏။ ဝွီးခ်ဲေပၚတြင္ထိုင္ေနသည့္ ကိုးလ္တြင္ေတာ့...
"အဟမ္း..ဟမ္း ဝွီးခ်ဲေပၚမွာ လူႏွစ္ေယာက္ထိုင္ေနတာကို အထူးအဆန္းလုပ္ၿပီး ၾကည့္ေနၾကတာ၊ မိုကာ ငါတို႔ကေၾကာင္ေတာင္ေတာင္နိုင္ေနတာလား"
"မဟုတ္ပါဘူး သူတို႔ကသာ အထူးအဆန္းလုပ္ေနၾကတာပါ Boss"
__________________________________
၃လၾကာၿပီးေနာက္.....
"Happy Birthday ''
မိမိအေရွ႕တြင္ ေရာက္လာသည့္ အနီေရာင္ေက်ာက္ေၾကာင့္ ျမဴဇံအံၾသသြားသည္။ ထိုအနီေရာင္ေက်ာက္ေလးသည္ အနီေရာင္ျဖာ၍ေတာက္ပေနၿပီး အစိမ္းေရာင္က်စ္ႀကိဳးျဖင့္ခ်ည္ထားေလသည္။
"ဒါက"
"မင္းေမြးေန႕လက္ေဆာင္ေလ"
". ........."
"ကိုယ္ဆြဲေပးမယ္"
ကိုးလ္ကိုယ္တိုင္ ျမဴဇံလည္ပင္း၌ဆြဲေပးလိုက္၏။ အနီေရာင္ပတၱျမာေလးသည္ ျမဴဇံ၏လည္ပင္းထက္၌ ခမ္းနားစြာေနရာယူထားေလသည္။
"မင္းေမြးေန႕အတြက္ သြားျပင္လိုက္ဦးမယ္၊ အခုကလက္ေဆာင္ႀကိဳေပးတာ ႀကိဳက္ရဲ႕လား"
ျမဴဇံသည္ ဆိုဖာေပၚကဆင္း၍ ေျခဖ်ားေထာက္ကာ ကိုးလ္၏ပါးျပင္ကို ခပ္ဖြဖြနမ္းလိုက္သည္။
"ေမာင္ေပးတဲ့ပစၥည္းမွန္သမွ် အကုန္ႀကိဳက္တယ္"
အူအသည္းေၾကာင့္ ကိုးလ္ႏူတ္ခမ္းႏွစ္ဖက္လုံး ေကြးတက္သြားသလားမသိ။ အနည္းငယ္ျပန္ရွည္လာသည့္ ျမဴဇံ၏ဆံပင္မ်ားကို ဖြပစ္၍အခန္းျပင္ထြက္လာခဲ့၏။
စိတ္ထဲတြင္ ထုတ္မျပတတ္သည့္ ေပ်ာ္႐ႊင္မႈမ်ားကနေရာအျပည့္ယူထားလ်က္။ ေျခေထာက္ျပန္ေကာင္းသည့္ ရက္ကတည္းက မိုင္းရႉးသို႔သြား၍ ပတၱျမားတြင္းတြင္ ကိုယ္တိုင္ရွာလာသည့္ေက်ာက္ျဖစ္သည္။ ထိုမွ်ႀကီးသည့္ေက်ာက္နီကို သန္းႏွင့္ခ်ီ၍အကုန္ခံထားၿပီး ေက်ာက္ဒီဇိုင္နာလက္ထဲ၌ တစ္လအၿပီးအစီးလုပ္ေပးရန္အပ္ခဲ့သည္။ လက္ခ၏တန္ဖိုးလည္းနည္းသည္မဟုတ္။
ျမဴဇံ၏ေမြးေန႕တြင္ အေကာင္းဆုံးအရာျပဳလုပ္ေပးရန္ ကိုးလ္၏အဓိကေစတနာျဖစ္သည္။ အေကာင္းဆုံးလူသားအတြက္ အေကာင္းဆုံးအရာေပးခ်င္ခဲ့သည္မဟုတ္ပါလား။ သည္ပတၱျမားေက်ာက္ကမည္မွ်တန္ဖိုးႀကီးပေလ့ေစ ထိုေကာင္ေလးထက္တန္ဖိုးမရွိနိုင္။
"လွလိုက္တာ အေရာင္ကိုမွလင္းေနတာပဲ"
ျမဴဇံသည္မိမိလည္ပင္းထက္က အေရာင္လက္ေနေသာ လက္ရာေျမာက္လြန္းသည့္ေက်ာက္ကိုၾကည့္၍ တိုးတိုးေလးဆိုလိုက္သည္။ ၿပီးေနာက္ သူ႕ယုန္ကလးမ်ားႏွင့္ဆက္ေဆာ့ေလေတာ့၏။
"သိန္းရာနဲ႕ခ်ီၿပီး ေမြးေန႕လက္ေဆာင္ေပးလိုက္တာလား"
"အင္း အဲ့ထက္မ်ားတယ္တန္ဖိုးက"
ျမဴဇံေမြးေန႕အတြက္ ကိုယ္တိုင္ကိတ္မုန့္လုပ္ရင္း နံေဘးတြင္ ဘုန္းယံခြၽန္ႏွင့္ ခြန္လီအကူလုပ္ေပးသည္။ ဘုန္းယံခြၽန္တြင္ေတာ့ တန္းဖိုးႀကီးသည့္ ျမဴဇံ၏လက္ေဆာင္အေၾကာင္း စပ္စုေလေတာ့၏။
"မိုင္းရႉးေက်ာက္ေတြက အရည္အေသြးပိုျမင့္တယ္ေလ၊ ဒါေၾကာင့္ ေက်ာက္ကို သိန္းငါးေထာင္ေပးၿပီးဝယ္လိုက္တာ"
"ငါးေထာင္! "
"လက္ခက သိန္းတစ္ရာ့ငါးဆယ္"
"ငါးေထာင္တစ္ရာ့ငါးဆယ္!"
ဘုန္းယံခြၽန္သည္ ၾကက္ဥမ်ားပစ္ခ်မိသည့္အထိ ပါးစပ္စိအေဟာင္းသားႏွင့္ လက္ေခ်ာင္းမ်ားေရတြက္လိုက္သည္။ အမွန္ပင္ မအံ့ၾသဘဲေနမည္လား။
"ဥေတြကြဲကုန္ၿပီ"
ခြန္လီသည္ မူးေမ့မသြားသည့္ ဘုန္းယံခြၽန္ကိုသာေက်းဇူးတင္ေတာ့သည္။ က်ကြဲသြားသည့္ ၾကက္ဥမ်ားကို အကူမ်ားအားရွင္းခိုင္းလိုက္၏။ ဘုန္းယံခြၽန္လည္း သိန္တစ္ေထာင့္တစ္ရာ့ငါးဆယ္ကို လက္ေခ်ာင္းခ်ိဳးေရတြက္၍ မကုန္မခန္းေအာင္ အံ့ၾသေနသည္။
တစ္ဖက္က ကိုးလ္ကေတာ့ႏူတ္ခမ္းေလးမသိမသာၿပဳံးမိသြား၏။ ေနာက္မွအသိဝင္လာကာ မိမိကိုယ္မိမိသိပ္ဘဝင္ျမင့္သြားမွန္းသတိရေတာ့သည္။ အထူးဧည့္အခ်ိဳ႕လည္း ဖိတ္ထားသည့္အတြက္ ျမဴဇံ၏ေမြးေန႕ပြဲကို ထင္းရႉးစံအိမ္အေသးၾကားတြင္သာ က်င္းပရန္ျဖစ္သည္။
ဝန္ထမ္းမ်ားလည္း ျမဴဇံေမြးေန႕ပြဲအတြက္အလုပ္ရႈပ္ေနၾက၏။ အစိမ္းေရာင္ေတာထဲရွိ ဝန္ထမ္းမ်ားအားလုံးအလုပ္ရႈပ္ေနၾကသည္။ ေလးေလးလည္း မီးပန္းႀကိဳးမ်ားလိုက္တပ္ကူရသည့္အထိ အလုပ္ရႈပ္ေနသည့္အခ်ိန္တြင္ ဇိမ္ျဖင့္ေနနိုင္သူက ေမြးေန႕ရွင္တစ္ေယာက္တည္းသာ။
မည္သူကမွေရသာခိုေန၍မရ၊ သိပ္ခမ္းခမ္းနားနာႀကီးမဟုတ္ေသာ္လည္း အထူးဧည့္သည္အခ်ိဳ႕ဖိတ္ထားေသာေၾကာင့္ ျမဴဇံ၏ေမြးေန႕တြင္ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားေပးၾကသည္။ ကိုးလ္တို႔အဖြဲ႕လည္း သုံးဆင့္ကိတ္ေလးကို အခ်ိန္ေတာ္ေတာ္ႏွင့္မၿပီးနိုင္။
ေမြးေန႕ရွင္ကေတာ့ တေရးပင္နိုး၍ တဝါးဝါးသမ္းေနၿပီ။ ေနလုံးႀကီးကလည္း ေတာင္ေစာင္းသို႔ ခိုဝင္စျပဳေလၿပီ။ ဒီဇင္ဘာ၏ ေဆာင္းညလည္းအေအးဒဏ္စတင္လြန္ကဲလာၿပီ။ ခႏၶာကိုယ္ေပၚတြင္ဂ်ာကင္အထူႀကီးဝတ္၍ လသာေဆာင္၏ ဝရံတာတြင္ ရပ္ေနသူက ေမြးေန႕ရွင္ေလးျဖစ္ေနသည္။ ည၅နာရီထိုးလွ်င္ လာေခၚမည္ေျပာသည့္ တစ္စုံတစ္ေယာက္ကို ေမ်ာ္ေနျခင္းျဖစ္သည္။
"ယုန္ေပါက္ေလး "
"ေမာင္"
အေနာက္တိုင္းဝတ္စုံႏွင့္ ခန့္ညားေနေသာ ကိုးလ္ေၾကာင့္ ရင္ထဲတြင္လွိုင္ဖို၍ ေျပးဖက္မိသည္။ ဆံပင္ရွည္မ်ားအားလုံး ခပ္ျမင့္ျမင့္စုခ်ည္ထားေသာေၾကာင့္ ေျပျပစ္သည့္နဖူးေလးက သူ႕ကိုပို၍ခန့္ညားေစသည္။ ရင္ခြင္ေႏြးေႏြးထဲခိုဝင္၍ ေမွးစက္ေနသူက ျမဴဇံျဖစ္ေန၏။ ခ်စ္တယ္ဟု တရားဝင္မေျပာျဖစ္ေသးေသာ္လည္း သည္လူအတြက္အရာရာပုံေအာေပးေနသည္ဆိုတာ သူသိမည္မထင္။
"ဆက္ဖက္ထားမလို႔လား"
"........"
ရင္ခြင္ေငြ႕ေႏြးေႏြးေလးကို သူသေဘာက်သည္။ ၿပီးေတာ့ အၾကည့္ရိုင္းမ်ားက သူ႕ကိုစြဲေဆာင္နိုင္လြန္းသည္။
"ေမာင္ ေမာင့္ကို သားခ်စ္တယ္"
ရင္ခြင္ထဲကေခါင္း ေမာ့လာ၍ အစိမ္းေရာင္မ်က္ဝန္းေလးက စိုလဲ့ေန၏။ သည္စကားက ပထမဆုံးမွမဟုတ္ေတာ့တာ။ ၿပီးေတာ့ သည္ေကာင္ေလးသူ႕ကိုမည္မွ်ခ်စ္မွန္း သူသိေနသည္။ ေကာင္ေလး၏ နဖူးေလးကိုသူငုံ႕နမ္း၍ ၿပဳံး႐ုံသာၿပဳံးျပလိုက္၏။ ထိုအခိုက္သူေခါင္းညိတ္ျပသလားမသဲကြဲ။
"သြားရေအာင္ ေလးေလးတို႔ ေမြးေန႕လက္ေဆာင္ေပးဖို႔ေစာင့္ေနၿပီ"
"ဟုတ္ကဲ့"
သူရဲ႕ဘယ္လက္ေမာင္းကိုခ်ိတ္၍ အူျမဴးစြာ ေမြးေန႕ပါတီသို႔...။
မစၥတာခြန္ပီႏွင့္ အျခားဧည့္သည္မ်ားႀကိဳေရာက္ႏွင့္ေနၿပီးသား။ မီးေရာင္စုံၾကားတြင္ ေမြးေန႕ရွင္အား ေစာင့္ေမ်ာ္ေနၾကသည့္ လူတစ္သိုက္။ ေမြးေန႕ရွင္ေရာက္လာသည္ႏွင့္ အားလုံးက သီခ်င္းျဖင့္ဂုဏ္ျပဳေပးၾကသည္။ လက္ခုပ္သံတို႔က ဆူညံစြာထြက္လာခဲ့ၿပီ။
"ေပ်ာ္႐ႊင္စရာေမြးေန႕ျဖစ္ပါေစ ျမဴဇံ၊ ၁၉ႏွစ္ျပည့္ေမြးေန႕မွစၿပီး ဟိုလူႀကီးနဲ႕ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားနိုင္ပါေစ"
"ေျဖာင္း! ေဝါင္း...ေဝါင္း!"
ခြန္လီ၏ေမြးေန႕ဆုေတာင္းေၾကာင့္ ကိုးလ္ရွက္ေနေသာ္လည္း ၿပဳံးေနေသာျမဴဇံေၾကာင့္ ေယာင္ၿပီးလက္ခုပ္တီးလိုက္မိ၏။
"ကိုးလ္ မမိတ္ဆက္ေပးေတာ့ဘူးလာ"
လူမ်ားၾကားမွ ထြက္လာ၍ ေမးေနေသာလူေၾကာင့္ ကိုးလ္ေအာင့္သက္သက္ျဖစ္သြားသည္။ သက္ရွိုင္းျဖစ္ေနေသာေၾကာင့္ ကိုးလ္မယုံစြာျဖင့္သာၾကည့္ေလ၏။ ေမြးေန႕ဖိတ္သည့္လူထဲမွာ သက္ရွိုင္းမပါ။
"ဟုတ္တယ္ မိတ္ဆက္ေပးပါဦး"
သက္ရွိုင္း၏ စကားကို ဝင္ေထာက္ခံသည့္ VIPဧည့္သည္တစ္ခ်ိဳ႕ေၾကာင့္ ကိုးလ္လည္းအက်ပ္ရိုက္သြား၏။ သည္ေမြးေန႕ပြဲလုပ္ေပးသည္က မွားၿပီထင္သည္။
"ျမဴဇံတဲ့ က်ဳပ္အရမ္းခ်စ္တဲ့ ကေလးေပါ့"
ျမဴဇံ၏လက္ကိုတင္းတင္းဆုပ္ကို၍ ကိုးလ္ဆိုလိုက္သည္။ ကိုးလ္၏အေျဖကို ဘယ္သူေတြဘယ္လိုထင္မလဲမသိေသာ္လည္း မ်က္ဝန္းစိမ္းမ်ားပိုင္ဆိုင္ထားသည့္ ျမဴဇံ့ကို ၾကည့္မဝ၊ေငးမဝ အားက်ေနၾက၏။
သက္ရွိုင္းက ကိုးလ္၏အေျဖေၾကာင့္ မေက်နပ္ေသးပါ။ ထို႔ေၾကာင့္ ျမဴဇံရွိရာသို႔ခ်ည္းကပ္လိုက္၏။
"ဒီမွာ ကေလး"
"ဗ်ာ"
" မင္းနဲ႕ကိုးလ္က ဘယ္လိုဆက္ဆံေရးမ်ိဳးလဲ"
"ေမာင့္ကိုေျပာတာလာဟင္"
"ေမာင္"
ျမဴဇံ၏အေျဖေၾကာင့္ သက္ရွိုင္းနားလည္လိုက္သည္။ ေနာက္ဆုံးေတာ့ ကိုးလ္ဟာ ေကြးသြားခဲ့ၿပီဆိုေသာအသိေၾကာင့္ ေက်နပ္ေနေတာ့၏။ ျမဴဇံဆိုေသာ ေကာင္ေလးလည္း ကိုးလ္အရိပ္တၾကည့္ၾကည့္ျဖစ္ေနေအာင္ ထူးျခားသည့္အခ်က္မ်ားကို ပိုင္ဆိုင္ထားသည္မဟုတ္ပါတကား။
"ကိုးလ္ မင္းငါ့ကိုရွင္းျပဦး"
စိုင္းခမ္း၏ ဆြဲေခၚရာေနာက္လိုက္ပါလာ၍ လူမ်ားၾကားက်န္ေနခဲ့သည့္ျမဴဇံကို ကိုးလ္စိတ္မခ်ပါ။ စိုင္းခမ္း၏အေမးကိုလည္း ယခုအခ်ိန္ေျဖရန္ စိတ္ကူးမရွိ။
"ငါသိတယ္ အဲ့ကေလးက ဘာလို႔မင္းဆီေရာက္ေနတာလဲ။ ကိုးလ္မင္းငါ့ကိုမလိမ္နဲ႕"
"က်စ္! ဘာလဲဟာ ငါ့ခ်စ္လို႔ေခၚထားတာ"
"ဘာ!! မင္းက ေဂးလား"
"အင္း"
"ကိုးလ္ မင္း႐ူးေနတာလားဟမ္...။ သူ႕မိဘေတြလိုက္ရွာေနတယ္ ငါေမးတုန္းက မင္းမသိဘူးဆို"
"ေတာ္စမ္းပါ ဒီကိစၥမင္းမသိလို႔၊ ငါေနာက္မွရွင္းျပမယ္။ ေလာေလာဆယ္သူ႕ေမြးေန႕မွာ သူ႕အနားငါရွိေနမွျဖစ္မွာ"
လွည့္ထြက္ရန္ျပင္ေနေသာ ကိုးလ္၏လက္ေမာင္းကို စိုင္းခမ္းဖ်ပ္ခနဲလွမ္းဆြဲ၍...
"မရဘူး အခုငါ့ကိုရွင္းျပ၊ ဒီကိစၥမင္းမရွင္းရင္ ၿပီးျပတ္မွာမဟုတ္ဘူး"
"ေတာ္ေတာ့လို႔ မင္းကိုငါေျပာေနတယ္ေနာ္"
"ငါမေတာ္နိုင္ဘူး မင္းဘာလို႔ ငါ့ကိုဖုံးကြယ္ထားတာလဲ"
"က်စ္! "
"ေျပာေလ!"
ေဒါသထြက္ေနသည့္လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္မထိုးမိ႐ုံမတမယ္။ ခပ္တင္းတင္းဆုပ္ထားသည့္လက္တစ္ဖက္က စုခ်ည္ထားသည့္ ဆံပင္ႀကိဳးေလးကိုျဖဳတ္၍...
"ငါမင္းနဲ႕ရန္မျဖစ္ခ်င္ဘူး သူ႕အနားငါရွိမွျဖစ္မယ္"
"ငါ့ကိုေရာ ဘယ္ေတာ့ရွင္းျပမလဲ"
"တစ္ေန႕ေန႕က်ရင္ ငါေသခ်ာတဲ့ေန႕က်ရင္ ေျပာျပမယ္၊ ဟုတ္ၿပီလား အခုေတာ့သူ႕အနား ငါ့ကိုသြားခြင့္ေပး"
ေလသံကိုထိန္းရင္းေျပာေနေသာ ကိုးလ္ေၾကာင့္ စိုင္းခမ္းဆုပ္ထားေသာလက္ကို လြတ္ေပးလိုက္သည္။ ျမဴဇံအနားေရာက္ေတာ့ သိပ္မၿပဳံးတတ္သည့္ကိုးလ္က ႏူတ္ခမ္းမ်ားအနည္းငယ္ေကြး႐ုံသာ။
"ေမာင္ ဘယ္ေတြသြားေနတာလဲ"
"ကိုယ့္အသိတစ္ေယာက္နဲ႕စကားေျပာေနတာ"
သိပ္မယုံခ်င္ျဖစ္ေနေသာ ျမဴဇံ့ကိုၾကည့္၍ မ်က္ခုံးမ်ားတြန့္လိုက္သည္။ ဘာလဲ သည္ေကာင္ေလးသဝန္တိုေနသလား။
"စိတ္ခ်ပါ ကိုယ့္ရဲ႕သူငယ္ခ်င္းနဲ႕စကားေျပာေနတာ"
ထိုအခုမွ ျမဴဇံသက္ျပင္းခ်၍ ကိုးလ္၏အကၤ်ီစကိုဆြဲလိုက္သည္။
"မင္း ပင္ပန္းေနၿပီလာ"
"နည္းနည္းပါ"
"ေကာင္းၿပီ ကိုယ္မင္းကိုအခန္းထိလိုက္ပို႔မယ္၊ ဧည့္သည္ေတြကိုယ္ပဲဧည့္ခံထားလိုက္မယ္ ဟုတ္ၿပီလား"
အနည္းငယ္ေအးစက္ေနေသာ လက္ဖ်ားကို ကိုးလ္လက္ဖဝါးထဲထည့္၍ ေႏြးေထြးေအာင္ဆုပ္ကိုင္ေပးသည္။ ထို႔ေနာက္ ဆူညံေနေသာပါတီပြဲက တိတ္တဆိတ္ထြက္လာခဲ့၏။
__________________________________