ချစ်သူ့စကား ရင်နှင့်ကြားစေ

Door SpringGenAerri

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... Meer

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending

part(39)

5.4K 390 7
Door SpringGenAerri

Unicode

ထမင်းစားဖို့​လဲ...သော် ရှိတာလေးနဲ့သင့်တော်အောင်သာ ချက်လိုက်တော့သည်။
ညနေက အပြင်သွားမှုကြောင့်ရော...ကိုက ထမင်းမစားချင်တော့ဘူး ပြောတာကြောင့်ရော လူကပျာနေပြီ။
တစ်ယောက်ထဲစားဖို့လဲ မျိုမကျ။

ရေချိုးနေသံတော့​ကြားရသည်။ကိုက စိတ်ဆိုး နေသည့်ပုံတော့မဟုတ်ပေမဲ့ သော့်ကို မကြည်လင်တာက​ေတာ့အသေအချာ။ သော်လဲ အပြစ်ရှိသူလိုခံစားနေရသည်။

ကိုရယ်....သော် ဖြေရှင်းလို့ရတဲ့ကိစ္စကို သော်ပဲရှင်းပါရစေ။ ကို့မှာအလုပ်တစ်ဖက် သော့်ကိုစိတ်ပူတစ်ဖက်နဲ့။
ဒီလိုလူတွေက ကို ပတ်သက်ရမဲ့လူတန်းစားလဲ မဟုတ်ပါဘူး။
သော့်ကို စိတ်ပူတာ နားလည်ပါတယ်။ ဒါပေမဲ့ သော့် ဒုက္ခတွေ ကို သိပြန်ရင် ကိုက သော့်ကိုသနား.... သော်က ကို့ကိုပြန်စိတ်ပူရနဲ့....သော်နဲ့ကို ဘယ်တော့များမှ စိတ်ချမ်းသာရမှာလဲ။
သော်က ဒုက္ခတွေကိုအသားကျနေသူပါ။ ကို သော့်ကို အများကြီးချစ်ပေးနေရတာနဲ့တင် သော်အတွက်ပြည့်စုံနေပါပြီ။ စိတ်ပူရတဲ့ကိစ္စတွေ သော်က မသိစေချင်ပါဘူး။

ဟော...ရေချိုးခန်းထဲကထွက်လာပြီ။
သော် ကို့ဆီ ပြေးသည်။
ရေသုတ်ပေးဖို့ တဘတ်လေးယူကာ ကို့ဆီပြေးသည်။
ကိုက ငေးငေးလေးကြည့်နေပြီး ဘာမှ မပြော။ သော် လုပ်ပေးတာ ငြိမ်နေသည်။ စကားလဲ အထွေအထူးမပြောပါ။

"ကို...သော် တစ်ယောက်ထဲ ထမင်းမစားချင်ဘူး..ကိုလဲစားနော်"

"..............."

ဘာမှပြန်မပြော။

"ကိုရယ်....သော် တောင်းပန်ပါတယ်...သော့် ကိုစိတ်မပျက်လိုက်ပါနဲ့....ကို အဲ့လိုကြီးနေရင်လေ.... သော်...သော်..."

ပြောရင်း....မျက်ရည်တွေက ကျလာတော့သည်။
သော့်မျက်နှာကို ကိုက ဆွဲမော့်သည်။
ပြီးတော့ သော့်မျက်ရည်တွေကို လက်နဲ့ ဖြေးဖြေးလေးသုတ်ပေးသည်။
သော့် ခေါင်းကိုဆွဲယူကာ နမ်းရင်း.....

"ကိုက ဘာလို့စိတ်ပျက်ရမှာလဲ...ကို ရင်ပြည့်နေသလိုလိုနဲ့...ပြီးတော့ ကိုမှာ တွေးစရာများ​နေလို့ပါ...နဲနဲစားလိုက်မယ်လေ....ဘာလို့ငိုတာလဲ... တိတ်နော်"

"ကို သော့်ကို စိတ်ဆိုးနေတာလား.... ဟင်.... သော်...သော်လေ....."

ပြောစရာစကားက ကို့အကြည့်တစ်ချက်အောက်တွင် ပျောက်ရပြန်သည်။

"စိတ်မဆိုးဘူး...ရပြီလား...."

သော် ကို့ကို ငေးကြည့်သည်။
သော့်ကို ငုံ့မိုးကာ စိုက်ကြည့်နေသော ကို့ အကြည့်တွေ....သော်သိသည်။
သော့်မှာ ကို့ကို ပြောစရာရှိရင် ခုပြောပါတော့လို့....ပြောနေတဲ့အကြည့်။

ဘာမှသေချာရေရာသိရသေးတဲ့ ပြသနာမဟုတ်သေးတော့ ကို့ကို ဘယ်က စ ပြောရမှန်းလဲမသိ။ သေချာအောင် ထပ်စုံစမ်းရမည်လေ။ သော် တို့ ရှင်းလို့ပြေလည်သွားတာလဲ ဖြစ်နိုင်သေးသည်။ ကိုရယ်.... သော့်ကို အချိန်ပေးပါ။ သော် တမင်ဖုံးကွယ်ချင်တာ မဟုတ်ရပါဘူး။

ထမင်းစားတော့လဲ နှစ်ယောက်လုံးတိတ်ဆိတ်စွာသာ။
သော်လဲ သိပ်မစား။ မိုးဦးကတော့ ထမင်းဘယ်လိုစားနေမိသည်တောင်မသိ။ ဘယ်လောက်ကြီးတဲ့ပြသနာမို့လို့လဲ သော်ရယ်ဟုတွေးနေရင်းသာ။
အေးလေ....သေချာပေါက် ရဲရင့် သိမှာပဲ။
ရဲရင့်ကမှ ထပ်ဖုံးကွယ်ရင် ဆံပင်ညှပ်ဆိုင်က တစ်ယောက်ကိုသွားမေးရုံပင်။ သူ့ဆီကအပြန်မှာ သော် ဒီလို စ ဖြစ်တာပဲလေ။

ညနေကဆို စျေးထဲမှာ ဝင်တိုက်ခံရသည်တဲ့။ အန်တီပြန်ပြောပြလို့သိရသည်။ သော်က ဘာမှမပြောဘဲ ဒီတိုင်းရှောင်လာခဲ့သည်တဲ့။ အန်တီ့မှာ ဒေါသတွေထွက်လို့။
ပေါ့သေးသေး ပြသနာမှဟုတ်ရဲ့လား သော်ရေ.....

စာမေးပွဲလဲနီးပြီဲ။ စာမေးပွဲ ဖြေကာနီးရင် သော်ဆိုသည်မှာ တစ်ခုမဟုတ်တစ်ခု ဖြစ်လိုက်ရမှ။
မိုးဦး သော့်ပြသနာ သိရရင်လဲ မပြီးသေး။ သော့်ကိုရန်ကုန်မှာ ထားကိုမထားချင်တော့တာကြောင့်...သော် စာမေးပွဲဖြေပြီးရင်...................
မိုးဦး အရာအားလုံးအသစ်ဖြစ်အောင်စရမည်။

စိတ်ကို အတိအကျ ပိုင်းဖြတ်ပြီးသား။
.
.
.

နောက်တစ်နေ့မနက်........

တွေ့ချင်ပါသည်ဆိုမှ ရဲရင့်က နောက်ကျသည်။
​နေ့လည်ရောက်တော့ မိုးဦးမနေိုင်တော့။
မြတ်နိုးကိုမေးရသည်။
မြတ်နိုးနှင့်ရဲရင့်က တွဲနေ​ကြပြီဟု ရုံးမှာ အားလုံးကိုပြောပြထားပြီးပြီ။
အလုပ်ကိုတော့ ကိုယ်​ရေးကိုယ်တာနှင့် ခွဲခြါးလုပ်တတ်ကြသည့် အတွဲပါ။
အလုပ်လုပ်နေချိန် လုပ်ဖော်ကိုင်ဖက်အသွင်သာတွေ့ရတတ်သည်။
မြတ်နိုးကိုမေးတော့....ဒီနေ့ခွင့်ယူသည်တဲ့။

မဖြစ်တော့ချေ။ မြန်မြန်ကိစ္စဖြတ်ချင်သည်။ ရဲရင့်ကိုဖုံးဆက်ပြီးချိန်းရမည်။ သူမလာနိုင်လဲ ဘယ်လိုက်တွေ့ရမလဲ လိုက်တွေ့ရုံပင်။မြင့်မိုရ်ကို ပြောပြခဲ့ရကောင်းမလားတွေးမိသား။ နေပါစေတော့လေ...... ဘာမှန်းမသိသေးခင် မြင့်မိုရ်ရော မြတ်နိုးပါ သိတော့ စိတ်ပူနေတာပဲရှိမှာ။

ရဲရင့်က မြတ်နိုးကို အသိပေးထားပုံမရ။ ဒါဆို....လူငယ်ချင်း ငြိသည့်ကိစ္စဖြစ်ဖို့များသည်။ ရဲရင့်က လုပ်ငန်းခွင်ထဲ ကြာပြီဖြစ်သလို သော် သည်လဲ စာနဲ့ အိမ်အလုပ် ကြားမှာ အပြင်တောင်မထွက်တာကြာပြီ။ ဒါဆို အရင် ရန်စဟောင်းပေါ့။ ဒါကြောင့် မိုးဦးကို အသိမပေးဘဲ ကြိတ်ရှင်းချင်တာဖြစ်ရမည်။

ရဲရင့်ကို ဖုံးခေါ်တော့ မကိုင်။ မိုးဦး ဖုံးခေါ်ရင် ရဲရင့် ဒါမျိုးမလုပ်စဖူး။ ခဏနေတော့မှ ပြန်ခေါ်လာသည်။

"အကိုမိုးဦး......ကျွန်တော့ကို ဖုံးခေါ်ထားလို့.... ဟုတ် အကို ပြောပါ...ကျွန်တော် ကားထဲ ဖုံးကျန်ခဲ့လို့"

"အင်း ရဲရင့်....ကိုယ်ခဏ စကားပြောချင်လို့ ဖုံးခေါ်လိုက်တာ"

"ဟုတ်..အကို...အရေးကြီးလား"

ရဲရင့်အသံက တုန်နေပြီ။

"အရေးကြီးတယ် ရဲရင့်...သော့်ကိစ္စ"

မိုးဦး ကွေ့ဝိုက်မနေတော့ဘဲ ပြောလိုက်သည်။

တစ်ဖက်မှ ရဲရင့် အသံတိတ်သွားသည်။
ခဏနေမှ.....

"ဟုတ် အကို...ကျွန်တော် ဘယ်ကိုလာခဲ့ရမလဲ"

ရဲရင့် လာရမည့်နေရာ ပြောပြလိုက်သည်။

မိုးဦး ရုံးမှ ထွက်လာခဲ့တော့သည်။
.
.
.

ရဲရင့်က ကိုဝင်းနိုင်ထွန်းဆိုင်ရောက်နေတာ။ အေးချမ်းက စာသင်ချိန်ရှိလို့ ခဏနေမှ လာမည်။ နန္ဒကအေးချမ်းကိုဝင်ခေါ်လာမည်ပြောတော့ ကိုဝင်းနိုင်ထွန်းနှင့် စကားပြောရင်း ရဲရင့်စောင့်နေတာ။

"ဟေ့ကောင်...ဘယ်သူမို့လို့ အဲ့လောက်သက်ပြင်းချနေတာလဲကွ...."

ကိုဝင်းနိုင်ထွန်းမေးသည်။

"အေးချမ်းလူကြီးအကိုရေ...ကျွန်တော် ပြောပြရကောင်းမလား မပြောရကောင်းမလား စိတ်တွေညစ်ပါတယ်....မမေးခင် သိနေပြီထင်တယ်...ညာလို့လဲရမှာမဟုတ်ဘူးဗျ"

"ငါတို့တွေးမိသလိုဆို ဆိုင်က တစ်ယောက်ယောက်က တိုင်လိုက်ပြီး အေးချမ်းကို ထိုးချတာဖြစ်ဖို့များတယ်ကွ...ငါ့အတွေးကတော့ကွာ....အေးချမ်းလူကို ပြောပြလိုက်တာကောင်းမယ်ကွ....သူနဲ့ဆို ပွဲပြတ်မှာ....မင်းတို့ရှင်းလို့နိုင်မလား.....သူတို့က..ဘာကောင်တွေလဲ မင်းလဲသိတာပဲ...သူတို့ထက် ဝိတ်ကြီးတာနဲ့တွေ့မှ မြန်မြန်ပြီးမယ်ထင်တာပဲ...အေးချမ်းက မပြောခိုင်းဘူးလား"

"အမ် မ လေး.....မပြောဘဲနဲ့တောင် ကြိုသိနေတာ အကိုရေ....အေးချမ်းကို အရိပ်လိုကြည့်နေတာ...တစ်ခုခုဖြစ်ရင် လူသတ်မလား​တောင်မသိဘူး....အချိန်တိုင်းအေးဆေး....အေးချမ်းနဲ့ပတ်သက်လို့​တော့ မရဘူးဗျ....ကျွန်တော်တောင် ကျွန်တော့်ကောင်မလေးကို အဲ့လောက် မဖြစ်ရဘူး"

"အေး...တစ်ခါ နှစ်ခါတော့တွေ့ဖူးပါတယ်.... အေးချမ်းကိုလာခေါ်တာ....ပညာတတ်ပုံ....လူရည်သန့်ကွ....ရှိန်နေရရောပဲ"

"ဟုတ်တယ်...ရှိန်ရတာတော့ပြောမနေနဲ့....ကိုမိုးဦးက အတော်လေး တော်တယ်လေ....အသက်ငယ်ပေမဲ့ လေးစားစရာပါ.... ကိုမိုးဦးမှာ အသိမိတ်ဆွေလဲပေါတယ်... ပြောပြရကောင်းမလား...ဟင်...အကို"

"အေးလေ...အဲ့ဒါကြောင့်ပေါ့...မင်း ပြောပြသင့်တယ်လို့ငါထင်တယ်....သူ ဖြေရှင်းနိုင်မယ်ထင်တယ်"

"ဒါဆို...ကျွန်တော် ကိုမိုးဦးနဲ့ သွားတွေ့အုံးမယ်...အကို ဟိုကောင်တွေလာရင် ခဏစောင့်ခိုင်းထား..ကျွန်တော် ကိုမိုးဦးနဲ့သွားတွေ့တာမပြောနဲ့အုံး"

"အေး ပြီးရော....ငါလဲ သူတို့လာရင်....ဆိုင်ကမန်နေဂျာဆီသွားလိုက်မယ်..ငါ ထပ်ပြီးမေးအုံးမှကွ"

ရဲရင့် မိုးဦးနှင့်ချိန်းထားတဲ့ဆီရောက်တော့ မိုးဦးရောက်နှင့်နေပြီ။အေးချမ်း မပြောရဲတာလဲ အပြစ်တော့မဟုတ်။ ရဲရင့် ဝင်လာတာကြည့်နေရင်းနဲ့ မေးခွန်းပေါင်းများစွာမေးနေတဲ့ အကြည့်နဲ့ကြည့်နေပြီ။
ရဲရင့်မှာ တုန်နေတာထိန်းရင်း ပြုံးပြရသည်။
ဝင်ထိုင်လိုက်တာနဲ့........

"ရဲရင့်....သော်တစ်ခုခုဖြစ်နေတယ်..ဘာပြသနာတက်နေတာလဲ..မင်းသိတယ်မှလား"

"................."

ဒဲ့ကိုမေးချတာ...
ဘယ်ကစပြောရမှန်းမသိတော့ ရဲရင့်ခမျာ အငေးသား။

"သော် က ကိုယ့်ကိုမသိစေချင်ဘူး...ဒါပေမဲ့ သိရမှဖြစ်မယ် ရဲရင့်.... သော်စာမေးပွဲဖြေကာနီးပြီ... ကိုယ် တစ်ခုခု အဖြစ်မခံနိုင်ဘူး"

ရှင်းသည်။ ပြတ်သည်။ ငြင်းနေညာနေလဲ မထူးတော့။
ရဲရင့်လဲ ကိုမိုးဦးကို အားကိုးပါသည်။
ကိုမိုးဦး က ရဲရင့် ပြသနာလိုက်ရှင်းပေးရတာ တစ်ခါ နှစ်ခါ မကတော့။ တစ်ဖက်လူကို ကျေနပ်အောင်ရှင်းပေးတတ်သည်။ စကားပြော ရေလည်သည်။ ဒါ့အပြင် လူရောင်လူဝါက သူများနှင့်မတူ။ ဘယ်သူနဲ့စကားပြောပြော အရှိန်အဝါရှိပြီးသား။

ရဲရင့်.....အားနာနာနဲ့ပဲ ပြသနာ အစ အဆုံး ပြောပြလိုက်တော့သည်။
အေးချမ်းရေ......ငါ့ကိုခွင့်လွှတ်.....မင်းလူကြီးက လည်တယ်ကွ။ ပြီးတော့ ငါကြောက်တယ်ကွာ။

ဖြစ်စဥ် အစအဆုံးကြားပြီးတာနဲ့ ပြသနာ အတိမ်အနက်ကို မိုးဦးသိပြီ။ စွပ်စွဲနေသည့်လူတွေနှင့် ထိပ်တိုက်တွေ့ရန်သာရှိသည်။ဒါ အထင်လွဲတာဖြစ်ဖို့များသည်။ သူတို့ဘာသာသူတို့ ဘယ်လောက်ရန်သူများနေမှန်းမသိဘဲ သော့်ကို လာထိရဲသည်ပေါ့။

သူတို့လုပ်စားတာ တရားမဝင်သည့် မူးယစ်ဆေးရောင်းတာ။ လူငယ်တွေ ဘဝပျက်အောင်လဲ လုပ်သေး...... သူခိုးက လူပြန်ဟစ်နေသေးသည်။အခြေအနေက သူတို့အပေါ်ပဲ မူတည်သည်။ အေးဆေးပြောလို့ မရရင် မပြောရုံသာ။ ငြိမ်နေစရာအကြောင်းတော့မရှိ။

မိုးဦး ရဲရင့်နှင့်လိုက်လာခဲ့သည်။
ကိုဝင်းနိုင်ထွန်းဆိုင်သို့.........
.
.
.
.

သော်နဲ့ နန္ဒရောက်တော့ ရဲရင့်ကမရောက်သေး။

"မင်းတို့ခဏထိုင်အုံးကွာ..ငါလဲအပြင်သွားလိုက်အုံးမယ် ခဏပဲ"

ကိုဝင်းနိုင်ထွန်းကပြောပြီးထွက်သွားတော့သည်။
.
.
.

ခဏအကြာ.....တံခါးမှာ လူဝင်လာလို့ လှည့်ကြည့်တော့...ရဲရင့်.......
သူ့နောက်မှာ....ဝင်လာသည်က.......ကို...ရယ်လေ။
သော် ငိုပါငိုချင်သွားသည်။

ဘာလို့ လိုက်လာရတာလဲ ကိုရယ်....
သော်က....သော်က.... ဘာလုပ်ရတော့မှာလဲ....
သော့်အနား ကို ရှိရင်ဟန်ဆောင်ပြီးတောင် တင်းမထားနိုင်။ မမာကြောနိုင်။

သော် ကို့အရိပ်အောက်မှာ အမြဲ.....ကလေးလို စောင့်ရှောက်ခံလေးလို ကို မရှိရင်မဖြစ်သည့်သူလို ဖြစ်နေရတာ.....သော် ဘယ်လို ပြသနာရှင်းရတော့မှာလဲ ကိုရေ.....

မိုးဦး ဆိုင်ထဲ ဝင်လာသည်။
သော့်အနား ရပ်လိုက်ရင်း...မျက်လုံးဝိုင်းတွေနဲ့ အလန့်တကြားကြည့်နေသူ လက်ကို ဆွဲယူလိုက်သည်။

"ကို.....ဖြေရှင်း​ပေးနိုင်ပါတယ်...မကြောက်နဲ့တော့"

သော် မကြောက်ပါ။
ကို ပြောတဲ့ဒီစကားတစ်ခွန်း...... ကို ကြည့်တဲ့ ဒီအကြည့်တစ်ချက်နဲ့တင် သော် ပြသနာအလုံးစုံ ဖြေရှင်းပြီးသားဖြစ်သွားသလိုပါ။ ကိုက သော့်ရဲ့ မီးပြတိုက်လိုလူ။ ကို သာ သော့်အနားမှာရှိရင် သော် ဘယ်နေရာ ဘယ်ကမ္ဘာသွားသွား လုံခြုံမည်ဟုသိပြီးသား။
ခုက သော့်အတွက် ကို အလုပ်ပိုမှာစိုးရိမ်တာကြောင့်....
ဟိုလိုလူစားတွေ နဲ့ ကို့ကို မတွေ့စေချင်တာကြောင့် သော် မပြောတာပါ။

ကိုက သော့်အတွက်ဆို တံတိုင်းလို ကာရံထားသူပါ။
သော့်အတွက်စိတ်မညစ်စေချင်တာပဲ သော် တွေးမိတယ်။ ကိုက ဖြေရှင်းနိုင်မှာ သော် မသိဘဲနေပါ့မလား။
သော့်ကိုက.....ဘယ်သူမို့လို့လဲ....

သော် ခေါင်းသာ ညိမ့်ပြလိုက်တော့သည်။
.
.
.
.
ဆက်ရန်.........

Zawgyi

Unicode

ထမင္းစားဖို႔​လဲ...ေသာ္ ႐ွိတာေလးနဲ႔သင့္ေတာ္ေအာင္သာ ခ်က္လိုက္ေတာ့သည္။
ညေနက အျပင္သြားမႈေၾကာင့္ေရာ...ကိုက ထမင္းမစားခ်င္ေတာ့ဘူး ေျပာတာေၾကာင့္ေရာ လူကပ်ာေနၿပီ။
တစ္ေယာက္ထဲစားဖို႔လဲ မ်ိဳမက်။

ေရခ်ိဳးေနသံေတာ့​ၾကားရသည္။ကိုက စိတ္ဆိုး ေနသည့္ပုံေတာ့မဟုတ္ေပမဲ့ ေသာ္႕ကို မၾကည္လင္တာက​ေတာ့အေသအခ်ာ။ ေသာ္လဲ အျပစ္႐ွိသူလိုခံစားေနရသည္။

ကိုရယ္....ေသာ္ ေျဖ႐ွင္းလို႔ရတဲ့ကိစၥကို ေသာ္ပဲ႐ွင္းပါရေစ။ ကို႔မွာအလုပ္တစ္ဖက္ ေသာ္႕ကိုစိတ္ပူတစ္ဖက္နဲ႔။
ဒီလိုလူေတြက ကို ပတ္သက္ရမဲ့လူတန္းစားလဲ မဟုတ္ပါဘူး။
ေသာ္႕ကို စိတ္ပူတာ နားလည္ပါတယ္။ ဒါေပမဲ့ ေသာ္႕ ဒုကၡေတြ ကို သိျပန္ရင္ ကိုက ေသာ္႕ကိုသနား.... ေသာ္က ကို႔ကိုျပန္စိတ္ပူရနဲ႔....ေသာ္နဲ႔ကို ဘယ္ေတာ့မ်ားမွ စိတ္ခ်မ္းသာရမွာလဲ။
ေသာ္က ဒုကၡေတြကိုအသားက်ေနသူပါ။ ကို ေသာ္႕ကို အမ်ားႀကီးခ်စ္ေပးေနရတာနဲ႔တင္ ေသာ္အတြက္ျပည့္စုံေနပါၿပီ။ စိတ္ပူရတဲ့ကိစၥေတြ ေသာ္က မသိေစခ်င္ပါဘူး။

ေဟာ...ေရခ်ိဳးခန္းထဲကထြက္လာၿပီ။
ေသာ္ ကို႔ဆီ ေျပးသည္။
ေရသုတ္ေပးဖို႔ တဘတ္ေလးယူကာ ကို႔ဆီေျပးသည္။
ကိုက ေငးေငးေလးၾကည့္ေနၿပီး ဘာမွ မေျပာ။ ေသာ္ လုပ္ေပးတာ ၿငိမ္ေနသည္။ စကားလဲ အေထြအထူးမေျပာပါ။

"ကို...ေသာ္ တစ္ေယာက္ထဲ ထမင္းမစားခ်င္ဘူး..ကိုလဲစားေနာ္"

"..............."

ဘာမွျပန္မေျပာ။

"ကိုရယ္....ေသာ္ ေတာင္းပန္ပါတယ္...ေသာ္႕ ကိုစိတ္မပ်က္လိုက္ပါနဲ႔....ကို အဲ့လိုႀကီးေနရင္ေလ.... ေသာ္...ေသာ္..."

ေျပာရင္း....မ်က္ရည္ေတြက က်လာေတာ့သည္။
ေသာ္႕မ်က္ႏွာကို ကိုက ဆြဲေမာ့္သည္။
ၿပီးေတာ့ ေသာ္႕မ်က္ရည္ေတြကို လက္နဲ႔ ေျဖးေျဖးေလးသုတ္ေပးသည္။
ေသာ္႕ ေခါင္းကိုဆြဲယူကာ နမ္းရင္း.....

"ကိုက ဘာလို႔စိတ္ပ်က္ရမွာလဲ...ကို ရင္ျပည့္ေနသလိုလိုနဲ႔...ၿပီးေတာ့ ကိုမွာ ေတြးစရာမ်ား​ေနလို႔ပါ...နဲနဲစားလိုက္မယ္ေလ....ဘာလို႔ငိုတာလဲ... တိတ္ေနာ္"

"ကို ေသာ္႕ကို စိတ္ဆိုးေနတာလား.... ဟင္.... ေသာ္...ေသာ္ေလ....."

ေျပာစရာစကားက ကို႔အၾကည့္တစ္ခ်က္ေအာက္တြင္ ေပ်ာက္ရျပန္သည္။

"စိတ္မဆိုးဘူး...ရၿပီလား...."

ေသာ္ ကို႔ကို ေငးၾကည့္သည္။
ေသာ္႕ကို ငုံ႔မိုးကာ စိုက္ၾကည့္ေနေသာ ကို႔ အၾကည့္ေတြ....ေသာ္သိသည္။
ေသာ္႕မွာ ကို႔ကို ေျပာစရာ႐ွိရင္ ခုေျပာပါေတာ့လို႔....ေျပာေနတဲ့အၾကည့္။

ဘာမွေသခ်ာေရရာသိရေသးတဲ့ ျပသနာမဟုတ္ေသးေတာ့ ကို႔ကို ဘယ္က စ ေျပာရမွန္းလဲမသိ။ ေသခ်ာေအာင္ ထပ္စုံစမ္းရမည္ေလ။ ေသာ္ တို႔ ႐ွင္းလို႔ေျပလည္သြားတာလဲ ျဖစ္ႏိုင္ေသးသည္။ ကိုရယ္.... ေသာ္႕ကို အခ်ိန္ေပးပါ။ ေသာ္ တမင္ဖုံးကြယ္ခ်င္တာ မဟုတ္ရပါဘူး။

ထမင္းစားေတာ့လဲ ႏွစ္ေယာက္လုံးတိတ္ဆိတ္စြာသာ။
ေသာ္လဲ သိပ္မစား။ မိုးဦးကေတာ့ ထမင္းဘယ္လိုစားေနမိသည္ေတာင္မသိ။ ဘယ္ေလာက္ႀကီးတဲ့ျပသနာမို႔လို႔လဲ ေသာ္ရယ္ဟုေတြးေနရင္းသာ။
ေအးေလ....ေသခ်ာေပါက္ ရဲရင့္ သိမွာပဲ။
ရဲရင့္ကမွ ထပ္ဖုံးကြယ္ရင္ ဆံပင္ညႇပ္ဆိုင္က တစ္ေယာက္ကိုသြားေမး႐ုံပင္။ သူ႕ဆီကအျပန္မွာ ေသာ္ ဒီလို စ ျဖစ္တာပဲေလ။

ညေနကဆို ေစ်းထဲမွာ ဝင္တိုက္ခံရသည္တဲ့။ အန္တီျပန္ေျပာျပလို႔သိရသည္။ ေသာ္က ဘာမွမေျပာဘဲ ဒီတိုင္းေ႐ွာင္လာခဲ့သည္တဲ့။ အန္တီ့မွာ ေဒါသေတြထြက္လို႔။
ေပါ့ေသးေသး ျပသနာမွဟုတ္ရဲ႕လား ေသာ္ေရ.....

စာေမးပြဲလဲနီးၿပီဲ။ စာေမးပြဲ ေျဖကာနီးရင္ ေသာ္ဆိုသည္မွာ တစ္ခုမဟုတ္တစ္ခု ျဖစ္လိုက္ရမွ။
မိုးဦး ေသာ္႕ျပသနာ သိရရင္လဲ မၿပီးေသး။ ေသာ္႕ကိုရန္ကုန္မွာ ထားကိုမထားခ်င္ေတာ့တာေၾကာင့္...ေသာ္ စာေမးပြဲေျဖၿပီးရင္...................
မိုးဦး အရာအားလုံးအသစ္ျဖစ္ေအာင္စရမည္။

စိတ္ကို အတိအက် ပိုင္းျဖတ္ၿပီးသား။
.
.
.

ေနာက္တစ္ေန႔မနက္........

ေတြ႕ခ်င္ပါသည္ဆိုမွ ရဲရင့္က ေနာက္က်သည္။
​ေန႔လည္ေရာက္ေတာ့ မိုးဦးမေႏိုင္ေတာ့။
ျမတ္ႏိုးကိုေမးရသည္။
ျမတ္ႏိုးႏွင့္ရဲရင့္က တြဲေန​ၾကၿပီဟု ႐ုံးမွာ အားလုံးကိုေျပာျပထားၿပီးၿပီ။
အလုပ္ကိုေတာ့ ကိုယ္​ေရးကိုယ္တာႏွင့္ ခြဲျခါးလုပ္တတ္ၾကသည့္ အတြဲပါ။
အလုပ္လုပ္ေနခ်ိန္ လုပ္ေဖာ္ကိုင္ဖက္အသြင္သာေတြ႕ရတတ္သည္။
ျမတ္ႏိုးကိုေမးေတာ့....ဒီေန႔ခြင့္ယူသည္တဲ့။

မျဖစ္ေတာ့ေခ်။ ျမန္ျမန္ကိစၥျဖတ္ခ်င္သည္။ ရဲရင့္ကိုဖုံးဆက္ၿပီးခ်ိန္းရမည္။ သူမလာႏိုင္လဲ ဘယ္လိုက္ေတြ႕ရမလဲ လိုက္ေတြ႕႐ုံပင္။ျမင့္မိုရ္ကို ေျပာျပခဲ့ရေကာင္းမလားေတြးမိသား။ ေနပါေစေတာ့ေလ...... ဘာမွန္းမသိေသးခင္ ျမင့္မိုရ္ေရာ ျမတ္ႏိုးပါ သိေတာ့ စိတ္ပူေနတာပဲ႐ွိမွာ။

ရဲရင့္က ျမတ္ႏိုးကို အသိေပးထားပုံမရ။ ဒါဆို....လူငယ္ခ်င္း ၿငိသည့္ကိစၥျဖစ္ဖို႔မ်ားသည္။ ရဲရင့္က လုပ္ငန္းခြင္ထဲ ၾကာၿပီျဖစ္သလို ေသာ္ သည္လဲ စာနဲ႔ အိမ္အလုပ္ ၾကားမွာ အျပင္ေတာင္မထြက္တာၾကာၿပီ။ ဒါဆို အရင္ ရန္စေဟာင္းေပါ့။ ဒါေၾကာင့္ မိုးဦးကို အသိမေပးဘဲ ႀကိတ္႐ွင္းခ်င္တာျဖစ္ရမည္။

ရဲရင့္ကို ဖုံးေခၚေတာ့ မကိုင္။ မိုးဦး ဖုံးေခၚရင္ ရဲရင့္ ဒါမ်ိဳးမလုပ္စဖူး။ ခဏေနေတာ့မွ ျပန္ေခၚလာသည္။

"အကိုမိုးဦး......ကြၽန္ေတာ့ကို ဖုံးေခၚထားလို႔.... ဟုတ္ အကို ေျပာပါ...ကြၽန္ေတာ္ ကားထဲ ဖုံးက်န္ခဲ့လို႔"

"အင္း ရဲရင့္....ကိုယ္ခဏ စကားေျပာခ်င္လို႔ ဖုံးေခၚလိုက္တာ"

"ဟုတ္..အကို...အေရးႀကီးလား"

ရဲရင့္အသံက တုန္ေနၿပီ။

"အေရးႀကီးတယ္ ရဲရင့္...ေသာ္႕ကိစၥ"

မိုးဦး ေကြ႕ဝိုက္မေနေတာ့ဘဲ ေျပာလိုက္သည္။

တစ္ဖက္မွ ရဲရင့္ အသံတိတ္သြားသည္။
ခဏေနမွ.....

"ဟုတ္ အကို...ကြၽန္ေတာ္ ဘယ္ကိုလာခဲ့ရမလဲ"

ရဲရင့္ လာရမည့္ေနရာ ေျပာျပလိုက္သည္။

မိုးဦး ႐ုံးမွ ထြက္လာခဲ့ေတာ့သည္။
.
.
.

ရဲရင့္က ကိုဝင္းႏိုင္ထြန္းဆိုင္ေရာက္ေနတာ။ ေအးခ်မ္းက စာသင္ခ်ိန္႐ွိလို႔ ခဏေနမွ လာမည္။ နႏၵကေအးခ်မ္းကိုဝင္ေခၚလာမည္ေျပာေတာ့ ကိုဝင္းႏိုင္ထြန္းႏွင့္ စကားေျပာရင္း ရဲရင့္ေစာင့္ေနတာ။

"ေဟ့ေကာင္...ဘယ္သူမို႔လို႔ အဲ့ေလာက္သက္ျပင္းခ်ေနတာလဲကြ...."

ကိုဝင္းႏိုင္ထြန္းေမးသည္။

"ေအးခ်မ္းလူႀကီးအကိုေရ...ကြၽန္ေတာ္ ေျပာျပရေကာင္းမလား မေျပာရေကာင္းမလား စိတ္ေတြညစ္ပါတယ္....မေမးခင္ သိေနၿပီထင္တယ္...ညာလို႔လဲရမွာမဟုတ္ဘူးဗ်"

"ငါတို႔ေတြးမိသလိုဆို ဆိုင္က တစ္ေယာက္ေယာက္က တိုင္လိုက္ၿပီး ေအးခ်မ္းကို ထိုးခ်တာျဖစ္ဖို႔မ်ားတယ္ကြ...ငါ့အေတြးကေတာ့ကြာ....ေအးခ်မ္းလူကို ေျပာျပလိုက္တာေကာင္းမယ္ကြ....သူနဲ႔ဆို ပြဲျပတ္မွာ....မင္းတို႔႐ွင္းလို႔ႏိုင္မလား.....သူတို႔က..ဘာေကာင္ေတြလဲ မင္းလဲသိတာပဲ...သူတို႔ထက္ ဝိတ္ႀကီးတာနဲ႔ေတြ႕မွ ျမန္ျမန္ၿပီးမယ္ထင္တာပဲ...ေအးခ်မ္းက မေျပာခိုင္းဘူးလား"

"အမ္ မ ေလး.....မေျပာဘဲနဲ႔ေတာင္ ႀကိဳသိေနတာ အကိုေရ....ေအးခ်မ္းကို အရိပ္လိုၾကည့္ေနတာ...တစ္ခုခုျဖစ္ရင္ လူသတ္မလား​ေတာင္မသိဘူး....အခ်ိန္တိုင္းေအးေဆး....ေအးခ်မ္းနဲ႔ပတ္သက္လို႔​ေတာ့ မရဘူးဗ်....ကြၽန္ေတာ္ေတာင္ ကြၽန္ေတာ္႕ေကာင္မေလးကို အဲ့ေလာက္ မျဖစ္ရဘူး"

"ေအး...တစ္ခါ ႏွစ္ခါေတာ့ေတြ႕ဖူးပါတယ္.... ေအးခ်မ္းကိုလာေခၚတာ....ပညာတတ္ပုံ....လူရည္သန္႔ကြ....႐ွိန္ေနရေရာပဲ"

"ဟုတ္တယ္...႐ွိန္ရတာေတာ့ေျပာမေနနဲ႔....ကိုမိုးဦးက အေတာ္ေလး ေတာ္တယ္ေလ....အသက္ငယ္ေပမဲ့ ေလးစားစရာပါ.... ကိုမိုးဦးမွာ အသိမိတ္ေဆြလဲေပါတယ္... ေျပာျပရေကာင္းမလား...ဟင္...အကို"

"ေအးေလ...အဲ့ဒါေၾကာင့္ေပါ့...မင္း ေျပာျပသင့္တယ္လို႔ငါထင္တယ္....သူ ေျဖ႐ွင္းႏိုင္မယ္ထင္တယ္"

"ဒါဆို...ကြၽန္ေတာ္ ကိုမိုးဦးနဲ႔ သြားေတြ႕အုံးမယ္...အကို ဟိုေကာင္ေတြလာရင္ ခဏေစာင့္ခိုင္းထား..ကြၽန္ေတာ္ ကိုမိုးဦးနဲ႔သြားေတြ႕တာမေျပာနဲ႔အုံး"

"ေအး ၿပီးေရာ....ငါလဲ သူတို႔လာရင္....ဆိုင္ကမန္ေနဂ်ာဆီသြားလိုက္မယ္..ငါ ထပ္ၿပီးေမးအုံးမွကြ"

ရဲရင့္ မိုးဦးႏွင့္ခ်ိန္းထားတဲ့ဆီေရာက္ေတာ့ မိုးဦးေရာက္ႏွင့္ေနၿပီ။ေအးခ်မ္း မေျပာရဲတာလဲ အျပစ္ေတာ့မဟုတ္။ ရဲရင့္ ဝင္လာတာၾကည့္ေနရင္းနဲ႔ ေမးခြန္းေပါင္းမ်ားစြာေမးေနတဲ့ အၾကည့္နဲ႔ၾကည့္ေနၿပီ။
ရဲရင့္မွာ တုန္ေနတာထိန္းရင္း ျပဳံးျပရသည္။
ဝင္ထိုင္လိုက္တာနဲ႔........

"ရဲရင့္....ေသာ္တစ္ခုခုျဖစ္ေနတယ္..ဘာျပသနာတက္ေနတာလဲ..မင္းသိတယ္မွလား"

"................."

ဒဲ့ကိုေမးခ်တာ...
ဘယ္ကစေျပာရမွန္းမသိေတာ့ ရဲရင့္ခမ်ာ အေငးသား။

"ေသာ္ က ကိုယ့္ကိုမသိေစခ်င္ဘူး...ဒါေပမဲ့ သိရမွျဖစ္မယ္ ရဲရင့္.... ေသာ္စာေမးပြဲေျဖကာနီးၿပီ... ကိုယ္ တစ္ခုခု အျဖစ္မခံႏိုင္ဘူး"

႐ွင္းသည္။ ျပတ္သည္။ ျငင္းေနညာေနလဲ မထူးေတာ့။
ရဲရင့္လဲ ကိုမိုးဦးကို အားကိုးပါသည္။
ကိုမိုးဦး က ရဲရင့္ ျပသနာလိုက္႐ွင္းေပးရတာ တစ္ခါ ႏွစ္ခါ မကေတာ့။ တစ္ဖက္လူကို ေက်နပ္ေအာင္႐ွင္းေပးတတ္သည္။ စကားေျပာ ေရလည္သည္။ ဒါ့အျပင္ လူေရာင္လူဝါက သူမ်ားႏွင့္မတူ။ ဘယ္သူနဲ႔စကားေျပာေျပာ အ႐ွိန္အဝါ႐ွိၿပီးသား။

ရဲရင့္.....အားနာနာနဲ႔ပဲ ျပသနာ အစ အဆုံး ေျပာျပလိုက္ေတာ့သည္။
ေအးခ်မ္းေရ......ငါ့ကိုခြင့္လႊတ္.....မင္းလူႀကီးက လည္တယ္ကြ။ ၿပီးေတာ့ ငါေၾကာက္တယ္ကြာ။

ျဖစ္စဥ္ အစအဆုံးၾကားၿပီးတာနဲ႔ ျပသနာ အတိမ္အနက္ကို မိုးဦးသိၿပီ။ စြပ္စြဲေနသည့္လူေတြႏွင့္ ထိပ္တိုက္ေတြ႕ရန္သာ႐ွိသည္။ဒါ အထင္လြဲတာျဖစ္ဖို႔မ်ားသည္။ သူတို႔ဘာသာသူတို႔ ဘယ္ေလာက္ရန္သူမ်ားေနမွန္းမသိဘဲ ေသာ္႕ကို လာထိရဲသည္ေပါ့။

သူတို႔လုပ္စားတာ တရားမဝင္သည့္ မူးယစ္ေဆးေရာင္းတာ။ လူငယ္ေတြ ဘဝပ်က္ေအာင္လဲ လုပ္ေသး...... သူခိုးက လူျပန္ဟစ္ေနေသးသည္။အေျခအေနက သူတို႔အေပၚပဲ မူတည္သည္။ ေအးေဆးေျပာလို႔ မရရင္ မေျပာ႐ုံသာ။ ၿငိမ္ေနစရာအေၾကာင္းေတာ့မ႐ွိ။

မိုးဦး ရဲရင့္ႏွင့္လိုက္လာခဲ့သည္။
ကိုဝင္းႏိုင္ထြန္းဆိုင္သို႔.........
.
.
.
.

ေသာ္နဲ႔ နႏၵေရာက္ေတာ့ ရဲရင့္ကမေရာက္ေသး။

"မင္းတို႔ခဏထိုင္အုံးကြာ..ငါလဲအျပင္သြားလိုက္အုံးမယ္ ခဏပဲ"

ကိုဝင္းႏိုင္ထြန္းကေျပာၿပီးထြက္သြားေတာ့သည္။
.
.
.

ခဏအၾကာ.....တံခါးမွာ လူဝင္လာလို႔ လွည့္ၾကည့္ေတာ့...ရဲရင့္.......
သူ႕ေနာက္မွာ....ဝင္လာသည္က.......ကို...ရယ္ေလ။
ေသာ္ ငိုပါငိုခ်င္သြားသည္။

ဘာလို႔ လိုက္လာရတာလဲ ကိုရယ္....
ေသာ္က....ေသာ္က.... ဘာလုပ္ရေတာ့မွာလဲ....
ေသာ္႕အနား ကို ႐ွိရင္ဟန္ေဆာင္ၿပီးေတာင္ တင္းမထားႏိုင္။ မမာေၾကာႏိုင္။

ေသာ္ ကို႔အရိပ္ေအာက္မွာ အၿမဲ.....ကေလးလို ေစာင့္ေ႐ွာက္ခံေလးလို ကို မ႐ွိရင္မျဖစ္သည့္သူလို ျဖစ္ေနရတာ.....ေသာ္ ဘယ္လို ျပသနာ႐ွင္းရေတာ့မွာလဲ ကိုေရ.....

မိုးဦး ဆိုင္ထဲ ဝင္လာသည္။
ေသာ္႕အနား ရပ္လိုက္ရင္း...မ်က္လုံးဝိုင္းေတြနဲ႔ အလန္႔တၾကားၾကည့္ေနသူ လက္ကို ဆြဲယူလိုက္သည္။

"ကို.....ေျဖ႐ွင္း​ေပးႏိုင္ပါတယ္...မေၾကာက္နဲ႔ေတာ့"

ေသာ္ မေၾကာက္ပါ။
ကို ေျပာတဲ့ဒီစကားတစ္ခြန္း...... ကို ၾကည့္တဲ့ ဒီအၾကည့္တစ္ခ်က္နဲ႔တင္ ေသာ္ ျပသနာအလုံးစုံ ေျဖ႐ွင္းၿပီးသားျဖစ္သြားသလိုပါ။ ကိုက ေသာ္႕ရဲ႕ မီးျပတိုက္လိုလူ။ ကို သာ ေသာ္႕အနားမွာ႐ွိရင္ ေသာ္ ဘယ္ေနရာ ဘယ္ကမ႓ာသြားသြား လုံျခဳံမည္ဟုသိၿပီးသား။
ခုက ေသာ္႕အတြက္ ကို အလုပ္ပိုမွာစိုးရိမ္တာေၾကာင့္....
ဟိုလိုလူစားေတြ နဲ႔ ကို႔ကို မေတြ႕ေစခ်င္တာေၾကာင့္ ေသာ္ မေျပာတာပါ။

ကိုက ေသာ္႕အတြက္ဆို တံတိုင္းလို ကာရံထားသူပါ။
ေသာ္႕အတြက္စိတ္မညစ္ေစခ်င္တာပဲ ေသာ္ ေတြးမိတယ္။ ကိုက ေျဖ႐ွင္းႏိုင္မွာ ေသာ္ မသိဘဲေနပါ့မလား။
ေသာ္႕ကိုက.....ဘယ္သူမို႔လို႔လဲ....

ေသာ္ ေခါင္းသာ ညိမ့္ျပလိုက္ေတာ့သည္။
.
.
.
.
ဆက္ရန္.........






Ga verder met lezen

Dit interesseert je vast

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
107K 4.2K 77
Title~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)
1.4M 59.6K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...