နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 23

801 38 0
By reli_08

(Unicode)

မနက်(၉)နာရီခွဲအချိန် ရရှိသည့် နေရောင်က ပြတင်းပေါက်ကိုဖြတ်ပြီး အခန်းအတွင်းသို့ဝင်ရောက်ရန် တာဆူနေသည်။ သို့သော်ငြား ဆွဲပိတ်ထားသည့် လိုက်ကာရှည်များကြောင့် ဝင်ရောက်နိုင်ခြင်း အတိအလင်းမရှိ။ အခန်းကျယ်အတွင်းရှိ နှစ်ယောက်အိပ်ကုတင်ပေါ်တွင် ခေါင်းပေါ်ရုံလေးသာ ခြုံထားသော စောင်ထဲ၌ အဲကွန်းမှ ထုတ်လွှတ်‌နေသော ခပ်စိမ့်စိမ့်လေထုကြောင့် အာကာလင်းသန့် ကွေးနေတုန်း ရှိသေးသည်။ ပိုင်မြင့်မြတ်ကျော်ကတော့ မနက်(၈)နာရီကတည်းက အိပ်ယာနိုးကာ ယခုအချိန်ဆိုလျှင် ကုမ္ပဏီကိုတောင် ရောက်နေပြီဖြစ်၏။

မနက်ဆိုလျှင် ပိုင်မြင့်မြတ်ကျော်က သူ့ထက်စောပြီး ပုံမှန်နိုးသည်။ သူ့ရဲ့ပါးကို နှာခေါင်းနစ်ဝင်အောင် နမ်းခြင်းက ပိုင်မြင့်မြတ်ကျော်နိုးတာနှင့် ပထမဦးဆုံးလုပ်ဖြစ်သည့် လုပ်ငန်းဆောင်တာတစ်ခု။ ပြီးလျှင် ရေချိုးခန်းဝင်ပြီး ပြန်ထွက်လာတာနှင့် သူကြိုထုတ်ပေးထားသော အဝတ်အစားတွေကို ဝတ်ဆင်ကာ အလုပ်သွားသည်။ သူက မနက်ပိုင်းဆို စောစောမထတတ်သည့်အတွက် အဝတ်များကို ညမအိပ်ခင် ကြိုတင်ထုတ်ပေးထားခြင်း။

စောင်ပုံထဲတွင် မြုပ်နေသော အာကာလင်းသန့်တစ်ယောက် 'အင်း အဲ' နှင့် တအီအီလုပ်ကာ နိုးလာပြီဖြစ်သည်။ မျက်လုံးကပွင့်နေပေမယ့် တော်တော်နှင့် မထဖြစ်သေးဘဲ အိပ်ယာထဲမှာ ထဖို့ အရှိန်ယူနေရင်း သူ့ဘယ်ဘက်လက်သူကြွယ်ထက်၌ ပိုင်မြင့်မြတ်ကျော်နှင့် ဆင်တူဝတ်ထားသော လက်ထပ်လက်စွပ်လေးကို အသေးစိတ်ကြည့်နေသေးသည်။ ထိုသို့ကြည့်ရတိုင်း ဘယ်တော့မှ ရိုးသွားသည်ဟူ၍မရှိ။ သူချစ်ရသူ ပိုင်မြင့်မြတ်ကျော်က ယခုဆိုလျှင် သူနဲ့ တစ်ဘဝလုံး အတူတူဖြတ်သန်းသွားတော့မှာ တွေးရင်း တွေးရင်း ပျော်ရွှင်စိတ်ဖြစ်ပေါ်မြဲ။

အိပ်ယာက ထလိုက်ပြီး ရှေးဦးစွာ အိပ်ယာကို သပ်ရပ်အောင် ပြန်ပြင်သည်။ ထို့နောက် လိုက်ကာတွေကို ဆွဲဖွင့်၏။ ထိုကိစ္စတွေပြီးမှ အပျင်းဆန့်ကာ ရေချိုးခန်းဆီသို့ ဦးတည်လေသည်။ နံရံရှိ မင်္ဂလာဆောင်ဓာတ်ပုံကို အကြည့်ရောက်တော့ ပြုံးမိသေး၏။ သူတို့ရဲ့ လက်ထပ်ပွဲကို ကိုကိုတို့လို ကနေဒါနိုင်ငံမှာပဲ ကျင်းပခဲ့သည်။ အဖြူရောင်ဘောင်အနားကွပ်ထားသော ဓာတ်ပုံအတွင်း၌ အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို ခန့်ညားစွာ ဝတ်ဆင်ထားသော ပိုင်မြင့်မြတ်ကျော်နှင့် အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဆင်မြန်းထားသော သူသည် တစ်ယောက်ကိုတစ်ယောက် မြတ်နိုးစွာကြည့်ရင်း ပြုံးနေကြသည်။ ဓာတ်ပုံတွေက စကားပြောသည်ဆိုသော စကားအတိုင်း ဤဓာတ်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ကြည်နူးစိတ် ဖြစ်ပေါ်လာသည်။

အာကာလင်းသန့် အောက်ထပ်ကို ဆင်းသည်နှင့် အချိန်ကိုက်ဆိုသလို အိမ်အကူ ဒေါ်ကြီးတင့်ရောက်လာသည်။ ဒေါ်ကြီးတင့်က သူတို့အိမ်ကို မနက်လာပြီး ညနေပြန် လာရောက်လုပ်ကိုင်ပေးသော အိမ်အကူဖြစ်သည်။ ထမင်းဟင်းချက်တာကအစ အိမ်မှုကိစ္စတွေအကုန်လုံး ဒေါ်ကြီးတင့်က နိုင်နင်း၏။ အလုပ်လုပ်ရာတွင်လည်း စေ့စပ်သေချာပြီး ထောင့်စေ့သည်။ စိတ်လည်း ချရ၏။

"ဒေါ်ကြီးတင့် ဒီနေ့ဘာဟင်းချက်မှာလဲ"

"ကြက်သားလေးကိုမွပြီး အစပ်ကြော်မယ်၊ ပြီးတော့ အရည်သောက်က သီးစုံချဉ်ရည်ဟင်း၊ သားလေးကြိုက်တဲ့ ပြည်ကြီးငါးကို ငရုတ်ပွနဲ့ လှိမ့်ဦးမယ်၊ ဒါတွေနဲ့ အခြားအရန်ဟင်းသေးသေးလေးတွေပေါ့"

"ကျွန်တော် ဗိုက်တောင်ဆာလာပြီ၊ လောလောဆယ် မနက်စာပဲ စားထားလိုက်ဦးမှ"

အာကာလင်းသန့် ထမင်းစားခန်းသို့သွားကာ စားပွဲတွင်ထိုင်ပြီး အုပ်ဆောင်းကို ဖွင့်သည်။ ဖွင့်ဖွင့်ချင်း မြင်တွေ့ရသည့် ထမင်းကြော်မွှေးမွှေးလေးက သူ့ကို မြန်မြန်စားရန် ဖိတ်ခေါ်နေသယောင်။ တစ်ဇွန်းခပ်ပြီး လျင်မြန်စွာ စားသုံးမိသည်။ ပိုင်မြင့်မြတ်ကျော်က နေ့စဉ်နေ့တိုင်း အလုပ်မသွားခင် သူ့အတွက် မနက်စာကတော့ မဖြစ်မနေ ဝယ်ပေးသွားတတ်သည်။

စားပြီးသောက်ပြီးသည်နှင့် ‌အပေါ်ထပ်ရှိ ပန်းချီခန်းကို သွားသည်။ ပန်းချီခန်းက သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းနှင့် ကပ်ရပ်တွင်ဖြစ်၏။

အိမ်ထောင်ကျပြီးသွားမှ အိမ်ထောင်သည်ဘဝသည် ထင်သလောက် မလွယ်ကူမှန်း သူသိလာရသည်။ နှစ်ယောက်သား တစ်အိုးတစ်အိမ်ထူထောင်ရခြင်းသည် အရာရာဟာ ကိုယ့်ခြေကိုယ့်လက်ဆိုတာမျိုး ဖြစ်လာ၏။ ဥပမာအားဖြင့် ငွေကို ကိုင်တွယ်ဖြေရှင်းရပုံ၊ စုဆောင်းရပုံ၊ အပိုငွေမကုန်စေရန် ဆင်ခြင်သုံးစွဲသင့်ကြောင်း စတာတွေပါ သိလာခြင်းမျိုး။ ပိုင်မြင့်မြတ်ကျော်ရဲ့ ဝင်ငွေနှင့် သူတို့နှစ်ယောက်အတွက် ပူစရာမလိုဆိုသော်ငြား သူက ဒီအတိုင်းကြီး ထိုင်‌မနေချင်ဘဲ အလုပ်လုပ်ရန် ဆန္ဒရှိသည်။

သူ့အတွက် ကုမ္ပဏီအလုပ်တွေကို စိတ်ဝင်စားမှု မရှိတာကတစ်ကြောင်း၊ ဝါသနာမပါတာက တစ်ကြောင်းဆိုတော့ အလကားမနေဘဲ အလုပ်တစ်ခုလုပ်ရန် ရွေးရတာ အတော်ကိုမှ ခဲရာခဲဆစ်နိုင်လှသည်။ ဟိုအလုပ်က အဆင်မပြေလို့၊ ဒီအလုပ်ကျပြန်တော့ မအပ်စပ်လို့စသည်ဖြင့် ခေါင်းခြောက်အပြီးမှာ တစ်စုံတစ်ခုကို ပြတ်သားစွာ ရွေးချယ်နိုင်ခဲ့သည်။ ထိုအရာက ပန်းချီဆွဲခြင်းကို အခြေတကျလုပ်ကိုင်ပြီး ပန်းချီဆရာတစ်ယောက်အဖြစ် ရပ်တည်ရန်သာဖြစ်၏။

တကယ်တော့သူက သူနဲ့ အကိုက်ညီဆုံး ဖြစ်နေသည့်အရာကို မေ့နေခဲ့သောကြောင့် အချိန်တွေ ကြာနေခဲ့ခြင်း။ စိတ်ဆိုးစိတ်တိုလွယ်သည့် သူသည် ပန်းချီကိုတော့ စိတ်ရှည်သည်။ ဈာန်ဝင်စားမှုလည်း ရှိသလို ဝါသနာလည်း ပါသည်။ ပိုင်မြင့်မြတ်ကျော် သူ့အား ပန်းချီဆရာအဖြစ်နေထိုင်ရန် စောစီးစွာ ပြောခဲ့စဉ်တည်းက လက်ခံခဲ့ရင် သူခေါင်းခြောက်ရမှာတောင်မဟုတ်။ အပျော်တမ်းဆွဲခြင်းလို့သာ ခေါင်းမာပြီး ငြင်းခဲ့သေးသည်။ အချိန်အတော်ကြာပြီးမှသာ ပန်းချီဆရာဖြစ်ရန် ဆုံးဖြတ်မိ၏။

အခန်းထောင့်တစ်နေရာမှာ သေသေချာချာ ထောင်ထားသော ပန်းချီကားတစ်ကားကို ယူကြည့်ရင်း အားရကျေနပ်စိတ်ဖြစ်မိသည်။ ဤပန်းချီကားက သူ ပိုင်မြင့်မြတ်ကျော်ကိုခေါ်ပြီး စိမ်းလန်းစိုပြေမှာတောင် တစ်စိတ်တစ်ပိုင်းသွားဆွဲသည့် ပန်းချီကားပင်။ ပိုင်မြင့်မြတ်ကျော်ကို အခုထိ ဒီပန်းချီကား သူ မပြရသေး။ ဒီနေ့ အိမ်ပြန်လာရင်တော့ ပြမည်ဟု စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း လုပ်နိုင်ရန် အိပ်ခန်းထဲသို့သယ်ပြီး သွားထားသည်။ ပြီးမှ ပန်းချီခန်းသို့ပြန်ကာ လက်စသတ်ရမည့် ပန်းချီကားတစ်ကားအား အဆုံးသတ်ရန်ပြင်သည်။

နေရာမှ မရွေ့ဘဲ ပန်းချီကို စိတ်ပါဝင်စားစွာ ဆွဲနေဖြစ်တာ နေ့လည်တောင် ရောက်သွားလေပြီ။ အပြီးဆွဲမည်ဟု ရည်ရွယ်ထား၍ ထိုင်ခုံမှလည်း မထဖြစ်။ ပန်းချီပြခန်းတစ်ခုက နောက်လတွင် ပြုလုပ်မည့် တက်သစ်စလူငယ်ပန်းချီဆရာတွေရဲ့ လက်ရာများစုစည်းမှုပြပွဲတွင် သူ့လက်ရာ တချို့အား ပြသနိုင်ရန် ကြိုးစားပမ်းစား ‌ဆွဲဖြစ်နေသည်။

ပန်းချီကို လက်စသတ်လိုက်သည်။ ပြီးမြောက်သွားသည့် ပန်းချီကားကို ကျေနပ်စွာကြည့်ရင်း မိမိကြိုးပမ်းမှုအတွက် ပြုံးမိသည်။ အညောင်းအညာများပြေစေရန် အပျင်းဆန့်ပြီးနောက် အောက်ထပ်သို့ ဆင်းသည်။ လှေကားပေါ်ကနေဆင်းရင်း ဧည့်ခန်းသို့ အကြည့်အရောက် ခပ်သွက်သွက် ဆင်းသွားမိ၏။

"ဘယ်အချိန်တည်းက ရောက်နေတာလဲ၊ ကြာပြီလား"

စွမ်းရည်ထက် ထိုင်နေသော ဆိုဖာရဲ့ မျက်နှာချင်းဆိုင်ဆိုဖာတွင် ဝင်ထိုင်ပြီး မေးဖြစ်သည်။ စွမ်းရည်ထက်က ဖုန်းသုံးနေတာကိုရပ်ကာ ဖုန်းကို စားပွဲပေါ်သို့တင်လိုက်သည်။ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရသလောက် တစ်ခုခု ပြဿနာတက်လာပုံရသည်။

"သိပ်မကြာသေးဘူး၊ နာရီဝက်လောက်ပဲရှိသေးတယ်၊ ဒေါ်ကြီးတင့်ကိုမေးတော့ မင်းပန်းချီဆွဲနေတယ်ဆိုတာနဲ့ ငါလည်း ထိုင်နေလိုက်တာ"

"အိမ်က သိသွားပြီလား စွမ်းထက်၊ မင်းကိုကြည့်ရတာ ငါအဲ့လို ခံစားမိနေလို့"

အာကာလင်းသန့် ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ လိုရင်းသာ တန်းပြောလိုက်သည်။ သူနှင့် စွမ်းရည်ထက်ဆိုတာ စကားပလ္လင်တွေ လှလှပပ ခံနေဖို့မလို။ တိုတိုတုတ်တုတ် တိုက်ရိုက်ပြောဆိုနိုင်သည့် သူငယ်ချင်းအရင်းကြီးတွေသာ။

"အေး ၊သိသွားပြီကွ၊ ငါ့အိမ်တင်မဟုတ်ဘူး၊
မောင့်အိမ်ကပါ သိသွားတာ၊ ငါနဲ့ ငါ့အဖေကတော့ ပွဲပေါ့ကွာ၊ နောင်ဂျိန်ပွဲ၊ ဒီနေ့လည်းနောင်ဂျိန်ချပြီး ငါထွက်လာတာ၊ ငါထင်သလောက် မောင့်ဘက်ကလည်း အခြေအနေဟန်ပုံ မရဘူး၊ ဖုန်းခေါ်နေတာကို သူလုံးဝမကိုင်ဘူး၊ သူက ငါ့ဖုန်းဆို ချက်ချင်း ကိုင်တာကွ"

သူငယ်ချင်းတွေအတွက် သူပါ ကြားထဲက စိတ်ညစ်သွားရသည်။ ဒါမျိုးကလည်း ဘယ်မိဘက အသာတကြည် လက်ခံပေးလို့လဲ။ သူတောင်မှ အဆိုးတွေကို ကျော်ဖြတ်ပြီးမှ ဤအခြေအနေကို ရောက်လာခြင်း မဟုတ်ပေလား။ ဒီအဖြစ်အပျက်က သားသမီးတွေဘက်က ကြည့်ရင် မှန်သလို မိဘတွေအနေနဲ့လည်း သူတို့စိတ်အလျောက် မမှန်ဘူးဟုမဆိုနိုင်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းနှစ်ယောက်ကို သူ့ကဲ့သို့ ပျော်ရွှင်စေချင်သည်။ ထို့ကြောင့် သူ လုပ်နိုင်သည့်ဘက်က ကူညီပေးမည် ဆုံးဖြတ်သည်။

"ထွန်းလင်း တစ်ခုခု အဆင်ပြေရာပြေကြောင်း လုပ်နေလို့နေမှာပါ၊ အရမ်းကြီး စိတ်ပူမနေနဲ့"

"မင်းပြောသလို ‌ဖြေရှင်းနေဖို့ မျှော်လင့်ရတာပဲ"

"မင်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ"

"ဘာကိုလဲ"

"ထွန်းလင်းနဲ့ ကိစ္စကိုပြောတာ၊ မင်းတို့ ရှေ့ဆက်တိုးမယ်ဆိုတာ ငါယုံတယ်ကွာ၊ ဒါပေမဲ့ ငါမေးချင်တာက မင်းတို့မိဘတွေလက်ခံလာအောင်လုပ်ပြီး ရှေ့ဆက်တိုးမှာလား၊ ဒါမှမဟုတ် မိဘတွေကို ဆန့်ကျင်ပြီး မိသားစုက ထွက်ကြမှာလား ၊အဲ့သဘော"

"ငါမသိသေးဘူး လင်းသန့်၊ ဒါကငါတစ်ယောက်တည်းရဲ့ သဘောနဲ့ ဆုံးဖြတ်လို့ရတာလည်းမဟုတ်ဘူး၊ မောင်နဲ့တိုင်ပင်ရမှာ၊ သူက အခုဘယ်ရောက်နေမှန်းမသိတာ ခက်တယ်၊ ဖြစ်နိုင်မယ်ဆိုရင် ငါကတော့ နှစ်ဖက်မိဘတွေရဲ့ ကြည်ဖြူလက်ခံပေးမှုကို လိုချင်တယ်၊ အဲ့လိုဖြစ်ဖို့က စိတ်ကူးယဉ်ဆန်နေရော၊ လက်တွေ့ရင်ဆိုင်ရတာ မလွယ်ဘူး"

"မင်းတွေးသလိုနည်းကလည်း ကောင်းပါတယ်၊ ဘယ်အရာမဆို ကိုယ်တိုင်လုပ်ယူမှရတယ် ဆိုသလိုပေါ့ မင်းတို့လည်း မင်းတို့မိဘတွေရဲ့ လက်ခံပေးမှုကိုရအောင် လုပ်နိုင်မှာပါ၊ တစ်ခုခုဆိုလည်း အကူအညီလိုရင် ငါနဲ့ ဦးမြတ် ရှိပေးမယ်"

"အေးပါကွာ"

"မင်း ထမင်းစားပြီးပြီလား"

"ဘယ်စားရဦးမလဲ၊ စားချင်စိတ်လည်း မရှိပါဘူးကွာ"

"စားချင်စိတ် မရှိလို့မရဘူးလေ၊ အားရှိအောင်စားမှ မင်းမိဘတွေနဲ့ ရင်ဆိုင်ရမှာ အဆင်ပြေမှာပေါ့၊ ထ ဟေ့ရောင်၊ ထမင်းသွားစားမယ်"

"အင်း"

သူ့နောက်သို့ စွမ်းရည်ထက်က လေးပင်သော ခြေလှမ်းများဖြင့် လိုက်ပါရင်း ထမင်းစားခန်းထဲသို့ အတူဝင်သည်။

🍀

အာကာလင်းသန့်တစ်ယောက် ဝရန်တာတွင် ပန်းပင်များကို ရေလောင်းနေသည်။ အမျိုးအစား စုံလင်စွာ ဖူးပွင့်နေသော ပန်းပေါင်းစုံက ညနေခင်းရဲ့ လေပြည်တွင် မွှေးကြိုင်ထုံသင်းနေတော့၏။ နေအေးအေးအချိန်တွင် ရေကြည်အေးရဲ့ ပက်ဖြန်းမှုကြောင့် ပန်းပင်တို့၏ အစိမ်းရောင်အရွက်များမှာ ပိုမိုစိမ်းစိုနေသကဲ့သို့ အပွင့်တွေကလည်း ရေစက်လေးတွေကို တင်ဆောင်ထားကြရင်း လှသွေး ပိုကြွယ်နေသည်။ ကိုဒေါနကိုမေးပြီး ပန်းပင်တွေကို ပြုစုပျိုးထောင်ပုံတွေ လေ့လာထားသည့်အတွက် သူတို့အိမ်က ပန်းပင်တွေက ပွင့်လန်းသော ပန်းပွင့်များသည် တစ်ဆုပ်တစ်ခဲကြီး‌တွေဖြစ်ပြီး အပင်တွေလည်း လန်းဆန်းပြီး သန်သည်။

တစ်ခါတရံဆို ပန်းရောင်စုံတွေရဲ့ ပွင့်လွှာတွေအပေါ် လာရောက်နားခိုကြသည့် လိပ်ပြာရောင်စုံများလည်း တွေ့နိုင်သည်။ ပန်းနှင့်လိပ်ပြာ တွဲကာတွေ့ပြီဆို သူတွေးမိသည်က မိခင်သဘာဝတရားကြီးသည် သူ့ဟာနှင့်သူ သဟဇာတဖြစ်သည့်အရောင်များကို ဖန်တီးပေးထားခြင်းဆိုသည့် အခြင်းအရာ။ အရောင်တွဲစပ်ထားပုံတွေကလည်း ပနံသင့်လှပါဘိ။ ကောင်းကင်ပြာပြာပေါ်မှာဆို တိမ်ဖြူဖြူလေးတွေ ပေါင်းစပ်ထားသည်။ သစ်ပင်တွေအတွက် သစ်ကိုင်းညိုညို၊ပင်စည်ညိုညိုတွေနှင့် အစိမ်းရောင်ရော်ရွက်များ၊ ရေတံခွန်ဖြူလွလွနှင့် ကျောက်တုံးကျောက်ဆောင် နက်နက်များ စသည်ဖြင့် နင့်နင့်နဲနဲ ခံစားလေလေ သဘာဝက လှလေလေဖြစ်သည်။

ခြံတခါးဖွင့်သံကြား၍ ရေပုံးကို ချပြီး အောက်ထပ်သို့ ပြေးဆင်းတော့သည်။ ပိုင်မြင့်မြတ်ကျော် ပြန်ရောက်လာပြီဆိုတော့ သူကြိုရပြီလေ။

အိမ်အပေါက်ဝတွင် ရပ်ကာ ကားကို ခြံထဲသို့သွင်းနေသည့် ပိုင်မြင့်မြတ်ကျော်ကို စောင့်သည်။ ကားကို သေချာရပ်ပြီးတော့ ပိုင်မြင့်မြတ်ကျော်က ခြံတံခါးဆီသို့သွားပြီး တစ်ခါတည်း သော့ကို လုံခြုံစွာ ခတ်သည်။ ဒေါ်ကြီးတင့်ကညနေ(၄)နာရီ၌အလုပ်ပြီးတာနှင့် ပြန်သွားပြီဖြစ်ပြီး သူတို့လည်း ညဘက် ဘယ်မှ ထွက်စရာမရှိတော့သည့်အတွက် သော့ခတ်ထားလိုက်ခြင်းဖြစ်သည်။

"ဦးမြတ်"

ပိုင်မြင့်မြတ်ကျော်အား သူပြေးဖက်လိုက်သည်။ ဒီအပြုအမူက သူလုပ်နေကျ ကြိုနည်းပင်။ နှစ်ယောက်သား အတန်ကြာ အလွမ်းသယ်ပြီးမှ လူချင်းပြန်ခွာသည်။ ထို့နောက် အပေါ်ထပ်မှ အိပ်ခန်းဆီသို့ အတူတူသွားရင်း စကားပြောကြသည်။

"နေ့ခင်းတုန်းက စွမ်းထက်လာသွားတယ်"

"ဟုတ်လား၊ သူငယ်ချင်းတွေ နှစ်ယောက်ပေါင်း လောင်းကျော်ကြတယ်ပေါ့"

"လောင်းလည်း မကျော်အားပါဘူး ဦးမြတ်ရယ်၊ စွမ်းထက်တို့ကိစ္စ သူ့အိမ်က သိသွားလို့တဲ့၊ ထွန်းလင်းအိမ်ကရောပဲ၊ သူ့ကြည့်ရတာ ကျွန်တော်တောင် မနေနိုင်မထိုင်နိုင် စိတ်ညစ်လာတယ်၊ စွမ်းထက်တို့ကို သနားလည်းသနားတယ်ဗျာ"

သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်နေသော အာကာလင်းသန့်ရဲ့ ခေါင်းကို ပိုင်မြင့်မြတ်ကျော်ထုံးစံအတိုင်း ဖွဖွလေးပုတ်သည်။ ဤတစ်ကြိမ်သည်ကား နှစ်သိမ့်သည့် သဘောထားဖြင့် ဖြစ်သည်။

"သူတို့နှစ်ယောက်က တကယ်ချစ်ပြီး မခွဲနိုင်ရင် သူတို့မိဘတွေလည်း ဘာမှလုပ်လို့မရဘူး၊ ဒီကြားထဲ ကိုယ်တို့ကူညီနိုင်တာရှိရင်လည်း ကူညီပေးကြတာပေါ့၊ ဟုတ်ပြီလား"

အိပ်ခန်းရှေ့သို့တောင် ရောက်လို့လာပြီ။ တံခါးကို တွန်းဖွင့်ပြီးနောက် အခန်းထဲကို ဝင်ကြသည်။ အာကာလင်းသန့် ဘီရိုရှိရာဆီသို့ တန်းသွားပြီး ပိုင်မြင့်မြတ်ကျော် ရေချိုးပြီးရင် ဝတ်ရန် အိမ်နေရင်း အဝတ်အစားများကို ထုတ်သည်။

"သန့် ဒီပန်းချီက စိမ်းလန်းစိုပြေမှာ ဆွဲခဲ့တဲ့ ပန်းချီလား"

အလုပ်ကို ယူသွားသည့် လက်ဆွဲအိတ်ထဲမှ လပ်တော့ပ်နှင့် စာရွက်စာတမ်းတချို့ကို စားပွဲပေါ်ထုတ်နေချိန်တွင် စားပွဲဘေး၌ သူ‌ထောင်ထားသော ပန်းချီကားကို မြင်သွားသည့် ပိုင်မြင့်မြတ်ကျော်က မေးလေသည်။

"ဟုတ်တယ်လေ၊ ဦးမြတ်ကို ကျွန်တော် မပြရသေးတာ၊ ဘယ်လိုလဲ၊ သဘောကျရဲ့လား"

"သဘောကျတာထက်ကို ပိုတယ်၊ ကိုယ့်ကလေးလေးက တော်လိုက်တာ၊ ဒါကို ကိုယ်တို့ အခန်းထဲမှာ ချိတ်ထားရမယ်၊ ချိတ်မယ်မလား သန့်"

သူ့ကို ချီးကျူးသည့်အတွက် ပျော်သွားမိသည်။ ကောင်းမွန်တဲ့ တုံ့ပြန်ချက်တစ်ခုကြောင့်လည်း ပြုံးမိသည်။ ပန်းချီထဲတွင် အမျိုးသားနှစ်ယောက်က ဘုရားတစ်ဆူအပေါ်တွင် ကျောပေးကာရပ်နေပြီး ပုဂံမြို့ရဲ့ နေဝင်ချိန်ကို လက်ချင်းတွဲယှက်ထားကာ ကြည့်နေသည်။ ဘယ်ဘက်ရှိ အမျိုးသား၏အရပ်သည် ညာဘက်ရှိအမျိုးသားထက် (၃)လက်မနီးပါးပုပြီး နောက်ကျောပေးထားတာတောင် ငယ်ရွယ်သည့်ဟန်ရှိ၏။ ညာဘက်ကတစ်ယောက်တွင်တော့ ရင့်ကျက်မှုနဲ့ တည်ငြိမ်မှုကို တွေ့မြင်ရသည်။ ထိုအမျိုးသားနှစ်ယောက်မှာ မည်သူတွေလဲဆိုတာ ခက်ခက်ခဲခဲအဖြေရှာ‌နေစရာမလို။

အဓိက ဇာတ်ဆောင်နှစ်ယောက်ကို ရုပ်လုံးကြွတက်လာအောင် ကူညီပံ့ပိုးပေးနေသည်က သူ အနုစိတ်ကျစွာ ခြယ်မှုန်းထားသည့် ပုဂံမြေပေါ်ရှိ အပူပိုင်းအပင်များ၊ နေရာလပ်မကျန် ဘယ်ကို လက်ညှိုးထိုးထိုး မလွဲအောင်ရှိနေသည့် ပုဂံခေတ်ရဲ့ အမွေအနှစ် ဘုရားပန်းထိုးများ၊ ဝင်လုဆဲ‌ဆဲ နေမင်းရဲ့ ပုံရိပ်တို့သာလျှင်ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ စတင်ဆုံစည်းရာ ပုဂံမြေနှင့် သက်ဆိုင်သော ပန်းချီကားတစ်ချပ်ကို စိတ်ကူးဖြင့် လေးနက်စွာ အကောင်အထည်ဖော်ထားခြင်းသာဖြစ်သည်။

"အင်း၊ ချိတ်မယ် ဦးမြတ်"

ပိုင်မြင့်မြတ်ကျော်က ပန်းချီကားကို အသာအယာပြန်ချလိုက်သည်။ ပြီးနောက် သူ့အနားသို့ လာလေ၏။

"ကိုယ့်ကိုပြောပြပါဦး ဘယ်လိုအိုင်ဒီယာနဲ့ ဆွဲထားတယ်ဆိုတာ"

"ဒီအတိုင်းပဲ ဦးမြတ်နဲ့အတူ ပုဂံကို ပြန်သွားချင်တာကနေ ဆွဲဖြစ်သွားတာ၊ ပုဂံမှာတုန်းက ဦးမြတ်နဲ့ ကျွန်တော်က စတွေ့ပြီး တစ်ယောက်နဲ့တစ်ယောက် သိကြတဲ့ အနေအထားလေ၊ ရင်းလည်းမရင်းနှီးသေးသလို ရည်းစားတောင်မဖြစ်သေးဘူး၊ ဒါကြောင့် ပုဂံကို တစ်ခါလောက် ဦးမြတ်နဲ့ ခရီးထွက်ချင်နေခဲ့တာ"

"အခုရော သွားချင်သေးလား"

အာကာလင်းသန့် ခေါင်းညိတ်သည်။

"သွားချင်တာပေါ့၊ ဒါပေမဲ့ ဦးမြတ်က အလုပ်မအားသလို ကျွန်တော်လည်း အလုပ်တွေရှိနေတော့ အချိန်က မရဘူး"

သူ့ပခုံးနှစ်ဖက်ကို ပိုင်မြင့်မြတ်ကျော်က ညင်သာစွာ ကိုင်တွယ်သည်။

"ပိတ်ရက်တွေအများကြီးရှိတယ်လေ သန့်ရယ်၊ အဲ့ရက်တွေရောက်ရင် ကိုယ်နဲ့အတူသွားတာပေါ့ ကိုယ်‌ ရေချိုးခန်း ဝင်ပြီနော်"

သူ့ပါးတစ်ဖက်အား နူးညံ့စွာ မွှေးကြူပြီးနောက်  ခပ်ဖွဖွဆွဲကာ ပိုင်မြင့်မြတ်ကျော်ထွက်သွားသည်။ သူကတော့ ပြုံးလျက်သားနှင့် ခင်ပွန်းဖြစ်သူ၏ ကျယ်ပြန့်သော ကျောပြင်ကြီးအား ငေးကြည့်နေမိလျက်။

🍀

ကမ္ဘာပျက်သလို ဖရိုဖရဲဖြစ်နေသော အိမ်တွင်းအခြေအနေကို စွမ်းရည်ထက်မှာ ရင်ဆိုင်နေရသည်။ အဖေရဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုသည့် တစ်ဖက်သတ်အမိန့်တွေနဲ့ အာဏာရှင်ဆန်ဆန် မတော်မတရား အတင်းအဓမ္မ နိုင့်ထက်စီးနင်း မိစ္ဆာမကောင်းဆိုးဝါးအလား ဖိနှိပ်ချုပ်ခြယ်မှုများအောက် သူဟာ တရားမျှတသည့် ဒီမိုကရေစီဘဝကိုရရှိရန် ငြိမ်းချမ်းစွာတော်လှန်ပုန်ကန်နေသော လူငယ်တစ်ဦး။ ယောကျာ်းအား တစ်ခွန်းဆိုတစ်ခွန်းဆိုသည့် အချို့သော အမေများနှင့်မတူစွာ သူ့အမေသည် သူ့ဘက်လည်းမလိုက်၊ သူ့အဖေဘက်လည်းမပါ ကြားနေဝါဒဆန်စွာပဲနေသည်။

သူ့ဘက်တွင်ပါသည်ဟု ဆိုရမည်က သူ့ညီမလေးသာ။ သူ့အတွက် တစ်ထောင့်တစ်နေရာကနေ အဖေပေးသောမုန့်ဖိုးကိုလည်းမယူ၊ အဖေ့ကိုလည်း ခပ်ကင်းကင်းနေပြီး ကျောင်းလည်းမသွား အိမ်တွင်းပိတ်နေကာ ကူညီပေးသည်။ ဒီညီမလေးတစ်ယောက်ရှိလို့ တော်ပါသေးရဲ့။ ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့် မျက်စိအောက်ကအပျောက်မခံ ချစ်ခဲ့ရကျိုးတွေနပ်သည်။ မောင်နှမဆိုတော့ တစ်ခါတလေ စိတ်ပေါက်တိုင်း ရန်ထဖြစ်ခဲ့ရတဲ့အခါတွေလည်း ရှိတာပေါ့လေ။ မည်သို့ပင်ဆိုစေကာမူ အဖေ့ရဲ့အညှာဖြစ်သော ညီမလေးကိုယ်တိုင် အင်တိုက်အားတိုက် ကူညီပေးတာ သူ့ရည်ရွယ်ချက်အောင်နိုင်ဖို့အတွက် ရာခိုင်နှုန်းတော်တော် များနေပြီဟု ပြောနိုင်သည်။

ထွန်းလင်းသီဟနှင့် သူ အဆက်အသွယ်မရတာ သုံးရက်ရှိပြီဖြစ်သည်။ ဘယ်ဆီဘယ်ဝယ် ရောက်လို့ ရောက်နေမှန်းမသိသည့်အပြင် ဖုန်းလည်းမကိုင်လေတော့ စိတ်ပူစိတ်နှင့် ဒေါသစိတ်တစ်ပြိုင်တည်း ခံစားနေရသည်။ ‌ထွန်းဝီရကို ဆက်သွယ်ပြန်တော့လည်း ဆက်သွယ်လို့ မရပြန်။ ထိုအကြောင်းအရာများကြောင့် စွမ်းရည်ထက်ရဲ့ စိတ်အခြေအနေမှာ အလွန်ကိုမှ တောင်စဉ်ရေမရ နိုင်လွန်းနေသည်။

*ဟင်း*

မီးပွိုင့်ကိုကြည့်ရင်း သက်ပြင်းမောကြီးတစ်ခုကို ချလိုက်သည်။ စိတ်ကမဆောင်တော့ အလုပ်တွေလည်း လုပ်ရတာ အဆင်မပြေလှ။ ထို့ကြောင့် အိမ်ကိုပဲ ပြန်လာဖြစ်၏။

ကားဒက်ရှ်ဘုတ်ပေါ်တွင် သူ တင်ထားသော ဖုန်းက မီးလင်းကာ တုန်ခါလာသည်။ ချက်ချင်း ယူပြီးကြည့်တော့ သူမျှော်နေသည့် ထွန်းလင်းသီဟ။

"သုံးရက်လုံး ဖုန်းခေါ်နေတာ မကိုင်ဘူး၊ ဘာမှလည်း မပြောသွားဘူး၊ ဆက်သွယ်နေတာလည်း ဘယ်လိုမှ ဆက်သွယ်လို့မရဘူး၊ ဘယ်ရောက်နေတာလဲ၊ ဘယ်ပျောက်နေလို့လဲ"

"ကိုယ်ရှင်းပြပါ့မယ်ကွာ၊ လောလောဆယ် စွမ်းက ဘယ်မှာလဲ အရင်ပြော"

"အိမ်ပြန်နေတဲ့ လမ်းမှာ"

"ဒါဆို ကိုယ့်အိမ်ကိုလာပါလား၊ ကိုယ်အိမ်မှာ စောင့်နေမယ်"

"ပြီးတာပဲ၊ ဖြေရှင်းချက်ကောင်းကောင်းရှာထား၊ စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မပေးနိုင်ရင် ခေါင်းကွဲမယ်"

ချက်ချင်းဆိုသလို ဖုန်းချပစ်လိုက်သည်။ ထွန်းလင်းသီဟကတော့ သူ့အပြောကြောင့် ခေါင်းကျိန်းနေလောက်ပြီ။ ထွန်းလင်းသီဟဆိုတာလည်း သူ့စိတ်ကို သိတာတောင်မှ မပြောမဆိုဘဲ ပျောက်သွားတာ အပြစ်ရှိကိုရှိသည်။

ထွန်းလင်းသီဟနဲ့ ထွန်းဝီရတို့ တူအရီးနေထိုင်ရာ ကွန်ဒိုအခန်းရှေ့သို့ရောက်သည်နှင့် ဘဲလ်ကိုနှိပ်လိုက်သည်။ ထွန်းလင်းသီဟက ဝမ်းသာသွားသော အမူအရာဖြင့် စွမ်းရည်ထက်ကို တံခါးဖွင့်ပေးသည်။ ထို့ပြင် လက်ကိုလည်း တွဲသွားကာ ဆိုဖာတွင် ထိုင်စေသည်။ ဆိုဖာမှာ ထိုင်ချလိုက်သည်နှင့်တစ်ပြိုက်နက် သူ့အား အသက်ရှူကြပ်မတတ် တင်းကျပ်စွာ ပွေ့ဖက်လာသည်။ သူကိုယ်တိုင်လည်း စိတ်တော့ သိပ်မကြည်ပေမယ့် လွမ်းနေတာမို့ ပြန်လည်ပွေ့ဖက်မိသည်။

"လွှတ်တော့"

သူ ပြောလိုက်တာနှင့် ထွန်းလင်းသီဟက ဖက်ထားသည်ကို လွှတ်ပေးသည်။

"ပျောက်နေရတဲ့ အကြောင်းကို သံတော်ဦးတင်လို့ရပြီ"

"ကိုယ် ဒီရက်ပိုင်း ပျောက်နေတယ်ဆိုတာ UKကိုသွားနေလို့၊ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ လေးလေးလည်းပါတယ်"

"သွားမယ်ဆို သွားမယ့်အကြောင်းလေးတော့ ပြောသွားပါလား၊ မပြောဘဲ သေမှန်းမသိ ရှင်မှန်းမသိ ပျောက်နေတာ ငါဘယ်လိုခံစားနေရမလဲ မင်း မစဉ်းစားမိဘူးလား မောင်၊ လေးလေးကိုပါ ဆက်သွယ်လို့ မရတော့ ငါဘယ်လောက် ပူထူနေရလဲ၊ အိမ်မှာ အဖေနဲ့ မျက်နှာချင်းဆိုင်တိုင်း ရန်ဖြစ်နေရတာတစ်မျိုး၊ မင်းကို စိတ်ပူဒေါသထွက်ရတာတစ်မျိုးနဲ့ ငါ့မှာ ရူးမတတ်ပဲ"

ဆိုဖာပေါ်ချထားသည့် သူ့လက်တစ်ဖက်ကို ထွန်းလင်းသီဟက ဆွဲယူကာ လက်ခုံကို နမ်းရှိုက်သည်။ ထို့နောက် နွေးထွေးစွာ ဆုပ်ကိုင်၏။

"အလောတကြီးနဲ့ ထွက်သွားမိတဲ့ ကိုယ့်အမှားတွေပါ၊ စွမ်းကို လေဆိပ်ရောက်တော့ ဖုန်းဆက်မယ်လုပ်သေးတယ်၊ ကိုယ်ပြောလိုက်မှ စိတ်ပူသွားမှာစိုးလို့၊ နောက်ပြီး လေးလေးကိုပါ  စွမ်း ဆက်သွယ်လို့ မရအောင် ကိုယ်ဖုန်းပိတ်ခိုင်းထားတာ၊ကိုယ့်လုပ်ရပ်အတွက် ကိုယ် တောင်းပန်ပါတယ်"

ဖြေရှင်းလာတော့လည်း အပြစ်မဆိုချင်တော့။ သို့ပေမယ့် ခပ်လောလောဖြစ်ပြီး ထွက်သွားရသည့်အကြောင်းကိုတော့ သိချင်သေးသည်။

"UKကို ဘာဖြစ်လို့သွားတာလဲ၊ မင်းမိဘတွေ စိတ်ဆိုးပြီး လှမ်းခေါ်လို့လား"

"စိတ်ဆိုးတာဆိုတာထက် သားဖြစ်တဲ့ ကိုယ့်ဖြစ်တည်မှုကို လက်မခံတဲ့ စကားတွေပြောတာ၊ ကိုယ် သူတို့ကို နားလည်အောင် ရှင်းပြဖို့ရယ်၊ ကိုယ်တို့နှစ်ယောက်ကို ကြိုတင်ပြီး နားဖောက်ထားဖို့ ကိစ္စရယ်အတွက်သွားတာ၊ ကိုယ့်မိဘတွေက သိပ်တော့ နားမချလိုက်ရပါဘူး၊ အဆင်ပြေပြေ လက်ခံပေးလိုက်တယ်၊ အခုဆို ကိုယ်တို့ရှေ့ရေးအတွက် ဆွေးနွေးဖို့ စွမ်းရဲ့ အိမ်တောင် ရောက်နေလောက်ပြီ၊ လေးလေးပါ ပါသွားတာ၊ လူကြီးဆုံရာပေါ့"

"ဘာ"

သူ လန့်သွားပြီး ဘာစကားပြောရမယ်မသိဖြစ်ရသည်။ ထွန်းလင်းသီဟ အကွက်ရွှေ့သွားတာ မြန်လွန်းတော့ လိုက်တောင်မမီချင်။ သူ့အဖေကလည်း ကုမ္ပဏီကနေ အိမ်ကို ဒေါသတကြီးပြန်ရောက်သွားမှာ မလွဲမသေ။ ထိုသို့ဖြစ်၍ သူ့အဖေနှင့် ထွန်းလင်းသီဟရဲ့ မိဘတွေ အကြိတ်အနယ် ထ,မသတ်ကြရန်သာ ဆုတောင်းမိသည်။ လောကတွင် ရှိရှိသမျှ နတ်ကောင်းနတ်မြတ်များ ကယ်လို့ သတ်ပွဲတွေ မဖြစ်ပါစေနှင့်။ နှစ်ဖက်မိဘတွေသာ သတ်ကြရင် သူတို့နှစ်ယောက် ခိုးပြေးကြရုံမှတစ်ပါး အခြား မရှိပါလား။

🍀

(Zawgyi)

မနက္(၉)နာရီခြဲအခ်ိန္ ရရိွသၫ့္ ေနေရာင္က ျပတင္းေပါက္ကိုျဖတ္ၿပီး အခန္းအတြင္းသို႔ဝင္ေရာက္ရန္ တာဆူေနသည္။ သို႔ေသာ္ျငား ဆြဲပိတ္ထားသၫ့္ လိုက္ကာရွည္မ်ားေၾကာင့္ ဝင္ေရာက္ႏိုင္ျခင္း အတိအလင္းမရိွ။ အခန္းက်ယ္အတြင္းရိွ ႏွစ္ေယာက္အိပ္ကုတင္ေပၚတြင္ ေခါင္းေပၚရံုေလးသာ ၿခံဳထားေသာ ေစာင္ထဲ၌ အဲကြန္းမွ ထုတ္လႊတ္‌ေနေသာ ခပ္စိမ့္စိမ့္ေလထုေၾကာင့္ အာကာလင္းသန႔္ ေကြးေနတုန္း ရိွေသးသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ မနက္(၈)နာရီကတည္းက အိပ္ယာႏိုးကာ ယခုအခ်ိန္ဆိုလ်ွင္ ကုမၸဏီကိုေတာင္ ေရာက္ေနၿပီျဖစ္၏။

မနက္ဆိုလ်ွင္ ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔ထက္ေစာၿပီး ပံုမွန္ႏိုးသည္။ သူ႔ရဲ့ပါးကို ႏွာေခါင္းနစ္ဝင္ေအာင္ နမ္းျခင္းက ပိုင္ျမင့္ျမတ္ေက်ာ္ႏိုးတာႏွင့္ ပထမဦးဆံုးလုပ္ျဖစ္သၫ့္ လုပ္ငန္းေဆာင္တာတစ္ခု။ ၿပီးလ်ွင္ ေရခ်ိဳးခန္းဝင္ၿပီး ျပန္ထြက္လာတာႏွင့္ သူႀကိဳထုတ္ေပးထားေသာ အဝတ္အစားေတြကို ဝတ္ဆင္ကာ အလုပ္သြားသည္။ သူက မနက္ပိုင္းဆို ေစာေစာမထတတ္သၫ့္အတြက္ အဝတ္မ်ားကို ညမအိပ္ခင္ ႀကိဳတင္ထုတ္ေပးထားျခင္း။

ေစာင္ပံုထဲတြင္ ျမဳပ္ေနေသာ အာကာလင္းသန႔္တစ္ေယာက္ 'အင္း အဲ' ႏွင့္ တအီအီလုပ္ကာ ႏိုးလာၿပီျဖစ္သည္။ မ်က္လံုးကပြင့္ေနေပမယ့္ ေတာ္ေတာ္ႏွင့္ မထျဖစ္ေသးဘဲ အိပ္ယာထဲမွာ ထဖို႔ အရိွန္ယူေနရင္း သူ႔ဘယ္ဘက္လက္သူႂကြယ္ထက္၌ ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ ဆင္တူဝတ္ထားေသာ လက္ထပ္လက္စြပ္ေလးကို အေသးစိတ္ၾကၫ့္ေနေသးသည္။ ထိုသို႔ၾကၫ့္ရတိုင္း ဘယ္ေတာ့မွ ရိုးသြားသည္ဟူ၍မရိွ။ သူခ်စ္ရသူ ပိုင္ျမင့္ျမတ္ေက်ာ္က ယခုဆိုလ်ွင္ သူနဲ႔ တစ္ဘဝလံုး အတူတူျဖတ္သန္းသြားေတာ့မွာ ေတြးရင္း ေတြးရင္း ေပ်ာ္ရႊင္စိတ္ျဖစ္ေပၚၿမဲ။

အိပ္ယာက ထလိုက္ၿပီး ေရွးဦးစြာ အိပ္ယာကို သပ္ရပ္ေအာင္ ျပန္ျပင္သည္။ ထို႔ေနာက္ လိုက္ကာေတြကို ဆြဲဖြင့္၏။ ထိုကိစၥေတြၿပီးမွ အပ်င္းဆန႔္ကာ ေရခ်ိဳးခန္းဆီသို႔ ဦးတည္ေလသည္။ နံရံရိွ မဂၤလာေဆာင္ဓာတ္ပံုကို အၾကၫ့္ေရာက္ေတာ့ ၿပံဳးမိေသး၏။ သူတို႔ရဲ့ လက္ထပ္ပြဲကို ကိုကိုတို႔လို ကေနဒါႏိုင္ငံမွာပဲ က်င္းပခဲ့သည္။ အျဖဴေရာင္ေဘာင္အနားကြပ္ထားေသာ ဓာတ္ပံုအတြင္း၌ အေနာက္တိုင္းဝတ္စံု အနက္ေရာင္ကို ခန႔္ညားစြာ ဝတ္ဆင္ထားေသာ ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ အျဖဴေရာင္အေနာက္တိုင္းဝတ္စံုကို ဆင္ျမန္းထားေသာ သူသည္ တစ္ေယာက္ကိုတစ္ေယာက္ ျမတ္ႏိုးစြာၾကၫ့္ရင္း ၿပံဳးေနၾကသည္။ ဓာတ္ပံုေတြက စကားေျပာသည္ဆိုေသာ စကားအတိုင္း ဤဓာတ္ပံုကို ၾကၫ့္ျခင္းအားျဖင့္ သူတို႔ႏွစ္ေယာက္ရဲ့ ခ်စ္ျခင္းကို ၾကည္ႏူးစိတ္ ျဖစ္ေပၚလာသည္။

အာကာလင္းသန႔္ ေအာက္ထပ္ကို ဆင္းသည္ႏွင့္ အခ်ိန္ကိုက္ဆိုသလို အိမ္အကူ ေဒၚႀကီးတင့္ေရာက္လာသည္။ ေဒၚႀကီးတင့္က သူတို႔အိမ္ကို မနက္လာၿပီး ညေနျပန္ လာေရာက္လုပ္ကိုင္ေပးေသာ အိမ္အကူျဖစ္သည္။ ထမင္းဟင္းခ်က္တာကအစ အိမ္မႈကိစၥေတြအကုန္လံုး ေဒၚႀကီးတင့္က ႏိုင္နင္း၏။ အလုပ္လုပ္ရာတြင္လည္း ေစ့စပ္ေသခ်ာၿပီး ေထာင့္ေစ့သည္။ စိတ္လည္း ခ်ရ၏။

"ေဒၚႀကီးတင့္ ဒီေန့ဘာဟင္းခ်က္မွာလဲ"

"ၾကက္သားေလးကိုမြၿပီး အစပ္ေၾကာ္မယ္၊ ၿပီးေတာ့ အရည္ေသာက္က သီးစံုခ်ဉ္ရည္ဟင္း၊ သားေလးႀကိဳက္တဲ့ ျပည္ႀကီးငါးကို ငရုတ္ပြနဲ႔ လိွမ့္ဦးမယ္၊ ဒါေတြနဲ႔ အျခားအရန္ဟင္းေသးေသးေလးေတြေပါ့"

"ကြၽန္ေတာ္ ဗိုက္ေတာင္ဆာလာၿပီ၊ ေလာေလာဆယ္ မနက္စာပဲ စားထားလိုက္ဦးမွ"

အာကာလင္းသန႔္ ထမင္းစားခန္းသို႔သြားကာ စားပြဲတြင္ထိုင္ၿပီး အုပ္ေဆာင္းကို ဖြင့္သည္။ ဖြင့္ဖြင့္ခ်င္း ျမင္ေတြ့ရသၫ့္ ထမင္းေၾကာ္ေမႊးေမႊးေလးက သူ႔ကို ျမန္ျမန္စားရန္ ဖိတ္ေခၚေနသေယာင္။ တစ္ဇြန္းခပ္ၿပီး လ်င္ျမန္စြာ စားသံုးမိသည္။ ပိုင္ျမင့္ျမတ္ေက်ာ္က ေန့စဉ္ေန့တိုင္း အလုပ္မသြားခင္ သူ႔အတြက္ မနက္စာကေတာ့ မျဖစ္မေန ဝယ္ေပးသြားတတ္သည္။

စားၿပီးေသာက္ၿပီးသည္ႏွင့္ ‌အေပၚထပ္ရိွ ပန္းခ်ီခန္းကို သြားသည္။ ပန္းခ်ီခန္းက သူတို႔ႏွစ္ေယာက္ရဲ့ အိပ္ခန္းႏွင့္ ကပ္ရပ္တြင္ျဖစ္၏။

အိမ္ေထာင္က်ၿပီးသြားမွ အိမ္ေထာင္သည္ဘဝသည္ ထင္သေလာက္ မလြယ္ကူမွန္း သူသိလာရသည္။ ႏွစ္ေယာက္သား တစ္အိုးတစ္အိမ္ထူေထာင္ရျခင္းသည္ အရာရာဟာ ကိုယ့္ေျခကိုယ့္လက္ဆိုတာမ်ိဳး ျဖစ္လာ၏။ ဥပမာအားျဖင့္ ေငြကို ကိုင္တြယ္ေျဖရွင္းရပံု၊ စုေဆာင္းရပံု၊ အပိုေငြမကုန္ေစရန္ ဆင္ျခင္သံုးစြဲသင့္ေၾကာင္း စတာေတြပါ သိလာျခင္းမ်ိဳး။ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ဝင္ေငြႏွင့္ သူတို႔ႏွစ္ေယာက္အတြက္ ပူစရာမလိုဆိုေသာ္ျငား သူက ဒီအတိုင္းႀကီး ထိုင္‌မေနခ်င္ဘဲ အလုပ္လုပ္ရန္ ဆႏၵရိွသည္။

သူ႔အတြက္ ကုမၸဏီအလုပ္ေတြကို စိတ္ဝင္စားမႈ မရိွတာကတစ္ေၾကာင္း၊ ဝါသနာမပါတာက တစ္ေၾကာင္းဆိုေတာ့ အလကားမေနဘဲ အလုပ္တစ္ခုလုပ္ရန္ ေရြးရတာ အေတာ္ကိုမွ ခဲရာခဲဆစ္ႏိုင္လွသည္။ ဟိုအလုပ္က အဆင္မေျပလို႔၊ ဒီအလုပ္က်ျပန္ေတာ့ မအပ္စပ္လို႔စသည္ျဖင့္ ေခါင္းေျခာက္အၿပီးမွာ တစ္စံုတစ္ခုကို ျပတ္သားစြာ ေရြးခ်ယ္ႏိုင္ခဲ့သည္။ ထိုအရာက ပန္းခ်ီဆြဲျခင္းကို အေျခတက်လုပ္ကိုင္ၿပီး ပန္းခ်ီဆရာတစ္ေယာက္အျဖစ္ ရပ္တည္ရန္သာျဖစ္၏။

တကယ္ေတာ့သူက သူနဲ႔ အကိုက္ညီဆံုး ျဖစ္ေနသည့္အရာကို ေမ့ေနခဲ့ေသာေၾကာင့္ အခ်ိန္ေတြ ၾကာေနခဲ့ျခင္း။ စိတ္ဆိုးစိတ္တိုလြယ္သၫ့္ သူသည္ ပန္းခ်ီကိုေတာ့ စိတ္ရွည္သည္။ ဈာန္ဝင္စားမႈလည္း ရိွသလို ဝါသနာလည္း ပါသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ သူ႔အား ပန္းခ်ီဆရာအျဖစ္ေနထိုင္ရန္ ေစာစီးစြာ ေျပာခဲ့စဉ္တည္းက လက္ခံခဲ့ရင္ သူေခါင္းေျခာက္ရမွာေတာင္မဟုတ္။ အေပ်ာ္တမ္းဆြဲျခင္းလို႔သာ ေခါင္းမာၿပီး ျငင္းခဲ့ေသးသည္။ အခ်ိန္အေတာ္ၾကာၿပီးမွသာ ပန္းခ်ီဆရာျဖစ္ရန္ ဆံုးျဖတ္မိ၏။

အခန္းေထာင့္တစ္ေနရာမွာ ေသေသခ်ာခ်ာ ေထာင္ထားေသာ ပန္းခ်ီကားတစ္ကားကို ယူၾကၫ့္ရင္း အားရေက်နပ္စိတ္ျဖစ္မိသည္။ ဤပန္းခ်ီကားက သူ ပိုင္ျမင့္ျမတ္ေက်ာ္ကိုေခၚၿပီး စိမ္းလန္းစိုေျပမွာေတာင္ တစ္စိတ္တစ္ပိုင္းသြားဆြဲသၫ့္ ပန္းခ်ီကားပင္။ ပိုင္ျမင့္ျမတ္ေက်ာ္ကို အခုထိ ဒီပန္းခ်ီကား သူ မျပရေသး။ ဒီေန့ အိမ္ျပန္လာရင္ေတာ့ ျပမည္ဟု စိတ္ကူး၏။ စိတ္ကူးသၫ့္အတိုင္း လုပ္ႏိုင္ရန္ အိပ္ခန္းထဲသို႔သယ္ၿပီး သြားထားသည္။ ၿပီးမွ ပန္းခ်ီခန္းသို႔ျပန္ကာ လက္စသတ္ရမၫ့္ ပန္းခ်ီကားတစ္ကားအား အဆံုးသတ္ရန္ျပင္သည္။

ေနရာမွ မေရြ့ဘဲ ပန္းခ်ီကို စိတ္ပါဝင္စားစြာ ဆြဲေနျဖစ္တာ ေန့လည္ေတာင္ ေရာက္သြားေလၿပီ။ အၿပီးဆြဲမည္ဟု ရည္ရြယ္ထား၍ ထိုင္ခံုမွလည္း မထျဖစ္။ ပန္းခ်ီျပခန္းတစ္ခုက ေနာက္လတြင္ ျပဳလုပ္မၫ့္ တက္သစ္စလူငယ္ပန္းခ်ီဆရာေတြရဲ့ လက္ရာမ်ားစုစည္းမႈျပပြဲတြင္ သူ႔လက္ရာ တခ်ိဳ႕အား ျပသႏိုင္ရန္ ႀကိဳးစားပမ္းစား ‌ဆြဲျဖစ္ေနသည္။

ပန္းခ်ီကို လက္စသတ္လိုက္သည္။ ၿပီးေျမာက္သြားသၫ့္ ပန္းခ်ီကားကို ေက်နပ္စြာၾကၫ့္ရင္း မိမိႀကိဳးပမ္းမႈအတြက္ ၿပံဳးမိသည္။ အေညာင္းအညာမ်ားေျပေစရန္ အပ်င္းဆန႔္ၿပီးေနာက္ ေအာက္ထပ္သို႔ ဆင္းသည္။ ေလွကားေပၚကေနဆင္းရင္း ဧၫ့္ခန္းသို႔ အၾကၫ့္အေရာက္ ခပ္သြက္သြက္ ဆင္းသြားမိ၏။

"ဘယ္အခ်ိန္တည္းက ေရာက္ေနတာလဲ၊ ၾကာၿပီလား"

စြမ္းရည္ထက္ ထိုင္ေနေသာ ဆိုဖာရဲ့ မ်က္ႏွာခ်င္းဆိုင္ဆိုဖာတြင္ ဝင္ထိုင္ၿပီး ေမးျဖစ္သည္။ စြမ္းရည္ထက္က ဖုန္းသံုးေနတာကိုရပ္ကာ ဖုန္းကို စားပြဲေပၚသို႔တင္လိုက္သည္။ မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကၫ့္ရသေလာက္ တစ္ခုခု ျပႆနာတက္လာပံုရသည္။

"သိပ္မၾကာေသးဘူး၊ နာရီဝက္ေလာက္ပဲရိွေသးတယ္၊ ေဒၚႀကီးတင့္ကိုေမးေတာ့ မင္းပန္းခ်ီဆြဲေနတယ္ဆိုတာနဲ႔ ငါလည္း ထိုင္ေနလိုက္တာ"

"အိမ္က သိသြားၿပီလား စြမ္းထက္၊ မင္းကိုၾကၫ့္ရတာ ငါအဲ့လို ခံစားမိေနလို႔"

အာကာလင္းသန႔္ ရွည္ရွည္ေဝးေဝးေတြ ေျပာမေနေတာ့ဘဲ လိုရင္းသာ တန္းေျပာလိုက္သည္။ သူႏွင့္ စြမ္းရည္ထက္ဆိုတာ စကားပလႅင္ေတြ လွလွပပ ခံေနဖို႔မလို။ တိုတိုတုတ္တုတ္ တိုက္ရိုက္ေျပာဆိုႏိုင္သၫ့္ သူငယ္ခ်င္းအရင္းႀကီးေတြသာ။

"ေအး ၊သိသြားၿပီကြ၊ ငါ့အိမ္တင္မဟုတ္ဘူး၊
ေမာင့္အိမ္ကပါ သိသြားတာ၊ ငါနဲ႔ ငါ့အေဖကေတာ့ ပြဲေပါ့ကြာ၊ ေနာင္ဂ်ိန္ပြဲ၊ ဒီေန့လည္းေနာင္ဂ်ိန္ခ်ၿပီး ငါထြက္လာတာ၊ ငါထင္သေလာက္ ေမာင့္ဘက္ကလည္း အေျခအေနဟန္ပံု မရဘူး၊ ဖုန္းေခၚေနတာကို သူလံုးဝမကိုင္ဘူး၊ သူက ငါ့ဖုန္းဆို ခ်က္ခ်င္း ကိုင္တာကြ"

သူငယ္ခ်င္းေတြအတြက္ သူပါ ၾကားထဲက စိတ္ညစ္သြားရသည္။ ဒါမ်ိဳးကလည္း ဘယ္မိဘက အသာတၾကည္ လက္ခံေပးလို႔လဲ။ သူေတာင္မွ အဆိုးေတြကို ေက်ာ္ျဖတ္ၿပီးမွ ဤအေျခအေနကို ေရာက္လာျခင္း မဟုတ္ေပလား။ ဒီအျဖစ္အပ်က္က သားသမီးေတြဘက္က ၾကၫ့္ရင္ မွန္သလို မိဘေတြအေနနဲ႔လည္း သူတို႔စိတ္အေလ်ာက္ မမွန္ဘူးဟုမဆိုႏိုင္။ ဘာပဲျဖစ္ျဖစ္ သူငယ္ခ်င္းႏွစ္ေယာက္ကို သူ႔ကဲ့သို႔ ေပ်ာ္ရႊင္ေစခ်င္သည္။ ထို႔ေၾကာင့္ သူ လုပ္ႏိုင္သၫ့္ဘက္က ကူညီေပးမည္ ဆံုးျဖတ္သည္။

"ထြန္းလင္း တစ္ခုခု အဆင္ေျပရာေျပၾကောင္း လုပ္ေနလို႔ေနမွာပါ၊ အရမ္းႀကီး စိတ္ပူမေနနဲ႔"

"မင္းေျပာသလို ‌ေျဖရွင္းေနဖို႔ ေမ်ွာ္လင့္ရတာပဲ"

"မင္းဘာဆက္လုပ္မယ္ စဉ္းစားထားလဲ"

"ဘာကိုလဲ"

"ထြန္းလင္းနဲ႔ ကိစၥကိုေျပာတာ၊ မင္းတို႔ ေရ႔ွဆက္တိုးမယ္ဆိုတာ ငါယံုတယ္ကြာ၊ ဒါေပမဲ့ ငါေမးခ်င္တာက မင္းတို႔မိဘေတြလက္ခံလာေအာင္လုပ္ၿပီး ေရ႔ွဆက္တိုးမွာလား၊ ဒါမွမဟုတ္ မိဘေတြကို ဆန႔္က်င္ၿပီး မိသားစုက ထြက္ၾကမွာလား ၊အဲ့သေဘာ"

"ငါမသိေသးဘူး လင္းသန႔္၊ ဒါကငါတစ္ေယာက္တည္းရဲ့ သေဘာနဲ႔ ဆံုးျဖတ္လို႔ရတာလည္းမဟုတ္ဘူး၊ ေမာင္နဲ႔တိုင္ပင္ရမွာ၊ သူက အခုဘယ္ေရာက္ေနမွန္းမသိတာ ခက္တယ္၊ ျဖစ္ႏိုင္မယ္ဆိုရင္ ငါကေတာ့ ႏွစ္ဖက္မိဘေတြရဲ့ ၾကည္ျဖဴလက္ခံေပးမႈကို လိုခ်င္တယ္၊ အဲ့လိုျဖစ္ဖို႔က စိတ္ကူးယဉ္ဆန္ေနေရာ၊ လက္ေတြ့ရင္ဆိုင္ရတာ မလြယ္ဘူး"

"မင္းေတြးသလိုနည္းကလည္း ေကာင္းပါတယ္၊ ဘယ္အရာမဆို ကိုယ္တိုင္လုပ္ယူမွရတယ္ ဆိုသလိုေပါ့ မင္းတို႔လည္း မင္းတို႔မိဘေတြရဲ့ လက္ခံေပးမႈကိုရေအာင္ လုပ္ႏိုင္မွာပါ၊ တစ္ခုခုဆိုလည္း အကူအညီလိုရင္ ငါနဲ႔ ဦးျမတ္ ရိွေပးမယ္"

"ေအးပါကြာ"

"မင္း ထမင္းစားၿပီးၿပီလား"

"ဘယ္စားရဦးမလဲ၊ စားခ်င္စိတ္လည္း မရိွပါဘူးကြာ"

"စားခ်င္စိတ္ မရိွလို႔မရဘူးေလ၊ အားရိွေအာင္စားမွ မင္းမိဘေတြနဲ႔ ရင္ဆိုင္ရမွာ အဆင္ေျပမွာေပါ့၊ ထ ေဟ့ေရာင္၊ ထမင္းသြားစားမယ္"

"အင္း"

သူ႔ေနာက္သို႔ စြမ္းရည္ထက္က ေလးပင္ေသာ ေျခလွမ္းမ်ားျဖင့္ လိုက္ပါရင္း ထမင္းစားခန္းထဲသို႔ အတူဝင္သည္။

🍀

အာကာလင္းသန႔္တစ္ေယာက္ ဝရန္တာတြင္ ပန္းပင္မ်ားကို ေရေလာင္းေနသည္။ အမ်ိဳးအစား စံုလင္စြာ ဖူးပြင့္ေနေသာ ပန္းေပါင္းစံုက ညေနခင္းရဲ့ ေလျပည္တြင္ ေမႊးႀကိဳင္ထံုသင္းေနေတာ့၏။ ေနေအးေအးအခ်ိန္တြင္ ေရၾကည္ေအးရဲ့ ပက္ျဖန္းမႈေၾကာင့္ ပန္းပင္တို႔၏ အစိမ္းေရာင္အရြက္မ်ားမွာ ပိုမိုစိမ္းစိုေနသကဲ့သို႔ အပြင့္ေတြကလည္း ေရစက္ေလးေတြကို တင္ေဆာင္ထားၾကရင္း လွေသြး ပိုႂကြယ္ေနသည္။ ကိုေဒါနကိုေမးၿပီး ပန္းပင္ေတြကို ျပဳစုပ်ိဳးေထာင္ပံုေတြ ေလ့လာထားသၫ့္အတြက္ သူတို႔အိမ္က ပန္းပင္ေတြက ပြင့္လန္းေသာ ပန္းပြင့္မ်ားသည္ တစ္ဆုပ္တစ္ခဲႀကီး‌ေတျြဖစ္ၿပီး အပင္ေတြလည္း လန္းဆန္းၿပီး သန္သည္။

တစ္ခါတရံဆို ပန္းေရာင္စံုေတြရဲ့ ပြင့္လႊာေတြအေပၚ လာေရာက္နားခိုၾကသၫ့္ လိပ္ျပာေရာင္စံုမ်ားလည္း ေတြ့ႏိုင္သည္။ ပန္းႏွင့္လိပ္ျပာ တြဲကာေတြ့ၿပီဆို သူေတြးမိသည္က မိခင္သဘာဝတရားႀကီးသည္ သူ႔ဟာႏွင့္သူ သဟဇာတျဖစ္သၫ့္အေရာင္မ်ားကို ဖန္တီးေပးထားျခင္းဆိုသၫ့္ အျခင္းအရာ။ အေရာင္တြဲစပ္ထားပံုေတြကလည္း ပနံသင့္လွပါဘိ။ ေကာင္းကင္ျပာျပာေပၚမွာဆို တိမ္ျဖဴျဖဴေလးေတြ ေပါင္းစပ္ထားသည္။ သစ္ပင္ေတြအတြက္ သစ္ကိုင္းညိုညို၊ပင္စည္ညိုညိုေတြႏွင့္ အစိမ္းေရာင္ေရာ္ရြက္မ်ား၊ ေရတံခြန္ျဖဴလြလြႏွင့္ ေက်ာက္တံုးေက်ာက္ေဆာင္ နက္နက္မ်ား စသည္ျဖင့္ နင့္နင့္နဲနဲ ခံစားေလေလ သဘာဝက လွေလေလျဖစ္သည္။

ၿခံတခါးဖြင့္သံၾကား၍ ေရပံုးကို ခ်ၿပီး ေအာက္ထပ္သို႔ ေျပးဆင္းေတာ့သည္။ ပိုင္ျမင့္ျမတ္ေက်ာ္ ျပန္ေရာက္လာၿပီဆိုေတာ့ သူႀကိဳရၿပီေလ။

အိမ္အေပါက္ဝတြင္ ရပ္ကာ ကားကို ၿခံထဲသို႔သြင္းေနသၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္ကို ေစာင့္သည္။ ကားကို ေသခ်ာရပ္ၿပီးေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္က ၿခံတံခါးဆီသို႔သြားၿပီး တစ္ခါတည္း ေသာ့ကို လံုၿခံဳစြာ ခတ္သည္။ ေဒၚႀကီးတင့္ကညေန(၄)နာရီ၌အလုပ္ၿပီးတာႏွင့္ ျပန္သြားၿပီျဖစ္ၿပီး သူတို႔လည္း ညဘက္ ဘယ္မွ ထြက္စရာမရိွေတာ့သၫ့္အတြက္ ေသာ့ခတ္ထားလိုက္ျခင္းျဖစ္သည္။

"ဦးျမတ္"

ပိုင္ျမင့္ျမတ္ေက်ာ္အား သူေျပးဖက္လိုက္သည္။ ဒီအျပဳအမူက သူလုပ္ေနက် ႀကိဳနည္းပင္။ ႏွစ္ေယာက္သား အတန္ၾကာ အလြမ္းသယ္ၿပီးမွ လူခ်င္းျပန္ခြာသည္။ ထို႔ေနာက္ အေပၚထပ္မွ အိပ္ခန္းဆီသို႔ အတူတူသြားရင္း စကားေျပာၾကသည္။

"ေန့ခင္းတုန္းက စြမ္းထက္လာသြားတယ္"

"ဟုတ္လား၊ သူငယ္ခ်င္းေတြ ႏွစ္ေယာက္ေပါင္း ေလာင္းေက်ာ္ၾကတယ္ေပါ့"

"ေလာင္းလည္း မေက်ာ္အားပါဘူး ဦးျမတ္ရယ္၊ စြမ္းထက္တို႔ကိစၥ သူ႔အိမ္က သိသြားလို႔တဲ့၊ ထြန္းလင္းအိမ္ကေရာပဲ၊ သူ႔ၾကၫ့္ရတာ ကြၽန္ေတာ္ေတာင္ မေနႏိုင္မထိုင္ႏိုင္ စိတ္ညစ္လာတယ္၊ စြမ္းထက္တို႔ကို သနားလည္းသနားတယ္ဗ်ာ"

သူငယ္ခ်င္းေတြအတြက္ စိတ္မေကာင္းျဖစ္ေနေသာ အာကာလင္းသန႔္ရဲ့ ေခါင္းကို ပိုင္ျမင့္ျမတ္ေက်ာ္ထံုးစံအတိုင္း ဖြဖြေလးပုတ္သည္။ ဤတစ္ႀကိမ္သည္ကား ႏွစ္သိမ့္သၫ့္ သေဘာထားျဖင့္ ျဖစ္သည္။

"သူတို႔ႏွစ္ေယာက္က တကယ္ခ်စ္ၿပီး မခြဲႏိုင္ရင္ သူတို႔မိဘေတြလည္း ဘာမွလုပ္လို႔မရဘူး၊ ဒီၾကားထဲ ကိုယ္တို႔ကူညီႏိုင္တာရိွရင္လည္း ကူညီေပးၾကတာေပါ့၊ ဟုတ္ၿပီလား"

အိပ္ခန္းေရ႔ွသို႔ေတာင္ ေရာက္လို႔လာၿပီ။ တံခါးကို တြန္းဖြင့္ၿပီးေနာက္ အခန္းထဲကို ဝင္ၾကသည္။ အာကာလင္းသန႔္ ဘီရိုရိွရာဆီသို႔ တန္းသြားၿပီး ပိုင္ျမင့္ျမတ္ေက်ာ္ ေရခ်ိဳးၿပီးရင္ ဝတ္ရန္ အိမ္ေနရင္း အဝတ္အစားမ်ားကို ထုတ္သည္။

"သန႔္ ဒီပန္းခ်ီက စိမ္းလန္းစိုေျပမွာ ဆြဲခဲ့တဲ့ ပန္းခ်ီလား"

အလုပ္ကို ယူသြားသၫ့္ လက္ဆြဲအိတ္ထဲမွ လပ္ေတာ့ပ္ႏွင့္ စာရြက္စာတမ္းတခ်ိဳ႕ကို စားပြဲေပၚထုတ္ေနခ်ိန္တြင္ စားပြဲေဘး၌ သူ‌ေထာင္ထားေသာ ပန္းခ်ီကားကို ျမင္သြားသၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္က ေမးေလသည္။

"ဟုတ္တယ္ေလ၊ ဦးျမတ္ကို ကြၽန္ေတာ္ မျပရေသးတာ၊ ဘယ္လိုလဲ၊ သေဘာက်ရဲ့လား"

"သေဘာက်တာထက္ကို ပိုတယ္၊ ကိုယ့္ကေလးေလးက ေတာ္လိုက္တာ၊ ဒါကို ကိုယ္တို႔ အခန္းထဲမွာ ခ်ိတ္ထားရမယ္၊ ခ်ိတ္မယ္မလား သန႔္"

သူ႔ကို ခ်ီးက်ူးသၫ့္အတြက္ ေပ်ာ္သြားမိသည္။ ေကာင္းမြန္တဲ့ တံု႔ျပန္ခ်က္တစ္ခုေၾကာင့္လည္း ၿပံဳးမိသည္။ ပန္းခ်ီထဲတြင္ အမ်ိဳးသားႏွစ္ေယာက္က ဘုရားတစ္ဆူအေပၚတြင္ ေက်ာေပးကာရပ္ေနၿပီး ပုဂံၿမိဳ႔ရဲ့ ေနဝင္ခ်ိန္ကို လက္ခ်င္းတြဲယွက္ထားကာ ၾကၫ့္ေနသည္။ ဘယ္ဘက္ရိွ အမ်ိဳးသား၏အရပ္သည္ ညာဘက္ရိွအမ်ိဳးသားထက္ (၃)လက္မနီးပါးပုၿပီး ေနာက္ေက်ာေပးထားတာေတာင္ ငယ္ရြယ္သၫ့္ဟန္ရိွ၏။ ညာဘက္ကတစ္ေယာက္တြင္ေတာ့ ရင့္က်က္မႈနဲ႔ တည္ၿငိမ္မႈကို ေတြ့ျမင္ရသည္။ ထိုအမ်ိဳးသားႏွစ္ေယာက္မွာ မည္သူေတြလဲဆိုတာ ခက္ခက္ခဲခဲအေျဖရွာ‌ေနစရာမလို။

အဓိက ဇာတ္ေဆာင္ႏွစ္ေယာက္ကို ရုပ္လံုးႂကြတက္လာေအာင္ ကူညီပံ့ပိုးေပးေနသည္က သူ အႏုစိတ္က်စြာ ျခယ္မႈန္းထားသၫ့္ ပုဂံေျမေပၚရိွ အပူပိုင္းအပင္မ်ား၊ ေနရာလပ္မက်န္ ဘယ္ကို လက္ၫွိုးထိုးထိုး မလြဲေအာင္ရိွေနသၫ့္ ပုဂံေခတ္ရဲ့ အေမြအႏွစ္ ဘုရားပန္းထိုးမ်ား၊ ဝင္လုဆဲ‌ဆဲ ေနမင္းရဲ့ ပံုရိပ္တို႔သာလ်ွင္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္ရဲ့ စတင္ဆံုစည္းရာ ပုဂံေျမႏွင့္ သက္ဆိုင္ေသာ ပန္းခ်ီကားတစ္ခ်ပ္ကို စိတ္ကူးျဖင့္ ေလးနက္စြာ အေကာင္အထည္ေဖာ္ထားျခင္းသာျဖစ္သည္။

"အင္း၊ ခ်ိတ္မယ္ ဦးျမတ္"

ပိုင္ျမင့္ျမတ္ေက်ာ္က ပန္းခ်ီကားကို အသာအယာျပန္ခ်လိုက္သည္။ ၿပီးေနာက္ သူ႔အနားသို႔ လာေလ၏။

"ကိုယ့္ကိုေျပာျပပါဦး ဘယ္လိုအိုင္ဒီယာနဲ႔ ဆြဲထားတယ္ဆိုတာ"

"ဒီအတိုင္းပဲ ဦးျမတ္နဲ႔အတူ ပုဂံကို ျပန္သြားခ်င္တာကေန ဆြဲျဖစ္သြားတာ၊ ပုဂံမွာတုန္းက ဦးျမတ္နဲ႔ ကြၽန္ေတာ္က စေတြ့ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ သိၾကတဲ့ အေနအထားေလ၊ ရင္းလည္းမရင္းႏွီးေသးသလို ရည္းစားေတာင္မျဖစ္ေသးဘူး၊ ဒါေၾကာင့္ ပုဂံကို တစ္ခါေလာက္ ဦးျမတ္နဲ႔ ခရီးထြက္ခ်င္ေနခဲ့တာ"

"အခုေရာ သြားခ်င္ေသးလား"

အာကာလင္းသန႔္ ေခါင္းညိတ္သည္။

"သြားခ်င္တာေပါ့၊ ဒါေပမဲ့ ဦးျမတ္က အလုပ္မအားသလို ကြၽန္ေတာ္လည္း အလုပ္ေတြရိွေနေတာ့ အခ်ိန္က မရဘူး"

သူ႔ပခံုးႏွစ္ဖက္ကို ပိုင္ျမင့္ျမတ္ေက်ာ္က ညင္သာစြာ ကိုင္တြယ္သည္။

"ပိတ္ရက္ေတြအမ်ားႀကီးရိွတယ္ေလ သန႔္ရယ္၊ အဲ့ရက္ေတြေရာက္ရင္ ကိုယ္နဲ႔အတူသြားတာေပါ့ ကိုယ္‌ ေရခ်ိဳးခန္း ဝင္ၿပီေနာ္"

သူ႔ပါးတစ္ဖက္အား ႏူးညံ့စြာ ေမႊးၾကဴျပီးေနာက္  ခပ္ဖြဖြဆြဲကာ ပိုင္ျမင့္ျမတ္ေက်ာ္ထြက္သြားသည္။ သူကေတာ့ ၿပံဳးလ်က္သားႏွင့္ ခင္ပြန္းျဖစ္သူ၏ က်ယ္ျပန႔္ေသာ ေက်ာျပင္ႀကီးအား ေငးၾကၫ့္ေနမိလ်က္။

🍀

ကမ႓ာပ်က္သလို ဖရိုဖရဲျဖစ္ေနေသာ အိမ္တြင္းအေျခအေနကို စြမ္းရည္ထက္မွာ ရင္ဆိုင္ေနရသည္။ အေဖရဲ့ တစ္ေသြး၊ တစ္သံ၊ တစ္မိန႔္ဆိုသၫ့္ တစ္ဖက္သတ္အမိန႔္ေတြနဲ႔ အာဏာရွင္ဆန္ဆန္ မေတာ္မတရား အတင္းအဓမၼ ႏိုင့္ထက္စီးနင္း မိစၧာမေကာင္းဆိုးဝါးအလား ဖိႏိွပ္ခ်ဳပ္ျခယ္မႈမ်ားေအာက္ သူဟာ တရားမ်ွတသၫ့္ ဒီမိုကေရစီဘဝကိုရရိွရန္ ၿငိမ္းခ်မ္းစြာေတာ္လွန္ပုန္ကန္ေနေသာ လူငယ္တစ္ဦး။ ေယာက်ာ္းအား တစ္ခြန္းဆိုတစ္ခြန္းဆိုသၫ့္ အခ်ိဳ႕ေသာ အေမမ်ားႏွင့္မတူစြာ သူ႔အေမသည္ သူ႔ဘက္လည္းမလိုက္၊ သူ႔အေဖဘက္လည္းမပါ ၾကားေနဝါဒဆန္စြာပဲေနသည္။

သူ႔ဘက္တြင္ပါသည္ဟု ဆိုရမည္က သူ႔ညီမေလးသာ။ သူ႔အတြက္ တစ္ေထာင့္တစ္ေနရာကေန အေဖေပးေသာမုန႔္ဖိုးကိုလည္းမယူ၊ အေဖ့ကိုလည္း ခပ္ကင္းကင္းေနၿပီး ေက်ာင္းလည္းမသြား အိမ္တြင္းပိတ္ေနကာ ကူညီေပးသည္။ ဒီညီမေလးတစ္ေယာက္ရိွလို႔ ေတာ္ပါေသးရဲ့။ ငယ္ငယ္ကတည္းက အရိပ္တၾကၫ့္ၾကၫ့္ မ်က္စိေအာက္ကအေပ်ာက္မခံ ခ်စ္ခဲ့ရက်ိဳးေတြနပ္သည္။ ေမာင္ႏွမဆိုေတာ့ တစ္ခါတေလ စိတ္ေပါက္တိုင္း ရန္ထျဖစ္ခဲ့ရတဲ့အခါေတြလည္း ရိွတာေပါ့ေလ။ မည္သို႔ပင္ဆိုေစကာမူ အေဖ့ရဲ့အၫွာျဖစ္ေသာ ညီမေလးကိုယ္တိုင္ အင္တိုက္အားတိုက္ ကူညီေပးတာ သူ႔ရည္ရြယ္ခ်က္ေအာင္ႏိုင္ဖို႔အတြက္ ရာခိုင္ႏႈန္းေတာ္ေတာ္ မ်ားေနၿပီဟု ေျပာႏိုင္သည္။

ထြန္းလင္းသီဟႏွင့္ သူ အဆက္အသြယ္မရတာ သံုးရက္ရိွၿပီျဖစ္သည္။ ဘယ္ဆီဘယ္ဝယ္ ေရာက္လို႔ ေရာက္ေနမွန္းမသိသၫ့္အျပင္ ဖုန္းလည္းမကိုင္ေလေတာ့ စိတ္ပူစိတ္ႏွင့္ ေဒါသစိတ္တစ္ၿပိဳင္တည္း ခံစားေနရသည္။ ‌ထြန္းဝီရကို ဆက္သြယ္ျပန္ေတာ့လည္း ဆက္သြယ္လို႔ မရျပန္။ ထိုအေၾကာင္းအရာမ်ားေၾကာင့္ စြမ္းရည္ထက္ရဲ့ စိတ္အေျခအေနမွာ အလြန္ကိုမွ ေတာင္စဉ္ေရမရ ႏိုင္လြန္းေနသည္။

*ဟင္း*

မီးပြိုင့္ကိုၾကၫ့္ရင္း သက္ျပင္းေမာႀကီးတစ္ခုကို ခ်လိုက္သည္။ စိတ္ကမေဆာင္ေတာ့ အလုပ္ေတြလည္း လုပ္ရတာ အဆင္မေျပလွ။ ထို႔ေၾကာင့္ အိမ္ကိုပဲ ျပန္လာျဖစ္၏။

ကားဒက္ရွ္ဘုတ္ေပၚတြင္ သူ တင္ထားေသာ ဖုန္းက မီးလင္းကာ တုန္ခါလာသည္။ ခ်က္ခ်င္း ယူၿပီးၾကၫ့္ေတာ့ သူေမ်ွာ္ေနသၫ့္ ထြန္းလင္းသီဟ။

"သံုးရက္လံုး ဖုန္းေခၚေနတာ မကိုင္ဘူး၊ ဘာမွလည္း မေျပာသြားဘူး၊ ဆက္သြယ္ေနတာလည္း ဘယ္လိုမွ ဆက္သြယ္လို႔မရဘူး၊ ဘယ္ေရာက္ေနတာလဲ၊ ဘယ္ေပ်ာက္ေနလို႔လဲ"

"ကိုယ္ရွင္းျပပါ့မယ္ကြာ၊ ေလာေလာဆယ္ စြမ္းက ဘယ္မွာလဲ အရင္ေျပာ"

"အိမ္ျပန္ေနတဲ့ လမ္းမွာ"

"ဒါဆို ကိုယ့္အိမ္ကိုလာပါလား၊ ကိုယ္အိမ္မွာ ေစာင့္ေနမယ္"

"ၿပီးတာပဲ၊ ေျဖရွင္းခ်က္ေကာင္းေကာင္းရွာထား၊ စိတ္ေက်နပ္ေလာက္တဲ့ ေျဖရွင္းခ်က္ မေပးႏိုင္ရင္ ေခါင္းကြဲမယ္"

ခ်က္ခ်င္းဆိုသလို ဖုန္းခ်ပစ္လိုက္သည္။ ထြန္းလင္းသီဟကေတာ့ သူ႔အေျပာေၾကာင့္ ေခါင္းက်ိန္းေနေလာက္ၿပီ။ ထြန္းလင္းသီဟဆိုတာလည္း သူ႔စိတ္ကို သိတာေတာင္မွ မေျပာမဆိုဘဲ ေပ်ာက္သြားတာ အျပစ္ရိွကိုရိွသည္။

ထြန္းလင္းသီဟနဲ႔ ထြန္းဝီရတို႔ တူအရီးေနထိုင္ရာ ကြန္ဒိုအခန္းေရ႔ွသို႔ေရာက္သည္ႏွင့္ ဘဲလ္ကိုႏိွပ္လိုက္သည္။ ထြန္းလင္းသီဟက ဝမ္းသာသြားေသာ အမူအရာျဖင့္ စြမ္းရည္ထက္ကို တံခါးဖြင့္ေပးသည္။ ထို႔ျပင္ လက္ကိုလည္း တြဲသြားကာ ဆိုဖာတြင္ ထိုင္ေစသည္။ ဆိုဖာမွာ ထိုင္ခ်လိုက္သည္ႏွင့္တစ္ၿပိဳက္နက္ သူ႔အား အသက္ရႉၾကပ္မတတ္ တင္းက်ပ္စြာ ေပြ့ဖက္လာသည္။ သူကိုယ္တိုင္လည္း စိတ္ေတာ့ သိပ္မၾကည္ေပမယ့္ လြမ္းေနတာမို႔ ျပန္လည္ေပြ့ဖက္မိသည္။

"လႊတ္ေတာ့"

သူ ေျပာလိုက္တာႏွင့္ ထြန္းလင္းသီဟက ဖက္ထားသည္ကို လႊတ္ေပးသည္။

"ေပ်ာက္ေနရတဲ့ အေၾကာင္းကို သံေတာ္ဦးတင္လို႔ရၿပီ"

"ကိုယ္ ဒီရက္ပိုင္း ေပ်ာက္ေနတယ္ဆိုတာ UKကိုသြားေနလို႔၊ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး၊ ေလးေလးလည္းပါတယ္"

"သြားမယ္ဆို သြားမယ့္အေၾကာင္းေလးေတာ့ ေျပာသြားပါလား၊ မေျပာဘဲ ေသမွန္းမသိ ရွင္မွန္းမသိ ေပ်ာက္ေနတာ ငါဘယ္လိုခံစားေနရမလဲ မင္း မစဉ္းစားမိဘူးလား ေမာင္၊ ေလးေလးကိုပါ ဆက္သြယ္လို႔ မရေတာ့ ငါဘယ္ေလာက္ ပူထူေနရလဲ၊ အိမ္မွာ အေဖနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုင္း ရန္ျဖစ္ေနရတာတစ္မ်ိဳး၊ မင္းကို စိတ္ပူေဒါသထြက္ရတာတစ္မ်ိဳးနဲ႔ ငါ့မွာ ရူးမတတ္ပဲ"

ဆိုဖာေပၚခ်ထားသၫ့္ သူ႔လက္တစ္ဖက္ကို ထြန္းလင္းသီဟက ဆြဲယူကာ လက္ခံုကို နမ္းရိႈက္သည္။ ထို႔ေနာက္ ေနြးေထြးစြာ ဆုပ္ကိုင္၏။

"အေလာတႀကီးနဲ႔ ထြက္သြားမိတဲ့ ကိုယ့္အမွားေတြပါ၊ စြမ္းကို ေလဆိပ္ေရာက္ေတာ့ ဖုန္းဆက္မယ္လုပ္ေသးတယ္၊ ကိုယ္ေျပာလိုက္မွ စိတ္ပူသြားမွာစိုးလို႔၊ ေနာက္ၿပီး ေလးေလးကိုပါ  စြမ္း ဆက္သြယ္လို႔ မရေအာင္ ကိုယ္ဖုန္းပိတ္ခိုင္းထားတာ၊ကိုယ့္လုပ္ရပ္အတြက္ ကိုယ္ ေတာင္းပန္ပါတယ္"

ေျဖရွင္းလာေတာ့လည္း အျပစ္မဆိုခ်င္ေတာ့။ သို႔ေပမယ့္ ခပ္ေလာေလာျဖစ္ၿပီး ထြက္သြားရသၫ့္အေၾကာင္းကိုေတာ့ သိခ်င္ေသးသည္။

"UKကို ဘာျဖစ္လို႔သြားတာလဲ၊ မင္းမိဘေတြ စိတ္ဆိုးၿပီး လွမ္းေခၚလို႔လား"

"စိတ္ဆိုးတာဆိုတာထက္ သားျဖစ္တဲ့ ကိုယ့္ျဖစ္တည္မႈကို လက္မခံတဲ့ စကားေတြေျပာတာ၊ ကိုယ္ သူတို႔ကို နားလည္ေအာင္ ရွင္းျပဖို႔ရယ္၊ ကိုယ္တို႔ႏွစ္ေယာက္ကို ႀကိဳတင္ၿပီး နားေဖာက္ထားဖို႔ ကိစၥရယ္အတြက္သြားတာ၊ ကိုယ့္မိဘေတြက သိပ္ေတာ့ နားမခ်လိုက္ရပါဘူး၊ အဆင္ေျပျပေ လက္ခံေပးလိုက္တယ္၊ အခုဆို ကိုယ္တို႔ေရ႔ွေရးအတြက္ ေဆြးေနြးဖို႔ စြမ္းရဲ့ အိမ္ေတာင္ ေရာက္ေနေလာက္ၿပီ၊ ေလးေလးပါ ပါသြားတာ၊ လူႀကီးဆံုရာေပါ့"

"ဘာ"

သူ လန႔္သြားၿပီး ဘာစကားေျပာရမယ္မသိျဖစ္ရသည္။ ထြန္းလင္းသီဟ အကြက္ေရႊ့သြားတာ ျမန္လြန္းေတာ့ လိုက္ေတာင္မမီခ်င္။ သူ႔အေဖကလည္း ကုမၸဏီကေန အိမ္ကို ေဒါသတႀကီးျပန္ေရာက္သြားမွာ မလြဲမေသ။ ထိုသို႔ျဖစ္၍ သူ႔အေဖႏွင့္ ထြန္းလင္းသီဟရဲ့ မိဘေတြ အႀကိတ္အနယ္ ထ,မသတ္ၾကရန္သာ ဆုေတာင္းမိသည္။ ေလာကတြင္ ရိွရိွသမ်ွ နတ္ေကာင္းနတ္ျမတ္မ်ား ကယ္လို႔ သတ္ပြဲေတြ မျဖစ္ပါေစႏွင့္။ ႏွစ္ဖက္မိဘေတြသာ သတ္ၾကရင္ သူတို႔ႏွစ္ေယာက္ ခိုးေျပးၾကရံုမွတစ္ပါး အျခား မရိွပါလား။

🍀

Continue Reading

You'll Also Like

298K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
835K 31.7K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
117K 14.8K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel