Unicode
ဒီလိုနဲ့...
သော်က အိမ်မှာပဲစာလုပ်ရင်း....
မိုးဦးကလဲ ရုံးသွား ပုံမှန်လို နေထိုင်တာသုံးရက်မြောက်နေ့။
ရုံးရောက်တာနဲ့ အလုပ်ကများများ သော့်ကိစ္စ ရဲရင့်နဲ့မေးဖို့ မလုပ်ရသေး။
ဒီနေ့တော့...မိုးဦး ရုံးရဲ့ကားပါကင်မှာ ရဲရင့်ကိုတွေ့တော့......
"ရဲရင့်ရေ...ဒီနေ့ ညနေ အချိန်ရရင်စကားပြောရအောင်ကွာ..."
"ဟုတ် အကို...ရတယ်လေ...အေးချမ်းရော... ok ပဲလား"
"အင်း....."
မိုးဦးကိုကြည့်ကာ ရဲရင့်စိတ်ထဲတစ်မျိုးတော့တစ်မျိုး...
အေးချမ်းနဲ့ပတ်သက်ရင် တက်ကြွနေတတ်သူက...ဖြေပုံက အဆန်း... အင်းတစ်လုံးထဲ။
အေးချမ်းနဲ့များ တစ်ခုခုဖြစ်ထားလို့လား။
အေးလေ... ညနေ စကားပြောပါမယ်ဆိုမှ...သိရမှာပဲပေါ့။
.
.
.
.
သော်က စျေးဆင်းမဝယ်ဘဲ ရှိတာလေးချက်နေတာ သုံးရက်ရှိပြီ။ဒီနေ့တော့ ဆင်းဝယ်မှရမည်။
အပြင်လဲမထွက်ချင်ပါ။ ဒီနားမှာနေတာသိနေမှတော့ ဒုက္ခပေးချင်သူတွေက လာချောင်းနေမှာ သိသည်။
ကို့ကိုစျေးဝယ်ပေးပါပြောပြန်ရင်လဲ...မေးအုံးတော့မည်။ အရင်ဝယ်ပေးနေတာကို သော်ပဲ ကိုယ်တိုင်ဝယ်ချင်ပါသည်ဟု တောင်းဆိုထားခဲ့တာ။
သော် ညနေပိုင်းလေး ဆရာစာသင်ပြီးလို့အပြန်မှာ စျေးဝယ်ဖို့ အောက်ဆင်းရန်ပြင်သည်။ အန်တီရော မှာစရာရှိမလားဝင်မေးတော့ အန်တီက တူတူလိုက်လာသည်။
သော်နဲ့အန်တီ စျေးထဲအရောက်...ဝယ် ခြမ်း ဖို့ ကြည့်နေတုန်း....သော့်ကို ဘေးမှဝင်တိုက်သွားသူ....
ဟန်ချက်ပျက်ကာ သော် ယိုင်ထွက်သွားသည်။
စျေးထဲ လူရှုပ်သည့်အချိန်မဟုတ်။
တမင်တိုက်ချသွားတာ။ နောက်ကနေလျှောက်လာပြီးမှ ပခုံးကိုတမင်နာအောင် တိုက်ချသွားတာ။ ရှောင်လို့မရခဲ့။
သော့်လက်ထဲဆွဲထားတဲ့ကျွတ်ကျွတ်အိတ်ထုတ် လမ်းပေါ် ကျသည်။ ဝယ်ထားတာတွေအကုန် ပြန့်ကျဲကုန်တော့သည်။
အန်တီက လန့်အော်သည်။ သော့်ကို ဝိုင်းကူကောက်ပေးနေရင်း....တိုက်တဲ့လူတွေကို ရန်ထောင်ဖို့ကြည့်
သည်။
သူတို့ထွက်မသွားသေး။ ခပ်ထေ့ထေ့နှင့် သော့်ကိုသာကြည့်နေသည်။ တစ်ယောက်ထဲမဟုတ်တော့။ အဖော်တွေပါလာသည်။
သော် သက်ပြင်းသာချမိရင်း....
ပစ္စည်းတွေမြန်မြန်ကောက်ကာ အန်တီ့လက်ကိုဆွဲပြီးထွက်ခဲ့တော့သည်။ အန်တီ့ရှေ့မှာ အထွေအထူးစကားတွေများမနေချင်တော့။ တမင်ထိခိုက်အောင်လုပ်တာလေ... တောင်းပန်မှာလဲမဟုတ်။ ဒါကြောင့် မြန်မြန်ရှောင်တာပဲကောင်းသည်။
အန်တီကတော့ မကျေနပ်။ တစ်လမ်းလုံးတတွတ်တွတ်နှင့်။ လမ်းအလွတ်ကြီးကို လူဝင်တိုက်လို့ပေါ့။
သော့်မှာ အန်တီ့ကို ချော့လာရသေးသည်။
မဖြစ်ဘူး...ဒီတိုင်း ရှောင်နေလို့မဖြစ်ဘူး။ ကြာရင် ဒင်းတို့ထင်သလို ကိုယ်ကအပြစ်လုပ်မိလို့ ရှောင်နေရသလိုဖြစ်တော့မည်။ ဟိုနေ့က သော့်တို့ကားနောက်က လိုက်လာပြီး ဒီနေ့ထိ ဒီပတ်ဝန်းကျင်မှာ ပတ်ရှာနေပုံရသည်။
ဘယ်လိုရှောင်ရှောင် ပြသနာမပြီးနိုင်။ အဆိုးဆုံးက ကို သိလို့မဖြစ်။ ခုမှတွေးမိသည်။ ဟိုနေ့ကလိုက်လာတာ ကို့ကားနောက်ကဆိုတော့ ကားနံပါတ်တွေမှတ်ပြီး...ကိုရုံးသွားရင် နောက်ကလိုက်ပြီး........ဘုရားရေ.....
သော်...ခုမှ ပိုစိုးရိမ်မိတော့သည်။
ဒီပြသနာကို မရှင်းလို့မရတော့....
အိမ်ရောက်တာနဲ့...သော်...ချက်ချင်းပစ္စည်းတွေချပြီး အပြင်ပြန်ထွက်ဖို့လုပ်သည်။ နာရီကြည့်တော့...ကို ရုံးဆင်းချိန်နီးနေပြီ။ မတတ်နိုင်...အန်တီ့ဆီသော့အပ်ခဲရုံသာ။
ကိုဝင်းနိုင်ထွန်းကို အကျိုးအကြောင်းသွားပြောထားမှရတော့မည်။ ရဲရင့်....ရဲရင့်ကိုလဲ ပြောရတော့မည်။
မြန်မြန်လုပ်ရမည်။ မြန်မြန်ရှင်းရတော့မည်။
.
.
.
သော် ကိုဝင်းနိုင်ထွန်းဆိုင်ကိုရောက်တော့...
"အေးချမ်း..ငါ မင်းကိုဖုံးဆက်ခေါ်တော့မလို့ပဲ...မင်းလာတာ အတော်ပဲ..."
"ဟုတ် အကို...ဘာထူးလဲ..သိရပြီလား...အဲ့ကောင်တွေအကြောင်း..."
"အေး မင်း ခဏစောင့်ကွာ....ငါခဏနေရင် ဆိုင်ပိတ်လိုက်တော့မယ်...ဒါနဲ့ မင်း ရဲရင့်ကို... ခေါ်မလာဘူးလား"
ဟုတ်သား....ရဲရင့်ကို ပြောမပြရသေး။
ကိုနဲ့ အနီးကပ်နေ နေသူဆိုတော့ ပြောဖို့ရာ ချိန်နေရင်းနဲ့မပြောဖြစ်။
"ရဲရင့်ကို လှမ်းခေါ်လိုက်ရမလား.. သူရုံးဆင်းချိန်ပဲ"
"အေး ခေါ်လိုက်ကွာ..."
ကိုဝင်းနိုင်ထွန်းက သော့်ကို ပြန်ပြောရင်း ညှပ်လက်စခေါင်းကို ဆက်ညှပ်သည်။
သော် အပြင်ထွက်လာလိုက်သည်။ ရဲရင့်ကိုဖုံးခေါ်ဖို့။
.
.
.
.
ရဲရင့် ဝင်လာသောဖုံးကို ကြည့်တော့ အေးချမ်း...
ဟော....ဘာပါလိမ့်....ထင်သား....တစ်ခုခုပါလို့။ ကိုမိုးဦးနဲ့အေးချမ်း တစ်ခုခုဖြစ်ထားကြတာ သေချာပါပြီ။
"ပြော...အေးချမ်း..."
"မင်း...ရုံးဆင်းပြီလား..."
"အေး...ဆင်းပြီ...ဘာဖြစ်လို့လဲအေးချမ်း"
"မင်း..ခု...ကိုဝင်းနိုင်ထွန်းဆိုင်ကို ခဏလာလို့ရမလား"
ရဲရင့်....စဥ်းစားနေရင်း....ဟုတ်တော့ဟုတ်နေပါပြီ။
ကိုမိုးဦးနဲ့အေးချမ်းဘာများဖြစ်ပါလိမ့်။
ကိုမိုးဦးနဲ့ကလဲ ချိန်းပြီးသားဖြစ်နေပြီ။ ဘယ်လိုလုပ်ရပါ့။
ဒါပေမဲ့....အေးချမ်းက ခု အပြင်မှာ.....
အပြင်သိပ်မထွက်လိုသူက...ဘယ်လောက်အရေးကြီးလို့ အပြင်ရောက်နေရပြီး ရဲရင့်ကိုဖုံးဆက်ပါခေါ်ရသည်လဲ။
"အေး..အေး..ငါခုလာခဲ့မယ်"
ရဲရင့် ကိုမိုးဦးကို ဖုံးခေါ်ရသည်။
"အကို....ကျွန်တော် အရေးကြီးကိစ္စရှိလို့...မနက်ဖန်မှအကိုနဲ့ ပြန်ချိန်းလို့ရလားအကို"
"ဟုတ်လား...အရေးကြီးရင် သွားပါ ကိုယ်က မနက်ဖန်မှ ရတယ်လေ"
"ကျေးဇူး အကို....sorry ပါနော်..."
.
.
.
ရဲရင့် ကိုဝင်းနိုင်ထွန်းဆိုင် ရောက်တော့ အေးချမ်း မျက်နှာမကောင်း....ကိုဝင်းနိုင်ထွန်းရော....
"အေးချမ်း....ဘာဖြစ်လို့လဲ.. "
သော် အတိုချုံးကာရှင်းပြလိုက်သည်။
ဒီနေ့ သော့်ကို ရပ်ကွက်ထဲထိ ရန်လာစသွားတဲ့အကြောင်းထိ အားလုံးပြောပြလိုက်သည်။
"ကိုမိုးဦးသိလား...အေးချမ်း..."
သော် ခေါင်းသာခါပြလိုက်သည်။
"ငါ စုံစမ်းတာတော့....အဲ့ကောင်တွေ အေးချမ်းအလုပ်က ထွက်သွားပြီးမကြာဘူး ထောင်ကျတာတဲ့ကွ...ငါ မေးကြည့်တော့...မပြောချင် ပြောချင်နဲ့မန်နေဂျာကပြောလိုက်တာကွ...ရဲတိုင်ခံရတာတဲ့ အတိအကျသတင်းပေးတာ လာဖမ်းတော့ လက်ထဲပစ္စည်းတွေနဲ့မို့ပါသွားတာတဲ့...ဘယ်သူတိုင်လဲ မပြောဘူး...ဟိုလူလိုလို ဒီလူလိုလိုနဲ့...အေးချမ်းတိုင်တယ်များ လုပ်လိုက်တာလားလို့လေ...အေးချမ်းက အလုပ်ထွက်သွားတဲ့အချိန် တိုက်ဆိုင်နေတော့...ငါတွေးကြည့်တာပါ"
ကိုဝင်းနိုင်ထွန်းပြောသည်။
"သူတို့ကို တိုင်ချင်ရင်ကြာပြီပေါ့ဗျာ....ပေါင်းလုပ်စားနေတာပဲဟာ.... ပိုင်ရှင်က သူ့တို့လူ...မန်နေဂျာကဂွင်ဖန်ပေးပြီး လုပ်နေကြတဲ့ဟာ...ဘယ်သူက တိုင်မှာလဲ"
ရဲရင့် မကျေမချမ်းပြောသည်။
သော်ကတော့ ငြိမ်သက်စွာ။
"ငါ့ကြောင့်ဖြစ်တဲ့ပြသနာပဲကွာ...အေးချမ်း မင်းဝင်မပါနဲ့ ရတယ် မင်းစာမေးပွဲလဲဖြေရအုံးမှာ....ငါ ဒဲ့ပဲရှင်းမယ် ကြာလို့...သူတို့ကပဲ မဟုတ်တာလုပ်သေး ငါတို့က ရှောင်နေစရာမလိုဘူး....ရန်လာစတော့လဲ ထောင်ထဲပြန်ပို့ပေးရတာပေါ့ကွာ..."
"ရဲရင့်ရယ်...စိတ်လိုက်မာန်ပါ မရှင်းစမ်းပါနဲ့....ငါ ရှင်းပြလိုက်ပါ့မယ်.....အကို.. အဲ့ကောင်တွေနဲ့ချိန်းပေးပါလား....ကျွန်တော်တို့မဟုတ်တာကို မဟုတ်ကြောင်းရှင်းပြလိုက်ရင် ရမှာပါ"
သော် ရဲရင့်ကို ဖျောင်းဖျရင်း...ကိုဝင်းနိုင်ထွန်းကိုပါ တစ်လက်စထဲပြောသည်။
ကိုဝင်းနိုင်ထွန်းကတော့ ဒေါသထွက်နေတဲ့ ရဲရင့်ကိုတလှည့် လေပြေအေးနဲ့ပြသနာရှင်းချင်နေတဲ့ သော့်ကိုတလှည့်ကြည့်ရင်း....ပြသနာကို ဘယ်လိုကူညီဖြေရှင်းပေးရမလဲ စဥ်းစားဆဲ။
အေးချမ်းအကြောင်းက သူလဲသိသည်။
ရဲရင့်တို့လဲ သဲသဲလှုပ်သလို သူလဲ ညီလေးလို သံယောဇဥ်ရှိသည်။ အေးချမ်းက လူဖြောင့်။ အေးသည်။ ရိုးသည်။ အပြင်ပန်းမာသည်ဆိုပေမဲ့ အေးချမ်းလေး စိတ်ပျော့တာ သူလဲသိသည်ပင်။
ကို့ ညီလိုကလေးတွေကို မဖြစ်သင့်တာမဖြစ်စေလို။ ပြသနာက သေချာစကားပြောကြည့်တော့...အထင်လွဲနေတာ...ခက်တာက ဒီဘက်က အထင်လွဲနေတာကို ရှင်းပြတော့ရော ဟိုကောင်တွေက လက်ခံမလား။
မဲ မဲ မြင်ရင်ကိုက်ချင်တဲ့ ခွေးရူးတွေလိုဖြစ်နေတာလေ။
သူတို့စကားပြောရင်း ကြာလာပေမဲ့ အတွေးကိုယ်စီနှင့်သာ။
ရဲရင့်က မြန်မြန်ဒဲ့ရှင်းချင်သည်။
အေးချမ်းက ရဲရင့်ဒေါသကြောင့်ပြသနာပိုမကြီးစေချင်တာကြောင့် အရင်ဆုံးတွေ့ပြီးစကားပြောကြည့်ချင်သည်။
ကိုဝင်းနိုင်ထွန်းအတွေးကတော့....ရှင်းတတ်သူ ရှင်းနိုင်သူတစ်ယောက် ဝင်ဖြေရှင်းပေးတာကောင်းမည်ဟု။
လူငယ်ချင်းရှင်းတာထက်စာရင် ...ပြောတတ်ဆိုတတ်ပြီး.....ဟိုဘက်ကကောင်တွေမလှုပ်နိုင်အောင်ရှင်းပေးနိုင်သူပေါ့။ သူတစ်ယောက်ထဲနဲ့တော့မရနိုင်ဟုထင်သည်။ မန်နေဂျာပုံစံကလဲ ကူရှင်းပေးမဲ့အစား ချောက်ထဲတွန်းချမဲ့ပုံစံ။ အမှန်အတိုင်းပြောရရင် ထိုမန်နေဂျာကို ကိုဝင်းနိုင်ထွန်း သိပ်မသင်္ကာပါ။
"အေးချမ်း...မင်းသတိနဲ့တော့နေကွာ...စာမေးပွဲလဲနီးပြီ...တို့ ဒီရက်ပိုင်းစဥ်းစားပြီးတူတူဖြေရှင်းမယ်ကွာ...ခု မင်းတို့နောက်ကျပြီ ပြန်ကြတော့....မနက်ဖန် နန္ဒပါခေါ်လာခဲ့ကွာ...တို့တစ်ခုခုဝိုင်းစဥ်းစားကြတာပေါ့"
ကိုဝင်းနိုင်ထွန်းပြောတာလဲ ဟုတ်နေတာပဲ။
သော်နဲ့ ရဲရင့် ပြန်လာခဲ့လိုက်သည်။
"အေးချမ်း....မင်းကိုငါပြန်လိုက်ပို့မယ်...တက်"
.
.
.
မိုးဦး ရုံးဆင်းပြီး...အိမ်ပြန်ရောက်တော့..သော်ကမရှိ။
စိတ်ကပူသွားတော့သည်။
အောက်ထပ်ဆင်းပြီး အန်တီ့ကိုမေးရသည်။
အန်တီက ညနေ စျေးမှာ သော် ဖြစ်ခဲ့သည့်အကြောင်းပြောပြသည်။ ပြီးတာနဲ့ချက်ချင်းအပြင်ပြန်ထွက်သွားသည်တဲ့။ ဘယ်သွားသည်မပြောခဲ့ပါတဲ့။
မိုးဦး အန်တီနဲ့ ထိုင်စကားပြောနေရပေမဲ့...စိတ်ကမရတော့။
အလွန်အမင်းစိတ်ပူရသည့်နောက်တွင်...သော်က ဒီလောက်ထိတောင် ဖုံးကွယ်ချင်ပါလား ဟုတွေးမိကာ စိတ်ကတိုချင်သည်။ သော့်ဘဝမှာ မိုးဦးကိုဖုံးကွယ်စရာ ဘာအကြောင်းမှရှိတာမကြိုက်ပါ။
ရုံးအပြန် သော့်ကိုမတွေ့ရတော့ စိတ်ပိုဆိုးသည်။
အတော်ကြာကြာစောင့်လေ လူက ဂဏှာမငြိမ်လေ။ စိတ်တွေ ဗလာင်ဆူလေ။ အန်တီ့ကိုစကားဖြတ်ပြီး ထ ပြန်ရမှာ မကောင်းလို့သာ။ ချက်ချင်း ဖုံးဆက်ပြီး ပြေးသာ ခေါ်ချင်တော့သည်။ ရုပ်ပျက်လွန်းမှာစိုးတော့ ငြိမ်စောင့်နေရသည်။
အန်တီနဲ့စကားပြောနေရင်း.....တံခါး ခေါက်သံကြားသည်။
"ဟော....သော် ပြန်လာတာထင်တယ်"
အန်တီပြောရင်း...တံခါးထဖွင့်သည်။
မိုးဦးကို အန်တီ့အိမ်မှာမြင်တော့ မျက်နှာအပျက်ပျက်နှင့်....
"ဟို...အန်တီ့မှာ..သော့ ပေးခဲ့တယ်လေ"
မိုးဦးဘာမှ ပြန်မပြော...သော့်ကို စိုက်ကြည့်နေသည်။
"အန်တီနဲ့ စကားမပြောရတာကြာပြီ...စကားကောင်းနေတာသော်ရဲ့"
အန်တီကဝင်ပြောတာပါ။ နှစ်ယောက်သား အန်တီ့ကိုနှုတ်ဆက်ပြီး အပေါ်ကိုတက်လာကြသည်။ စကားတော့မပြောဖြစ်ကြသေး။
.
.
ကို သော့်ကိုစိတ်ဆိုးနေတာလား...ဟုတ်လား။
သော် မျက်နှာငယ်လေးနှင့်ပြန်ကြည့်နေပေမဲ့ ကိုက မျက်မှောင်ကုတ်ကုတ်ကြီးနှင့်သာ။
အပေါ်ရောက်တာနဲ့..... ခုံမှာ ကိုက ထိုင်သည်။
သော် ကို့ဘေးမှာ ရပ်နေရင်း.....ဘာလုပ်ရမှန်းမသိတော့။ သော့်ကို ကိုဒီလိုဘယ်တုန်းကမှမဆက်ဆံဘူး။
သော် အနေခက်လှသည်။ စကားလဲ နေ့တိုင်းပြောနေကျအတိုင်းပြောရင်ရပါရက်နဲ့ သော် ဘာစကားမှ စမပြောရဲ။
"သော်.....ဘယ်ကပြန်လာတာလဲ"
မိုးဦး အသံကိုတည်ငြိမ်အောင်ထိန်းပြောသည်။
"အပြင် ခဏ ပါ... ကို"
"..............ဒီလောက်နောက်ကျနေပြီလေ"
"အင်း...ဒါပေမဲ့အပြန် ရဲရင့်လိုက်ပို့တယ်"
မိုးဦး မျက်ခုံးနှစ်ဘက်မြင့်တက်ကာသွားသည်။
သေချာပြီပေါ့....သော်....ပြသနာတစ်ခုခုဖြစ်နေတာ။
ရဲရင့်နဲ့လဲ ပတ်သက်ပုံပင်။
"သော်....ကို့ကို ဘာမှပြောစရာမရှိဘူးလား"
မိုးဦးမေးတော့....
ငိုတော့မလို မျက်နှာငယ်ကျသွားကာ ခေါင်းသာရမ်းပြသည်။
ခက်တာပဲ....သော်ရယ်.....ခက်တော့တာပဲ။
မိုးဦး.....စိတ်တွေလဲတို သိချင်စိတ်လဲဖြစ် သော့်ကိုလဲ မကြမ်းပစ်ချင်။
ကဲ....မိုးဦးကြည်သာရေ.....မင်းဟာလေး ကလွယ်လွယ်ထုတ်မပြောဘူးကွ....စိတ်လျှော့ပြီး ရဲရင့်ကိုသာ မေးပေတော့။ မနက်ဖန်ပေါ့ကွာ။
မိုးဦး ကိုယ့်ကိုကိုယ် ပြန်အားပေးရင်း.........
သော်ကတော့ နေ့တိုင်းထက်ပိုပြီး ငြိမ်သက်နေရှာပြီ။
မိုးဦးကိုလဲ ခိုး ခိုးကြည့်နေရသေးတာ။
.
.
.
.
.
.
ဆက်ရန်..........
Zawgyi
Unicode
ဒီလိုနဲ႕...
ေသာ္က အိမ္မွာပဲစာလုပ္ရင္း....
မိုးဦးကလဲ ႐ုံးသြား ပုံမွန္လို ေနထိုင္တာသုံးရက္ေျမာက္ေန႕။
႐ုံးေရာက္တာနဲ႕ အလုပ္ကမ်ားမ်ား ေသာ့္ကိစၥ ရဲရင့္နဲ႕ေမးဖို႔ မလုပ္ရေသး။
ဒီေန႕ေတာ့...မိုးဦး ႐ုံးရဲ႕ကားပါကင္မွာ ရဲရင့္ကိုေတြ႕ေတာ့......
"ရဲရင့္ေရ...ဒီေန႕ ညေန အခ်ိန္ရရင္စကားေျပာရေအာင္ကြာ..."
"ဟုတ္ အကို...ရတယ္ေလ...ေအးခ်မ္းေရာ... ok ပဲလား"
"အင္း....."
မိုးဦးကိုၾကည့္ကာ ရဲရင့္စိတ္ထဲတစ္မ်ိဳးေတာ့တစ္မ်ိဳး...
ေအးခ်မ္းနဲ႕ပတ္သက္ရင္ တက္ႂကြေနတတ္သူက...ေျဖပုံက အဆန္း... အင္းတစ္လုံးထဲ။
ေအးခ်မ္းနဲ႕မ်ား တစ္ခုခုျဖစ္ထားလို႔လား။
ေအးေလ... ညေန စကားေျပာပါမယ္ဆိုမွ...သိရမွာပဲေပါ့။
.
.
.
.
ေသာ္က ေစ်းဆင္းမဝယ္ဘဲ ရွိတာေလးခ်က္ေနတာ သုံးရက္ရွိၿပီ။ဒီေန႕ေတာ့ ဆင္းဝယ္မွရမည္။
အျပင္လဲမထြက္ခ်င္ပါ။ ဒီနားမွာေနတာသိေနမွေတာ့ ဒုကၡေပးခ်င္သူေတြက လာေခ်ာင္းေနမွာ သိသည္။
ကို႔ကိုေစ်းဝယ္ေပးပါေျပာျပန္ရင္လဲ...ေမးအုံးေတာ့မည္။ အရင္ဝယ္ေပးေနတာကို ေသာ္ပဲ ကိုယ္တိုင္ဝယ္ခ်င္ပါသည္ဟု ေတာင္းဆိုထားခဲ့တာ။
ေသာ္ ညေနပိုင္းေလး ဆရာစာသင္ၿပီးလို႔အျပန္မွာ ေစ်းဝယ္ဖို႔ ေအာက္ဆင္းရန္ျပင္သည္။ အန္တီေရာ မွာစရာရွိမလားဝင္ေမးေတာ့ အန္တီက တူတူလိုက္လာသည္။
ေသာ္နဲ႕အန္တီ ေစ်းထဲအေရာက္...ဝယ္ ျခမ္း ဖို႔ ၾကည့္ေနတုန္း....ေသာ့္ကို ေဘးမွဝင္တိုက္သြားသူ....
ဟန္ခ်က္ပ်က္ကာ ေသာ္ ယိုင္ထြက္သြားသည္။
ေစ်းထဲ လူရႈပ္သည့္အခ်ိန္မဟုတ္။
တမင္တိုက္ခ်သြားတာ။ ေနာက္ကေနေလွ်ာက္လာၿပီးမွ ပခုံးကိုတမင္နာေအာင္ တိုက္ခ်သြားတာ။ ေရွာင္လို႔မရခဲ့။
ေသာ့္လက္ထဲဆြဲထားတဲ့ကြၽတ္ကြၽတ္အိတ္ထုတ္ လမ္းေပၚ က်သည္။ ဝယ္ထားတာေတြအကုန္ ျပန့္က်ဲကုန္ေတာ့သည္။
အန္တီက လန့္ေအာ္သည္။ ေသာ့္ကို ဝိုင္းကူေကာက္ေပးေနရင္း....တိုက္တဲ့လူေတြကို ရန္ေထာင္ဖို႔ၾကည့္
သည္။
သူတို႔ထြက္မသြားေသး။ ခပ္ေထ့ေထ့ႏွင့္ ေသာ့္ကိုသာၾကည့္ေနသည္။ တစ္ေယာက္ထဲမဟုတ္ေတာ့။ အေဖာ္ေတြပါလာသည္။
ေသာ္ သက္ျပင္းသာခ်မိရင္း....
ပစၥည္းေတြျမန္ျမန္ေကာက္ကာ အန္တီ့လက္ကိုဆြဲၿပီးထြက္ခဲ့ေတာ့သည္။ အန္တီ့ေရွ႕မွာ အေထြအထူးစကားေတြမ်ားမေနခ်င္ေတာ့။ တမင္ထိခိုက္ေအာင္လုပ္တာေလ... ေတာင္းပန္မွာလဲမဟုတ္။ ဒါေၾကာင့္ ျမန္ျမန္ေရွာင္တာပဲေကာင္းသည္။
အန္တီကေတာ့ မေက်နပ္။ တစ္လမ္းလုံးတတြတ္တြတ္ႏွင့္။ လမ္းအလြတ္ႀကီးကို လူဝင္တိုက္လို႔ေပါ့။
ေသာ့္မွာ အန္တီ့ကို ေခ်ာ့လာရေသးသည္။
မျဖစ္ဘူး...ဒီတိုင္း ေရွာင္ေနလို႔မျဖစ္ဘူး။ ၾကာရင္ ဒင္းတို႔ထင္သလို ကိုယ္ကအျပစ္လုပ္မိလို႔ ေရွာင္ေနရသလိုျဖစ္ေတာ့မည္။ ဟိုေန႕က ေသာ့္တို႔ကားေနာက္က လိုက္လာၿပီး ဒီေန႕ထိ ဒီပတ္ဝန္းက်င္မွာ ပတ္ရွာေနပုံရသည္။
ဘယ္လိုေရွာင္ေရွာင္ ျပသနာမၿပီးနိုင္။ အဆိုးဆုံးက ကို သိလို႔မျဖစ္။ ခုမွေတြးမိသည္။ ဟိုေန႕ကလိုက္လာတာ ကို႔ကားေနာက္ကဆိုေတာ့ ကားနံပါတ္ေတြမွတ္ၿပီး...ကို႐ုံးသြားရင္ ေနာက္ကလိုက္ၿပီး........ဘုရားေရ.....
ေသာ္...ခုမွ ပိုစိုးရိမ္မိေတာ့သည္။
ဒီျပသနာကို မရွင္းလို႔မရေတာ့....
အိမ္ေရာက္တာနဲ႕...ေသာ္...ခ်က္ခ်င္းပစၥည္းေတြခ်ၿပီး အျပင္ျပန္ထြက္ဖို႔လုပ္သည္။ နာရီၾကည့္ေတာ့...ကို ႐ုံးဆင္းခ်ိန္နီးေနၿပီ။ မတတ္နိုင္...အန္တီ့ဆီေသာ့အပ္ခဲ႐ုံသာ။
ကိုဝင္းနိုင္ထြန္းကို အက်ိဳးအေၾကာင္းသြားေျပာထားမွရေတာ့မည္။ ရဲရင့္....ရဲရင့္ကိုလဲ ေျပာရေတာ့မည္။
ျမန္ျမန္လုပ္ရမည္။ ျမန္ျမန္ရွင္းရေတာ့မည္။
.
.
.
ေသာ္ ကိုဝင္းနိုင္ထြန္းဆိုင္ကိုေရာက္ေတာ့...
"ေအးခ်မ္း..ငါ မင္းကိုဖုံးဆက္ေခၚေတာ့မလို႔ပဲ...မင္းလာတာ အေတာ္ပဲ..."
"ဟုတ္ အကို...ဘာထူးလဲ..သိရၿပီလား...အဲ့ေကာင္ေတြအေၾကာင္း..."
"ေအး မင္း ခဏေစာင့္ကြာ....ငါခဏေနရင္ ဆိုင္ပိတ္လိုက္ေတာ့မယ္...ဒါနဲ႕ မင္း ရဲရင့္ကို... ေခၚမလာဘူးလား"
ဟုတ္သား....ရဲရင့္ကို ေျပာမျပရေသး။
ကိုနဲ႕ အနီးကပ္ေန ေနသူဆိုေတာ့ ေျပာဖို႔ရာ ခ်ိန္ေနရင္းနဲ႕မေျပာျဖစ္။
"ရဲရင့္ကို လွမ္းေခၚလိုက္ရမလား.. သူ႐ုံးဆင္းခ်ိန္ပဲ"
"ေအး ေခၚလိုက္ကြာ..."
ကိုဝင္းနိုင္ထြန္းက ေသာ့္ကို ျပန္ေျပာရင္း ညွပ္လက္စေခါင္းကို ဆက္ညွပ္သည္။
ေသာ္ အျပင္ထြက္လာလိုက္သည္။ ရဲရင့္ကိုဖုံးေခၚဖို႔။
.
.
.
.
ရဲရင့္ ဝင္လာေသာဖုံးကို ၾကည့္ေတာ့ ေအးခ်မ္း...
ေဟာ....ဘာပါလိမ့္....ထင္သား....တစ္ခုခုပါလို႔။ ကိုမိုးဦးနဲ႕ေအးခ်မ္း တစ္ခုခုျဖစ္ထားၾကတာ ေသခ်ာပါၿပီ။
"ေျပာ...ေအးခ်မ္း..."
"မင္း...႐ုံးဆင္းၿပီလား..."
"ေအး...ဆင္းၿပီ...ဘာျဖစ္လို႔လဲေအးခ်မ္း"
"မင္း..ခု...ကိုဝင္းနိုင္ထြန္းဆိုင္ကို ခဏလာလို႔ရမလား"
ရဲရင့္....စဥ္းစားေနရင္း....ဟုတ္ေတာ့ဟုတ္ေနပါၿပီ။
ကိုမိုးဦးနဲ႕ေအးခ်မ္းဘာမ်ားျဖစ္ပါလိမ့္။
ကိုမိုးဦးနဲ႕ကလဲ ခ်ိန္းၿပီးသားျဖစ္ေနၿပီ။ ဘယ္လိုလုပ္ရပါ့။
ဒါေပမဲ့....ေအးခ်မ္းက ခု အျပင္မွာ.....
အျပင္သိပ္မထြက္လိုသူက...ဘယ္ေလာက္အေရးႀကီးလို႔ အျပင္ေရာက္ေနရၿပီး ရဲရင့္ကိုဖုံးဆက္ပါေခၚရသည္လဲ။
"ေအး..ေအး..ငါခုလာခဲ့မယ္"
ရဲရင့္ ကိုမိုးဦးကို ဖုံးေခၚရသည္။
"အကို....ကြၽန္ေတာ္ အေရးႀကီးကိစၥရွိလို႔...မနက္ဖန္မွအကိုနဲ႕ ျပန္ခ်ိန္းလို႔ရလားအကို"
"ဟုတ္လား...အေရးႀကီးရင္ သြားပါ ကိုယ္က မနက္ဖန္မွ ရတယ္ေလ"
"ေက်းဇူး အကို....sorry ပါေနာ္..."
.
.
.
ရဲရင့္ ကိုဝင္းနိုင္ထြန္းဆိုင္ ေရာက္ေတာ့ ေအးခ်မ္း မ်က္ႏွာမေကာင္း....ကိုဝင္းနိုင္ထြန္းေရာ....
"ေအးခ်မ္း....ဘာျဖစ္လို႔လဲ.. "
ေသာ္ အတိုခ်ဳံးကာရွင္းျပလိုက္သည္။
ဒီေန႕ ေသာ့္ကို ရပ္ကြက္ထဲထိ ရန္လာစသြားတဲ့အေၾကာင္းထိ အားလုံးေျပာျပလိုက္သည္။
"ကိုမိုးဦးသိလား...ေအးခ်မ္း..."
ေသာ္ ေခါင္းသာခါျပလိုက္သည္။
"ငါ စုံစမ္းတာေတာ့....အဲ့ေကာင္ေတြ ေအးခ်မ္းအလုပ္က ထြက္သြားၿပီးမၾကာဘူး ေထာင္က်တာတဲ့ကြ...ငါ ေမးၾကည့္ေတာ့...မေျပာခ်င္ ေျပာခ်င္နဲ႕မန္ေနဂ်ာကေျပာလိုက္တာကြ...ရဲတိုင္ခံရတာတဲ့ အတိအက်သတင္းေပးတာ လာဖမ္းေတာ့ လက္ထဲပစၥည္းေတြနဲ႕မို႔ပါသြားတာတဲ့...ဘယ္သူတိုင္လဲ မေျပာဘူး...ဟိုလူလိုလို ဒီလူလိုလိုနဲ႕...ေအးခ်မ္းတိုင္တယ္မ်ား လုပ္လိုက္တာလားလို႔ေလ...ေအးခ်မ္းက အလုပ္ထြက္သြားတဲ့အခ်ိန္ တိုက္ဆိုင္ေနေတာ့...ငါေတြးၾကည့္တာပါ"
ကိုဝင္းနိုင္ထြန္းေျပာသည္။
"သူတို႔ကို တိုင္ခ်င္ရင္ၾကာၿပီေပါ့ဗ်ာ....ေပါင္းလုပ္စားေနတာပဲဟာ.... ပိုင္ရွင္က သူ႕တို႔လူ...မန္ေနဂ်ာကဂြင္ဖန္ေပးၿပီး လုပ္ေနၾကတဲ့ဟာ...ဘယ္သူက တိုင္မွာလဲ"
ရဲရင့္ မေက်မခ်မ္းေျပာသည္။
ေသာ္ကေတာ့ ၿငိမ္သက္စြာ။
"ငါ့ေၾကာင့္ျဖစ္တဲ့ျပသနာပဲကြာ...ေအးခ်မ္း မင္းဝင္မပါနဲ႕ ရတယ္ မင္းစာေမးပြဲလဲေျဖရအုံးမွာ....ငါ ဒဲ့ပဲရွင္းမယ္ ၾကာလို႔...သူတို႔ကပဲ မဟုတ္တာလုပ္ေသး ငါတို႔က ေရွာင္ေနစရာမလိုဘူး....ရန္လာစေတာ့လဲ ေထာင္ထဲျပန္ပို႔ေပးရတာေပါ့ကြာ..."
"ရဲရင့္ရယ္...စိတ္လိုက္မာန္ပါ မရွင္းစမ္းပါနဲ႕....ငါ ရွင္းျပလိုက္ပါ့မယ္.....အကို.. အဲ့ေကာင္ေတြနဲ႕ခ်ိန္းေပးပါလား....ကြၽန္ေတာ္တို႔မဟုတ္တာကို မဟုတ္ေၾကာင္းရွင္းျပလိုက္ရင္ ရမွာပါ"
ေသာ္ ရဲရင့္ကို ေဖ်ာင္းဖ်ရင္း...ကိုဝင္းနိုင္ထြန္းကိုပါ တစ္လက္စထဲေျပာသည္။
ကိုဝင္းနိုင္ထြန္းကေတာ့ ေဒါသထြက္ေနတဲ့ ရဲရင့္ကိုတလွည့္ ေလေျပေအးနဲ႕ျပသနာရွင္းခ်င္ေနတဲ့ ေသာ့္ကိုတလွည့္ၾကည့္ရင္း....ျပသနာကို ဘယ္လိုကူညီေျဖရွင္းေပးရမလဲ စဥ္းစားဆဲ။
ေအးခ်မ္းအေၾကာင္းက သူလဲသိသည္။
ရဲရင့္တို႔လဲ သဲသဲလႈပ္သလို သူလဲ ညီေလးလို သံေယာဇဥ္ရွိသည္။ ေအးခ်မ္းက လူေျဖာင့္။ ေအးသည္။ ရိုးသည္။ အျပင္ပန္းမာသည္ဆိုေပမဲ့ ေအးခ်မ္းေလး စိတ္ေပ်ာ့တာ သူလဲသိသည္ပင္။
ကို႔ ညီလိုကေလးေတြကို မျဖစ္သင့္တာမျဖစ္ေစလို။ ျပသနာက ေသခ်ာစကားေျပာၾကည့္ေတာ့...အထင္လြဲေနတာ...ခက္တာက ဒီဘက္က အထင္လြဲေနတာကို ရွင္းျပေတာ့ေရာ ဟိုေကာင္ေတြက လက္ခံမလား။
မဲ မဲ ျမင္ရင္ကိုက္ခ်င္တဲ့ ေခြး႐ူးေတြလိုျဖစ္ေနတာေလ။
သူတို႔စကားေျပာရင္း ၾကာလာေပမဲ့ အေတြးကိုယ္စီႏွင့္သာ။
ရဲရင့္က ျမန္ျမန္ဒဲ့ရွင္းခ်င္သည္။
ေအးခ်မ္းက ရဲရင့္ေဒါသေၾကာင့္ျပသနာပိုမႀကီးေစခ်င္တာေၾကာင့္ အရင္ဆုံးေတြ႕ၿပီးစကားေျပာၾကည့္ခ်င္သည္။
ကိုဝင္းနိုင္ထြန္းအေတြးကေတာ့....ရွင္းတတ္သူ ရွင္းနိုင္သူတစ္ေယာက္ ဝင္ေျဖရွင္းေပးတာေကာင္းမည္ဟု။
လူငယ္ခ်င္းရွင္းတာထက္စာရင္ ...ေျပာတတ္ဆိုတတ္ၿပီး.....ဟိုဘက္ကေကာင္ေတြမလႈပ္နိုင္ေအာင္ရွင္းေပးနိုင္သူေပါ့။ သူတစ္ေယာက္ထဲနဲ႕ေတာ့မရနိုင္ဟုထင္သည္။ မန္ေနဂ်ာပုံစံကလဲ ကူရွင္းေပးမဲ့အစား ေခ်ာက္ထဲတြန္းခ်မဲ့ပုံစံ။ အမွန္အတိုင္းေျပာရရင္ ထိုမန္ေနဂ်ာကို ကိုဝင္းနိုင္ထြန္း သိပ္မသကၤာပါ။
"ေအးခ်မ္း...မင္းသတိနဲ႕ေတာ့ေနကြာ...စာေမးပြဲလဲနီးၿပီ...တို႔ ဒီရက္ပိုင္းစဥ္းစားၿပီးတူတူေျဖရွင္းမယ္ကြာ...ခု မင္းတို႔ေနာက္က်ၿပီ ျပန္ၾကေတာ့....မနက္ဖန္ နႏၵပါေခၚလာခဲ့ကြာ...တို႔တစ္ခုခုဝိုင္းစဥ္းစားၾကတာေပါ့"
ကိုဝင္းနိုင္ထြန္းေျပာတာလဲ ဟုတ္ေနတာပဲ။
ေသာ္နဲ႕ ရဲရင့္ ျပန္လာခဲ့လိုက္သည္။
"ေအးခ်မ္း....မင္းကိုငါျပန္လိုက္ပို႔မယ္...တက္"
.
.
.
မိုးဦး ႐ုံးဆင္းၿပီး...အိမ္ျပန္ေရာက္ေတာ့..ေသာ္ကမရွိ။
စိတ္ကပူသြားေတာ့သည္။
ေအာက္ထပ္ဆင္းၿပီး အန္တီ့ကိုေမးရသည္။
အန္တီက ညေန ေစ်းမွာ ေသာ္ ျဖစ္ခဲ့သည့္အေၾကာင္းေျပာျပသည္။ ၿပီးတာနဲ႕ခ်က္ခ်င္းအျပင္ျပန္ထြက္သြားသည္တဲ့။ ဘယ္သြားသည္မေျပာခဲ့ပါတဲ့။
မိုးဦး အန္တီနဲ႕ ထိုင္စကားေျပာေနရေပမဲ့...စိတ္ကမရေတာ့။
အလြန္အမင္းစိတ္ပူရသည့္ေနာက္တြင္...ေသာ္က ဒီေလာက္ထိေတာင္ ဖုံးကြယ္ခ်င္ပါလား ဟုေတြးမိကာ စိတ္ကတိုခ်င္သည္။ ေသာ့္ဘဝမွာ မိုးဦးကိုဖုံးကြယ္စရာ ဘာအေၾကာင္းမွရွိတာမႀကိဳက္ပါ။
႐ုံးအျပန္ ေသာ့္ကိုမေတြ႕ရေတာ့ စိတ္ပိုဆိုးသည္။
အေတာ္ၾကာၾကာေစာင့္ေလ လူက ဂဏွာမၿငိမ္ေလ။ စိတ္ေတြ ဗလာင္ဆူေလ။ အန္တီ့ကိုစကားျဖတ္ၿပီး ထ ျပန္ရမွာ မေကာင္းလို႔သာ။ ခ်က္ခ်င္း ဖုံးဆက္ၿပီး ေျပးသာ ေခၚခ်င္ေတာ့သည္။ ႐ုပ္ပ်က္လြန္းမွာစိုးေတာ့ ၿငိမ္ေစာင့္ေနရသည္။
အန္တီနဲ႕စကားေျပာေနရင္း.....တံခါး ေခါက္သံၾကားသည္။
"ေဟာ....ေသာ္ ျပန္လာတာထင္တယ္"
အန္တီေျပာရင္း...တံခါးထဖြင့္သည္။
မိုးဦးကို အန္တီ့အိမ္မွာျမင္ေတာ့ မ်က္ႏွာအပ်က္ပ်က္ႏွင့္....
"ဟို...အန္တီ့မွာ..ေသာ့ ေပးခဲ့တယ္ေလ"
မိုးဦးဘာမွ ျပန္မေျပာ...ေသာ့္ကို စိုက္ၾကည့္ေနသည္။
"အန္တီနဲ႕ စကားမေျပာရတာၾကာၿပီ...စကားေကာင္းေနတာေသာ္ရဲ႕"
အန္တီကဝင္ေျပာတာပါ။ ႏွစ္ေယာက္သား အန္တီ့ကိုႏႈတ္ဆက္ၿပီး အေပၚကိုတက္လာၾကသည္။ စကားေတာ့မေျပာျဖစ္ၾကေသး။
.
.
ကို ေသာ့္ကိုစိတ္ဆိုးေနတာလား...ဟုတ္လား။
ေသာ္ မ်က္ႏွာငယ္ေလးႏွင့္ျပန္ၾကည့္ေနေပမဲ့ ကိုက မ်က္ေမွာင္ကုတ္ကုတ္ႀကီးႏွင့္သာ။
အေပၚေရာက္တာနဲ႕..... ခုံမွာ ကိုက ထိုင္သည္။
ေသာ္ ကို႔ေဘးမွာ ရပ္ေနရင္း.....ဘာလုပ္ရမွန္းမသိေတာ့။ ေသာ့္ကို ကိုဒီလိုဘယ္တုန္းကမွမဆက္ဆံဘူး။
ေသာ္ အေနခက္လွသည္။ စကားလဲ ေန႕တိုင္းေျပာေနက်အတိုင္းေျပာရင္ရပါရက္နဲ႕ ေသာ္ ဘာစကားမွ စမေျပာရဲ။
"ေသာ္.....ဘယ္ကျပန္လာတာလဲ"
မိုးဦး အသံကိုတည္ၿငိမ္ေအာင္ထိန္းေျပာသည္။
"အျပင္ ခဏ ပါ... ကို"
"..............ဒီေလာက္ေနာက္က်ေနၿပီေလ"
"အင္း...ဒါေပမဲ့အျပန္ ရဲရင့္လိုက္ပို႔တယ္"
မိုးဦး မ်က္ခုံးႏွစ္ဘက္ျမင့္တက္ကာသြားသည္။
ေသခ်ာၿပီေပါ့....ေသာ္....ျပသနာတစ္ခုခုျဖစ္ေနတာ။
ရဲရင့္နဲ႕လဲ ပတ္သက္ပုံပင္။
"ေသာ္....ကို႔ကို ဘာမွေျပာစရာမရွိဘူးလား"
မိုးဦးေမးေတာ့....
ငိုေတာ့မလို မ်က္ႏွာငယ္က်သြားကာ ေခါင္းသာရမ္းျပသည္။
ခက္တာပဲ....ေသာ္ရယ္.....ခက္ေတာ့တာပဲ။
မိုးဦး.....စိတ္ေတြလဲတို သိခ်င္စိတ္လဲျဖစ္ ေသာ့္ကိုလဲ မၾကမ္းပစ္ခ်င္။
ကဲ....မိုးဦးၾကည္သာေရ.....မင္းဟာေလး ကလြယ္လြယ္ထုတ္မေျပာဘူးကြ....စိတ္ေလွ်ာ့ၿပီး ရဲရင့္ကိုသာ ေမးေပေတာ့။ မနက္ဖန္ေပါ့ကြာ။
မိုးဦး ကိုယ့္ကိုကိုယ္ ျပန္အားေပးရင္း.........
ေသာ္ကေတာ့ ေန႕တိုင္းထက္ပိုၿပီး ၿငိမ္သက္ေနရွာၿပီ။
မိုးဦးကိုလဲ ခိုး ခိုးၾကည့္ေနရေသးတာ။
.
.
.
.
.
.
ဆက္ရန္..........