နွေးထွေးမှုတို့လွှမ်းခြုံကာ(...

reli_08 द्वारा

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... अधिक

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 21

835 38 0
reli_08 द्वारा

(Unicode)

အာကာလင်းသန့် ဆေးရုံမှ ဆင်းခွင့်မရသေးဘဲ လေ့ကျင့်ခန်းများကို လုပ်ဆောင်နေရဆဲဖြစ်သည်။ သူ့ကို မိသားစုတွေကလည်း အားတိုင်းလာကြည့်တတ်သလို၊ စွမ်းရည်ထက်ကလည်း သူ့ဆီ ရောက်လာတတ်သည်။ ထွန်းလင်းသီဟကတော့ မြန်မာနိုင်ငံတွင်မရှိဘဲ နှစ်ပတ်တစ်ခါ စွမ်းရည်ထက်ဆီ ပြန်လာမှ လာတွေ့သည်။ သူ့အနားတွင် ဒိုင်ခံရှိပေးသူက ပိုင်မြင့်မြတ်ကျော်သာလျှင်ဖြစ်သည်။

အလုပ်မသွားခင် မနက်ပိုင်း ခဏလာပြီးမှ အလုပ်ကိုသွားပြီး အလုပ်ဆင်းချိန်ဆိုတာနှင့်လည်း ရောက်လာကာ ည(၉)နာရီခွဲမှသာ ပြန်မြဲအတိုင်းပြန်ဖြစ်၏။ အလုပ်ပိတ်ရက်ဆိုရင်တော့ သူ့ဘေးမှာ တစ်နေ့လုံး အချိန်ကုန်သည်။ လမ်းကောင်းကောင်း ပြန်လျှောက်နိုင်ဖို့ ခက်ခဲသည့် လေ့ကျင့်ခန်းတွေကို လုပ်ရသည့်အချိန်မှာ ပိုင်မြင့်မြတ်ကျော်က သူ့အတွက် အားဖြစ်စေခဲ့သည်။

ဆေးရုံတက်နေစဉ်အတွင်း ပါးနှင့်မားဆီက သူနဲ့ပိုင်မြင့်မြတ်ကျော်ကို ခွင့်ပြုကြောင်းကြားချိန် ဝမ်းသာ၍ မျက်ရည်စို့မိရသည်။ မားတို့အား ပြောမှားဆိုမှား ရှိတာတွေကို မှားသည်ဆိုတာ ဖွင့်ဟတော့ မားတို့က ကြည်ဖြူစွာဘဲ အပြစ်မမြင် ခွင့်လွှတ်ပေးသည်။ သူ ကိုကို့ကိုတော့ ပြန်မတောင်းပန်ရသေးပေ။ ကိုကို့ကိုလည်း သူလုပ်ခဲ့တာကို ဝန်ချပြီး တောင်းပန်ချင်၏။ ကိုကိုက နားရက်မဟုတ်သေး၍ သူ့ဆီ မလာနိုင်အားသေး။ ဒီနေ့တော့ ဂျူတီနား၍ လာမည်ဟု ဖုန်းလှမ်းဆက်ပြီး ပြောသည်။ ထို့ကြောင့် ကိုကို့အား သူ့မှာ မျှော်နေမိသည်။

တခြားသူတွေတော့ မည်သို့နေသည်မသိ။ သူကတော့ ဆေးရုံကုတင်ပေါ်မှာပဲ နေရတာ တော်တော်လေးကို ရိုးအီပြီး ပျင်းနေလေပြီ။ သူ့အခန်းထဲမှာ နေ့ဘက်ဆို လူတစ်ယောက်မဟုတ် တစ်ယောက်နှင့် ဆူညံနေသော်လည်း နာရီပိုင်းမျှသာဖြစ်၏။ ထိုအချိန်တွေနှင့် ပိုင်မြင့်မြတ်ကျော် နေပေးသည့်အချိန်ကလွဲပြီး ကျန်သည့်အချိန်တွေက ပျင်းခြောက်ခြောက်နှင့်။ တီဗွီကို ကြည့်လေ့ရှိသည့်သူ မဟုတ်ပြန်တော့ အခန်းတွင်းရှိ တီဗွီမှာ ညအိပ်စောင့်ပေးသည့် လူနာစောင့်ကောင်လေး အတွက်သာ ဖြစ်နေသည်။ စာအုပ် ဖတ်ရအောင်ကလည်း သူကိုယ်တိုင်က စာဖတ်ပျင်းပြန်သည်။ ဤအခြေအနေတွေကြောင့် အာကာလင်းသန့်မှာ အတော် ခွကျသည့် အခိုက်အတန့်တွေကို စိတ်မပါစွာ ဖြတ်သန်းရတော့၏။

တံခါးဖွင့်သံကြား၍ သူ လှမ်းကြည့်လိုက်သည်။

"ကိုကိုပါလား၊ ကျွန်တော် ကိုကိုမလာသေးရင် မြန်မြန်လာလို့ ဖုန်းဆက်‌ပြီးတောင် ပြောတော့မလို့"

"လေသံကတော့ မခံမရပ်နိုင်အောင် ပျင်းနေတဲ့ ပုံပဲ၊ ဒီမှာလေကွာ၊ မင်းယောက်ဖက မင်းတူကိုပါ ခေါ်လာချင်တယ်ဆိုလို့ ကြာနေတာ"

အာကာလင်းသန့် ကိုကို့ဘေးက ကိုခွန်းကို ကြည့်လိုက်သည်။ ကိုခွန်းလက်ထဲတွင် ချစ်ဖို့ကောင်းသည့် ကလေးလေးတစ်ယောက် ပါလာသည်။ ထိုကလေးက သူ့ကို ချိုသာသော မျက်နှာလေးဖြင့် ကြည့်ပြီး ကိုခွန်းဆီကနေ သူ့ဆီလာချင်လို့ လက်ဆန့်နေသည်။ တုတ်တုတ်ဖောင်းဖောင်းကြီးဖြစ်နေသော ကလေးလေးကို သူ အသည်းတွေ တယားယားဖြစ်လာလေ၏။

မျက်နှာချိုလိုက်တဲ့ဟာလေး။

စိတ်ထဲမှနေ အာကာလင်းသန့် မှတ်ချက်ပြုလိုက်သည်။

"ငြိမ်ငြိမ်နေလေ သားရဲ့၊ ဦးငယ်က သားကို မချီနိုင်သေးဘူး"

ကိုခွန်းက သားဖြစ်သူကို ချော့ပြောနေရှာသည်။ သို့သော် ကလေးက ကိုခွန်းပြောသလို မငြိမ်ဘဲ သူ့ဆီကိုသာ လာချင်သည့်ပုံ ဖြစ်နေသေး၏။ ကလေး စိတ်မကောင်းဘဲ ငိုသွားမှာစိုးလို့ သူခေါ်လိုက်ရန် ဆုံးဖြတ်သည်။

"ကျွန်တော့်ဘေးမှာ သူစိတ်ကျေနပ်သွားအောင် လာချပေးလိုက်ပါလား ကိုခွန်း"

ကလေး လွတ်လပ်စွာထိုင်ရန် ဘေးဘက်သို့ တိုးကာ ကလေးအတွက် နေရာဖယ်ပေးသည်။

ကိုခွန်းလာချပေးတော့ မျက်နှာချိုလေးက သူ့ဘေးနားတွင် ငြိမ်သက်စွာ ထိုင်သည်။ ကလေး ညောင်းရင် မှီလို့ရအောင် သူ့ခေါင်းအုံးကိုလည်း ကလေးဘက်တွင် ထား,ထားပေး၏။

"ဘယ်နှစ်လရှိသွားပြီလဲ၊ နာမည်ကရော"

"နာမည်အရင်းက အာကာခွန်းပြည့်၊ ကိုကိုတို့ ညီအစ်ကိုရဲ့ အာကာမျိုးရိုးကို မပျောက်ပျက်အောင်ရယ် ခွန်းလေး နာမည်ပါအောင်ရယ် မှည့်ထားတာ၊ အိမ်ခေါ်နာမည်ကတော့ ကာကာလို့ပဲ ခေါ်တယ်၊ အသက်က‌တော့(၁၀)လ၊ခွန်းလေးက မင်းတူကို မင်းနဲ့ မိတ်ဆက်ပေးချင်နေတာလေ၊ ကာကာ့ကို ကိုယ်ဝန်လွယ်ထားတုန်းကပဲ ကိုကိုနဲ့မင်းဆီ လာကြည့်ခဲ့ရတာ၊ မွေးပြီးသွားတော့လည်း ငယ်သေးလို့ မခေါ်လာဖြစ်နဲ့ အခုမှပဲ တူအရီးနှစ်ယောက် တွေ့ရတော့တယ်"

"ကိုယ်ဝန်လွယ်ထားတုန်းကဆိုတော့ ဘာလဲကိုကိုရဲ့၊ ကျွန်တော် နားမရှင်းဘူး၊ ကိုခွန်း စိတ်မရှ်ိနဲ့နော်"

"ခွန်းလေး ကိုယ်တိုင်ပဲ ရှင်းပြမလား"

ကိုခွန်းက ခေါင်းညိတ်သည်။

"ဒီလိုလေ လင်းသန့်၊ ကာကာ့ကို ကိုခွန်းကိုယ်တိုင် ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာ"

"ဗျာ၊ ယောကျာ်းလေးက ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်"

သူ့ရဲ့ အလွန်အမင်း အံ့ဩသွားပုံကို ကိုခွန်းက နားလည်သည့်ပုံစံဖြင့် ပြုံးကာ တုံ့ပြန်သည်။

"အခုခေတ်က ဆေးပညာတွေ တော်တော်လေးကို တိုးတက်နေကြပြီလေ၊ ကိုခွန်းတို့လို လိင်တူအမျိုးသား စုံတွဲတွေအတွက် ကလေးလိုချင်တယ်ဆိုရင် အငှားကိုယ်ဝန်နဲ့ ယူလို့ရသလို ကိုယ်တိုင် ကိုယ်ဝန်ဆောင်ပြီးလည်း ယူလို့ရတယ်၊ ရွေးချယ်စရာနှစ်မျိုးရှိတာပေါ့၊ ကိုခွန်းကျတော့ ကိုခွန်းတို့နှစ်ယောက်ရဲ့ သွေးသားစစ်စစ်ကိုပဲလိုချင်လို့ ဒီနည်းရွေးခဲ့တာ"

"ဪ"

အာကာလင်းသန့် သူ့အရှေ့က ကိုကိုနဲ့ကိုခွန်းအား ဘယ်လိုမျက်နှာပြရမည် မသိ‌တော့။ သူအတိတ်မှာ ကိုကိုတို့ရဲ့ အသိုက်အမြုံလေးကို ကိုယ်ချင်းမစာဘဲ ဖြိုခွဲပစ်နိုင်လောက်တဲ့အထိ လုပ်ခဲ့မိသည်။ သူ့ရဲ့ အငုံ့စိတ်တစ်ခုကြောင့် အခန့်မသင့်ရင် ကိုကိုတို့နှစ်ယောက် တစ်ကွဲတစ်ပြား ဖြစ်ခဲ့ကြနိုင်သည်။ သူဟာ မားတို့ကို စိတ်ဆိုးတာ တစ်ခုနဲ့ပဲ ကိုကိုနဲ့ကိုခွန်းကို ချောက်ချပစ်ခဲ့သည်။ အဆုံးစွန်ထိ မကောင်းခဲ့တာပါလား။

"ကျွန်တော် တောင်းပန်ပါတယ်"

ကိုကိုတို့က သူ့ကို ကြည့်လာကြသည်။ ကိုကိုတို့ရဲ့ မျက်နှာကို သူ စေ့စေ့ပြန်မကြည့်ရဲပါ။

"မားတို့ကို ကိုကိုတို့နှစ်ယောက် လက်ထပ်ထားတဲ့အကြောင်း သတင်းပေးခဲ့တာ ကျွန်တော်ပါ၊ ဒါကြောင့်"

ကိုကိုက သူ့အနားကို ရောက်လာသည်။

"ကိုကိုသိတယ်"

ကိုကို့အား သူနားမလည်သလို ကြည့်မိသွား၏။

"ကိုကို ဘယ်လိုမှလည်း စိတ်ထဲမထားဘူး၊ ကိုကို့လိုပဲ ခွန်းလေးကလည်း အပြစ်မတင်ဘူး၊ ရှေ့လျှောက် ကိုကိုတို့ကို အားနာစိတ်လည်း မဖြစ်နဲ့၊ မကောင်းတဲ့လူလို့လည်း ကိုယ့်ကိုကိုယ် မသတ်မှတ်နဲ့၊ ကိုကို့ညီလေးကို ခွင့်လွှတ်တာကြောင့် ဘာမှတွေးမနေနဲ့၊ နေမြန်မြန်ကောင်းအောင်ပဲ ကြိုးစား၊ ဟုတ်ပြီလား"

ကိုခွန်းကို ကြည့်လိုက်ပြန်တော့ သူ့ကို နွေးထွေးစွာ ပြုံးပြလာသည်။ မျက်ဝန်းတွေထဲမှာလည်း သူ့အပေါ် အပြစ်တင်စိတ်၊ မကျေနပ်စိတ်များ စိုးစဉ်းမျှ မရှိစွာ။

"ကျွန်တော့်လို မကောင်းတဲ့သူကို ဘာလို့ အကုန်လုံးက အပြစ်မမြင်ကြရတာလဲဗျာ၊ ကျွန်တော်က အားလုံးအတွက် ဆိုးသွမ်းခဲ့တာကို၊ ကျွန်တော့်ကိုယ်ကျွန်တော် ဒီခွင့်လွှတ်မှုတွေနဲ့ ထိုက်တန်ရဲ့လားတောင် မသိတော့ဘူး"

သူငိုချလိုက်ပါသည်။ သူက သူ့ပတ်ဝန်းကျင်ရှိ လူသားတွေရဲ့ ချစ်ပေးမှုနဲ့ မထိုက်တန်သည့် လူလို့ပဲ ထင်မိတော့သည်။

"ထိုက်တန်တာပေါ့ ကိုကို့ညီလေးရယ်၊ မင်းနဲ့ တကယ်ထိုက်တန်တာမို့ မငိုနဲ့"

သူ့ကို မငိုဖို့ ပြောလာသည့် ကိုကိုကလည်း သူ့ကြောင့် စိတ်မကောင်း၍ထင် ငိုသံပါနှင့် ဖြစ်နေသည်။ ကိုခွန်းက သူ့ကိုကြည့်လိုက် ကိုကို့ကိုကြည့်လိုက်နှင့် မည်သူ့ကို အရင်ဖျောင်းဖျရမည်မသိသည့်ပုံ။ ထိုစဉ် သူ့ရဲ့ ပေါင်ပေါ်သို့ လက်သေးသေးလေးတစ်ဖက် ရောက်လာသည်။ လက်ပိုင်ရှင်လေးကတော့ ကာကာသာလျှင်။ ကာကာ့ရဲ့ မျက်ဝန်းလေးတွေကတစ်ဆင့် သူ့ကို မငိုနဲ့ဟု တားနေသည့် အရိပ်အယောင်တွေ ဖတ်မိသည်။ အာကာလင်းသန့် ပြုံးကာ မျက်ရည်တွေသုတ်ပြီး အငိုတိတ်တော့၏။ သူအငိုတိတ်ပြီးချိန် ကာကာက အဖေဖြစ်သူ ကိုကို့ကို ချီခိုင်းနေသည်။ ကိုကိုကလည်း သူ့သားကို ချက်ချင်း ကောက်ချီ၏။

"ပြုံး"

ကိုကို့လက်ထဲရောက်သွားချိန် ကိုကို့ကိုကြည့်ပြီး ကာကာက စကားပြောသည်။ ကိုကိုနဲ့ကိုခွန်းက ကာကာ့ကြောင့် ပျော်ရွှင်သွားကြသလို။

"ကို ကို့သား စကားစပြောတာ ဟုတ်တယ်မလား၊ ကြားလိုက်တယ်မလား"

ခွန်းဝဏ္ဏက အာကာမင်းခန့်လည်း ကြားလိုက်ကြောင်း အတည်ပြုရန် မေးသည်။

"ဟုတ်တယ် ခွန်းလေး၊ သား စကားပြောလိုက်တာ၊ ပြောတာကလည်း အဖေတွေ သင်ပေးထားတဲ့ စကားတွေ မဟုတ်ဘူး၊ 'ပြုံး'တဲ့၊ ဒီကောင်ကတော့၊ လင်းသန့်၊ မင်းတူကို တွေ့တယ်မလား၊ တကယ့်ကောင်ကွာ"

ကာကာ စကားပြောလိုက်ခြင်းသည် အာကာလင်းသန့်ရဲ့ ဝမ်းနည်းနေသည့် စိတ်တွေကို လေထဲတွင် ပါသွားအောင် စွမ်းဆောင်လိုက်သကဲ့သို့ ပျောက်ပျက်ကုန်တော့သည်။ ကိုကိုတို့မှာလည်း သားဖြစ်သူကို ချစ်မဝတွေ ဖြစ်ကုန်ကြ၏။ ကာကာ‌ကတော့ အနာဂတ်မှာ အမြဲတမ်းပြုံးရွှင်နေသည့် အပြုံးမင်းသားလေးတစ်ပါးအဖြစ် သူတို့မိသားစုရဲ့ အချစ်တွေကို ယူဦးမှာ မလွဲမသေ။

🍀

အချိန်မှန်ဆိုသည့်အတိုင်း ပိုင်မြင့်မြတ်ကျော်ကတော့ ရောက်လို့လာပါသည်။ ထူးခြားတာက မြိုင်သစ္စာတို့ လင်မယားပါ ထူးနှင့်ဆူးကို ခေါ်ပြီး ရောက်လာကြသည်။ ပျင်းခြောက်ခြောက်ဟု ခံစားနေရ၍များ ကံကြမ္မာက ဖန်တီးပေးခြင်းလားမသိ။ ဒီနေ့မှပဲ အာကာလင်းသန့်ဆီသို့ ကလေးတွေ တစ်ရက်တည်း လာကြည့်၏။ ထူးနှင့်ဆူး ညီအစ်မက ကိုကို့အတွက်ဆိုပြီး ဟမ်ဘာဂါကို သူတို့စိတ်ကြိုက်‌ ရွေးဝယ်လာကြသည်။ ထူးလေးက ကြီးကောင်ဝင်သည့်အရွယ်ရောက်သွားလို့ ထင်၏။ အရင်ကလောက် မဟုတ်တော့ဘဲ စကားတွေလည်း သိပ်မပြော။ ဆူးကတော့ ကလေးပီပီ သူ့ကို ကပ်ချွဲတုန်း။ မိသားစုလေးယောက် တစ်နာရီလောက်နေပြီးမှ အိမ်ပြန်သွားကြသည်။

အာကာလင်းသန့် ထိုအခါမှ ကလေးတွေယူလာပေးသည့် ဟမ်ဘာဂါကို စိတ်လိုလက်ရ စားရန် ဟန်ပြင်၏။ Junk Food အနွယ်ဝင် ဟမ်ဘာဂါသည်လည်း အာကာလင်းသန့်အတွက် ဘယ်တော့မှ ရိုးမသွား။ အရသာ မမြည်းရသေးဘဲ မြင်နေရတာနှင့်ကို တံတွေးမြိုချမိစေသည်။

"သန့် မစားရဘူးနော်"

"ဦးမြတ်ကလည်း တစ်ကိုက်ပဲ စားမှာ"

"တစ်ကိုက်လည်းမရဘူး၊ တည့်လား မတည့်လား မသိဘဲနဲ့ မစားရဘူး၊ ကိုယ်စိတ်မချဘူး"

လက်ထဲက ဟမ်ဘာဂါကို ဆွဲယူကာ ပိုင်မြင့်မြတ်ကျော် ထသွားသည်။ ဟမ်ဘာဂါ ဘဝကတော့ သနားဖို့ကောင်းစွာ အမှိုက်ပုံးထဲ ရောက်သွားလေတော့၏။ ဆန်တစ်စေ့ကအစ တန်ဖိုးရှိသည်လို့ ခံယူသည့်အလျောက် အမှိုက်ပုံးထဲမှာ အလဟဿဖြစ်သွားရသော ဟမ်ဘာဂါအတွက် အာကာလင်းသန့် စိတ်မကောင်းပါ။

"ဒါဆို ကိုလာသောက်လို့ရလား ဦးမြတ်၊ ကျွန်တော် အရမ်းသောက်ချင်နေလို့"

"မသောက်ရဘူး၊ သန့် တစ်ခုခုသောက်ချင်ရင် အိုဗာတင်းသောက်"

"ကျွန်တော်မှ မကြိုက်တာ၊ ကျွန်တော် ကိုလာပဲ သောက်ချင်တယ်"

"ဒါပေမဲ့ အခုမသောက်နဲ့လေ၊ သန့်အတွက် တည့်မှာပဲ သောက်ပါကွာ"

"ဦးမြတ် အရင်တုန်းကဆို ကျွန်တော်ပူဆာရင် ချက်ချင်း လိုက်လျောပြီး အခုဘာလို့ ကျွန်တော်စားချင်သောက်ချင်နေတာကို အလိုမလိုက်ရတာလဲ၊ ဦးမြတ် ကျွန်တော့်ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး ချုပ်ချယ်နေတာလား"

"ကိုယ်ချုပ်ချယ်တာ မဟုတ်ပါဘူး သန့်ရယ်၊ သန့်ကို ဘယ်လို အကြောင်းအရင်းနဲ့မှ အထိခိုက်မခံနိုင်လို့ပါ"

"ဒီတစ်ရက်လေးတော့ အလိုလိုက်ပေးပါလား"

"မရဘူး"

သူပြောသမျှကို ဘူးခံပြီးပဲ ငြင်းနေတော့ အာကာလင်းသန့်ရဲ့ ဖြစ်နေကျစိတ်က ဖြစ်ပေါ်လာတော့သည်။ ချုပ်တည်းထားလို့ မရတော့။

"ဦးမြတ်"

သူ့ကို ပိုင်မြင့်မြတ်ကျော်က 'ပြော'ဆိုသည့် သဘောဖြင့် မေးငေါ့ပြသည်။

"ဦးမြတ်ကို စိတ်ဆိုးတယ်"

"ဆိုးနေကျပဲကို ဆိုးပေါ့"

"ကျွန်တော် တစ်ယောက်တည်း နေချင်တယ်"

ပိုင်မြင့်မြတ်ကျော် သက်ပြင်းချမိသည်။

"အင်း၊ ကိုယ်အပြင်မှာ ခဏ သွားနေပေးမယ်"

ပိုင်မြင့်မြတ်ကျော် ထွက်သွားပြီး ခဏအကြာတွင် မင်းတည်ကြည် ရောက်လာသည်။ လုပ်စရာရှိတာတွေကို လုပ်နေသည့် မင်းတည်ကြည်ရဲ့ ဘယ်ဘက်လက်သူကြွယ်ရှိ လက်စွပ်ကို အကြည့်ရောက်သွားအခိုက် သူသိချင်သည့် မေးခွန်းကို ထုတ်မေးဖြစ်၏။

"အိမ်ထောင်သည်ဘဝကရော ရန်ဖြစ်ရသေးလား၊ ပြီးတော့ သဝန်တိုစိတ်တွေရော ဖြစ်သေးလား၊ ဒါမှမဟုတ် ပိုပြီးပျော်စရာကောင်းလာတာလား အစ်ကိုတည်"

မင်းတည်ကြည်နှင့်လည်း သူ ရင်းနှ်ီးသင့်သလောက် ရင်းနှီးနေလေပြီ။ မင်းတည်ကြည်က သူ့လိုမျိုးမဟုတ်ဘဲ ရင့်ကျက်သည့် အစ်ကိုတစ်ယောက်ဖြစ်ပြီး အိမ်‌ထောင်သည်တစ်ယောက်လည်း ဖြစ်နေတာကြောင့် သူမေးမိခြင်း။ သူ့အ‌တွေးထဲမှာ ချစ်သူဘဝပဲ ဖြစ်နေသေးတာကြောင့် ရန်ခဏ ခဏဖြစ်၍ စိတ်ဆိုးနေရတာများလား တဝဲလည်လည် တွေးမိနေသည်။

"ခင်ဗျားလေး မေးတာကို ဖြေရရင် ပိုပျော်စရာကောင်းတာတော့မှန်တယ်၊ ကိုယ်ချစ်တဲ့သူနဲ့ တစ်မိုးအောက်တည်း တစ်နေရာတည်းမှာ အချိန်တိုင်းနီးနီးကပ်ကပ် နေလို့ရတာကိုး၊ အိမ်ထောင်သည်ဖြစ်သွားရင်လည်း ရန်ဖြစ်ရတာတွေက ရှိတာပါပဲ၊ ဒါတွေက ရှောင်လွှဲလို့မှမရတာ၊ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုနဲ့ တည်ဆောက်ထားရင် ရန်ဖြစ်ရတဲ့ အကြိမ်အရေအတွက်က ထင်ထားတာထက် တော်တော်လေးကို နည်းတာပေါ့၊ သဝန်တိုတာလည်း အထိုက်အလျောက်ရှိသေးတယ်၊ သဝန်တိုတယ်ဆိုတာက ချစ်စိတ်နဲ့ အလွှာပါးလေးပဲ ခြားတော့ရှိမြဲတိုင်းရှိနေတာပေါ့လေ"

"အစ်ကိုတည်ရော အစ်ကိုတည့်အမျိုးသားကို စိတ်အမြဲဆိုးပြီး ရန်ဖြစ်လား"

"ဖြစ်တာပေါ့ကွာ၊ အမြဲတမ်းတော့ မဟုတ်ဘူး၊ တစ်ခါတလေ၊ ရန်ဖြစ်တယ်ဆိုပေမယ့်လည်း ခဏပါပဲ ဘာလို့ဆိုတော့ အစ်ကိုတို့နှစ်ယောက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ပြေလည်တတ်ကြလို့"

"အစ်ကိုတည်နဲ့ အဲ့အစ်ကိုက အသက်ဘယ်လောက်ကွာလဲ"

"ရွယ်တူပဲ"

"ဒါကြောင့်မို့ထင်တယ်၊ ကျွန်တော်နဲ့ ဦးမြတ်ကျတော့ အသက်အရမ်းကွာလို့များလား"

မင်းတည်ကြည်က သူ့အား စူးစမ်းသလို ကြည့်လာသည်။

"ခင်ဗျားလေးတို့ ရန်ဖြစ်ထားလို့လား၊ အစ်ကို့ကို ပြောကြည့်ချင်လား၊ အစ်ကို ကူညီလို့ရတာဆို ကူညီပေးမယ်"

"ရန်ဖြစ်ထားတယ်ဆိုတာထက် ကျွန်တော့်ဘက်က တစ်ဖက်သတ်စိတ်ဆိုးတာဆို မှန်လိမ့်မယ်၊ အခုမှမဟုတ်ဘူး၊ ဦးမြတ်နဲ့ တွဲစကတည်းက အချိန်တိုင်း ကျွန်တော်ကပဲ စိတ်ဆိုးခဲ့တာ၊ ဦးမြတ်ကတော့ ကျွန်တော့်ကို အမြဲတမ်းပြန်ချော့နေကျပေါ့၊ ကျွန်တော်က တော်တော်လေးဆိုးတယ်၊ ဒါကိုလည်း ဦးမြတ်က သည်းညည်းခံပေးတယ်၊ ကျွန်တော့်အပေါ်ဆို အလိုအရမ်းလိုက်တယ်၊ အပြစ်လည်း မမြင်ဘူး၊ ပြောရရင် အလိုလိုက်ခံရတာကို ကျွန်တော်က ပျော်နေတာ၊ ဒီနေ့ကိစ္စက ကျွန်တော်စားချင်တာကို မကျွေးလို့ စိတ်ဆိုးပြီး တစ်ယောက်တည်း နေချင်တယ် ပြောလိုက်မိတာ ဦးမြတ်ထွက်သွားပေးတယ်၊ ပြန်လည်း လာမချော့သေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော် ဟိုတွေးဒီတွေးဖြစ်ပြီး အစ်ကိုတည့်ကို အိမ်ထောင်သည်ဘဝအကြောင်း မေးဖြစ်တာ"

သူ့စကားအဆုံးမှာ မင်းတည်ကြည်က တစ်ခုခုကို လေးလေးနက်နက် တွေးဆသည့်ပုံ ပေါက်သွားသည်။

"အစ်ကို သေချာပြန်မေးမယ်နော်၊ ခင်‌ဗျားလေးတို့နှစ်ယောက်မှာ ခင်ဗျားလေးကပဲ အလိုက်လိုက်ခံရသူ၊ ခင်ဗျားလေးရဲ့ ဦးမြတ်က ခင်ဗျားလေး ဘာလုပ်လုပ် ဘာဆိုဘာမှ မပြောဘဲ အပြစ်မမြင်ဘူး အဲ့လိုလား"

"ဟုတ်တယ်၊ ကျွန်တော် ပြဿနာတစ်ခုခုဖြစ်ရင်တောင် ဦးမြတ်ကပဲ လိုက်ရှင်းပေးတာ"

"ခင်ဗျားလေးတို့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အမှားကို အစ်ကိုရှာတွေ့သွားပြီထင်တယ်"

"ကျွန်တော်တို့ကြားမှာ အမှားရှ်ိနေတာလား"

"အပေးအယူမမျှတဲ့အမှား၊ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရာမှာ နားလည်မှု၊ ယုံကြည်မှုဆိုတာတွေကို လိုအပ်သလိုမျိုး အပေးအယူမျှဖို့ဆိုတာလည်း လိုအပ်တယ်၊ တစ်ယောက်ကပဲ ပေးပြီး တစ်ယောက်ကပဲ ယူလို့မရဘူးလေ၊ အပြန်အလှန်ဆိုတာ ရှိရတယ်၊ အခု ခင်ဗျားလေးတို့က အဲ့လိုမရှိဖြစ်နေတာ၊ တစ်ဖက်တည်းတွေ သွားနေတော့ ရေရှည်ဆိုရင် မမျှော်လင့်တဲ့ ပြဿနာတွေတောင် ဖြစ်လာနိုင်တယ်"

အာကာလင်းသန့် ထိုစကားများနှင့် ဆက်စပ်ပြီး သူနှင့် ပိုင်မြင့်မြတ်ကျော် အခြေအနေကို သေချာပြန်ဆန်းစစ်ဖို့လိုကြောင်း သိသွားရသည်။

"ကဲ၊ အစ်ကို သွားတော့မယ်၊ အစ်ကိုပြောတာကို ခင်ဗျားလေး သေချာပြန်စဉ်းစားကြည့်ပေါ့"

မင်းတည်ကြည်ပြောသွားသလို သူတို့နှစ်ယောက်ကြားက အချစ်ခရီးလမ်း စစဉ်ကတည်းက အခုအချိန်အထိ အဖြစ်အပျက် တစ်ခုချင်းစီကို ခေါင်းအေးအေးထားပြီး စဉ်းစားမိသည်။ မင်းတည်ကြည်ရဲ့ စကားများကို သူလက်ခံသည်။ သူကချည်းပဲ အယူများခဲ့သည်။ ပိုင်မြင့်မြတ်ကျော်နဲ့ မဆိုင်သည့် သူ့ကိစ္စတွေကိုလည်း သူကိုယ်တိုင် မဖြေရှင်းဘဲ ပိုင်မြင့်မြတ်ကျော်ကိုသာ ကိုယ်စား‌ဖြေရှင်းပေးရန်ခေါင်းပုံချသည်။ သူ့အတွက်ပဲ အချိန်ပြည့်ရှိနေပေးတာကိုပဲ အတ္တကြီးစွာ လိုချင်သေးသည်။ ပိုင်မြင့်မြတ်ကျော်က နည်းနည်းလေး ဆုံးမမိရင်တောင် မကြိုက်ကြောင်းပြောသည်။ ပိုင်မြင့်မြတ်ကျော်ရဲ့ လူမှုရေးအရ ဆက်ဆံရမှုများကိုလည်း ကလေးဆန်စွာ စိတ်ဆိုးခဲ့၏။ အလုပ်မအားလို့ ဂရုမစိုက်ပေးနိုင်တာတွေကိုလည်း နားမလည်ပေးခဲ့။ စဉ်းစားလေ သူ့အပြစ်တွေက ပိုပိုတိုးလာလေပင်။

အနာဂတ်မှာ ဘာပြဿနာမှ မရှိဘဲ အေးချမ်းစွာသာ ဖြတ်သန်းသွားချင်သည်။ ထို့အတွက်ကြောင့် ပျော်ရွှင်ဖွယ်ကောင်းပြီး အပြစ်အနာအဆာမရှိတဲ့ အချစ်ရေးကို ရရှိအောင် သူ့ရဲ့ မှားယွင်းမှုတွေကို ပြင်ရမည်။ မတော်တဆ ပြဿနာတွေတက်ပြီး ကွဲကွာရတာမျိုး မလိုလားပေ။ ဤအချိန်ကစပြီး တတ်နိုင်သမျှ ဆင်ခြင်ကာ နေထိုင်သွားတော့မည်။ ပိုင်မြင့်မြတ်ကျော်လည်း သူ့ကြောင့် ဝန်ထုပ်ဝန်ပိုး ဆိုတာမျိုး မရှိလာတော့ဘဲ ပေါ့ပေါ့ပါးပါးသာ ခံစားစေရမည်။ သူ့ကို အမြဲပျော်ရွှင်စေချင်သည့် ပိုင်မြင့်မြတ်ကျော်အား သူ့ဘက်က ပျော်ရွှင်မှုတွေ တန်ပြန်မဖန်တီးပေးခဲ့မိသော်ငြား လက်ရှိတွင်တော့ ထိုသို့ အဖြစ်မခံနိုင်၍ ပိုင်မြင့်မြတ်ကျော်အပေါ် ဝန်ပိစေတာမျိုးတွေ မလုပ်တော့ရန် ယတိပြတ် ဆုံးဖြတ်မိသည်။

🍀

"အစ်ကို ကျွန်တော် ဒီမှာထိုင်မယ်၊ ရလား"

ပိုင်မြင့်မြတ်ကျော် ထိုင်နေသည့် ခုံတန်းဆီသို့ မင်းတည်ကြည်က ရောက်လာပြီး သူ့အား‌ပြောသည်။

"ရပါတယ် တည်ကြည်ရ၊ မေးနေစရာတောင် မလိုဘူး"

"ဟုတ်ကဲ့ ၊ ဒါနဲ့ ကျွန်တော် အစ်ကို့ကို တစ်ခု အကြံပေးချင်တယ်၊ ကျွန်တော့်ကို ဘယ်လိုမှ မအောက်မေ့နဲ့"

"ဘာများလဲ တည်ကြည်"

"အစ်ကိုနဲ့ လင်းသန့်တို့အကြောင်းကို လင်းသန့်ဆီက ကျွန်တော်ကြားလာတယ်၊ ကျွန်တော့်ကို သူသိချင်တာမေးရင်းကနေ ကြားခဲ့တာ၊ ကျွန်တော့်အမြင်ကို သူ့ကိုပြောခဲ့ပြီးပြီ၊ အစ်ကိုတို့ကိစ္စက တစ်ယောက်တည်း ပြင်လိုက်လို့ မရဘူးလေ၊ နှစ်ယောက်လုံးပြင်ရမှာ၊ ဒါကြောင့်မို့ ကျွန်တော်အစ်ကို့ဆီလာလိုက်တာ"

"အင်း၊ ဆက်ပြောပါဦး"

မင်းတည်ကြည် စကားဆက်ပြောနိုင်စေရန် လမ်းဖွင့်ပေးလိုက်သည်။

"အစ်ကိုတို့ကြားမှာ တစ်ခုခုလွဲနေတယ်လို့ အစ်ကိုမြင်လား"

"လွဲတာ မြင်လည်းမြင်တယ်၊ သိလည်းသိတယ်၊ ဒါပေမဲ့ ဘယ်အကြောင်းအရာက ဘယ်လိုလွဲနေမှန်းတော့ မသိဘူး၊ အစ်ကို သန့်အပေါ်မှာ သူပျော်ရွှင်အောင် အလိုလိုက်တယ်၊ သန့်ကို စိတ်တိုမိတာမျိုးရှိရင်တောင် တစ်ယောက်တည်း မြိုသိပ်တယ်၊ တချို့အချိန်တွေ အစ်ကို့ဘက်က အဆင်မပြေတာတောင်မှ သန့်ကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ဘူး၊ သန့်အတွက်ပဲ အရာရာ ဦးစားပေးတယ်၊ ဒါတွေက အစ်ကို အလုပ်များလာတော့ သန့်ကို အချိန်မပေးနိုင်ဖြစ်ပြီး သန့်နဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့နေ့ရောက်လာရော၊ ရန်ဖြစ်ကြတာ သန့် ကိုမာ မဝင်ခင် ညနေကပေါ့၊ အဲ့ညနေတုန်းက အစ်ကိုတို့ကြားမှာ တစ်ခုခုတော့ ဖုထစ်နေခဲ့တယ်ဆိုတာ သိခဲ့ရတယ်၊ သိနေပေမယ့် ဘယ်အကြောင်းအရင်းကို မြစ်ဖျားခံပြီး အဖုအထစ်ဖြစ်လာမှန်း မသိတာ"

"အစ်ကိုပြောတဲ့အထဲမှာ ကျွန်တော် နားထောင်ရသလောက် အဖြေပါသွားပြီ၊ အစ်ကိုက လင်းသန့်ကို စိတ်မဆိုးစေချင်တော့ အမြဲပျော်အောင် ဘာကိုမဆို လိုက်လျောပေးနေတာကိုက စပြီး အဆင်မပြေဖြစ်လာတာ၊ လူနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ချစ်ဖို့က နည်းမှန်လမ်းမှန်ဖြစ်ဖို့လိုတယ်၊ တစ်ဖက်စောင်းနင်းမဖြစ်ရဘူး"

အတန်ကြာ တွေးတောပြီးသည့်နောက် အာကာလင်းသန့်ရဲ့ အခန်းဆီကို သူပြန်သည်။ မင်းတည်ကြည်သာ အကြံမပေးခဲ့ရင် သူဘယ်အချိန်အထိ ဆက်မှားနေမည်မသိ။ အမှားကို စောစီးစွာသိရသည့်အတွက် တော်သေးသည်ဟု ပြောရမည်။

"ဦးမြတ်"

တံခါးဖွင့်လိုက်သည်နှင့် အာကာလင်းသန့်က သူ့ကို လှမ်းခေါ်သည်။

"ဒီကို မြန်မြန်လာ"

အာကာလင်းသန့် ပြောသည့်အတိုင်း မြန်မြန်သွားပြီး ကုတင်ဘေးက ခုံလေးတွင် ထိုင်ရန် ဟန်ပြင်သည်။ အာကာလင်းသန့်က သူ့လက်ကို လှမ်းဆွဲပြီး မထိုင်စေချင်သည့်ပုံဖြင့် ဟန့်တား၏။

"မထိုင်နဲ့၊ မတ်တပ်ပဲရပ်နေ၊ ကျွန်တော်ဖက်ချင်လို့"

ပြောသလို ရပ်နေတော့ သူ့ခါးကို ချက်ချင်း လက်နှစ်ဖက်က ဖက်တွယ်လာသည်။ သူလည်း ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

"ကျွန်တော်မှားပါတယ် ဦးမြတ်၊ နောက်ဆို ကိစ္စသေးသေးလေးတွေက စပြီး စိတ်မဆိုးမိအောင် ကျွန်တော် နေပါ့မယ်၊ ပြီးတော့ ဦးမြတ်ကို အရမ်းချစ်တယ်"

"ကိုယ်လည်း သန့်ကို အရမ်းချစ်တယ်"

ပြောပြီးပြီးချင်း အာကာလင်းသန့်ရဲ့ ခေါင်းလေးပေါ်သို့ အနမ်းနုနုကြွေကျစေသည်။ သူတို့နှစ်ယောက်လုံးရဲ့ အချစ်တွေက ခြောက်ပြစ်ကင်းတဲ့အထိ မဟုတ်ရင်တောင် အနာအဆာတွေကင်းဝေးသွားတော့မည်မှာ ဧကန်မုချ။

🍀

(Zawgyi)

အာကာလင္းသန႔္ ေဆးရံုမွ ဆင္းခြင့္မရေသးဘဲ ေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ေနရဆဲျဖစ္သည္။ သူ႔ကို မိသားစုေတြကလည္း အားတိုင္းလာၾကၫ့္တတ္သလို၊ စြမ္းရည္ထက္ကလည္း သူ႔ဆီ ေရာက္လာတတ္သည္။ ထြန္းလင္းသီဟကေတာ့ ျမန္မာႏိုင္ငံတြင္မရိွဘဲ ႏွစ္ပတ္တစ္ခါ စြမ္းရည္ထက္ဆီ ျပန္လာမွ လာေတြ့သည္။ သူ႔အနားတြင္ ဒိုင္ခံရိွေပးသူက ပိုင္ျမင့္ျမတ္ေက်ာ္သာလ်ွင္ျဖစ္သည္။

အလုပ္မသြားခင္ မနက္ပိုင္း ခဏလာၿပီးမွ အလုပ္ကိုသြားၿပီး အလုပ္ဆင္းခ်ိန္ဆိုတာႏွင့္လည္း ေရာက္လာကာ ည(၉)နာရီခြဲမွသာ ျပန္ၿမဲအတိုင္းျပန္ျဖစ္၏။ အလုပ္ပိတ္ရက္ဆိုရင္ေတာ့ သူ႔ေဘးမွာ တစ္ေန့လံုး အခ်ိန္ကုန္သည္။ လမ္းေကာင္းေကာင္း ျပန္ေလ်ွာက္ႏိုင္ဖို႔ ခက္ခဲသၫ့္ ေလ့က်င့္ခန္းေတြကို လုပ္ရသၫ့္အခ်ိန္မွာ ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔အတြက္ အားျဖစ္ေစခဲ့သည္။

ေဆးရံုတက္ေနစဉ္အတြင္း ပါးႏွင့္မားဆီက သူနဲ႔ပိုင္ျမင့္ျမတ္ေက်ာ္ကို ခြင့္ျပဳေၾကာင္းၾကားခ်ိန္ ဝမ္းသာ၍ မ်က္ရည္စို႔မိရသည္။ မားတို႔အား ေျပာမွားဆိုမွား ရိွတာေတြကို မွားသည္ဆိုတာ ဖြင့္ဟေတာ့ မားတို႔က ၾကည္ျဖဴစြာဘဲ အျပစ္မျမင္ ခြင့္လႊတ္ေပးသည္။ သူ ကိုကို႔ကိုေတာ့ ျပန္မေတာင္းပန္ရေသးေပ။ ကိုကို႔ကိုလည္း သူလုပ္ခဲ့တာကို ဝန္ခ်ၿပီး ေတာင္းပန္ခ်င္၏။ ကိုကိုက နားရက္မဟုတ္ေသး၍ သူ႔ဆီ မလာႏိုင္အားေသး။ ဒီေန့ေတာ့ ဂ်ူတီနား၍ လာမည္ဟု ဖုန္းလွမ္းဆက္ၿပီး ေျပာသည္။ ထို႔ေၾကာင့္ ကိုကို႔အား သူ႔မွာ ေမ်ွာ္ေနမိသည္။

တျခားသူေတြေတာ့ မည္သို႔ေနသည္မသိ။ သူကေတာ့ ေဆးရံုကုတင္ေပၚမွာပဲ ေနရတာ ေတာ္ေတာ္ေလးကို ရိုးအီၿပီး ပ်င္းေနေလၿပီ။ သူ႔အခန္းထဲမွာ ေန့ဘက္ဆို လူတစ္ေယာက္မဟုတ္ တစ္ေယာက္ႏွင့္ ဆူညံေနေသာ္လည္း နာရီပိုင္းမ်ွသာျဖစ္၏။ ထိုအခ်ိန္ေတြႏွင့္ ပိုင္ျမင့္ျမတ္ေက်ာ္ ေနေပးသၫ့္အခ်ိန္ကလြဲၿပီး က်န္သၫ့္အခ်ိန္ေတြက ပ်င္းေျခာက္ေျခာက္ႏွင့္။ တီဗြီကို ၾကၫ့္ေလ့ရိွသၫ့္သူ မဟုတ္ျပန္ေတာ့ အခန္းတြင္းရိွ တီဗြီမွာ ညအိပ္ေစာင့္ေပးသၫ့္ လူနာေစာင့္ေကာင္ေလး အတြက္သာ ျဖစ္ေနသည္။ စာအုပ္ ဖတ္ရေအာင္ကလည္း သူကိုယ္တိုင္က စာဖတ္ပ်င္းျပန္သည္။ ဤအေျခအေနေတြေၾကာင့္ အာကာလင္းသန႔္မွာ အေတာ္ ခြက်သၫ့္ အခိုက္အတန႔္ေတြကို စိတ္မပါစြာ ျဖတ္သန္းရေတာ့၏။

တံခါးဖြင့္သံၾကား၍ သူ လွမ္းၾကၫ့္လိုက္သည္။

"ကိုကိုပါလား၊ ကြၽန္ေတာ္ ကိုကိုမလာေသးရင္ ျမန္ျမန္လာလို႔ ဖုန္းဆက္‌ၿပီးေတာင္ ေျပာေတာ့မလို႔"

"ေလသံကေတာ့ မခံမရပ္ႏိုင္ေအာင္ ပ်င္းေနတဲ့ ပံုပဲ၊ ဒီမွာေလကြာ၊ မင္းေယာက္ဖက မင္းတူကိုပါ ေခၚလာခ်င္တယ္ဆိုလို႔ ၾကာေနတာ"

အာကာလင္းသန႔္ ကိုကို႔ေဘးက ကိုခြန္းကို ၾကၫ့္လိုက္သည္။ ကိုခြန္းလက္ထဲတြင္ ခ်စ္ဖို႔ေကာင္းသၫ့္ ကေလးေလးတစ္ေယာက္ ပါလာသည္။ ထိုကေလးက သူ႔ကို ခ်ိဳသာေသာ မ်က္ႏွာေလးျဖင့္ ၾကၫ့္ၿပီး ကိုခြန္းဆီကေန သူ႔ဆီလာခ်င္လို႔ လက္ဆန႔္ေနသည္။ တုတ္တုတ္ေဖာင္းေဖာင္းႀကီးျဖစ္ေနေသာ ကေလးေလးကို သူ အသည္းေတြ တယားယားျဖစ္လာေလ၏။

မ်က္ႏွာခ်ိဳလိုက္တဲ့ဟာေလး။

စိတ္ထဲမွေန အာကာလင္းသန႔္ မွတ္ခ်က္ျပဳလိုက္သည္။

"ၿငိမ္ၿငိမ္ေနေလ သားရဲ့၊ ဦးငယ္က သားကို မခ်ီႏိုင္ေသးဘူး"

ကိုခြန္းက သားျဖစ္သူကို ေခ်ာ့ေျပာေနရွာသည္။ သို႔ေသာ္ ကေလးက ကိုခြန္းေျပာသလို မၿငိမ္ဘဲ သူ႔ဆီကိုသာ လာခ်င္သၫ့္ပံု ျဖစ္ေနေသး၏။ ကေလး စိတ္မေကာင္းဘဲ ငိုသြားမွာစိုးလို႔ သူေခၚလိုက္ရန္ ဆံုးျဖတ္သည္။

"ကြၽန္ေတာ့္ေဘးမွာ သူစိတ္ေက်နပ္သြားေအာင္ လာခ်ေပးလိုက္ပါလား ကိုခြန္း"

ကေလး လြတ္လပ္စြာထိုင္ရန္ ေဘးဘက္သို႔ တိုးကာ ကေလးအတြက္ ေနရာဖယ္ေပးသည္။

ကိုခြန္းလာခ်ေပးေတာ့ မ်က္ႏွာခ်ိဳေလးက သူ႔ေဘးနားတြင္ ၿငိမ္သက္စြာ ထိုင္သည္။ ကေလး ေညာင္းရင္ မွီလို႔ရေအာင္ သူ႔ေခါင္းအံုးကိုလည္း ကေလးဘက္တြင္ ထား,ထားေပး၏။

"ဘယ္ႏွစ္လရိွသြားၿပီလဲ၊ နာမည္ကေရာ"

"နာမည္အရင္းက အာကာခြန္းျပၫ့္၊ ကိုကိုတို႔ ညီအစ္ကိုရဲ့ အာကာမ်ိဳးရိုးကို မေပ်ာက္ပ်က္ေအာင္ရယ္ ခြန္းေလး နာမည္ပါေအာင္ရယ္ မွၫ့္ထားတာ၊ အိမ္ေခၚနာမည္ကေတာ့ ကာကာလို႔ပဲ ေခၚတယ္၊ အသက္က‌ေတာ့(၁၀)လ၊ခြန္းေလးက မင္းတူကို မင္းနဲ႔ မိတ္ဆက္ေပးခ်င္ေနတာေလ၊ ကာကာ့ကို ကိုယ္ဝန္လြယ္ထားတုန္းကပဲ ကိုကိုနဲ႔မင္းဆီ လာၾကၫ့္ခဲ့ရတာ၊ ေမြးၿပီးသြားေတာ့လည္း ငယ္ေသးလို႔ မေခၚလာျဖစ္နဲ႔ အခုမွပဲ တူအရီးႏွစ္ေယာက္ ေတြ့ရေတာ့တယ္"

"ကိုယ္ဝန္လြယ္ထားတုန္းကဆိုေတာ့ ဘာလဲကိုကိုရဲ့၊ ကြၽန္ေတာ္ နားမရွင္းဘူး၊ ကိုခြန္း စိတ္မရွ္ိနဲ႔ေနာ္"

"ခြန္းေလး ကိုယ္တိုင္ပဲ ရွင္းျပမလား"

ကိုခြန္းက ေခါင္းညိတ္သည္။

"ဒီလိုေလ လင္းသန႔္၊ ကာကာ့ကို ကိုခြန္းကိုယ္တိုင္ ကိုယ္ဝန္ေဆာင္ၿပီး ေမြးခဲ့တာ"

"ဗ်ာ၊ ေယာက်ာ္းေလးက ဘယ္လိုလုပ္ ကိုယ္ဝန္ေဆာင္"

သူ႔ရဲ့ အလြန္အမင္း အံ့ဩသြားပံုကို ကိုခြန္းက နားလည္သၫ့္ပံုစံျဖင့္ ၿပံဳးကာ တံု႔ျပန္သည္။

"အခုေခတ္က ေဆးပညာေတြ ေတာ္ေတာ္ေလးကို တိုးတက္ေနၾကၿပီေလ၊ ကိုခြန္းတို႔လို လိင္တူအမ်ိဳးသား စံုတြဲေတြအတြက္ ကေလးလိုခ်င္တယ္ဆိုရင္ အငွားကိုယ္ဝန္နဲ႔ ယူလို႔ရသလို ကိုယ္တိုင္ ကိုယ္ဝန္ေဆာင္ၿပီးလည္း ယူလို႔ရတယ္၊ ေရြးခ်ယ္စရာႏွစ္မ်ိဳးရိွတာေပါ့၊ ကိုခြန္းက်ေတာ့ ကိုခြန္းတို႔ႏွစ္ေယာက္ရဲ့ ေသြးသားစစ္စစ္ကိုပဲလိုခ်င္လို႔ ဒီနည္းေရြးခဲ့တာ"

"ဪ"

အာကာလင္းသန႔္ သူ႔အေရ႔ွက ကိုကိုနဲ႔ကိုခြန္းအား ဘယ္လိုမ်က္ႏွာျပရမည္ မသိ‌ေတာ့။ သူအတိတ္မွာ ကိုကိုတို႔ရဲ့ အသိုက္အၿမံဳေလးကို ကိုယ္ခ်င္းမစာဘဲ ၿဖိဳခြဲပစ္ႏိုင္ေလာက္တဲ့အထိ လုပ္ခဲ့မိသည္။ သူ႔ရဲ့ အငံု႔စိတ္တစ္ခုေၾကာင့္ အခန႔္မသင့္ရင္ ကိုကိုတို႔ႏွစ္ေယာက္ တစ္ကြဲတစ္ျပား ျဖစ္ခဲ့ၾကႏိုင္သည္။ သူဟာ မားတို႔ကို စိတ္ဆိုးတာ တစ္ခုနဲ႔ပဲ ကိုကိုနဲ႔ကိုခြန္းကို ေခ်ာက္ခ်ပစ္ခဲ့သည္။ အဆံုးစြန္ထိ မေကာင္းခဲ့တာပါလား။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

ကိုကိုတို႔က သူ႔ကို ၾကၫ့္လာၾကသည္။ ကိုကိုတို႔ရဲ့ မ်က္ႏွာကို သူ ေစ့ေစ့ျပန္မၾကၫ့္ရဲပါ။

"မားတို႔ကို ကိုကိုတို႔ႏွစ္ေယာက္ လက္ထပ္ထားတဲ့အေၾကာင္း သတင္းေပးခဲ့တာ ကြၽန္ေတာ္ပါ၊ ဒါေၾကာင့္"

ကိုကိုက သူ႔အနားကို ေရာက္လာသည္။

"ကိုကိုသိတယ္"

ကိုကို႔အား သူနားမလည္သလို ၾကၫ့္မိသြား၏။

"ကိုကို ဘယ္လိုမွလည္း စိတ္ထဲမထားဘူး၊ ကိုကို႔လိုပဲ ခြန္းေလးကလည္း အျပစ္မတင္ဘူး၊ ေရ႔ွေလ်ွာက္ ကိုကိုတို႔ကို အားနာစိတ္လည္း မျဖစ္နဲ႔၊ မေကာင္းတဲ့လူလို႔လည္း ကိုယ့္ကိုကိုယ္ မသတ္မွတ္နဲ႔၊ ကိုကို႔ညီေလးကို ခြင့္လႊတ္တာေၾကာင့္ ဘာမွေတြးမေနနဲ႔၊ ေနျမန္ျမန္ေကာင္းေအာင္ပဲ ႀကိဳးစား၊ ဟုတ္ၿပီလား"

ကိုခြန္းကို ၾကၫ့္လိုက္ျပန္ေတာ့ သူ႔ကို ေနြးေထြးစြာ ၿပံဳးျပလာသည္။ မ်က္ဝန္းေတြထဲမွာလည္း သူ႔အေပၚ အျပစ္တင္စိတ္၊ မေက်နပ္စိတ္မ်ား စိုးစဉ္းမ်ွ မရိွစြာ။

"ကြၽန္ေတာ့္လို မေကာင္းတဲ့သူကို ဘာလို႔ အကုန္လံုးက အျပစ္မျမင္ၾကရတာလဲဗ်ာ၊ ကြၽန္ေတာ္က အားလံုးအတြက္ ဆိုးသြမ္းခဲ့တာကို၊ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဒီခြင့္လႊတ္မႈေတြနဲ႔ ထိုက္တန္ရဲ့လားေတာင္ မသိေတာ့ဘူး"

သူငိုခ်လိုက္ပါသည္။ သူက သူ႔ပတ္ဝန္းက်င္ရိွ လူသားေတြရဲ့ ခ်စ္ေပးမႈနဲ႔ မထိုက္တန္သၫ့္ လူလို႔ပဲ ထင္မိေတာ့သည္။

"ထိုက္တန္တာေပါ့ ကိုကို႔ညီေလးရယ္၊ မင္းနဲ႔ တကယ္ထိုက္တန္တာမို႔ မငိုနဲ႔"

သူ႔ကို မငိုဖို႔ ေျပာလာသၫ့္ ကိုကိုကလည္း သူ႔ေၾကာင့္ စိတ္မေကာင္း၍ထင္ ငိုသံပါႏွင့္ ျဖစ္ေနသည္။ ကိုခြန္းက သူ႔ကိုၾကၫ့္လိုက္ ကိုကို႔ကိုၾကၫ့္လိုက္ႏွင့္ မည္သူ႔ကို အရင္ေဖ်ာင္းဖ်ရမည္မသိသၫ့္ပံု။ ထိုစဉ္ သူ႔ရဲ့ ေပါင္ေပၚသို႔ လက္ေသးေသးေလးတစ္ဖက္ ေရာက္လာသည္။ လက္ပိုင္ရွင္ေလးကေတာ့ ကာကာသာလ်ွင္။ ကာကာ့ရဲ့ မ်က္ဝန္းေလးေတြကတစ္ဆင့္ သူ႔ကို မငိုနဲ႔ဟု တားေနသၫ့္ အရိပ္အေယာင္ေတြ ဖတ္မိသည္။ အာကာလင္းသန႔္ ၿပံဳးကာ မ်က္ရည္ေတြသုတ္ၿပီး အငိုတိတ္ေတာ့၏။ သူအငိုတိတ္ၿပီးခ်ိန္ ကာကာက အေဖျဖစ္သူ ကိုကို႔ကို ခ်ီခိုင္းေနသည္။ ကိုကိုကလည္း သူ႔သားကို ခ်က္ခ်င္း ေကာက္ခ်ီ၏။

"ၿပံဳး"

ကိုကို႔လက္ထဲေရာက္သြားခ်ိန္ ကိုကို႔ကိုၾကၫ့္ၿပီး ကာကာက စကားေျပာသည္။ ကိုကိုနဲ႔ကိုခြန္းက ကာကာ့ေၾကာင့္ ေပ်ာ္ရႊင္သြားၾကသလို။

"ကို ကို႔သား စကားစေျပာတာ ဟုတ္တယ္မလား၊ ၾကားလိုက္တယ္မလား"

ခြန္းဝဏၰက အာကာမင္းခန႔္လည္း ၾကားလိုက္ေၾကာင္း အတည္ျပဳရန္ ေမးသည္။

"ဟုတ္တယ္ ခြန္းေလး၊ သား စကားေျပာလိုက္တာ၊ ေျပာတာကလည္း အေဖေတြ သင္ေပးထားတဲ့ စကားေတြ မဟုတ္ဘူး၊ 'ၿပံဳး'တဲ့၊ ဒီေကာင္ကေတာ့၊ လင္းသန႔္၊ မင္းတူကို ေတြ့တယ္မလား၊ တကယ့္ေကာင္ကြာ"

ကာကာ စကားေျပာလိုက္ျခင္းသည္ အာကာလင္းသန႔္ရဲ့ ဝမ္းနည္းေနသၫ့္ စိတ္ေတြကို ေလထဲတြင္ ပါသြားေအာင္ စြမ္းေဆာင္လိုက္သကဲ့သို႔ ေပ်ာက္ပ်က္ကုန္ေတာ့သည္။ ကိုကိုတို႔မွာလည္း သားျဖစ္သူကို ခ်စ္မဝေတြ ျဖစ္ကုန္ၾက၏။ ကာကာ‌ကေတာ့ အနာဂတ္မွာ အၿမဲတမ္းၿပံဳးရႊင္ေနသၫ့္ အၿပံဳးမင္းသားေလးတစ္ပါးအျဖစ္ သူတို႔မိသားစုရဲ့ အခ်စ္ေတြကို ယူဦးမွာ မလြဲမေသ။

🍀

အခ်ိန္မွန္ဆိုသၫ့္အတိုင္း ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ ေရာက္လို႔လာပါသည္။ ထူးျခားတာက ၿမိဳင္သစၥာတို႔ လင္မယားပါ ထူးႏွင့္ဆူးကို ေခၚၿပီး ေရာက္လာၾကသည္။ ပ်င္းေျခာက္ေျခာက္ဟု ခံစားေနရ၍မ်ား ကံၾကမၼာက ဖန္တီးေပးျခင္းလားမသိ။ ဒီေန့မွပဲ အာကာလင္းသန႔္ဆီသို႔ ကေလးေတြ တစ္ရက္တည္း လာၾကၫ့္၏။ ထူးႏွင့္ဆူး ညီအစ္မက ကိုကို႔အတြက္ဆိုၿပီး ဟမ္ဘာဂါကို သူတို႔စိတ္ႀကိဳက္‌ ေရြးဝယ္လာၾကသည္။ ထူးေလးက ႀကီးေကာင္ဝင္သၫ့္အရြယ္ေရာက္သြားလို႔ ထင္၏။ အရင္ကေလာက္ မဟုတ္ေတာ့ဘဲ စကားေတြလည္း သိပ္မေျပာ။ ဆူးကေတာ့ ကေလးပီပီ သူ႔ကို ကပ္ခြၽဲတုန္း။ မိသားစုေလးေယာက္ တစ္နာရီေလာက္ေနၿပီးမွ အိမ္ျပန္သြားၾကသည္။

အာကာလင္းသန႔္ ထိုအခါမွ ကေလးေတြယူလာေပးသၫ့္ ဟမ္ဘာဂါကို စိတ္လိုလက္ရ စားရန္ ဟန္ျပင္၏။ Junk Food အႏြယ္ဝင္ ဟမ္ဘာဂါသည္လည္း အာကာလင္းသန႔္အတြက္ ဘယ္ေတာ့မွ ရိုးမသြား။ အရသာ မျမည္းရေသးဘဲ ျမင္ေနရတာႏွင့္ကို တံေတြးၿမိဳခ်မိေစသည္။

"သန႔္ မစားရဘူးေနာ္"

"ဦးျမတ္ကလည္း တစ္ကိုက္ပဲ စားမွာ"

"တစ္ကိုက္လည္းမရဘူး၊ တၫ့္လား မတၫ့္လား မသိဘဲနဲ႔ မစားရဘူး၊ ကိုယ္စိတ္မခ်ဘူး"

လက္ထဲက ဟမ္ဘာဂါကို ဆြဲယူကာ ပိုင္ျမင့္ျမတ္ေက်ာ္ ထသြားသည္။ ဟမ္ဘာဂါ ဘဝကေတာ့ သနားဖို႔ေကာင္းစြာ အမိႈက္ပံုးထဲ ေရာက္သြားေလေတာ့၏။ ဆန္တစ္ေစ့ကအစ တန္ဖိုးရိွသည္လို႔ ခံယူသၫ့္အေလ်ာက္ အမိႈက္ပံုးထဲမွာ အလဟႆျဖစ္သြားရေသာ ဟမ္ဘာဂါအတြက္ အာကာလင္းသန႔္ စိတ္မေကာင္းပါ။

"ဒါဆို ကိုလာေသာက္လို႔ရလား ဦးျမတ္၊ ကြၽန္ေတာ္ အရမ္းေသာက္ခ်င္ေနလို႔"

"မေသာက္ရဘူး၊ သန႔္ တစ္ခုခုေသာက္ခ်င္ရင္ အိုဗာတင္းေသာက္"

"ကြၽန္ေတာ္မွ မႀကိဳက္တာ၊ ကြၽန္ေတာ္ ကိုလာပဲ ေသာက္ခ်င္တယ္"

"ဒါေပမဲ့ အခုမေသာက္နဲ႔ေလ၊ သန႔္အတြက္ တၫ့္မွာပဲ ေသာက္ပါကြာ"

"ဦးျမတ္ အရင္တုန္းကဆို ကြၽန္ေတာ္ပူဆာရင္ ခ်က္ခ်င္း လိုက္ေလ်ာၿပီး အခုဘာလို႔ ကြၽန္ေတာ္စားခ်င္ေသာက္ခ်င္ေနတာကို အလိုမလိုက္ရတာလဲ၊ ဦးျမတ္ ကြၽန္ေတာ့္ကို ဟိုဟာမလုပ္နဲ႔ ဒီဟာမလုပ္နဲ႔ဆိုၿပီး ခ်ဳပ္ခ်ယ္ေနတာလား"

"ကိုယ္ခ်ဳပ္ခ်ယ္တာ မဟုတ္ပါဘူး သန႔္ရယ္၊ သန႔္ကို ဘယ္လို အေၾကာင္းအရင္းနဲ႔မွ အထိခိုက္မခံႏိုင္လို႔ပါ"

"ဒီတစ္ရက္ေလးေတာ့ အလိုလိုက္ေပးပါလား"

"မရဘူး"

သူေျပာသမ်ွကို ဘူးခံၿပီးပဲ ျငင္းေနေတာ့ အာကာလင္းသန႔္ရဲ့ ျဖစ္ေနက်စိတ္က ျဖစ္ေပၚလာေတာ့သည္။ ခ်ဳပ္တည္းထားလို႔ မရေတာ့။

"ဦးျမတ္"

သူ႔ကို ပိုင္ျမင့္ျမတ္ေက်ာ္က 'ေျပာ'ဆိုသၫ့္ သေဘာျဖင့္ ေမးေငါ့ျပသည္။

"ဦးျမတ္ကို စိတ္ဆိုးတယ္"

"ဆိုးေနက်ပဲကို ဆိုးေပါ့"

"ကြၽန္ေတာ္ တစ္ေယာက္တည္း ေနခ်င္တယ္"

ပိုင္ျမင့္ျမတ္ေက်ာ္ သက္ျပင္းခ်မိသည္။

"အင္း၊ ကိုယ္အျပင္မွာ ခဏ သြားေနေပးမယ္"

ပိုင္ျမင့္ျမတ္ေက်ာ္ ထြက္သြားၿပီး ခဏအၾကာတြင္ မင္းတည္ၾကည္ ေရာက္လာသည္။ လုပ္စရာရိွတာေတြကို လုပ္ေနသၫ့္ မင္းတည္ၾကည္ရဲ့ ဘယ္ဘက္လက္သူႂကြယ္ရိွ လက္စြပ္ကို အၾကၫ့္ေရာက္သြားအခိုက္ သူသိခ်င္သၫ့္ ေမးခြန္းကို ထုတ္ေမးျဖစ္၏။

"အိမ္ေထာင္သည္ဘဝကေရာ ရန္ျဖစ္ရေသးလား၊ ၿပီးေတာ့ သဝန္တိုစိတ္ေတြေရာ ျဖစ္ေသးလား၊ ဒါမွမဟုတ္ ပိုၿပီးေပ်ာ္စရာေကာင္းလာတာလား အစ္ကိုတည္"

မင္းတည္ၾကည္ႏွင့္လည္း သူ ရင္းႏွ္ီးသင့္သေလာက္ ရင္းႏွီးေနေလၿပီ။ မင္းတည္ၾကည္က သူ႔လိုမ်ိဳးမဟုတ္ဘဲ ရင့္က်က္သၫ့္ အစ္ကိုတစ္ေယာက္ျဖစ္ၿပီး အိမ္‌ေထာင္သည္တစ္ေယာက္လည္း ျဖစ္ေနတာေၾကာင့္ သူေမးမိျခင္း။ သူ႔အ‌ေတြးထဲမွာ ခ်စ္သူဘဝပဲ ျဖစ္ေနေသးတာေၾကာင့္ ရန္ခဏ ခဏျဖစ္၍ စိတ္ဆိုးေနရတာမ်ားလား တဝဲလည္လည္ ေတြးမိေနသည္။

"ခင္ဗ်ားေလး ေမးတာကို ေျဖရရင္ ပိုေပ်ာ္စရာေကာင္းတာေတာ့မွန္တယ္၊ ကိုယ္ခ်စ္တဲ့သူနဲ႔ တစ္မိုးေအာက္တည္း တစ္ေနရာတည္းမွာ အခ်ိန္တိုင္းနီးနီးကပ္ကပ္ ေနလို႔ရတာကိုး၊ အိမ္ေထာင္သည္ျဖစ္သြားရင္လည္း ရန္ျဖစ္ရတာေတြက ရိွတာပါပဲ၊ ဒါေတြက ေရွာင္လႊဲလို႔မွမရတာ၊ ဒါေပမဲ့ တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈနဲ႔ တည္ေဆာက္ထားရင္ ရန္ျဖစ္ရတဲ့ အႀကိမ္အေရအတြက္က ထင္ထားတာထက္ ေတာ္ေတာ္ေလးကို နည္းတာေပါ့၊ သဝန္တိုတာလည္း အထိုက္အေလ်ာက္ရိွေသးတယ္၊ သဝန္တိုတယ္ဆိုတာက ခ်စ္စိတ္နဲ႔ အလႊာပါးေလးပဲ ျခားေတာ့ရိွၿမဲတိုင္းရိွေနတာေပါ့ေလ"

"အစ္ကိုတည္ေရာ အစ္ကိုတၫ့္အမ်ိဳးသားကို စိတ္အၿမဲဆိုးၿပီး ရန္ျဖစ္လား"

"ျဖစ္တာေပါ့ကြာ၊ အၿမဲတမ္းေတာ့ မဟုတ္ဘူး၊ တစ္ခါတေလ၊ ရန္ျဖစ္တယ္ဆိုေပမယ့္လည္း ခဏပါပဲ ဘာလို႔ဆိုေတာ့ အစ္ကိုတို႔ႏွစ္ေယာက္က ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ျပန္ေျပလည္တတ္ၾကလို႔"

"အစ္ကိုတည္နဲ႔ အဲ့အစ္ကိုက အသက္ဘယ္ေလာက္ကြာလဲ"

"ရြယ္တူပဲ"

"ဒါေၾကာင့္မို႔ထင္တယ္၊ ကြၽန္ေတာ္နဲ႔ ဦးျမတ္က်ေတာ့ အသက္အရမ္းကြာလို႔မ်ားလား"

မင္းတည္ၾကည္က သူ႔အား စူးစမ္းသလို ၾကၫ့္လာသည္။

"ခင္ဗ်ားေလးတို႔ ရန္ျဖစ္ထားလို႔လား၊ အစ္ကို႔ကို ေျပာၾကၫ့္ခ်င္လား၊ အစ္ကို ကူညီလို႔ရတာဆို ကူညီေပးမယ္"

"ရန္ျဖစ္ထားတယ္ဆိုတာထက္ ကြၽန္ေတာ့္ဘက္က တစ္ဖက္သတ္စိတ္ဆိုးတာဆို မွန္လိမ့္မယ္၊ အခုမွမဟုတ္ဘူး၊ ဦးျမတ္နဲ႔ တြဲစကတည္းက အခ်ိန္တိုင္း ကြၽန္ေတာ္ကပဲ စိတ္ဆိုးခဲ့တာ၊ ဦးျမတ္ကေတာ့ ကြၽန္ေတာ့္ကို အၿမဲတမ္းျပန္ေခ်ာ့ေနက်ေပါ့၊ ကြၽန္ေတာ္က ေတာ္ေတာ္ေလးဆိုးတယ္၊ ဒါကိုလည္း ဦးျမတ္က သည္းညည္းခံေပးတယ္၊ ကြၽန္ေတာ့္အေပၚဆို အလိုအရမ္းလိုက္တယ္၊ အျပစ္လည္း မျမင္ဘူး၊ ေျပာရရင္ အလိုလိုက္ခံရတာကို ကြၽန္ေတာ္က ေပ်ာ္ေနတာ၊ ဒီေန့ကိစၥက ကြၽန္ေတာ္စားခ်င္တာကို မေကြၽးလို႔ စိတ္ဆိုးၿပီး တစ္ေယာက္တည္း ေနခ်င္တယ္ ေျပာလိုက္မိတာ ဦးျမတ္ထြက္သြားေပးတယ္၊ ျပန္လည္း လာမေခ်ာ့ေသးဘူး၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဟိုေတြးဒီေတြးျဖစ္ၿပီး အစ္ကိုတၫ့္ကို အိမ္ေထာင္သည္ဘဝအေၾကာင္း ေမးျဖစ္တာ"

သူ႔စကားအဆံုးမွာ မင္းတည္ၾကည္က တစ္ခုခုကို ေလးေလးနက္နက္ ေတြးဆသၫ့္ပံု ေပါက္သြားသည္။

"အစ္ကို ေသခ်ာျပန္ေမးမယ္ေနာ္၊ ခင္‌ဗ်ားေလးတို႔ႏွစ္ေယာက္မွာ ခင္ဗ်ားေလးကပဲ အလိုက္လိုက္ခံရသူ၊ ခင္ဗ်ားေလးရဲ့ ဦးျမတ္က ခင္ဗ်ားေလး ဘာလုပ္လုပ္ ဘာဆိုဘာမွ မေျပာဘဲ အျပစ္မျမင္ဘူး အဲ့လိုလား"

"ဟုတ္တယ္၊ ကြၽန္ေတာ္ ျပႆနာတစ္ခုခုျဖစ္ရင္ေတာင္ ဦးျမတ္ကပဲ လိုက္ရွင္းေပးတာ"

"ခင္ဗ်ားေလးတို႔ ကိုယ္တိုင္ေတာင္ သတိမထားမိတဲ့ အမွားကို အစ္ကိုရွာေတြ့သြားၿပီထင္တယ္"

"ကြၽန္ေတာ္တို႔ၾကားမွာ အမွားရွ္ိေနတာလား"

"အေပးအယူမမ်ွတဲ့အမွား၊ လူႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကရာမွာ နားလည္မႈ၊ ယံုၾကည္မႈဆိုတာေတြကို လိုအပ္သလိုမ်ိဳး အေပးအယူမ်ွဖို႔ဆိုတာလည္း လိုအပ္တယ္၊ တစ္ေယာက္ကပဲ ေပးၿပီး တစ္ေယာက္ကပဲ ယူလို႔မရဘူးေလ၊ အျပန္အလွန္ဆိုတာ ရိွရတယ္၊ အခု ခင္ဗ်ားေလးတို႔က အဲ့လိုမရိျွဖစ္ေနတာ၊ တစ္ဖက္တည္းေတြ သြားေနေတာ့ ေရရွည္ဆိုရင္ မေမ်ွာ္လင့္တဲ့ ျပႆနာေတြေတာင္ ျဖစ္လာႏိုင္တယ္"

အာကာလင္းသန႔္ ထိုစကားမ်ားႏွင့္ ဆက္စပ္ၿပီး သူႏွင့္ ပိုင္ျမင့္ျမတ္ေက်ာ္ အေျခအေနကို ေသခ်ာျပန္ဆန္းစစ္ဖို႔လိုေၾကာင္း သိသြားရသည္။

"ကဲ၊ အစ္ကို သြားေတာ့မယ္၊ အစ္ကိုေျပာတာကို ခင္ဗ်ားေလး ေသခ်ာျပန္စဉ္းစားၾကၫ့္ေပါ့"

မင္းတည္ၾကည္ေျပာသြားသလို သူတို႔ႏွစ္ေယာက္ၾကားက အခ်စ္ခရီးလမ္း စစဉ္ကတည္းက အခုအခ်ိန္အထိ အျဖစ္အပ်က္ တစ္ခုခ်င္းစီကို ေခါင္းေအးေအးထားၿပီး စဉ္းစားမိသည္။ မင္းတည္ၾကည္ရဲ့ စကားမ်ားကို သူလက္ခံသည္။ သူကခ်ည္းပဲ အယူမ်ားခဲ့သည္။ ပိုင္ျမင့္ျမတ္ေက်ာ္နဲ႔ မဆိုင္သၫ့္ သူ႔ကိစၥေတြကိုလည္း သူကိုယ္တိုင္ မေျဖရွင္းဘဲ ပိုင္ျမင့္ျမတ္ေက်ာ္ကိုသာ ကိုယ္စား‌ေျဖရွင္းေပးရန္ေခါင္းပံုခ်သည္။ သူ႔အတြက္ပဲ အခ်ိန္ျပၫ့္ရိွေနေပးတာကိုပဲ အတၲႀကီးစြာ လိုခ်င္ေသးသည္။ ပိုင္ျမင့္ျမတ္ေက်ာ္က နည္းနည္းေလး ဆံုးမမိရင္ေတာင္ မႀကိဳက္ေၾကာင္းေျပာသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ လူမႈေရးအရ ဆက္ဆံရမႈမ်ားကိုလည္း ကေလးဆန္စြာ စိတ္ဆိုးခဲ့၏။ အလုပ္မအားလို႔ ဂရုမစိုက္ေပးႏိုင္တာေတြကိုလည္း နားမလည္ေပးခဲ့။ စဉ္းစားေလ သူ႔အျပစ္ေတြက ပိုပိုတိုးလာေလပင္။

အနာဂတ္မွာ ဘာျပႆနာမွ မရိွဘဲ ေအးခ်မ္းစြာသာ ျဖတ္သန္းသြားခ်င္သည္။ ထို႔အတြက္ေၾကာင့္ ေပ်ာ္ရႊင္ဖြယ္ေကာင္းၿပီး အျပစ္အနာအဆာမရိွတဲ့ အခ်စ္ေရးကို ရရိွေအာင္ သူ႔ရဲ့ မွားယြင္းမႈေတြကို ျပင္ရမည္။ မေတာ္တဆ ျပႆနာေတြတက္ၿပီး ကြဲကြာရတာမ်ိဳး မလိုလားေပ။ ဤအခ်ိန္ကစၿပီး တတ္ႏိုင္သမ်ွ ဆင္ျခင္ကာ ေနထိုင္သြားေတာ့မည္။ ပိုင္ျမင့္ျမတ္ေက်ာ္လည္း သူ႔ေၾကာင့္ ဝန္ထုပ္ဝန္ပိုး ဆိုတာမ်ိဳး မရိွလာေတာ့ဘဲ ေပါ့ေပါ့ပါးပါးသာ ခံစားေစရမည္။ သူ႔ကို အၿမဲေပ်ာ္ရႊင္ေစခ်င္သၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္အား သူ႔ဘက္က ေပ်ာ္ရႊင္မႈေတြ တန္ျပန္မဖန္တီးေပးခဲ့မိေသာ္ျငား လက္ရိွတြင္ေတာ့ ထိုသို႔ အျဖစ္မခံႏိုင္၍ ပိုင္ျမင့္ျမတ္ေက်ာ္အေပၚ ဝန္ပိေစတာမ်ိဳးေတြ မလုပ္ေတာ့ရန္ ယတိျပတ္ ဆံုးျဖတ္မိသည္။

🍀

"အစ္ကို ကြၽန္ေတာ္ ဒီမွာထိုင္မယ္၊ ရလား"

ပိုင္ျမင့္ျမတ္ေက်ာ္ ထိုင္ေနသၫ့္ ခံုတန္းဆီသို႔ မင္းတည္ၾကည္က ေရာက္လာၿပီး သူ႔အား‌ေျပာသည္။

"ရပါတယ္ တည္ၾကည္ရ၊ ေမးေနစရာေတာင္ မလိုဘူး"

"ဟုတ္ကဲ့ ၊ ဒါနဲ႔ ကြၽန္ေတာ္ အစ္ကို႔ကို တစ္ခု အႀကံေပးခ်င္တယ္၊ ကြၽန္ေတာ့္ကို ဘယ္လိုမွ မေအာက္ေမ့နဲ႔"

"ဘာမ်ားလဲ တည္ၾကည္"

"အစ္ကိုနဲ႔ လင္းသန႔္တို႔အေၾကာင္းကို လင္းသန႔္ဆီက ကြၽန္ေတာ္ၾကားလာတယ္၊ ကြၽန္ေတာ့္ကို သူသိခ်င္တာေမးရင္းကေန ၾကားခဲ့တာ၊ ကြၽန္ေတာ့္အျမင္ကို သူ႔ကိုေျပာခဲ့ၿပီးၿပီ၊ အစ္ကိုတို႔ကိစၥက တစ္ေယာက္တည္း ျပင္လိုက္လို႔ မရဘူးေလ၊ ႏွစ္ေယာက္လံုးျပင္ရမွာ၊ ဒါေၾကာင့္မို႔ ကြၽန္ေတာ္အစ္ကို႔ဆီလာလိုက္တာ"

"အင္း၊ ဆက္ေျပာပါဦး"

မင္းတည္ၾကည္ စကားဆက္ေျပာႏိုင္ေစရန္ လမ္းဖြင့္ေပးလိုက္သည္။

"အစ္ကိုတို႔ၾကားမွာ တစ္ခုခုလြဲေနတယ္လို႔ အစ္ကိုျမင္လား"

"လြဲတာ ျမင္လည္းျမင္တယ္၊ သိလည္းသိတယ္၊ ဒါေပမဲ့ ဘယ္အေၾကာင္းအရာက ဘယ္လိုလြဲေနမွန္းေတာ့ မသိဘူး၊ အစ္ကို သန႔္အေပၚမွာ သူေပ်ာ္ရႊင္ေအာင္ အလိုလိုက္တယ္၊ သန႔္ကို စိတ္တိုမိတာမ်ိဳးရိွရင္ေတာင္ တစ္ေယာက္တည္း ၿမိဳသိပ္တယ္၊ တခ်ိဳ႕အခ်ိန္ေတြ အစ္ကို႔ဘက္က အဆင္မေျပတာေတာင္မွ သန႔္ကို ဘယ္တုန္းကမွ ထုတ္မျပခဲ့ဘူး၊ သန႔္အတြက္ပဲ အရာရာ ဦးစားေပးတယ္၊ ဒါေတြက အစ္ကို အလုပ္မ်ားလာေတာ့ သန႔္ကို အခ်ိန္မေပးႏိုင္ျဖစ္ၿပီး သန႔္နဲ႔ အႀကီးအက်ယ္ရန္ျဖစ္တဲ့ေန့ေရာက္လာေရာ၊ ရန္ျဖစ္ၾကတာ သန႔္ ကိုမာ မဝင္ခင္ ညေနကေပါ့၊ အဲ့ညေနတုန္းက အစ္ကိုတို႔ၾကားမွာ တစ္ခုခုေတာ့ ဖုထစ္ေနခဲ့တယ္ဆိုတာ သိခဲ့ရတယ္၊ သိေနေပမယ့္ ဘယ္အေၾကာင္းအရင္းကို ျမစ္ဖ်ားခံၿပီး အဖုအထစ္ျဖစ္လာမွန္း မသိတာ"

"အစ္ကိုေျပာတဲ့အထဲမွာ ကြၽန္ေတာ္ နားေထာင္ရသေလာက္ အေျဖပါသြားၿပီ၊ အစ္ကိုက လင္းသန႔္ကို စိတ္မဆိုးေစခ်င္ေတာ့ အၿမဲေပ်ာ္ေအာင္ ဘာကိုမဆို လိုက္ေလ်ာေပးေနတာကိုက စၿပီး အဆင္မေျပျဖစ္လာတာ၊ လူႏွစ္ေယာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခ်စ္ဖို႔က နည္းမွန္လမ္းမွန္ျဖစ္ဖို႔လိုတယ္၊ တစ္ဖက္ေစာင္းနင္းမျဖစ္ရဘူး"

အတန္ၾကာ ေတြးေတာၿပီးသၫ့္ေနာက္ အာကာလင္းသန႔္ရဲ့ အခန္းဆီကို သူျပန္သည္။ မင္းတည္ၾကည္သာ အႀကံမေပးခဲ့ရင္ သူဘယ္အခ်ိန္အထိ ဆက္မွားေနမည္မသိ။ အမွားကို ေစာစီးစြာသိရသၫ့္အတြက္ ေတာ္ေသးသည္ဟု ေျပာရမည္။

"ဦးျမတ္"

တံခါးဖြင့္လိုက္သည္ႏွင့္ အာကာလင္းသန႔္က သူ႔ကို လွမ္းေခၚသည္။

"ဒီကို ျမန္ျမန္လာ"

အာကာလင္းသန႔္ ေျပာသၫ့္အတိုင္း ျမန္ျမန္သြားၿပီး ကုတင္ေဘးက ခံုေလးတြင္ ထိုင္ရန္ ဟန္ျပင္သည္။ အာကာလင္းသန႔္က သူ႔လက္ကို လွမ္းဆြဲၿပီး မထိုင္ေစခ်င္သၫ့္ပံုျဖင့္ ဟန႔္တား၏။

"မထိုင္နဲ႔၊ မတ္တပ္ပဲရပ္ေန၊ ကြၽန္ေတာ္ဖက္ခ်င္လို႔"

ေျပာသလို ရပ္ေနေတာ့ သူ႔ခါးကို ခ်က္ခ်င္း လက္ႏွစ္ဖက္က ဖက္တြယ္လာသည္။ သူလည္း ေခါင္းေလးကို ပုတ္ေပးလိုက္သည္။

"ကြၽန္ေတာ္မွားပါတယ္ ဦးျမတ္၊ ေနာက္ဆို ကိစၥေသးေသးေလးေတြက စၿပီး စိတ္မဆိုးမိေအာင္ ကြၽန္ေတာ္ ေနပါ့မယ္၊ ၿပီးေတာ့ ဦးျမတ္ကို အရမ္းခ်စ္တယ္"

"ကိုယ္လည္း သန႔္ကို အရမ္းခ်စ္တယ္"

ေျပာၿပီးၿပီးခ်င္း အာကာလင္းသန႔္ရဲ့ ေခါင္းေလးေပၚသို႔ အနမ္းႏုႏုေႂကြက်ေစသည္။ သူတို႔ႏွစ္ေယာက္လံုးရဲ့ အခ်စ္ေတြက ေျခာက္ျပစ္ကင္းတဲ့အထိ မဟုတ္ရင္ေတာင္ အနာအဆာေတြကင္းေဝးသြားေတာ့မည္မွာ ဧကန္မုခ်။

🍀

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
247K 39.9K 102
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
446K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
331K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်