နွေးထွေးမှုတို့လွှမ်းခြုံကာ(...

Galing kay reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... Higit pa

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 19

746 39 2
Galing kay reli_08

(Unicode)

တစ်နှစ်ခွဲကြာပြီးနောက်

"အဲ့လိုနဲ့ သန့်ရယ်၊ ဟိုနှစ်ယောက်က လူပျိုကြီး ရှေ့လည်းမရှောင် အချစ်စမ်းရင်း ရန်ထဖြစ်ကြတာ စွမ်းထက်က သူ့လက်ထဲက ပန်းကန်လုံးနဲ့ ထွန်းလင်းကို လှမ်းပေါက်တယ်လေ၊ ထွန်းလင်းကို မထိဘဲ လူပျိုကြီးကို သွားထိတယ်၊ လူပျိုကြီး ထိပ်ပေါက်သွားရှာတယ်၊ သူလည်းအခုမှ တူနှစ်ယောက်ရသလို ဖြစ်ပြီး အရင်ကထက်တောင် ပိုဆိုးနေသေးတယ်၊ သနားတော့လည်း သနားပါတယ်၊ ဪ ပြီးတော့ ရှိသေးတယ်၊ ကာကာလေးတောင် (၁၀)လပြည့်ခါနီးပြီ၊ သန့် နိုးလာရင် သန့်တူကို တွေ့ပါလိမ့်မယ်၊ ဒီကောင်က အရမ်းလည်တာ သန့်ရ၊ ပန်ကာ့ထိပ်က ဝက်အူလိုပဲ၊ တွေ့သမျှလူကိုလည်း ချစ်အောင် လုပ်တတ်တယ်၊ မျက်နှာကလည်း တော်တော်ချိုတာ၊ ဆရာသမားက ကြီးလာရင် လူကြီးတွေကို ရောင်းစားမယ် ထင်တယ်ကွာ"

အာကာလင်းသန့်ရဲ့ လက်ချောင်းလေးတွေကို ပိုင်မြင့်မြတ်ကျော် သူ့လက်နဲ့ နူးညံ့စွာ ကိုင်တွယ်ပြီး တိရိနေအောင် လက်သည်းညှပ်ပေးနေသည်။ နှုတ်မှလည်း အာကာလင်းသန့်ကို တဖွဖွနှင့် စကားပြောမပြတ်။ ဤသည်ကား သူ အာကာလင်းသန့်အတွက် လုပ်ပေးဖြစ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ တစ်ခါတလေ သူ့အလုပ်က အကြောင်းတွေ ပြောပြဖြစ်ပြီး အချို့အချိန်တွေမှာ ဒီနေ့လိုမျိုး သူငယ်ချင်းတွေအကြောင်း ပြောဖြစ်သလို ရံဖန်ရံခါ သူနဲ့ အာကာလင်းသန့်ရဲ့ အရင်က အကြောင်းတွေ ပြောပြသည်။

ယနေ့ အချိန်အထိ အာကာလင်းသန့်ဆီသို့ သူတစ်ရက်မပျက် အမြဲလာသည်။ နေမကောင်းသည့်နေ့၊ အလုပ်အရမ်းများသည့်နေ့တွေ ဆိုလျှင်တောင် အမြဲလာသည်။ ပန်းရောင်နှင့်အဖြူရောင် နှစ်ရောင်စပ် နှင်းဆီပန်းများကိုလည်း မပျက်မကွက် ယူလာတတ်သည်။ သူကိုယ်တိုင် ပန်းတွေကို စနစ်တကျ အရွက်ခြွေခြင်း၊ ရိုးတံသင်ခြင်း စသည်ဖြင့် ပြုလုပ်ကာ အာကာလင်းသန့်ရဲ့ ခေါင်းရင်းက ပန်းအိုးလေးတွင် ထိုးပေးလေ့ရှိသည်။ ဤသည်မှာ အာကာလင်းသန့် သတိရလာသည့်အခါ ဆေးရုံက အနံ့အသက်တွေကို အရင်ဆုံးမရှူမိဘဲ ပန်းနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း နိုးထလာစေရန် စီစဉ်သည့် သူ့ရည်ရွယ်ချက်။ ပန်းအိုးထိုးရန် ပန်းရွေးခဲ့ရာတွင်လည်း အာကာလင်းသန့်ကို သူပြောချင်သည့် ခံစားချက်နှင့် ကိုက်ညီသော ပန်းကို သူကိုယ်တိုင် မွှေနှောက်ရှာဖွေခဲ့ခြင်း။

ပြီးခဲ့သည့် အချိန်ကာလအတွင်း အာကာလင်းသန့်ရဲ့ ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ သူ ဝန်ထမ်းဖြစ်စဉ်ကတည်းက စိတ်ဝင်စားလို့ ရတဲ့အချိန်မှာ လေ့လာခဲ့သည့် နယ်ပယ်မှာပဲ သူလုပ်ငန်းထောင်ဖြစ်သည်။ မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် နယ်ပယ်ကျဉ်းနေဆဲ‌ဖြစ်နေသေးသည့် Event Planningနယ်ပယ်တွင် သူ့ကုမ္ပဏီမှာ တစ်နှစ်ခွဲသားလေးသာရှိသေးသော်ငြား သူ့နေရာနှင့်သူတော့ နာမည်တစ်ခု အသင့်အတင့်ရနေပြီဖြစ်၏။

Primrose LTဆိုလျှင် လူမှုကွန်ယက်မှာ ဝန်ဆောင်မှုကောင်းခြင်း၊ စိတ်ရှည်လက်ရှည်ရှိခြင်း၊ အိုင်ဒီယာကောင်းခြင်းစသည့် ဂုဏ်ပုဒ်များဖြင့် ကျော်ကြားမှုတစ်ခုကို သူ့ကြိုးစားမှုကြောင့် ဤတိုတောင်းသောကာလမှာ ရရှိနေပြီ။ CEO ရာထူးကို ယူထားရသည့် သူ့မှာလည်း ကုမ္ပဏီစထောင်ကတည်းက ယနေ့အထိ အလုပ်ဆိုတာ တောင်ပုံယာပုံ လက်မလည်အောင်များပြီး ပင်ပန်းသည်။ သို့ပေမယ့်လည်း အလုပ်ဒဏ်က အာကာလင်းသန့်ကို တွေ့နေရလည်း လွမ်းနေသည့် သူ့စိတ်ကို မနှိမ်နင်းနိုင်။

"သန့်ဆီကို စွမ်းထက်တို့နှစ်ယောက် မနက်ဖြန်ညနေ လာဦးမယ်ဆိုပြီး ကိုယ့်ကိုတောင် ပြောနေသေးတယ်၊ စွမ်းထက်လည်း အခုတလော မအားဘူး၊ သူ့အဖေက အလုပ်တွေ ဖိခိုင်းတယ်လို့ ငြီးနေတာပဲ၊ ထွန်းလင်းလည်း အတူတူပါပဲ၊ စင်ကာပူနဲ့ ဒီကို ပြေးလိုက်လွှားလိုက် လုပ်နေတာ"

စွမ်းရည်ထက်သည် သူ့အဖေရဲ့ မြန်မာနိုင်ငံရှိ ပင်မကုမ္ပဏီတွင် ကျောင်းပြီးကတည်းက အလုပ်ဝင်ကာ လိမ္မာနေသည်။ ထွန်းလင်းသီဟသည်လည်း စားဖိုမှူးအမွေကို ထွန်းဝီရဆီက ဆက်ခံဖို့အရေး အလုပ်ရှုပ်လျက်ရှိ၏။

"သန့်လက်လေးတွေ တိတိလေးနဲ့ ညီသွားပြီ၊ ကိုယ်တော်တယ်မလား၊ ကိုယ့်ကို သန့်က အခု ဆုမချနိုင်သေးတော့ အကြွေးမှတ်ထားတယ်၊ ခဏလေးနော် သန့်၊ ကိုယ်ဒါတွေ သွားပစ်ပြီး ပြန်လာမယ်"

အာကာလင်းသန့်ရဲ့ လက်သည်းခွံတွေ ခံထားသော သတင်းစာစက္ကူကို မသည်။ ပြီးတာနှင့် အခန်းထောင့်ရှိ အမှိုက်ပုံးတွင် ပစ်သည်။ သန့်စင်ခန်းထဲရှိ ဘေစင်တွင် လက်ကိုဆေးလိုက်ပြီး ပြောင်စင်အောင် သုတ်သည်။ သန့်စင်ခန်းအပြင် ပြန်ထွက်တော့ အာကာလင်းသန့်ရဲ့ တာဝန်ကျ သူနာပြုက စစ်ဆေးရန် အခန်းအတွင်းသို့ ရောက်နေ၏။

"တည်ကြည်တောင် ရောက်နေပြီလား"

"ဟုတ်ကဲ့ အစ်ကို"

မင်းတည်ကြည်က စစ်ဆေးစရာရှိသည်များကို စေ့စပ်စွာ ကြည့်ရှုသည်။ ခဏနေမှ ပိုင်မြင့်မြတ်ကျော်ကို အကျိုးအကြောင်း ပြန်ပြောသည်။

"အကုန်လုံး အဆင်ပြေတယ် အစ်ကို၊ ဒီနေ့လည်း စိတ်ချလက်ချ နေလို့ရပြီ"

မင်းတည်ကြည်ဟုခေါ်သော အမျိုးသားသူနာပြုသည် ပုံပန်းသဏ္ဍာန်ကို ကြည့်မည်ဆိုလျှင် ခပ်တည်တည်သာ ဖြစ်သော်ငြား လူနာတွေအပေါ် လွန်စွာစိတ်ရှည်သည့်သူမှန်း ပိုင်မြင့်မြတ်ကျော်် သိရသည်။ မင်းတည်ကြည်ကို စစတွေ့ချင်း
တုန်းက ယောကျာ်းလေးသူနာပြုဖြစ်သည့်အတွက် စိတ်မရှည်မှာ စိုးရိမ်စိတ်ဖြစ်ရသေးသည်။ သို့သော် မင်းတည်ကြည်က သူထင်သလို မဟုတ်ခဲ့။ လူနာများကို ပြုစုစောင့်ရှောက်ရာတွင် စေတနာပါသူမှန်း သဘောပေါက်ခဲ့ရသည်။

ထို့အပြင် မင်းတည်ကြည်မှာ သူနှင့် တစ်ခါမြင်ဖူးသည့်သူဖြစ်နေသည်။ မင်းတည်ကြည်က အာကာလင်းသန့် ရုပ်ရှင်ရုံမှာ တိုက်ခဲ့မိသည့် ကောင်လေးနဲ့ ပါလာသူဖြစ်ကြောင်းကို သူမှတ်မိခဲ့၏။ မင်းတည်ကြည်ကလည်း သူပြောပြလိုက်တော့ သူ့ကို မှတ်မိသွားသည်။ ထို့နောက် တဖြည်းဖြည်း ရင်းနှီးလာပြီး မင်းတည်ကြည်နဲ့ မိတ်‌‌ဆွေအရင်းအချာ တွေလို ဖြစ်လာသည်။ ထို့ကြောင့် 'ဆရာလေး' ဆိုသည့် အခေါ်အဝေါ်ကို မသုံးတော့ဘဲ ရင်းနှီးစွာ နာမည်သာ ခေါ်ဖြစ်သည်။

"ကျေးဇူးပါပဲ တည်ကြည်၊ အစ်ကို မေးသမျှ မေးခွန်းတွေကို စိတ်ရှည်ရှည်ပြန်ဖြေပေးတာကြောင့်ပါ"

"မလိုပါဘူးဗျာ၊ အစ်ကိုက အလကားမေးတာမှမဟုတ်တာ၊ လူနာကို စိတ်ပူလို့ မေးတာကို ကျွန်တော်နားလည်ပါတယ်"

" ၇နာရီ ထိုးပြီဆိုတော့ ဂျူတီထွက်ပြီလား"

"ဟုတ်တယ် အစ်ကို၊ ဒီကိုဝင်ကြည့်ပြီးတာနဲ့ ကျွန်တော့်ဂျူတီ ပြီးပြီ၊ အစ်ကို့ဂျူတီကတော့ ၉နာရီခွဲမှ ပြီးမှာမလား၊ လူနာကို ပုံပြင်ချိုချိုလေးတွေ ပြောပြပြီး တာဝန်ကျေလိုက်ပါဦး"

မင်းတည်ကြည်က ပြောပြီးတာနှင့် အခန်းထဲမှ ထွက်သွားသည်။ မင်းတည်ကြည် သူ့ကို ပြောသွားသည့် (၉)နာရီခွဲမှ ဂျူတီပြီးမှာဆိုသည့် စကားမှာ အာကာလင်းသန့်ဆီကနေ သူပြန်သည့်အချိန်ကို ရည်ညွှန်းသွားခြင်းဖြစ်သည်။ အလုပ်ဆင်းချိန် ညနေ(၅)နာရီကနေ ည(၉)နာရီခွဲအထိက သူ အာကာလင်းသန့်အနားမှာ ရှိပေးနေကျအချိန်ပင်ဖြစ်၏။

အာကာလင်းသန့် အနားသို့ သူပြန်သွားထိုင်သည်။ ထို့နောက် ဘောင်းဘီအိတ်ထဲမှ ဘူးအနီလေးကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ဖွင့်ကြည့်သည်။ ပိုင်ရှင်တွေရဲ့ လက်ပေါ်မှာ မဆင်မြန်းရသေးသည့် လက်စွပ်လေးနှစ်ကွင်းက ဘူးအတွင်း၌ ဘေးချင်းကပ် တူယှဉ်တွဲလျက်။

"ကိုယ့်ကို ပစ်မထားပါနဲ့တော့လား သန့်ရယ်"

🍀

"မောင်...မင်း"

ပါးစပ်ကလည်း အော်သလို လက်ကလည်း ကိုင်ထားသည့် ကားသော့နဲ့ လှမ်းပေါက်တာမို့ ထွန်းလင်းသီဟမှာ သိုင်းကွက်သုံးပြီး ဝှစ်ကနဲ ရှောင်လိုက်ရသည်။ သူသည်လည်း စွမ်းရည်ထက်နှင့် ရည်းစားဖြစ်ပြီးနောက်ပိုင်း စွမ်းရည်ထက်ရဲ့ လက်ရဲဇက်ရဲဆန်စွာ ပစ္စည်းများဖြင့် ပစ်ပေါက်မှုကို အမြဲလိုလိုခံရသည်။ အစပိုင်းတွေမှာတော့ ရှောင်ရကောင်းမှန်းလည်းမသိတာကြောင့် ပစ်ပေါက်သမျှ ပစ္စည်းတိုင်းက သူ့ဆီသို့ ပစ်မလွဲများသာ။ စွမ်းရည်ထက်အကြောင်း နောကျေလာသည့် အချိန်မှစ၍ ရှောင်လင်သိုင်းကွက်များကို ထုတ်သုံးတတ်လာသည်။ ထို့ကြောင့် မည်သည့်ပစ္စည်းမှ သူ့ဆီသို့ မထိမှန်တော့။

"ငါ့ညီမရဲ့သူငယ်ချင်းလို့ ပြောတယ်မလား၊ မင်းက ဘာဖြစ်နေတာလဲ၊ ဘာလို့ အထင်လွဲနေတာလဲ၊ ဟိုကလေးမကို ငါစိတ်လည်း မဝင်စားဘူး၊ အာရုံလည်း မရှိဘူး၊ ငါ့မှာ မင်းတစ်ယောက်လုံး ရှိနေတာကို မင်းမို့လို့ အရူးလိုတွေးနေတယ်၊ ဟိုကလေးမဘက်က ငါ့ကို စိတ်ဝင်စားနေတာတော့ ငါဘယ်တတ်နိုင်မှာလဲ၊ သွားပြီးတော့ ငါ့ကို မကြိုက်နဲ့စမ်း သွားပြောရင်ကောင်းမလား"

"ကောင်းတာပေါ့၊ တစ်လက်စတည်း ကိုယ့်ကိုပါ ခေါ်သွားပါလား၊ ကိုယ်ပါ လိုက်ခဲ့မယ်လေ၊ စွမ်းက ကိုယ့်ကောင်လေးဆိုတာရော ကလေးမလေးကို ရှင်းပြပြီးသားပါ ဖြစ်သွားမယ်၊ ဘယ်နေ့သွားပြောမလဲ၊ ကိုယ်မပြန်ခင် သွားပြောကြမလား"

ထွန်းလင်းသီဟရဲ့ သဝန်တိုနေမှုကို စွမ်းရည်ထက် လက်ဖျားခါချင်သွားသည်။ တကယ်ဆို တစ်ဖက်မိန်းကလေးကလည်း ကိုယ့်ညီမရဲ့ သူငယ်ချင်းဖြစ်နေပြန်သည်။ သို့သော်ငြား ကိုယ့်ဘက်က တစ်ဖက်ကို စိတ်မဝင်စားတာ အိမ်က ညီမလည်းသိသည်။ ညီမက သူ့သူငယ်ချင်းကို အထိုက်အလျောက်တော့ ကြည့်ပြောပေးထားမှာပဲ။ ဘာဆိုဘာမှ ပူစရာအကြောင်းမရှိ။ ဤသည်ကိုပဲ ဟိုကလေးမကို လမ်းမှာတွေ့လို့ ပြန်နှုတ်ဆက်မိတာ မကျေမချမ်းဖြစ်လာသည်။ အကောင်လိုက်ကြီး မြင်နေတာကို မသိချင်ယောင်ဆောင်ပြီး ပြန်မနှုတ်ဆက်ရင် လူပြောစရာဖြစ်မှာ ထွန်းလင်းသီဟ စဉ်းရောစဉ်းစားမိရဲ့လား။

"ဘယ်လို ဖြစ်နေတာလဲကွာ"

"ဖြစ်တာကတော့ ဆိုးဆိုးရွားရွား ဖြစ်နေတာ၊ စွမ်းကို ကိုယ့်ဆီက လုသွားမှာကြောက်လို့၊ ကိုယ်နဲ့ နီးနီးနားနားမှာ လိုက်နေပါလား စွမ်းရာ၊ ကိုယ်လည်း courseပြီးဖို့ (၂)လပဲ လိုတော့တာ၊ ဒီ (၂)လလေးပဲ စင်္ကာပူလိုက်ခဲ့ပါကွာ၊ ဟိုသွားလိုက်ဒီသွားလိုက် လုပ်နေရတာ ပိုက်ဆံ ဘယ်လောက်ကုန်လဲ စွမ်းသိသားနဲ့"

"ဒါကတော့ မောင်ရှည်တာလေ၊ ဘာလို့ သွားလိုက်လာလိုက် လုပ်နေတာလဲ၊ ပြီးတော့ ငါ့မှာ အလုပ်တွေ တစ်ပုံတစ်ပင်ကြီးကို ဘယ်လို ပစ်ထားလို့ရမှာလဲ၊ မဖြစ်ပါဘူးကွာ"

စွမ်းရည်ထက်ကို အတူလိုက်ခဲ့ဖို့ ထွန်းလင်းသီဟ ခေါ်သည်မှာ အခုမှမဟုတ်။ Culinary Studiesအတွက် ကျောင်းသွားတက်မည်ဆိုကတည်းက ခေါ်ခြင်းဖြစ်သည်။ သူလိုက်သွားချင်သော်လည်း သူ့အဖေ စိတ်တိုင်းကျ သားလိမ္မာလုပ်ပြမှ သူနှင့် ထွန်းလင်းသီဟ ကိစ္စအဆင်ပြေကောင်း ပြေနိုင်မှာကြောင့် မလိုက်သွားဖြစ်။ စကားခေါ်တိုင်း ငြင်းသည်။ ဘယ်လိုခေါ်ခေါ် ခေါ်မရသည့်အဆုံး ထွန်းလင်းသီဟ လက်လျှော့ပြီး တစ်ယောက်တည်း သွားသည်။ (၂)ပတ်တစ်ခါကတော့ ပုံမှန် ပြန်လာတတ်ပြီး သူ့အား ပီကေလို ကပ်မြဲကပ်သည်။ ဤသို့ဖြင့် ထွန်းလင်းသီဟရဲ့ သင်တန်းကာလ (၁၆)လကို သူတို့နှစ်ယောက် အဆင်ပြေပြေ ကျော်ဖြတ်ခဲ့ကြသည်။

"အေးပေါ့၊ စွမ်းကို ခေါ်မရတော့လည်း ပြီးခဲ့တဲ့ လတွေလိုပဲ လုပ်ရဦးမှာပေါ့၊ ဒါပေမဲ့ ကိုယ်သင်တန်းပြီးသွားလို့ ပြန်လာရင် စွမ်း ကိုယ့်နားက (၂၄)နာရီ ခွာလို့ မရအောင် ကော်နဲ့ ကပ်မယ်"

"(၂၄)နာရီလုံး မခွာဘဲ နေရအောင် မင်းနဲ့ငါက ပခုံးချင်းဆက်အမြွှာလား၊ ခေါင်းချင်းဆက်အမြွှာလား"

"ဟင့်အင်း၊ ကိုယ်တို့က နှလုံးသားချင်းဆက်အမြွှာ"

"ဪ ၊ အခုမှ ဒီလိုအမြွှာမျိုး ကြားဖူးတော့တယ်"

"နှလုံးသားချင်းဆက်နေတဲ့ အမြွှာတွေက စွမ်းပြောတဲ့ အမြွှာတွေလို သွေးသားရင်းချာတွေ မဟုတ်ဘူး၊ သူတို့က အချစ်တွေ ပေါင်းစပ်ထားတဲ့ ချစ်သူတွေ၊ နှလုံးသားချင်းဆက်နေကြတော့ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးနေလို့လည်း မရဘူး၊ အကြာကြီး ဝေးနေရင် အလွမ်းဆိုတာကြီး ဖြစ်လာရောတဲ့၊ ဒီအမြွှာမျိုးက ဟိုအမြွှာတွေထက် ပိုပြီး ဂရုစိုက်ရတယ်ပေါ့ကွာ၊ ဒါကြောင့် ကိုယ်တို့လည်း ခွဲနေလို့ မဖြစ်ဘူး၊ ကိုယ်နဲ့ လိုက်ခဲ့နော်"

"နောက်ဆုံးတော့ ဒီဘူတာဆိုက်တာပဲ၊ ငါတကယ် မဖြစ်လို့ဟ၊ ငါ့အဖေက အခု ဒီလောက်လုပ်ပေးနေတာတောင် ငါ့ကို အားရတာ မဟုတ်ဘူး"

"ဝိုး သားလိမ္မာလေးကို ချစ်နေရတော့ အရမ်းတွေ ပျော်နေပါပြီကွာ၊ ဒီနိုင်ငံမှာ ဒီလို သားလိမ္မာလေးတွေ ချည်းပဲဆို ဘယ်လောက်ကောင်းလိုက်မလဲ၊ အဲ... ကိုယ်မြင်ရသလောက်ဆို သားလိမ္မာလေးတွေချည်းပဲ မရှိလောက်ဘူးနော်၊ လူငယ်အများစုက မိဘစကားကို နားထောင်ချင်မှ နားထောင်တော့တာလေ၊ ပြီးတော့ မိဘလောင်းရိပ်အောက်ကနေ ရုန်းထွက်ဖို့ပဲ လုပ်နေကြတော့ သားဆိုးလေးတွေပဲဖြစ်မှာ၊ ရှာမှရှား သားလိမ္မာလေးရဲ့ ချစ်သူ ဖြစ်တဲ့ ကိုယ်က ကံကောင်းတာပေါ့"

ထွန်းလင်းသီဟက သူ့ဝသီအတိုင်း ခပ်စောင်းစောင်း စကားဖြင့် မထိတထိခနဲ့သည်။

"မင်းရွဲ့ပြန်ပြီလား မောင်"

"ဘယ်နားက ရွဲ့နေလို့လဲ၊ ပါးလည်း မရွဲ့သလို လက်တွေဘာတွေလည်း မရွဲ့ပါဘူး"

"မင်းချက်ကျွေးတာ မစားတော့ဘူး၊ ငါပြန်တော့မယ်"

စွမ်းရည်ထက် အိမ်ပြန်ရန် တံခါးဆီသို့ ထွက်သည်။ တံခါးဝရောက်မှ ကားသော့ သတိရ၍ အပြေးအလွှား ပြန်လှည့်ရသည်။ သူ ထွန်းလင်းသီဟအား ပစ်ပေါက်လိုက်သည့် ကားသော့ကို ဧည့်ခန်းရဲ့ ကြမ်းပြင်တွင် ပြူးပြဲကာ ရှာသော်လည်း မတွေ့ရ။ ပျောက်ခြင်းမလှ ပျောက်နေလေသည်။

"သော့က ကိုယ့်ဆီမှာ"

သူ့ကားသော့ကို ထွန်းလင်းသီဟက မြှောက်ပြရင်းဆိုလာသည်။ ထွန်းလင်းသီဟ အနားသို့ လျှောက်သွားပြီး ကားသော့ကို ဆွဲယူရန် ပြင်သည်။ သို့သော် ထွန်းလင်းသီဟက လက်ထဲရှိ သော့ကို လွယ်လွယ်နှင့်အပါမခံ စွမ်းရည်ထက် လှမ်းယူလို့ မမှီအောင် လက်ကို ပိုမိုမြှင့်လိုက်ပြီး ဟိုဘက်ဒီဘက်လွှဲရင်း သူ့ကို စသည်။

"ခေါင်းမကွဲချင်ရင် ပေးလိုက်"

ဧည့်ခန်းက စားပွဲမှာ အလှထားသည့် ပန်းအိုးကို မျက်စပစ်ပြရင်း စွမ်းရည်ထက် ပြောလိုက်သည်။ တကယ်လုပ်မည့် စွမ်းရည်ထက်ကြောင့် ထွန်းလင်းသီဟ ခမျာ သော့ကို ပြန်ပေးရသည့် အဖြစ်။ သော့ပြန် ရရချင်း တံခါးဆီသို့ ပြန်အသွားမှာ အာကာမင်းခန့်ဆီမှ ဖုန်းဝင်လာ၍ စွမ်းရည်ထက် ကိုင်ဖြစ်သည်။

"ဟုတ်ကဲ့ ကိုမင်းခန့်"

"....."

"ဗျာ၊ တကယ်ပြောနေတာလား၊ ဟုတ် ဟုတ်၊ ကျွန်တော် အခုချက်ချင်းပဲ လာခဲ့မယ်"

"ဘာဖြစ်လို့လဲ၊ လင်းသန့်များ"

ထွန်းလင်းသီဟကို ခေါင်းအကြိမ်ကြိမ်ညိတ်ပြရင်း စွမ်းရည်ထက် ဟုတ်မှန်ကြောင်း အဖြေပေးသည်။

"ဆေးရုံကို မြန်မြန်သွားရမှာပေါ့၊ ကိုယ်မောင်းမယ်၊ စွမ်းက စိတ်အရမ်းလှုပ်ရှားနေမှာ မမောင်းနဲ့"

သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်သူ စောင့်နေမည့် ဆေးရုံဆီသို့ လျင်မြန်စွာ ထွက်ခွာကြသည်။

🍀

A/N: Pink and white mixed roseရဲ့ပုံပါ၊ သူ့အဓိပ္ပာယ်ကတော့ I love you still and will always love youတဲ့

🍀

(Zawgyi)

တစ္ႏွစ္ခြဲၾကာၿပီးေနာက္

"အဲ့လိုနဲ႔ သန႔္ရယ္၊ ဟိုႏွစ္ေယာက္က လူပ်ိဳႀကီး ေရ႔ွလည္းမေရွာင္ အခ်စ္စမ္းရင္း ရန္ထျဖစ္ၾကတာ စြမ္းထက္က သူ႔လက္ထဲက ပန္းကန္လံုးနဲ႔ ထြန္းလင္းကို လွမ္းေပါက္တယ္ေလ၊ ထြန္းလင္းကို မထိဘဲ လူပ်ိဳႀကီးကို သြားထိတယ္၊ လူပ်ိဳႀကီး ထိပ္ေပါက္သြားရွာတယ္၊ သူလည္းအခုမွ တူႏွစ္ေယာက္ရသလို ျဖစ္ၿပီး အရင္ကထက္ေတာင္ ပိုဆိုးေနေသးတယ္၊ သနားေတာ့လည္း သနားပါတယ္၊ ဪ ၿပီးေတာ့ ရိွေသးတယ္၊ ကာကာေလးေတာင္ (၁၀)လျပည့္ခါနီးၿပီ၊ သန႔္ ႏိုးလာရင္ သန႔္တူကို ေတြ့ပါလိမ့္မယ္၊ ဒီေကာင္က အရမ္းလည္တာ သန႔္ရ၊ ပန္ကာ့ထိပ္က ဝက္အူလိုပဲ၊ ေတြ့သမ်ွလူကိုလည္း ခ်စ္ေအာင္ လုပ္တတ္တယ္၊ မ်က္ႏွာကလည္း ေတာ္ေတာ္ခ်ိဳတာ၊ ဆရာသမားက ႀကီးလာရင္ လူႀကီးေတြကို ေရာင္းစားမယ္ ထင္တယ္ကြာ"

အာကာလင္းသန႔္ရဲ့ လက္ေခ်ာင္းေလးေတြကို ပိုင္ျမင့္ျမတ္ေက်ာ္ သူ႔လက္နဲ႔ ႏူးညံ့စြာ ကိုင္တြယ္ၿပီး တိရိေနေအာင္ လက္သည္းၫွပ္ေပးေနသည္။ ႏႈတ္မွလည္း အာကာလင္းသန႔္ကို တဖြဖြႏွင့္ စကားေျပာမျပတ္။ ဤသည္ကား သူ အာကာလင္းသန႔္အတြက္ လုပ္ေပးျဖစ္သၫ့္ လုပ္ရိုးလုပ္စဉ္တစ္ခုသာ ျဖစ္သည္။ တစ္ခါတေလ သူ႔အလုပ္က အေၾကာင္းေတြ ေျပာျပျဖစ္ၿပီး အခ်ိဳ႕အခ်ိန္ေတြမွာ ဒီေန့လိုမ်ိဳး သူငယ္ခ်င္းေတြအေၾကာင္း ေျပာျဖစ္သလို ရံဖန္ရံခါ သူနဲ႔ အာကာလင္းသန႔္ရဲ့ အရင္က အေၾကာင္းေတြ ေျပာျပသည္။

ယေန့ အခ်ိန္အထိ အာကာလင္းသန႔္ဆီသို႔ သူတစ္ရက္မပ်က္ အၿမဲလာသည္။ ေနမေကာင္းသၫ့္ေန့၊ အလုပ္အရမ္းမ်ားသၫ့္ေန့ေတြ ဆိုလ်ွင္ေတာင္ အၿမဲလာသည္။ ပန္းေရာင္ႏွင့္အျဖဴေရာင္ ႏွစ္ေရာင္စပ္ ႏွင္းဆီပန္းမ်ားကိုလည္း မပ်က္မကြက္ ယူလာတတ္သည္။ သူကိုယ္တိုင္ ပန္းေတြကို စနစ္တက် အရြက္ေႁချြခင္း၊ ရိုးတံသင္ျခင္း စသည္ျဖင့္ ျပဳလုပ္ကာ အာကာလင္းသန႔္ရဲ့ ေခါင္းရင္းက ပန္းအိုးေလးတြင္ ထိုးေပးေလ့ရိွသည္။ ဤသည္မွာ အာကာလင္းသန႔္ သတိရလာသၫ့္အခါ ေဆးရံုက အနံ႔အသက္ေတြကို အရင္ဆံုးမရႉမိဘဲ ပန္းနံ႔သင္းသင္းေလးကို ရႉရိႈက္ရင္း ႏိုးထလာေစရန္ စီစဉ္သၫ့္ သူ႔ရည္ရြယ္ခ်က္။ ပန္းအိုးထိုးရန္ ပန္းေရြးခဲ့ရာတြင္လည္း အာကာလင္းသန႔္ကို သူေျပာခ်င္သၫ့္ ခံစားခ်က္ႏွင့္ ကိုက္ညီေသာ ပန္းကို သူကိုယ္တိုင္ ေမႊေနွာက္ရွာေဖြခဲ့ျခင္း။

ၿပီးခဲ့သၫ့္ အခ်ိန္ကာလအတြင္း အာကာလင္းသန႔္ရဲ့ ဆႏၵကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့သည္။ သူ ဝန္ထမ္းျဖစ္စဉ္ကတည္းက စိတ္ဝင္စားလို႔ ရတဲ့အခ်ိန္မွာ ေလ့လာခဲ့သၫ့္ နယ္ပယ္မွာပဲ သူလုပ္ငန္းေထာင္ျဖစ္သည္။ ျမန္မာႏိုင္ငံမွာ အျခားႏိုင္ငံေတြနဲ႔ယွဉ္ရင္ နယ္ပယ္က်ဉ္းေနဆဲ‌ျဖစ္ေနေသးသၫ့္ Event Planningနယ္ပယ္တြင္ သူ႔ကုမၸဏီမွာ တစ္ႏွစ္ခြဲသားေလးသာရိွေသးေသာ္ျငား သူ႔ေနရာႏွင့္သူေတာ့ နာမည္တစ္ခု အသင့္အတင့္ရေနၿပီျဖစ္၏။

Primrose LTဆိုလ်ွင္ လူမႈကြန္ယက္မွာ ဝန္ေဆာင္မႈေကာင္းျခင္း၊ စိတ္ရွည္လက္ရွည္ရိျွခင္း၊ အိုင္ဒီယာေကာင္းျခင္းစသၫ့္ ဂုဏ္ပုဒ္မ်ားျဖင့္ ေက်ာ္ၾကားမႈတစ္ခုကို သူ႔ႀကိဳးစားမႈေၾကာင့္ ဤတိုေတာင္းေသာကာလမွာ ရရိွေနၿပီ။ CEO ရာထူးကို ယူထားရသၫ့္ သူ႔မွာလည္း ကုမၸဏီစေထာင္ကတည္းက ယေန့အထိ အလုပ္ဆိုတာ ေတာင္ပံုယာပံု လက္မလည္ေအာင္မ်ားၿပီး ပင္ပန္းသည္။ သို႔ေပမယ့္လည္း အလုပ္ဒဏ္က အာကာလင္းသန႔္ကို ေတြ့ေနရလည္း လြမ္းေနသၫ့္ သူ႔စိတ္ကို မႏိွမ္နင္းႏိုင္။

"သန႔္ဆီကို စြမ္းထက္တို႔ႏွစ္ေယာက္ မနက္ျဖန္ညေန လာဦးမယ္ဆိုၿပီး ကိုယ့္ကိုေတာင္ ေျပာေနေသးတယ္၊ စြမ္းထက္လည္း အခုတေလာ မအားဘူး၊ သူ႔အေဖက အလုပ္ေတြ ဖိခိုင္းတယ္လို႔ ၿငီးေနတာပဲ၊ ထြန္းလင္းလည္း အတူတူပါပဲ၊ စင္ကာပူနဲ႔ ဒီကို ေျပးလိုက္လႊားလိုက္ လုပ္ေနတာ"

စြမ္းရည္ထက္သည္ သူ႔အေဖရဲ့ ျမန္မာႏိုင္ငံရိွ ပင္မကုမၸဏီတြင္ ေက်ာင္းၿပီးကတည္းက အလုပ္ဝင္ကာ လိမၼာေနသည္။ ထြန္းလင္းသီဟသည္လည္း စားဖိုမွဴးအေမြကို ထြန္းဝီရဆီက ဆက္ခံဖို႔အေရး အလုပ္ရႈပ္လ်က္ရိွ၏။

"သန႔္လက္ေလးေတြ တိတိေလးနဲ႔ ညီသြားၿပီ၊ ကိုယ္ေတာ္တယ္မလား၊ ကိုယ့္ကို သန႔္က အခု ဆုမခ်ႏိုင္ေသးေတာ့ အေႂကြးမွတ္ထားတယ္၊ ခဏေလးေနာ္ သန႔္၊ ကိုယ္ဒါေတြ သြားပစ္ၿပီး ျပန္လာမယ္"

အာကာလင္းသန႔္ရဲ့ လက္သည္းခြံေတြ ခံထားေသာ သတင္းစာစကၠူကို မသည္။ ၿပီးတာႏွင့္ အခန္းေထာင့္ရိွ အမိႈက္ပံုးတြင္ ပစ္သည္။ သန္႔စင္ခန္းထဲရိွ ေဘစင္တြင္ လက္ကိုေဆးလိုက္ၿပီး ေျပာင္စင္ေအာင္ သုတ္သည္။ သန႔္စင္ခန္းအျပင္ ျပန္ထြက္ေတာ့ အာကာလင္းသန႔္ရဲ့ တာဝန္က် သူနာျပဳက စစ္ေဆးရန္ အခန္းအတြင္းသို႔ ေရာက္ေန၏။

"တည္ၾကည္ေတာင္ ေရာက္ေနၿပီလား"

"ဟုတ္ကဲ့ အစ္ကို"

မင္းတည္ၾကည္က စစ္ေဆးစရာရိွသည္မ်ားကို ေစ့စပ္စြာ ၾကၫ့္ရႈသည္။ ခဏေနမွ ပိုင္ျမင့္ျမတ္ေက်ာ္ကို အက်ိဳးအေၾကာင္း ျပန္ေျပာသည္။

"အကုန္လံုး အဆင္ေျပတယ္ အစ္ကို၊ ဒီေန့လည္း စိတ္ခ်လက္ခ် ေနလို႔ရၿပီ"

မင္းတည္ၾကည္ဟုေခၚေသာ အမ်ိဳးသားသူနာျပဳသည္ ပံုပန္းသ႑ာန္ကို ၾကၫ့္မည္ဆိုလ်ွင္ ခပ္တည္တည္သာ ျဖစ္ေသာ္ျငား လူနာေတြအေပၚ လြန္စြာစိတ္ရွည္သၫ့္သူမွန္း ပိုင္ျမင့္ျမတ္ေက်ာ္္ သိရသည္။ မင္းတည္ၾကည္ကို စစေတြ့ခ်င္း
တုန္းက ေယာက်ာ္းေလးသူနာျပဳျဖစ္သၫ့္အတြက္ စိတ္မရွည္မွာ စိုးရိမ္စိတ္ျဖစ္ရေသးသည္။ သို႔ေသာ္ မင္းတည္ၾကည္က သူထင္သလို မဟုတ္ခဲ့။ လူနာမ်ားကို ျပဳစုေစာင့္ေရွာက္ရာတြင္ ေစတနာပါသူမွန္း သေဘာေပါက္ခဲ့ရသည္။

ထို႔အျပင္ မင္းတည္ၾကည္မွာ သူႏွင့္ တစ္ခါျမင္ဖူးသၫ့္သူျဖစ္ေနသည္။ မင္းတည္ၾကည္က အာကာလင္းသန႔္ ရုပ္ရွင္ရံုမွာ တိုက္ခဲ့မိသၫ့္ ေကာင္ေလးနဲ႔ ပါလာသူျဖစ္ေၾကာင္းကို သူမွတ္မိခဲ့၏။ မင္းတည္ၾကည္ကလည္း သူေျပာျပလိုက္ေတာ့ သူ႔ကို မွတ္မိသြားသည္။ ထို႔ေနာက္ တျဖည္းျဖည္း ရင္းႏွီးလာၿပီး မင္းတည္ၾကည္နဲ႔ မိတ္‌‌ေဆြအရင္းအခ်ာ ေတြလို ျဖစ္လာသည္။ ထို႔ေၾကာင့္ 'ဆရာေလး' ဆိုသၫ့္ အေခၚအေဝၚကို မသံုးေတာ့ဘဲ ရင္းႏွီးစြာ နာမည္သာ ေခၚျဖစ္သည္။

"ေက်းဇူးပါပဲ တည္ၾကည္၊ အစ္ကို ေမးသမ်ွ ေမးခြန္းေတြကို စိတ္ရွည္ရွည္ျပန္ေျဖေပးတာေၾကာင့္ပါ"

"မလိုပါဘူးဗ်ာ၊ အစ္ကိုက အလကားေမးတာမွမဟုတ္တာ၊ လူနာကို စိတ္ပူလို႔ ေမးတာကို ကြၽန္ေတာ္နားလည္ပါတယ္"

" ၇နာရီ ထိုးၿပီဆိုေတာ့ ဂ်ူတီထြက္ၿပီလား"

"ဟုတ္တယ္ အစ္ကို၊ ဒီကိုဝင္ၾကၫ့္ၿပီးတာနဲ႔ ကြၽန္ေတာ့္ဂ်ူတီ ၿပီးၿပီ၊ အစ္ကို႔ဂ်ူတီကေတာ့ ၉နာရီခြဲမွ ၿပီးမွာမလား၊ လူနာကို ပံုျပင္ခ်ိဳခ်ိဳေလးေတြ ေျပာျပၿပီး တာဝန္ေက်လိုက္ပါဦး"

မင္းတည္ၾကည္က ေျပာၿပီးတာႏွင့္ အခန္းထဲမွ ထြက္သြားသည္။ မင္းတည္ၾကည္ သူ႔ကို ေျပာသြားသၫ့္ (၉)နာရီခြဲမွ ဂ်ူတီၿပီးမွာဆိုသၫ့္ စကားမွာ အာကာလင္းသန႔္ဆီကေန သူျပန္သၫ့္အခ်ိန္ကို ရည္ၫႊန္းသြားျခင္းျဖစ္သည္။ အလုပ္ဆင္းခ်ိန္ ညေန(၅)နာရီကေန ည(၉)နာရီခြဲအထိက သူ အာကာလင္းသန႔္အနားမွာ ရိွေပးေနက်အခ်ိန္ပင္ျဖစ္၏။

အာကာလင္းသန႔္ အနားသို႔ သူျပန္သြားထိုင္သည္။ ထို႔ေနာက္ ေဘာင္းဘီအိတ္ထဲမွ ဘူးအနီေလးကို လုပ္ရိုးလုပ္စဉ္တစ္ခုအျဖစ္ ဖြင့္ၾကၫ့္သည္။ ပိုင္ရွင္ေတြရဲ့ လက္ေပၚမွာ မဆင္ျမန္းရေသးသၫ့္ လက္စြပ္ေလးႏွစ္ကြင္းက ဘူးအတြင္း၌ ေဘးခ်င္းကပ္ တူယွဉ္တြဲလ်က္။

"ကိုယ့္ကို ပစ္မထားပါနဲ႔ေတာ့လား သန႔္ရယ္"

🍀

"ေမာင္...မင္း"

ပါးစပ္ကလည္း ေအာ္သလို လက္ကလည္း ကိုင္ထားသၫ့္ ကားေသာ့နဲ႔ လွမ္းေပါက္တာမို႔ ထြန္းလင္းသီဟမွာ သိုင္းကြက္သံုးၿပီး ဝွစ္ကနဲ ေရွာင္လိုက္ရသည္။ သူသည္လည္း စြမ္းရည္ထက္ႏွင့္ ရည္းစားျဖစ္ၿပီးေနာက္ပိုင္း စြမ္းရည္ထက္ရဲ့ လက္ရဲဇက္ရဲဆန္စြာ ပစၥည္းမ်ားျဖင့္ ပစ္ေပါက္မႈကို အၿမဲလိုလိုခံရသည္။ အစပိုင္းေတြမွာေတာ့ ေရွာင္ရေကာင္းမွန္းလည္းမသိတာေၾကာင့္ ပစ္ေပါက္သမ်ွ ပစၥည္းတိုင္းက သူ႔ဆီသို႔ ပစ္မလြဲမ်ားသာ။ စြမ္းရည္ထက္အေၾကာင္း ေနာေက်လာသၫ့္ အခ်ိန္မွစ၍ ေရွာင္လင္သိုင္းကြက္မ်ားကို ထုတ္သံုးတတ္လာသည္။ ထို႔ေၾကာင့္ မည္သၫ့္ပစၥည္းမွ သူ႔ဆီသို႔ မထိမွန္ေတာ့။

"ငါ့ညီမရဲ့သူငယ္ခ်င္းလို႔ ေျပာတယ္မလား၊ မင္းက ဘာျဖစ္ေနတာလဲ၊ ဘာလို႔ အထင္လြဲေနတာလဲ၊ ဟိုကေလးမကို ငါစိတ္လည္း မဝင္စားဘူး၊ အာရံုလည္း မရိွဘူး၊ ငါ့မွာ မင္းတစ္ေယာက္လံုး ရိွေနတာကို မင္းမို႔လို႔ အရူးလိုေတြးေနတယ္၊ ဟိုကေလးမဘက္က ငါ့ကို စိတ္ဝင္စားေနတာေတာ့ ငါဘယ္တတ္ႏိုင္မွာလဲ၊ သြားၿပီးေတာ့ ငါ့ကို မႀကိဳက္နဲ႔စမ္း သြားေျပာရင္ေကာင္းမလား"

"ေကာင္းတာေပါ့၊ တစ္လက္စတည္း ကိုယ့္ကိုပါ ေခၚသြားပါလား၊ ကိုယ္ပါ လိုက္ခဲ့မယ္ေလ၊ စြမ္းက ကိုယ့္ေကာင္ေလးဆိုတာေရာ ကေလးမေလးကို ရွင္းျပၿပီးသားပါ ျဖစ္သြားမယ္၊ ဘယ္ေန့သြားေျပာမလဲ၊ ကိုယ္မျပန္ခင္ သြားေျပာၾကမလား"

ထြန္းလင္းသီဟရဲ့ သဝန္တိုေနမႈကို စြမ္းရည္ထက္ လက္ဖ်ားခါခ်င္သြားသည္။ တကယ္ဆို တစ္ဖက္မိန္းကေလးကလည္း ကိုယ့္ညီမရဲ့ သူငယ္ခ်င္းျဖစ္ေနျပန္သည္။ သို႔ေသာ္ျငား ကိုယ့္ဘက္က တစ္ဖက္ကို စိတ္မဝင္စားတာ အိမ္က ညီမလည္းသိသည္။ ညီမက သူ႔သူငယ္ခ်င္းကို အထိုက္အေလ်ာက္ေတာ့ ၾကၫ့္ေျပာေပးထားမွာပဲ။ ဘာဆိုဘာမွ ပူစရာအေၾကာင္းမရိွ။ ဤသည္ကိုပဲ ဟိုကေလးမကို လမ္းမွာေတြ့လို႔ ျပန္ႏႈတ္ဆက္မိတာ မေက်မခ်မ္းျဖစ္လာသည္။ အေကာင္လိုက္ႀကီး ျမင္ေနတာကို မသိခ်င္ေယာင္ေဆာင္ၿပီး ျပန္မႏႈတ္ဆက္ရင္ လူေျပာစရာျဖစ္မွာ ထြန္းလင္းသီဟ စဉ္းေရာစဉ္းစားမိရဲ့လား။

"ဘယ္လို ျဖစ္ေနတာလဲကြာ"

"ျဖစ္တာကေတာ့ ဆိုးဆိုးရြားရြား ျဖစ္ေနတာ၊ စြမ္းကို ကိုယ့္ဆီက လုသြားမွာေၾကာက္လို႔၊ ကိုယ္နဲ႔ နီးနီးနားနားမွာ လိုက္ေနပါလား စြမ္းရာ၊ ကိုယ္လည္း courseၿပီးဖို႔ (၂)လပဲ လိုေတာ့တာ၊ ဒီ (၂)လေလးပဲ စကၤာပူလိုက္ခဲ့ပါကြာ၊ ဟိုသြားလိုက္ဒီသြားလိုက္ လုပ္ေနရတာ ပိုက္ဆံ ဘယ္ေလာက္ကုန္လဲ စြမ္းသိသားနဲ႔"

"ဒါကေတာ့ ေမာင္ရွည္တာေလ၊ ဘာလို႔ သြားလိုက္လာလိုက္ လုပ္ေနတာလဲ၊ ၿပီးေတာ့ ငါ့မွာ အလုပ္ေတြ တစ္ပံုတစ္ပင္ႀကီးကို ဘယ္လို ပစ္ထားလို႔ရမွာလဲ၊ မျဖစ္ပါဘူးကြာ"

စြမ္းရည္ထက္ကို အတူလိုက္ခဲ့ဖို႔ ထြန္းလင္းသီဟ ေခၚသည္မွာ အခုမွမဟုတ္။ Culinary Studiesအတြက္ ေက်ာင္းသြားတက္မည္ဆိုကတည္းက ေခၚျခင္းျဖစ္သည္။ သူလိုက္သြားခ်င္ေသာ္လည္း သူ႔အေဖ စိတ္တိုင္းက် သားလိမၼာလုပ္ျပမွ သူႏွင့္ ထြန္းလင္းသီဟ ကိစၥအဆင္ေျပေကာင္း ေျပႏိုင္မွာေၾကာင့္ မလိုက္သြားျဖစ္။ စကားေခၚတိုင္း ျငင္းသည္။ ဘယ္လိုေခၚေခၚ ေခၚမရသၫ့္အဆံုး ထြန္းလင္းသီဟ လက္ေလ်ွာ့ၿပီး တစ္ေယာက္တည္း သြားသည္။ (၂)ပတ္တစ္ခါကေတာ့ ပံုမွန္ ျပန္လာတတ္ၿပီး သူ႔အား ပီေကလို ကပ္ၿမဲကပ္သည္။ ဤသို႔ျဖင့္ ထြန္းလင္းသီဟရဲ့ သင္တန္းကာလ (၁၆)လကို သူတို႔ႏွစ္ေယာက္ အဆင္ေျပျပေ ေက်ာ္ျဖတ္ခဲ့ၾကသည္။

"ေအးေပါ့၊ စြမ္းကို ေခၚမရေတာ့လည္း ၿပီးခဲ့တဲ့ လေတြလိုပဲ လုပ္ရဦးမွာေပါ့၊ ဒါေပမဲ့ ကိုယ္သင္တန္းၿပီးသြားလို႔ ျပန္လာရင္ စြမ္း ကိုယ့္နားက (၂၄)နာရီ ခြာလို႔ မရေအာင္ ေကာ္နဲ႔ ကပ္မယ္"

"(၂၄)နာရီလံုး မခြာဘဲ ေနရေအာင္ မင္းနဲ႔ငါက ပခံုးခ်င္းဆက္အႁမြွာလား၊ ေခါင္းခ်င္းဆက္အႁမြွာလား"

"ဟင့္အင္း၊ ကိုယ္တို႔က ႏွလံုးသားခ်င္းဆက္အႁမြွာ"

"ဪ ၊ အခုမွ ဒီလိုအႁမြွာမ်ိဳး ၾကားဖူးေတာ့တယ္"

"ႏွလံုးသားခ်င္းဆက္ေနတဲ့ အႁမြွာေတြက စြမ္းေျပာတဲ့ အႁမြွာေတြလို ေသြးသားရင္းခ်ာေတြ မဟုတ္ဘူး၊ သူတို႔က အခ်စ္ေတြ ေပါင္းစပ္ထားတဲ့ ခ်စ္သူေတြ၊ ႏွလံုးသားခ်င္းဆက္ေနၾကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးေဝးေနလို႔လည္း မရဘူး၊ အၾကာႀကီး ေဝးေနရင္ အလြမ္းဆိုတာႀကီး ျဖစ္လာေရာတဲ့၊ ဒီအႁမြွာမ်ိဳးက ဟိုအႁမြွာေတြထက္ ပိုၿပီး ဂရုစိုက္ရတယ္ေပါ့ကြာ၊ ဒါေၾကာင့္ ကိုယ္တို႔လည္း ခြဲေနလို႔ မျဖစ္ဘူး၊ ကိုယ္နဲ႔ လိုက္ခဲ့ေနာ္"

"ေနာက္ဆံုးေတာ့ ဒီဘူတာဆိုက္တာပဲ၊ ငါတကယ္ မျဖစ္လို႔ဟ၊ ငါ့အေဖက အခု ဒီေလာက္လုပ္ေပးေနတာေတာင္ ငါ့ကို အားရတာ မဟုတ္ဘူး"

"ဝိုး သားလိမၼာေလးကို ခ်စ္ေနရေတာ့ အရမ္းေတြ ေပ်ာ္ေနပါၿပီကြာ၊ ဒီႏိုင္ငံမွာ ဒီလို သားလိမၼာေလးေတြ ခ်ည္းပဲဆို ဘယ္ေလာက္ေကာင္းလိုက္မလဲ၊ အဲ... ကိုယ္ျမင္ရသေလာက္ဆို သားလိမၼာေလးေတြခ်ည္းပဲ မရိွေလာက္ဘူးေနာ္၊ လူငယ္အမ်ားစုက မိဘစကားကို နားေထာင္ခ်င္မွ နားေထာင္ေတာ့တာေလ၊ ၿပီးေတာ့ မိဘေလာင္းရိပ္ေအာက္ကေန ရုန္းထြက္ဖို႔ပဲ လုပ္ေနၾကေတာ့ သားဆိုးေလးေတြပဲျဖစ္မွာ၊ ရွာမွရွား သားလိမၼာေလးရဲ့ ခ်စ္သူ ျဖစ္တဲ့ ကိုယ္က ကံေကာင္းတာေပါ့"

ထြန္းလင္းသီဟက သူ႔ဝသီအတိုင္း ခပ္ေစာင္းေစာင္း စကားျဖင့္ မထိတထိခနဲ႔သည္။

"မင္းရြဲ႔ျပန္ၿပီလား ေမာင္"

"ဘယ္နားက ရြဲ႔ေနလို႔လဲ၊ ပါးလည္း မရြဲ႔သလို လက္ေတြဘာေတြလည္း မရြဲ႔ပါဘူး"

"မင္းခ်က္ေကြၽးတာ မစားေတာ့ဘူး၊ ငါျပန္ေတာ့မယ္"

စြမ္းရည္ထက္ အိမ္ျပန္ရန္ တံခါးဆီသို႔ ထြက္သည္။ တံခါးဝေရာက္မွ ကားေသာ့ သတိရ၍ အေျပးအလႊား ျပန္လွၫ့္ရသည္။ သူ ထြန္းလင္းသီဟအား ပစ္ေပါက္လိုက္သၫ့္ ကားေသာ့ကို ဧၫ့္ခန္းရဲ့ ၾကမ္းျပင္တြင္ ျပဴးၿပဲကာ ရွာေသာ္လည္း မေတြ့ရ။ ေပ်ာက္ျခင္းမလွ ေပ်ာက္ေနေလသည္။

"ေသာ့က ကိုယ့္ဆီမွာ"

သူ႔ကားေသာ့ကို ထြန္းလင္းသီဟက ေျမႇာက္ျပရင္းဆိုလာသည္။ ထြန္းလင္းသီဟ အနားသို႔ ေလ်ွာက္သြားၿပီး ကားေသာ့ကို ဆြဲယူရန္ ျပင္သည္။ သို႔ေသာ္ ထြန္းလင္းသီဟက လက္ထဲရိွ ေသာ့ကို လြယ္လြယ္ႏွင့္အပါမခံ စြမ္းရည္ထက္ လွမ္းယူလို႔ မမွီေအာင္ လက္ကို ပိုမိုျမႇင့္လိုက္ၿပီး ဟိုဘက္ဒီဘက္လႊဲရင္း သူ႔ကို စသည္။

"ေခါင္းမကြဲခ်င္ရင္ ေပးလိုက္"

ဧၫ့္ခန္းက စားပြဲမွာ အလွထားသၫ့္ ပန္းအိုးကို မ်က္စပစ္ျပရင္း စြမ္းရည္ထက္ ေျပာလိုက္သည္။ တကယ္လုပ္မၫ့္ စြမ္းရည္ထက္ေၾကာင့္ ထြန္းလင္းသီဟ ခမ်ာ ေသာ့ကို ျပန္ေပးရသၫ့္ အျဖစ္။ ေသာ့ျပန္ ရရခ်င္း တံခါးဆီသို႔ ျပန္အသြားမွာ အာကာမင္းခန႔္ဆီမွ ဖုန္းဝင္လာ၍ စြမ္းရည္ထက္ ကိုင္ျဖစ္သည္။

"ဟုတ္ကဲ့ ကိုမင္းခန႔္"

"....."

"ဗ်ာ၊ တကယ္ေျပာေနတာလား၊ ဟုတ္ ဟုတ္၊ ကြၽန္ေတာ္ အခုခ်က္ခ်င္းပဲ လာခဲ့မယ္"

"ဘာျဖစ္လို႔လဲ၊ လင္းသန႔္မ်ား"

ထြန္းလင္းသီဟကို ေခါင္းအႀကိမ္ႀကိမ္ညိတ္ျပရင္း စြမ္းရည္ထက္ ဟုတ္မွန္ေၾကာင္း အေျဖေပးသည္။

"ေဆးရံုကို ျမန္ျမန္သြားရမွာေပါ့၊ ကိုယ္ေမာင္းမယ္၊ စြမ္းက စိတ္အရမ္းလႈပ္ရွားေနမွာ မေမာင္းနဲ႔"

သူတို႔ႏွစ္ေယာက္ သူငယ္ခ်င္းျဖစ္သူ ေစာင့္ေနမၫ့္ ေဆးရံုဆီသို႔ လ်င္ျမန္စြာ ထြက္ခြာၾကသည္။

🍀

A/N: Pink and white mixed roseရဲ့ပံုပါ၊ သူ႔အဓိပၸာယ္ကေတာ့ I love you still and will always love youတဲ့

🍀

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

313K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
254K 40.8K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .