နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

41.7K 1.6K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 16

804 38 0
By reli_08

(Unicode)

စွမ်းရည်ထက်တို့ ထွက်သွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် အာကာလင်းသန့် သူ့ရဲ့မှိတ်ထားသည့် မျက်လုံးများကို ပြန်လည်ဖွင့်သည်။ သူအိပ်ပျော်နေခဲ့ခြင်းမဟုတ်။ အိပ်ပျော်ဖို့ ကြိတ်မှိတ်ကာ ကြိုးစားနေခဲ့ရခြင်းပင်။ ကုတင်ထက်တွင် လှဲလျောင်းနေစဉ်တစ်ချိန်လုံး သူ့အတွေးထဲတွင် ညနေက ပိုင်မြင့်မြတ်ကျော် အိမ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နှင့်ပိုင်မြင့်မြတ်ကျော်က သူ့အားပြောလာသည့် စကားလုံးတွေသာ စက္ကန့်နှင့်အမျှ ဝင်ရောက်လာသည်။

သူထိုအာရုံတွေကို မမြင်မိ၊ မကြားမိအောင် ကြိုးပမ်းသော်လည်း အချည်းအနှီးသာ။ ပြန်လည်တွေးတောပြီး စဉ်းစားမိတိုင်း သူစိတ်ဆိုးတာနှင့် ကမ္ဘာပျက်မလို ယောက်ယက်ခတ်ပြီး သူ့ကို မရမက ချော့တတ်သည့် ပိုင်မြင့်မြတ်ကျော်က သူ့ကို ဖုန်းလည်း မဆက်လာသလို လူကိုယ်တိုင်လည်း ရောက်မလာသည့်အတွက် နာကျင်မှုက ပိုတိုးလာသည်။ နာကျင်မှုကို သက်သာစေမှာ အခုအချိန်တွင် အရက်ကလွဲပြီး ဘာမှမရှိဟု သူထင်သည်။

သူလှဲလျောင်းနေရာမှ ထလိုက်သည်။ ကုတင်ပေါ်မှလည်း ဆင်းသည်။ ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် အခန်းတံခါးကို ဖွင့်၏။ ပြီးနောက် လှေကား‌ဆီသို့ လျှောက်သည်။ လှေကားထစ်များမှာ သူ့မျက်လုံးထဲတွင် ကွဲကွဲပြားပြား ရှင်းလင်းစွာမမြင်ရ။ ပုံရိပ်ခွဲများဖြစ်နေ၏။ အမြင်ရှင်းလင်းစေရန် ခေါင်းကိုခါပြီး သူ့စိတ်ထဲမှာ လှေကားထစ်အစစ်ဟု ယူဆရသော နေရာကို နင်းချ၏။ သို့ပေမယ့်...။

သူ့ယူဆချက် မှားယွင်းကြောင်း သူသိရှိချိန်တွင် သူသည် အိမ်အောက်ထပ်၏ ကြမ်းပြင်ပေါ်သို့ ရောက်ရှိနေပြီ။ လှေကားအောက်ဆုံးထစ်နဲ့ ခေါင်းတိုက်မိတဲ့ အရှိန်ကြောင့် သွေးများမှာ စီးကပ်စွာ ကျဆင်းလာသည်။ မျက်လုံးများလည်း ပြာလာပြီးသည့်နောက်မှာတော့ ရင်ဘတ်ထဲက နာကျင်မှုတွေကို မေ့နိုင်မည့် အမှောင်ထုထဲသို့ သူဝင်ရောက်သွားပြီ ဖြစ်သည်။

ခဏကြာသော်...

"လင်းသန့်"

ထွန်းလင်းသီဟ၏ ကျယ်လောင်စွာ အော်ဟစ်လိုက်သံသည် အိမ်ရဲ့ဆင်ဝင်တွင် ဆေးလိပ်သောက်ဖို့ နေခဲ့သော စွမ်းရည်ထက်ကို ထိတ်လန့်စေသည်။ အိမ်ထဲသို့ ဝင်ရောက်သွားချိန် သူ့ကို ဆီးကြိုနေသည်က လှေကားခြေရင်းတွင် သွေးအလိမ်းလိမ်းနှင့် မေ့မြောနေသော အာကာလင်းသန့်နှင့် အာကာလင်းသန့်ကို လှုပ်နှိုးနေသော ထွန်းလင်းသီဟရဲ့ မြင်ကွင်း။

"အစ်ကိုလေး....၊ အစ်ကိုလေး ဘာဖြစ်တာလဲ"

ထွန်းလင်းသီဟရဲ့ အော်သံကြောင့် ခြံတံခါးပိတ်နေသော ကိုဒေါနပါ အလောတကြီးနှင့် အိမ်ထဲသို့ ပြေးလာသည်။ ကိုဒေါနရဲ့ အသံကြားမှ ကြက်သေ,သေနေသော စွမ်းရည်ထက်သည် သတိပြန်ဝင်၏။

"လင်းသန့်ကို မင်းပွေ့လိုက် ထွန်းလင်း၊ ငါတို့ဆေးရုံ မြန်မြန်သွားမှ ဖြစ်မယ်၊ ကိုဒေါန ခြံတံခါး အမြန်သွားဖွင့်ပေးပါ"

ကိုဒေါနက ခြံတံခါးဆီသို့ လျင်မြန်စွာ ပြေးထွက်သွား၏။ သူလည်း အာကာလင်းသန့်နှင့် ထွန်းလင်းသီဟ ကားပေါ်ရောက်သည်နှင့် ကားအရှေ့ခန်းသို့ မြန်မြန်တက်သည်။ တစ်ဆက်တည်းမှာပဲ ကိုဒေါန ဖွင့်ပေးထားသော ခြံတံခါးကို ကျော်ဖြတ်ပြီး ကားကို တရကြမ်း အရှိန်တင်ကာ ပုဂ္ဂလိကဆေးရုံတစ်ခုဆီသို့ မောင်းနှင်သည်။

ဆေးရုံထဲသို့ သူတို့ဝင်သွားသည်နှင့် အပြေးအလွှားရောက်လာကြသော ဆရာဝန်၊ သူနာပြုများနှင့်အတူ လူနာတင်လှည်းတစ်ခုလည်း ပါလာသည်။ ထွန်းလင်းသီဟ ပွေ့ထားသော အာကာလင်းသန့်ကို ထိုလှည်းပေါ်သို့ တင်ပြီးသည့်နောက် အရေးပေါ်ခန်းဆီသို့ အာကာလင်းသန့်ကို ခေါ်သွားကြသည်။ ယခုအချိန်တွင် ထွန်းလင်းသီဟနှင့် စွမ်းရည်ထက်သည် သူငယ်ချင်းဖြစ်သူအတွက် စိုးရိမ်စိတ်မှာ အလွန် မြင့်မားလျက်ရှိသည်။ သူတို့မျက်စိထဲတွင်လည်း ပတ်ဝန်းကျင်ကိုမမြင်တော့။ အာကာလင်းသန့်ကို ခေါ်သွားသည့်နောက်ကိုသာ လျင်မြန်စွာ လိုက်ဖြစ်ကြသည်။

"ရှင်တို့ မြန်မြန်လိုက်လာလို့ တော်သေးတယ်၊ လူနာက အခုချက်ချင်း ခွဲစိတ်မှ ဖြစ်မယ့် အခြေအနေရောက်နေလို့ လူနာရှင်ရဲ့ သဘောတူကြောင်း လက်မှတ်လိုပါတယ်"

မကြာခင်အချိန်မှာပဲ အာကာလင်းသန့်ကို ခွဲစိတ်ခန်းထဲ ခေါ်ဆောင်သွားကြသည်။ ထွန်းလင်းသီဟက ခွဲစိတ်ခန်းရှေ့ကခုံတွင် စိုးရိမ်စိတ်မကင်းစွာ ရှိနေသည်။ စွမ်းရည်ထက်မှာတော့ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ဟိုဘက်ဒီဘက်လျှောက်ရင်း ပိုင်မြင့်မြတ်ကျော်ရဲ့ ဖုန်းကိုသာ တွင်တွင်ခေါ်မိသည်။ အမှန်ဆို အာကာလင်းသန့်ရဲ့ မိဘတွေကို  အရင်အကြောင်းကြားသင့်တာမှန်ပေမယ့် ဖုန်းနံပါတ်မသိ၍ ပိုင်မြင့်မြတ်ကျော်ကိုသာ ခေါ်မိနေခြင်း။

"ဒီလူကွာ ဘာတွေလုပ်နေလို့ စက်ပိတ်ထားတယ် ဖြစ်နေတာလဲ၊ တောက်"

စွမ်းရည်ထက် တက်တစ်ချက်ကို ပြင်းစွာခတ်လိုက်သည်။ ထို့နောက် စိတ်ရှုပ်စွာဖြင့် ထွန်းလင်းသီဟဘေးတွင် ထိုင်ချ၏။

"ဆိုးဆိုးရွားရွားတော့ မဖြစ်လောက်ဘူးမလား"

စွမ်းရည်ထက်ရဲ့ ပခုံးကို ထွန်းလင်းသီဟ ကိုင်လိုက်သည်။ သူကိုယ်တိုင်လည်း အာကာလင်းသန့်ကို စိုးရိမ်နေပေမယ့် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားဖြစ်သည်။ သူကပါ စွမ်းရည်ထက်လို ပြုမူလို့မဖြစ်။ သူ့ထက်စာရင် အာကာလင်းသန့်အပေါ် သံယောဇဉ်ကြီးသည့် စွမ်းရည်ထက်ကို အားပေးရန် တုန်လှုပ်ခြင်းကို ဖုံးကွယ်ရသည်။

"ဘာမှမဖြစ်လောက်ပါဘူး၊ အဆင်ပြေသွားမှာပါ"

စွမ်းရည်ထက်မှာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလျက် ရတက်မအေးစွာ။

🍀

ပိုင်မြင့်မြတ်ကျော် စိတ်ပင်ပန်းစွာဖြင့် အိပ်ယာမှ ထလာသည်။ ပြတင်းပေါက်နားကို လျှောက်သွားပြီး အပြင်ဘက်ရှိ ရာသီဥတုကို ငေးမောကြည့်မိသည်။ ရာသီဥတုမှာ တိမ်ကင်းစင်ပြီး နေရောင်ခြည်မှာ အသင့်အတင့်ရှိကာ သာယာလှသည်။ မနက်ခင်းလေကို ရှူရှိုက်ကာ အပြင်းဆန့်လိုက်သည်။ ထို့နောက် မနေ့ကတည်းက စက်ပိတ်ထားခဲ့သည့် ဖုန်းအား ပြန်လည်ဖွင့်သည်။ စက်ပိတ်ခဲ့ရသည်မှာလည်း သူ့ဘက်က စိတ်ပျော့သွားပြီး အာကာလင်းသန့်ကို ဖုန်းခေါ်မိမှာစိုး၍ ပိတ်ထားခြင်း။

ဖုန်းစက်ပွင့်သွားသည်နှင့်တစ်ပြိုင်နက် စွမ်းရည်ထက်ဆီက missed call များကို ရဲရဲနီနေစွာ တွေ့ရသည်။ စွမ်းရည်ထက်က ပုံမှန်ဆို သူ့ဆီ ဖုန်းစခေါ်စရာ အကြောင်းမရှိ။ အာကာလင်းသန့် တစ်စုံတစ်ခု ဖြစ်လို့သာ ခေါ်ထားခြင်းဖြစ်ရမည်။ ထိုအသိက သူ့ကို အထိတ်ထိတ်အပြာပြာ ဖြစ်စေသည်။ ရုတ်ချည်းပဲ စွမ်းရည်ထက်ဆီကို ဖုန်းပြန်ခေါ်လိုက်သည်။

"ဟယ်လို"

တစ်ဖက်က ပြန်ဖြေကြားသည့် စွမ်းရည်ထက်ရဲ့ အားမရှိသောအသံမှာ သူ့ရဲ့ ထိတ်လန့်မှုတွေကို ပိုမို မြင့်တက်စေသည်။

"သန့် တစ်ခုခုဖြစ်လို့လား စွမ်းထက်"

အာကာလင်းသန့် ရှ်ိနေရာဘက်သို့ စွမ်းရည်ထက် လှည့်ကြည့်သည်။ သက်ပြင်းတစ်ခုကို ချမိပြီး တုန်ယင်ချင်နေသည့်အသံကို ထိန်းချုပ်ကာ ပိုင်မြင့်မြတ်ကျော်ကို ပြန်လည်ပြော၏။

"လင်းသန့် လှေကားပေါ်က ပြုတ်ကျလို့ ဆေးရုံရောက်နေတယ်၊ ကျွန်တော်ပို့ပေးမယ့် လိပ်စာအတိုင်း လာခဲ့လိုက်ပါ လင်းသန့်လူကြီး"

ဖုန်းကို စွမ်းရည်ထက် ဦးစွာချလိုက်သည်။ ထို့နောက် ပိုင်မြင့်မြတ်ကျော်အား ဆေးရုံလိပ်စာကို မက်ဆေ့ခ်ျပို့သည်။ ထိုကိစ္စအပြီးမှာတော့ သူတင်းထားရသည့် စိတ်ကို ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းသာတော့။ ကျချင်နေသည့် မျက်ရည်များကို ကျဆင်းခွင့် ပြုလိုက်တော့သည်။

"ငါ့ကြောင့်၊ ငါသာ ဆေးလိပ်သွားမဝယ်ရင် ဖြစ်မှာမဟုတ်ဘူး၊ ငါသာ ရှိနေရင် လင်းသန့် ဘာမှဖြစ်မှာ မဟုတ်ဘူး"

လက်သီးကို တင်းတင်းဆုပ်ပြီး ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ သူငယ်ချင်းဖြစ်သူအတွက် ယူကြုံးမရဖြစ်ခြင်းတို့ဖြင့် ငိုမိသည်။

"မင်းကြောင့် မဟုတ်ပါဘူး စွမ်းထက်ရာ၊ ဒီကိစ္စမှာ ငါလည်း အပြစ်မကင်းဘူး၊ မင်းအပြစ်တင်ချင်ရင် ငါ့ကို အပြစ်တင်ပါ၊ မင်းကိုယ်မင်းတော့ အပြစ်မတင်ပါနဲ့ကွာ"

"မဟုတ်ဘူး၊ ငါပဲ အပြင်သွားဖို့ စခဲ့တာ၊ လင်းသန့် ဒီအဖြစ်ဆိုး အခြေအနေဆိုးကြီးနဲ့ ကြုံရတာ ငါ့အမှားကြောင့်၊ ငါ့သူငယ်ချင်း အခုလို ဖြစ်သွားရတာ ငါဘယ်လိုဖြေဆည်ရမှန်း မသိတော့ဘူး ထွန်းလင်း၊ ငါအရမ်း စိတ်မကောင်းဖြစ်တယ်"

စွမ်းရည်ထက်ကို ထွန်းလင်းသီဟ သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်လိုက်သည်။ စွမ်းရည်ထက်က ပုံမှန်စိတ်နဲ့ဆို သူဖက်တာကို ငြိမ်ခံနေဖို့ဆိုတာ ဝေးစွ။ ပြန်လည်ရုန်းထွက်မည်မှာ မလွဲမသေ ဖြစ်၏။ ယခုတော့ ထိုသို့မဟုတ်။ သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မျက်နှာအပ်ပြီး ငိုနေသည်။ ထွန်းလင်းသီဟ အခွင့်ကောင်းယူပြီး စွမ်းရည်ထက်အပေါ်  အသားယူခြင်းမျိုး လုံးဝ မဟုတ်မမှန်ပေ။ စွမ်းရည်ထက် ဝမ်းနည်းနေချိန်မှာ လွတ်လပ်စွာ ငိုကြွေးနိုင်ရန် ရင်ခွင်တစ်ခုအဖြစ် ရှိပေးခြင်းဖြစ်သည်။ စွမ်းရည်ထက် ထက်စာရင် တည်ငြိမ်ချင်ယောင်ဆောင်နေသော သူသည်လည်း စွမ်းရည်ထက် မျက်ရည်ကျနေတာ မြင်ရတာရော၊ လူနာကုတင်ထက်ရှိ အာကာလင်းသန့်ကြောင့်ပါ စိတ်မကောင်းဖြစ်ရသည်။ ထွန်းလင်းသီဟရဲ့ ပါးပေါ်သို့ မျက်ရည်တစ်စက်မှာ ဖြေးညှင်းစွာ လှိမ့်ဆင်းလို့သွားသည်။

အချိန်အတန်ကြာပြီးချိန်တွင် စွမ်းရည်ထက်လည်း အငိုတိတ်သွားခဲ့ပြီဖြစ်၏။ နီးနီးကပ်ကပ်ရှိခဲ့သည့် အခြေအနေကြောင့် စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟ အနည်းငယ် အိုးတိုးအန်းတမ်း ဖြစ်နေကြသည်။ ထိုအချိန်မှာပဲ ကျယ်လောင်ကြမ်းတမ်းလွန်းသည့် တံခါးဖွင့်သံနှင့်အတူ ပိုင်မြင့်မြတ်ကျော်မှာ အခန်းထဲသို့ ဝင်လာသည်။ စွမ်းရည်ထက်က အခန်းနံပါတ်ပါ တစ်ခါတည်းအပြီး ပို့ပေးခဲ့တာကြောင့် ဆေးရုံရောက်တာနဲ့တန်းပြီး လာနိုင်ခြင်းပင်။

ကုတင်ပေါ်တွင် ဆေးရုံဝတ်စုံကိုဝတ်ဆင်ထားပြီး နှာခေါင်းတွင် အောက်ဆီဂျင်အုပ်ထားကာ လက်မှာလည်း ဆေးတွေသွင်းထားရသော အာကာလင်းသန့်ရဲ့ပုံရိပ်က ပိုင်မြင့်မြတ်ကျော်ကို ရှိသမျှ အားအင်တွေ ဆုတ်ယုတ်စေသည်။ လူနာကုတင်ဘေးတွင် ထား,ထားသော ခုံလေးတွင်ထိုင်၍ အာကာလင်းသန့်ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်မိသည်။

မျက်လွှာနှစ်စုံကို မှိတ်ချကာ အိပ်မောကျနေသကဲ့သို့ အေးချမ်းစွာရှ်ိနေသော အာကာလင်းသန့်သည် သူဆုပ်ကိုင်ထားတဲ့ လက်ဖဝါးကတစ်ဆင့် ရရှိသည့် နွေးထွေးမှုကို လုံးလုံးလျားလျား ခံစားနိုင်စွမ်းမရှိပေ။ အာကာလင်းသန့်ရဲ့ လက်ရှိအနေအထားကို မျက်ဝါးထင်ထင်တွေ့မြင်ရခြင်းသည် သူ့ရင်ဘတ်တစ်နေရာတွင် ဆူးအောင့်အောင့်ခံစားချက် ပေါ်ထွက်လာစေသည်။ သည်လို အဖြစ်အပျက်မျိုးကို သူတင်မဟုတ်။ လူတစ်ယောက်က ကိုယ့်ချစ်သူရဲ့ ဝေဒနာခံစားနေရပုံကို မြင်လျှင် အဘယ်မှာ တောင့်ခံနိုင်မည်လဲ။ အနည်းနှင့် အများတော့ ကျိန်းသေပေါက် ခံစားကြရမည်သာ။

"ဆရာဝန်က ဘယ်တော့ သတိရလာမယ် ပြောသွားလဲ"

"ဆရာဝန်ကိုယ်တိုင်တောင် လင်းသန့် ဘယ်အချိန်သတိရလာမယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး၊ လင်းသန့်...၊ လင်းသန့်က ကိုမာဝင်သွားပြီလို့ပြောတယ်"

စွမ်းရည်ထက်က မျက်ရည်တွေကို သူ့လက်ခုံနှင့် ဖိသုတ်သည်။ ထွန်းလင်းသီဟကလည်း ခေါင်းမော့ပြီး မျက်ရည်တွေ သိမ်းဆည်းနေသည်။

စွမ်းရည်ထက်တို့ဆီ မျက်နှာမူထားရာကနေ အာကာလင်းသန့်ဘက်သို့ ပြန်လှည့်ကာ အာကာလင်းသန့်ရဲ့ မျက်နှာအား ကြည့်မိသည်။ အာကာလင်းသန့်ကို မြင်နေရတဲ့ မြင်ကွင်းက တဖြည်းဖြည်း ဝေဝါးလာကာ မျက်ရည်ပေါက်များ အဆက်မပြတ် ကျဆင်းလာသည်။ အာကာလင်းသန့်ရဲ့ လက်လေးကို ဆုပ်ကိုင်ထားလျက်နှင့်ပဲ သူ့နဖူးနှင့် ထိကပ်လိုက်ကာ မျက်စိစုံမှိတ်ရင်း ငိုကြွေးမိသည်။

"ကိုယ့်ကို စိတ်ကောက်နေလို့ အကြာကြီး အိပ်မယ် စဉ်းစားထားတာလား သန့်၊ ကိုယ်သန့်ကို မချော့လို့ စိတ်ဆိုးနေတာလား ကလေးလေးရယ်၊ ဒီတစ်ခါပဲ ကိုယ်မျက်နှာလွှဲထားမိတာပါ၊ ကိုယ့်ကို အပြစ်ပေးချင်ရင် တခြားနည်းလမ်းနဲ့ ပေးလေကွာ၊ ဒီလိုကြီးတော့ မနေပါနဲ့"

နောင်တ...။ နောင်တ ဆိုသည့် စကားလုံးလေးသည် အမှားလုပ်မိကြောင်း အချိန်နှောင်းမှ သိစေရန် တမင်ရည်ရွယ်ပြီး ဖြစ်ပေါ်လာသည့် စကားလုံးဖြစ်သည်။ သူ မနေ့က စကားလုံးရင့်ရင့်တွေနဲ့ အာကာလင်းသန့်အား မပြောလိုက်သင့်။ ထို့အပြင် တင်းခံပြီး မချော့ဘဲ မနေခဲ့သင့်။ လုပ်နေကျအတိုင်း လိုက်ချော့ခဲ့လျှင် အခြေအနေတွေ ပြောင်းလဲသွားမည်လား။

"ကိုယ့်အပေါ်ဆိုးတဲ့ကလေးက အရင်ကလို မဆိုးဘဲ ဒီလိုမျိုး တိတ်ဆိတ်နေရင် ကိုယ်ဘယ်လိုမျိုး ရှေ့ဆက်‌ရမှာလဲ၊ ကိုယ့်ကိုဖြေလေ သန့်၊ သန့်အပေါ် ကိုယ်ပြောမိတာတွေအတွက် ကိုယ်ဒူးထောက်ပြီး တောင်းပန်ရမလား၊ ကိုယ်ဒူးထောက်ပြီး တောင်းပန်ရင် သန့်က သတိရလာမှာလား၊ ကိုယ့်ကို တစ်ခုခုပြောဦးလေကွာ ကိုယ့်ကလေးလေး၊ ကိုယ့်ကို ပစ်မထားပါနဲ့၊ ကျေးဇူးပြုပြီး...၊ ကျေးဇူးပြုပြီး ကိုယ့်ဆီကို ပြန်လာပေးပါ"

သူငယ်ချင်းဖြစ်သည့် မိမိတို့တောင် အာကာလင်းသန့်အတွက် မဖြေသိမ့်နိုင်ဖြစ်နေရတာ ချစ်သူဖြစ်သည့် ပိုင်မြင့်မြတ်ကျော်ဆိုရင် မည်သည့်အတိုင်းအတာလောက်အထိ နာကျင်နေမည်လဲဆိုတာ ဘေးကနေကြည့်နေသည့် စွမ်းရည်ထက်တို့တောင် ခန့်မှန်းမိသည်။ ထွန်းလင်းသီဟက ပိုင်မြင့်မြတ်ကျော်ကို သွားဖြောင်းဖြဖို့ ပြင်နေ၍ စွမ်းရည်ထက် တားလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် အခန်းအပြင်သို့ ထွက်လာဖြစ်သည်။

အခန်းထဲတွင်တော့ 'သန့်' ဆိုသည့် နာမည်ကို နှုတ်က မချတမ်းခေါ်ပြီး တစ်ညတာ မျက်နှာလွှဲပြီး နေခဲ့မိသည့်အတွက် နောင်တကြီးစွာရကာ ပိုင်မြင့်မြတ်ကျော် တောင်းပန်နေသည်။ သူဘယ်လောက်ပဲ တောင်းပန်နေပါစေ အာကာလင်းသန့်မှာတော့ တုံ့ပြန်မှု အလျင်းမရှိ ငြိမ်သက်မြဲ ငြိမ်သက်ဆဲ။

🍀

(Zawgyi)

စြမ္းရည္ထက္တို႔ ထြက္သြားၿပီးေနာက္ မိနစ္အနည္းငယ္အၾကာတြင္ အာကာလင္းသန႔္ သူ႔ရဲ့မိွတ္ထားသၫ့္ မ်က္လံုးမ်ားကို ျပန္လည္ဖြင့္သည္။ သူအိပ္ေပ်ာ္ေနခဲ့ျခင္းမဟုတ္။ အိပ္ေပ်ာ္ဖို႔ ႀကိတ္မိွတ္ကာ ႀကိဳးစားေနခဲ့ရျခင္းပင္။ ကုတင္ထက္တြင္ လွဲေလ်ာင္းေနစဉ္တစ္ခ်ိန္လံုး သူ႔အေတြးထဲတြင္ ညေနက ပိုင္ျမင့္ျမတ္ေက်ာ္ အိမ္မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ႏွင့္ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔အားေျပာလာသၫ့္ စကားလံုးေတြသာ စကၠန႔္ႏွင့္အမ်ွ ဝင္ေရာက္လာသည္။

သူထိုအာရံုေတြကို မျမင္မိ၊ မၾကားမိေအာင္ ႀကိဳးပမ္းေသာ္လည္း အခ်ည္းအႏွီးသာ။ ျပန္လည္ေတြးေတာၿပီး စဉ္းစားမိတိုင္း သူစိတ္ဆိုးတာႏွင့္ ကမ႓ာပ်က္မလို ေယာက္ယက္ခတ္ၿပီး သူ႔ကို မရမက ေခ်ာ့တတ္သၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔ကို ဖုန္းလည္း မဆက္လာသလို လူကိုယ္တိုင္လည္း ေရာက္မလာသၫ့္အတြက္ နာက်င္မႈက ပိုတိုးလာသည္။ နာက်င္မႈကို သက္သာေစမွာ အခုအခ်ိန္တြင္ အရက္ကလြဲၿပီး ဘာမွမရိွဟု သူထင္သည္။

သူလွဲေလ်ာင္းေနရာမွ ထလိုက္သည္။ ကုတင္ေပၚမွလည္း ဆင္းသည္။ ယိုင္နဲ႔ေနေသာ ေျခလွမ္းမ်ားျဖင့္ အခန္းတံခါးကို ဖြင့္၏။ ၿပီးေနာက္ ေလွကား‌ဆီသို႔ ေလ်ွာက္သည္။ ေလွကားထစ္မ်ားမွာ သူ႔မ်က္လံုးထဲတြင္ ကြဲကြဲျပားျပား ရွင္းလင္းစြာမျမင္ရ။ ပံုရိပ္ခြဲမ်ားျဖစ္ေန၏။ အျမင္ရွင္းလင္းေစရန္ ေခါင္းကိုခါၿပီး သူ႔စိတ္ထဲမွာ ေလွကားထစ္အစစ္ဟု ယူဆရေသာ ေနရာကို နင္းခ်၏။ သို႔ေပမယ့္...။

သူ႔ယူဆခ်က္ မွားယြင္းေၾကာင္း သူသိရိွခ်ိန္တြင္ သူသည္ အိမ္ေအာက္ထပ္၏ ၾကမ္းျပင္ေပၚသို႔ ေရာက္ရိွေနၿပီ။ ေလွကားေအာက္ဆံုးထစ္နဲ႔ ေခါင္းတိုက္မိတဲ့ အရိွန္ေၾကာင့္ ေသြးမ်ားမွာ စီးကပ္စြာ က်ဆင္းလာသည္။ မ်က္လံုးမ်ားလည္း ျပာလာၿပီးသၫ့္ေနာက္မွာေတာ့ ရင္ဘတ္ထဲက နာက်င္မႈေတြကို ေမ့ႏိုင္မၫ့္ အေမွာင္ထုထဲသို႔ သူဝင္ေရာက္သြားၿပီ ျဖစ္သည္။

ခဏၾကာေသာ္...

"လင္းသန႔္"

ထြန္းလင္းသီဟ၏ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သံသည္ အိမ္ရဲ့ဆင္ဝင္တြင္ ေဆးလိပ္ေသာက္ဖို႔ ေနခဲ့ေသာ စြမ္းရည္ထက္ကို ထိတ္လန႔္ေစသည္။ အိမ္ထဲသို႔ ဝင္ေရာက္သြားခ်ိန္ သူ႔ကို ဆီးႀကိဳေနသည္က ေလွကားေျခရင္းတြင္ ေသြးအလိမ္းလိမ္းႏွင့္ ေမ့ေျမာေနေသာ အာကာလင္းသန႔္ႏွင့္ အာကာလင္းသန႔္ကို လႈပ္ႏိႈးေနေသာ ထြန္းလင္းသီဟရဲ့ ျမင္ကြင္း။

"အစ္ကိုေလး....၊ အစ္ကိုေလး ဘာျဖစ္တာလဲ"

ထြန္းလင္းသီဟရဲ့ ေအာ္သံေၾကာင့္ ၿခံတံခါးပိတ္ေနေသာ ကိုေဒါနပါ အေလာတႀကီးႏွင့္ အိမ္ထဲသို႔ ေျပးလာသည္။ ကိုေဒါနရဲ့ အသံၾကားမွ ၾကက္ေသ,ေသေနေသာ စြမ္းရည္ထက္သည္ သတိျပန္ဝင္၏။

"လင္းသန႔္ကို မင္းေပြ့လိုက္ ထြန္းလင္း၊ ငါတို႔ေဆးရံု ျမန္ျမန္သြားမွ ျဖစ္မယ္၊ ကိုေဒါန ၿခံတံခါး အျမန္သြားဖြင့္ေပးပါ"

ကိုေဒါနက ၿခံတံခါးဆီသို႔ လ်င္ျမန္စြာ ေျပးထြက္သြား၏။ သူလည္း အာကာလင္းသန႔္ႏွင့္ ထြန္းလင္းသီဟ ကားေပၚေရာက္သည္ႏွင့္ ကားအေရ႔ွခန္းသို႔ ျမန္ျမန္တက္သည္။ တစ္ဆက္တည္းမွာပဲ ကိုေဒါန ဖြင့္ေပးထားေသာ ၿခံတံခါးကို ေက်ာ္ျဖတ္ၿပီး ကားကို တရၾကမ္း အရိွန္တင္ကာ ပုဂၢလိကေဆးရံုတစ္ခုဆီသို႔ ေမာင္းႏွင္သည္။

ေဆးရံုထဲသို႔ သူတို႔ဝင္သြားသည္ႏွင့္ အေျပးအလႊားေရာက္လာၾကေသာ ဆရာဝန္၊ သူနာျပဳမ်ားႏွင့္အတူ လူနာတင္လွည္းတစ္ခုလည္း ပါလာသည္။ ထြန္းလင္းသီဟ ေပြ့ထားေသာ အာကာလင္းသန႔္ကို ထိုလွည္းေပၚသို႔ တင္ၿပီးသၫ့္ေနာက္ အေရးေပၚခန္းဆီသို႔ အာကာလင္းသန႔္ကို ေခၚသြားၾကသည္။ ယခုအခ်ိန္တြင္ ထြန္းလင္းသီဟႏွင့္ စြမ္းရည္ထက္သည္ သူငယ္ခ်င္းျဖစ္သူအတြက္ စိုးရိမ္စိတ္မွာ အလြန္ ျမင့္မားလ်က္ရိွသည္။ သူတို႔မ်က္စိထဲတြင္လည္း ပတ္ဝန္းက်င္ကိုမျမင္ေတာ့။ အာကာလင္းသန႔္ကို ေခၚသြားသၫ့္ေနာက္ကိုသာ လ်င္ျမန္စြာ လိုက္ျဖစ္ၾကသည္။

"ရွင္တို႔ ျမန္ျမန္လိုက္လာလို႔ ေတာ္ေသးတယ္၊ လူနာက အခုခ်က္ခ်င္း ခြဲစိတ္မွ ျဖစ္မယ့္ အေျခအေနေရာက္ေနလို႔ လူနာရွင္ရဲ့ သေဘာတူေၾကာင္း လက္မွတ္လိုပါတယ္"

မၾကာခင္အခ်ိန္မွာပဲ အာကာလင္းသန႔္ကို ခြဲစိတ္ခန္းထဲ ေခၚေဆာင္သြားၾကသည္။ ထြန္းလင္းသီဟက ခြဲစိတ္ခန္းေရ႔ွကခံုတြင္ စိုးရိမ္စိတ္မကင္းစြာ ရိွေနသည္။ စြမ္းရည္ထက္မွာေတာ့ ၿငိမ္ၿငိမ္မထိုင္ႏိုင္ဘဲ ဟိုဘက္ဒီဘက္ေလ်ွာက္ရင္း ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ဖုန္းကိုသာ တြင္တြင္ေခၚမိသည္။ အမွန္ဆို အာကာလင္းသန႔္ရဲ့ မိဘေတြကို  အရင္အေၾကာင္းၾကားသင့္တာမွန္ေပမယ့္ ဖုန္းနံပါတ္မသိ၍ ပိုင္ျမင့္ျမတ္ေက်ာ္ကိုသာ ေခၚမိေနျခင္း။

"ဒီလူကြာ ဘာေတြလုပ္ေနလို႔ စက္ပိတ္ထားတယ္ ျဖစ္ေနတာလဲ၊ ေတာက္"

စြမ္းရည္ထက္ တက္တစ္ခ်က္ကို ျပင္းစြာခတ္လိုက္သည္။ ထို႔ေနာက္ စိတ္ရႈပ္စြာျဖင့္ ထြန္းလင္းသီဟေဘးတြင္ ထိုင္ခ်၏။

"ဆိုးဆိုးရြားရြားေတာ့ မျဖစ္ေလာက္ဘူးမလား"

စြမ္းရည္ထက္ရဲ့ ပခံုးကို ထြန္းလင္းသီဟ ကိုင္လိုက္သည္။ သူကိုယ္တိုင္လည္း အာကာလင္းသန႔္ကို စိုးရိမ္ေနေပမယ့္ စိတ္ကို အတတ္ႏိုင္ဆံုး တည္ၿငိမ္ေအာင္ ထားျဖစ္သည္။ သူကပါ စြမ္းရည္ထက္လို ျပဳမူလို႔မျဖစ္။ သူ႔ထက္စာရင္ အာကာလင္းသန႔္အေပၚ သံေယာဇဉ္ႀကီးသၫ့္ စြမ္းရည္ထက္ကို အားေပးရန္ တုန္လႈပ္ျခင္းကို ဖံုးကြယ္ရသည္။

"ဘာမွမျဖစ္ေလာက္ပါဘူး၊ အဆင္ေျပသြားမွာပါ"

စြမ္းရည္ထက္မွာ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ အုပ္ထားလ်က္ ရတက္မေအးစြာ။

🍀

ပိုင္ျမင့္ျမတ္ေက်ာ္ စိတ္ပင္ပန္းစြာျဖင့္ အိပ္ယာမွ ထလာသည္။ ျပတင္းေပါက္နားကို ေလ်ွာက္သြားၿပီး အျပင္ဘက္ရိွ ရာသီဥတုကို ေငးေမာၾကၫ့္မိသည္။ ရာသီဥတုမွာ တိမ္ကင္းစင္ၿပီး ေနေရာင္ျခည္မွာ အသင့္အတင့္ရိွကာ သာယာလွသည္။ မနက္ခင္းေလကို ရႉရိႈက္ကာ အျပင္းဆန႔္လိုက္သည္။ ထို႔ေနာက္ မေန့ကတည္းက စက္ပိတ္ထားခဲ့သၫ့္ ဖုန္းအား ျပန္လည္ဖြင့္သည္။ စက္ပိတ္ခဲ့ရသည္မွာလည္း သူ႔ဘက္က စိတ္ေပ်ာ့သြားၿပီး အာကာလင္းသန႔္ကို ဖုန္းေခၚမိမွာစိုး၍ ပိတ္ထားျခင္း။

ဖုန္းစက္ပြင့္သြားသည္ႏွင့္တစ္ၿပိဳင္နက္ စြမ္းရည္ထက္ဆီက missed call မ်ားကို ရဲရဲနီေနစြာ ေတြ့ရသည္။ စြမ္းရည္ထက္က ပံုမွန္ဆို သူ႔ဆီ ဖုန္းစေခၚစရာ အေၾကာင္းမရိွ။ အာကာလင္းသန႔္ တစ္စံုတစ္ခု ျဖစ္လို႔သာ ေခၚထားျခင္းျဖစ္ရမည္။ ထိုအသိက သူ႔ကို အထိတ္ထိတ္အျပာျပာ ျဖစ္ေစသည္။ ရုတ္ခ်ည္းပဲ စြမ္းရည္ထက္ဆီကို ဖုန္းျပန္ေခၚလိုက္သည္။

"ဟယ္လို"

တစ္ဖက္က ျပန္ေျဖၾကားသၫ့္ စြမ္းရည္ထက္ရဲ့ အားမရိွေသာအသံမွာ သူ႔ရဲ့ ထိတ္လန႔္မႈေတြကို ပိုမို ျမင့္တက္ေစသည္။

"သန႔္ တစ္ခုခုျဖစ္လို႔လား စြမ္းထက္"

အာကာလင္းသန႔္ ရွ္ိေနရာဘက္သို႔ စြမ္းရည္ထက္ လွၫ့္ၾကၫ့္သည္။ သက္ျပင္းတစ္ခုကို ခ်မိၿပီး တုန္ယင္ခ်င္ေနသၫ့္အသံကို ထိန္းခ်ဳပ္ကာ ပိုင္ျမင့္ျမတ္ေက်ာ္ကို ျပန္လည္ေျပာ၏။

"လင္းသန႔္ ေလွကားေပၚက ျပဳတ္က်လို႔ ေဆးရံုေရာက္ေနတယ္၊ ကြၽန္ေတာ္ပို႔ေပးမယ့္ လိပ္စာအတိုင္း လာခဲ့လိုက္ပါ လင္းသန႔္လူႀကီး"

ဖုန္းကို စြမ္းရည္ထက္ ဦးစြာခ်လိုက္သည္။ ထို႔ေနာက္ ပိုင္ျမင့္ျမတ္ေက်ာ္အား ေဆးရံုလိပ္စာကို မက္ေဆ့ခ္်ပို႔သည္။ ထိုကိစၥအၿပီးမွာေတာ့ သူတင္းထားရသၫ့္ စိတ္ကို ထိန္းခ်ဳပ္ႏိုင္ျခင္းငွာ မစြမ္းသာေတာ့။ က်ခ်င္ေနသၫ့္ မ်က္ရည္မ်ားကို က်ဆင္းခြင့္ ျပဳလိုက္ေတာ့သည္။

"ငါ့ေၾကာင့္၊ ငါသာ ေဆးလိပ္သြားမဝယ္ရင္ ျဖစ္မွာမဟုတ္ဘူး၊ ငါသာ ရိွေနရင္ လင္းသန႔္ ဘာမျွဖစ္မွာ မဟုတ္ဘူး"

လက္သီးကို တင္းတင္းဆုပ္ၿပီး ကိုယ့္ကိုကိုယ္ အျပစ္တင္ျခင္း၊ သူငယ္ခ်င္းျဖစ္သူအတြက္ ယူႀကံဳးမရျဖစ္ျခင္းတို႔ျဖင့္ ငိုမိသည္။

"မင္းေၾကာင့္ မဟုတ္ပါဘူး စြမ္းထက္ရာ၊ ဒီကိစၥမွာ ငါလည္း အျပစ္မကင္းဘူး၊ မင္းအျပစ္တင္ခ်င္ရင္ ငါ့ကို အျပစ္တင္ပါ၊ မင္းကိုယ္မင္းေတာ့ အျပစ္မတင္ပါနဲ႔ကြာ"

"မဟုတ္ဘူး၊ ငါပဲ အျပင္သြားဖို႔ စခဲ့တာ၊ လင္းသန႔္ ဒီအျဖစ္ဆိုး အေျခအေနဆိုးႀကီးနဲ႔ ႀကံဳရတာ ငါ့အမွားေၾကာင့္၊ ငါ့သူငယ္ခ်င္း အခုလို ျဖစ္သြားရတာ ငါဘယ္လိုေျဖဆည္ရမွန္း မသိေတာ့ဘူး ထြန္းလင္း၊ ငါအရမ္း စိတ္မေကာင္းျဖစ္တယ္"

စြမ္းရည္ထက္ကို ထြန္းလင္းသီဟ သူ႔ရင္ခြင္ထဲ ဆြဲသြင္းကာ ဖက္လိုက္သည္။ စြမ္းရည္ထက္က ပံုမွန္စိတ္နဲ႔ဆို သူဖက္တာကို ၿငိမ္ခံေနဖို႔ဆိုတာ ေဝးစြ။ ျပန္လည္ရုန္းထြက္မည္မွာ မလြဲမေသ ျဖစ္၏။ ယခုေတာ့ ထိုသို႔မဟုတ္။ သူ႔ရင္ခြင္ထဲတြင္ ၿငိမ္သက္စြာ မ်က္ႏွာအပ္ၿပီး ငိုေနသည္။ ထြန္းလင္းသီဟ အခြင့္ေကာင္းယူၿပီး စြမ္းရည္ထက္အေပၚ  အသားယူျခင္းမ်ိဳး လံုးဝ မဟုတ္မမွန္ေပ။ စြမ္းရည္ထက္ ဝမ္းနည္းေနခ်ိန္မွာ လြတ္လပ္စြာ ငိုေႂကြးႏိုင္ရန္ ရင္ခြင္တစ္ခုအျဖစ္ ရိွေပးျခင္းျဖစ္သည္။ စြမ္းရည္ထက္ ထက္စာရင္ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနေသာ သူသည္လည္း စြမ္းရည္ထက္ မ်က္ရည္က်ေနတာ ျမင္ရတာေရာ၊ လူနာကုတင္ထက္ရိွ အာကာလင္းသန႔္ေၾကာင့္ပါ စိတ္မေကာင္းျဖစ္ရသည္။ ထြန္းလင္းသီဟရဲ့ ပါးေပၚသို႔ မ်က္ရည္တစ္စက္မွာ ေျဖးၫွင္းစြာ လိွမ့္ဆင္းလို႔သြားသည္။

အခ်ိန္အတန္ၾကာၿပီးခ်ိန္တြင္ စြမ္းရည္ထက္လည္း အငိုတိတ္သြားခဲ့ၿပီျဖစ္၏။ နီးနီးကပ္ကပ္ရိွခဲ့သၫ့္ အေျခအေနေၾကာင့္ စြမ္းရည္ထက္ႏွင့္ ထြန္းလင္းသီဟ အနည္းငယ္ အိုးတိုးအန္းတမ္း ျဖစ္ေနၾကသည္။ ထိုအခ်ိန္မွာပဲ က်ယ္ေလာင္ၾကမ္းတမ္းလြန္းသၫ့္ တံခါးဖြင့္သံႏွင့္အတူ ပိုင္ျမင့္ျမတ္ေက်ာ္မွာ အခန္းထဲသို႔ ဝင္လာသည္။ စြမ္းရည္ထက္က အခန္းနံပါတ္ပါ တစ္ခါတည္းအၿပီး ပို႔ေပးခဲ့တာေၾကာင့္ ေဆးရံုေရာက္တာနဲ႔တန္းၿပီး လာႏိုင္ျခင္းပင္။

ကုတင္ေပၚတြင္ ေဆးရံုဝတ္စံုကိုဝတ္ဆင္ထားၿပီး ႏွာေခါင္းတြင္ ေအာက္ဆီဂ်င္အုပ္ထားကာ လက္မွာလည္း ေဆးေတြသြင္းထားရေသာ အာကာလင္းသန႔္ရဲ့ပံုရိပ္က ပိုင္ျမင့္ျမတ္ေက်ာ္ကို ရိွသမ်ွ အားအင္ေတြ ဆုတ္ယုတ္ေစသည္။ လူနာကုတင္ေဘးတြင္ ထား,ထားေသာ ခံုေလးတြင္ထိုင္၍ အာကာလင္းသန႔္ရဲ့ လက္တစ္ဖက္ကို ဆုပ္ကိုင္မိသည္။

မ်က္လႊာႏွစ္စံုကို မိွတ္ခ်ကာ အိပ္ေမာက်ေနသကဲ့သို႔ ေအးခ်မ္းစြာရွ္ိေနေသာ အာကာလင္းသန႔္သည္ သူဆုပ္ကိုင္ထားတဲ့ လက္ဖဝါးကတစ္ဆင့္ ရရိွသၫ့္ ေနြးေထြးမႈကို လံုးလံုးလ်ားလ်ား ခံစားႏိုင္စြမ္းမရိွေပ။ အာကာလင္းသန႔္ရဲ့ လက္ရိွအေနအထားကို မ်က္ဝါးထင္ထင္ေတြ့ျမင္ရျခင္းသည္ သူ႔ရင္ဘတ္တစ္ေနရာတြင္ ဆူးေအာင့္ေအာင့္ခံစားခ်က္ ေပၚထြက္လာေစသည္။ သည္လို အျဖစ္အပ်က္မ်ိဳးကို သူတင္မဟုတ္။ လူတစ္ေယာက္က ကိုယ့္ခ်စ္သူရဲ့ ေဝဒနာခံစားေနရပံုကို ျမင္လ်ွင္ အဘယ္မွာ ေတာင့္ခံႏိုင္မည္လဲ။ အနည္းႏွင့္ အမ်ားေတာ့ က်ိန္းေသေပါက္ ခံစားၾကရမည္သာ။

"ဆရာဝန္က ဘယ္ေတာ့ သတိရလာမယ္ ေျပာသြားလဲ"

"ဆရာဝန္ကိုယ္တိုင္ေတာင္ လင္းသန႔္ ဘယ္အခ်ိန္သတိရလာမယ္ဆိုတာ အတိအက် မေျပာႏိုင္ဘူး၊ လင္းသန႔္...၊ လင္းသန႔္က ကိုမာဝင္သြားၿပီလို႔ေျပာတယ္"

စြမ္းရည္ထက္က မ်က္ရည္ေတြကို သူ႔လက္ခံုႏွင့္ ဖိသုတ္သည္။ ထြန္းလင္းသီဟကလည္း ေခါင္းေမာ့ၿပီး မ်က္ရည္ေတြ သိမ္းဆည္းေနသည္။

စြမ္းရည္ထက္တို႔ဆီ မ်က္ႏွာမူထားရာကေန အာကာလင္းသန႔္ဘက္သို႔ ျပန္လွၫ့္ကာ အာကာလင္းသန႔္ရဲ့ မ်က္ႏွာအား ၾကၫ့္မိသည္။ အာကာလင္းသန႔္ကို ျမင္ေနရတဲ့ ျမင္ကြင္းက တျဖည္းျဖည္း ေဝဝါးလာကာ မ်က္ရည္ေပါက္မ်ား အဆက္မျပတ္ က်ဆင္းလာသည္။ အာကာလင္းသန႔္ရဲ့ လက္ေလးကို ဆုပ္ကိုင္ထားလ်က္ႏွင့္ပဲ သူ႔နဖူးႏွင့္ ထိကပ္လိုက္ကာ မ်က္စိစံုမိွတ္ရင္း ငိုေႂကြးမိသည္။

"ကိုယ့္ကို စိတ္ေကာက္ေနလို႔ အၾကာႀကီး အိပ္မယ္ စဉ္းစားထားတာလား သန႔္၊ ကိုယ္သန႔္ကို မေခ်ာ့လို႔ စိတ္ဆိုးေနတာလား ကေလးေလးရယ္၊ ဒီတစ္ခါပဲ ကိုယ္မ်က္ႏွာလႊဲထားမိတာပါ၊ ကိုယ့္ကို အျပစ္ေပးခ်င္ရင္ တျခားနည္းလမ္းနဲ႔ ေပးေလကြာ၊ ဒီလိုႀကီးေတာ့ မေနပါနဲ႔"

ေနာင္တ...။ ေနာင္တ ဆိုသၫ့္ စကားလံုးေလးသည္ အမွားလုပ္မိေၾကာင္း အခ်ိန္ေနွာင္းမွ သိေစရန္ တမင္ရည္ရြယ္ၿပီး ျဖစ္ေပၚလာသၫ့္ စကားလံုးျဖစ္သည္။ သူ မေန့က စကားလံုးရင့္ရင့္ေတြနဲ႔ အာကာလင္းသန႔္အား မေျပာလိုက္သင့္။ ထို႔အျပင္ တင္းခံၿပီး မေခ်ာ့ဘဲ မေနခဲ့သင့္။ လုပ္ေနက်အတိုင္း လိုက္ေခ်ာ့ခဲ့လ်ွင္ အေျခအေနေတြ ေျပာင္းလဲသြားမည္လား။

"ကိုယ့္အေပၚဆိုးတဲ့ကေလးက အရင္ကလို မဆိုးဘဲ ဒီလိုမ်ိဳး တိတ္ဆိတ္ေနရင္ ကိုယ္ဘယ္လိုမ်ိဳး ေရ႔ွဆက္‌ရမွာလဲ၊ ကိုယ့္ကိုေျဖေလ သန႔္၊ သန႔္အေပၚ ကိုယ္ေျပာမိတာေတြအတြက္ ကိုယ္ဒူးေထာက္ၿပီး ေတာင္းပန္ရမလား၊ ကိုယ္ဒူးေထာက္ၿပီး ေတာင္းပန္ရင္ သန႔္က သတိရလာမွာလား၊ ကိုယ့္ကို တစ္ခုခုေျပာဦးေလကြာ ကိုယ့္ကေလးေလး၊ ကိုယ့္ကို ပစ္မထားပါနဲ႔၊ ေက်းဇူးျပဳျပီး...၊ ေက်းဇူးျပဳျပီး ကိုယ့္ဆီကို ျပန္လာေပးပါ"

သူငယ္ခ်င္းျဖစ္သၫ့္ မိမိတို႔ေတာင္ အာကာလင္းသန႔္အတြက္ မေျဖသိမ့္ႏိုင္ျဖစ္ေနရတာ ခ်စ္သူျဖစ္သၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္ဆိုရင္ မည္သၫ့္အတိုင္းအတာေလာက္အထိ နာက်င္ေနမည္လဲဆိုတာ ေဘးကေနၾကၫ့္ေနသၫ့္ စြမ္းရည္ထက္တို႔ေတာင္ ခန႔္မွန္းမိသည္။ ထြန္းလင္းသီဟက ပိုင္ျမင့္ျမတ္ေက်ာ္ကို သြားေျဖာင္းျဖဖို႔ ျပင္ေန၍ စြမ္းရည္ထက္ တားလိုက္၏။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ အခန္းအျပင္သို႔ ထြက္လာျဖစ္သည္။

အခန္းထဲတြင္ေတာ့ 'သန႔္' ဆိုသၫ့္ နာမည္ကို ႏႈတ္က မခ်တမ္းေခၚၿပီး တစ္ညတာ မ်က္ႏွာလႊဲၿပီး ေနခဲ့မိသၫ့္အတြက္ ေနာင္တႀကီးစြာရကာ ပိုင္ျမင့္ျမတ္ေက်ာ္ ေတာင္းပန္ေနသည္။ သူဘယ္ေလာက္ပဲ ေတာင္းပန္ေနပါေစ အာကာလင္းသန႔္မွာေတာ့ တံု႔ျပန္မႈ အလ်င္းမရိွ ၿငိမ္သက္ၿမဲ ၿငိမ္သက္ဆဲ။

🍀

Continue Reading

You'll Also Like

550K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
400K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
607K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
552K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်