နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

41.7K 1.6K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 15

824 37 0
By reli_08

(Unicode)

အာကာလင်းသန့်တို့ အိမ်တွင် အာကာလင်းသန့်မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်မှ မရှိပါ။ ပါးနှင့်မားက ဘွားဘွားကြီးနှင့်အတူ ဘုရားဖူးဆိုပြီး ခရီးထွက်သွားကြသည်။ မမွှေးအပါအဝင် ကျန်သည့် အိမ်အကူနှစ်‌ယောက်ကိုပါ ဘွားဘွားကြီးကို လမ်းတွင် ပြုစုရန် တစ်ပါတည်း ခေါ်သွားကြသည်။ ထို့ကြောင့် အိမ်တွင် သူနှင့် အိမ်ရဲ့ ခြံစောင့်တာဝန်၊ ဒရိုင်ဘာတာဝန်၊ ဥယျာဥ်မှူးတာဝန်၊ တာဝန်သုံးခုယူထားရသော ကိုဒေါနသာ ကျန်ခဲ့သည်။ ကိုဒေါနကလည်း ကားဂိုဒေါင်ရဲ့ ထပ်ခိုးတွင် နေသည့်သူဆိုတော့ အိမ်မကြီးထဲတွင် သူတစ်ယောက်တည်း တိတ်ဆိတ်စွာ ပန်းချီဆွဲချင်ဆွဲ၊ သီချင်းအကျယ်ကြီး ဖွင့်ချင်ဖွင့် စသည်ဖြင့် စိတ်ကြိုက်နေနိုင်သည်။

တစ်ခါတလေမှာ လူသားတွေဟာ အိမ်တစ်အိမ်လုံးတွင် တစ်ဦးတည်း မည်သူမှမရှိဘဲ နေခြင်းသည် အေးအေးဆေးဆေးရှိပြီး လွတ်လပ်သည်ဟု အာကာလင်းသန့် သတ်မှတ်သည်။ သူဆိုရင် မားတို့ ခရီးထွက်သွားတဲ့ ရက်ပိုင်းအတွင်း လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ခံစားမိသည်။

မားတို့နှင့် ပြဿနာတက်ပြီးသည့်နေ့တည်းက သူက မျက်နှာချင်းတောင်မဆိုင်ဘဲ ရှောင်ရှားပြီးနေခဲ့သည်။ သို့သော်လည်း မားက သူ့ကို ခရီးမသွားခင် အိမ်မှာ လိမ်လိမ်မာမာနဲ့ ဂရုစိုက်ပြီးနေဖို့နှင့် ပြန်လာရင် ပြောစရာရှိသည်ဆိုတာ မမေ့မလျော့ မှာသွားသေးသည်။ ဘာပြောမလဲဆိုတာတော့ သူစိတ်မဝင်စားပါ။

အာကာလင်းသန့် ဝရန်တာ‌မှနေ ပြင်ပလောကသို့ ကြည့်မိသည်။ ညနေဆည်းဆာရဲ့ နေရောင်သည် သူ့မျက်နှာပေါ်သို့ လာရောက်ခစားနေသည်။ သူ့မျက်နှာပေါ်တွင် နေရောင်ခြည်ရှိသကဲ့သို့ အခန်းပေါက်ဝမှာလည်း တစွန်းတစ ပြန့်ကျဲနေလျက်ရှိသည်။ သူလက်တင်ထားသည့် ဝရန်တာလက်တန်းပေါ်သို့ စာကလေးနှစ်ကောင် ခေတ္တခဏ လာရောက် အနားယူသည်။ ကြည့်ရပုံထောက်ရင် အရွယ်အစားနှင့်ပုံသဏ္ဍာန်အရ စာကလေးမောင်နှံ ဖြစ်နေလေမလား။

လူရှိနေသည်ကို မကြောက်မရွံ့ရဲဝံ့စွာ ဝရန်တာ လက်တန်းပေါ်တွင် သူတို့ရဲ့ ခြေထောက်သေးသေးလေးတွေနှင့် သွားလာနေကြသည်။ ထိုစာကလေးနှစ်ကောင်နားသို့ လက်လေးရွှေ့သွားလိုက်တော့ အနှီငှက်မောင်နှံသည် လန့်ပြီး ထပျံသွားကြသည်။

ခြံထဲသို့ အကြည့်ကိုပို့လိုက်၏။ ကိုဒေါနက ခြံထဲရှိ ပန်းပင်တွေနှင့် မြက်ခင်းပြင်အား ရေလောင်းနေသည်ကို တွေ့ရသည်။ ဤမြင်ကွင်းသည် ကိုဒေါနက သူ့အလုပ်သူလုပ်နေတာဖြစ်သည့် မြင်နေကျမြင်ကွင်း ဖြစ်တာကြောင့် ဘာမှ ထူးထူးဆန်းဆန်းမရှိ။ ထို့အတွက် သူ့အကြည့်ကို အိမ်ရှေ့လမ်းပေါ်သို့ ရောက်စေသည်။ သူနေထိုင်ရာ ရပ်ကွက်သည် လူချမ်းသာတွေသာနေထိုင်သည့် ဆိတ်ငြိမ်ရပ်ကွက် ဖြစ်လေတော့ သာမန်ရပ်ကွက်တွေမှာလို ညနေ နေအေးချိန် လမ်းပေါ်ထွက်ဆော့ကြသော ကလေးများရှိမနေ။ လမ်းသွားလမ်းလာ မဆိုထားဘိ ကားသွားကားလာတောင်မှ ကျိုးတို့ကျဲတဲသာ။

အာကာလင်းသန့် အခန်းထဲသို့ ပြန်ဝင်ကာ တက္ကစီ အရင်ခေါ်သည်။ ပြီးမှ သူ့စိတ်ကြိုက်ဖြစ်မည့် အဝတ်အစားတွေကို ဘီရိုထဲ မွှေနှောက်ပြီး ရှာဖွေသည်။ အခန်းထောင့်က အဝတ်ခြင်းနှစ်ခြင်းမှာလည်း နေ့စဉ်မှန်မှန် လျှော်ပေးမည့် အိမ်အကူတွေမရှိတော့ အပုံလိုက်ကို ဖြစ်လို့။ သူလည်း ကိုယ်နိုင်သလောက်လေး စက်နဲ့လျှော်ဖြစ်ပေမယ့် တစ်ရက်တစ်ခါ ပုံမှန်မလျှော်ဘဲဖြစ်ရာကနေ ဤသို့ဤပုံ ဖြစ်သွားခြင်း။ အခန်းသန့်ရှင်းရေးကလည်း အရေးကြီးသည့်အတွက် မဖြစ်မနေ မလုပ်တတ်လုပ်တတ်နှင့် တံမြက်စည်းလှဲ၊ ကြမ်းတိုက်လုပ်ထားရသောကြောင့် မပြောင်မစင် ဖြစ်နေသည်။

အဝတ်အစားလဲပြီးနောက် ဖြီးလိမ်းပြင်ဆင်ပြီးချိန် တက္ကစီမှာလည်း အချိန်ကိုက်ရောက်လာသည်။ အောက်ထပ်ကို ဆင်းပြီး အိမ်အပြင်ရောက်တော့ ကိုဒေါနက ရေပိုက်ကို ပစ်ချ၍ ဖိနပ်ကြိုးချည်နေသော သူ့ဆီသို့ လျှောက်လာ၏။

"တက္ကစီနဲ့ သွားမလို့လား အစ်ကိုလေး"

"ဟုတ်တယ် ကိုဒေါန၊ ခင်ဗျားကို ခေါ်မသွားတာ လူစောင့်မရှိ ဖြစ်မှာစိုးလို့၊ ကျွန်တော် ထမင်းစားချိန်အမီ ပြန်လာခဲ့မယ်၊ အိမ်ကို စိတ်ချမယ်နော်"

အာကာလင်းသန့်က ကားမောင်းတတ်ပေမယ့် အပြင်သွားတိုင်း ကိုဒေါနကိုသာ မောင်းခိုင်းသည်။ သူက ကိုယ်တိုင်မောင်းရခြင်းထက် တခြားသူမောင်းသည့် ကားကိုပဲ စီးရတာ ပိုသဘောကျသည်။ ဤသို့ဖြင့် သူကား‌မမောင်းဖြစ်တော့ပေ။

အိမ်မကြီးကို သော့ပိတ်ကာ ခြံပြင်သို့ ထွက်သွားလိုက်သည်။ ကိုဒေါနက ခြံထဲမှာ ပန်းပင်တွေ ရေဆက်လောင်းရင်း ကျန်ခဲ့၏။ သူကတော့ တက္ကစီဖြင့် ပိုင်မြင့်မြတ်ကျော် အိမ်သို့ ထွက်ခွာလေသည်။

🍀

ပိုင်မြင့်မြတ်ကျော်ရဲ့ အိမ်သို့ အာကာလင်းသန့် ရောက်ရှိနေသည်မှာ တစ်နာရီခန့် ရှိနေပြီဖြစ်၏။ နှစ်ယောက်သား စကားကောင်းကောင်းမွန်မွန် ပြောရသည်ကို မရှိသေးဘဲ ပိုင်မြင့်မြတ်ကျော်က အလုပ်တွေရှိ‌နေ၍ အလုပ်လုပ်၊ သူက ဖုန်းသုံးရင်းဖြင့်သာ တစ်နာရီကို ကုန်ဆုံးဖြစ်ကြသည်။ ပိုင်မြင့်မြတ်ကျော်နှင့် အတူတူအချိန်ဖြုန်းချင်၍ သူဒီကို လာခဲ့သည်။ တစ်ခန်းတည်းတွင် အတူတူတော့ ရှိပါရဲ့။ သို့‌ပေမယ့် တစ်ယောက်နှင့်တစ်ယောက် သီးခြားဆန်စွာ ရှိနေသည်။ သူ ဒီအတိုင်းနေပြီး ပိုင်မြင့်မြတ်ကျော် အလုပ်ပြီးမည့် အချိန်ကို ဆက်စောင့်နိုင်စွမ်း မရှိတော့။

"ဦးမြတ်"

"အင်း သန့်"

သူ့ကို ပိုင်မြင့်မြတ်ကျော်က ခေါင်းထောင်၍တောင် လှည့်မကြည့်ဘဲ ဖြေကြားသည်။ ပိုင်မြင့်မြတ်ကျော်ရဲ့ မျက်လုံးတွေက ရှေ့တည့်တည့်တွင်ရှိသော လပ်တော့ပ်တွင်သာ ရှိမြဲပင်။

"ဦးမြတ် ကျွန်တော့်ကို မကြည့်နိုင်ဘူးလား"

"ကိုယ်လုပ်စရာတွေ မပြီးသေးလို့ပါကွာ၊ ခဏလေး"

အာကာလင်းသန့် ဒေါသထွက်လာပြီး ပိုင်မြင့်မြတ်ကျော်ရဲ့ မျက်နှာကို သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။

"ဒါတွေ ပစ်ထားပြီး ကျွန်တော်နဲ့ စကားပြောပါလား ဦးမြတ်၊ ဦးမြတ် ကျွန်တော့်ကို ဂရုမစိုက်ဘဲ ဒီအလုပ်တွေကိုပဲ ဂရုစိုက်နေတယ်၊ အခုတလော ဦးမြတ် စိတ်ထဲမှာ ကျွန်တော်ဆိုတာရှိသေးရဲ့လား၊ ရာထူးတိုးပြီးတဲ့ နောက်ပိုင်း ဦးမြတ် အလုပ်ကိုပဲ ပိုဦးစားပေးလာတယ်၊ ကျွန်တော့် စာမေးပွဲရက်တွေတုန်းကလည်း ခဏလေးပဲနေပေးပြီး ပြန်တယ်၊ ဦးမြတ်က ဘာသဘောလဲ၊ ကျွန်တော့်ကို မချစ်တော့တာလား၊ မချစ်လို့ အချိန်မပေးတော့တာလား"

"မဟုတ်ဘူး သန့်၊ ကိုယ်အချိန်မပေးနိုင်တော့တာက ကိုယ်တော်တော်လေးကို အလုပ်တွေများလာတယ်၊ တာဝန်တွေလည်း ပိုလာတယ်၊ ဒါတွေကြောင့်ပါ၊ ဒါတွေကြောင့် သန့် ခေါ်တိုင်း လာဖို့ အဆင်မပြေတော့တာပါကွာ"

"ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ကျွန်တော့်ကို ချစ်ရင် ကျွန်တော့်ကိုပဲ အရင်ကလို ဂရုစိုက်ပေး၊ အချိန်ပေးရမှာ မဟုတ်ဘူးလား၊ အလုပ်ကြောင့်ဆိုတဲ့ ဆင်ခြေနဲ့တော့ ကျွန်တော့်ကို လျစ်လျူရှုထားတာ ဦးမြတ် လွန်တယ်၊ ကျွန်တော်က ဦးမြတ်အဆင်ပြေတဲ့ အချိန်မှ ချစ်ပေး၊ ဦးစားပေးခံရမယ့် အရုပ်မဟုတ်ဘူး၊ လူဗျ၊ လူတောင်မှ ဦးမြတ်ဆီက နံပါတ်တစ်အနေနဲ့ သဘောထားတာကိုပဲ လိုချင်တဲ့လူ"

"သန့်ရယ်၊ သန့်ကလေးမှ မဟုတ်တော့ပဲ၊ အောင်စာရင်း ထွက်ပြီးတာနဲ့ မကြာခင်မှာ ဘွဲ့ရတော့မယ့် လူကြီးတစ်ယောက်ဖြစ်နေပြီ၊ မဆိုးဘဲနဲ့ ရင့်ကျက်သင့်ပြီ၊ ချစ်သူတွေပဲ ဖြစ်နေပါစေ၊ လူတစ်ယောက်က လူတစ်ယောက်အတွက် အမြဲလိုလို အချိန်မပေးနိုင်ဘူး၊ သန့်မှာလည်း သန့်ကိုယ်ပိုင်အချိန် ရှိသလို ကိုယ့်မှာလည်း ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေအတွက် ကိုယ်ပိုင်အချိန် ဆိုတာရှိတယ်၊ သန့် အခုလိုမျိုး ကိုယ့်ကို နားမလည်နိုင်တာ ကိုယ်စိတ်ပျက်တယ်"

"အခု....အခု ကျွန်တော့်ကို စိတ်ပျက်တယ် ပြောလိုက်တာလား"

"သန့် ကြားတဲ့အတိုင်းပဲ၊ သန့်ကြောင့် ကိုယ်အခက်အခဲတွေကြုံရတယ်၊ ဒါသန့်နဲ့ စတွဲတဲ့ အချိန်ကတည်းက၊ သန့် ကိုယ့်အပေါ်အရမ်းဆိုးတယ်၊ သန့်ဖြစ်ချင်သလို မလုပ်ပေးနိုင်ရင်လည်း စိတ်ဆိုးသေးတယ်၊ ဒါပေမဲ့ သန့် ဆိုးသမျှကို သည်းခံပြီး သန့် စိတ်ဆိုးသွားတိုင်း ကိုယ်ကချည်းပဲ မျက်နှာငယ်နဲ့ ချော့တာ သန့်ကို ကိုယ်ချစ်လွန်းလို့၊ အဆုံးရှုံးမခံနိုင်လို့၊ ကိုယ်လည်း သန့်အပေါ် စိတ်ခုမိတဲ့အခါတွေရှိခဲ့တယ် သန့်၊ ကိုယ်ဘယ်တော့မှ သန့် မြင်အောင် မပြခဲ့တာ၊ သန့်အတွက်ပဲ အမြဲစဥ်းစားပြီးရွေးချယ်တတ်တဲ့ ကိုယ့်ကို သန့်က နားလည်မှုလေး မပေးနိုင်တာကို ကိုယ် စိတ်မပျက်ရင် ရူးနေလို့ပဲဖြစ်မယ်"

"ဦးမြတ် ကျွန်တော့်ကို မချစ်ပါဘူး"

မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစ်စုံဖြင့် အာကာလင်းသန့်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူ့အား ကြည့်လာသည်။ ပိုင်မြင့်မြတ်ကျော် 'စိတ်ပျက်တယ်' ဆိုသည့် စကားလုံးကို မထိန်းနိုင်လောက်တဲ့အထိ ဖြစ်သွားရတာ သူတကယ် ဆက်ပြီး သည်းမခံနိုင်တော့၍ ဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှာ အဆင်ပြေနေခဲ့သည်ဟု ထင်ခဲ့မိတာ အလွဲမှားဆုံးအမှားတစ်ခုပင် ဖြစ်၏။ အဆင်ပြေသည်ဆိုသော ထင်ယောင်ထင်မှားက အက်ကြောင်းတစ်ခုကို ဖုံးကွယ်ထားမှန်း နောက်ဆုံးတော့ သူသိခွင့်ရခဲ့ပြီ။ အက်ကြောင်းထဲက ကျလာသည့် ယိုစိမ့်မှုတွေကို စောစီးစွာ မသိသည်မှာ မယိုစိမ့်နိုင်လောက်အောင် ကြီးမားသည့် အစိုင်အခဲတွေက တိတ်တဆိတ်ဖြစ်တည်နေခြင်းကြောင့်။

"သန့်လည်း ကိုယ့်ကို မချစ်ပါဘူး"

သူ့မျက်နှာကို အတန်ကြာ စိုက်ကြည့်ပြီးနောက် အာကာလင်းသန့် ထွက်သွားသည်။ အာကာလင်းသန့်နောက်ကို သူလိုက်သွားဖို့ စိတ်ကူးမရှိသလို ချော့ချင်စိတ်လည်း မရှိ။ သူ့ဘက်ကပဲ အမြဲ ချော့နေရတာ စိတ်ကုန်နေပြီ။ ဒီတစ်ခေါက်တော့ ဘယ်နှစ်ရက်ပဲကြာကြာ အာကာလင်းသန့်ကို မချော့ချင်တော့ဘူး။ အရာအားလုံးနားလည်ပေးပြီး သူ့ဆီကို အာကာလင်းသန့် ပြန်လာတာကိုပဲ စောင့်တော့မည်။

🍀

"မင်းများနေပြီ လင်းသန့်"

"စွမ်းထက်ပြောတာကို ငါလည်း ထောက်ခံတယ်၊ မင်းတော်သင့်ပြီ"

အာကာလင်းသန့်ရဲ့ အိမ်သို့ စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟ ရောက်နေကြခြင်း ဖြစ်၏။ ပိုင်မြင့်မြတ်ကျော်ဆီက သူပြန်ရောက်လာပြီး စိတ်သက်သာလိုသက်သာငြား သူငယ်ချင်းတွေနှင့် သောက်ရန် သူကိုယ်တိုင် လှမ်းခေါ်ခဲ့သည်။ စွမ်းရည်ထက်တို့ သူ့အိမ်ရောက်ပြီ ဆိုကတည်းက အပြင်းဆုံးဆိုသည့် ပုလင်းကို ဆွဲယူကာ သောက်သည်။

သူ့စိတ်ထဲမှာ ဘာဆိုဘာမှ မရှိချင်သကဲ့သို့ ခေါင်းထဲတွင်လည်း မည်သည့်အတွေးမှ မတွေးချင်။ အရာအားလုံးကို မေ့ပစ်ချင်စိတ်သာ စိုးစံနေသည်။ နှလုံးသားက နာကျင်မှုကလည်း သူ့ကို တဖြည်းဖြည်းချင်း သတ်ဖို့ ကြံစည်နေသယောင်။ ချစ်ရတဲ့သူနှုတ်မှ ထွက်အံကျလာခဲ့သော စကားလေးသုံးလုံးက အရေအတွက်အားဖြင့် နည်းပေသိ သူ့ကိုတော့ အထိနာစေသည်။

ထိုသို့ ခံစားနေရတဲ့ နာကျင်စရာဒဏ်ရာကို မေ့ပစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်သည်က 'အရက်' ဆိုသည့် အရာသာဖြစ်သည်။ ထို့ကြောင့် ဘယ်သူပဲတားတား မတော်ပေးနိုင်။ တော်လိုက်လို့ လုံးဝမဖြစ်။ သူတော်လိုက်သည်နှင့် သူကြားခဲ့ရသည့် စကားလုံးသုံးလုံးက သူ့ရဲ့ နားထဲမှာ  ထပ်ခါထပ်ခါဆင့်ပြီး ပြန်ကြားယောင်နေမိမည်။ ဤအရာကြောင့် သူသောက်ကိုသောက်ရမည်။ အစာအိမ်ကဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကဖြစ်ဖြစ် လက်မခံနိုင်တော့လို့ မေ့လဲသွားမည်ဆိုလျှင်တောင် အရေးမလုပ် ကန့်လန့်တိုက်ကာ ဆက်သောက်မည်။

"လင်းသန့် တော်တော့လေကွာ၊ မင်းတစ်ခါမှ အများကြီး သောက်ဖူးတာလည်းမဟုတ်တဲ့ အပြင်းတွေကို သောက်နေတာ၊ မင်း အရမ်းလွန်သွားလိမ့်မယ်၊ ထွန်းလင်း သူ့ရှေ့ကဟာတွေကို သိမ်းလိုက်တော့"

စွမ်းရည်ထက်က အာကာလင်းသန့်ကို တားမြစ်ရင်း တစ်ဖက်တွင်လည်း ထွန်းလင်းသီဟအား သောက်စရာတွေကို သိမ်းရန် မှာကြားသည်။ ထွန်းလင်းသီဟ ချက်ချင်းထပြီး အာကာလင်းသန့်ရှေ့တွင်ရှိသည့် ပုလင်းနှင့် ဖန်ခွက်ကို သိမ်းလိုက်သည်။ ပြီး အာကာလင်းသန့် မမြင်တော့အောင် တစ်နေရာတွင် ဖွက်၏။

"မင်းလူကြီးနဲ့ ရန်ဖြစ်ထားလို့လား လင်းသန့်၊ ငါတို့ကိုပြောပြီး ရင်ဖွင့်ရင်သေမှာကြောက်လို့လား၊ ဒီအရည်တွေ လှိမ့်သောက်နေတော့ရော မင်းခံစားနေရတာ သက်သာသွားမှာမို့လို့လား၊ ငါတို့ကို ခေါ်တုန်းကခေါ်ထားပြီး မင်းအရက်သောက်တာ ငုတ်တုတ်ထိုင်စောင့်ခိုင်းရုံ လုပ်တာလား ဟေ့ရောင်"

"ငါ့ကို ပုလင်းပြန်ပေးပါကွာ"

"မပေးဘူး၊ ရင်ဖွင့်စရာရှိတာ မဖွင့်ဘဲ အရက်ကျတော့ သောက်ချင်တယ်၊ မပေးနိုင်ဘူး"

အာကာလင်းသန့်ကို မြင်ရတာ စွမ်းရည်ထက် ဘယ်လိုပဲမေးမေး ဖြေမည့်ပုံမပေါ်။ ထို့အပြင် ခေါင်းမထောင်နိုင်လောက်သည့်နီးနီး ဖြစ်နေတာတောင် ထပ်သောက်ချင်နေသေးသည်။ ထွန်းလင်းသီဟလည်း ဒီအတိုင်းကြည့်မနေတော့ဘဲ တစ်ခုခုလုပ်ရန် ဆုံးဖြတ်ရ၏။

"လင်းသန့်ကို ငါတို့ သူ့အခန်းထဲ ပို့ပေးရအောင် စွမ်းထက်၊ အိပ်ယာပေါ်ရောက်သွားရင် သူ့ဘာသာသူ အိပ်ပျော်သွားလိမ့်မယ်၊ ဒီညတော့ ဒီအတိုင်း လွှတ်ပေးထားလိုက်ပါကွာ၊ မနက်မှပဲ မေးကြည့်တာကောင်းမယ်"

အာကာလင်းသန့်အား ထွန်းလင်းသီဟနှင့် စွမ်းရည်ထက် တစ်ဖက်တစ်ချက်စီကနေ တွဲခေါ်ပြီး အပေါ်ထပ်ရှိ အာကာလင်းသန့်ရဲ့ အခန်းသို့ပို့ပေးကြသည်။ အရက်မူးနေတဲ့ လူတစ်ယောက်ကို ဟန်ချက်ညီအောင် လူနှစ်ယောက်က ထိန်းပြီး ခေါ်ရတာလည်း လွယ်တော့မလွယ်လှ။ မလွယ်ရသည့်ကြားထဲ အာကာလင်းသန့်တို့အိမ်က လှေကားသည် ပြေပြေလေးနှင့် လှေကားထစ်နည်းသည့် အနေအထားမဟုတ်။ လှေကားထစ်များပြီးအ‌လယ်အလတ်မြင့်သည့်  ခပ်မတ်မတ်လှေကားဖြစ်သည်။ ဤသို့ဖြင့် အာကာလင်းသန့်၏ အခန်းသို့ ကြိုးစားပြီး တွဲခေါ်သွားကြရသည်။

အခန်းထဲရောက်တော့ အာကာလင်းသန့်၏ ကိုယ်လုံးကို ကုတင်ပေါ်သို့ တင်ကာ ခြေထောက်တွေကိုပါ ကုတင်ပေါ်ရောက်အောင် တင်ပေးသည်။ သူတို့နှစ်ယောက် အတန်ငယ်ချွေးစို့ပြီး ပင်ပန်းသွားကြသည်။ သို့နှင့် ကြမ်းပြင်တွင် ခြေပစ်လက်ပစ်ထိုင်ကာ အနားယူနေရသည်။

"မင်း အိမ်ပြန်မှာလား ထွန်းလင်း"

"မင်းရော"

"ဒီကောင့်ကို စိတ်မချလို့ မပြန်ဘူး"

"ဒါဆို ငါလည်း မပြန်တော့ဘူး"

စွမ်းရည်ထက် ကြမ်းပြင်ပေါ်မှထကာ အခန်းအပြင်သို့ ထွက်ရန်ပြင်သည်။

"‌ဘယ်သွားမလို့လဲ စွမ်းထက်"

"ဆေးလိပ် သွားဝယ်မလို့ဟေ့"

"ဒီအချိန်ကြီး တစ်ယောက်တည်း သွားမှာ ငါစိတ်မချဘူး၊ ငါပါလိုက်မယ်"

"ဘာလိုက်လုပ်မှာလဲ၊ စိတ်မချရအောင် ငါက မိန်းကလေးလား"

"မင်းဖြစ်နေလို့ကို စိတ်မချတာကွာ၊ လိုက်ခဲ့မယ်"

"ပီကေလိုကောင်"

စွမ်းရည်ထက် ပြောမရသည့်အဆုံး ထွန်းလင်းသီဟကို ခေါ်သွားရတော့သည်။ မသွားခင် အာကာလင်းသန့်ကို တစ်ချက်ကြည့်မိတော့ အာကာလင်းသန့်က ငြိမ်သက်စွာ အိပ်မောကျနေသည်ကို တွေ့ရသည်။ တံခါးကို အသံမထွက်အောင် ဖြည်းညှင်းစွာ ပိတ်ပြီး အာကာလင်းသန့်ကို ချန်ခဲ့ကာ ထွန်းလင်းသီဟနှင့် နီးစပ်ရာ (၂၄)နာရီဖွင့်သည့် convenience storeတစ်ခုသို့ သွားဖြစ်သည်။

🍀

A/N: ဟိုဟာလေ မုန်တိုင်းဝင်ပါပြီနော်၊ လေတိုက်နှုန်းက မနေ့ကတိုက်တဲ့ လေထက်နည်းနည်းလေး ပြင်းလိမ့်မယ်ထင်တယ်၊ မုန်တိုင်းသတင်းပေးပြီးပြီဆိုတော့ ချောင်းရိုက်ခံရမှာကြောက်လို့ ကိုယ့်ကောင်လေး Cha KyungJooဆီ သွားပုန်းပါပြီ (๑•﹏•)

🍀

(Zawgyi)

အာကာလင္းသန႔္တို႔ အိမ္တြင္ အာကာလင္းသန႔္မွလြဲ၍ မည္သူ တစ္ဦးတစ္ေယာက္မွ မရိွပါ။ ပါးႏွင့္မားက ဘြားဘြားႀကီးႏွင့္အတူ ဘုရားဖူးဆိုၿပီး ခရီးထြက္သြားၾကသည္။ မေမႊးအပါအဝင္ က်န္သၫ့္ အိမ္အကူႏွစ္‌ေယာက္ကိုပါ ဘြားဘြားႀကီးကို လမ္းတြင္ ျပဳစုရန္ တစ္ပါတည္း ေခၚသြားၾကသည္။ ထို႔ေၾကာင့္ အိမ္တြင္ သူႏွင့္ အိမ္ရဲ့ ၿခံေစာင့္တာဝန္၊ ဒရိုင္ဘာတာဝန္၊ ဥယ်ာဥ္မွဴးတာဝန္၊ တာဝန္သံုးခုယူထားရေသာ ကိုေဒါနသာ က်န္ခဲ့သည္။ ကိုေဒါနကလည္း ကားဂိုေဒါင္ရဲ့ ထပ္ခိုးတြင္ ေနသၫ့္သူဆိုေတာ့ အိမ္မႀကီးထဲတြင္ သူတစ္ေယာက္တည္း တိတ္ဆိတ္စြာ ပန္းခ်ီဆြဲခ်င္ဆြဲ၊ သီခ်င္းအက်ယ္ႀကီး ဖြင့္ခ်င္ဖြင့္ စသည္ျဖင့္ စိတ္ႀကိဳက္ေနႏိုင္သည္။

တစ္ခါတေလမွာ လူသားေတြဟာ အိမ္တစ္အိမ္လံုးတြင္ တစ္ဦးတည္း မည္သူမွမရိွဘဲ ေနျခင္းသည္ ေအးေအးေဆးေဆးရိွၿပီး လြတ္လပ္သည္ဟု အာကာလင္းသန႔္ သတ္မွတ္သည္။ သူဆိုရင္ မားတို႔ ခရီးထြက္သြားတဲ့ ရက္ပိုင္းအတြင္း လြတ္လပ္ျခင္းရဲ့ အဓိပၸာယ္အစစ္အမွန္ကို ခံစားမိသည္။

မားတို႔ႏွင့္ ျပႆနာတက္ၿပီးသၫ့္ေန့တည္းက သူက မ်က္ႏွာခ်င္းေတာင္မဆိုင္ဘဲ ေရွာင္ရွားၿပီးေနခဲ့သည္။ သို႔ေသာ္လည္း မားက သူ႔ကို ခရီးမသြားခင္ အိမ္မွာ လိမ္လိမ္မာမာနဲ႔ ဂရုစိုက္ၿပီးေနဖို႔ႏွင့္ ျပန္လာရင္ ေျပာစရာရိွသည္ဆိုတာ မေမ့မေလ်ာ့ မွာသြားေသးသည္။ ဘာေျပာမလဲဆိုတာေတာ့ သူစိတ္မဝင္စားပါ။

အာကာလင္းသန႔္ ဝရန္တာ‌မွေန ျပင္ပေလာကသို႔ ၾကၫ့္မိသည္။ ညေနဆည္းဆာရဲ့ ေနေရာင္သည္ သူ႔မ်က္ႏွာေပၚသို႔ လာေရာက္ခစားေနသည္။ သူ႔မ်က္ႏွာေပၚတြင္ ေနေရာင္ျခည္ရိွသကဲ့သို႔ အခန္းေပါက္ဝမွာလည္း တစြန္းတစ ျပန႔္က်ဲေနလ်က္ရိွသည္။ သူလက္တင္ထားသၫ့္ ဝရန္တာလက္တန္းေပၚသို႔ စာကေလးႏွစ္ေကာင္ ေခတၲခဏ လာေရာက္ အနားယူသည္။ ၾကၫ့္ရပံုေထာက္ရင္ အရြယ္အစားႏွင့္ပံုသ႑ာန္အရ စာကေလးေမာင္ႏွံ ျဖစ္ေနေလမလား။

လူရိွေနသည္ကို မေၾကာက္မရြံ႔ရဲဝံ့စြာ ဝရန္တာ လက္တန္းေပၚတြင္ သူတို႔ရဲ့ ေျခေထာက္ေသးေသးေလးေတြႏွင့္ သြားလာေနၾကသည္။ ထိုစာကေလးႏွစ္ေကာင္နားသို႔ လက္ေလးေရႊ့သြားလိုက္ေတာ့ အႏွီငွက္ေမာင္ႏွံသည္ လန႔္ၿပီး ထပ်ံသြားၾကသည္။

ၿခံထဲသို႔ အၾကၫ့္ကိုပို႔လိုက္၏။ ကိုေဒါနက ၿခံထဲရိွ ပန္းပင္ေတြႏွင့္ ျမက္ခင္းျပင္အား ေရေလာင္းေနသည္ကို ေတြ့ရသည္။ ဤျမင္ကြင္းသည္ ကိုေဒါနက သူ႔အလုပ္သူလုပ္ေနတာျဖစ္သၫ့္ ျမင္ေနက်ျမင္ကြင္း ျဖစ္တာေၾကာင့္ ဘာမွ ထူးထူးဆန္းဆန္းမရိွ။ ထို႔အတြက္ သူ႔အၾကၫ့္ကို အိမ္ေရ႔ွလမ္းေပၚသို႔ ေရာက္ေစသည္။ သူေနထိုင္ရာ ရပ္ကြက္သည္ လူခ်မ္းသာေတြသာေနထိုင္သၫ့္ ဆိတ္ၿငိမ္ရပ္ကြက္ ျဖစ္ေလေတာ့ သာမန္ရပ္ကြက္ေတြမွာလို ညေန ေနေအးခ်ိန္ လမ္းေပၚထြက္ေဆာ့ၾကေသာ ကေလးမ်ားရိွမေန။ လမ္းသြားလမ္းလာ မဆိုထားဘိ ကားသြားကားလာေတာင္မွ က်ိဳးတို႔က်ဲတဲသာ။

အာကာလင္းသန႔္ အခန္းထဲသို႔ ျပန္ဝင္ကာ တကၠစီ အရင္ေခၚသည္။ ၿပီးမွ သူ႔စိတ္ႀကိဳက္ျဖစ္မၫ့္ အဝတ္အစားေတြကို ဘီရိုထဲ ေမႊေနွာက္ၿပီး ရွာေဖြသည္။ အခန္းေထာင့္က အဝတ္ျခင္းႏွစ္ျခင္းမွာလည္း ေန့စဉ္မွန္မွန္ ေလ်ွာ္ေပးမၫ့္ အိမ္အကူေတြမရိွေတာ့ အပံုလိုက္ကို ျဖစ္လို႔။ သူလည္း ကိုယ္ႏိုင္သေလာက္ေလး စက္နဲ႔ေလ်ွာ္ျဖစ္ေပမယ့္ တစ္ရက္တစ္ခါ ပံုမွန္မေလ်ွာ္ဘဲျဖစ္ရာကေန ဤသို႔ဤပံု ျဖစ္သြားျခင္း။ အခန္းသန႔္ရွင္းေရးကလည္း အေရးႀကီးသၫ့္အတြက္ မျဖစ္မေန မလုပ္တတ္လုပ္တတ္ႏွင့္ တံျမက္စည္းလွဲ၊ ၾကမ္းတိုက္လုပ္ထားရေသာေၾကာင့္ မေျပာင္မစင္ ျဖစ္ေနသည္။

အဝတ္အစားလဲၿပီးေနာက္ ၿဖီးလိမ္းျပင္ဆင္ၿပီးခ်ိန္ တကၠစီမွာလည္း အခ်ိန္ကိုက္ေရာက္လာသည္။ ေအာက္ထပ္ကို ဆင္းၿပီး အိမ္အျပင္ေရာက္ေတာ့ ကိုေဒါနက ေရပိုက္ကို ပစ္ခ်၍ ဖိနပ္ႀကိဳးခ်ည္ေနေသာ သူ႔ဆီသို႔ ေလ်ွာက္လာ၏။

"တကၠစီနဲ႔ သြားမလို႔လား အစ္ကိုေလး"

"ဟုတ္တယ္ ကိုေဒါန၊ ခင္ဗ်ားကို ေခၚမသြားတာ လူေစာင့္မရိွ ျဖစ္မွာစိုးလို႔၊ ကြၽန္ေတာ္ ထမင္းစားခ်ိန္အမီ ျပန္လာခဲ့မယ္၊ အိမ္ကို စိတ္ခ်မယ္ေနာ္"

အာကာလင္းသန႔္က ကားေမာင္းတတ္ေပမယ့္ အျပင္သြားတိုင္း ကိုေဒါနကိုသာ ေမာင္းခိုင္းသည္။ သူက ကိုယ္တိုင္ေမာင္းရျခင္းထက္ တျခားသူေမာင္းသၫ့္ ကားကိုပဲ စီးရတာ ပိုသေဘာက်သည္။ ဤသို႔ျဖင့္ သူကား‌မေမာင္းျဖစ္ေတာ့ေပ။

အိမ္မႀကီးကို ေသာ့ပိတ္ကာ ၿခံျပင္သို႔ ထြက္သြားလိုက္သည္။ ကိုေဒါနက ၿခံထဲမွာ ပန္းပင္ေတြ ေရဆက္ေလာင္းရင္း က်န္ခဲ့၏။ သူကေတာ့ တကၠစီျဖင့္ ပိုင္ျမင့္ျမတ္ေက်ာ္ အိမ္သို႔ ထြက္ခြာေလသည္။

🍀

ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ အိမ္သို႔ အာကာလင္းသန႔္ ေရာက္ရိွေနသည္မွာ တစ္နာရီခန႔္ ရိွေနၿပီျဖစ္၏။ ႏွစ္ေယာက္သား စကားေကာင္းေကာင္းမြန္မြန္ ေျပာရသည္ကို မရိွေသးဘဲ ပိုင္ျမင့္ျမတ္ေက်ာ္က အလုပ္ေတြရိွ‌ေန၍ အလုပ္လုပ္၊ သူက ဖုန္းသံုးရင္းျဖင့္သာ တစ္နာရီကို ကုန္ဆံုးျဖစ္ၾကသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ အတူတူအခ်ိန္ျဖဳန္းခ်င္၍ သူဒီကို လာခဲ့သည္။ တစ္ခန္းတည္းတြင္ အတူတူေတာ့ ရိွပါရဲ့။ သို႔‌ေပမယ့္ တစ္ေယာက္ႏွင့္တစ္ေယာက္ သီးျခားဆန္စြာ ရိွေနသည္။ သူ ဒီအတိုင္းေနၿပီး ပိုင္ျမင့္ျမတ္ေက်ာ္ အလုပ္ၿပီးမၫ့္ အခ်ိန္ကို ဆက္ေစာင့္ႏိုင္စြမ္း မရိွေတာ့။

"ဦးျမတ္"

"အင္း သန႔္"

သူ႔ကို ပိုင္ျမင့္ျမတ္ေက်ာ္က ေခါင္းေထာင္၍ေတာင္ လွၫ့္မၾကၫ့္ဘဲ ေျဖၾကားသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ မ်က္လံုးေတြက ေရ႔ွတၫ့္တၫ့္တြင္ရိွေသာ လပ္ေတာ့ပ္တြင္သာ ရိွၿမဲပင္။

"ဦးျမတ္ ကြၽန္ေတာ့္ကို မၾကၫ့္ႏိုင္ဘူးလား"

"ကိုယ္လုပ္စရာေတြ မၿပီးေသးလို႔ပါကြာ၊ ခဏေလး"

အာကာလင္းသန႔္ ေဒါသထြက္လာၿပီး ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ မ်က္ႏွာကို သူ႔ဘက္သို႔ ဆြဲလွၫ့္လိုက္သည္။

"ဒါေတြ ပစ္ထားၿပီး ကြၽန္ေတာ္နဲ႔ စကားေျပာပါလား ဦးျမတ္၊ ဦးျမတ္ ကြၽန္ေတာ့္ကို ဂရုမစိုက္ဘဲ ဒီအလုပ္ေတြကိုပဲ ဂရုစိုက္ေနတယ္၊ အခုတေလာ ဦးျမတ္ စိတ္ထဲမွာ ကြၽန္ေတာ္ဆိုတာရိွေသးရဲ့လား၊ ရာထူးတိုးၿပီးတဲ့ ေနာက္ပိုင္း ဦးျမတ္ အလုပ္ကိုပဲ ပိုဦးစားေပးလာတယ္၊ ကြၽန္ေတာ့္ စာေမးပြဲရက္ေတြတုန္းကလည္း ခဏေလးပဲေနေပးၿပီး ျပန္တယ္၊ ဦးျမတ္က ဘာသေဘာလဲ၊ ကြၽန္ေတာ့္ကို မခ်စ္ေတာ့တာလား၊ မခ်စ္လို႔ အခ်ိန္မေပးေတာ့တာလား"

"မဟုတ္ဘူး သန႔္၊ ကိုယ္အခ်ိန္မေပးႏိုင္ေတာ့တာက ကိုယ္ေတာ္ေတာ္ေလးကို အလုပ္ေတြမ်ားလာတယ္၊ တာဝန္ေတြလည္း ပိုလာတယ္၊ ဒါေတြေၾကာင့္ပါ၊ ဒါေတြေၾကာင့္ သန႔္ ေခၚတိုင္း လာဖို႔ အဆင္မေျပေတာ့တာပါကြာ"

"ဘယ္လိုပဲျဖစ္ျဖစ္ေလ၊ ကြၽန္ေတာ့္ကို ခ်စ္ရင္ ကြၽန္ေတာ့္ကိုပဲ အရင္ကလို ဂရုစိုက္ေပး၊ အခ်ိန္ေပးရမွာ မဟုတ္ဘူးလား၊ အလုပ္ေၾကာင့္ဆိုတဲ့ ဆင္ေျခနဲ႔ေတာ့ ကြၽန္ေတာ့္ကို လ်စ္လ်ူရႈထားတာ ဦးျမတ္ လြန္တယ္၊ ကြၽန္ေတာ္က ဦးျမတ္အဆင္ေျပတဲ့ အခ်ိန္မွ ခ်စ္ေပး၊ ဦးစားေပးခံရမယ့္ အရုပ္မဟုတ္ဘူး၊ လူဗ်၊ လူေတာင္မွ ဦးျမတ္ဆီက နံပါတ္တစ္အေနနဲ႔ သေဘာထားတာကိုပဲ လိုခ်င္တဲ့လူ"

"သန႔္ရယ္၊ သန႔္ကေလးမွ မဟုတ္ေတာ့ပဲ၊ ေအာင္စာရင္း ထြက္ၿပီးတာနဲ႔ မၾကာခင္မွာ ဘြဲ႔ရေတာ့မယ့္ လူႀကီးတစ္ေယာက္ျဖစ္ေနၿပီ၊ မဆိုးဘဲနဲ႔ ရင့္က်က္သင့္ၿပီ၊ ခ်စ္သူေတြပဲ ျဖစ္ေနပါေစ၊ လူတစ္ေယာက္က လူတစ္ေယာက္အတြက္ အၿမဲလိုလို အခ်ိန္မေပးႏိုင္ဘူး၊ သန႔္မွာလည္း သန႔္ကိုယ္ပိုင္အခ်ိန္ ရိွသလို ကိုယ့္မွာလည္း ကိုယ္လုပ္စရာရိွတဲ့ အလုပ္ေတြအတြက္ ကိုယ္ပိုင္အခ်ိန္ ဆိုတာရိွတယ္၊ သန႔္ အခုလိုမ်ိဳး ကိုယ့္ကို နားမလည္ႏိုင္တာ ကိုယ္စိတ္ပ်က္တယ္"

"အခု....အခု ကြၽန္ေတာ့္ကို စိတ္ပ်က္တယ္ ေျပာလိုက္တာလား"

"သန႔္ ၾကားတဲ့အတိုင္းပဲ၊ သန႔္ေၾကာင့္ ကိုယ္အခက္အခဲေတြႀကံဳရတယ္၊ ဒါသန႔္နဲ႔ စတြဲတဲ့ အခ်ိန္ကတည္းက၊ သန႔္ ကိုယ့္အေပၚအရမ္းဆိုးတယ္၊ သန႔္ျဖစ္ခ်င္သလို မလုပ္ေပးႏိုင္ရင္လည္း စိတ္ဆိုးေသးတယ္၊ ဒါေပမဲ့ သန႔္ ဆိုးသမ်ွကို သည္းခံၿပီး သန႔္ စိတ္ဆိုးသြားတိုင္း ကိုယ္ကခ်ည္းပဲ မ်က္ႏွာငယ္နဲ႔ ေခ်ာ့တာ သန႔္ကို ကိုယ္ခ်စ္လြန္းလို႔၊ အဆံုးရႈံးမခံႏိုင္လို႔၊ ကိုယ္လည္း သန႔္အေပၚ စိတ္ခုမိတဲ့အခါေတြရိွခဲ့တယ္ သန႔္၊ ကိုယ္ဘယ္ေတာ့မွ သန႔္ ျမင္ေအာင္ မျပခဲ့တာ၊ သန႔္အတြက္ပဲ အၿမဲစဥ္းစားၿပီးေရြးခ်ယ္တတ္တဲ့ ကိုယ့္ကို သန႔္က နားလည္မႈေလး မေပးႏိုင္တာကို ကိုယ္ စိတ္မပ်က္ရင္ ရူးေနလို႔ပဲျဖစ္မယ္"

"ဦးျမတ္ ကြၽန္ေတာ့္ကို မခ်စ္ပါဘူး"

မ်က္ရည္ဝဲေနတဲ့ မ်က္ဝန္းတစ္စံုျဖင့္ အာကာလင္းသန႔္က ႏႈတ္ခမ္းကို တင္းတင္းေစ့ၿပီး သူ႔အား ၾကၫ့္လာသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ 'စိတ္ပ်က္တယ္' ဆိုသၫ့္ စကားလံုးကို မထိန္းႏိုင္ေလာက္တဲ့အထိ ျဖစ္သြားရတာ သူတကယ္ ဆက္ၿပီး သည္းမခံႏိုင္ေတာ့၍ ျဖစ္သည္။ သူတို႔ႏွစ္ေယာက္ၾကားမွာ အဆင္ေျပေနခဲ့သည္ဟု ထင္ခဲ့မိတာ အလြဲမွားဆံုးအမွားတစ္ခုပင္ ျဖစ္၏။ အဆင္ေျပသည္ဆိုေသာ ထင္ေယာင္ထင္မွားက အက္ေၾကာင္းတစ္ခုကို ဖံုးကြယ္ထားမွန္း ေနာက္ဆံုးေတာ့ သူသိခြင့္ရခဲ့ၿပီ။ အက္ေၾကာင္းထဲက က်လာသၫ့္ ယိုစိမ့္မႈေတြကို ေစာစီးစြာ မသိသည္မွာ မယိုစိမ့္ႏိုင္ေလာက္ေအာင္ ႀကီးမားသၫ့္ အစိုင္အခဲေတြက တိတ္တဆိတ္ျဖစ္တည္ေနျခင္းေၾကာင့္။

"သန႔္လည္း ကိုယ့္ကို မခ်စ္ပါဘူး"

သူ႔မ်က္ႏွာကို အတန္ၾကာ စိုက္ၾကၫ့္ၿပီးေနာက္ အာကာလင္းသန႔္ ထြက္သြားသည္။ အာကာလင္းသန႔္ေနာက္ကို သူလိုက္သြားဖို႔ စိတ္ကူးမရိွသလို ေခ်ာ့ခ်င္စိတ္လည္း မရိွ။ သူ႔ဘက္ကပဲ အၿမဲ ေခ်ာ့ေနရတာ စိတ္ကုန္ေနၿပီ။ ဒီတစ္ေခါက္ေတာ့ ဘယ္ႏွစ္ရက္ပဲၾကာၾကာ အာကာလင္းသန႔္ကို မေခ်ာ့ခ်င္ေတာ့ဘူး။ အရာအားလံုးနားလည္ေပးၿပီး သူ႔ဆီကို အာကာလင္းသန႔္ ျပန္လာတာကိုပဲ ေစာင့္ေတာ့မည္။

🍀

"မင္းမ်ားေနၿပီ လင္းသန႔္"

"စြမ္းထက္ေျပာတာကို ငါလည္း ေထာက္ခံတယ္၊ မင္းေတာ္သင့္ၿပီ"

အာကာလင္းသန႔္ရဲ့ အိမ္သို႔ စြမ္းရည္ထက္ႏွင့္ ထြန္းလင္းသီဟ ေရာက္ေနၾကျခင္း ျဖစ္၏။ ပိုင္ျမင့္ျမတ္ေက်ာ္ဆီက သူျပန္ေရာက္လာၿပီး စိတ္သက္သာလိုသက္သာျငား သူငယ္ခ်င္းေတြႏွင့္ ေသာက္ရန္ သူကိုယ္တိုင္ လွမ္းေခၚခဲ့သည္။ စြမ္းရည္ထက္တို႔ သူ႔အိမ္ေရာက္ၿပီ ဆိုကတည္းက အျပင္းဆံုးဆိုသၫ့္ ပုလင္းကို ဆြဲယူကာ ေသာက္သည္။

သူ႔စိတ္ထဲမွာ ဘာဆိုဘာမွ မရိွခ်င္သကဲ့သို႔ ေခါင္းထဲတြင္လည္း မည္သၫ့္အေတြးမွ မေတြးခ်င္။ အရာအားလံုးကို ေမ့ပစ္ခ်င္စိတ္သာ စိုးစံေနသည္။ ႏွလံုးသားက နာက်င္မႈကလည္း သူ႔ကို တျဖည္းျဖည္းခ်င္း သတ္ဖို႔ ႀကံစည္ေနသေယာင္။ ခ်စ္ရတဲ့သူႏႈတ္မွ ထြက္အံက်လာခဲ့ေသာ စကားေလးသံုးလံုးက အေရအတြက္အားျဖင့္ နည္းေပသိ သူ႔ကိုေတာ့ အထိနာေစသည္။

ထိုသို႔ ခံစားေနရတဲ့ နာက်င္စရာဒဏ္ရာကို ေမ့ပစ္ေအာင္ အေကာင္းဆံုး စြမ္းေဆာင္ေပးႏိုင္သည္က 'အရက္' ဆိုသၫ့္ အရာသာျဖစ္သည္။ ထို႔ေၾကာင့္ ဘယ္သူပဲတားတား မေတာ္ေပးႏိုင္။ ေတာ္လိုက္လို႔ လံုးဝမျဖစ္။ သူေတာ္လိုက္သည္ႏွင့္ သူၾကားခဲ့ရသၫ့္ စကားလံုးသံုးလံုးက သူ႔ရဲ့ နားထဲမွာ  ထပ္ခါထပ္ခါဆင့္ၿပီး ျပန္ၾကားေယာင္ေနမိမည္။ ဤအရာေၾကာင့္ သူေသာက္ကိုေသာက္ရမည္။ အစာအိမ္ကျဖစ္ျဖစ္၊ ခႏၶာကိုယ္ကျဖစ္ျဖစ္ လက္မခံႏိုင္ေတာ့လို႔ ေမ့လဲသြားမည္ဆိုလ်ွင္ေတာင္ အေရးမလုပ္ ကန႔္လန႔္တိုက္ကာ ဆက္ေသာက္မည္။

"လင္းသန႔္ ေတာ္ေတာ့ေလကြာ၊ မင္းတစ္ခါမွ အမ်ားႀကီး ေသာက္ဖူးတာလည္းမဟုတ္တဲ့ အျပင္းေတြကို ေသာက္ေနတာ၊ မင္း အရမ္းလြန္သြားလိမ့္မယ္၊ ထြန္းလင္း သူ႔ေရ႔ွကဟာေတြကို သိမ္းလိုက္ေတာ့"

စြမ္းရည္ထက္က အာကာလင္းသန႔္ကို တားျမစ္ရင္း တစ္ဖက္တြင္လည္း ထြန္းလင္းသီဟအား ေသာက္စရာေတြကို သိမ္းရန္ မွာၾကားသည္။ ထြန္းလင္းသီဟ ခ်က္ခ်င္းထၿပီး အာကာလင္းသန႔္ေရ႔ွတြင္ရိွသၫ့္ ပုလင္းႏွင့္ ဖန္ခြက္ကို သိမ္းလိုက္သည္။ ၿပီး အာကာလင္းသန႔္ မျမင္ေတာ့ေအာင္ တစ္ေနရာတြင္ ဖြက္၏။

"မင္းလူႀကီးနဲ႔ ရန္ျဖစ္ထားလို႔လား လင္းသန႔္၊ ငါတို႔ကိုေျပာၿပီး ရင္ဖြင့္ရင္ေသမွာေၾကာက္လို႔လား၊ ဒီအရည္ေတြ လိွမ့္ေသာက္ေနေတာ့ေရာ မင္းခံစားေနရတာ သက္သာသြားမွာမို႔လို႔လား၊ ငါတို႔ကို ေခၚတုန္းကေခၚထားၿပီး မင္းအရက္ေသာက္တာ ငုတ္တုတ္ထိုင္ေစာင့္ခိုင္းရံု လုပ္တာလား ေဟ့ေရာင္"

"ငါ့ကို ပုလင္းျပန္ေပးပါကြာ"

"မေပးဘူး၊ ရင္ဖြင့္စရာရိွတာ မဖြင့္ဘဲ အရက္က်ေတာ့ ေသာက္ခ်င္တယ္၊ မေပးႏိုင္ဘူး"

အာကာလင္းသန႔္ကို ျမင္ရတာ စြမ္းရည္ထက္ ဘယ္လိုပဲေမးေမး ေျဖမၫ့္ပံုမေပၚ။ ထို႔အျပင္ ေခါင္းမေထာင္ႏိုင္ေလာက္သၫ့္နီးနီး ျဖစ္ေနတာေတာင္ ထပ္ေသာက္ခ်င္ေနေသးသည္။ ထြန္းလင္းသီဟလည္း ဒီအတိုင္းၾကၫ့္မေနေတာ့ဘဲ တစ္ခုခုလုပ္ရန္ ဆံုးျဖတ္ရ၏။

"လင္းသန႔္ကို ငါတို႔ သူ႔အခန္းထဲ ပို႔ေပးရေအာင္ စြမ္းထက္၊ အိပ္ယာေပၚေရာက္သြားရင္ သူ႔ဘာသာသူ အိပ္ေပ်ာ္သြားလိမ့္မယ္၊ ဒီညေတာ့ ဒီအတိုင္း လႊတ္ေပးထားလိုက္ပါကြာ၊ မနက္မွပဲ ေမးၾကၫ့္တာေကာင္းမယ္"

အာကာလင္းသန႔္အား ထြန္းလင္းသီဟႏွင့္ စြမ္းရည္ထက္ တစ္ဖက္တစ္ခ်က္စီကေန တြဲေခၚၿပီး အေပၚထပ္ရိွ အာကာလင္းသန႔္ရဲ့ အခန္းသို႔ပို႔ေပးၾကသည္။ အရက္မူးေနတဲ့ လူတစ္ေယာက္ကို ဟန္ခ်က္ညီေအာင္ လူႏွစ္ေယာက္က ထိန္းၿပီး ေခၚရတာလည္း လြယ္ေတာ့မလြယ္လွ။ မလြယ္ရသၫ့္ၾကားထဲ အာကာလင္းသန႔္တို႔အိမ္က ေလွကားသည္ ေျပျပေလးႏွင့္ ေလွကားထစ္နည္းသၫ့္ အေနအထားမဟုတ္။ ေလွကားထစ္မ်ားၿပီးအ‌လယ္အလတ္ျမင့္သၫ့္  ခပ္မတ္မတ္ေလွကားျဖစ္သည္။ ဤသို႔ျဖင့္ အာကာလင္းသန႔္၏ အခန္းသို႔ ႀကိဳးစားၿပီး တြဲေခၚသြားၾကရသည္။

အခန္းထဲေရာက္ေတာ့ အာကာလင္းသန႔္၏ ကိုယ္လံုးကို ကုတင္ေပၚသို႔ တင္ကာ ေျခေထာက္ေတြကိုပါ ကုတင္ေပၚေရာက္ေအာင္ တင္ေပးသည္။ သူတို႔ႏွစ္ေယာက္ အတန္ငယ္ေခြၽးစို႔ၿပီး ပင္ပန္းသြားၾကသည္။ သို႔ႏွင့္ ၾကမ္းျပင္တြင္ ေျခပစ္လက္ပစ္ထိုင္ကာ အနားယူေနရသည္။

"မင္း အိမ္ျပန္မွာလား ထြန္းလင္း"

"မင္းေရာ"

"ဒီေကာင့္ကို စိတ္မခ်လို႔ မျပန္ဘူး"

"ဒါဆို ငါလည္း မျပန္ေတာ့ဘူး"

စြမ္းရည္ထက္ ၾကမ္းျပင္ေပၚမွထကာ အခန္းအျပင္သို႔ ထြက္ရန္ျပင္သည္။

"‌ဘယ္သြားမလို႔လဲ စြမ္းထက္"

"ေဆးလိပ္ သြားဝယ္မလို႔ေဟ့"

"ဒီအခ်ိန္ႀကီး တစ္ေယာက္တည္း သြားမွာ ငါစိတ္မခ်ဘူး၊ ငါပါလိုက္မယ္"

"ဘာလိုက္လုပ္မွာလဲ၊ စိတ္မခ်ရေအာင္ ငါက မိန္းကေလးလား"

"မင္းျဖစ္ေနလို႔ကို စိတ္မခ်တာကြာ၊ လိုက္ခဲ့မယ္"

"ပီေကလိုေကာင္"

စြမ္းရည္ထက္ ေျပာမရသၫ့္အဆံုး ထြန္းလင္းသီဟကို ေခၚသြားရေတာ့သည္။ မသြားခင္ အာကာလင္းသန႔္ကို တစ္ခ်က္ၾကၫ့္မိေတာ့ အာကာလင္းသန႔္က ၿငိမ္သက္စြာ အိပ္ေမာက်ေနသည္ကို ေတြ့ရသည္။ တံခါးကို အသံမထြက္ေအာင္ ျဖည္းၫွင္းစြာ ပိတ္ၿပီး အာကာလင္းသန႔္ကို ခ်န္ခဲ့ကာ ထြန္းလင္းသီဟႏွင့္ နီးစပ္ရာ (၂၄)နာရီဖြင့္သၫ့္ convenience storeတစ္ခုသို႔ သြားျဖစ္သည္။

🍀

A/N: ဟိုဟာေလ မုန္တိုင္းဝင္ပါၿပီေနာ္၊ ေလတိုက္ႏႈန္းက မေန့ကတိုက္တဲ့ ေလထက္နည္းနည္းေလး ျပင္းလိမ့္မယ္ထင္တယ္၊ မုန္တိုင္းသတင္းေပးၿပီးၿပီဆိုေတာ့ ေခ်ာင္းရိုက္ခံရမွာေၾကာက္လို႔ ကိုယ့္ေကာင္ေလး Cha KyungJooဆီ သြားပုန္းပါၿပီ (๑•﹏•)

🍀

Continue Reading

You'll Also Like

548K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.6M 122K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
58.6K 1.7K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
400K 11.6K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ