Hate Poem Written With Love࿐

By --KO--

41.8K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[9]

595 28 3
By --KO--

                           [Unicode]

" သတ်လိုက်.....ကိစ္စမရှိဘူး "

လက်ထဲရှိ သေနတ်မှာဦးစိုးလွင်ထံ ချိန်ရွယ်ထားဆဲပင်ဖြစ်ပြီး ပြဒါးရံမှာ သွေးအေးပြီးရက်စက်သော နတ်ဆိုးတစ်ကောင်နှင့်တောင် ဆင်တူလှပေသည်။ ထိုသူဟာ ပျင်းရိလေးတွဲစွာဖြင့် ခေါင်း‌စောင်းလာခဲ့ပြီး ထိုစကားကို တိမ်ယံဆင့်ထံ မျက်တောင်မခတ်ဘဲ ပေါ့ပျက်ပျက်ဖြင့်ပြောထွက်ခဲ့သည်။ ထိုယောက်ျားပျိုသည် မီးလောင်ရာလေပင့်တတ်သော သူမဟုတ်ပါလျှင် မီးလောင်ရာ ဓာတ်ဆီလောင်းထည့်တတ်သော လူ သာဖြစ်ပါလိမ့်မည်။ မည်မျှပင်ဆိုစေကာမူ ပြဒါးရံအား ယခုမှစ အူလှိုက်သည်းလှိုက် မုန်းနေမည်ဖြစ်သော လူတစ်ယောက်တော့တိုးလာမည်မှာ သေချာ‌လှပေသည်။

ပြဒါးရံကစကားကို ရပ်လိုက်ပြီး လည်ချောင်းအတွင်းမှ ရယ်သံလွင့်လွင့်က လျှံကျလာပြန်သည်။ ထိုစကား၏နောက် မဝေးကွာလွန်းသော အချိန်အတိုင်းအတာတွင် ထွက်ပေါ်လာသော ဆည်းလည်းလိုရယ်သံသည် တိတ်ဆိတ်နေသောဂိုထောင်ကို အခွင့်ကောင်းယူလျက် ခေါင်းလောင်းသံပမာ ပျံ့နှံ့နေရာယူအနိုင်ပိုင်းသွားတော့သည်။သို့သော် ၎င်းမှာခဏအတွင်းသာဖြစ်တည်သွားလိုက်ပြီး မျက်ဝန်းတို့ကပြန်လည်ပွင့်လာချိန်တွင် လျှပ်စီးတစ်စက မျက်ဝန်းအိမ်အတွင်းဝင်ရောက်နေနှင့်ပြီးသား နှုတ်ခမ်းသားက လူသတ်နက်လက်အလား အသွင်ကအေးစက်လျက် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

ပြဒါးရံအားကြည့်ပြီး ယွန်းဟေမီပင်ထိတ်လန့်သွားခဲ့ရသည်။ပုံသဏ္ဌာန်မှာ နူးညံ့မှုဟု၍ အနည်းငယ်တောင်မရှိလေဘဲ ရက်စက်သည့်လူသတ်သမားပင် ဤလောက်ဆိုးဝါး ထိန့်လန့်ဖွယ် ကောင်းမည်မထင်‌ပေ။ ဤသည်မှာ မိမိကျွမ်းဝင်ရင်းနှီးခဲ့ဖူးသော မောင်ပင်ဟုတ်ပါလေစဟု တွေးထင်မိစေသည်။ ထိုသူမှာပြဒါးရံ၏ အမူအရာသဏ္ဌာန်တို့နှင့် ဆန့်ကျင်နေသည့် ပြဒါးရံပင်ဖြစ်ချေတော့သည်။ အမြဲတမ်းအနိုင်လိုချင်ကာ ပျော်ပျော်နေတတ်ပြီး အညှိုးအတေးမထားတတ်တဲ့ လူက ယခုမြင်လွှာထက်ရှိ ပြဒါးရံနှင့် မိုးနဲ့မြေလို ကွာခြားလွန်းလှသည်။ "သတ်လိုက် ကိစ္စမရှိဘူး" ဟူသောစကားနှင့်တစ်နည်းတစ်ဖုံ သက်ဆိုင်နေသော အခြားယောက်ျားတစ်ယောက်အား အကဲခတ်မိလျှင် ထိုသူမှာ လိုသည်ထက်ပင် တည်ငြိမ်နေပုံပေါ်ပြီး ပြဒါးရံထံတန်ပြန် ပြန်ကြည့်လေသော မျက်ဝန်းတစ်စုံတွင်သာ မာနတရားတို့ပျောက်ကွယ်လျက် မုန်းတီးရွံရှာမှုများသာ အစားထိုးဝင်ရောက်နေကြောင်း တွေ့နိုင်ပေသည်။ တိမ်ယံဆင့်ထံမှ ထူးခြားကြောက်လန့်နေမှုမျိုးကို  ယွန်ဟေမီရှာမတွေ့နိုင်ပေ။ ထိုသူဟာ တည်ငြိမ်နေပြီး ဦးစိုးလွင်နှင့်ဆန့်ကျင့်လျက် ယောက်ယက်ခတ်နေမှုမျိုး စိုးစဉ်းမှမရှိခဲ့။

သို့သော်ဤသည်မှာ ယွန်းဟေမီ၏ အတွေးတစ်စ ထင်မြင်မှုများသာဖြစ်ပြီး စင်စစ်တိမ်ယံဆင့်မှာမူ ၎င်းတို့နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေ‌တော့သည်။ သေနတ်နှင့်ချိန်ခံထားရတာတောင် ဘာမှမဖြစ်သလို တည်ငြိမ်နေနိုင်သူမှာ အဘယ်မှာရှိပါလိမ့်မည်နည်း။ ရပ်တည်နေသော ခြေထောက်များပင် အားနည်းပျော့ခွေလာရပြီး  ယိုင်နဲ့ကာပြိုလဲသွားချင်သော်လည်း သူ၏မာနကထိုသိုခွင့်မပြုသောကြောင့်သာ အနည်းငယ် သန်မာနေဟန်ပေါ်ခြင်းဖြစ်သည်။

တိမ်ယံဆင့်မှာ ထိတ်လန့်လွန်းသဖြင့် နှလုံးအိမ်ကတောင် ရေခဲမြစ်ထဲကျရောက်လုနီးနီး ဖြစ်‌နေချိန်တွင် အနားတွင်ရှိသော မြက်တစ်ပင်အား ကူကယ်ရာမဲ့စွာဖြင့် ဆွဲထားပါသော်လည်း ပြဒါးရံ၏ ထပ်ပေါင်းစကားကြောင့် ထိုနှလုံးအိမ်မှာရေခဲမြစ်ထဲ အဟန့်အတားမရှိကျရောက်သွားရလေတော့သည်။ အေးစိမ့်မှုများက ခန္ဓာကိုယ်အနှံ့အစားထိုးဝင်ရောက်လာခြင်းကြောင့် တောင့်တင်းကာ မလှုပ်မယှက် ဖြစ်သွားစေခြင်းဖြစ်သည်။ ပြဒါးရံ၏စကားကြောင့် ဒေါသထွက်လွန်းသဖြင့် တောင့်တင်းနေမှုမှလွဲ၍ မည်သည့်အမူအယာကို ဖော်ထုတ်ပြရမည်ဆိုတာကိုပင် သူဟာမေ့လျော့နေခဲ့တော့သည်။

သူသည် ဘဝတွင်ပျောက်လုနီးပါး ရှိနေသော အကြောက်တရားကို  တံတိုင်းအထပ်ထပ်ကာရံလျက် တည်ငြိမ်‌အေးစက်သည့်အသွင်ကို ခေါ်ဆောင်ကာ အပေါ်ယံမျက်နှာဖုံးအဖြစ် ငှားရမ်းတပ်ဆင်ထားခြင်းဖြစ်သည်။ သို့သော်ထိုအေးစက်သော မျက်နှာဖုံးသည် မကြာခင်အရည်ပျော်သွားခဲ့ပါက သူ၏အကြောက်တရားဟူသည် ကာကွယ်ထောက်ခံပေးထားခြင်းမရှိဘဲ ပြတ်သားစွာဖော်ထုတ်ပြသခြင်း ခံလိုက်ရတော့မည်သာ။ တိမ်ယံဆင့်မသိလိုက်သည်မှာ အရာအားလုံးတွင် ထာဝစဉ်တည်တံ့နိုင်ပြီး ပြီးပြည့်စုံသောအရာဟူ၍မရှိပေ။ထိုမျက်နှာဖုံးမှာ ယိုယွင်းကာအရည်ပျော်လာပြီဖြစ်ပြီး အကြောက်တရားတစ်စွန်းတစ်စက သိသာခြင်းမရှိသော်ငြား ဖော်ပြခြင်းခံလိုက်ရပေသည်။

အသက်ရှုနေမှုမှာ ‌ဝင်လေထွက်လေပင် မမှန်ကန်တော့လေဘဲ လေရှုပေါက်က အကျဉ်းတန်စွာမှားယွင်း လာရပေသည်။အားတင်းကာ ရပ်တည်နေသောခြေထောက်အစား လက်ဖျားထိပ်များမှာ ဆိုးဝါးစွာ တုန်ယင်နေသော‌ကြောင့် ထိုသွယ်လျသောလက်ပိုင်ရှင်၏ အလိုမကျစွာ တင်းတင်းဆုပ်ထားခြင်းကိုလည်း ခံနေရသည်။သိသာလွန်းသော ဆွဲဆောင်အားကောင်းသည့် မျက်ဝန်းတို့မှာ ရုတ်ခြင်းပင် ဆောက်တည်ရာမရ စုံချက်ပျောက်ဆုံးနေမှုကြောင့် ကော့ညွှတ်နေသော မျက်တောင်များ၏ ငိုက်စိုက်ကျ ဖုံးကွယ်ထားခြင်းဖြင့်သာ ထိုယိုယွင်းနေမှုအား မသိသာသွားပါစေရန် လုပ်ဆောင်နေသည်။ အပေါ်ယံကြည့်လျှင်မူ ထိုလူသားဟာ တည်ငြိမ်အေးဆေး လွန်းလှသဖြင့် အနီးကပ်ဆုံးရှိနေသော ဦးစိုးလွင်ပင် ၎င်းတို့ကိုသတိမထားမိပေ။ သိုသော် အရှေ့တည့်တည့်တွင်ရှိနေသော ပြဒါးရံ၏အမြင်စက်ကွင်းအတွင်း၌မူ ဖုံးကွယ်ထားပါသော ထိုရှည်လျားသည့် မျက်တောင်များ၏ တုန်ယင်နေမှုမှာ ရပ်တန့်သွားခြင်း မရှိခဲ့ခြင်းနှင့် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ချုပ်တည်းထားပါသည့်တိုင် အနည်းငယ်တုန်ရီနေသေးသော လက်များမှာလည်း ထိုနည်းအတိုင်း ဖြစ်တည်နေသည် ဆိုတာပင်။

ပတ်ဝန်းကျင်းက တစပြင်ပမာတိတ်ဆိတ်နေပြီး လူတိုင်းအတွေးကိုယ်စီဖြင့် နစ်မြုပ်နေချိန်တွင် ဦးစွာအသိစိတ်ပြန်ဝင်လာသူမှာ ယွန်းဟေမီပင်ဖြစ်သည်။ သူမက မောင်ဖြစ်သူ၏စကားကို လွန်စွာမှမနစ်မြို့ပေ။ အမှန်တိုင်းဝန်ခံရလျှင် ကြားလိုက်ရသော မိမိနားပင် ချို့ယွင်းနေသည်ဟု ထင်ကြေးပေးမိသည်။

" ရံလေး .....ဘယ်လိုပြောလိုက်တာလဲ "

သို့သော်ပြဒါးရံမှာ ယွန်းဟေမီအသံအား မကြားချင်ယောင်ဆောင်ကာ ဦးစိုးလွင်ကိုဆက်ပြောလာခဲ့သည်။

" ခင်ဗျားကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက တိမ်ယံဆင့်ကို သတ်လိုက်ရင် ခင်ဗျားကိုကျွန်တော် အခုသတ်ပစ်မယ်။ "

" ဒုတိယတစ်ခုက......ဘယ်သူ့ကိုမှမသတ်ရင်လည်း  ကျွန်တော်ခင်ဗျားကို သတ်မယ် "

" ဘယ်ဟာကိုပဲရွေးရွေး ရလဒ်ကတစ်ခုထဲဘဲ "

" ပြဒါးရံ....မင်း "

တိမ်ယံဆင့်မှာ ခံပြင်းလွန်းသဖြင့် စကားအား ဆုံးခန်းတိုင်အောင် မပြောလိုက်နိုင်တော့ပါချေ။ ပြဒါးရံ၏ ထိုစကားအသွားအလာမှာ သူဟာသေလူတစ်ယောက် ဖြစ်ရန်သေချာနေပေပြီ။ဒေါသအဟုန်ကြောင့် ယုတ္တိမတန်သော အတွေးတို့ကလည်း အရိပ်သဖွယ် ဝင်ရောက်လာပြန်သည်။ သူကအခုမှ အသက်၂၀ ပဲရှိသေးတာပင်ဖြစ်သည်။ သူ့ခေါင်းအား သေနတ်နှင့်ချိန်ထားသော ထိုလူ၏ အသက်ထက်ဝက်တောင် မရှိသေးသော်ငြား သူဟာသေရတော့မည်တဲ့လား။ ကံတရားကကျီစယ်လွန်းနေသည်မှာ စိတ်ပျက်စရာတောင် ကောင်းလှသည်။ ဒီလိုမျိုးကြုံတွေ့ရလိမ့်မည်ဟု သူအိမ်မက်တောင် မမက်ခဲ့ဘူးပါချေ။ ရိုက်ကွင်းတွင် မင်းသားအား‌သေနတ်ဖြင့် ထောက်ထားသောအခြေအနေမျိုး ဖန်တစ်ရာထပ်နေအောင် သရုပ်ဆောင်ခဲ့ဖူးသော်လည်း  ယခုမှာမှားသွားလျှင်လည်း ကဒ်ပြန်လုပ်ခွင့်မရှိသော ဒါရိုက်တာမရှိသည့် ကြိုတင်ဇာတ်မတိုက်ထားသော ရိုက်ကွင်းတစ်ခုဖြစ်သည်။ အရာအားလုံးသည် ကိုယ့်ကိုကိုယ်မူတည်နေပြီး မှားသွားလျှင် ဖြစ်ပေါ်လာသော အကျိုးဆက်ကို ကိုယ်တိုင်ကသာခံယူရမည်ဖြစ်သည်။

" မင်း...ဒါ...မင်းတို့ companyက modelလေ သူ့ကိုတကယ်သေခိုင်းရက်လို့လား "

တိမ်ယံဆင့်၏ လက်ကိုလိမ်ထားရင်းဖြင့် ဦးစိုးလွင်မှာပြောလာခဲ့သည်။ ခန္ဓာကိုယ်မှာ တုန်ယင်သည်ထက်ကို ပိုနေသဖြင့် ၎င်းမှာဦးစိုးလွင် တုန်ယင်နေခြင်းလော တိမ်ယံဆင့် မိမိကိုယ်မှဖြစ်တည်လာသည်လောကိုတောင် မဝေခွဲနိုင်တော့ပါချေ။ သို့သော် သူ့နောက်မှလူသည် ခန္ဓာကိုယ်သာမက အသံပါတုန်ယင်နေကြောင်းကိုတော့ ဝေဝါးနေသော အသိစိတ်ကြားမှ သတိထားမိသည်။ ဦးစိုးလွင်၏ အစီအငေါ်မတည့်သည့် ထစ်နေသော စကားကြောင့် ပြဒါးရံက အဖြေပြန်ပေးရန် တိမ်ယံဆင့်ထံ တစ်ဖန်ပြန်စောင်းကြည့်လာခဲ့ပြန်သည်။ တိမ်ယံဆင့်သည်လည်း တုန်ယင်နေသောမျက်တောင်များအား ပင့်မြှောက်လိုက်ချိန်နှင့် ကြုံကြိုက်သွား၍ နှစ်ဦးစလုံးမှာ မြင်လွှာချင်းထပ်သွားရတော့သည်။ ပြဒါးရံ၏မျက်ဝန်းအိမ်ထဲတွင်မူ တောက်ပသောတိမ်ယံဆင့်တစ်ယောက်သာ နေရာယူထားလျက် ကျန်သူများမှာ မှေးမှိန်ပျောက်ကွယ်နေရသည်။ ထိုနည်းတူစွာ တိမ်ယံဆင့်၏မျက်ကြည်လွှာ အတွင်း၌လည်း နတ်ဆိုးတစ်ကောင်နှယ် ယုတ်မာသော်ငြား စိတ်ပျက်လောက်အောင် ချောမောနေသော ပုံရိပ်တစ်ခုသာထင်ဟပ်နေသည်။

" သူကကျွန်တော့်အတွက်တော့ ဘာမှအသုံးမဝင်တဲ့ လူတစ်ယောက်ပဲ။ဒီတိုင်းKKရဲ့ Modelတစ်ယောက်ဖြစ်ရုံပဲ။သူသေသွားလည်း ကျွန်တော်ထူးခြားပြီး ဝမ်းနည်းနေမှာမဟုတ်ဘူး။ ခင်ဗျားကျွန်တော့်အားနည်းချက်ကို ချုပ်ကိုင်ချင်တာဆို လူရွေးမှားသွားပြီ သူကဘယ်တော့မှ ကျွန်တော့်အားနည်းချက်ဖြစ်လာမှာမဟုတ်ဘူး။ "

ထို့နောက် အကြည့်တို့သည် ဦးစိုးလွင်ဘက် ပြန်လည်ရွေ့ပြောင်းခြင်း ခံလိုက်ရပြီး ဆက်ပြောလာခဲ့ပြန်သည်။

" ပြီးတော့...KKမှာ model မရှိတော့ကော ဘာဖြစ်လဲ....သူ့နေရာမှာ အခြားတစ်ယောက်ကို အစားထိုးလိုက်ရုံပေါ့....ဒါကခက်ခဲတဲ့ ကိစ္စမှမဟုတ်တာ။တကယ်လို့ ခင်ဗျားအဖမ်းခံမယ့် ကိစ္စကိုဆက်ပြီး ငြင်းဆန်နေမယ်ဆို ကျွန်တော်ခင်ဗျားကိုပစ်ဖို့ ဝန်မလေးဘူး။ "

ပြဒါးရံက ထပ်မံကာဦးစိုးလွင်အတွက် အတော့်ကိုစဉ်းစားပေးဟန်ဖြင့် စိုးရိပ်ပူပန်စွာ ဆက်ပြောလာခဲ့သည်။

" အာ...ကျွန်တော်ခင်ဗျားရဲ့ ကလေးတွေအတွက်လည်း ရင်လေးမိတယ်။ သူတို့မှာ သူခိုးအဖေတင်မကဘူး လူသတ်သမားအဖေပါ ထပ်ပြီးရလာတော့မှာဆိုတော့....tsk...tsk...တကယ်ကိုသနားစရာပဲ။ ဒါပေမဲ့မပူပါနဲ့  ခင်ဗျားသူ့ကို သတ်ပြီးရင်ကျွန်တော် ကြိုးမိန့် သို့မဟုတ် တစ်သက်တစ်ကျွန်း ကျအောင်လုပ်ပေးမယ်။ ပျော်ပျော်ကြီး ထောင်နန်းစံနေလိုက်ပေါ့။ "

ထို့နောက်ပြဒါးရံက စိတ်ပြောင်းသွားဟန်တူသည် ဦးစိုးလွင်ကိုချိန်ထားသော သေနတ်ကိုင်ထားသည့်လက်အား အောက်ပြန်ချလိုက်သည်။ သူသည့်ယခုအခါ ဦးစိုးလွင်ကို ပစ်လိုက်လျှင် သိပ်ကို ပျင်းစရာကောင်းသွားမည်ဟု ခံစားရသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထိုသူ့ဘဝအား မှတ်လောက်အောင် ဖျက်ဆီးပြီးမှ လောကကြီးအားသူကိုယ်တိုင် စိတ်ကုန်သွားကာ သုံးစားမရတဲ့လူ ဖြစ်သွားလျှင်မူ သေသွားတာထက်ပိုဆိုးသော ဘဝကိုရသွားမည်ဖြစ်သည်။

" ရပြီ....လုပ်စရာရှိတာဆက်လုပ်....ကျွန်တော်ဒီမှာစောင့်နေမယ် "

အနားရှိကျန်သူများမှာ ပို၍ပိုကာဆိုးလာသော ပြဒါးရံစကားကြောင့် မီးလောင်သကဲ့သို့ ပူထူကာ ဘာဆက်လုပ်ရမလဲ မသိဖြစ်ကုန်ကြသည်။ လက်လွတ်စပါယ်လှုပ်ရှား လိုက်လျှင်မူ ဦးစိုးလွင်မှာ တိမ်ယံဆင့်အား ပစ်လိုက်မည်ကိုလည်း စိုးရိမ်နေရသေးသည်ပင်။ ရဲများနှင့် ယွန်းဟေမီမှာ ရှေ့မတိုးသာ နောက်မဆုတ်သာသော အခြေအနေတွင် ရှိနေသကဲ့သို့ ဦးစိုးလွင်သည်လည်း ထိုနည်းအတိုင်းပင်။ ပြဒါးရံပြောသလို သားသမီးများမှာ သူ၏အားနည်းချက်ပင်ဖြစ်သည်။ တိမ်ယံဆင့်အား ဓားစာခံအဖြစ်အသုံးချကာ ယခုနွံထဲမှထွက်ပေါက် ရှာနေသော်လည်း တစ်ပူပေါ်တစ်ပူဆင့်လျက် ထိုနွံထဲပိုလိုတောင် နစ်မြုပ်လာရသည်။

အချိန်အနည်းငယ် ကြာမြင့်သွားသော်လည်း မည်သူကမှ လှုပ်ရှားမှုမရှိသေးပေ။ ဦးစိုးလွင်၏ ပြာယာခတ်နေမှုမှာ ပြင်းထန်လာပြီး မျက်လုံးတို့မှာလည်း စိတ္တဇဆန်ကာ ဆောက်တည်ရာမရ ရွေ့လျားနေကြသည်။ နောက်ဆုံးတွင်မူ သူဟာ တိမ်ယံဆင့်ကို တွန်းထုတ်လိုက်ပြီး ရူးနှမ်းအော်ဟစ်ကာ ထွက်ပြေးရန်ကြံစည်တော့သည်။ တွန်းထုတ်လိုက်သောအရှိန်မှာ အနည်းငယ်အားပြင်းသောကြောင့်ပေလား သို့တည်းမဟုတ်  ရပ်တည်နိုင်စွမ်းကင်းမဲ့နေသော တိမ်ယံဆင့်၏ခြေထောက်များ ကြောင့်ပေလားတော့မသိပေ အနီးကပ်ဆုံးမျက်နှာချင်းဆိုင်ရှိနေသည့် ပြဒါးရံ၏ကျယ်ပြန့်သော ရင်ခွင်အတွင်းသို့ ပျော့ခွေစွာရောက်ရှိသွားရတော့သည်။ ပြဒါးရံသည်လည်း မသိစိတ်၏စေခိုင်းချက်အရ တိမ်ယံဆင့်အား တင်းကျပ်စွာဖက်တွယ်ထားရင်း ရဲများအားသတိပေးလိုက်သည်။

" သူ့ကိုမလွတ်စေနဲ့ "

ထွက်ပြေးရန်ကြံစည်နေသော ဦးစိုးလွင်မှာ အချိန်မမီလိုက်ပါချေ။ ရဲများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လက်ထိပ်ခတ်ခေါ်ဆောင်သွားခြင်းကိုပါ ခံလိုက်ရသည်။ ရုံးရင်းဆန်ခတ်ဖြစ်နေမှုများ အနည်ထိုင်သွားချိန်တွင် ဂိုထောင်အတွင်း၌ ပြဒါးရံ၊ ယွန်းဟေမီနှင့် တိမ်ယံဆင့်တို့ သုံးယောက်သာကျန်ခဲ့သည်။ ထိုအချိန်မှပင် ရင်ခွင်ထဲရှိလူသည် သိသာခြင်းမရှိသော်ငြား တသိမ့်သိမ့်တုန်ယင်နေသည်ကို သတိထားမိသွားလေသည်။ တိမ်ယံဆင့်အားဖက်ထားသည့် လက်ကိုဖြေလျော့လိုက်ချိန်တွင် လူမမာသဖွယ်ဖြူစုတ်နေသည် မျက်နှာနှင့် ရေခဲနှယ်လက်ချောင်း အထိအတွေ့ကိုခံစားလိုက်ရသည်။

" အဆင်ပြေရဲ့လား....တကယ်တော့..... "

" ဖြန်း "

စကားမဆုံးသေးခင်ပင် သတိပေးခြင်းမရှိသော လက်ဝါးတစ်ချက်သည် ပြဒါးရံ၏ပါးနှင့် မိတ်ဆက်သွားသည်။ အမှန်မှာမူ တိမ်ယံဆင့်သည် လက်သီးနှင့်ထိုးလိုက်ခြင်း ဖြစ်ပေသည်။ သို့သော်သူသည် အတိုင်းထက်အလွန် စိတ်ဆိုးဒေါသထွက်နေပါသဖြင့် အံကိုကြိတ်ကာဖြန့်ထားသောလက်အား ပြန်ပြင်ရန်ပင်မော့လျော့သွားခဲ့ပြီး ဒီတိုင်းရိုက်ချလိုက်ခြင်းဖြစ်သည်။ ပြဒါးရံကမူ နှုတ်ခမ်းထောင့်တွင် ထွက်လာပါသော သွေးတို့အားလက်မကိုသုံးလျက် သုတ်လိုက်ပြီးရွှင်မြူးစွာ ပြန်လှည့်လာခဲ့သည်။

ယွန်းဟေမီ - " ....... "

တိမ်ယံဆင့် - " အရှက်ကိုမရှိဘူး "

ဒေါသတို့လွှမ်းကာ ပြောဆိုသွားပြီးနောက် ထွက်ခွာသွားလေသည်။ယွန်းဟေမီသည် သူထင်ထားသည့် ဗုံးမှာပေါက်ကွဲလာခဲ့သော်လည်း ပြဒါးရံတစ်ယောက်ထဲဆီသာ အကျိုးသက်ရောက်မှုရှိကြောင်းကို အနည်းငယ်တောင် သနားစိတ်မဝင်မိပါချေ။

" နာလား "

ယွန်ဟေမီ၏ အမေးကို ပြဒါးရံကပြန်မဖြေသော်ငြား မျက်နှာအမူအရာက သနားချင့်စရာကောင်းအောင် လုပ်ပြနေလေသည်။

" ကောင်းတယ်.....အမသာတိမ်ယံဆင့်ဆို အဲ့ထက်ပိုဆိုးအောင်လုပ်မှာ "

" ရက်စက်လိုက်တာ "

" ရံလေး....အစကမင်းဘာလုပ်လုပ် မမခွင့်ပြုထားခဲ့တယ်။ တားဆီးတာလည်းမရှိသလို ပိတ်ပင်တာလည်းမရှိခဲ့ဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့အသက်နဲ့တောင် အလောင်းအစားလုပ်ခဲ့တဲ့ မင်းကို သိပ်စိတ်ပျက်မိတယ်။ "

ယွန်းဟေမီကပြောပြီးလျှင် ထိုနေရာ၌တစ်စက္ကန့်လေးတောင် မနေချင်တော့သည့်အတွက် ထွက်ခွာသွားလေသည်။သို့သော် ပြဒါးရံကသူမ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားခဲ့ပြီး သွားခွင့်မပြုခဲ့ပါချေ။

" ခဏနေပါဦး....မမဟေမီကျွန်တော့်ကို အထင်လွဲနေပြီ။ ကျွန်တော်လုပ်ခဲ့သမျှအားလုံးက KKကောင်းစားဖို့အတွက်ဘဲ "

" ဒါဆို တိမ်ယံဆင့်အပေါ် လုပ်ခဲ့တဲ့ အပြုအမူတွေကကော "

" မမဟေမီလိုချင်နေတဲ့ အဖြေအားလုံးဒီထဲမှာရှိတယ် "

ပြဒါးရံက သေနတ်ကိုကိုင်မြှောက်ပြရင်း ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက်သူသည် ယွန်ဟေမီအား ချက်ခြင်းပင် သေနတ်၏အတွင်းပိုင်းအား ဖွင့်လှစ်ပြလိုက်သည်။ မြင်လိုက်ရသည့် ယွန်းဟေမီပင် အံ့ဩမင်သက်သွားခဲ့ရသည်။ သေနတ်ထဲတွင် ဒီလိုဖြစ်နေမည်ဟု စိတ်ကူးတောင်မယဉ်ခဲ့ဖူးပါချေ။ ပြာဝေနေသောသော မျက်လုံးကြောင့်ပေလား အတိအကျမသိပေမဲ့ အားလုံးဟာ ဗလာဖြစ်နေခဲ့သည်။မှန်ပေသည် အစောကအထိလူတစ်ယောက်၏ အသက်ကိုအလွယ်လေးချေနိုင်သော ပဲ့ကိုင်ရှင်သည်ယခုမူအထဲ၌ ပုလဲမရှိစသောကမာကောင်နှယ် အခွံလွတ်ဖြစ်နေရသည်။ သေနတ်၏အတွင်းပိုင်းတွင်မူ ကျည်နှင့်တူသောအရာ တစ်ခုတောင်ရှိမနေခဲ့ဘဲ ဗလာနတ္ထိဖြစ်နေခဲ့သည်။

" ဘယ်လိုဖြစ်လို့ ဒါက...."

ယွန်းဟေမီသည် မှန်းထားသည်နှင့်လွဲသွားသဖြင့် တီးတိုးရေရွတ်လိုက်သောအသံကို ပြဒါးရံကကြားဖြစ်အောင် ကြားသွားခဲ့သည်။

" ဟုတ်တယ်....သေနတ်ထဲမှာကျည်မပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါကရိုက်ကွင်းမှာသုံးတဲ့ သေနတ်မို့လို့လေ "

" ရံလေး....မမ မသိအောင်ဘာ‌တွေ လုပ်ထားတာလဲ "

" တကယ်တော့ဒီလိုပါ.....မမဟေမီပြောသလို ဦးစိုးလွင်ကိုဖမ်းဖို့ ခိုင်လုံတဲ့သက်သေ ကျွန်တော်တို့မှာမရှိဘူး။ ဒါကြောင့်ပျော်စရာလေးတစ်ခု ဖန်တီးကြည့်လိုက်တာ။ မမဟေမီ တိမ်ယံဆင့်ကိုဖုန်းဆက်ပြီးမခေါ်ခင် ကျွန်တော်ကအပြင်က ရိုက်ကူးရေးအဖွဲ့သားတွေကို ရဲဝတ်စုံဝတ်ပြီး လာခိုင်းပြီးသား။ ဘာလို့လဲဆိုတော့ companyက ရိုက်ကူးရေးသမားတွေကိုသုံးရင် ဦးစိုးလွင်ရိပ်မိသွားနိုင်တယ် "

" ဪ....ဒါပေမဲ့တိမ်ယံဆင့်က ဘာဖြစ်လို့ လိုတာလဲ ဒီကိစ္စကမမတို့ကြီးပဲ ဖြေရှင်းလို့ရတယ် မဟုတ်ဘူးလား။ "

" မမဟေမီပြောတာမှန်ပါတယ်။ဒါပေမဲ့ ဆင့်လောက်ကျွန်တော့်ရုံးခန်းထဲမှာ ဦးစိုးလွင်ကိုတွေ့ခဲ့ပါတယ်ဆိုပြီး ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့လူမရှိ‌ဘူး။ ကျွန်တော်တုန့်ဆိုင်းမနေဘဲ ဆင့်ကိုသေနတ်နဲ့ပစ်ခိုင်းရတာကလဲ သေနတ်ထဲမှာကျည်ဆံမရှိဘူးဆိုတာ သိနေ‌လို့ပဲ။ ပြီးတော့ဦးစိုးလွင်လို ကြောက်တတ်တဲ့ လူတစ်ယောက်က တိမ်ယံဆင့်ကို သေနတ်နဲ့ပစ်မှာ မဟုတ်ဘူးဆိုတာလည်း သိနေတယ်။ "

" ဒါဆိုစောစောကဘာလို့ ဆင့်ကိုတစ်ခါတည်း မရှင်းပြလိုက်တာလည်း သူရံလေးကိုအထင်လွဲသွားနိုင်တယ်လေ "

အမှန်တကယ်တွင်မူ သူတိမ်ယံဆင့်ကိုရှင်းပြရန် ကြိုးစားခဲ့ဖူးပါသည်။ ရလဒ်မှာစကားမဆုံးခင် အရိုက်ခံလိုက်ခြင်းသာ။ထို့နောက်ဒေါသထွက် ရန်လိုနေသော တိမ်ယံဆင့်အားကြည့်ရသည်မှာ  ပျော်စရာရှာတွေ့လိုက်ရသလိုပင်။ထို့ကြောင့် များများစားစားတွေးမနေတော့ဘဲ ရှင်းပြခြင်းကိုရပ်ဆိုင်းလိုက်ကာ ဒေါသထွက်နေသူကို ရပ်ကြည့်လိုက်ခြင်းဖြစ်သည်။ အသစ်ရရှိလာသော ပက်စက်သည့်အကြံတွင်မူ တိမ်ယံဆင့်နှင့် ရန်ပြန်ဖြစ်နေလျှင် မိမိကိုယ်တိုင်ရော ထိုသူပါဒေါသအလိမ်းလိမ်းထွက်ရင်းဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။ ယခုဖြစ်ရပ်လိုလုပ်လိုက်လျှင်မူ တိမ်ယံဆင့်တစ်ယောက်သာ စိတ်တိုလျက်နေခဲ့ပြီး မိမိမှာရွှင်မြူးစွာကျန်ခဲ့သဖြင့် အောင်နိုင်သူတစ်ယောက်နှယ် ခံစားရသည်။ နောက်များအခါတွင်မူ ရန်ပြန်ဖြစ်ခြင်းထက် ထိုစိတ်တိုလွယ်သော လူသားအား စနောက်ခြင်းပြုရန်သာ ရွေးချယ်ဆုံးဖြတ်လိုက်လေသည်။ ထို့ပြင်ယွန်းဟေမီစကားအား မေးခွန်းသဖွယ်အသုံးပြုလျက် စိတ်ထဲမှတွေးထားသည့်အတိုင်း ချိုလွင်ကာအဖြေပြန်ပေးလိုက်သည်။

" ဘာလို့လဲဆိုတော့.....သူ့ကိုစရတာ ပျော်ဖို့ကောင်းလို့လေ "

" ဘာဘဲဖြစ်ဖြစ် မမစိတ်ဆိုးမပြေသေးဘူး။ မမကိုမတိုင်ပင်ဘဲ တစ်ယောက်ထဲ ကိုယ့်သဘောနဲ့ကိုယ် ရှောက်လုပ်ပစ်တယ်။ တိမ်ယံဆင့်ကို သေနတ်နဲ့ ပစ်ခိုင်းတုန်းကဆို မမဘယ်လောက်တောင်လန့်သွားတယ်ထင်လဲ။ ဆင့်ကောဘယ်လောက်လန့်သွားမလဲ "

" သူလား.... "

ရုတ်ချင်းပင် တိမ်ယံဆင့်၏ဖြူဖျော့နေသော မျက်နှာနှင့် ရေခဲနှယ် လက်အထိအတွေ့ကို ပြန်လည်မြင်ယောင်လာရင်း ဆက်ပြောလိုက်သည်။

" သိပ်တော့မလန့်သွားလောက်ပါဘူး "

" စိတ်မဆိုးပါနဲ့တော့ နောက်ဆိုဘာလုပ်လုပ် မမဟေမီကို အရင်တိုင်ပင်မယ်လို့ ကတိပေးတယ် "
______________________________

ညဉ့်အမှောင်ယံကို ခွင်းလျက်ကားတစ်စီး မောင်းနှင်လာပေသည်။ ထိုကား၏အရောင်မှာလည်း နက်မှောင်လွန်းသဖြင့် အမည်းပေါ်အနက်ဆင့်နေသကဲ့သို့ အပြင်ဘက်ရှိလောကနှင့် မခွဲရက်နိုင်အောင်ဖြစ်တည်နေသည်။ ပြောင်လက်နေသောကားအတွင်းတွင် ခန့်ညားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် ၈နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ လိုက်ပါစီးနင်းလာကြသည်။ပါးဖောင်းဖောင်းလေးနှင့်အတူ မျက်လုံးဝိုင်းဝိုင်း ချစ်စဖွယ်ကလေးငယ်သည် တီတီတာတာစကားများဆိုလျက် ကားမောင်းနေသူအမျိုးသားအား ဂျီကျနေလေသည်။

" ဖေဖေသားတို့ ပြန်မရောက်သေးဘူးလား "

" မကြာခင်ရောက်တော့မှာပါ ဗိုက်ဆာနေပြီလား "

ထိုကလေးငယ်လေးသည် ပြန်မဖြေသော်လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။

" စောစောကလေးတင် အများကြီးစားထားတာ ခုဆာလာပြန်ပြီလား.....ဒီလောက်အစားကြီးနေရင် ကြီးလာရင်အရမ်းဝနေပြီး ကောင်မလေးတွေမကြိုက်ဘဲနေမယ်နော် "

" ကိစ္စမရှိပါဘူး.....သားကမေမေနဲ့တူရင် ချောပြီးသား "

" ဟုတ်ပါပြီဗျာ ခုတော့ဖေဖေတို့အပြင်ခိုးထွက်ပြီး ရှောက်လည်တဲ့အပြင် အိမ်ပြန်နောက်ကျလို့ သား‌မေမေဆီကဘဲ အဆူမခံရအောင်အရင်လုပ်ကြတာပေါ့ "

"စိတ်မပူပါနဲ့ သားနည်းနည်းလောက်ငိုပြလိုက်ရင် မေမေကစိတ်ပျော့သွားကော"

ထိုကလေးငယ်၏စကားအား သဘောကျလွန်းသဖြင့် ကားမောင်းနေသောအမျိုးသားမှာ ဖြေမဆယ်နိုင်အောင် ရယ်မောလာတော့သည်။

" ဟား...ဟား....ဟား... ဟော့ဒီ့က တိမ်ယံဆင့်လေးကြီးလာလို့ ရုပ်ရှင်မင်းသားလုပ်ရင် ဖေဖေတို့တော့ super starရဲ့မိဘတွေဖြစ်တော့မှာပဲ "

သို့သော်ထိုနေ့က တိမ်ယံဆင့်လေးမှာ အနည်းအကျဉ်းမဟုတ်ဘဲ သတိလစ်မေ့မျောသည်အထိ ငိုလိုက်ရပေသည်။ နှစ်ဦးသားမှာ အတူပြန်လာခဲ့သော်လည်း တစ်ယောက်သာအိမ်ပြန်ရောက်လာခဲ့ပြီး ကျန်တစ်ယောက်မှာ လောကကြီးထဲမှ ထာဝရပျောက်ကွယ်သွားခြင်း ခံလိုက်ရသည်။မျက်နှာချင်းဆိုင်လာနေသော ကားတစ်စီးမှာ အနောက်တွင် ဧရာမသစ်လုံးကြီးများအား တင်ယူလာပြီး တုတ်ခိုင်ကြီးမားသည့် သံကြိုးများဖြင့် ချည်နှောင်ထိမ်းကွပ်ထားသည်။ ထိုကား၏အရွယ်အစားမှာ တိမ်ယံဆင့်တို့ကားနှင့် ယှဉ်လျှင်အဆပေါင်းများစွာ ကြီးမားလေသည်။ ၎င်းအားမောင်းနှင်လာသူသည် အရက်သောက်သုံးလာပုံရပြီး လူမဆန်နိုင်အောင် မူးရူးနေကာ လမ်းတစ်ခုလုံး သူတစ်ယောက်ထဲအပိုင်ကြီးဆိုးထားလျက် ယိမ်းထိုးနေသည်။ ထိုအချင်းအရာအား မြင်လိုက်ချိန်တွင် တိမ်ယံဆင့်၏ ဖခင်ဖြစ်သူသည် စိုးရိမ်စိတ်များကိမ်းအောင်းလာခဲ့ကာ သတိထားမောင်းနှင်လာခဲ့သော်လည်း ပို၍နီးကပ်လာလျှင် ပိုအန္တရာယ်များလာလေဖြစ်ကာ တီးတိုးစကားသံအား ဆုံးခန်းတိုင်အောင်မရေရွတ်မိခင်မှာပင် ထိုသစ်သယ်‌ဆောင်လာသော ကားက မျက်စိရှေ့တည့်တည့်တိုးဝင်လာခဲ့သည်။ အလျင်အမြန်ရှောင်တိမ်းခဲ့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။မြန်ဆန်လွန်း‌‌သောဖြစ်အင်ကြောင့် ရုတ်ချင်းပင် တိမ်ယံဆင့်ဖခင်သည် သူ၏သားအား ရင်ခွင်တွင်း၌ထည့်ကာ အုပ်မိုးလျက် တင်းကျပ်စွာဖက်တွယ်ထားခဲ့သည်။ ခွင့်မတောင်းဘဲဝင်ရောက်လာသော ကားအပိုင်းအစများနှင့် မှန်ကွဲစများသည် ထိုသက်လတ်ပိုင်းအမျိုးသား ကိုယ်ထဲသို့ လုံးလုံးလျားလျားစိုက်ဝင်လျက် အင်္ကျီအားသွေးချင်းချင်းနီစေသည်။ သွေးများနှင့်အသားစများမှာ မြင်မကောင်းလောက်အောင် ပျံ့ကျဲနေခဲ့ပြီး စီးနှင်လာသော ကားအနက်ရောင်အား အနီရောင်ကူးပြောင်းသွားစေခဲ့ရင်းဖြင့် တိမ်ယံဆင့်ကို ဖက်တွယ်ထားရင်းနှင့်ပင် ဖခင်ဖြစ်သူမှာသေဆုံးသွားခဲ့ရသည်။ခန္ဓာကိုယ်၌ စွန်းထင်းနေမှုများသည် ဖခင်ဖြစ်သူ၏သွေးပေလော မိမိကိုယ်မှဖြစ်တည်လာသည်လောကိုပင် မဝေဖန်မပိုင်းခြားနိုင်တော့ဘဲရှိနေခဲ့သည်။

" ဖေဖေ...ထပါဦး....သားအသက်ရှုကြပ်တယ်"

သို့သော်မည်သူကမှလှုပ်ရှားလာခြင်းမရှိပေ။ ထိုကလေးငယ်သည် ငယ်ရွယ်ဖြူစင်လွန်းသဖြင့် မိမိစကားသံကတိုးတိမ်ကာ မသဲကွဲဖြစ်နေသောကြောင့် ဖခင်မှာမကြားလိုက်ရခြင်းဖြစ်မူဟု ကောက်ချက်ချလျက် အားယူကာထပ်ပြောလာခဲ့ပြန်သည်။

" မေမေစောင့်နေတော့မယ်....သားတို့မြန်မြန်ပြန်ရအောင်လေ.....ဒီလောက်တောင်နောက်ကျနေရင် မေမေမဆူအောင် သားကူမပြောပေးနိုင်တော့ဘူး...ထပါဦး "

နောက်ဆုံးအချိန်အတော်ကြာသွားသည့်တိုင် လှုပ်ရှားလာမှုက မရှိသေးပေ။၈နှစ်အရွယ် တိမ်ယံဆင့်လေးသည် မဖြစ်နိုင်ပါဟု ချုပ်တည်းထားပါသည့်တိုင် မျက်ရည်များစီးကျလာသည်မှာ အနီရောင်အဖြစ်တောင် ကူးပြောင်းသွားရသည် အထိပင်။ ၎င်းတို့သည်မျက်နှာပြင်၌ ပေပွနေသော သွေးတို့ဖြင့်ရောထွေးလာကာ တစ်စက်ခြင်းမေးဖျားမှတစ်ဆင့် အောက်သို့သက်ဆင်းသွားကြသည်။ အစပိုင်းတွင်မူ ကလေးငယ်သည် မျက်ရည်ကျသလောက်သာဖြစ်ပြီး နောက်ပိုင်း၌ ဖခင်ကို‌အော်ခေါ်နေခဲ့ကာ ရှိုက်ကြီးတငင်ငိုကြွေးလာခဲ့ပြီး တောင့်ခံထားနိုင်သော အတိုင်းအတာကျော်လွန်သွားပါသဖြင့် သတိလစ်သွားခဲ့သည်။ အော်ဟစ်ငိုကြွေးနေခဲ့သော်ငြား အသံမှာတိုးတိမ်ဖျော့တော့လွန်း၍ မည်သူကမှမကြားနိုင်ခဲ့ပေ။ လေတိုးသံကတောင် ထိုကလေးငယ်၏အသံထက် ကျယ်လောင်ပဲ့တင်ထပ်နေခဲ့သည်။

မြင်လွှာများမှာ မည်းမှောင်သွားခဲ့ပြီး တစ်ဖန်ပြန်လည်လင်းလာခဲ့ချိန်တွင် လူအများကသူ့အား စက်ဝိုင်းသဖွယ်ဝိုင်းပတ်ထားကြသည်။ တစ်ဦးစီတိုင်းသည် တစ်ယောက်တစ်ပေါက်နှင့် နှုတ်မှဂါထာတစ်ခုနှယ် စာတစ်ကြောင်းကိုသာ အဆက်မပြတ်ရေရွတ်နေခဲ့ကြသည်။

" သူ့ကို သတ်လိုက် သူကအရေးမပါတဲ့ အပိုလူတစ်ယောက်ပဲ....အသုံးမဝင်ဘူး "

" အား....အား "

အခန်းထဲရှိကောင်လေးတစ်ယောက်၏ ပြင်းရှသည့်အသက်ရှုသံသည် တိတ်ဆိတ်နေသော ညယံအခါကိုဖြိုခွဲလိုက်သည်။ခန္ဓာကိုယ်တွင် ချွေးများကရေသဖွယ် စီးကျနေခဲ့ပြီး မျက်ဝန်းအိမ်မှာလည်း ဦးတည်ချက်မရှိသေးပေ။မီးရောင်ကင်းမဲ့နေသဖြင့် ထိုညကအဖြစ်အပျက်အတိုင်းလိုပင် အခန်းကမှောင်မိုက်နေခဲ့သည်။ မျက်နှာပြင်ထက်ချွေးတို့သုတ်ရန် လက်လှမ်းလိုက်ချိန်တွင်မူ ဘယ်အချိန်ကမှန်းမသိ စီးကျနေသော မျက်ရေစီးကြောင်းတစ်ခုကို ထိတွေ့မိသည်။

" သူငိုနေခဲ့တာလား? "

များများစားစား စဉ်းစားမနေဘဲ မတည်ငြိမ်သေးသော စိတ်အခြေအနေအတွက် စားပွဲပေါ်တွင်တင်ထားသော ရေခွက်အားလှမ်းယူလိုက်သည်။

" ခွမ်း "

ဖန်ခွက်ကျကွဲသံပင်ဖြစ်သည်။ ခြောက်သွေ့နေသောလည်ချောင်းနှင့် ထိတ်လန့်နေသောစိတ်အခြေအနေ၏ ကယ်တင်ရှင်သည် ချွေးစို့နေသာလက်များ၏ တုန်ယင်စွာကိုင်တွယ်မှုကြောင့် ချော်ထွက်ကာ ကွဲသွားခဲ့ရသည်။ တစ်ချိန်ထဲမှာပင် အရာအားလုံးသည် လှောင်ပြောင်ဟားတိုက်နေသလို ခံစားနေရပေသည်။ မမက်ခဲ့သည်မှာ ကြာပြီဖြစ်သော အိမ်မက်ကအသစ်တဖန် ပြန်လည်နိုးထရင်း သူ၏အနားယူချိန်ကို စားသုံးနေခဲ့သည်။ ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ဉာဏ်မဲ့လွန်းသောအလုပ်တစ်ခုကို တိမ်ယံဆင့်ကရှုပ်ထွေးနေသော စိတ်အခြေအနေကြောင့် လုပ်မိသွားသည်။ ကုတင်ပေါ်မှဆင်းကာ ကျကွဲသွားသော ဖန်ခွက်အပိုင်းအစများအား ကောက်ရန်ကြံလိုက်လေသည်။ မဟုတ်လျှင် ထိုအရာများအား တက်နင်းမိခဲ့ပါက

" အ့ာ "

အတွေးမဆုံးမှီမှာပင် အလျင်စလိုလှုပ်ရှားလိုက်ခြင်းဖြစ်ရာ မီးအိမ်ဖွင့်ဖို့ရာတောင် မေ့လျော့နေခဲ့ပြီး မဟူရာအခန်းအတွင်း ခြေထောက်ချမိစဉ် ဖန်ကွဲစများက အသားအတွင်း နစ်နစ်နဲနဲစိုက်ဝင်သွားခဲ့ရသည်။ အစားထိုးဝင်ရောက်လာသည်မှာ နာကျင်မှုအစား ထိုနေ့ကသူ့အား ဒိုင်းသဖွယ်ကာကွယ်ပေးခဲ့သော ခန္ဓာကိုယ်တွင်လည်း မှန်စများကအဆုံးမရှိ စိုက်ဝင်နေခဲ့‌သော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ ခါးသက်မှုကပိုလို့တောင်ဆိုးဝါးလာရပြီး လွယ်လျသောလက်က အမှောင်ထုအတွင်းကူးလူးသွားလာနေခဲ့ကာ နောက်ဆုံးတွင် ရှာဖွေနေသောအရာအား တွေ့ရှိသွားသည်။ မီးအိမ်ဖွင့်အပြီးတွင် ကုတင်ဘေးနံရံ၌ စိတ်ပျက်မှုအပေါင်း အဖော်ပြုလျက် သွေးထွက်နေသောခြေထောက်အား အသိစိတ်ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့ရင်း တစ်ညတာကိုကုန်ဆုံးစေခဲ့သည်။

______________________________________

                        [ Zawgyi ]

" သတ္လိုက္.....ကိစၥမရွိဘူး "

လက္ထဲရွိ ေသနတ္မွာဦးစိုးလြင္ထံ ခ်ိန္႐ြယ္ထားဆဲပင္ျဖစ္ၿပီး ျပဒါးရံမွာ ေသြးေအးၿပီးရက္စက္ေသာ နတ္ဆိုးတစ္ေကာင္ႏွင့္ေတာင္ ဆင္တူလွေပသည္။ ထိုသူဟာ ပ်င္းရိေလးတြဲစြာျဖင့္ ေခါင္းေစာင္းလာခဲ့ၿပီး ထိုစကားကို တိမ္ယံဆင့္ထံ မ်က္ေတာင္မခတ္ဘဲ ေပါ့ပ်က္ပ်က္ျဖင့္ေျပာထြက္ခဲ့သည္။ ထိုေယာက္်ားပ်ိဳသည္ မီးေလာင္ရာေလပင့္တတ္ေသာ သူမဟုတ္ပါလွ်င္ မီးေလာင္ရာ ဓာတ္ဆီေလာင္းထည့္တတ္ေသာ လူ သာျဖစ္ပါလိမ့္မည္။ မည္မွ်ပင္ဆိုေစကာမူ ျပဒါးရံအား ယခုမွစ အူလွိုက္သည္းလွိုက္ မုန္းေနမည္ျဖစ္ေသာ လူတစ္ေယာက္ေတာ့တိုးလာမည္မွာ ေသခ်ာလွေပသည္။

ျပဒါးရံကစကားကို ရပ္လိုက္ၿပီး လည္ေခ်ာင္းအတြင္းမွ ရယ္သံလြင့္လြင့္က လွ်ံက်လာျပန္သည္။ ထိုစကား၏ေနာက္ မေဝးကြာလြန္းေသာ အခ်ိန္အတိုင္းအတာတြင္ ထြက္ေပၚလာေသာ ဆည္းလည္းလိုရယ္သံသည္ တိတ္ဆိတ္ေနေသာဂိုေထာင္ကို အခြင့္ေကာင္းယူလ်က္ ေခါင္းေလာင္းသံပမာ ပ်ံ့ႏွံ႕ေနရာယူအနိုင္ပိုင္းသြားေတာ့သည္။သို႔ေသာ္ ၎မွာခဏအတြင္းသာျဖစ္တည္သြားလိုက္ၿပီး မ်က္ဝန္းတို႔ကျပန္လည္ပြင့္လာခ်ိန္တြင္ လွ်ပ္စီးတစ္စက မ်က္ဝန္းအိမ္အတြင္းဝင္ေရာက္ေနႏွင့္ၿပီးသား ႏႈတ္ခမ္းသားက လူသတ္နက္လက္အလား အသြင္ကေအးစက္လ်က္ ထိတ္လန႔္တုန္လႈပ္ဖြယ္ေကာင္းလွေပသည္။

ျပဒါးရံအားၾကည့္ၿပီး ယြန္းေဟမီပင္ထိတ္လန႔္သြားခဲ့ရသည္။ပုံသဏၭာန္မွာ ႏူးညံ့မႈဟု၍ အနည္းငယ္ေတာင္မရွိေလဘဲ ရက္စက္သည့္လူသတ္သမားပင္ ဤေလာက္ဆိုးဝါး ထိန႔္လန့္ဖြယ္ ေကာင္းမည္မထင္ေပ။ ဤသည္မွာ မိမိကြၽမ္းဝင္ရင္းႏွီးခဲ့ဖူးေသာ ေမာင္ပင္ဟုတ္ပါေလစဟု ေတြးထင္မိေစသည္။ ထိုသူမွာျပဒါးရံ၏ အမူအရာသဏၭာန္တို႔ႏွင့္ ဆန႔္က်င္ေနသည့္ ျပဒါးရံပင္ျဖစ္ေခ်ေတာ့သည္။ အၿမဲတမ္းအနိုင္လိုခ်င္ကာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အညွိုးအေတးမထားတတ္တဲ့ လူက ယခုျမင္လႊာထက္ရွိ ျပဒါးရံႏွင့္ မိုးနဲ႕ေျမလို ကြာျခားလြန္းလွသည္။ "သတ္လိုက္ ကိစၥမရွိဘူး" ဟူေသာစကားႏွင့္တစ္နည္းတစ္ဖုံ သက္ဆိုင္ေနေသာ အျခားေယာက္်ားတစ္ေယာက္အား အကဲခတ္မိလွ်င္ ထိုသူမွာ လိုသည္ထက္ပင္ တည္ၿငိမ္ေနပုံေပၚၿပီး ျပဒါးရံထံတန္ျပန္ ျပန္ၾကည့္ေလေသာ မ်က္ဝန္းတစ္စုံတြင္သာ မာနတရားတို႔ေပ်ာက္ကြယ္လ်က္ မုန္းတီး႐ြံရွာမႈမ်ားသာ အစားထိုးဝင္ေရာက္ေနေၾကာင္း ေတြ႕နိုင္ေပသည္။ တိမ္ယံဆင့္ထံမွ ထူးျခားေၾကာက္လန႔္ေနမႈမ်ိဳးကို ယြန္ေဟမီရွာမေတြ႕နိုင္ေပ။ ထိုသူဟာ တည္ၿငိမ္ေနၿပီး ဦးစိုးလြင္ႏွင့္ဆန႔္က်င့္လ်က္ ေယာက္ယက္ခတ္ေနမႈမ်ိဳး စိုးစဥ္းမွမရွိခဲ့။

သို႔ေသာ္ဤသည္မွာ ယြန္းေဟမီ၏ အေတြးတစ္စ ထင္ျမင္မႈမ်ားသာျဖစ္ၿပီး စင္စစ္တိမ္ယံဆင့္မွာမူ ၎တို႔ႏွင့္ လုံးလုံးလ်ားလ်ား ဆန႔္က်င္ေနေတာ့သည္။ ေသနတ္ႏွင့္ခ်ိန္ခံထားရတာေတာင္ ဘာမွမျဖစ္သလို တည္ၿငိမ္ေနနိုင္သူမွာ အဘယ္မွာရွိပါလိမ့္မည္နည္း။ ရပ္တည္ေနေသာ ေျခေထာက္မ်ားပင္ အားနည္းေပ်ာ့ေခြလာရၿပီး ယိုင္နဲ႕ကာၿပိဳလဲသြားခ်င္ေသာ္လည္း သူ၏မာနကထိုသိုခြင့္မျပဳေသာေၾကာင့္သာ အနည္းငယ္ သန္မာေနဟန္ေပၚျခင္းျဖစ္သည္။

တိမ္ယံဆင့္မွာ ထိတ္လန႔္လြန္းသျဖင့္ ႏွလုံးအိမ္ကေတာင္ ေရခဲျမစ္ထဲက်ေရာက္လုနီးနီး ျဖစ္ေနခ်ိန္တြင္ အနားတြင္ရွိေသာ ျမက္တစ္ပင္အား ကူကယ္ရာမဲ့စြာျဖင့္ ဆြဲထားပါေသာ္လည္း ျပဒါးရံ၏ ထပ္ေပါင္းစကားေၾကာင့္ ထိုႏွလုံးအိမ္မွာေရခဲျမစ္ထဲ အဟန႔္အတားမရွိက်ေရာက္သြားရေလေတာ့သည္။ ေအးစိမ့္မႈမ်ားက ခႏၶာကိုယ္အႏွံ႕အစားထိုးဝင္ေရာက္လာျခင္းေၾကာင့္ ေတာင့္တင္းကာ မလႈပ္မယွက္ ျဖစ္သြားေစျခင္းျဖစ္သည္။ ျပဒါးရံ၏စကားေၾကာင့္ ေဒါသထြက္လြန္းသျဖင့္ ေတာင့္တင္းေနမႈမွလြဲ၍ မည္သည့္အမူအယာကို ေဖာ္ထုတ္ျပရမည္ဆိုတာကိုပင္ သူဟာေမ့ေလ်ာ့ေနခဲ့ေတာ့သည္။

သူသည္ ဘဝတြင္ေပ်ာက္လုနီးပါး ရွိေနေသာ အေၾကာက္တရားကို တံတိုင္းအထပ္ထပ္ကာရံလ်က္ တည္ၿငိမ္ေအးစက္သည့္အသြင္ကို ေခၚေဆာင္ကာ အေပၚယံမ်က္ႏွာဖုံးအျဖစ္ ငွားရမ္းတပ္ဆင္ထားျခင္းျဖစ္သည္။ သို႔ေသာ္ထိုေအးစက္ေသာ မ်က္ႏွာဖုံးသည္ မၾကာခင္အရည္ေပ်ာ္သြားခဲ့ပါက သူ၏အေၾကာက္တရားဟူသည္ ကာကြယ္ေထာက္ခံေပးထားျခင္းမရွိဘဲ ျပတ္သားစြာေဖာ္ထုတ္ျပသျခင္း ခံလိုက္ရေတာ့မည္သာ။ တိမ္ယံဆင့္မသိလိုက္သည္မွာ အရာအားလုံးတြင္ ထာဝစဥ္တည္တံ့နိုင္ၿပီး ၿပီးျပည့္စုံေသာအရာဟူ၍မရွိေပ။ထိုမ်က္ႏွာဖုံးမွာ ယိုယြင္းကာအရည္ေပ်ာ္လာၿပီျဖစ္ၿပီး အေၾကာက္တရားတစ္စြန္းတစ္စက သိသာျခင္းမရွိေသာ္ျငား ေဖာ္ျပျခင္းခံလိုက္ရေပသည္။

အသက္ရႈေနမႈမွာ ဝင္ေလထြက္ေလပင္ မမွန္ကန္ေတာ့ေလဘဲ ေလရႈေပါက္က အက်ဥ္းတန္စြာမွားယြင္း လာရေပသည္။အားတင္းကာ ရပ္တည္ေနေသာေျခေထာက္အစား လက္ဖ်ားထိပ္မ်ားမွာ ဆိုးဝါးစြာ တုန္ယင္ေနေသာေၾကာင့္ ထိုသြယ္လ်ေသာလက္ပိုင္ရွင္၏ အလိုမက်စြာ တင္းတင္းဆုပ္ထားျခင္းကိုလည္း ခံေနရသည္။သိသာလြန္းေသာ ဆြဲေဆာင္အားေကာင္းသည့္ မ်က္ဝန္းတို႔မွာ ႐ုတ္ျခင္းပင္ ေဆာက္တည္ရာမရ စုံခ်က္ေပ်ာက္ဆုံးေနမႈေၾကာင့္ ေကာ့ၫႊတ္ေနေသာ မ်က္ေတာင္မ်ား၏ ငိုက္စိုက္က် ဖုံးကြယ္ထားျခင္းျဖင့္သာ ထိုယိုယြင္းေနမႈအား မသိသာသြားပါေစရန္ လုပ္ေဆာင္ေနသည္။ အေပၚယံၾကည့္လွ်င္မူ ထိုလူသားဟာ တည္ၿငိမ္ေအးေဆး လြန္းလွသျဖင့္ အနီးကပ္ဆုံးရွိေနေသာ ဦးစိုးလြင္ပင္ ၎တို႔ကိုသတိမထားမိေပ။ သိုေသာ္ အေရွ႕တည့္တည့္တြင္ရွိေနေသာ ျပဒါးရံ၏အျမင္စက္ကြင္းအတြင္း၌မူ ဖုံးကြယ္ထားပါေသာ ထိုရွည္လ်ားသည့္ မ်က္ေတာင္မ်ား၏ တုန္ယင္ေနမႈမွာ ရပ္တန႔္သြားျခင္း မရွိခဲ့ျခင္းႏွင့္ က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ခ်ဳပ္တည္းထားပါသည့္တိုင္ အနည္းငယ္တုန္ရီေနေသးေသာ လက္မ်ားမွာလည္း ထိုနည္းအတိုင္း ျဖစ္တည္ေနသည္ ဆိုတာပင္။

ပတ္ဝန္းက်င္းက တစျပင္ပမာတိတ္ဆိတ္ေနၿပီး လူတိုင္းအေတြးကိုယ္စီျဖင့္ နစ္ျမဳပ္ေနခ်ိန္တြင္ ဦးစြာအသိစိတ္ျပန္ဝင္လာသူမွာ ယြန္းေဟမီပင္ျဖစ္သည္။ သူမက ေမာင္ျဖစ္သူ၏စကားကို လြန္စြာမွမနစ္ၿမိဳ႕ေပ။ အမွန္တိုင္းဝန္ခံရလွ်င္ ၾကားလိုက္ရေသာ မိမိနားပင္ ခ်ိဳ႕ယြင္းေနသည္ဟု ထင္ေၾကးေပးမိသည္။

" ရံေလး .....ဘယ္လိုေျပာလိုက္တာလဲ "

သို႔ေသာ္ျပဒါးရံမွာ ယြန္းေဟမီအသံအား မၾကားခ်င္ေယာင္ေဆာင္ကာ ဦးစိုးလြင္ကိုဆက္ေျပာလာခဲ့သည္။

" ခင္ဗ်ားကို ေ႐ြးခ်ယ္စရာ ႏွစ္ခုေပးမယ္။ ပထမတစ္ခုက တိမ္ယံဆင့္ကို သတ္လိုက္ရင္ ခင္ဗ်ားကိုကြၽန္ေတာ္ အခုသတ္ပစ္မယ္။ "

" ဒုတိယတစ္ခုက......ဘယ္သူ႕ကိုမွမသတ္ရင္လည္း ကြၽန္ေတာ္ခင္ဗ်ားကို သတ္မယ္ "

" ဘယ္ဟာကိုပဲေ႐ြးေ႐ြး ရလဒ္ကတစ္ခုထဲဘဲ "

" ျပဒါးရံ....မင္း "

တိမ္ယံဆင့္မွာ ခံျပင္းလြန္းသျဖင့္ စကားအား ဆုံးခန္းတိုင္ေအာင္ မေျပာလိုက္နိုင္ေတာ့ပါေခ်။ ျပဒါးရံ၏ ထိုစကားအသြားအလာမွာ သူဟာေသလူတစ္ေယာက္ ျဖစ္ရန္ေသခ်ာေနေပၿပီ။ေဒါသအဟုန္ေၾကာင့္ ယုတၱိမတန္ေသာ အေတြးတို႔ကလည္း အရိပ္သဖြယ္ ဝင္ေရာက္လာျပန္သည္။ သူကအခုမွ အသက္၂၀ ပဲရွိေသးတာပင္ျဖစ္သည္။ သူ႕ေခါင္းအား ေသနတ္ႏွင့္ခ်ိန္ထားေသာ ထိုလူ၏ အသက္ထက္ဝက္ေတာင္ မရွိေသးေသာ္ျငား သူဟာေသရေတာ့မည္တဲ့လား။ ကံတရားကက်ီစယ္လြန္းေနသည္မွာ စိတ္ပ်က္စရာေတာင္ ေကာင္းလွသည္။ ဒီလိုမ်ိဳးႀကဳံေတြ႕ရလိမ့္မည္ဟု သူအိမ္မက္ေတာင္ မမက္ခဲ့ဘူးပါေခ်။ ရိုက္ကြင္းတြင္ မင္းသားအားေသနတ္ျဖင့္ ေထာက္ထားေသာအေျခအေနမ်ိဳး ဖန္တစ္ရာထပ္ေနေအာင္ သ႐ုပ္ေဆာင္ခဲ့ဖူးေသာ္လည္း ယခုမွာမွားသြားလွ်င္လည္း ကဒ္ျပန္လုပ္ခြင့္မရွိေသာ ဒါရိုက္တာမရွိသည့္ ႀကိဳတင္ဇာတ္မတိုက္ထားေသာ ရိုက္ကြင္းတစ္ခုျဖစ္သည္။ အရာအားလုံးသည္ ကိုယ့္ကိုကိုယ္မူတည္ေနၿပီး မွားသြားလွ်င္ ျဖစ္ေပၚလာေသာ အက်ိဳးဆက္ကို ကိုယ္တိုင္ကသာခံယူရမည္ျဖစ္သည္။

" မင္း...ဒါ...မင္းတို႔ companyက modelေလ သူ႕ကိုတကယ္ေသခိုင္းရက္လို႔လား "

တိမ္ယံဆင့္၏ လက္ကိုလိမ္ထားရင္းျဖင့္ ဦးစိုးလြင္မွာေျပာလာခဲ့သည္။ ခႏၶာကိုယ္မွာ တုန္ယင္သည္ထက္ကို ပိုေနသျဖင့္ ၎မွာဦးစိုးလြင္ တုန္ယင္ေနျခင္းေလာ တိမ္ယံဆင့္ မိမိကိုယ္မွျဖစ္တည္လာသည္ေလာကိုေတာင္ မေဝခြဲနိုင္ေတာ့ပါေခ်။ သို႔ေသာ္ သူ႕ေနာက္မွလူသည္ ခႏၶာကိုယ္သာမက အသံပါတုန္ယင္ေနေၾကာင္းကိုေတာ့ ေဝဝါးေနေသာ အသိစိတ္ၾကားမွ သတိထားမိသည္။ ဦးစိုးလြင္၏ အစီအေငၚမတည့္သည့္ ထစ္ေနေသာ စကားေၾကာင့္ ျပဒါးရံက အေျဖျပန္ေပးရန္ တိမ္ယံဆင့္ထံ တစ္ဖန္ျပန္ေစာင္းၾကည့္လာခဲ့ျပန္သည္။ တိမ္ယံဆင့္သည္လည္း တုန္ယင္ေနေသာမ်က္ေတာင္မ်ားအား ပင့္ေျမွာက္လိုက္ခ်ိန္ႏွင့္ ႀကဳံႀကိဳက္သြား၍ ႏွစ္ဦးစလုံးမွာ ျမင္လႊာခ်င္းထပ္သြားရေတာ့သည္။ ျပဒါးရံ၏မ်က္ဝန္းအိမ္ထဲတြင္မူ ေတာက္ပေသာတိမ္ယံဆင့္တစ္ေယာက္သာ ေနရာယူထားလ်က္ က်န္သူမ်ားမွာ ေမွးမွိန္ေပ်ာက္ကြယ္ေနရသည္။ ထိုနည္းတူစြာ တိမ္ယံဆင့္၏မ်က္ၾကည္လႊာ အတြင္း၌လည္း နတ္ဆိုးတစ္ေကာင္ႏွယ္ ယုတ္မာေသာ္ျငား စိတ္ပ်က္ေလာက္ေအာင္ ေခ်ာေမာေနေသာ ပုံရိပ္တစ္ခုသာထင္ဟပ္ေနသည္။

" သူကကြၽန္ေတာ့္အတြက္ေတာ့ ဘာမွအသုံးမဝင္တဲ့ လူတစ္ေယာက္ပဲ။ဒီတိုင္းKKရဲ႕ Modelတစ္ေယာက္ျဖစ္႐ုံပဲ။သူေသသြားလည္း ကြၽန္ေတာ္ထူးျခားၿပီး ဝမ္းနည္းေနမွာမဟုတ္ဘူး။ ခင္ဗ်ားကြၽန္ေတာ့္အားနည္းခ်က္ကို ခ်ဳပ္ကိုင္ခ်င္တာဆို လူေ႐ြးမွားသြားၿပီ သူကဘယ္ေတာ့မွ ကြၽန္ေတာ့္အားနည္းခ်က္ျဖစ္လာမွာမဟုတ္ဘူး။ "

ထို႔ေနာက္ အၾကည့္တို႔သည္ ဦးစိုးလြင္ဘက္ ျပန္လည္ေ႐ြ႕ေျပာင္းျခင္း ခံလိုက္ရၿပီး ဆက္ေျပာလာခဲ့ျပန္သည္။

" ၿပီးေတာ့...KKမွာ model မရွိေတာ့ေကာ ဘာျဖစ္လဲ....သူ႕ေနရာမွာ အျခားတစ္ေယာက္ကို အစားထိုးလိုက္႐ုံေပါ့....ဒါကခက္ခဲတဲ့ ကိစၥမွမဟုတ္တာ။တကယ္လို႔ ခင္ဗ်ားအဖမ္းခံမယ့္ ကိစၥကိုဆက္ၿပီး ျငင္းဆန္ေနမယ္ဆို ကြၽန္ေတာ္ခင္ဗ်ားကိုပစ္ဖို႔ ဝန္မေလးဘူး။ "

ျပဒါးရံက ထပ္မံကာဦးစိုးလြင္အတြက္ အေတာ့္ကိုစဥ္းစားေပးဟန္ျဖင့္ စိုးရိပ္ပူပန္စြာ ဆက္ေျပာလာခဲ့သည္။

" အာ...ကြၽန္ေတာ္ခင္ဗ်ားရဲ႕ ကေလးေတြအတြက္လည္း ရင္ေလးမိတယ္။ သူတို႔မွာ သူခိုးအေဖတင္မကဘူး လူသတ္သမားအေဖပါ ထပ္ၿပီးရလာေတာ့မွာဆိုေတာ့....tsk...tsk...တကယ္ကိုသနားစရာပဲ။ ဒါေပမဲ့မပူပါနဲ႕ ခင္ဗ်ားသူ႕ကို သတ္ၿပီးရင္ကြၽန္ေတာ္ ႀကိဳးမိန႔္ သို႔မဟုတ္ တစ္သက္တစ္ကြၽန္း က်ေအာင္လုပ္ေပးမယ္။ ေပ်ာ္ေပ်ာ္ႀကီး ေထာင္နန္းစံေနလိုက္ေပါ့။ "

ထို႔ေနာက္ျပဒါးရံက စိတ္ေျပာင္းသြားဟန္တူသည္ ဦးစိုးလြင္ကိုခ်ိန္ထားေသာ ေသနတ္ကိုင္ထားသည့္လက္အား ေအာက္ျပန္ခ်လိဳက္သည္။ သူသည့္ယခုအခါ ဦးစိုးလြင္ကို ပစ္လိုက္လွ်င္ သိပ္ကို ပ်င္းစရာေကာင္းသြားမည္ဟု ခံစားရေသာေၾကာင့္လည္း ျဖစ္နိုင္ေပသည္။ ထိုသူ႕ဘဝအား မွတ္ေလာက္ေအာင္ ဖ်က္ဆီးၿပီးမွ ေလာကႀကီးအားသူကိုယ္တိုင္ စိတ္ကုန္သြားကာ သုံးစားမရတဲ့လူ ျဖစ္သြားလွ်င္မူ ေသသြားတာထက္ပိုဆိုးေသာ ဘဝကိုရသြားမည္ျဖစ္သည္။

" ရၿပီ....လုပ္စရာရွိတာဆက္လုပ္....ကြၽန္ေတာ္ဒီမွာေစာင့္ေနမယ္ "

အနားရွိက်န္သူမ်ားမွာ ပို၍ပိုကာဆိုးလာေသာ ျပဒါးရံစကားေၾကာင့္ မီးေလာင္သကဲ့သို႔ ပူထူကာ ဘာဆက္လုပ္ရမလဲ မသိျဖစ္ကုန္ၾကသည္။ လက္လြတ္စပါယ္လႈပ္ရွား လိုက္လွ်င္မူ ဦးစိုးလြင္မွာ တိမ္ယံဆင့္အား ပစ္လိုက္မည္ကိုလည္း စိုးရိမ္ေနရေသးသည္ပင္။ ရဲမ်ားႏွင့္ ယြန္းေဟမီမွာ ေရွ႕မတိုးသာ ေနာက္မဆုတ္သာေသာ အေျခအေနတြင္ ရွိေနသကဲ့သို႔ ဦးစိုးလြင္သည္လည္း ထိုနည္းအတိုင္းပင္။ ျပဒါးရံေျပာသလို သားသမီးမ်ားမွာ သူ၏အားနည္းခ်က္ပင္ျဖစ္သည္။ တိမ္ယံဆင့္အား ဓားစာခံအျဖစ္အသုံးခ်ကာ ယခုႏြံထဲမွထြက္ေပါက္ ရွာေနေသာ္လည္း တစ္ပူေပၚတစ္ပူဆင့္လ်က္ ထိုႏြံထဲပိုလိုေတာင္ နစ္ျမဳပ္လာရသည္။

အခ်ိန္အနည္းငယ္ ၾကာျမင့္သြားေသာ္လည္း မည္သူကမွ လႈပ္ရွားမႈမရွိေသးေပ။ ဦးစိုးလြင္၏ ျပာယာခတ္ေနမႈမွာ ျပင္းထန္လာၿပီး မ်က္လုံးတို႔မွာလည္း စိတၱဇဆန္ကာ ေဆာက္တည္ရာမရ ေ႐ြ႕လ်ားေနၾကသည္။ ေနာက္ဆုံးတြင္မူ သူဟာ တိမ္ယံဆင့္ကို တြန္းထုတ္လိုက္ၿပီး ႐ူးႏွမ္းေအာ္ဟစ္ကာ ထြက္ေျပးရန္ႀကံစည္ေတာ့သည္။ တြန္းထုတ္လိုက္ေသာအရွိန္မွာ အနည္းငယ္အားျပင္းေသာေၾကာင့္ေပလား သို႔တည္းမဟုတ္ ရပ္တည္နိုင္စြမ္းကင္းမဲ့ေနေသာ တိမ္ယံဆင့္၏ေျခေထာက္မ်ား ေၾကာင့္ေပလားေတာ့မသိေပ အနီးကပ္ဆုံးမ်က္ႏွာခ်င္းဆိုင္ရွိေနသည့္ ျပဒါးရံ၏က်ယ္ျပန႔္ေသာ ရင္ခြင္အတြင္းသို႔ ေပ်ာ့ေခြစြာေရာက္ရွိသြားရေတာ့သည္။ ျပဒါးရံသည္လည္း မသိစိတ္၏ေစခိုင္းခ်က္အရ တိမ္ယံဆင့္အား တင္းက်ပ္စြာဖက္တြယ္ထားရင္း ရဲမ်ားအားသတိေပးလိုက္သည္။

" သူ႕ကိုမလြတ္ေစနဲ႕ "

ထြက္ေျပးရန္ႀကံစည္ေနေသာ ဦးစိုးလြင္မွာ အခ်ိန္မမီလိုက္ပါေခ်။ ရဲမ်ား၏ဖမ္းဆီးျခင္းကို ခံလိုက္ရၿပီး လက္ထိပ္ခတ္ေခၚေဆာင္သြားျခင္းကိုပါ ခံလိုက္ရသည္။ ႐ုံးရင္းဆန္ခတ္ျဖစ္ေနမႈမ်ား အနည္ထိုင္သြားခ်ိန္တြင္ ဂိုေထာင္အတြင္း၌ ျပဒါးရံ၊ ယြန္းေဟမီႏွင့္ တိမ္ယံဆင့္တို႔ သုံးေယာက္သာက်န္ခဲ့သည္။ ထိုအခ်ိန္မွပင္ ရင္ခြင္ထဲရွိလူသည္ သိသာျခင္းမရွိေသာ္ျငား တသိမ့္သိမ့္တုန္ယင္ေနသည္ကို သတိထားမိသြားေလသည္။ တိမ္ယံဆင့္အားဖက္ထားသည့္ လက္ကိုေျဖေလ်ာ့လိုက္ခ်ိန္တြင္ လူမမာသဖြယ္ျဖဴစုတ္ေနသည္ မ်က္ႏွာႏွင့္ ေရခဲႏွယ္လက္ေခ်ာင္း အထိအေတြ႕ကိုခံစားလိုက္ရသည္။

" အဆင္ေျပရဲ႕လား....တကယ္ေတာ့..... "

" ျဖန္း "

စကားမဆုံးေသးခင္ပင္ သတိေပးျခင္းမရွိေသာ လက္ဝါးတစ္ခ်က္သည္ ျပဒါးရံ၏ပါးႏွင့္ မိတ္ဆက္သြားသည္။ အမွန္မွာမူ တိမ္ယံဆင့္သည္ လက္သီးႏွင့္ထိုးလိုက္ျခင္း ျဖစ္ေပသည္။ သို႔ေသာ္သူသည္ အတိုင္းထက္အလြန္ စိတ္ဆိုးေဒါသထြက္ေနပါသျဖင့္ အံကိုႀကိတ္ကာျဖန႔္ထားေသာလက္အား ျပန္ျပင္ရန္ပင္ေမာ့ေလ်ာ့သြားခဲ့ၿပီး ဒီတိုင္းရိုက္ခ်လိဳက္ျခင္းျဖစ္သည္။ ျပဒါးရံကမူ ႏႈတ္ခမ္းေထာင့္တြင္ ထြက္လာပါေသာ ေသြးတို႔အားလက္မကိုသုံးလ်က္ သုတ္လိုက္ၿပီး႐ႊင္ျမဴးစြာ ျပန္လွည့္လာခဲ့သည္။

ယြန္းေဟမီ - " ....... "

တိမ္ယံဆင့္ - " အရွက္ကိုမရွိဘူး "

ေဒါသတို႔လႊမ္းကာ ေျပာဆိုသြားၿပီးေနာက္ ထြက္ခြာသြားေလသည္။ယြန္းေဟမီသည္ သူထင္ထားသည့္ ဗုံးမွာေပါက္ကြဲလာခဲ့ေသာ္လည္း ျပဒါးရံတစ္ေယာက္ထဲဆီသာ အက်ိဳးသက္ေရာက္မႈရွိေၾကာင္းကို အနည္းငယ္ေတာင္ သနားစိတ္မဝင္မိပါေခ်။

" နာလား "

ယြန္ေဟမီ၏ အေမးကို ျပဒါးရံကျပန္မေျဖေသာ္ျငား မ်က္ႏွာအမူအရာက သနားခ်င့္စရာေကာင္းေအာင္ လုပ္ျပေနေလသည္။

" ေကာင္းတယ္.....အမသာတိမ္ယံဆင့္ဆို အဲ့ထက္ပိုဆိုးေအာင္လုပ္မွာ "

" ရက္စက္လိုက္တာ "

" ရံေလး....အစကမင္းဘာလုပ္လုပ္ မမခြင့္ျပဳထားခဲ့တယ္။ တားဆီးတာလည္းမရွိသလို ပိတ္ပင္တာလည္းမရွိခဲ့ဘူး။ ဒါေပမယ့္ လူတစ္ေယာက္ရဲ႕အသက္နဲ႕ေတာင္ အေလာင္းအစားလုပ္ခဲ့တဲ့ မင္းကို သိပ္စိတ္ပ်က္မိတယ္။ "

ယြန္းေဟမီကေျပာၿပီးလွ်င္ ထိုေနရာ၌တစ္စကၠန႔္ေလးေတာင္ မေနခ်င္ေတာ့သည့္အတြက္ ထြက္ခြာသြားေလသည္။သို႔ေသာ္ ျပဒါးရံကသူမ၏ လက္ေကာက္ဝတ္အား ဆုပ္ကိုင္ထားခဲ့ၿပီး သြားခြင့္မျပဳခဲ့ပါေခ်။

" ခဏေနပါဦး....မမေဟမီကြၽန္ေတာ့္ကို အထင္လြဲေနၿပီ။ ကြၽန္ေတာ္လုပ္ခဲ့သမွ်အားလုံးက KKေကာင္းစားဖို႔အတြက္ဘဲ "

" ဒါဆို တိမ္ယံဆင့္အေပၚ လုပ္ခဲ့တဲ့ အျပဳအမူေတြကေကာ "

" မမေဟမီလိုခ်င္ေနတဲ့ အေျဖအားလုံးဒီထဲမွာရွိတယ္ "

ျပဒါးရံက ေသနတ္ကိုကိုင္ေျမႇာက္ျပရင္း ေျပာလိုက္ျခင္းျဖစ္သည္။ ထို႔ေနာက္သူသည္ ယြန္ေဟမီအား ခ်က္ျခင္းပင္ ေသနတ္၏အတြင္းပိုင္းအား ဖြင့္လွစ္ျပလိုက္သည္။ ျမင္လိုက္ရသည့္ ယြန္းေဟမီပင္ အံ့ဩမင္သက္သြားခဲ့ရသည္။ ေသနတ္ထဲတြင္ ဒီလိုျဖစ္ေနမည္ဟု စိတ္ကူးေတာင္မယဥ္ခဲ့ဖူးပါေခ်။ ျပာေဝေနေသာေသာ မ်က္လုံးေၾကာင့္ေပလား အတိအက်မသိေပမဲ့ အားလုံးဟာ ဗလာျဖစ္ေနခဲ့သည္။မွန္ေပသည္ အေစာကအထိလူတစ္ေယာက္၏ အသက္ကိုအလြယ္ေလးေခ်နိဳင္ေသာ ပဲ့ကိုင္ရွင္သည္ယခုမူအထဲ၌ ပုလဲမရွိစေသာကမာေကာင္ႏွယ္ အခြံလြတ္ျဖစ္ေနရသည္။ ေသနတ္၏အတြင္းပိုင္းတြင္မူ က်ည္ႏွင့္တူေသာအရာ တစ္ခုေတာင္ရွိမေနခဲ့ဘဲ ဗလာနတၳိျဖစ္ေနခဲ့သည္။

" ဘယ္လိုျဖစ္လို႔ ဒါက...."

ယြန္းေဟမီသည္ မွန္းထားသည္ႏွင့္လြဲသြားသျဖင့္ တီးတိုးေရ႐ြတ္လိုက္ေသာအသံကို ျပဒါးရံကၾကားျဖစ္ေအာင္ ၾကားသြားခဲ့သည္။

" ဟုတ္တယ္....ေသနတ္ထဲမွာက်ည္မပါဘူး ဘာျဖစ္လို႔လဲဆိုေတာ့ ဒါကရိုက္ကြင္းမွာသုံးတဲ့ ေသနတ္မို႔လို႔ေလ "

" ရံေလး....မမ မသိေအာင္ဘာေတြ လုပ္ထားတာလဲ "

" တကယ္ေတာ့ဒီလိုပါ.....မမေဟမီေျပာသလို ဦးစိုးလြင္ကိုဖမ္းဖို႔ ခိုင္လုံတဲ့သက္ေသ ကြၽန္ေတာ္တို႔မွာမရွိဘူး။ ဒါေၾကာင့္ေပ်ာ္စရာေလးတစ္ခု ဖန္တီးၾကည့္လိုက္တာ။ မမေဟမီ တိမ္ယံဆင့္ကိုဖုန္းဆက္ၿပီးမေခၚခင္ ကြၽန္ေတာ္ကအျပင္က ရိုက္ကူးေရးအဖြဲ႕သားေတြကို ရဲဝတ္စုံဝတ္ၿပီး လာခိုင္းၿပီးသား။ ဘာလို႔လဲဆိုေတာ့ companyက ရိုက္ကူးေရးသမားေတြကိုသုံးရင္ ဦးစိုးလြင္ရိပ္မိသြားနိုင္တယ္ "

" ဪ....ဒါေပမဲ့တိမ္ယံဆင့္က ဘာျဖစ္လို႔ လိုတာလဲ ဒီကိစၥကမမတို႔ႀကီးပဲ ေျဖရွင္းလို႔ရတယ္ မဟုတ္ဘူးလား။ "

" မမေဟမီေျပာတာမွန္ပါတယ္။ဒါေပမဲ့ ဆင့္ေလာက္ကြၽန္ေတာ့္႐ုံးခန္းထဲမွာ ဦးစိုးလြင္ကိုေတြ႕ခဲ့ပါတယ္ဆိုၿပီး ပီျပင္ေအာင္သ႐ုပ္ေဆာင္နိုင္တဲ့လူမရွိဘူး။ ကြၽန္ေတာ္တုန႔္ဆိုင္းမေနဘဲ ဆင့္ကိုေသနတ္နဲ႕ပစ္ခိုင္းရတာကလဲ ေသနတ္ထဲမွာက်ည္ဆံမရွိဘူးဆိုတာ သိေနလို႔ပဲ။ ၿပီးေတာ့ဦးစိုးလြင္လို ေၾကာက္တတ္တဲ့ လူတစ္ေယာက္က တိမ္ယံဆင့္ကို ေသနတ္နဲ႕ပစ္မွာ မဟုတ္ဘူးဆိုတာလည္း သိေနတယ္။ "

" ဒါဆိုေစာေစာကဘာလို႔ ဆင့္ကိုတစ္ခါတည္း မရွင္းျပလိုက္တာလည္း သူရံေလးကိုအထင္လြဲသြားနိုင္တယ္ေလ "

အမွန္တကယ္တြင္မူ သူတိမ္ယံဆင့္ကိုရွင္းျပရန္ ႀကိဳးစားခဲ့ဖူးပါသည္။ ရလဒ္မွာစကားမဆုံးခင္ အရိုက္ခံလိုက္ျခင္းသာ။ထို႔ေနာက္ေဒါသထြက္ ရန္လိုေနေသာ တိမ္ယံဆင့္အားၾကည့္ရသည္မွာ ေပ်ာ္စရာရွာေတြ႕လိုက္ရသလိုပင္။ထို႔ေၾကာင့္ မ်ားမ်ားစားစားေတြးမေနေတာ့ဘဲ ရွင္းျပျခင္းကိုရပ္ဆိုင္းလိုက္ကာ ေဒါသထြက္ေနသူကို ရပ္ၾကည့္လိုက္ျခင္းျဖစ္သည္။ အသစ္ရရွိလာေသာ ပက္စက္သည့္အႀကံတြင္မူ တိမ္ယံဆင့္ႏွင့္ ရန္ျပန္ျဖစ္ေနလွ်င္ မိမိကိုယ္တိုင္ေရာ ထိုသူပါေဒါသအလိမ္းလိမ္းထြက္ရင္းျဖင့္ အဆုံးသတ္သြားမည္ျဖစ္သည္။ ယခုျဖစ္ရပ္လိုလုပ္လိုက္လွ်င္မူ တိမ္ယံဆင့္တစ္ေယာက္သာ စိတ္တိုလ်က္ေနခဲ့ၿပီး မိမိမွာ႐ႊင္ျမဴးစြာက်န္ခဲ့သျဖင့္ ေအာင္နိုင္သူတစ္ေယာက္ႏွယ္ ခံစားရသည္။ ေနာက္မ်ားအခါတြင္မူ ရန္ျပန္ျဖစ္ျခင္းထက္ ထိုစိတ္တိုလြယ္ေသာ လူသားအား စေနာက္ျခင္းျပဳရန္သာ ေ႐ြးခ်ယ္ဆုံးျဖတ္လိုက္ေလသည္။ ထို႔ျပင္ယြန္းေဟမီစကားအား ေမးခြန္းသဖြယ္အသုံးျပဳလ်က္ စိတ္ထဲမွေတြးထားသည့္အတိုင္း ခ်ိဳလြင္ကာအေျဖျပန္ေပးလိုက္သည္။

" ဘာလို႔လဲဆိုေတာ့.....သူ႕ကိုစရတာ ေပ်ာ္ဖို႔ေကာင္းလို႔ေလ "

" ဘာဘဲျဖစ္ျဖစ္ မမစိတ္ဆိုးမေျပေသးဘူး။ မမကိုမတိုင္ပင္ဘဲ တစ္ေယာက္ထဲ ကိုယ့္သေဘာနဲ႕ကိုယ္ ေရွာက္လုပ္ပစ္တယ္။ တိမ္ယံဆင့္ကို ေသနတ္နဲ႕ ပစ္ခိုင္းတုန္းကဆို မမဘယ္ေလာက္ေတာင္လန႔္သြားတယ္ထင္လဲ။ ဆင့္ေကာဘယ္ေလာက္လန႔္သြားမလဲ "

" သူလား.... "

႐ုတ္ခ်င္းပင္ တိမ္ယံဆင့္၏ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာႏွင့္ ေရခဲႏွယ္ လက္အထိအေတြ႕ကို ျပန္လည္ျမင္ေယာင္လာရင္း ဆက္ေျပာလိုက္သည္။

" သိပ္ေတာ့မလန႔္သြားေလာက္ပါဘူး "

" စိတ္မဆိုးပါနဲ႕ေတာ့ ေနာက္ဆိုဘာလုပ္လုပ္ မမေဟမီကို အရင္တိုင္ပင္မယ္လို႔ ကတိေပးတယ္ "
______________________________

ညဉ့္အေမွာင္ယံကို ခြင္းလ်က္ကားတစ္စီး ေမာင္းႏွင္လာေပသည္။ ထိုကား၏အေရာင္မွာလည္း နက္ေမွာင္လြန္းသျဖင့္ အမည္းေပၚအနက္ဆင့္ေနသကဲ့သို႔ အျပင္ဘက္ရွိေလာကႏွင့္ မခြဲရက္နိုင္ေအာင္ျဖစ္တည္ေနသည္။ ေျပာင္လက္ေနေသာကားအတြင္းတြင္ ခန႔္ညားေသာ သက္လတ္ပိုင္းအမ်ိဳးသားတစ္ဦးႏွင့္ ၈ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးတို႔ လိုက္ပါစီးနင္းလာၾကသည္။ပါးေဖာင္းေဖာင္းေလးႏွင့္အတူ မ်က္လုံးဝိုင္းဝိုင္း ခ်စ္စဖြယ္ကေလးငယ္သည္ တီတီတာတာစကားမ်ားဆိုလ်က္ ကားေမာင္းေနသူအမ်ိဳးသားအား ဂ်ီက်ေနေလသည္။

" ေဖေဖသားတို႔ ျပန္မေရာက္ေသးဘူးလား "

" မၾကာခင္ေရာက္ေတာ့မွာပါ ဗိုက္ဆာေနၿပီလား "

ထိုကေလးငယ္ေလးသည္ ျပန္မေျဖေသာ္လည္း ေခါင္းၿငိမ့္ျပလိုက္ေလသည္။

" ေစာေစာကေလးတင္ အမ်ားႀကီးစားထားတာ ခုဆာလာျပန္ၿပီလား.....ဒီေလာက္အစားႀကီးေနရင္ ႀကီးလာရင္အရမ္းဝေနၿပီး ေကာင္မေလးေတြမႀကိဳက္ဘဲေနမယ္ေနာ္ "

" ကိစၥမရွိပါဘူး.....သားကေမေမနဲ႕တူရင္ ေခ်ာၿပီးသား "

" ဟုတ္ပါၿပီဗ်ာ ခုေတာ့ေဖေဖတို႔အျပင္ခိုးထြက္ၿပီး ေရွာက္လည္တဲ့အျပင္ အိမ္ျပန္ေနာက္က်လိဳ႕ သားေမေမဆီကဘဲ အဆူမခံရေအာင္အရင္လုပ္ၾကတာေပါ့ "

"စိတ္မပူပါနဲ႕ သားနည္းနည္းေလာက္ငိုျပလိုက္ရင္ ေမေမကစိတ္ေပ်ာ့သြားေကာ"

ထိုကေလးငယ္၏စကားအား သေဘာက်လြန္းသျဖင့္ ကားေမာင္းေနေသာအမ်ိဳးသားမွာ ေျဖမဆယ္နိုင္ေအာင္ ရယ္ေမာလာေတာ့သည္။

" ဟား...ဟား....ဟား... ေဟာ့ဒီ့က တိမ္ယံဆင့္ေလးႀကီးလာလို႔ ႐ုပ္ရွင္မင္းသားလုပ္ရင္ ေဖေဖတို႔ေတာ့ super starရဲ႕မိဘေတြျဖစ္ေတာ့မွာပဲ "

သို႔ေသာ္ထိုေန႕က တိမ္ယံဆင့္ေလးမွာ အနည္းအက်ဥ္းမဟုတ္ဘဲ သတိလစ္ေမ့ေမ်ာသည္အထိ ငိုလိုက္ရေပသည္။ ႏွစ္ဦးသားမွာ အတူျပန္လာခဲ့ေသာ္လည္း တစ္ေယာက္သာအိမ္ျပန္ေရာက္လာခဲ့ၿပီး က်န္တစ္ေယာက္မွာ ေလာကႀကီးထဲမွ ထာဝရေပ်ာက္ကြယ္သြားျခင္း ခံလိုက္ရသည္။မ်က္ႏွာခ်င္းဆိုင္လာေနေသာ ကားတစ္စီးမွာ အေနာက္တြင္ ဧရာမသစ္လုံးႀကီးမ်ားအား တင္ယူလာၿပီး တုတ္ခိုင္ႀကီးမားသည့္ သံႀကိဳးမ်ားျဖင့္ ခ်ည္ႏွောင္ထိမ္းကြပ္ထားသည္။ ထိုကား၏အ႐ြယ္အစားမွာ တိမ္ယံဆင့္တို႔ကားႏွင့္ ယွဥ္လွ်င္အဆေပါင္းမ်ားစြာ ႀကီးမားေလသည္။ ၎အားေမာင္းႏွင္လာသူသည္ အရက္ေသာက္သုံးလာပုံရၿပီး လူမဆန္နိုင္ေအာင္ မူး႐ူးေနကာ လမ္းတစ္ခုလုံး သူတစ္ေယာက္ထဲအပိုင္ႀကီးဆိုးထားလ်က္ ယိမ္းထိုးေနသည္။ ထိုအခ်င္းအရာအား ျမင္လိုက္ခ်ိန္တြင္ တိမ္ယံဆင့္၏ ဖခင္ျဖစ္သူသည္ စိုးရိမ္စိတ္မ်ားကိမ္းေအာင္းလာခဲ့ကာ သတိထားေမာင္းႏွင္လာခဲ့ေသာ္လည္း ပို၍နီးကပ္လာလွ်င္ ပိုအႏၱရာယ္မ်ားလာေလျဖစ္ကာ တီးတိုးစကားသံအား ဆုံးခန္းတိုင္ေအာင္မေရ႐ြတ္မိခင္မွာပင္ ထိုသစ္သယ္ေဆာင္လာေသာ ကားက မ်က္စိေရွ႕တည့္တည့္တိုးဝင္လာခဲ့သည္။ အလ်င္အျမန္ေရွာင္တိမ္းခဲ့ေသာ္လည္း ေနာက္က်သြားခဲ့ၿပီျဖစ္သည္။ျမန္ဆန္လြန္းေသာျဖစ္အင္ေၾကာင့္ ႐ုတ္ခ်င္းပင္ တိမ္ယံဆင့္ဖခင္သည္ သူ၏သားအား ရင္ခြင္တြင္း၌ထည့္ကာ အုပ္မိုးလ်က္ တင္းက်ပ္စြာဖက္တြယ္ထားခဲ့သည္။ ခြင့္မေတာင္းဘဲဝင္ေရာက္လာေသာ ကားအပိုင္းအစမ်ားႏွင့္ မွန္ကြဲစမ်ားသည္ ထိုသက္လတ္ပိုင္းအမ်ိဳးသား ကိုယ္ထဲသို႔ လုံးလုံးလ်ားလ်ားစိုက္ဝင္လ်က္ အကၤ်ီအားေသြးခ်င္းခ်င္းနီေစသည္။ ေသြးမ်ားႏွင့္အသားစမ်ားမွာ ျမင္မေကာင္းေလာက္ေအာင္ ပ်ံ့က်ဲေနခဲ့ၿပီး စီးႏွင္လာေသာ ကားအနက္ေရာင္အား အနီေရာင္ကူးေျပာင္းသြားေစခဲ့ရင္းျဖင့္ တိမ္ယံဆင့္ကို ဖက္တြယ္ထားရင္းႏွင့္ပင္ ဖခင္ျဖစ္သူမွာေသဆုံးသြားခဲ့ရသည္။ခႏၶာကိုယ္၌ စြန္းထင္းေနမႈမ်ားသည္ ဖခင္ျဖစ္သူ၏ေသြးေပေလာ မိမိကိုယ္မွျဖစ္တည္လာသည္ေလာကိုပင္ မေဝဖန္မပိုင္းျခားနိုင္ေတာ့ဘဲရွိေနခဲ့သည္။

" ေဖေဖ...ထပါဦး....သားအသက္ရႈၾကပ္တယ္"

သို႔ေသာ္မည္သူကမွလႈပ္ရွားလာျခင္းမရွိေပ။ ထိုကေလးငယ္သည္ ငယ္႐ြယ္ျဖဴစင္လြန္းသျဖင့္ မိမိစကားသံကတိုးတိမ္ကာ မသဲကြဲျဖစ္ေနေသာေၾကာင့္ ဖခင္မွာမၾကားလိုက္ရျခင္းျဖစ္မူဟု ေကာက္ခ်က္ခ်လ်က္ အားယူကာထပ္ေျပာလာခဲ့ျပန္သည္။

" ေမေမေစာင့္ေနေတာ့မယ္....သားတို႔ျမန္ျမန္ျပန္ရေအာင္ေလ.....ဒီေလာက္ေတာင္ေနာက္က်ေနရင္ ေမေမမဆူေအာင္ သားကူမေျပာေပးနိုင္ေတာ့ဘူး...ထပါဦး "

ေနာက္ဆုံးအခ်ိန္အေတာ္ၾကာသြားသည့္တိုင္ လႈပ္ရွားလာမႈက မရွိေသးေပ။၈ႏွစ္အ႐ြယ္ တိမ္ယံဆင့္ေလးသည္ မျဖစ္နိုင္ပါဟု ခ်ဳပ္တည္းထားပါသည့္တိုင္ မ်က္ရည္မ်ားစီးက်လာသည္မွာ အနီေရာင္အျဖစ္ေတာင္ ကူးေျပာင္းသြားရသည္ အထိပင္။ ၎တို႔သည္မ်က္ႏွာျပင္၌ ေပပြေနေသာ ေသြးတို႔ျဖင့္ေရာေထြးလာကာ တစ္စက္ျခင္းေမးဖ်ားမွတစ္ဆင့္ ေအာက္သို႔သက္ဆင္းသြားၾကသည္။ အစပိုင္းတြင္မူ ကေလးငယ္သည္ မ်က္ရည္က်သေလာက္သာျဖစ္ၿပီး ေနာက္ပိုင္း၌ ဖခင္ကိုေအာ္ေခၚေနခဲ့ကာ ရွိုက္ႀကီးတငင္ငိုေႂကြးလာခဲ့ၿပီး ေတာင့္ခံထားနိုင္ေသာ အတိုင္းအတာေက်ာ္လြန္သြားပါသျဖင့္ သတိလစ္သြားခဲ့သည္။ ေအာ္ဟစ္ငိုေႂကြးေနခဲ့ေသာ္ျငား အသံမွာတိုးတိမ္ေဖ်ာ့ေတာ့လြန္း၍ မည္သူကမွမၾကားနိုင္ခဲ့ေပ။ ေလတိုးသံကေတာင္ ထိုကေလးငယ္၏အသံထက္ က်ယ္ေလာင္ပဲ့တင္ထပ္ေနခဲ့သည္။

ျမင္လႊာမ်ားမွာ မည္းေမွာင္သြားခဲ့ၿပီး တစ္ဖန္ျပန္လည္လင္းလာခဲ့ခ်ိန္တြင္ လူအမ်ားကသူ႕အား စက္ဝိုင္းသဖြယ္ဝိုင္းပတ္ထားၾကသည္။ တစ္ဦးစီတိုင္းသည္ တစ္ေယာက္တစ္ေပါက္ႏွင့္ ႏႈတ္မွဂါထာတစ္ခုႏွယ္ စာတစ္ေၾကာင္းကိုသာ အဆက္မျပတ္ေရ႐ြတ္ေနခဲ့ၾကသည္။

" သူ႕ကို သတ္လိုက္ သူကအေရးမပါတဲ့ အပိုလူတစ္ေယာက္ပဲ....အသုံးမဝင္ဘူး "

" အား....အား "

အခန္းထဲရွိေကာင္ေလးတစ္ေယာက္၏ ျပင္းရွသည့္အသက္ရႈသံသည္ တိတ္ဆိတ္ေနေသာ ညယံအခါကိုၿဖိဳခြဲလိုက္သည္။ခႏၶာကိုယ္တြင္ ေခြၽးမ်ားကေရသဖြယ္ စီးက်ေနခဲ့ၿပီး မ်က္ဝန္းအိမ္မွာလည္း ဦးတည္ခ်က္မရွိေသးေပ။မီးေရာင္ကင္းမဲ့ေနသျဖင့္ ထိုညကအျဖစ္အပ်က္အတိုင္းလိုပင္ အခန္းကေမွာင္မိုက္ေနခဲ့သည္။ မ်က္ႏွာျပင္ထက္ေခြၽးတို႔သုတ္ရန္ လက္လွမ္းလိုက္ခ်ိန္တြင္မူ ဘယ္အခ်ိန္ကမွန္းမသိ စီးက်ေနေသာ မ်က္ေရစီးေၾကာင္းတစ္ခုကို ထိေတြ႕မိသည္။

" သူငိုေနခဲ့တာလား? "

မ်ားမ်ားစားစား စဥ္းစားမေနဘဲ မတည္ၿငိမ္ေသးေသာ စိတ္အေျခအေနအတြက္ စားပြဲေပၚတြင္တင္ထားေသာ ေရခြက္အားလွမ္းယူလိုက္သည္။

" ခြမ္း "

ဖန္ခြက္က်ကြဲသံပင္ျဖစ္သည္။ ေျခာက္ေသြ႕ေနေသာလည္ေခ်ာင္းႏွင့္ ထိတ္လန႔္ေနေသာစိတ္အေျခအေန၏ ကယ္တင္ရွင္သည္ ေခြၽးစို႔ေနသာလက္မ်ား၏ တုန္ယင္စြာကိုင္တြယ္မႈေၾကာင့္ ေခ်ာ္ထြက္ကာ ကြဲသြားခဲ့ရသည္။ တစ္ခ်ိန္ထဲမွာပင္ အရာအားလုံးသည္ ေလွာင္ေျပာင္ဟားတိုက္ေနသလို ခံစားေနရေပသည္။ မမက္ခဲ့သည္မွာ ၾကာၿပီျဖစ္ေသာ အိမ္မက္ကအသစ္တဖန္ ျပန္လည္နိုးထရင္း သူ၏အနားယူခ်ိန္ကို စားသုံးေနခဲ့သည္။ ခါးသီးစြာ ၿပဳံးလိုက္ၿပီးေနာက္ ဉာဏ္မဲ့လြန္းေသာအလုပ္တစ္ခုကို တိမ္ယံဆင့္ကရႈပ္ေထြးေနေသာ စိတ္အေျခအေနေၾကာင့္ လုပ္မိသြားသည္။ ကုတင္ေပၚမွဆင္းကာ က်ကြဲသြားေသာ ဖန္ခြက္အပိုင္းအစမ်ားအား ေကာက္ရန္ႀကံလိုက္ေလသည္။ မဟုတ္လွ်င္ ထိုအရာမ်ားအား တက္နင္းမိခဲ့ပါက

" အ့ာ "

အေတြးမဆုံးမွီမွာပင္ အလ်င္စလိုလႈပ္ရွားလိုက္ျခင္းျဖစ္ရာ မီးအိမ္ဖြင့္ဖို႔ရာေတာင္ ေမ့ေလ်ာ့ေနခဲ့ၿပီး မဟူရာအခန္းအတြင္း ေျခေထာက္ခ်မိစဥ္ ဖန္ကြဲစမ်ားက အသားအတြင္း နစ္နစ္နဲနဲစိုက္ဝင္သြားခဲ့ရသည္။ အစားထိုးဝင္ေရာက္လာသည္မွာ နာက်င္မႈအစား ထိုေန႕ကသူ႕အား ဒိုင္းသဖြယ္ကာကြယ္ေပးခဲ့ေသာ ခႏၶာကိုယ္တြင္လည္း မွန္စမ်ားကအဆုံးမရွိ စိုက္ဝင္ေနခဲ့ေသာ ျမင္ကြင္းတစ္ခုပင္ျဖစ္သည္။ ခါးသက္မႈကပိုလို႔ေတာင္ဆိုးဝါးလာရၿပီး လြယ္လ်ေသာလက္က အေမွာင္ထုအတြင္းကူးလူးသြားလာေနခဲ့ကာ ေနာက္ဆုံးတြင္ ရွာေဖြေနေသာအရာအား ေတြ႕ရွိသြားသည္။ မီးအိမ္ဖြင့္အၿပီးတြင္ ကုတင္ေဘးနံရံ၌ စိတ္ပ်က္မႈအေပါင္း အေဖာ္ျပဳလ်က္ ေသြးထြက္ေနေသာေျခေထာက္အား အသိစိတ္ကင္းမဲ့စြာ စိုက္ၾကည့္ေနခဲ့ရင္း တစ္ညတာကိုကုန္ဆုံးေစခဲ့သည္။

Continue Reading

You'll Also Like

2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
383K 41.5K 102
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
14.7K 1.4K 24
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်။