နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 13

607 31 0
By reli_08

(Unicode)

"ငါကသူတို့သုံးယောက် အဆင်ပြေသွားရင် ရဲစခန်းမရောက်တော့ဘူး ထင်ခဲ့တာလေကွာ၊ အခုတော့ သုံးယောက်ပေါင်းလောင်းကျော် ဖြစ်နေပါလား"

ပိုင်မြင့်မြတ်ကျော်က သူ့နားထင်ကို လက်နှစ်ဖက်ဖြင့် ဖိထားရင်း စိတ်ညစ်စွာ ပြောမိသည်။ သူမနက်ဖြန် မိဘမဲ့ဂေဟာသွားရင် ယူသွားရန်ဆိုပြီး မမြိုင်က မုန့်ထုပ်တွေလာပေးလို့ ရှိပြီးသား အထုပ်တွေဘေးတွင် သေချာစီ၍ထားနေချိန်မှာ ဖုန်းနံပါတ်အစိမ်းတစ်လုံးက ဝင်လာခဲ့သည်။ သူ့မှာလည်း ဖုန်းနံပါတ်အစိမ်းဆိုတော့ တော်‌တော်နှင့်မကိုင်ရဲ အရင်တစ်ခါကကိစ္စကြောင့် မထိတ်သာမလန့်သာ ဖြစ်နေရသေးသည်။ ကိုင်လိုက်တာနှင့် ကြားလိုက်ရသည်ကတော့ အာကာလင်းသန့် အချုပ်ထဲ ရောက်နေပြန်ပြီဆိုသည့် သတင်းသာဖြစ်သည်။ ရန်မဖြစ်နဲ့ဟု အတန်တန်မှာလိုက်သည့်ကြားက ဖြစ်ခဲ့ပြန်သောကြောင့် ဝရုန်းသုန်းကားဆန်စွာ ရဲစခန်းသို့ လိုက်ရပြန်ပါသည်။

ရဲစခန်းရောက်တော့ ထွန်းဝီရက တာဝန်ကျရဲအရာရှိနှင့် စကားပြောနှင့်နေတာကို အဆင်သင့်တွေ့ရသည်။ သူရောက်ပြီး ရှေ့ဆင့်နောက်ဆင့်ပဲ တစ်ဖက်ရန်ဖြစ်သည့်ဘက်က မိသားစုဝင်တွေရောက်လာ၍ ဆေးဖိုးအတွက် လျော်ကြေးပေးတန်တာပေးပြီး အမှုကျေအေးပေးရန် စသည်များ ဖက်ဖက်မောအောင် လုပ်ခဲ့ကြရသည်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့အပြီးမှာတော့ ထွန်းဝီရရဲ့ ကွန်ဒိုသို့ ရောက်လာခဲ့ကြရသည်။ သူ့‌အရှေ့တွင် ထိုင်နေသော ထွန်းဝီရကို ကြည့်တော့ သူ့ကဲ့သို့ စိတ်ညစ်နေသယောင်။

"ငါလည်း အဆင်ပြေစေချင်ဇောနဲ့ သေချာမတွေးလိုက်မိတာကွာ"

သူနှင့် ထွန်းဝီရ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြိုင်တူသက်ပြင်းချမိကြသည်။

"ဖြည်းဖြည်းလုပ်ကွ၊ နာတယ်စွမ်းထက်ရဲ့"

"မလုပ်နိုင်ဘူး၊ မင်းအရင် ရွဲ့စောင်းပြီးသွားပြောလို့ မင်းအဖေတွေနဲ့ ဖြစ်ရတာလေ၊ ဒါမင်းကြောင့်ဖြစ်တာ ထွန်းလင်း၊ အခုမှ နာတတ်မနေနဲ့"

"တော်ကြတော့ကွာ၊ ငါအိပ်လို့မရတော့ဘူး"

ခေါင်းမှာ ပတ်တီးအဖွေးသားနှင့် ခေါင်းထဲက တရိပ်ရိပ်ဖြစ်နေလို့ ပိုင်မြင့်မြတ်ကျော် ပေါင်ပေါ်မှာ မှေးနေသည့် အာကာလင်းသန့်တစ်ယောက် ကျပ်ထုပ်ထိုးရင်း အသံမျိုးစုံ ထွက်နေကြသည့် စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟကို ငေါက်ကနဲ ထထိုင်ပြီး အော်လိုက်မှပဲ ထိုနှစ်ယောက်ငြိမ်သွားကြသည်။ တစ်ဖက်ကလူ‌တွေကို သုံးယောက်သားလက်သံပြောင်စွာ‌ မြင်မကောင်းရှုမကောင်းမျက်နှာတွေဖြစ်သည့်တိုင် ဆော်ပလော်တီးနိုင်ခဲ့ကြသည်။ သို့သော် ကံမကောင်းစွာ တုတ်နဲ့အရိုက်ခံလာရသည့်သူက အသံမထွက်ရဘဲ မျက်နှာကို ကျပ်ထုပ်ထိုးပေးတာလေး အသံထွက်နေသည့် ထွန်းလင်းသီဟနှင့် ရန်ဖြစ်ပြီးသွားမှ ဘယ်သူ့ကြောင့်ဆိုပြီး လွှဲချနေသော စွမ်းရည်ထက်တို့ကို ဒေါသထွက်ရပြန်သည်။ ရုတ်တရက် ထထိုင်လိုက်သည့်အတွက် ခေါင်းမှာ မိုက်ကနဲ မူးဝေသွားရသည်။

"ပြန်လှဲနေလိုက် သန့်"

"ရတယ် ဦးမြတ်၊ ကျွန်တော် အိမ်ပဲပြန်တော့မယ်၊ လိုက်ပို့ပေး"

"သန့်မိဘတွေ ခေါင်းကဒဏ်ရာမြင်ပြီး ရန်ဖြစ်တာသိသွားလို့ ဆူနေရင်ရော၊ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် ဦးမြတ်ရယ်၊ ဒီအချိန်ဆို သူတို့လည်း အိပ်နေလောက်ပြီ၊ တွေ့သွားလို့ ဆူလည်း အဆူခံလိုက်ရုံပေါ့"

"လင်းသန့် ငါမင်းအိမ်လိုက်အိပ်မယ်၊ အဖေပြန်ရောက်နေတော့ မပြန်ရဲလို့"

စွမ်းရည်ထက်၏ အဖေမှာ ဘန်ကောက်၌ဖွင့်ထားသော သူတို့ကုမ္ပဏီရုံးခွဲနှင့် မြန်မာတွင်ရှိ‌သည့် ပင်မကုမ္ပဏီအား တစ်လလျှင် တစ်နေရာဆီ အလှည့်ကျ စီမံ ကြီးကြပ်နေခြင်းဖြစ်သည်။ စွမ်းရည်ထက်က သူ့အဖေမရှိသည့် အချိန်တွေမှာမှ အိမ်ပြန်နောက်ကျရဲသည်။ ယခု သင်္ကြန်တွင်းကို မြန်မာမှာ သူ့အဖေရှိနေတော့  အိမ်ပြန်လို့ အဆင်မပြေ။ အဖေဖြစ်သူ သူ့ကို တွေ့တာနှင့် ပြဿနာတက်မည်။ ထို့ကြောင့် စွမ်းရည်ထက် အိမ်ပြန်ရန် ခက်ခဲနေခြင်း။

"ငါ့အိမ်ရောက်နေပြီးမှ ဘယ်ကိုသွားမှာလဲ၊ ငါ့အိမ်မှာပဲ ဒီညအိပ်လိုက်လေ"

"မအိပ်ဘူး၊ လင်းသန့်အိမ်ပဲ လိုက်မှာ"

"ဒါဆို လင်းသန့် မင်းပါဒီမှာအိပ်၊ အိမ်မပြန်နဲ့တော့"

"အေး၊ ဟုတ်သားပဲကွ၊ သန်းခေါင်လည်း ကျော်တော့မယ်၊ မောင်ပိုင်လည်း မပြန်နဲ့၊ လင်းသန့်လည်း မပြန်နဲ့၊ ထွန်းလင်းပြောသလို ဒီမှာပဲ အိပ်လိုက်ကြပါလား"

ထွန်းလင်းသီဟတင်မဟုတ်ဘဲ ထွန်ဝီရကပါ သူတို့အိမ်တွင် အိပ်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လာသည်။ အိမ်ရှင်တွေကိုယ်တိုင်က ‌အရေးတယူခေါ်နေကြတာ ငြင်းလို့မကောင်းပေ။ သော်ငြားလည်း အာကာလင်းသန့်၏ သဘောထားအတိုင်းသာ လက်ခံမည်ဟု ပိုင်မြင့်မြတ်ကျော် စိတ်ကူးသည်။ အာကာလင်းသန့် အိပ်ချင်တယ်ဆိုရင်တော့ အဆင်ပြေ၏။ အဘယ့်ကြောင့်ဆိုသော် အာကာလင်းသန့်၏ အခြေအနေကို သူစိတ်မချဖြစ်နေသာကြောင့်။ ခေါင်းက ဒဏ်ရာက စိုးရိမ်စရာမရှိသော်ငြား သွေးတွေပြန်ထွက်လာတာမျိုး ဖြစ်လာရင် ခက်ရချည်ရဲ့။ ထို့ကြောင့် သူကိုယ်တိုင် ဒီညတော့ အနားတွင် အာကာလင်းသန့်ကို ရှိစေချင်သည်။

အာကာလင်းသန့်က အိပ်သင့် မအိပ်သင့် စဉ်းစားလို့အပြီး အဖြေတစ်ခု ပြောလာသည်။

"ကျွန်တော် အိမ်မပြန်တော့ဘူး ဦးမြတ်၊ ဒီမှာပဲ အိပ်လိုက်မယ်"

ထွန်းလင်းသီဟတို့ တူအရီးလည်း ဝမ်းသာသွားပြီး ချက်ချင်းဆိုသလို ပိုင်မြင့်မြတ်ကျော်အပါအဝင် အာကာလင်းသန့်နှင့် စွမ်းရည်ထက်အတွက်ပါ လဲဝတ်စေရန် တော်လောက်မည့် အဝတ်အစားတွေ ယူလာပေးသည်။

ထွန်းဝီရရဲ့ ကွန်ဒိုမှာ အိပ်ခန်းသုံးခန်းပါပြီး အတော်အတန်ကျယ်သည့် အိမ်ဖြစ်တာကြောင့် သူတို့အတွက် နေရာထိုင်ခင်းက ကိစ္စမရှိ။ ပြဿနာဖြစ်လာရသည်က မည်သူနှင့်မည်သူ အိပ်ရမည်ဆိုပြီး လူခွဲသည့်နေရာမှာ ဖြစ်တော့သည်။

"ငါ့အခန်းမှာ လာအိပ်ပါဆိုကွာ စွမ်းထက်ကလည်း"

"မင်းနဲ့ မအိပ်နိုင်ဘူး၊ ငါ လင်းသန့်နဲ့ သွားအိပ်မှာ"

ဤသို့ဖြင့် စွမ်းရည်ထက်ကို ပီကေလိုကပ်သည့် ထွန်းလင်းသီဟက စွမ်းရည်ထက်အား သူ့အခန်းမှာ လိုက်အိပ်ရန် ပြောပေမယ့် စွမ်းရည်ထက်က မအိပ်။ ထွန်းလင်းသီဟ ဆိုသည်မှာလည်း သူတို့နဲ့ သူငယ်ချင်းမဖြစ်ခင်တုန်းက နှစ်ကြိမ်နှစ်ခါတိုင်အောင် ထိုးကြိတ်ရန်ဖြစ်ခဲ့သည့်သူ ဖြစ်သော်ငြား ယခုလက်ရှိတွင် သူငယ်ချင်းဖြစ်သွားသည့်နောက်ပိုင်း စွမ်းရည်ထက်ကို ခွာမရအောင် ကပ်သည်။စွမ်းရည်ထက်က ထွန်းလင်းသီဟကပ်တိုင်း ဘုကလန့်တိုက်ပြီး တုံ့ပြန်သည်။

ထိုနှစ်ယောက်ရဲ့ ဘာတွေရှုပ်နေမှန်းမသိ ပတ်ရှုပ်နေသော တော်တော်နှင့်ရှင်းမရမည့် အခြေအနေကို ရှင်းသည့်အထိ ရပ်သာစောင့်နေလျှင် အာကာလင်းသန့်တို့တစ်တွေ အခန်းအပြင်က ကြမ်းပြင်ပေါ်မှာသာ အိပ်သွားရတော့မည်။ ထိုသို့တော့ အဖြစ်မခံနိုင်။ ပိုင်မြင့်မြတ်ကျော်ကို အာကာလင်းသန့် အခန်းတစ်ခုထဲသို့ နောက်ကျောကနေ တွန်းကာပို့လိုက်ပြီး သူပါဝင်၍ အခန်းတံခါး ပိတ်ပစ်သည်။

တံခါးပိတ်သံကြောင့် စွမ်းရည်ထက် လှည့်ကြည့်မိတော့ အာကာလင်းသန့်ရော ပိုင်မြင့်မြတ်ကျော်ပါ မရှိတော့။ ထွန်းဝီရကလည်း တခြားအခန်းထဲသို့ ဝင်သွားပြီ။ စွမ်းရည်ထက်က သူ့ကို ပစ်သွားသည့် အာကာလင်းသန့်အား စိတ်ထဲမှ ဆဲနည်းမျိုးစုံဖြင့် ဆဲနေမိသည်။ ထွန်းလင်းသီဟကတော့ စွမ်းရည်ထက်နှင့်မတူစွာ မှိုရသည့် မျက်နှာထားနှင့် စပ်ဖြီးဖြီး။

"လင်းသန့်၊ တံခါးဖွင့်စမ်း ဟေ့ရောင်၊ ငါမင်းနဲ့ပဲအိပ်မှာ"

စွမ်းရည်ထက် တံခါးကိုထုကာ အော်ကြီးဟစ်ကျယ် လုပ်နေသော်လည်း အာကာလင်းသန့်ထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာဟူ၍ နတ္ထိ။

"လင်းသန့်က လေးပိုင်နဲ့ပဲ အိပ်ချင်လို့နေမှာပေါ့၊ လာပါကွာ၊ နှောင့်ယှက်မနေနဲ့တော့၊ ကိုယ်...အဲ ငါနဲ့သွားအိပ်ရအောင်"

"မင်းနဲ့ မအိပ်ဘူး"

"လာပါကွာ၊ ငါ မင်းကို ကိုက်မစားပါဘူး၊ လာစမ်းပါ"

အခန်းအပြင်တွင် သောင်းကျန်းနေသော စွမ်းရည်ထက်၏ အသံမကြားရတော့သည့်အတွက် ထွန်းလင်းသီဟ ခေါ်သွားပြီဖြစ်ကြောင်း ပိုင်မြင့်မြတ်ကျော် ရိပ်မိလိုက်သည်။ ထိုအချိန်မှပဲ အခန်းထောင့်မှ မီးခလုတ်ကိုပိတ်ကာ အိပ်စက်အနားယူရန် ကုတင်ရှိရာသို့ ပြန်လာလိုက်သည်။

"စွမ်းထက်နဲ့ သွားအိပ်တာမဟုတ်ဘူး သန့်ရယ်"

"မအိပ်ချင်ပါဘူး၊ ဦးမြတ်ဘေးမှာပဲ အိပ်ချင်တာ"

"ကိုယ် သန့်အပေါ် တစ်ခုခု ကျူးလွန်မိသွားရင် ဘယ်လိုလုပ်မလဲ၊ စိတ်မပူဘူးလား"

"ဦးမြတ် ကျွန်တော့်ကို ဘာမှမလုပ်မှာ သိနေတာ ဘာလို့ပူရမှာလဲ"

အာကာလင်းသန့်က ပိုင်မြင့်မြတ်ကျော်ရဲ့ ရင်ခွင်ထဲသို့ တိုးဝင်လာပြီး မျက်လုံးများကို မှိတ်လို့ထားသည်။

"ကောင်းကောင်းအိပ်တော့ ကိုယ့်ကလေးလေး"

"အင်း၊ ဦးမြတ်ရောပဲ"

မကြာလိုက်သည့်အချိန်အတွင်းမှာပဲ တစ်ယောက်ရဲ့ရင်ငွေ့ကိုတစ်ယောက် ခိုလှုံပြီး သူတို့နှစ်ယောက် နွေးထွေးစွာ အိပ်မောကျသွားကြသည်။

🍀

အာကာလင်းသန့်သည် သူလာနေကျ ကလပ်၏ သီးသန့်ခန်းတွင် ရှိနေသည်။ သူ့ဘေးတွင်တော့ သူနှင့်အတူ မပါမဖြစ် စွမ်းရည်ထက်။ ထွန်းလင်းသီဟ ကတော့ ရောက်မလာသေးပေ။ သို့နှင့် နှစ်ဦးတည်း ပုလင်းတွေအား ဖောက်ထားနှင့်ကြသည်။ အပြင်ဖက်က ဝိုင်းတွေမှာဆို ရှုပ်ယှက်ခတ်နေသည့် လူအုပ်ကြီးကို မြင်ရတာ ဒီနေ့အဖို့ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်၍ စကားကောင်းကောင်းပြောနိုင်ရန် သီးသန့်ခန်းကိုသာ ရွေးထားခြင်းဖြစ်သည်။

အခန်းတံခါးဖွင့်သံနှင့်အတူ ထွန်းလင်းသီဟတစ်ယောက် ဝင်ရောက်လာသည်။ အခုဆိုရင် ထွန်းလင်းသီဟက သူတို့နှစ်ယောက်နှင့်သာ အသွားအလာများလာတော့သည်။ အရင်တွဲခဲ့ဖူးသည့် သူငယ်ချင်းတွေနှင့် တွဲသွားတွဲလာကြဲလာ၏။ သို့သော်လည်း ထွန်းလင်းသီဟသည် ပေါက်ပေါက်ရောက်ရောက်ရှိပြီး နယ်ပယ်ပေါင်းစုံက လူပေါင်းစုံကိုသိသည်။ ထို့အတွက်ကြောင့်လည်း အာကာလင်းသန့်က နှံစပ်မှုရှ်ိသည့် ထွန်းလင်းသီဟကို သူသိချင်သည့်ကိစ္စအတွက် အကူအညီတောင်းခဲ့သည်။ ထွန်းလင်းသီဟရဲ့ မျက်နှာကို အကဲခတ်ကြည့်မိခြင်းအတိုင်းဆိုရင် သူ့ကိစ္စက အဆင်ပြေလာတာဖြစ်ဖို့ ရာခိုင်နှုန်းများသည်။

"အခုမှပဲ အမောပြေတော့တယ်"

ထွန်းလင်းသီဟက စွမ်းရည်ထက်ရဲ့ ဘီယာခွက်ကို ယူသောက်ပြီး စကားဆိုသည်။

"ဘာပြောလဲ ထွန်းလင်း၊ လက်ခံရဲ့လား"

"မင်းပြောတဲ့ ငွေပမာဏက သူကျေနပ်လောက်စရာဆိုတော့ တန်းပြီး လက်ခံလိုက်တယ်၊ မင်းကို သူအလုပ်ပြီးတာနဲ့ ချက်ချင်းဆက်သွယ်မယ်တဲ့၊ ဒီလူက ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သလို တိလည်းတိကျတော့ မကြာလောက်ပါဘူး၊ မင်းသိချင်နေတဲ့ အကြောင်းအရာကို အမှန်အတိုင်းသိရတော့မှာ"

အာကာလင်းသန့် ကျေနပ်စွာ ပြုံးသည်။ ရက်အနည်းငယ်အတွင်းတွင် သူသိချင်နေသော ကိုကို့ရဲ့ ဖုံးကွယ်ထားသည့် အမှန်တရားကို သိခွင့်ရတော့မည်။ မျက်မှောက်ခေတ်တွင် ငွေရှိပါက ဘာမဆို လွယ်လွယ်လေးပင်။ ကိုယ်တိုင် လိုက်မစုံစမ်းနိုင်သည့် ကိုကို့ရဲ့အကြောင်းကို နောက်ယောင်ခံလိုက်သည့်သူအား ငွေပေးပြီး စုံစမ်းခိုင်းလိုက်ခြင်းဖြစ်သည်။ သူကတော့ ခိုင်းထားသည့်သူ ဖုန်းဆက်လာမှာကို ထိုင်စောင့်ရင်း အခန့်သားလေး နေလို့ရသည်။

"သူက ဘယ်သူမို့လို့ လိုက်စုံစမ်းခိုင်းရတာလဲ လင်းသန့်၊ ငါတို့ကို ပြောပြလို့ရလား"

ထွန်းလင်းသီဟ မေးတာကို အမှန်အတိုင်းပဲ ပြောပြလိုက်ရန် တွေးမိသည်။

"ငါ့အစ်ကို"

"ကိုမင်းခန့်ကိုလား၊ လင်းသန့် မင်းဘာတွေလုပ်နေတာလဲ၊ ဒီကိစ္စရော မင်းလူကြီးသိရဲ့လား၊ ဘာလို့ ကိုယ့်အစ်ကိုကို နောက်ယောင်ခံလိုက်ခိုင်းရတာလဲ၊ မင်းအစ်ကိုက မင်းကို ချစ်ရဲ့သားနဲ့ကွာ၊ သိချင်တာရှိရင် သူ့ကို မေးလို့ရရဲ့သားနဲ့"

"ငါမေးဖူးတယ်၊ သူငါ့ကို အမှန်အတိုင်းမဖြေဘူး"

ကိုကို့ကို သူမေးခဲ့ဖူးပါသည်။သို့သော် ကိုကိုက သူအစ်သမျှ စကားတွေကို တစ်ခွန်းမှ အမှားမခံဘဲ ရှောင်ထွက်သွားသည်။ ဤသို့ဖြင့် သူကြံမိကြံရာ ကြံကာ လူငှားပြီး စုံစမ်းခိုင်းသည်အထိ လုပ်ရခြင်းရောက်ရတော့၏။

"ဒါနဲ့များကွာ"

စွမ်းရည်ထက်တစ်ယောက် သူငယ်ချင်းဖြစ်သူ၏ လုပ်ရပ်ကို သဘောမကျစွာ မြည်တွန်တောက်တီးသည်။ အာကာလင်းသန့် စကားတစ်ခွန်းမှ မပြောတော့လဲ ပခုံးသာ တွန့်ပြလိုက်သည်။ ထွန်းလင်းသီဟက သူတို့ရှေ့တွင်ရှိသော ပုလင်းတွေထဲကမှ ရွေးပြီး စိတ်ကြိုက်ရောစပ်လိုက်သည့် ခွက်တွေကို အာကာလင်းသန့်နှင့် စွမ်းရည်ထက်အား ကမ်းပေးသည်။ စွမ်းရည်ထက်က ယူပြီး ဂွပ်ကနဲ မော့ချလိုက်ပေမယ့် သူကတော့ အပြင်းဆို သိပ်မသောက်နိုင်သည့်အတွက် နည်းနည်းသာသောက်ပြီး ဒီအတိုင်းချထားသည်။

ထို့နောက် သူ့ခန္ဓာကိုယ်က သူငယ်ချင်းနှစ်ယောက်နှင့် ဤအခန်းတွင် ထိုင်နေပေသိ သူ့စိတ်အစုံကတော့ သူ့အကြံအစည်ကို ဘယ်လို အကောင်အထည်ဖော်ရမလဲ တွေးရင်း နစ်မြောနေသည်။ သူ့နားထဲတွင် စွမ်းရည်ထက်တို့ရဲ့ စကားသံတွေကိုလည်း မကြားတော့ဘဲ ပတ်ဝန်းကျင်ကို မေ့လျော့နေသည်။ မျက်ဝန်းများမှာလည်း မင်သေသေနှင့် သိစိတ်ရော မသိစိတ်ရဲ့ အလွန်တွင် သူသည် မွေးဖွားလာစဉ်ကတည်းက ဒီအသက်အရွယ်အထိ လူတွေသိသော သူမဟုတ်ချေ။ သူ့ရဲ့ ကလေးဆန်ဆန်မျက်နှာပေါက်လေးနှင့် မလိုက်ဖက်စွာ အတွင်းစိတ်က ကိုကို့အပေါ်မကြံစည်သင့်တာကို ကြံစည်ပြီး မကောင်းဆိုးဝါးဆန်သည့် အသွင်ကို ကူးပြောင်းနေသည်။

အာကာလင်းသန့်တွင်ရှိနေသော ထိုအခြင်းအရာသည် dark sideဟု အင်္ဂလိပ်အခေါ်အဝေါ်တွင်သည့် လူတွေရဲ့ ရင်တွင်း အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နေတတ်သော လူတစ်ယောက်ကို ပြောင်းလဲသွားစေတတ်သည့် စိတ်စေတသိက်သာဖြစ်၏။ ထိုစိတ်ပေါ်ထွက်လာရသည်မှာလည်း လူတစ်ယောက်က သူကိုယ်တိုင် ဖန်တီး၍ယူခြင်းကြောင့် မဟုတ်ပါ။ လူတစ်ယောက်ကို မခံမရပ်နိုင်အောင် စကားလုံးတွေဖြင့် ဝေဖန်တိုက်ခိုက်ခြင်း၊ ချစ်ရသူကို လုယူမည့်သူထံမှ ကာကွယ်သည့်အခါ၊ အရမ်းအနိုင်ရချင်နေသည့် ပြိုင်ပွဲတွင် ကိုယ့်ပြိုင်ဘက်က အနိုင်ရသွားပြီး ကိုယ့်ကို ရွဲ့တဲ့တဲ့ မထိတထိ စကားလုံးများ ဆိုလာသည့်အခါ စသည်ဖြင့် မတူညီသော အခြေအနေများကြောင့် ဖြစ်ပေါ်လာရသည်။ လူတစ်ယောက်နှင့်တစ်ယောက်တွင် ရှိသော အမှောင်ဘက်အခြမ်းက မတူညီကြပါ။ ပုံစံအမျိုးမျိုး ကွဲပြားကြပြန်သည်။

လူတွေရဲ့ အမှောင်ဘက်အခြမ်းသည် မိမိတို့ ပတ်ဝန်းကျင်မှ လူအမျိုးမျိုးကြောင့်သာ ပေါက်ကွဲထွက်လာသည့် စိတ် ဖြစ်ပြီး ထိုစိတ်က လူတစ်ယောက်ကို ပြောင်းလဲသွားစေခြင်းသည် ထိုလူကိုယ်တိုင် ပြောင်းလဲပစ်တာထက် သူနှင့် ပေါင်းသင်းဆက်ဆံနေရသော လူ့အသိုင်းအဝိုင်းအတွင်းရှိ လူများက ပေးကြသည့် ဖိအားတွေ၊ အပြစ်တင်မှုတွေ၊ ထိပါးနှောင့်ယှက်မှုများကြောင့် ပြောင်းလဲခြင်းက ပိုများ၏။ ထိုအမှောင်ဘက်ခြမ်းကို လိုအပ်မှသာ ထွက်ပေါ်လာစေရန်နှင့် ထွက်ပေါ်လာပြီးရင်လည်း အချိန်တစ်ခုအပြီးတွင်  လျင်မြန်စွာ ကိုယ့်စိတ်ကို ပြန်လည် ထိန်းချုပ်ပစ်ခြင်းသည် အဆင်ပြေ၏။ ထိုသို့မဟုတ်ဘဲ အမှောင်ဘက်ခြမ်းက မိမိရဲ့နဂိုရှိရင်းစွဲစိတ်ကိုပါ ဝါးမြိုသွားသည်အထိ စိတ်ကိုလွှတ်ထားပေးမိလျှင်တော့ ရလဒ်တွေက မကောင်းမွန်နိုင်တော့ပေ။

🍀

(Zawgyi)

"ငါကသူတို႔သံုးေယာက္ အဆင္ေျပသြားရင္ ရဲစခန္းမေရာက္ေတာ့ဘူး ထင္ခဲ့တာေလကြာ၊ အခုေတာ့ သံုးေယာက္ေပါင္းေလာင္းေက်ာ္ ျဖစ္ေနပါလား"

ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔နားထင္ကို လက္ႏွစ္ဖက္ျဖင့္ ဖိထားရင္း စိတ္ညစ္စြာ ေျပာမိသည္။ သူမနက္ျဖန္ မိဘမဲ့ေဂဟာသြားရင္ ယူသြားရန္ဆိုၿပီး မၿမိဳင္က မုန႔္ထုပ္ေတြလာေပးလို႔ ရိွၿပီးသား အထုပ္ေတြေဘးတြင္ ေသခ်ာစီ၍ထားေနခ်ိန္မွာ ဖုန္းနံပါတ္အစိမ္းတစ္လံုးက ဝင္လာခဲ့သည္။ သူ႔မွာလည္း ဖုန္းနံပါတ္အစိမ္းဆိုေတာ့ ေတာ္‌ေတာ္ႏွင့္မကိုင္ရဲ အရင္တစ္ခါကကိစၥေၾကာင့္ မထိတ္သာမလန႔္သာ ျဖစ္ေနရေသးသည္။ ကိုင္လိုက္တာႏွင့္ ၾကားလိုက္ရသည္ကေတာ့ အာကာလင္းသန႔္ အခ်ဳပ္ထဲ ေရာက္ေနျပန္ၿပီဆိုသၫ့္ သတင္းသာျဖစ္သည္။ ရန္မျဖစ္နဲ႔ဟု အတန္တန္မွာလိုက္သၫ့္ၾကားက ျဖစ္ခဲ့ျပန္ေသာေၾကာင့္ ဝရုန္းသုန္းကားဆန္စြာ ရဲစခန္းသို႔ လိုက္ရျပန္ပါသည္။

ရဲစခန္းေရာက္ေတာ့ ထြန္းဝီရက တာဝန္က်ရဲအရာရိွႏွင့္ စကားေျပာႏွင့္ေနတာကို အဆင္သင့္ေတြ့ရသည္။ သူေရာက္ၿပီး ေရ႔ွဆင့္ေနာက္ဆင့္ပဲ တစ္ဖက္ရန္ျဖစ္သၫ့္ဘက္က မိသားစုဝင္ေတြေရာက္လာ၍ ေဆးဖိုးအတြက္ ေလ်ာ္ေၾကးေပးတန္တာေပးၿပီး အမႈေက်ေအးေပးရန္ စသည္မ်ား ဖက္ဖက္ေမာေအာင္ လုပ္ခဲ့ၾကရသည္။ စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ခဲ့အၿပီးမွာေတာ့ ထြန္းဝီရရဲ့ ကြန္ဒိုသို႔ ေရာက္လာခဲ့ၾကရသည္။ သူ႔‌အေရ႔ွတြင္ ထိုင္ေနေသာ ထြန္းဝီရကို ၾကၫ့္ေတာ့ သူ႔ကဲ့သို႔ စိတ္ညစ္ေနသေယာင္။

"ငါလည္း အဆင္ေျပေစခ်င္ေဇာနဲ႔ ေသခ်ာမေတြးလိုက္မိတာကြာ"

သူႏွင့္ ထြန္းဝီရ တစ္ေယာက္ကိုတစ္ေယာက္ ၾကၫ့္လိုက္ၿပီး ၿပိဳင္တူသက္ျပင္းခ်မိၾကသည္။

"ျဖည္းျဖည္းလုပ္ကြ၊ နာတယ္စြမ္းထက္ရဲ့"

"မလုပ္ႏိုင္ဘူး၊ မင္းအရင္ ရြဲ႔ေစာင္းၿပီးသြားေျပာလို႔ မင္းအေဖေတြနဲ႔ ျဖစ္ရတာေလ၊ ဒါမင္းေၾကာင့္ျဖစ္တာ ထြန္းလင္း၊ အခုမွ နာတတ္မေနနဲ႔"

"ေတာ္ၾကေတာ့ကြာ၊ ငါအိပ္လို႔မရေတာ့ဘူး"

ေခါင္းမွာ ပတ္တီးအေဖြးသားႏွင့္ ေခါင္းထဲက တရိပ္ရိပ္ျဖစ္ေနလို႔ ပိုင္ျမင့္ျမတ္ေက်ာ္ ေပါင္ေပၚမွာ ေမွးေနသၫ့္ အာကာလင္းသန႔္တစ္ေယာက္ က်ပ္ထုပ္ထိုးရင္း အသံမ်ိဳးစံု ထြက္ေနၾကသၫ့္ စြမ္းရည္ထက္ႏွင့္ ထြန္းလင္းသီဟကို ေငါက္ကနဲ ထထိုင္ၿပီး ေအာ္လိုက္မွပဲ ထိုႏွစ္ေယာက္ၿငိမ္သြားၾကသည္။ တစ္ဖက္ကလူ‌ေတြကို သံုးေယာက္သားလက္သံေျပာင္စြာ‌ ျမင္မေကာင္းရႈမေကာင္းမ်က္ႏွာေတျြဖစ္သၫ့္တိုင္ ေဆာ္ပေလာ္တီးႏိုင္ခဲ့ၾကသည္။ သို႔ေသာ္ ကံမေကာင္းစြာ တုတ္နဲ႔အရိုက္ခံလာရသၫ့္သူက အသံမထြက္ရဘဲ မ်က္ႏွာကို က်ပ္ထုပ္ထိုးေပးတာေလး အသံထြက္ေနသၫ့္ ထြန္းလင္းသီဟႏွင့္ ရန္ျဖစ္ၿပီးသြားမွ ဘယ္သူ႔ေၾကာင့္ဆိုၿပီး လႊဲခ်ေနေသာ စြမ္းရည္ထက္တို႔ကို ေဒါသထြက္ရျပန္သည္။ ရုတ္တရက္ ထထိုင္လိုက္သၫ့္အတြက္ ေခါင္းမွာ မိုက္ကနဲ မူးေဝသြားရသည္။

"ျပန္လွဲေနလိုက္ သန႔္"

"ရတယ္ ဦးျမတ္၊ ကြၽန္ေတာ္ အိမ္ပဲျပန္ေတာ့မယ္၊ လိုက္ပို႔ေပး"

"သန႔္မိဘေတြ ေခါင္းကဒဏ္ရာျမင္ၿပီး ရန္ျဖစ္တာသိသြားလို႔ ဆူေနရင္ေရာ၊ျဖစ္ပါ့မလား"

"ျဖစ္ပါတယ္ ဦးျမတ္ရယ္၊ ဒီအခ်ိန္ဆို သူတို႔လည္း အိပ္ေနေလာက္ၿပီ၊ ေတြ့သြားလို႔ ဆူလည္း အဆူခံလိုက္ရံုေပါ့"

"လင္းသန႔္ ငါမင္းအိမ္လိုက္အိပ္မယ္၊ အေဖျပန္ေရာက္ေနေတာ့ မျပန္ရဲလို႔"

စြမ္းရည္ထက္၏ အေဖမွာ ဘန္ေကာက္၌ဖြင့္ထားေသာ သူတို႔ကုမၸဏီရံုးခြဲႏွင့္ ျမန္မာတြင္ရိွ‌သၫ့္ ပင္မကုမၸဏီအား တစ္လလ်ွင္ တစ္ေနရာဆီ အလွၫ့္က် စီမံ ႀကီးၾကပ္ေနျခင္းျဖစ္သည္။ စြမ္းရည္ထက္က သူ႔အေဖမရိွသၫ့္ အခ်ိန္ေတြမွာမွ အိမ္ျပန္ေနာက္က်ရဲသည္။ ယခု သႂကၤန္တြင္းကို ျမန္မာမွာ သူ႔အေဖရိွေနေတာ့  အိမ္ျပန္လို႔ အဆင္မေျပ။ အေဖျဖစ္သူ သူ႔ကို ေတြ့တာႏွင့္ ျပႆနာတက္မည္။ ထို႔ေၾကာင့္ စြမ္းရည္ထက္ အိမ္ျပန္ရန္ ခက္ခဲေနျခင္း။

"ငါ့အိမ္ေရာက္ေနၿပီးမွ ဘယ္ကိုသြားမွာလဲ၊ ငါ့အိမ္မွာပဲ ဒီညအိပ္လိုက္ေလ"

"မအိပ္ဘူး၊ လင္းသန႔္အိမ္ပဲ လိုက္မွာ"

"ဒါဆို လင္းသန႔္ မင္းပါဒီမွာအိပ္၊ အိမ္မျပန္နဲ႔ေတာ့"

"ေအး၊ ဟုတ္သားပဲကြ၊ သန္းေခါင္လည္း ေက်ာ္ေတာ့မယ္၊ ေမာင္ပိုင္လည္း မျပန္နဲ႔၊ လင္းသန႔္လည္း မျပန္နဲ႔၊ ထြန္းလင္းေျပာသလို ဒီမွာပဲ အိပ္လိုက္ၾကပါလား"

ထြန္းလင္းသီဟတင္မဟုတ္ဘဲ ထြန္ဝီရကပါ သူတို႔အိမ္တြင္ အိပ္ရန္ လိႈက္လိႈက္လွဲလွဲ ဖိတ္ေခၚလာသည္။ အိမ္ရွင္ေတြကိုယ္တိုင္က ‌အေရးတယူေခၚေနၾကတာ ျငင္းလို႔မေကာင္းေပ။ ေသာ္ျငားလည္း အာကာလင္းသန႔္၏ သေဘာထားအတိုင္းသာ လက္ခံမည္ဟု ပိုင္ျမင့္ျမတ္ေက်ာ္ စိတ္ကူးသည္။ အာကာလင္းသန႔္ အိပ္ခ်င္တယ္ဆိုရင္ေတာ့ အဆင္ေျပ၏။ အဘယ့္ေၾကာင့္ဆိုေသာ္ အာကာလင္းသန႔္၏ အေျခအေနကို သူစိတ္မခ်ျဖစ္ေနသာေၾကာင့္။ ေခါင္းက ဒဏ္ရာက စိုးရိမ္စရာမရိွေသာ္ျငား ေသြးေတျြပန္ထြက္လာတာမ်ိဳး ျဖစ္လာရင္ ခက္ရခ်ည္ရဲ့။ ထို႔ေၾကာင့္ သူကိုယ္တိုင္ ဒီညေတာ့ အနားတြင္ အာကာလင္းသန႔္ကို ရိွေစခ်င္သည္။

အာကာလင္းသန႔္က အိပ္သင့္ မအိပ္သင့္ စဉ္းစားလို႔အၿပီး အေျဖတစ္ခု ေျပာလာသည္။

"ကြၽန္ေတာ္ အိမ္မျပန္ေတာ့ဘူး ဦးျမတ္၊ ဒီမွာပဲ အိပ္လိုက္မယ္"

ထြန္းလင္းသီဟတို႔ တူအရီးလည္း ဝမ္းသာသြားၿပီး ခ်က္ခ်င္းဆိုသလို ပိုင္ျမင့္ျမတ္ေက်ာ္အပါအဝင္ အာကာလင္းသန႔္ႏွင့္ စြမ္းရည္ထက္အတြက္ပါ လဲဝတ္ေစရန္ ေတာ္ေလာက္မၫ့္ အဝတ္အစားေတြ ယူလာေပးသည္။

ထြန္းဝီရရဲ့ ကြန္ဒိုမွာ အိပ္ခန္းသံုးခန္းပါၿပီး အေတာ္အတန္က်ယ္သၫ့္ အိမ္ျဖစ္တာေၾကာင့္ သူတို႔အတြက္ ေနရာထိုင္ခင္းက ကိစၥမရိွ။ ျပႆနာျဖစ္လာရသည္က မည္သူႏွင့္မည္သူ အိပ္ရမည္ဆိုၿပီး လူခြဲသၫ့္ေနရာမွာ ျဖစ္ေတာ့သည္။

"ငါ့အခန္းမွာ လာအိပ္ပါဆိုကြာ စြမ္းထက္ကလည္း"

"မင္းနဲ႔ မအိပ္ႏိုင္ဘူး၊ ငါ လင္းသန႔္နဲ႔ သြားအိပ္မွာ"

ဤသို႔ျဖင့္ စြမ္းရည္ထက္ကို ပီေကလိုကပ္သၫ့္ ထြန္းလင္းသီဟက စြမ္းရည္ထက္အား သူ႔အခန္းမွာ လိုက္အိပ္ရန္ ေျပာေပမယ့္ စြမ္းရည္ထက္က မအိပ္။ ထြန္းလင္းသီဟ ဆိုသည္မွာလည္း သူတို႔နဲ႔ သူငယ္ခ်င္းမျဖစ္ခင္တုန္းက ႏွစ္ႀကိမ္ႏွစ္ခါတိုင္ေအာင္ ထိုးႀကိတ္ရန္ျဖစ္ခဲ့သၫ့္သူ ျဖစ္ေသာ္ျငား ယခုလက္ရိွတြင္ သူငယ္ခ်င္းျဖစ္သြားသၫ့္ေနာက္ပိုင္း စြမ္းရည္ထက္ကို ခြာမရေအာင္ ကပ္သည္။စြမ္းရည္ထက္က ထြန္းလင္းသီဟကပ္တိုင္း ဘုကလန႔္တိုက္ၿပီး တံု႔ျပန္သည္။

ထိုႏွစ္ေယာက္ရဲ့ ဘာေတြရႈပ္ေနမွန္းမသိ ပတ္ရႈပ္ေနေသာ ေတာ္ေတာ္ႏွင့္ရွင္းမရမၫ့္ အေျခအေနကို ရွင္းသၫ့္အထိ ရပ္သာေစာင့္ေနလ်ွင္ အာကာလင္းသန႔္တို႔တစ္ေတြ အခန္းအျပင္က ၾကမ္းျပင္ေပၚမွာသာ အိပ္သြားရေတာ့မည္။ ထိုသို႔ေတာ့ အျဖစ္မခံႏိုင္။ ပိုင္ျမင့္ျမတ္ေက်ာ္ကို အာကာလင္းသန႔္ အခန္းတစ္ခုထဲသို႔ ေနာက္ေက်ာကေန တြန္းကာပို႔လိုက္ၿပီး သူပါဝင္၍ အခန္းတံခါး ပိတ္ပစ္သည္။

တံခါးပိတ္သံေၾကာင့္ စြမ္းရည္ထက္ လွၫ့္ၾကၫ့္မိေတာ့ အာကာလင္းသန႔္ေရာ ပိုင္ျမင့္ျမတ္ေက်ာ္ပါ မရိွေတာ့။ ထြန္းဝီရကလည္း တျခားအခန္းထဲသို႔ ဝင္သြားၿပီ။ စြမ္းရည္ထက္က သူ႔ကို ပစ္သြားသၫ့္ အာကာလင္းသန႔္အား စိတ္ထဲမွ ဆဲနည္းမ်ိဳးစံုျဖင့္ ဆဲေနမိသည္။ ထြန္းလင္းသီဟကေတာ့ စြမ္းရည္ထက္ႏွင့္မတူစြာ မိႈရသၫ့္ မ်က္ႏွာထားႏွင့္ စပ္ၿဖီးၿဖီး။

"လင္းသန႔္၊ တံခါးဖြင့္စမ္း ေဟ့ေရာင္၊ ငါမင္းနဲ႔ပဲအိပ္မွာ"

စြမ္းရည္ထက္ တံခါးကိုထုကာ ေအာ္ႀကီးဟစ္က်ယ္ လုပ္ေနေသာ္လည္း အာကာလင္းသန႔္ထံမွ တံု႔ျပန္မႈတစ္စံုတစ္ရာဟူ၍ နတၴိ။

"လင္းသန႔္က ေလးပိုင္နဲ႔ပဲ အိပ္ခ်င္လို႔ေနမွာေပါ့၊ လာပါကြာ၊ ေနွာင့္ယွက္မေနနဲ႔ေတာ့၊ ကိုယ္...အဲ ငါနဲ႔သြားအိပ္ရေအာင္"

"မင္းနဲ႔ မအိပ္ဘူး"

"လာပါကြာ၊ ငါ မင္းကို ကိုက္မစားပါဘူး၊ လာစမ္းပါ"

အခန္းအျပင္တြင္ ေသာင္းက်န္းေနေသာ စြမ္းရည္ထက္၏ အသံမၾကားရေတာ့သၫ့္အတြက္ ထြန္းလင္းသီဟ ေခၚသြားၿပီျဖစ္ေၾကာင္း ပိုင္ျမင့္ျမတ္ေက်ာ္ ရိပ္မိလိုက္သည္။ ထိုအခ်ိန္မွပဲ အခန္းေထာင့္မွ မီးခလုတ္ကိုပိတ္ကာ အိပ္စက္အနားယူရန္ ကုတင္ရိွရာသို႔ ျပန္လာလိုက္သည္။

"စြမ္းထက္နဲ႔ သြားအိပ္တာမဟုတ္ဘူး သန႔္ရယ္"

"မအိပ္ခ်င္ပါဘူး၊ ဦးျမတ္ေဘးမွာပဲ အိပ္ခ်င္တာ"

"ကိုယ္ သန႔္အေပၚ တစ္ခုခု က်ူးလြန္မိသြားရင္ ဘယ္လိုလုပ္မလဲ၊ စိတ္မပူဘူးလား"

"ဦးျမတ္ ကြၽန္ေတာ့္ကို ဘာမွမလုပ္မွာ သိေနတာ ဘာလို႔ပူရမွာလဲ"

အာကာလင္းသန႔္က ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရင္ခြင္ထဲသို႔ တိုးဝင္လာၿပီး မ်က္လံုးမ်ားကို မိွတ္လို႔ထားသည္။

"ေကာင္းေကာင္းအိပ္ေတာ့ ကိုယ့္ကေလးေလး"

"အင္း၊ ဦးျမတ္ေရာပဲ"

မၾကာလိုက္သၫ့္အခ်ိန္အတြင္းမွာပဲ တစ္ေယာက္ရဲ့ရင္ေငြ့ကိုတစ္ေယာက္ ခိုလႈံၿပီး သူတို႔ႏွစ္ေယာက္ ေနြးေထြးစြာ အိပ္ေမာက်သြားၾကသည္။

🍀

အာကာလင္းသန႔္သည္ သူလာေနက် ကလပ္၏ သီးသန႔္ခန္းတြင္ ရိွေနသည္။ သူ႔ေဘးတြင္ေတာ့ သူႏွင့္အတူ မပါမျဖစ္ စြမ္းရည္ထက္။ ထြန္းလင္းသီဟ ကေတာ့ ေရာက္မလာေသးေပ။ သို႔ႏွင့္ ႏွစ္ဦးတည္း ပုလင္းေတြအား ေဖာက္ထားႏွင့္ၾကသည္။ အျပင္ဖက္က ဝိုင္းေတြမွာဆို ရႈပ္ယွက္ခတ္ေနသၫ့္ လူအုပ္ႀကီးကို ျမင္ရတာ ဒီေန့အဖို႔ သူ႔အတြက္ စိတ္အေနွာင့္အယွက္ျဖစ္ႏိုင္၍ စကားေကာင္းေကာင္းေျပာႏိုင္ရန္ သီးသန႔္ခန္းကိုသာ ေရြးထားျခင္းျဖစ္သည္။

အခန္းတံခါးဖြင့္သံႏွင့္အတူ ထြန္းလင္းသီဟတစ္ေယာက္ ဝင္ေရာက္လာသည္။ အခုဆိုရင္ ထြန္းလင္းသီဟက သူတို႔ႏွစ္ေယာက္ႏွင့္သာ အသြားအလာမ်ားလာေတာ့သည္။ အရင္တြဲခဲ့ဖူးသၫ့္ သူငယ္ခ်င္းေတြႏွင့္ တြဲသြားတြဲလာႀကဲလာ၏။ သို႔ေသာ္လည္း ထြန္းလင္းသီဟသည္ ေပါက္ေပါက္ေရာက္ေရာက္ရိွၿပီး နယ္ပယ္ေပါင္းစံုက လူေပါင္းစံုကိုသိသည္။ ထို႔အတြက္ေၾကာင့္လည္း အာကာလင္းသန႔္က ႏွံစပ္မႈရွ္ိသၫ့္ ထြန္းလင္းသီဟကို သူသိခ်င္သၫ့္ကိစၥအတြက္ အကူအညီေတာင္းခဲ့သည္။ ထြန္းလင္းသီဟရဲ့ မ်က္ႏွာကို အကဲခတ္ၾကၫ့္မိျခင္းအတိုင္းဆိုရင္ သူ႔ကိစၥက အဆင္ေျပလာတာျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ားသည္။

"အခုမွပဲ အေမာေျပေတာ့တယ္"

ထြန္းလင္းသီဟက စြမ္းရည္ထက္ရဲ့ ဘီယာခြက္ကို ယူေသာက္ၿပီး စကားဆိုသည္။

"ဘာေျပာလဲ ထြန္းလင္း၊ လက္ခံရဲ့လား"

"မင္းေျပာတဲ့ ေငြပမာဏက သူေက်နပ္ေလာက္စရာဆိုေတာ့ တန္းၿပီး လက္ခံလိုက္တယ္၊ မင္းကို သူအလုပ္ၿပီးတာနဲ႔ ခ်က္ခ်င္းဆက္သြယ္မယ္တဲ့၊ ဒီလူက ေျပာရင္ေျပာတဲ့အတိုင္းလုပ္တတ္သလို တိလည္းတိက်ေတာ့ မၾကာေလာက္ပါဘူး၊ မင္းသိခ်င္ေနတဲ့ အေၾကာင္းအရာကို အမွန္အတိုင္းသိရေတာ့မွာ"

အာကာလင္းသန႔္ ေက်နပ္စြာ ၿပံဳးသည္။ ရက္အနည္းငယ္အတြင္းတြင္ သူသိခ်င္ေနေသာ ကိုကို႔ရဲ့ ဖံုးကြယ္ထားသၫ့္ အမွန္တရားကို သိခြင့္ရေတာ့မည္။ မ်က္ေမွာက္ေခတ္တြင္ ေငြရိွပါက ဘာမဆို လြယ္လြယ္ေလးပင္။ ကိုယ္တိုင္ လိုက္မစံုစမ္းႏိုင္သၫ့္ ကိုကို႔ရဲ့အေၾကာင္းကို ေနာက္ေယာင္ခံလိုက္သၫ့္သူအား ေငြေပးၿပီး စံုစမ္းခိုင္းလိုက္ျခင္းျဖစ္သည္။ သူကေတာ့ ခိုင္းထားသၫ့္သူ ဖုန္းဆက္လာမွာကို ထိုင္ေစာင့္ရင္း အခန႔္သားေလး ေနလို႔ရသည္။

"သူက ဘယ္သူမို႔လို႔ လိုက္စံုစမ္းခိုင္းရတာလဲ လင္းသန႔္၊ ငါတို႔ကို ေျပာျပလို႔ရလား"

ထြန္းလင္းသီဟ ေမးတာကို အမွန္အတိုင္းပဲ ေျပာျပလိုက္ရန္ ေတြးမိသည္။

"ငါ့အစ္ကို"

"ကိုမင္းခန႔္ကိုလား၊ လင္းသန႔္ မင္းဘာေတြလုပ္ေနတာလဲ၊ ဒီကိစၥေရာ မင္းလူႀကီးသိရဲ့လား၊ ဘာလို႔ ကိုယ့္အစ္ကိုကို ေနာက္ေယာင္ခံလိုက္ခိုင္းရတာလဲ၊ မင္းအစ္ကိုက မင္းကို ခ်စ္ရဲ့သားနဲ႔ကြာ၊ သိခ်င္တာရိွရင္ သူ႔ကို ေမးလို႔ရရဲ့သားနဲ႔"

"ငါေမးဖူးတယ္၊ သူငါ့ကို အမွန္အတိုင္းမေျဖဘူး"

ကိုကို႔ကို သူေမးခဲ့ဖူးပါသည္။သို႔ေသာ္ ကိုကိုက သူအစ္သမ်ွ စကားေတြကို တစ္ခြန္းမွ အမွားမခံဘဲ ေရွာင္ထြက္သြားသည္။ ဤသို႔ျဖင့္ သူႀကံမိႀကံရာ ႀကံကာ လူငွားၿပီး စံုစမ္းခိုင္းသည္အထိ လုပ္ရျခင္းေရာက္ရေတာ့၏။

"ဒါနဲ႔မ်ားကြာ"

စြမ္းရည္ထက္တစ္ေယာက္ သူငယ္ခ်င္းျဖစ္သူ၏ လုပ္ရပ္ကို သေဘာမက်စြာ ျမည္တြန္ေတာက္တီးသည္။ အာကာလင္းသန႔္ စကားတစ္ခြန္းမွ မေျပာေတာ့လဲ ပခံုးသာ တြန႔္ျပလိုက္သည္။ ထြန္းလင္းသီဟက သူတို႔ေရ႔ွတြင္ရိွေသာ ပုလင္းေတြထဲကမွ ေရြးၿပီး စိတ္ႀကိဳက္ေရာစပ္လိုက္သၫ့္ ခြက္ေတြကို အာကာလင္းသန႔္ႏွင့္ စြမ္းရည္ထက္အား ကမ္းေပးသည္။ စြမ္းရည္ထက္က ယူၿပီး ဂြပ္ကနဲ ေမာ့ခ်လိုက္ေပမယ့္ သူကေတာ့ အျပင္းဆို သိပ္မေသာက္ႏိုင္သၫ့္အတြက္ နည္းနည္းသာေသာက္ၿပီး ဒီအတိုင္းခ်ထားသည္။

ထို႔ေနာက္ သူ႔ခႏၶာကိုယ္က သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္ ဤအခန္းတြင္ ထိုင္ေနေပသိ သူ႔စိတ္အစံုကေတာ့ သူ႔အႀကံအစည္ကို ဘယ္လို အေကာင္အထည္ေဖာ္ရမလဲ ေတြးရင္း နစ္ေျမာေနသည္။ သူ႔နားထဲတြင္ စြမ္းရည္ထက္တို႔ရဲ့ စကားသံေတြကိုလည္း မၾကားေတာ့ဘဲ ပတ္ဝန္းက်င္ကို ေမ့ေလ်ာ့ေနသည္။ မ်က္ဝန္းမ်ားမွာလည္း မင္ေသေသႏွင့္ သိစိတ္ေရာ မသိစိတ္ရဲ့ အလြန္တြင္ သူသည္ ေမြးဖြားလာစဉ္ကတည္းက ဒီအသက္အရြယ္အထိ လူေတြသိေသာ သူမဟုတ္ေခ်။ သူ႔ရဲ့ ကေလးဆန္ဆန္မ်က္ႏွာေပါက္ေလးႏွင့္ မလိုက္ဖက္စြာ အတြင္းစိတ္က ကိုကို႔အေပၚမႀကံစည္သင့္တာကို ႀကံစည္ၿပီး မေကာင္းဆိုးဝါးဆန္သၫ့္ အသြင္ကို ကူးေျပာင္းေနသည္။

အာကာလင္းသန႔္တြင္ရိွေနေသာ ထိုအျခင္းအရာသည္ dark sideဟု အဂၤလိပ္အေခၚအေဝၚတြင္သၫ့္ လူေတြရဲ့ ရင္တြင္း အနက္ရိႈင္းဆံုးေနရာမွာ ပုန္းကြယ္ေနတတ္ေသာ လူတစ္ေယာက္ကို ေျပာင္းလဲသြားေစတတ္သၫ့္ စိတ္ေစတသိက္သာျဖစ္၏။ ထိုစိတ္ေပၚထြက္လာရသည္မွာလည္း လူတစ္ေယာက္က သူကိုယ္တိုင္ ဖန္တီး၍ယူျခင္းေၾကာင့္ မဟုတ္ပါ။ လူတစ္ေယာက္ကို မခံမရပ္ႏိုင္ေအာင္ စကားလံုးေတျြဖင့္ ေဝဖန္တိုက္ခိုက္ျခင္း၊ ခ်စ္ရသူကို လုယူမၫ့္သူထံမွ ကာကြယ္သၫ့္အခါ၊ အရမ္းအႏိုင္ရခ်င္ေနသၫ့္ ၿပိဳင္ပြဲတြင္ ကိုယ့္ၿပိဳင္ဘက္က အႏိုင္ရသြားၿပီး ကိုယ့္ကို ရြဲ႔တဲ့တဲ့ မထိတထိ စကားလံုးမ်ား ဆိုလာသၫ့္အခါ စသည္ျဖင့္ မတူညီေသာ အေျခအေနမ်ားေၾကာင့္ ျဖစ္ေပၚလာရသည္။ လူတစ္ေယာက္ႏွင့္တစ္ေယာက္တြင္ ရိွေသာ အေမွာင္ဘက္အျခမ္းက မတူညီၾကပါ။ ပံုစံအမ်ိဳးမ်ိဳး ကြဲျပားၾကျပန္သည္။

လူေတြရဲ့ အေမွာင္ဘက္အျခမ္းသည္ မိမိတို႔ ပတ္ဝန္းက်င္မွ လူအမ်ိဳးမ်ိဳးေၾကာင့္သာ ေပါက္ကြဲထြက္လာသၫ့္ စိတ္ ျဖစ္ၿပီး ထိုစိတ္က လူတစ္ေယာက္ကို ေျပာင္းလဲသြားေစျခင္းသည္ ထိုလူကိုယ္တိုင္ ေျပာင္းလဲပစ္တာထက္ သူႏွင့္ ေပါင္းသင္းဆက္ဆံေနရေသာ လူ႔အသိုင္းအဝိုင္းအတြင္းရိွ လူမ်ားက ေပးၾကသၫ့္ ဖိအားေတြ၊ အျပစ္တင္မႈေတြ၊ ထိပါးေနွာင့္ယွက္မႈမ်ားေၾကာင့္ ေျပာင္းလဲျခင္းက ပိုမ်ား၏။ ထိုအေမွာင္ဘက္ျခမ္းကို လိုအပ္မွသာ ထြက္ေပၚလာေစရန္ႏွင့္ ထြက္ေပၚလာၿပီးရင္လည္း အခ်ိန္တစ္ခုအၿပီးတြင္  လ်င္ျမန္စြာ ကိုယ့္စိတ္ကို ျပန္လည္ ထိန္းခ်ဳပ္ပစ္ျခင္းသည္ အဆင္ေျပ၏။ ထိုသို႔မဟုတ္ဘဲ အေမွာင္ဘက္ျခမ္းက မိမိရဲ့နဂိုရိွရင္းစြဲစိတ္ကိုပါ ဝါးၿမိဳသြားသည္အထိ စိတ္ကိုလႊတ္ထားေပးမိလ်ွင္ေတာ့ ရလဒ္ေတြက မေကာင္းမြန္ႏိုင္ေတာ့ေပ။

🍀

Continue Reading

You'll Also Like

434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
869K 58.8K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
465K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."