နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 12

635 32 0
By reli_08

(Unicode)

မြန်မာတို့၏ နှစ်သစ်ကူးအချိန်အခါသမယသည် အလွန်ပူပြင်းလှသည့် ဧပြီလ၊ မြန်မာအခေါ် တန်ခူးလတွင်ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်အဖြစ် ကမ္ဘာပေါ်တွင် နိုင်ငံခြားသားအများစု၏ စိတ်ဝင်စားခြင်းခံရသော သင်္ကြန်ပွဲတော်သည် မြန်မာလူမျိုးများအတွက် အထင်ကရပွဲပင်ဖြစ်၏။ နှစ်ဟောင်းမှ အညစ်အကြေးများကုန်စင်အောင် အတာရေဖြင့် ဆေးကြောခြင်းဖြင့် အေးချမ်းစွာ နှစ်သစ်ကူးကြသည်။

မြန်မာနိုင်ငံအတွင်းမှာ သင်္ကြန်ပွဲကျင်းပသည့် ဓလေ့တွေကလည်း နေရာဒေသတစ်ခုနှင့်တစ်ခု ဆင်နွှဲကြပုံ ကွဲပြားကြသေးသည်။ ဥပမာအားဖြင့်ဆိုရသော် နှစ်ဆန်းတစ်ရက်နေ့ဆိုလျှင် ရန်ကုန်အပါအဝင် မြို့တော်တော်များများ၌ ရေမပက်ကြသော်လည်း အချို့သော မြို့များ၌ ရေပက်ကြလျက် ရှိသေးသည်။

ရှေးသရောအခါခေတ်တွေတုန်းက တစ်ဦးကိုတစ်ဦး သပြေခတ်လေးနှင့် ငွေဖလားထဲမှ ရေများကိုယူကာ ဆွတ်ဖြန်းပေးသည့်နည်းဖြင့် သိမ်မွေ့စွာ နှစ်သစ်ကူးကြသည်။ ယနေ့မျက်မှောက်ခေတ်တွင် ထိုကဲ့သို့မဟုတ် သင်္ကြန်သည် သင်္ကြန်နှင့် မတူတော့သလို ပိုင်မြင့်မြတ်ကျော် ခံစားလာရသည်။ ခေတ်ရေစီးကြောင်းအရ ရေပိုက်များဖြင့် ဖြန်းပက်ခြင်း၊ ကားများဖြင့် ရေပက်ခံထွက်ကြခြင်းတို့ကို မဆိုလိုပါ။ ချစ်စရာကောင်းသည့် သင်္ကြန်ကို မြင်မကောင်းအောင် သရုပ်ပျက်ဝတ်စားဆင်ယင်ပြီး လူစိတ်သူစိတ်မရှိအောင် သောက်စားမူးယစ်ရမ်းကား နေကြခြင်းများကို ဆိုလိုခြင်းဖြစ်သည်။ ဒါကလည်း သတ်လတ်ပိုင်းအရွယ်ရောက်နေသည့် သူ့ရဲ့ ရှေးရိုးဆန်နေမှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါမည်။ သူ့အနေနဲ့ကတော့ ယနေ့ခေတ်သင်္ကြန်ထက် ဟိုးယခင်ကာလများက သင်္ကြန်ပုံရိပ်ကိုသာ တမ်းတသည်။

ပိုင်မြင့်မြတ်ကျော်ဟာ သင်္ကြန်ရက်တွေဆိုလျှင် အခန်းတံခါးပိတ်ကာ သူ့အလုပ်နှင့်ပတ်သတ်သော စာအုပ်တွေဖတ်ခြင်း ဒါမှမဟုတ် ရသစာအုပ်များဖတ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိသည်။ သူ့ရဲ့ အာကာလင်းသန့်ကတော့ သူနဲ့ကွဲပြားစွာ မိုးလင်းကနေမိုးချုပ် မဏ္ဍာပ်ထိုင်သည့်နေ့ရှိသလို၊ မြို့အနှံ့ကားနှင့်လျှောက်လည်သည့်နေ့တွေလည်း ရှိသည်။ ထို့ကြောင့် တခြားသူတွေကဲ့သို့ နှစ်သစ်ကူးအားလပ်ရက်ကို အတူတကွ ကုန်ဆုံးတာမျိုး သူတို့စစတွဲကတည်းက မရှိပါ။ သို့သော် ခြွင်းချက်အနေဖြင့် တွေ့ဖြစ်သည့် တစ်ရက်တော့ရှိသည်။ ထိုရက်သည်ကား အတက်နေ့။ ဤသည်မှာ သူ့အား နှစ်ဆန်းတစ်ရက်နေ့အစား လာတွေ့ပေးသည့်ရက် ဖြစ်သည်။

"ဦးမြတ်"

သူ့အခန်းထဲသို့ ခေါင်းလေးသာ အရင်ဝင်ပြီး အခန်းထဲရှိ သူ့အား ချောင်းကြည့်ကာ အာကာလင်းသန့်က ခေါ်လေသောကြောင့် သူအဝတ်ဘီရိုရှင်းနေရာမှ ကြည့်လိုက်သည်။ အခန်းတံခါးက ဟစိလေး ဖြစ်နေသည့်အတွက် မလှမ်းမကမ်းရှိ ဘုရားခန်းထဲမှ ဘုရားကျောင်းဆောင်မှာ မမြိုင် ကပ်လှူထားသော ပိတောက်ပန်းအနံ့စူးစူးလေးက အခန်းထဲသို့ တိုးဝင်လာသည်။

"လာလေ သန့်"

သူခေါ်လိုက်တော့ အာကာလင်းသန့်က အခန်းထဲဝင်လာပြီး တံခါးကိုပိတ်သည်။ ထို့နောက် သူ့ကုတင်‌ပေါ်တွင် လှဲချကာ ခြေပစ်လက်ပစ် ဖြစ်သွားသည်။

"ထူးနဲ့ဆူးကို အောက်မှာတွေ့ခဲ့သေးတယ်၊ ကျွန်တော့်ကို သူတို့နဲ့ ရေလိုက်ဆော့ဖို့ ခေါ်နေတာနဲ့ အတင်းငြင်းလာရတယ် ဦးမြတ်ရာ"

"သူတို့ညီအစ်မက အကြံနဲ့ သန့်ရဲ့၊ သင်္ကြန်အကြိုနေ့ကတည်းက ကိုကိုလင်းသန့်အိမ်လာတဲ့နေ့ သူတို့နဲ့‌ ရေဆော့အောင်ခေါ်မယ်ဆိုပြီး တိုင်ပင်နေကြတာဗျား"

အာကာလင်းသန့်သည် သူ့အိမ်ကို မကြာခဏလာတတ်၍ သူ့တူမနှစ်ယောက်နှင့်ပါ ရင်းနှီးနေသည်။ မမြိုင်တို့ကလည်း သူတို့နှစ်ယောက်အကြောင်းသိပေမယ့် ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားတာကြောင့် အာကာလင်းသန့်အတွက် သူ့အိမ်က အချိန်မရွေး တံခါးမရှိ ဓားမရှ်ိ ဖြစ်နေသည်။ ထူးသစ္စာနှင့် ဆူးသစ္စာတို့ ညီအစ်မတစ်တွေက သူတို့အတွက် မုန့်ဝယ်လာတတ်သည့် အာကာလင်းသန့်အား တစ် 'ကိုကို'တည်း ကိုကိုပြီး ချစ်နေကြသည်။ ထိုညီအစ်မက အာကာလင်းသန့်ကို ခေါ်တော့သာ ကိုကိုခေါ်တာ ပေါင်းတော့ သူငယ်ချင်းပေါင်းသာ ပေါင်း၏။ အာကာလင်းသန့်ကလည်း ကလေးနှစ်ယောက်နှင့် အလိုက်သင့်လေး ပြောဆိုပေါင်းသည်။

"ကျွန်တော်က သူတို့နဲ့ လိုက်ဆော့ပေးချင်ပေမယ့် ဘယ်လိုလိုက်ဆော့ပေးနိုင်မှာလဲဗျာ၊ လမ်းထိပ်မှာက သူတို့အရွယ်ကလေးတွေစုပြီး ရေပက်ကြတာ၊ ကလေးတွေကြားထဲ ကျွန်တော်တစ်ယောက်တည်း ကြီးကောင်ကြီးမားကြီး ဖြစ်နေမှာပေါ့"

အာကာလင်းသန့်က လှဲအိပ်နေရာမှ ငုတ်တုတ်ထထိုင်ရင်းနဲ့ အခြေအနေကို ပြောသည်။ သူလည်း ဘီရိုထဲပြန်ထည့်ရမည့် နောက်ဆုံး အင်္ကျီအထပ်ကို သေချာယူကာ ပြန်ထည့်သည်။ ထို့နောက် ဘီရိုတံခါးကို ပြန်ပိတ်ပြီး အာကာလင်းသန့်အနားသို့ သွားရပ်လိုက်တော့ အာကာလင်းသန့်က ကုတင်ပေါ်မှာ ထိုင်ချလျက်သားနှင့် ရပ်နေသည့် သူ့အား လှမ်းဖက်၏။ ထို့ကြောင့် အာကာလင်းသန့်၏ မျက်နှာမှာ သူ့ရင်ဘတ်နားတွင်ရှိနေသည်။

"သန့်ကရော ကလေးမဟုတ်လို့လား"

အာကာလင်းသန့်ကို တမင်တကာမေးတော့ အာကာလင်းသန့်က သူ့ကို မော့ကြည့်လာသည်။

"မဟုတ်ဘူး၊ ကျွန်တော်က ဦးမြတ်အတွက်ပဲကလေးဖြစ်ပြီး ကျန်တဲ့လူတွေအတွက်ဆို လူကြီးပါနော်"

" ကိုယ့်ကလေးလေးက စကားတတ်လိုက်တာ၊ ချစ်လွန်းလို့ ပြန်တောင် မလွှတ်ချင်တော့ဘူး"

"ဒါတော့မရဘူးလေ၊ ညနေ ဟိုနှစ်ကောင်နဲ့ အပြတ်ကဲရဦးမယ်"

"ကိုယ်က စတာပါကွာ၊ နောက်ဆုံးနေ့ဆိုပြီး စည်းလွတ်ဝါးလွတ် ‌မနေနဲ့ဦး၊ ပြီးတော့ ရန်လည်းမဖြစ်စေနဲ့၊ ကြားလား သန့်"

အာကာလင်းသန့်ရဲ့ နဖူးပြင်ကို ဖွဖွလေးငုံ့နမ်းလိုက်သည်။

"ဦးမြတ်ကလည်း ကျွန်တော်သိပါတယ်"

အာကာလင်းသန့်က သူနဲ့ စကားပြောနေရင်းကနေ သူ့အခန်းထောင့်တွင် ထောင်ထားသော အထုပ်တွေဆီသို့ အကြည့်ရောက်သွားလေသည်။ ရုတ်ချည်းပဲ သူ့ကို ဖက်ထားသည့် လက်တွေကို လွှတ်ကာ ကုတင်ပေါ်မှထပြီး အထုပ်တွေရှိရာသို့ လျှောက်သွား၏။ ထို့အပြင် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ အထုပ်တွေကို စူးစမ်းနေသည်။ အာကာလင်းသန့် ထိုင်နေသည့် ‌ဘေးသို့ ပိုင်မြင့်မြတ်ကျော်လည်း သွားကာ အာကာလင်းသန့်ကဲ့သို့ ထိုင်ချဖြစ်သည်။

"ဒီနှစ်လိုက်ချင်လား"

"ဟင့်အင်း၊ မလိုက်ဘူး၊ အလှူငွေပဲ ပေးလိုက်မယ်"

ပိုင်မြင့်မြတ်ကျော် ထင်သည့် အဖြေကိုသာ အာကာလင်းသန့်ဆိုသည်။ သူတို့ရှေ့ကအထုပ်တွေသည် ပိုင်မြင့်မြတ်ကျော် နှစ်ဆန်းတစ်ရက်နေ့တိုင်း သွားလှူနေကျ မိဘမဲ့ဂေဟာသို့ သွားလှူမည့်အထုပ်တွေ ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့ဆိုလျှင် အများစုက ဘုရားမှာ စတုဒီသာကျွေး‌မွေးလှူဒါန်းခြင်းများ၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းများနှင့် ဘိုးဘွားရိပ်သာများသို့သွားကာ သက်ကြီးဘိုးဘွားများကို ပြုစုစောင့်ရှောက်ပေးခြင်းများသာ ပြုလုပ်လေ့ရှိကြသည်။

သူကတော့ မိဘနှစ်ပါးစလုံး ဆုံးပါးသွားသည့်နောက်ပိုင်း မိဘမဲ့ရသည့်ဘဝကို ကိုယ်ချင်းစာ၍ ဂေဟာရှိကလေးများကိုသာ နှစ်သစ်မှာ သွားရောက်လှူဒါန်းရင်း ကလေးတွေနှင့် ကစားပေးလေ့ရှိသည်။ အဝတ်အစားအသစ်လေးတွေ၊ ကစားစရာအသစ်လေးတွေကိုမြင်လိုက်ရရင် ပျော်သွားတတ်ကြသည့် ကလေးများရဲ့ အပြုံးကိုကြည့်ပြီး သူကိုယ်တိုင်က ပီတိပွားရသည်။ ထိုသို့သော ပီတိမျိုးကို အာကာလင်းသန့်အား ရစေချင်၍ ခေါ်သော်ငြား အာကာလင်းသန့်က မလိုက်ပါ။ မိဘမဲ့ဂေဟာဆိုသည်နှင့် ခါးခါးသီးသီးကို ငြင်းသည်။

ထိုသို့တုံ့ပြန်ပေမယ့် အခုလိုမျိုး သွားလှူမည့်အထုပ်တွေထဲက ပစ္စည်းတွေကို တစ်ခုချင်း သေချာကြည့်ရန် အတက်နေ့မနက်ပိုင်းဆိုလျှင် ရေမဆော့ဘဲ သူ့အိမ်သို့လာသည်။ ပြီးနောက် ဂေဟာမှာ လှူရန် အလှူငွေကို သူနှင့် ထည့်ပေးသေးသည်။

"ကလေးတွေက အသစ်လေးနှစ်ယောက်ရောက်နေတယ်တဲ့၊ တစ်ယောက်က (၃)နှစ်သားလေးတဲ့၊ နောက်တစ်ယောက်ကျတော့ မွေးကင်းစလေးဆိုပဲ၊ ဘဝ‌တွေများ မကောင်းလိုက်တာကွာ၊ ဘာဆိုဘာမှ မသိသေးတဲ့ အပြစ်မဲ့တဲ့ကလေးတွေက ဘာလို့များ စွန့်ပစ်ခံရတာလဲ၊‌ ဒီအထဲမှာ မွေးမွေးချင်း အနှီးထုပ်တန်းလန်းနဲ့ စွန့်ပစ်ခံရတဲ့ကလေးတွေက သနားဖို့ပိုကောင်းတယ်၊နည်းနည်းကြီးတဲ့ကလေးတွေကမှ မိဘဆွေမျိုးတွေကို သိသေးတယ်၊ သူတို့လေးတွေဆို အမျိုးမပြောနဲ့ အမေဘယ်သူမှန်းမသိသလို အဖေဆိုလည်းမသိရနဲ့"

အာကာလင်းသန့်က ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ရင်းကနေ သူ့စကားကို ကြားရချိန်မှာ လှုပ်ရှားနေသည့် လက်တွေက ရပ်တန့်သွားသည်။ သူ့စိတ်ထင် မျက်နှာလည်း ကွက်ကနဲ ပျက်သွားသလားလို့။

"ဦးမြတ်ကို ကျွန်တော် ရေလောင်းရမှာမေ့နေတယ်၊ ရေသွားရှာဦးမှပါ"

အာကာလင်းသန့်ကို ဘာဖြစ်လို့ မျက်နှာပျက်သွားတာလဲ မေးမလို့ ကြံနေစဉ်မှာပဲ အာကာလင်းသန့် လျင်မြန်စွာထပြီး သူ့ရှေ့ကနေ ထွက်သွားသည်။ သူလည်း ကလေးတွေအကြောင်းကြားရတာ စိတ်မကောင်းဖြစ်လို့ မျက်နှာပျက်သွားခြင်းသာ ဖြစ်မည်ဟု သတ်မှတ်လိုက်တော့သည်။ ပြီးနောက် သူ့အခန်းထဲက ရေအပြည့်ရှိသော ရေသန့်ဘူးကို ယူပြီး အာကာလင်းသန့်အား ‌သူက အရင်ဦးအောင် ရေလောင်းရန် အာကာလင်းသန့်နောက်သို့ လိုက်သည်။

အိမ်အောက်ထပ်သို့ရောက်တော့ အာကာလင်းသန့်ကို ရေချိုးခန်းထဲမှာ ကလေးတွေဆော့သည့် ရေပြွတ်သေနတ်ထဲ ရေဖြည့်နေတာကိုတွေ့ရသည်။ ခြေသံလုံလုံနှင့် လိုက်လာတာကြောင့် သူရောက်နေတာကို သူ့အား နောက်ကျောပေးထားသော အာကာလင်းသန့်က မမြင်ချေ။ ထိုအခွင့်အရေးကို အသုံးချပြီး အာကာလင်းသန့်အနားသို့ ကပ်သွားကာ ရေလောင်းလိုက်သည်။ အာကာလင်းသန့် တွန့်ကနဲဖြစ်‌သွားလေပြီး သူ့ကို မကျေနပ်ကြောင်း ပြောတော့၏။

"ဦးမြတ် တကယ်အကျင့်မကောင်းဘူး၊ ကျွန်တော်က ဦးမြတ်ကို ရေသိပ်မစိုအောင် သေနတ်နဲ့ပက်မလို့ကို၊ ဦးမြတ် လောင်းလိုက်တာ ကျွန်တော့်ကိုယ်တစ်ခြမ်း စိုသွားပြီ"

"သင်္ကြန်ပဲလေ၊ ကိုယ်တစ်ခြမ်း ရေစိုတာ မဆန်းပါဘူး သန့်ရယ်"

"ဦးမြတ်ကို တစ်ကိုယ်လုံးစိုအောင် လုပ်မယ်"

အာကာလင်းသန့်က သူ့အား ရေချိုးခန်းထဲ ‌ဆွဲသွင်းလိုက်ပြီး အုတ်ကန်ထဲမှ ရေများကို ခွက်နဲ့အပြည့် ခပ်ယူကာ ရေလောင်းသည်။ သူသည်လည်း အားကျမခံ နောက်ရေခွက်တစ်ခွက်ဖြင့် အာကာလင်းသန့်ကို ပြန်လောင်းသည်။ မကြာမီအချိန်အတွင်းမှာပဲ နှစ်ယောက်စလုံးမှာ ရေမွန်းနေသည့် ကြွက်စုတ်ဘဝတွေကို ကူးပြောင်းသွားပေမယ့် မရပ်သေးဘဲ တခစ်ခစ်ရယ်သံများဖြင့် ရေဆော့နေကြသည်။ ဤသို့ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လမ်းမတွေပေါ်မှာ လူအများ ရေပက်ဆော့ကစားနေချိန်တွင် သူတို့နှစ်ယောက်မှာ အိမ်ထဲရှိ ရေချိုးခန်းအတွင်း၌သာ အပြန်အလှန်ရေပက်ကြပြီး နှစ်ယောက်တည်းသီးသန့်ဆန်စွာ သူတို့ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုအဖြစ် ပျော်ရွှင်နေကြလေသတည်း။

🍀

A/N: (၇)နာရီမှ တင်ပေးမယ် ပြောထားပေမယ့် ဒီနေ့ မီးက ပြတ်လိုက်လာလိုက် ဖြစ်နေတော့ မီးလာနေတုန်းလေး အချိန် စောပြီးတင်ပေးလိုက်တာပါ

🍀

(Zawgyi)

ျမန္မာတို႔၏ ႏွစ္သစ္ကူးအခ်ိန္အခါသမယသည္ အလြန္ပူျပင္းလွသၫ့္ ဧၿပီလ၊ ျမန္မာအေခၚ တန္ခူးလတြင္ျဖစ္သည္။ ႏွစ္သစ္ကူးပြဲေတာ္အျဖစ္ ကမ႓ာေပၚတြင္ ႏိုင္ငံျခားသားအမ်ားစု၏ စိတ္ဝင္စားျခင္းခံရေသာ သႂကၤန္ပြဲေတာ္သည္ ျမန္မာလူမ်ိဳးမ်ားအတြက္ အထင္ကရပြဲပင္ျဖစ္၏။ ႏွစ္ေဟာင္းမွ အညစ္အေၾကးမ်ားကုန္စင္ေအာင္ အတာေရျဖင့္ ေဆးေၾကာျခင္းျဖင့္ ေအးခ်မ္းစြာ ႏွစ္သစ္ကူးၾကသည္။

ျမန္မာႏိုင္ငံအတြင္းမွာ သႂကၤန္ပြဲက်င္းပသၫ့္ ဓေလ့ေတြကလည္း ေနရာေဒသတစ္ခုႏွင့္တစ္ခု ဆင္ႏႊဲၾကပံု ကြဲျပားၾကေသးသည္။ ဥပမာအားျဖင့္ဆိုရေသာ္ ႏွစ္ဆန္းတစ္ရက္ေန့ဆိုလ်ွင္ ရန္ကုန္အပါအဝင္ ၿမိဳ႔ေတာ္ေတာ္မ်ားမ်ား၌ ေရမပက္ၾကေသာ္လည္း အခ်ိဳ႕ေသာ ၿမိဳ႔မ်ား၌ ေရပက္ၾကလ်က္ ရိွေသးသည္။

ေရွးသေရာအခါေခတ္ေတြတုန္းက တစ္ဦးကိုတစ္ဦး သေျပခတ္ေလးႏွင့္ ေငြဖလားထဲမွ ေရမ်ားကိုယူကာ ဆြတ္ျဖန္းေပးသၫ့္နည္းျဖင့္ သိမ္ေမြ့စြာ ႏွစ္သစ္ကူးၾကသည္။ ယေန့မ်က္ေမွာက္ေခတ္တြင္ ထိုကဲ့သို႔မဟုတ္ သႂကၤန္သည္ သႂကၤန္ႏွင့္ မတူေတာ့သလို ပိုင္ျမင့္ျမတ္ေက်ာ္ ခံစားလာရသည္။ ေခတ္ေရစီးေၾကာင္းအရ ေရပိုက္မ်ားျဖင့္ ျဖန္းပက္ျခင္း၊ ကားမ်ားျဖင့္ ေရပက္ခံထြက္ၾကျခင္းတို႔ကို မဆိုလိုပါ။ ခ်စ္စရာေကာင္းသၫ့္ သႂကၤန္ကို ျမင္မေကာင္းေအာင္ သရုပ္ပ်က္ဝတ္စားဆင္ယင္ၿပီး လူစိတ္သူစိတ္မရိွေအာင္ ေသာက္စားမူးယစ္ရမ္းကား ေနၾကျခင္းမ်ားကို ဆိုလိုျခင္းျဖစ္သည္။ ဒါကလည္း သတ္လတ္ပိုင္းအရြယ္ေရာက္ေနသၫ့္ သူ႔ရဲ့ ေရွးရိုးဆန္ေနမႈလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါမည္။ သူ႔အေနနဲ႔ကေတာ့ ယေန့ေခတ္သႂကၤန္ထက္ ဟိုးယခင္ကာလမ်ားက သႂကၤန္ပံုရိပ္ကိုသာ တမ္းတသည္။

ပိုင္ျမင့္ျမတ္ေက်ာ္ဟာ သႂကၤန္ရက္ေတြဆိုလ်ွင္ အခန္းတံခါးပိတ္ကာ သူ႔အလုပ္ႏွင့္ပတ္သတ္ေသာ စာအုပ္ေတြဖတ္ျခင္း ဒါမွမဟုတ္ ရသစာအုပ္မ်ားဖတ္ျခင္းျဖင့္သာ အခ်ိန္ကုန္ဆံုးေလ့ရိွသည္။ သူ႔ရဲ့ အာကာလင္းသန႔္ကေတာ့ သူနဲ႔ကြဲျပားစြာ မိုးလင္းကေနမိုးခ်ဳပ္ မ႑ာပ္ထိုင္သၫ့္ေန့ရိွသလို၊ ၿမိဳ႔အႏွံ႔ကားႏွင့္ေလ်ွာက္လည္သၫ့္ေန့ေတြလည္း ရိွသည္။ ထို႔ေၾကာင့္ တျခားသူေတြကဲ့သို႔ ႏွစ္သစ္ကူးအားလပ္ရက္ကို အတူတကြ ကုန္ဆံုးတာမ်ိဳး သူတို႔စစတြဲကတည္းက မရိွပါ။ သို႔ေသာ္ ႁခြင္းခ်က္အေနျဖင့္ ေတြ့ျဖစ္သည့္ တစ္ရက္ေတာ့ရိွသည္။ ထိုရက္သည္ကား အတက္ေန့။ ဤသည္မွာ သူ႔အား ႏွစ္ဆန္းတစ္ရက္ေန့အစား လာေတြ့ေပးသၫ့္ရက္ ျဖစ္သည္။

"ဦးျမတ္"

သူ႔အခန္းထဲသို႔ ေခါင္းေလးသာ အရင္ဝင္ၿပီး အခန္းထဲရိွ သူ႔အား ေခ်ာင္းၾကၫ့္ကာ အာကာလင္းသန႔္က ေခၚေလေသာေၾကာင့္ သူအဝတ္ဘီရိုရွင္းေနရာမွ ၾကၫ့္လိုက္သည္။ အခန္းတံခါးက ဟစိေလး ျဖစ္ေနသၫ့္အတြက္ မလွမ္းမကမ္းရိွ ဘုရားခန္းထဲမွ ဘုရားေက်ာင္းေဆာင္မွာ မၿမိဳင္ ကပ္လႉထားေသာ ပိေတာက္ပန္းအနံ႔စူးစူးေလးက အခန္းထဲသို႔ တိုးဝင္လာသည္။

"လာေလ သန႔္"

သူေခၚလိုက္ေတာ့ အာကာလင္းသန႔္က အခန္းထဲဝင္လာၿပီး တံခါးကိုပိတ္သည္။ ထို႔ေနာက္ သူ႔ကုတင္‌ေပၚတြင္ လွဲခ်ကာ ေျခပစ္လက္ပစ္ ျဖစ္သြားသည္။

"ထူးနဲ႔ဆူးကို ေအာက္မွာေတြ့ခဲ့ေသးတယ္၊ ကြၽန္ေတာ့္ကို သူတို႔နဲ႔ ေရလိုက္ေဆာ့ဖို႔ ေခၚေနတာနဲ႔ အတင္းျငင္းလာရတယ္ ဦးျမတ္ရာ"

"သူတို႔ညီအစ္မက အႀကံနဲ႔ သန႔္ရဲ့၊ သႂကၤန္အႀကိဳေန့ကတည္းက ကိုကိုလင္းသန႔္အိမ္လာတဲ့ေန့ သူတို႔နဲ႔‌ ေရေဆာ့ေအာင္ေခၚမယ္ဆိုၿပီး တိုင္ပင္ေနၾကတာဗ်ား"

အာကာလင္းသန႔္သည္ သူ႔အိမ္ကို မၾကာခဏလာတတ္၍ သူ႔တူမႏွစ္ေယာက္ႏွင့္ပါ ရင္းႏွီးေနသည္။ မၿမိဳင္တို႔ကလည္း သူတို႔ႏွစ္ေယာက္အေၾကာင္းသိေပမယ့္ ၾကည္ၾကည္ျဖဴျဖဴ ခြင့္ျပဳထားတာေၾကာင့္ အာကာလင္းသန႔္အတြက္ သူ႔အိမ္က အခ်ိန္မေရြး တံခါးမရိွ ဓားမရွ္ိ ျဖစ္ေနသည္။ ထူးသစၥာႏွင့္ ဆူးသစၥာတို႔ ညီအစ္မတစ္ေတြက သူတို႔အတြက္ မုန႔္ဝယ္လာတတ္သၫ့္ အာကာလင္းသန႔္အား တစ္ 'ကိုကို'တည္း ကိုကိုၿပီး ခ်စ္ေနၾကသည္။ ထိုညီအစ္မက အာကာလင္းသန႔္ကို ေခၚေတာ့သာ ကိုကိုေခၚတာ ေပါင္းေတာ့ သူငယ္ခ်င္းေပါင္းသာ ေပါင္း၏။ အာကာလင္းသန႔္ကလည္း ကေလးႏွစ္ေယာက္ႏွင့္ အလိုက္သင့္ေလး ေျပာဆိုေပါင္းသည္။

"ကြၽန္ေတာ္က သူတို႔နဲ႔ လိုက္ေဆာ့ေပးခ်င္ေပမယ့္ ဘယ္လိုလိုက္ေဆာ့ေပးႏိုင္မွာလဲဗ်ာ၊ လမ္းထိပ္မွာက သူတို႔အရြယ္ကေလးေတြစုၿပီး ေရပက္ၾကတာ၊ ကေလးေတြၾကားထဲ ကြၽန္ေတာ္တစ္ေယာက္တည္း ႀကီးေကာင္ႀကီးမားႀကီး ျဖစ္ေနမွာေပါ့"

အာကာလင္းသန႔္က လွဲအိပ္ေနရာမွ ငုတ္တုတ္ထထိုင္ရင္းနဲ႔ အေျခအေနကို ေျပာသည္။ သူလည္း ဘီရိုထဲျပန္ထၫ့္ရမၫ့္ ေနာက္ဆံုး အက်ႌအထပ္ကို ေသခ်ာယူကာ ျပန္ထၫ့္သည္။ ထို႔ေနာက္ ဘီရိုတံခါးကို ျပန္ပိတ္ၿပီး အာကာလင္းသန႔္အနားသို႔ သြားရပ္လိုက္ေတာ့ အာကာလင္းသန႔္က ကုတင္ေပၚမွာ ထိုင္ခ်လ်က္သားႏွင့္ ရပ္ေနသၫ့္ သူ႔အား လွမ္းဖက္၏။ ထို႔ေၾကာင့္ အာကာလင္းသန႔္၏ မ်က္ႏွာမွာ သူ႔ရင္ဘတ္နားတြင္ရိွေနသည္။

"သန႔္ကေရာ ကေလးမဟုတ္လို႔လား"

အာကာလင္းသန႔္ကို တမင္တကာေမးေတာ့ အာကာလင္းသန႔္က သူ႔ကို ေမာ့ၾကၫ့္လာသည္။

"မဟုတ္ဘူး၊ ကြၽန္ေတာ္က ဦးျမတ္အတြက္ပဲကေလးျဖစ္ၿပီး က်န္တဲ့လူေတြအတြက္ဆို လူႀကီးပါေနာ္"

" ကိုယ့္ကေလးေလးက စကားတတ္လိုက္တာ၊ ခ်စ္လြန္းလို႔ ျပန္ေတာင္ မလႊတ္ခ်င္ေတာ့ဘူး"

"ဒါေတာ့မရဘူးေလ၊ ညေန ဟိုႏွစ္ေကာင္နဲ႔ အျပတ္ကဲရဦးမယ္"

"ကိုယ္က စတာပါကြာ၊ ေနာက္ဆံုးေန့ဆိုၿပီး စည္းလြတ္ဝါးလြတ္ ‌မေနနဲ႔ဦး၊ ၿပီးေတာ့ ရန္လည္းမျဖစ္ေစနဲ႔၊ ၾကားလား သန႔္"

အာကာလင္းသန႔္ရဲ့ နဖူးျပင္ကို ဖြဖြေလးငံု႔နမ္းလိုက္သည္။

"ဦးျမတ္ကလည္း ကြၽန္ေတာ္သိပါတယ္"

အာကာလင္းသန႔္က သူနဲ႔ စကားေျပာေနရင္းကေန သူ႔အခန္းေထာင့္တြင္ ေထာင္ထားေသာ အထုပ္ေတြဆီသို႔ အၾကၫ့္ေရာက္သြားေလသည္။ ရုတ္ခ်ည္းပဲ သူ႔ကို ဖက္ထားသၫ့္ လက္ေတြကို လႊတ္ကာ ကုတင္ေပၚမွထၿပီး အထုပ္ေတြရိွရာသို႔ ေလ်ွာက္သြား၏။ ထို႔အျပင္ ၾကမ္းျပင္ေပၚတြင္ ထိုင္ခ်လိုက္ကာ အထုပ္ေတြကို စူးစမ္းေနသည္။ အာကာလင္းသန႔္ ထိုင္ေနသၫ့္ ‌ေဘးသို႔ ပိုင္ျမင့္ျမတ္ေက်ာ္လည္း သြားကာ အာကာလင္းသန႔္ကဲ့သို႔ ထိုင္ခ်ျဖစ္သည္။

"ဒီႏွစ္လိုက္ခ်င္လား"

"ဟင့္အင္း၊ မလိုက္ဘူး၊ အလႉေငြပဲ ေပးလိုက္မယ္"

ပိုင္ျမင့္ျမတ္ေက်ာ္ ထင္သၫ့္ အေျဖကိုသာ အာကာလင္းသန႔္ဆိုသည္။ သူတို႔ေရ႔ွကအထုပ္ေတြသည္ ပိုင္ျမင့္ျမတ္ေက်ာ္ ႏွစ္ဆန္းတစ္ရက္ေန့တိုင္း သြားလႉေနက် မိဘမဲ့ေဂဟာသို႔ သြားလႉမၫ့္အထုပ္ေတြ ျဖစ္သည္။ ႏွစ္ဆန္းတစ္ရက္ေန့ဆိုလ်ွင္ အမ်ားစုက ဘုရားမွာ စတုဒီသာေကြၽး‌ေမြးလႉဒါန္းျခင္းမ်ား၊ ငါးလႊတ္ျခင္း၊ ငွက္လႊတ္ျခင္းမ်ားႏွင့္ ဘိုးဘြားရိပ္သာမ်ားသို႔သြားကာ သက္ႀကီးဘိုးဘြားမ်ားကို ျပဳစုေစာင့္ေရွာက္ေပးျခင္းမ်ားသာ ျပဳလုပ္ေလ့ရိွၾကသည္။

သူကေတာ့ မိဘႏွစ္ပါးစလံုး ဆံုးပါးသြားသၫ့္ေနာက္ပိုင္း မိဘမဲ့ရသၫ့္ဘဝကို ကိုယ္ခ်င္းစာ၍ ေဂဟာရိွကေလးမ်ားကိုသာ ႏွစ္သစ္မွာ သြားေရာက္လႉဒါန္းရင္း ကေလးေတြႏွင့္ ကစားေပးေလ့ရိွသည္။ အဝတ္အစားအသစ္ေလးေတြ၊ ကစားစရာအသစ္ေလးေတြကိုျမင္လိုက္ရရင္ ေပ်ာ္သြားတတ္ၾကသၫ့္ ကေလးမ်ားရဲ့ အၿပံဳးကိုၾကၫ့္ၿပီး သူကိုယ္တိုင္က ပီတိပြားရသည္။ ထိုသို႔ေသာ ပီတိမ်ိဳးကို အာကာလင္းသန႔္အား ရေစခ်င္၍ ေခၚေသာ္ျငား အာကာလင္းသန႔္က မလိုက္ပါ။ မိဘမဲ့ေဂဟာဆိုသည္ႏွင့္ ခါးခါးသီးသီးကို ျငင္းသည္။

ထိုသို႔တံု႔ျပန္ေပမယ့္ အခုလိုမ်ိဳး သြားလႉမၫ့္အထုပ္ေတြထဲက ပစၥည္းေတြကို တစ္ခုခ်င္း ေသခ်ာၾကၫ့္ရန္ အတက္ေန့မနက္ပိုင္းဆိုလ်ွင္ ေရမေဆာ့ဘဲ သူ႔အိမ္သို႔လာသည္။ ၿပီးေနာက္ ေဂဟာမွာ လႉရန္ အလႉေငြကို သူႏွင့္ ထၫ့္ေပးေသးသည္။

"ကေလးေတြက အသစ္ေလးႏွစ္ေယာက္ေရာက္ေနတယ္တဲ့၊ တစ္ေယာက္က (၃)ႏွစ္သားေလးတဲ့၊ ေနာက္တစ္ေယာက္က်ေတာ့ ေမြးကင္းစေလးဆိုပဲ၊ ဘဝ‌ေတြမ်ား မေကာင္းလိုက္တာကြာ၊ ဘာဆိုဘာမွ မသိေသးတဲ့ အျပစ္မဲ့တဲ့ကေလးေတြက ဘာလို႔မ်ား စြန႔္ပစ္ခံရတာလဲ၊‌ ဒီအထဲမွာ ေမြးေမြးခ်င္း အႏွီးထုပ္တန္းလန္းနဲ႔ စြန႔္ပစ္ခံရတဲ့ကေလးေတြက သနားဖို႔ပိုေကာင္းတယ္၊နည္းနည္းႀကီးတဲ့ကေလးေတြကမွ မိဘေဆြမ်ိဳးေတြကို သိေသးတယ္၊ သူတို႔ေလးေတြဆို အမ်ိဳးမေျပာနဲ႔ အေမဘယ္သူမွန္းမသိသလို အေဖဆိုလည္းမသိရနဲ႔"

အာကာလင္းသန႔္က ပစၥည္းေတြကို ကိုင္တြယ္ၾကၫ့္ရင္းကေန သူ႔စကားကို ၾကားရခ်ိန္မွာ လႈပ္ရွားေနသၫ့္ လက္ေတြက ရပ္တန႔္သြားသည္။ သူ႔စိတ္ထင္ မ်က္ႏွာလည္း ကြက္ကနဲ ပ်က္သြားသလားလို႔။

"ဦးျမတ္ကို ကြၽန္ေတာ္ ေရေလာင္းရမွာေမ့ေနတယ္၊ ေရသြားရွာဦးမွပါ"

အာကာလင္းသန႔္ကို ဘာျဖစ္လို႔ မ်က္ႏွာပ်က္သြားတာလဲ ေမးမလို႔ ႀကံေနစဉ္မွာပဲ အာကာလင္းသန႔္ လ်င္ျမန္စြာထၿပီး သူ႔ေရ႔ွကေန ထြက္သြားသည္။ သူလည္း ကေလးေတြအေၾကာင္းၾကားရတာ စိတ္မေကာင္းျဖစ္လို႔ မ်က္ႏွာပ်က္သြားျခင္းသာ ျဖစ္မည္ဟု သတ္မွတ္လိုက္ေတာ့သည္။ ၿပီးေနာက္ သူ႔အခန္းထဲက ေရအျပၫ့္ရိွေသာ ေရသန႔္ဘူးကို ယူၿပီး အာကာလင္းသန႔္အား ‌သူက အရင္ဦးေအာင္ ေရေလာင္းရန္ အာကာလင္းသန႔္ေနာက္သို႔ လိုက္သည္။

အိမ္ေအာက္ထပ္သို႔ေရာက္ေတာ့ အာကာလင္းသန႔္ကို ေရခ်ိဳးခန္းထဲမွာ ကေလးေတြေဆာ့သၫ့္ ေရႁပြတ္ေသနတ္ထဲ ေရျဖၫ့္ေနတာကိုေတြ့ရသည္။ ေျခသံလံုလံုႏွင့္ လိုက္လာတာေၾကာင့္ သူေရာက္ေနတာကို သူ႔အား ေနာက္ေက်ာေပးထားေသာ အာကာလင္းသန႔္က မျမင္ေခ်။ ထိုအခြင့္အေရးကို အသံုးခ်ၿပီး အာကာလင္းသန႔္အနားသို႔ ကပ္သြားကာ ေရေလာင္းလိုက္သည္။ အာကာလင္းသန႔္ တြန႔္ကနဲျဖစ္‌သြားေလၿပီး သူ႔ကို မေက်နပ္ေၾကာင္း ေျပာေတာ့၏။

"ဦးျမတ္ တကယ္အက်င့္မေကာင္းဘူး၊ ကြၽန္ေတာ္က ဦးျမတ္ကို ေရသိပ္မစိုေအာင္ ေသနတ္နဲ႔ပက္မလို႔ကို၊ ဦးျမတ္ ေလာင္းလိုက္တာ ကြၽန္ေတာ့္ကိုယ္တစ္ျခမ္း စိုသြားၿပီ"

"သႂကၤန္ပဲေလ၊ ကိုယ္တစ္ျခမ္း ေရစိုတာ မဆန္းပါဘူး သန႔္ရယ္"

"ဦးျမတ္ကို တစ္ကိုယ္လံုးစိုေအာင္ လုပ္မယ္"

အာကာလင္းသန႔္က သူ႔အား ေရခ်ိဳးခန္းထဲ ‌ဆြဲသြင္းလိုက္ၿပီး အုတ္ကန္ထဲမွ ေရမ်ားကို ခြက္နဲ႔အျပၫ့္ ခပ္ယူကာ ေရေလာင္းသည္။ သူသည္လည္း အားက်မခံ ေနာက္ေရခြက္တစ္ခြက္ျဖင့္ အာကာလင္းသန႔္ကို ျပန္ေလာင္းသည္။ မၾကာမီအခ်ိန္အတြင္းမွာပဲ ႏွစ္ေယာက္စလံုးမွာ ေရမြန္းေနသၫ့္ ႂကြက္စုတ္ဘဝေတြကို ကူးေျပာင္းသြားေပမယ့္ မရပ္ေသးဘဲ တခစ္ခစ္ရယ္သံမ်ားျဖင့္ ေရေဆာ့ေနၾကသည္။ ဤသို႔ျဖင့္ ျမန္မာတစ္ႏိုင္ငံလံုးရိွ လမ္းမေတြေပၚမွာ လူအမ်ား ေရပက္ေဆာ့ကစားေနခ်ိန္တြင္ သူတို႔ႏွစ္ေယာက္မွာ အိမ္ထဲရိွ ေရခ်ိဳးခန္းအတြင္း၌သာ အျပန္အလွန္ေရပက္ၾကၿပီး ႏွစ္ေယာက္တည္းသီးသန႔္ဆန္စြာ သူတို႔ကိုယ္ပိုင္ကမ႓ာငယ္တစ္ခုအျဖစ္ ေပ်ာ္ရႊင္ေနၾကေလသတည္း။

🍀

A/N: (၇)နာရီမွ တင္ေပးမယ္ ေျပာထားေပမယ့္ ဒီေန့ မီးက ျပတ္လိုက္လာလိုက္ ျဖစ္ေနေတာ့ မီးလာေနတုန္းေလး အခ်ိန္ ေစာၿပီးတင္ေပးလိုက္တာပါ

🍀



Continue Reading

You'll Also Like

3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
320K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
118K 11.7K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...