ချစ်သူ့စကား ရင်နှင့်ကြားစေ
By SpringGenAerri
428K 30.4K 834
အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... More
part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending
part(25)
6.8K 487 11
By SpringGenAerri
Unicode
အဖွားဆုံးတော့ သော် စာမေးပွဲဖြေကာနီးလောက်ပေါ့။
တကယ်ကို သော် ဝမ်းနည်းလွန်း နာကျင်လွန်းရပါတယ်။ အဖွားအတွက် အန်တီသက်တို့က ဆေးသေချာကုမပေးကြပါ။ အဖွားမှာရှိတဲ့ လက်ဝတ်လက်စားအားလုံးကို အန်တီသက်က အမှည့်ခြွေ ခြွေယူတာလဲ ကြာခဲ့ပြီ။ နားကပ်ပါမကျန်အောင်ချွတ်ယူကြသည်။
သော်လည်း အတော်လေး ပင်ပန်းခက်ခဲပါသည်။ ကျောင်းအတွက်လိုအပ်တာတွေဝယ်ဖို့ အဖွားကို ဆေးဝယ်တိုက်ဖို့ သော် ကျောင်းတက်ရင်း ခရေပန်းကောက် သီပြီး ပိုက်ဆံရှာရသည်။ သော် ရှာနိုင်လွန်းမှ ဘယ်လောက်ရှိမှာလဲ။ ဒါပေမဲ့ သော့်အတွက်ထက် ဖွားအတွက်သာ သော် သုံးပါသည်။
အဖွားက ဆေးမြီးတိုသောက်နေရင်း အခြေအနေမကောင်းတော့မှန်း ကြိုသိလေသည်။ ဒါကြောင့်ဤအိမ်ကို သော့်နာမည်နဲ့လွှဲဖို့ ရှေ့နေနှင့်စီစဥ်ပါသည်။ အန်တီသက်က အဖွားက သူ့ကိုအမွေလွှဲမည်အထင်နှင့် ရှေ့နေချက်ချင်း ခေါ်လာသည်။
သော် ကျောင်းဆင်း အိမ်ပြန်လာတော့ အိမ်မှာ သော့်ကိုစောင့်နေကြသည်။ အန်တီသက်ကတော့ မကြည်သလိုကြီးကြည့်နေသည်။ သူ့အမေ သူ့ကိုအမွေပေးဖို့ သော့်ကိုဘာကြောင့် စောင့်ရသလဲပေါ့။
မထင်မှတ်ဘဲ အဖွားက သော့်ကိုပေးဖို့ စီစဥ်လိုက်သည့်အပြင် သတင်းစာမှာပါကြောငြါထည့်ခိုင်းသည်။
ဒေါ်သက်သက်ခိုင်တစ်ယောက် ပေါက်ကွဲပါတော့​သည်။
ရှေ့နေကြီးရှေ့တွင်ပင် သော်နဲ့အဖွားကို အော်သည်။
အဖွားက ပြုံးပြုံးလေးသာ။ ဘာမှပြန်မပြော။ တခွန်းဘဲပြောသည်။
"သက်သက်ခိုင်. . .ညည်းရစရာရှိတာထက်တောင်ပိုယူပြီးပြီ. . .ငါ့အိမ်မှာ ငါသေရင် ငါ့မြေးဆက်နေဖို့ ငါစီစဥ်တာ ညည်းမကျေနပ်ရင် အိမ်ပေါ်ကဆင်း. . .သော် က ငါ့မြေး. . .ရပိုင်ခွင့်ရှိတယ်"
သော်အဖွားစကားကြောင့်ငိုပါသည်။
သော့်မှာအဖွားမရှိလို့​မဖြစ်ပါ။
သော် အမွေလဲမမက်မောပါ။
အဖွားနဲ့ပဲအတူနေချင်ပါသေးသည်။
အဖွားသာရှိနေပေးရင် သော် အိမ်လဲမလိုချင်ပါ။ ငွေလဲမလိုချင်ပါ။
အမွေကိစ္စပြီး​တော့ ​​သော့်မှာ ပို​ပြီးအနေခက်သည်။
အရင်ထက်ပို၍ဆိုးဝါးစွာ မကြားတကြားနှင့်တမျိုး ပေါ်တင်တစ်မျိုး ပြောကြဆိုကြ သော် စိတ်ညစ်လှပါသည်။
တကယ်တမ်း အဖွားဆန္ဒကြောင့်သာ သော်ကအိမ်ကိုလက်ခံလိုက်ရတာကို သူတို့အားလုံးသိသိရက်နဲ့ သော့်ကိုနည်းမျိုးစုံနှင့် နှိပ်စက်ကြသည်။ ထိုနေ့ရက်များသည် သော့်အတွက် ကိုကိုကြီးကိုတမ်းတရဆုံးနေ့တွေဖြစ်ပြီး ကိုကိုကြီးကိုစောင့်ရတဲ့ရက်တွေလဲ ကုန်ဆုံးတော့မယ်လေ။
အဖွားဆုံးတော့ သော့်ဘဝ စဥ်းစားကြည့်ကြပါတော့။ ထွက်ပြေးချင်စိတ်​ပေါက်အောင် သူတို့အမျိုးမျိုးလုပ်ကြသည်။ မဖြစ်. . .သော်ထွက်သွားလို့မဖြစ်. . .
ကိုကိုကြီးက သော့်ကို လာခေါ်မှာ။ ဒီအိမ်ကစောင့်နေရမှာ. ..သော် ရက်ပေါင်းများစွာငရဲကျသည့်နှယ်။ သို့သော် တစ်နေရာရာထွက်သွားဖို့ သော်မတွေးနိုင်ခဲ့ပါ။ ကိုကိုကြီးလာခေါ်ရင်ဆိုတဲ့အတွေးသည် တစ်နေ့လျှင်အကြိမ်ရာထောင်ချီမျှ သော်တွေးသည့်တစ်ခုတည်းသော မျှော်လင့်တွေးဖြစ်ပါသည်။
အန်တီသက်နှင့်သူ့သမီးက သိပ်တော့လက်မပါ​​ကြ။ ပါးစပ်နှင့်သာလူကို သတ်သည်။ သော့်ကို အိမ်စာခ​ျုပ်တောင်းသည်။ သော် မပေးပါ။ မပေးလေ ဒုက္ခပေးလေပင်။ အဆိုးဆုံးကရာဇာ။
ရာဇာက ဆိုးသွမ်းလွန်းသည်။ ခုတော့ ဆေး စွဲနေပြီ။
အချိန်တိုင်းပိုက်ဆံလိုသည်။ လိုတိုင်းသူ့အမေဆီတောင်းမရရင် သော့်ဆီတောင်းသည်။
သော် ပန်းရောင်းလို့ရသည့်ပိုက်ဆံကို စုထားရသည်။ ကျူရှင်တောင် မတက်ရ။ ဆရာမက အလကားလာတက်လို့ရသည်ဟုဆိုကာ သော့်ကိုခေါ်ပေမဲ့ မတက်ဖြစ်။ ပန်းကောက်ရသေးသည်။ သော့်မှာ စာထက်အရေးကြီးတာတွေ တစ်ပုံတစ်ပင်နှင့်ဖြစ်သည်။
အမြဲတမ်း ရာဇာက သော့်ကိုပိုက်ဆံလာတောင်းသည်။ ကိုကိုကြီးလာခေါ်ရင် လက်ချည်းဗလာလိုက်သွားလို့မဖြစ်။ သော့်အတွက် အန်တီမေမေတို့အပိုကုန်မှာစိုးသည်။
ပြီးတော့ အန်တီမေမေက သော့်ကိုအရင်ကလောက်မချစ်တော့တာလားမသိ။
သော် လိုက်ခဲ့ချင်သည်ဟုပြောတိုင်း အကြောင်းအမျိုးမျိုးပြသည်။ သော် စဥ်းစားထားပါသည်။ ကိုကိုကြီးလာခေါ်လို့ အန်တီမေမေတို့နှင့်အတူနေရရင် သော် အိမ်အလုပ်တွေ အန်တီမေမေလုပ်စရာမလိုအောင် လုပ်ပေးမှာပါ။
အန်တီမေမေတို့ကြည်ဖြူအောင် သော် လိမ္မာမှာပါ။ ကျောင်းဆက်တက်ရရင်လဲ သော် စာကြိုးစားမှာပါ။
သော်ကတော့ ဤငရဲခန်းမှာ အပျော်အရွှင်မဲ့စွာ စိုးရိမ်ကြောင့်ကြခြင်းများစွာနှင့် နေထိုင်နေရသည်။ ဒါပေမဲ့ ကိုကိုကြီးလာခေါ်မယ်ဆိုတဲ့အသိကတော့ သော့်ကို အားအင်တွေပေးပြီး သော် စိတ်ဓာတ်တွေပြိုလဲသွားတိုင်း တွေးကာ အားတင်းရသည်။
.
.
.
တစ်ရက်. . .
ရာဇာ ပြန်လာသည်။ ထုံးစံအတိုင်း သော့်ဆီပိုက်ဆံတောင်းသည်။ သော်က သူတောင်းသလောက်မပေး။
"ဟေ့ကောင်. . .စောက်ခြောက်. . .အကုန်ပေးနော်. . မင်းငါ့အကြောင်းသိတယ်မှလား"
"သား အခြောက်မဟုတ်ဘူး ကိုရာဇာ"
"ဟား ဟား ဟား ဟား လာလိမ်နေသေးတယ်. . မင်းအကြောင်းငါအကုန်သိတယ်. . .စောက်ခြောက်"
သော် မျက်ရည်တွေသာပိုးပိုးပေါက်ပေါက်ကျလာပြီး ရာဇာကို့ မုန်းတီးစွာကြည့်မိသည်။
"ကိုရာဇာ တော်တော်ကို လူမဆန်တာပဲ. . .အခြေအမြစ်မရှိဘဲ လူတစ်ယောက်ကိုပြောထွက်တယ်နော်"
သော် နာကျင်စွာပြောလိုက်သည်။ စိတ်လဲတိုသည်။
"ဘာကွ. . .မင်းကများ ငါ့ကို. . .မင်းစောက်ခြေက်သေချာလို့ပြောတာပေါ့ကွ. . .ဟား ဟား မင်းလဲစောက်ခြောက်. . .မင်းအကောင်...မိုးဦးလဲစောက်ခြောက်ပဲ"
သော် သွေးတွေပွက်ပွက်ဆူလာသလိုပါ။ သော့်ကို နှိပ်စက်တာ ရိုင်းစိုင်းတာ သော် သည်းခံနိုငိပါသည်။
ခုတော့. . .ကိုကိုကြီးကိုပါထည့်ပြောလာပြီ။
သော်စိတ်မထိန်းနိုင်စွာ ရာဇာ့ကိုတွန်းပစ်လိုက်သည်။
ရာဇာ ဝုန်းကနဲနောက်ပြန်လဲကျသည်။
ပြီးတော့ ဒေါသတကြီး အော်တော့သည်။
"လူပါးဝတဲ့စောက်ခြောက်. . .မင်းတို့နှစ်ယောက် ခရေပင်အောက်မှာနမ်းနေတာ ငါ့ညီမမြင်လို့ ငါ့ကိုပြန်ပြောပြပြီးသား. .ယောကျားခြင်းနမ်းနေတာ မင်းစောက်ခြောက်မို့လို့ပေါ့ကွ. ..မင်းတို့နှစ်ယောက်လုံးစောက်ခြောက်တွေ.. .မင်းကများငါ့ကို မင်းယောကျားထိလို့ပြန်လုပ်တာပေါ့ ဟုတ်လား"
သော် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ရာဇာ့ကိုဒေါသတကြီးပြန်ကြည့်သည်။
သော့်ထက် ကိုကိုကြီးသိက္ခာကပိုအရေးကြီးသည်။
သော့်အသက်ရင်းပြီးကာကွယ်ရမယ်ဆိုလဲ သော်ကာကွယ်မှာပင်။ တစ်သက်လုံးအနိုင်ကျင့်သမျှ သော် သည်းခံခဲ့သည်။ ကိုကိုကြီးကိုတော့ မြူမှုန်မှအထိမခံနိုင်ပါ။
ရာဇာပြောနေရင်းနှင့် သူ့ခါးပတ်ကိုချွတ်ကာ သော့်ကိုအားကုန်လွှဲရိုက်သည်။
သော် နာကျင်လွန်းလို့ လဲကျနေသည်တိုင် ရာဇာအရိုက်မရပ်။ သော့်ကျောပေါ်တွင်သွေးစိမ်းရှင်ရှင်ထွက်သည်။ ဝတ်ထားသောအင်္ကျီမှာသွေးတွေမြင်မကောင်းတော့။
အပြင်မှပြန်လာသော ဒေါ်သက်သက်ခိုင်သားအမိအချိန်မှီရောက်ပြီး အဆွဲမြန်လို့။ မဟုတ်ရင် သော် သေမည်လားမသိ။
သော့်ဒဏ်ရာများကို ဆေးခန်းပြ​​ပေးဖို့ဝေးလို့ အနာများကိုဆေးလေးပင်ထည့်မပေးကြ။ သော် ကိုယ့်ဘာကို ကြိုးစားထည့်ရသည်။ ဒါကြောင့်ထိုအမာရွတ်များသည်မပျောက်။
သော့်ကိုဆရာမနှင့်ပြန်တိုင်လျှင် ဒီထက်ပိုဆိုးမည်ဟုချိန်းခြောက်ကြသည်။ အန်တီမေမေဆီသို့ ဖုံးဆက်ဖို့ပိုတောင်ဝေးသေးသည်။ အန်တီမေမေ့ဖုံးနံပါတ်က ဒေါ်သက်သက်ခိုင်ဆီမှာပဲရှိသည်။
သော့်မှာ သော့်ထက် ကိုကိုကြီးကို လူအများအထင်သေးမှာပိုစိုးရိမ်နေရတော့သည်။ ရာဇာက လူစိတ်ပျောက်လျှင်ကြောက်စရာကောင်းလွန်းလှသည်။
သော် ကိုကိုကြီးတို့ စာမေးပွဲအချိန်ဇယားလေးကို သတင်းစာမှာတွေ့တော့ ဖြတ်ပြီးသိမ်းထားကာ တစ်ရက်ချင်း လက်ချိုးရေတွက်ကာစောင့်​ေနပါသည်။
သော့်ဆီမှ အိမ်စာချုပ်သည် လုံခြုံမှုမရှိတော့။ ဒါကြောင့် သော် သူတို့တစ်အိမ်သားလုံးအိပ်နေသည့်အချိန် ထကာ ခရေပင်အောက်မှာ ကျင်းလေးတူးပြီး အိမ်စာချုပ်ကို သေချာထုတ်ပိုး၍ မြုပ်ထားလိုက်သည်။
အိမ်စာချုပ်ကို သူတို့အသည်းအသန်လိုချင်နေကြသည်။ သော့်ကို ခြောက်တောင်းလို့မရတော့ ချော့တောင်းကြပြန်သည်။
ဤအိမ်ကိုရောင်းပြီးလျှင် သော့်ကိုတစ်ဝက်ပေးမှာဖြစ်ကြောင်း အတူတူနေဖို့လဲခေါ်သွားမည်ဖြစ်ကြောင်းပေါ့။
သော် အိမ်ကိုမက်လို့မဟုတ်ပေမဲ့ အိမ်စာချုပ်ထုတ်မပေးတော့ ပြသနာက မပြီးပါ။ နေ့တိုင်း ပြောဆိုခံနေရသည်။ သော့်ကို နာကျင်အောင်ပြောကြဆိုကြ အခြောက်ဟုဆိုကာ လှောင်ပြောင်ကြ။ အိမ်တွင်းအကြမ်းဖက်မှုကြီးကို တစ်မိသားစုလုံး စိတ်တူကိုယ်တူကျူးလွန်ကြသည်။
သော့်မှာအားကိုးမရှိ။ အ​ပြင်လူအကူအညီတောင်းလျှင် သူတို့ ကိုကိုကြီးကိုဆွဲထည့်ကြလိမ့်မည်။ သော့်မှာ သည်းခံပြီးရင်း သည်းခံရင်းသာ။
ဒီလိုနဲ့ကိုကိုကြီးတို့စာမေးပွဲရက် ရောက်လာခဲ့သည်။
သော် အဝတ်အစားတချို့နှင့် သော့်စာအုပ်တချို့ကို သူတို့မသိအောင်ထုတ်ပိုးပြီး ဖွက်ထားသည်။
ပိုက်ဆံလေးလဲထည့်ထားသည်။
သော့်ဘဝရဲ့အမှောင်ညတွေ ပြီးဆုံးတော့မှာ. ..
ကိုကိုကြီး သော့်ဆီလာဖို့ ရက်ပိုင်းသာလိုတော့သည်။
ဒီလိုလက်ချိုးရေတွက်နေရင်းကိုကိုကြီး စာမေးပွဲရက်ပြီးသွားခဲ့လေပြီ။ သို့သော် ကိုကိုကြီးချက်ချင်းရောက်လာခဲ့ပါ။ တစ်ရက်ပြီးတစ်ရက် သော် ရင်ပူစွာ စိတ်လှုပ်ရှားခြင်းကြီးစွာနှင့်စောင့်သည်။
ဒီနေ့လေးရက်မြောက်နေ့ရှိပြီ။ သော် အန်တီမေမေပြောခဲ့တဲ့စကားများကြားယောင်လာကာ ညတိုင်းငိုသည်။ စိတ်တွေလဲခြောက်ခြါးလာသည်။
သော့်ကို တကယ်ပဲလာမခေါ်တော့ဘူးလား ကိုကိုကြီးရယ်။ သော် ဒီမှာရူးရပါတော့မယ်။
.
.
.
သော်က အမှောင်ညပြီးဆုံးပြီဟုထင်မိသော်လည်း. . .
အမှောင်ဆုံးညက သော့်ထံဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့သည်။
ထိုနေ့က. . .အိမ်မှာသော်တစ်ယောက်ထဲရှိနေချိန်. . .
ကိုရာဇာနှင့်အတူ သူ့သူငယ်ချင်းနှစ်ယောက်ပါလာသည်။
"ဟေ့ကောင်. . .ဒီနေ့အိမ်မှာပဲ သောက်မလို့. . .အမြည်းတစ်ခုခုလုပ်ပေး"
". . . . . ."
"ပြူးကြည့်မနေနဲ့ သွက်သွက်လုပ် ငါ့အကြောင်းသိတယ်နော်"
သော် စကားနည်းရန်စဲ သဘောထားကာ အမြည်းထလုပ်ပေးလိုက်သည်။
အမြည်းချပေးတဲ့အချိန် သော့်​ပေါင်ကို သူ့လူတစ်ယောက်လှမ်းကိုင်သည်။
သော် မနှစ်မြို့စွာပုတ်ချလိုက်သည်။ စိတ်လဲ တော်တော်တိုပါသည်။
"ဟာ ရာဇာ. . .မလွယ်ပါလားကွ"
"မင်းက လောတာကိုး... လွယ်ပါတယ်ကွ... ငါစီစဥ်ပေးမယ်"
သော် နားမလည်.. .သူတို့ဘာတွေပြောနေကြတာလဲ။
"အေးလေ. . .နုနုငယ်ငယ်လေး. . .သွားကြမ်းလို့ ဟိုက လန့်ပြေးနေအုံးမယ်. . .မင်းကလဲအေးဆေးပေါ့ကွာ"
နောက်တစ်ယောက်က ဝင်ပြောပြန်သည်။
သော် အန္တရာယ်အငွေ့အသက်ရနေပါသည်။
သော် ကြောက်သည်။သော့်ကို ကြည့်သည့် အကြည့်တွေ ရိုင်းစိုင်းနေတာ သော်မြင်သည်။ ချက်ချင်းပြေးထွက်ခဲ့သည်။
ခု. ..သူတို့နှင့်သော်ပဲရှိနေတာ. . .တစ်ခုခုဆိုသော် ခံချလို့မနိုင်ဘူး။ သော် အခန်းထဲပြေးဝင်ကာ လက်နက်. . .သော့်ကိုကာကွယ်နိုင်မည့်လက်နက်ရှာသည်။
ဘာမှမတွေ့. . .
အပြင်လဲမထွက်ရဲတော့။
သူတို့အသံတွေ အော်ရယ်နေသံတွေ ညစ်ညစ်ညမ်းညမ်းပြောပြီး ရယ်နေကြတာတွေ ကြားရသည်။
တစ်ချက် သော် ကြားလိုက်သည်။ ကိုရာဇာ့အသံ. . .
"သေချာတယ်ကွာ သူအခြောက်လေးကွ. . .ယောကျားပဲကြိုက်တာ. . .နမ်းနေတာတောင်မြင်ပါတယ်ဆိုကွာ. . မင်းကိစ္စပြီးရင် သူ့ကို ခေါ်သာသွား.. .မင်းမသုံးတော့ရင် ရောင်းစားပစ်လိုက်. . .သူ့ပုံစံနဲ့ဆို ဝယ်​ကြမှာပဲ. .ဟား ဟား ဟား ဟား"
သော်. . .လန့်လွန်းလို့ဒူးပင်တုန်လာသည်။
အခန်းတံခါးကိုမှီကာ ထိုင်ချလိုက်ရတော့သည်။
သော်က ယောကျားပဲကြိုက်သည်ဆိုအုံးတော့ ထိုယောကျားသည် ကမ္ဘာပေါ်တွင် ကိုကိုကြီးတစ်ယောက်သာရှိသည်။ သော့်ကိုနမ်းခွင့် ကိုကိုကြီးမှာပဲရှိသည်။
သော့်ကိုပိုင်ဆိုင်ခွင့် ကိုကိုကြီးမှာပဲရှိသည်။
သော်က ကိုကိုကြီးကိုသာ သော့်ဘဝ သော့်အချစ်ပုံအပ်မည့်သူပါ။သော့် အသွေးအသားရော ကိုကိုကြီးလိုချင်လျှင် သော် ပေးမည်။ သူများဆီမှာ ကြွေကျပြီးသားအသွေးအသားမဖြစ်စေရပါ။ သန့်စင်ကြည်လင်၍ဖြူစင်သော သော့် အသွေးအသားကိုသာ သော် ပေးမှာပါ။ဒါကြောင့် သော့်ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုသည်။ ကိုကိုကြီးလာရင် သော်သည် ကိုကိုကြီး ထားခဲ့သည့်အတိုင်း ဘာမှမပြောင်းလဲသည့် သော် ဖြစ်စေရမည်။ကိုကိုကြီးချွေချမှ ကြွေရမည့်သူ။ သော်က ကိုကိုကြီးရဲ့ပိုင်ဆိုင်မှု။
သော်အပြင်ကို ခဏခိုးထွက်ကာ မီးဖိုခန်းထဲမှာ ရှိသည့် ကြက်သွန်လှီးသည့်ဓားနှင့် ငရုတ်ကျည်ပွေ့ကိုယူထားလိုက်သည်။
မကြာပါ. . .သော့်ကို ကိုရာဇာခေါ်သည်။
သော် အပြင်သို့မထွက်။
တံခါးကို ကန်သည်။
မရတော့ တံခါးကို သုံးယောက်လုံးဖျက်ဆီးပြီးအတင်းဝင်လာတော့သည်။
.
.
.
.
.
ဆက်ရန်. . . .
Zawgyi
Unicode
သော် အမွေလဲမမက်မောပါ။
.
.
.
တစ်ရက်. . .
သော် ကိုကိုကြီးတို့ စာမေးပွဲအချိန်ဇယားလေးကို သတင်းစာမှာတွေ့တော့ ဖြတ်ပြီးသိမ်းထားကာ တစ်ရက်ချင်း လက်ချိုးရေတွက်ကာစောင့်​နေပါသည်။
.
.
.
". . . . . ."
"ဟာ ရာဇာ. . .မလွယ်ပါလားကွ"
ဘာမှမတွေ့. . .
အပြင်လဲမထွက်ရဲတော့။
သော် အပြင်သို့မထွက်။
တံခါးကို ကန်သည်။
.
.
.
.
.
ဆက်ရန်. . . .
Continue Reading
You'll Also Like
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
441K 23.1K 51
104K 6.8K 45
Openness to new emotions and feelings,in a romantic sense.💙 >>September 4,2021 ••December 28,2021 //