နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

41.7K 1.6K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 10

884 40 0
By reli_08

(Unicode)

ရုံးသို့ ပိုင်မြင့်မြတ်ကျော်ရောက်သည်နှင့် ဌာနအတွင်းရှိ သူ့လက်အောက်က ဝန်ထမ်းတွေမှာ တနင်္ဂနွေနေ့က လုပ်သည့် ညစာစားပွဲကို သူမလာဖြစ်သည့်အကြောင်းအရင်းအား ပြာပြာသလဲမေးကြသည်။ သူ့မှာ ဝန်ထမ်းတွေကို ကြောင်းကျိုးညီညွတ်အောင်လို့ ဖြေရှင်းပေးလိုက်မှပဲ သူတို့ရဲ့ဆိုင်ရာ စားပွဲတွေဆီသို့ ပြန်သွားကြလေသည်။

"ဆရာ၊ ကျွန်တော် ဝင်လာပြီနော်"

သူရောက်နေပြီဖြစ်ကြောင်း မန်နေဂျာဖြစ်သူအား အသိပေးပြီး ဝင်သွားဖြစ်သည်။

"ဟိုတစ်နေ့က ဘယ်လိုဖြစ်လို့ မလာတာလဲ"

"ကျွန်တော့်အစ်မ ရုတ်တရက်ကြီး ဗိုက်အောင့်တယ်ဆိုတာနဲ့ဗျာ ဆေးရုံကို သွားပို့‌ပေးရတာ၊ သူ့အမျိုးသားကလည်း ခရီးထွက်နေတော့ အိမ်မှာ ကျွန်တော်ပဲရှိတယ်၊ ဆေးရုံရောက်တော့ အူအတက်ပေါက်တယ်ဆိုပြီး အစ်မက ခွဲခန်းတန်းဝင်လိုက်ရတယ်၊ ဒီလိုနဲ့ပဲ မလာဖြစ်သွားတာပါ ဆရာ"

"ဆရာတို့လည်း မင်းရောက်မလာတာနဲ့ ဘာများဖြစ်လဲပေါ့၊ ဖုန်းဆက်ကြည့်ခိုင်းတော့လည်း မကိုင်တာနဲ့ တစ်ခုခုဖြစ်နေတယ်ထင်တာ၊ ဘာမှမဖြစ်ဘူးဆိုတော့ ပြီးတာပါပဲ၊ မင်းလည်း လုပ်စရာတွေရှိမှာပေါ့၊ အခုအလုပ်သွားပြန်လုပ်လို့ရပြီ"

ဖုန်းမကိုင်ဖြစ်သည်ဆိုတာက အာကာလင်းသန့် သူ့ဖုန်းကိုယူပြီး silent လုပ်ထားခြင်းကြောင့်ဖြစ်သည်။ ဖုန်းတွေ ဝင်ထားတာကို အိမ်ကိုပြန်ရောက်သည့်အချိန်မှသာ သူသိတော့သည်။ သူ့မှာ ရှေ့လျှောက် ဤကဲ့သို့ ထပ်ကြုံရဦးမည်ဆိုလျှင် အဆင်မပြေဖြစ်လာနိုင်သည်။ တစ်ဖက်က အလုပ်၊ တစ်ဖက်က သူအရာရာနဲ့လဲပြီး ချစ်ပါသည်ဆိုသော အာကာလင်းသန့်။ ထိုနှစ်ဖက်ကြား သူ့အတွေး‌တွေ ဗြာများနေမိသည်။

သက်ပြင်းတစ်ခုကို ချမိပြန်သည်။ ဒီရက်ပိုင်းအတွင်း သက်ပြင်းချရတာတွေများသောကြောင့် အသက်တွေလည်း တိုကုန်ပြီထင်၏။

🍀

အာကာလင်းသန့်နှင့် စွမ်းရည်ထက်တို့ presentation လုပ်ပြီးသွားသည်နှင့် လေးလံကာ ဖိစီးနေသော စိတ်တို့မှာ အလိုလိုပြေလျော့သွားတော့သည်။ သူငယ်ချင်းနှစ်ဦး အတိုင်အဖောက်ညီစွာ အတန်းလစ်ပြီး နောက်တစ်ချိန်ကို ကန်တင်းတွင်သာထိုင်ပြီး အချိန်ဖြုန်းဖြစ်သည်။ စွမ်းရည်ထက်မှာ ကန်တင်းတွင် ထိုင်ပြီဆိုကတည်းက ဖုန်းကို ထုတ်ပြီး ဂိမ်းထဲတန်းဝင်ကာ ပတ်ဝန်းကျင်ကို‌မေ့လျော့သည်အထိ ဆော့တော့သည်။ အာကာလင်းသန့်ကတော့ ယောကျာ်းလေးဖြစ်ပေယ့် ဂိမ်းဆိုရင် စိတ်ကိုမဝင်စားပါ။ သူစိတ်ဝင်စားတာဆိုလျှင် ပန်းချီဆွဲခြင်းသာရှိသည်။ ထို့ကြောင့် စွမ်းရည်ထက်က ဂိမ်းဆော့နေသည့်အတွက် သူတစ်ယောက်တည်း ဟိုကြည့်ဒီကြည့် ဖြစ်ရသည်။

သူများတွေလိုမျိုး အနည်းဆုံး လူလေးယောက်လောက်ရှိပြီး ယောကျာ်းလေး၊ မိန်း‌ကလေးတွေ အုပ်စုလိုက်ကြီး သူငယ်ချင်းတွေလည်းမရှိ။ သူငယ်ချင်းဆိုလို့ စွမ်းရည်ထက်တစ်ယောက်နှင့်သာ သွားသွားလာလာ လုပ်ဖြစ်သည်။

ပထမနှစ်စတက်ကတည်းက စွမ်းရည်ထက်နှင့်ပဲ သူနှင့်စိတ်တူကိုယ်တူ ဖြစ်၍ ပေါင်းလာတာ ဤအချိန်အထိဖြစ်သည်။ ပိုင်မြင့်မြတ်ကျော်နှင့် ကိစ္စအလုံးစုံကိုလည်း စွမ်းရည်ထက်အား ပြောဆိုတိုင်ပင်နေကျ။ သူတို့အကြောင်းကို ပြောပြစဉ်က စွမ်းရည်ထက်သည် မယုံနိုင်စွာ နားလည်လက်ခံပေးခဲ့သည်။ စွမ်းရည်ထက်က အာကာလင်းသန့်အတွက်တော့ ဒိုးတူပေါင်ဖက် သူငယ်ချင်းမျိုးသာ။ ပြေးကြည့်မှ နှစ်ယောက်တည်းရှိသည့် သူတို့နှစ်ယောက်တွင် သူ့အား အဖက်မလုပ်ဘဲ ဂိမ်းကိုသာ အဖက်လုပ်နေသော စွမ်းရည်ထက်ရဲ့ ဖုန်းကို သူဆွဲလုလိုက်သည်။

"ဟေ့ရောင် ဘာလုပ်တာလဲ၊ ငါအဆဲခံရတော့မှာပဲကွာ"

"မင်းဘာသာမင်း အိမ်ရောက်မှ ဆော့ပါလား စွမ်းထက်ရာ၊ ကျောင်းမှာတော့ ငါ့ကို အဖက်လုပ်ပြီး ဒါကို မဆော့ပါနဲ့လား"

"အေးပါ လင်းသန့်ရယ်၊ ငါလည်း သတိမေ့သွားလို့ပါ"

"မင်းက ငါ့ကိုပစ်ထားပြီး ဂိမ်းပဲဆော့နေတော့ ငါပျင်းတယ်ကွ"

"ငါနဲ့အတူတူ ဂိမ်းလိုက်ဆော့ရင် ပျင်းစရာမကောင်းတော့ဘူးလေ လင်းသန့်၊ ဘယ်လိုလဲ၊‌ ‌ဆော့မလား"

"မဆော့ချင်ပါဘူး၊ ငါပျင်းလွန်းလို့ ဘာလုပ်ရမလဲ စွမ်းထက်၊ ဦးမြတ်ကိုလည်း အခုတွေ့လို့က မရဘူး"

"ပျင်းရင် မုန့်သာထိုင်စား၊ အပျင်းပြေသွားလိမ့်မယ်"

စွမ်းရည်ထက်က သူတို့ထိုင်နေသည့် စားပွဲဝိုင်းသို့ လာချပေးသော သူတို့မှာထားသည့် စားစရာတွေနှင့် အအေးတွေကို မျက်စပစ်ပြပြီး ဖြေသည်။ ထို့နောက် သူ့ရှေ့က ထမင်းပေါင်းကို ယူစားလိုက်သည်။ အာကာလင်းသန့်လည်း ကိုလာကိုယူပြီး သောက်ရန်ပြင်သည်။ သို့သော် အာကာလင်းသန့်ရဲ့ ကိုလာခွက်မှာ လမ်းတစ်ဝက်မှာတင် ဖြတ်လုခြင်း ခံလိုက်ရသည်။ အာကာလင်းသန့်က ဘယ်သူများ လက်ရဲဇက်ရဲနှင့် ဝင်လုလဲဆိုပြီး လုသွားသည့်သူကို ကြည့်တော့ ထိုသူက သူတို့ကျောင်းဝန်းထဲတွင် ဘယ်လိုမှ တွေ့ရမည်ဟု မမျှော်လင့်ထားသော ထွန်းလင်းသီဟ ဖြစ်နေသည်။

ထွန်းလင်းသီဟသည် private universityတစ်ခု၏ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး လည်ပင်းက နက်ခ်တိုင်ကို ခပ်လျော့လျော့ အနေအထား ထား,ထားကာ ရှပ်အင်္ကျီကိုလည်း ဘောင်းဘီထဲ ထည့်မဝတ်ထားပေ။ ကျောပိုးအိတ်ကို လွယ်ထားသည်မှာ ပခုံးတစ်ဖက်တွင်သာဖြစ်ပြီး သူ့ကိုလာခွက်ကိုလုယူကာ မည်သူ့ကိုမှ ဂရုမစိုက်သည့် ရုပ်နှင့် သောက်နေသော ထွန်းလင်းသီဟသည် ကန်တင်းထဲရှိ မိန်းကလေးတွေအားလုံးရဲ့ အမြင်အာရုံကို အတပ်ဖမ်းစား‌လျက်ရှိသည်။

ထွန်းလင်းသီဟက ခုံတစ်လုံးကို ‌ဆွဲယူကာ အာကာလင်းသန့်တို့ ဝိုင်းတွင် ဝင်ထိုင်သည်။

"မစားနိုင်မသောက်နိုင်လို့ သူများ အအေးခွက်လာလုတာလား"

"မင်းတို့ရှိမယ့် အဆောင်ကို ကျောင်းဝန်းထဲပတ်ပြီး ရှာရတာ မောတယ်လေကွာ၊ ဟိုလူ့မေး ဒီလူ့မေးက လုပ်လာရသေးတယ်၊ ခြေထောက်ညောင်းလာတာနဲ့ ကန်တင်းမှာထိုင်ပြီး မင်းတို့ထွက်လာတာ စောင့်မယ်လုပ်နေတုန်း ကံကောင်းလို့ မင်းတို့ကိုတွေ့တာ၊ ကံထပ်ကောင်းချင်တော့ မင်းက အအေးသောက်မယ့်ဆဲဆဲမှာ အဆင်သင့် ဖြစ်တော့တာပဲ၊ ရေအကျိုးဆယ်ပါး ပြည့်ပါတယ်၊ တွန့်တိုမနေနဲ့"

"ငါ့ကိုလာက ရေမှ မဟုတ်တာ၊ ဟုတ်လည်း မင်းကို မသထာဘူး"

"စွမ်း၊ မင်းသူငယ်ချင်းကို ပြောဦးလေကွာ၊ အရပ်တစ်ပါးကလာလည်တဲ့ ဧည့်သည်ကို အခုလို ဧည့်ဝတ်ကျေရလား"

ဤတွင် ထမင်းပေါင်းငုံ့စားနေသော စွမ်းရည်ထက် ခေါင်းထောင်လာတော့သည်။ မျက်နှာမှာ မသိမသာ ရဲနေသယောင်။

"ဘာစွမ်းလဲ၊ ရေကန်ထဲမှာနေတဲ့ အဖြူရောင်ငန်း swanလား၊ အဲ့ဒီလိုဆိုရင်တော့ မင်းပြောတဲ့ ငန်းမရှိဘူး၊ လူတွေပဲရှိတယ်"

"အာ...ကိုယ်ပြောတာ ကိုယ့်ရှေ့က စွမ်းထက်ဆိုတဲ့ စွမ်းကိုလေ၊ ကိုယ်က ငန်းကို ဘာသွားလုပ်ရမှာလဲ"

"လင်းသန့်၊ ငါတို့သူ့ကို စကားထိုင်ပြောနေတာ လွန်နေပြီ၊ သူနဲ့‌ငါတို့နဲ့က ပြောရရင် ရန်ဖက်တွေလေ၊ ရန်သူတွေအချင်းချင်း တစ်ဝိုင်းတည်း ထိုင်တာ အဆင်မပြေဘူး၊ တခြားသွားရအောင်"

"မင်းပြောတာ ဟုတ်တယ်"

စွမ်းရည်ထက်ပြောသလို အာကာလင်းသန့် ထိုင်နေရာမှထရပ်ပြီး သူတို့အိတ်တွေယူကာ ထွက်သွားဖို့ပြင်သည်။ ထိုအချိန်တွင် ထွန်းလင်းသီဟမှာ အာကာလင်းသန့်တို့ ထွက်မသွားစေရန် တားမြစ်သည်။

"နေကြပါဦးကွာ၊ မင်းတို့ ငါ့ကို ကြည့်မရ‌ဖြစ်နေတာ ငါသိတယ်၊ ငါ့လာရင်း ကိစ္စနဲ့ ပြောချင်တာလေးကိုတော့ ကျေးဇူးပြုပြီး နားထောင်ပေးလို့ရမလား"

ထွန်းလင်းသီဟက တကယ်ပြောနေသည့်ပုံစံ ဖြစ်နေသောကြောင့် စွမ်းရည်ထက်ကို အာကာလင်းသန့် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်ပြီး သူနှင့် စွမ်းရည်ထက် ပြန်ထိုင်ကြသည်။

"လာရင်း ကိစ္စကဘာမို့လို့လဲ၊ မြန်မြန်ပြော"

စွမ်းရည်ထက်က မေးလိုက်သည်။

"မင်းတို့နဲ့ ငါ သူငယ်ချင်း ဖြစ်ချင်လို့"

"အဲ့ဒီတော့"

အာကာလင်းသန့် ခပ်တည်တည်နှင့် ထွန်းလင်းသီဟကို ကြည့်ကာ‌ ပြောလိုက်ခြင်း။

"ငါတို့သုံးယောက် သူငယ်ချင်း လုပ်မယ်လေ"

"တစ်ခုရှိတယ်၊ မင်းက မင်းဦးလေးပြောလို့ ငါတို့နဲ့ လာရောချင်တာလား၊ တကယ့်စိတ်ရင်းနဲ့လား၊ မင်းဦးလေး ပြောလို့ လာရတာဆိုရင်တော့ တစ်ခါတည်း လာရာလမ်းအတိုင်း လှည့်ပြန်ရင်ကောင်းမယ်၊ မင်းစိတ်ရင်းနဲ့ဆိုရင် ငါရော လင်းသန့်ရောက လက်ခံပေးမယ်၊ ငါတို့နှစ်ယောက်က သဘောထား သေးသိမ်တဲ့လူတွေ မဟုတ်ပါဘူး"

"လေးလေး ပယောဂကြောင့်မဟုတ်ဘူး၊ ငါကိုယ်တိုင် သေချာစဉ်းစားပြီးမှ မင်းတို့နဲ့ အပေါင်းအသင်းလုပ်ချင်စိတ်ရှိမှန်းသိ‌နေလို့ လာတာ"

"အေးလေ၊ ဒီလိုဆိုတော့လည်း လက်ခံတာပေါ့၊ ဘယ်နေရာသွားသွား စွမ်းထက်တစ်ကောင်နဲ့ပဲသွားလို့ရတော့ ပျင်းနေတာ၊ မင်းနဲ့ဆိုရင် လူတိုးလာပြီ၊ မဆိုးပါဘူး"

"စွမ်းကရော ကိုယ့်ကိုလက်ခံလား"

"ကိုယ်ဆိုတော့ဘာလဲ၊ ခေါင်းပြတ်နေတာလား၊ ငါ့နာမည်ကို အပြည့်အစုံမဟုတ်ရင်တောင် လင်းသန့်ခေါ်သလို စွမ်းထက်လို့ခေါ်၊ အဖျားစွတ်ပြီး တစ်လုံးတည်းခေါ်တာက လင်းသန့်လူကြီး လင်းသန့်ကို ခေါ်နေတဲ့အတိုင်းပဲ၊ သူတို့က ရည်းစားတွေ၊ ဘယ်လိုခေါ်ခေါ်ကိစ္စမရှိဘူး၊ မင်းကတော့ ငါ့ကိုအဲ့လို လာမခေါ်ပါနဲ့၊ ငါရှိကြီးခိုးပါတယ်၊ ကြက်သီးထလို့ပါ၊ စကားပြောရင်လည်း ငါ့ကို မင်းနဲ့ငါပဲ သုံးပြီး‌ပြောမယ်ဆို လက်ခံတယ်"

စတီးဇွန်းရှည်ကို ထွန်းလင်းသီဟရဲ့ မျက်နှာနားရောက်မတတ်ထိုးရင်း စွမ်းရည်ထက် စက်သေနတ်ပစ်နေသည်။ ထွန်းလင်းသီဟရုပ်မှာ မအီမလည်နှင့်။

"အင်း ကိုယ်...မဟုတ်ဘူး ငါလက်ခံတယ်၊ ဒါဆို ငါတို့သုံးယောက် သူငယ်ချင်း ဖြစ်‌ပြီပေါ့၊ ငါ့နာမည်အပြည့်အစုံက ထွန်းလင်းသီဟ၊ ထွန်းလင်းလို့ခေါ်ရင်ရတယ်၊ မင်းတို့နာမည်အပြည့်အစုံတွေကရော၊ နာမည်တွေကို မင်းတို့တစ်ယောက်နဲ့တစ်ယောက်ခေါ်တာ နားစွန်နားဖျားပဲကြားဖူးတော့ အပြည့်အစုံ ငါမသိဘူး"

"ငါက အာကာလင်းသန့်၊ သူက စွမ်းရည်ထက်၊ ငါတို့သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်နဲ့ ခွက်ချင်းတိုက်ကြမလား"

"ကောင်းသားပဲ"

"မကောင်းဘူး၊ ခွက်ချင်းတိုက်တာ လူတိုင်းလုပ်နေကျကြီး၊ တခြားဟာ ပြောင်းလုပ်မယ်၊ ငါ့ညီမရဲ့ သကြားလုံးထုပ်ထဲက သူမသိအောင်  နှိုက်လာတဲ့ သကြားလုံးတွေ ငါ့မှာပါတယ်၊ candy landကနော် သကြားလုံးက၊ သကြားလုံးတိုက်ပြီး သွေးသောက်ဖွဲ့ကြမယ် ဘယ်လိုလဲ"

စွမ်းရည်ထက်၏ အမေးကို အာကာလင်းသန့်နှင့် ထွန်းလင်းသီဟ သဘောတူလိုက်သည်။ စွမ်းရည်ထက်က သူ့အိတ်ထဲမှ သကြားလုံးသုံးလုံးကိုယူပြီး ကျန်နှစ်ယောက်အား ပေးသည်။ ထို့နောက် သကြားလုံးသုံးလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း တိုက်လိုက်ပြီးနောက် သူတို့ရဲ့ မဟာမိတ်ဖွဲ့ခြင်း အစီအစဉ်မှာ အောင်မြင်စွာ ပြီးဆုံးသွားလေသည်။

🍀

A/N: မနက်ဖြန်ကစပြီး တစ်ရက်ကို တစ်ပိုင်းပဲတင်ပေးတော့မယ်နော်

🍀

(Zawgyi)

ရံုးသို႔ ပိုင္ျမင့္ျမတ္ေက်ာ္ေရာက္သည္ႏွင့္ ဌာနအတြင္းရိွ သူ႔လက္ေအာက္က ဝန္ထမ္းေတြမွာ တနဂၤေနြေန့က လုပ္သၫ့္ ညစာစားပြဲကို သူမလာျဖစ္သၫ့္အေၾကာင္းအရင္းအား ျပာျပာသလဲေမးၾကသည္။ သူ႔မွာ ဝန္ထမ္းေတြကို ေၾကာင္းက်ိဳးညီၫြတ္ေအာင္လို႔ ေျဖရွင္းေပးလိုက္မွပဲ သူတို႔ရဲ့ဆိုင္ရာ စားပြဲေတြဆီသို႔ ျပန္သြားၾကေလသည္။

"ဆရာ၊ ကြၽန္ေတာ္ ဝင္လာၿပီေနာ္"

သူေရာက္ေနၿပီျဖစ္ေၾကာင္း မန္ေနဂ်ာျဖစ္သူအား အသိေပးၿပီး ဝင္သြားျဖစ္သည္။

"ဟိုတစ္ေန့က ဘယ္လိုျဖစ္လို႔ မလာတာလဲ"

"ကြၽန္ေတာ့္အစ္မ ရုတ္တရက္ႀကီး ဗိုက္ေအာင့္တယ္ဆိုတာနဲ႔ဗ်ာ ေဆးရံုကို သြားပို႔‌ေပးရတာ၊ သူ႔အမ်ိဳးသားကလည္း ခရီးထြက္ေနေတာ့ အိမ္မွာ ကြၽန္ေတာ္ပဲရိွတယ္၊ ေဆးရံုေရာက္ေတာ့ အူအတက္ေပါက္တယ္ဆိုၿပီး အစ္မက ခြဲခန္းတန္းဝင္လိုက္ရတယ္၊ ဒီလိုနဲ႔ပဲ မလာျဖစ္သြားတာပါ ဆရာ"

"ဆရာတို႔လည္း မင္းေရာက္မလာတာနဲ႔ ဘာမ်ားျဖစ္လဲေပါ့၊ ဖုန္းဆက္ၾကၫ့္ခိုင္းေတာ့လည္း မကိုင္တာနဲ႔ တစ္ခုခုျဖစ္ေနတယ္ထင္တာ၊ ဘာမွမျဖစ္ဘူးဆိုေတာ့ ၿပီးတာပါပဲ၊ မင္းလည္း လုပ္စရာေတြရိွမွာေပါ့၊ အခုအလုပ္သြားျပန္လုပ္လို႔ရၿပီ"

ဖုန္းမကိုင္ျဖစ္သည္ဆိုတာက အာကာလင္းသန႔္ သူ႔ဖုန္းကိုယူၿပီး silent လုပ္ထားျခင္းေၾကာင့္ျဖစ္သည္။ ဖုန္းေတြ ဝင္ထားတာကို အိမ္ကိုျပန္ေရာက္သၫ့္အခ်ိန္မွသာ သူသိေတာ့သည္။ သူ႔မွာ ေရ႔ွေလ်ွာက္ ဤကဲ့သို႔ ထပ္ႀကံဳရဦးမည္ဆိုလ်ွင္ အဆင္မေျပျဖစ္လာႏိုင္သည္။ တစ္ဖက္က အလုပ္၊ တစ္ဖက္က သူအရာရာနဲ႔လဲၿပီး ခ်စ္ပါသည္ဆိုေသာ အာကာလင္းသန႔္။ ထိုႏွစ္ဖက္ၾကား သူ႔အေတြး‌ေတြ ျဗာမ်ားေနမိသည္။

သက္ျပင္းတစ္ခုကို ခ်မိျပန္သည္။ ဒီရက္ပိုင္းအတြင္း သက္ျပင္းခ်ရတာေတြမ်ားေသာေၾကာင့္ အသက္ေတြလည္း တိုကုန္ၿပီထင္၏။

🍀

အာကာလင္းသန႔္ႏွင့္ စြမ္းရည္ထက္တို႔ presentation လုပ္ၿပီးသြားသည္ႏွင့္ ေလးလံကာ ဖိစီးေနေသာ စိတ္တို႔မွာ အလိုလိုေျပေလ်ာ့သြားေတာ့သည္။ သူငယ္ခ်င္းႏွစ္ဦး အတိုင္အေဖာက္ညီစြာ အတန္းလစ္ၿပီး ေနာက္တစ္ခ်ိန္ကို ကန္တင္းတြင္သာထိုင္ၿပီး အခ်ိန္ျဖဳန္းျဖစ္သည္။ စြမ္းရည္ထက္မွာ ကန္တင္းတြင္ ထိုင္ၿပီဆိုကတည္းက ဖုန္းကို ထုတ္ၿပီး ဂိမ္းထဲတန္းဝင္ကာ ပတ္ဝန္းက်င္ကို‌ေမ့ေလ်ာ့သည္အထိ ေဆာ့ေတာ့သည္။ အာကာလင္းသန႔္ကေတာ့ ေယာက်ာ္းေလးျဖစ္ေပယ့္ ဂိမ္းဆိုရင္ စိတ္ကိုမဝင္စားပါ။ သူစိတ္ဝင္စားတာဆိုလ်ွင္ ပန္းခ်ီဆြဲျခင္းသာရိွသည္။ ထို႔ေၾကာင့္ စြမ္းရည္ထက္က ဂိမ္းေဆာ့ေနသၫ့္အတြက္ သူတစ္ေယာက္တည္း ဟိုၾကၫ့္ဒီၾကၫ့္ ျဖစ္ရသည္။

သူမ်ားေတြလိုမ်ိဳး အနည္းဆံုး လူေလးေယာက္ေလာက္ရိွၿပီး ေယာက်ာ္းေလး၊ မိန္း‌ကေလးေတြ အုပ္စုလိုက္ႀကီး သူငယ္ခ်င္းေတြလည္းမရိွ။ သူငယ္ခ်င္းဆိုလို႔ စြမ္းရည္ထက္တစ္ေယာက္ႏွင့္သာ သြားသြားလာလာ လုပ္ျဖစ္သည္။

ပထမႏွစ္စတက္ကတည္းက စြမ္းရည္ထက္ႏွင့္ပဲ သူႏွင့္စိတ္တူကိုယ္တူ ျဖစ္၍ ေပါင္းလာတာ ဤအခ်ိန္အထိျဖစ္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ ကိစၥအလံုးစံုကိုလည္း စြမ္းရည္ထက္အား ေျပာဆိုတိုင္ပင္ေနက်။ သူတို႔အေၾကာင္းကို ေျပာျပစဉ္က စြမ္းရည္ထက္သည္ မယံုႏိုင္စြာ နားလည္လက္ခံေပးခဲ့သည္။ စြမ္းရည္ထက္က အာကာလင္းသန႔္အတြက္ေတာ့ ဒိုးတူေပါင္ဖက္ သူငယ္ခ်င္းမ်ိဳးသာ။ ေျပးၾကၫ့္မွ ႏွစ္ေယာက္တည္းရိွသၫ့္ သူတို႔ႏွစ္ေယာက္တြင္ သူ႔အား အဖက္မလုပ္ဘဲ ဂိမ္းကိုသာ အဖက္လုပ္ေနေသာ စြမ္းရည္ထက္ရဲ့ ဖုန္းကို သူဆြဲလုလိုက္သည္။

"ေဟ့ေရာင္ ဘာလုပ္တာလဲ၊ ငါအဆဲခံရေတာ့မွာပဲကြာ"

"မင္းဘာသာမင္း အိမ္ေရာက္မွ ေဆာ့ပါလား စြမ္းထက္ရာ၊ ေက်ာင္းမွာေတာ့ ငါ့ကို အဖက္လုပ္ၿပီး ဒါကို မေဆာ့ပါနဲ႔လား"

"ေအးပါ လင္းသန႔္ရယ္၊ ငါလည္း သတိေမ့သြားလို႔ပါ"

"မင္းက ငါ့ကိုပစ္ထားၿပီး ဂိမ္းပဲေဆာ့ေနေတာ့ ငါပ်င္းတယ္ကြ"

"ငါနဲ႔အတူတူ ဂိမ္းလိုက္ေဆာ့ရင္ ပ်င္းစရာမေကာင္းေတာ့ဘူးေလ လင္းသန႔္၊ ဘယ္လိုလဲ၊‌ ‌ေဆာ့မလား"

"မေဆာ့ခ်င္ပါဘူး၊ ငါပ်င္းလြန္းလို႔ ဘာလုပ္ရမလဲ စြမ္းထက္၊ ဦးျမတ္ကိုလည္း အခုေတြ့လို႔က မရဘူး"

"ပ်င္းရင္ မုန႔္သာထိုင္စား၊ အပ်င္းေျပသြားလိမ့္မယ္"

စြမ္းရည္ထက္က သူတို႔ထိုင္ေနသၫ့္ စားပြဲဝိုင္းသို႔ လာခ်ေပးေသာ သူတို႔မွာထားသၫ့္ စားစရာေတြႏွင့္ အေအးေတြကို မ်က္စပစ္ျပၿပီး ေျဖသည္။ ထို႔ေနာက္ သူ႔ေရ႔ွက ထမင္းေပါင္းကို ယူစားလိုက္သည္။ အာကာလင္းသန႔္လည္း ကိုလာကိုယူၿပီး ေသာက္ရန္ျပင္သည္။ သို႔ေသာ္ အာကာလင္းသန႔္ရဲ့ ကိုလာခြက္မွာ လမ္းတစ္ဝက္မွာတင္ ျဖတ္လုျခင္း ခံလိုက္ရသည္။ အာကာလင္းသန႔္က ဘယ္သူမ်ား လက္ရဲဇက္ရဲႏွင့္ ဝင္လုလဲဆိုၿပီး လုသြားသၫ့္သူကို ၾကၫ့္ေတာ့ ထိုသူက သူတို႔ေက်ာင္းဝန္းထဲတြင္ ဘယ္လိုမွ ေတြ့ရမည္ဟု မေမ်ွာ္လင့္ထားေသာ ထြန္းလင္းသီဟ ျဖစ္ေနသည္။

ထြန္းလင္းသီဟသည္ private universityတစ္ခု၏ ယူနီေဖာင္းကို ဝတ္ဆင္ထားၿပီး လည္ပင္းက နက္ခ္တိုင္ကို ခပ္ေလ်ာ့ေလ်ာ့ အေနအထား ထား,ထားကာ ရွပ္အက်ႌကိုလည္း ေဘာင္းဘီထဲ ထၫ့္မဝတ္ထားေပ။ ေက်ာပိုးအိတ္ကို လြယ္ထားသည္မွာ ပခံုးတစ္ဖက္တြင္သာျဖစ္ၿပီး သူ႔ကိုလာခြက္ကိုလုယူကာ မည္သူ႔ကိုမွ ဂရုမစိုက္သၫ့္ ရုပ္ႏွင့္ ေသာက္ေနေသာ ထြန္းလင္းသီဟသည္ ကန္တင္းထဲရိွ မိန္းကေလးေတြအားလံုးရဲ့ အျမင္အာရံုကို အတပ္ဖမ္းစား‌လ်က္ရိွသည္။

ထြန္းလင္းသီဟက ခံုတစ္လံုးကို ‌ဆြဲယူကာ အာကာလင္းသန႔္တို႔ ဝိုင္းတြင္ ဝင္ထိုင္သည္။

"မစားႏိုင္မေသာက္ႏိုင္လို႔ သူမ်ား အေအးခြက္လာလုတာလား"

"မင္းတို႔ရိွမယ့္ အေဆာင္ကို ေက်ာင္းဝန္းထဲပတ္ၿပီး ရွာရတာ ေမာတယ္ေလကြာ၊ ဟိုလူ႔ေမး ဒီလူ႔ေမးက လုပ္လာရေသးတယ္၊ ေျခေထာက္ေညာင္းလာတာနဲ႔ ကန္တင္းမွာထိုင္ၿပီး မင္းတို႔ထြက္လာတာ ေစာင့္မယ္လုပ္ေနတုန္း ကံေကာင္းလို႔ မင္းတို႔ကိုေတြ့တာ၊ ကံထပ္ေကာင္းခ်င္ေတာ့ မင္းက အေအးေသာက္မယ့္ဆဲဆဲမွာ အဆင္သင့္ ျဖစ္ေတာ့တာပဲ၊ ေရအက်ိဳးဆယ္ပါး ျပၫ့္ပါတယ္၊ တြန႔္တိုမေနနဲ႔"

"ငါ့ကိုလာက ေရမွ မဟုတ္တာ၊ ဟုတ္လည္း မင္းကို မသထာဘူး"

"စြမ္း၊ မင္းသူငယ္ခ်င္းကို ေျပာဦးေလကြာ၊ အရပ္တစ္ပါးကလာလည္တဲ့ ဧၫ့္သည္ကို အခုလို ဧၫ့္ဝတ္ေက်ရလား"

ဤတြင္ ထမင္းေပါင္းငံု႔စားေနေသာ စြမ္းရည္ထက္ ေခါင္းေထာင္လာေတာ့သည္။ မ်က္ႏွာမွာ မသိမသာ ရဲေနသေယာင္။

"ဘာစြမ္းလဲ၊ ေရကန္ထဲမွာေနတဲ့ အျဖဴေရာင္ငန္း swanလား၊ အဲ့ဒီလိုဆိုရင္ေတာ့ မင္းေျပာတဲ့ ငန္းမရိွဘူး၊ လူေတြပဲရိွတယ္"

"အာ...ကိုယ္ေျပာတာ ကိုယ့္ေရ႔ွက စြမ္းထက္ဆိုတဲ့ စြမ္းကိုေလ၊ ကိုယ္က ငန္းကို ဘာသြားလုပ္ရမွာလဲ"

"လင္းသန႔္၊ ငါတို႔သူ႔ကို စကားထိုင္ေျပာေနတာ လြန္ေနၿပီ၊ သူနဲ႔‌ငါတို႔နဲ႔က ေျပာရရင္ ရန္ဖက္ေတြေလ၊ ရန္သူေတြအခ်င္းခ်င္း တစ္ဝိုင္းတည္း ထိုင္တာ အဆင္မေျပဘူး၊ တျခားသြားရေအာင္"

"မင္းေျပာတာ ဟုတ္တယ္"

စြမ္းရည္ထက္ေျပာသလို အာကာလင္းသန႔္ ထိုင္ေနရာမွထရပ္ၿပီး သူတို႔အိတ္ေတြယူကာ ထြက္သြားဖို႔ျပင္သည္။ ထိုအခ်ိန္တြင္ ထြန္းလင္းသီဟမွာ အာကာလင္းသန႔္တို႔ ထြက္မသြားေစရန္ တားျမစ္သည္။

"ေနၾကပါဦးကြာ၊ မင္းတို႔ ငါ့ကို ၾကၫ့္မရ‌ျဖစ္ေနတာ ငါသိတယ္၊ ငါ့လာရင္း ကိစၥနဲ႔ ေျပာခ်င္တာေလးကိုေတာ့ ေက်းဇူးျပဳျပီး နားေထာင္ေပးလို႔ရမလား"

ထြန္းလင္းသီဟက တကယ္ေျပာေနသၫ့္ပံုစံ ျဖစ္ေနေသာေၾကာင့္ စြမ္းရည္ထက္ကို အာကာလင္းသန႔္ ၾကၫ့္လိုက္သည္။ ထို႔ေနာက္ ေခါင္းညိတ္ျပလိုက္ၿပီး သူႏွင့္ စြမ္းရည္ထက္ ျပန္ထိုင္ၾကသည္။

"လာရင္း ကိစၥကဘာမို႔လို႔လဲ၊ ျမန္ျမန္ေျပာ"

စြမ္းရည္ထက္က ေမးလိုက္သည္။

"မင္းတို႔နဲ႔ ငါ သူငယ္ခ်င္း ျဖစ္ခ်င္လို႔"

"အဲ့ဒီေတာ့"

အာကာလင္းသန႔္ ခပ္တည္တည္ႏွင့္ ထြန္းလင္းသီဟကို ၾကၫ့္ကာ‌ ေျပာလိုက္ျခင္း။

"ငါတို႔သံုးေယာက္ သူငယ္ခ်င္း လုပ္မယ္ေလ"

"တစ္ခုရိွတယ္၊ မင္းက မင္းဦးေလးေျပာလို႔ ငါတို႔နဲ႔ လာေရာခ်င္တာလား၊ တကယ့္စိတ္ရင္းနဲ႔လား၊ မင္းဦးေလး ေျပာလို႔ လာရတာဆိုရင္ေတာ့ တစ္ခါတည္း လာရာလမ္းအတိုင္း လွၫ့္ျပန္ရင္ေကာင္းမယ္၊ မင္းစိတ္ရင္းနဲ႔ဆိုရင္ ငါေရာ လင္းသန႔္ေရာက လက္ခံေပးမယ္၊ ငါတို႔ႏွစ္ေယာက္က သေဘာထား ေသးသိမ္တဲ့လူေတြ မဟုတ္ပါဘူး"

"ေလးေလး ပေယာဂေၾကာင့္မဟုတ္ဘူး၊ ငါကိုယ္တိုင္ ေသခ်ာစဉ္းစားၿပီးမွ မင္းတို႔နဲ႔ အေပါင္းအသင္းလုပ္ခ်င္စိတ္ရိွမွန္းသိ‌ေနလို႔ လာတာ"

"ေအးေလ၊ ဒီလိုဆိုေတာ့လည္း လက္ခံတာေပါ့၊ ဘယ္ေနရာသြားသြား စြမ္းထက္တစ္ေကာင္နဲ႔ပဲသြားလို႔ရေတာ့ ပ်င္းေနတာ၊ မင္းနဲ႔ဆိုရင္ လူတိုးလာၿပီ၊ မဆိုးပါဘူး"

"စြမ္းကေရာ ကိုယ့္ကိုလက္ခံလား"

"ကိုယ္ဆိုေတာ့ဘာလဲ၊ ေခါင္းျပတ္ေနတာလား၊ ငါ့နာမည္ကို အျပၫ့္အစံုမဟုတ္ရင္ေတာင္ လင္းသန႔္ေခၚသလို စြမ္းထက္လို႔ေခၚ၊ အဖ်ားစြတ္ၿပီး တစ္လံုးတည္းေခၚတာက လင္းသန႔္လူႀကီး လင္းသန႔္ကို ေခၚေနတဲ့အတိုင္းပဲ၊ သူတို႔က ရည္းစားေတြ၊ ဘယ္လိုေခၚေခၚကိစၥမရိွဘူး၊ မင္းကေတာ့ ငါ့ကိုအဲ့လို လာမေခၚပါနဲ႔၊ ငါရိွႀကီးခိုးပါတယ္၊ ၾကက္သီးထလို႔ပါ၊ စကားေျပာရင္လည္း ငါ့ကို မင္းနဲ႔ငါပဲ သံုးၿပီး‌ေျပာမယ္ဆို လက္ခံတယ္"

စတီးဇြန္းရွည္ကို ထြန္းလင္းသီဟရဲ့ မ်က္ႏွာနားေရာက္မတတ္ထိုးရင္း စြမ္းရည္ထက္ စက္ေသနတ္ပစ္ေနသည္။ ထြန္းလင္းသီဟရုပ္မွာ မအီမလည္ႏွင့္။

"အင္း ကိုယ္...မဟုတ္ဘူး ငါလက္ခံတယ္၊ ဒါဆို ငါတို႔သံုးေယာက္ သူငယ္ခ်င္း ျဖစ္‌ၿပီေပါ့၊ ငါ့နာမည္အျပၫ့္အစံုက ထြန္းလင္းသီဟ၊ ထြန္းလင္းလို႔ေခၚရင္ရတယ္၊ မင္းတို႔နာမည္အျပၫ့္အစံုေတြကေရာ၊ နာမည္ေတြကို မင္းတို႔တစ္ေယာက္နဲ႔တစ္ေယာက္ေခၚတာ နားစြန္နားဖ်ားပဲၾကားဖူးေတာ့ အျပၫ့္အစံု ငါမသိဘူး"

"ငါက အာကာလင္းသန႔္၊ သူက စြမ္းရည္ထက္၊ ငါတို႔သူငယ္ခ်င္းျဖစ္တဲ့ အထိမ္းအမွတ္နဲ႔ ခြက္ခ်င္းတိုက္ၾကမလား"

"ေကာင္းသားပဲ"

"မေကာင္းဘူး၊ ခြက္ခ်င္းတိုက္တာ လူတိုင္းလုပ္ေနက်ႀကီး၊ တျခားဟာ ေျပာင္းလုပ္မယ္၊ ငါ့ညီမရဲ့ သၾကားလံုးထုပ္ထဲက သူမသိေအာင္  ႏိႈက္လာတဲ့ သၾကားလံုးေတြ ငါ့မွာပါတယ္၊ candy landကေနာ္ သၾကားလံုးက၊ သၾကားလံုးတိုက္ၿပီး ေသြးေသာက္ဖြဲ႔ၾကမယ္ ဘယ္လိုလဲ"

စြမ္းရည္ထက္၏ အေမးကို အာကာလင္းသန႔္ႏွင့္ ထြန္းလင္းသီဟ သေဘာတူလိုက္သည္။ စြမ္းရည္ထက္က သူ႔အိတ္ထဲမွ သၾကားလံုးသံုးလံုးကိုယူၿပီး က်န္ႏွစ္ေယာက္အား ေပးသည္။ ထို႔ေနာက္ သၾကားလံုးသံုးလံုးကို တစ္ခ်ိန္တည္း တစ္ၿပိဳင္နက္တည္း တိုက္လိုက္ၿပီးေနာက္ သူတို႔ရဲ့ မဟာမိတ္ဖြဲ႔ျခင္း အစီအစဉ္မွာ ေအာင္ျမင္စြာ ၿပီးဆံုးသြားေလသည္။

🍀

A/N: မနက္ျဖန္ကစၿပီး တစ္ရက္ကို တစ္ပိုင္းပဲတင္ေပးေတာ့မယ္ေနာ္

🍀

Continue Reading

You'll Also Like

245K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...
551K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
605K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
797K 25.8K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...