နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 9

680 37 0
By reli_08

(Unicode)

"ဦးမြတ် ကျွန်တော်နဲ့ အခုလာတွေ့လို့ရမလား"

အာကာလင်းသန့်ဖုန်းလှမ်းဆက်တာနဲ့ ပိုင်မြင့်မြတ်ကျော် အာကာလင်းသန့် ရှိနေသည့်နေရာသို့ အလျင်အမြန် သွားမိသည်။ ဒီနေ့ည သူတို့ကုမ္ပဏီက နှစ်ပတ်လည် ညစာစားပွဲရှိသောကြောင့် ထိုပွဲကိုသွားဖို့ ပြင်နေချိန်တွင် အာကာလင်းသန့်က သူ့ကိုလှမ်းခေါ်ခြင်းဖြစ်သည်။ အဆိုးလေးက အခေါ်တော်ရှိပြန်တော့လည်း ပိုင်မြင့်မြတ်ကျော်မှာ အရာအားလုံး ဘေးချိတ်ပြီး အဆိုးလေးဆီ ရှေးဦးစွာ သွားရသည်။ 'မလာနိုင်ဘူး' လို့ပြောလိုက်မိရင်လည်း စိတ်ဆိုးသွားမှာဆိုတော့ ထိုသို့အဖြစ်မခံနိုင်တော့လည်း အလိုလိုက်မြဲအတိုင်း လိုက်ရပြန်ပြီပေါ့။

စိမ်းလန်းစိုပြည်မှာ ပန်းချီလာဆွဲစဉ်က သူတို့ထိုင်ခဲ့သည့်ခုံတန်းတွင် အာကာလင်းသန့်ထိုင်နေရင်း ကန်ရေပြင်ကို မမှိတ်မသုန် စိုက်ကြည့်နေတာကို ပိုင်မြင့်မြတ်ကျော် ရောက်တာနှင့် တန်းတွေ့ရသည်။ အာကာလင်းသန့် ညာဘက်က နေရာလွတ်တွင် သူဝင်ထိုင်ကာ အာကာလင်းသန့်ရဲ့ခေါင်းကို ပုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အာကာလင်းသန့်က သူ့ကို ဘေးတစောင်း လှည့်ကြည့်သည်။ အာကာလင်းသန့် လှုပ်ရှားလိုက်တာကြောင့် ဘယ်ဘက်နားက နားဆွဲမှာလည်း ရှေ့နောက်ယမ်းကာ လူးလွန့်သွားသည်။ အာကာလင်းသန့်ရဲ့ မျက်နှာကို သူကြည့်မိချိန် မျက်နှာအမူအရာမှာ တစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည့် ပုံပေါက်နေသည်။

"ကိုယ်ရောက်လာတာ ကြာသွားလို့လား သန့်"

သူ့အမေးကို အာကာလင်းသန့်က မဟုတ်ကြောင်း ငြင်းဆိုသည့်အနေဖြင့် ခေါင်းယမ်းပြသည်။ အာကာလင်းသန့်ရဲ့ခေါင်းကို သူ့ညာဘက်လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း သူသိလိုသည့် အကြောင်းအရာကို ထပ်မေးကြည့်သည်။

"ဒါဆိုဘာလို့ မျက်နှာက မလန်းတဲ့ပုံပေါက်နေတာလဲ"

"ဒီအတိုင်း အိမ်နဲ့ ပြဿနာတက်လာလို့"

"ဟုတ်လား၊ သန့်နဲ့ ဘယ်သူ ပြဿနာဖြစ်တာလဲ၊ သန့်ရဲ့ပါးလား၊ မားလား ဒါမှမဟုတ် ကိုကိုလား၊ ကိုယ်အခုချက်ချင်း ကျွန်တော့်ရဲ့သန့်ကို ဘာအကြောင်းရှိလို့ ရာရာစစပြဿနာရှာရတာလဲဆိုပြီး သွားရှင်းမယ်၊ လာ... ၊သန့်အိမ်ကို ကိုယ်နဲ့သွားရအောင် ထ သန့်"

ပိုင်မြင့်မြတ်ကျော် အားကြိုးမာန်တက်နှင့် ချက်ချင်းထရပ်ပြီး အာကာလင်းသန့်ရဲ့လက်ကိုဆွဲကာ အာကာလင်းသန့်ရဲ့ မိသားစုတွေအား ရန်သွားဖြစ်တော့မလို လုပ်ပြလိုက်မှ ညှိုးနွမ်းနေသည့် အာကာလင်းသန့်ရဲ့မျက်နှာသည် အရောင်ပြောင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်လာတော့သည်။

"မရယ်နဲ့လေ၊ ကိုယ်တကယ်ပြောနေတာ"

"ကျွန်တော် စိတ်ရှုပ်နေတာ ဦးမြတ်ကြောင့် ပျောက်သွားပြီပဲ၊ အိုက်တင်လုပ်နေတာ တော်ပါတော့ ဦးမြတ်ရယ်"

ထိုအခါမှ ပိုင်မြင့်မြတ်ကျော် ခုံတန်းပေါ်သို့ ပြန်ထိုင်ချသည်။ အာကာလင်းသန့် သေချာကြည့်မိတော့ ပိုင်မြင့်မြတ်ကျော်က ဒီညနေတွင် ပုံမှန်ဝတ်နေကျ ရှပ်လက်ရှည်နှင့်စတိုင်ပန့် ဆိုတာထက် ပိုမိုသပ်ရပ်ပြီး သန့်ပြန့်တာကို ဝတ်ဆင်ထားသည်။

"ဦးမြတ် ဘယ်သွားမှာမို့လို့ ဒီလောက်သပ်ရပ်တဲ့ပုံစံ ဖြစ်နေရတာလဲ"

"ဒီနေ့ ကိုယ်တို့ကုမ္ပဏီက ညစာစားပွဲရှိတယ်လေ၊ ဒါကြောင့်သွားရမှာ၊ မသွားခင် သန့်ဆီအရင်လာတွေ့တာ"

ပိုင်မြင့်မြတ်ကျော်၏ ပုံမှန်ထက် နှစ်ဆပိုမို ကြည့်ကောင်းနေသည့် ပုံစံကြောင့် အာကာလင်းသန့် စိတ်မချချင် ဖြစ်သွားသည်။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုတာ သိပ်မှန်သည်။ ပိုင်မြင့်မြတ်ကျော်ရဲ့ ပွဲအတွင်း၌ ခန့်ညားနေမှုကို မိန်းကလေးတွေ အကုန်လုံးက မျက်စိမလွှဲနိုင်အောင် ဖြစ်ကြမှာ မှန်းကြည့်ရုံနဲ့တင် သိနေသည်။ ထို့အပြင် ပွဲကို သူနှင့်အတူ တက်လို့ရမှာလည်းမဟုတ်။ ထို့အတွက်ကြောင့် သူမမြင်ကွယ်ရာမှာ မိန်းကလေးတွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရနေတော့မည့် ပိုင်မြင့်မြတ်ကျော်ကို တွေးကြည့်ရုံနဲ့တင်တောင် သဝန်တိုနေသည်။ ထိုပွဲကို မတက်ဖြစ်အောင် သူတားရမည်။

"ဦးမြတ် ကျွန်တော့်ကို ချစ်လား"

"မေးစရာတောင် လိုသေးလို့လားသန့်ရဲ့၊ ကိုယ်သန့်ကို ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်စောင့်နတ်လည်းအသိ၊ သန့်ရဲ့ ကိုယ်စောင့်နတ်လည်း အသိကို"

"ကျွန်တော့်ကို ချစ်ရင် ပွဲမတက်နဲ့တော့"

ပိုင်မြင့်မြတ်ကျော် အကျပ်ရိုက်ရတော့သည်။ ပွဲက သူမတက်ရင် မသင့်တော်သည့် အခြေအနေဖြစ်သည်။ သူ့လိုမျိုး ရာထူးအတန်အသင့်ကြီးသည့် ဝန်ထမ်းတစ်ယောက်အနေနှင့် ကုမ္ပဏီရဲ့အရေးကြီးသည့် ပွဲအခမ်းအနားတစ်ခုတွင် ပျောက်နေတာ မည်သို့သော အကြောင်းတရားနှင့်မှ မဖြစ်သင့်ပါ။ သို့သော်လည်း ကျန်သည့် တစ်ဖက်တွင် မသွားခိုင်းသည့်သူက အာကာလင်းသန့်။ ပြောသည့်အတိုင်း မလုပ်ရင်တော့ မထင်မှတ်ထားတာတွေ ဖြစ်ကုန်နိုင်သည်။ သူဘာလုပ်ရမည် မသိတော့။

"ဒါကတော့ သန့်ရဲ့၊ မတက်ရင်"

"ရတယ်လေ၊ ဦးမြတ်က ကျွန်တော့်ထက် အလုပ်နဲ့ ပတ်သတ်တာကို ချစ်ရင် သွားပေါ့"

ပိုင်မြင့်မြတ်ကျော် သက်ပြင်းတစ်ခုကို လေးတွဲစွာ ချမိသည်။

"မသွားတော့ဘူး၊ သန့်နဲ့ပဲနေမယ်"

"ဒီလိုမှပေါ့ ဦးမြတ်ရယ်၊ ဦးမြတ်တို့ ညစာစားပွဲဆိုတာကြီးက ပျင်းစရာကြီးပါ၊ လွတ်လွတ်လပ်လပ်နေလို့ရတယ်သာ သူဌေးကပြောမှာပေမယ့် ဘယ်သူက ဖြစ်ကတတ်ဆန်းနေရဲမှာလဲ၊ ထိန်းသင့်သလောက် ထိန်းရမှာပဲလေ၊ အဲ့တော့ ဘယ်လိုမှ ပျော်ဖို့ကောင်းမှာမဟုတ်ဘူး၊ ကျွန်တော်နဲ့ တကယ်ပျော်ဖို့ကောင်းတဲ့နေရာကို သွားကြမယ်"

"အင်း၊ သန့်သွားချင်တဲ့ဆီသာသွား"

ထိုစကားကိုပြောလိုက်ချိန် အာကာလင်းသန့်မှာ ပျော်သွားလေသည်။ ပိုင်မြင့်မြတ်ကျော်လည်း ကုမ္ပဏီကပွဲကို လက်လွှတ်ပြီး အာကာလင်းသန့်ကို ဦးစားပေးလိုက်တာ မှားပေမယ့် အာကာလင်းသန့်ရဲ့အပြုံးတွေကို မြင်ရတော့လည်း ဖြေသာပါသည်လေ။ အလိုလိုက်ခံရသည့် ကလေးတွေက ပိုပြီး ဆိုးတတ်ကြသည်များလား။

🍀

အာကာလင်းသန့်တစ်ယောက် ပိုင်မြင့်မြတ်ကျော်ကို ဦးဆောင်ပြီး ခေါ်လာသည်မှာ Family KTVတစ်ခုသာဖြစ်သည်။ အာကာလင်းသန့်ဆိုသည်မှာ ဤသို့ ရောက်သည့်အချိန်မှစ၍ တစ်ပုဒ်နှစ်ပုဒ်ဆိုပြီးနားလိုက်၊ သူမှာထားတဲ့ သောက်စရာတွေသောက်လိုက်၊ အမြည်းစားလိုက်အပြင် ပိုင်မြင့်မြတ်ကျော်ကိုပါ သူနှင့်အတူ တွဲဆိုရန် ခေါ်ပြန်လေသောကြောင့် သူ့စိတ်တိုင်းကျ ပိုင်မြင့်မြတ်ကျော်မှာ လိုက်ဆိုပေးရသည်။ ထိုသို့ဖြင့် အာကာလင်းသန့်သည် မမောနိုင်မပန်းနိုင်သီဆိုနေတာ အာလေးလျှာလေးဖြစ်ပြီး သီချင်းစာသားတွေကို ကောင်းကောင်းမမြင်နိုင်ဖြစ်ကာ မိုက်ခ်လည်းမြဲမြဲ မကိုင်နိုင်တော့ချိန်မှပဲ ရပ်တော့သည်။ သို့ပေမယ့် သောက်ခြင်းအမှုကိုတော့ ရပ်တန့်သွားခြင်းမရှိပါ။ တဂွပ်ဂွပ်နှင့် တရစပ်သောက်သည်။

"မသောက်နဲ့တော့လေ သန့်ရာ၊ သန့်တော်တော်များနေပြီ"

သူမတားရင် မရတော့၍ ပိုင်မြင့်မြတ်ကျော် အာကာလင်းသန့်ကို ဆက်မသောက်တော့စေရန် တားဖြစ်သည်။ အာကာလင်းသန့်သောက်ထားသည့် ဘီယာပုလင်းတွေဆိုတာ သူတို့ရှေ့က စားပွဲပေါ်တွင် အတော်လေးကို ပလုံစီနေလေပြီ။ ဒါတောင်မှ အာကာလင်းသန့်သည် ခွက်ကို လက်လှမ်းနေဆဲ။

"ဒီတစ်ခွက်တည်း၊ ဒီတစ်ခွက်ပြီးရင် တော်ပြီ"

စားပွဲပေါ်ရှိ ဖန်ခွက်အား လှမ်းယူနေသည့် အာကာလင်းသန့်ရဲ့ လက်မှ လက်ကောက်ဝတ်ကို သူအုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဖန်ခွက်မှာရှိနေဆဲ လက်ချောင်းများကို ဖန်ခွက်မှ ကင်းလွတ်စေရန်ဖယ်ရှားသည်။

"အများကြီးသောက်တာ မကောင်းဘူးလေကွာ၊သန့်တော်တော်ကို အခြေအနေမကောင်းတော့လို့ ကိုယ်ပြောတာ၊ တော်လိုက်တော့နော်"

သူ့ရဲ့အပြောကို အလိုမကျမှုများစွာဖြင့် အသံတိတ်လက်ခံလိုက်ရှာသည်။ ထို့နောက် သူ့အပေါ် အမြဲလုပ်နေကျအပြုအမူ ဖြစ်သည့် သူ့ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ ဖက်တွယ်ခြင်းကို အာကာလင်းသန့်က ပြုမူသည်။ သူလည်း အာကာလင်းသန့်အားပြန်လည်ဖက်ပေးရင်း အာကာလင်းသန့်ရဲ့ ဆံပင်တွေကို ဆော့ကစားသည်။

"ဦးမြတ်ကတော့ ကျွန်တော့်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးမလား၊ ကျွန်တော့်ဦးမြတ်က ဒီလိုလုပ်မှာ မဟုတ်မှန်းလည်း ကျွန်တော်ယုံတယ်"

"သန့်က ကိုယ့်အတွက် ခဏတာမဟုတ်ဘဲ တစ်သက်လုံးအတွက် ခစားချင်တဲ့သူတစ်ယောက်ပါ သန့်ရယ်၊ ကိုယ့်အတွက်ကိုယ်တောင် မငဲ့ဘဲ ဘယ်အရာကိုမဆို သန့်အတွက်ဆိုပြီး ဦးစားပေးချင်တာတော့ ကိုယ့်စိတ်ရင်းအမှန်ပဲ၊ နောက်ပြီး သန့်ကို အတတ်နိုင်ဆုံး အမြဲလိုလို ပျော်ရွှင်အောင်ထားချင်တာ၊ ကိုယ့်ဆန္ဒအရဆိုရင်  သန့်နဲ့အတူတောင်နေချင်နေပြီ၊ ဒါပေမဲ့ သန့်ကျောင်းပြီးတဲ့ အချိန်အထိကို ကိုယ်စောင့်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒါကလည်း သန့်အတွက်ပါ၊ သန့်က ငယ်ရွယ်သေးတဲ့ လူငယ်တစ်ယောက် ဖြစ်နေသေးတော့ သန့်ကို လူငယ်တွေ လုပ်လေ့လုပ်ထရှိတာတွေ လုပ်ပြီး လွတ်လွတ်လပ်လပ် ဖြတ်သန်းစေချင်သေးတယ်၊ ဒီလောက်ဆိုရင် ကိုယ့်အပေါ် သန့်လက်ရှိ ယုံကြည်တာထက်ပိုပြီး ယုံလို့ရတယ်၊ ကိုယ်သန့်ကို ဘယ်လိုအကြောင်းနဲ့မှ စွန့်လွှတ်မှာ မဟုတ်ဘူး"

အာကာလင်းသန့်က သူ့ရင်ခွင်ထဲကို တိုးဝှေ့ထားတဲ့ ခေါင်းအား ပြန်ခွာကာ သူ့ကို ကြည်တောက်နေတဲ့ မျက်ဝန်းနက်တစ်စုံကနေ အဓိပ္ပာယ်ပါပါ မော့ကြည့်လာသည်။ ချစ်သူသက်တမ်း ကြာလာသည်နှင့်အမျှ နှုတ်က ပြောစရာမလိုအောင် မျက်ဝန်းတွေကို ကြည့်ခြင်းဖြင့် အာကာလင်းသန့် ဘာကို ပြောချင်နေတာလဲ ခန့်မှန်းတတ်လာသည်။

တဖြည်းဖြည်းချင်း နီးကပ်သွားသော နှုတ်ခမ်းနှစ်စုံမှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းမိသွားချိန်တွင် လွယ်လွယ်နှင့် လွှတ်ပေးဖို့ မဖြစ်နိုင်တော့သည့် ချိုမြမြအနမ်းတစ်ခုအား မျက်ဝန်းများကို မှေးမှိတ်ကာ ခံစားမိသည်။ အချိန်အတန်ကြာပြီးမှ အာကာလင်းသန့်ရဲ့ နုထွေးထွေး နှုတ်ခမ်းသားနှစ်လွှာကို ငုံထွေးထားရာကနေ သူလွတ်မြောက်ခွင့်ပေးသည်။ အဆုံးသတ်အနေဖြင့် အာကာလင်းသန့်ရဲ့ နှာခေါင်းအား သူ့နှာခေါင်းဖြင့် ပွတ်သပ်ကျီစယ်သည်။

"ပြန်ကြတော့မလား"

"ဟုတ်"

အိမ်အပြန်လမ်းမှာ အာကာလင်းသန့်သည် ဘေးပတ်ဝန်းကျင်ကို ဆွေးမြည့်စွာ လိုက်ကြည့်နေသည်။ ကားသွားကားလာများမှာလည်း ည(၉)နာရီဝန်းကျင်ဆိုတော့ ရှုပ်ယှက်ခတ်မနေ။ အသင့်အတင့်ဖြစ်ပြီး ကားမောင်းလို့ကောင်းသည်။

မီးပွိုင့်တစ်ခုတွင် မီးနီနေလို့ ကားရပ်ထားခိုက် ဘေးတွင်ရောက်လာသည့် ကားတစ်စီးကို မျက်လုံးက အလိုလိုရောက်သွားကာ ဘာရယ်မဟုတ် ကြည့်ဖြစ်သွားသည်။ ကားအရှေ့ခန်းတွင် ဇနီးမောင်နှံဟု ထင်ရသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့်အမျိုးသမီးက ထိုင်နေကြသည်။ ကားနောက်ခန်းတွင်တော့ အသက်မတိမ်းမယိမ်းရှိပုံရသော ညီအစ်ကိုဟု ယူဆရမည့် ကလေးနှစ်ဦးနှင့် ထိုညီအစ်ကို၏ အလယ်တွင် ခွေးလေးတစ်ကောင်ရှိသည်။

အာကာလင်းသန့် ထိုမိသားစုလေးကို ကောင်းမွန်စွာ မြင်နေရသည်မှာ ထိုမိသားစုက ကားပြတင်းပေါက်တွေကို ဖွင့်ထားခြင်းကြောင့်ဖြစ်သည်။ အဲကွန်းလေထက် သဘာဝရဲ့ ညလေအေးကို နှစ်သက်ကြပုံရသည်။ သူတို့ကားထဲမှာ ညီအစ်ကိုနှစ်ယောက်က ခွေးလေးကို ထိတွေ့ကိုင်တွယ်ကာ ကစားနေကြရင်း တခစ်ခစ်နှင့် ရယ်သံတွေပြန့်လွင့်နေကြသည် ထင်ပါရဲ့။ ကားအရှေ့ခန်းရှိ မိဘနှစ်ပါးမှာ သားနှစ်ယောက်ကို လှည့်ကြည့်ပြီး သဘောကျနေကြသည်။ အမျိုးသားဖြစ်သူက သူ၏ ဇနီးအား တစ်ခုခု စနောက်လိုက်ပုံရသည်။ ဇနီးက အမျိုးသား၏ လက်မောင်းကို ခပ်ဖွဖွရိုက်လိုက်သည်။ အမျိုးသားကတော့ သူ့ဇနီးရဲ့ အပြုအမူကြောင့် ရယ်သွားသည်။ သူတို့မိသားစုလေး ပျော်ရွှင်နေပုံက ကြည့်နေသူကိုတောင် ကြည်နူးစေနိုင်သည်။

ဤသည်က အာကာလင်းသန့်မှာရှိသလို အတုအယောင်မဟုတ်တဲ့ မိသားစုအစစ်လေးပေါ့။ ထိုကဲ့သို့သော မိသားစုလေးအား ချစ်ရတဲ့သူအတွက် ကိုယ်တိုင်ဖန်တီးပေးခွင့်ရချင်မိတာတော့ သူ့ရင်ထဲက စစ်မှန်တဲ့ ဆန္ဒတစ်ခုဖြစ်၏။ သို့သော်.....။

မီးပွိုင့်က ပြောင်းလဲနေတဲ့ အနီရောင်နံပါတ်တွေကို အာရုံစူးစိုက်ကြည့်နေသော ပိုင်မြင့်မြတ်ကျော်အား ကြည့်မိလိုက်သည့်အချိန် ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်ကာ မျက်ရည်ဝေ့ဝဲလာရသည်။ ပါးပြင်ပေါ်သို့ စီးကျမလာအောင် ပြန်လည် သိမ်းဆည်းပြီးနောက် သူငေးကြည့်ခဲ့ရသည့် မိသားစုလေးရဲ့ကားက တခြားလမ်းသို့ ကွေ့သွားခဲ့ပြီ။ သူသည်လည်း မျက်လုံးများကို မှိတ်၍ မြင်ခဲ့တာကို မေ့အောင် ကြိုးစားတော့သည်။

ပိုင်မြင့်မြတ်ကျော်မှာတော့ အာကာလင်းသန့်ကို တစ်ချက်စောင်းကြည့်ပြီး ကားမောင်းတာကိုသာ အာရုံပြန်စိုက်လိုက်သည်။ စိတ်ညစ်နေတာတွေကို မပြောဘဲ ကြိတ်မှိတ်ပြီး သိုဝှက်ထားသည့် အာကာလင်းသန့်ကို အဆင်ပြေသလို လွှတ်ပေးထားခဲ့သည်။ ကာယကံရှင်ကိုယ်တိုင်က မပြောချင်ဘဲ အတင်းအကျပ်တွေမေးရင် ကိုယ့်ဘက်က အလိုက်မသိရာကျမည်။ ပိုင်မြင့်မြတ်ကျော် သက်ပြင်းကို ယနေ့အတွက် ဒုတိယမ္မိအကြိမ်အဖြစ် ချရင်း တစ်ယောက်တည်း ကြားရရုံ မေးခွန်းလေးတစ်ခုဆိုသည်။

"ကိုယ့်ကိုယုံတယ်ဆိုပြီး ဘာလို့ ရင်မဖွင့်ရတာလဲ သန့်ရယ်"

🍀

(Zawgyi)

"ဦးျမတ္ ကြၽန္ေတာ္နဲ႔ အခုလာေတြ့လို႔ရမလား"

အာကာလင္းသန႔္ဖုန္းလွမ္းဆက္တာနဲ႔ ပိုင္ျမင့္ျမတ္ေက်ာ္ အာကာလင္းသန႔္ ရိွေနသၫ့္ေနရာသို႔ အလ်င္အျမန္ သြားမိသည္။ ဒီေန့ည သူတို႔ကုမၸဏီက ႏွစ္ပတ္လည္ ညစာစားပြဲရိွေသာေၾကာင့္ ထိုပြဲကိုသြားဖို႔ ျပင္ေနခ်ိန္တြင္ အာကာလင္းသန႔္က သူ႔ကိုလွမ္းေခၚျခင္းျဖစ္သည္။ အဆိုးေလးက အေခၚေတာ္ရိျွပန္ေတာ့လည္း ပိုင္ျမင့္ျမတ္ေက်ာ္မွာ အရာအားလံုး ေဘးခ်ိတ္ၿပီး အဆိုးေလးဆီ ေရွးဦးစြာ သြားရသည္။ 'မလာႏိုင္ဘူး' လို႔ေျပာလိုက္မိရင္လည္း စိတ္ဆိုးသြားမွာဆိုေတာ့ ထိုသို႔အျဖစ္မခံႏိုင္ေတာ့လည္း အလိုလိုက္ၿမဲအတိုင္း လိုက္ရျပန္ၿပီေပါ့။

စိမ္းလန္းစိုျပည္မွာ ပန္းခ်ီလာဆြဲစဉ္က သူတို႔ထိုင္ခဲ့သၫ့္ခံုတန္းတြင္ အာကာလင္းသန႔္ထိုင္ေနရင္း ကန္ေရျပင္ကို မမိွတ္မသုန္ စိုက္ၾကၫ့္ေနတာကို ပိုင္ျမင့္ျမတ္ေက်ာ္ ေရာက္တာႏွင့္ တန္းေတြ့ရသည္။ အာကာလင္းသန႔္ ညာဘက္က ေနရာလြတ္တြင္ သူဝင္ထိုင္ကာ အာကာလင္းသန႔္ရဲ့ေခါင္းကို ပုတ္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အာကာလင္းသန႔္က သူ႔ကို ေဘးတေစာင္း လွၫ့္ၾကၫ့္သည္။ အာကာလင္းသန႔္ လႈပ္ရွားလိုက္တာေၾကာင့္ ဘယ္ဘက္နားက နားဆြဲမွာလည္း ေရ႔ွေနာက္ယမ္းကာ လူးလြန႔္သြားသည္။ အာကာလင္းသန႔္ရဲ့ မ်က္ႏွာကို သူၾကၫ့္မိခ်ိန္ မ်က္ႏွာအမူအရာမွာ တစ္ခုခုေၾကာင့္ စိတ္အေနွာင့္အယွက္ ျဖစ္ေနသၫ့္ ပံုေပါက္ေနသည္။

"ကိုယ္ေရာက္လာတာ ၾကာသြားလို႔လား သန႔္"

သူ႔အေမးကို အာကာလင္းသန႔္က မဟုတ္ေၾကာင္း ျငင္းဆိုသၫ့္အေနျဖင့္ ေခါင္းယမ္းျပသည္။ အာကာလင္းသန႔္ရဲ့ေခါင္းကို သူ႔ညာဘက္လက္ျဖင့္ ညင္သာစြာ ပြတ္သပ္ေပးရင္း သူသိလိုသၫ့္ အေၾကာင္းအရာကို ထပ္ေမးၾကၫ့္သည္။

"ဒါဆိုဘာလို႔ မ်က္ႏွာက မလန္းတဲ့ပံုေပါက္ေနတာလဲ"

"ဒီအတိုင္း အိမ္နဲ႔ ျပႆနာတက္လာလို႔"

"ဟုတ္လား၊ သန႔္နဲ႔ ဘယ္သူ ျပႆနာျဖစ္တာလဲ၊ သန႔္ရဲ့ပါးလား၊ မားလား ဒါမွမဟုတ္ ကိုကိုလား၊ ကိုယ္အခုခ်က္ခ်င္း ကြၽန္ေတာ့္ရဲ့သန႔္ကို ဘာအေၾကာင္းရိွလို႔ ရာရာစစျပႆနာရွာရတာလဲဆိုၿပီး သြားရွင္းမယ္၊ လာ... ၊သန႔္အိမ္ကို ကိုယ္နဲ႔သြားရေအာင္ ထ သန႔္"

ပိုင္ျမင့္ျမတ္ေက်ာ္ အားႀကိဳးမာန္တက္ႏွင့္ ခ်က္ခ်င္းထရပ္ၿပီး အာကာလင္းသန႔္ရဲ့လက္ကိုဆြဲကာ အာကာလင္းသန႔္ရဲ့ မိသားစုေတြအား ရန္သြားျဖစ္ေတာ့မလို လုပ္ျပလိုက္မွ ၫွိုးႏြမ္းေနသၫ့္ အာကာလင္းသန႔္ရဲ့မ်က္ႏွာသည္ အေရာင္ေျပာင္းသြားၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္လာေတာ့သည္။

"မရယ္နဲ႔ေလ၊ ကိုယ္တကယ္ေျပာေနတာ"

"ကြၽန္ေတာ္ စိတ္ရႈပ္ေနတာ ဦးျမတ္ေၾကာင့္ ေပ်ာက္သြားၿပီပဲ၊ အိုက္တင္လုပ္ေနတာ ေတာ္ပါေတာ့ ဦးျမတ္ရယ္"

ထိုအခါမွ ပိုင္ျမင့္ျမတ္ေက်ာ္ ခံုတန္းေပၚသို႔ ျပန္ထိုင္ခ်သည္။ အာကာလင္းသန႔္ ေသခ်ာၾကၫ့္မိေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္က ဒီညေနတြင္ ပံုမွန္ဝတ္ေနက် ရွပ္လက္ရွည္ႏွင့္စတိုင္ပန႔္ ဆိုတာထက္ ပိုမိုသပ္ရပ္ၿပီး သန႔္ျပန႔္တာကို ဝတ္ဆင္ထားသည္။

"ဦးျမတ္ ဘယ္သြားမွာမို႔လို႔ ဒီေလာက္သပ္ရပ္တဲ့ပံုစံ ျဖစ္ေနရတာလဲ"

"ဒီေန့ ကိုယ္တို႔ကုမၸဏီက ညစာစားပြဲရိွတယ္ေလ၊ ဒါေၾကာင့္သြားရမွာ၊ မသြားခင္ သန႔္ဆီအရင္လာေတြ့တာ"

ပိုင္ျမင့္ျမတ္ေက်ာ္၏ ပံုမွန္ထက္ ႏွစ္ဆပိုမို ၾကၫ့္ေကာင္းေနသၫ့္ ပံုစံေၾကာင့္ အာကာလင္းသန႔္ စိတ္မခ်ခ်င္ ျဖစ္သြားသည္။ လူမွာအဝတ္ ေတာင္းမွာအကြပ္ဆိုတာ သိပ္မွန္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ပြဲအတြင္း၌ ခန႔္ညားေနမႈကို မိန္းကေလးေတြ အကုန္လံုးက မ်က္စိမလႊဲႏိုင္ေအာင္ ျဖစ္ၾကမွာ မွန္းၾကၫ့္ရံုနဲ႔တင္ သိေနသည္။ ထို႔အျပင္ ပြဲကို သူႏွင့္အတူ တက္လို႔ရမွာလည္းမဟုတ္။ ထို႔အတြက္ေၾကာင့္ သူမျမင္ကြယ္ရာမွာ မိန္းကေလးေတြရဲ့ အာရံုစိုက္မႈကို အျပၫ့္အဝရေနေတာ့မၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္ကို ေတြးၾကၫ့္ရံုနဲ႔တင္ေတာင္ သဝန္တိုေနသည္။ ထိုပြဲကို မတက္ျဖစ္ေအာင္ သူတားရမည္။

"ဦးျမတ္ ကြၽန္ေတာ့္ကို ခ်စ္လား"

"ေမးစရာေတာင္ လိုေသးလို႔လားသန႔္ရဲ့၊ ကိုယ္သန႔္ကို ခ်စ္တယ္ဆိုတာ ကိုယ့္ကိုယ္ေစာင့္နတ္လည္းအသိ၊ သန႔္ရဲ့ ကိုယ္ေစာင့္နတ္လည္း အသိကို"

"ကြၽန္ေတာ့္ကို ခ်စ္ရင္ ပြဲမတက္နဲ႔ေတာ့"

ပိုင္ျမင့္ျမတ္ေက်ာ္ အက်ပ္ရိုက္ရေတာ့သည္။ ပြဲက သူမတက္ရင္ မသင့္ေတာ္သၫ့္ အေျခအေနျဖစ္သည္။ သူ႔လိုမ်ိဳး ရာထူးအတန္အသင့္ႀကီးသၫ့္ ဝန္ထမ္းတစ္ေယာက္အေနႏွင့္ ကုမၸဏီရဲ့အေရးႀကီးသၫ့္ ပြဲအခမ္းအနားတစ္ခုတြင္ ေပ်ာက္ေနတာ မည္သို႔ေသာ အေၾကာင္းတရားႏွင့္မွ မျဖစ္သင့္ပါ။ သို႔ေသာ္လည္း က်န္သၫ့္ တစ္ဖက္တြင္ မသြားခိုင္းသၫ့္သူက အာကာလင္းသန႔္။ ေျပာသၫ့္အတိုင္း မလုပ္ရင္ေတာ့ မထင္မွတ္ထားတာေတြ ျဖစ္ကုန္ႏိုင္သည္။ သူဘာလုပ္ရမည္ မသိေတာ့။

"ဒါကေတာ့ သန႔္ရဲ့၊ မတက္ရင္"

"ရတယ္ေလ၊ ဦးျမတ္က ကြၽန္ေတာ့္ထက္ အလုပ္နဲ႔ ပတ္သတ္တာကို ခ်စ္ရင္ သြားေပါ့"

ပိုင္ျမင့္ျမတ္ေက်ာ္ သက္ျပင္းတစ္ခုကို ေလးတြဲစြာ ခ်မိသည္။

"မသြားေတာ့ဘူး၊ သန႔္နဲ႔ပဲေနမယ္"

"ဒီလိုမွေပါ့ ဦးျမတ္ရယ္၊ ဦးျမတ္တို႔ ညစာစားပြဲဆိုတာႀကီးက ပ်င္းစရာႀကီးပါ၊ လြတ္လြတ္လပ္လပ္ေနလို႔ရတယ္သာ သူေဌးကေျပာမွာေပမယ့္ ဘယ္သူက ျဖစ္ကတတ္ဆန္းေနရဲမွာလဲ၊ ထိန္းသင့္သေလာက္ ထိန္းရမွာပဲေလ၊ အဲ့ေတာ့ ဘယ္လိုမွ ေပ်ာ္ဖို႔ေကာင္းမွာမဟုတ္ဘူး၊ ကြၽန္ေတာ္နဲ႔ တကယ္ေပ်ာ္ဖို႔ေကာင္းတဲ့ေနရာကို သြားၾကမယ္"

"အင္း၊ သန႔္သြားခ်င္တဲ့ဆီသာသြား"

ထိုစကားကိုေျပာလိုက္ခ်ိန္ အာကာလင္းသန႔္မွာ ေပ်ာ္သြားေလသည္။ ပိုင္ျမင့္ျမတ္ေက်ာ္လည္း ကုမၸဏီကပြဲကို လက္လႊတ္ၿပီး အာကာလင္းသန႔္ကို ဦးစားေပးလိုက္တာ မွားေပမယ့္ အာကာလင္းသန႔္ရဲ့အၿပံဳးေတြကို ျမင္ရေတာ့လည္း ေျဖသာပါသည္ေလ။ အလိုလိုက္ခံရသၫ့္ ကေလးေတြက ပိုၿပီး ဆိုးတတ္ၾကသည္မ်ားလား။

🍀

အာကာလင္းသန႔္တစ္ေယာက္ ပိုင္ျမင့္ျမတ္ေက်ာ္ကို ဦးေဆာင္ၿပီး ေခၚလာသည္မွာ Family KTVတစ္ခုသာျဖစ္သည္။ အာကာလင္းသန႔္ဆိုသည္မွာ ဤသို႔ ေရာက္သၫ့္အခ်ိန္မွစ၍ တစ္ပုဒ္ႏွစ္ပုဒ္ဆိုၿပီးနားလိုက္၊ သူမွာထားတဲ့ ေသာက္စရာေတြေသာက္လိုက္၊ အျမည္းစားလိုက္အျပင္ ပိုင္ျမင့္ျမတ္ေက်ာ္ကိုပါ သူႏွင့္အတူ တြဲဆိုရန္ ေခၚျပန္ေလေသာေၾကာင့္ သူ႔စိတ္တိုင္းက် ပိုင္ျမင့္ျမတ္ေက်ာ္မွာ လိုက္ဆိုေပးရသည္။ ထိုသို႔ျဖင့္ အာကာလင္းသန႔္သည္ မေမာႏိုင္မပန္းႏိုင္သီဆိုေနတာ အာေလးလ်ွာေလးျဖစ္ၿပီး သီခ်င္းစာသားေတြကို ေကာင္းေကာင္းမျမင္ႏိုင္ျဖစ္ကာ မိုက္ခ္လည္းၿမဲျမဲ မကိုင္ႏိုင္ေတာ့ခ်ိန္မွပဲ ရပ္ေတာ့သည္။ သို႔ေပမယ့္ ေသာက္ျခင္းအမႈကိုေတာ့ ရပ္တန႔္သြားျခင္းမရိွပါ။ တဂြပ္ဂြပ္ႏွင့္ တရစပ္ေသာက္သည္။

"မေသာက္နဲ႔ေတာ့ေလ သန႔္ရာ၊ သန႔္ေတာ္ေတာ္မ်ားေနၿပီ"

သူမတားရင္ မရေတာ့၍ ပိုင္ျမင့္ျမတ္ေက်ာ္ အာကာလင္းသန႔္ကို ဆက္မေသာက္ေတာ့ေစရန္ တားျဖစ္သည္။ အာကာလင္းသန႔္ေသာက္ထားသၫ့္ ဘီယာပုလင္းေတြဆိုတာ သူတို႔ေရ႔ွက စားပြဲေပၚတြင္ အေတာ္ေလးကို ပလံုစီေနေလၿပီ။ ဒါေတာင္မွ အာကာလင္းသန႔္သည္ ခြက္ကို လက္လွမ္းေနဆဲ။

"ဒီတစ္ခြက္တည္း၊ ဒီတစ္ခြက္ၿပီးရင္ ေတာ္ၿပီ"

စားပြဲေပၚရိွ ဖန္ခြက္အား လွမ္းယူေနသၫ့္ အာကာလင္းသန႔္ရဲ့ လက္မွ လက္ေကာက္ဝတ္ကို သူအုပ္ကိုင္လိုက္ၿပီး က်န္လက္တစ္ဖက္ျဖင့္ ဖန္ခြက္မွာရိွေနဆဲ လက္ေခ်ာင္းမ်ားကို ဖန္ခြက္မွ ကင္းလြတ္ေစရန္ဖယ္ရွားသည္။

"အမ်ားႀကီးေသာက္တာ မေကာင္းဘူးေလကြာ၊သန႔္ေတာ္ေတာ္ကို အေျခအေနမေကာင္းေတာ့လို႔ ကိုယ္ေျပာတာ၊ ေတာ္လိုက္ေတာ့ေနာ္"

သူ႔ရဲ့အေျပာကို အလိုမက်မႈမ်ားစြာျဖင့္ အသံတိတ္လက္ခံလိုက္ရွာသည္။ ထို႔ေနာက္ သူ႔အေပၚ အၿမဲလုပ္ေနက်အျပဳအမူ ျဖစ္သၫ့္ သူ႔ရင္ခြင္ထဲ ေခါင္းတိုးေဝ႔ွကာ ဖက္တြယ္ျခင္းကို အာကာလင္းသန႔္က ျပဳမူသည္။ သူလည္း အာကာလင္းသန႔္အားျပန္လည္ဖက္ေပးရင္း အာကာလင္းသန႔္ရဲ့ ဆံပင္ေတြကို ေဆာ့ကစားသည္။

"ဦးျမတ္ကေတာ့ ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ စြန႔္လႊတ္မွာ မဟုတ္ဘူးမလား၊ ကြၽန္ေတာ့္ဦးျမတ္က ဒီလိုလုပ္မွာ မဟုတ္မွန္းလည္း ကြၽန္ေတာ္ယံုတယ္"

"သန႔္က ကိုယ့္အတြက္ ခဏတာမဟုတ္ဘဲ တစ္သက္လံုးအတြက္ ခစားခ်င္တဲ့သူတစ္ေယာက္ပါ သန႔္ရယ္၊ ကိုယ့္အတြက္ကိုယ္ေတာင္ မငဲ့ဘဲ ဘယ္အရာကိုမဆို သန႔္အတြက္ဆိုၿပီး ဦးစားေပးခ်င္တာေတာ့ ကိုယ့္စိတ္ရင္းအမွန္ပဲ၊ ေနာက္ၿပီး သန႔္ကို အတတ္ႏိုင္ဆံုး အၿမဲလိုလို ေပ်ာ္ရႊင္ေအာင္ထားခ်င္တာ၊ ကိုယ့္ဆႏၵအရဆိုရင္  သန႔္နဲ႔အတူေတာင္ေနခ်င္ေနၿပီ၊ ဒါေပမဲ့ သန႔္ေက်ာင္းၿပီးတဲ့ အခ်ိန္အထိကို ကိုယ္ေစာင့္ဖို႔ ဆံုးျဖတ္ထားတယ္၊ ဒါကလည္း သန႔္အတြက္ပါ၊ သန႔္က ငယ္ရြယ္ေသးတဲ့ လူငယ္တစ္ေယာက္ ျဖစ္ေနေသးေတာ့ သန႔္ကို လူငယ္ေတြ လုပ္ေလ့လုပ္ထရိွတာေတြ လုပ္ၿပီး လြတ္လြတ္လပ္လပ္ ျဖတ္သန္းေစခ်င္ေသးတယ္၊ ဒီေလာက္ဆိုရင္ ကိုယ့္အေပၚ သန႔္လက္ရိွ ယံုၾကည္တာထက္ပိုၿပီး ယံုလို႔ရတယ္၊ ကိုယ္သန႔္ကို ဘယ္လိုအေၾကာင္းနဲ႔မွ စြန႔္လႊတ္မွာ မဟုတ္ဘူး"

အာကာလင္းသန႔္က သူ႔ရင္ခြင္ထဲကို တိုးေဝ႔ွထားတဲ့ ေခါင္းအား ျပန္ခြာကာ သူ႔ကို ၾကည္ေတာက္ေနတဲ့ မ်က္ဝန္းနက္တစ္စံုကေန အဓိပၸာယ္ပါပါ ေမာ့ၾကၫ့္လာသည္။ ခ်စ္သူသက္တမ္း ၾကာလာသည္ႏွင့္အမ်ွ ႏႈတ္က ေျပာစရာမလိုေအာင္ မ်က္ဝန္းေတြကို ၾကၫ့္ျခင္းျဖင့္ အာကာလင္းသန႔္ ဘာကို ေျပာခ်င္ေနတာလဲ ခန႔္မွန္းတတ္လာသည္။

တျဖည္းျဖည္းခ်င္း နီးကပ္သြားေသာ ႏႈတ္ခမ္းႏွစ္စံုမွာ တစ္ခုႏွင့္တစ္ခု ေပါင္းစည္းမိသြားခ်ိန္တြင္ လြယ္လြယ္ႏွင့္ လႊတ္ေပးဖို႔ မျဖစ္ႏိုင္ေတာ့သၫ့္ ခ်ိဳျမျမအနမ္းတစ္ခုအား မ်က္ဝန္းမ်ားကို ေမွးမိွတ္ကာ ခံစားမိသည္။ အခ်ိန္အတန္ၾကာၿပီးမွ အာကာလင္းသန႔္ရဲ့ ႏုေထြးေထြး ႏႈတ္ခမ္းသားႏွစ္လႊာကို ငံုေထြးထားရာကေန သူလြတ္ေျမာက္ခြင့္ေပးသည္။ အဆံုးသတ္အေနျဖင့္ အာကာလင္းသန႔္ရဲ့ ႏွာေခါင္းအား သူ႔ႏွာေခါင္းျဖင့္ ပြတ္သပ္က်ီစယ္သည္။

"ျပန္ၾကေတာ့မလား"

"ဟုတ္"

အိမ္အျပန္လမ္းမွာ အာကာလင္းသန႔္သည္ ေဘးပတ္ဝန္းက်င္ကို ေဆြးျမၫ့္စြာ လိုက္ၾကၫ့္ေနသည္။ ကားသြားကားလာမ်ားမွာလည္း ည(၉)နာရီဝန္းက်င္ဆိုေတာ့ ရႈပ္ယွက္ခတ္မေန။ အသင့္အတင့္ျဖစ္ၿပီး ကားေမာင္းလို႔ေကာင္းသည္။

မီးပြိုင့္တစ္ခုတြင္ မီးနီေနလို႔ ကားရပ္ထားခိုက္ ေဘးတြင္ေရာက္လာသၫ့္ ကားတစ္စီးကို မ်က္လံုးက အလိုလိုေရာက္သြားကာ ဘာရယ္မဟုတ္ ၾကၫ့္ျဖစ္သြားသည္။ ကားအေရ႔ွခန္းတြင္ ဇနီးေမာင္ႏွံဟု ထင္ရသၫ့္ သက္လတ္ပိုင္းအရြယ္အမ်ိဳးသားႏွင့္အမ်ိဳးသမီးက ထိုင္ေနၾကသည္။ ကားေနာက္ခန္းတြင္ေတာ့ အသက္မတိမ္းမယိမ္းရိွပံုရေသာ ညီအစ္ကိုဟု ယူဆရမၫ့္ ကေလးႏွစ္ဦးႏွင့္ ထိုညီအစ္ကို၏ အလယ္တြင္ ေခြးေလးတစ္ေကာင္ရိွသည္။

အာကာလင္းသန႔္ ထိုမိသားစုေလးကို ေကာင္းမြန္စြာ ျမင္ေနရသည္မွာ ထိုမိသားစုက ကားျပတင္းေပါက္ေတြကို ဖြင့္ထားျခင္းေၾကာင့္ျဖစ္သည္။ အဲကြန္းေလထက္ သဘာဝရဲ့ ညေလေအးကို ႏွစ္သက္ၾကပံုရသည္။ သူတို႔ကားထဲမွာ ညီအစ္ကိုႏွစ္ေယာက္က ေခြးေလးကို ထိေတြ့ကိုင္တြယ္ကာ ကစားေနၾကရင္း တခစ္ခစ္ႏွင့္ ရယ္သံေတျြပန႔္လြင့္ေနၾကသည္ ထင္ပါရဲ့။ ကားအေရ႔ွခန္းရိွ မိဘႏွစ္ပါးမွာ သားႏွစ္ေယာက္ကို လွၫ့္ၾကၫ့္ၿပီး သေဘာက်ေနၾကသည္။ အမ်ိဳးသားျဖစ္သူက သူ၏ ဇနီးအား တစ္ခုခု စေနာက္လိုက္ပံုရသည္။ ဇနီးက အမ်ိဳးသား၏ လက္ေမာင္းကို ခပ္ဖြဖြရိုက္လိုက္သည္။ အမ်ိဳးသားကေတာ့ သူ႔ဇနီးရဲ့ အျပဳအမူေၾကာင့္ ရယ္သြားသည္။ သူတို႔မိသားစုေလး ေပ်ာ္ရႊင္ေနပံုက ၾကၫ့္ေနသူကိုေတာင္ ၾကည္ႏူးေစႏိုင္သည္။

ဤသည္က အာကာလင္းသန႔္မွာရိွသလို အတုအေယာင္မဟုတ္တဲ့ မိသားစုအစစ္ေလးေပါ့။ ထိုကဲ့သို႔ေသာ မိသားစုေလးအား ခ်စ္ရတဲ့သူအတြက္ ကိုယ္တိုင္ဖန္တီးေပးခြင့္ရခ်င္မိတာေတာ့ သူ႔ရင္ထဲက စစ္မွန္တဲ့ ဆႏၵတစ္ခုျဖစ္၏။ သို႔ေသာ္.....။

မီးပြိုင့္က ေျပာင္းလဲေနတဲ့ အနီေရာင္နံပါတ္ေတြကို အာရံုစူးစိုက္ၾကၫ့္ေနေသာ ပိုင္ျမင့္ျမတ္ေက်ာ္အား ၾကၫ့္မိလိုက္သၫ့္အခ်ိန္ ကိုယ့္ကိုကိုယ္ အားမလိုအားမရ ျဖစ္ကာ မ်က္ရည္ေဝ့ဝဲလာရသည္။ ပါးျပင္ေပၚသို႔ စီးက်မလာေအာင္ ျပန္လည္ သိမ္းဆည္းၿပီးေနာက္ သူေငးၾကၫ့္ခဲ့ရသၫ့္ မိသားစုေလးရဲ့ကားက တျခားလမ္းသို႔ ေကြ့သြားခဲ့ၿပီ။ သူသည္လည္း မ်က္လံုးမ်ားကို မိွတ္၍ ျမင္ခဲ့တာကို ေမ့ေအာင္ ႀကိဳးစားေတာ့သည္။

ပိုင္ျမင့္ျမတ္ေက်ာ္မွာေတာ့ အာကာလင္းသန႔္ကို တစ္ခ်က္ေစာင္းၾကၫ့္ၿပီး ကားေမာင္းတာကိုသာ အာရံုျပန္စိုက္လိုက္သည္။ စိတ္ညစ္ေနတာေတြကို မေျပာဘဲ ႀကိတ္မိွတ္ၿပီး သိုဝွက္ထားသၫ့္ အာကာလင္းသန႔္ကို အဆင္ေျပသလို လႊတ္ေပးထားခဲ့သည္။ ကာယကံရွင္ကိုယ္တိုင္က မေျပာခ်င္ဘဲ အတင္းအက်ပ္ေတြေမးရင္ ကိုယ့္ဘက္က အလိုက္မသိရာက်မည္။ ပိုင္ျမင့္ျမတ္ေက်ာ္ သက္ျပင္းကို ယေန့အတြက္ ဒုတိယမၼိအႀကိမ္အျဖစ္ ခ်ရင္း တစ္ေယာက္တည္း ၾကားရရံု ေမးခြန္းေလးတစ္ခုဆိုသည္။

"ကိုယ့္ကိုယံုတယ္ဆိုၿပီး ဘာလို႔ ရင္မဖြင့္ရတာလဲ သန႔္ရယ္"

🍀

Continue Reading

You'll Also Like

245K 7K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
208K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
295K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
832K 23.8K 15
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023