နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

41.6K 1.6K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 7

805 42 0
By reli_08

(Unicode)

ကုမ္ပဏီဝန်ထမ်းတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ပိုင်မြင့်မြတ်ကျော်သည်လည်း ရုံးရောက်တာနဲ့ စားပွဲမှာ တကုတ်ကုတ်နှင့် အလုပ်လုပ်၊ ထမင်းစားချိန်နား၊ ပြီးတာနဲ့ အလုပ်ပြန်လုပ်၊ အချိန်တန်ရုံးဆင်း စသည့် အမှုကိစ္စတွေနဲ့သာ သံသရာလည်သည်။

"အလုပ်လုပ်တော့မယ်ဆို လာပြီကွာ"

မန်နေဂျာအား လက်မှတ်ထိုးဖို့ လိုအပ်သည့် စာရွက်စာတမ်းတွေ သွားပေးအပြီး အလုပ်စားပွဲမှာ ပြန်ထိုင်ကာ ကီးဘုတ်ပေါ် လက်တင်ရရုံပဲ ရှိသေးသည်၊ တုန်ခါလာသည့် ဖုန်းကြောင့် ဖုန်းကို ယူကြည့်ရသည်။ ဖုန်းအော်ပရေတာတွေက ဆက်တာဖြစ်မယ်ဆိုပြီး ပစ်ထားလို့မရ။ ပစ်ထားလိုက်လို့ အာကာလင်းသန့် ဖြစ်နေမှ သူ့အတွက် ငါးပါးမှောက်မည်။

ယူကြည့်လိုက်တော့ အာကာလင်းသန့်မဟုတ်သလို ဖုန်းအော်ပရေတာကလည်း မဟုတ်။ နံပါတ်အစိမ်းဖြစ်၏။

"ဟယ်လို"

"ဦးပိုင်မြင့်မြတ်ကျော်လား မသိဘူး ခင်ဗျ"

"ဟုတ်ပါတယ်၊ ဘာကိစ္စရှိလို့ပါလဲ"

"အာကာလင်းသန့်ဆိုတဲ့ကောင်လေးကို ကျွန်တော်တို့ရဲ့ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ် ဆိုတာ လှမ်းအကြောင်းကြားတာပါ"

"ဗျာ"

ပိုင်မြင့်မြတ်ကျော်မှာ နွေခေါင်ခေါင်တွင် သူ့ရဲ့ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားချက်ဖြင့် သူ့ရဲ့ အိတ်နဲ့ ထမင်းချိုင့်ကို ခပ်မြန်မြန်ဆွဲယူကာ ကုမ္ပဏီရှေ့ ကားပါကင်ရှိ သူ့ကားလေးဆီသို့ ဒရောသောပါး သွားမိသည်။ ဟိုမှာ ကိစ္စတွေ လုပ်ရကိုင်ရတာ ကြာနေမှာစိုးတာနဲ့ တစ်ခါတည်း အရေးပေါ် ရုံးဆင်းလာခဲ့သည်။ ရင်ထဲမှာလည်း တဒိတ်ဒိတ်နှင့် ဘာအမှုနဲ့ အချုပ်ထဲ ရောက်နေမှန်းမသိသည့် အာကာလင်းသန့်ကြောင့် ဘုရားလည်း 'တ' နေရသည်။

ကားမတိုက်မိအောင် စိတ်ကထိန်းရင်း ခက်ခက်ခဲခဲ ပင်ပန်းစွာ မောင်းလာရပြီးသည့်နောက်မှာတော့ အာကာလင်းသန့်ရှိနေသော ရဲစခန်းသို့ အန္တရယ်ကင်းစွာ ရောက်လာသည်။ ပိုင်မြင့်မြတ်ကျော်ဘဝတွင် ယနေ့လောက် ကားမောင်းရတာ ရင်တထိတ်ထိတ်ဖြစ်ရသည့်နေ့ မရှိခဲ့။ ထို့အပြင် တစ်ခါမှ ခြေဦးမလှည့်ဖူးသည့် ရဲစခန်းသို့လည်း အလည်တစ်ခေါက် ရောက်နေရပြီ။

ရဲစခန်းထဲကို ရောက်တာနဲ့ ရဲအရာရှိတစ်ဦးရဲ့စားပွဲရှေ့ကခုံတွင် ဝင်ထိုင်လိုက်သည်။

"ဒီရောက်နေတဲ့ အာကာလင်းသန့်ကို အာမခံနဲ့ လာထုတ်တာပါ"

လိုရင်းကို ခပ်မြန်မြန်သာပြောဖြစ်သွားသည်။

"ဘာများတော်စပ်ပါသလဲ"

"သူ့ အုပ်ထိန်းသူပါ"

သူပြောလိုက်သည်နှင့် ထိုအရာရှိက အာကာလင်းသန့်အား အချုပ်ခန်းထဲမှ ခေါ်ထုတ်လာရန် ညွှန်ကြားလိုက်သည်။

"ဘာဖြစ်လို့ အာကာလင်းသန့် အထိန်းသိမ်းခံရတာလဲဆိုတာ ပြောပြလို့ရမလား"

"ပန်းခြံမှာ သူတို့ရန်ဖြစ်နေကြတဲ့အချိန် patrol တာဝန်ကျ ရဲဘော်တွေတွေ့ပြီး ခေါ်လာလို့ ထိန်းသိမ်းထားတဲ့ သဘောပါ"

"ဦးမြတ်"

အချုပ်ခန်းထဲမှ ထွက်လာသော အာကာလင်းသန့်က ပိုင်မြင့်မြတ်ကျော်ဘေးတွင် ဝင်ထိုင်သည်။ ဒဏ်ရာထွေထွေထူးထူးမရှိသည့် အာကာလင်းသန့်ကို အဆင်ပြေပြေ သူ့ဘေးမှာ လွတ်လွတ်လပ်လပ် တွေ့ရမှပဲ ပိုင်မြင့်မြတ်ကျော် စိတ်အေးရာရောက်သည်။

"အဆင်ပြေရဲ့လား သန့်"

"ပြေတယ် ဦးမြတ်၊ တစ်ခုတော့ရှိတယ် ဟိုဟာ"

"ကိုယ့်ကို ပြောလို့ရတယ်လေ သန့်"

"စွမ်းထက်ကိုပါ ကျွန်တော့်လိုမျိုး ထုတ်ပေးလို့ရလား"

"အင်း ထုတ်ပေးမယ်၊စွမ်းရည်ထက်ကိုပါ ကျွန်တော်အာမခံတဲ့အတွက် ထုတ်ပေးဖို့ပြောချင်ပါတယ်"

မကြာမီအချိန်တွင် စွမ်းရည်ထက်ပါ အာကာလင်းသန့်ရဲ့ဘေးကို ရောက်လာပြီး ပိုင်မြင့်မြတ်ကျော်မှာ ထိုသူငယ်ချင်းနှစ်ယောက်အတွက် အာမခံ၍ လက်မှတ်ထိုးပေးလိုက်ရသည်။ ပိုင်မြင့်မြတ်ကျော် လက်မှတ်ထိုးနေစဉ်တွင် ရဲစခန်းထဲသို့ စားဖိုမှူးဝတ်စုံဝတ်ထားသော လူတစ်ယောက်က ဆူညံစွာ ဝင်ရောက်လာသည့်အတွက် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ထိုလူမှာ ပိုင်မြင့်မြတ်ကျော်တို့အနားသို့ ရောက်လာပြီး ပါးစပ်ကလည်း တတွတ်တွတ်နှင့် အမောတကော မေး၏။

"ဟိုကောင်ဘယ်မှာလဲ၊ ဟိုကောင် ထွန်းလင်းသီဟ ဘယ်မှာလဲ၊ ဦးလေးကို ဒုက္ခပေးနေတဲ့ကောင်"

"စိတ်အေးအေးထားပါဗျာ၊ ခင်ဗျားတူကို သွားခေါ်ခိုင်းပါ့မယ်"

"အေးလို့မရဘူး၊ ဒီကောင်က မီးအမြဲမွှေးနေတာကို ဘယ်မှာ စိတ်အေးနိုင်ပါ့မလဲ၊ အခုလည်း အလေလိုက်ရာကနေ ဒီအထဲရောက်နေပြီ၊ သူနဲ့ ရန်ဖြစ်တဲ့နှစ်ယောက်ကရော ဘယ်မှာလဲ၊ လာထုတ်သွားပြီလား၊ နှစ်ယောက်တစ်ယောက် ချတယ်တဲ့၊ အင်အားမမျှလိုက်တာ၊ ဒီအတိုင်းဆို သေချာတယ် ကျွန်တော့်တူပဲ ခံလာရမှာ၊ ခေါင်းကွဲရုံပဲဆိုရင်တောင် ကံကောင်း"

သူတို့ဘေးတွင် မတ်တပ်ရပ်နေပြီး သူနဲ့ စွမ်းရည်ထက်ကပဲ ထိုလူ့တူကို အသားလွတ်ကြီး ဒဏ်ရာကြီးကြီးမားမားရအောင် လုပ်လိုက်သလို ပြောနေသည့် လူကြောင့် အာကာလင်းသန့် စိတ်တိုလာသည်။

"ဒီမှာ၊ ခင်ဗျားတူကို ကျွန်တော်တို့က အရေးပေါ်ရောက်အောင် လုပ်လိုက်သလို‌ ပြောမနေနဲ့၊ ခင်ဗျားတူသာ ကျွန်တော်တို့ကို ရန်မစရင် ဖြစ်မှာမဟုတ်ဘူး၊ ကျွန်တော်တို့က ရှောင်နေရဲ့သားနဲ့ ခင်ဗျားတူက ရွဲ့စောင်းပြီး မထိတထိလာရန်စလို့ ဖြစ်တာ၊ လတ်စသတ်တော့ ခင်ဗျားတူ ရွဲ့တဲ့တဲ့နဲ့‌ပေါက်ပန်းလေးဆယ်စကားတွေ ပြောတတ်တာ ခင်ဗျားနဲ့ တူလို့ မျိုးရိုးလိုက်သွားတာ ဖြစ်မယ်"

"ဘာကွ"

"လင်းသန့်၊ မင်းပြောတာ အရှိုက်ကို ထိသွားပြီထင်တယ်ကွာ၊ ကြက်ဖကြီး အစာနင်နေတဲ့ ရုပ်ဖြစ်သွားပြီ"

"မင်း မင်းတို့တွေ အရိုင်းအစိုင်းလေးတွေ၊ မင်းတို့မိဘတွေ မသွန်သင်ထားဘူးလား"

အာကာလင်းသန့်တို့ကို ပြောသည့် စကားတွေလွန်လာတာကြောင့် အာမခံအတွက်လိုအပ်သည့် စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးပြီးတာနဲ့ တစ်ပြိုင်နက်တည်း ထိုလူကို တားမြစ်ပြောဆိုရန် ပိုင်မြင့်မြတ်ကျော် ဆတ်ကနဲ ထပြီး ထိုလူဘက်သို့ မျက်နှာမူရပ်သည်။

"ခင်ဗျား လူကြီးတစ်ယောက်ဆိုရင် လူကြီးပီသစွာ စကားပြောပါ၊ လူငယ်တွေက အမှန်အတိုင်းပြောလို့ မခံမရပ်နိုင်ဖြစ်ပြီး စကားပြောတာ ဘောင်မကျော်လာပါနဲ့ ကိုယ့်လူ"

"နေပါဦး မင်းကို ငါသိပါတယ်၊ မင်း မောင်ပိုင်မလား၊ ပိုင်မြင့်မြတ်ကျော်၊ ငါလေ ထွန်းဝီရ"

"ထွန်းဝီရ၊ ငါ့ငယ်သူငယ်ချင်း ထွန်းဝီရလား"

"ဟုတ်တယ်ကွ ငါပဲ"

"ဝီရ မင်းကွာ၊ ငါမင်းနဲ့ ပြန်မတွေ့ရတော့ဘူး ထင်နေတာ"

နှစ်ယောက် ရန်များဖြစ်တော့မလားဆိုပြီး စောင့်ကြည့်နေသော အာကာလင်းသန့်အပါအဝင် ကျန်လူတွေမှာလည်း ပြောင်းလဲသွားသည့် အခြေအနေကြောင့် ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။

"လေးလေး"

ကြောင်တောင်တောင် အခြေအနေကို ဖြိုခွဲပေးလိုက်သည့် သူကတော့ ထွန်းလင်းသီဟ။

🍀

အခြေအနေတွေ ပြောင်းလဲသွားပြီးနောက် အာကာလင်းသန့်တို့သည် ထွန်းဝီရ ခေါ်ဆောင်ရာ ဆိုင်သို့ လိုက်သွားကြသည်။ အစပထမတုန်းက ပိုင်မြင့်မြတ်ကျော်က ငယ်သူငယ်ချင်း အရင်းကြီးနဲ့ ပြန်တွေ့သည့်အခိုက် တက်ကြွစွာလိုက်သွားချင်ပေမယ့် အာကာလင်းသန့်က ထွန်းလင်းသီဟကို မကြည်တာကြောင့် မလိုက်ချင်။ ထို့ကြောင့် ပိုင်မြင့်မြတ်ကျော်သည်လည်း ဘယ်သူနဲ့ယှဉ်ယှဉ် အာကာလင်းသန့် စိတ်မညစ်ဖို့ အရေးကြီးတာကြောင့် မလိုက်တော့ရန် ငြင်းခဲ့သေးသည်။ သို့သော်လည်း ထွန်းဝီရက သူစကားပြောတာလွန်သွားခဲ့တာရော၊ သူ့တူဘက်ကစပြီး မှားတာကို တောင်းပန်တဲ့အနေနဲ့ ဆိုင်မှာ ဧည့်ခံချင်သည်ဆိုလာလေသည်။ ထိုအချိန်တွင်မှ အာကာလင်းသန့်သည် ခေါင်းမညိတ်ချင်ညိတ်ချင်နှင့် ညိတ်သည်။

ထွန်းဝီရရဲ့ စားသောက်ဆိုင်ရှိ သီးသန့်ခန်းတစ်ခုအတွင်း၌ ပိုင်မြင့်မြတ်ကျော်၊ အာကာလင်းသန့်၊ စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟတို့ ထိုင်နေသည်။ ထွန်းဝီရကတော့ သူကိုယ်တိုင် အစားအသောက်တွေ သွားရောက်ပြင်ဆင်နေ၍ မရှိသေး။ အခန်းထဲတွင် ဤလေးယောက်သာ ရှိသည်။

အခန်းတွင်းရှိ စားပွဲခုံမှာ လူအများကြီး တွေ့ဆုံစားသောက်လို့ရသည့် လေးထောင့်စားပွဲခုံရှည် ဖြစ်ပြီး ပိုင်မြင့်မြတ်ကျော်၏ဘေးတွင် အာကာလင်းသန့်၊ တစ်ဖန် အာကာလင်းသန့်၏ ဘေးတွင် စွမ်းရည်ထက်ထိုင်ကာ သူတို့သုံးယောက်ရဲ့ မျက်နှာချင်းဆိုင်တွင် ထွန်းဝီရတို့ တူအရီးနှစ်ယောက် ထိုင်ကြမည်။ ပူပူနွေးနွေး ရန်ဖြစ်ထားကြသော အာကာလင်းသန့်၊ စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟတို့သည် မျက်နှာချင်းဆိုင် ဖြစ်နေလေတော့ မကြာခဏ အကြည့်တွေမှ တစ်ဆင့် ရန်ဖြစ်ကြပြန်သည်။ ပိုင်မြင့်မြတ်ကျော်မှာလည်း အာကာလင်းသန့်ရဲ့ လက်သီးဆုပ်ထားသော လက်လေးကို ဆုပ်ကိုင်ကာ နောက်လက်တစ်ဖက်ဖြင့် စိတ်ငြိမ်စေရန် ဖွဖွလေးပုတ်ပေးနေသည်။ ထိုမှပဲ အာကာလင်းသန့်ရဲ့ လက်သီးက တဖြည်းဖြည်း ပြေလျော့တော့သည်။

အခန်းတံခါးဖွင့်လိုက်ပြီး ထွန်းဝီရက အစားအသောက်တွေသယ်ဆောင်လာသည့် စားပွဲထိုးတွေနှင့်အတူ အခန်းထဲသို့ဝင်လာသည်။ တစ်ဆက်တည်းမှာပဲ ထွန်းလင်းသီဟဘေးက ထိုင်ခုံတွင် ထိုင်သည်။ စားပွဲထိုးတွေ ရှိနေချိန်တွင် စကားမပြောဖြစ်သေးဘဲ စားပွဲထိုးတွေ ထွက်သွားမှသာ စကားဝိုင်းကို စတင်သည်။

"ဘာလုပ်ရမှန်းမသိတာနဲ့ အကုန်လုံးအဆင်ပြေအောင် ပင်လယ်စာစပါကတီပဲ လုပ်လာလိုက်တယ်၊ စားကြတယ်မလား"

"စားပါတယ်ကွာ၊ ကိစ္စမရှိပါဘူး၊ သန့်က စပါကတီ ကြိုက်တယ်"

"ဒါဆိုလည်း စားကြတော့လေ၊ စားရင်းနဲ့ စကားပြောကြတာပေါ့"

အခန်းထဲတွင်ရှိနေသော လူငါးယောက်မှာ အစာစားခြင်းအမှုကို စတင်တော့သည်။ မတွေ့ရတာကြာနေပြီဖြစ်သော ပိုင်မြင့်မြတ်ကျော်နှင့် ထွန်းဝီရသည် ရောက်တတ်ရာရာတွေ ပြောဖြစ်ကြသည်။

"မင်းအစ်မ မမြိုင်ရော နေကောင်းတယ်မလား မောင်ပိုင်"

"ကောင်းပါတယ်ကွာ၊ သူတောင် အိမ်ထောင်ကျလို့ သမီးနှစ်ယောက်တောင် ရနေပြီ၊ အကြီးမလေး‌က (၁၀)နှစ်၊ အငယ်လေးက (၅)နှစ်"

"မမြိုင်ရဲ့ကလေးတွေတောင် ဒီအရွယ်တွေဖြစ်ကုန်ပြီလား၊ အေးလေ၊ ငါတို့တောင် သုံးဆယ်ကျော်လာပြီကို၊ ဒါလည်းမဆန်းပါဘူး၊ မင်းက ကံကောင်းတယ်လို့ ဆိုရမယ်ကွ၊ မင်းမှာက တူမတွေပဲဆိုတော့ စိတ်မညစ်ရဘူး၊ ငါ့မှာ တူဆိုတော့ မျောက်ထိန်းကို ဖြစ်နေတယ်၊ သူ့အဖေ ငါ့အစ်ကိုကလည်း သူတို့လင်မယား အလုပ်မအားလို့ မကြည့်နိုင်တော့ ငါ့ဆီကို ဘော်လီဘောပုတ်ပြီး ဒင်းကိုနှင်ချလိုက်တာ၊ ငါ့ဘဝက ဒီတူတစ်ယောက်‌ကြောင့် ရည်းစားတောင် မထားနိုင်တဲ့အဖြစ်ပါကွာ"

"ကျွန်တော်ရောက်လာတာ တစ်နှစ်တောင်မပြည့်သေးဘူး၊ အရင်တုန်းကရော လေးလေး စွံလို့လား၊ ကိုယ့်ဘာကိုယ် မစွံရင်မစွံဘူးပေါ့၊ ကျွန်တော့်ကို လာလွှဲချမနေနဲ့ လေးလေး"

"မင်းမြင်တယ်မလား မောင်ပိုင်"

သူငယ်ချင်းဖြစ်သူ ထွန်းဝီရနဲ့သူ့တူ ထွန်းလင်းသီဟတို့ကို ကြည့်ပြီး ပိုင်မြင့်မြတ်ကျော် ပြုံးမိသွားသည်။ အာကာလင်းသန့်ကို လှည့်ကြည့်မိတော့ ပန်းကန်ထဲမှာ ကမာတွေကုန်သွားပြီ ဖြစ်၏။ ကမာကြိုက်တဲ့ အာကာလင်းသန့်က ခဏလေးနှင့် အကုန်စားဖြစ်တာ မဆန်းပေ။ မကုန်မှသာ ထူးဆန်းမည်။ ထို့ကြောင့် အာကာလင်းသန့် ထပ်စားလို့ရအောင် သူ့ပန်းကန်ထဲက သူတစ်စက်မှ မထိရသေးသော ကမာတွေကို အာကာလင်းသန့်ပန်းကန်ထဲ အကုန်ထည့်ပေးဖြစ်သည်။

အာကာလင်းသန့်ရဲ့ မျက်ဝန်းနက်ကြည်တောက်တောက်လေးတွေက ပန်းကန်ထဲရောက်လာသည့် ကမာတွေကို မြင်အပြီးမှာတော့ ပိုမို တောက်ပသွားလေတော့သည်။

"ကျွန်တော် ဦးမြတ်ကို အချိန်တိုင်း ပိုပိုချစ်လာအောင် ဦးမြတ်က ပြုစားလွန်းတယ်"

သူ့အနားကိုတိုးကပ်ကာ ဘယ်သူမှ မကြားဘဲ သူတို့နှစ်ဦးသာ ကြားရအောင် အာကာလင်းသန့်ကပြောသည်။ ထို့နောက် ခေါင်းပြန်ငုံ့ကာ စပါကတီကို စားနေသည်။ အာကာလင်းသန့်ပြောတာကို ဘယ်သူမှ မကြားလိုက်ပေမယ့် အာကာလင်းသန့်ရဲ့အပြုအမူကို ထွန်းဝီရ အမှတ်တမဲ့ မြင်လိုက်သည်။ သို့သော်ငြား သိချင်နေသည့် အကြောင်းအရာကို ပေါ်တင်မမေးသေးဘဲ ပိုင်မြင့်မြတ်ကျော်ကို တစ်ရက် သက်သက်ချိန်းပြီး အတည်ပြုကြည့်ရန် ဆုံးဖြတ်သည်။

"ဟိုဘက်က ကလေးနှစ်ယောက်ကို တစ်ခုမေးစရာရှိတယ်၊ စိတ်တော့မရှိကြနဲ့နော်၊ လေးလေးတူနဲ့ ရန်စရှိကြလို့လား"

အာကာလင်းသန့်နှင့် စွမ်းရည်ထက် တစ်ချိန်တည်းမှာပဲ ခေါင်းထောင်လာကာ ထွန်းဝီရကို ကြည့်သည်။

"ငါ့ထက်စာရင် မင်းကလိပ်ပတ်လည်အောင် ပိုပြောတတ်တယ်၊ မင်းရှင်းပြလိုက် စွမ်းထက်"

"ဟိုတစ်ယောက်ရဲ့ ဦးလေးကြီး"

"လေးလေးလောက်တော့ လုပ်ပါကွာ၊ ငါ အဲ့လောက်ထိ မအိုစာသေးပါဘူး"

"လေးလေးဆိုတော့ လေးလေးပေါ့၊ ကျွန်တော် ပြောတာ သေချာနားထောင်၊ နှစ်ခါပြန်မပြောနိုင်ဘူး၊ သေချာနားမထောင်ဘဲ မေးခွန်းတွေလည်း ထပ်မမေးပါနဲ့၊ ဖြေရတဲ့လူ လေကုန်လို့"

ခက်ရင်းကိုကိုင်ကာ လက်ညှိုးငေါက်ငေါက်ထိုးသလို ထွန်းဝီရရဲ့ မျက်နှာသို့ ခက်ရင်း တရွယ်ရွယ်နှင့် စွမ်းရည်ထက်က ပြောပြရန်ပြင်သည်။ စွမ်းရည်ထက်အကြောင်းကိုသိ၍ အာကာလင်းသန့် တမင်တကာ ကိုယ်စားဖြေခိုင်းခြင်းဖြစ်သည်။ မညာတမ်း ဝန်ခံရရင် သူ့ရှေ့ကတူကိုရော ဦးလေးကိုပါ အစာကြေသည်မဟုတ်။ ပိုင်မြင့်မြတ်ကျော်မျက်နှာကြောင့်သာ ဒီနေရာကို လိုက်လာပြီး သူတို့နှင့် တစ်ဝိုင်းတည်း ထိုင်စားပေးနေခြင်းမျှပင်။

ကလပ်တွင် ရန်ဖြစ်ကြသည့်နေ့က အာကာလင်းသန့်နှင့် စွမ်းရည်ထက်တို့နှစ်ယောက်တည်း ဝိုင်းတစ်ခုတွင်ထိုင်ပြီး သောက်နေသည်။ ကတော့ မကဖြစ်။ အာကာလင်းသန့် ကချင်စိတ် မရှိသောကြောင့်ဖြစ်သည်။ စွမ်းရည်ထက်လည်း အာကာလင်းသန့်ကို ထားခဲ့ပြီး သွားမကချင်သည့်အတွက် ငုတ်တုတ်သာထိုင်ပြီး အာကာလင်းသန့်က ပိုင်မြင့်မြတ်ကျော်ကို စိတ်ဆိုးပြီး ရင်ဖွင့်တာကို နားထောင်ပေးသည်။

အတန်ကြာတော့ အာကာလင်းသန့် ခေါင်းရှုပ်နေတာတွေ ပျောက်လိုပျောက်ငြား မျက်နှာသစ်ဖို့ သန့်စင်ခန်းသွားရန် ထသည်။ သူတို့ဝိုင်းနှင့် မနီးမဝေး ရောက်ချိန်မှာပဲ အာကာလင်းသန့်အား ခပ်သွက်သွက်ရှိပုံရသော ကောင်မလေးတစ်ယောက်က သူနှင့် မိတ်ဖြစ်ဆွေဖြစ်သူတို့ဝိုင်းတွင် လာပေါင်းထိုင်ရန် ခေါ်သည်။ အာကာလင်းသန့် ငြင်းတော့ ထိုကောင်မလေးက တစ်ဖန် အာကာလင်းသန့်လက်ကို ဆွဲပြီး ခေါ်ပြန်သည်။ အာကာလင်းသန့်အနေနဲ့ သူ့လက်ကို ပိုင်မြင့်မြတ်ကျော် မဟုတ်သည့် သူစိမ်းတစ်ယောက် လာကိုင်လေတော့ စိတ်လက်တစ်ဆစ်သာရှိသူပီပီ စိတ်တိုလာပြီး ထိုမိန်းကလေး၏ လက်အား ကြမ်းတမ်းစွာ ပုတ်ထုတ်လိုက်သည်။ ထိုအချင်းအရာကိုမြင်သည့် မိန်းကလေးရဲ့ သူငယ်ချင်းတွေဖြစ်ပုံရသော ထွန်းလင်းသီဟအပါအဝင် ယောကျာ်းလေးငါးယောက်နှင့် မိန်းကလေးသုံးယောက် စုစုပေါင်းလူရှစ်ယောက်တို့က ထိုင်နေရာမှ ထလာကာ သူတို့အနားသို့ ဝိုင်းလာသည်။

အာကာလင်းသန့် အဖက်မလုပ်စွာ ထွက်သွားမည် ကြံနေစဉ်မှာပဲ ယောကျာ်းလေးတွေထဲကတစ်ယောက်သည် အာကာလင်းသန့်ရဲ့မျက်နှာကို အားပြင်းပြင်းဖြင့်ထိုးသည်။ အာကာလင်းသန့်ကလည်း ထိုတစ်ယောက်ကို လျင်မြန်စွာ ပြန်လည်ထိုးနှက်သည်။ အာကာလင်းသန့်ရဲ့ အခြေအနေကို မြင်နေရသော စွမ်းရည်ထက်လည်း သူငယ်ချင်းဖြစ်သူအား ကူညီရန် ဝင်ရောက်လာရင်း ရန်ပွဲဖြစ်ရတော့သည်။ ငါးယောက်နှင့်နှစ်ယောက်ဆိုပေမယ့် သူတို့ငါးယောက်ထဲမှ ထွန်းလင်းသီဟနှင့် ကျန်သည့် တစ်ယောက်သာ ကောင်းကောင်းမွန်မွန် ထိုးကြိတ်တတ်သည် ဖြစ်သောကြောင့် အာကာလင်းသန့်တို့နှင့် အင်အားမျှပြီး လက်ရည်တူသည်ဟု ဆိုရမည်။

အာကာလင်းသန့်နှင့် လက်ရည်ချင်း ယှဉ်ခဲ့ရသော ထွန်းလင်းသီဟက သူပြောခဲ့သည့် စကားအတိုင်း ရန်ပွဲထပ်နွဲရန် လမ်းတွင်တွေ့ပြီး စိန်ခေါ်သောကြောင့် ပန်းခြံသို့သွား၍ ရန်ဖြစ်ကြရာကနေ ယနေ့ ရဲစခန်း ရောက်သွားကြရသည်။

ဖြစ်ကြောင်းကုန်စင်တွေကို စွမ်းရည်ထက်‌ဆီကကြားပြီးသည့်နောက်တွင်တော့ ပိုင်မြင့်မြတ်ကျော်လည်း ရန်ပွဲရဲ့ အစကို သိလိုက်ရသလို ထွန်းဝီရလည်း အမြင်ရှင်းသွားသည်။ အာကာလင်းသန့်တို့ဘက်က ကြည့်ရင် မှားသည်ဟု တစ်ထစ်ချ မပြောနိုင်သကဲ့သို့ ထွန်းလင်းသီဟကလည်း မှားတာ မဟုတ်ပြန်။

"ဒီကလေးပြောတာ အမှန်တွေပဲလား ထွန်းလင်း"

"ဟု‌တ်တယ် လေးလေး"

"ပြီးနေတဲ့ကိစ္စကို အရှည်ဖြစ်အောင် ရန်ထပ်စပြီး ဖြစ်တာတော့ မင်းအလွန်ဖြစ်သွားပြီ ထွန်းလင်း၊ မင်းအမှား မင်းသိတယ်မလား၊ ငါကိုကြီးကို ဖုန်းဆက်ပြီး တိုင်မှဖြစ်မယ်"

"မတိုင်နဲ့ လေးလေးရဲ့၊ ကျွန်တော် အဆူခံရလိမ့်မယ်"

"ဒါဆို သူတို့ကို မင်းတောင်းပန်လိုက်"

"မတောင်းပန်နိုင်ပါဘူး၊ ကျွန်တော့်မှာ အပြစ်မှမရှိတာ၊ ဒီကောင်က လူမြင်ကွင်းမှာ မိန်းကလေးတစ်ယောက်ကို မထီလေးစားဆက်ဆံလို့ ရန်ဝင်ဖြစ်ပေးတာပဲရှိတယ်၊ ကျန်တာဘာမှမရှိဘူး"

"မင်းသူငယ်ချင်းသာ ငါ့ချစ်သူ မြတ်မြတ်နိုးနိုး ကိုင်တဲ့ငါ့လက်ကိုသာ လာမထိရင် ဘာမှ မထီလေးစား ဆက်ဆံခဲ့စရာ အကြောင်းမရှိဘူး‌ ဟေ့ရောင်"

ပိုင်မြင့်မြတ်ကျော်မှာ အာကာလင်းသန့်ရဲ့ အပြောကို ကြားအပြီး ကြည်နူးမိသွားသည်။

"ဒီကလေးတွေ ပြောမှ ပိုဆိုးနေတယ်၊ ထွန်းလင်းက မတောင်းပန်ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ၊ ဒါပေမဲ့ လေးလေးမှာ ဒီ့ထက် ပိုကောင်းတဲ့ နည်းလမ်းရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ မင်းတို့ သုံးယောက် သူငယ်ချင်း လုပ်ရမယ်"

"ဝီရ၊ မင်းအကြံ ဘယ်ဆိုးလို့လဲ၊ ဒီလိုဆို သူတို့သုံးယောက် ဘယ်တော့မှ ရဲစခန်းထပ်ရောက်မှာ မဟုတ်တော့ဘူး"

ပိုင်မြင့်မြတ်ကျော်သည် ထွန်းဝီရရဲ့ စကားကို သဘောကျစွာ ထောက်ခံသည်။ လူလတ်ပိုင်းအရွယ်နှစ်ယောက်က အတိုင်အဖောက်ညီနေသည်နှင့် အလားတူ လူငယ်သုံးယောက်သည်လည်း တစ်လေသံတည်း ထွက်လာသည်။

"လက်မခံနိုင်ဘူး"

သုံးယောက်လုံး တစ်ချိန်တည်း ပြောမိသွားသော စကားဖြစ်လေသည်။

"ဒါပေါ့၊ ဘယ်လက်ခံနိုင်ပါ့မလဲ၊ ဒါကြောင့်မို့ ထွန်းလင်းက သူတို့နှစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်လာအောင် ကြိုးစားရမယ်၊ မကြိုးစားချင်ရင် ရတယ်နော်၊ UKကို ဖုန်းလေးတစ်ချက် လှမ်းဆက်လိုက်ရုံပဲ"

"လုပ်မယ်ဗျာ"

ထွန်းလင်းသီဟ စိတ်ပျက်စွာ သဘောတူလိုက်ရသည်။ မျက်နှာချင်းဆိုင်က အာကာလင်းသန့်နှင့် စွမ်းရည်ထက်ကို လှမ်းအကြည့် သူ့ကို လူယုတ်မာ အပြုံးတွေနှင့် ပြန်ကြည့်နေလေသည်။ ထိုနှစ်ယောက်ထဲက တစ်ယောက်ကြောင့် ထွန်းလင်းသီဟရဲ့ ဘယ်ဘက်ရင်အုံမှာ ရုတ်တရက် လှိုင်းထသွားတာကို ထွန်းလင်းသီဟ တစ်ယောက်တည်းသာ မယုံနိုင်စွာ သတိထားမိလိုက်လေသည်။

🍀

(Zawgyi)

ကုမၸဏီဝန္ထမ္းတို႔၏ လုပ္ရိုးလုပ္စဉ္အတိုင္း ပိုင္ျမင့္ျမတ္ေက်ာ္သည္လည္း ရံုးေရာက္တာနဲ႔ စားပြဲမွာ တကုတ္ကုတ္ႏွင့္ အလုပ္လုပ္၊ ထမင္းစားခ်ိန္နား၊ ၿပီးတာနဲ႔ အလုပ္ျပန္လုပ္၊ အခ်ိန္တန္ရံုးဆင္း စသၫ့္ အမႈကိစၥေတြနဲ႔သာ သံသရာလည္သည္။

"အလုပ္လုပ္ေတာ့မယ္ဆို လာၿပီကြာ"

မန္ေနဂ်ာအား လက္မွတ္ထိုးဖို႔ လိုအပ္သၫ့္ စာရြက္စာတမ္းေတြ သြားေပးအၿပီး အလုပ္စားပြဲမွာ ျပန္ထိုင္ကာ ကီးဘုတ္ေပၚ လက္တင္ရရံုပဲ ရိွေသးသည္၊ တုန္ခါလာသၫ့္ ဖုန္းေၾကာင့္ ဖုန္းကို ယူၾကၫ့္ရသည္။ ဖုန္းေအာ္ပေရတာေတြက ဆက္တာျဖစ္မယ္ဆိုၿပီး ပစ္ထားလို႔မရ။ ပစ္ထားလိုက္လို႔ အာကာလင္းသန႔္ ျဖစ္ေနမွ သူ႔အတြက္ ငါးပါးေမွာက္မည္။

ယူၾကၫ့္လိုက္ေတာ့ အာကာလင္းသန႔္မဟုတ္သလို ဖုန္းေအာ္ပေရတာကလည္း မဟုတ္။ နံပါတ္အစိမ္းျဖစ္၏။

"ဟယ္လို"

"ဦးပိုင္ျမင့္ျမတ္ေက်ာ္လား မသိဘူး ခင္ဗ်"

"ဟုတ္ပါတယ္၊ ဘာကိစၥရိွလို႔ပါလဲ"

"အာကာလင္းသန႔္ဆိုတဲ့ေကာင္ေလးကို ကြၽန္ေတာ္တို႔ရဲ့ နယ္ေျမရဲစခန္းမွာ ထိန္းသိမ္းထားတယ္ ဆိုတာ လွမ္းအေၾကာင္းၾကားတာပါ"

"ဗ်ာ"

ပိုင္ျမင့္ျမတ္ေက်ာ္မွာ ေနြေခါင္ေခါင္တြင္ သူ႔ရဲ့ေခါင္းတၫ့္တၫ့္သို႔ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို ခံစားခ်က္ျဖင့္ သူ႔ရဲ့ အိတ္နဲ႔ ထမင္းခ်ိဳင့္ကို ခပ္ျမန္ျမန္ဆြဲယူကာ ကုမၸဏီေရ႔ွ ကားပါကင္ရိွ သူ႔ကားေလးဆီသို႔ ဒေရာေသာပါး သြားမိသည္။ ဟိုမွာ ကိစၥေတြ လုပ္ရကိုင္ရတာ ၾကာေနမွာစိုးတာနဲ႔ တစ္ခါတည္း အေရးေပၚ ရံုးဆင္းလာခဲ့သည္။ ရင္ထဲမွာလည္း တဒိတ္ဒိတ္ႏွင့္ ဘာအမႈနဲ႔ အခ်ဳပ္ထဲ ေရာက္ေနမွန္းမသိသၫ့္ အာကာလင္းသန႔္ေၾကာင့္ ဘုရားလည္း 'တ' ေနရသည္။

ကားမတိုက္မိေအာင္ စိတ္ကထိန္းရင္း ခက္ခက္ခဲခဲ ပင္ပန္းစြာ ေမာင္းလာရၿပီးသၫ့္ေနာက္မွာေတာ့ အာကာလင္းသန႔္ရိွေနေသာ ရဲစခန္းသို႔ အႏၲရယ္ကင္းစြာ ေရာက္လာသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ဘဝတြင္ ယေန့ေလာက္ ကားေမာင္းရတာ ရင္တထိတ္ထိတ္ျဖစ္ရသၫ့္ေန့ မရိွခဲ့။ ထို႔အျပင္ တစ္ခါမွ ေျခဦးမလွၫ့္ဖူးသၫ့္ ရဲစခန္းသို႔လည္း အလည္တစ္ေခါက္ ေရာက္ေနရၿပီ။

ရဲစခန္းထဲကို ေရာက္တာနဲ႔ ရဲအရာရိွတစ္ဦးရဲ့စားပြဲေရ႔ွကခံုတြင္ ဝင္ထိုင္လိုက္သည္။

"ဒီေရာက္ေနတဲ့ အာကာလင္းသန႔္ကို အာမခံနဲ႔ လာထုတ္တာပါ"

လိုရင္းကို ခပ္ျမန္ျမန္သာေျပာျဖစ္သြားသည္။

"ဘာမ်ားေတာ္စပ္ပါသလဲ"

"သူ႔ အုပ္ထိန္းသူပါ"

သူေျပာလိုက္သည္ႏွင့္ ထိုအရာရိွက အာကာလင္းသန႔္အား အခ်ဳပ္ခန္းထဲမွ ေခၚထုတ္လာရန္ ၫႊန္ၾကားလိုက္သည္။

"ဘာျဖစ္လို႔ အာကာလင္းသန႔္ အထိန္းသိမ္းခံရတာလဲဆိုတာ ေျပာျပလို႔ရမလား"

"ပန္းၿခံမွာ သူတို႔ရန္ျဖစ္ေနၾကတဲ့အခ်ိန္ patrol တာဝန္က် ရဲေဘာ္ေတြေတြ့ၿပီး ေခၚလာလို႔ ထိန္းသိမ္းထားတဲ့ သေဘာပါ"

"ဦးျမတ္"

အခ်ဳပ္ခန္းထဲမွ ထြက္လာေသာ အာကာလင္းသန႔္က ပိုင္ျမင့္ျမတ္ေက်ာ္ေဘးတြင္ ဝင္ထိုင္သည္။ ဒဏ္ရာေထြေထြထူးထူးမရိွသၫ့္ အာကာလင္းသန႔္ကို အဆင္ေျပျပေ သူ႔ေဘးမွာ လြတ္လြတ္လပ္လပ္ ေတြ့ရမွပဲ ပိုင္ျမင့္ျမတ္ေက်ာ္ စိတ္ေအးရာေရာက္သည္။

"အဆင္ေျပရဲ့လား သန႔္"

"ေျပတယ္ ဦးျမတ္၊ တစ္ခုေတာ့ရိွတယ္ ဟိုဟာ"

"ကိုယ့္ကို ေျပာလို႔ရတယ္ေလ သန႔္"

"စြမ္းထက္ကိုပါ ကြၽန္ေတာ့္လိုမ်ိဳး ထုတ္ေပးလို႔ရလား"

"အင္း ထုတ္ေပးမယ္၊စြမ္းရည္ထက္ကိုပါ ကြၽန္ေတာ္အာမခံတဲ့အတြက္ ထုတ္ေပးဖို႔ေျပာခ်င္ပါတယ္"

မၾကာမီအခ်ိန္တြင္ စြမ္းရည္ထက္ပါ အာကာလင္းသန႔္ရဲ့ေဘးကို ေရာက္လာၿပီး ပိုင္ျမင့္ျမတ္ေက်ာ္မွာ ထိုသူငယ္ခ်င္းႏွစ္ေယာက္အတြက္ အာမခံ၍ လက္မွတ္ထိုးေပးလိုက္ရသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ လက္မွတ္ထိုးေနစဉ္တြင္ ရဲစခန္းထဲသို႔ စားဖိုမွဴးဝတ္စံုဝတ္ထားေသာ လူတစ္ေယာက္က ဆူညံစြာ ဝင္ေရာက္လာသၫ့္အတြက္ ရုတ္ရုတ္သဲသဲျဖစ္ကုန္သည္။ ထိုလူမွာ ပိုင္ျမင့္ျမတ္ေက်ာ္တို႔အနားသို႔ ေရာက္လာၿပီး ပါးစပ္ကလည္း တတြတ္တြတ္ႏွင့္ အေမာတေကာ ေမး၏။

"ဟိုေကာင္ဘယ္မွာလဲ၊ ဟိုေကာင္ ထြန္းလင္းသီဟ ဘယ္မွာလဲ၊ ဦးေလးကို ဒုကၡေပးေနတဲ့ေကာင္"

"စိတ္ေအးေအးထားပါဗ်ာ၊ ခင္ဗ်ားတူကို သြားေခၚခိုင္းပါ့မယ္"

"ေအးလို႔မရဘူး၊ ဒီေကာင္က မီးအၿမဲေမႊးေနတာကို ဘယ္မွာ စိတ္ေအးႏိုင္ပါ့မလဲ၊ အခုလည္း အေလလိုက္ရာကေန ဒီအထဲေရာက္ေနၿပီ၊ သူနဲ႔ ရန္ျဖစ္တဲ့ႏွစ္ေယာက္ကေရာ ဘယ္မွာလဲ၊ လာထုတ္သြားၿပီလား၊ ႏွစ္ေယာက္တစ္ေယာက္ ခ်တယ္တဲ့၊ အင္အားမမ်ွလိုက္တာ၊ ဒီအတိုင္းဆို ေသခ်ာတယ္ ကြၽန္ေတာ့္တူပဲ ခံလာရမွာ၊ ေခါင္းကြဲရံုပဲဆိုရင္ေတာင္ ကံေကာင္း"

သူတို႔ေဘးတြင္ မတ္တပ္ရပ္ေနၿပီး သူနဲ႔ စြမ္းရည္ထက္ကပဲ ထိုလူ႔တူကို အသားလြတ္ႀကီး ဒဏ္ရာႀကီးႀကီးမားမားရေအာင္ လုပ္လိုက္သလို ေျပာေနသၫ့္ လူေၾကာင့္ အာကာလင္းသန႔္ စိတ္တိုလာသည္။

"ဒီမွာ၊ ခင္ဗ်ားတူကို ကြၽန္ေတာ္တို႔က အေရးေပၚေရာက္ေအာင္ လုပ္လိုက္သလို‌ ေျပာမေနနဲ႔၊ ခင္ဗ်ားတူသာ ကြၽန္ေတာ္တို႔ကို ရန္မစရင္ ျဖစ္မွာမဟုတ္ဘူး၊ ကြၽန္ေတာ္တို႔က ေရွာင္ေနရဲ့သားနဲ႔ ခင္ဗ်ားတူက ရြဲ႔ေစာင္းၿပီး မထိတထိလာရန္စလို႔ ျဖစ္တာ၊ လတ္စသတ္ေတာ့ ခင္ဗ်ားတူ ရြဲ႔တဲ့တဲ့နဲ႔‌ေပါက္ပန္းေလးဆယ္စကားေတြ ေျပာတတ္တာ ခင္ဗ်ားနဲ႔ တူလို႔ မ်ိဳးရိုးလိုက္သြားတာ ျဖစ္မယ္"

"ဘာကြ"

"လင္းသန႔္၊ မင္းေျပာတာ အရိႈက္ကို ထိသြားၿပီထင္တယ္ကြာ၊ ၾကက္ဖႀကီး အစာနင္ေနတဲ့ ရုပ္ျဖစ္သြားၿပီ"

"မင္း မင္းတို႔ေတြ အရိုင္းအစိုင္းေလးေတြ၊ မင္းတို႔မိဘေတြ မသြန္သင္ထားဘူးလား"

အာကာလင္းသန႔္တို႔ကို ေျပာသၫ့္ စကားေတြလြန္လာတာေၾကာင့္ အာမခံအတြက္လိုအပ္သၫ့္ စာရြက္စာတမ္းေတြမွာ လက္မွတ္ထိုးၿပီးတာနဲ႔ တစ္ၿပိဳင္နက္တည္း ထိုလူကို တားျမစ္ေျပာဆိုရန္ ပိုင္ျမင့္ျမတ္ေက်ာ္ ဆတ္ကနဲ ထၿပီး ထိုလူဘက္သို႔ မ်က္ႏွာမူရပ္သည္။

"ခင္ဗ်ား လူႀကီးတစ္ေယာက္ဆိုရင္ လူႀကီးပီသစြာ စကားေျပာပါ၊ လူငယ္ေတြက အမွန္အတိုင္းေျပာလို႔ မခံမရပ္ႏိုင္ျဖစ္ၿပီး စကားေျပာတာ ေဘာင္မေက်ာ္လာပါနဲ႔ ကိုယ့္လူ"

"ေနပါဦး မင္းကို ငါသိပါတယ္၊ မင္း ေမာင္ပိုင္မလား၊ ပိုင္ျမင့္ျမတ္ေက်ာ္၊ ငါေလ ထြန္းဝီရ"

"ထြန္းဝီရ၊ ငါ့ငယ္သူငယ္ခ်င္း ထြန္းဝီရလား"

"ဟုတ္တယ္ကြ ငါပဲ"

"ဝီရ မင္းကြာ၊ ငါမင္းနဲ႔ ျပန္မေတြ့ရေတာ့ဘူး ထင္ေနတာ"

ႏွစ္ေယာက္ ရန္မ်ားျဖစ္ေတာ့မလားဆိုၿပီး ေစာင့္ၾကၫ့္ေနေသာ အာကာလင္းသန႔္အပါအဝင္ က်န္လူေတြမွာလည္း ေျပာင္းလဲသြားသၫ့္ အေျခအေနေၾကာင့္ ေၾကာင္ေတာင္ေတာင္ ျဖစ္ကုန္ၾကသည္။

"ေလးေလး"

ေၾကာင္ေတာင္ေတာင္ အေျခအေနကို ၿဖိဳခြဲေပးလိုက္သၫ့္ သူကေတာ့ ထြန္းလင္းသီဟ။

🍀

အေျခအေနေတြ ေျပာင္းလဲသြားၿပီးေနာက္ အာကာလင္းသန႔္တို႔သည္ ထြန္းဝီရ ေခၚေဆာင္ရာ ဆိုင္သို႔ လိုက္သြားၾကသည္။ အစပထမတုန္းက ပိုင္ျမင့္ျမတ္ေက်ာ္က ငယ္သူငယ္ခ်င္း အရင္းႀကီးနဲ႔ ျပန္ေတြ့သၫ့္အခိုက္ တက္ႂကြစြာလိုက္သြားခ်င္ေပမယ့္ အာကာလင္းသန႔္က ထြန္းလင္းသီဟကို မၾကည္တာေၾကာင့္ မလိုက္ခ်င္။ ထို႔ေၾကာင့္ ပိုင္ျမင့္ျမတ္ေက်ာ္သည္လည္း ဘယ္သူနဲ႔ယွဉ္ယွဉ္ အာကာလင္းသန႔္ စိတ္မညစ္ဖို႔ အေရးႀကီးတာေၾကာင့္ မလိုက္ေတာ့ရန္ ျငင္းခဲ့ေသးသည္။ သို႔ေသာ္လည္း ထြန္းဝီရက သူစကားေျပာတာလြန္သြားခဲ့တာေရာ၊ သူ႔တူဘက္ကစၿပီး မွားတာကို ေတာင္းပန္တဲ့အေနနဲ႔ ဆိုင္မွာ ဧၫ့္ခံခ်င္သည္ဆိုလာေလသည္။ ထိုအခ်ိန္တြင္မွ အာကာလင္းသန႔္သည္ ေခါင္းမညိတ္ခ်င္ညိတ္ခ်င္ႏွင့္ ညိတ္သည္။

ထြန္းဝီရရဲ့ စားေသာက္ဆိုင္ရိွ သီးသန႔္ခန္းတစ္ခုအတြင္း၌ ပိုင္ျမင့္ျမတ္ေက်ာ္၊ အာကာလင္းသန႔္၊ စြမ္းရည္ထက္ႏွင့္ ထြန္းလင္းသီဟတို႔ ထိုင္ေနသည္။ ထြန္းဝီရကေတာ့ သူကိုယ္တိုင္ အစားအေသာက္ေတြ သြားေရာက္ျပင္ဆင္ေန၍ မရိွေသး။ အခန္းထဲတြင္ ဤေလးေယာက္သာ ရိွသည္။

အခန္းတြင္းရိွ စားပြဲခံုမွာ လူအမ်ားႀကီး ေတြ့ဆံုစားေသာက္လို႔ရသၫ့္ ေလးေထာင့္စားပြဲခံုရွည္ ျဖစ္ၿပီး ပိုင္ျမင့္ျမတ္ေက်ာ္၏ေဘးတြင္ အာကာလင္းသန႔္၊ တစ္ဖန္ အာကာလင္းသန႔္၏ ေဘးတြင္ စြမ္းရည္ထက္ထိုင္ကာ သူတို႔သံုးေယာက္ရဲ့ မ်က္ႏွာခ်င္းဆိုင္တြင္ ထြန္းဝီရတို႔ တူအရီးႏွစ္ေယာက္ ထိုင္ၾကမည္။ ပူပူေနြးေနြး ရန္ျဖစ္ထားၾကေသာ အာကာလင္းသန႔္၊ စြမ္းရည္ထက္ႏွင့္ ထြန္းလင္းသီဟတို႔သည္ မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနေလေတာ့ မၾကာခဏ အၾကၫ့္ေတြမွ တစ္ဆင့္ ရန္ျဖစ္ၾကျပန္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္မွာလည္း အာကာလင္းသန႔္ရဲ့ လက္သီးဆုပ္ထားေသာ လက္ေလးကို ဆုပ္ကိုင္ကာ ေနာက္လက္တစ္ဖက္ျဖင့္ စိတ္ၿငိမ္ေစရန္ ဖြဖြေလးပုတ္ေပးေနသည္။ ထိုမွပဲ အာကာလင္းသန႔္ရဲ့ လက္သီးက တျဖည္းျဖည္း ေျပေလ်ာ့ေတာ့သည္။

အခန္းတံခါးဖြင့္လိုက္ၿပီး ထြန္းဝီရက အစားအေသာက္ေတြသယ္ေဆာင္လာသၫ့္ စားပြဲထိုးေတြႏွင့္အတူ အခန္းထဲသို႔ဝင္လာသည္။ တစ္ဆက္တည္းမွာပဲ ထြန္းလင္းသီဟေဘးက ထိုင္ခံုတြင္ ထိုင္သည္။ စားပြဲထိုးေတြ ရိွေနခ်ိန္တြင္ စကားမေျပာျဖစ္ေသးဘဲ စားပြဲထိုးေတြ ထြက္သြားမွသာ စကားဝိုင္းကို စတင္သည္။

"ဘာလုပ္ရမွန္းမသိတာနဲ႔ အကုန္လံုးအဆင္ေျပေအာင္ ပင္လယ္စာစပါကတီပဲ လုပ္လာလိုက္တယ္၊ စားၾကတယ္မလား"

"စားပါတယ္ကြာ၊ ကိစၥမရိွပါဘူး၊ သန႔္က စပါကတီ ႀကိဳက္တယ္"

"ဒါဆိုလည္း စားၾကေတာ့ေလ၊ စားရင္းနဲ႔ စကားေျပာၾကတာေပါ့"

အခန္းထဲတြင္ရိွေနေသာ လူငါးေယာက္မွာ အစာစားျခင္းအမႈကို စတင္ေတာ့သည္။ မေတြ့ရတာၾကာေနၿပီျဖစ္ေသာ ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ ထြန္းဝီရသည္ ေရာက္တတ္ရာရာေတြ ေျပာျဖစ္ၾကသည္။

"မင္းအစ္မ မၿမိဳင္ေရာ ေနေကာင္းတယ္မလား ေမာင္ပိုင္"

"ေကာင္းပါတယ္ကြာ၊ သူေတာင္ အိမ္ေထာင္က်လို႔ သမီးႏွစ္ေယာက္ေတာင္ ရေနၿပီ၊ အႀကီးမေလး‌က (၁၀)ႏွစ္၊ အငယ္ေလးက (၅)ႏွစ္"

"မၿမိဳင္ရဲ့ကေလးေတြေတာင္ ဒီအရြယ္ေတျြဖစ္ကုန္ၿပီလား၊ ေအးေလ၊ ငါတို႔ေတာင္ သံုးဆယ္ေက်ာ္လာၿပီကို၊ ဒါလည္းမဆန္းပါဘူး၊ မင္းက ကံေကာင္းတယ္လို႔ ဆိုရမယ္ကြ၊ မင္းမွာက တူမေတြပဲဆိုေတာ့ စိတ္မညစ္ရဘူး၊ ငါ့မွာ တူဆိုေတာ့ ေမ်ာက္ထိန္းကို ျဖစ္ေနတယ္၊ သူ႔အေဖ ငါ့အစ္ကိုကလည္း သူတို႔လင္မယား အလုပ္မအားလို႔ မၾကၫ့္ႏိုင္ေတာ့ ငါ့ဆီကို ေဘာ္လီေဘာပုတ္ၿပီး ဒင္းကိုႏွင္ခ်လိုက္တာ၊ ငါ့ဘဝက ဒီတူတစ္ေယာက္‌ေၾကာင့္ ရည္းစားေတာင္ မထားႏိုင္တဲ့အျဖစ္ပါကြာ"

"ကြၽန္ေတာ္ေရာက္လာတာ တစ္ႏွစ္ေတာင္မျပၫ့္ေသးဘူး၊ အရင္တုန္းကေရာ ေလးေလး စြံလို႔လား၊ ကိုယ့္ဘာကိုယ္ မစြံရင္မစြံဘူးေပါ့၊ ကြၽန္ေတာ့္ကို လာလႊဲခ်မေနနဲ႔ ေလးေလး"

"မင္းျမင္တယ္မလား ေမာင္ပိုင္"

သူငယ္ခ်င္းျဖစ္သူ ထြန္းဝီရနဲ႔သူ႔တူ ထြန္းလင္းသီဟတို႔ကို ၾကၫ့္ၿပီး ပိုင္ျမင့္ျမတ္ေက်ာ္ ၿပံဳးမိသြားသည္။ အာကာလင္းသန႔္ကို လွၫ့္ၾကၫ့္မိေတာ့ ပန္းကန္ထဲမွာ ကမာေတြကုန္သြားၿပီ ျဖစ္၏။ ကမာႀကိဳက္တဲ့ အာကာလင္းသန႔္က ခဏေလးႏွင့္ အကုန္စားျဖစ္တာ မဆန္းေပ။ မကုန္မွသာ ထူးဆန္းမည္။ ထို႔ေၾကာင့္ အာကာလင္းသန႔္ ထပ္စားလို႔ရေအာင္ သူ႔ပန္းကန္ထဲက သူတစ္စက္မွ မထိရေသးေသာ ကမာေတြကို အာကာလင္းသန႔္ပန္းကန္ထဲ အကုန္ထၫ့္ေပးျဖစ္သည္။

အာကာလင္းသန႔္ရဲ့ မ်က္ဝန္းနက္ၾကည္ေတာက္ေတာက္ေလးေတြက ပန္းကန္ထဲေရာက္လာသၫ့္ ကမာေတြကို ျမင္အၿပီးမွာေတာ့ ပိုမို ေတာက္ပသြားေလေတာ့သည္။

"ကြၽန္ေတာ္ ဦးျမတ္ကို အခ်ိန္တိုင္း ပိုပိုခ်စ္လာေအာင္ ဦးျမတ္က ျပဳစားလြန္းတယ္"

သူ႔အနားကိုတိုးကပ္ကာ ဘယ္သူမွ မၾကားဘဲ သူတို႔ႏွစ္ဦးသာ ၾကားရေအာင္ အာကာလင္းသန႔္ကေျပာသည္။ ထို႔ေနာက္ ေခါင္းျပန္ငံု႔ကာ စပါကတီကို စားေနသည္။ အာကာလင္းသန႔္ေျပာတာကို ဘယ္သူမွ မၾကားလိုက္ေပမယ့္ အာကာလင္းသန႔္ရဲ့အျပဳအမူကို ထြန္းဝီရ အမွတ္တမဲ့ ျမင္လိုက္သည္။ သို႔ေသာ္ျငား သိခ်င္ေနသၫ့္ အေၾကာင္းအရာကို ေပၚတင္မေမးေသးဘဲ ပိုင္ျမင့္ျမတ္ေက်ာ္ကို တစ္ရက္ သက္သက္ခ်ိန္းၿပီး အတည္ျပဳၾကၫ့္ရန္ ဆံုးျဖတ္သည္။

"ဟိုဘက္က ကေလးႏွစ္ေယာက္ကို တစ္ခုေမးစရာရိွတယ္၊ စိတ္ေတာ့မရိွၾကနဲ႔ေနာ္၊ ေလးေလးတူနဲ႔ ရန္စရိွၾကလို႔လား"

အာကာလင္းသန႔္ႏွင့္ စြမ္းရည္ထက္ တစ္ခ်ိန္တည္းမွာပဲ ေခါင္းေထာင္လာကာ ထြန္းဝီရကို ၾကၫ့္သည္။

"ငါ့ထက္စာရင္ မင္းကလိပ္ပတ္လည္ေအာင္ ပိုေျပာတတ္တယ္၊ မင္းရွင္းျပလိုက္ စြမ္းထက္"

"ဟိုတစ္ေယာက္ရဲ့ ဦးေလးႀကီး"

"ေလးေလးေလာက္ေတာ့ လုပ္ပါကြာ၊ ငါ အဲ့ေလာက္ထိ မအိုစာေသးပါဘူး"

"ေလးေလးဆိုေတာ့ ေလးေလးေပါ့၊ ကြၽန္ေတာ္ ေျပာတာ ေသခ်ာနားေထာင္၊ ႏွစ္ခါျပန္မေျပာႏိုင္ဘူး၊ ေသခ်ာနားမေထာင္ဘဲ ေမးခြန္းေတြလည္း ထပ္မေမးပါနဲ႔၊ ေျဖရတဲ့လူ ေလကုန္လို႔"

ခက္ရင္းကိုကိုင္ကာ လက္ၫွိုးေငါက္ေငါက္ထိုးသလို ထြန္းဝီရရဲ့ မ်က္ႏွာသို႔ ခက္ရင္း တရြယ္ရြယ္ႏွင့္ စြမ္းရည္ထက္က ေျပာျပရန္ျပင္သည္။ စြမ္းရည္ထက္အေၾကာင္းကိုသိ၍ အာကာလင္းသန႔္ တမင္တကာ ကိုယ္စားေျဖခိုင္းျခင္းျဖစ္သည္။ မညာတမ္း ဝန္ခံရရင္ သူ႔ေရ႔ွကတူကိုေရာ ဦးေလးကိုပါ အစာေၾကသည္မဟုတ္။ ပိုင္ျမင့္ျမတ္ေက်ာ္မ်က္ႏွာေၾကာင့္သာ ဒီေနရာကို လိုက္လာၿပီး သူတို႔ႏွင့္ တစ္ဝိုင္းတည္း ထိုင္စားေပးေနျခင္းမ်ွပင္။

ကလပ္တြင္ ရန္ျဖစ္ၾကသၫ့္ေန့က အာကာလင္းသန႔္ႏွင့္ စြမ္းရည္ထက္တို႔ႏွစ္ေယာက္တည္း ဝိုင္းတစ္ခုတြင္ထိုင္ၿပီး ေသာက္ေနသည္။ ကေတာ့ မကျဖစ္။ အာကာလင္းသန႔္ ကခ်င္စိတ္ မရိွေသာေၾကာင့္ျဖစ္သည္။ စြမ္းရည္ထက္လည္း အာကာလင္းသန႔္ကို ထားခဲ့ၿပီး သြားမကခ်င္သၫ့္အတြက္ ငုတ္တုတ္သာထိုင္ၿပီး အာကာလင္းသန႔္က ပိုင္ျမင့္ျမတ္ေက်ာ္ကို စိတ္ဆိုးၿပီး ရင္ဖြင့္တာကို နားေထာင္ေပးသည္။

အတန္ၾကာေတာ့ အာကာလင္းသန႔္ ေခါင္းရႈပ္ေနတာေတြ ေပ်ာက္လိုေပ်ာက္ျငား မ်က္ႏွာသစ္ဖို႔ သန႔္စင္ခန္းသြားရန္ ထသည္။ သူတို႔ဝိုင္းႏွင့္ မနီးမေဝး ေရာက္ခ်ိန္မွာပဲ အာကာလင္းသန႔္အား ခပ္သြက္သြက္ရိွပံုရေသာ ေကာင္မေလးတစ္ေယာက္က သူႏွင့္ မိတ္ျဖစ္ေဆျြဖစ္သူတို႔ဝိုင္းတြင္ လာေပါင္းထိုင္ရန္ ေခၚသည္။ အာကာလင္းသန႔္ ျငင္းေတာ့ ထိုေကာင္မေလးက တစ္ဖန္ အာကာလင္းသန႔္လက္ကို ဆြဲၿပီး ေခၚျပန္သည္။ အာကာလင္းသန႔္အေနနဲ႔ သူ႔လက္ကို ပိုင္ျမင့္ျမတ္ေက်ာ္ မဟုတ္သၫ့္ သူစိမ္းတစ္ေယာက္ လာကိုင္ေလေတာ့ စိတ္လက္တစ္ဆစ္သာရိွသူပီပီ စိတ္တိုလာၿပီး ထိုမိန္းကေလး၏ လက္အား ၾကမ္းတမ္းစြာ ပုတ္ထုတ္လိုက္သည္။ ထိုအခ်င္းအရာကိုျမင္သၫ့္ မိန္းကေလးရဲ့ သူငယ္ခ်င္းေတျြဖစ္ပံုရေသာ ထြန္းလင္းသီဟအပါအဝင္ ေယာက်ာ္းေလးငါးေယာက္ႏွင့္ မိန္းကေလးသံုးေယာက္ စုစုေပါင္းလူရွစ္ေယာက္တို႔က ထိုင္ေနရာမွ ထလာကာ သူတို႔အနားသို႔ ဝိုင္းလာသည္။

အာကာလင္းသန႔္ အဖက္မလုပ္စြာ ထြက္သြားမည္ ႀကံေနစဉ္မွာပဲ ေယာက်ာ္းေလးေတြထဲကတစ္ေယာက္သည္ အာကာလင္းသန႔္ရဲ့မ်က္ႏွာကို အားျပင္းျပင္းျဖင့္ထိုးသည္။ အာကာလင္းသန႔္ကလည္း ထိုတစ္ေယာက္ကို လ်င္ျမန္စြာ ျပန္လည္ထိုးႏွက္သည္။ အာကာလင္းသန႔္ရဲ့ အေျခအေနကို ျမင္ေနရေသာ စြမ္းရည္ထက္လည္း သူငယ္ခ်င္းျဖစ္သူအား ကူညီရန္ ဝင္ေရာက္လာရင္း ရန္ပြဲျဖစ္ရေတာ့သည္။ ငါးေယာက္ႏွင့္ႏွစ္ေယာက္ဆိုေပမယ့္ သူတို႔ငါးေယာက္ထဲမွ ထြန္းလင္းသီဟႏွင့္ က်န္သၫ့္ တစ္ေယာက္သာ ေကာင္းေကာင္းမြန္မြန္ ထိုးႀကိတ္တတ္သည္ ျဖစ္ေသာေၾကာင့္ အာကာလင္းသန႔္တို႔ႏွင့္ အင္အားမ်ွၿပီး လက္ရည္တူသည္ဟု ဆိုရမည္။

အာကာလင္းသန႔္ႏွင့္ လက္ရည္ခ်င္း ယွဉ္ခဲ့ရေသာ ထြန္းလင္းသီဟက သူေျပာခဲ့သၫ့္ စကားအတိုင္း ရန္ပြဲထပ္ႏြဲရန္ လမ္းတြင္ေတြ့ၿပီး စိန္ေခၚေသာေၾကာင့္ ပန္းၿခံသို႔သြား၍ ရန္ျဖစ္ၾကရာကေန ယေန့ ရဲစခန္း ေရာက္သြားၾကရသည္။

ျဖစ္ေၾကာင္းကုန္စင္ေတြကို စြမ္းရည္ထက္‌ဆီကၾကားၿပီးသၫ့္ေနာက္တြင္ေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္လည္း ရန္ပြဲရဲ့ အစကို သိလိုက္ရသလို ထြန္းဝီရလည္း အျမင္ရွင္းသြားသည္။ အာကာလင္းသန႔္တို႔ဘက္က ၾကၫ့္ရင္ မွားသည္ဟု တစ္ထစ္ခ် မေျပာႏိုင္သကဲ့သို႔ ထြန္းလင္းသီဟကလည္း မွားတာ မဟုတ္ျပန္။

"ဒီကေလးေျပာတာ အမွန္ေတြပဲလား ထြန္းလင္း"

"ဟု‌တ္တယ္ ေလးေလး"

"ၿပီးေနတဲ့ကိစၥကို အရွည္ျဖစ္ေအာင္ ရန္ထပ္စၿပီး ျဖစ္တာေတာ့ မင္းအလြန္ျဖစ္သြားၿပီ ထြန္းလင္း၊ မင္းအမွား မင္းသိတယ္မလား၊ ငါကိုႀကီးကို ဖုန္းဆက္ၿပီး တိုင္မျွဖစ္မယ္"

"မတိုင္နဲ႔ ေလးေလးရဲ့၊ ကြၽန္ေတာ္ အဆူခံရလိမ့္မယ္"

"ဒါဆို သူတို႔ကို မင္းေတာင္းပန္လိုက္"

"မေတာင္းပန္ႏိုင္ပါဘူး၊ ကြၽန္ေတာ့္မွာ အျပစ္မွမရိွတာ၊ ဒီေကာင္က လူျမင္ကြင္းမွာ မိန္းကေလးတစ္ေယာက္ကို မထီေလးစားဆက္ဆံလို႔ ရန္ဝင္ျဖစ္ေပးတာပဲရိွတယ္၊ က်န္တာဘာမွမရိွဘူး"

"မင္းသူငယ္ခ်င္းသာ ငါ့ခ်စ္သူ ျမတ္ျမတ္ႏိုးႏိုး ကိုင္တဲ့ငါ့လက္ကိုသာ လာမထိရင္ ဘာမွ မထီေလးစား ဆက္ဆံခဲ့စရာ အေၾကာင္းမရိွဘူး‌ ေဟ့ေရာင္"

ပိုင္ျမင့္ျမတ္ေက်ာ္မွာ အာကာလင္းသန႔္ရဲ့ အေျပာကို ၾကားအၿပီး ၾကည္ႏူးမိသြားသည္။

"ဒီကေလးေတြ ေျပာမွ ပိုဆိုးေနတယ္၊ ထြန္းလင္းက မေတာင္းပန္ဘူးဆိုေတာ့လည္း ဘယ္တတ္ႏိုင္မလဲ၊ ဒါေပမဲ့ ေလးေလးမွာ ဒီ့ထက္ ပိုေကာင္းတဲ့ နည္းလမ္းရိွတယ္၊ တျခားေတာ့ မဟုတ္ပါဘူး၊ မင္းတို႔ သံုးေယာက္ သူငယ္ခ်င္း လုပ္ရမယ္"

"ဝီရ၊ မင္းအႀကံ ဘယ္ဆိုးလို႔လဲ၊ ဒီလိုဆို သူတို႔သံုးေယာက္ ဘယ္ေတာ့မွ ရဲစခန္းထပ္ေရာက္မွာ မဟုတ္ေတာ့ဘူး"

ပိုင္ျမင့္ျမတ္ေက်ာ္သည္ ထြန္းဝီရရဲ့ စကားကို သေဘာက်စြာ ေထာက္ခံသည္။ လူလတ္ပိုင္းအရြယ္ႏွစ္ေယာက္က အတိုင္အေဖာက္ညီေနသည္ႏွင့္ အလားတူ လူငယ္သံုးေယာက္သည္လည္း တစ္ေလသံတည္း ထြက္လာသည္။

"လက္မခံႏိုင္ဘူး"

သံုးေယာက္လံုး တစ္ခ်ိန္တည္း ေျပာမိသြားေသာ စကားျဖစ္ေလသည္။

"ဒါေပါ့၊ ဘယ္လက္ခံႏိုင္ပါ့မလဲ၊ ဒါေၾကာင့္မို႔ ထြန္းလင္းက သူတို႔ႏွစ္ေယာက္နဲ႔ သူငယ္ခ်င္း ျဖစ္လာေအာင္ ႀကိဳးစားရမယ္၊ မႀကိဳးစားခ်င္ရင္ ရတယ္ေနာ္၊ UKကို ဖုန္းေလးတစ္ခ်က္ လွမ္းဆက္လိုက္ရံုပဲ"

"လုပ္မယ္ဗ်ာ"

ထြန္းလင္းသီဟ စိတ္ပ်က္စြာ သေဘာတူလိုက္ရသည္။ မ်က္ႏွာခ်င္းဆိုင္က အာကာလင္းသန႔္ႏွင့္ စြမ္းရည္ထက္ကို လွမ္းအၾကၫ့္ သူ႔ကို လူယုတ္မာ အၿပံဳးေတြႏွင့္ ျပန္ၾကၫ့္ေနေလသည္။ ထိုႏွစ္ေယာက္ထဲက တစ္ေယာက္ေၾကာင့္ ထြန္းလင္းသီဟရဲ့ ဘယ္ဘက္ရင္အံုမွာ ရုတ္တရက္ လိႈင္းထသြားတာကို ထြန္းလင္းသီဟ တစ္ေယာက္တည္းသာ မယံုႏိုင္စြာ သတိထားမိလိုက္ေလသည္။

🍀

Continue Reading

You'll Also Like

603K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
1.9M 91K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
796K 25.8K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...