နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 2

1.8K 80 1
By reli_08

(Unicode)

ပိုင်မြင့်မြတ်ကျော်မှာ လပ်တော့ပ်တစ်လုံးဖြင့် reportတင်ထားတာတွေစစ်လိုက်၊ အခြားလုပပ်လက်စလေးတွေ ဖြတ်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ အချိန်ကား ညအတော်နက်နေပြီ ဖြစ်ပေမယ့် အလုပ်ကပိုအရေးကြီးတာကြောင့် အိပ်ချင်စိတ်ကို နောက်ချိတ်ကာ အလုပ်မှာသာ စိတ်နှစ်ထားသည်။ ယမန်ညတွေက အာကာလင်းသန့်နှင့် ဖုန်းပြောလျှင် ဒီ့ထက်ပိုပြီး ညဉ့်နက်တတ်တာတောင် မအိပ်ချင်သည့်စိတ်က အလုပ်လုပ်မှပဲ တဝါးဝါးနှင့် ဖြစ်နေသည်မှာ ထူးဆန်းလွန်းသည်။

စားပွဲပေါ်တွင် တင်ထားသည့် ဖုန်းလေးကို အလုပ်လုပ်နေရင်းနဲ့ ခဏခဏ အကြည့်က ရောက်သွားမိသည်။ ဖုန်းမဆက်ရန် အမှာပါးထားလို့သာ အဆိုးလေး သဘောအတိုင်း မဆက်ဘဲနေရသည်။ ညအိပ်ခါနီးတိုင်း ကြားနေကျ အသံလေးကို မကြားရ၍ထင် နေမထိထိုင်မသာ ဖြစ်ချင်လာ၏။ တစ်လက်စတည်းမှာပဲ အာကာလင်းသန့်ကို ဖုန်းခေါ်ချင်သည့်စိတ်အား အမြစ်ဖြတ်ကာ အလုပ်ထဲကို စိတ်ပြန်နှစ်သည်။

မကြာသောအချိန်တွင်ပဲ တုန်ခါလာသော ဖုန်းကြောင့် ပိုင်မြင့်မြတ်ကျော်မှာ ဟန်တောင်မဆောင်နိုင် ဖုန်းကို ချက်ချင်းယူကြည့်သည်။ ဖုန်းတွင် ပေါ်နေသော နာမည်လေးကြောင့် ပိုင်မြင့်မြတ်ကျော်မှာ အလိုလိုပြုံးမိသွားသည်။

"ဟယ်လို သန့်"

"ဦးမြတ် ကျွန်တော် ကလပ်မှာရန်ဖြစ်လို့ လာခဲ့ပါ"

တစ်ခုခုဖြစ်တိုင်း အိမ်ကမိဘတွေကို မပြောဘဲ သူ့ကိုသာ ဦးဆုံး ဆက်သွယ်တတ်သည့် အာကာလင်းသန့်က ရန်ဖြစ်ထားတယ်ဆိုပြီး လှမ်းခေါ်လိုက်တာနဲ့ ပိုင်မြင့်မြတ်ကျော် သူလုပ်နေတဲ့ အလုပ်တွေကို လျစ်လျူရှုကာ အဝတ်အစားအမြန်လဲပြီး အာကာလင်းသန့်ရှိသည့် ကလပ်ကို ဖုတ်ပူမီးတိုက်လိုက်ရသည်။ စိတ်ထဲမှာလည်း မန်နေဂျာက ရဲစခန်း မပို့သေးတာကိုပဲ ကြံဖန်ကျေးဇူးတင်နေသည်။ မဟုတ်ရင် အာကာလင်းသန့်တစ်ယောက် အချုပ်ခန်းထဲမှာ ငုတ်တုတ်ထိုင်နေရရှာမည်။

အာကာလင်းသန့်ပြောသည့် ကလပ်ကိုရောက်တော့ အထဲသို့ ဝင်ရန် တန်းစီနေကြသည့် လူတန်းကို စိတ်ပျက်စွာ တွေ့လိုက်ရသည်။ တန်းစီနေရင် ကြာနေမည်ဖြစ်တာကြောင့် အပေါက်ဝက လုံခြုံရေးကို အကျိုးအကြောင်းပြောကာ အမြန်ဝင်ရရန် ညှိသည်။ ထိုသူက အင်တင်တင်လုပ်နေ၍ ဝင်ကြေးရဲ့ နှစ်ဆပေးရသော ငွေကို လက်ထဲထည့်ပေးလိုက်မှပဲ ပိုင်မြင့်မြတ်ကျော် အထဲဝင်ခွင့်ရသည်။ နှစ်ဆပေးလိုက်ရတာ ရှိစေတော့။ ပိုင့်မြတ်ကျော်အတွက် ငွေဆိုတာ မသေမချင်းရှာလို့ရသည်။ ထို့ကြောင့် အရေးမကြီး။ အရေးကြီးသည်က မန်နေဂျာရုံးခန်းတွင် ရောက်နေသော အာကာလင်းသန့်သာဖြစ်သည်။

လူ့လောကတွင် ရှင်သန်လာတာ အသက်(၃၁)နှစ်ရှိပြီဖြစ်သော ပိုင်မြင့်မြတ်ကျော်အတွက်တော့ ကလပ်ကိုရောက်ဖူးတာ ဤအကြိမ်သည် ပထမဦးဆုံးအကြိမ်ပင်။ ထို့အတွက်ကြောင့် သူရောက်နေသည့်နေရာနှင့်သူသည် စိမ်းသက်သည်ထက်ကိုပိုသည်။

ကလပ်ထဲကို ဝင်လိုက်သည်နှင့် မှိန်ပြပြမီးရောင်တွေနှင့်အတူ ကျယ်လောင်ကာ ဆူညံလွန်းသည့် သီချင်းသံများက စတင်ကြိုဆိုသည်။ စင်မြင့်တစ်နေရာ‌ကနေ လက်စွမ်းပြနေသော ဒီဂျေ၏ မြူးကြွဖွယ် သီချင်းသံများနှင့်အညီ ကပွဲကြမ်းပြင်ထက်တွင် ယောကျာ်းလေး မိန်းကလေး လူငယ်များက စည်းချက်ညီစွာ ကနေကြသည်။ ကပွဲကြမ်းပြင်၏ ဘေးပတ်ပတ်လည်မှာလည်း ဝိုင်းတွေဆိုတာ နေရာမလပ် သောက်စားသူများနှင့် ပြည့်ကျပ်နေသည်။ ထို့အပြင် မီးရောင်မှိန်မှိန်ကို အခွင့်ကောင်းယူကာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည့် အတွဲတချို့တလေကိုလည်း တွေ့ရသည်။

ပိုင်မြင့်မြတ်ကျော်တစ်ယောက် မန်နေဂျာရုံးခန်းကို ဘယ်လိုသွားရမှန်းမသိတာကြောင့် ယောင်ချာချာဖြစ်နေသည်။ အာကာလင်းသန့်ကို ဖုန်းဆက်ပြီး မေးမည်ကြံသော်ငြား ဆူညံနေသည့် သီချင်းသံတွေကြောင့် ကောင်းမွန်စွာ မကြားနိုင်၍ မခေါ်ဖြစ်တော့။ အူလည်လည်နှင့် ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်းမှ စားပွဲထိုးလေးတစ်ဦး သူရပ်နေသည့်ဘက်ကို လာနေသည်ဆိုတာ လှမ်းမြင်လိုက်ရသည်။

"ညီလေး ခဏလောက်"

ထိုစားပွဲထိုးလေး တခြားဘက်သို့ ထွက်မသွားခင် အမြန်လှမ်းတားလေတော့ စားပွဲထိုးလေးမှာ ရပ်တန့်သွားသည်။

"ဘာများ လိုအပ်လို့လဲ မသိဘူး"

"အစ်ကို့ကို မန်နေဂျာရုံးခန်း ဘယ်လိုသွားရမလဲဆိုတာ ပြောပြလို့ရမလား"

"ဪ ရပါတယ်၊ ဒီလိုလုပ်၊ ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"ကျေးဇူးပဲ ညီလေး"

စားပွဲထိုးလေး ခေါ်ဆောင်ရာနောက်သို့ သူလိုက်သွားဖြစ်သည်။ မန်နေဂျာရုံးခန်းသို့အရောက်တွင် အထဲသို့ဝင်သွားသည်နှင့်တစ်ပြိုင်နက် မျက်နှာမှာ ဒဏ်ရာဒဏ်ချက်ဗရပွနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်နေကြသေးသော အာကာလင်းသန့်နှင့် သူငယ်ချင်းစွမ်းရည်ထက်အပြင် တစ်ဖက်တွင်လည်း ကောင်လေးငါးယောက်အုပ်စုတို့ကို တွေ့ရသည်။

"သန့်"

လှမ်းခေါ်လိုက်မှ ဒေါသမာန်ကျိုးသေးပုံမရသည့် အာကာလင်းသန့်သည် ပိုင်မြင့်မြတ်ကျော်ကို လှမ်းကြည့်လာသည်။ အာကာလင်းသန့်၏ မျက်နှာတွင် ရှိနေသော ထိုးကြိတ်ဒဏ်ရာများကို မြင်တော့ ပိုင်မြင့်မြတ်ကျော်မှာ စိတ်ထဲ မသက်မသာဖြစ်ရသည်။ ရုတ်ချည်းပင် အာကာလင်းသန့် ထိုင်နေသည့် အနားသို့ သူရောက်သွားတော့သည်။

"ဘာဖြစ်သွားသေးလဲ သန့်၊ တစ်ခုခုများ ဆိုးဆိုးရွားရွား ထိခိုက်သွားသေးလား"

"ဘာမှမဖြစ်ပါဘူး၊ ဒီလောက်ပဲထိတာ"

"ဗိုက်တွေဘာတွေများ ထိမိသေးလား"

"မထိပါဘူး ဦးမြတ်ရယ်"

"အဟမ်း"

တစ်ခန်းလုံးမှာ နှစ်ယောက်တည်းရှိသလို ဖြစ်နေကြသော ပိုင်မြင့်မြတ်ကျော်တို့ကို မန်နေဂျာမှာ မနေနိုင်၍ ကြားထဲက ချောင်းဟန့်ကာ သတိပေးရသည်။ မန်နေဂျာခမျာ အရှုပ်ထုပ်လေးတွေကို ရုံးခန်းထဲခေါ်ပြီး ပြဿနာပြေစေရန် ကြိုးပမ်းထားရတာတောင် ထိုလူငယ်တွေက မကျေမချမ်း ထပ်ဖြစ်နေကြဆဲမို့ တော်တော်စိတ်ရှုပ်နေပြီဖြစ်သည်။

"အုပ်ထိန်းသူလည်း ရောက်လာပြီဆိုတော့ ဟိုလူငယ်လေး ပြန်လိုက်သွားလိုက်တော့နော်"

" အုပ်ထိန်းသူက ရိုးရိုးတန်းတန်းတော့ မဟုတ်လောက်ဘူးနော် ဟေ့ကောင်တွေ၊ သကြားဖေဖေပဲ ဖြစ်မယ်ထင်တယ်ကွာ၊ တချို့တွေများ ကံကောင်းလွန်းလို့ ငါတော့ အရမ်းတွေအားကျနေပြီ"

"ဟေ့ရောင် မင်းပါးစပ်က ဘာစကားပြောတာလဲ၊ မင်းပါးစပ်က မဟုတ်တမ်းတရားတွေနဲ့ ရွဲ့စောင်းမနေဘဲ မင်းတကယ် သတ္တိရှိတယ်ဆို ငါနဲ့ တစ်ပွဲလောက် ထပ်နွှဲလိုက်လေ"

"သန့် တော်ပြီ"

"မလောက်လေးမလောက်စားက စိန်ခေါ်နေတာကို ကျောင်းမှန်းကန်မှန်းသိအောင် ငါကနွှဲပေးရမှာပေါ့"

"ငါ့ကို မလောက်လေးမလောက်စားခေါ်တဲ့ မင်းအ‌ပေါက်ကို အရင်ဆုံးပိတ်ပေးမယ် တိရစ္ဆာန်ကောင်"

တစ်ဖက်က ရန်စနေသည့် ကောင်လေးဆီသို့ သွားပြီး ထိုးမယ်တကဲကဲနှင့် လက်သီးပြင်ပြီးဖြစ်သော အာကာလင်းသန့်ကို ပိုင်မြင့်မြတ်ကျော်နှင့် စွမ်းရည်ထက်တို့ အတင်းဆွဲထားရသည်။ ဆွဲထားသည့် ကြားကနေတောင် အာကာလင်းသန့်မှာ မရ,ရအောင် ရုန်းထွက်သည်။

"သန့်ရယ် တော်ပါတော့ကွာ"

"မင်းလူကြီးပြောတာမှန်တယ် လင်းသန့်၊ စိတ်လျှော့လိုက်တော့"

"လတ်စသတ်တော့ မင်းက ဆွဲမယ့်လူတွေရှိလို့ အသံကောင်း ဟစ်နေတာကို"

"တောက် ဒီကောင်"

အာကာလင်းသန့်ရဲ့ ဒေါသကိုဆွပြီး ရန်စနေသော တစ်ဖက်က ကောင်လေးကို ပိုင်မြင့်မြတ်ကျော် စုတ်ပြတ်သတ်သွားအောင် ရိုက်နှက်ပစ်ချင်နေသည်။ မန်နေဂျာကများ ထိုကောင်လေးကို ဝင်ဆွဲတာဖြစ်ဖြစ် ၊ထိုကောင်လေးရဲ့ သူငယ်ချင်းတွေက ဝိုင်းတားတာဖြစ်ဖြစ် လုပ်ကြမလားလို့ ကြည့်ပြန်သော်လည်း ဘယ်သူမှ တုတ်တုတ်လှုပ်သည်ကိုမရှိ။ မန်နေဂျာဆိုရင် ဆုံလည်ကုလားထိုင်ကိုမှီပြီး စိတ်ပျက်စွာ ထိုင်နေသည်။ ထို့ကြောင့် ပိုင်မြင့်မြတ်ကျော်ကပဲ ရှင်းရတော့မည်။

ပိုင်မြင့်မြတ်ကျော် သူဆွဲထားသည့် အာကာလင်းသန့်ရဲ့ လက်မောင်းတစ်ဖက်ကို လွှတ်ပေးလိုက်ပြီး အေးစက်နေသော မျက်နှာထားဖြင့် တစ်ဖက်ကောင်လေးဆီသို့ နီးကပ်အောင် သွားလိုက်သည်။ ထို့နောက် ထိုကောင်လေးရဲ့ ပခုံးကို ခပ်ဖွဖွ ပုတ်ရင်းနဲ့ စကားဆိုသည်။

"သန့်တစ်ယောက်တည်း လက်ချက်နဲ့တောင် မင်းအခြေအနေဆိုးနေတာ၊ ငါနဲ့သန့်နှစ်ယောက်ပေါင်းသာဆိုရင် မင်းအသက်ဘယ်နားကထွက်မှန်းမသိ ဖြစ်သွားမယ်၊ လေကျယ်နေတာတွေ ရပ်လိုက်တော့ ကောင်လေး"

အေးစက်စွာ ထွက်ပေါ်လာသည့် စကားလုံးတွေနှင့် မီးတောက်နေသော မျက်လုံးထဲက အကြည့်တွေကြောင့် ထိုကောင်လေး နည်းနည်းတော့ ရွံ့သွားသည်။ ထိုအခါတွင်မှ ပိုင်မြင့်မြတ်ကျော် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် မန်နေဂျာအား အကျိုးအကြောင်းမေးရန် ပြင်ရတော့သည်။

"ဘယ်လိုဖြစ်ကြတာလဲ ကျွန်တော့်ကို ပြောပြလို့ရမလား"

"ကျွန်တော်လည်း ဖြစ်တဲ့အကြောင်းအရင်းကို သိချင်နေတာ၊ သူတို့ကိုမေးတော့လည်း တစ်ဖက်က ဖြေမယ်လုပ်လိုက်၊ တစ်ဖက်က ဝင်ချေပလိုက်နဲ့ ရန်ဖြစ်တဲ့ဆီရောက်ပြန်ရော၊ အဆိုးဆုံးကတော့ ခုနက ကောင်လေးနှစ်ယောက်ပဲ၊ ရဲစခန်း ပို့လိုက်ချင်ပေမယ့် ကျွန်တော်တို့ ကလပ်နာမည် ထိခိုက်တာတွေဖြစ်မှာ စိုးရိမ်လို့ ကျွန်တော်ကပဲညှိပြီး ဖြေရှင်းပေးမယ်လုပ်တာ ပိုဆိုးကုန်ပါလေရော၊ ပြန်ကြဆိုတော့လည်း မပြန်ဘဲနဲ့ ဒီမှာသောင်တင်နေကြတယ်၊ ဘယ်လိုကလေးတွေမှန်းမသိပါဘူး‌ဗျာ၊ ကျွန်တော်လည်း ကြံရာမရတဲ့အဆုံး အုပ်ထိန်းသူတွေ လှမ်းခေါ်ကြဟေ့ဆိုပြီး ခေါ်ခိုင်းရတာ"

သူထင်ရသလောက် အာကာလင်းသန့်တို့ဘက်က ရန်စခြင်းတော့ မဖြစ်နိုင်။ တစ်ဖက်ကသာ ရန်လာစခြင်း ဖြစ်ပေလိမ့်မည်။

"ဘာဖြစ်လို့ မပြန်တာလဲ ကိုယ့်ကိုပြော သန့်"

"ဟိုကောင်တွေက သူတို့ကိုကြောက်လို့ ပြန်ကြတယ် ထင်မှာစိုးလို့ မပြန်တာ"

"အဲ့ဒါနဲ့ပဲ ဒီမှာပေပြီး နေတာလား သန့်ရာ၊ မနက်ဖြန်မှ ပြန်မယ်များ စိတ်ကူးထားလို့လား၊ ထားလိုက်တော့၊ အခုအိမ်ပြန်မယ်မလား"

"အင်း၊ ပြန်မယ် ဦးမြတ်"

ဤသို့ဖြင့် ပိုင်မြင့်မြတ်ကျော်ပြောမှပဲ အာကာလင်းသန့် ငေါက်ကနဲ ထတော့သည်။ ပိုင်မြင့်မြတ်ကျော်မှာလည်း အာကာလင်းသန့်ရှာသည့် ပြဿနာကို ဘာမဆိုင်ညာမဆိုင် ဝင်ရောက်ရှင်းပေးရပြန်သည်။ ရန်လည်းဖြစ်ပြီးသွားပြီ ချက်ချင်းအေးအေးဆေးဆေး လှည့်ပြန်လိုက်ရင် အဆင်ပြေနေတာကို မပြန်သည့် အာကာလင်းသန့်ရဲ့ စိတ်ကိုလည်း နားမလည်။ လူမိုက်မဟုတ်ဘဲ လူမိုက်လုပ်ချင်နေသည့် ကလေးဆိုးလေးတစ်ယောက်လို့သာ သူ့စိတ်ထဲမြင်သည်။

"ငါတို့ ပွဲမပြီးသေးဘူးနော် ဦးရဲ့ကလေး"

"ဒါပေါ့ကွာ၊ မင်းဘက်က ထပ်ပြီး ဂြိုဟ်ကြွတော့လည်း ပွဲဆက်ရမှာပေါ့၊ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ပဲ တိရစ္ဆာန်ကောင်"

ရန်ဖြစ်လို့ မတော်တဆ ပျက်စီးသွားသည့် ပစ္စည်းအချို့အတွက် ‌ပိုင်မြင့်မြတ်‌ကျော် ရှင်းပေးအပြီး မန်နေဂျာရုံးခန်းထဲက အထွက်မှာ ရန်လှမ်းစနေပြန်သည့် သကောင့်သားကို အာကာလင်းသန့်ကလည်း 'ဇ'မသေးကြောင်း ပြန်ပြောလိုက်ခြင်းဖြင့် ရန်စတွေ ထပ်ရှည်တော့သည်။ ရုံးခန်းထဲရှိ မန်‌နေဂျာကတော့ သူတို့ကလပ်မှာ ထပ်ပြီး ရန်လာမဖြစ်ကြပါစေနဲ့ ဆုတောင်းရင်း မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေသလို ပိုင်မြင့်မြတ်ကျော်မှာလည်း ကြက်ခြေနီသင်တန်း ပြေးတက်ရမလား စဉ်းစားနေမိသည်။ အာကာလင်းသန့်တစ်ယောက်နှင့်တော့ ခက်ချေပြီ။

ကလပ်မှအပြန် အာကာလင်းသန့်ကို အိမ်ပြန်ပို့သည့်လမ်းတွင် convenience store ဆိုင်လေးကို ဝင်ကာ အာကာလင်းသန့်ရဲ့ ဒဏ်ရာတွေကို ထည့်ပေးဖို့ ဆေးဝင်ဝယ်ရသည်။ ပိုင်မြင့်မြတ်ကျော် ဆေးဝယ်ပြီးလို့ ကားပေါ်ပြန်တက်လာသည့်အချိန်မှာတောင် အာကာလင်းသန့်က ကလပ်ကပြန်လာသည့် အချိန်ကလို မှေးပြီးအိပ်နေသေးသည်။ ရန်ဖြစ်လာရတော့ စိတ်ရောကိုယ်ရော ပင်ပန်းနေမည့် အာကာလင်းသန့်ကို သူမနှိုးတော့။ ကိုယ့်ဘာသာကိုယ် ကားစက်နှိုးပြီးသာ အာကာလင်းသန့်အိမ်သို့ ဦးတည်မောင်းလိုက်သည်။

"အိမ်ရောက်ပြီ သန့်"

အာကာလင်းသန့်ရဲ့ ပခုံးကို ဖြည်းညှင်းစွာ ကိုင်လှုပ်ကာ နှိုးလိုက်ပြီးချိန်တွင် မှေးနေသည့် အာကာလင်းသန့် သူ့ရဲ့ မျက်လုံးအစုံကို ဖွင့်ဟလို့လာသည်။

"အိမ်တောင်ရောက်နေပြီလား၊ ဦးမြတ်က ဘာလို့ကားကို မြန်မြန်မောင်းတာလဲ"

"ဟောဗျာ ၊ ဒီအချိန်က လမ်းတွေရှင်းနေတော့ သူ့အလိုလို မြန်မြန်ရောက်လာတာလေ သန့်ရ၊ အိမ်ထဲမဝင်နဲ့ဦး၊ သန့်ကို ကိုယ်ဆေးထည့်ပေးမယ်"

ရှေးဦးစွာ ပေါက်ပြဲနေသည့် နှုတ်ခမ်းထောင့်စွန်းကို ဝယ်လာသည့် ဆေးဖြင့်သိပ်ထည့်ပေးသည်။ ထို့နောက် ပါးပေါ်က ထိုးကြိတ်ရာ အညိုအမဲများကို ထည့်ပေး၏။ ဒဏ်ရာတွေက ကြီးကြီးမားမားမဟုတ်ပေမယ့် ပိုင်မြင့်မြတ်ကျော်မှာတော့ ထိုဒဏ်ရာတွေကို မြင်ရတာ ရင်ထဲမှာမခံသာလှ။ ဆေးကို အဖုံးပိတ်လိုက်ကာ ကားဒက်ရှ်ဘုတ်ပေါ်သို့ ပစ်တင်သည်။ ပြီးနောက် အာကာလင်းသန့်ရဲ့မျက်နှာကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း စိုက်ကြည့်နေမိသည်။ အာကာလင်းသန့်ကလည်း သူ့အား ပြူးကြောင်ကြောင်လေး ပြန်ကြည့်ရှာသည်။

အာကာလင်းသန့်ရဲ့မျက်နှာလေးက သေချာကြည့်မည်ဆိုလျှင် လူကြီးမျက်နှာပေါက်ဆိုတာထက် ကလေးမျက်နှာပေါက်လို့သာ တင်စားရမည်။ ဖောင်းလည်းမဖောင်း၊ ပိန်လည်းမပိန်သည့် မျက်နှာအချိုးအစားနှင့် ကြည်တောက်နေသည့် မျက်ဝန်းနက်တစ်စုံ၊ ထို့အပြင် မထူလွန်းမပါးလွန်းအရွယ်အစားရှိပြီး မဲ့ပြုံးပြုံးလိုက်တိုင်း ကော့ညွတ်သွားသည့် နှုတ်ခမ်းသားတို့က ပြည့်စုံသည်။ ပိုပြီး ပြည့်စုံစေတာကတော့ ဘယ်ဘက်နားတွင် နေရာယူထားသော အပေါင်းလက္ခဏာပုံစံ ငွေရောင်နားဆွဲတစ်ဖက်ပင်ဖြစ်၏။ ဤကဲ့သို့သော အာကာလင်းသန့်က ပိုင်မြင့်မြတ်ကျော်ကလွဲရင် မည်သူမှ မရနိုင်သည့် ဆုလာဘ်လေး။ ထိုဆုလာဘ်လေး အမြဲပျော်ရွှင်နေစေဖို့ တတ်စွမ်းသမျှ ဖြည့်ဆည်းပေးဖို့က သူ့ရဲ့ သမိုင်းပေးတာဝန်။

"ဦးမြတ် ကျွန်တော့်ကို ဘာမှမလုပ်ဘဲ ထိုင်‌ကြည့်နေတော့မှာလား"

"ကိုယ်ကသန့်ကို ဘာလုပ်ရမှာလဲ၊ ဒီကောင်လေးတော့ ဘာတွေတွေးနေတာတုန်း"

"ဦးမြတ်က ကျွန်တော့်မျက်နှာကို ကိုင်လိုက်‌တော့ နမ်းမယ်ထင်သွားတာ"

"အခုတော့ မနမ်းပါဘူး၊ သန့်နှုတ်ခမ်းထောင့်မှာ ဒဏ်ရာဖြစ်နေတာကို"

"ပြီးရော"

"သန့်ကိုယ့်ကို နေ့ခင်းက ကိစ္စအတွက် စိတ်ဆိုးနေသေးလား"

"ကလပ်ကို ဦးမြတ် ချက်ချင်းလိုက်လာတည်းက စိတ်ဆိုးပြေသွားပြီ၊ ဦးမြတ်နဲ့ ချစ်သူဖြစ်နေရတာ ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူချင်သွားပြီသိလား"

"ဘာလို့လဲ၊ ကိုယ့်ကိုပြောပါဦး"

"ကျွန်တော်ဘာလုပ်လုပ် ဦးမြတ်က အမြဲအလိုလိုက်တယ်၊ ငြိုငြင်တာလည်း မရှိဘူး၊ အမြဲတမ်း အလျှော့ပေးတယ်၊ ပြီးတော့ ကျွန်တော့်အပေါ် စိတ်ဆိုးတာမျိုးလည်း မရှိပြန်ဘူး၊ ကျွန်တော့်စိတ်ကို အသိဆုံးကလည်း ဦးမြတ်ပဲ၊ ဒါတွေက ဦးမြတ် ကျွန်တော့်ကို ချစ်လို့သာဖြစ်လာတာလေ၊ ဦးမြတ်ရဲ့ အချစ်ခံလေးဖြစ်ရလို့ ကျွန်တော်က ဂုဏ်ယူတာ"

သူ့ရင်ခွင်ထဲကို တိုးဝင်လာတဲ့ အာကာလင်းသန့်ကို ပိုင်မြင့်မြတ်ကျော် ပြန်လည်ထွေးပွေ့လိုက်ပြီး ခေါင်းလျှော်ရည်နံ့ ခပ်သင်းသင်းလေး ရနေသည့် ဆံသားတွေအား နမ်းရှိုက်သည်။

"ခုနက ကောင်လေးနဲ့ ပြန်တွေ့ရင် ရန်ဖြစ်ဦးမှာလား သန့်"

"ဖြစ်ဦးမှာပေါ့၊ဒီတစ်ခါဆိုရင် အဲ့ကောင်ကို အနည်းဆုံး (၆)ချက်လောက်ချုပ်ရအောင် လုပ်ပစ်မယ်"

"စိတ်ကြီးလိုက်တာကွာ"

"ကျွန်တော်က ကျွန်တော့်ကို လာဆွလို့သာ ပြန်ပြီး သင်ခန်းစာ ပေးချင်တာပါ ဦးမြတ်ကလည်း"

"ဟုတ်ပါပြီ သန့်ရဲ့"

အာကာလင်းသန့်က သူ့ကို ဖက်ထားရာမှ လူချင်းပြန်ခွာလိုက်သည်။

"ကျွန်တော် အိမ်ထဲဝင်တော့မယ်၊ ဦးမြတ်လည်းပြန်တော့"

ပြောပြီးသည်နှင့် အာကာလင်းသန့်တစ်ယောက် ကားပေါ်မှ ဆင်းသွားသည်။ ပိုင်မြင့်မြတ်ကျော် ကားကို မထွက်ဖြစ်သေးဘဲ အာကာလင်းသန့်ရဲ့ လှုပ်ရှားမှု အလုံးစုံကိုသာ လိုက်ကြည့်နေမိသည်။ ခြံတံခါးသော့ဖွင့်ပြီး အထဲရောက်သွားတဲ့ အာကာလင်းသန့်က ခြံထဲကနေတဆင့် သူ့ကို 'တာ့တာ'ပြမှသာ အာကာလင်းသန့်ကို ခေါင်းညိတ်ပြပြီး ခြံရှေ့မှ ထွက်ခွာခဲ့သည်။

သူ့အိမ်သို့ပြန်ရန် ကားမောင်းလာသည့် လမ်းတစ်လျှောက် ပိုင်မြင့်မြတ်ကျော်ရဲ့ ခေါင်းထဲ အတွေးတို့က စီရရီဝင်ရောက်လို့လာသည်။ သူ့အနေနဲ့ အာကာလင်းသန့် ကလပ်သွားတာမျိုး လုံးဝမကြိုက်ပါ။ ရန်ဖြစ်သည့်ကိစ္စဆိုရင် ပိုလို့တောင် မကြိုက်သေးသည်။ ထိုအချက်တွေကို ပြောလိုက်ကာမှ ချုပ်ချယ်သလို အာကာလင်းသန့် အထင်မှားသွားမှာကို မလိုလား၍ မပြောဖြစ်ခဲ့ပေ။ သူ့စိတ်ဆန္ဒထက် အာကာလင်းသန့်ရဲ့ မျက်နှာလေးမှာအပြုံးပန်းဝေနေတာကိုပဲ လိုချင်မိတာကြောင့်ဖြစ်သည်။

🍀

(Zawgyi)

ပိုင္ျမင့္ျမတ္ေက်ာ္မွာ လပ္ေတာ့ပ္တစ္လံုးျဖင့္ reportတင္ထားတာေတြစစ္လိုက္၊ အျခားလုပပ္လက္စေလးေတြ ျဖတ္လိုက္ျဖင့္ အလုပ္ရႈပ္ေနသည္။ အခ်ိန္ကား ညအေတာ္နက္ေနၿပီ ျဖစ္ေပမယ့္ အလုပ္ကပိုအေရးႀကီးတာေၾကာင့္ အိပ္ခ်င္စိတ္ကို ေနာက္ခ်ိတ္ကာ အလုပ္မွာသာ စိတ္ႏွစ္ထားသည္။ ယမန္ညေတြက အာကာလင္းသန႔္ႏွင့္ ဖုန္းေျပာလ်ွင္ ဒီ့ထက္ပိုၿပီး ညၪ့္နက္တတ္တာေတာင္ မအိပ္ခ်င္သၫ့္စိတ္က အလုပ္လုပ္မွပဲ တဝါးဝါးႏွင့္ ျဖစ္ေနသည္မွာ ထူးဆန္းလြန္းသည္။

စားပြဲေပၚတြင္ တင္ထားသၫ့္ ဖုန္းေလးကို အလုပ္လုပ္ေနရင္းနဲ႔ ခဏခဏ အၾကၫ့္က ေရာက္သြားမိသည္။ ဖုန္းမဆက္ရန္ အမွာပါးထားလို႔သာ အဆိုးေလး သေဘာအတိုင္း မဆက္ဘဲေနရသည္။ ညအိပ္ခါနီးတိုင္း ၾကားေနက် အသံေလးကို မၾကားရ၍ထင္ ေနမထိထိုင္မသာ ျဖစ္ခ်င္လာ၏။ တစ္လက္စတည္းမွာပဲ အာကာလင္းသန႔္ကို ဖုန္းေခၚခ်င္သၫ့္စိတ္အား အျမစ္ျဖတ္ကာ အလုပ္ထဲကို စိတ္ျပန္ႏွစ္သည္။

မၾကာေသာအခ်ိန္တြင္ပဲ တုန္ခါလာေသာ ဖုန္းေၾကာင့္ ပိုင္ျမင့္ျမတ္ေက်ာ္မွာ ဟန္ေတာင္မေဆာင္ႏိုင္ ဖုန္းကို ခ်က္ခ်င္းယူၾကၫ့္သည္။ ဖုန္းတြင္ ေပၚေနေသာ နာမည္ေလးေၾကာင့္ ပိုင္ျမင့္ျမတ္ေက်ာ္မွာ အလိုလိုၿပံဳးမိသြားသည္။

"ဟယ္လို သန႔္"

"ဦးျမတ္ ကြၽန္ေတာ္ ကလပ္မွာရန္ျဖစ္လို႔ လာခဲ့ပါ"

တစ္ခုခုျဖစ္တိုင္း အိမ္ကမိဘေတြကို မေျပာဘဲ သူ႔ကိုသာ ဦးဆံုး ဆက္သြယ္တတ္သၫ့္ အာကာလင္းသန႔္က ရန္ျဖစ္ထားတယ္ဆိုၿပီး လွမ္းေခၚလိုက္တာနဲ႔ ပိုင္ျမင့္ျမတ္ေက်ာ္ သူလုပ္ေနတဲ့ အလုပ္ေတြကို လ်စ္လ်ူရႈကာ အဝတ္အစားအျမန္လဲၿပီး အာကာလင္းသန႔္ရိွသၫ့္ ကလပ္ကို ဖုတ္ပူမီးတိုက္လိုက္ရသည္။ စိတ္ထဲမွာလည္း မန္ေနဂ်ာက ရဲစခန္း မပို႔ေသးတာကိုပဲ ႀကံဖန္ေက်းဇူးတင္ေနသည္။ မဟုတ္ရင္ အာကာလင္းသန႔္တစ္ေယာက္ အခ်ဳပ္ခန္းထဲမွာ ငုတ္တုတ္ထိုင္ေနရရွာမည္။

အာကာလင္းသန႔္ေျပာသၫ့္ ကလပ္ကိုေရာက္ေတာ့ အထဲသို႔ ဝင္ရန္ တန္းစီေနၾကသၫ့္ လူတန္းကို စိတ္ပ်က္စြာ ေတြ့လိုက္ရသည္။ တန္းစီေနရင္ ၾကာေနမည္ျဖစ္တာေၾကာင့္ အေပါက္ဝက လံုၿခံဳေရးကို အက်ိဳးအေၾကာင္းေျပာကာ အျမန္ဝင္ရရန္ ၫွိသည္။ ထိုသူက အင္တင္တင္လုပ္ေန၍ ဝင္ေၾကးရဲ့ ႏွစ္ဆေပးရေသာ ေငြကို လက္ထဲထၫ့္ေပးလိုက္မွပဲ ပိုင္ျမင့္ျမတ္ေက်ာ္ အထဲဝင္ခြင့္ရသည္။ ႏွစ္ဆေပးလိုက္ရတာ ရိွေစေတာ့။ ပိုင့္ျမတ္ေက်ာ္အတြက္ ေငြဆိုတာ မေသမခ်င္းရွာလို႔ရသည္။ ထို႔ေၾကာင့္ အေရးမႀကီး။ အေရးႀကီးသည္က မန္ေနဂ်ာရံုးခန္းတြင္ ေရာက္ေနေသာ အာကာလင္းသန႔္သာျဖစ္သည္။

လူ႔ေလာကတြင္ ရွင္သန္လာတာ အသက္(၃၁)ႏွစ္ရိွၿပီျဖစ္ေသာ ပိုင္ျမင့္ျမတ္ေက်ာ္အတြက္ေတာ့ ကလပ္ကိုေရာက္ဖူးတာ ဤအႀကိမ္သည္ ပထမဦးဆံုးအႀကိမ္ပင္။ ထို႔အတြက္ေၾကာင့္ သူေရာက္ေနသၫ့္ေနရာႏွင့္သူသည္ စိမ္းသက္သည္ထက္ကိုပိုသည္။

ကလပ္ထဲကို ဝင္လိုက္သည္ႏွင့္ မိွန္ျပျပမီးေရာင္ေတြႏွင့္အတူ က်ယ္ေလာင္ကာ ဆူညံလြန္းသၫ့္ သီခ်င္းသံမ်ားက စတင္ႀကိဳဆိုသည္။ စင္ျမင့္တစ္ေနရာ‌ကေန လက္စြမ္းျပေနေသာ ဒီေဂ်၏ ျမဴးႂကြဖြယ္ သီခ်င္းသံမ်ားႏွင့္အညီ ကပြဲၾကမ္းျပင္ထက္တြင္ ေယာက်ာ္းေလး မိန္းကေလး လူငယ္မ်ားက စည္းခ်က္ညီစြာ ကေနၾကသည္။ ကပြဲၾကမ္းျပင္၏ ေဘးပတ္ပတ္လည္မွာလည္း ဝိုင္းေတြဆိုတာ ေနရာမလပ္ ေသာက္စားသူမ်ားႏွင့္ ျပၫ့္က်ပ္ေနသည္။ ထို႔အျပင္ မီးေရာင္မိွန္မိွန္ကို အခြင့္ေကာင္းယူကာ တစ္ေယာက္ႏွင့္တစ္ေယာက္ ပူးကပ္ေနၾကသၫ့္ အတြဲတခ်ိဳ႕တေလကိုလည္း ေတြ့ရသည္။

ပိုင္ျမင့္ျမတ္ေက်ာ္တစ္ေယာက္ မန္ေနဂ်ာရံုးခန္းကို ဘယ္လိုသြားရမွန္းမသိတာေၾကာင့္ ေယာင္ခ်ာခ်ာျဖစ္ေနသည္။ အာကာလင္းသန႔္ကို ဖုန္းဆက္ၿပီး ေမးမည္ႀကံေသာ္ျငား ဆူညံေနသၫ့္ သီခ်င္းသံေတြေၾကာင့္ ေကာင္းမြန္စြာ မၾကားႏိုင္၍ မေခၚျဖစ္ေတာ့။ အူလည္လည္ႏွင့္ ဟိုဟိုဒီဒီ ေလ်ွာက္ၾကၫ့္ေနရင္းမွ စားပြဲထိုးေလးတစ္ဦး သူရပ္ေနသၫ့္ဘက္ကို လာေနသည္ဆိုတာ လွမ္းျမင္လိုက္ရသည္။

"ညီေလး ခဏေလာက္"

ထိုစားပြဲထိုးေလး တျခားဘက္သို႔ ထြက္မသြားခင္ အျမန္လွမ္းတားေလေတာ့ စားပြဲထိုးေလးမွာ ရပ္တန႔္သြားသည္။

"ဘာမ်ား လိုအပ္လို႔လဲ မသိဘူး"

"အစ္ကို႔ကို မန္ေနဂ်ာရံုးခန္း ဘယ္လိုသြားရမလဲဆိုတာ ေျပာျပလို႔ရမလား"

"ဪ ရပါတယ္၊ ဒီလိုလုပ္၊ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ"

"ေက်းဇူးပဲ ညီေလး"

စားပြဲထိုးေလး ေခၚေဆာင္ရာေနာက္သို႔ သူလိုက္သြားျဖစ္သည္။ မန္ေနဂ်ာရံုးခန္းသို႔အေရာက္တြင္ အထဲသို႔ဝင္သြားသည္ႏွင့္တစ္ၿပိဳင္နက္ မ်က္ႏွာမွာ ဒဏ္ရာဒဏ္ခ်က္ဗရပြႏွင့္အတူ တစ္ဖက္ႏွင့္တစ္ဖက္ ရန္ေဆာင္ေနၾကေသးေသာ အာကာလင္းသန႔္ႏွင့္ သူငယ္ခ်င္းစြမ္းရည္ထက္အျပင္ တစ္ဖက္တြင္လည္း ေကာင္ေလးငါးေယာက္အုပ္စုတို႔ကို ေတြ့ရသည္။

"သန႔္"

လွမ္းေခၚလိုက္မွ ေဒါသမာန္က်ိဳးေသးပံုမရသၫ့္ အာကာလင္းသန႔္သည္ ပိုင္ျမင့္ျမတ္ေက်ာ္ကို လွမ္းၾကၫ့္လာသည္။ အာကာလင္းသန႔္၏ မ်က္ႏွာတြင္ ရိွေနေသာ ထိုးႀကိတ္ဒဏ္ရာမ်ားကို ျမင္ေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္မွာ စိတ္ထဲ မသက္မသာျဖစ္ရသည္။ ရုတ္ခ်ည္းပင္ အာကာလင္းသန႔္ ထိုင္ေနသၫ့္ အနားသို႔ သူေရာက္သြားေတာ့သည္။

"ဘာျဖစ္သြားေသးလဲ သန႔္၊ တစ္ခုခုမ်ား ဆိုးဆိုးရြားရြား ထိခိုက္သြားေသးလား"

"ဘာမွမျဖစ္ပါဘူး၊ ဒီေလာက္ပဲထိတာ"

"ဗိုက္ေတြဘာေတြမ်ား ထိမိေသးလား"

"မထိပါဘူး ဦးျမတ္ရယ္"

"အဟမ္း"

တစ္ခန္းလံုးမွာ ႏွစ္ေယာက္တည္းရိွသလို ျဖစ္ေနၾကေသာ ပိုင္ျမင့္ျမတ္ေက်ာ္တို႔ကို မန္ေနဂ်ာမွာ မေနႏိုင္၍ ၾကားထဲက ေခ်ာင္းဟန႔္ကာ သတိေပးရသည္။ မန္ေနဂ်ာခမ်ာ အရႈပ္ထုပ္ေလးေတြကို ရံုးခန္းထဲေခၚၿပီး ျပႆနာေျပေစရန္ ႀကိဳးပမ္းထားရတာေတာင္ ထိုလူငယ္ေတြက မေက်မခ်မ္း ထပ္ျဖစ္ေနၾကဆဲမို႔ ေတာ္ေတာ္စိတ္ရႈပ္ေနၿပီျဖစ္သည္။

"အုပ္ထိန္းသူလည္း ေရာက္လာၿပီဆိုေတာ့ ဟိုလူငယ္ေလး ျပန္လိုက္သြားလိုက္ေတာ့ေနာ္"

" အုပ္ထိန္းသူက ရိုးရိုးတန္းတန္းေတာ့ မဟုတ္ေလာက္ဘူးေနာ္ ေဟ့ေကာင္ေတြ၊ သၾကားေဖေဖပဲ ျဖစ္မယ္ထင္တယ္ကြာ၊ တခ်ိဳ႕ေတြမ်ား ကံေကာင္းလြန္းလို႔ ငါေတာ့ အရမ္းေတြအားက်ေနၿပီ"

"ေဟ့ေရာင္ မင္းပါးစပ္က ဘာစကားေျပာတာလဲ၊ မင္းပါးစပ္က မဟုတ္တမ္းတရားေတြနဲ႔ ရြဲ႔ေစာင္းမေနဘဲ မင္းတကယ္ သတၲိရိွတယ္ဆို ငါနဲ႔ တစ္ပြဲေလာက္ ထပ္ႏႊဲလိုက္ေလ"

"သန႔္ ေတာ္ၿပီ"

"မေလာက္ေလးမေလာက္စားက စိန္ေခၚေနတာကို ေက်ာင္းမွန္းကန္မွန္းသိေအာင္ ငါကႏႊဲေပးရမွာေပါ့"

"ငါ့ကို မေလာက္ေလးမေလာက္စားေခၚတဲ့ မင္းအ‌ေပါက္ကို အရင္ဆံုးပိတ္ေပးမယ္ တိရစၧာန္ေကာင္"

တစ္ဖက္က ရန္စေနသၫ့္ ေကာင္ေလးဆီသို႔ သြားၿပီး ထိုးမယ္တကဲကဲႏွင့္ လက္သီးျပင္ၿပီးျဖစ္ေသာ အာကာလင္းသန႔္ကို ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ စြမ္းရည္ထက္တို႔ အတင္းဆြဲထားရသည္။ ဆြဲထားသၫ့္ ၾကားကေနေတာင္ အာကာလင္းသန႔္မွာ မရ,ရေအာင္ ရုန္းထြက္သည္။

"သန႔္ရယ္ ေတာ္ပါေတာ့ကြာ"

"မင္းလူႀကီးေျပာတာမွန္တယ္ လင္းသန႔္၊ စိတ္ေလ်ွာ့လိုက္ေတာ့"

"လတ္စသတ္ေတာ့ မင္းက ဆြဲမယ့္လူေတြရိွလို႔ အသံေကာင္း ဟစ္ေနတာကို"

"ေတာက္ ဒီေကာင္"

အာကာလင္းသန႔္ရဲ့ ေဒါသကိုဆြၿပီး ရန္စေနေသာ တစ္ဖက္က ေကာင္ေလးကို ပိုင္ျမင့္ျမတ္ေက်ာ္ စုတ္ျပတ္သတ္သြားေအာင္ ရိုက္ႏွက္ပစ္ခ်င္ေနသည္။ မန္ေနဂ်ာကမ်ား ထိုေကာင္ေလးကို ဝင္ဆြဲတာျဖစ္ျဖစ္ ၊ထိုေကာင္ေလးရဲ့ သူငယ္ခ်င္းေတြက ဝိုင္းတားတာျဖစ္ျဖစ္ လုပ္ၾကမလားလို႔ ၾကၫ့္ျပန္ေသာ္လည္း ဘယ္သူမွ တုတ္တုတ္လႈပ္သည္ကိုမရိွ။ မန္ေနဂ်ာဆိုရင္ ဆံုလည္ကုလားထိုင္ကိုမွီၿပီး စိတ္ပ်က္စြာ ထိုင္ေနသည္။ ထို႔ေၾကာင့္ ပိုင္ျမင့္ျမတ္ေက်ာ္ကပဲ ရွင္းရေတာ့မည္။

ပိုင္ျမင့္ျမတ္ေက်ာ္ သူဆြဲထားသၫ့္ အာကာလင္းသန႔္ရဲ့ လက္ေမာင္းတစ္ဖက္ကို လႊတ္ေပးလိုက္ၿပီး ေအးစက္ေနေသာ မ်က္ႏွာထားျဖင့္ တစ္ဖက္ေကာင္ေလးဆီသို႔ နီးကပ္ေအာင္ သြားလိုက္သည္။ ထို႔ေနာက္ ထိုေကာင္ေလးရဲ့ ပခံုးကို ခပ္ဖြဖြ ပုတ္ရင္းနဲ႔ စကားဆိုသည္။

"သန႔္တစ္ေယာက္တည္း လက္ခ်က္နဲ႔ေတာင္ မင္းအေျခအေနဆိုးေနတာ၊ ငါနဲ႔သန႔္ႏွစ္ေယာက္ေပါင္းသာဆိုရင္ မင္းအသက္ဘယ္နားကထြက္မွန္းမသိ ျဖစ္သြားမယ္၊ ေလက်ယ္ေနတာေတြ ရပ္လိုက္ေတာ့ ေကာင္ေလး"

ေအးစက္စြာ ထြက္ေပၚလာသၫ့္ စကားလံုးေတြႏွင့္ မီးေတာက္ေနေသာ မ်က္လံုးထဲက အၾကၫ့္ေတြေၾကာင့္ ထိုေကာင္ေလး နည္းနည္းေတာ့ ရြံ႔သြားသည္။ ထိုအခါတြင္မွ ပိုင္ျမင့္ျမတ္ေက်ာ္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနသၫ့္ မန္ေနဂ်ာအား အက်ိဳးအေၾကာင္းေမးရန္ ျပင္ရေတာ့သည္။

"ဘယ္လိုျဖစ္ၾကတာလဲ ကြၽန္ေတာ့္ကို ေျပာျပလို႔ရမလား"

"ကြၽန္ေတာ္လည္း ျဖစ္တဲ့အေၾကာင္းအရင္းကို သိခ်င္ေနတာ၊ သူတို႔ကိုေမးေတာ့လည္း တစ္ဖက္က ေျဖမယ္လုပ္လိုက္၊ တစ္ဖက္က ဝင္ေခ်ပလိုက္နဲ႔ ရန္ျဖစ္တဲ့ဆီေရာက္ျပန္ေရာ၊ အဆိုးဆံုးကေတာ့ ခုနက ေကာင္ေလးႏွစ္ေယာက္ပဲ၊ ရဲစခန္း ပို႔လိုက္ခ်င္ေပမယ့္ ကြၽန္ေတာ္တို႔ ကလပ္နာမည္ ထိခိုက္တာေတျြဖစ္မွာ စိုးရိမ္လို႔ ကြၽန္ေတာ္ကပဲၫွိၿပီး ေျဖရွင္းေပးမယ္လုပ္တာ ပိုဆိုးကုန္ပါေလေရာ၊ ျပန္ၾကဆိုေတာ့လည္း မျပန္ဘဲနဲ႔ ဒီမွာေသာင္တင္ေနၾကတယ္၊ ဘယ္လိုကေလးေတြမွန္းမသိပါဘူး‌ဗ်ာ၊ ကြၽန္ေတာ္လည္း ႀကံရာမရတဲ့အဆံုး အုပ္ထိန္းသူေတြ လွမ္းေခၚၾကေဟ့ဆိုၿပီး ေခၚခိုင္းရတာ"

သူထင္ရသေလာက္ အာကာလင္းသန႔္တို႔ဘက္က ရန္စျခင္းေတာ့ မျဖစ္ႏိုင္။ တစ္ဖက္ကသာ ရန္လာစျခင္း ျဖစ္ေပလိမ့္မည္။

"ဘာျဖစ္လို႔ မျပန္တာလဲ ကိုယ့္ကိုေျပာ သန႔္"

"ဟိုေကာင္ေတြက သူတို႔ကိုေၾကာက္လို႔ ျပန္ၾကတယ္ ထင္မွာစိုးလို႔ မျပန္တာ"

"အဲ့ဒါနဲ႔ပဲ ဒီမွာေပၿပီး ေနတာလား သန႔္ရာ၊ မနက္ျဖန္မွ ျပန္မယ္မ်ား စိတ္ကူးထားလို႔လား၊ ထားလိုက္ေတာ့၊ အခုအိမ္ျပန္မယ္မလား"

"အင္း၊ ျပန္မယ္ ဦးျမတ္"

ဤသို႔ျဖင့္ ပိုင္ျမင့္ျမတ္ေက်ာ္ေျပာမွပဲ အာကာလင္းသန႔္ ေငါက္ကနဲ ထေတာ့သည္။ ပိုင္ျမင့္ျမတ္ေက်ာ္မွာလည္း အာကာလင္းသန႔္ရွာသၫ့္ ျပႆနာကို ဘာမဆိုင္ညာမဆိုင္ ဝင္ေရာက္ရွင္းေပးရျပန္သည္။ ရန္လည္းျဖစ္ၿပီးသြားၿပီ ခ်က္ခ်င္းေအးေအးေဆးေဆး လွၫ့္ျပန္လိုက္ရင္ အဆင္ေျပေနတာကို မျပန္သၫ့္ အာကာလင္းသန႔္ရဲ့ စိတ္ကိုလည္း နားမလည္။ လူမိုက္မဟုတ္ဘဲ လူမိုက္လုပ္ခ်င္ေနသၫ့္ ကေလးဆိုးေလးတစ္ေယာက္လို႔သာ သူ႔စိတ္ထဲျမင္သည္။

"ငါတို႔ ပြဲမၿပီးေသးဘူးေနာ္ ဦးရဲ့ကေလး"

"ဒါေပါ့ကြာ၊ မင္းဘက္က ထပ္ၿပီး ၿဂိဳဟ္ႂကြေတာ့လည္း ပြဲဆက္ရမွာေပါ့၊ ႀကိဳက္တဲ့ေနရာ ႀကိဳက္တဲ့အခ်ိန္ပဲ တိရစၧာန္ေကာင္"

ရန္ျဖစ္လို႔ မေတာ္တဆ ပ်က္စီးသြားသၫ့္ ပစၥည္းအခ်ိဳ႕အတြက္ ‌ပိုင္ျမင့္ျမတ္‌ေက်ာ္ ရွင္းေပးအၿပီး မန္ေနဂ်ာရံုးခန္းထဲက အထြက္မွာ ရန္လွမ္းစေနျပန္သၫ့္ သေကာင့္သားကို အာကာလင္းသန႔္ကလည္း 'ဇ'မေသးေၾကာင္း ျပန္ေျပာလိုက္ျခင္းျဖင့္ ရန္စေတြ ထပ္ရွည္ေတာ့သည္။ ရံုးခန္းထဲရိွ မန္‌ေနဂ်ာကေတာ့ သူတို႔ကလပ္မွာ ထပ္ၿပီး ရန္လာမျဖစ္ၾကပါေစနဲ႔ ဆုေတာင္းရင္း မ်က္ခံုးခပ္လႈပ္လႈပ္ ျဖစ္ေနသလို ပိုင္ျမင့္ျမတ္ေက်ာ္မွာလည္း ၾကက္ေျခနီသင္တန္း ေျပးတက္ရမလား စဉ္းစားေနမိသည္။ အာကာလင္းသန႔္တစ္ေယာက္ႏွင့္ေတာ့ ခက္ေခ်ၿပီ။

ကလပ္မွအျပန္ အာကာလင္းသန႔္ကို အိမ္ျပန္ပို႔သၫ့္လမ္းတြင္ convenience store ဆိုင္ေလးကို ဝင္ကာ အာကာလင္းသန႔္ရဲ့ ဒဏ္ရာေတြကို ထၫ့္ေပးဖို႔ ေဆးဝင္ဝယ္ရသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ ေဆးဝယ္ၿပီးလို႔ ကားေပၚျပန္တက္လာသၫ့္အခ်ိန္မွာေတာင္ အာကာလင္းသန႔္က ကလပ္ကျပန္လာသၫ့္ အခ်ိန္ကလို ေမွးၿပီးအိပ္ေနေသးသည္။ ရန္ျဖစ္လာရေတာ့ စိတ္ေရာကိုယ္ေရာ ပင္ပန္းေနမၫ့္ အာကာလင္းသန႔္ကို သူမႏိႈးေတာ့။ ကိုယ့္ဘာသာကိုယ္ ကားစက္ႏိႈးၿပီးသာ အာကာလင္းသန႔္အိမ္သို႔ ဦးတည္ေမာင္းလိုက္သည္။

"အိမ္ေရာက္ၿပီ သန႔္"

အာကာလင္းသန႔္ရဲ့ ပခံုးကို ျဖည္းၫွင္းစြာ ကိုင္လႈပ္ကာ ႏိႈးလိုက္ၿပီးခ်ိန္တြင္ ေမွးေနသၫ့္ အာကာလင္းသန႔္ သူ႔ရဲ့ မ်က္လံုးအစံုကို ဖြင့္ဟလို႔လာသည္။

"အိမ္ေတာင္ေရာက္ေနၿပီလား၊ ဦးျမတ္က ဘာလို႔ကားကို ျမန္ျမန္ေမာင္းတာလဲ"

"ေဟာဗ်ာ ၊ ဒီအခ်ိန္က လမ္းေတြရွင္းေနေတာ့ သူ႔အလိုလို ျမန္ျမန္ေရာက္လာတာေလ သန႔္ရ၊ အိမ္ထဲမဝင္နဲ႔ဦး၊ သန႔္ကို ကိုယ္ေဆးထၫ့္ေပးမယ္"

ေရွးဦးစြာ ေပါက္ၿပဲေနသၫ့္ ႏႈတ္ခမ္းေထာင့္စြန္းကို ဝယ္လာသၫ့္ ေဆးျဖင့္သိပ္ထၫ့္ေပးသည္။ ထို႔ေနာက္ ပါးေပၚက ထိုးႀကိတ္ရာ အညိုအမဲမ်ားကို ထၫ့္ေပး၏။ ဒဏ္ရာေတြက ႀကီးႀကီးမားမားမဟုတ္ေပမယ့္ ပိုင္ျမင့္ျမတ္ေက်ာ္မွာေတာ့ ထိုဒဏ္ရာေတြကို ျမင္ရတာ ရင္ထဲမွာမခံသာလွ။ ေဆးကို အဖံုးပိတ္လိုက္ကာ ကားဒက္ရွ္ဘုတ္ေပၚသို႔ ပစ္တင္သည္။ ၿပီးေနာက္ အာကာလင္းသန႔္ရဲ့မ်က္ႏွာကို သူ႔လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ရင္း စိုက္ၾကၫ့္ေနမိသည္။ အာကာလင္းသန႔္ကလည္း သူ႔အား ျပဴးေၾကာင္ေၾကာင္ေလး ျပန္ၾကၫ့္ရွာသည္။

အာကာလင္းသန႔္ရဲ့မ်က္ႏွာေလးက ေသခ်ာၾကၫ့္မည္ဆိုလ်ွင္ လူႀကီးမ်က္ႏွာေပါက္ဆိုတာထက္ ကေလးမ်က္ႏွာေပါက္လို႔သာ တင္စားရမည္။ ေဖာင္းလည္းမေဖာင္း၊ ပိန္လည္းမပိန္သၫ့္ မ်က္ႏွာအခ်ိဳးအစားႏွင့္ ၾကည္ေတာက္ေနသၫ့္ မ်က္ဝန္းနက္တစ္စံု၊ ထို႔အျပင္ မထူလြန္းမပါးလြန္းအရြယ္အစားရိွၿပီး မဲ့ၿပံဳးၿပံဳးလိုက္တိုင္း ေကာ့ၫြတ္သြားသၫ့္ ႏႈတ္ခမ္းသားတို႔က ျပၫ့္စံုသည္။ ပိုၿပီး ျပၫ့္စံုေစတာကေတာ့ ဘယ္ဘက္နားတြင္ ေနရာယူထားေသာ အေပါင္းလကၡဏာပံုစံ ေငြေရာင္နားဆြဲတစ္ဖက္ပင္ျဖစ္၏။ ဤကဲ့သို႔ေသာ အာကာလင္းသန႔္က ပိုင္ျမင့္ျမတ္ေက်ာ္ကလြဲရင္ မည္သူမွ မရႏိုင္သၫ့္ ဆုလာဘ္ေလး။ ထိုဆုလာဘ္ေလး အၿမဲေပ်ာ္ရႊင္ေနေစဖို႔ တတ္စြမ္းသမ်ွ ျဖၫ့္ဆည္းေပးဖို႔က သူ႔ရဲ့ သမိုင္းေပးတာဝန္။

"ဦးျမတ္ ကြၽန္ေတာ့္ကို ဘာမွမလုပ္ဘဲ ထိုင္‌ၾကၫ့္ေနေတာ့မွာလား"

"ကိုယ္ကသန႔္ကို ဘာလုပ္ရမွာလဲ၊ ဒီေကာင္ေလးေတာ့ ဘာေတြေတြးေနတာတုန္း"

"ဦးျမတ္က ကြၽန္ေတာ့္မ်က္ႏွာကို ကိုင္လိုက္‌ေတာ့ နမ္းမယ္ထင္သြားတာ"

"အခုေတာ့ မနမ္းပါဘူး၊ သန႔္ႏႈတ္ခမ္းေထာင့္မွာ ဒဏ္ရာျဖစ္ေနတာကို"

"ၿပီးေရာ"

"သန႔္ကိုယ့္ကို ေန့ခင္းက ကိစၥအတြက္ စိတ္ဆိုးေနေသးလား"

"ကလပ္ကို ဦးျမတ္ ခ်က္ခ်င္းလိုက္လာတည္းက စိတ္ဆိုးေျပသြားၿပီ၊ ဦးျမတ္နဲ႔ ခ်စ္သူျဖစ္ေနရတာ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ဂုဏ္ယူခ်င္သြားၿပီသိလား"

"ဘာလို႔လဲ၊ ကိုယ့္ကိုေျပာပါဦး"

"ကြၽန္ေတာ္ဘာလုပ္လုပ္ ဦးျမတ္က အၿမဲအလိုလိုက္တယ္၊ ၿငိဳျငင္တာလည္း မရိွဘူး၊ အၿမဲတမ္း အေလ်ွာ့ေပးတယ္၊ ၿပီးေတာ့ ကြၽန္ေတာ့္အေပၚ စိတ္ဆိုးတာမ်ိဳးလည္း မရိျွပန္ဘူး၊ ကြၽန္ေတာ့္စိတ္ကို အသိဆံုးကလည္း ဦးျမတ္ပဲ၊ ဒါေတြက ဦးျမတ္ ကြၽန္ေတာ့္ကို ခ်စ္လို႔သာျဖစ္လာတာေလ၊ ဦးျမတ္ရဲ့ အခ်စ္ခံေလးျဖစ္ရလို႔ ကြၽန္ေတာ္က ဂုဏ္ယူတာ"

သူ႔ရင္ခြင္ထဲကို တိုးဝင္လာတဲ့ အာကာလင္းသန႔္ကို ပိုင္ျမင့္ျမတ္ေက်ာ္ ျပန္လည္ေထြးေပြ့လိုက္ၿပီး ေခါင္းေလ်ွာ္ရည္နံ႔ ခပ္သင္းသင္းေလး ရေနသၫ့္ ဆံသားေတြအား နမ္းရိႈက္သည္။

"ခုနက ေကာင္ေလးနဲ႔ ျပန္ေတြ့ရင္ ရန္ျဖစ္ဦးမွာလား သန႔္"

"ျဖစ္ဦးမွာေပါ့၊ဒီတစ္ခါဆိုရင္ အဲ့ေကာင္ကို အနည္းဆံုး (၆)ခ်က္ေလာက္ခ်ဳပ္ရေအာင္ လုပ္ပစ္မယ္"

"စိတ္ႀကီးလိုက္တာကြာ"

"ကြၽန္ေတာ္က ကြၽန္ေတာ့္ကို လာဆြလို႔သာ ျပန္ၿပီး သင္ခန္းစာ ေပးခ်င္တာပါ ဦးျမတ္ကလည္း"

"ဟုတ္ပါၿပီ သန႔္ရဲ့"

အာကာလင္းသန႔္က သူ႔ကို ဖက္ထားရာမွ လူခ်င္းျပန္ခြာလိုက္သည္။

"ကြၽန္ေတာ္ အိမ္ထဲဝင္ေတာ့မယ္၊ ဦးျမတ္လည္းျပန္ေတာ့"

ေျပာၿပီးသည္ႏွင့္ အာကာလင္းသန႔္တစ္ေယာက္ ကားေပၚမွ ဆင္းသြားသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ ကားကို မထြက္ျဖစ္ေသးဘဲ အာကာလင္းသန႔္ရဲ့ လႈပ္ရွားမႈ အလံုးစံုကိုသာ လိုက္ၾကၫ့္ေနမိသည္။ ၿခံတံခါးေသာ့ဖြင့္ၿပီး အထဲေရာက္သြားတဲ့ အာကာလင္းသန႔္က ၿခံထဲကေနတဆင့္ သူ႔ကို 'တာ့တာ'ျပမွသာ အာကာလင္းသန႔္ကို ေခါင္းညိတ္ျပၿပီး ၿခံေရ႔ွမွ ထြက္ခြာခဲ့သည္။

သူ႔အိမ္သို႔ျပန္ရန္ ကားေမာင္းလာသၫ့္ လမ္းတစ္ေလ်ွာက္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ေခါင္းထဲ အေတြးတို႔က စီရရီဝင္ေရာက္လို႔လာသည္။ သူ႔အေနနဲ႔ အာကာလင္းသန႔္ ကလပ္သြားတာမ်ိဳး လံုးဝမႀကိဳက္ပါ။ ရန္ျဖစ္သၫ့္ကိစၥဆိုရင္ ပိုလို႔ေတာင္ မႀကိဳက္ေသးသည္။ ထိုအခ်က္ေတြကို ေျပာလိုက္ကာမွ ခ်ဳပ္ခ်ယ္သလို အာကာလင္းသန႔္ အထင္မွားသြားမွာကို မလိုလား၍ မေျပာျဖစ္ခဲ့ေပ။ သူ႔စိတ္ဆႏၵထက္ အာကာလင္းသန႔္ရဲ့ မ်က္ႏွာေလးမွာအၿပံဳးပန္းေဝေနတာကိုပဲ လိုခ်င္မိတာေၾကာင့္ျဖစ္သည္။

🍀

Continue Reading

You'll Also Like

117K 14.8K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
340K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
252K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .