နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 1

3.6K 115 2
By reli_08

(Unicode)

ရုံးပိတ်ရက်‌ ကျောင်းပိတ်ရက် ဖြစ်သည်နှင့်အညီ Shopping Mallအတွင်း၌ လူတွေမှာ စည်ကားသိုက်မြိုက်စွာ သွားလာနေကြသည်။ အထပ်တိုင်းလိုလိုမှာ အရွယ်မျိုးစုံ၊ လူတန်းစားမျိုးစုံက ဈေးဝယ်ထွက်ရင်း လျှောက်သွားနေကြသည်ကိုတွေ့နိုင်သည်။ မိသားစုလိုက် ဈေးဝယ်ထွက်လာကြသည့် သူတွေဆိုရင် မိမိတို့တွေရဲ့ ကလေးတွေပူဆာသမျှကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မညည်းမညူလိုက်လံဝယ်ယူပေးသည့် သူများရှိသလို မလိုအပ်ဘဲ မဝယ်ယူစေရန် ကလေးတွေအား ဆူပူနေသည့် မိဘတွေလည်းရှိ၏။

ထို့အပြင် နှစ်ကိုယ်တူ လက်ချင်းချိတ်ကာ ရုပ်ရှင်မပြခင်လေး window shopping ထွက်နေကြသော စုံတွဲများက ဟိုတစ်စဒီတစ်စ ပြန့်နှံ့နေပြန်သေးသည်။ မိမိချစ်သူကောင်မလေးရဲ့ ဈေးဝယ်ထွက်ချိန်ကို ခြေညောင်းအောင် တကောက်ကောက်လိုက်ကာ စိတ်မရှည်သော်ငြား ဘာမှမဖြစ်သည့်ပုံဖြင့် အထုပ်ဆွဲပေးနေကြသည့် ကောင်လေးတွေမှာလည်း ဒုနဲ့ဒေး။

သူငယ်ချင်းအုပ်စုတွေကလည်း စက်လှေကားစီးနေချိန်တွင်တောင် တစ်ယောက်နှင့်တစ်ယောက် စနောက်ပြီး ဂယက်ဖြစ်နေသလို super marketထဲဝယ် အိမ်အတွက်လိုအပ်သည့် ဟင်းချက်စရာ အပါအဝင် ပစ္စည်းပစ္စယတွေ ပတ်ဝယ်နေသော အထက်တန်းလွှာအိမ်ရှင်မတွေကို ပိုက်ဆံအိတ်ကြီးတွေ လက်တွင်ချိတ်လျက်သားနှင့် မြင်ရသည်။ ဤသည်ကား shopping mall တွေကိုသွားလျှင် မြင်တွေ့ရသည့် ပုံမှန်လူများ၏ ပုံမှန်လှုပ်ရှားသွားလာနေသော မြင်ကွင်းများပင်။

ထိုအထဲတွင်တော့ လူတစ်ဦးမှာ ပုံမှန်မဟုတ်စွာ ကွဲပြားနေသည်။ သူ၏ ခန့်ညားသော ရုပ်ရည်အသွင်အပြင်နှင့် မလိုက်ဖက်ဘဲ ခေါင်းမီးတောက်စွာ လျှောက်လှမ်းနေပြီး လက်ထဲတွင်လည်း ဖုန်းကိုမြဲမြံစွာ ကိုင်ထားကာ အခေါ်မပျက်သည့်နည်းတူ အမြင်အာရုံကို စူးရှစွာထား၍ မြင်ကွင်းထဲ ဝင်လာသမျှ ဝေ့ဝဲကြည့်ပြီး ဗရုတ်သုတ်ခဆန်နေတော့သည်။

ထိုသူမှာ မိမိအား စိတ်ဆိုးပြီးထွက်သွားသော သူ၏အသည်းညှာဟု တင်စားရမည့် အသက်(၁၂)နှစ်ငယ်သော ချစ်သူအာကာလင်းသန့်အား ရှာဖွေနေသည့် ပိုင်မြင့်မြတ်ကျော်ဖြစ်သည်။ စိတ်ဆိုးလွယ်သည့် ချစ်ရသူကိုမှ ပြဿနာနှင့် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့အောင် မီးမြှိုက်လိုက်သည့် သူ့ကိုယ်သူ တိုင်နှင့် ခေါင်း‌သာပြေးဆောင့်ပစ်နေချင်ပြီး အပြစ်ပေးချင်မိတော့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကြောင့် သူ့ချစ်ရသူက ပျော်ရွှင်ရမည့်အစား စိတ်ထိခိုက်သွားပြီ မဟုတ်ပေလား။ ဖြစ်နိုင်ရင် ပြဿနာ မဖြစ်ခင်က အချိန်ကိုသာ ပြန်ရစ်ပြီး ဆင်ခြင်လိုက်ချင်သည်။

"ဘယ်လိုမှ မကိုင်ဘူးကွာ ၊ တောက်....၊ ငါသာ ရုပ်ရှင်ထဲ ဈာန်မဝင်သွားရင် ဘာမှဖြစ်မှာမဟုတ်ဘူး"

ပိုင်မြင့်မြတ်ကျော်နှင့် အာကာလင်းသန့် ရုပ်ရှင်ကြည့်နေစဉ်က ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ ထုံးစံအတိုင်း အာကာလင်းသန့်စားမည့် မုန့်မှန်သမျှကို ပိုင်မြင့်မြတ်ကျော်ကပဲ အာကာလင်းသန့်ကို ခွံ့ကျွေးရန် ယူထားသည်။ သူကိုယ်တိုင်က ရုပ်ရှင်ကြည့်ရင်း မုန့်စားလေ့မရှိတော့ သူ့ချစ်သူ အာကာလင်းသန့်ကို ခွံ့ကျွေးရတာ အပိုအလုပ်မဖြစ်၊ အာကာလင်းသန့် စိတ်ချမ်းသာရင်ပြီးရော အလိုလိုက်ပေးသည်။ ထို့အတွက်ကြောင့် တစ်ဖက်တွင် ရုပ်ရှင်ကို ကောင်းကောင်းမွန်မွန် မကြည့်ရရှာတော့။ မကြည့်ရလည်း ဘာမှတော့မဖြစ်ပါ။ သူ့အတွက် အာကာလင်းသန့် အဆင်ပြေဖို့သာ အရေးကြီးသည်။

သို့ပေမယ့် ယနေ့တွင် ကံဆိုးချင်သည် ထင်ပါရဲ့။ သူတို့ကြည့်တဲ့ ကားက ဇာတ်လမ်းဇာတ်ကွက် တော်တော်ကောင်းတာကြောင့် သူလည်း ထူးထူးခြားခြား မျက်စိမခွာနိုင်အောင် ဖြစ်သွားတော့သည်။

"ဦးမြတ် အာလူးကြော်ခွံ့ဦး"

အာကာလင်းသန့်ရဲ့အပြောကို ကြားသော်လည်း ပိတ်ကားကနေ သူမျက်စိမခွာနိုင်ပါ။ သို့ဖြစ်၍ ပေါင်ပေါ်တွင် တင်ထားသည့် အာလူးကြော်ထုပ်ထဲမှ တစ်ဖက်နှိုက်ကာ အာကာလင်းသန့်ရဲ့ ပါးစပ်ရှိရာကို မှန်းပြီး ခွံလိုက်သည်။ သို့သော် မှန်းဆပြီး ခွံတာဖြစ်သည်ကြောင့် အာလူးကြော်မှာ ပါးစပ်ရှေ့‌မရောက်ဘဲ အာကာလင်းသန့်ရဲ့ မျက်လုံးရှေ့တည့်တည့်မှာ သွားရောက်နေသည်။

အာကာလင်းသန့် စိတ်တိုချင်နေသော်လည်း ဘာမှမပြောဘဲ ပိုင်မြင့်မြတ်ကျော်ရဲ့ လက်ကို ပါးစပ်နားရောက်အောင်ချပြီး အာလူးကြော်ကို စားလိုက်သည်။ ပြီးနောက် ရုပ်ရှင်ကို ပြန်ကြည့်သည်။

"ဦးမြတ် ကိုလာသောက်မယ်"

"အင်း သန့်"

ထိုင်ခုံလက်တန်းတွင် အအေးခွက်တွေထည့်ရန် လုပ်ပေးထားသည့် အံလေးထဲမှ ကိုလာဘူးကို ပိုင်မြင့်မြတ်ကျော် ယူလိုက်သည်။ ထို့နောက် အာကာလင်းသန့် သောက်နိုင်ရန် ဘူးကို ကိုင်ထားပေးသည်။ ဖြစ်ချင်တော့ သူကိုယ်တိုင်က ရုပ်ရှင်ကို အတော်စိတ်ဝင်စားနေတာကြောင့် မျက်လုံးကအရှေ့တည့်တည့်မှာသာရှိပြီး အာကာလင်းသန့်ပြောသမျှ လုပ်နေခြင်းဖြစ်သည်။ သို့နှင့် အာလူးကြော်ကဲ့သို့ ကိုလာဘူးမှာလည်း ပါးစပ်နားတွင် အဆင်သင့်မရောက်ပါ။ ပိုက်က အာကာလင်းသန့်၏ ပါးပြင်ပေါ်သို့သာ တန်းတန်းမတ်မတ်ရောက်သွားပြီး မျက်နှာပေါ်၌ ဟိုထိုးဒီထိုး ဖြစ်နေတော့သည်။

အာလူးကြော်ကိစ္စမှာကတည်းက ဒေါသထွက်လုဆဲဆဲ အာကာလင်းသန့်သည် ယခုတစ်ခေါက်တွင်တော့ သူလုပ်နေကျ ရစ်ထုပ်ဇာတ်လမ်းခင်းလေပြီဖြစ်၏။

"ဦးမြတ်"

"ပြောလေ သန့်"

"ဦးမြတ် ကျွန်တော့်ကို မချစ်တော့ဘူးမလား"

မာကြောနေသည့်လေသံနှင့် ထွက်ပေါ်လာသော စကားလုံးတို့ကြောင့် ပိုင်မြင့်မြတ်ကျော်မှာ ချက်ချင်းဆိုသလို အာကာလင်းသန့်၏ မျက်နှာဘက်ကို ခေါင်းလှည့်ကာကြည့်သည်။ ထိုအခါမှ အခြေအနေကို သဘောပေါက်သွားပြီး အာကာလင်းသန့်၏ မျက်နှာကို ထိုးမိနေသော ပိုက်ထည့်ထားရာ ကိုလာဘူးကို လက်တန်းကအံ၌ ပြန်ထားမိသည်။

"ဘာလို့ ကိုယ်က မချစ်ရမှာလဲ သန့်ရယ်"

"မဟုတ်ပါဘူး ဦးမြတ်လိမ်နေတာ၊ ဦးမြတ်သာ ကျွန်တော့်ကိုချစ်ရင် ကျွန်တော့်ကိုဂရုစိုက်ပြီး မထိခိုက်အောင် နေရမှာပေါ့၊ အခုတော့ အဲ့လိုမဟုတ်ဘူး၊ ပစ်စလတ်ခတ်နဲ့"

"ကိုယ်သန့်ကို ဘယ်လောက်ဂရုစိုက်လဲဆိုတာ သိရဲ့သားနဲ့ကိုကွာ၊ ကိုယ်ဘယ်တုန်းကများ သန့်ကို ထိခိုက်စေလို့လဲ"

"ဦးမြတ် ခုနလေးတင်ကမှ လုပ်လိုက်တဲ့ အပြုအမူက ကျွန်တော့်ကို ထိခိုက်တော့မှာလေ၊ ပိုက်ထိုးမိနေတာ ပါးမဟုတ်ဘဲ ကျွန်တော့်မျက်လုံးသာဆို ဘယ်လိုလုပ်မလဲ၊ သိလား အဲ့ဒါကို"

ပိုင်မြင့်မြတ်ကျော် ဤအချိန်တွင်မှ အကယ်၍များဆိုပြီး ထူပူကာ ခေါင်းနားပန်းကြီးရတော့သည်။

"ကိုယ့်ပေါ့ဆမှုကြောင့် သန့်သာ တစ်ခုခုဖြစ်သွားရင် ကိုယ်ရူးမှာ၊ ကိုယ်နောက်ဆို မဖြစ်အောင်ဆင်ခြင်ပါ့မယ်၊ ဒါကြောင့် သန့်က စိတ်မဆိုးနဲ့တော့နော်"

"ဦးမြတ်က ပြောလိုက်ရင် ဒီအဖြေချည်းပဲ၊ ပြောတော့သာ ချစ်တယ်ဆိုပြီး ဦးမြတ်လုပ်နေတာတွေက မချစ်တဲ့အတိုင်းတွေ၊ ကျွန်တော် ဆက်ကြည့်ချင်စိတ်လည်း မရှိတော့ဘူး၊ ဦးမြတ်က ကျွန်တော့်ထက် ဒီကားကို ပိုစိတ်ဝင်စားတာမလား၊ တစ်ယောက်တည်း ကြည့်ပြီး‌နေခဲ့တော့"

"ကိုယ်လည်း လိုက်ခဲ့မယ်လေ သန့်"

ချက်ချင်းဆိုသလို အာကာလင်းသန့်က လွယ်လာတဲ့ ကျောပိုးအိတ်ကို ကောက်ဆွဲကာ နေရာမှနေ သွက်လက်စွာ ထသွားသည်။ မုန့်ထုပ်ပေါင်းစုံ ဖောက်ပြီး ပေါင်ပေါ်တင်ထားရသော ပိုင်မြင့်မြတ်ကျော်သည်လည်း မုန့်ထုပ်တွေကို ခုံပေါ်ပစ်ချကာ ကားသော့နဲ့ ခေါက်ပိုက်ဆံအိတ်ဆွဲပြီး စိတ်ဆိုးသွားသူ နောက်လိုက်ရရှာသည်။ နိုင်ငံသားကောင်းတစ်ယောက် မပီသစွာ ပစ်ချထားခြင်း ခံခဲ့ရသော မုန့်ထုပ်တွေမှာလည်း ခုံပေါ်မှာ အလဲလဲအကွဲကွဲနှင့်။ ပုံမှန်အတိုင်းသာဆို ပိုင်မြင့်မြတ်ကျော် စနစ်တကျဖြင့် အမှိုက်ပုံးထဲ ပစ်မည် ဖြစ်သော်လည်း ယခုတွင်ကား အာကာလင်းသန့်နှင့် ယှဉ်ရင် အရေးမကြီးတာမို့ ထားပစ်ခဲ့လိုက်သည်။

ရုံအပြင်သို့ရောက်တော့ ဘောက်ဆတ်ဆတ်နှင့် ထွက်သွားသော အာကာလင်းသန့်ရဲ့ ခြေလှမ်းကို မီလုနီးနီး ဖြစ်လာသည်။ သို့သော် ကံဆိုးချင်လျှင်လည်း တစ်နေ့လုံး ဆိုးရွားတတ်သည်မျိုး ဖြစ်လေ့ဖြစ်ထရှိသည့်အလျောက် ပိုင်မြင့်မြတ်ကျော်မှာ အနှောင့်အယှက်နှင့် တည့်တည့်‌ကြီးကို တိုးလေပြန်သည်။

"ပိုင်မြင့်မြတ်ကျော် ဟဲ့ကောင်လေး၊ နင်ဒီကိုဘာလာလုပ်တာလဲ၊ မှန်မှန်လိမ်စမ်း"

"ဒီအတိုင်းပါပဲဗျာ၊ ဟို ကျွန်တော်"

"ဟိုတွေဒီတွေ လုပ်မနေနဲ့၊ ကောင်မလေးနဲ့ လာတာလား"

"မဟုတ်ပါဘူး၊ ဘယ်ကကောင်မလေးရမှာလဲ၊ ဘယ်ကောင်မလေးနဲ့မှ မလာဘူး"

ပိုင်မြင့်မြတ်ကျော်မှာ စကားတစ်ခွန်းရရင် မပြီးတော့သည့် သူ့အစ်မသူငယ်ချင်း အပျိုကြီးနှင့်မှ ကံမကောင်းစွာတွေ့နေရသည်။ ထိုအပျိုကြီးက သူသွားချင်နေတာကို အတင်းတွေ လက်ဆွဲထားပြီး စကားတွေရေပက်မဝင်အောင် ပြောနေလေတော့ သူ့မှာ ရေလိုက်ငါးလိုက်နှင့် ပြန်ဖြေကာ မျက်လုံးကတော့ အာကာလင်းသန့် နောက်ကိုသာ တကောက်ကောက်ပါသွားသည်။

"ငါ့ညီမတစ်ဝမ်းကွဲတွေက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ ငါလည်းပျင်းတာနဲ့ လိုက်လာတာဟယ်၊ နင်က ကောင်မလေးနဲ့ လာတာမဟုတ်ဘူးဆိုတော့ ငါတို့နဲ့လိုက်ကြည့်ပါလား၊ ငါလည်း နင့်အစ်မအကြောင်းမေးရင်း စကားလေးဘာလေး ပြောရ‌တာပေါ့"

"ဟာကွာ၊ သန့်ကတော့ လုပ်သွားပြန်ပြီ"

"ဟဲ့ ဘယ်သူလဲ သန့်က"

"ကျွန်တော်သွားစရာရှိလို့ သွားပြီ အစ်မရေ"

ပိုင်မြင့်မြတ်ကျော် ထိုအပျိုကြီးအား စကားဖြတ်ပြီး အာကာလင်းသန့် ဝင်တိုက်ပြီး ဘာမှမပြောဘဲ ထားသွားသော ကောင်လေးကို ကိုယ်စားတောင်းပန်စကားပြောရန် ထိုကောင်လေးအနားသို့ သွားရသည်။ သူ‌ တောင်းပန်စကားပြောလိုက်တော့ ထိုကောင်လေးမှာ အစပိုင်းတွင် ကြောင်သွားသော်လည်း ရှင်းပြလိုက်မှ နားလည်သွားရှာသည်။ ထို့ပြင် သူ့အား အာကာလင်းသန့်နောက်သို့ ခပ်မြန်မြန်လိုက်သွားရန်တောင် တိုက်တွန်းသေးသည်။ ထိုကောင်လေးနှင့်သူ့ဘေးက ကောင်လေးကို အကဲခတ်ကြည့်ရသလောက် သူနှင့် အာကာလင်းသန့်လို အတွဲမျိုး ဖြစ်မည်ဟု ပိုင်မြင့်မြတ်ကျော် ထင်မိသည်။

ဤသို့ဖြင့် ပိုင်မြင့်မြတ်ကျော်တစ်ယောက် အာကာလင်းသန့်နောက်ကို အမီလိုက်ရှာသော်လည်း ကံဆိုးစွာ မမီရှာပါ။ အစအနရှာမရအောင်ကို ပျောက်ချင်းမလှ ပျောက်သွားတော့သည်။ ပိုင်မြင့်မြတ်ကျော် စိတ်ပျက်စွာပဲ ကားပါကင်မှာ ရပ်ထားသော သူ့ကားရှိရာသို့ ပြန်လာလိုက်သည်။ ကားထဲသို့ ဝင်ထိုင်ကာ နောက်ဆုံးအခေါက်အနေဖြင့် ဖုန်းခေါ်သော်လည်း 'သတ်မှတ်ချိန်အတွင်း မကိုင်ပါ' ဆိုရာမှနေ 'စက်ပိတ်ထားပါတယ်' ပြန်‌ဖြေသံသာ ကြားလိုက်ရသည်။ ပိုင်မြင့်မြတ်ကျော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ကားကို စက်နှိုးကာ shopping mallမှနေ ထွက်ခွာသည်။

🍀

လူခေါ်ခေါင်းလောင်းကို အဆက်မပြတ်တီးပြီးနောက် ခြံစောင့်ဟု ယူဆရသော လူတစ်ဦးက ခြံတံခါးဆီသို့ ထွက်လာသည်။

"ဘာကိစ္စရှိလို့ပါလဲ"

အိမ်ထဲတွင် အာကာလင်းသန့် ဘယ်နေရာမှာ ရှိနေမလဲ လိုက်လံကြည့်ရှုနေသော ပိုင်မြင့်မြတ်ကျော်ရဲ့ စိတ်အာရုံအလုံးစုံသည် ခြံစောင့်အသံကြားမှပဲ သတိ ပြန်ကပ်လာတော့သည်။

"အာကာလင်းသန့်နဲ့ တွေ့ချင်လို့ပါ"

"ဘယ်သူလို့ ပြောလိုက်ရမလဲ"

"ပိုင်မြင့်မြတ်ကျော်လို့ ပြောရင် သူသိပါတယ်"

"အစ်ကိုလေးကို သွားပြောပေးမယ်၊ ခဏစောင့်နေဦးဗျ"

ခြံစောင့် ထွက်သွားတာနဲ့ ပိုင်မြင့်မြတ်ကျော် အိမ်ဘက်သို့ အကြည့်ပြန်ပို့ပြီး အာကာလင်းသန့်၏ အရိပ်အရောင် တွေ့လိုတွေ့ငြား ရှာသည်။ သို့သော်ငြား ခြံစောင့်ပြန်ရောက်လာသည်အထိ အာကာလင်းသန့်နဲ့တူတာ သူ့မှာ ဘာတစ်ခုမှ မတွေ့လိုက်ရပါ။

"အစ်ကိုလေးက မှာလိုက်တယ်၊ သူ‌မတွေ့ချင်လို့ ပြန်ပါတော့တဲ့၊ ဖုန်းလည်းမဆက်ပါနဲ့တဲ့၊ မပြန်ဘဲ ဆက်စောင့်ပြီး ရစ်သီရစ်သီ လုပ်နေမယ်ဆိုရင် သူ့စိတ်အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်တဲ့"

ချော့ခွင့်လေးတောင် မပေးဘဲ အ‌‌တွေ့မခံ အပြတ်ပြောကာ ပြန်စေသည့် အာကာလင်းသန့်၏ အလိုကျ ပိုင်မြင့်မြတ်ကျော်မှာ ခေါင်းငိုက်စိုက်ချပြီး အိမ်အပြန်လမ်းကိုသာ ဦးတည်ရသည်။ အဆိုးလေးရဲ့ အမိန့်တော်အတိုင်း တစ်သဝေမသိမ်း လိုက်နာတတ်သူပီပီ ဒီနေ့တွင်တော့ လက်လျှော့ကာ နေရတော့မည်။ နောက်တစ်နေ့မှပဲ အတိုးချကာ အမျက်တော်ပြေရေး ပိုင်မြင့်မြတ်ကျော် ကြိုးပမ်းရပေရော့မည်။

🍀

(Zawgyi)

ရံုးပိတ္ရက္‌ ေက်ာင္းပိတ္ရက္ ျဖစ္သည္ႏွင့္အညီ Shopping Mallအတြင္း၌ လူေတြမွာ စည္ကားသိုက္ၿမိဳက္စြာ သြားလာေနၾကသည္။ အထပ္တိုင္းလိုလိုမွာ အရြယ္မ်ိဳးစံု၊ လူတန္းစားမ်ိဳးစံုက ေဈးဝယ္ထြက္ရင္း ေလ်ွာက္သြားေနၾကသည္ကိုေတြ့ႏိုင္သည္။ မိသားစုလိုက္ ေဈးဝယ္ထြက္လာၾကသၫ့္ သူေတြဆိုရင္ မိမိတို႔ေတြရဲ့ ကေလးေတြပူဆာသမ်ွကို တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ မညည္းမၫူလိုက္လံဝယ္ယူေပးသၫ့္ သူမ်ားရိွသလို မလိုအပ္ဘဲ မဝယ္ယူေစရန္ ကေလးေတြအား ဆူပူေနသၫ့္ မိဘေတြလည္းရိွ၏။

ထို႔အျပင္ ႏွစ္ကိုယ္တူ လက္ခ်င္းခ်ိတ္ကာ ရုပ္ရွင္မျပခင္ေလး window shopping ထြက္ေနၾကေသာ စံုတြဲမ်ားက ဟိုတစ္စဒီတစ္စ ျပန႔္ႏွံ႔ေနျပန္ေသးသည္။ မိမိခ်စ္သူေကာင္မေလးရဲ့ ေဈးဝယ္ထြက္ခ်ိန္ကို ေျခေညာင္းေအာင္ တေကာက္ေကာက္လိုက္ကာ စိတ္မရွည္ေသာ္ျငား ဘာမွမျဖစ္သၫ့္ပံုျဖင့္ အထုပ္ဆြဲေပးေနၾကသၫ့္ ေကာင္ေလးေတြမွာလည္း ဒုနဲ႔ေဒး။

သူငယ္ခ်င္းအုပ္စုေတြကလည္း စက္ေလွကားစီးေနခ်ိန္တြင္ေတာင္ တစ္ေယာက္ႏွင့္တစ္ေယာက္ စေနာက္ၿပီး ဂယက္ျဖစ္ေနသလို super marketထဲဝယ္ အိမ္အတြက္လိုအပ္သၫ့္ ဟင္းခ်က္စရာ အပါအဝင္ ပစၥည္းပစၥယေတြ ပတ္ဝယ္ေနေသာ အထက္တန္းလႊာအိမ္ရွင္မေတြကို ပိုက္ဆံအိတ္ႀကီးေတြ လက္တြင္ခ်ိတ္လ်က္သားႏွင့္ ျမင္ရသည္။ ဤသည္ကား shopping mall ေတြကိုသြားလ်ွင္ ျမင္ေတြ့ရသၫ့္ ပံုမွန္လူမ်ား၏ ပံုမွန္လႈပ္ရွားသြားလာေနေသာ ျမင္ကြင္းမ်ားပင္။

ထိုအထဲတြင္ေတာ့ လူတစ္ဦးမွာ ပံုမွန္မဟုတ္စြာ ကြဲျပားေနသည္။ သူ၏ ခန႔္ညားေသာ ရုပ္ရည္အသြင္အျပင္ႏွင့္ မလိုက္ဖက္ဘဲ ေခါင္းမီးေတာက္စြာ ေလ်ွာက္လွမ္းေနၿပီး လက္ထဲတြင္လည္း ဖုန္းကိုၿမဲျမံစြာ ကိုင္ထားကာ အေခၚမပ်က္သၫ့္နည္းတူ အျမင္အာရံုကို စူးရွစြာထား၍ ျမင္ကြင္းထဲ ဝင္လာသမ်ွ ေဝ့ဝဲၾကၫ့္ၿပီး ဗရုတ္သုတ္ခဆန္ေနေတာ့သည္။

ထိုသူမွာ မိမိအား စိတ္ဆိုးၿပီးထြက္သြားေသာ သူ၏အသည္းၫွာဟု တင္စားရမၫ့္ အသက္(၁၂)ႏွစ္ငယ္ေသာ ခ်စ္သူအာကာလင္းသန႔္အား ရွာေဖြေနသၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္ျဖစ္သည္။ စိတ္ဆိုးလြယ္သၫ့္ ခ်စ္ရသူကိုမွ ျပႆနာႏွင့္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေတြ့ေအာင္ မီးၿမႇိဳက္လိုက္သၫ့္ သူ႔ကိုယ္သူ တိုင္ႏွင့္ ေခါင္း‌သာေျပးေဆာင့္ပစ္ေနခ်င္ၿပီး အျပစ္ေပးခ်င္မိေတာ့သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ႔ေၾကာင့္ သူ႔ခ်စ္ရသူက ေပ်ာ္ရႊင္ရမၫ့္အစား စိတ္ထိခိုက္သြားၿပီ မဟုတ္ေပလား။ ျဖစ္ႏိုင္ရင္ ျပႆနာ မျဖစ္ခင္က အခ်ိန္ကိုသာ ျပန္ရစ္ၿပီး ဆင္ျခင္လိုက္ခ်င္သည္။

"ဘယ္လိုမွ မကိုင္ဘူးကြာ ၊ ေတာက္....၊ ငါသာ ရုပ္ရွင္ထဲ ဈာန္မဝင္သြားရင္ ဘာမျွဖစ္မွာမဟုတ္ဘူး"

ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ အာကာလင္းသန႔္ ရုပ္ရွင္ၾကၫ့္ေနစဉ္က ျဖစ္သည္။ သူတို႔ႏွစ္ေယာက္ရဲ့ ထံုးစံအတိုင္း အာကာလင္းသန႔္စားမၫ့္ မုန႔္မွန္သမ်ွကို ပိုင္ျမင့္ျမတ္ေက်ာ္ကပဲ အာကာလင္းသန႔္ကို ခြံ႔ေကြၽးရန္ ယူထားသည္။ သူကိုယ္တိုင္က ရုပ္ရွင္ၾကၫ့္ရင္း မုန႔္စားေလ့မရိွေတာ့ သူ႔ခ်စ္သူ အာကာလင္းသန႔္ကို ခြံ႔ေကြၽးရတာ အပိုအလုပ္မျဖစ္၊ အာကာလင္းသန႔္ စိတ္ခ်မ္းသာရင္ၿပီးေရာ အလိုလိုက္ေပးသည္။ ထို႔အတြက္ေၾကာင့္ တစ္ဖက္တြင္ ရုပ္ရွင္ကို ေကာင္းေကာင္းမြန္မြန္ မၾကၫ့္ရရွာေတာ့။ မၾကၫ့္ရလည္း ဘာမွေတာ့မျဖစ္ပါ။ သူ႔အတြက္ အာကာလင္းသန႔္ အဆင္ေျပဖို႔သာ အေရးႀကီးသည္။

သို႔ေပမယ့္ ယေန့တြင္ ကံဆိုးခ်င္သည္ ထင္ပါရဲ့။ သူတို႔ၾကၫ့္တဲ့ ကားက ဇာတ္လမ္းဇာတ္ကြက္ ေတာ္ေတာ္ေကာင္းတာေၾကာင့္ သူလည္း ထူးထူးျခားျခား မ်က္စိမခြာႏိုင္ေအာင္ ျဖစ္သြားေတာ့သည္။

"ဦးျမတ္ အာလူးေၾကာ္ခြံ႔ဦး"

အာကာလင္းသန႔္ရဲ့အေျပာကို ၾကားေသာ္လည္း ပိတ္ကားကေန သူမ်က္စိမခြာႏိုင္ပါ။ သို႔ျဖစ္၍ ေပါင္ေပၚတြင္ တင္ထားသၫ့္ အာလူးေၾကာ္ထုပ္ထဲမွ တစ္ဖက္ႏိႈက္ကာ အာကာလင္းသန႔္ရဲ့ ပါးစပ္ရိွရာကို မွန္းၿပီး ခြံလိုက္သည္။ သို႔ေသာ္ မွန္းဆၿပီး ခြံတာျဖစ္သည္ေၾကာင့္ အာလူးေၾကာ္မွာ ပါးစပ္ေရ႔ွ‌မေရာက္ဘဲ အာကာလင္းသန႔္ရဲ့ မ်က္လံုးေရ႔ွတၫ့္တၫ့္မွာ သြားေရာက္ေနသည္။

အာကာလင္းသန႔္ စိတ္တိုခ်င္ေနေသာ္လည္း ဘာမွမေျပာဘဲ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ လက္ကို ပါးစပ္နားေရာက္ေအာင္ခ်ၿပီး အာလူးေၾကာ္ကို စားလိုက္သည္။ ၿပီးေနာက္ ရုပ္ရွင္ကို ျပန္ၾကၫ့္သည္။

"ဦးျမတ္ ကိုလာေသာက္မယ္"

"အင္း သန႔္"

ထိုင္ခံုလက္တန္းတြင္ အေအးခြက္ေတြထၫ့္ရန္ လုပ္ေပးထားသၫ့္ အံေလးထဲမွ ကိုလာဘူးကို ပိုင္ျမင့္ျမတ္ေက်ာ္ ယူလိုက္သည္။ ထို႔ေနာက္ အာကာလင္းသန႔္ ေသာက္ႏိုင္ရန္ ဘူးကို ကိုင္ထားေပးသည္။ ျဖစ္ခ်င္ေတာ့ သူကိုယ္တိုင္က ရုပ္ရွင္ကို အေတာ္စိတ္ဝင္စားေနတာေၾကာင့္ မ်က္လံုးကအေရ႔ွတၫ့္တၫ့္မွာသာရိွၿပီး အာကာလင္းသန႔္ေျပာသမ်ွ လုပ္ေနျခင္းျဖစ္သည္။ သို႔ႏွင့္ အာလူးေၾကာ္ကဲ့သို႔ ကိုလာဘူးမွာလည္း ပါးစပ္နားတြင္ အဆင္သင့္မေရာက္ပါ။ ပိုက္က အာကာလင္းသန႔္၏ ပါးျပင္ေပၚသို႔သာ တန္းတန္းမတ္မတ္ေရာက္သြားၿပီး မ်က္ႏွာေပၚ၌ ဟိုထိုးဒီထိုး ျဖစ္ေနေတာ့သည္။

အာလူးေၾကာ္ကိစၥမွာကတည္းက ေဒါသထြက္လုဆဲဆဲ အာကာလင္းသန႔္သည္ ယခုတစ္ေခါက္တြင္ေတာ့ သူလုပ္ေနက် ရစ္ထုပ္ဇာတ္လမ္းခင္းေလၿပီျဖစ္၏။

"ဦးျမတ္"

"ေျပာေလ သန႔္"

"ဦးျမတ္ ကြၽန္ေတာ့္ကို မခ်စ္ေတာ့ဘူးမလား"

မာေၾကာေနသၫ့္ေလသံႏွင့္ ထြက္ေပၚလာေသာ စကားလံုးတို႔ေၾကာင့္ ပိုင္ျမင့္ျမတ္ေက်ာ္မွာ ခ်က္ခ်င္းဆိုသလို အာကာလင္းသန႔္၏ မ်က္ႏွာဘက္ကို ေခါင္းလွၫ့္ကာၾကၫ့္သည္။ ထိုအခါမွ အေျခအေနကို သေဘာေပါက္သြားၿပီး အာကာလင္းသန႔္၏ မ်က္ႏွာကို ထိုးမိေနေသာ ပိုက္ထၫ့္ထားရာ ကိုလာဘူးကို လက္တန္းကအံ၌ ျပန္ထားမိသည္။

"ဘာလို႔ ကိုယ္က မခ်စ္ရမွာလဲ သန႔္ရယ္"

"မဟုတ္ပါဘူး ဦးျမတ္လိမ္ေနတာ၊ ဦးျမတ္သာ ကြၽန္ေတာ့္ကိုခ်စ္ရင္ ကြၽန္ေတာ့္ကိုဂရုစိုက္ၿပီး မထိခိုက္ေအာင္ ေနရမွာေပါ့၊ အခုေတာ့ အဲ့လိုမဟုတ္ဘူး၊ ပစ္စလတ္ခတ္နဲ႔"

"ကိုယ္သန႔္ကို ဘယ္ေလာက္ဂရုစိုက္လဲဆိုတာ သိရဲ့သားနဲ႔ကိုကြာ၊ ကိုယ္ဘယ္တုန္းကမ်ား သန႔္ကို ထိခိုက္ေစလို႔လဲ"

"ဦးျမတ္ ခုနေလးတင္ကမွ လုပ္လိုက္တဲ့ အျပဳအမူက ကြၽန္ေတာ့္ကို ထိခိုက္ေတာ့မွာေလ၊ ပိုက္ထိုးမိေနတာ ပါးမဟုတ္ဘဲ ကြၽန္ေတာ့္မ်က္လံုးသာဆို ဘယ္လိုလုပ္မလဲ၊ သိလား အဲ့ဒါကို"

ပိုင္ျမင့္ျမတ္ေက်ာ္ ဤအခ်ိန္တြင္မွ အကယ္၍မ်ားဆိုၿပီး ထူပူကာ ေခါင္းနားပန္းႀကီးရေတာ့သည္။

"ကိုယ့္ေပါ့ဆမႈေၾကာင့္ သန႔္သာ တစ္ခုခုျဖစ္သြားရင္ ကိုယ္ရူးမွာ၊ ကိုယ္ေနာက္ဆို မျဖစ္ေအာင္ဆင္ျခင္ပါ့မယ္၊ ဒါေၾကာင့္ သန႔္က စိတ္မဆိုးနဲ႔ေတာ့ေနာ္"

"ဦးျမတ္က ေျပာလိုက္ရင္ ဒီအေျဖခ်ည္းပဲ၊ ေျပာေတာ့သာ ခ်စ္တယ္ဆိုၿပီး ဦးျမတ္လုပ္ေနတာေတြက မခ်စ္တဲ့အတိုင္းေတြ၊ ကြၽန္ေတာ္ ဆက္ၾကၫ့္ခ်င္စိတ္လည္း မရိွေတာ့ဘူး၊ ဦးျမတ္က ကြၽန္ေတာ့္ထက္ ဒီကားကို ပိုစိတ္ဝင္စားတာမလား၊ တစ္ေယာက္တည္း ၾကၫ့္ၿပီး‌ေနခဲ့ေတာ့"

"ကိုယ္လည္း လိုက္ခဲ့မယ္ေလ သန႔္"

ခ်က္ခ်င္းဆိုသလို အာကာလင္းသန႔္က လြယ္လာတဲ့ ေက်ာပိုးအိတ္ကို ေကာက္ဆြဲကာ ေနရာမွေန သြက္လက္စြာ ထသြားသည္။ မုန႔္ထုပ္ေပါင္းစံု ေဖာက္ၿပီး ေပါင္ေပၚတင္ထားရေသာ ပိုင္ျမင့္ျမတ္ေက်ာ္သည္လည္း မုန႔္ထုပ္ေတြကို ခံုေပၚပစ္ခ်ကာ ကားေသာ့နဲ႔ ေခါက္ပိုက္ဆံအိတ္ဆြဲၿပီး စိတ္ဆိုးသြားသူ ေနာက္လိုက္ရရွာသည္။ ႏိုင္ငံသားေကာင္းတစ္ေယာက္ မပီသစြာ ပစ္ခ်ထားျခင္း ခံခဲ့ရေသာ မုန႔္ထုပ္ေတြမွာလည္း ခံုေပၚမွာ အလဲလဲအကြဲကြဲႏွင့္။ ပံုမွန္အတိုင္းသာဆို ပိုင္ျမင့္ျမတ္ေက်ာ္ စနစ္တက်ျဖင့္ အမိႈက္ပံုးထဲ ပစ္မည္ ျဖစ္ေသာ္လည္း ယခုတြင္ကား အာကာလင္းသန႔္ႏွင့္ ယွဉ္ရင္ အေရးမႀကီးတာမို႔ ထားပစ္ခဲ့လိုက္သည္။

ရံုအျပင္သို႔ေရာက္ေတာ့ ေဘာက္ဆတ္ဆတ္ႏွင့္ ထြက္သြားေသာ အာကာလင္းသန႔္ရဲ့ ေျခလွမ္းကို မီလုနီးနီး ျဖစ္လာသည္။ သို႔ေသာ္ ကံဆိုးခ်င္လ်ွင္လည္း တစ္ေန့လံုး ဆိုးရြားတတ္သည္မ်ိဳး ျဖစ္ေလ့ျဖစ္ထရိွသၫ့္အေလ်ာက္ ပိုင္ျမင့္ျမတ္ေက်ာ္မွာ အေနွာင့္အယွက္ႏွင့္ တၫ့္တၫ့္‌ႀကီးကို တိုးေလျပန္သည္။

"ပိုင္ျမင့္ျမတ္ေက်ာ္ ဟဲ့ေကာင္ေလး၊ နင္ဒီကိုဘာလာလုပ္တာလဲ၊ မွန္မွန္လိမ္စမ္း"

"ဒီအတိုင္းပါပဲဗ်ာ၊ ဟို ကြၽန္ေတာ္"

"ဟိုေတြဒီေတြ လုပ္မေနနဲ႔၊ ေကာင္မေလးနဲ႔ လာတာလား"

"မဟုတ္ပါဘူး၊ ဘယ္ကေကာင္မေလးရမွာလဲ၊ ဘယ္ေကာင္မေလးနဲ႔မွ မလာဘူး"

ပိုင္ျမင့္ျမတ္ေက်ာ္မွာ စကားတစ္ခြန္းရရင္ မၿပီးေတာ့သၫ့္ သူ႔အစ္မသူငယ္ခ်င္း အပ်ိဳႀကီးႏွင့္မွ ကံမေကာင္းစြာေတြ့ေနရသည္။ ထိုအပ်ိဳႀကီးက သူသြားခ်င္ေနတာကို အတင္းေတြ လက္ဆြဲထားၿပီး စကားေတြေရပက္မဝင္ေအာင္ ေျပာေနေလေတာ့ သူ႔မွာ ေရလိုက္ငါးလိုက္ႏွင့္ ျပန္ေျဖကာ မ်က္လံုးကေတာ့ အာကာလင္းသန႔္ ေနာက္ကိုသာ တေကာက္ေကာက္ပါသြားသည္။

"ငါ့ညီမတစ္ဝမ္းကြဲေတြက ရုပ္ရွင္ၾကၫ့္ခ်င္တယ္ဆိုလို႔ ငါလည္းပ်င္းတာနဲ႔ လိုက္လာတာဟယ္၊ နင္က ေကာင္မေလးနဲ႔ လာတာမဟုတ္ဘူးဆိုေတာ့ ငါတို႔နဲ႔လိုက္ၾကၫ့္ပါလား၊ ငါလည္း နင့္အစ္မအေၾကာင္းေမးရင္း စကားေလးဘာေလး ေျပာရ‌တာေပါ့"

"ဟာကြာ၊ သန႔္ကေတာ့ လုပ္သြားျပန္ၿပီ"

"ဟဲ့ ဘယ္သူလဲ သန႔္က"

"ကြၽန္ေတာ္သြားစရာရိွလို႔ သြားၿပီ အစ္မေရ"

ပိုင္ျမင့္ျမတ္ေက်ာ္ ထိုအပ်ိဳႀကီးအား စကားျဖတ္ၿပီး အာကာလင္းသန႔္ ဝင္တိုက္ၿပီး ဘာမွမေျပာဘဲ ထားသြားေသာ ေကာင္ေလးကို ကိုယ္စားေတာင္းပန္စကားေျပာရန္ ထိုေကာင္ေလးအနားသို႔ သြားရသည္။ သူ‌ ေတာင္းပန္စကားေျပာလိုက္ေတာ့ ထိုေကာင္ေလးမွာ အစပိုင္းတြင္ ေၾကာင္သြားေသာ္လည္း ရွင္းျပလိုက္မွ နားလည္သြားရွာသည္။ ထို႔ျပင္ သူ႔အား အာကာလင္းသန႔္ေနာက္သို႔ ခပ္ျမန္ျမန္လိုက္သြားရန္ေတာင္ တိုက္တြန္းေသးသည္။ ထိုေကာင္ေလးႏွင့္သူ႔ေဘးက ေကာင္ေလးကို အကဲခတ္ၾကၫ့္ရသေလာက္ သူႏွင့္ အာကာလင္းသန႔္လို အတြဲမ်ိဳး ျဖစ္မည္ဟု ပိုင္ျမင့္ျမတ္ေက်ာ္ ထင္မိသည္။

ဤသို႔ျဖင့္ ပိုင္ျမင့္ျမတ္ေက်ာ္တစ္ေယာက္ အာကာလင္းသန႔္ေနာက္ကို အမီလိုက္ရွာေသာ္လည္း ကံဆိုးစြာ မမီရွာပါ။ အစအနရွာမရေအာင္ကို ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားေတာ့သည္။ ပိုင္ျမင့္ျမတ္ေက်ာ္ စိတ္ပ်က္စြာပဲ ကားပါကင္မွာ ရပ္ထားေသာ သူ႔ကားရိွရာသို႔ ျပန္လာလိုက္သည္။ ကားထဲသို႔ ဝင္ထိုင္ကာ ေနာက္ဆံုးအေခါက္အေနျဖင့္ ဖုန္းေခၚေသာ္လည္း 'သတ္မွတ္ခ်ိန္အတြင္း မကိုင္ပါ' ဆိုရာမွေန 'စက္ပိတ္ထားပါတယ္' ျပန္‌ေျဖသံသာ ၾကားလိုက္ရသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ၿပီး ကားကို စက္ႏိႈးကာ shopping mallမွေန ထြက္ခြာသည္။

🍀

လူေခၚေခါင္းေလာင္းကို အဆက္မျပတ္တီးၿပီးေနာက္ ၿခံေစာင့္ဟု ယူဆရေသာ လူတစ္ဦးက ၿခံတံခါးဆီသို႔ ထြက္လာသည္။

"ဘာကိစၥရိွလို႔ပါလဲ"

အိမ္ထဲတြင္ အာကာလင္းသန႔္ ဘယ္ေနရာမွာ ရိွေနမလဲ လိုက္လံၾကၫ့္ရႈေနေသာ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ စိတ္အာရံုအလံုးစံုသည္ ၿခံေစာင့္အသံၾကားမွပဲ သတိ ျပန္ကပ္လာေတာ့သည္။

"အာကာလင္းသန႔္နဲ႔ ေတြ့ခ်င္လို႔ပါ"

"ဘယ္သူလို႔ ေျပာလိုက္ရမလဲ"

"ပိုင္ျမင့္ျမတ္ေက်ာ္လို႔ ေျပာရင္ သူသိပါတယ္"

"အစ္ကိုေလးကို သြားေျပာေပးမယ္၊ ခဏေစာင့္ေနဦးဗ်"

ၿခံေစာင့္ ထြက္သြားတာနဲ႔ ပိုင္ျမင့္ျမတ္ေက်ာ္ အိမ္ဘက္သို႔ အၾကၫ့္ျပန္ပို႔ၿပီး အာကာလင္းသန႔္၏ အရိပ္အေရာင္ ေတြ့လိုေတြ့ျငား ရွာသည္။ သို႔ေသာ္ျငား ၿခံေစာင့္ျပန္ေရာက္လာသည္အထိ အာကာလင္းသန႔္နဲ႔တူတာ သူ႔မွာ ဘာတစ္ခုမွ မေတြ့လိုက္ရပါ။

"အစ္ကိုေလးက မွာလိုက္တယ္၊ သူ‌မေတြ့ခ်င္လို႔ ျပန္ပါေတာ့တဲ့၊ ဖုန္းလည္းမဆက္ပါနဲ႔တဲ့၊ မျပန္ဘဲ ဆက္ေစာင့္ၿပီး ရစ္သီရစ္သီ လုပ္ေနမယ္ဆိုရင္ သူ႔စိတ္အေျခအေန ပိုဆိုးသြားပါလိမ့္မယ္တဲ့"

ေခ်ာ့ခြင့္ေလးေတာင္ မေပးဘဲ အ‌‌ေတြ့မခံ အျပတ္ေျပာကာ ျပန္ေစသၫ့္ အာကာလင္းသန႔္၏ အလိုက် ပိုင္ျမင့္ျမတ္ေက်ာ္မွာ ေခါင္းငိုက္စိုက္ခ်ၿပီး အိမ္အျပန္လမ္းကိုသာ ဦးတည္ရသည္။ အဆိုးေလးရဲ့ အမိန႔္ေတာ္အတိုင္း တစ္သေဝမသိမ္း လိုက္နာတတ္သူပီပီ ဒီေန့တြင္ေတာ့ လက္ေလ်ွာ့ကာ ေနရေတာ့မည္။ ေနာက္တစ္ေန့မွပဲ အတိုးခ်ကာ အမ်က္ေတာ္ေျပေရး ပိုင္ျမင့္ျမတ္ေက်ာ္ ႀကိဳးပမ္းရေပေရာ့မည္။

🍀

Continue Reading

You'll Also Like

311K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
867K 58.8K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
118K 14.8K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel