သားတစ်ယောက်ဆို...အဖေလိုက်ပွဲ...

By Kiley0096

399K 36.2K 586

ခန္ဓာကိုယ်ဖြင့်သာ ပြန်လည်ပေးဆပ်လိုတဲ့ ပေါက်စီကြီး ~ "ငါ့ကိုလက်ထပ်ပါ" နန်ရှီ ~ ???!!! ပေါက်စီလေး ~ *သနားစရာခွေ... More

Description
အခန်း(၁) ခုနှစ်လကိုယ်ဝန်
အခန်း(၂) လူစိမ်းရဲ့မျိုးမစစ်လေး
အခန်း(၃) Bar က ပေါက်စီလေး
အခန်း(၄) ပေါက်စီလေးကို ကယ်တင်ခြင်း
အခန်း(၅) သခင်အသေးလေးကိုတွေ့ပြီ
အခန်း(၆) ထင်ပေါ်လွန်းတဲ့ရွှေမင်းသား
အခန်း(၇) ခန္ဓာကိုယ်နဲ့ကျေးဇူးဆပ်ချင်နေတဲ့ပေါက်စီကြီး
အခန်း(၈) ယောကျ်ားတွေကိုကြိုက်တာမလား?
အခန်း(၉) လူတွေ့စစ်ဆေးမှုမမှီလိုက်တဲ့မိန်းကလေး
အပိုင်း(၁၀) ဒေါသူပုန်ထနေတဲ့ရတနာလေး
အခန်း(၁၁) ပေါက်စီကြီးနဲ့ပေါက်စီလေး
အခန်း(၁၂) ညအိပ်ညနေ
အခန်း(၁၃) ကလေးတစ်ယောက်ကိုပြုစုဖို့မလွယ်ဘူး
အခန်း(၁၄) မဟုတ်တာဖြစ်ဖို့ဆိုသိပ်ကိုလွယ်ကူတယ်
အခန်း(၁၅) အတူပဲအိပ်မယ်...လက်မထပ်ဘူးလား?
အခန်း(၁၆) တကယ့်ငါ့သားပဲ
အခန်း(၁၇)အိမ်ထောင်ပြုဖို့လောဆော်တဲ့နှစ်ယောက်
အခန်း (၁၈) ချွေးမတစ်ယောက် အလိုရှိသည်. . .
အခန်း(၁၉) အံ့ဩသွားရသော မိဘနှစ်ပါး
အခန်း (၂၀) ရည်းစားဟောင်းတွေ မှိုလိုပေါက်
အခန်း(၂၁) ကောင်းကင်နန်းတော်ကိုတစ်စစီဖျက်ဆီးနေတဲ့ရတနာလေး
အခန်း(၂၂) အရေးအပေါ်အခြေအနေအတွက်ခေါ်ဆိုခြင်း
အခန်း(၂၃) Big Bossကိုအစွမ်းပြခြင်း
အခန်း(၂၄) ဘူးသီးညီအစ်ကို[1]
အခန်း(၂၅) ဒီတော့ ဒီလိုနဲ့ပဲ အတူနေကြတော့မယ်ပေါ့?
အခန်း(၂၆) နန်ရှီ ကိုယ်တို့ရှေ့ဆက်ရမဲ့ရက်တွေ ရှိသေးတယ်...
အခန်း(၂၇) Fauvism
အခန်း(၂၈) အနိုင်ကျင့်လွန်းသော စီ အီး အို(CEO)
အခန်း(၂၉) Boss ရဲ့ ဇနီးအလောင်းအလျာ
အခန်း(၃၀) ဖွင့်ပွဲအခမ်းအနား
အခန်း(၃၁) မင်းမှာ တကယ်စူးရှတဲ့မျက်လုံးတွေ ရှိတာပဲ!
အခန်း(၃၂) ဇာတ်ရှုပ် EX များ
အခန်း(၃၃) ခြေထိုးချင်တယ်ပေါ့လား? အခွင့်အရေးမရှိစေရဘူး!
အခန်း(၃၄) သဘောကောင်းတဲ့ အဖေ နဲ့ တာဝန်ကျေတဲ့ သမီး
အခန်း(၃၅) ငယ်ရွယ်ချိန်က နေ့ရက်တွေမရှိနိုင်တော့ဘူး
အခန်း(၃၆) မင်္ဂလာရှိလိုက်တာ!
အခန်း(၃၇) အမျိုးသမီးသန့်စင်ခန်းထဲသို့ဝင်ရောက်ခြင်း
အခန်း(၃၈) ရှင်ကမိစ္ဆာဘုရင်ကြီး
အခန်း(၃၉) အဲ့လောက်ကြီး တုတ်ပါဘူး!
အခန်း(၄၀) Baby, ငါ နင့်ကို တကယ် လက်ထပ်ချင်တယ်
Update Info!
အခန်း(၄၁) ထပ်ယူအုံးမလား?
အခန်း(၄၂) Good Night, My Girl
အခန်း(၄၃) ထပ်ကိုက်ကြည့်...!
အခန်း(၄၄) အီစီကလီ အစွမ်းများ နိုးထလာ
အခန်း(၄၅) ကျေးဇူးတင်ကြောင်းဖော်ပြ
အခန်း(၄၆) Your are my angel
အခန်း(၄၇) နှင်းဆီနီနီတွေ....
အခန်း(၄၈) EX တွေရဲ့ မာယာ
အခန်း(၄၉) သခင်ပေါက်စလေးရဲ့ သစ်သီးဖျော်ရည်
အခန်း(၅၀) ရှားလော့ဟယ်ယို(Sarangheyo)
အခန်း(၅၁) နောက်ထပ် EX တစ်ယောက်
အခန်း(၅၂) အနမ်းကုသဆေး
အခန်း(၅၃) သဘောကျချင်စဖွယ်မလား?
အခန်း(၅၄) မရီး
အခန်း(၅၅) လူတိုင်းက မိန်းကလေးတွေကို ဘယ်လိုပိုးပန်းရမလဲဆိုတာကို သင်ပေးချင်နေတာချည
အခန်း(၅၆) ဝါဂွမ်းကို ထိုးကြိတ်မိသလို
အခန်း(၅၇) လုံးဝစိတ်လှုပ်ရှားစရာပဲ!
အခန်း(၅၈) အရင်တုန်းကလိုပဲ ငါ့အိပ်မက်တွေထဲကို ကျူ းကျော်လာပြန်ပြီ!
အခန်း(၅၉) ဒုတိယဇာတ်ဆောင်မင်းသားက ချောမောတဲ့ ကြယ်တစ်ပွင့်
အခန်း(၆၀) နှစ်ပေါင်းထောင်သောင်းမက ချစ်မယ်!
အခန်း(၆၁) လိမ္မာလိုက်တဲ့ ငါ့မြေးလေး!
အခန်း(၆၂) လာလေ .. ဒီနားကို လာနမ်းလှည့်!
အခန်း(၆၃) အချီ ၃၀၀ တိုက်ပွဲ
အခန်း(၆၄) နောက်ကျမှလာတဲ့ဧည့်သည်
အခန်း(၆၅) ပုံမှန်မဟုတ်သောတွေ့ဆုံခြင်း
အခန်း(၆၆) ဒီညအတူရှိပေးမယ်ဆို
အခန်း(၆၇) လရိပ်အောက်မှာပွင့်သောအနမ်း
အခန်း(၆၈) ဒေါသထွက်နေပေမယ့်ပြုံးထားတုန်းပဲ!
အခန်း(၆၉) အရမ်းချောထှာပဲဟယ်...ခြေထောက်တောင် ပျော့ခွေကုန်ပြီ
အခန်း(၇၀) တရားလွန်ပူးပူးကပ်ကပ်
အခန်း(၇၁) ပန်းဖြူ ကလေးအား အလစ်သုတ်မည့် လူဆိုး
အခန်း(၇၂) ငါ ထိန်းချုပ်မှုအောက် ဝပ်ဆင်းနေရမယ်
အခန်း(၇၃) ဆက်ရိုက်လေ ... မရပ်ပါနဲ့အုံး
အခန်း(၇၅) *[၁]ပျားရည်ထောင်ချောက်
အခန်း(၇၆) အနန္တတန်ခိုးရှင် မရီး!
အခန်း(၇၇) သူလေးကို ပြန်ပေးဆွဲချင်တယ်
အခန်း(၇၈) ငါနင့်အဒေါ်ဖြစ်လာမှာက စိုးရိမ်စရာပဲ
အခန်း(၇၉) ချစ်စရာ့ယုန်နားရွက်လေး
အခန်း(၈၀) မပြောမဆို ငွေထုတ်နဲ့ပစ်ပေါက်ခြင်း
အခန်း(၈၁) သမင်လေးကတော့ မူးမေ့သွားမတတ်ပဲ![၁]
အခန်း(၈၂) သိပ်ပြန်ချင်နေလား??
အခန်း(၈၃) အနမ်းများနှင့်အတူ နိုးထခြင်း
အခန်း(၈၄) အိပ်နေရင်းလမ်းထလျှောက်တာလား?
အခန်း(၈၅) အိပ်ယာတစ်ခုထဲ တူတူအိပ်ခြင်း
*....*
အခန်း(၈၆) ဆိုင်ကလုန်းတွေ ထန်ကုန်ပြီ
Bonus Chapter 1
အခန်း(၈၇) မိန်းမတစ်ယောက်လိုအပ်နေပြီ
Bonus Chapter 2
အခန်း(၈၈) ပန်းရိုင်းကလေး
အခန်း(၈၉) ဇာတ်လမ်းကအခုမှ စမှာ
အခန်း(၉၀) ပန်းဖြူ လေးဇာတ်ရုပ်
အခန်း(၉၁) တန်ပြန်ထိုးစစ်
အခန်း(၉၂) ဝက်အဖွဲ့ဝင်[၁]
အခန်း(၉၃) စစ်မှန်သည်က အမြဲထွန်းတောက်
အခန်း(၉၄) ထိန်းချုပ်မရသည့် ပြင်းပြသော အချစ်
အခန်း(၉၅) ဖြစ်လာမည့် အကျိုးဆက်များ
အခန်း(၉၆) မင်းနဲ့သူကြား ဘာမှမရှိဘူးလို့ မင်းပြောတယ်နော်
အခန်း(၉၇) အရင်လိုက်တာ သူမပါနော်
အခန်း(၉၈) မင်းတစ်ယောက်သာ ကုသဆေး
အခန်း(၉၉) ပြတင်းပေါက်ကို ခဲနဲ့ပေါက်ခြင်း
အခန်း(၁၀၀) ကြယ်ခူးဆွတ်ဖို့ရည်ရွယ်
Come to Book2!!!

အခန်း(၇၄) ခန္ဓာကိုယ် ဖောက်စားခံရသလိုလို

3.1K 265 1
By Kiley0096

သရုပ်ဆောင်နှစ်ယောက်စလုံးက လိုက်ဖက်ညီပြီးတော့ ပြောင်မြောက်သော အနုပညာတင်ဆင်မှုအားလည်း ပေးလေတယ်၊ အထူးတလည်ဆိုရင်တော့ နန်ရှီပေါ့ ... သူမကို မကောင်းပြောရမယ် ဆိုတာတောင် မေ့သွားလောက်အောင် လူအားလုံးကို ဇာတ်လမ်းထဲသို့ ဆွဲခေါ်သွားနိုင်လေ၏။

အစတုန်းကတော့ မည်သူမျှ သူတို့ရဲ့ idol ပေါ်သို့ နန်ရှီ့လက်တစ်ချောင်းတောင် မရောက်စေချင်ကြဘူး၊ သို့ပေမယ့် ယခုသော်ဖြင့် ပြောင်းလဲသွာလေပြီ ... သူမ ထိုအရာတို့အား မြန်မြန်ဆန်ဆန်ပြုလုပ်ဖို့ပင် သူတို့ကစိတ်အားထက်သန်စွာ မျှော်လင့်တကြီး ဖြစ်နေကြပြီ။ သူမ ဤသို့ပြုလုပ်နေတာကို ကြည့်ရင်ဖြင့် မသိလျင် သူတို့ကိုယ်တိုင်ပဲ ပြုမူနေရသည့်အလား ရင်ခုန်စိတ်လှုပ်ရှားရပါဘိ။

သေချာတာက အကုန်လုံး သူတို့အာရုံပြန်လည်တဲ့အခါ သူတို့တွေ နန်ရှီ့ကို မနာလိုဖြစ်ကြတာတော့ မလွဲဧကန်ပေ။ သူတို့တွေက ကျန်းမုရယ် ဘေးပတ်ပတ်လည်ဝိုင်းကာ သူ့အား ကျန်းခမ်းသာလို့ မာပါရဲ့လားဟု မေးကြတဲ့အပြင် သူ့သရုပ်ဆောင်မှုဟာ အရမ်းကိုကောင်းလှပါသည် ဟုလည်း ချီးမွှမ်းခန်းများ ဖွင့်ကြလေသည်။

ဒီနေ့မှာ ကျာ့ချင်းချင်းအပြင် တခြားသုန်မှုန်အနေဆုံး ပုဂ္ဂိုလ်ကို ပြောပါဆိုရင်တော့ ... ထိုသူက ကျောင်စီကျိုးပါပေ့။

ကနဦး၌ အဖွဲ့ထဲမှာ သူက နေရာအမြင့်ဆုံးမှာပင် ... သည့်အပြင် မိန်းကလေးများ အကြားမှာလည်း ရေပန်းအစားဆုံးပါပေ၊ ဒါပေမယ့် ယခု ကျန်းမုရယ် ရောက်လာတဲ့အခိုက်တွင် ... အားလုံး၏ အာရုံက အဝေးသို့ ရွေ့သွားလေပြီး ဖြုတ်ခနဲပင် သူ့အား လေစိမ်းတွေ တိုက်သွားကြလေသည်။

သို့ပေမယ့်လည်း အပျော်ဆုံးလူသားကဆိုရင်တော့ ဒါရိုက်တာကြီး ဖြစ်နေမှာ သေချာသလောက်ရှိပေသည်။

ယနေ့၏ ကျန်းမုရယ်နဲ့နန်ရှီကြားက အခန်းတွေအားလုံး အဆင်ပြေပြေချောချော မွေ့မွေ့ပါပင်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှဖြင့် သရုပ်ဆောင်သွားလေသည် ... မသိရင် ဒီမတိုင်ခင်က ကြိမ်ဖန်များစွာ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားသည်ဟုပင် ထင်ရလောက်သည်။

ဒါကေမယ့် နန်ရှီ့အတွက် ယနေ့တွင် စကားနှစ်စုအား သတိရသွားစေပေသည်; အဆိုးတွေပြီးရင် ... အကောင်းတွေ လာမယ်။

အလုပ်လည်း အပြီးသတ်ရော ကျန်းမုရယ် ကြိုဆိုပွဲလုပ်ပေးပြီး ကြိုမွေးချင်သူတို့က သူ့ပတ်ပတ်လည်တွင်း ဝိုင်းလျက်ကာ ရှိပေတော့သည်။ နန်ရှီကတော့ သူမပစ္စည်းများကို သိမ်းဆည်းလျက်ပေါ့ ... ထို့အခိုက် သူမအိတ်ထဲမှ သူမဖုန်းက မြည်လာ၏။

သူမမြင်လိုက်ရတဲ့ နံပါတ်က ~ လုကျင်းလီ

တစ်ပြန်နေ့တုန်းက လုကျင်းလီဟာ သူ့ဖုန်းနံပါတ်အား သူမဖုန်းထဲသို့ အတင်းမှတ်ခိုင်းခဲ့တယ်လေ။

အနှီပုဂ္ဂိုလ်က သူမကို ဘာကိစ္စများရှိလို့ ဖုန်းခေါ်ရတာလဲ?

သို့လော သို့လောဖြစ်စွာနဲ့ပဲ ... နန်ရှီဟာ လူရှင်းတဲ့ ထောင့်တစ်နေရာအား အမြန်ရှာဖွေ၍ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ... အော့ရှောင်ရယ်?"

"ဟယ်လို... ရှီ... ရှီ... လေး..."

ဖုန်းတစ်ဖက်က လုကျင်းလီအသံဟာ တိုးဖျော့လှပေ၏၊ သူ့ခန္ဓာကိုယ်ကြီးပဲ ဖောက်စားခံနေရသလိုလိုပေ။

နန်ရှီ ပြောစရာစကားတို့ အနည်းငယ်မဲ့သွားပေ၏။  "ဘာဖြစ်လို့လဲ?"

"ဘာဖြစ်လို့လဲ ဟက်လား ... အဲ့စကားက ငါ မေးရမှာပါနော်၊ ဘာဖြစ်ကြတာလဲလို့! မင်း မနေ့ညက ငါ့အစ်ကိုကို ဘာလုပ်လိုက်သေးလဲ?"  လုကျင်းလီက သူမအား တရားခံစစ်,စစ်သလို ပြင်းပြင်းထန်ထန် ပြောဆိုလာလေသည်။

နန်ရှီလည်း စိတ်ရှုပ်သွားလျက်ပေ။ "အာ? ရှင် ဘာတွေ လာပြောနေတာလဲ? ကျမက သူ့ကို ဘာလုပ်ရမှာလဲ?"

"မင်း ဘာမှမလုပ်ပဲနဲ့ ဒီနေ့ သူ့စိတ်အခြေအနေက ဘာလို့ ဆိုးရွားနေမှာလဲ? ငါတို့လေ ဒီနေ့မနက် 8နာရီထဲက meeting ထိုင်နေတာ အခုထိပဲ ... ကြည့်အုံး break time 12တောင် ထိုးနေပြီ!"

"ငွမ်... ဒါက ရှင်တို့ ကုမ္ပဏီအရေးလေ၊ ကျမနဲ့ ဘာမှမဆိုင်ဘူးလေနော်? ဖြစ်နိုင်တာက သူ့ပျက်ရက်တွေ များထားတော့ သူလုပ်ရမဲ့ ကိစ္စတွေအများကြီး ရှိလို့နေမှာပေါ့?"

"မဟုတ်တာ ... ငါ့အစ်ကိုနဲ့ ငယ်ငယ်လေးထဲက အတူကြီးပြင်းလာတာပါနော်၊ တစ်ချက်ကြည့်တာနက် သူဘာတွေးနေလဲဆိုတာ သိပြီးသား ... ဒါ မင်းနဲ့ လုံးဝလုံးဝကြီးကို သက်ဆိုင်နေတာ! ငါတို့ ဒီလိုဖြစ်အောင် လုပ်တာ မင်းမှ မင်းပဲ! အခု သူ ကုမ္ပဏီက လူတစ်ယောက်ချင်းစီကို မသေမချင်း နှိပ်စက်နေတော့မှာ!" လုကျင်းလီက ဒါဟာ နန်ရှီ့အမှားဖြစ်ကြောင်း အခိုင်အမာပြောဆိုလာပေတည်း။

နန်ရှီ သူမလည်း ဘာမှမလုပ်ပဲ မတရားအစွပ်စွဲခံနေရသလို ခံစားမိ၏၊ အကူအကယ်မဲ့စွာဖြင့် ... "ကျမ တကယ် ဘာမှလဲ မလုပ်ရပါဘူးနော်!"

မနေ့ညကဆိုရင်တော့ ဖြစ်နိုင်တဲ့အကြောင်းက တစ်ခုပဲရှိ၏ ... အဲ့ဒါက သူမ ကျန်းမုရယ်ကို လေဆိပ်က သွားကြိုခဲ့တယ်၊  ပြီးတော့ သူ့အိမ်မှာ ရေချိုးတယ်၊ ပြီးတော့ လုထင်းရှောင်နဲ့သူမ ပက်ပင်းတိုးတယ်....

တကယ်ပဲ အဲ့ဒါကြောင့်လား?

ဒါပေမယ့် အဲ့ဒါပြီးတော့ သူ့ပုံစံကြီးက ပုံမှန်ပဲလေ?

"မသိဘူး ... မသိဘူး ...! အဲ့ဒါ မင်းကြောင့်! မင်းလုပ်တာ ... မင်းပဲ သူ့ကို ပြောနိုင်မှာ! အဲ့လိုမလုပ်လို့ ငါတို့သေသွားရင် ... သရဲအဖြစ် မင်းဆီလာမယ်၊ မင်းကို အလွတ်မပေးဘူးမှတ်! စောနကပဲ ... ငါတို့ရဲ့ဘဏ္ဍာရေးဌာနက ခေါင်းဆောင်တစ်ယောက် အနှိပ်စက်ခံရပြီးပြီ၊ သူ့လိပ်ပြာက မင်းကို အခုပဲ လာရှာတော့မှာ စိတ်ချ...."

နန်ရှီ ~ "..."

ဘယ်လိုတွေတောင်လား? သူမ ဆွမ်းခံရင်း ငှက်သင့်သည့်အလားပေ...

သူမအခု ဘာလုပ်ပေး ရမလဲ?

သူမက သူတို့ကို ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ?

သူမကို လာနောက်နေတာလား?

နန်ရှီ ခေါင်းမီ်းတောက်နေစဉ်မှာပင် MMS တစ်စောင် သူမထံ ဝင်လာခဲ့သည်။

လုကျင်းလီက သူမဆီ ပုံနှစ်ပုံကို ပို့လာသည်လေ။

တစ်ပုံက သတိမေ့မျောနေသူ အမျိုးသားတစ်ယောက်အား အရေးပေါ်ကားဖြင့် လာရောက်ခေါ်ဆောင်သွားတဲ့ ပုံဖြစ်ပါတယ်။ နောက်တစ်ပုံကတော့ meeting room တစ်ခုပါပဲ - စားပွဲပတ်ပတ်လည်မှာ ထိုင်နေကြသူအပေါင်းတို့ဟာ မကြာခင်မှာပဲ ခေါင်းဖြတ်သတ်ခံရတော့မည့် လူတွေအလား ထိတ်လန့်တကြား အမူအရာဖြင့် တည်ရှိနေကြသည်။ မိစ္ဆာဘုရင်ကြီးလုကတော့ အရေးပါတဲ့ ခုံနေရာတွင် စံမြန်းတော်မူလျက် ... သူတို့အပြစ်တွေအား စီရင်ချက်ချတော့မည့် ယမမင်းကြီးအသွင်ဖြင့်ပေ။

နန်ရှီဟာ ထိုဓာတ်ပုံတွေကနေ အေးစိမ့်စိမ့်နိုင်သော မကောင်းသည့်အငွေ့အသက်အား ခံစားမိလိုက်သည်....

________________^﹏^_______________

Burmese Translation of
囧囧有妖's Fullmark Hidden Marriage.

Translator - Kiley0096

Continue Reading

You'll Also Like

27.2K 185 53
all imagines of your favourite blonde, by me.
4.5K 131 30
A young girl, a hidden secret, who would she reveal it to? would it destroy Earth, as we know it? DISCLAIMER: I DO NOT OWN SAM CARTER, JACK O'NEILL O...
SAFE (mxm) By Anna Nikol

General Fiction

478K 26K 80
A handsome man, obsessed with computers, workout and books, clever, well known for his professional expertise, rich and impressive. David is all of t...
3.8M 160K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...