Unicode
ချော့ကာတလှည့် ခြောက်ကာတစ်သွယ်ပြောရသည်။
လွယ်လွယ်နဲ့လျှော့မပေးချင်ပေမဲ့ မျက်နှာလေးအတော်ငယ်နေရှာတာ။ အဓိကပြောရတာတော့ မိုးဦးက ဘယ်နေရာခေါ်သွားရသွားရအဆင်ပြေကြောင်း. . .သော့်အတွက်မို့သာကျောင်းတက်စေချင်တာဖြစ်ကြောင်း အထပ်ထပ်ပြောရသည်။
ငြင်းမြဲငြင်းဆဲပါ။ မိုးဦး တော်တော်လေးစိတ်ရှည်ရှည်ထားပြီး ရှင်းပြရပါတယ်။
.
.
.
"အလုပ်မထွက်ချင်ဘူး"
နောက်ဆုံးတော့ ထိုစကားလေးတစ်ခွန်းထွက်လာပါသည်။
ဟိုကောင်မလေးအကြောင်းယောင်လို့မှ. . .မပြောမိအောင်ထိန်းရသည်။ တော်ကြာ သူ့ကို မယုံလို့ အိမ်မှာခြေချုပ်ချပါတယ်ထင်နေမှ အခက်။
"ပင်ပန်းနေမှာပေါ့.အလုပ်တစ်ဖက်နဲ့ဆို"
". . . . . . . .အလုပ်မထွက်ချင်ဘူး. . .အစစအရာရာအကုန်မှီခို လက်ဖြန့်သုံးဆို. . .ကျွန်တော် အဆင်မပြေဘူး"
"အင်းပါ. . .စာမေးပွဲပြန်ဖြေမယ်ဆိုရင်...ရပြီ"
လတ်တလောတော့ကိုးတန်းဆိုတော့. . .ရသေးသည်။
အတင်းအကြပ်လုပ်လို့ မဖြစ်သေးဘူး။ ဖြေးဖြေးတော့ နားချယူရမှာပင်။ အခု ကိုးတန်းစာသင်ဖို့ သဘောတူတာကိုပဲ ကျေးဇူးတင်ရသည်။
"ဒီနေ့. . .အလုပ်သွားလို့.... အဆင်မပြေဘူးလားတောင်မသိဘူး. . .တစ်ယောက်ထဲ. . .ညကျ.. .နာနေလိမ့်မယ်"
မိုးဦးလက်က ပတ်တီးကြီးကိုကြည့်ပြီး ပြောပြန်သည်။
"အဲ့တော့. . . .မသွားဘူးလား"
"အင်း. . ."
အလုပ်ပြုတ်စော်တော့ နံနေပါပြီ။ ခွင့်ယူလိုက် မသွားလိုက်နဲ့ဆိုတော့။
.
.
.
.
ညနေရောက်တော့ ရေချိုးဖို့ပြင်ရသည်။
"ရေချိုးပေးပါလား. . .လက်က. . ."
မိုးဦးရဲ့ တောင်းဆိုစကား....
ဒီအခြေအနေကြီးကို ချိုးပေးလိုက်ရုံသာလို့ အေးချမ်းသော်တွေးသည်။
ရေချိုးခန်းထိခေါ်သွားပြီးမှ. . .သူ့အင်္ကျီကိုအရင်ချွတ်ဖို့ပြင်ရသည်။
ဒီတိုင်းကြည့်ရင်. . သိပ်မသိသာပေမဲ့ ကပ်ပြီးရပ်နေတော့မှ. . .သူက သော့်ထက် ခေါင်းတစ်လုံးနီးပါးမြင့်သည်။ မော့်မကြည့်ရဲတော့။
အသားကဖြူဝင်းနေတာ. . .ရင်အုပ်ကျယ်ကျယ်နဲ့. . .ဖြူလွန်းတဲ့အသားကြောင့် မွှေးညှင်းတွေစိမ်းလဲ့နေသည်။အဆီမရှိတဲ့ခန္ဓာကိုယ်အပေါ်ပိုင်း. . .မျက်စိရှေ့မှာ အဝတ်မရှိတော့။ သင်းသလိုလို အီသလိုလို ချိုသလိုလို မွှေးသလိုလို ကိုယ်သင်းနံ့ကြောင့်လူကပိုတုန်ချင်လာသည်။
သူကတော့ငုံ့ကြည့်နေတာကိုသိသည်။
သော်ကပဲ ကတုန်ကရီ ဖြစ်လာရတာပါ။
"ဘောင်းဘီ. . ."
ခါးပတ်ချွတ်ပြီးမှ. . .မော့်ကြည့်မိသည်။
လူကိုငုံ့ကြည့်နေပုံက. . .
မကြည့်နဲ့... လူကိုအဲ့လိုလာမကြည့်နဲ့... ခင်ဗျားအဲ့လိုလာမကြည့်နဲ့။
ချက်ချင်းခေါင်းပြန်ငုံ့တော့ရယ်သည်။
"ဘောင်းဘီဝတ်ပြီး.... ချိုးလိုက်မယ်လေ"
ခေါင်းအမြန်ညိမ့်ပြရသည်။
တွဲကူပြီးဝင်မယ်အလုပ်. . .
"ဒီဘောင်းဘီတော့ချွတ်လေကွာ. . .အောက်မှာအတွင်းခံရှိသေးတဲ့ဟာကို. . .မရှက်ပါနဲ့. . .ကိုယ်လဲမရှက်ဘူး. . .ငယ်ငယ်ကဆိုရေတူတူချိုးဖူးတယ်လေ. . .မှတ်မိလား"
ရပါပြီ။ တော်ပါပြီ။မျက်စိကို စုံမှိတ်ပြီး ချွတ်ချပေးလိုက်တော့သည်။
.
.
.
.
.ရေတော်သုံးခြင်းအမှု ခက်ရာခက်ဆစ် ပြီးသွားလေပြီ။
.
.
.
.
ရေသုတ်ပေး အဝတ်ဝတ်ပေး အကုန်လုပ်ပေးပြီးမှ. . .
"ဟို ... အောက်ခဏဆင်းမယ်... ဘာမှာချင်သေးလဲ"
"သွားလေ. . .သော်... မှာစရာ မရှိပါဘူး"
နှစ်ယောက်ထဲရှိချိန်သော်လို့ခေါ်ရင်မအော်တော့ပါ။
.
.
.
အောက်ရောက်တော့ အေးချမ်းသော် အပေါ်တက်ဖို့ပြင်နေတဲ့မိန်းကလေးတစ်ယောက်တွေ့သည်။
သိသည်။ ဟိုနေ့က ရဲရင့်အစ်မနဲ့ပါလာတဲ့တစ်ယောက်။
ဘာလာလုပ်ပြန်ပြီလဲ။ အဲ့လိုပဲလာနေကြလား။ သူတစ်ယောက်ထဲ နေတယ်သာဆိုတယ်... မိန်းကလေးတွေ ဝင်လိုက်ထွက်လိုက်က အမြဲလား။
မြတ်နိုးလဲမှတ်မိသည်။
နာမည်ကြီးနေတဲ့တစ်ယောက်. . .အေးချမ်းသော်. .
လှေကားမှာတွေ့သည်။
. . . .
ဒင်းကို ဆရာ အိမ်ခေါ်ထားပြီးကတည်းက. . .ဖျက်လုပ်တဲ့အရုပ်. . .မြတ်နိုးတို့ဆရာမှာ မဖြစ်ဖူးတာတွေဖြစ်ပြီး မတွေ့ဖူးတဲ့ပုံစံနဲ့တွေ့ရတာများနေပြီ။ ဒါကြောင့်
မသင်္ကာလို့ မမမြင့်မိုရ်ကိုပြောပြီး မြတ်နိုး လာခဲ့တာ။
မမမြင့်မိုရ်ကလဲ မြတ်နိုးကိုထုတ်မပြောပေမဲ့ ဒီကိစ္စမရိုးမှန်းသိပုံပဲ။
ငါ့လဲဂြိုလ်ကြည့်ကြည့်သွားသေးသည်။
ငါ့ဆရာအတွက်ငါလာတာဟဲ့။
ဒီကိစ္စနင့်လက်ချက်မှန်လို့ကတော့. . .နင်မလွယ်ဘူးမှတ်။
.
.
.
အေးချမ်းသော်...ညစာချက်ဖို့ ထပ်ပြီးလိုမယ်ထင်တာဆင်းဝယ်တာ။ ညစာကို ဖွယ်ဖွယ်ရာရာလေးချက်ပေးချင်လို့။ မချက်တော့ဘူး. . .ရှိတာပဲချက်တော့မယ်။
ပြန်တက်မယ်။
အပေါ်ပြန်ရောက်တော့. . .ထိုင်ပြီးစကားပြောနေကြသည်။
ဟိုကလေးမ. . .မျက်နှာမကောင်း. . .သူ့ဆရာကိုကြည့်နေသည်။
အမိ. . .သိပ်မပိုနဲ့. . .အသက်စိုးရိမ်ရတဲ့ကိစ္စမဟုတ်ဘူး။ တကထဲ ဖြစ်ပြနေလိုက်တာ... မမြင်ချင်အဆုံး။
.
.
.
ခဏနေတော့. . .မြတ်နိုးပြန်သွားသည်။
.
.
.
အောက်မှာမြတ်နိုးနဲ့တွေ့ခဲ့လို့ ပြန်တက်လာမှန်း မိုးဦး
သိသည်။ တစ်ယောက်ထဲ ပြုံးနေမိရပါသည်။ သော်ကလေးဟာလေ....တကယ်ပါပဲကွာ။
အမြတ်တနိုးရှိရပါတယ်. . . .သော်
ကိုယ်ခံစားရပါတယ်. . .သော့် ဂရုစိုက်မှုလေးတွေ။
အမြဲ ပိုလိုချင်မိတဲ့ ကိုယ့်လောဘကို အတောသတ်နေရတယ် သော်ရယ်။
အရမ်းချစ်တယ်။
ကိုယ်. . .ပြောမပြတတ်အောင်ချစ်တယ်။
ကိုကိုကြီးက... မင်းကို....အရမ်းချစ်ပါတယ်လို့။
.
.
.
ညအိပ်ရတဲ့ဒုက္ခက ရေချိုးရတဲ့ဒုက္ခလိုပါပဲ။
တူတူမအိပ်ချင်ပါဘူးဆိုမှ. . .
လက်ကျိုးနေသူက...အိပ်ရတာအဆင်မပြေ...
သူအဆင်မပြေမှန်းသိတော့ သော့်မှာ မလှုပ်ရဲ။
ထိမှာစိုးသည်။ နာမှာစိုးသည်။ တရေးနိုး ဖျားများနေမလား ထကြည့်ရသေးသည်။ တစ်ညလုံးလိုလို ထိုင်ကြည့်နေမိရသည်အထိ သော် စိတ်ပူပါသည်။
.
.
.
.
.
တကယ်တမ်း စာသင်မည့်ဆရာနှင့်မိတ်ဆက်ပေးတော့. . .သော်.... ကြောက်မိပြန်သည်။
သူစီစဥ်ပေးတာကို သော် တာဝန်ကျေပါ့မလား။
အလုပ်လဲမထွက်ချင်။ ကိုယ်နားရမည့်အချိန်စာသင်ဆိုတော့. . .ခုမှတော့မထူး။ စာသင်ရုံသာ။ တနေကုန်သင်ရတာမှမဟုတ်တာ။ စာလဲသင် တရေးရအောင်လဲအိပ်ပေါ့လေ။ ဒါမှ ညဘက်အလုပ်လုပ်လို့အဆင်ပြေမှာ။
.
.
.
သော့်အတွက်ဆရာကို မိုးဦး စိတ်ကြိုက်ရှာခဲ့သည်။
အသက်ကြီးရမည်။
ဒါပေမဲ့အရမ်းမကြီးရ။
အိမ်လိုက်သင်နိုင်ရမည်။
အမျိုးသားဖြစ်ရမည်။
အိမ်ထောင်ရှိရမည်။
စာသင်ပြကောင်းရမည်။
စိတ်ရှည်ရမည်။
စိတ်ကြိုက်တွေ့ဖို့ အတော်ရှာယူရသည်။
သော့်နားချိန်လဲရအောင်. . .ဆရာပေးနိုင်တဲ့အချိန်လဲဖြစ်အောင်ညှိရသည်။
အကုန်အဆင်ပြေတော့. . .သော့် ဆိုင်ကသူဌေးကို ပြောရသည်။ သော်စာမေးပွဲပြန်ဖြေမည်ဖြစ်ကြောင်း. . .အလုပ်လဲဆက်လုပ်ချင်သည်ဟုပြောသောကြောင့်အလိုလိုက်ထားရကြောင်း...ပျက်ကွက်မှုရှိခဲ့ရင်လဲမိုးဦးကိုသာပြောပါဟု. . .ပြောခဲ့ရသည်။
တကယ်ကိုပဲ သော့်သူဌေးက သော့်ကိုသဘောကျပုံပါ။
ဝမ်းသာအားရ လက်ခံပေးသည်။
.
.
.
မိုးဦးလက်လဲ ပုံမှန်ဖြစ်ပါပြီ။
သော်လဲ ပုံမှန် လည်ပတ်နေပါပြီ။
ချက်ရေးပြုတ်ရေး စားရေးသောက်ရေး မိုးဦးလုပ်ပါ့မယ်ပြောထားရသည်။ ကိုယ့်ကလေးနားချိန်မရမှာစိုးလို့။ဒါပေမဲ့. . .လုပ်ပေးလို့ရတဲ့အိမ်အလုပ်အကုန်လုပ်ပေးနေဆဲ။
ရဲရင့်ကတော့ သော့်အတွက် ဝမ်းသာတာ။
မကြာမကြာ ရောက်လာတတ်သည်။
.
.
.
.
ဒီလိုနဲ့. . .တစ်ရက်မှာ. . .
သော်အလုပ်နားတဲ့ရက်ပေါ့။
ညစာစားတဲ့အထိအကောင်းသားပါပဲ။
အိပ်တော့မှ. . .
မှားတာ. . .မှားတာ. . .မိုးဦးမှားတာ. . .
ဘယ်ချိန်ကဝယ်ထားသည်မသိ။ သနပ်ခါးတုံးနဲ့ကျောက်ပျဥ် ရှိနေသည်။
အိပ်ခါနီးရေချိုးပြီးသနပ်ခါးအဖွေးသား အမွှေးသားနှင့် ကုတင်ပေါ်တက်လာသည်။ လူက အစကတည်းက အနိုင်နိုင် ထိန်းထားရတာကို မသိလေရော့သလား။
အသိစိတ်လွတ်ချင်နေတဲ့မိုးဦး. . .သူ့ဘက်မလှည့်ပါဘူး။ ကြာရင်မကောင်းဘူး...ကိုယ့်အကြောင်း ကိုယ် သိတယ်။
ဒါကိုမသိတဲ့သူက. . .
"ကျွန်တော်... ဆေးလိပ်ဖြတ်လိုက်ပြီ"
ဝမ်းသာပြီးလှည့်လိုက်မိသည်။သူ့ကိုငေးပြီးရင်းငေးမဝတာကြောင့်. . .စကားဆက်ရသည်။
"ဟုတ်လား. . .လိမ္မာလိုက်တာ"
"ကိုကိုကြီးမှ. . .မကြိုက်တာ"
"ဟင်. . .ဘယ်လိုခေါ်တယ်. . .ပြန်ခေါ်အုံး. . .ပြန်ခေါ်အုံး. . .နောက်တစ်ခေါက်....ပြန်ခေါ်အုံး. . ."
ဝုန်းကနဲထကာ သူ့ဆီပြေးကပ်လိုက်သည်။
ကိုယ်ကမသိလိုက်ခင် လက်က သူ့ကိုယ်လေးအတင်းဆွဲဖက်မိသည်။ တကယ့်ကို မိုးဦးအကြားချင်ဆုံးခေါ်သံလေးလေ။
"ဘာ. . .လုပ်. . .တာ. . .လဲ. . ."
အော်ရင်း ဖက်ထားတဲ့လက်ကို ကိုက်ချလိုက်တော့သည်။
"ယောင်ပြီးခေါ်မိတာကို. . .အသားယူတယ်. . .ခင်ဗျားဘယ်တော့မှ ကတိမတည်ဘူး. . ."
ပြီးတာနဲ့ မိုးဦးကို ဆူပွတော့သည်။
"Sorry. . .Sorry. . .သော်ရယ်. . .ရုတ်တရက်မို့ပါ. . .တကယ်မရည်ရွယ်ပါဘူး"
"သွား. . .ဝေးဝေးကို. . .ဒီဘက်လှည့်မလာနဲ့"
.
.
.
သူပဲ လုပ်လာပုံကိုကြည့်. . .ကိုကိုကြီးလို့ယောင်ခေါ်တာဆိုတော့စိတ်ထဲအမြဲခေါ်နေလို့ပဲဖြစ်ရမယ်။
အဟင်းးးး ကံကောင်းလို့မနမ်းမိတာ။ နမ်းသာနမ်းမိရင်ငါ ဘာများထပ်ကျိုးရမှာပါလိမ့်။
မိုးဦး. . .အလွန်တစ်ရာကျေနပ်လှစွာဖြင့်. . .ပြုံးနေမိသည်။
ခွေးပေါက်. . .ကိုက်လဲကိုက်တတ်တယ်။
.
.
.
ကာယကံရှင် မိုးဦးကကျေနပ်ပေမဲ့ ပတ်ဝန်းကျင်က
မကျေနပ်ပါ။ ရုံးတွင် လက်မှ ကိုက်ရာအကွင်းလိုက်မြင်သူ မြတ်နိုးက. . .စိတ်ထဲတွင် တေးထားလိုက်သည်။
ဒီနေ့တော့ဒင်းကိုငါရှင်းမယ်. . .စာရင်း. . .
ငါတို့ဆရာ. . .ငါတို့ပြန်ပေးပဲ။
အရင်လိုကိုမဟုတ်တော့. . .တို့ဆရာခမျာ။
သူ့ကို အိမ်ခေါ်ထားမိကာမှ ဒဏ်ရာနဲ့လူမပြတ်ဘူး။ တစ်ခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေတာကြာပြီ။
.
.
.
မြတ်နိုးရုံးစောစော ခွင့်တောင်း၍ဆင်းခဲ့သည်။
ဆရာ့တိုက်ခန်းဆီသို့သွားသည်။
တံခါးလာဖွင့်သည်။ ပြသနာမင်းသားတော့မဟုတ်။ ဘယ်သူပါလိမ့်။
"ရဲရင့်. . .ဘယ်သူလဲ"
မေးရင်းထွက်လာသူ. . .သကောင့်သား ပြသနာမင်းသား။
မြတ်နိုးကိုမြင်တော့. . .
"သူက....အိမ်ပြန်မရောက်သေးဘူးဗျ. . .ရုံးမှာ"
"သိတယ်. . .ခုလဲရုံးကလာတာ. . .ရှင်နဲ့စကားပြောမလို့တမင် ဆရာအိမ်မှာမရှိတဲ့အချိန်လာတာ"
"ကျွန်တော့ကိုလား. . ."
"ဟုတ်တယ်"
ဟ. . .မာလှချည်လား. . .သူ့လဲဘာမှမလုပ်မိပါလား။
အေးချမ်းသော်ရော ရဲရင့်ပါ ခပ်မာမာအပြောကြောင့် ကြောင်တောင်တောင်ဖြစ်နေကြသည်။
.
.
.
မြတ်နိုးထိုင်သည်။
အေးချမ်းသော်ကို မကျေမချမ်းကြည့်သည်။
စကားသံတော့ထိန်းပြောသည်။
"ကျွန်မတို့ဆရာက အလိုလိုက် သဘောကောင်းတိုင်းအရမ်းအနိုင်မယူပါနဲ့. . .ဆရာအရင်ကဒီလိုမဟုတ်ဘူး.. .ခုတော့ လက်တွေ ခြေတွေ ဒဏ်ရာမကင်းဘူး. . .ဆရာကဘာမှမဖြစ်ဘူးလိုနေပေမဲ့ ဆရာ့သိက္ခာက ကျွန်မတို့သိက္ခာပဲ. ..ဆရာ့ကိုဘယ်လိုလူစားမှတ်လို့အဲ့လောက်အနိုင်ကျင့်နေတာလဲ. . .ဆရာလုပ်ရတဲ့အလုပ် တနေ့ တနေ့ တွေ့ရတဲ့ဧည့်သည်. . .လာကြည့်အုံး. . .လူကြီးလူကောင်းတစ်ယောက်ကို လူကြီးလူကောင်းလိုဆက်ဆံပါ. . .ကျွန်မအဲ့ဒါလာပြောတာ. . .ဒါပဲ..ပြန်မယ်"
ဟင်. . .ဘယ်လိုပါလိမ့်။ သူကချည်းပြောသွားတာ။
ငါလုပ်တာ သေချာလို့လား။ ငါလုပ်မိတဲ့ ဒဏ်ရာလို့ သူဘယ်လိုသိတာလဲ။ သူ့ဆရာကများ ပြောလို့လား။
အေးချမ်းသော်ရော ရဲရင့်ပါ ကြက်သေ သေလျက်။
ဟိုကပြန်တော့မည်။
ဒီမှာစကားစရှာမရသေး။
"နေပါအုံး. . .ခဏ. . .သူရန်စလို့ဖြစ်တာချည်းပဲဗျ. . .ကျွန်တော်လဲ... ဘလိုင်းကြီးလုပ်မလား"
အေးချမ်းသော် မြတ်နိုးကို ပြန်ပြောသည်။
"မသိဘူး. . .နောက် ဒဏ်ရာမရဖို့ပဲလိုတယ်. . .အော်. . .ဒီနေ့ကျွန်မလာပြောတာ ဆရာမသိပါစေနဲ့. . ."
အံမယ်. . .လာပြီးလဲရန်ထောင်သေး။
နောက်ကွယ်က လက်မဲကြီးလဲ လုပ်ချင်သေးသည်။
တိုင်ပြောထည့်လိုက်ရ. . .မကောင်းရှိရော့မယ်။
.
.
.
သူပြောတာလဲဟုတ်ပါတယ်လေ။
ငါဆင်ခြင်မှပါ။
သူ့ဆရာက လူကို အမြဲရင်တုန်အောင်လုပ်နေတာကျ မသိဘဲနဲ့များ။
"ဟေ့ကောင်. . .ဘယ်သူလဲကွ. . .စွာတေးလေး. . .မကြောက်မလန့်နဲ့. . .အဟား"
ဟိုတစ်ယောက်ပြန်သွားတာနဲ့ ရဲရင့်ကမေးတော့တာပဲ။
"သိချင် မင်းအစ်မကိုမေးလေ. . .သူ့ရုံးကပဲ"
"နီးရက်နဲ့ဝေးနေတာပဲ"
"ဘာကိုလဲ...မင်းနော်...ကြည့်လဲလုပ်...စွာတာ...တွေ့တဲ့အတိုင်းပဲ"
"အေးချမ်း. . .မတားနဲ့. . .ငါကြွေပြီထင်တယ်"
"မတားဘူး. . .အမြန်လိုက်. . .အမြန်ယူ. . .နောက်ငါ့ကို...မစွာနိုင်အောင်.... ပညာပေးထားလိုက်"
အေးချမ်းသော် မျက်စိနောက်နေရသောတစ်ယောက်ကို ရဲရင့်လက်ထဲအတင်းထိုးထည့်လိုက်တယ်။
ဟုတ်တယ်.... ဘာမှန်းကိုမသိဘူး။
.
.
.
.
ဆက်ရန်. . . .
Zawgyi
Unicode
ေခ်ာ့ကာတလွည့္ ေျခာက္ကာတစ္သြယ္ေျပာရသည္။
လြယ္လြယ္နဲ႕ေလွ်ာ့မေပးခ်င္ေပမဲ့ မ်က္ႏွာေလးအေတာ္ငယ္ေနရွာတာ။ အဓိကေျပာရတာေတာ့ မိုးဦးက ဘယ္ေနရာေခၚသြားရသြားရအဆင္ေျပေၾကာင္း. . .ေသာ့္အတြက္မို႔သာေက်ာင္းတက္ေစခ်င္တာျဖစ္ေၾကာင္း အထပ္ထပ္ေျပာရသည္။
ျငင္းၿမဲျငင္းဆဲပါ။ မိုးဦး ေတာ္ေတာ္ေလးစိတ္ရွည္ရွည္ထားၿပီး ရွင္းျပရပါတယ္။
.
.
.
"အလုပ္မထြက္ခ်င္ဘူး"
ေနာက္ဆုံးေတာ့ ထိုစကားေလးတစ္ခြန္းထြက္လာပါသည္။
ဟိုေကာင္မေလးအေၾကာင္းေယာင္လို႔မွ. . .မေျပာမိေအာင္ထိန္းရသည္။ ေတာ္ၾကာ သူ႕ကို မယုံလို႔ အိမ္မွာေျခခ်ဳပ္ခ်ပါတယ္ထင္ေနမွ အခက္။
"ပင္ပန္းေနမွာေပါ့.အလုပ္တစ္ဖက္နဲ႕ဆို"
". . . . . . . .အလုပ္မထြက္ခ်င္ဘူး. . .အစစအရာရာအကုန္မွီခို လက္ျဖန့္သုံးဆို. . .ကြၽန္ေတာ္ အဆင္မေျပဘူး"
"အင္းပါ. . .စာေမးပြဲျပန္ေျဖမယ္ဆိုရင္...ရၿပီ"
လတ္တေလာေတာ့ကိုးတန္းဆိုေတာ့. . .ရေသးသည္။
အတင္းအၾကပ္လုပ္လို႔ မျဖစ္ေသးဘူး။ ေျဖးေျဖးေတာ့ နားခ်ယဴရမွာပင္။ အခု ကိုးတန္းစာသင္ဖို႔ သေဘာတူတာကိုပဲ ေက်းဇူးတင္ရသည္။
"ဒီေန႕. . .အလုပ္သြားလို႔.... အဆင္မေျပဘူးလားေတာင္မသိဘူး. . .တစ္ေယာက္ထဲ. . .ညက်.. .နာေနလိမ့္မယ္"
မိုးဦးလက္က ပတ္တီးႀကီးကိုၾကည့္ၿပီး ေျပာျပန္သည္။
"အဲ့ေတာ့. . . .မသြားဘူးလား"
"အင္း. . ."
အလုပ္ျပဳတ္ေစာ္ေတာ့ နံေနပါၿပီ။ ခြင့္ယူလိုက္ မသြားလိုက္နဲ႕ဆိုေတာ့။
.
.
.
.
ညေနေရာက္ေတာ့ ေရခ်ိဳးဖို႔ျပင္ရသည္။
"ေရခ်ိဳးေပးပါလား. . .လက္က. . ."
မိုးဦးရဲ႕ ေတာင္းဆိုစကား....
ဒီအေျခအေနႀကီးကို ခ်ိဳးေပးလိုက္႐ုံသာလို႔ ေအးခ်မ္းေသာ္ေတြးသည္။
ေရခ်ိဳးခန္းထိေခၚသြားၿပီးမွ. . .သူ႕အကၤ်ီကိုအရင္ခြၽတ္ဖို႔ျပင္ရသည္။
ဒီတိုင္းၾကည့္ရင္. . သိပ္မသိသာေပမဲ့ ကပ္ၿပီးရပ္ေနေတာ့မွ. . .သူက ေသာ့္ထက္ ေခါင္းတစ္လုံးနီးပါးျမင့္သည္။ ေမာ့္မၾကည့္ရဲေတာ့။
အသားကျဖဴဝင္းေနတာ. . .ရင္အုပ္က်ယ္က်ယ္နဲ႕. . .ျဖဴလြန္းတဲ့အသားေၾကာင့္ ေမႊးညွင္းေတြစိမ္းလဲ့ေနသည္။အဆီမရွိတဲ့ခႏၶာကိုယ္အေပၚပိုင္း. . .မ်က္စိေရွ႕မွာ အဝတ္မရွိေတာ့။ သင္းသလိုလို အီသလိုလို ခ်ိဳသလိုလို ေမႊးသလိုလို ကိုယ္သင္းနံ႕ေၾကာင့္လူကပိုတုန္ခ်င္လာသည္။
သူကေတာ့ငုံ႕ၾကည့္ေနတာကိုသိသည္။
ေသာ္ကပဲ ကတုန္ကရီ ျဖစ္လာရတာပါ။
"ေဘာင္းဘီ. . ."
ခါးပတ္ခြၽတ္ၿပီးမွ. . .ေမာ့္ၾကည့္မိသည္။
လူကိုငုံ႕ၾကည့္ေနပုံက. . .
မၾကည့္နဲ႕... လူကိုအဲ့လိုလာမၾကည့္နဲ႕... ခင္ဗ်ားအဲ့လိုလာမၾကည့္နဲ႕။
ခ်က္ခ်င္းေခါင္းျပန္ငုံ႕ေတာ့ရယ္သည္။
"ေဘာင္းဘီဝတ္ၿပီး.... ခ်ိဳးလိုက္မယ္ေလ"
ေခါင္းအျမန္ညိမ့္ျပရသည္။
တြဲကူၿပီးဝင္မယ္အလုပ္. . .
"ဒီေဘာင္းဘီေတာ့ခြၽတ္ေလကြာ. . .ေအာက္မွာအတြင္းခံရွိေသးတဲ့ဟာကို. . .မရွက္ပါနဲ႕. . .ကိုယ္လဲမရွက္ဘူး. . .ငယ္ငယ္ကဆိုေရတူတူခ်ိဳးဖူးတယ္ေလ. . .မွတ္မိလား"
ရပါၿပီ။ ေတာ္ပါၿပီ။မ်က္စိကို စုံမွိတ္ၿပီး ခြၽတ္ခ်ေပးလိုက္ေတာ့သည္။
.
.
.
.
.ေရေတာ္သုံးျခင္းအမႈ ခက္ရာခက္ဆစ္ ၿပီးသြားေလၿပီ။
.
.
.
.
ေရသုတ္ေပး အဝတ္ဝတ္ေပး အကုန္လုပ္ေပးၿပီးမွ. . .
"ဟို ... ေအာက္ခဏဆင္းမယ္... ဘာမွာခ်င္ေသးလဲ"
"သြားေလ. . .ေသာ္... မွာစရာ မရွိပါဘူး"
ႏွစ္ေယာက္ထဲရွိခ်ိန္ေသာ္လို႔ေခၚရင္မေအာ္ေတာ့ပါ။
.
.
.
ေအာက္ေရာက္ေတာ့ ေအးခ်မ္းေသာ္ အေပၚတက္ဖို႔ျပင္ေနတဲ့မိန္းကေလးတစ္ေယာက္ေတြ႕သည္။
သိသည္။ ဟိုေန႕က ရဲရင့္အစ္မနဲ႕ပါလာတဲ့တစ္ေယာက္။
ဘာလာလုပ္ျပန္ၿပီလဲ။ အဲ့လိုပဲလာေနၾကလား။ သူတစ္ေယာက္ထဲ ေနတယ္သာဆိုတယ္... မိန္းကေလးေတြ ဝင္လိုက္ထြက္လိုက္က အၿမဲလား။
ျမတ္နိုးလဲမွတ္မိသည္။
နာမည္ႀကီးေနတဲ့တစ္ေယာက္. . .ေအးခ်မ္းေသာ္. .
ေလွကားမွာေတြ႕သည္။
. . . .
ဒင္းကို ဆရာ အိမ္ေခၚထားၿပီးကတည္းက. . .ဖ်က္လုပ္တဲ့အ႐ုပ္. . .ျမတ္နိုးတို႔ဆရာမွာ မျဖစ္ဖူးတာေတြျဖစ္ၿပီး မေတြ႕ဖူးတဲ့ပုံစံနဲ႕ေတြ႕ရတာမ်ားေနၿပီ။ ဒါေၾကာင့္
မသကၤာလို႔ မမျမင့္မိုရ္ကိုေျပာၿပီး ျမတ္နိုး လာခဲ့တာ။
မမျမင့္မိုရ္ကလဲ ျမတ္နိုးကိုထုတ္မေျပာေပမဲ့ ဒီကိစၥမရိုးမွန္းသိပုံပဲ။
ငါ့လဲၿဂိဳလ္ၾကည့္ၾကည့္သြားေသးသည္။
ငါ့ဆရာအတြက္ငါလာတာဟဲ့။
ဒီကိစၥနင့္လက္ခ်က္မွန္လို႔ကေတာ့. . .နင္မလြယ္ဘူးမွတ္။
.
.
.
ေအးခ်မ္းေသာ္...ညစာခ်က္ဖို႔ ထပ္ၿပီးလိုမယ္ထင္တာဆင္းဝယ္တာ။ ညစာကို ဖြယ္ဖြယ္ရာရာေလးခ်က္ေပးခ်င္လို႔။ မခ်က္ေတာ့ဘူး. . .ရွိတာပဲခ်က္ေတာ့မယ္။
ျပန္တက္မယ္။
အေပၚျပန္ေရာက္ေတာ့. . .ထိုင္ၿပီးစကားေျပာေနၾကသည္။
ဟိုကေလးမ. . .မ်က္ႏွာမေကာင္း. . .သူ႕ဆရာကိုၾကည့္ေနသည္။
အမိ. . .သိပ္မပိုနဲ႕. . .အသက္စိုးရိမ္ရတဲ့ကိစၥမဟုတ္ဘူး။ တကထဲ ျဖစ္ျပေနလိုက္တာ... မျမင္ခ်င္အဆုံး။
.
.
.
ခဏေနေတာ့. . .ျမတ္နိုးျပန္သြားသည္။
.
.
.
ေအာက္မွာျမတ္နိုးနဲ႕ေတြ႕ခဲ့လို႔ ျပန္တက္လာမွန္း မိုးဦး
သိသည္။ တစ္ေယာက္ထဲ ၿပဳံးေနမိရပါသည္။ ေသာ္ကေလးဟာေလ....တကယ္ပါပဲကြာ။
အျမတ္တနိုးရွိရပါတယ္. . . .ေသာ္
ကိုယ္ခံစားရပါတယ္. . .ေသာ့္ ဂ႐ုစိုက္မႈေလးေတြ။
အၿမဲ ပိုလိုခ်င္မိတဲ့ ကိုယ့္ေလာဘကို အေတာသတ္ေနရတယ္ ေသာ္ရယ္။
အရမ္းခ်စ္တယ္။
ကိုယ္. . .ေျပာမျပတတ္ေအာင္ခ်စ္တယ္။
ကိုကိုႀကီးက... မင္းကို....အရမ္းခ်စ္ပါတယ္လို႔။
.
.
.
ညအိပ္ရတဲ့ဒုကၡက ေရခ်ိဳးရတဲ့ဒုကၡလိုပါပဲ။
တူတူမအိပ္ခ်င္ပါဘူးဆိုမွ. . .
လက္က်ိဳးေနသူက...အိပ္ရတာအဆင္မေျပ...
သူအဆင္မေျပမွန္းသိေတာ့ ေသာ့္မွာ မလႈပ္ရဲ။
ထိမွာစိုးသည္။ နာမွာစိုးသည္။ တေရးနိုး ဖ်ားမ်ားေနမလား ထၾကည့္ရေသးသည္။ တစ္ညလုံးလိုလို ထိုင္ၾကည့္ေနမိရသည္အထိ ေသာ္ စိတ္ပူပါသည္။
.
.
.
.
.
တကယ္တမ္း စာသင္မည့္ဆရာႏွင့္မိတ္ဆက္ေပးေတာ့. . .ေသာ္.... ေၾကာက္မိျပန္သည္။
သူစီစဥ္ေပးတာကို ေသာ္ တာဝန္ေက်ပါ့မလား။
အလုပ္လဲမထြက္ခ်င္။ ကိုယ္နားရမည့္အခ်ိန္စာသင္ဆိုေတာ့. . .ခုမွေတာ့မထူး။ စာသင္႐ုံသာ။ တေနကုန္သင္ရတာမွမဟုတ္တာ။ စာလဲသင္ တေရးရေအာင္လဲအိပ္ေပါ့ေလ။ ဒါမွ ညဘက္အလုပ္လုပ္လို႔အဆင္ေျပမွာ။
.
.
.
ေသာ့္အတြက္ဆရာကို မိုးဦး စိတ္ႀကိဳက္ရွာခဲ့သည္။
အသက္ႀကီးရမည္။
ဒါေပမဲ့အရမ္းမႀကီးရ။
အိမ္လိုက္သင္နိုင္ရမည္။
အမ်ိဳးသားျဖစ္ရမည္။
အိမ္ေထာင္ရွိရမည္။
စာသင္ျပေကာင္းရမည္။
စိတ္ရွည္ရမည္။
စိတ္ႀကိဳက္ေတြ႕ဖို႔ အေတာ္ရွာယူရသည္။
ေသာ့္နားခ်ိန္လဲရေအာင္. . .ဆရာေပးနိုင္တဲ့အခ်ိန္လဲျဖစ္ေအာင္ညွိရသည္။
အကုန္အဆင္ေျပေတာ့. . .ေသာ့္ ဆိုင္ကသူေဌးကို ေျပာရသည္။ ေသာ္စာေမးပြဲျပန္ေျဖမည္ျဖစ္ေၾကာင္း. . .အလုပ္လဲဆက္လုပ္ခ်င္သည္ဟုေျပာေသာေၾကာင့္အလိုလိုက္ထားရေၾကာင္း...ပ်က္ကြက္မႈရွိခဲ့ရင္လဲမိုးဦးကိုသာေျပာပါဟု. . .ေျပာခဲ့ရသည္။
တကယ္ကိုပဲ ေသာ့္သူေဌးက ေသာ့္ကိုသေဘာက်ပဳံပါ။
ဝမ္းသာအားရ လက္ခံေပးသည္။
.
.
.
မိုးဦးလက္လဲ ပုံမွန္ျဖစ္ပါၿပီ။
ေသာ္လဲ ပုံမွန္ လည္ပတ္ေနပါၿပီ။
ခ်က္ေရးျပဳတ္ေရး စားေရးေသာက္ေရး မိုးဦးလုပ္ပါ့မယ္ေျပာထားရသည္။ ကိုယ့္ကေလးနားခ်ိန္မရမွာစိုးလို႔။ဒါေပမဲ့. . .လုပ္ေပးလို႔ရတဲ့အိမ္အလုပ္အကုန္လုပ္ေပးေနဆဲ။
ရဲရင့္ကေတာ့ ေသာ့္အတြက္ ဝမ္းသာတာ။
မၾကာမၾကာ ေရာက္လာတတ္သည္။
.
.
.
.
ဒီလိုနဲ႕. . .တစ္ရက္မွာ. . .
ေသာ္အလုပ္နားတဲ့ရက္ေပါ့။
ညစာစားတဲ့အထိအေကာင္းသားပါပဲ။
အိပ္ေတာ့မွ. . .
မွားတာ. . .မွားတာ. . .မိုးဦးမွားတာ. . .
ဘယ္ခ်ိန္ကဝယ္ထားသည္မသိ။ သနပ္ခါးတုံးနဲ႕ေက်ာက္ပ်ဥ္ ရွိေနသည္။
အိပ္ခါနီးေရခ်ိဳးၿပီးသနပ္ခါးအေဖြးသား အေမႊးသားႏွင့္ ကုတင္ေပၚတက္လာသည္။ လူက အစကတည္းက အနိုင္နိုင္ ထိန္းထားရတာကို မသိေလေရာ့သလား။
အသိစိတ္လြတ္ခ်င္ေနတဲ့မိုးဦး. . .သူ႕ဘက္မလွည့္ပါဘူး။ ၾကာရင္မေကာင္းဘူး...ကိုယ့္အေၾကာင္း ကိုယ္ သိတယ္။
ဒါကိုမသိတဲ့သူက. . .
"ကြၽန္ေတာ္... ေဆးလိပ္ျဖတ္လိုက္ၿပီ"
ဝမ္းသာၿပီးလွည့္လိုက္မိသည္။သူ႕ကိုေငးၿပီးရင္းေငးမဝတာေၾကာင့္. . .စကားဆက္ရသည္။
"ဟုတ္လား. . .လိမၼာလိုက္တာ"
"ကိုကိုႀကီးမွ. . .မႀကိဳက္တာ"
"ဟင္. . .ဘယ္လိုေခၚတယ္. . .ျပန္ေခၚအုံး. . .ျပန္ေခၚအုံး. . .ေနာက္တစ္ေခါက္....ျပန္ေခၚအုံး. . ."
ဝုန္းကနဲထကာ သူ႕ဆီေျပးကပ္လိုက္သည္။
ကိုယ္ကမသိလိုက္ခင္ လက္က သူ႕ကိုယ္ေလးအတင္းဆြဲဖက္မိသည္။ တကယ့္ကို မိုးဦးအၾကားခ်င္ဆုံးေခၚသံေလးေလ။
"ဘာ. . .လုပ္. . .တာ. . .လဲ. . ."
ေအာ္ရင္း ဖက္ထားတဲ့လက္ကို ကိုက္ခ်လိဳက္ေတာ့သည္။
"ေယာင္ၿပီးေခၚမိတာကို. . .အသားယူတယ္. . .ခင္ဗ်ားဘယ္ေတာ့မွ ကတိမတည္ဘူး. . ."
ၿပီးတာနဲ႕ မိုးဦးကို ဆူပြေတာ့သည္။
"Sorry. . .Sorry. . .ေသာ္ရယ္. . .႐ုတ္တရက္မို႔ပါ. . .တကယ္မရည္႐ြယ္ပါဘူး"
"သြား. . .ေဝးေဝးကို. . .ဒီဘက္လွည့္မလာနဲ႕"
.
.
.
သူပဲ လုပ္လာပုံကိုၾကည့္. . .ကိုကိုႀကီးလို႔ေယာင္ေခၚတာဆိုေတာ့စိတ္ထဲအၿမဲေခၚေနလို႔ပဲျဖစ္ရမယ္။
အဟင္းးးး ကံေကာင္းလို႔မနမ္းမိတာ။ နမ္းသာနမ္းမိရင္ငါ ဘာမ်ားထပ္က်ိဳးရမွာပါလိမ့္။
မိုးဦး. . .အလြန္တစ္ရာေက်နပ္လွစြာျဖင့္. . .ၿပဳံးေနမိသည္။
ေခြးေပါက္. . .ကိုက္လဲကိုက္တတ္တယ္။
.
.
.
ကာယကံရွင္ မိုးဦးကေက်နပ္ေပမဲ့ ပတ္ဝန္းက်င္က
မေက်နပ္ပါ။ ႐ုံးတြင္ လက္မွ ကိုက္ရာအကြင္းလိုက္ျမင္သူ ျမတ္နိုးက. . .စိတ္ထဲတြင္ ေတးထားလိုက္သည္။
ဒီေန႕ေတာ့ဒင္းကိုငါရွင္းမယ္. . .စာရင္း. . .
ငါတို႔ဆရာ. . .ငါတို႔ျပန္ေပးပဲ။
အရင္လိုကိုမဟုတ္ေတာ့. . .တို႔ဆရာခမ်ာ။
သူ႕ကို အိမ္ေခၚထားမိကာမွ ဒဏ္ရာနဲ႕လူမျပတ္ဘူး။ တစ္ခါမွ မျဖစ္ဖူးတာေတြ ျဖစ္ေနတာၾကာၿပီ။
.
.
.
ျမတ္နိုး႐ုံးေစာေစာ ခြင့္ေတာင္း၍ဆင္းခဲ့သည္။
ဆရာ့တိုက္ခန္းဆီသို႔သြားသည္။
တံခါးလာဖြင့္သည္။ ျပသနာမင္းသားေတာ့မဟုတ္။ ဘယ္သူပါလိမ့္။
"ရဲရင့္. . .ဘယ္သူလဲ"
ေမးရင္းထြက္လာသူ. . .သေကာင့္သား ျပသနာမင္းသား။
ျမတ္နိုးကိုျမင္ေတာ့. . .
"သူက....အိမ္ျပန္မေရာက္ေသးဘူးဗ်. . .႐ုံးမွာ"
"သိတယ္. . .ခုလဲ႐ုံးကလာတာ. . .ရွင္နဲ႕စကားေျပာမလို႔တမင္ ဆရာအိမ္မွာမရွိတဲ့အခ်ိန္လာတာ"
"ကြၽန္ေတာ့ကိုလား. . ."
"ဟုတ္တယ္"
ဟ. . .မာလွခ်ည္လား. . .သူ႕လဲဘာမွမလုပ္မိပါလား။
ေအးခ်မ္းေသာ္ေရာ ရဲရင့္ပါ ခပ္မာမာအေျပာေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနၾကသည္။
.
.
.
ျမတ္နိုးထိုင္သည္။
ေအးခ်မ္းေသာ္ကို မေက်မခ်မ္းၾကည့္သည္။
စကားသံေတာ့ထိန္းေျပာသည္။
"ကြၽန္မတို႔ဆရာက အလိုလိုက္ သေဘာေကာင္းတိုင္းအရမ္းအနိုင္မယူပါနဲ႕. . .ဆရာအရင္ကဒီလိုမဟုတ္ဘူး.. .ခုေတာ့ လက္ေတြ ေျခေတြ ဒဏ္ရာမကင္းဘူး. . .ဆရာကဘာမွမျဖစ္ဘူးလိုေနေပမဲ့ ဆရာ့သိကၡာက ကြၽန္မတို႔သိကၡာပဲ. ..ဆရာ့ကိုဘယ္လိုလူစားမွတ္လို႔အဲ့ေလာက္အနိုင္က်င့္ေနတာလဲ. . .ဆရာလုပ္ရတဲ့အလုပ္ တေန႕ တေန႕ ေတြ႕ရတဲ့ဧည့္သည္. . .လာၾကည့္အုံး. . .လူႀကီးလူေကာင္းတစ္ေယာက္ကို လူႀကီးလူေကာင္းလိုဆက္ဆံပါ. . .ကြၽန္မအဲ့ဒါလာေျပာတာ. . .ဒါပဲ..ျပန္မယ္"
ဟင္. . .ဘယ္လိုပါလိမ့္။ သူကခ်ည္းေျပာသြားတာ။
ငါလုပ္တာ ေသခ်ာလို႔လား။ ငါလုပ္မိတဲ့ ဒဏ္ရာလို႔ သူဘယ္လိုသိတာလဲ။ သူ႕ဆရာကမ်ား ေျပာလို႔လား။
ေအးခ်မ္းေသာ္ေရာ ရဲရင့္ပါ ၾကက္ေသ ေသလ်က္။
ဟိုကျပန္ေတာ့မည္။
ဒီမွာစကားစရွာမရေသး။
"ေနပါအုံး. . .ခဏ. . .သူရန္စလို႔ျဖစ္တာခ်ည္းပဲဗ်. . .ကြၽန္ေတာ္လဲ... ဘလိုင္းႀကီးလုပ္မလား"
ေအးခ်မ္းေသာ္ ျမတ္နိုးကို ျပန္ေျပာသည္။
"မသိဘူး. . .ေနာက္ ဒဏ္ရာမရဖို႔ပဲလိုတယ္. . .ေအာ္. . .ဒီေန႕ကြၽန္မလာေျပာတာ ဆရာမသိပါေစနဲ႕. . ."
အံမယ္. . .လာၿပီးလဲရန္ေထာင္ေသး။
ေနာက္ကြယ္က လက္မဲႀကီးလဲ လုပ္ခ်င္ေသးသည္။
တိုင္ေျပာထည့္လိုက္ရ. . .မေကာင္းရွိေရာ့မယ္။
.
.
.
သူေျပာတာလဲဟုတ္ပါတယ္ေလ။
ငါဆင္ျခင္မွပါ။
သူ႕ဆရာက လူကို အၿမဲရင္တုန္ေအာင္လုပ္ေနတာက် မသိဘဲနဲ႕မ်ား။
"ေဟ့ေကာင္. . .ဘယ္သူလဲကြ. . .စြာေတးေလး. . .မေၾကာက္မလန့္နဲ႕. . .အဟား"
ဟိုတစ္ေယာက္ျပန္သြားတာနဲ႕ ရဲရင့္ကေမးေတာ့တာပဲ။
"သိခ်င္ မင္းအစ္မကိုေမးေလ. . .သူ႕႐ုံးကပဲ"
"နီးရက္နဲ႕ေဝးေနတာပဲ"
"ဘာကိုလဲ...မင္းေနာ္...ၾကည့္လဲလုပ္...စြာတာ...ေတြ႕တဲ့အတိုင္းပဲ"
"ေအးခ်မ္း. . .မတားနဲ႕. . .ငါေႂကြၿပီထင္တယ္"
"မတားဘူး. . .အျမန္လိုက္. . .အျမန္ယူ. . .ေနာက္ငါ့ကို...မစြာနိုင္ေအာင္.... ပညာေပးထားလိုက္"
ေအးခ်မ္းေသာ္ မ်က္စိေနာက္ေနရေသာတစ္ေယာက္ကို ရဲရင့္လက္ထဲအတင္းထိုးထည့္လိုက္တယ္။
ဟုတ္တယ္.... ဘာမွန္းကိုမသိဘူး။
.
.
.
.
ဆက္ရန္. . . .