ချစ်သူ့စကား ရင်နှင့်ကြားစေ

SpringGenAerri tarafından

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... Daha Fazla

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending

part(9)

8.2K 684 11
SpringGenAerri tarafından

Unicode

"လာ. . .သော်"

မိုးဦးသော့်လက်ကိုဆွဲအထ. . .
ဆတ်ကနဲအားပြင်းပြင်းနှင့်ရုန်းထွက်သည်။
မိုးဦး သော့်ကိုငေးကြည့်ရင်း. . .

"အေးချမ်း. . .ကိုမိုးဦးနဲ့သိတာလား"

ရဲရင့် မေးသံထွက်လာသည်။

"သိတယ်"
"မသိဘူး"

ပြိုင်တူထွက်သွားသောအသံနှစ်သံ. . .

ပြောပြီးတာနှင့်အပြင်ထွက်သွားသောခြလှမ်းများ။

မိုးဦး. .. ရဲရင့်. . .နန္ဒတို့သုံးယောက်သားလိုက်ရသည်။

"ရဲရင့်. . .ငါသွားပြီ"

သော် ရဲရင့်ကိုလှမ်းပြောသည်။

မိုးဦးဘက်လှည့်တောင်မကြည့်။

"နေအုံး. . .နေပါအုံး. . .သော်. . ."

မိုးဦး ပတ်ဝန်းကျင်ကိုသတိမထားနိုင်လောက်အောင် သော့်ကိုအတင်းကာရော ခေါ်မိသည်။

"ကျွန်တော့်နာမည်. . .အေးချမ်းသော်. . .အပြည့်အစုံခေါ်ပါ"

ခပ်ပြတ်ပြတ်ပြောသံ။

"အင်း. . .အင်းပါ. . .ခုတော့. . .ခဏလိုက်ခဲ့ပါ. . .နော်. . .ခဏပါ"

တုန်ရီစွာအလောတကြီးပြောမိသည်။

ရဲရင့်အူကြောင်ကြောင်ဖြစ်နေသည်။
အေးချမ်းက ရန်ဖြစ်နေတုန်းသာကြမ်းတာပါ။
ဒီလိုဘလိုင်းကြီးမရိုင်းတတ်။
ကိုမိုးဦးဆိုတာကလဲ ကိုယ်လိုအရှုပ်ထုတ်တောင် လေးစားရတဲ့သူ။ သွားပြောင်လို့မရဘူး။ သူ့သိက္ခာ သူ့ပညာနှင့် . . .ကိုယ်တွေနဲ့ဆိုအသက်ကသုံးနှစ်. . .လေးနှစ်ပဲကွာတာ. . .အရည်အချင်းက. . ယှဥ်လို့မရ။
လူကြီးတွေရဲ့အရေးပေးမှုရော လူငယ်တွေလေးစားမှုရော ရနေတဲ့သူ။ခုတော့ အေးချမ်းကြောင့်အသံတွေပါ တုန်လို့။တစ်ခါမှမတွေ့ဘူးတဲ့ပုံစံနဲ့ ကိုမိုးဦးကိုကြည့်လိုက်.... ဘာအကြောင်းမှမရှိဘဲ တင်းမာနေသည့် အေးချမ်းကိုကြည့်လိုက်နဲ့ ဖြစ်နေကြရသည်။

"မလိုက်နိုင်ဘူး"

အေးစက်မာကြောသောအသံနဲ့ သော်ပြောတယ်။

"ဒါဆို. . .ဘယ်သွားမလဲ. . .ကိုကိုကြီးလိုက်ခဲ့မယ်"

မိုးဦးလဲမလျှော့ပါ။

"ခင်ဗျား. . .ဝေးဝေးနေ. . .မမြင်ချင်ဘူး"

​ကြမ်းတမ်းစွာပြောရင်း လှည့်ထွက်သွားတော့သည်။

"အေးချမ်း. . .အေးချမ်း. . .ဟေ့ကောင်. . .စောင့်အုံးဟ"

ရဲရင့်နှင့်နန္ဒခေါ်ရင်းနောက်ကလိုက်သည်။
မိုးဦးလဲလိုက်ရသည်ပေါ့။

သော်ရယ်. . .စိတ်ဆိုးနေတာလားကွာ. . .
ကိုကိုကြီးလာတယ်လေ. . .သော်. . .ချိန်းထားတာထက် တစ်ပတ်နောက်ကျသွားတာပါ. . .တကယ်လာခဲ့ပါတယ်. . .သော်ရယ်. . .ကိုကိုကြီးဘက်မှာကိစ္စတွေမထင်မှတ်ဘဲပေါ်လာခဲ့လို့ပါသော်ရာ. . .ရှင်းပြပါရစေ
သော့်အကြောင်းလဲ သိပါရစေ။
ခုမှတွေ့တာမို့စိမ်းနေတာဆိုရင်လဲ. . .ရင်ကွဲအောင်. . .
မလုပ်လိုက်ပါနဲ့. . .တွေ့ပြီဆိုမှတော့. . .ထပ်မခွဲပါရစေနဲ့တော့။

"အေးချမ်း. . .ဟေ့ကောင်. . .မင်းကလဲစိတ်ချည်းပဲ
မင်းနဲ့ကိုမိုးဦး သိလား မသိလားတော့မသိဘူး ဒီတိုင်းပြန်လို့တော့မဖြစ်သေးဘူးကွ. . .ကိုမိုးဦးကတို့ကိုထုတ်လာပေးတာလေကွာ. . .မင်း. . .ဘာဖြစ်တာလဲ"

"အေးလေကွာ. . .ဟိုမှာ...ကိုမိုးဦး...အတော်မျက်နှာပျက်နေတာ. . .ခဏဖြစ်ဖြစ်လိုက်ခဲ့ပါအုံးကွ"

နန္ဒဝင်လဲပြောသည်။

စိတ်ညစ်သည်။ ဗလောင်ဆူသည်။ရင်ထဲ ကတုန်ကရီလဲဖြစ်သည်။ဒေါသလဲထွက်သည်။ မမြင်ခင်ကလွမ်းတောင်မလွမ်းရဲခဲ့။ ကိုယ့်အပေါ်မတည်တဲ့စကားတစ်ခွန်းအတွက်နာကျည်းလို့သာနေချင်မိသည်။မြင်ပြန်တော့ ဆောက်တည်ရာမရဖြစ်ရပြန်သည်။
ဒါ့အပြင် ပြန်တွေ့သည့်နေရာက ရဲစခန်း။
သေကွဲကွဲလိုက်တာမှကောင်းအုံးမည်ဟုအကြိမ်ကြိမ်တွေးပြီး အကြိမ်ကြိမ်ဘဝကိုလက်လျှော့ဖို့စဥ်းစားမိတိုင်း. . . .ပူနွေးသောအနမ်းများကိုသာ သတိရမိမြဲ။

စိတ်. . .နာ. . .ချင်. . .လှ. . .ပါ. . .သည်။

ဒါပေမဲ့. . .အေးချမ်းသော် ထင်သလိုမဖြစ်ခဲ့ပါ။
မြင်ရုံနဲ့ ရူးလောက်အောင်ခံစားရသည်။ လွမ်းတာရော စိတ်နာတာရောပေါင်းပြီး ခံစားရတာမို့ သေလောက်ပါသည်။

"သော်. . .အဲ. . .အေးချမ်းသော်. . .ခဏလိုက်ခဲ့ပါကွာ"

မိုးဦးစကားကို သူ့အကြိုက်ထိန်းပြောသည်။
စူးရှသောအကြည့်တစ်ချက်နှင့်အတူ. . .

"အချိန်မရဘူး. . .ည. . .အလုပ်ဝင်ရမှာ"

"ဘယ်အလုပ်က. . .ညလဲ"

မိုးဦးအမေးကိုမဖြေပါ။

"မင်းဒဏ်ရာတွေနဲ့ဟာကို. . .ခွင့်ယူလိုက်ပါကွာ. . .ငါဝိုင်းပြောပေးပါ့မယ်"

ရဲရင့်ရဲ့ ဖြောင်းဖျသံ

"ဒါဆိုဒီကစောင့်နေ. . .အကိုကားသွားယူလိုက်မယ်။
သူငယ်ချင်းကိုဆွဲထားပေးအုံး ရဲရင့်. . .ထွက်သွားလို့မဖြစ်ဘူးနော်"

မိုးဦး ရဲရင့်ကိုသေသေချာချာမှာကာ ကားကိုပြေးယူရသည်။

"ဟုတ်"

အလျင်အမြန်ကားပြေးယူ
ကားရောက်သည်နှင့်. . .ဆင်းကာတံခါးကိုပြေးဖွင့်ပေးမိသည်။

ကားပေါ်တော့တက်သည်။ လူကိုတော့မကြည့်။

မိုးဦး တိုက်ခန်းရှိရာမောင်းလာခဲ့သည်။ ရင်ထကြပူလောင်မှုကို သက်ပြင်းချကာဖြေရသည်။
.
.
.
.
အပေါ်ရောက်သည်နှင့်. . . .

"ထိုင်ကြအုံး. . .ဘာစားမလဲ. . ."

"ဘာမှမစားရသေးဘူး. . .ကိုမိုးဦး. . .တညလုံး. . .အဟဲ. . .ပင်ပန်းလိုက်တာဆိုတာ. . ."

"အိမ်မှာက ဘာမှဖွယ်ဖွယ်ရာရာမရှိဘူး. . .ကိုယ်မှာပေးမယ်. . .ဘာစားကြမလဲ"

"ဒါဆို ကျွန်တော်နဲ့နန္ဒသွားဝယ်လိုက်မယ်လေ. . ."

အေးချမ်းသော်. . .ရဲရင့်ကိုကြည့်သည်။

"မင်း. . .ကျန်ခဲ့ပါကွာ. . .ကိုမိုးဦးစကားပြောစရာရှိနေတယ်ထင်တယ်"

"အင်း. . .အင်း. . .သွားလိုက် ရဲရင့်. . .ဒီအောက်ရောက်ရင်လမ်းနဲနဲပဲလျှောက်လိုက်. . .အစုံရှိတယ်. . .
အော်. . .သော့်အတွက်...ဝက်နံရိုးပေါင်းလေးထည့်ဝယ်ခဲ့"

စူးကနဲအကြည့်. . သော်ရယ်. . . ကိုကိုကြီး မင်းအကြိုက်ကိုမမှတ်မိတာ ဖြစ်နိုင်ပါ့မလားကွာ။

ဟုတ်သား. . .သော်လို့မခေါ်ရဘူးတဲ့. . .
ဒါဖြင့်ဘယ်လိုခေါ်ရမှာလဲ????

ရဲရင့်နှင့်နန္ဒထွက်သွားမှ. . .သော့်ဆီပြေးကပ်ရင်း. . .

"သော်. . ."

"မခေါ်နဲ့. . .သော်လို့. . .ကျွန်တော်လဲ... ခင်ဗျားကို အရင်လိုမခေါ်နိုင်ဘူး"

"ခု ဘယ်မှာနေနေတာလဲ. . .ဟင်. . .ဘာအလုပ်မို့လို့ညဆင်းရတာလဲ. . .ရဲရင့်နဲ့ရောခင်တာကြာပြီလား. . .ပိန်သွားလိုက်တာ. . .ရုတ်တရက်မမှတ်မိဘူး. . ."

ဟား. . .ဟား. . .ဟား. . .ဟား. . .
ထင်သားပဲ ခင်ဗျားမမှတ်မိဘူးလို့။
ဒီကတော့ လူကိုမမြင်ရသေးဘူး. . .ခြေသံ. . .ကိုယ်သင်းနံ့. . .အသံ. . .အားလုံးမှတ်မိနေတာ. . .နာကျည်းချင်နေတာတောင်မှ. . .မတွေ့ချင်မမြင်ချင်လောက်အောင်မုန်းချင်နေတာတောင်မှ. . .
အေးချမ်းသော် နာကျည်းစွာတွေးမိသည်။

"ကျွန်တော့်ဘဝနဲ့ကျွန်တော် အဆင်ပြေတယ်. . .ခင်ဗျားအကူအညီမလိုတော့သလို. . .ခင်ဗျားစကားကိုလဲမယုံကြည်နိုင်တော့ဘူး"

မိုးဦး သော့်ကိုကြည့်ကာ စိတ်မချမ်းသာပါ။

သူ့ဘက်ကအခြေအနေတွေကိုယခုရှင်းပြလဲ အပိုပဲဖြစ်နေတော့မှာ. . .သော် ဘာကြောင့်ထွက်သွားရသလဲနှင့် သော်ဘာကြောင့်သူ့ကိုစိတ်ဆိုးသလဲ. . .ယခု သော်
ဘာတွေလုပ်နေလဲ. . .ဘာတွေဖြစ်နေလဲ. . .အရင်သိရဖို့ ကြိုးစားရမည်။
သူ့ဘက်ကဖြေရှင်းချက်ပေးသည်ဟု. . .သော်အထင်မလွဲဘဲ. . ယုံကြည်သည့်အထိ သော့်နားမှာ သူနေရပါမည်။
သော့်လက်ရှိအခြေအနေကိုသေချာသိရပြီးမှ. . .မိုးဦးအကြောင်းပြန်ပြောလဲ နောက်မကျသေးလောက်ပါဘူးလို့ မိုးဦးတေ​ွးပါသည်။

"အကူအညီရယ်လို့မဟုတ်ဘူးလေ. . .ခွဲချင်လို့ခွဲခဲ့ရတာမှမဟုတ်တာ. . .ပြန်တွေ့မှတော့. . .ထပ်မခွဲနိုင်ဘူး"

ဒီတစ်ခါတော့. . .မိုးဦးအသံပြတ်သားတိကျစွာ။

ဟုတ်တယ်လေ. . .စိတ်ဆိုးလို့သတ်လဲ သော့်လက်နဲ့ပဲ သေပါစေ။ ထပ်တော့ခွဲမနေစေရ။
သော့် အကြောင်းသိရဖို့ပထမ။

သော်ကမျက်စိစုံမှိတ်ကာဆက်တီထိုင်ခုံမှာခပ်လျောလျောထိုင်လျက်. . .
မိုးဦး သော့်ကို. . .ငေးနေမိသည်။
စကားတော့ထပ်မပြောတော့။
နားပါစေအုံး​လေ။

သော်လေးရယ်. . .ကိုယ့်ကလေး. . .အဆင်ပြေတဲ့ပုံကိုကိုကြီးမတွေ့ရပါလားကွာ။ ဒဏ်ရာကြောင့်သွေးစို့နေတဲ့ နှုတ်ခမ်းထောင့်. . .ပြာချင်သလိုလိုနဲ့. . .သော်ဆေးလိပ်တွေများသောက်သလား။
ဝါနှစ်နှစ်ဖောင်းအိအိပါးလေးရော. . .
လက်ပေါ်မှာလဲဒဏ်ရာအချို့. . .
ဆေးထည့်ပေးရအုံးမယ်။
အရပ်ကတော့. . .မိုးဦးနှင့်အရမ်းမကွာ. . .
သော့်ကိုဒီလောက်အရပ်ထွက်မည်တောင်မထင်ရ။
ငယ်ငယ်ကပုလုံးလေးလေ။
ဆံပင်တွေကအနည်းငယ်ရှည်ချင်နေပြီ။
ညှပ်ခိုင်းအုံးမှ. . .ပါ။
အဝတ်အစားတွေကလဲ သပ်ရပ်မနေ။
ဘယ်နေလိမ့်မလဲ. . .ညကဖိုက်တင်ပလေးထားသေးတာကိုး. . .ကြည့်ကောင်းတဲ့ရုပ်ရည်နှင့်အမျိုးသားလေးဖြစ်တော့ဖြစ်နေသား။

ဒါပေမဲ့. . .ကိုယ်မျှော်လင့်ထားသလို ပြန်တွေ့ရင်. . .အကြိမ်တစ်ထောင်လောက်ပြုံးခိုင်းပြီးတစိမ့်စိမ့်ထိုင်ကြည့်လို့မရနိုင်သေး။

အရင်လို. . .ယုန်ပေါက်လေးလို. . .ခေါင်းလေးပွတ် ဆံပင်ညိုလေးတွေဖွလိုက်တာနဲ့ လက်ကနဲပြုံးပြမဲ့
ကိုယ့်ကလေးမဟုတ်တော့။
ဘယ်ချိန်ခုန်အုပ်မည်မသိ. . .မာန်တဖီဖီနှင့်ကျားရဲလို။

ထိုင်ကြည့်နေရင်း. . .အလွမ်းဖြေနေရသည်။
အလွမ်းမပြေပေမဲ့ပေါ့လေ အကြာကြီးကြည့်မိသည်။
သူ့ကိုကြည့်နေမှန်းသိလို့လားမသိ. . .
ရုတ်တရက်ဖျက်ကနဲပွင့်လာတဲ့မျက်ဝန်းလေး
ရူတည်တည်အကြည့်နှင့်. . .

ရင်ထဲ. . .အေးကနဲ. . .တချက်လန့်ပြီး မိုးဦးမျက်နှာလွှဲလိုက်သည်။

သော်ရယ်. . .လန့်လိုက်တာ. . .မျက်ဝန်းဝိုင်းစက်စက်နှင့်မျက်ဆံညိုလေးရယ်
မျက်တောင်မတိုမရှည်နှင့်. . .မျက်လုံးအစပ်ထောင့်လေးမှာပိုစိပ်သွားတဲ့မျက်တောင်ဖျားလေး. . .မျက်ဝန်းလေးကတော့အပြောင်းအလဲမရှိ။

တစ်ခုတော့ရှိသည်ပေါ့။
မိုးဦးကိုကြည့်သည့်အကြည့်က. . .အရင်လိုမဟုတ်သေး. . .ပြောင်းလဲနေပါပြီ။

အရင်လိုအကြည့်လေး အပြုံးလေးပြန်ရဖို့ မိုးဦးတာဝန်ထားလိုက်ကြပါ။

.
.
.
ဆက်ရန်. . . .

Zawgyi

Unicode

"လာ. . .ေသာ္"

မိုးဦးေသာ့္လက္ကိုဆြဲအထ. . .
ဆတ္ကနဲအားျပင္းျပင္းႏွင့္႐ုန္းထြက္သည္။
မိုးဦး ေသာ့္ကိုေငးၾကည့္ရင္း. . .

"ေအးခ်မ္း. . .ကိုမိုးဦးနဲ႕သိတာလား"

ရဲရင့္ ေမးသံထြက္လာသည္။

"သိတယ္"
"မသိဘူး"

ၿပိဳင္တူထြက္သြားေသာအသံႏွစ္သံ. . .

ေျပာၿပီးတာႏွင့္အျပင္ထြက္သြားေသာျခလွမ္းမ်ား။

မိုးဦး. .. ရဲရင့္. . .နႏၵတို႔သုံးေယာက္သားလိုက္ရသည္။

"ရဲရင့္. . .ငါသြားၿပီ"

ေသာ္ ရဲရင့္ကိုလွမ္းေျပာသည္။

မိုးဦးဘက္လွည့္ေတာင္မၾကည့္။

"ေနအုံး. . .ေနပါအုံး. . .ေသာ္. . ."

မိုးဦး ပတ္ဝန္းက်င္ကိုသတိမထားနိုင္ေလာက္ေအာင္ ေသာ့္ကိုအတင္းကာေရာ ေခၚမိသည္။

"ကြၽန္ေတာ့္နာမည္. . .ေအးခ်မ္းေသာ္. . .အျပည့္အစုံေခၚပါ"

ခပ္ျပတ္ျပတ္ေျပာသံ။

"အင္း. . .အင္းပါ. . .ခုေတာ့. . .ခဏလိုက္ခဲ့ပါ. . .ေနာ္. . .ခဏပါ"

တုန္ရီစြာအေလာတႀကီးေျပာမိသည္။

ရဲရင့္အူေၾကာင္ေၾကာင္ျဖစ္ေနသည္။
ေအးခ်မ္းက ရန္ျဖစ္ေနတုန္းသာၾကမ္းတာပါ။
ဒီလိုဘလိုင္းႀကီးမရိုင္းတတ္။
ကိုမိုးဦးဆိုတာကလဲ ကိုယ္လိုအရႈပ္ထုတ္ေတာင္ ေလးစားရတဲ့သူ။ သြားေျပာင္လို႔မရဘူး။ သူ႕သိကၡာ သူ႕ပညာႏွင့္ . . .ကိုယ္ေတြနဲ႕ဆိုအသက္ကသုံးႏွစ္. . .ေလးႏွစ္ပဲကြာတာ. . .အရည္အခ်င္းက. . ယွဥ္လို႔မရ။
လူႀကီးေတြရဲ႕အေရးေပးမႈေရာ လူငယ္ေတြေလးစားမႈေရာ ရေနတဲ့သူ။ခုေတာ့ ေအးခ်မ္းေၾကာင့္အသံေတြပါ တုန္လို႔။တစ္ခါမွမေတြ႕ဘူးတဲ့ပုံစံနဲ႕ ကိုမိုးဦးကိုၾကည့္လိုက္.... ဘာအေၾကာင္းမွမရွိဘဲ တင္းမာေနသည့္ ေအးခ်မ္းကိုၾကည့္လိုက္နဲ႕ ျဖစ္ေနၾကရသည္။

"မလိုက္နိုင္ဘူး"

ေအးစက္မာေၾကာေသာအသံနဲ႕ ေသာ္ေျပာတယ္။

"ဒါဆို. . .ဘယ္သြားမလဲ. . .ကိုကိုႀကီးလိုက္ခဲ့မယ္"

မိုးဦးလဲမေလွ်ာ့ပါ။

"ခင္ဗ်ား. . .ေဝးေဝးေန. . .မျမင္ခ်င္ဘူး"

​ၾကမ္းတမ္းစြာေျပာရင္း လွည့္ထြက္သြားေတာ့သည္။

"ေအးခ်မ္း. . .ေအးခ်မ္း. . .ေဟ့ေကာင္. . .ေစာင့္အုံးဟ"

ရဲရင့္ႏွင့္နႏၵေခၚရင္းေနာက္ကလိုက္သည္။
မိုးဦးလဲလိုက္ရသည္ေပါ့။

ေသာ္ရယ္. . .စိတ္ဆိုးေနတာလားကြာ. . .
ကိုကိုႀကီးလာတယ္ေလ. . .ေသာ္. . .ခ်ိန္းထားတာထက္ တစ္ပတ္ေနာက္က်သြားတာပါ. . .တကယ္လာခဲ့ပါတယ္. . .ေသာ္ရယ္. . .ကိုကိုႀကီးဘက္မွာကိစၥေတြမထင္မွတ္ဘဲေပၚလာခဲ့လို႔ပါေသာ္ရာ. . .ရွင္းျပပါရေစ
ေသာ့္အေၾကာင္းလဲ သိပါရေစ။
ခုမွေတြ႕တာမို႔စိမ္းေနတာဆိုရင္လဲ. . .ရင္ကြဲေအာင္. . .
မလုပ္လိုက္ပါနဲ႕. . .ေတြ႕ၿပီဆိုမွေတာ့. . .ထပ္မခြဲပါရေစနဲ႕ေတာ့။

"ေအးခ်မ္း. . .ေဟ့ေကာင္. . .မင္းကလဲစိတ္ခ်ည္းပဲ
မင္းနဲ႕ကိုမိုးဦး သိလား မသိလားေတာ့မသိဘူး ဒီတိုင္းျပန္လို႔ေတာ့မျဖစ္ေသးဘူးကြ. . .ကိုမိုးဦးကတို႔ကိုထုတ္လာေပးတာေလကြာ. . .မင္း. . .ဘာျဖစ္တာလဲ"

"ေအးေလကြာ. . .ဟိုမွာ...ကိုမိုးဦး...အေတာ္မ်က္ႏွာပ်က္ေနတာ. . .ခဏျဖစ္ျဖစ္လိုက္ခဲ့ပါအုံးကြ"

နႏၵဝင္လဲေျပာသည္။

စိတ္ညစ္သည္။ ဗေလာင္ဆူသည္။ရင္ထဲ ကတုန္ကရီလဲျဖစ္သည္။ေဒါသလဲထြက္သည္။ မျမင္ခင္ကလြမ္းေတာင္မလြမ္းရဲခဲ့။ ကိုယ့္အေပၚမတည္တဲ့စကားတစ္ခြန္းအတြက္နာက်ည္းလို႔သာေနခ်င္မိသည္။ျမင္ျပန္ေတာ့ ေဆာက္တည္ရာမရျဖစ္ရျပန္သည္။
ဒါ့အျပင္ ျပန္ေတြ႕သည့္ေနရာက ရဲစခန္း။
ေသကြဲကြဲလိုက္တာမွေကာင္းအုံးမည္ဟုအႀကိမ္ႀကိမ္ေတြးၿပီး အႀကိမ္ႀကိမ္ဘဝကိုလက္ေလွ်ာ့ဖို႔စဥ္းစားမိတိုင္း. . . .ပူႏြေးေသာအနမ္းမ်ားကိုသာ သတိရမိၿမဲ။

စိတ္. . .နာ. . .ခ်င္. . .လွ. . .ပါ. . .သည္။

ဒါေပမဲ့. . .ေအးခ်မ္းေသာ္ ထင္သလိုမျဖစ္ခဲ့ပါ။
ျမင္႐ုံနဲ႕ ႐ူးေလာက္ေအာင္ခံစားရသည္။ လြမ္းတာေရာ စိတ္နာတာေရာေပါင္းၿပီး ခံစားရတာမို႔ ေသေလာက္ပါသည္။

"ေသာ္. . .အဲ. . .ေအးခ်မ္းေသာ္. . .ခဏလိုက္ခဲ့ပါကြာ"

မိုးဦးစကားကို သူ႕အႀကိဳက္ထိန္းေျပာသည္။
စူးရွေသာအၾကည့္တစ္ခ်က္ႏွင့္အတူ. . .

"အခ်ိန္မရဘူး. . .ည. . .အလုပ္ဝင္ရမွာ"

"ဘယ္အလုပ္က. . .ညလဲ"

မိုးဦးအေမးကိုမေျဖပါ။

"မင္းဒဏ္ရာေတြနဲ႕ဟာကို. . .ခြင့္ယူလိုက္ပါကြာ. . .ငါဝိုင္းေျပာေပးပါ့မယ္"

ရဲရင့္ရဲ႕ ေျဖာင္းဖ်သံ

"ဒါဆိုဒီကေစာင့္ေန. . .အကိုကားသြားယူလိုက္မယ္။
သူငယ္ခ်င္းကိုဆြဲထားေပးအုံး ရဲရင့္. . .ထြက္သြားလို႔မျဖစ္ဘူးေနာ္"

မိုးဦး ရဲရင့္ကိုေသေသခ်ာခ်ာမွာကာ ကားကိုေျပးယူရသည္။

"ဟုတ္"

အလ်င္အျမန္ကားေျပးယူ
ကားေရာက္သည္ႏွင့္. . .ဆင္းကာတံခါးကိုေျပးဖြင့္ေပးမိသည္။

ကားေပၚေတာ့တက္သည္။ လူကိုေတာ့မၾကည့္။

မိုးဦး တိုက္ခန္းရွိရာေမာင္းလာခဲ့သည္။ ရင္ထၾကပူေလာင္မႈကို သက္ျပင္းခ်ကာေျဖရသည္။
.
.
.
.
အေပၚေရာက္သည္ႏွင့္. . . .

"ထိုင္ၾကအုံး. . .ဘာစားမလဲ. . ."

"ဘာမွမစားရေသးဘူး. . .ကိုမိုးဦး. . .တညလုံး. . .အဟဲ. . .ပင္ပန္းလိုက္တာဆိုတာ. . ."

"အိမ္မွာက ဘာမွဖြယ္ဖြယ္ရာရာမရွိဘူး. . .ကိုယ္မွာေပးမယ္. . .ဘာစားၾကမလဲ"

"ဒါဆို ကြၽန္ေတာ္နဲ႕နႏၵသြားဝယ္လိုက္မယ္ေလ. . ."

ေအးခ်မ္းေသာ္. . .ရဲရင့္ကိုၾကည့္သည္။

"မင္း. . .က်န္ခဲ့ပါကြာ. . .ကိုမိုးဦးစကားေျပာစရာရွိေနတယ္ထင္တယ္"

"အင္း. . .အင္း. . .သြားလိုက္ ရဲရင့္. . .ဒီေအာက္ေရာက္ရင္လမ္းနဲနဲပဲေလွ်ာက္လိုက္. . .အစုံရွိတယ္. . .
ေအာ္. . .ေသာ့္အတြက္...ဝက္နံရိုးေပါင္းေလးထည့္ဝယ္ခဲ့"

စူးကနဲအၾကည့္. . ေသာ္ရယ္. . . ကိုကိုႀကီး မင္းအႀကိဳက္ကိုမမွတ္မိတာ ျဖစ္နိုင္ပါ့မလားကြာ။

ဟုတ္သား. . .ေသာ္လို႔မေခၚရဘူးတဲ့. . .
ဒါျဖင့္ဘယ္လိုေခၚရမွာလဲ????

ရဲရင့္ႏွင့္နႏၵထြက္သြားမွ. . .ေသာ့္ဆီေျပးကပ္ရင္း. . .

"ေသာ္. . ."

"မေခၚနဲ႕. . .ေသာ္လို႔. . .ကြၽန္ေတာ္လဲ... ခင္ဗ်ားကို အရင္လိုမေခၚနိုင္ဘူး"

"ခု ဘယ္မွာေနေနတာလဲ. . .ဟင္. . .ဘာအလုပ္မို႔လို႔ညဆင္းရတာလဲ. . .ရဲရင့္နဲ႕ေရာခင္တာၾကာၿပီလား. . .ပိန္သြားလိုက္တာ. . .႐ုတ္တရက္မမွတ္မိဘူး. . ."

ဟား. . .ဟား. . .ဟား. . .ဟား. . .
ထင္သားပဲ ခင္ဗ်ားမမွတ္မိဘူးလို႔။
ဒီကေတာ့ လူကိုမျမင္ရေသးဘူး. . .ေျခသံ. . .ကိုယ္သင္းနံ႕. . .အသံ. . .အားလုံးမွတ္မိေနတာ. . .နာက်ည္းခ်င္ေနတာေတာင္မွ. . .မေတြ႕ခ်င္မျမင္ခ်င္ေလာက္ေအာင္မုန္းခ်င္ေနတာေတာင္မွ. . .
ေအးခ်မ္းေသာ္ နာက်ည္းစြာေတြးမိသည္။

"ကြၽန္ေတာ့္ဘဝနဲ႕ကြၽန္ေတာ္ အဆင္ေျပတယ္. . .ခင္ဗ်ားအကူအညီမလိုေတာ့သလို. . .ခင္ဗ်ားစကားကိုလဲမယုံၾကည္နိုင္ေတာ့ဘူး"

မိုးဦး ေသာ့္ကိုၾကည့္ကာ စိတ္မခ်မ္းသာပါ။

သူ႕ဘက္ကအေျခအေနေတြကိုယခုရွင္းျပလဲ အပိုပဲျဖစ္ေနေတာ့မွာ. . .ေသာ္ ဘာေၾကာင့္ထြက္သြားရသလဲႏွင့္ ေသာ္ဘာေၾကာင့္သူ႕ကိုစိတ္ဆိုးသလဲ. . .ယခု ေသာ္
ဘာေတြလုပ္ေနလဲ. . .ဘာေတြျဖစ္ေနလဲ. . .အရင္သိရဖို႔ ႀကိဳးစားရမည္။
သူ႕ဘက္ကေျဖရွင္းခ်က္ေပးသည္ဟု. . .ေသာ္အထင္မလြဲဘဲ. . ယုံၾကည္သည့္အထိ ေသာ့္နားမွာ သူေနရပါမည္။
ေသာ့္လက္ရွိအေျခအေနကိုေသခ်ာသိရၿပီးမွ. . .မိုးဦးအေၾကာင္းျပန္ေျပာလဲ ေနာက္မက်ေသးေလာက္ပါဘူးလို႔ မိုးဦးေတ​ြးပါသည္။

"အကူအညီရယ္လို႔မဟုတ္ဘူးေလ. . .ခြဲခ်င္လို႔ခြဲခဲ့ရတာမွမဟုတ္တာ. . .ျပန္ေတြ႕မွေတာ့. . .ထပ္မခြဲနိုင္ဘူး"

ဒီတစ္ခါေတာ့. . .မိုးဦးအသံျပတ္သားတိက်စြာ။

ဟုတ္တယ္ေလ. . .စိတ္ဆိုးလို႔သတ္လဲ ေသာ့္လက္နဲ႕ပဲ ေသပါေစ။ ထပ္ေတာ့ခြဲမေနေစရ။
ေသာ့္ အေၾကာင္းသိရဖို႔ပထမ။

ေသာ္ကမ်က္စိစုံမွိတ္ကာဆက္တီထိုင္ခုံမွာခပ္ေလ်ာေလ်ာထိုင္လ်က္. . .
မိုးဦး ေသာ့္ကို. . .ေငးေနမိသည္။
စကားေတာ့ထပ္မေျပာေတာ့။
နားပါေစအုံး​ေလ။

ေသာ္ေလးရယ္. . .ကိုယ့္ကေလး. . .အဆင္ေျပတဲ့ပုံကိုကိုႀကီးမေတြ႕ရပါလားကြာ။ ဒဏ္ရာေၾကာင့္ေသြးစို႔ေနတဲ့ ႏႈတ္ခမ္းေထာင့္. . .ျပာခ်င္သလိုလိုနဲ႕. . .ေသာ္ေဆးလိပ္ေတြမ်ားေသာက္သလား။
ဝါႏွစ္ႏွစ္ေဖာင္းအိအိပါးေလးေရာ. . .
လက္ေပၚမွာလဲဒဏ္ရာအခ်ိဳ႕. . .
ေဆးထည့္ေပးရအုံးမယ္။
အရပ္ကေတာ့. . .မိုးဦးႏွင့္အရမ္းမကြာ. . .
ေသာ့္ကိုဒီေလာက္အရပ္ထြက္မည္ေတာင္မထင္ရ။
ငယ္ငယ္ကပုလုံးေလးေလ။
ဆံပင္ေတြကအနည္းငယ္ရွည္ခ်င္ေနၿပီ။
ညွပ္ခိုင္းအုံးမွ. . .ပါ။
အဝတ္အစားေတြကလဲ သပ္ရပ္မေန။
ဘယ္ေနလိမ့္မလဲ. . .ညကဖိုက္တင္ပေလးထားေသးတာကိုး. . .ၾကည့္ေကာင္းတဲ့႐ုပ္ရည္ႏွင့္အမ်ိဳးသားေလးျဖစ္ေတာ့ျဖစ္ေနသား။

ဒါေပမဲ့. . .ကိုယ္ေမွ်ာ္လင့္ထားသလို ျပန္ေတြ႕ရင္. . .အႀကိမ္တစ္ေထာင္ေလာက္ၿပဳံးခိုင္းၿပီးတစိမ့္စိမ့္ထိုင္ၾကည့္လို႔မရနိုင္ေသး။

အရင္လို. . .ယုန္ေပါက္ေလးလို. . .ေခါင္းေလးပြတ္ ဆံပင္ညိုေလးေတြဖြလိုက္တာနဲ႕ လက္ကနဲၿပဳံးျပမဲ့
ကိုယ့္ကေလးမဟုတ္ေတာ့။
ဘယ္ခ်ိန္ခုန္အုပ္မည္မသိ. . .မာန္တဖီဖီႏွင့္က်ားရဲလို။

ထိုင္ၾကည့္ေနရင္း. . .အလြမ္းေျဖေနရသည္။
အလြမ္းမေျပေပမဲ့ေပါ့ေလ အၾကာႀကီးၾကည့္မိသည္။
သူ႕ကိုၾကည့္ေနမွန္းသိလို႔လားမသိ. . .
႐ုတ္တရက္ဖ်က္ကနဲပြင့္လာတဲ့မ်က္ဝန္းေလး
႐ူတည္တည္အၾကည့္ႏွင့္. . .

ရင္ထဲ. . .ေအးကနဲ. . .တခ်က္လန့္ၿပီး မိုးဦးမ်က္ႏွာလႊဲလိုက္သည္။

ေသာ္ရယ္. . .လန့္လိုက္တာ. . .မ်က္ဝန္းဝိုင္းစက္စက္ႏွင့္မ်က္ဆံညိုေလးရယ္
မ်က္ေတာင္မတိုမရွည္ႏွင့္. . .မ်က္လုံးအစပ္ေထာင့္ေလးမွာပိုစိပ္သြားတဲ့မ်က္ေတာင္ဖ်ားေလး. . .မ်က္ဝန္းေလးကေတာ့အေျပာင္းအလဲမရွိ။

တစ္ခုေတာ့ရွိသည္ေပါ့။
မိုးဦးကိုၾကည့္သည့္အၾကည့္က. . .အရင္လိုမဟုတ္ေသး. . .ေျပာင္းလဲေနပါၿပီ။

အရင္လိုအၾကည့္ေလး အၿပဳံးေလးျပန္ရဖို႔ မိုးဦးတာဝန္ထားလိုက္ၾကပါ။

.
.
.
ဆက္ရန္. . . .

Okumaya devam et

Bunları da Beğeneceksin

95.4K 2.9K 28
"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်...
3.3K 266 4
တစ်ခါတစ်လေ သူတို့ကိုသိပ်သတိရတယ် အလွမ်းပြေရုံလေးပါပဲ ကိုယ့်ဘဝကို ထာဝရစိုးပိုင်သူများ..... ချစ်ရပါတယ်။
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...