ချစ်သူ့စကား ရင်နှင့်ကြားစေ

By SpringGenAerri

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending

part(8)

8.1K 626 29
By SpringGenAerri

ဒီကကိစ္စတွေကိုအမြန်ဆုံးဖြတ်ရသည်။
အများကြီး. . .ပြောချင်တာတွေအများကြီး. . .မေးချင်တာတွေအများကြီး. . .အများကြီး. . .
သတိရတာ လွမ်းတာကတော့မေးမနေပါနဲ့တော့။
ဘဝအဆက်ဆက်လွမ်းခဲ့ရသူလို. . .လွမ်းပြီးရင်းလွမ်း.
သတိရပြီးရင်းရ. . .အလုပ်ထဲခေါင်းနှစ်ထားရတာသာကြည့်ပါတော့။

ရောက်လေရာနေရာ သော့်အရွယ်များတွေ့ရင်အလိုလိုကြည့်မိပြီးသားဖြစ်ခဲ့ရတဲ့ မိုးဦး။
အလုပ်သွားအလုပ်ပြန် ကားနှင့်သွားလာရင်ရပါရက်နဲ့ လိုင်းကားတိုးစီး. . .အမှတ်မထင်များပြန်တွေ့လေမလားပေါ့။ ဘယ်ဆီထွက်သွားမှန်းမသိခဲ့ရလေတော့. . .ခရီးထွက်တိုင်းကြည့်. . .ရောက်လေရာနေရာ သော်ရှိနိုင်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့သာ မိုးဦး အသက်ရှ်ခဲ့ရပါသည်။

တွေ့မည့်တွေ့တော့ ရဲစခန်းမှာ. . .

ရန်ဖြစ်ထားတဲ့မျက်နှာမှာဒဏ်ရာတွေနဲ့. . .လူပုံကလဲရုတ်တရက်မမှတ်မိချင်စရာ. . .ပိန်သွားပြီးအသားကငယ်ငယ်ကလိုဝါနှစ်နှစ်မဟုတ်တော့ နေလောင်သလိုဝါညစ်ညစ်နှင့်. . .အရင်ကဖောင်းအိနေတဲ့ပါးလေးက ပြားကပ်နေပြီ။ ရင်ထဲမှာ မကောင်းလိုက်တာ သော်ရယ်။

သော် ကောင်းကောင်းမွန်မွန်ရောနေခဲ့ရရဲ့လား?????
ဘယ်နေရာမှာဘာတွေလုပ်နေလို့ ဒီလိုပုံစံလဲ?????
ရှာလိုက်ရတာ သော်ရယ်။
လူစိမ်းဆိုကြောက်တတ်သူ. . .စိတ်အားငယ်တတ်သူ. .
အရွယ်နှင့်မမျှ မေတ္တာငတ်ခဲ့သူ. . .မကြည်ဖြူသူတွေကြားထဲဝမ်းနည်းတာတောင်ထုတ်မပြရဲဘဲနေတတ်သူ။

သော့်ဆီကိုကိုကိုကြီးပြန်လာတယ်လေ။
အဖွားကဆုံးသွားပြီးသော်ကပျောက်သွားသတဲ့။
ဘယ်လိုဖြစ်တာလဲ သော်ရယ်. . .
ကိုကိုကြီးဆီကိုလာခဲ့ပါတော့လား. . .
ကိုကိုကြီးကိုအားကိုးတာဆို. . .ဘာလို့များ. . .အဝေးကြီးပြေးရတာလဲ. . .သော်ဘယ်လိုဒုက္ခတွေရှိရှိအတူတူ ဖြေရှင်းပေးမဲ့ ကိုကိုကြီးရှိရက်နဲ့ကွာ။
သော့်ကိုကြည့်ပြီး မိုးဦး ရင်ထဲမှာမေးခွန်းပေါင်းများစွာ။

.
.
.

တကယ်တော့. . .မိုးဦးနောက်ကျခဲ့တာပါ။

မိုးဦးစာမေးပွဲဖြေပြီးပြီးချင်း. . .ကံဆိုးမိုးမှောင်ကျတဲ့သတင်းကစောင့်ကြိုလျက်ရှိခဲ့သည်။

မိုးဦးဖေဖေအလုပ်ကိစ္စနှင့်နယ်ဆင်းရင်း. . .
မတော်တဆမှုဖြစ်သည့်သတင်းက မိုးဦးကိုစောင့်ကြိုနေခဲ့တာ။
စာမေးပွဲအခန်းကအထွက်ဘော်ဒါဆောင်ရဲ့နှုတ်ဆက်ပွဲတောင်မတက်နိုင် ပစ္စည်းများမသိမ်းနိုင်. . .မေမေနှင့်အတူ ဖေဖေရှိရာချက်ချင်းပြေးရသည်။
ရောက်လဲရောက်ဖေဖေလဲဆုံး. . .မိုးဦးတို့သားအမိကိုစောင့်နေသလိုပါ။

ဖေဖေ့အသုဘအစအဆုံး မြင့်မိုရ်တို့မိသားစုကူညီသည်။ မေမေသည်လည်းရန်ကုန်မြေမှာဘာမှသိလှသည်မဟုတ်။ မိုးဦးဖြင့်ပိုဆိုး. . .ရန်ကုန်ရောက်ကတည်းကဘော်ဒါတက်. . .တစ်နှစ်လုံးစာမှာ နှစ်မြုပ်ထားခဲ့ရတာလေ။

ဖေဖေ့ကိစ္စအားလုံးပြီးသည့်အချိန်... သော့်ဆီသွားဖို့မေမေ့ထံခွင့်တောင်းရသည်။ ထိုအချိန်မှ မေမေက. . .ပြောပြတာ။
အဖွားလည်းလွန်ခဲ့တဲ့. . .လေးလခန့်ကဆုံးသွားကြောင်း. . . .
မေမေကိုယ်တိုင်မြို့သို့ပြန်ခဲ့သေးကြောင်း. . .
သော်လဲကျောင်းတက်နေဆဲဖြစ်ကြောင်း. . .
ထို့ပြင်. . . .ထိုမြို့မှ မိုးဦးတို့အိမ်အားရောင်းချခဲ့ပြီဖြစ်ကြောင်းတွေပေါ့။
မိုးဦးတစ်ယောက် တက္ကသိုလ်ဝင်တန်းအတွက် ကြိုးစားပြင်ဆင်နေချိန်ဆိုတော့ ဘော်ဒါနဲ့ကျောင်းကလွဲပြီး အပြင်ထွက်ခွင့်မရသည့်အချိန်တွေမှာ ဖြစ်ပျက်ခဲ့တာတွေ မနည်းဘူးပဲ။ မေမေက ပုံမှန်လာတွေ့သော်လည်း ထိုအကြောင်းများကို မိုးဦးသိခွင့်မရခဲ့။

မိုးဦးမေမေ့ကိုနားမလည်တော့ပါ။

တကယ်ဆို အဖွားဆုံးပြီးဆိုမှတော့. . .သော့်ကိုခေါ်လာခဲ့ဖို့ကောင်းသည်။
ဟိုမိသားစုနှင့် သော်တစ်ယောက်ထဲထားခဲ့တာ ရက်စက်လွန်းရာကျသည်။ သော်. . .ဘယ်လိုမှအဆင်မပြေနိုင်ပါ။ သော့်ကိုလည်း မေမေပြုစုပျိုးထောင်ပေးခဲ့သေးတာပဲ။ မေမေ့သားလေးလိုပဲလေ။ ဘာကြောင့် သော့်အပေါ်ရက်စက်ရတာလဲ။ ဘာကြောင့်လဲ?????

မေမေက မိုးဦး သော့်ဆီသွားမှာကို မတားပါ။
ဖေဖေ့အတွက်ဝမ်းနည်းနေရချိန်. . .မေမေ့ကိုအားနာပေမဲ့. . .မိုးဦး. . .သော့်ကိုစိတ်မချတော့ပါ။
အမြန်ဆုံးသွားခေါ်ရမှဖြစ်ပါတော့မည်။

အမြန်ဆုံးလို့မိုးဦးစိတ်ထဲထင်ခဲ့ပေမဲ့. . .မိုးဦးနောက်ကျခဲ့ပါပြီ။
သော်. . .သော်လေး. . .မိုးဦးရဲ့ကလေး. . .
ထိုအိမ်မှာမရှိတော့ပါ။
ဘယ်သွားလဲ။
သော့်ကိုဘာလုပ်လိုက်ကြတာလဲ။
သော်ဘာတွေဖြစ်ခဲ့တာလဲ. . .ဘယ်သူမှ. . .မဖြေကြတော့ပါ။
သူတို့ကိုယ်တိုင် သော် ဘယ်ကိုထွက်သွားသည်လဲမသိပါတဲ့. . .
ဘာကြောင့်. . .သော်ထွက်သွားခဲ့ရသလဲဆိုတာတော့ သူတို့သိရက်နဲ့မဖြေခြင်းသာ. . .

ဖြေခဲ့ကြရင်လဲ. . .မိုးဦး ထိုနေရာတွင် လူသတ်မှုဖြစ်ခဲ့လောက်မှာပါ။

မိုးဦး. . .သော့်ဆရာမများဆီသို့. . .သူငယ်ချင်းမိဘများဆီသို့. . .လိုက်လံမေးမြန်းသော်လည်း. . .သော့်ကိုရုတ်တရက်မတွေ့ရတော့ကြောင်း. . .သူတို့လဲစုံစမ်းပေမဲ့. . .သော့်အဒေါ်မိသားစုမှသော်သူတို့အိမ်မှာမနေတော့ကြောင်း. . .အဖွားမရှိတော့လို့မနေချင်တော့တာဖြစ်ကြောင်းသာ ပြန်ပြောကြသည်တဲ့။
သော့်အမေဘက်မှအမျိုးများဆီသို့သွားသလိုလိုသာဖြေကြသည်တဲ့။

မိုးဦး. . .မယုံပါ။
သူထိုနေ့က. . .သော့်ကို သေသေချာချာပြောခဲ့သည်ပဲ။
ပြန်. . .လာ. . .ခဲ့. . .ပါ့. . .မယ်. . .လို့. . .

အဖွားဆုံးသွားရင်လဲ သူ့နောက်လိုက်လာရင်လာ
မလာခဲ့ရင် ဆက်ဆက် ဤအိမ်. . .ဤခရေပင်အောက်တွင်စောင့်နေမည့်သူပါ။
သော်. . .သူမသိဘဲ. . .ဘယ်ကိုမှမသွားပါ။
သော်. . .က. . .သူ့ကိုမစောင့်ဘဲထွက်သွားမည့်သူမဟုတ်ဟု. . .ခိုင်မာစွာယုံကြည်လျက်ရှိခဲ့သော်လည်း
အမှန်တရားကတော့. . .သော်. . .သူ့ကိုစောင့်မနေခဲ့ပါ။

သူနှင့်မခွဲနိုင်လွန်းလို့. . .မျက်ရည်ခမ်းအောင်ငိုခဲ့သည့်ကလေး... သူလာတွေ့ချိန်. . .လာခေါ်ချိန်မှာ. . .ချိန်းထားသည့်နေရာတွင်စောင့်မနေခဲ့ပါ။
.
.
.
ထိုနေ့က. . .

ခရေပင်အောက်တွင်ထိုင်​နေသည့်သော်။
တနေကုန်မတွေ့ရသေး. . .မိုးဦး ဆရာမများနှင့်သူငယ်ချင်းများကိုနှုတ်ဆက်နေရသည်။
လူတိုင်းကိုပြောခဲ့သည်။
စာမေးပွဲပြီးရင်ပြန်လာပါမည်ဟု။

"သော်"

မော့ကြည့်သည်.... မထူးပါ။

"ငိုပြန်ပြီလား. . .သော်လေး. . ."

ခေါင်းခါသည်။ မျက်ရည်စများလွင့်ထွက်သွားသည်အထိခါသည်။

သော့်အနားထိုင်ချရင်း. . .မျက်ရည်စများကို သုတ်ပေးရင်း. . .

"မငိုပါနဲ့တော့. . .သော်. . .ကိုကိုကြီးသော့်ဆီ ပြန်လာမယ်ဆိုတာကိုယုံကြည်ရင် မငိုပါနဲ့တော့. . .သော်. . .စာမေးပွဲပြီးတာနဲ့ချက်ချင်း တစ်ရက်မှနောက်မကျစေရဘူး... ပြန်လာမှာ"

မငိုပေမဲ့ရှိုက်နေဆဲပါ။

ခေါင်းလေးဆွဲယူပြီး ရင်ခွင်ထဲထည့်ဖက်ထားမိသည်။
လက်ဖျားလေးတွေတုန်ရင်အေးစက်လို့. . .
ကိုယ်လုံးလေးကတုန်ရီလို့. . .
သနားလိုက်တာ. . .
ကိုယ်က. . .ဘာဖြစ်ဖြစ်. . .ခံစားချက်ထက်ပိုအရေးကြီးတာကိုချင့်ချိန်ရွေးချယ်နိုင်ပေမဲ့. . .ကိုယ့်ကလေးက. . .ကိုယ့်မျက်နှာတစ်ကမ္ဘာထင်နေရှာသူ။
မငိုပါနဲ့ဆိုတဲ့စကားပြောနေရပေမဲ့. . .ရင်ကိုသာခွဲပြချင်တယ်. . .သော့်လိုရှိုက်ငိုမနေပေမဲ့. . .သော့်ထက်ဆိုးတယ်။ သော်ကမခွဲနိုင်တာတစ်ခုပဲသိတာ. . .
ကိုယ်က. . .ကိုယ်က. . .ရူးသွားဖို့ပါပဲ... သော်ရယ်။

"ကို. . .ကို. . .ကြီး"

"ဟင်. .. သော်လေး"

"သား.....ကိုကိုကြီးစကားကိုမယုံလို့မဟုတ်ဘူး. . . ရင်ဘတ်ထဲကနာပြီး...အောင့်လွန်းလို့"

အော်. . .သော်ရယ်. . .သော်လေးရယ်။

"ငိုတော့ပိုဆိုးမှာပေါ့ကွာ. . .မငိုနဲ့တော့"

"သား. . .ကိုကိုကြီးကို...ခဏဖက်ထားမယ်နော်"

တင်းကျပ်စွာဖက်တွယ်လာတဲ့လက်လေးများ. . .
ရင်ခွင်ထဲခေါင်းတိုးဝင်ပြီး. . .
.
.
.
.
သော်. . .ကိုကိုကြီးကိုယ်နံ့ကိုအလွတ်ရပါသည်။
ဘယ်ချိန်ဖြစ်ဖြစ်ခြေသံဖွဖွကိုမှတ်မိသလို. . .ဒီကိုယ်သင်းနံ့အားမမေ့ပါ။ဒီနေ့တော့. . .ဝိဉာဉ် အထိပါအောင်မှတ်သားထားပါမည်။
တစ်နှစ်စာ. . .အင်း. . .တစ်နှစ်စာပေါ့. . .
ကိုကိုကြီးမရှိသည့်ရက်ပေါင်းများစွာအတွက်လေ။

တကယ်တော့. . .
သော်ဒီထက်ပိုလိုချင်တာရှိပေမဲ့. . .ကိုကိုကြီးကိုမတောင်းဆိုဝံ့ပါ။
ကိုကိုကြီးကသော့်အတွက်အဖွားပြီးလျှင်. . .အချစ်ဆုံးသူ. . .အားကိုးဆုံးသူ. . .
ဒါကြောင့်. . .ပညာရေးအတွက်မိဘစီစဥ်တာကိုလက်ခံရတဲ့ကိုကိုကြီး. . .သော့်အတွက်နောက်ဆံငင်နေရသူကို. . .သော့် စိတ်အလိုလိုက်ပြီးဒုက္ခမပေးလိုပါ။

ဖက်ထားခွင့်ရပြီး. . .ကိုကို​ကြီး ရင်ခွင်ထဲရောက်နေချိန်... ခံစားရတဲ့နွေးထွေးလုံခြုံမှုကိုသာ အပြည့်အဝ
အင်းးးးး ပိုလျှံသည်အထိ. . .ယူမိပါသည်။

ရုတ်တရက်မျက်နှာကိုဆွဲမော့်လာတဲ့ လက်နှင့်အတူ ပူနွေးသော. . .တုန်ရီသော. . .ချိုမြသော. . .နှုတ်ခမ်းအစုံနှင့်. . .ဖိကပ်ကာ. . .ကိုကိုကြီးနမ်းလိုက်သည်။

စိတ်ခြင်းများဆက်နေတာလား. . .ကိုကိုကြီးရယ်။
သော်ဖြင့်. . .မတောင်းဆိုရဲခဲ့ပါဘူး. . .
သော်မျက်ဝန်းလေးမှိတ်ချထားမိသည်။

နဖူးပြီးတော့. . .သော့်ပါးနှစ်ဖက်. . .
အိကနဲဝင်သွားတဲ့ကိုကို​ကြီးရဲ့ နှာဖျားချွန်ချွန်
သော့်နှာဖျားနှင့်ကိုကိုကိုကြီးနှာဖျားထိထားပြီး. . .ခဏနားနေသေးသည်။

ကိုကိုကြီးရင်ထဲကလာတဲ့အသံကိုအတိုင်းသားကြားနေရသလို.. .သော့်ရင်ထဲက နှလုံးများအပြင်ထွက်သွားလေမလား. . .တွေးမိရသည်အထိ ခုန်ပေါက်ဆူညံသည်။

"သော်. . ."

မှိတ်ထားသောမျက်ခွံပေါ် နှုတ်ခမ်းအစုံနှင့်ဖွဖွထိရင်း. . .ခေါ်သည်။

"ထပ်နမ်းလို့ရသေးလား"

မော့်ကြည့်ရင်း. . .ခေါင်းသာညိမ့်ပြမိသည်။

ဒီတစ်ခါတော့. . .ထင်ထားသလိုမဟုတ်တော့. . .

ပူနွေးသောနှုတ်ခမ်းအစုံက. . .ခုထိတုန်ရီနေသေးတဲ့ သော့်နှုတ်ခမ်းပေါ်ကျလာတော့တာ။

ဘုရားရေ...

သော်. . .နှုတ်ခမ်းလေး. . .ဟ. . .ကာ. . .မျက်လုံးအစုံ ဝိုင်းစက်လျက်. . .
.
.
.
.
မိုးဦး. . .လွတ်သွားသောစိတ်အစဥ်. .ကိုယ်မှာပြန်ကပ်မိတော့ လက်လွန်. . .ခြေလွန်. . .အင်း. . .နှုတ်ခမ်းအစုံပါလွန်မိလေပြီ။

ချိုလိုက်တာ သော်
အေးမြလိုက်တာ သော်
ပြန်လွှတ်မပေးချင်တော့ဘူး သော်
ဝါးစားပြီးမျိုချမိတော့မတတ်
ကိုယ့်ကလေးက. . .ရုတ်တရက်လန့်ပြီးပါးစပ်လေး ဟ ကာဖြင့်. . .ဘာမှပြန်မတုံ့ပြန်တတ်ရှာ။
မိုးဦးရော. . .ဘာထူးလဲ. . .ပထမဆုံးအနမ်းလေ။

ရင်ဘတ်ကိုလက်ကလေးနှင့်အသာတွန်းသည်။
အသက်ရှုမဝတော့လို့. . .

". . ."
". . ."

တစ်ယောက်နှင့်တစ်ယောက်အကြာကြီးကြည့်နေမိသည်။ စကားမပြောမိကြ။
ပြောစရာလဲမလိုတော့ပါဘူးလေ။ သော် နားမလည်လောက်သေးပေမဲ့. . .ကိုကိုကြီးက. . .သေချာနေပြီ။ သိပ်ကိုသေချာနေပြီ။

"သော်. . .လန့်သွားလား. . .sorry"

မော့်မော့်လေးကြည့်နေဆဲ။

"အခုသိပြီလား. . .သေချာပေါက်ပြန်လာမယ်ဆိုတာ"

ခေါင်းညိမ့်သည်။

"စောင့်နေနော်. . .ကိုကိုကြီးက. . .သော့်ကိုဆက်ဆက်လာခေါ်မှာ. ..ခဏလေးပဲ. . .ခဏလေးပဲနော်. . .မငိုပဲ စောင့်နေ. . .ဒီနေ့ကိုလဲ မမေ့စေနဲ့"

သော်လေး. . ရှက်ပြီးပါးလေးနှစ်ဘက် ရဲ တက်လာသည်။

ပါးလေးကိုပွတ်သပ်​ပေးနေမိရင်း. . .

"ထွက်သွားတာကိုလိုက်မကြည့်နဲ့. . .ကားကရောက်နေပြီ...သော့်ကိုတနေ့လုံးမတွေ့ရသေးလို့....ပြေးလာတာ"

"ဟုတ်. . .ကိုကိုကြီး"

"အိမ်ထဲဝင်တော့နော်...ကိုကိုကြီး...သွားတော့မယ်"

မိုးဦးသော့်လက်ကိုဆွဲရင်း. . .အိမ်ဘက်လျှောက်လာခဲ့သည်။

သော်အိမ်ထဲဝင်သွားမှ. . .ဒီဘက်အိမ်ကိုပြန်လာခဲ့သည်။

စိတ်ချလက်ချပညာသင်ပါမည်။

ကိုယ့်မှာစောင့်ရှောက်ရမဲ့ တစ်စုံတစ်ယောက်သေချာပေါက်ရှိနေပါပြီ။
လွမ်းလဲခံနိုင်ရည်ရှိရမည်။

ကိုယ့်အချစ်ရဆုံးသူ
တစ်ဘဝလုံးပုံမည့်သူ
က်ုယ့်အသည်းနှလုံးပိုင်ရှင်. . .ဆိုတာ. . .မိုးဦး. . .ယနေ့သိလိုက်ပါပြီ။
တိတိကျကျသိလိုက်ပါပြီ။

တော်သေးတယ်. . .လွမ်းပြီးငိုချင်စရာတွေချည်းပဲ သိမ်းခဲ့ရတာမဟုတ်ခဲ့။
အလွန်နှစ်လိုဖွယ်ကောင်းသော. . .တစ်သက်မမေ့နိုင်သော. . .လွမ်းတိုင်းပြုံးမိစေသော. . .အနမ်းတွေသိမ်းယူခဲ့မိပြီ။

.
.
.
ဆက်ရန်. . .



Zawgyi

ဒီကကိစၥေတြကိုအျမန္ဆုံးျဖတ္ရသည္။
အမ်ားႀကီး. . .ေျပာခ်င္တာေတြအမ်ားႀကီး. . .ေမးခ်င္တာေတြအမ်ားႀကီး. . .အမ်ားႀကီး. . .
သတိရတာ လြမ္းတာကေတာ့ေမးမေနပါနဲ႔ေတာ့။
ဘဝအဆက္ဆက္လြမ္းခဲ့ရသူလို. . .လြမ္းၿပီးရင္းလြမ္း.
သတိရၿပီးရင္းရ. . .အလုပ္ထဲေခါင္းႏွစ္ထားရတာသာၾကည့္ပါေတာ့။

ေရာက္ေလရာေနရာ ေသာ္႕အ႐ြယ္မ်ားေတြ႕ရင္အလိုလိုၾကည့္မိၿပီးသားျဖစ္ခဲ့ရတဲ့ မိုးဦး။
အလုပ္သြားအလုပ္ျပန္ ကားႏွင့္သြားလာရင္ရပါရက္နဲ႔ လိုင္းကားတိုးစီး. . .အမွတ္မထင္မ်ားျပန္ေတြ႕ေလမလားေပါ့။ ဘယ္ဆီထြက္သြားမွန္းမသိခဲ့ရေလေတာ့. . .ခရီးထြက္တိုင္းၾကည့္. . .ေရာက္ေလရာေနရာ ေသာ္႐ွိႏိုင္တယ္ဆိုတဲ့စိတ္တစ္ခုနဲ႔သာ မိုးဦး အသက္႐ွ္ခဲ့ရပါသည္။

ေတြ႕မည့္ေတြ႕ေတာ့ ရဲစခန္းမွာ. . .

ရန္ျဖစ္ထားတဲ့မ်က္ႏွာမွာဒဏ္ရာေတြနဲ႔. . .လူပုံကလဲ႐ုတ္တရက္မမွတ္မိခ်င္စရာ. . .ပိန္သြားၿပီးအသားကငယ္ငယ္ကလိုဝါႏွစ္ႏွစ္မဟုတ္ေတာ့ ေနေလာင္သလိုဝါညစ္ညစ္ႏွင့္. . .အရင္ကေဖာင္းအိေနတဲ့ပါးေလးက ျပားကပ္ေနၿပီ။ ရင္ထဲမွာ မေကာင္းလိုက္တာ ေသာ္ရယ္။

ေသာ္ ေကာင္းေကာင္းမြန္မြန္ေရာေနခဲ့ရရဲ႕လား?????
ဘယ္ေနရာမွာဘာေတြလုပ္ေနလို႔ ဒီလိုပုံစံလဲ?????
႐ွာလိုက္ရတာ ေသာ္ရယ္။
လူစိမ္းဆိုေၾကာက္တတ္သူ. . .စိတ္အားငယ္တတ္သူ. .
အ႐ြယ္ႏွင့္မမွ် ေမတၱာငတ္ခဲ့သူ. . .မၾကည္ျဖဴသူေတြၾကားထဲဝမ္းနည္းတာေတာင္ထုတ္မျပရဲဘဲေနတတ္သူ။

ေသာ္႕ဆီကိုကိုကိုႀကီးျပန္လာတယ္ေလ။
အဖြားကဆုံးသြားၿပီးေသာ္ကေပ်ာက္သြားသတဲ့။
ဘယ္လိုျဖစ္တာလဲ ေသာ္ရယ္. . .
ကိုကိုႀကီးဆီကိုလာခဲ့ပါေတာ့လား. . .
ကိုကိုႀကီးကိုအားကိုးတာဆို. . .ဘာလို႔မ်ား. . .အေဝးႀကီးေျပးရတာလဲ. . .ေသာ္ဘယ္လိုဒုကၡေတြ႐ွိ႐ွိအတူတူ ေျဖ႐ွင္းေပးမဲ့ ကိုကိုႀကီး႐ွိရက္နဲ႔ကြာ။
ေသာ္႕ကိုၾကည့္ၿပီး မိုးဦး ရင္ထဲမွာေမးခြန္းေပါင္းမ်ားစြာ။

.
.
.

တကယ္ေတာ့. . .မိုးဦးေနာက္က်ခဲ့တာပါ။

မိုးဦးစာေမးပြဲေျဖၿပီးၿပီးခ်င္း. . .ကံဆိုးမိုးေမွာင္က်တဲ့သတင္းကေစာင့္ႀကိဳလ်က္႐ွိခဲ့သည္။

မိုးဦးေဖေဖအလုပ္ကိစၥႏွင့္နယ္ဆင္းရင္း. . .
မေတာ္တဆမႈျဖစ္သည့္သတင္းက မိုးဦးကိုေစာင့္ႀကိဳေနခဲ့တာ။
စာေမးပြဲအခန္းကအထြက္ေဘာ္ဒါေဆာင္ရဲ႕ႏႈတ္ဆက္ပြဲေတာင္မတက္ႏိုင္ ပစၥည္းမ်ားမသိမ္းႏိုင္. . .ေမေမႏွင့္အတူ ေဖေဖ႐ွိရာခ်က္ခ်င္းေျပးရသည္။
ေရာက္လဲေရာက္ေဖေဖလဲဆုံး. . .မိုးဦးတို႔သားအမိကိုေစာင့္ေနသလိုပါ။

ေဖေဖ့အသုဘအစအဆုံး ျမင့္မိုရ္တို႔မိသားစုကူညီသည္။ ေမေမသည္လည္းရန္ကုန္ေျမမွာဘာမွသိလွသည္မဟုတ္။ မိုးဦးျဖင့္ပိုဆိုး. . .ရန္ကုန္ေရာက္ကတည္းကေဘာ္ဒါတက္. . .တစ္ႏွစ္လုံးစာမွာ ႏွစ္ျမဳပ္ထားခဲ့ရတာေလ။

ေဖေဖ့ကိစၥအားလုံးၿပီးသည့္အခ်ိန္... ေသာ္႕ဆီသြားဖို႔ေမေမ့ထံခြင့္ေတာင္းရသည္။ ထိုအခ်ိန္မွ ေမေမက. . .ေျပာျပတာ။
အဖြားလည္းလြန္ခဲ့တဲ့. . .ေလးလခန္႔ကဆုံးသြားေၾကာင္း. . . .
ေမေမကိုယ္တိုင္ၿမိဳ႕သို႔ျပန္ခဲ့ေသးေၾကာင္း. . .
ေသာ္လဲေက်ာင္းတက္ေနဆဲျဖစ္ေၾကာင္း. . .
ထို႔ျပင္. . . .ထိုၿမိဳ႕မွ မိုးဦးတို႔အိမ္အားေရာင္းခ်ခဲ့ၿပီျဖစ္ေၾကာင္းေတြေပါ့။
မိုးဦးတစ္ေယာက္ တကၠသိုလ္ဝင္တန္းအတြက္ ႀကိဳးစားျပင္ဆင္ေနခ်ိန္ဆိုေတာ့ ေဘာ္ဒါနဲ႔ေက်ာင္းကလြဲၿပီး အျပင္ထြက္ခြင့္မရသည့္အခ်ိန္ေတြမွာ ျဖစ္ပ်က္ခဲ့တာေတြ မနည္းဘူးပဲ။ ေမေမက ပုံမွန္လာေတြ႕ေသာ္လည္း ထိုအေၾကာင္းမ်ားကို မိုးဦးသိခြင့္မရခဲ့။

မိုးဦးေမေမ့ကိုနားမလည္ေတာ့ပါ။

တကယ္ဆို အဖြားဆုံးၿပီးဆိုမွေတာ့. . .ေသာ္႕ကိုေခၚလာခဲ့ဖို႔ေကာင္းသည္။
ဟိုမိသားစုႏွင့္ ေသာ္တစ္ေယာက္ထဲထားခဲ့တာ ရက္စက္လြန္းရာက်သည္။ ေသာ္. . .ဘယ္လိုမွအဆင္မေျပႏိုင္ပါ။ ေသာ္႕ကိုလည္း ေမေမျပဳစုပ်ိဳးေထာင္ေပးခဲ့ေသးတာပဲ။ ေမေမ့သားေလးလိုပဲေလ။ ဘာေၾကာင့္ ေသာ္႕အေပၚရက္စက္ရတာလဲ။ ဘာေၾကာင့္လဲ?????

ေမေမက မိုးဦး ေသာ္႕ဆီသြားမွာကို မတားပါ။
ေဖေဖ့အတြက္ဝမ္းနည္းေနရခ်ိန္. . .ေမေမ့ကိုအားနာေပမဲ့. . .မိုးဦး. . .ေသာ္႕ကိုစိတ္မခ်ေတာ့ပါ။
အျမန္ဆုံးသြားေခၚရမွျဖစ္ပါေတာ့မည္။

အျမန္ဆုံးလို႔မိုးဦးစိတ္ထဲထင္ခဲ့ေပမဲ့. . .မိုးဦးေနာက္က်ခဲ့ပါၿပီ။
ေသာ္. . .ေသာ္ေလး. . .မိုးဦးရဲ႕ကေလး. . .
ထိုအိမ္မွာမ႐ွိေတာ့ပါ။
ဘယ္သြားလဲ။
ေသာ္႕ကိုဘာလုပ္လိုက္ၾကတာလဲ။
ေသာ္ဘာေတြျဖစ္ခဲ့တာလဲ. . .ဘယ္သူမွ. . .မေျဖၾကေတာ့ပါ။
သူတို႔ကိုယ္တိုင္ ေသာ္ ဘယ္ကိုထြက္သြားသည္လဲမသိပါတဲ့. . .
ဘာေၾကာင့္. . .ေသာ္ထြက္သြားခဲ့ရသလဲဆိုတာေတာ့ သူတို႔သိရက္နဲ႔မေျဖျခင္းသာ. . .

ေျဖခဲ့ၾကရင္လဲ. . .မိုးဦး ထိုေနရာတြင္ လူသတ္မႈျဖစ္ခဲ့ေလာက္မွာပါ။

မိုးဦး. . .ေသာ္႕ဆရာမမ်ားဆီသို႔. . .သူငယ္ခ်င္းမိဘမ်ားဆီသို႔. . .လိုက္လံေမးျမန္းေသာ္လည္း. . .ေသာ္႕ကို႐ုတ္တရက္မေတြ႕ရေတာ့ေၾကာင္း. . .သူတို႔လဲစုံစမ္းေပမဲ့. . .ေသာ္႕အေဒၚမိသားစုမွေသာ္သူတို႔အိမ္မွာမေနေတာ့ေၾကာင္း. . .အဖြားမ႐ွိေတာ့လို႔မေနခ်င္ေတာ့တာျဖစ္ေၾကာင္းသာ ျပန္ေျပာၾကသည္တဲ့။
ေသာ္႕အေမဘက္မွအမ်ိဳးမ်ားဆီသို႔သြားသလိုလိုသာေျဖၾကသည္တဲ့။

မိုးဦး. . .မယုံပါ။
သူထိုေန႔က. . .ေသာ္႕ကို ေသေသခ်ာခ်ာေျပာခဲ့သည္ပဲ။
ျပန္. . .လာ. . .ခဲ့. . .ပါ့. . .မယ္. . .လို႔. . .

အဖြားဆုံးသြားရင္လဲ သူ႕ေနာက္လိုက္လာရင္လာ
မလာခဲ့ရင္ ဆက္ဆက္ ဤအိမ္. . .ဤခေရပင္ေအာက္တြင္ေစာင့္ေနမည့္သူပါ။
ေသာ္. . .သူမသိဘဲ. . .ဘယ္ကိုမွမသြားပါ။
ေသာ္. . .က. . .သူ႕ကိုမေစာင့္ဘဲထြက္သြားမည့္သူမဟုတ္ဟု. . .ခိုင္မာစြာယုံၾကည္လ်က္႐ွိခဲ့ေသာ္လည္း
အမွန္တရားကေတာ့. . .ေသာ္. . .သူ႕ကိုေစာင့္မေနခဲ့ပါ။

သူႏွင့္မခြဲႏိုင္လြန္းလို႔. . .မ်က္ရည္ခမ္းေအာင္ငိုခဲ့သည့္ကေလး... သူလာေတြ႕ခ်ိန္. . .လာေခၚခ်ိန္မွာ. . .ခ်ိန္းထားသည့္ေနရာတြင္ေစာင့္မေနခဲ့ပါ။
.
.
.
ထိုေန႔က. . .

ခေရပင္ေအာက္တြင္ထိုင္​ေနသည့္ေသာ္။
တေနကုန္မေတြ႕ရေသး. . .မိုးဦး ဆရာမမ်ားႏွင့္သူငယ္ခ်င္းမ်ားကိုႏႈတ္ဆက္ေနရသည္။
လူတိုင္းကိုေျပာခဲ့သည္။
စာေမးပြဲၿပီးရင္ျပန္လာပါမည္ဟု။

"ေသာ္"

ေမာ့ၾကည့္သည္.... မထူးပါ။

"ငိုျပန္ၿပီလား. . .ေသာ္ေလး. . ."

ေခါင္းခါသည္။ မ်က္ရည္စမ်ားလြင့္ထြက္သြားသည္အထိခါသည္။

ေသာ္႕အနားထိုင္ခ်ရင္း. . .မ်က္ရည္စမ်ားကို သုတ္ေပးရင္း. . .

"မငိုပါနဲ႔ေတာ့. . .ေသာ္. . .ကိုကိုႀကီးေသာ္႕ဆီ ျပန္လာမယ္ဆိုတာကိုယုံၾကည္ရင္ မငိုပါနဲ႔ေတာ့. . .ေသာ္. . .စာေမးပြဲၿပီးတာနဲ႔ခ်က္ခ်င္း တစ္ရက္မွေနာက္မက်ေစရဘူး... ျပန္လာမွာ"

မငိုေပမဲ့႐ိႈက္ေနဆဲပါ။

ေခါင္းေလးဆြဲယူၿပီး ရင္ခြင္ထဲထည့္ဖက္ထားမိသည္။
လက္ဖ်ားေလးေတြတုန္ရင္ေအးစက္လို႔. . .
ကိုယ္လုံးေလးကတုန္ရီလို႔. . .
သနားလိုက္တာ. . .
ကိုယ္က. . .ဘာျဖစ္ျဖစ္. . .ခံစားခ်က္ထက္ပိုအေရးႀကီးတာကိုခ်င့္ခ်ိန္ေ႐ြးခ်ယ္ႏိုင္ေပမဲ့. . .ကိုယ့္ကေလးက. . .ကိုယ့္မ်က္ႏွာတစ္ကမ႓ာထင္ေန႐ွာသူ။
မငိုပါနဲ႔ဆိုတဲ့စကားေျပာေနရေပမဲ့. . .ရင္ကိုသာခြဲျပခ်င္တယ္. . .ေသာ္႕လို႐ိႈက္ငိုမေနေပမဲ့. . .ေသာ္႕ထက္ဆိုးတယ္။ ေသာ္ကမခြဲႏိုင္တာတစ္ခုပဲသိတာ. . .
ကိုယ္က. . .ကိုယ္က. . .႐ူးသြားဖို႔ပါပဲ... ေသာ္ရယ္။

"ကို. . .ကို. . .ႀကီး"

"ဟင္. .. ေသာ္ေလး"

"သား.....ကိုကိုႀကီးစကားကိုမယုံလို႔မဟုတ္ဘူး. . . ရင္ဘတ္ထဲကနာၿပီး...ေအာင့္လြန္းလို႔"

ေအာ္. . .ေသာ္ရယ္. . .ေသာ္ေလးရယ္။

"ငိုေတာ့ပိုဆိုးမွာေပါ့ကြာ. . .မငိုနဲ႔ေတာ့"

"သား. . .ကိုကိုႀကီးကို...ခဏဖက္ထားမယ္ေနာ္"

တင္းက်ပ္စြာဖက္တြယ္လာတဲ့လက္ေလးမ်ား. . .
ရင္ခြင္ထဲေခါင္းတိုးဝင္ၿပီး. . .
.
.
.
.
ေသာ္. . .ကိုကိုႀကီးကိုယ္နံ႔ကိုအလြတ္ရပါသည္။
ဘယ္ခ်ိန္ျဖစ္ျဖစ္ေျခသံဖြဖြကိုမွတ္မိသလို. . .ဒီကိုယ္သင္းနံ႔အားမေမ့ပါ။ဒီေန႔ေတာ့. . .ဝိဉာဥ္ အထိပါေအာင္မွတ္သားထားပါမည္။
တစ္ႏွစ္စာ. . .အင္း. . .တစ္ႏွစ္စာေပါ့. . .
ကိုကိုႀကီးမ႐ွိသည့္ရက္ေပါင္းမ်ားစြာအတြက္ေလ။

တကယ္ေတာ့. . .
ေသာ္ဒီထက္ပိုလိုခ်င္တာ႐ွိေပမဲ့. . .ကိုကိုႀကီးကိုမေတာင္းဆိုဝံ့ပါ။
ကိုကိုႀကီးကေသာ္႕အတြက္အဖြားၿပီးလွ်င္. . .အခ်စ္ဆုံးသူ. . .အားကိုးဆုံးသူ. . .
ဒါေၾကာင့္. . .ပညာေရးအတြက္မိဘစီစဥ္တာကိုလက္ခံရတဲ့ကိုကိုႀကီး. . .ေသာ္႕အတြက္ေနာက္ဆံငင္ေနရသူကို. . .ေသာ္႕ စိတ္အလိုလိုက္ၿပီးဒုကၡမေပးလိုပါ။

ဖက္ထားခြင့္ရၿပီး. . .ကိုကို​ႀကီး ရင္ခြင္ထဲေရာက္ေနခ်ိန္... ခံစားရတဲ့ေႏြးေထြးလုံျခဳံမႈကိုသာ အျပည့္အဝ
အင္းးးးး ပိုလွ်ံသည္အထိ. . .ယူမိပါသည္။

႐ုတ္တရက္မ်က္ႏွာကိုဆြဲေမာ့္လာတဲ့ လက္ႏွင့္အတူ ပူေႏြးေသာ. . .တုန္ရီေသာ. . .ခ်ိဳျမေသာ. . .ႏႈတ္ခမ္းအစုံႏွင့္. . .ဖိကပ္ကာ. . .ကိုကိုႀကီးနမ္းလိုက္သည္။

စိတ္ျခင္းမ်ားဆက္ေနတာလား. . .ကိုကိုႀကီးရယ္။
ေသာ္ျဖင့္. . .မေတာင္းဆိုရဲခဲ့ပါဘူး. . .
ေသာ္မ်က္ဝန္းေလးမွိတ္ခ်ထားမိသည္။

နဖူးၿပီးေတာ့. . .ေသာ္႕ပါးႏွစ္ဖက္. . .
အိကနဲဝင္သြားတဲ့ကိုကို​ႀကီးရဲ႕ ႏွာဖ်ားခြၽန္ခြၽန္
ေသာ္႕ႏွာဖ်ားႏွင့္ကိုကိုကိုႀကီးႏွာဖ်ားထိထားၿပီး. . .ခဏနားေနေသးသည္။

ကိုကိုႀကီးရင္ထဲကလာတဲ့အသံကိုအတိုင္းသားၾကားေနရသလို.. .ေသာ္႕ရင္ထဲက ႏွလုံးမ်ားအျပင္ထြက္သြားေလမလား. . .ေတြးမိရသည္အထိ ခုန္ေပါက္ဆူညံသည္။

"ေသာ္. . ."

မွိတ္ထားေသာမ်က္ခြံေပၚ ႏႈတ္ခမ္းအစုံႏွင့္ဖြဖြထိရင္း. . .ေခၚသည္။

"ထပ္နမ္းလို႔ရေသးလား"

ေမာ့္ၾကည့္ရင္း. . .ေခါင္းသာညိမ့္ျပမိသည္။

ဒီတစ္ခါေတာ့. . .ထင္ထားသလိုမဟုတ္ေတာ့. . .

ပူေႏြးေသာႏႈတ္ခမ္းအစုံက. . .ခုထိတုန္ရီေနေသးတဲ့ ေသာ္႕ႏႈတ္ခမ္းေပၚက်လာေတာ့တာ။

ဘုရားေရ...

ေသာ္. . .ႏႈတ္ခမ္းေလး. . .ဟ. . .ကာ. . .မ်က္လုံးအစုံ ဝိုင္းစက္လ်က္. . .
.
.
.
.
မိုးဦး. . .လြတ္သြားေသာစိတ္အစဥ္. .ကိုယ္မွာျပန္ကပ္မိေတာ့ လက္လြန္. . .ေျခလြန္. . .အင္း. . .ႏႈတ္ခမ္းအစုံပါလြန္မိေလၿပီ။

ခ်ိဳလိုက္တာ ေသာ္
ေအးျမလိုက္တာ ေသာ္
ျပန္လႊတ္မေပးခ်င္ေတာ့ဘူး ေသာ္
ဝါးစားၿပီးမ်ိဳခ်မိေတာ့မတတ္
ကိုယ့္ကေလးက. . .႐ုတ္တရက္လန္႔ၿပီးပါးစပ္ေလး ဟ ကာျဖင့္. . .ဘာမွျပန္မတုံ႔ျပန္တတ္႐ွာ။
မိုးဦးေရာ. . .ဘာထူးလဲ. . .ပထမဆုံးအနမ္းေလ။

ရင္ဘတ္ကိုလက္ကေလးႏွင့္အသာတြန္းသည္။
အသက္႐ႈမဝေတာ့လို႔. . .

". . ."
". . ."

တစ္ေယာက္ႏွင့္တစ္ေယာက္အၾကာႀကီးၾကည့္ေနမိသည္။ စကားမေျပာမိၾက။
ေျပာစရာလဲမလိုေတာ့ပါဘူးေလ။ ေသာ္ နားမလည္ေလာက္ေသးေပမဲ့. . .ကိုကိုႀကီးက. . .ေသခ်ာေနၿပီ။ သိပ္ကိုေသခ်ာေနၿပီ။

"ေသာ္. . .လန္႔သြားလား. . .sorry"

ေမာ့္ေမာ့္ေလးၾကည့္ေနဆဲ။

"အခုသိၿပီလား. . .ေသခ်ာေပါက္ျပန္လာမယ္ဆိုတာ"

ေခါင္းညိမ့္သည္။

"ေစာင့္ေနေနာ္. . .ကိုကိုႀကီးက. . .ေသာ္႕ကိုဆက္ဆက္လာေခၚမွာ. ..ခဏေလးပဲ. . .ခဏေလးပဲေနာ္. . .မငိုပဲ ေစာင့္ေန. . .ဒီေန႔ကိုလဲ မေမ့ေစနဲ႔"

ေသာ္ေလး. . ႐ွက္ၿပီးပါးေလးႏွစ္ဘက္ ရဲ တက္လာသည္။

ပါးေလးကိုပြတ္သပ္​ေပးေနမိရင္း. . .

"ထြက္သြားတာကိုလိုက္မၾကည့္နဲ႔. . .ကားကေရာက္ေနၿပီ...ေသာ္႕ကိုတေန႔လုံးမေတြ႕ရေသးလို႔....ေျပးလာတာ"

"ဟုတ္. . .ကိုကိုႀကီး"

"အိမ္ထဲဝင္ေတာ့ေနာ္...ကိုကိုႀကီး...သြားေတာ့မယ္"

မိုးဦးေသာ္႕လက္ကိုဆြဲရင္း. . .အိမ္ဘက္ေလွ်ာက္လာခဲ့သည္။

ေသာ္အိမ္ထဲဝင္သြားမွ. . .ဒီဘက္အိမ္ကိုျပန္လာခဲ့သည္။

စိတ္ခ်လက္ခ်ပညာသင္ပါမည္။

ကိုယ့္မွာေစာင့္ေ႐ွာက္ရမဲ့ တစ္စုံတစ္ေယာက္ေသခ်ာေပါက္႐ွိေနပါၿပီ။
လြမ္းလဲခံႏိုင္ရည္႐ွိရမည္။

ကိုယ့္အခ်စ္ရဆုံးသူ
တစ္ဘဝလုံးပုံမည့္သူ
က္ုယ့္အသည္းႏွလုံးပိုင္႐ွင္. . .ဆိုတာ. . .မိုးဦး. . .ယေန႔သိလိုက္ပါၿပီ။
တိတိက်က်သိလိုက္ပါၿပီ။

ေတာ္ေသးတယ္. . .လြမ္းၿပီးငိုခ်င္စရာေတြခ်ည္းပဲ သိမ္းခဲ့ရတာမဟုတ္ခဲ့။
အလြန္ႏွစ္လိုဖြယ္ေကာင္းေသာ. . .တစ္သက္မေမ့ႏိုင္ေသာ. . .လြမ္းတိုင္းျပဳံးမိေစေသာ. . .အနမ္းေတြသိမ္းယူခဲ့မိၿပီ။

.
.
.
ဆက္ရန္. . .

Continue Reading

You'll Also Like

6.2K 470 10
တမ္​းခ်င္​းမ်ားသို႔ .... ဦးတည္​ျခင္​း ယံုၾကည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​တစ္​ခုမွာ မ်က္​၀န္​းျပာမ​ေလး​ေတြကိုရင္​မခုန္​ပါနဲ႔ဆိုတဲ့ သ၀န္တိုစာ​ေလး​ေတာ...
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd