【 Zawgyi 】
(224)
ငါ သူငယ်ချင်းဆီကနေ ငွေနည်းနည်းချေးကာ
အစီအစဉ်ဆွဲရင်း ရထားလက်မှတ်တစ်စောင်ကို
ဝယ်ပြီးနောက်၊ ဒီပြည်နယ်ရဲ့ပြင်ပမှာ တစ်ခဏ
သွားနေဖို့ ပြင်ဆင်ထားခဲ့တယ်။
ဘုရားပဲသိနိုင်မယ့်ရန်သူတချို့က ရထား
လက်မှတ်ရောင်းတဲ့ website ကို ဝင် hack ပြီး၊
ငါဘယ်နေရာသွားလဲဆိုတာကို ရှာတွေ့နိုင်တယ်။
ငါ ဒါကို ကာကွယ်ဖို့အတွက် A မြို့ဆီသွားမယ့်ကျည်ဆန်ရထားရဲ့လက်မှတ်ကို ဝယ်ခဲ့တယ်။
ပြီးတော့ ခပ်ဝေးဝေးနေရာမှဘတ်စ်ကားကို
ပြောင်းစီးဖို့စီစဉ်ထားတယ်။
ဒါပေါ့။ ငါ ချက်ချင်းထွက်သွားတာတော့ မဟုတ်
ပါဘူး။ ငါ ဆရာဝန်ဆီသွားပြရမှာမို့ နှစ်ရက်
စောင့်ခဲ့သေးတယ်လေ။
ငါ ဆရာဝန်ဆီသွားပြကာ ဆေးကုသမှုခံယူဖို့
စိတ်ဆုံးဖြတ်ထားတာကို ငါ့သူငယ်ချင်းသိသွားတဲ့
အခါ အလွန်အံ့သြသွားပြီး ဒီကိစ္စကို တအား
ဆန့်ကျင်ခဲ့တယ်။ သူငယ်ချင်းက သူ့အမြင်နဲ့သူ
သုံးသပ်ခံစားရင်း ဘာပြောလဲဆိုတော့..
ငါက stress တွေ သိပ်များနေလို့ ဒီလိုဖြစ်တာ
ဆိုပြီးပေါ့၊ ဒါကြောင့် ရိုးရိုးရှင်းရှင်းအနားယူပြီး အတွေးအမြင်အသစ်တွေကိုလက်ခံဖို့ပဲ လိုအပ်
တာတဲ့။
ငါ သူငယ်ချင်းကို နားလည်အောင်ရှင်းပြဖို့ အသည်းအသန်ကြိုးစားခဲ့တယ်။ ငါလည်း
အတွေးအခေါ်သစ်တွေကို လက်ခံနိုင်ဖို့အားထုတ်
နေတယ်ဆိုပေမယ့်၊ ဒီကိစ္စက ငါတစ်ဉီးတည်း
ကြိုးပမ်းနေရုံနဲ့ အဆင်ပြေတာမျိုးမဟုတ်ဘူးလေ။
သူငယ်ချင်းက ဆေးမှီဝဲရင် ဘေးထွက်ဆိုးကျိုး
များတယ်လို့အစချီကာ ဘာညာဘာညာ
ထပ်ပြောပြန်ပြီ။
ငါ့သူငယ်ချင်း စကားဆက်ပြောပြီး ဆွယ်နေမှာကို
ငါ တော်တော်ကြောက်မိတယ်။ ဘာကြောင့်လဲ
ဆိုတော့ သူ့စကားကိုနားထောင်ရင်း ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ယိမ်းယိုင်လာမှာကို ငါစိုးရိမ်လို့ပဲ။
ငါက ဆေးကုသမှုခံယူရမယ့်သူဖြစ်ပြီး တကယ်လို့ ဘေးထွက်ဆိုးကျိုးရှိခဲ့ရင်တောင် ငါ့အပေါ်
သက်ရောက်မှာ။ ဒါကြောင့် ငါက သေချာပေါက်
သူ့ထက်ပိုပြီးကြောက်ရွံ့သင့်တာ။
အနည်းဆုံးတော့ ငါ စမ်းကြည့်သင့်တယ်မဟုတ်လား။ ဒါ့ပြင် ဒီနည်းကလွဲရင် တခြားနည်းလမ်း
ထပ်မရှိဘူးလေ။
နောက်ပြီး ငါ ပုံမှန်ဘဝကို ပြန်လိုချင်တယ်။
ငါ အရင်တုန်းက နေ့စဉ်ဘဝမှာ
လုံးဝပြည့်စုံပြီးတည်ငြိမ်ခဲ့တာမဟုတ်ဘူး။
အရင်တုန်းကလည်း ပြဿနာတချို့ရှိခဲ့တာပဲ။
ဆိုပေမယ့် အဲဒီတုန်းက ငါ အရာအားလုံးကို
ရင်ဆိုင်ဖြတ်ကျော်ဖို့ သတ္တိရှိခဲ့တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရုံနဲ့ အကုန်ဖြေရှင်းနိုင်မှာ
ဟုတ်လို့လားဆိုတဲ့မေးခွန်းကို ခဏဘေးဖယ်
ထားတာပေါ့။ အနည်းဆုံးတော့ ငါ ဒါတွေကို
ရင်ဆိုင်ကြည့်ရမယ်လေ။
(225)
အချိန်နှစ်ရက်က မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားခဲ့
ပြီ။
ငါ ဆရာဝန်ဆီကို သွားခဲ့တယ်။ ဆရာဝန်က ငါ့ကို
စမ်းသပ်ကြည့်ရှုပြီး ဆေးညွှန်းတချို့ပေးလိုက်တယ်။ ဒါပါပဲ။ ကုသမှုနည်းစဉ်က သိပ်ရိုးရှင်း
တယ်။
ဒါပေါ့၊ ဆရာဝန်က ငါ့ကိုဒုက္ခပေးနိုင်တာကို
ငါ ကာကွယ်ဖို့အတွက် တချို့အကြောင်းအရာတွေထိမ်ချန်ထားပြီး၊ အဖြစ်မှန်တစ်ခုလုံးကို မပြောဝံ့ဘူး။ ဆရာဝန်ကလည်း ဒါမျိုးကြုံတွေ့နေကျမို့
ကျင့်သားရနေပြီဖြစ်မယ်။ ဆရာဝန်က တကယ်ကို
တော်တော်လေးစိတ်ရှည်တယ်။
ငါ ထွက်သွားရမယ့်အချိန်မှာပဲ ဆရာဝန်ကို
အမှန်အတိုင်းပြောပြပေးဖို့ မေးလိုက်တယ်။
ကျွန်တော် ပိုပြီးသက်သာလာနိုင်လား?
ဆရာဝန်က ဘာပြောလဲဆိုတော့...
ငါ ဆေးဝါးမှီဝဲမှုကို ရပ်လိုက်လို့မရဘူးတဲ့။
ငါ မေးလိုက်တယ်။ ဆိုလိုတာက ငါ့ရဲ့ကျန်ရှိတဲ့
တစ်ဘဝလုံး ဆေးဝါးမှီဝဲသွားရမှာလား။
ဆရာဝန်က အဲ့လောက်မလိုဘူးလို့ပြောတယ်။
ဒါပေမယ့် ငါ သက်သာလာပြီဆိုပြီး
ဆေးသောက်တာကို လုံးဝရပ်ပစ်တာမျိုး
မလုပ်ရဘူးတဲ့။ ငါ ဆရာဝန်ရဲ့ညွှန်ကြားချက်
တွေကို လိုက်နာမြှဖစ်လိမ့်မယ်။
ငါ စိတ်ထဲမှာ တိတ်တိတ်လေး တွေးနေမိတယ်။ အကယ်၍ မင်းတို့တွေ ဆေးဝါးရောင်းချပြီး
ငွေရှာချင်လို့များ...ငါ့ကို ဆေးသောက်ဖို့
လုံးဝမရပ်ခိုင်းတာဖြစ်နေရင်ရော?
ဟုတ်တာပေါ့၊ ငါ ဒီအတွေးကို ခပ်ကျယ်ကျယ်
ထုတ်ဖော်ပြောဖို့ သတ္တိမရှိပါဘူး။ ငါ့ခေါင်းထဲမှာတတွတ်တွတ်တွေးနေရုံပဲ ရှိတော့တယ်။
(226)
ငါ ဆေးအိတ်ကိုကိုင်ထားရင်း ဆေးရုံရဲ့
အပြင်ဘက်ကို လမ်းလျှောက်ထွက်လာချိန်မှာပဲ
ရွှယ်ယောင်ကျူ့ကို မြင်လိုက်ရတယ်။
ဝါး၊ ဒါကြီးက တကယ်ကို ကိုးရိုးကားရားနိုင်
လိုက်တာ။
ငါ့သူငယ်ချင်းက ငါ့ကို ရောင်းစားခဲ့ပြီပဲ။
ရွှယ်ယောင်ကျူ့က ငါ့ဆီလျှောက်လာကာ
ရင်းနှီးကျွမ်းဝင်စွာပြုံးပြတယ်။
ငါ ထင်တယ်။ ရွှယ်ယောင်ကျူ့က ဘာကိုမှ
ဂရုမစိုက်ဘဲ သွေးအေးတဲ့ dark side ပေါ်လာ
တာလား။
"ဆ-ဆရာဝန်က ဘာပြောလဲ"
"တော်တော်များများ အဆင်ပြေပါတယ်၊
ငါ ဆေးမှန်မှန်သောက်နေသရွေ့..ကောင်းလာ
လိမ့်မယ်"
"မင်း အ-အနာဂတ်အတွက်၊ ဘာတွေ၊ စီမံထားလဲ"
"မင်း သိပြီးသားပဲ မဟုတ်လား"
ရွှယ်ယောင်ကျူ့က နားမလည်သလိုအမူအရာမျိုး
ဖော်ပြလာတယ်။
ငါ ပြောလိုက်တယ်။
"ကူလာက မင်းကိုပြောပြပြီးသားမလား? မင်း
ငါ့သူငယ်ချင်းကိုမမေးဖြစ်ခဲ့ရင်၊ ဒီကိုလာရမှန်း
ဘယ်လိုသိလဲ"
[ ကူလာ = ရန်ယိကုရဲ့သူငယ်ချင်း ]
ရွှယ်ယောင်ကျူ့က ဆိုတယ်။
"ဒီနေ့၊ မင်း-မင်းရဲ့ appointment ရှိတာကို၊
ငါ သတိရလို့လေ"
ချက်ချင်းဆိုသလိုပဲ ငါ ဘာပြန်ပြောရမှန်းမသိ
ဖြစ်သွားတယ်။ တော်တော်ကြာတော့မှ ငါ
ပြောလိုက်တယ်။
"ငါ တောင်းပန်ပါတယ်"
ရွှယ်ယောင်ကျူ့က ခေါင်းခါရင်း အလျင်အမြန်
ဆိုတယ်။
"ကျုံးယွီနဲ့ကိစ္စကို၊ ဖြေ-ဖြေရှင်းပြီးသွားပြီ"
ဘယ်လိုဖြေရှင်းလိုက်သလဲလို့ ငါမေးကြည့်တော့
ရွှယ်ယောင်ကျူ့က သိပ်ဖြေချင်ပုံမပေါ်ဘူး။
သူက ဘာပြောလဲဆိုတော့..သူ့သူငယ်ချင်း
တစ်ယောက်ရဲ့အကူအညီနဲ့အတူ၊
ဆွေမျိုးတစ်ဉီးက ကျုံးယွီကို လာခေါ်သွားပြီး နိုင်ငံခြားဆီ ပြန်ပို့လိုက်တယ်တဲ့။
ဟုတ်ပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါနဲ့မဆိုင်ပါဘူး။
တကယ်တော့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေ
ဖြစ်ပျက်ခဲ့ပါစေ၊ ငါ့ကိစ္စမဟုတ်ဘူး။
ငါက သိပ်ကိုပြည့်စုံသာလွန်နေတာမဟုတ်သလို
တအားချို့တဲ့နေတာလည်း မရှိဘူး။
ငါက ဒီကမ္ဘာပေါ်မှာ ဆက်လက်ရှင်သန်နေထိုင်ဖို့
စိတ်ပိုင်းဖြတ်လိုက်ရုံပဲ။ ငါ အံကြိတ်တောင့်ခံပြီး
အရှက်ကင်းမဲ့စွာ ရုန်းကန်သွားမယ်။
ဒါက ငါ့ရဲ့တစ်ခုတည်းသော ကောင်းကွက်ဖြစ်နိုင်
တယ်။ အကယ်၍ ဒါကို ကောင်းကွက်လို့
သတ်မှတ်နိုင်မယ်ဆိုရင်ပေါ့လေ။
အမှန်တော့ ငါ့လို စိတ်ရောဂါရှိနေသူကလည်း
တွန်းအားပေးစရာမလိုဘဲ အကူအညီရရှိနိုင်သေး
တာပဲ။ ငါ အွန်လိုင်းပေါ်တက်ပြီး ဖိုရမ်တွေကို
ဖတ်ကြည့်တိုင်း၊ ငါ့လိုစိတ်ရောဂါရှိသူတွေက
သေချင်နေကြတာကိုတွေ့ရတယ်။ ဒီရောဂါနဲ့
သေမှာကိုကြောက်တဲ့သူဆိုလို့ ငါတစ်ယောက်ပဲ
ရှိလိမ့်မယ်။
ငါ မသေချင်ဘူး။ ငါ ဘယ်တော့မှ သေချင်စိတ်
မဖြစ်ပေ။ ကမ္ဘာပေါ်မှာ လူဆိုးတွေ
အများကြီးရှိတယ်။ တကယ်လို့ ငါ သေသွား
ခဲ့ရင်...လူကောင်းသူကောင်းတစ်ယောက်
လျော့သွားမှာမဟုတ်လား။
ဒါကြောင့် ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊
ငါ ဆက်ပြီး အသက်ရှင်ချင်မိတယ်။
ငါ ဘာမြှပန်မပြောဖြစ်သေး။ ရွှယ်ယောင်ကျူ့က
ကြည့်ရင်း၊ တစ်ခဏလောက်ထိန်းထားပြီး
မနေနိုင်တော့ဘဲ အဆုံးမှာမေးလိုက်လေရဲ့။
"ဒါ-ဒါဆို မင်း၊ ငါ-ငါနဲ့ ဆက်တွဲနိုင်မလား?
ငါ မင်း-မင်းကို ကြိုက်တယ်၊ ယိကု"
ငါ ရွှယ်ယောင်ကျူ့ကို ခဏစိုက်ကြည့်ပြီးနောက် မေးလိုက်တယ်။
"မင်း ငါနဲ့ပတ်သက်ပြီး ဘာကိုကြိုက်တာလဲ"
ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"မင်းနဲ့ပတ်သက်သမျှအရာအားလုံးပဲ"
ငါ ပြုံးမိတယ်။
ငါလည်း Vivian Leigh ကိုကြိုက်တယ်။
ဘာကြောင့်လဲဆိုတော့ ငါ သူမရဲ့ရုပ်ရည်ကို
သဘောကျလို့။ ဒါကြောင့် သူမရဲ့အကျင့်စရိုက်နဲ့
နောက်ခံအသိုင်းအဝိုင်းဖြစ်ဖြစ်၊ ဒါမှမဟုတ်
အတိတ်ဖြစ်ဖြစ် ငါ အနုပညာရှုထောင့်ကနေ
သတ်မှတ်ရုံရှိတော့တယ်။ ဆိုပေမယ့် ဒီလောက်ပဲ
မဟုတ်လား?
[ Vivian Leigh = ဗြိတိန်နိုင်ငံမှသရုပ်ဆောင်
အမျိုးသမီးတစ်ဉီး ]
လူနှစ်ဉီးအချင်းချင်း အပြန်အလှန်ချစ်ကြိုက်တဲ့အကြောင်းရင်းကို ငါ နားမလည်ဘူး။
ငါ အမြဲတွေးနေမိတာက အချစ်ဆိုတာ..
ငတုံးတွေကိုလှည့်စားဖို့ လူတွေဖန်တီးထားတဲ့
အရာလို့။ လူတိုင်းက အကျိုးအမြတ်နောက်ကိုပဲ လိုက်ကြတာ။ အချစ်က ငွေအတွက်ဖြစ်နိုင်သလို
အာဏာအတွက်လည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်
အချစ်က တရားဝင်သားသမီးမွေးဖို့ဖြစ်နိုင်သလို
ကိုယ်ခန္ဓာရဲ့လိုအပ်ချက်တွေကို လွတ်လပ်စွာ
ဖြည့်ဆည်းဖို့လည်းဖြစ်နိုင်တယ်။ ဒီအချက်
တွေကလွဲရင် ဘာအကြောင်းပြချက်ရှိသေးလဲ။
အထီးမကျန်ဖို့လား? ဒါပေမယ့် ငါ့မှာ
သူငယ်ချင်းရှိပြီး ငါတို့နှစ်ယောက်လုံးက
တော်တော်လေးအဆင်ပြေတယ်ဆိုရင်ရော..
ငါတို့နှစ်ယောက်ကို 'ချစ်နေကြတယ်'လို့
သတ်မှတ်နိုင်မှာလား? သေချာပေါက်
မဟုတ်ဘူးလေ။
ရွှယ်ယောင်ကျူ့က အချိန်အတော်ကြာတိတ်ဆိတ်သွားပြီး ပြောလိုက်တယ်။
"ငါ၊ မင်းကို ကာ-ကာကွယ်ပေးချင်တယ်"
"အဓိပ္ပါယ်မရှိတာတွေ လေကြောရှည်မနေနဲ့တော့၊
မင်း ငါ့ကို ဟိုးငယ်ငယ်ကတည်းက crush ခဲ့တာ
ဆိုပြီး အခိုင်အမာပြောမလား၊ အဲဒီအချိန်တုန်းက
ငါ့ကို ကာကွယ်ပေးမယ့်သူ လိုအပ်ခဲ့လို့လား?"
ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"ငါ မင်းကို အဲဒီအချိန်ကတည်းက တကယ်
ကာကွယ်ပေးချင်ခဲ့တာ၊ ပြီးတော့ ငါ အခုလို
ဖြစ်လာတာလည်း မင်းကိုကာကွယ်ဖို့အတွက်ပဲ"
အဲဒီတုန်းက ငါ တစ်စုံတစ်ယောက်ရဲ့
ကာကွယ်ပေးမှုကို လိုအပ်ခဲ့လိမ့်မယ်လို့ လုံးဝ
မထင်ဘူး။ ငါ အလယ်တန်းကျောင်းတက်စဉ်က
ငါအလိုရှိတာမှန်သမျှလုပ်နိုင်ခဲ့တယ်။ တကယ်လို့
မင်းတို့ ငါ့ကို ဂန်းစတားအုပ်စုထဲ တွန်းပို့ခဲ့ရင်
တောင်၊ ငါ ဆဲရေးတိုင်းထွာဖို့ သတ္တိအပြည့်ရှိခဲ့တယ်။ အကယ်၍ ဒါက သူတို့နဲ့ ထိုက်တန်ရင်ပေါ့။
ဒါ့ပြင် ငါ သူတို့ကိုကျိန်ဆဲပြီးတာနဲ့၊ ငါ့ကိုယ်ငါ
ကြီးကျယ်သလို သွေးနားထင်ရောက်သေးတာ။
ရွှယ်ယောင်ကျူ့က မေးလိုက်တယ်။
"မင်း အချိန်ဆွဲနေတုန်းပဲလား"
ငါ : "...................."
"မင်း ဒီလိုလုပ်ဖို့၊ မလိုပါဘူး၊ အချစ်အကြောင်း
ကိုယ့်ဘာသာငြင်းခုံနေမိတာ၊ ဟုတ်တယ်မလား?"
ဒါက ငါ့ကိုပျော်ရွှင်စေတယ်။ ပြဿနာရှိသလား?!
ရွှယ်ယောင်ကျူ့က တိုးညင်းစွာရယ်လိုက်ကာ
ငါ့ကို ဆွဲဖက်ဖို့ကြံတယ်။ ငါ ရှောင်ဖယ်ရင်း
ပြောမိပြီ။
"ငါ နောက်နေတာမဟုတ်ဘူး၊ ငါ့ကို
တစ်စက္ကန့်လောက် စိတ်အေးအေးထားခွင့်ပေး"
ရွှယ်ယောင်ကျူ့က ထပ်မေးတယ်။
"ဘယ်လောက်ကြာမှာလဲ"
ငါ ပြန်ဖြေလိုက်တယ်။
"မသိဘူး"
ငါ ရိုးတွင်းခြင်ဆီထဲကကို လူဖျင်းဖြစ်နေတာ
မျိုးရိုးကြောင့်ဆိုပြီး တွေးမိတယ်။
ရွှယ်ယောင်ကျူ့က ဆက်မပြုံးနိုင်တော့ဘဲ
အဆုံးမှာ သူပြောလိုက်တယ်။ အနည်းငယ်
စိုးရွံ့နေပေမယ့်..အပြည့်အဝလေးနက်စွာ၊ စိတ်ရင်းစစ်မှန်စွာ၊ နှလုံးသားတစ်ခုလုံးရင်းလျက်-
"ငါ၊ မင်းကို၊ ကြိုက်တယ်"
အမှန်အတိုင်းဝန်ခံရရင် ငါ့နှလုံးသားက
နူးညံ့သွားသလိုခံစားလိုက်ရတယ်။
အကယ်၍များ ရွှယ်ယောင်ကျူ့က အခုထက်
နည်းနည်းလောက် အရပ်ပိုပုပြီး၊ တအား cool
မဖြစ်ဘူးဆိုရင်..ဒါမှမဟုတ် manga ပုံလိုမျိုး
မျက်လုံးပြူးပြူးလေးနဲ့ မျက်ရည်တွေ
မခြောက်တခြောက်၊ မှိန်ဖျဖျဖြစ်နေမယ်ဆိုရင်
ငါ့နှလုံးသားက ပိုပြီးနူးညံ့ပျော့ပျောင်းသွားမယ်လို့
ထင်တယ်။
"အိုး..ဒါဆိုလည်း ဒီကိစ္စက မင်းရဲ့ပြဿနာပဲလေ"
ငါက သိပ်,သိပ်ကိုကြောက်စရာကောင်းတဲ့
လူ့အမှိုက်ပဲ။
(227)
ငါ ရွှယ်ယောင်ကျူ့ကို ထားပစ်ခဲ့တယ်။
ပြီးတော့ ငါ့မွေးရပ်မြေကိုလည်း ချန်ထားခဲ့တာ၊
အဝေးကို တစ်ယောက်တည်းထွက်သွားဖို့ပေါ့။
တခြားသူတွေ ဘယ်လိုခံစားရလဲမသိဘူး။
ငါ့အတွက်တော့ ဆေးမှီဝဲတာက ဆိုးကျိုး
ကြီးကြီးမားမားမရှိသလိုပါပဲ။ ကိုယ်အလေးချိန်
မသိမသာလျော့သွားတာ၊ တစ်ခါတစ်ရံမှာ
အတွေးထဲနစ်မျောသွားတာ၊ ဒါမှမဟုတ်
ပတ်ဝန်းကျင်ကို နည်းနည်းသတိမမူမိတာကလွဲလို့
တခြားဘေးထွက်ဆိုးကျိုးတွေကို မကြုံရဘူး။
ငါ သေခါနီးဆဲဆဲအခြေအနေမဟုတ်တော့ဘူး၊
ဒါဆိုရင်ပဲ ငါ့အတွက် လုံလောက်နေပြီ။
ဒီလောက်ဆို တော်တော်အဆင်ပြေပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတဲ့အကြောင်းရင်းက..
ငါ မွေးရပ်မြေကနေ ထွက်လာတာကြောင့်လား၊
ဒါမှမဟုတ် ဆေးဝါးမှီဝဲတာကြောင့်လား
ဆိုတာကို သေချာမသိဘူး။
အစ်ကိုကြီးက ငါ့ဆီကို မက်ဆေ့ခ်ျတစ်စောင်ပို့ခဲ့တယ်။ ငါ့ညီလေးနဲ့ညီမလေးကို အဘိုးနဲ့အတူ
နေခိုင်းလိုက်ပြီတဲ့။ သူတို့တွေက မငိုသလို
ငြင်းဆန်တာမျိုးလည်း မရှိဘူး။ အဲဒီအစား
ကလေးနှစ်ယောက်က အစ်ကိုကြီးကတစ်ဆင့်
ငါ့ကို ဘာမှာလဲဆိုတော့..သူတို့ အသက်ကြီးလာ
ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်တော့တဲ့အထိ နည်းနည်း
စောင့်ပေးပါဆိုပြီးပေါ့။ အဲ့အချိန်ကျရင်
သူတို့နှစ်ယောက်က ငါ့ကိုလာရှာမယ်တဲ့။ ငါ့ကိုကျန်းမာရေးဂရုစိုက်ဖို့၊ လုံလုံခြုံခြုံနေဖို့လည်း
ပြောသေးတယ်။
သူငယ်ချင်းက ငါနဲ့ ပုံမှန်အဆက်အသွယ်ရှိပြီး
ငါ့ဆီကို မက်ဆေ့ခ်ျတွေအများကြီးပို့လေ့ရှိတယ်။
သူငယ်ချင်းပြောတာတော့..သူ ကိစ္စတွေစီမံပေးဖို့
ငါ့နေရာကိုလာချိန်မှာ ရွှယ်ယောင်ကျူ့နဲ့
အမှတ်မထင်ဆုံခဲ့တယ်တဲ့။ ရွှယ်ယောင်ကျူ့က
ဘာပြောတယ်ထင်လဲ..ငါ အနှေးနဲ့အမြန်ပြန်လာ
မှာမို့ ကိစ္စတွေကို အဲဒီအတိုင်းထားလိုက်ပါဆိုပဲ။
ငါ ပြန်လာမှာမဟုတ်ဘူးလို့ သူငယ်ချင်းကို
ပြောလိုက်တယ်။
ငါ့သူငယ်ချင်းက ဆိုတယ်။
"ဘာပဲဖြစ်ဖြစ် မင်း ပြန်လာမလား၊ မလာဘူးလား
ဆိုတာ ကိစ္စမဟုတ်ဘူး၊ မင်းကိုယ်တိုင် သူ့ကို
ပြောပြဖို့ပဲ လိုအပ်တယ်၊ ငါတော့ မပြောရဲဘူးနော်"
ရွှယ်ယောင်ကျူ့က စကားထစ်တတ်တဲ့
လူတစ်ယောက်ပါ! မင်း ဘာလို့ အဲ့လောက်ထိ
ကြောက်နေတာလဲ?!
ငါ့သူငယ်ချင်းက အေးစက်စက်ရယ်တယ်။
"Ha"
အဲဒါက ဘာကိုဆိုလိုသလဲ ငါ မသိပေါင်။
"မင်း သတ္တိရှိရင် ကိုယ်တိုင်သွားပြောလိုက်"
ငါ လုပ်ရဲတယ်။ ငါ့မှာ သေချာပေါက် သတ္တိရှိတာ
ပေါ့။ ငါ ရွှယ်ယောင်ကျူ့ကို ဒီလိုမျိုးနည်းလမ်းနဲ့
ဖြတ်ခဲ့ပြီပဲကို။ ငါ ထပ်ပြီး ငြင်းခုံဖို့အတွက်
သတ္တိဘာလို့မရှိရမှာလဲ? ဒါပေမယ့် ငါ ပြန်သွားမှာ
မဟုတ်ဘူး။
"အမှန်အတိုင်းပြောရရင် ဒီတစ်ခါတော့
မင်းမှားတယ်"
"ဘာမှထပ်မပြောနဲ့၊ ငါ ရထားစီးသွားဖို့
အဆင်သင့်ဖြစ်နေပြီ"
"ဒီတစ်ခေါက် ဘယ်ကိုသွားမှာလဲ"
ငါ တောင်တက်ဖို့သွားမှာလို့ ပြောလိုက်တယ်။
ဒီနေ့ ငါ ရထားပေါ်က ဆင်းတာနဲ့၊ ပထမဆုံး
ဟိုတယ်ကို အရင်သွားပြီး အနားယူမယ်။
အဲဒီနောက် မနက်ဖြန်ကျရင် တောင်တက်မယ်။
ငါကြားတာတော့ ဒီမှာ သံ၊ဖန်နဲ့လုပ်ထားတဲ့ကြိုးတံတားရှိပြီး တစ်တိုင်းပြည်လုံးမှာ
အင်း...ဒါမှမဟုတ် တစ်ခုခုပဲဆိုပါတော့၊
ကြိုးတံတားတွေအားလုံးထဲမှာ ဒီတံတားက တော်တော်လေးမြင့်တဲ့နေရာချိတ်တယ်တဲ့။
အတိတ်တုန်းက ငါ အဲဒီလိုမျိုးအရာတွေကို
တကယ်သဘောကျခဲ့တယ်။ အမှန်တော့ ငါက
အဲ့လောက်သတ္တိမရှိဘူး။ ဒါပေမယ့် အပေါ်ယံမှာ
သိပ်အန္တရာယ်များတယ်လို့ ထင်မှတ်ရပြီး
တကယ်တမ်းတော့ လုံခြုံစိတ်ချရတဲ့ လှုပ်ရှားမှု
တွေကို ငါ တကယ်နှစ်သက်ခဲ့တာ။ လူတိုင်း ဒါကို ဘာလို့သိပ်ကြောက်ကြလဲဆိုတာ ငါနားမလည်
နိုင်ဘူး။ သံချိန်းကြိုးတွေက သေချာပေါက်
ပြတ်ကျမှာမဟုတ်သလို၊ ဖန်တံတားကလည်း ကွဲအက်ဖို့ဆိုတာ အလားအလာနည်းလွန်းတယ်။
ဒါ့ပြင် ပုံမှန်အားဖြင့် တံတားရဲ့အောက်မှာ အန္တရာယ်ကင်းစေဖို့ကွန်ရက်လည်း ရှိတာပဲ။
ဆိုပေမယ့် သူတစ်ပါးကို စနောက်လှောင်ပြောင်ဖို့
ဝါသနာပါတဲ့လူတချို့က တံတားကို တမင်
ရည်ရွယ်ချက်ရှိရှိ လှုပ်ယမ်းတတ်ကြတယ်။
ဒီလိုလူတချို့က တံတားပေါ်မှာရှိတဲ့အခြားသူတွေ
ကြောက်လန့်တကြားအော်ဟစ်တာကို မြင်ချင်ကြ
တာ။ ငါတော့ လုံးဝကို နားမလည်နိုင်ဘူး၊ သူတို့
ဒီလိုလုပ်တာ ဘာပျော်စရာကောင်းလို့ပါလိမ့်။
(228)
နောက်တစ်နေ့မှာ ငါ့လက်ဆွဲသေတ္တာထဲက
ပစ္စည်းကြီးကြီးမားမားတွေကို သပ်ရပ်စွာထုပ်ပိုး
ပြီး ဟိုတယ်၌ထားကာ တောင်တက်ဖို့ထွက်လာခဲ့တယ်။
ရှုမျှော်ခင်းက တကယ်လှပပြီး လေထုကလည်း
သိပ်လတ်ဆတ်နေတယ်။ ဒါတင်မကသေးဘူး၊
မင်း လျှောက်နေရင်း တခြားခရီးသွားတစ်ဉီးဉီးကို
မကြာမကြာတွေ့မှာမဟုတ်ဘူး၊ ဆိုတော့ တကယ်
တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ကိုအေးချမ်းစေတာ။
တဖြည်းဖြည်းနဲ့ ငါ တောင်တက်လမ်းတစ်ဝက်ကို
ကျော်လွန်လာခဲ့ပြီးနောက် အဆုံးမှာတော့
သံကြိုးဆွဲတံတားရဲ့ဝင်ပေါက်ဆီကို
ရောက်လာတယ်။ အဲဒီမှာ ခရီးသွားအချို့ကို
ထပ်တွေ့ရကာ ဥပမာဆိုရရင် ရန်ပွဲဖြစ်လုဆဲဆဲ လူမိုက်တစ်စုက တံတားကို တမင်လှုပ်ယမ်းနေ
ကြတာ။
တံတားပေါ်မှာရပ်နေသူက တော်တော်လေး
အရပ်ရှည်ပြီး ငါ့ကိုနောက်ကျောပေးထားကာ
တံတားရဲ့လက်ကိုင်သံကြိုးကို အားကုန်ဆုပ်ကိုင်
ရင်း လှုပ်ရှားဖို့တောင် သိပ်ကြောက်ရွံ့နေတယ်။
ငါ တံတားဆီသို့ လျှောက်သွားပြီး
ထိုလူမိုက်တစ်စုကို စိုက်ကြည့်လိုက်ပေမယ့်၊
သူတို့က ငါ့ကိုလျစ်လျူရှုကာ တံတားကို
ဆက်ယမ်းခါနေတုန်း။
ငါ တောင်ပေါ်တက်လာချိန်မှာ စီမံခန့်ခွဲရေးရုံး
ရဲ့ဖုန်းနံပါတ်ကို မှတ်ထားဖို့မေ့သွားခဲ့လို့။
မဟုတ်ရင်လား..ပြည်သူပိုင် အပန်းဖြေတဲ့အရာကို
ဖျက်ဆီးနေတဲ့သူတွေရှိတယ်ဆိုပြီး ငါဖုန်းဆက်တိုင်ကြားပစ်မှာ။
ငါ ထိုသူတွေကိုဖြတ်ကျော်သွားရင်း
တံတားအလယ်သို့ရောက်လာတယ်။ တစ်နည်း လက်ကိုင်သံကြိုးကိုဆုပ်ထားပြီး လှုပ်ရှားဖို့
ကြောက်နေတဲ့အရပ်ရှည်ရှည်လူရဲ့ဘေးမှာ
ငါ ရပ်လိုက်ကာ-
"လာပါ၊ ဆက်သွားလိုက်၊ မင်း ပြုတ်မကျပါဘူး"
ထိုလူက ကြိုးကိုမလွှတ်တမ်းကိုင်ထားရင်း
ဆက်သွားဖို့ မတရားကြောက်ရွံ့လျက်။
အရွယ်ရောက်ပြီးသူတစ်ယောက်က
ဒီလိုအရာမျိုးကို တအားကြောက်နိုင်သေးလား
ဆိုတာ ငါလည်းမသိ။
ငါ ထိုလူရဲ့တံတောင်ဆစ်ကိုဆွဲကိုင်ပြီး ပြောလိုက်တယ်။
"မင်း သွားနိုင်အောင် ငါကူညီပေးမယ်"
ထိုလူက မလှုပ်ရှားသေး။
ငါ ထပ်ပြီး တွန်းလိုက်တယ်။
"ဘာမှမဖြစ်ပါဘူး"
အဲဒီနောက် ထိုလူက လှည့်လာကာ ငါ့ကို
ကြည့်လိုက်တယ်။
ရွှယ်ယောင်ကျူ့ဖြစ်နေတာပဲ။
အစတုန်းက ငါနားမလည်တာကြောင့်
ပတ်ပတ်လည်ကိုကြည့်လိုက်တော့ အမည်မသိ
ထိုလူမိုက်အုပ်စုကို ပြန်မြင်လိုက်ရတယ်။
ငါစိုက်ကြည့်နေတာကို အဲဒီလူတွေက မြင်ပြီး အလျင်အမြန်နောက်လှည့်ကာ ထွက်ခွာသွား
တော့တယ်။
ငါ ဒေါသထွက်လာတာမို့ ရွှယ်ယောင်ကျူ့ကိုလွှတ်လိုက်ပြီး တံတားကို တစ်ယောက်တည်း
ဆက်လျှောက်မိပြီ။
ဖာ့ခ်၊ သူက ငါ့ကို လာကစားနေတာလား?!
ရွှယ်ယောင်ကျူ့က အလျင်စလိုဖြစ်ကာ
ငါ့ကို အနောက်ဘက်ကနေ သိုင်းဖက်ပြီး
ပြောလိုက်တယ်။
"ငါ မင်းကို၊ ဘာ-ဘာကြောင့်ကြိုက်လဲဆိုတာ၊
မင်း မသိဘူးမလား၊ ငါ-ငါ မင်းကို ဒီလိုမျိုး၊
စကြိုက်ခဲ့တာပဲ"
ငါ ရပ်တန့်သွားကာ သူ့ကိုကြည့်လိုက်တယ်။
ငါ ထွက်သွားဖို့ အလျင်မလိုတော့ဘူး။
ရွှယ်ယောင်ကျူ့က ဆိုတယ်။
"ငါ စကားသိပ်မပြောဖြစ်ခင်က၊ နွေ-နွေရာသီမှာ လေ့လာရေးခရီးတစ်ခု၊ ထွက်-ထွက်ခဲ့ရဖူးတယ်၊
ငါ တံတားကိုဖြတ်လျှောက်မယ်လုပ်တော့..
ကျောင်း-ကျောင်းသားတချို့က တံတားကို
တမင်လှုပ်ယမ်းခဲ့ကြတယ်၊ အဲဒီအခါ မင်း-မင်းက
ငါ့လက်ကိုတွဲပြီး၊ ငါနဲ့အတူလျှောက်ပေးခဲ့တယ်၊
မင်းပြောခဲ့တာက..အ-အဆင်ပြေပါတယ်၊
ဘာမှကြောက်စရာမလိုဘူးတဲ့၊ ငါ ပို-ပိုပြီး
ကြောက်လေလေ၊ အဲဒီလူတွေက ပိုပျော်လေလေ၊ ငါ-ငါသာ မကြောက်ဘူးဆိုရင်၊ အနိုင်ကျင့်ခံရမှာ မ-မဟုတ်တော့ဘူးတဲ့"
အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ရွှယ်ယောင်ကျူ့
ဒီအကြောင်းကိုပြောချိန်မှာ ငါ အဖြစ်အပျက်ကို
မှတ်မိသလိုရှိပေမယ့် ငါကူညီခဲ့တဲ့ကျောင်းသားက
ဘယ်သူလဲဆိုတာ မသိတော့ဘူး။ တကယ်တော့
အဲဒီတုန်းက..ထိုကောင်လေးက ငါတို့ကျောင်းရဲ့ယူနီဖောင်းကိုဝတ်ထားခဲ့တာဖြစ်ပြီး လူဆိုးကောင်တွေရဲ့အပြုအမူကို ငါသည်းမခံနိုင်တာမို့၊
သွားပြီး နည်းနည်းကူညီခဲ့ရုံပဲ။
ရွှယ်ယောင်ကျူ့က ဆက်ပြောတယ်။
"တစ်-တစ်ခါတုန်းက၊ နှစ်စဉ်ပွဲကျင်းပချိန်မှာ
လူတွေက ငါ့ကို၊ သီ-သီချင်းဆိုဖို့ ပြောခဲ့ကြတယ်၊
ငါ မ-မဆိုရဲပေမယ့်၊ သူတို့က ငါ့ကို၊ စင်ပေါ်ကနေ
ဆင်း-ဆင်းခွင့်မပေးခဲ့ဘူး၊ အဲဒီအချိန်မှာ
မင်း-မင်းက ရောက်လာပြီး ကူညီတဲ့အနေနဲ့
ငါ့ကိုယ်စား သီဆိုပေးခဲ့တယ်၊ ငါ-ငါကတော့
တွဲဖက်အဖြစ်၊ စ-စန္ဒရားတီးခဲ့တယ်လေ"
ဒီလိုကိစ္စမျိုးကို ငါ မကြာမကြာလုပ်ဖြစ်ခဲ့တယ်။
ထိုအချိန်တုန်းက ငါ နည်းနည်းလွတ်လပ်ကာ
ထောင်လွှားချင်ခဲ့တာမို့။ အကြောင်းပြချက်တချို့ကြောင့် ငါ့ရဲ့သီချင်းဆိုစွမ်းရည်နဲ့ပတ်သက်ပြီး
လုံးဝ,ပြင်းပြင်းထန်ထန်ယုံကြည်ချက်ရှိခဲ့တယ်။
အတန်းဖော်တွေ သီချင်းမဆိုချင်တဲ့အခါတိုင်း
ငါ သွားကမ်းလှမ်းကာ ကိုယ်စားသီဆိုပေးဖို့
အခွင့်အရေးရှာဖြစ်ခဲ့ရုံ။
ရွှယ်ယောင်ကျူ့က တော်တော်ကြာအောင်
ပြောပြီးမှ မေးလိုက်တယ်။
"ငါ အ-အခု မင်းကိုကြိုက်ခွင့်၊ ရှိပြီမဟုတ်လား"
ဒါအားလုံးက ငါ မင်းကိုကူညီခဲ့တာတွေချည်းပဲ။
မင်းက ငါ့ကို ဘာလို့ကာကွယ်ပေးချင်တာတုံး?!
ငါ သံသယဝင်မိတယ်။ နောက်ပြီး
ရွှယ်ယောင်ကျူ့က ထင်ယောင်ထင်မှားဖြစ်နေ
တာလားလို့ ငါ ယုတ္တိရှိရှိ,သင်္ကာမကင်းပေ။ ငါက တခြားအတန်းဖော်တွေအတွက် ကူညီပေးခဲ့တာကို
ရွှယ်ယောင်ကျူ့က သူ့ဆီမှာဖြစ်ပျက်ခဲ့တယ်လို့
အထင်မှားနေတာများလား?
"ငါ-ငါတို့ တစ်တွဲတွဲခဲ့စဉ်က၊ ငါ မင်းရဲ့
အိမ်ကိုလာပြီး၊ နှစ်ရက်လောက် နေ-နေခဲ့တယ်၊
အဲဒီတုန်းက မင်း-မင်းရဲ့အဖေနဲ့အမေရန်ဖြစ်တာ
ကို ငါမြင်ခဲ့ရတာ"
ဒါမျိုးကိစ္စရှိခဲ့ဖူးတာကို ငါမှတ်မိတယ်။
အဲဒီတုန်းက အဖေ့ဒုတိယဇနီးပေါ်လာတဲ့
အခိုက်အတန့်။ အဖေက အိမ်ပြန်နောက်ကျပြီး
ညသန်းခေါင်ယံအချိန်မှ ရောက်လာတာကို
အမေသိသွားခဲ့တယ်လေ။ သူတို့နှစ်ဉီးက
ဧည့်ခန်းထဲမှာ စကားများရန်ဖြစ်နေခဲ့ကြတာ။
အဖေက ပေါက်ကွဲလာပြီမို့ အမေ့ကို စတင်
ကျိန်ဆဲခဲ့တယ်။ အဖေက အမေ့ကို ဘာပြောလဲ
ဆိုတော့...ကိုယ့်အခြေအနေကိုယ်သိသင့်ကြောင်း၊
ဒုတိယဇနီးနဲ့ပတ်သက်ပြီး မကောင်းပြောခွင့်
လုံးဝမရှိကြောင်းပေါ့။
ထိုအချိန်မှာ ငါ့အစ်ကိုကြီးက ဆူညံသံတွေကို
ကြားတာကြောင့် အခန်းအပြင်သို့ ထွက်လာပြီး၊
အောက်ထပ်မှာ ဘာတြွေဖစ်ပျက်နေသလဲဆိုတာ
တစ်ချက်ကြည့်ခဲ့တယ်။ သူခိုးဝင်တဲ့ကိစ္စမျိုး
မဟုတ်တာကို သိလိုက်တဲ့အခါ၊ အစ်ကိုကြီးက
မျက်နှာသေနဲ့ အခန်းထဲပြန်ဝင်ပြီး ဆက်အိပ်တော့တယ်။
ငါ ဒုတိယထပ်ရဲ့လက်ရန်းနောက်မှာ ရပ်ပြီး
သူတို့ရန်ဖြစ်နေတာကို စောင့်ကြည့်မိတယ်။
ငါ့နှလုံးသားက တည်ငြိမ်ကာ အနှောင့်အယှက်
မဖြစ်တဲ့အပြင် နည်းနည်းရယ်စရာကောင်းတယ်
လို့ ခံစားရသေးတာ။
အဲဒီနောက် ငါ လက်ရန်းဘေးမှာ ဆောင့်ကြောင့်
ထိုင်ချပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ၊
အချိန်အတော်ကြာ အသံထွက်,မရယ်မိအောင်
ထိန်းခဲ့ရတယ်။
ဒါ့ပေမယ့် ငါ အထင်အရှားမှတ်မိတာတော့..
ငါ အိပ်ခန်းဆီပြန်သွားချိန်မှာ ငါ့ partner
အတန်းဖော်ကောင်လေးက သေမလိုအိပ်ပျော်
နေခဲ့တာမဟုတ်လား။
ရွှယ်ယောင်ကျူ့က ဆိုလိုက်တယ်။
"ငါ အိပ်-အိပ်ပျော်ချင်ယောင်ဆောင်ခဲ့တာ"
အိုး။
ရွှယ်ယောင်ကျူ့က ပြောပြန်တယ်။
"အဲ့နောက်ပိုင်းမှာ မင်း အိပ်ပျော်သွားခဲ့တာ၊
မင်းအိပ်နေရင်း ငိုကြွေးမိပြီး တော်တော်လေး
တုန်ယင်နေခဲ့တယ်"
ပုံမှန်ဆိုရင် လူတွေက ငါ့မှာ နွားရူးပြန်ရောဂါရှိနိုင်တယ်၊ ဒါမှမဟုတ် တစ်ခုခုဖြစ်နိုင်တယ်လို့
တွေးကြမှာ။ ဟုတ်တယ်မလား...
"အဲဒီအခါ ငါ-ငါ မင်းကိုပွေ့ဖက်လိုက်တော့၊
မင်း ပိုပြီးသက်သာသွားခဲ့တယ်"
မင်း ငါ့ကို နှိုးလိုက်လို့ မရဘူးလား?! မင်းရဲ့အတွေးအခေါ်နည်းလမ်းက တကယ်ကို ထူးဆန်း
တာပဲ၊ ဟုတ်တယ်ဟုတ်?! မှန်မှန်ပြောစမ်း၊
ကျောင်းရဲ့အိုင်ဒေါလ်ကို တိတ်တိတ်လေးဖက်ခွင့်
ရတဲ့အတွက် မင်း ပျော်နေခဲ့ရုံမဟုတ်လား?!
ရွှယ်ယောင်ကျူ့က စကားဆက်တယ်။
"မင်းလည်း နိုး-နိုးလာရော၊ နဂိုပုံစံအတိုင်း
ပြန်ဖြစ်သွားရော"
ရွှယ်ယောင်ကျူ့က-
"ငါကိုယ်တိုင်တောင် မသိလိုက်ပါဘဲ၊
မင်း-မင်းကို ချစ်မိသွားခဲ့တာ"
(229)
အမှန်အတိုင်းဝန်ခံရရင်လေ..ရွှယ်ယောင်ကျူ့က
တကယ့်ကို ကိုးရိုးကားရားနိုင်တဲ့လူပဲ။
(230)
ဆိုပေမယ့်လည်း ငါ လက်ခံနိုင်တုန်းပဲ။ နောက်ထပ်တွဲကြည့်ကြတာပေါ့။
အဓိကအချက်ကတော့ ရွှယ်ယောင်ကျူ့က
သူ့အသက်နဲ့ ငါ့ကိုခြိမ်းခြောက်ခဲ့လို့။ သူက
ဘာပြောလဲဆိုတော့...တကယ်လို့ ငါ သူ့ကို
ဆက်လမ်းခွဲမယ်ဆိုရင်၊ သူ တံတားပေါ်ကနေ
ခုန်ချပြီး suicide လုပ်ပစ်မယ်တဲ့။
ဒါဆိုလည်း သွားခုန်ချလိုက်တော့!
ဒါပေါ့၊ ငါ ဒီစကားကို အကျယ်ကြီးမပြောရဲဘူး။
မင်းက သောက်ကျိုးနည်းကောင်လို့ ငါပြောချင်ရုံ!
ရိုမန့်တစ်ဖြစ်တဲ့၊ နူးညံ့ကာ ကြင်နာသနားတတ်တဲ့
ပုံစံမျိုး မင်းပြင်ဆင်ထားတယ်၊ ပြီးလည်းပြီးရော
အရှုံးပေးရဖို့လက္ခဏာကို နည်းနည်းမြင်တာနဲ့
ကိုယ့်ကိုယ်ကိုယ်သတ်သေမယ်လို့ ခြိမ်းခြောက်
တယ်ပေါ့လေ?!
ရွှယ်ယောင်ကျူ့က ဒီလိုလုပ်တာကို ရှက်စရာကောင်းတယ်လို့မတွေးဘဲ-
"နည်းလမ်းက အ-အရေးမကြီးဘူး၊
အဲဒါက မင်းလောက် အရေးမပါဘူး"
အာ..သွားစမ်းပါ!
(231)
ကောင်းပြီလေ၊ ဒါဆိုလည်း တွဲကြည့်ကြရအောင်။
(232)
ဆိုပေမယ့် ငါ ဒါကို အရင်ဆုံးကြိုပြောထားမှ
ဖြစ်မယ်။ အကယ်၍ ငါတို့ စမ်းတွဲကြည့်ပြီးမှ
အဆင်မပြေဖြစ်နေသေးရင်၊ မင်း ဒီနည်းလမ်းကို
ထပ်သုံးလို့မရဘူးနော်၊ အိုကေ?!
ရွှယ်ယောင်ကျူ့က အလေးအနက်ပြောလိုက်
တယ်။
"ငါ၊ တံ-တံတားပေါ်ကနေ၊ နောက် ဘယ်တော့မှ၊
ခုန်ချမှာမဟုတ်ဘူး"
ဟုတ်ပြီ။ ဒါဆိုလည်း စမ်းတွဲကြည့်ကြမယ်။
(233)
သုံးလကြာပြီးနောက်။
ရွှယ်ယောင်ကျူ့က ဘာပြောတယ်မှတ်လဲ...
သူ မျှော်စင်ပေါ်ကနေ ခုန်ချတော့မယ်တဲ့။
Fu-ck!!!
ဒီ ဥာဏ်နီဥာဏ်နက်များတဲ့ ကောင်စုတ်!!!
.
.
. -----ပြီးပါပြီ-----
T/N
Thank you all♡♡
Extra သုံးပိုင်းက အတိတ်ကာလဖြစ်ပါတယ်~
✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧