ချစ်သူ့စကား ရင်နှင့်ကြားစေ

By SpringGenAerri

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending

part(7)

8.1K 681 17
By SpringGenAerri

Ring Ring Ring

"Hello. . .မေမေပြောပါရှင့်"

"မီးရေ. . .မြင့်မိုရ်. . .ရဲရင့်... ရန်ဖြစ်လို့တဲ့. . .ခုစမ်းချောင်းရဲစခန်းကဖုန်းဆက်တာ. ..မေမေတော့ ရဲရင့်ကြောင့်စိတ်ညစ်တာပဲ. . .မီးအလုပ်များနေလား. . .မေနဲ့လိုက်ခဲ့နိင်မလား"

"အို. . .မေမေ. . .ဒီကောင်လေးခက်တော့တာပဲ. . .
မြင့်မိုရ်ကအစည်းအဝေးရှိတယ်. . .မေမေ"

"မိုးဦးရော. . .မိုးဦးလဲပါမှာလား"

"မိုးဦးပါမယ်မေမေ. . .နေအုံး. . .မြင့်မိုရ်...မိုးဦးကိုအကူအညီတောင်းကြည့်မယ်. . .ယောကျားလေးဆိုတော့ရဲစခန်းမှာ ပြောရဆိုရ... ပိုအဆင်ပြေမလားလို့"

"အင်း. . .မီး... ဖုံးပြန်ဆက်ပေးနော်. . .မေမေစောင့်နေမယ်"

တစ်ဦးတည်းသောမောင်. . အရှုပ်ထုတ်. . .ပြသနာခဲ
အစ်မနဲ့အမေအပေါ်ဆိုးတယ်ဆိုပေမဲ့ ရုံးရောက်ဂတ်ရောက်ကတော့ဒါပထမဆုံးပင်။
မေမေဆိုရင် ရဲရင့်ကိုဆုံးမတိုင်း မိုးဦးကနမူနာ...
မိုးဦးနဲ့လဲခင်ရှာပါတယ်။ ခက်တာက လူကြီးတွေပြောလိုက်ရင်အကုန်ခေါင်းညိမ့်ပြီးကွယ်မှ လုပ်ချင်ရာလုပ်တာ။
ခုလဲ. . .ကြည့်... ရဲစခန်းရောက်​နေသတဲ့။

မြင့်မိုရ်မိုးဦးကိုဖုန်းခေါ်မည်လုပ်ပြီးမှ. . .
မဖြစ်ပါဘူး. . .ကိုယ်တိုင်အကူအညီသွားတောင်းမှပါ။

မိုးဦးရှိရာအထပ်ကို မြင့်မိုရ်ဆင်းလာခဲ့တော့သည်။

"ဆရာမိုးဦး... အခန်းထဲမှာရှိလား ညီမတို့"

"ဟုတ်. . .မမ. . .အစည်းအဝေးအတွက်ပြင်ဆင်နေတယ်"

ရုံးမှာအလုပ်ကိုယ်စီနဲ့မို့ မြင့်မိုရ်အောက်ထပ်သိပ်မဆင်းဖြစ်ပါ။ မိုးဦးနှင့်လဲမတွေ့ဖြစ်တာနှစ်ရက်ရှိပြီ။ ရုံးဆင်းလိုက်ပို့မလို့ဆိုရင်ဘယ်သောအခါမှ လက်မခံပါ။ စာရွက်စာတမ်းပို့စရာရှိလျှင်သူ့ကလေးများသာလွှတ်ပြီးပို့တတ်သည်။
သူကတော့. . .လိုအပ်မှသာ မြင့်မိုရ်အခန်းလာတတ်သူ။ ဒါကြောင့် ကိစ္စရှိမှ တွေ့ခွင့်ရတဲ့ မိုးဦးပါ။

ဒီနေ့တော့မိုးဦးနှင့် အစည်းအဝေးလုပ်ရင်တွေ့ရမှာပဲပေါ့။ အိမ်ပြန်လိုက်ပို့ရင်းစကားလေးဘာလေးပြောမလို့ဟာကို ပြသနာခဲကိစ္စကပေါ်လာရတယ်။

ဒေါက်. . .ဒေါက်. . .

"မိုးဦး. . .မြင့်မိုရ်ပါ"

"ဝင်ခဲ့လေ မြင့်မိုရ်. . .အစည်းအဝေးလာခေါ်တာလား. . .ကိုယ်လာတော့မလို့ပဲ. . .ဖုန်းဆက်လဲရတဲ့ဟာကို. . .အားနာလိုက်တာ"

"အားမနာနဲ့. . .မြင့်မိုရ်က.. မိုးဦးကို...အကူအညီတောင်းရတော့မှာ"

"ဟင်... ဘာများလဲ"

"အကူအညီတောင်းမလို့က. . .ရဲရင့်လေ ...ရဲစခန်းရောက်နေတယ်. . .ရန်ဖြစ်လို့တဲ့. . .အဲ့ဒါ. . ."

"ဟာ. . .ဘယ်လိုဖြစ်တာပါလိမ့်. . .အခြေအနေဆိုးနေလို့လား"

"မေမေဖုံးဆက်တာ. . .ဆိုးပုံမရပါဘူး. . .မေမေကရဲစခန်းသွားကြဖို့ပဲပြောတာဆိုတော့. . ."

"ကိုယ်သွားပေးမယ်. . .အစည်းအဝေးအတွက်က ကိုယ်အကုန်ပြင်ဆင်ပေးပြီးသား. . .လိုအပ်တာရှိရင်ကိုယ့်ကလေးတွေပြောလိုက်လို့ရတယ်"

"ကျေးဇူးပါ မိုးဦး. . .ကားယူသွားလေ. . ."

"ယူသွားလိုက်မယ်လေ. . .ရဲရင့်ကိုအိမ်ပြန်ပို့ပေးလိုက်မယ်"

"မပို့နဲ့ မိုးဦး. . .မေမေနဲ့မဖြစ်သေးဘူး. . .စခန်းကိစ္စရှင်းပြီးရင် မိုးဦးခဏခေါ်သွားပေးလို့ရလား. . .မြင့်မိုရ်ရုံးဆင်းရင်... လိုက်ခဲ့မယ်လေ"

"ရတယ်. . .ရတယ်. . .ကိုယ်ခေါ်သွားမယ်"

"ဟို. . .မိုးဥွီး. . .တစ်ဖက်ကမကျေနပ်ရင်အကျယ်အကျယ်မဖြစ်အောင်. . . ကျေနပ်တဲ့အထိလုပ်ပေးလိုက်ပါနော်"

"အင်းပါ. . .ကိုယ်ပြေလည်အောင်လုပ်ခဲ့ပါ့မယ်"

မိုးဦး မြင့်မိုရ်ဆီမှ ကားသော့ကိုယူကာ စမ်းချောင်းရဲစခန်းရှိရာ အမြန်ဆုံးသွားရသည်။

. . . . . . . . .

ရဲရင့်က. . .မြင့်မိုရ်နှင့်မတူသောအချက်မှာ. . .ကုမ္ပဏီကိစ္စစိတ်မဝင်စား. . .လူငယ်ပီပီလွတ်လွတ်လပ်လပ်သာနေချင်သူ။ တစ်ခါတစ်လေ ညဘက်အိမ်ပြန်နောက်ကျရင်တောင် မေမေကမကြိုက်ချင်။
မမကမှတော်သေး. . .ကပ်ချွဲတာနှင့်အကုန်ရသည်။
မေမေက. . .စာအုပ်ကြီးလိုလုပ်ချင်သည်။ ရဲရင့်လဲ မေမေ့စာအုပ်ကြီးကိုမကြ်ုက်။ အဆိုးဆုံးက ရဲရင့်အပေါင်းအသင်းများကိုဆို သူ့အသိုင်းအဝိုင်းမှမဟုတ်လျှင် သိသိသာသာမလိုလားမှုကိုပြသည်။ ရဲရင့်မကြိုက်တာအဲ့ဒါအဆိုးဆုံး။

ခုလဲ စခန်းကမေမေ့ကိုဖုံးဆက်ပြီးပြီ။

ခုပြန်ထုတ်ပေးရမှာက. . .ကိုယ်တစ်ယောက်ထဲမဟုတ်။
ကိုယ့်ကောင်တွေရှိသေးသည်။
နန္ဒကကိစ္စမရှိ. . .ငယ်ငယ်ထဲကပေါင်းလာတာ. . . မေမေသိသည်။
တပါတည်းထုတ်ပေးသွားမည့်သူဆိုတာ သေချာသည်။
ခက်နေတာ. . .အေးချမ်း....
မေမေက အေးချမ်းကို အကြောင်းမဲ့မကြည်။ အေးချမ်းအလုပ်ကြောင့် ဖြစ်မည်ထင်ပါသည်။
နန္ဒနှင့်မိမိကိစ္စမှာမဆီမဆိုင်ဝင်ပါလာရသူက အေးချမ်း
ပြီးရင်မေမေက အေးချမ်းကိုပဲအပြစ်ပုံမှာ....သိသည်။

"ဟူးးးးးး"

.ဘေးမှရဲရင့်သက်ပြင်းချသံကြောင့် အေးချမ်းနှင့် နန္ဒ လှည့်ကြည့်သည်။

"ရဲရင့်. . .ငါ့အတွက်မပူနဲ့. . .ငါအဆင်ပြေတယ်"

အေးချမ်းအသံထွက်လာသည်။

"မင်းကိုပါထုတ်မပေးရင် ငါလဲမထွက်ဘူး"

"ရပါတယ်ဆို. . .မင်းကလဲ"

"ငါတို့ကြောင့်ဖြစ်တဲ့ကိစ္စ. . .မင်းကဝင်ပါရတာ. . .ဟာ. . .ဟေ့ကောင်. . .မင်းအလုပ်လဲပြုတ်မလားမသိဘူးနော်. . .ငါ. . .ကွာ"

"ပြုတ်လဲ. . .နောက်တစ်ခုရှာမှာပေါ့ကွာ. . .ငါ့သူဌေးက ငါ့ကိုသဘောကျပါတယ်ကွ. . .မဖြုတ်လောက်ပါဘူး"

အေးချမ်းကတော့အေးဆေးစွာပြောနေတာပင်။

နာမည်ကသာအေးချမ်း. . .လူကဖြင့်အေးချမ်းမည်ကြံရင်မုန်တိုင်းတောင်မဟုတ်. . .ဆိုင်ကလုန်းနှင့်ဆူနာမီပေါင်းမွှေသလိုမွှေခံရတာ။
ဒုက္ခကိုအသားတောင်ကျနေပြီ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့. . .
တစ်ကောင်ကြွက် တစ်မျက်နှာနဲ့ လမ်းမပေါ်ဂျင်ခြေလည်ခဲ့တာ ကြာပြီပဲလေ။
အလုပ်ပေါင်းစုံ....နေရာပေါင်းစုံ။
အပြင်ပန်းကသာ. . .အေးချမ်းကရန်ဖြစ်တဲ့နေရာဆရာကြီးဖြစ်နေတာ. . .
ရင်ထဲမှာက. . .
အင်းးးးး
ရင်ထဲကဝေဒနါဆိုတာလည်း ဒဏ်ရာအစိမ်းလိုက်ကို ချုပ်လိုက်သလိုအမာရွတ်သာကျန်ခဲ့တာ. . .
ခံစားချက်ဟူသမျှထုံပေပေဖြစ်ခဲ့တာကြာပြီ။

လောကကြီးကိုအရွဲ့တိုက်လိုခြင်းကြောင့်ဆိုးသွမ်းခဲ့ရတာတော့မဟုတ်။
အပြင်ပန်းအသားတွေနာနေရင်. . .ရင်ထဲကနာတာ သက်သာသလိုပဲမို့. . . အေးချမ်းက အပြင်ပန်းနာကျင်စရာတွေကြား အသားကျသွားခဲ့ရသူပါ။
နာကျင်မှုကို. . .ရှာဖွေရင်း. . .ရှာဖွေရင်း... ရင်ထဲကဒဏ်ရာ သက်သာသလိုမို့။

.
.
.
မိုးဦး ရဲစခန်းရှေ့အရောက် ကားရပ်ပြီးစခန်းထဲဝင်လာခဲ့လိုက်သည်။

"ဘာကိစ္စလဲခင်ဗျ"

စခန်းမှတာဝန်ကျရဲသားမှမေးလိုက်ခြင်းဖြစ်သည်။

"ရဲရင့်ငြိမ်း... အိမ်ကပါဗျ"

"ရဲရင့်ငြိမ်း. . .အိမ်ကလာပြီဆရာ. . .အစ်ကို. . .ဟိုကိုသွားလိုက်"

ခုံတန်းလျားတစ်ခုပေါ်တွင် လူငယ်တစ်ချို့ထိုင်နေကြသည်။
ရဲရင့်
နန္ဒ
နောက်တစ်ယောက်က. . .ခေါင်းငုံ့လျက်
ခပ်ခွာခွာနေရာတွင် နောက်ထပ်လူငယ်လေးယောက်
အန်တီကြီးနှစ်ယောက်
မြင်တာနှင့်အန်တီကြီးက မျက်စောင်းလှမ်းထိုးသည်။
ကိုယ့်ကိုပါဒေါသထွက်ချင်နေသည့်ပုံ။
တော်သေးသည်။ မြင့်မိုရ်ရောအန်တီပါခေါ်မလာမိ၍။
ပြေလည်အောင်ဖြေရှင်းရမည်မှာမိမိတာဝန်။
.
.

ကြားလိုက်ရသောခြေသံ. . .မကြာဘူး. . ​ခေါင်းငုံ့ကာထိုင်နေသော မိမိမျက်စိရှေ့ကို ရောက်လာသော ခြေအစုံ. . .ထိုခြေဖမိုးပေါ်မှ မှည့်နက်လေး.... ဟင်......အေးချမ်းထိုခြေအစုံကို စိုက်ကာကြည့်ရင်း ရင်တွေတုန်လာသည်။
ခြေဖမိုးဖြူလွလွပေါ်မှ မှဲ့နက်လေးကထင်းလို့ပါပဲ။
ခြေချောင်းသွယ်လေးတွေက ရှင်းသန့်လို့။
အေးချမ်း သိဖူး မြင်ဖူး ခိုးငေးခဲ့ဖူးသော ခြေအစုံနှင့်တူလွန်းလှပါသည်။
ပြီး​တော့ နီးကပ်လာတဲ့အခါ ရလိုက်တဲ့ ကိုယ်သင်းနံ့။
ထို.... လူသည်....မိမိသိကျွမ်းဖူးသောလူများလား။

ဘာလို့များ ရင်တွေတဒိတ်ဒိတ်လဲ...ရင်တုန်ရလွန်းလို့ ခေါင်းကပိုငုံ့ကျသွားပြီး လက်တွေကို ဆုပ်ကာချေကာ စိတ်လှုပ်ရှားမှုကို ဖုံးဖိလို့မရ။ မဟုတ်ပါစေနဲ့လို့စိတ်ထဲမှ အကြိမ်ကြိမ်ဆုတောင်းမိပါတယ်။

အေးချမ်း. . .မျက်လုံးစုံမှိတ်ချလိုက်မိသည်။ ငါ. . .အိုးးးး. . .မဟုတ်ပါစေနဲ့. . .ငါ. . .မှားတာဖြစ်ပါစေ. . . ကြာပြီပဲလေ. . .ငါမှတ်မိတာမှားတာပဲဖြစ်ပါစေ. . . .ဒီတစ်သက်ပြန်တွေ့မယ်တောင်မထင်မိတော့တဲ့သူ. . .အို. . .ဒီခြေအစုံ. . .ဒီကိုယ်သင်းနံ့က ငါ့ကိုဗြောင်းဆန်အောင်လုပ်နေပြီလေ. ...ဒီလို. . .ငါ့ကိုလုပ်နိုင်တာ. . .ဒီကမ္ဘာမှာ. . .သူတစ်ယောက်ပဲရှိတာပါ။

"ရဲရင့်ငြိမ်း အိမ်ကပါဗျ"

အသံကရော. . .ဟားးးးး. . .အသံကရော. . .မဖြစ်ပါစေနဲ့. . .လုံးဝမဖြစ်ပါစေနဲ့.တုန်ရီလှိုက်မောစွာဆုတေင်းဆဲ။

"ကျွန်တော်. . .မိုးဦးကြည်သာပါဗျ"

သွားပြီ. . .သွားပြီ. . .ထွက်ပြေးလိုက်ချင်ပါသည်။
အေးချမ်းသော်. . .ဤနေရာမှအငွေ့ပြန်ပျောက်ဆုံးသွားချင်မိပါသည်။

"ဟုတ်. . .ထိုင်ပါ"

"ဒီဘက်က ရဲရင့်ငြိမ်းတို့နဲ့ရန်ဖြစ်တဲ့ကလေးတွေပါ. . .မိဘလဲရောက်ပါပြီ. . .ညက. . .. . . . . . . ."

ဖြစ်စဥ်အား မိုးဦး အစအဆုံးနားထောင်ရသည်။

ရဲရင့်က ရန်ပွဲတွေဘာတွေဖြစ်တတ်ပေမဲ့ အဲ့လိုမဖြစ်တော့တာလဲ ကြာပြီ။ ဒီလိုအကျယ်အကျယ်မငြိမ်းဖွယ်မဖြစ်တတ်။ ပြီးတော့ ဟိုတစ်ယောက်ကိုမိုးဦးမမြင်ဖူး။ သူကလဲရောက်ကတည်းကခေါင်းငုံ့နေတာမော့ကိုမလာ။

တစ်ဖက်ကမိဘများကိုလဲ မိုးဦးတောင်းပန်ရသည်။
စခန်းမှူးရှင်းပြတဲ့အထဲမှာလူငယ်ချင်း ဖြစ်ကြတဲ့ပြသနာ နှစ်ဖက်လုံးအမှားသာ။ ဒီနေရာမှာတင် ပြေလည်အောင်ဖြေရှင်းဖို့နားချတာကြောင့် ဟိုဘက်မှလဲ ဒဏ်ရာများတာဝန်ယူကုသပေးပါမည်ဟူသောကတိစကားနှင့်ကျေနပ်လိုက်သည်။
တော်သေးတာပေါ့. . .စိတ်ဆိုးနေပေမဲ့. . .ပြောရမခက်ကြလို့။ မိုးဦး တောင်းပန်တာကြောင့်လဲပါသည်လေ။
ကုမ္ပဏီနာမည်ပါပြောပြီးလိုအပ်တာ လုပ်ပေးပါမည်ဟု တောင်းပန်ရသည်။
ပြသနာတော့အေးပြီ။

"ကိုမိုးဦးကြည်သာ. . .အကို့ကလေးတွေအတွက်ခံဝန်လေးထိုးပေးခဲ့ပါအုံး. . .သုံးယောက်လုံးပြန်ခေါ်သွားမှာလား"

သုံးယောက်. . .ဟုတ်သား. . .
ငါ့ကလေးက သုံးယောက်ပဲ။ ရဲစခန်းမှ အာမခံနှင့်ထုတ်ပေးရမှာ သုံးယောက်။

မိုးဦး ခုထိမော့မလာသူကိုကြည့်​ပြန်သည်။

ငုံ့နေဆဲ. . .ခေါင်းလေး....

"ဟုတ်. . .သုံးယောက်လုံးခေါ်သွားပါ့မယ်"

ထိုအခါမှ ဆတ်ကနဲ့မော့လာသောခေါင်း
မိုးဦး. . .လှည့်အကြည့်. . .လက်ထဲကလက်မှတ်ထိုးဖို့ကိုင်ထားသော ဘောပင်. . .လွတ်ကျသွားသည်အထိ အံ့သြရတော့သည်။

မယုံကြည်နိုင်ခြင်းများစွာနှင့်မျက်ဝန်းအစုံ. . .ဆုံတွေ့မိကြသည်။

သူ့ကိုငေးရင်းစိုစွတ်စပြုလာသော. . .မျက်ဝန်းအစုံကို ကပျာကသီလွှဲရင်း. . .သေချာအောင်. . .စာရွက်ပေါ်မှနာမည်များကို ဖတ်ကြည့်လိုက်သည်။

အေးချမ်းသော်. . .တဲ့

မိုးဦးအသံတိုးတိတ်တုန်ရီစွာထွက်သွားသည်။
ယခုထိသူ့ကိုငေးနေဆဲဖြစ်သော. . .သူကို တိုးတိုးခေါ်မိသည်။

"သော်"

.
.
.
ဆက်ရန်. . . .

Zawgyi

Ring Ring Ring

"Hello. . .ေမေမေျပာပါ႐ွင့္"

"မီးေရ. . .ျမင့္မိုရ္. . .ရဲရင့္... ရန္ျဖစ္လို႔တဲ့. . .ခုစမ္းေခ်ာင္းရဲစခန္းကဖုန္းဆက္တာ. ..ေမေမေတာ့ ရဲရင့္ေၾကာင့္စိတ္ညစ္တာပဲ. . .မီးအလုပ္မ်ားေနလား. . .ေမနဲ႔လိုက္ခဲ့နိင္မလား"

"အို. . .ေမေမ. . .ဒီေကာင္ေလးခက္ေတာ့တာပဲ. . .
ျမင့္မိုရ္ကအစည္းအေဝး႐ွိတယ္. . .ေမေမ"

"မိုးဦးေရာ. . .မိုးဦးလဲပါမွာလား"

"မိုးဦးပါမယ္ေမေမ. . .ေနအုံး. . .ျမင့္မိုရ္...မိုးဦးကိုအကူအညီေတာင္းၾကည့္မယ္. . .ေယာက်ားေလးဆိုေတာ့ရဲစခန္းမွာ ေျပာရဆိုရ... ပိုအဆင္ေျပမလားလို႔"

"အင္း. . .မီး... ဖုံးျပန္ဆက္ေပးေနာ္. . .ေမေမေစာင့္ေနမယ္"

တစ္ဦးတည္းေသာေမာင္. . အ႐ႈပ္ထုတ္. . .ျပသနာခဲ
အစ္မနဲ႔အေမအေပၚဆိုးတယ္ဆိုေပမဲ့ ႐ုံးေရာက္ဂတ္ေရာက္ကေတာ့ဒါပထမဆုံးပင္။
ေမေမဆိုရင္ ရဲရင့္ကိုဆုံးမတိုင္း မိုးဦးကနမူနာ...
မိုးဦးနဲ႔လဲခင္႐ွာပါတယ္။ ခက္တာက လူႀကီးေတြေျပာလိုက္ရင္အကုန္ေခါင္းညိမ့္ၿပီးကြယ္မွ လုပ္ခ်င္ရာလုပ္တာ။
ခုလဲ. . .ၾကည့္... ရဲစခန္းေရာက္​ေနသတဲ့။

ျမင့္မိုရ္မိုးဦးကိုဖုန္းေခၚမည္လုပ္ၿပီးမွ. . .
မျဖစ္ပါဘူး. . .ကိုယ္တိုင္အကူအညီသြားေတာင္းမွပါ။

မိုးဦး႐ွိရာအထပ္ကို ျမင့္မိုရ္ဆင္းလာခဲ့ေတာ့သည္။

"ဆရာမိုးဦး... အခန္းထဲမွာ႐ွိလား ညီမတို႔"

"ဟုတ္. . .မမ. . .အစည္းအေဝးအတြက္ျပင္ဆင္ေနတယ္"

႐ုံးမွာအလုပ္ကိုယ္စီနဲ႔မို႔ ျမင့္မိုရ္ေအာက္ထပ္သိပ္မဆင္းျဖစ္ပါ။ မိုးဦးႏွင့္လဲမေတြ႕ျဖစ္တာႏွစ္ရက္႐ွိၿပီ။ ႐ုံးဆင္းလိုက္ပို႔မလို႔ဆိုရင္ဘယ္ေသာအခါမွ လက္မခံပါ။ စာ႐ြက္စာတမ္းပို႔စရာ႐ွိလွ်င္သူ႕ကေလးမ်ားသာလႊတ္ၿပီးပို႔တတ္သည္။
သူကေတာ့. . .လိုအပ္မွသာ ျမင့္မိုရ္အခန္းလာတတ္သူ။ ဒါေၾကာင့္ ကိစၥ႐ွိမွ ေတြ႕ခြင့္ရတဲ့ မိုးဦးပါ။

ဒီေန႔ေတာ့မိုးဦးႏွင့္ အစည္းအေဝးလုပ္ရင္ေတြ႕ရမွာပဲေပါ့။ အိမ္ျပန္လိုက္ပို႔ရင္းစကားေလးဘာေလးေျပာမလို႔ဟာကို ျပသနာခဲကိစၥကေပၚလာရတယ္။

ေဒါက္. . .ေဒါက္. . .

"မိုးဦး. . .ျမင့္မိုရ္ပါ"

"ဝင္ခဲ့ေလ ျမင့္မိုရ္. . .အစည္းအေဝးလာေခၚတာလား. . .ကိုယ္လာေတာ့မလို႔ပဲ. . .ဖုန္းဆက္လဲရတဲ့ဟာကို. . .အားနာလိုက္တာ"

"အားမနာနဲ႔. . .ျမင့္မိုရ္က.. မိုးဦးကို...အကူအညီေတာင္းရေတာ့မွာ"

"ဟင္... ဘာမ်ားလဲ"

"အကူအညီေတာင္းမလို႔က. . .ရဲရင့္ေလ ...ရဲစခန္းေရာက္ေနတယ္. . .ရန္ျဖစ္လို႔တဲ့. . .အဲ့ဒါ. . ."

"ဟာ. . .ဘယ္လိုျဖစ္တာပါလိမ့္. . .အေျခအေနဆိုးေနလို႔လား"

"ေမေမဖုံးဆက္တာ. . .ဆိုးပုံမရပါဘူး. . .ေမေမကရဲစခန္းသြားၾကဖို႔ပဲေျပာတာဆိုေတာ့. . ."

"ကိုယ္သြားေပးမယ္. . .အစည္းအေဝးအတြက္က ကိုယ္အကုန္ျပင္ဆင္ေပးၿပီးသား. . .လိုအပ္တာ႐ွိရင္ကိုယ့္ကေလးေတြေျပာလိုက္လို႔ရတယ္"

"ေက်းဇူးပါ မိုးဦး. . .ကားယူသြားေလ. . ."

"ယူသြားလိုက္မယ္ေလ. . .ရဲရင့္ကိုအိမ္ျပန္ပို႔ေပးလိုက္မယ္"

"မပို႔နဲ႔ မိုးဦး. . .ေမေမနဲ႔မျဖစ္ေသးဘူး. . .စခန္းကိစၥ႐ွင္းၿပီးရင္ မိုးဦးခဏေခၚသြားေပးလို႔ရလား. . .ျမင့္မိုရ္႐ုံးဆင္းရင္... လိုက္ခဲ့မယ္ေလ"

"ရတယ္. . .ရတယ္. . .ကိုယ္ေခၚသြားမယ္"

"ဟို. . .မိုးၪြီး. . .တစ္ဖက္ကမေက်နပ္ရင္အက်ယ္အက်ယ္မျဖစ္ေအာင္. . . ေက်နပ္တဲ့အထိလုပ္ေပးလိုက္ပါေနာ္"

"အင္းပါ. . .ကိုယ္ေျပလည္ေအာင္လုပ္ခဲ့ပါ့မယ္"

မိုးဦး ျမင့္မိုရ္ဆီမွ ကားေသာ့ကိုယူကာ စမ္းေခ်ာင္းရဲစခန္း႐ွိရာ အျမန္ဆုံးသြားရသည္။

. . . . . . . . .

ရဲရင့္က. . .ျမင့္မိုရ္ႏွင့္မတူေသာအခ်က္မွာ. . .ကုမၸဏီကိစၥစိတ္မဝင္စား. . .လူငယ္ပီပီလြတ္လြတ္လပ္လပ္သာေနခ်င္သူ။ တစ္ခါတစ္ေလ ညဘက္အိမ္ျပန္ေနာက္က်ရင္ေတာင္ ေမေမကမႀကိဳက္ခ်င္။
မမကမွေတာ္ေသး. . .ကပ္ခြၽဲတာႏွင့္အကုန္ရသည္။
ေမေမက. . .စာအုပ္ႀကီးလိုလုပ္ခ်င္သည္။ ရဲရင့္လဲ ေမေမ့စာအုပ္ႀကီးကိုမၾက္ဳက္။ အဆိုးဆုံးက ရဲရင့္အေပါင္းအသင္းမ်ားကိုဆို သူ႕အသိုင္းအဝိုင္းမွမဟုတ္လွ်င္ သိသိသာသာမလိုလားမႈကိုျပသည္။ ရဲရင့္မႀကိဳက္တာအဲ့ဒါအဆိုးဆုံး။

ခုလဲ စခန္းကေမေမ့ကိုဖုံးဆက္ၿပီးၿပီ။

ခုျပန္ထုတ္ေပးရမွာက. . .ကိုယ္တစ္ေယာက္ထဲမဟုတ္။
ကိုယ့္ေကာင္ေတြ႐ွိေသးသည္။
နႏၵကကိစၥမ႐ွိ. . .ငယ္ငယ္ထဲကေပါင္းလာတာ. . . ေမေမသိသည္။
တပါတည္းထုတ္ေပးသြားမည့္သူဆိုတာ ေသခ်ာသည္။
ခက္ေနတာ. . .ေအးခ်မ္း....
ေမေမက ေအးခ်မ္းကို အေၾကာင္းမဲ့မၾကည္။ ေအးခ်မ္းအလုပ္ေၾကာင့္ ျဖစ္မည္ထင္ပါသည္။
နႏၵႏွင့္မိမိကိစၥမွာမဆီမဆိုင္ဝင္ပါလာရသူက ေအးခ်မ္း
ၿပီးရင္ေမေမက ေအးခ်မ္းကိုပဲအျပစ္ပုံမွာ....သိသည္။

"ဟူးးးးးး"

.ေဘးမွရဲရင့္သက္ျပင္းခ်သံေၾကာင့္ ေအးခ်မ္းႏွင့္ နႏၵ လွည့္ၾကည့္သည္။

"ရဲရင့္. . .ငါ့အတြက္မပူနဲ႔. . .ငါအဆင္ေျပတယ္"

ေအးခ်မ္းအသံထြက္လာသည္။

"မင္းကိုပါထုတ္မေပးရင္ ငါလဲမထြက္ဘူး"

"ရပါတယ္ဆို. . .မင္းကလဲ"

"ငါတို႔ေၾကာင့္ျဖစ္တဲ့ကိစၥ. . .မင္းကဝင္ပါရတာ. . .ဟာ. . .ေဟ့ေကာင္. . .မင္းအလုပ္လဲျပဳတ္မလားမသိဘူးေနာ္. . .ငါ. . .ကြာ"

"ျပဳတ္လဲ. . .ေနာက္တစ္ခု႐ွာမွာေပါ့ကြာ. . .ငါ့သူေဌးက ငါ့ကိုသေဘာက်ပါတယ္ကြ. . .မျဖဳတ္ေလာက္ပါဘူး"

ေအးခ်မ္းကေတာ့ေအးေဆးစြာေျပာေနတာပင္။

နာမည္ကသာေအးခ်မ္း. . .လူကျဖင့္ေအးခ်မ္းမည္ၾကံရင္မုန္တိုင္းေတာင္မဟုတ္. . .ဆိုင္ကလုန္းႏွင့္ဆူနာမီေပါင္းေမႊသလိုေမႊခံရတာ။
ဒုကၡကိုအသားေတာင္က်ေနၿပီ။
ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ဖို႔. . .
တစ္ေကာင္ႂကြက္ တစ္မ်က္ႏွာနဲ႔ လမ္းမေပၚဂ်င္ေျခလည္ခဲ့တာ ၾကာၿပီပဲေလ။
အလုပ္ေပါင္းစုံ....ေနရာေပါင္းစုံ။
အျပင္ပန္းကသာ. . .ေအးခ်မ္းကရန္ျဖစ္တဲ့ေနရာဆရာႀကီးျဖစ္ေနတာ. . .
ရင္ထဲမွာက. . .
အင္းးးးး
ရင္ထဲကေဝဒနါဆိုတာလည္း ဒဏ္ရာအစိမ္းလိုက္ကို ခ်ဳပ္လိုက္သလိုအမာ႐ြတ္သာက်န္ခဲ့တာ. . .
ခံစားခ်က္ဟူသမွ်ထုံေပေပျဖစ္ခဲ့တာၾကာၿပီ။

ေလာကႀကီးကိုအ႐ြဲ႕တိုက္လိုျခင္းေၾကာင့္ဆိုးသြမ္းခဲ့ရတာေတာ့မဟုတ္။
အျပင္ပန္းအသားေတြနာေနရင္. . .ရင္ထဲကနာတာ သက္သာသလိုပဲမို႔. . . ေအးခ်မ္းက အျပင္ပန္းနာက်င္စရာေတြၾကား အသားက်သြားခဲ့ရသူပါ။
နာက်င္မႈကို. . .႐ွာေဖြရင္း. . .႐ွာေဖြရင္း... ရင္ထဲကဒဏ္ရာ သက္သာသလိုမို႔။

.
.
.
မိုးဦး ရဲစခန္းေ႐ွ႕အေရာက္ ကားရပ္ၿပီးစခန္းထဲဝင္လာခဲ့လိုက္သည္။

"ဘာကိစၥလဲခင္ဗ်"

စခန္းမွတာဝန္က်ရဲသားမွေမးလိုက္ျခင္းျဖစ္သည္။

"ရဲရင့္ၿငိမ္း... အိမ္ကပါဗ်"

"ရဲရင့္ၿငိမ္း. . .အိမ္ကလာၿပီဆရာ. . .အစ္ကို. . .ဟိုကိုသြားလိုက္"

ခုံတန္းလ်ားတစ္ခုေပၚတြင္ လူငယ္တစ္ခ်ိဳ႕ထိုင္ေနၾကသည္။
ရဲရင့္
နႏၵ
ေနာက္တစ္ေယာက္က. . .ေခါင္းငုံ႔လ်က္
ခပ္ခြာခြာေနရာတြင္ ေနာက္ထပ္လူငယ္ေလးေယာက္
အန္တီႀကီးႏွစ္ေယာက္
ျမင္တာႏွင့္အန္တီႀကီးက မ်က္ေစာင္းလွမ္းထိုးသည္။
ကိုယ့္ကိုပါေဒါသထြက္ခ်င္ေနသည့္ပုံ။
ေတာ္ေသးသည္။ ျမင့္မိုရ္ေရာအန္တီပါေခၚမလာမိ၍။
ေျပလည္ေအာင္ေျဖ႐ွင္းရမည္မွာမိမိတာဝန္။
.
.

ၾကားလိုက္ရေသာေျခသံ. . .မၾကာဘူး. . ​ေခါင္းငုံ႔ကာထိုင္ေနေသာ မိမိမ်က္စိေ႐ွ႕ကို ေရာက္လာေသာ ေျခအစုံ. . .ထိုေျခဖမိုးေပၚမွ မွည့္နက္ေလး.... ဟင္......ေအးခ်မ္းထိုေျခအစုံကို စိုက္ကာၾကည့္ရင္း ရင္ေတြတုန္လာသည္။
ေျခဖမိုးျဖဴလြလြေပၚမွ မွဲ႔နက္ေလးကထင္းလို႔ပါပဲ။
ေျခေခ်ာင္းသြယ္ေလးေတြက ႐ွင္းသန္႔လို႔။
ေအးခ်မ္း သိဖူး ျမင္ဖူး ခိုးေငးခဲ့ဖူးေသာ ေျခအစုံႏွင့္တူလြန္းလွပါသည္။
ၿပီး​ေတာ့ နီးကပ္လာတဲ့အခါ ရလိုက္တဲ့ ကိုယ္သင္းနံ႔။
ထို.... လူသည္....မိမိသိကြၽမ္းဖူးေသာလူမ်ားလား။

ဘာလို႔မ်ား ရင္ေတြတဒိတ္ဒိတ္လဲ...ရင္တုန္ရလြန္းလို႔ ေခါင္းကပိုငုံ႔က်သြားၿပီး လက္ေတြကို ဆုပ္ကာေခ်ကာ စိတ္လႈပ္႐ွားမႈကို ဖုံးဖိလို႔မရ။ မဟုတ္ပါေစနဲ႔လို႔စိတ္ထဲမွ အႀကိမ္ႀကိမ္ဆုေတာင္းမိပါတယ္။

ေအးခ်မ္း. . .မ်က္လုံးစုံမွိတ္ခ်လိုက္မိသည္။ ငါ. . .အိုးးးး. . .မဟုတ္ပါေစနဲ႔. . .ငါ. . .မွားတာျဖစ္ပါေစ. . . ၾကာၿပီပဲေလ. . .ငါမွတ္မိတာမွားတာပဲျဖစ္ပါေစ. . . .ဒီတစ္သက္ျပန္ေတြ႕မယ္ေတာင္မထင္မိေတာ့တဲ့သူ. . .အို. . .ဒီေျခအစုံ. . .ဒီကိုယ္သင္းနံ႔က ငါ့ကိုေျဗာင္းဆန္ေအာင္လုပ္ေနၿပီေလ. ...ဒီလို. . .ငါ့ကိုလုပ္ႏိုင္တာ. . .ဒီကမ႓ာမွာ. . .သူတစ္ေယာက္ပဲ႐ွိတာပါ။

"ရဲရင့္ၿငိမ္း အိမ္ကပါဗ်"

အသံကေရာ. . .ဟားးးးး. . .အသံကေရာ. . .မျဖစ္ပါေစနဲ႔. . .လုံးဝမျဖစ္ပါေစနဲ႔.တုန္ရီလိႈက္ေမာစြာဆုေတင္းဆဲ။

"ကြၽန္ေတာ္. . .မိုးဦးၾကည္သာပါဗ်"

သြားၿပီ. . .သြားၿပီ. . .ထြက္ေျပးလိုက္ခ်င္ပါသည္။
ေအးခ်မ္းေသာ္. . .ဤေနရာမွအေငြ႕ျပန္ေပ်ာက္ဆုံးသြားခ်င္မိပါသည္။

"ဟုတ္. . .ထိုင္ပါ"

"ဒီဘက္က ရဲရင့္ၿငိမ္းတို႔နဲ႔ရန္ျဖစ္တဲ့ကေလးေတြပါ. . .မိဘလဲေရာက္ပါၿပီ. . .ညက. . .. . . . . . . ."

ျဖစ္စဥ္အား မိုးဦး အစအဆုံးနားေထာင္ရသည္။

ရဲရင့္က ရန္ပြဲေတြဘာေတြျဖစ္တတ္ေပမဲ့ အဲ့လိုမျဖစ္ေတာ့တာလဲ ၾကာၿပီ။ ဒီလိုအက်ယ္အက်ယ္မၿငိမ္းဖြယ္မျဖစ္တတ္။ ၿပီးေတာ့ ဟိုတစ္ေယာက္ကိုမိုးဦးမျမင္ဖူး။ သူကလဲေရာက္ကတည္းကေခါင္းငုံ႔ေနတာေမာ့ကိုမလာ။

တစ္ဖက္ကမိဘမ်ားကိုလဲ မိုးဦးေတာင္းပန္ရသည္။
စခန္းမႉး႐ွင္းျပတဲ့အထဲမွာလူငယ္ခ်င္း ျဖစ္ၾကတဲ့ျပသနာ ႏွစ္ဖက္လုံးအမွားသာ။ ဒီေနရာမွာတင္ ေျပလည္ေအာင္ေျဖ႐ွင္းဖို႔နားခ်တာေၾကာင့္ ဟိုဘက္မွလဲ ဒဏ္ရာမ်ားတာဝန္ယူကုသေပးပါမည္ဟူေသာကတိစကားႏွင့္ေက်နပ္လိုက္သည္။
ေတာ္ေသးတာေပါ့. . .စိတ္ဆိုးေနေပမဲ့. . .ေျပာရမခက္ၾကလို႔။ မိုးဦး ေတာင္းပန္တာေၾကာင့္လဲပါသည္ေလ။
ကုမၸဏီနာမည္ပါေျပာၿပီးလိုအပ္တာ လုပ္ေပးပါမည္ဟု ေတာင္းပန္ရသည္။
ျပသနာေတာ့ေအးၿပီ။

"ကိုမိုးဦးၾကည္သာ. . .အကို႔ကေလးေတြအတြက္ခံဝန္ေလးထိုးေပးခဲ့ပါအုံး. . .သုံးေယာက္လုံးျပန္ေခၚသြားမွာလား"

သုံးေယာက္. . .ဟုတ္သား. . .
ငါ့ကေလးက သုံးေယာက္ပဲ။ ရဲစခန္းမွ အာမခံႏွင့္ထုတ္ေပးရမွာ သုံးေယာက္။

မိုးဦး ခုထိေမာ့မလာသူကိုၾကည့္​ျပန္သည္။

ငုံ႔ေနဆဲ. . .ေခါင္းေလး....

"ဟုတ္. . .သုံးေယာက္လုံးေခၚသြားပါ့မယ္"

ထိုအခါမွ ဆတ္ကနဲ႔ေမာ့လာေသာေခါင္း
မိုးဦး. . .လွည့္အၾကည့္. . .လက္ထဲကလက္မွတ္ထိုးဖို႔ကိုင္ထားေသာ ေဘာပင္. . .လြတ္က်သြားသည္အထိ အံ့ၾသရေတာ့သည္။

မယုံၾကည္ႏိုင္ျခင္းမ်ားစြာႏွင့္မ်က္ဝန္းအစုံ. . .ဆုံေတြ႕မိၾကသည္။

သူ႕ကိုေငးရင္းစိုစြတ္စျပဳလာေသာ. . .မ်က္ဝန္းအစုံကို ကပ်ာကသီလႊဲရင္း. . .ေသခ်ာေအာင္. . .စာ႐ြက္ေပၚမွနာမည္မ်ားကို ဖတ္ၾကည့္လိုက္သည္။

ေအးခ်မ္းေသာ္. . .တဲ့

မိုးဦးအသံတိုးတိတ္တုန္ရီစြာထြက္သြားသည္။
ယခုထိသူ႕ကိုေငးေနဆဲျဖစ္ေသာ. . .သူကို တိုးတိုးေခၚမိသည္။

"ေသာ္"

.
.
.
ဆက္ရန္. . . .



Continue Reading

You'll Also Like

7.8K 1K 41
Unicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန္းရိပ္မွခုိသည္ စံပယ္တုိ႔ကုိ ခ်ီ ပ်ံသည္ ပ်ံ၏...
3.3K 266 4
တစ်ခါတစ်လေ သူတို့ကိုသိပ်သတိရတယ် အလွမ်းပြေရုံလေးပါပဲ ကိုယ့်ဘဝကို ထာဝရစိုးပိုင်သူများ..... ချစ်ရပါတယ်။
4K 474 16
အကို့ဘာသာ မိန်းမလျှာမကလို့ ဘာကြီးပဲဖြစ်နေနေ ကျွန်တော်အကို့ကို ချစ်တယ် ကျွန်တော်ချစ်တာ ယောကျ်ားတစ်ယောက်လဲမဟုတ်သလို မိန်းမလျှာတစ်ယောက်လဲမဟုတ်ဘူး ကျွန်...
90.7K 9.4K 35
အျခားသူေတြအတြက္ ကမၻာႀကီးက လံုးလား ျပားလား မသိေပမဲ့ ေဘဘီ့ကမၻာႀကီးက လံုးတယ္ဗ်။ ငါတို႔ ကမၻာႀကီးက အလံုး။ ကမၻာႀကီးရဲ႕ အခ်စ္စြမ္းအားေၾကာင့္ ရပ္တည္ႏိုင္တာ...