ချစ်သူ့စကား ရင်နှင့်ကြားစေ
By SpringGenAerri
428K 30.4K 834
အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... More
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending
part(1)
29.7K 1.1K 14
By SpringGenAerri
Unicode
ဒီနေ့ မိုးဦး ကိုးတန်းစာမေးပွဲဖြေပြီးတဲ့နေ့
အိမ်မြန်မြန်ပြန်ရောက်ချင်ပြီ။ အိမ်ရောက်ရင်စာမေးပွဲဖြေနေတဲ့ရက်တွေမှာမတွေ့ရတဲ့ သော်လေးဆီပြေးတွေ့ချင်နေတာ။ သော်လေးက ဘေးအိမ်ကခင်ရတဲ့မိသားစုကအဖွားရဲ့မြေးလေးပါ။ အဖွားတစ်ယောက်ပဲကြည်ဖြူတဲ့ ကျန်မိသားစုဝင်တွေဆီကမေတ္တာမရရှာတဲ့ ကလေးပါ။
သော်လေးရောစာမေးပွဲဖြေနိုင်ရဲ့လား။ သော်လေးက
ခုနှစ်တန်း. . .အင်း. . .ဖြေနိုင်မှာပါ အချိန်တိုင်းအဖွားနားမှာတစ်ကုပ်ကုပ်နဲ့စာပဲလုပ်နေရှာတဲ့ကလေးဟာကို။
သော်လေးကသိပ်သနားစရာကောင်းတယ်။
သော်လေးအဖေနဲ့အဖေစက်လှေမှောက်ပြီးဆုံးသွားလို့ သော်လေးကိုအဖွားရှိတဲ့ဆီလာပို့တော့ အသက်ကငါးနှစ်အရွယ် ကျောင်းမတက်ရသေးဘူးလေ။ဒီသနားစဖွယ်ကလေးငယ်ငယ်လေးခမျာ မိဘနဲ့အပြီးအပိုင်ခွဲရမှန်းမသိရှာဘူး။ သော်လေးအဖေက မိဘသဘောမတူတဲ့သူနဲ့အိမ်ထောင်ပြုလို့ဝိုင်းကျဥ်လိုက်ကြတာတဲ့။ အဖွားကတော့သေသာသွားရော မတွေ့လိုက်ရတော့တဲ့ သားအစား မြေးကိုအသနားပို အချစ်ပိုရှာပါတယ်။ ဒါပေမဲ့အဖွားကအသက်ကကြီး ပန်းနာရင်ကြပ်အခံကရှိဆိုတော့ ကလေးကိုစိတ်ရှိတိုင်းဘာမှလုပ်မပေးနိုင်ပါဘူး။ ဒီတော့ အိမ်နီးချင်းလဲဖြစ် အငယ်ထပ်မမွေးပေးလို့တဂျီဂျီဖြစ်နေတဲ့ကျွန်တော်လဲစိတ်ချမ်းသာအောင် ကလေးကိုလဲသနားစိတ်ဝင်နေတဲ့ကျွန်တော့်မေမေကပဲ အများဆုံးထိန်းကျောင်းပေးခဲ့တာပေါ့။
ကျွန်တော်ကတော့ဘာပြောကောင်းမလဲ
အရုပ်ရသလိုပဲ။ အချိန်တိုင်းချီချင် နမ်းချင် ထိန်းချင်ကိုဖြစ်လို့။ မူလတန်းတက်နေပြီဆိုတော့ကျွန်တော်ကျောင်းပြန်ရင်အိမ်ကိုအပြေးပြန်တာပဲ။ သော်လေးကိုအိမ်မှာအဆင်သင့်မတွေ့ရရင်ချက်ချင်းဟိုဘက်ခြံပြေးပြီးကလေးခေါ်တာပဲ။ သော်လေးကကျွန်တော်လာမှ ရယ်တာ ပြုံးတာ စကားပြောတာ။ အဖွားနဲ့တောင် မေးမှဖြေတာ။ စကားများများမပြောဘူး။ဒီအိမ်ရောက်လာကတည်းကမနွေးထွေးတဲ့မိသားစုကို ကြောက်နေရှာတာ။ မျက်လုံးလေးတွေကအစမှုန်မှိုင်းလို့။
သော်လေးရဲ့အဒေါ်မိသားစုကလဲအရင်ကပိုက်ဆံချမ်းသာခဲ့ပေမဲ့ ဟန်ပဲရှိတော့တဲ့အချိန်သော်လေးရောက်လာ အဖွားကအသနားပိုနေတော့ အဖွားပိုင်ဆိုင်မှုခွဲပေးရမှာစိုးတာရော. . .သော်လေးအမေကိုကြည့်မရခဲ့တာရောကြောင့်ပေါ့။သော်လေးခမျာ
အဒေါ်ရော အကိုဝမ်းကွဲ အစ်မဝမ်းကွဲရောအကုန်လုံးကိုကြောက်နေရှာတာ။ အဖွားနားကပ်နေရင်နေ မနေရင်ကျွန်တော်တို့အိမ်မှာပဲပေါ့။ မေမေကတော့သော်လေးကိုအိမ်ရောက်တာနဲ့ရယ်အောင်ပြုံးအောင်လုပ်တော့တာပဲ။ မေမေရယ် ကျွန်တော်ရယ် အဖွားရယ်ကလွဲရင်သော်လေးကလူတွေကိုအကုန်ကြောက်တော့တာပဲ။
သော်လေးလဲမူလတန်းစတက်တဲ့အချိန်လဲမှတ်မိပါသေးရဲ့။ လွယ်အိတ်လေးလွယ် မေမေ့လက်ကိုဆွဲပြီး ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်ဖို့ပေါ့။ ဘေးမှာသူအားကိုးရတဲ့ကိုကိုကြီး ကျွန်တော်လဲပါတယ်လေ။ ကျောင်းခန်းထဲလဲရောက် မေမေကပြန် ကျွန်တော်ကတခြါးစာသင်ခန်းသွားရော အော်ငိုပြီး ခေါ်နေတာ. . .
ကျွန်တော့်ကို. . .
နောက်ဆုံးဘယ်လိုမှ ဆွဲလို့မရ ချော့လို့မရတော့လို့ ကျွန်တော့်အတန်း ကျွန်တော့်ဘေးမှာ ကျောင်းမကြောက်ရုံ တစ်ရက်နှစ်ရက်ထားပေးဖို့ ကျောင်းအုပ်ဆရာမကြီးကိုတောင်းပန်ပေးရတဲ့အထိ။
တကယ်တော့ သော်လေးကကျွန်တော့်ကိုသိပ်ပြီးအားကိုးခဲ့ရှာတာ။ သူယုံကြည်ရဆုံးသူကလဲ အဖွားနဲ့မေမေတို့ထက်ကျွန်တော်ပဲဖြစ်ခဲ့တာ။ ဒါကြောင့်ကျွန်တော်သော်လေးကိုပိုဂရုစိုက်မိ ပိုကြင်နာမိတာ။ ကျွန်တော့်စိတ်ထင် သော်လေးကသိပ်သနားစရာကောင်းတဲ့ကလေးလို့ ကျွန်တော့်စိတ်ထဲစွဲနေလို့များလား။. . .ဟင်. . .
ကျွန်တော်အတွေးထဲ သော်လေးပဲရှိနေတာ
ဒီကလေးတစ်ခုခုဆိုကျွန်တော်ရင်ကွဲမှာလေ. . .
အိမ်ရောက်ပြီ။
"မေမေ. . .သော်လေးရှိလား"
"ဟဲ့ အမောဖြေအုံး. . .ဖြေနိုင်ရဲ့လား"
"ဟုတ်. . .မေမေ သား သော့်ဆီသွားအုံးမယ်"
ပြောရင်းပြေးထွက်သွားတဲ့ မိုးဦးကိုကြည့်ရင်း သက်ပြင်းမောသာချမိတဲ့ ဒေါ်ခင်နှင်းဦး. ...
ခက်တယ် ခက်တယ်
ကိုယ်ကိုယ်တိုင်ပြုစုလာတဲ့ကလေး ကိုယ့်လက်ပေါ်ကြီးလာတဲ့ကလေး ချစ်လဲချစ်ပါရဲ့ သနားစိတ်လဲပိုပါရဲ့ ဒါပေမဲ့ မိုးဦးအပေါ်တွယ်တာလွန်းတဲ့သော်လေး. . .
သော်လေးနဲ့ပတ်သက်ရင် ဘာမှမတွေးနိုင်တော့တဲ့အထိအချစ်ပိုလွန်းတဲ့ သား. . .
"ဟူးးးးးးးး"
မတတ်နိုင်. . .မီးဆိုတာမလောင်ခင်တားရတာပဲ
ဆယ်တန်းတက်ရတော့မဲ့ မိုးဦးကို ဘော်ဒါဆောင်ပို့ဖို့ရန်ကုန်ကိုပြောင်းမယ်လို့အားလုံးစီစဥ်ပြီးပြီ။ မိုးဦးအဖေဆိုဒီနှစ်ဝက်ကတည်းက ပြောင်းရွှေ့တင်ပြီးပြောင်းသွားနှင့်ပြီ။ ဒေါ်ခင်နှင်းဦးနဲ့မိုးဦးကတော့ မိုးဦးစာမေးပွဲပြီးတဲ့အထိနေခဲ့ရတာ။
ခက်တာက ရန်ကုန်ပြောင်းဖို့ကိစ္စ မိုးဦးကိုမပြောရသေး
အင်း. . .ဟိုရောက်တော့လဲ စာတွေကြား သူငယ်ချင်းအသစ်တွေကြားရောက်ရင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ။ ဒီည ညစာစားရင်းပြောမှဖြစ်မှာ. . အားလုံးပြင်ဆင်ပြီးနေပြီ။
"သော်ရေ. . ."
အသံမကြား
"သော်. . .ကိုကိုကြီးပြန်ရောက်ပြီ"
အသံမကြားရသေး. . .အဖွားအခန်းထဲမှာများလား
"ဖွား. . .သားပြန်ရောက်ပြီ . . .သော်ရော"
"မိုးဦးလား. . .သော်က ခရေပန်းသွားကောက်တယ်လေ ... ကိုကိုကြီးလာရင် လာ ကူကောက်ပါတဲ့"
"ဟုတ်လား. . .ဖွား. . .သားလိုက်သွားမယ်နော် မေမေလှမ်းခေါ်ရင် ဖွားပဲပြောလိုက်တော့"
ဟင်းးးးးး
ခက်လိုက်တာ. . .မနက်ဖန် ခင်နှင်းတို့သားမိရန်ကုန်ကိုလိုက်သွားကြတော့မှာ. . .
ငါ့မြေးသော်လေး ခက်ရချည်ရဲ့
အဖွားဒေါ်စိန်စိန်သက်ပြင်းမောသာချမိတော့တယ်။
သနားစရာဒီကလေး. . .သူချစ်တဲ့သူတွေနဲ့ကွေကွင်းခြင်းဒဏ်ခံနိုင်ပါတော့မလားလေ။
လောကဓံဆိုတာကိုအရွယ်နဲ့မမျှခံစားရရှာတာ။
သူ့ကိုကိုကြီးကြောင့် ခံစားရသမျှမေ့ပြီးနေမယ်ရှိသေး ဒီတစ်ခါခွဲရမှာကရော...အပြီးတိုင်လား
အေးလေ. . .အဖွားရှိပါသေးတယ်...သနားစရာ ကလေးငယ်ရယ်. . . .
မိုးဦးခြံနောက်ဖက်ကိုအပြေးသွားတာပဲ. . .
အဝေးကြီးကလှမ်းမြင်လိုက်ရတယ် ခရေပန်းကောက်နေတဲ့ သော်
ခြံနှစ်ခြံရဲ့နောက်ဖက်မှာ ခရေပင်သုံးပင်ရှိတယ်။ ဖွားကခရေပန်းကြိုက်တော့ သော်လေးနဲ့မိုးဦး ညနေတိုင်းဖွားအတွက်ကောက်ပေးနေကြ။ ပြီးတော့ဒီနေရာလေးမှာပဲ သော်နဲ့ကစားတယ်။ စားစရာမုန့်ရှိရင်ဖွက်ပြီးယူလာပြီး ဒီနေရာမှာစားတယ်။ မဟုတ်ရင် သော့်လက်ထဲတွေ့သမျှကိုသော့်အကိုဝမ်းကွဲကအနိုင်ကျင့်လုလွန်းလို့။
ခြံနောက်ဖက်ကိုဆိုသူတို့မောင်နှစ်မသိပ်မလာကြဘူး။ ဒါကြောင့်မိုးဦးနဲ့သော်က ခြံနောက်ဖက်က ခရေပင်​တွေကို အပိုင်စားရနေတာ. . .
"သော်. . .ကိုကိုကြီးပြန်ရောက်ပြီ. . .ကြိုလဲမကြိုဘူး
ပြေးလာရတာ.... မောလိုက်တာ"
"ကိုကိုကြီး"
တိုးဖွဖွခေါ်သံနဲ့အပြုံးလေး. . .
သနပ်ခါးအဖွေးသားနှင့်. . .ရင်အေးဆေးလေး
ဘယ်ချိန်ကြည့်ကြည့် မိုးဦးအတွက် ငြိမ်းအေးစေသူလေး။
"အမလေး. . .အမောပြေသွားပါပြီကွာ. . ."
ခရေပင်ခြေရင်းထိုင်ချလိုက်ရင်း မိုးဦး အမောဖြေရတယ်. . .အမောပြေကိုလဲလှမ်းခေါ်ရတယ်. . .ကိုကိုကြီးလို့ခေါ်ပြီး တစ်ချက်ပြုံးပြတယ်.... ပြီးတာနဲ့ခရေပန်းပြန်ကောက်နေပြီလေ။
"သော်. . .လာပါအုံး. . .အနားကို"
စကာဗန်းလေးပိုက်ပြီးအနားရောက်လာသူကို...
"ဖြေနိုင်လား"
"ဟုတ်. . .သားစာရပြီးသားကို. . .ဖြေနိုင်တာပေါ့.... ကိုကိုကြီးရဲ့"
"အင်းပါ. . .ကိုကိုကြီးသိပါတယ်. . .ဒီရက်မတွေ့ရတာ. . .အင်း. . .သုံးရက်ရှိပြီ. . .လွမ်းနေတာ. . .မေမေကကိုးတန်းဆိုပေမဲ့ မပေါ့ခိုင်းလို့. . .သော်. . .ကိုကိုကြီးကိုသတိမရဘူးလား. . .ပြော. .."
မော့်ကြည့်ပြီး ငေးနေရှာတယ်. . .ဘာမှမပြောဘူး။
"ဟင်. . .လို့"
"လွမ်း. . တာ. . .ပေါ့"
ခေါင်းလုံးလုံးလေးကိုပွတ်ရင်း မိုးဦးကြည့်မိတယ်။
သော်က သူ့လောက်အသားမဖြူ. . .ညိုသလားလဲမဟုတ် ဝါနှစ်နှစ်လေး ပါးလေးကဖောင်းအိလို့ ခုနှစ်တန်းကျောင်းသား. . .အင်း. . .နောက်နှစ်ရှစ်တန်း. . .ကိုယ့်မျက်စိထဲတော့ ချီခဲ့ ပွေ့ခဲ့တဲ့အရွယ်လိုပဲ
ချစ်စရာကောင်းနေတာပဲ။
ရုတ်တရက်ကြည့်ရင်းအသဲယားလာလို့ ဆွဲလိုက်တော့ ပါလာတယ်။
"သော့်ကို. . .မနက်ဖန်စက်ဘီးစီးသင်ပေးမယ်. . .ကျောင်းပိတ်ရက်သင်ပေးမယ်လို့ပြောထားတယ်လေ"
"ဟုတ်"
ခေါင်းမော့ပြီး ပြုံးနေတော့တာပဲ သူစက်ဘီးစီးသင်ပေးမယ်ဆိုလို့
"သော်. . ."
အနီးရောက်နေတာတောင် လွမ်းမပြေသလိုမို့ထပ်ကာ ထပ်ကာခေါ်နေမိတာ
"အင်းးးး. . .ကိုကိုကြီး. . ."
"သော်"
"ဗျာ. . .ကိုကိုကြီး"
"ခရေပန်းဆက်ကောက်ကြမယ်"
ပြောစရာမှမရှိတာ ကြည့်လို့လဲဝပြီ ပန်းဆက်ကောက်မယ်။
.
.
.
ဆက်ရန်. . .
Zawgyi
Unicode
ကျွန်တော့်ကို. . .
အိမ်ရောက်ပြီ။
"မေမေ. . .သော်လေးရှိလား"
ခက်တယ် ခက်တယ်
"ဟူးးးးးးးး"
"သော်ရေ. . ."
အသံမကြား
ဟင်းးးးးး
ပြေးလာရတာ.... မောလိုက်တာ"
"ကိုကိုကြီး"
"သော်. . .လာပါအုံး. . .အနားကို"
"ဖြေနိုင်လား"
"ဟင်. . .လို့"
"လွမ်း. . တာ. . .ပေါ့"
ချစ်စရာကောင်းနေတာပဲ။
"ဟုတ်"
"သော်. . ."
"အင်းးးး. . .ကိုကိုကြီး. . ."
"သော်"
"ဗျာ. . .ကိုကိုကြီး"
ဆက်ရန်. . .
Continue Reading
You'll Also Like
7.8K 1K 41
Unicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပျံ၏...
107K 4.2K 77
Title~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
188K 8.8K 97
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့...