လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန...

By simply_because99

70.3K 8.8K 437

Title ✿ Free RenYigu Original Author ✿ Your唯 Eng Translator : Rinisnotgold Status : 15 chapters (Complete... More

Synopsis
အပိုင်း - ၁ [ U ]
အပိုင်း - ၁ [ Z ]
အပိုင်း - ၂ [ U ]
အပိုင်း - ၂ [ Z ]
အပိုင်း - ၃ [ U ]
အပိုင်း - ၃ [ Z ]
အပိုင်း - ၄ [ U ]
အပိုင်း - ၄ [ Z ]
အပိုင်း - ၅ [ U ]
အပိုင်း - ၅ [ Z ]
အပိုင်း - ၆ [ U ]
အပိုင်း - ၆ [ Z ]
အပိုင်း - ၇ [ U ]
အပိုင်း - ၇ [ Z ]
အပိုင်း - ၈ [ U ]
အပိုင်း - ၈ [ Z ]
အပိုင်း - ၉ [ U ]
အပိုင်း - ၉ [ Z ]
အပိုင်း - ၁၀ [ U ]
အပိုင်း - ၁၁ [ U ]
အပိုင်း - ၁၁ [ Z ]
ဇာတ်သိမ်းပိုင်း [ U ]
ဇာတ်သိမ်းပိုင်း [ Z ]
Extra 1 [ U ]
Extra 1 [ Z ]
Extra 2 [ U ]
Extra 2 [ Z ]
Extra 3 - ပထမပိုင်း [ U ]
Extra 3 - ပထမပိုင်း [ Z ]
Extra 3 - ဒုတိယပိုင်း [ U ]
Extra 3 - ဒုတိယပိုင်း [ Z ]

အပိုင်း - ၁၀ [ Z ]

878 104 6
By simply_because99

【 Zawgyi 】

                                 (188)

ငါ တစ်ဖက်သတ်ယုံကြည်ထားတယ်။
ရွှယ်ယောင်ကျူ့က ငါ့လိုအရူးနဲ့တွဲမိတာကို
နောင်တရလိမ့်မယ်လို့။ အခု သူက ငါနဲ့ပြတ်စဲဖို့
နည်းလမ်းတွေကြံဆနေတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် ငါက စိတ်အခြေအနေသိပ်မကောင်း
တော့၊ ရွှယ်ယောင်ကျူ့က စိုးရိမ်တာဖြစ်လိမ့်
မယ်။ငါ သူ့ကိုလမ်းခွဲမပေးမှာ၊ ဒါမှမဟုတ် ငါ
တိုက်ခိုက်မှာကိုပေါ့။ အကယ်၍ ရွှယ်ယောင်ကျူ့
ကို ထိခိုက်အောင်လုပ်ပြီးမှ၊ တရားရုံးရောက်တော့
ငါ အရူးတစ်ယောက်ပါလို့ပြောလိုက်ရင်၊
ငါ့ကို ဥပဒေအရ အရေးယူဖို့မဖြစ်နိုင်ပေဘူး!
ဒါကြောင့် ရွှယ်ယောင်ကျူ့က ငါ့ကို အရင်ဆုံး
ဖြတ်ချင်တာ! သူ ကြေးစားသမားတွေကိုငှားပြီး
ငါ့ကို လုပ်ကြံနိုင်တယ်! ဒီသဘောတရားမှာ
ဟာကွက်မရှိဘူး!

                               (189)

ရွှယ်ယောင်ကျူ့ အတိတ်ဘဝတုန်းက
ဘာမကောင်းမှုကိုလုပ်ခဲ့လို့...ငါ့လိုရည်းစားမျိုးနဲ့ဆုံစည်းပါလိမ့်။

                               (190)

ရွှယ်ယောင်ကျူ့က ငါ့ကို အဲ့လိုနာကျင်စေမှာ
မဟုတ်ဘူး၊ ဒါက ငါ့ခေါင်းထဲမှာ တစ်ချိန်လုံး
ရှိနေတဲ့အရာ။

ဆိုပေမယ့် ငါ ​စိုးရိမ်နေတုန်းပဲ( ဒီအတိုင်း
ကြောက်နေမိရုံ )

ဒါကြောင့် ငါ ဒီကိစ္စကို အလေးအနက်တွေးကာ
သူ့ကို သဲလွန်စတွေပေးဖို့ဆုံးဖြတ်လိုက်တယ်။
တကယ်လို့ ရွှယ်ယောင်ကျူ့က ငါ့ကိုလမ်းခွဲရင်
တောင်၊ ငါ သူ့ကို သေချာပေါက် အနှောင့်အယှက်
ပေးမှာမဟုတ်ဘူးလို့။ ဒါကြောင့် ကျေးဇူးပြုပြီး
ငါ့ကို မထိုးကြိတ်ပါနဲ့။ ငါ စိတ်ရင်းနဲ့တောင်းပန်တဲ့
အထိမ်းအမှတ်အဖြစ် ရွှယ်ယောင်ကျူ့ကို
အာဟာရဖြစ်စေမယ့် အစားအစာတွေနဲ့
ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေဝယ်ဖို့
ပိုက်ဆံနည်းနည်းပေးနိုင်သေးတယ်နော်။

ရွှယ်ယောင်ကျူ့က ငါ့ကို ဖုန်းပြန်ခေါ်တယ်။

"ဒီနှစ်ရက်မှာ၊ ငါ-ငါ နည်းနည်း အလုပ်ရှုပ်နေလို့၊
ဒီညတော့ ငါ အိမ်ပြန်လာဖြစ်မယ်၊ ဒါ-ဒါကြောင့်
ကိစ္စတွေနဲ့ပတ်သက်ပြီး၊ အ-အတွေးမလွန်နဲ့"

"ဆောရီး"

"အ-အလုပ်များနေတဲ့သူက ငါလေ၊ ငါလည်း
တောင်းပန်ပါတယ်၊ ကျန်းချွမ်ရဲ့ကိစ္စတွေကို
ဖြေ-ဖြေရှင်းနေတုန်းပဲ၊ မကြာခင် ပြီးလိမ့်မယ်"

ငါ 'ဆောရီး'လို့ထပ်ပြောပြီး ဖုန်းချလိုက်တယ်။

ငါ့လိုလူမျိုးနဲ့ ပတ်သက်ခိုင်းမိတဲ့အတွက်
တောင်းပန်ပါတယ် ရွှယ်ယောင်ကျူ့။

ငါ ဆက်လက်ရပ်တည်နေထိုင်တာက တန်ဖိုး
သိပ်မရှိသလိုပဲလို့ ထင်ရတယ်။ ငါ့ညီလေးနဲ့
ညီမလေးအတွက် ကျောင်းလခကို ထောက်ပံ့ပေးတာကလွဲရင် ငါ အခြားဘယ်သူ့ကိုမှ အကျိုးမဖြစ်စေဘူးလေ။ ဒါ့အပြင် အကယ်၍ ငါ ဒီမှာမရှိခဲ့ရင်
ညီလေးနဲ့ညီမလေးက အဘိုးနဲ့အတူနေပြီး
ချမ်းသာတဲ့ဘဝကို စံစားနိုင်မှာ။

                              (191)

ငါ အလုပ်ပြီးတဲ့အချိန်ထိ စိတ်ပျက်အားလျော့ကာ
မစုစည်းနိုင်ဖြစ်နေခဲ့တာ။ ငါ ကားမှတ်တိုင်ကို
မရောက်ခင်၊ ကားတစ်စီးက ငါ့ဘေးမှာ ကျွီခနဲ
ဆွဲရပ်သွားတယ်။ ကားထဲမှလူက ပြတင်းမှန်ကို
ချကာ အားပါးတရပြုံးပြပြီး၊ ကားတံခါးဖွင့်ရင်း
ဆိုလိုက်တယ်။

"ဟယ်လို၊ ငါက ကျုံးယွီပါ"

ကျုံးယွီက ဘယ်သူတုံး။

အာ ဟုတ်သားပဲ...
ရွှယ်ယောင်ကျူ့ရဲ့ရည်းစားဟောင်းလေ။
ရွှယ်ယောင်ကျူ့ကတော့ ဒီလူအကြောင်းကို
ဝန်ခံချင်မှာမဟုတ်ဘူး။

ငါ ခြေလှမ်းအနည်းငယ်ဆုတ်ကာ နောက်လှည့်ပြီး
ထွက်ပြေးတော့တယ်။

ကျုံးယွီက ငါ့လက်တစ်ဖက်ကိုလှမ်းဆွဲရင်း
ပြောလိုက်တယ်။
"ငါတို့ စကားခဏပြောရုံတင်၊ စိတ်မပူပါနဲ့၊
ငါတို့အားလုံးက လူကောင်းတွေပဲကို"

ငါ အရင်ကတည်းက ကြိုပြောပြီးသားနော်!
ငါ ကိုယ့်ကိုယ်ကိုယ်ညှဉ်းပန်းမိတဲ့ အကြောက်လွန်စိတ်ရောဂါရှိနေရုံ၊ အပြည့်အဝရူးသွပ်နေတာ
မဟုတ်ဘူး!!!

ဒါပေမယ့် ဒီလူ့ကိုကြည့်ရတာ ပိုက်ဆံချမ်းသာပုံ။
ဘော်ဒီဂတ်တွေကို ခေါ်လာနိုင်တယ်ဆိုတော့
ဘော့စ်ပေါ့။

ငါ ချမ်းချမ်းသာသာနေခဲ့ရတဲ့အချိန်ကို
ပြန်စဉ်းစားမိတယ်...အဲဒီတုန်းကဆိုရင် ငါ့မှာ
ဘော်ဒီဂတ်ရှိဖို့မပြောနဲ့၊ ကိုယ်ပိုင်ဒရိုင်ဘာကိုပဲ
ခန့်ထားခဲ့တာ။ ဒါ့ပြင် ထိုဒရိုင်ဘာက လာဘ်စား
ပြီး၊ ငါ့ကိုပြန်ပေးဆွဲတဲ့လူတွေနဲ့ ပူးပေါင်းကြံစည်
ခဲ့သေးတယ်။

ဟဟ၊ despacito ကိုပဲ ဖွင့်ထားလိုက်တော့။

ဒါက သြဇာလုံလုံလောက်လောက်မပြည့်စုံခြင်း
ရလဒ်ပဲ။ ကြည့်ရတာ ငါ့မှာ အဓိကဇာတ်ကောင်ရဲ့
ဘဝမျိုးရှိပုံမပေါ်ဘူး။

ဒီဇာတ်လမ်းမှာ ငါ့အစ်ကိုကြီးက တကယ်တော့
အဓိကဇာတ်ကောင်ဖြစ်နေမလားလို့ ငါ သံသယရှိ
မိတယ်။ အစ်ကိုကြီးက အဲဒီဇာတ်ကောင်နေရာနဲ့
အလိုက်ဖက်ဆုံးပဲ။ ကြည့်လေ။ ငါ့အစ်ကိုက
အရပ်ရှည်၊ယောက်ျားပီသကာ ချမ်းသာတဲ့အပြင်
ရေခဲလိုအေးစက်စက်နဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့
CEO type ကြီး။ ဒါ့ပြင် အစ်ကိုကြီး ငယ်စဉ်ကတည်းက မိသားစုနောက်ခံမှာ ဒုက္ခများခဲ့တယ်။
ပြီးတော့ လက်စားချေဖို့ နက်နက်ရှိုင်းရှိုင်း
မှတ်သားခဲ့ရပြီး တိတ်တိတ်လေးကြံစည်ရင်း၊ ကုမ္ပဏီကိုသိမ်းပိုက်ကာ ထိပ်တန်းမှာ အားလုံးအဆုံးသတ်နိုင်ခဲ့တာ။ ဘယ်လိုတောင် ကျေနပ်အားရစရာကောင်းတဲ့ဇာတ်လမ်းလဲ။ ဒါ့အပြင်
အစ်ကိုကြီးက ငါ့လိုမကောင်းဆိုးဝါးကို
ကြင်နာသက်ညှာခဲ့သေးတယ်။ အခု အားလုံးထဲမှာ
တစ်ခုတည်းသောကျန်ရှိနေတာက အစ်ကိုကြီးရဲ့
လက်တွဲဖော် ထွက်ပေါ်လာဖို့ပါပဲ။

                              (192)

ကျုံးယွီက ငါနဲ့စကားပြောဖို့ကို ပြင်းပြင်းထန်ထန်
'အလိုရှိ'နေတယ်။

ငါကတော့ အတူစကားပြောဖို့အတွက်
လူအများကြီးထူထပ်တဲ့နေရာကို အသည်းအသန်
လိုအပ်နေပြီ။

ဒီလိုနဲ့ပဲ ငါတို့နှစ်ယောက်သား
fast food ရောင်းတဲ့စားသောက်ဆိုင်ကိုသွားပြီး ကြက်ကြော်စားဖြစ်ကြတယ်။

အဲ..တကယ်တော့ ငါပဲ အများဆုံးစားတာပါ။

လတ်တလောမှာ ငါ သိပ်မစားနိုင်ခဲ့ဘူးလေ။
ဒါ့ပြင် ကယ်လိုရီများပြီး တအားအရသာရှိတဲ့
အသင့်အစားအစာမျိုးကို ငါ မက်မောတောင့်တ
နေခဲ့တာ။ ငါ ညလယ်ခေါင်ကြီးနိုးလာတတ်ကာ
လမ်းဘေးမှာရောင်းတဲ့ တုတ်ထိုးအသားကင်
ဆိုင်ဆီ သွားစားဖို့အကြိမ်ကြိမ်ဆန္ဒရှိမိတယ်။
နောက်ပြီး ရွှယ်ယောင်ကျူ့က ငါ့ကို အမြဲလိုလိုဖမ်းဆွဲရင်း lecture ရိုက်တော့တာပဲ။ ရေရှည်ကျန်းမာရေးအတွက် ကိုယ်တိုင်ဂရုစိုက်သင့်တဲ့အချက်တွေကို ဆင်ခြင်နှိုင်းဆဖို့ပေါ့။

ငါ မကြာခင် သေတော့မလိုခံစားရတယ်။ ဘဝက
ငါ့မျက်စိရှေ့မှာပဲ ပြက်ခနဲဖြစ်နှင့်ပြီလေ။

                              (193)

ကျုံးယွီက fast food ကိုကြိုက်မယ့်ပုံမဟုတ်တာ
သိသာတယ်။ သူက ငါစားတာကိုပဲ ကြည့်နေတာ။
ပြီးနောက် စာအိတ်တစ်အိတ်ကို ငါ့ဆီ
ကမ်းပေးတယ်။

ငါ တော်တော်လေးသတိထားပြီး မေးလိုက်တယ်။
"လူကြီးမင်း၊ ကျွန်တော့်ကို ငွေပေးဖို့မလိုပါဘူး၊
လူကြီးမင်းနဲ့ရွှယ်ယောင်ကျူ့တို့ကြားမှာ
ဘာကိစ္စပဲရှိပါစေ၊ ကျွန်တော် ဝင်စွက်ဖက်မှာ
မဟုတ်ဘူး"

ကျုံးယွီက ပြုံးပြီး ဆိုလိုက်တယ်။
"ဒါ ငွေမဟုတ်ဘူး၊ ဓာတ်ပုံတွေ"

                               (194)

လျှပ်တစ်ပြက်အတွင်း ငါ ဘဝတစ်ခုလုံးကို
စိတ်ကူးနဲ့ ပြန်ရှင်သန်ကြည့်ပြီးနောက်၊ တကယ် သေချာပေါက်ကြုံတွေ့လိုက်ရတယ်။ မသေခင်
လက်ရှိအချိန်မှာ နောက်ဆုံးအနေနဲ့ ပိစိလေး
သက်တောင့်သက်သာဖြစ်လိုက်တာကိုပေါ့။
ဟုတ်တယ်မလား? လောလောဆယ်တော့ ငါ
ကြက်ကြော်တစ်တုံးကိုက်ရင်း နင်ပြီး သေမလို
ဖြစ်နေပြီလေ။

                               (195)

ငါ ကြက်ကြော်ကို ပြန်ချထားကာ အလွန်
တည်ငြိမ်စွာ မေးလိုက်တယ်။
"ဘာဓာတ်ပုံတွေလဲ"

"မင်း တစ်ချက်ကြည့်လိုက်တာနဲ့ တန်းသိမှာပါ"

ငါ စာအိတ်ကိုဖွင့်ကြည့်လိုက်တယ်။ အထဲမှာ
ရှိနေတာက ငါ့ညီလေးနဲ့ညီမလေးရဲ့ဓာတ်ပုံတွေပဲ။

ကျုံးယွီက ပြုံးပြီးနောက် မေးလိုက်တယ်။
"အခုမှ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်ပြီ
မလား?"

ငါ ပြောလိုက်တယ်။
"ဘာကိုဆိုလိုချင်တာလဲ ကျွန်တော်မသိဘူး၊
လူကြီးတွေရဲ့ဆက်ဆံရေးပြဿနာအရှုပ်အရှင်းက
ကျွန်တော့်ညီလေး၊ညီမလေးတွေနဲ့ ဘာဆိုင်လို့လဲ..
တကယ်တော့ ဒီကိစ္စက ကျွန်တော်နဲ့လည်း
မပတ်သက်ဘူး၊ ကျွန်တော့်ကိုခြိမ်းခြောက်ဖို့
ညီလေးနဲ့ညီမလေးကို အသုံးချတာမျိုးမလုပ်တာ
အကောင်းဆုံးပဲ၊ လူကြီးမင်း ဒီလိုကြံစည်နေတယ်
ဆိုရင် ကျွန်တော်တို့ ထပ်ပြောစရာအကြောင်းမရှိ
တော့ဘူး"

AHHHHHHHHHHH!
အမှန်တော့ ငါ တကယ်ကို သေလောက်အောင်
ကြောက်ရွံ့တုန်လှုပ်နေမိပြီ။ အားးးးးးးး
မင်းတို့ ငါ့ညီလေးနဲ့ညီမလေးကို ဒီအတိုင်း
နေခွင့်ပေးလို့မရဘူးလား?! သူတို့က အခုမှ
ကလေးအရွယ်ပဲရှိသေးတာ!!!

ကျုံးယွီက ထပ်ပြုံးတယ်။
"မင်း အထင်လွဲနေပါပြီ၊ ငါတို့အားလုံးက
သိက္ခာရှိတဲ့လူကြီးလူကောင်းတွေလို့ ပြောပြီးသား
မဟုတ်လား"

"ဒါဆို လူကြီးမင်း ဘာကိုဆိုလိုချင်နေတာလဲ"

ကျုံးယွီက ပြောတယ်။
"ဘာကိုမှ ထူးထူးခြားခြားမဆိုလိုပါဘူး၊ ငါတို့ စကားပြောဖို့အတွက် အကြောင်းပြချက်ရှာရုံတင်၊
ရွှယ်ယောင်ကျူ့က ပြောတယ်၊ မင်းက သိပ်ကို
စိတ်ဝင်စားစရာကောင်းတဲ့လူဆိုပဲ၊ ဒါကြောင့်
ငါကိုယ်တိုင် လာပြီးကြည့်ကြည့်တာ၊ ဆိုပေမယ့်...
ဒီလိုပြောတာ ရိုင်းသွားရင်လည်း ခွင့်လွှတ်ပါ၊
မင်းက လုံးဝ စိတ်ဝင်စားဖို့မကောင်းဘူးနော်"

ဒီလူ ရည်ညွှန်းတဲ့ စိတ်ဝင်စားစရာကောင်းတယ်
ဆိုတာကို မကောင်းဆိုးဝါးပဲ သိလိမ့်မယ်။

ကျုံးယွီက ​ဆိုတယ်။
"ငါကြားတာတော့..မင်း စကားပြောတဲ့အခါ
တကယ်ရယ်စရာကောင်းပြီး တစ်မူထူးတယ်ဆို? ဒါက တော်တော်လေးကို ရယ်ရတဲ့အတွက်
မသိရင် crosstalk သရုပ်ပြနေတဲ့အတိုင်းပဲတဲ့"

[ crosstalk = ဟာသဥာဏ်ရွှင်သော
စကားဆိုနည်း၊ ချက်ကျလက်ကျပြောဆိုခြင်း ]

ငါ ပြန်ပြောလိုက်တယ်။
"အာ...ရွှယ်ယောင်ကျူ့က တခြားတစ်ယောက်နဲ့
ရောသွားပုံပေါ်တယ်၊ ငါ တကယ်ကို crosstalk
ကြည့်ရတာ မကြိုက်ဘူး"

ကျုံးယွီက ပြောတယ်။
"ငါ့ကို ရွှယ်ယောင်ကျူ့ပြောတာ မဟုတ်ဘူး၊
မင်းကိုသိတဲ့တခြားလူတစ်ယောက်ဆီကနေ
ကြားထားတာ၊ တကယ်ပါပဲ၊ မင်း ငါ့ကို လုံးဝ
မမှတ်မိဘူးကိုး၊ ငါက မင်းအစ်ကိုကြီးရဲ့
အတန်းဖော်လေ"

ငါ : "............."

ဒါ ပုံမှန်ဇာတ်ညွှန်းအတိုင်းသွားမယ်ဆိုရင်
ကျုံးယွီက ငါ့အစ်ကိုကြီးကို crush တာဖြစ်ရမှာ!
 
                              (196)

ကျုံးယွီက သူ့နောက်ကြောင်းကို ဖော်ကောင်လုပ်ဖို့
အလွန်အမင်း စိတ်အားထက်သန်နေပုံပေါ်တယ်။
အကြောင်းရေရေရာရာမရှိဘဲ ကျုံးယွီက
သူနဲ့ရွှယ်ယောင်ကျူ့ရဲ့အတိတ်အကြောင်းကို
တစ်ခုမကျန်၊ အကုန်အစင်ပြောပါလေရော။
အကျဉ်းချုပ်ပြောရမယ်ဆိုရင် အတိတ်ကာလမှာ
ငါနဲ့ရွှယ်ယောင်ကျူ့တို့ တစ်တွဲတွဲခဲ့ပြီး
ရွှယ်ယောင်ကျူ့ကို ငါ့အိမ်ဆီခေါ်လာတုန်းက
စတင်အခြေခံတာပဲ။ ထိုစဉ်က စမ်းသပ်ချက်
တစ်ခုခုလုပ်ဖို့၊ မဟုတ်ရင် ရီပို့တင်ဖို့အတွက်
အစ်ကိုကြီးက ကျုံးယွီအပါအဝင် သူ့အတန်းဖော်တစ်သိုက်ကို အိမ်ခေါ်လာခဲ့တယ်။ အဲဒါမှာ ငါတို့နဲ့ မတော်တဆတိုက်ဆိုင်စွာ တွေ့ဆုံခဲ့တာပဲ။

အဲဒီနောက် လူတိုင်းက တစ်ချိန်တည်းမှာ
ထွက်သွားဖို့လုပ်ကြတာမို့၊ ကျုံးယွီ ဆုံးဖြတ်ခဲ့
တယ်။ ကိုယ်ပိုင်ဒရိုင်ဘာဆီကနေ ထွက်ပြေးပြီး
အစောပိုင်း relationship ကို စတင်ဖို့ပေါ့။
ဒါပေမယ့် နောက်ပိုင်းမှာ ကျုံးယွီက ဆိုးသွမ်းတဲ့လူငယ်တွေနဲ့ပဲ ကြုံကြိုက်တော့တယ်။

ကျုံးယွီက မင်းသမီးလေးလိုအကျင့်စရိုက်မျိုး
နည်းနည်းရှိတာမို့၊ ဆိုးသွမ်းလူငယ်တွေ
ငွေညှစ်တဲ့အခါ သူ လွယ်လွယ်မပေးချင်တာ
အထင်အရှားပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက
သူ့ဂုဏ်သိက္ခာကို အလွန်ထိခိုက်ပျက်ပြားစေနိုင်တယ်လေ။ ဒါကြောင့် ကျုံးယွီတစ်ယောက်
အဲဒီဆိုးသွမ်းလူငယ်တွေဆီမှာ အရိုက်ခံရဖို့ပဲ
ရှိတော့တယ်။

ထိုအခိုက်အတန့်မှာ ရွှယ်ယောင်ကျူ့က
prince charming လိုမျိုး ရောက်လာပြီး
ကျုံးယွီကို ကယ်တင်ခဲ့တယ်။

[ prince charming = ဒီနေရာမှာ သုံးထားတဲ့
အဓိပ္ပါယ်ကတော့ 'အလှလေးကို ကယ်တင်မယ့်
သူရဲကောင်း' ]

ဇာတ်လမ်းလေးက ဒါပါပဲ။

အိုး..အဲဒီမှာ အဆက်ရှိသေးတယ်။

ထိုနောက်ပိုင်း ကျုံးယွီက သူ့အဖေကိုပြောပြီး
ရွှယ်ယောင်ကျူ့တက္ကသိုလ်တက်ဖို့၊ လုပ်ငန်း
လုပ်ဖို့အတွက် အထောက်အပံ့ပေးခဲ့တယ်။ ဒီလို
စပွန်ဆာပေးရင်း၊ပေးရင်း...ဆက်ဆံရေးက
ပြောင်းလဲသွားပြီး ရွှယ်ယောင်ကျူ့နဲ့ကျုံးယွီက
တွဲဖြစ်ခဲ့တယ်။ ဒါ့ပြင် ကျုံးယွီရဲ့အဖေက
နဂိုကတည်းက ကိုယ့်အခြေအနေကိုယ်
တော်တော်ဖျက်ဆီးတတ်ပုံပေါ်ရဲ့။ အမှန်လည်း သားဖြစ်သူကျုံးယွီက ကောင်လေးတွေကိုပဲ
ရည်းစားထားလေ့ရှိတော့၊ ရွှယ်ယောင်ကျူ့နဲ့
တွဲတာကို ဘာကြောင့် ခွင့်မပြုရမှာလဲနော်? အနည်းဆုံးတော့ ရွှယ်ယောင်ကျူ့က တကယ်ယုံကြည်အားထားချင်စရာကောင်းပြီး တည်ငြိမ်သေးတယ်။

အဲဒီနောက် ရွှယ်ယောင်ကျူ့က ငါနဲ့အတူ
ထွက်ပြေးသွားတယ်လေ။

                              (197)

တကယ့်အမှန်တရားကို ငါ သေချာမသိဘူး။
ဘာကြောင့်လဲဆိုတော့ ရွှယ်ယောင်ကျူ့က
ပြောမှာမဟုတ်လို့။ ရွှယ်ယောင်ကျူ့ပြောဖူး
တာတော့..ကျုံးယွီက ရူးနေတာဆိုပဲ။ ဒါကြောင့်
ငါ ကျုံးယွီကို အာရုံစိုက်စရာမလိုဘူးတဲ့။

                             (198)

ကျုံးယွီက စကားပြောလို့လည်း ပြီးရော၊
ငါ့ကိုစိုက်ကြည့်ရင်း ကြော့ကြော့မော့မော့
ပြုံးပြတယ်။

ဆိုတော့ အခုချက်ချင်း ငါ ဘာလုပ်သင့်သလဲ?
ပြောကြည့်ပါဉီး၊ လူကြီးမင်းရဲ့ဇာတ်လမ်းက
တကယ်စိတ်ထိခိုက်စရာကောင်းလွန်းလို့
ငါ့ဘက်ကနေစပြီး relationship ကိုပြတ်စဲဖို့
ဆုံးဖြတ်လိုက်ပြီ။ ဒါပေမယ့် ရွှယ်ယောင်ကျူ့က
သူ့ခြေထောက်သူပိုင်တာမို့၊ ငါ သူ့အပြုအမူကိုထိန်းချုပ်မရခဲ့ရင် ကျေးဇူးပြုပြီး လူကြီးမင်းက
သူ့ကို တာဝန်ယူပေးပါ။ ဒီနည်းက သိပ်ကို
ရန်ငြိုးထားခံရနိုင်တာ။ ငါ အရိုက်ခံရမှာကိုတော့
ကြောက်တယ်နော်။

ဆိုပေမယ့် ဘာမှမပြောဘဲနေရင်၊ ဒါမှမဟုတ်
တစ်ခုမှမ​ဖော်ပြရင်လည်း ဆိုးရွားတယ်လို့
ထင်ရနိုင်တာ။

ငါ သတိထားလျက် မေးလိုက်တယ်။
"ဆိုတော့ လူကြီးမင်းက ဒါနဲ့ပတ်သက်ပြီး ဘာကိုရည်ညွှန်းချင်တာလဲ"

ကျုံးယွီက ပြန်ဖြေတယ်။
"ငါ ဘာကိုမှမရည်ညွှန်းဘူး၊ မင်းကို ပြောပြချင်ရုံ၊
ဒါအကုန်ပါပဲ"

ဟုတ်ပြီ။ /bullshit/

                                (199)

ထိုအခိုက်မှာ ရွှယ်ယောင်ကျူ့က ငါ့ကို ဖုန်းခေါ်
လာတယ်။
"မင်း-မင်း ကျုံးယွီနဲ့၊ အ-အတူရှိနေတာ၊
ဟုတ်တယ်မလား"

ငါ သူ့ကိုမေးလိုက်တယ်။
"မင်း ဘယ်လိုသိတာလဲ"

ရွှယ်ယောင်ကျူ့က ​ဆိုတယ်။
"ဘယ်ကိုမှ မသွားနဲ့ဉီး၊ ငါ-ငါ မင်းကို၊
လာခေါ်လိုက်မယ်"

Ohhhhhh....အချစ်ပြိုင်ဘက်တွေကြားက
တိုက်ပွဲလာတော့မှာပေါ့!

ကြောက်စရာကြီး။ သိပ်ကြောက်ဖို့ကောင်းတယ်။
ငါ ကြောက်တယ်၊ ငါ ​စိုးရိမ်တယ်။ ငါ အိမ်ပြန်ချင်လာပြီ။

ငါ ပြောလိုက်တယ်။
"မလိုဘူး ကျေးဇူးပဲ"

ငါ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကျုံးယွီက
ပြုံးပြီး ပြောလာတယ်။
"ရွှယ်ယောင်ကျူ့ကို ဒီနေရာဆီ လာခိုင်းလိုက်ပါ၊
အပြင်မှာ မှောင်နေပြီလေ၊ မင်းတစ်ယောက်တည်း
ပြန်ရင် လုံခြုံမှာမဟုတ်ဘူး"

ဒါက ပိုပြီးတောင် ကြက်သီးထဖို့ကောင်းတယ်။

အစ်ကိုကြီးရေ...
ကျွန်တော့်ကို လာကယ်ပါဉီး။ ahhhhhhhh! အစ်ကိုကြီးပြောတာကို ယုံပါပြီ!
ကျွန်တော် ဘယ်သူ့ကိုမှမတွဲချင်တော့ဘူး!
ကျွန်တော် ဘုန်းကြီးဝတ်ပစ်လိုက်မယ်!
ဘုန်းကြီးရဲ့နောက်ကို ဘယ်သူမှမလိုက်လောက်
ပါဘူး၊ ဟုတ်တယ်ဟုတ်?!

                               (200)

အဲ...ဒါပေမယ့် ငါ တက္ကသိုလ်ကနေ ဘွဲ့မရသေး
ဘူးလေ။ အခုခေတ်မှာ ဘုန်းကြီးဝတ်ဖို့ဆိုရင် ကြိုတင်လိုအပ်တဲ့အရာရှိတယ်လို့ ပြောကြတာ။ မဟာဘွဲ့ရပြီးသားလူကိုပဲ ဘုန်းကြီးဝတ်ခွင့်ပေး
မှာတဲ့။

ငါ့ကိုပြောစမ်း၊ ငါ ဆက်ပြီးအသက်ရှင်နေလို့
ဘာတန်ဖိုးရှိနိုင်ဉီးမလဲ?!

✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧

Continue Reading

You'll Also Like

13.9K 1.6K 23
လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ❄️ native title...
27.3K 3.3K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
785K 25.5K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
676K 101K 171
Zawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မေ...