Only you (Complete)

By wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... More

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*24*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*17*

1.3K 136 16
By wintshweyi

Unicode

"ဂျင်~ ဂျင်~ ဂျင်~ ဂျင်"

"ဟ လာပီဟ အရူးလိုစွတ်အော်မနေနဲ့!!!"

နေမကောင်းတာကိုအသုံးချရင်း နမ်ဂျွန်းတယောက် ဂျင့်ကိုခိုင်းစားနေခြင်းဖြစ်သည်.. ဂျင်ကလည်းစိတ်ရှည်တဲ့သူဆိုတော့အမြဲကတ်ကတ်လန်အောင်ပင်ရန်ပြန်တွေ့တတ်သည်...

"ရော့.. ဒီမှာ အဲတာကိုမြိုပီးအပေါက်ပိတ်လိုက်တော့"

ဂျင် chess cakeကိုနမ်ဂျွန်းရှေ့ကိုတွန်းပို့ပေးလိုက်သည်.. နမ်ဂျွန်းကလည်း7ရက်လောက်ငတ်နေတဲ့သူလိုမျိုးမြိန်ရည်ရှက်ရည်ကိုစားသည်..

"ကောင်းလိုက်တာ နောက်လဲထပ်လုပ်ကျွေးနော် ဒါနဲ့လေဒီကိတ်က....."

"ခင်များကိုအပေါက်ပိတ်ထားလို့ပြောတယ်မလား ကမ်နမ်ဂျွန်း"

အဆက်မပြတ်စကားပြောနေသည့်နမ်ဂျွန်းကို ဂျင်စိတ်မရှည်စွာအော်ငေါက်လိုက်သည်.. အများသူငှာကြားရင်ဖြင့် CEO ယောက်သောသူရဲ့အအော်အငေါက်ကြောင့်ထိုင်ငိုမတတ်ဖြစ်နေတာကို အော်ရီမိကြလိမ့်ပေမည်..

"ဒါနဲ့ ဒီchess cakeက..."

"ပါးစပ်ပိတ်ထားစမ်းပါ.. ခင်များ Englishလိုပြောရင် ကျွန်တော့မျက်နှာတံထွေးစင်လွန်းလို့ပါ..."

"ဒါပေမဲ့ ကိုယ်က..."

"အခု ပါးစပ်မပိတ်ရင် နောက်တခါ chess cakeတော့မရဘူး... အိမ်သာထဲက-ျီးကိတ်တော့ရမယ်သိလား"

ကမ်နမ်ဂျွန်းလေး အပေါက်လေးကိုပိတ်ကာ ရှေ့ကကိတ်မှန့်ကိုသာပြောင်အောင်စားလိုက်တော့သည်..

'ဒီလူနဲ့တကယ်ပဲ.. အသက်မကြီးသေးပဲသူငယ်ပြန်နေတာလား.. နေမကောင်းဖြစ်ကတည်းကငါ့နားမှာကလေးကျနေတာပဲကပ်နေတာ.. မသိရင် ငါ့မှာကလေးအမေကြီးကျလို့"

ထိုကောင်လေးသိပါရဲ့လား.. အခုသူ့ရှေ့မှာကလေးတယောက်လိုဖြူစင်နေတဲ့သူကတခြားသူတွေအတွက်ဆိုရင်နတ်ဆိုးတကောင်လိုကြောက်စရာကောင်းနေတတ်တယ်ဆိုတာကို....
.
.
.
.
.
.
.
.
"သခင်လေး!!"

ဂျင် နမ်ဂျွန်းဗီဒိုကိုဘာရယ်မဟုတ် လျှောက်ကြည့်နေတုန်းရှိသေးတယ်... အိမ်တော်ထိန်းအဒေါ်ကြီးရဲ့အသံကြောင့်နောက်ကိုလှည့်ကြည့်လိုက်သည်...

"Bossက ဒီဗီဒိုကိုဘယ်သူထိတာမှမကြိုက်လို့ပါ"

ဂျင်လည်းဘာမှဆက်မပြောချင်တော့၍ခေါင်းကိုသာအသာငြိမ့်ပြလိုက်သည်.. သူများဟာတွေကိုစပ်စပ်စုစုလုပ်နေရအောင်လဲ ကမ်ဆော့ဂျင်တို့ကအားအားယားယားဟုတ်မနေ... ဒါပေမဲ့သာမန်ဗီဒိုလေးတခုကိုဘာကိစ္စဇီဇာကြောင်နေသလဲဆိုတာကိုတော့သိချင်မိသည်...

အကယ်၍ အဲဒီကောင်လေးသာ ထိုဗီဒိုကိုဖွင့်ကြည့်ခဲ့မယ်ဆိုရင် သွေးတွေစွန်းနေတဲ့ အနီရောင်၀တ်စုံလေးတစ်ထည်နဲ့အတူ အနောက်တိုင်း၀တ်စုံကိုပါတွေ့မြင်နိုင်ခဲ့ပေလိမ့်မည်..
.
.
.
.
.
.
.
"ဟယ်ဆူ!!"

မိမိကို ဟယ်ဆူလို့ခေါ်တဲ့လူတယောက်ကြောင့် ဂျီမင့်ခြေလှမ်းတွေရပ်တန့်သွားမိသည်.. ဟုတ်ပါသည် ပတ်ဂျီမင်ဆိုတဲ့ထိုသူဟာ ကမ်ဟယ်ဆူဆိုတဲ့နာမည်လေးကိုကြားရုံနဲ့တင်အားနာစိတ်ကြောက်စိတ်တွေနဲ့အတူ သိမ်ငယ်စိတ်တွေ၀င်နေရတဲ့လူငယ်လေးတဦးပါ..

"ဟယ်ဆူ!!!"

ဂျီမင် နောက်ကိုအသာလှည့်ကြည့်လိုက်တော့သူ့ကိုခေါ်နေတဲ့သူကဂျန်းကု.... ဂျီမင် ဂျန်းကုကိုမြင်ဖူးပါသည်... ထို့အတူနမ်ဂျွန်းနဲ့ဂျန်းကုမပြေလည်တာကိုလည်းသိပါသည်... ကမ်ဟယ်ဆူရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သည်ကိုလည်းသိပါသည်...

"ကျွန်တော်က ကမ်ဟယ်ဆူမဟုတ်ပါဘူး"

"သိပါတယ်"

"ဗျာ??"

ဂျီမင် အံ့ဩမိသွားတယ်.. အကယ်၍သိနေသည်ဆိုလျှင်လည်း ဘာကိစ္စကြောင့် သူ့ကိုကမ်ဟယ်ဆူလို့ခေါ်နေရသေးပါသလဲ..

"အကယ်၍ မင်းသာသူ့ရဲ့နာမည်ကိုကြားရင် အနည်းငယ်များရှက်ရွံ့အားနာစိတ်ဖြစ်မလားလို့ခေါ်ကြည့်လိုက်တာပါ ပတ်ဂျီမင်.. မင်းသူ့ကိုသတ်ရုံတင်အားမရလို့ သူ့မျက်နှာကိုပါယူထားတာ အတော်ကိုပျော်နေပါရဲ့လား..."

ဂျန်းကုရဲ့စကားများဟာ ဂျီမင့်ရဲ့အရှိုက်တည့်တည့်ကိုထိမှန်ခဲ့ပါသည်.. ဂျီမင့်ရဲ့မျက်၀န်းအိမ်မှာမျက်ရည်စတချို့ခိုတွဲလာလေသည်...

'ဟုတ်ပါတယ် ငါကပဲမကောင်းတဲ့သူပါ... ဒါပေမဲ့သူ့ရဲ့မျက်နှာကိုယူထားရလို့ငါပျော်နေတယ်လို့ဘာလို့ထင်ရတာလဲ.. ငါ့ဘ၀ကြီးတခုလုံးပျောက်ဆုံးသွားရသလိုပဲ.. ငါမှန်ကိုကြည့်တိုင်းငါ့မျက်နှာမဟုတ်တဲ့သူ့မျက်နှာကိုကြည့်တိုင်း အားနာလွန်းလို့ရူးမတတ်ပဲ.. အခုဆိုရင် ငါ့ရဲ့ရုပ်အမှန်ကိုတောင်မမှတ်မိတော့ဘူး... ဒါပေမဲ့ငါဒီလိုလုပ်တယ်ဆိုတာသူ့ရဲ့ဘ၀ကိုခိုးယူချင်လို့မဟုတ်ပဲငါ့ချစ်တဲ့သူကိုငါ့ကြောင့်နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်သက်သာပါစေဆိုပီးလုပ်ခဲ့တာပါ... ဘာလို့ငါ့ကိုဘယ်သူမှနားမလည်ကြရတာလဲ...'

ဂျီမင် ဂျန်းကုကိုနှုတ်မဆက်ပဲပြေးထွက်လာခဲ့မိသည်... ပါးပြင်တလျှောက်မှာလည်းမျက်ရည်စီးကြောင်းများဟာနေရာယူနေလေသည်.. ဂျန်းကုကတော့ ဂျီမင့်ကိုကြည့်ရင်းသက်ပြင်းရှည်တခုကိုချလိုက်သည်.. ဂျန်းကုရဲ့ဘေးနားကို တစုံတယောက်ကယောက်လာပီးစကားစပြောလာသည်.. တနည်းအားဖြင့်ပြောရရင်ထိုသူ.... လူသတ်တရားခံဟုစွပ်စွဲခံရပီး ထောင်ထဲကို၀င်ခဲ့ရသည့်ထိုသူ.... သူ့ရဲ့နာမည်ကတော့..... suga ခေါ် Min yoongi.....!!!

"ဘလိုလဲ ငါပြောတဲ့အတိုင်းတထေရာတည်းပဲမလား"

ဂျန်းကု ခေါင်းငြိမ့်လိုက်မိသည်.. တကယ်တော့ ပတ်ဂျီမင်ဆိုတဲ့သူက ဟယ်ဆူရဲ့မျက်နှာပုံစံအတိုင်းခွဲစိတ်ပြုပြင်ထားသည်ကိုသူသိပါသည်.. ဒါပေမဲ့ဒီလောက်ထိတူနေလိမ့်မယ်လို့တော့မထင်ခဲ့မိ.. ထို့အတူအရင်ကပတ်ဂျီမင်ကိုလာမတွေ့ခဲ့ရသည့် အကြောင်းပြချက်က သူ့သူငယ်ချင်းဟယ်ဆူ့အပေါ်ကိုအားနာမိလို့.. သူသာနိုင်ငံခြားမသွားခဲ့ရင် ဟယ်ဆူကိုကာကွယ်ပေးနိုင်လောက်တယ်ဆိုတဲ့အားနာစိတ်ကြောင့်ကမ်ဟယ်ဆူနဲ့တူနေတဲ့ပတ်ဂျီမင်ကိုလာမတွေ့ရဲခဲ့တာပင်...

"သူလည်း သနားစရာတော့ကောင်းသား... တကယ်ဆိုသူကမေ့ဆေးနဲ့ဓာတ်မတည့်တော့ ခွဲစိတ်မှုကိုအစိမ်းသက်သက်ကြီးလုပ်လိုက်ရမှာပဲ..."

ဂျန်းကုရဲ့စကားကြောင့် ယွန်းဂီရဲ့မျက်ခုံးတွေတွန့်ချိုးသွားခဲ့သည်...

'ဒါဆိုရင်မင်းက ကမ်နမ်ဂျွန်းအတွက် ကိုယ့်ခန္ဓာကိုယ်ကအသားစတွေကိုဖြတ်ထုတ်ခံရတဲ့နာကျင်မှုကိုမေ့ဆေးမပါပဲခံခဲ့ရတာပေါ့.. ဒါတောင်မှသူကမင်းကိုဂရုမစိုက်ခဲ့ဖူးနော် မင်းအဲဒီတုန်းက ဘလောက်တောင်နာကျင်နေခဲ့လိမ့်မလဲ...'

အကယ်၍ ပတ်ဂျီမင်ဆိုတဲ့ကောင်လေးသာ မင်ယွန်းဂီရဲ့အတွေးတွေကိုသိခဲ့မယ်ဆိုရင် သူ့အပေါ်နားလည်ပေးတဲ့ထိုသူ့ကိုထိုင်ရှစ်ခိုးမိလောက်ပေမည်.. ထို့အတူအားနာမိလောက်ပေမည်... ထိုသူဟာသူ့ကြောင့်နဲ့ထောင်ထဲကို၀င်ခဲ့ရသည် မဟုတ်လား..
.
.
.
.
.
.
.
..........Namjin...... x........ jinkook........
ကဲ... သာသာတင်ပေးလိုက်ပီနော်... မျှော်နေကြတယ်မလား အဂျစ်တို့... ဒါနဲ့ထောင်ကလွတ်တဲ့သူကိုလည်းပြောပြပေးလိုက်ပီနော်🙄 ခန့်မှန်းတာမှန်တဲ့သူတွေရှိတယ်မလား..🤔 flash backလဲလာပါမယ်နော်... love you all💗
.....................................................................
Zawgyi

"ဂျင်~ ဂျင်~ ဂျင်~ ဂျင်"








"ဒါနဲ့ ဒီchess cakeက..."


"ဒါပေမဲ့ ကိုယ်က..."




.
.
.
.
.
.
.
.
"သခင်လေး!!"




.
.
.
.
.
.
.
"ဟယ်ဆူ!!"


"ဟယ်ဆူ!!!"



"သိပါတယ်"

"ဗျာ??"











.
.
.
.
.
.
.
..........Namjin...... x........ jinkook........
.....................................................................

Continue Reading

You'll Also Like

19.5K 2.5K 17
ဝေးရမှာကြောက်ရင် အနီးဆုံးမှာနေလေ ဟင့်အင်း တစ်နေ့နေ့တော့ဝေးကြရဦးမှာ ဝေးရမှာကြောက်ရင် အနီးဆုံးမှာနေလေေ ဟင့်အင်း တစ်နေ့နေ့တော့ ဝေးကြရဦးမှာ Uni+Zaw
5K 201 18
"My dream has finally come true! I can finally open my own flower shop!"
564K 12.6K 39
In wich a one night stand turns out to be a lot more than that.
4.3K 687 18
တွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေ...