𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦�...
By Daffodil_KJ
91.1K 10.4K 1.9K
တစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်... More
🐰 Episode - 1 🐹
🐰 Episode - 2 🐹
🐰 Episode - 3 🐹
🐰 Episode - 4 🐹
🐰 Episode - 5 🐹
🐰 Episode - 6 🐹
🐰 Episode - 7 🐹
🐰 Episode - 8 🐹
🐰 Episode - 9 🐹
🐰 Episode - 10 🐹
🐰 Episode - 11 🐹
🐰 Episode - 12 🐹
🐰 Episode - 13 🐹
🐰 Episode - 14 🐹
🐰 Episode - 15 🐹
🐰 Episode - 16 🐹
🐰 Episode - 17 🐹
🐰 Episode - 19 🐹
🐰 Episode -20 🐹
🐰 Episode - 21 🐹
🐰 Episode - 22 🐹
🐰 Episode - 23 🐹
🐰 Episode - 24 🐹
🐰 Episode - 25 🐹
🐰 Episode - 26 🐹 ( final )
🐰 Episode - 18 🐹
2.7K 360 62
By Daffodil_KJ
ZAWGYI
မိသည်။
ဖြစ်သွားမလဲ...
သည်ကို ခံစားလိုက်ရ၏။
အိပ်တော့လဲ မြန်နေရော..
"အွန်းးးးး...."
ဘယ်လိုလုပ်ရမလဲကွာ....
.
.
.
.
.
.
အား !!!
WTF !!
"ကို !!"
"ကြာလှပြီ နိုးနေတာ..."
.
.
.
.
.
.
"Jimin ah...ဒီမှာ...ဒီမှာ..."
Taehyung ရယ်..
Ring...Ring...📱📱
Contact က Jungkook
"ဘယ်သူလဲ Jimin..."
"Jungkook...."
ပြေပါတယ်"
"အိုကေ"
.
.
.
.
.
.
.
"ရပြီ..သွားရအောင်"
"ညအိပ်ရမှာလား Jimin..."
"အိုခေ အိုခေ...let's go..."
.
.
.
.
.
.
နေတာလဲ သူမ မသိ...
ဝုန်း....💥💥
သူနဲ့ တခြားယောက်ျားတစ်ယောက်နဲ့ တွဲသွားတွဲလာ
မောင်းထုတ်ရက်မှာတဲ့လား..ကျွန်မဆိုရင် အသေရရ အရှင်ရရ လိုချင်နေတဲ့ ရှင့်သားကလေ.."
ကျွီ.....💥💥
တံခါးလေးပွင့်ဟလာ၏။
"ဘယ်...ဘယ်သူလဲ..."
"Jung...Jungkook...."
"က..ကို...So...Somi ရှင်းပြ...."
"ထွက် သွား !!...."
"Somi ပြောတာ နား...."
တွေကို သူမကြိုက်ဘူး...
"ဟို...."
"Jungkook..ဘာဖြစ်လာ...."
ဝုန်း....💥💥
ပေးချင်မိသည်။သို့ပေမယ့်လဲ..
.
.
.
မိသည်။
MY BELOVED
To be comtinued...
Love you all 💜💜
_________________________________________
UNICODE
ဘေးနား တစ်ယောက်သောသူရှိနေတယ်ဆိုတဲ့ အသိ
က သူ့မျက်လုံးတွေအား မမှိတ်သွားအောင် ဆွဲ
ဆောင်ထားသည်။မဖြစ်ဘူး..သူအိပ်ပျော်မှ ရမည်။
အိပ်မပျော်ပျော်အောင် အိပ်လိုက်တော့ သူအိပ်ပျော်
သွားသည်ထင်...တစ်ဖက်ဘေးစောင်းအိပ်ရတာ ညောင်းလာတော့ နောက်တစ်ဖက်ဘေးစောင်းအိပ်
မိသည်။
ထိုအချိန်မှာဘဲ သူ့မျက်နှာအနံ့ ထိတွေ့လာသည့် နူးညံ့တဲ့အထိအတွေ့လေးတစ်ခု...မျက်လုံးတွေ ဖွင့်ချင်ပေမယ့်လဲအိပ်ချင်ဇောနဲ့မျက်လုံးတွေက ဖွင့်လို့မရ...ဆက်လက်မှိတ်ထားရင်းနဲ့သာ အထိအတွေ့အာရုံကို သူခံစားနေသည်။
သူ့နှုတ်ခမ်းပေါ် ကြာရှည်စွာတည်မြဲနေတဲ့ လက်
ကလေးတစ်ချောင်းက နူးညံ့သည်ထက်ပို၏။
ထို့နောက်ခံစားလိုက်ရတာက သူ့နှာဝလေးအား လာရိုက်ခတ်နေတဲ့ လေညှင်းနွေးနွေးလေး...
တဖြည်းဖြည်းနီးကပ်လာသည်နဲ့အမျှ အိပ်ယာခင်း
စအား လက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
တစ်ယောက်ဝင်လေထွက်လေတစ်ယောက် ရှူရှိုက်
နေမိသလို နှာခေါင်းထိပ်လေးအချင်းချင်း ထိကပ်နေမှုကိုလဲ သူခံစားနေရသည်။
သူသာ မျက်လုံးဖွင့်ကြည့်လိုက်မိရင် ဘာဆက်
ဖြစ်သွားမလဲ...
ကြာလာတော့ သူမျှော်လင့်နေသည့် နူးညံ့မှုအထိ
အတွေ့လေး ရောက်မလာတော့ဘဲ ဖယ်ခွာသွား
သည်ကို ခံစားလိုက်ရ၏။
အင်း...မျှော်လင့်နေမိတဲ့ သူ့အမှားသာ...
နေရာရွှေ့ပြောင်းသံနဲ့အတူ သူမျက်လုံးဖွင့်ကြည့်
လိုက်တော့ ကျောပေးအိပ်နေပြန်သော လူသားလေး...လူလည်လေး..
သူများအိပ်နေတာကို အခွင့်အကောင်း
ယူပြီး ခိုးနမ်းဖို့ကြံတယ်ပေါ့...
ဒါပေမယ့် ဘာတွေကများ အကို့ရဲ့အကြံအစည်
ကိုတားဆီးလိုက်ပြန်ပြီလဲကွာ..ကျွန်တော်တို့နှစ်
ယောက်ကြားမှာ ရှိတဲ့ စည်းက အဲ့လောက်တောင်ပဲ ခြားထားသလား...
ကျွန်တော်ခွင့်မပြုဘဲ ကျွန်တော့နှလုံးသားထဲဝင်လာ
တဲ့ အကိုက အခုလဲ ကျွန်တော့ခွင့်ပြုချက်မရဘဲ ထွက်သွားဖို့ပြင်နေပြန်ပြီ...
ဧည့်သည်အဖြစ်ရောက်လာတယ်ဆိုလဲ အိမ်ရှင်ဆီက
ခွင့်ပြုချက်ရမှ ပြန်သင့်တာပေါ့..
ကျွန်တော်တို့နှစ်ယောက်ကြား ခြားထားတဲ့ စည်းကြီးကို မုန်းလိုက်တာ...
သူစဉ်းစားတွေးတောနေတာ ဘယ်လောက်ကြာ
သွားသည်မသိ Seokjin ဆီက ဟောက်သံသေး
သေးလေးပင် ထွက်လာချေပြီ..
အိပ်တော့လဲ မြန်နေရော..
Seokjin ဆီတိုးကပ်သွားပြီး ခေါင်းအောက်လက်
တစ်ဖက်ကို မသိမသာ လျိုထည့်ပြီး ကျန်တစ်ဖက်
က ခါးသေးသေးလေးအား ဆွဲယူရင်း Seokjin အား နောက်ကနေ Jungkook ပွေ့ဖက်လိုက်၏။
"အွန်းးးးး...."
ထိုတော့မှ လှုပ်လှုပ်ရွရွဖြစ်သွားတဲ့ Seokjin ဟာ အသံရှည်ဆွဲပြီး မျက်လုံးတောင်မဖွင့်နိုင်ဘဲ သူ့ဘက် မျက်နှာချင်းဆိုင်လှည့်လာပြီး သူ့ခါးအား ပြန်ဖက်
တွယ်ရင်းရင်ခွင်ထဲ ပိုတိုးဝင်လာသည်။
ဘာလို့ အဲ့လောက်တောင်မှ ချစ်ဖို့ကောင်းနေရတာလဲ
မချစ်အောင်ကြိုးစားရမယ်လို့တွေးလိုက်တိုင်း သူ့မှာ တစ်နေ့တစ်နေ့ ပိုပိုချစ်လာလို့ ခက်တော့သည်။
ဘယ်လိုလုပ်ရမလဲကွာ....
စဉ်းစားရင်းစဉ်းစားရင်းနဲ့ပဲ သူလဲ မျက်လုံးတွေ
မှေးစင်းလာသည်။ Seokjinရဲ့နဖူးပြေပြေလေး
အား တစ်ချက်နမ်းရှိုက်မိရင်း နောက်ဆုံးတော့ သူလဲ တစ်ဖန်ပြန်ပြီး အိပ်စက်ခြင်းဆီသို့..
ဒီလိုနဲ့ပဲ ကြားလေမဝင်အောင် တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားတဲ့ ကောင်လေးနှစ်ယောက်ဟာ ချိုမြိန်
လှပလွန်းတဲ့ ညလေးတစ်ညကို ဖြတ်သန်းရင်း....
.
.
.
.
.
.
အား !!!
မနက်စောစောစီးစီး စွာတတအော်သံကြီးက မကြား
ချင်လောက်အောင် ကျက်သရေတုံးနေချေပြီ...
"ဟေ့ မိန်းကလေး..ဘာလို့ အဲ့လောက်အော်နေရ
တာလဲ...ဒီမှာ သူများက မြင်ကွင်းလှလှလေး ကြည့်နေတာကို..."
နားထဲ အော်သံတွေရော Mrs.Jeon စကားပြောသံ
တွေရော တိုးဝင်လာတာကြောင့် နှစ်ယောက်လုံး လှုပ်လှုပ်ရွရွနဲ့ နိုးလာသည်။
မျက်လုံးစုံဖွင့်ကြည့်လိုက်တော့ နီးကပ်နေတဲ့ မျက်နှာ
နှစ်ခုနဲ့ အိပ်ချင်မပြေသေးပုံရတဲ့ မျက်လုံးတွေ
ကြောင့် သူတို့တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်လေးနဲ့ ပြုံးပြမိ၏။
"တွေ့လား...နင်လုပ်လိုက်လို့ ငါ့ကလေးလေးတွေ နိုးသွားပြီ"
မေမေကြီးအသံကြားမှ သူတို့အိပ်ချင်ပြေသွားသလိုပင်..
WTF !!
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည့်
လက်များကို ဖြည်ချရင်း နှစ်ယောက်လုံး အတင်းကာရော ကုန်းရုန်းထသည်။
ပြီးတော့မှ ကြည့်မိတော့ တံခါးဝကနေ ဒေါသနဲ့စိုက်
ကြည့်နေတဲ့ Yeon Somi ရယ်...ကြောင်တောင်
တောင်လေးကြည့်နေတဲ့ Jiminရယ်...ကုတင်ပေါ်က
နေ သူတို့ကိုပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့Mrs.Jeon ရယ်...အင်း..ဟုတ်တော့ဟုတ်နေပြီ....
"Seokjinie...Jungkookie...နိုးပြီလား...အိပ်ချင်သေးရင် ပြန်အိပ်ဦးနော်"
"ကို !!"
မေမေကြီးရဲ့အသံမှာ ဖြည်းဖြည်းလေးနဲ့ နားဝင်
ချိုနေသလောက် Somi ရဲ့အော်သံကြောင့် Seokjin နားပင်ကွဲပြီလား ထင်ရသည်။
"Somi...အခန်းထဲရောက်မှပြောရအောင်"
Somi တစ်ယောက်အခန်းထဲကခေါ်သွားခံ
ရပေမယ့်လဲ အကြည့်တို့က Seokjin ဆီမှာသာ မီးတောက်နေလျက်...
ကျန်ခဲ့တဲ့ Seokjin လေးခမျာ ခေါင်းလေးကုပ်ရင်း...
"မေမေကြီး...ဘယ်တုန်းထဲက နိုးနေတာလဲဟင်"
"ကြာလှပြီ နိုးနေတာ..."
"ကျွန်တော့ကို နှိုးတာမဟုတ်ဘူး..."
"ဘာလို့လဲ...ဘာလို့ နှိုးရမှာလဲ...ငါက ကြည့်ကောင်း
လို့ ကြည့်နေတာကို...ဖက်ထားတာလေးက ချစ်စရာလေး.."
"ဗျာ !! ထားလိုက်ပါတော့...ကျွန်တော် အခန်းခဏ ပြန်လိုက်ဦးမယ်"
ဆက်ပြောနေလဲ ဘာမှမထူးဘဲ နားရှက်စရာတွေသာ ကြားရမှာမို့ သူဘာမှမပြောတော့ဘဲ အခန်းဆီသာ ထွက်လာလိုက်တော့သည်။
Seokjin ထွက်သွားမှ တဟားဟားနဲ့ ကျန်ခဲ့တဲ့ အမေဖြစ်သူအား Jimin ပြုံးကြည့်နေရင်းမှ သူအတွေးတစ်ခုဝင်လာသည်။
အမေက တကယ်အတိတ်မေ့နေတာရော ဟုတ်ရဲ့လား...
Seokjin နဲ့ Hyung ကို သဘောတူနေတယ်ဆိုတာ အကောင်းပကတိတုန်းကမလား...အခု အတိတ်မေ့နေတာတောင် အဲ့ကိစ္စကို သဘောတကျဖြစ်နေတာ...
ပြီးတော့ အခုသဘောတကျရယ်နေပုံက စိတ်မနှံ့
သလိုမဟုတ်ဘဲ အကောင်းပကတိ သူတို့ညီအစ်ကို
ကြောက်ရတဲ့အမေဘဝတုန်းက ရယ်တဲ့ရယ်ပုံ
ရယ်နည်းမျိုး...ကလေးမဆန်ဘဲ လူကြီးဆန်နေတဲ့ အိနြေ္ဒရှိရှိနဲ့ ရယ်နည်းမျိုး...
အင်း...တစ်ခုခုတော့ ထူးဆန်းနေပြီ...
.
.
.
.
.
.
"Jimin ah...ဒီမှာ...ဒီမှာ..."
ကော်ဖီဆိုင်လေးထဲဝင်ဝင်ချင်း မြတ်နိုးရတဲ့အသံ
လေးကြားတာကြောင့် စားပွဲဝိုင်းတွေများစွာကြားထဲ ချာလည်ပတ်လည် လိုက်ရှာသည်။
ဟော..တွေ့ပါပြီ...မူပိုင်အပြုံးလေးအား ချိတ်ဆွဲ
ထားသောကောင်လေး..အင်း..သူသေလောက်အောင် သဘောကျရတဲ့လေးထောင့်ဆန်ဆန်အပြုံးလေးပေါ့.
"ငါ့ကိုဖုန်းဆက်ခေါ်ပြီး ဘာလုပ်ဖို့လဲ Taehyung"
မျက်နှာချင်းဆိုင်ခုံလေးမှာထိုင်ရင်း သူမေးလိုက်သည်။
"ဒီတိုင်းပျင်းလို့...ပြီးတော့ မင်းကိုလဲတွေ့ချင်လို့..."
Taehyung စကားကြောင့် သူ့ဘယ်ဘက်ရင်အုံ
လေးမှာ ခုတ်မောင်းနေတဲ့ရထားလေးက ပိုပြီးအရှိန်မြှင့်လိုက်သလိုပင်...
ငါ့ကို မျှော်လင့်ချက်တွေမပေးပါနဲ့လား
Taehyung ရယ်..
သို့ပေမယ့် Taehyung ရဲ့နောက်ဆက်တွဲ
စကားကြောင့် သူ့မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုပင်...
"ငါတို့သူငယ်ချင်းတွေ မတွေ့တာကြာပြီလေကွာ..
Seokjin နဲ့ ဒီလိုကော်ဖီဆိုင်လေးမှာတွေ့ချင်ပေမယ့် သူက ထွက်ဖို့အဆင်မပြေဘူးလေ..ငါလဲပျင်းတာနဲ့
မင်းကိုလှမ်းခေါ်လိုက်တာ...ဘာလို့လဲ..မင်းမအား
ဘူးလား...အလုပ်ရှုပ်နေလို့လားဟင်"
ဟက်...သူက Taehyung အတွက် ဒီလိုဖြစ်တည်
မှုမျိုးဘဲ..လိုသုံး ဆိုတဲ့အခေါ်အဝေါ်လေးက သူ့အတွက်များ ဖြစ်တည်နေသလား..
ဝမ်းနည်းရိပ်တွေသန်းနေတဲ့ မျက်နှာလေးအား သူချက်ချင်းပြန်ပြင်လိုက်ကာ..
"မဟုတ်ပါဘူး..ငါအလုပ်မရှုပ်..."
Ring...Ring...📱📱
သူ့စကားမဆုံးခင်မှာပင် ဖုန်းဝင်လာ၏။
Contact က Jungkook
"အွန်း..Jungkook ဘာဖြစ်လို့လဲ"
"ဟုတ်လား...အွန်း..မင်းမလိုက်လဲ ရပါတယ်..
Hyung တစ်ယောက်ထဲသွားလိုက်မယ်"
"အွန်း..အဆင်ပြေတယ်..ဘာမှမဖြစ်ဘူး..လိုအပ်တဲ့ စာရွက်စာတမ်းတွေသာ ငါအတွက် ပြင်ထားပေး.."
"အိုကေ..ဖုန်းချလိုက်ပြီ"
ဖုန်းကိုချပြီးအရှေ့က လူသားဆီကြည့်မိတော့ စူးစမ်းလိုတဲ့မျက်ဝန်းတွေက ဆီးကြို၏။
"ဘယ်သူလဲ Jimin..."
"Jungkook...."
"ခုနကကြားလိုက်တာ တစ်ယောက်ထဲသွားမယ်
ဆိုလား..ဘယ်ကိုသွားမှာလဲ"
"အာ..အဲ့ဒါက ငါအလုပ်ကိစ္စနဲ့ Daegu ခဏသွား
ရမှာကွ..Jungkook မအားလို့ ငါသွားရမှာ...ငါ့ အတွင်းရေးမှူး ကလဲ သူ့အမေနေမကောင်းလို့ခွင့်
ယူထားတော့ငါတစ်ယောက်ထဲသွားရတော့မှာပေါ့"
"ဟာ...အဲ့ဒါဆို ငါလိုက်ပေးမယ်လေ"
"ဖြစ်ပါ့မလား...ငါတစ်ယောက်ထဲသွားလဲ အဆင်
ပြေပါတယ်"
"ငါလဲအားနေတာပဲကွာ..လိုက်ပေးမယ်..ပြီးတော့မင်းမသိတာရှိသေးတယ်...Daegu က ငါ့မွေးရပ်မြေ
ကွ..ငါက မင်းထက် အဲ့မြို့အကြောင်း ပိုကျွမ်းတယ်"
"အဲ့ဒါဆိုလဲ ပြီးရောကွာ..လိုက်ခဲ့..."
"အိုကေ"
သွားတန်းလေးတွေပေါ်သည်အထိပြုံးရင်း လက်ညှိုး
နဲ့လက်မလေးကွေးပြီး ok sign လုပ်ပြတဲ့လူသား
လေးအား သူမြတ်နိုးလို့မဝပေ...
ဟူး...Park Jimin...မချစ်ဖို့ကြိုးစားရတာလဲ ခက်ခဲလိုက်တာ...
Seoul နဲ့ Daegu ဆိုတာ ဘယ်လောက်မှမဝေးပေ
မယ့်လဲ ဒီခရီးတလျှောက်လုံး အခုန်မြန်နေမယ့် သူ့နှလုံးသားလေးအား ဘယ်နားဖွက်ထားရပါ့မလဲ...
.
.
.
.
.
.
.
"ရပြီ..သွားရအောင်"
Company မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဝင်ယူပြီး သူတို့ Daegu ကိုစထွက်ဖို့ပြင်သည်။
"ညအိပ်ရမှာလား Jimin..."
"မအိပ်ရပါဘူး..ငါတို့စက်ရုံမှာ စစ်ဆေးပြီးတာနဲ့ ပြန်လာမှာ..."
"အိုခေ အိုခေ...let's go..."
ထို့နောက် သူတို့ကားလေးကတော့ Daegu မြို့လေးဆီသို့.....
.
.
.
.
.
.
Jungkook တစ်ယောက် company သွားနေပြီး Seokjin ကလဲ အောက်ထပ်က အိမ်အကူတွေနား တဝဲလည်လည်နဲ့ အလုပ်တွေလုပ်နေတာကြောင့် Somi တစ်ယောက် အကြံထုတ်နေသည်။
အဘွားကြီး သတိပြန်ရနေပြီဆိုတာ သူမ သိသည်။
ဒါဆိုဘာလို့ သူ့ကိုတွန်းချခဲ့တဲ့ ငါ့အကြောင်းကို ဖွင့်မပြောရတာလဲ...အဘွားကြီး ဘာတွေကြံ
နေတာလဲ သူမ မသိ...
မဖြစ်တော့ဘူး..ဘယ်သူမှမရှိတုန်း ထိပ်တိုက်ရှင်းရမယ်...
ဝုန်း....💥💥
"မိန်းကလေး...နင်သူများအခန်းကို တံခါးမခေါက်
ဘာမခေါက်နဲ့ ဝင်လာတယ်ဟုတ်လား"
တံခါးကို တမင်မခေါက်ဘဲ ဝုန်းဒိုင်းကြဲဝင်သွားတော့ ကုတင်ပေါ်မှာ တစ်ခုခုကြည့်နေပုံရတဲ့ Mrs.Jeon ဟာ လန့်ဖြန့်ပြီး ခေါင်းအုံးအောက်ကို ထိုပစ္စည်းအား အတင်းတွန်းပို့နေလေသည်။
Somi မျက်နှာထက် မဲ့ပြုံးတစ်ခုဖြင့် တိုးကပ်
သွားရင်း ခေါင်းအုံးကိုဆွဲလှန်ကြည့်လိုက်တော့ ဓာတ်ပုံတွေ...
သူနဲ့ တခြားယောကျ်ားတစ်ယောက်နဲ့ တွဲသွားတွဲလာ
လုပ်နေတဲ့ ဓာတ်ပုံတွေပင်...
Somi ထိုဓာတ်ပုံတွေအား ပြန်ပစ်ချပြီး Mrs.Jeon ဘေးဝင်ထိုင်ရင်း...
"ဟက်...ထင်တော့ထင်သားပဲ...သတိရရင်လဲ ရတယ်
ပြောလေ..ကျွန်မက ဝမ်းသာပေးမလို့ကို..."
Mrs.Jeon မျက်နှာဟာ ခုနကနဲ့မတူစွာပင် ချက်ချင်းကို ခက်ထန်သွား၏။
"အဲ့တော့...အခု နင်ပျော်သွားပြီလား"
"မပျော်ဘူး...ကျွန်မဘဝရဲ့ ဆူးညှောင့်ခလုတ်ဖြစ်တဲ့ ရှင်မှမသေသေးတာ..."
"ဘာလဲ...ငါလှေကားပေါ်ကပြုတ်ကျပြီး တစ်ခါထဲ
မသေသွားလို့ ဝမ်းနည်းနေတာလား"
"ဝမ်းမနည်းပါဘူး...တစ်ခုပဲ..ရှင့်ပါးစပ်လေးပိတ်ပေးရုံပဲ..ရှင့်သားကိုသာတစ်ခုခုသွားပြောလို့ကတော့ ရှင့်ကို ကျွန်မနောက်တစ်ကြိမ် ဘာလုပ်မိမလဲမသိလို့.."
"ဟက်..ငါကရော နင့်ကိုကြောက်မယ်ထင်နေလား Yeon Somi...နင်ကိုယ်ဝန်မရှိတာကို လိမ်ပြီး ငါ့သားကိုအပိုင်ကြံခဲ့တဲ့ မင်းအကြောင်းတွေ ငါအကုန်ဖော်လိုက်လို့ရတယ် နားလည်လား.."
"ဟား..ဟား..ရှင့်သားက သိသွားတော့ရော ကျွန်မကို
မောင်းထုတ်ရက်မှာတဲ့လား..ကျွန်မဆိုရင် အသေရရ အရှင်ရရ လိုချင်နေတဲ့ ရှင့််သားကလေ.."
ကျွီ.....💥💥
နှစ်ယောက် အချေအတင်ဖြစ်နေတုန်း အခန်း
တံခါးလေးပွင့်ဟလာ၏။
"ဘယ်...ဘယ်သူလဲ..."
Somi တစ်ယောက် အခန်းပြင်မှာလူရှိတယ်ဆိုတဲ့
အသိက သူမအားအထိတ်တလန့်ဖြစ်စေသည်။
တုန်တုန်ယင်ယင်နဲ့မေးတော့လဲ အခန်းပြင်က ဘာသံမှထွက်မလာ...
"Yah...အိမ်တော်ထိန်းကြီးလား...ဝင်လာရင်လဲ တံခါးလေးဘာလေးခေါက်..ယဉ်ကျေးမှုကိုမရှိဘူး"
အိမ်တော်ထိန်းကြီးအထင်နှင့် အော်ငေါက်နေ
ပေမယ့်လဲ တော်ရုံနဲ့ဝင်မလာသော ထိုလူကြောင့် ထွက်ကြည့်ဖို့ ကုတင်ပေါ်ကအထမှာပဲ တစ်လှမ်းချင်းစီ ဝင်လာသော ခြေထောက်တစ်စုံ...
"Jung...Jungkook...."
သူမ ထိတ်လန့်မှုနဲ့အတူ ကုတင်ပေါ်ပြန်ထိုင်ကျသွား
မိသည်။Jungkook ကြားသွားပြီလား...မဖြစ်ဘူး
လေ...Jungkook ကြားလို့မဖြစ်ဘူး...
သူမအား မျက်လုံးသေတွေနဲ့ စိုက်ကြည့်ပြီး ကုတင်
ဆီကိုသာ လျှောက်လာ၏။ထို့နောက် တုန်ယင်နေသောလက်အစုံနဲ့ မွေ့ယာပေါ်က ပြန့်ကျဲနေသော ဓာတ်ပုံတွေအား ယူကြည့်ရင်း...
"က..ကို...So...Somi ရှင်းပြ...."
"ထွက် သွား !!...."
Jungkook ဆီက ထွက်ကျလာတဲ့ စကားလုံး
နှစ်လုံးက သူမပြောလက်စ စကားတွေအား ရပ်တန့်စေသည်။
"Somi ပြောတာ နား...."
"ငါ မင်းကို ထွက်သွားလို့ ပြောနေတယ်လေ...ငါမင်း
မျက်နှာကို မမြင်ချင်ဘူး Yeon Somi...ဒီအိမ်ကနေ ထွက်သွား...သွား !!"
တစ်ခါမှ ယောင်လို့တောင် မအော်ဖူးတဲ့ Jungkook အော်သံကြီးမှာ အိမ်ကြီးအား လွှမ်းမိုးထား၏။
အော်ပြောပြီးတာနဲ့ လက်ထဲက ဓာတ်ပုံတွေအား အားနဲ့ပစ်ချရင်း အခန်းပြင်ထွက်လာခဲ့လိုက်တော့ အခန်းရှေ့မှာရပ်နေတဲ့ Seokjin နဲ့တန်းတိုး၏။
မကြိုက်ဘူး...Seokjin ရဲ့မျက်လုံးတွေကို...သူ့ကို
သနားသလိုကြည့်နေတဲ့ Seokjin ရဲ့မျက်လုံး
တွေကို သူမကြိုက်ဘူး...
"ဟို...."
စကားပြောဖို့ပြင်နေတဲ့ Seokjin ကို ရှောင်လွှဲပြီး သူ့အခန်းဆီသာ ဦးတည်လိုက်သည်။
"Jungkook..ဘာဖြစ်လာ...."
"ကျွန်တော့နောက်လိုက်မလာနဲ့ !!"
ဝုန်း....💥💥
သူ့စကားကိုပင် ဂရုမစိုက်ဘဲ တစ်ခွန်းထဲသာ ပြောပြီး တံခါးကို ဝုန်းခနဲပိတ်သွားသော Jungkook ကြောင့် Seokjin ဝမ်းနည်းသွားမိသည်။
Kitchen room ထဲမှာ အိမ်တော်ထိန်ကြီးတို့နှင့် အလုပ်ဝိုင်းလုပ်ပေးနေတုန်း Jungkook ကားသံ
ကိုကြားတာကြောင့် အလုပ်သမားတွေအကုန်လုံး လုပ်လက်စအကုန်ရပ်ပြီး အရှေ့ထွက် ဦးညွှတ်ကြိုရသည်။
အပေါ်တက်သွားသည်အထိ သူလိုက်ကြည့်ပြီးမှ Kitchen room ထဲ ပြန်ဝင်သွား၏။
ထို့နောက် ကြားလိုက်ရတာက အော်သံ...
အလုပ်သမားတွေအကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
အိမ်တော်ထိန်းဦးလေးကြီးအား သူသွားတက်ကြည့်
မယ်ပြောခဲ့ပြီး သူပြေးတက်လာခဲ့လိုက်သည်။
မေမေကြီးအခန်းနားက ကြားတာမို့ မေမေကြီး
အခန်းဆီသာ ဦးတည်လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်တော့ ကြားလိုက်ရတာက ထွက်သွား ဆိုတဲ့စကားလေးတစ်ခွန်းထည်းသာ...
ဘာပြဿနာတွေ ဖြစ်နေကြတာလဲ သူမသိ...
Jeon မိသားစုပြဿနာထဲ သူဝင်ပါလို့မရပေ..
ပြီးမှ မျက်ရည်တွေနဲ့အတူ အခန်းထဲက ထွက်လာ
သောသူချစ်ရတဲ့လူသား...နာကျင်လိုက်တာ...ဘာလို့ ငိုနေရတာလဲ...
ဘာပြဿနာလဲဆိုတာ မသိပေမယ့်လဲ သူနှစ်သိမ့်
ပေးချင်မိသည်။သို့ပေမယ့်လဲ..
.
.
.
ဒီနေ့ အလုပ်လုပ်စရာဖိုင်တွဲမှတ်တမ်းတွေက အိမ်မှာ ကျန်ခဲ့သည်မို့ စောစောပြန်လာပြီး တစ်ခါထဲ အလုပ်ဆင်းခဲ့လိုက်တာ...
Company ကပြန်လာထဲက အလုပ်သမားတွေ
နဲ့တန်းတူညီတူ လာထွက်ကြိုတဲ့ မျက်နှာဖြူဖြူနုနု
လေးကြောင့် တစ်နေ့လုံးပင်ပန်းသမျှတွေ ပြေပျောက်သွားသလိုပင်..
အင်း...ဒီလိုအချိန်မှာ သူ့ရဲ့မိန်းမဖြစ်သူ Yeon Somiဘယ်ရောက်နေလဲ...ဘာတွေများအရေးတ
ကြီးလုပ်နေလို့ သူ့ကားသံကိုတောင် မကြားနိုင်ဖြစ်နေ
ပြီး သူ့ကိုထွက်မကြိုရတာလဲ...
နားလဲနားချင်နေပြီမို့ ခြေလှမ်းတွေက အခန်းဆီကို
သာ ဦးတည်ရင်း အမေ့အခန်းရှေ့အရောက် ကြားလိုက်ရတဲ့စကားတွေက သူ့ခြေလှမ်းတွေအား ရပ်တန့်စေ၏။
အမေဘယ်သူနဲ့ ပြောနေလဲ သိချင်တာကြောင့် တံခါးဖွင့်ဖို့ တံခါးလက်ကိုင်လေးကို ကိုင်တုန်းရှိသေး အထဲကအသံကြောင့် တံခါလက်ကိုင်အား ဆက်မလှည့်တော့ဘဲ တင်းတင်းဆုပ်ကိုင်လိုက်
မိသည်။
သူဘယ်လိုမှမထင်ထားခဲ့တဲ့ သူ့မိန်းမ Yeon Somi က သူ့အမေကို လှေကားပေါ်က တွန်းချပြီး လုပ်ကြံတာတဲ့လား...သူမယုံနိုင်...မဟုတ်လောက်
ပါဘူး...သူနားကြားမှားတာ ဖြစ်မှာပါ...
သို့ပေမယ့် အမေ့ရဲ့နောက်ဆက်တွဲစကားက သူ့ရင်အား ထိုးခွဲလိုက်သလိုပင်..
ကလေးမရှိခဲ့ဘူးတဲ့လား..အမေလက်ခံအောင်လို့ ကိုယ်ဝန်ရှိနေတယ်လို့လိမ်ပြီး သူ့ကိုလက်ထပ်ခဲ့
တာတဲ့လား..သူ့ရင်သွေးလေးရှိနေပြီဆိုပြီး ပျော်နေခဲ့တဲ့သူက အရူးတစ်ယောက်ဖြစ်ခဲ့တာပေါ့..
သေချာမေးမြန်းဖို့ အထဲဝင်သွားလိုက်တော့ သူ့ကိုမြင်လို့ ထိတ်လန့်သွားတဲ့ Somi ရဲ့မျက်လုံးတွေ...
ကုတင်ဆီလျှောက်သွားရင်း ပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေအား သူယူကြည့်လိုက်သည်။
ထွက်လာတဲ့ဒေါသတွေအားမြိုသိပ်ပြီး စီးကျလာတဲ့ မျက်ရည်တွေအား ဥပေက္ခာပြုရင်း Somi အား ထွက်သွားခိုင်း ပြီးသာ သူထွက်လာခဲ့လိုက်၏။
အခန်းပြင်ရောက်တော့လဲ သူ့ကိုသနားသလိုကြည့်
နေတဲ့ ချစ်ရသူကြောင့် ငိုချင်ရက်လက်တို့ဆိုသလို ရင်ခွင်ထဲတိုးဝင်ပြီး ရှိုက်ကြီးတငင် ငိုချချင်မိသည်။
မဖြစ်ဘူး...ဘယ်သူမှ သူ့ကိုနှစ်သိမ့်ပေးတာ မလိုချင်
ဘူး...အထူးသဖြင့် သူသိပ်ချစ်ရတဲ့ Seokjin..
Seokjin ရှေ့မှာ သူဝမ်းနည်းမှုတွေ အားငယ်တာတွေ ထုတ်မပြချင်..
နောက်ကလိုက်လာတဲ့ Seokjin အား လျစ်လျူရှု
ပြီးသာ သူ့အခန်းဆီ ပြေးဝင်လာခဲ့သည်။
လော့ခ်ချပြီးမှ တံခါးအားမှီတွယ်ရင်း သူအသံတိတ်ငိုချမိ၏။
ဝမ်းနည်းမိသည်။ အချစ်ဦးလည်းဖြစ်သလို သူချစ်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော မိန်းကလေးက ဒီလိုလူမျိုးတဲ့လား...
Seokjin အပေါ် စိတ်ယိုင်သွားခဲ့မိလို့ သူမအပေါ် အရမ်းအားနာနေခဲ့တာ ကိုယ့်ကိုယ်ကိုယ်
အပြစ်ရှိသလိုခံစားနေရတာကို...
အခုတော့ သူချစ်ခဲ့ဖူးတဲ့ သူမက ဒီလိုမျိုး
တဲ့လား...နာကျင်လိုက်တာ...ဘယ်လိုပဲ
ဖြစ်ဖြစ် သူချစ်ခဲ့ဖူးတဲ့ မိန်းကလေးပဲလေ...
ဒီလောက်ဖောက်ပြန်နေခဲ့တာကို သူ့အပေါ်နည်းနည်း
လေးတောင် အားနာစိတ်မရှိခဲ့ဘူးလား...
ဒါ့အပြင်...ဒါ့အပြင်ကို သူခွင့်မလွှတ်နိုင်ဆုံးအချက်
က အမေဖြစ်သူအပေါ် လုပ်ကြံခဲ့တဲ့ သူမ...
သူ့ကို ကိုယ်ဝန်ရှိတယ်ဆိုပြီး လိမ်လည်ခဲ့တဲ့ သူမကို ထွက်သွားခိုင်းလိုက်တာ မမှားပါဘူးနော်..
နာကျင်မှုတွေက သူ့ဆီပဲ စုပြုံရောက်လာလေသလား သူမသိတော့..
◇ MY BELOVED ◇
To be comtinued...
ကဲ...နောက်ဆုံးတော့ အစစ်မ နေရာပျောက်ပြီ😆
Thank you for reading and voting
Love you all 💜💜
Continue Reading
You'll Also Like
1M 32.8K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
127K 1.8K 98
In the past, no matter how hard I tried and how much I worked, there would always be a feeling of emptiness that I couldn't get rid of. Since life is...
155K 7K 102
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
282K 13.6K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...