ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 5.10

5.3K 821 6
By Hanpandora

Unicode

ကောင်မလေးရဲ့ရုပ်ရည်ကလှပ​ပေမယ့်ကံဆိုးတာကသူမရဲ့အမူအရာတွေကတော့​အ​ခြေအ​နေမ​ကောင်းဘဲဒေါသတော်​တော်ကိုထွက်နေပုံ​ပေါ်တယ် ဒါပေမဲ့အဲ့ဒါကသူမရဲ့လှပမှုကိုဖုံးကွယ်မထားနိုင်ဘူး
သူမအတွက်ဘာမှထွေထွေထူးထူးလုပ်စရာမလိုဘဲဒီတိုင်းရပ်နေရုံနဲ့တင်သူမရဲ့အလှကပြီးပြည့်စုံနေတယ်

ဖူချင်းကပန်းတွေကိုသတိပြုမိတဲ့အခါမှာရှီရှန်းကဘာမှမပြောတော့ဘဲနဲ့ထွက်သွားတယ်
'ချီးပဲငရဲလိုပဲ,  ဘယ်တော့မှကွင်းဆက်တာဝန်တွေမရွေးနဲ့သေအောင်ပင်ပန်းတယ်'

တံခါးကပိတ်သွားတဲ့အချိန်မှာအခန်းကတစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားတယ်
ဖူချင်းကစောင်တွေကိုဘေးဖယ်ထားလိုက်ပြီးထလိုက်တယ်
သူကနှင်းဆီပန်းခြင်းတောင်းကြီးဆီကိုသွားပြီးခနလောက်စိုက်ကြည့်နေတယ်

ဦးလေးကျန်းပြန်ရောက်လာတဲ့အခါမှာဆေးရုံရဲ့လူနာဆောင်ကနှင်းဆီပန်းတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရတယ်
သခင်ငယ်လေးကအိပ်ရာအထက်မှာလဲလျောင်းနေပြီးတော့ဖုန်းသုံးနေတယ်သူ့ဘေးပတ်ပတ်လည်မှာလည်းနှင်းဆီပန်းတွေပြန့်ကြဲနေတယ်

'ငါလုပ်တာဆိုလို့အပြင်ထွက်ပြီးစားစရာလေးသွားဝယ်ရုံပါ..အခန်းထဲမှာဘယ်လိုတွေဖြစ်ကုန်တာလဲ'

"ဒီပန်းတွေကဘယ်ကရောက်လာတာလဲ" ဒါပေါ့သခင်လေးကပြန်မဖြေမှာကိုသူသိလို့အစောင့်တွေကိုပဲမေးလိုက်တယ်

"ဒါတွေကိုမမ​လေးပေ့ယူလာတာပါ"
အစောင့်ကအမှန်အတိုင်းပဲဖြေလိုက်တယ်ဦးလေးကျန်းရဲ့အမူအယာကစိတ်ပျက်သွားပုံရတယ်
'သူမကဘာလို့နှင်းဆီပန်းတွေပို့တာလဲ,မဟုတ်မလွဲရောငါတို့သခင်လေးကိုကြိုက်နေတာလား...ငါခွင့်မပြုနိုင်ဘူးသခင်လေးကသူမနဲ့တွဲလို့မဖြစ်ဘူး...သူတို့ကမလိုက်ဖက်ဘူး'

အဲ့နေ့မှာပဲဖူချင်းအတွက်လိုအပ်တာမှန်သမျှကိုဦးလေးကျန်းကစီစဥ်ပေးတယ်
အဲဒါကြောင့်ရှီရှန်းမှာကွင်းဆက်တာဝန်တွေလုပ်စရာမလိုဘူးပေါ့
ရှီရှန်းဆေးရုံဆင်းတဲ့နေ့ကျမှပဲဖူချင်းဆေးရုံကဆင်းသွားတာအတော်ကြာပြီမှန်းသိလိုက်ရတယ်
.....

ရှီရှန်းကအိမ်တော်ထဲမှာဝင်လာတဲ့အခါမှာရယ်ရယ်​မောမောနဲ့စကားဖောင်ဖွဲ့ပြောနေတာကိုကြားလိုက်ရတယ်
ဧည့်ခန်းထဲမှာကျင်းရှောင်ယွီနဲ့ပေ့ကျဲ့ကကပ်လျက်ထိုင်နေပြီးဘေးမှာသက်လတ်ပိုင်းလောက်ရှိတဲ့စုံတွဲတစ်တွဲပါရှိနေတယ်

ရှီရှန်းကခနလောက်တော့စဥ်းစားနေလိုက်သေးတယ် ပြီးတော့မှဒါကပေ့မိသားစု၀င်တွေဆိုတာကိုသတိပြု​မိလိုက်တယ် သူတို့ကပေ့ဇနီးမောင်နှံပဲဖြစ်တယ်

'သူတို့ကပြန်လာပြီလား..ကျင်းရှောင်ယွီကလည်းပြောင်းလဲသွားလိုက်တာ​ခေါင်းစ​ခြေဆုံးကိုဝတ်ထားတာတွေကနာမည်ကြီးတံဆိပ်နောက်ဆုံးပေါ်တွေချည်းပဲ မျက်နှာမှာလည်းမိတ်ကပ်လိမ်းထားလိုက်​သေးတယ်

သူမကိုကြည့်ရတာအရင်ကထပ်ပိုပြီးတော့ယုံကြည်ချက်တွေရှိနေတဲ့အတိုင်းပဲ...ရင်ဘတ်ကိုကော့ထားပြီးသူမရဲ့ချမ်းသာတဲ့ပုံစံကိုပြသနေလိုက်တာ...
တစ်ကိုယ်လုံး ကbrandတွေကြီးပဲဝတ်ထားပေမဲ့သားနားမနေဘူး...အဲဒီတော့နည်းနည်းလေး တောဆန်နေတယ်လို့​ပြောရမှာ​ပေါ့..'

ပေ့ကျဲ့ကပေ့ဇီကိုပထမဦးဆုံးတွေ့တာဖြစ်ပြီးတော့သူကပေ့ဇီဆီကိုလျှောက်လာရမယ့်အစားမတ်တပ်ရပ်လိုက်ပြီးရေခွက်ကိုကိုင်လိုက်တယ်
"ရေသောက်ပါဦး"

"ကျေးဇူးပါနော်" ကျင်းရှောင်ယွီကရှက်သွေးဖြာစွာပြန်ပြောတယ်

"ငတုံးမလေး"
ပေ့ကျဲ့က ကျင်းရှောင်ယွီရဲ့ခေါင်းကိုပွတ်လိုက်တယ်
" အဖေနဲ့အမေ သား  ရှောင်ယွီကိုဘေးဘီလိုက်ပြလိုက်ဦးမယ်"

"အင်းအင်း သွားသွား,နေ့လည်စာမစားမီပြန်လာနော်"
သူ့အမေကိုကြည့်ရတာကျင်းရှောင်ယွီကိုအရမ်းတွေသဘောကျ​နေပုံပဲ

ပေ့ကျဲ့ထွက်သွားပြီးရှီရှန်းဝင်လာတာနဲ့ပေ့ဇနီးမောင်နံကသူမကိုမေးခွန်းအချို့ကိုမေးတော့တယ်

သူမဆေးရုံတက်ခဲ့စဥ်အခါတုန်းကသူမကိုလူနာလာစောင့်ပေးဖို့မေးခဲ့တယ်ဒါပေမယ့်လည်းသူတို့က၀တ်​ပျေတန်း​ကျေသ​ဘောပဲ​ပြောခဲ့တာ..
အဲ့ဒီတစ်ချက်တည်းနဲ့တင်ရှီရှန်းကပေ့ဇီခံစားချက်ကိုအပြည့်အဝနားလည်သွားတယ်

ဒီလိုမျိုးလစ်လျူခံရပြီးပြောမပြနိုင်လောက်အောင်စိတ်နာခဲ့တာကြောင့်ပေ့ဇီပျက်စီးသွားတာအံသြစရာမရှိပါဘူး

ရှီရှန်းက အပေါ်ကိုတက်ပြီးသူမအဝတ်လဲလိုက်တယ်
.............

ထမင်းစားချိန်ရောက်တဲ့အခါမှာဦးလေးဟယ်ကသူ့ကိုအောက်ကိုဆင်းဖို့ခေါ်တယ်အစတုန်းကတော့သူမ မသွားချင်ပေမဲ့ဇာတ်လိုက်မရှိနေတာကြောင့်သူမသွားပြီးကြည့်ရမယ်

ပြည့်စုံတဲ့နေ့လည်စာကိုခင်းကျင်းထားတယ်ရှီရှန်းအောက်ကိုဆင်းလာတဲ့အခါမှာနေ့လည်စာကိုစစားနေကြပြီ

"ရှောင်ဇီ.,နက်ကအိမ်မှာရှိနေတာလား"
ကျင်းရှောင်ယွီကပေ့ဇီကိုတအံတသြပြောတယ်
"ရှောင်ဇီ...ဆောရီးပါ,နင်အိမ်မှာရှိမှန်းမသိလိုက်ဘူး,အဲ့ဒါကြောင့်ငါတို့နင့်ကိုမစောင့်ဘဲစားလိုက်တယ်"

ရှီရှန်းကခုံကိုဆွဲယူလိုက်ပြီးတော့ကျင်းရှောင်ယွီကိုစိုက်ကြည့်ပြီးထိုင်ချလိုက်တယ်

"ပေ့ဇီ...နင်ဘယ်လိုဖြစ်လို့အဲ့လောက်ထိရိုင်းရတာလဲ"
ပေ့သခင်မကြီးကပြောတယ်
"ရှောင်ယွီသူမကိုဂရုမစိုက်နဲ့ဆက်စားပါ"

ကျင်းရှောင်ယွီကပြုံးပြပြီးတော့ဆက်စားတယ်

ရှီရှန်းက ကျင်း​ရှောင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး အစားအ​သောက်ကိုပဲအာရုံစိုက်​နေလိုက်တယ်
သူမရဲ့အပြုအမူ​တွေက သက်​​တောင့်သက်သာဖြစ်​နေပြီး အထက်တန်းစားသခင်မ​လေးမှန်း​ပေါ်လွင်​နေတယ်
တစ်ဖက်မှာ​တော့ ကျင်း​ရှောင်ယွီက သူ​ဌေးသမီးလှလှ​လေးလိုပြုမူချင်​ပေမယ့် တစ်ခါမှစနစ်တကျသင်ကြား​ပေးခြင်းမခံရဖူးတာ​ကြောင့် ကို့ရို့ကားယားဖြစ်​နေတယ်
သူမကိုကြည့်ရတာ ကျားရုပ်ကိုဆွဲဖို့ကြိုးစား​ပေမယ့် ထွက်လာတာက ​ခွေးရုပ်ဖြစ်​နေသလိုပဲ

​ပေ့ကျဲ့က ကျင်း​ရှောင်ယွီရဲ့မ​သေမသပ်အပြုအမူ​တွေကိုမျက်​မှောင်ကျုတ်ပြီးကြည့်လိုက်တယ်

ကျင်း​ရှောင်းယွီက အနည်းငယ်စိတ်လှုပ်ရှား​နေပုံပဲ
'သူတို့က​တော့ ​အေး​အေး​ဆေး​ဆေးပဲလုပ်သွားတာပဲ..ငါလုပ်​တော့မှ ဘာလို့အရမ်းခက်ပြီးဖိအားများ​နေသလို ခံစားရပါလိမ့်...'

စားလို့ပြီးသွား​တော့ ​ပေ့သခင်မကြီးက ကျင်း​ရှောင်ယွီကို​ခေါ်သွားပြီး ​ပေ့သခင်ကြီးကလည်း အလုပ်လုပ်ဖို့ထသွားတာ​ကြောင့် စားပွဲမှာ ​ပေ့ဇီနဲ့​ပေ့ကျဲ့ပဲကျန်ခဲ့တယ်

ရှီရှန်းက ဖုန်းသုံးရင်းနဲ့ လဖက်ရည်​သောက်​နေတယ်
'​ပေ့ကျဲ့ကဘာလို့ထမသွား​သေးတာလဲ...'

"​ပေ့ဇီ..."
​ပေ့ကျဲ့က ရှီရှန်းကိုရုတ်တရပ်​ခေါ်လိုက်တာ​ကြောင့် သူမလည်း​ခေါင်းကို​မော့လိုက်တယ်

'နင်ဘာလုပ်ချင်လို့လဲ..ဇာတ်လိုက်​ကောင်..'

​ပေ့ကျဲ့ကသူမကို အချိန်အ​တော်ကြာ​အောင်စိုက်ကြည့်​နေပြီး ​နောက်ဆုံးမှာ​တော့ သူ့ကိုယ်သူဖိအား​ပေးကာစကားတချို့​ပြောလိုက်တယ်

"မင်းမှာ ​ပြောစရာတစ်ခုခုမရှိဘူးလား.."

"ဘာကိုလဲ...."

'ဘာလဲ..ငါကနင့်ကိုဂုဏ်ပြု​ပေးရအုံးမှာလား...နိုး​နော်...မဖြစ်နိုင်ဘူး..ငါတို့က ဘယ်မှာရင်းနှီးလို့လဲ...'

​ပေ့ကျဲ့က ရှီရှန်းရဲ့ ဂရုမထားတဲ့အ​ဖြေ​ကြောင့် ​ဒေါသထွက်သွားပုံ​ပေါ်ပြီး ထမင်းစားခန်းထဲက​နေ ၀ုန်းဒိုင်းကျဲပြီးထွက်သွားတယ်

'ဇာတ်လိုက်​တွေဘာစဥ်းစား​နေတယ်ဆိုတာကို တကယ်ပဲနားမလည်နိုင်​တော့ဘူး....'

​ပေ့ဇနီး​မောင်နှံက အိမ်​တော်ပဲ ၂ရက်ပဲ​နေသွားကြပြီး ကျင်း​ရှောင်ယွီကလည်း တစ်ချိန်လုံးနီးပါး အိမ်ကို​ရောက်​နေတယ် ဒီအချိန်အတွင်းမှာ ကျင်း​ရှောင်ယွီက အမှား​တွေတစ်ခုပြီးတစ်ခုလုပ်မိ​ပေမယ့် ​ပေ့ဇနီး​မောင်နှံက အဲ့ဒါကို မမြင်ချင်​ယောင်​ဆောင်​ပေးထားကြတယ်

သူတို့မပြန်ခင်မှာ ကျင်း​ရှောင်ယွီကို အိမ်မှာထပ်​နေသွားဖို့​တောင် မှာသွားလိုက်​သေးတယ် ကျင်း​ရှောင်ယွီက *တတ်နိုင်သ​လောက်ငြင်းဆန်*​သေး​ပေမယ့်လည်း ​နောက်ဆုံးမှာ​တော့ သူတို့ရဲ့ဖိတ်ကြားမှုကို ရှက်​သွေးဖြာစွာပဲ လက်ခံလိုက်ရတယ်

​ပေ့အိမ်​တော်မှာ ထပ်​နေရတာနဲ့တစ်ပြိုင်နက် ဒီတစ်ကြိမ်မှာ​တော့ ကျင်း​ရှောင်ယွီက ​ပေ့ကျဲ့နဲ့အတူ ၄လွှာမှာပဲ​နေချင်တယ်

ဒါ​ပေမယ့်လည်း ​ပေ့ကျဲ့ကဘာ​ကြောင့်မှန်းမသိငြင်းဆိုလိုက်တာ​ကြောင့် သူမအရင်က​နေဖူးတဲ့၃လွှာက အခန်းမှာပဲ​နေဖို့ စိတ်အ​နှောင့်အယှက်ဖြစ်စွာလက်ခံလိုက်ရတယ်

.............

"​ရှောင်ဇီ...ငါ့ကို​စောင့်ပါအုံး."
ကျင်း​ရှောင်ယွီက အိမ်​တော်ထဲမှာ ခုန်​ပေါက်​နေတယ်
"​ရှောင်ဇီ....ငါတို့ ​ကျောင်းကိုအတူသွားကြရ​အောင်..."

"​ပေ့ကျဲ့ ကားနဲ့လိုက်သွား"
ရှီရှန်းက ဇာတ်လိုက်မကို
တစ်ချက်​တောင်မကြည့်ဘူး
'ဒီဟာမ ဘာဖြစ်​နေတာလဲ...ငါ့ကိုဘာကိစ္စတွယ်ကပ်​နေပါလိမ့်...'

"ကျဲ့ကသူဒီ​နေ့အလုပ်ရှုပ်​နေလို့ ငါ့ကို နင့်ကားနဲ့လိုက်သွားလိုက်​တော့တဲ့"
ကျင်းရှောင်ယွီကယုံကြည်ချက်ရှိရှိနဲ့ မျက်နှာကို​မော့ထားပြီး​​တော့​တောင်ပြောလိုက်တယ်
'ငါအခု ချမ်းသာ​နေပြီ..နင့်​ရှေ့မှာ ​နောက်တစ်ကြိမ် အရှက်မရ​စေရ​တော့ဘူး..'

"အိုး...ဟုတ်လား..ဒါ​ပေမယ့် ဘယ်လိုလုပ်မလဲ...ငါ​ကတော့နင့်ကိုမ​ခေါ်ချင်ပါဘူး.."
ရှီရှန်းကား​ပေါ်ကိုတက်လိုက်တာနဲ့တစ်ပြိုင်နဲ့ ကားသမားက ကားကို၀ူးခနဲ​မောင်းထွက်သွားတယ်

မျက်နှာကို ကားအိတ်​ဇော​တွေ ဟပ်ခံလိုက်ရတာ​ကြောင့် ကျင်း​ရှောင်ယွီရဲ့ အမူအရာက ရုပ်ပျက်ဆင်းပျက်ဖြစ်​နေတယ်

'အရင်တုန်းက ငါကဆင်းရဲလို့ သူမဆီကအထင်​သေးခံရတာကိုငါသည်းခံနိုင်တယ်..ဒါ​ပေမယ့်..အခု ငါလည်းချမ်းသာ​နေပြီ...သူမက ငါ့ကိုဘာကိစ္စ အထင်​သေးရဲ​သေးတာလဲ..'

ကျင်း​ရှောင်ယွီက လက်သီးကျစ်ကျစ်ပါ​အောင်ဆုပ်ပြီး သူမအတွက် ကားတစ်စီးပြင်ဆင်​ပေးဖို့ အိမ်​တော်ထိန်းကိုသွား​ပြောလိုက်တယ်

အရင်တုန်းက​တော့ သူမကဒီအိမ်ရဲ့ အလုပ်သမားဆို​ပေမယ့် အခု​တော့ ဂုဏ်သ​ရေရှိဧည့်သည်ဖြစ်​နေပြီ

............

ကျင်းရှောင်ယွီကကျောင်းကိုရောက်သွားတဲ့အခါမှာပေ့ဇီကကောင်လေးတစ်ယောက်နဲ့အတူတူ​​ကျောင်းထဲကိုဝင်လာတာ​တွေ့လိုက်တယ်

'သူ့ကိုငါဘယ်လိုဖော်ပြရမလဲ,သူကမဆိုဘူးပဲ..ပေ့ကျဲ့ထက်တောင်​ချောသေးတယ်'

သူ့နောက်မှာအနက်ရောင်ဝတ်စုံဝတ်ထားတဲ့အ​စောင့်တွေကလိုက်လာပြီးတော့ဘေးမှာလည်းခွေးအကြီးကြီးတစ်ကောင်ရှိသေးတယ်
လမ်းကနေဖြတ်သွားတိုင်းသူ့ကိုမမြင်တဲ့သူမရှိဘူး

ကျင်းရှောင်ယွီကသူတို့စကားပြောတာကိုကြားပြီးသူ့နာမည်ကိုသိခဲ့တယ်

'ဖူချင်းး....ကျောင်းမှာထင်ရှားတဲ့လူထူးဆန်းဖူချင်းး...'

Transalated by Dora 💜 Mia💙
18.4.21(Sunday)

Zawgyi

Unicode

ေကာင္မေလးရဲ႕႐ုပ္ရည္ကလွပ​ေပမယ့္ကံဆိုးတာကသူမရဲ႕အမူအရာေတြကေတာ့​အ​ေျခအ​ေနမ​ေကာင္းဘဲေဒါသေတာ္​ေတာ္ကိုထြက္ေနပုံ​ေပၚတယ္ ဒါေပမဲ့အဲ့ဒါကသူမရဲ႕လွပမႈကိုဖုံးကြယ္မထားႏိုင္ဘူး
သူမအတြက္ဘာမွေထြေထြထူးထူးလုပ္စရာမလိုဘဲဒီတိုင္းရပ္ေန႐ုံနဲ႔တင္သူမရဲ႕အလွကၿပီးျပည့္စုံေနတယ္

ဖူခ်င္းကပန္းေတြကိုသတိျပဳမိတဲ့အခါမွာ႐ွီ႐ွန္းကဘာမွမေျပာေတာ့ဘဲနဲ႔ထြက္သြားတယ္
'ခ်ီးပဲငရဲလိုပဲ,  ဘယ္ေတာ့မွကြင္းဆက္တာဝန္ေတြမေ႐ြးနဲ႔ေသေအာင္ပင္ပန္းတယ္'

တံခါးကပိတ္သြားတဲ့အခ်ိန္မွာအခန္းကတစ္ဖန္ျပန္ၿပီးတိတ္ဆိတ္သြားတယ္
ဖူခ်င္းကေစာင္ေတြကိုေဘးဖယ္ထားလိုက္ၿပီးထလိုက္တယ္
သူကႏွင္းဆီပန္းျခင္းေတာင္းႀကီးဆီကိုသြားၿပီးခနေလာက္စိုက္ၾကည့္ေနတယ္

ဦးေလးက်န္းျပန္ေရာက္လာတဲ့အခါမွာေဆး႐ုံရဲ႕လူနာေဆာင္ကႏွင္းဆီပန္းေတြနဲ႔ျပည့္ေနတာကိုေတြ႕လိုက္ရတယ္
သခင္ငယ္ေလးကအိပ္ရာအထက္မွာလဲေလ်ာင္းေနၿပီးေတာ့ဖုန္းသုံးေနတယ္သူ႕ေဘးပတ္ပတ္လည္မွာလည္းႏွင္းဆီပန္းေတြျပန္႔ႀကဲေနတယ္

'ငါလုပ္တာဆိုလို႔အျပင္ထြက္ၿပီးစားစရာေလးသြားဝယ္႐ုံပါ..အခန္းထဲမွာဘယ္လိုေတြျဖစ္ကုန္တာလဲ'

"ဒီပန္းေတြကဘယ္ကေရာက္လာတာလဲ" ဒါေပါ့သခင္ေလးကျပန္မေျဖမွာကိုသူသိလို႔အေစာင့္ေတြကိုပဲေမးလိုက္တယ္

"ဒါေတြကိုမမ​ေလးေပ့ယူလာတာပါ"
အေစာင့္ကအမွန္အတိုင္းပဲေျဖလိုက္တယ္ဦးေလးက်န္းရဲ႕အမူအယာကစိတ္ပ်က္သြားပုံရတယ္
'သူမကဘာလို႔ႏွင္းဆီပန္းေတြပို႔တာလဲ,မဟုတ္မလြဲေရာငါတို႔သခင္ေလးကိုႀကိဳက္ေနတာလား...ငါခြင့္မျပဳႏိုင္ဘူးသခင္ေလးကသူမနဲ႔တြဲလို႔မျဖစ္ဘူး...သူတို႔ကမလိုက္ဖက္ဘူး'

အဲ့ေန႔မွာပဲဖူခ်င္းအတြက္လိုအပ္တာမွန္သမွ်ကိုဦးေလးက်န္းကစီစဥ္ေပးတယ္
အဲဒါေၾကာင့္႐ွီ႐ွန္းမွာကြင္းဆက္တာဝန္ေတြလုပ္စရာမလိုဘူးေပါ့
႐ွီ႐ွန္းေဆး႐ုံဆင္းတဲ့ေန႔က်မွပဲဖူခ်င္းေဆး႐ုံကဆင္းသြားတာအေတာ္ၾကာၿပီမွန္းသိလိုက္ရတယ္
.....

႐ွီ႐ွန္းကအိမ္ေတာ္ထဲမွာဝင္လာတဲ့အခါမွာရယ္ရယ္​ေမာေမာနဲ႔စကားေဖာင္ဖြဲ႕ေျပာေနတာကိုၾကားလိုက္ရတယ္
ဧည့္ခန္းထဲမွာက်င္းေ႐ွာင္ယြီနဲ႔ေပ့က်ဲ႕ကကပ္လ်က္ထိုင္ေနၿပီးေဘးမွာသက္လတ္ပိုင္းေလာက္႐ွိတဲ့စုံတြဲတစ္တြဲပါ႐ွိေနတယ္

႐ွီ႐ွန္းကခနေလာက္ေတာ့စဥ္းစားေနလိုက္ေသးတယ္ ၿပီးေတာ့မွဒါကေပ့မိသားစု၀င္ေတြဆိုတာကိုသတိျပဳ​မိလိုက္တယ္ သူတို႔ကေပ့ဇနီးေမာင္ႏွံပဲျဖစ္တယ္

'သူတို႔ကျပန္လာၿပီလား..က်င္းေ႐ွာင္ယြီကလည္းေျပာင္းလဲသြားလိုက္တာ​ေခါင္းစ​ေျခဆုံးကိုဝတ္ထားတာေတြကနာမည္ႀကီးတံဆိပ္ေနာက္ဆုံးေပၚေတြခ်ည္းပဲ မ်က္ႏွာမွာလည္းမိတ္ကပ္လိမ္းထားလိုက္​ေသးတယ္

သူမကိုၾကည့္ရတာအရင္ကထပ္ပိုၿပီးေတာ့ယုံၾကည္ခ်က္ေတြ႐ွိေနတဲ့အတိုင္းပဲ...ရင္ဘတ္ကိုေကာ့ထားၿပီးသူမရဲ႕ခ်မ္းသာတဲ့ပုံစံကိုျပသေနလိုက္တာ...
တစ္ကိုယ္လုံး ကbrandေတြႀကီးပဲဝတ္ထားေပမဲ့သားနားမေနဘူး...အဲဒီေတာ့နည္းနည္းေလး ေတာဆန္ေနတယ္လို႔​ေျပာရမွာ​ေပါ့..'

ေပ့က်ဲ႕ကေပ့ဇီကိုပထမဦးဆုံးေတြ႕တာျဖစ္ၿပီးေတာ့သူကေပ့ဇီဆီကိုေလွ်ာက္လာရမယ့္အစားမတ္တပ္ရပ္လိုက္ၿပီးေရခြက္ကိုကိုင္လိုက္တယ္
"ေရေသာက္ပါဦး"

"ေက်းဇူးပါေနာ္" က်င္းေ႐ွာင္ယြီက႐ွက္ေသြးျဖာစြာျပန္ေျပာတယ္

"ငတုံးမေလး"
ေပ့က်ဲ႕က က်င္းေ႐ွာင္ယြီရဲ႕ေခါင္းကိုပြတ္လိုက္တယ္
" အေဖနဲ႔အေမ သား  ေ႐ွာင္ယြီကိုေဘးဘီလိုက္ျပလိုက္ဦးမယ္"

"အင္းအင္း သြားသြား,ေန႔လည္စာမစားမီျပန္လာေနာ္"
သူ႕အေမကိုၾကည့္ရတာက်င္းေ႐ွာင္ယြီကိုအရမ္းေတြသေဘာက်​ေနပုံပဲ

ေပ့က်ဲ႕ထြက္သြားၿပီး႐ွီ႐ွန္းဝင္လာတာနဲ႔ေပ့ဇနီးေမာင္နံကသူမကိုေမးခြန္းအခ်ိဳ႕ကိုေမးေတာ့တယ္

သူမေဆး႐ုံတက္ခဲ့စဥ္အခါတုန္းကသူမကိုလူနာလာေစာင့္ေပးဖို႔ေမးခဲ့တယ္ဒါေပမယ့္လည္းသူတို႔က၀တ္​ေပ်တန္း​ေက်သ​ေဘာပဲ​ေျပာခဲ့တာ..
အဲ့ဒီတစ္ခ်က္တည္းနဲ႔တင္႐ွီ႐ွန္းကေပ့ဇီခံစားခ်က္ကိုအျပည့္အဝနားလည္သြားတယ္

ဒီလိုမ်ိဳးလစ္လ်ဴခံရၿပီးေျပာမျပႏိုင္ေလာက္ေအာင္စိတ္နာခဲ့တာေၾကာင့္ေပ့ဇီပ်က္စီးသြားတာအံၾသစရာမ႐ွိပါဘူး

႐ွီ႐ွန္းက အေပၚကိုတက္ၿပီးသူမအဝတ္လဲလိုက္တယ္
.............

ထမင္းစားခ်ိန္ေရာက္တဲ့အခါမွာဦးေလးဟယ္ကသူ႕ကိုေအာက္ကိုဆင္းဖို႔ေခၚတယ္အစတုန္းကေတာ့သူမ မသြားခ်င္ေပမဲ့ဇာတ္လိုက္မ႐ွိေနတာေၾကာင့္သူမသြားၿပီးၾကည့္ရမယ္

ျပည့္စုံတဲ့ေန႔လည္စာကိုခင္းက်င္းထားတယ္႐ွီ႐ွန္းေအာက္ကိုဆင္းလာတဲ့အခါမွာေန႔လည္စာကိုစစားေနၾကၿပီ

"ေ႐ွာင္ဇီ.,နက္ကအိမ္မွာ႐ွိေနတာလား"
က်င္းေ႐ွာင္ယြီကေပ့ဇီကိုတအံတၾသေျပာတယ္
"ေ႐ွာင္ဇီ...ေဆာရီးပါ,နင္အိမ္မွာ႐ွိမွန္းမသိလိုက္ဘူး,အဲ့ဒါေၾကာင့္ငါတို႔နင့္ကိုမေစာင့္ဘဲစားလိုက္တယ္"

႐ွီ႐ွန္းကခုံကိုဆြဲယူလိုက္ၿပီးေတာ့က်င္းေ႐ွာင္ယြီကိုစိုက္ၾကည့္ၿပီးထိုင္ခ်လိုက္တယ္

"ေပ့ဇီ...နင္ဘယ္လိုျဖစ္လို႔အဲ့ေလာက္ထိ႐ိုင္းရတာလဲ"
ေပ့သခင္မႀကီးကေျပာတယ္
"ေ႐ွာင္ယြီသူမကိုဂ႐ုမစိုက္နဲ႔ဆက္စားပါ"

က်င္းေ႐ွာင္ယြီကျပဳံးျပၿပီးေတာ့ဆက္စားတယ္

႐ွီ႐ွန္းက က်င္း​ေ႐ွာင္ယြီကို တစ္ခ်က္ၾကည့္လိုက္ၿပီး အစားအ​ေသာက္ကိုပဲအာ႐ုံစိုက္​ေနလိုက္တယ္
သူမရဲ႕အျပဳအမူ​ေတြက သက္​​ေတာင့္သက္သာျဖစ္​ေနၿပီး အထက္တန္းစားသခင္မ​ေလးမွန္း​ေပၚလြင္​ေနတယ္
တစ္ဖက္မွာ​ေတာ့ က်င္း​ေ႐ွာင္ယြီက သူ​ေဌးသမီးလွလွ​ေလးလိုျပဳမူခ်င္​ေပမယ့္ တစ္ခါမွစနစ္တက်သင္ၾကား​ေပးျခင္းမခံရဖူးတာ​ေၾကာင့္ ကို႔႐ို႕ကားယားျဖစ္​ေနတယ္
သူမကိုၾကည့္ရတာ က်ား႐ုပ္ကိုဆြဲဖို႔ႀကိဳးစား​ေပမယ့္ ထြက္လာတာက ​ေခြး႐ုပ္ျဖစ္​ေနသလိုပဲ

​ေပ့က်ဲ႕က က်င္း​ေ႐ွာင္ယြီရဲ႕မ​ေသမသပ္အျပဳအမူ​ေတြကိုမ်က္​ေမွာင္က်ဳတ္ၿပီးၾကည့္လိုက္တယ္

က်င္း​ေ႐ွာင္းယြီက အနည္းငယ္စိတ္လႈပ္႐ွား​ေနပုံပဲ
'သူတို႔က​ေတာ့ ​ေအး​ေအး​ေဆး​ေဆးပဲလုပ္သြားတာပဲ..ငါလုပ္​ေတာ့မွ ဘာလို႔အရမ္းခက္ၿပီးဖိအားမ်ား​ေနသလို ခံစားရပါလိမ့္...'

စားလို႔ၿပီးသြား​ေတာ့ ​ေပ့သခင္မႀကီးက က်င္း​ေ႐ွာင္ယြီကို​ေခၚသြားၿပီး ​ေပ့သခင္ႀကီးကလည္း အလုပ္လုပ္ဖို႔ထသြားတာ​ေၾကာင့္ စားပြဲမွာ ​ေပ့ဇီနဲ႔​ေပ့က်ဲ႕ပဲက်န္ခဲ့တယ္

႐ွီ႐ွန္းက ဖုန္းသုံးရင္းနဲ႔ လဖက္ရည္​ေသာက္​ေနတယ္
'​ေပ့က်ဲ႕ကဘာလို႔ထမသြား​ေသးတာလဲ...'

"​ေပ့ဇီ..."
​ေပ့က်ဲ႕က ႐ွီ႐ွန္းကို႐ုတ္တရပ္​ေခၚလိုက္တာ​ေၾကာင့္ သူမလည္း​ေခါင္းကို​ေမာ့လိုက္တယ္

'နင္ဘာလုပ္ခ်င္လို႔လဲ..ဇာတ္လိုက္​ေကာင္..'

​ေပ့က်ဲ႕ကသူမကို အခ်ိန္အ​ေတာ္ၾကာ​ေအာင္စိုက္ၾကည့္​ေနၿပီး ​ေနာက္ဆုံးမွာ​ေတာ့ သူ႕ကိုယ္သူဖိအား​ေပးကာစကားတခ်ိဳ႕​ေျပာလိုက္တယ္

"မင္းမွာ ​ေျပာစရာတစ္ခုခုမ႐ွိဘူးလား.."

"ဘာကိုလဲ...."

'ဘာလဲ..ငါကနင့္ကိုဂုဏ္ျပဳ​ေပးရအုံးမွာလား...ႏိုး​ေနာ္...မျဖစ္ႏိုင္ဘူး..ငါတို႔က ဘယ္မွာရင္းႏွီးလို႔လဲ...'

​ေပ့က်ဲ႕က ႐ွီ႐ွန္းရဲ႕ ဂ႐ုမထားတဲ့အ​ေျဖ​ေၾကာင့္ ​ေဒါသထြက္သြားပုံ​ေပၚၿပီး ထမင္းစားခန္းထဲက​ေန ဝုန္းဒိုင္းက်ဲၿပီးထြက္သြားတယ္

'ဇာတ္လိုက္​ေတြဘာစဥ္းစား​ေနတယ္ဆိုတာကို တကယ္ပဲနားမလည္ႏိုင္​ေတာ့ဘူး....'

​ေပ့ဇနီး​ေမာင္ႏွံက အိမ္​ေတာ္ပဲ ၂ရက္ပဲ​ေနသြားၾကၿပီး က်င္း​ေ႐ွာင္ယြီကလည္း တစ္ခ်ိန္လုံးနီးပါး အိမ္ကို​ေရာက္​ေနတယ္ ဒီအခ်ိန္အတြင္းမွာ က်င္း​ေ႐ွာင္ယြီက အမွား​ေတြတစ္ခုၿပီးတစ္ခုလုပ္မိ​ေပမယ့္ ​ေပ့ဇနီး​ေမာင္ႏွံက အဲ့ဒါကို မျမင္ခ်င္​ေယာင္​ေဆာင္​ေပးထားၾကတယ္

သူတို႔မျပန္ခင္မွာ က်င္း​ေ႐ွာင္ယြီကို အိမ္မွာထပ္​ေနသြားဖို႔​ေတာင္ မွာသြားလိုက္​ေသးတယ္ က်င္း​ေ႐ွာင္ယြီက *တတ္ႏိုင္သ​ေလာက္ျငင္းဆန္*​ေသး​ေပမယ့္လည္း ​ေနာက္ဆုံးမွာ​ေတာ့ သူတို႔ရဲ႕ဖိတ္ၾကားမႈကို ႐ွက္​ေသြးျဖာစြာပဲ လက္ခံလိုက္ရတယ္

​ေပ့အိမ္​ေတာ္မွာ ထပ္​ေနရတာနဲ႔တစ္ၿပိဳင္နက္ ဒီတစ္ႀကိမ္မွာ​ေတာ့ က်င္း​ေ႐ွာင္ယြီက ​ေပ့က်ဲ႕နဲ႔အတူ ၄လႊာမွာပဲ​ေနခ်င္တယ္

ဒါ​ေပမယ့္လည္း ​ေပ့က်ဲ႕ကဘာ​ေၾကာင့္မွန္းမသိျငင္းဆိုလိုက္တာ​ေၾကာင့္ သူမအရင္က​ေနဖူးတဲ့၃လႊာက အခန္းမွာပဲ​ေနဖို႔ စိတ္အ​ေႏွာင့္အယွက္ျဖစ္စြာလက္ခံလိုက္ရတယ္

.............

"​ေ႐ွာင္ဇီ...ငါ့ကို​ေစာင့္ပါအုံး."
က်င္း​ေ႐ွာင္ယြီက အိမ္​ေတာ္ထဲမွာ ခုန္​ေပါက္​ေနတယ္
"​ေ႐ွာင္ဇီ....ငါတို႔ ​ေက်ာင္းကိုအတူသြားၾကရ​ေအာင္..."

"​ေပ့က်ဲ႕ ကားနဲ႔လိုက္သြား"
႐ွီ႐ွန္းက ဇာတ္လိုက္မကို
တစ္ခ်က္​ေတာင္မၾကည့္ဘူး
'ဒီဟာမ ဘာျဖစ္​ေနတာလဲ...ငါ့ကိုဘာကိစၥတြယ္ကပ္​ေနပါလိမ့္...'

"က်ဲ႕ကသူဒီ​ေန႔အလုပ္႐ႈပ္​ေနလို႔ ငါ့ကို နင့္ကားနဲ႔လိုက္သြားလိုက္​ေတာ့တဲ့"
က်င္းေ႐ွာင္ယြီကယုံၾကည္ခ်က္႐ွိ႐ွိနဲ႔ မ်က္ႏွာကို​ေမာ့ထားၿပီး​​ေတာ့​ေတာင္ေျပာလိုက္တယ္
'ငါအခု ခ်မ္းသာ​ေနၿပီ..နင့္​ေ႐ွ႕မွာ ​ေနာက္တစ္ႀကိမ္ အ႐ွက္မရ​ေစရ​ေတာ့ဘူး..'

"အိုး...ဟုတ္လား..ဒါ​ေပမယ့္ ဘယ္လိုလုပ္မလဲ...ငါ​ကေတာ့နင့္ကိုမ​ေခၚခ်င္ပါဘူး.."
႐ွီ႐ွန္းကား​ေပၚကိုတက္လိုက္တာနဲ႔တစ္ၿပိဳင္နဲ႔ ကားသမားက ကားကိုဝူးခနဲ​ေမာင္းထြက္သြားတယ္

မ်က္ႏွာကို ကားအိတ္​ေဇာ​ေတြ ဟပ္ခံလိုက္ရတာ​ေၾကာင့္ က်င္း​ေ႐ွာင္ယြီရဲ႕ အမူအရာက ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္​ေနတယ္

'အရင္တုန္းက ငါကဆင္းရဲလို႔ သူမဆီကအထင္​ေသးခံရတာကိုငါသည္းခံႏိုင္တယ္..ဒါ​ေပမယ့္..အခု ငါလည္းခ်မ္းသာ​ေနၿပီ...သူမက ငါ့ကိုဘာကိစၥ အထင္​ေသးရဲ​ေသးတာလဲ..'

က်င္း​ေ႐ွာင္ယြီက လက္သီးက်စ္က်စ္ပါ​ေအာင္ဆုပ္ၿပီး သူမအတြက္ ကားတစ္စီးျပင္ဆင္​ေပးဖို႔ အိမ္​ေတာ္ထိန္းကိုသြား​ေျပာလိုက္တယ္

အရင္တုန္းက​ေတာ့ သူမကဒီအိမ္ရဲ႕ အလုပ္သမားဆို​ေပမယ့္ အခု​ေတာ့ ဂုဏ္သ​ေရ႐ွိဧည့္သည္ျဖစ္​ေနၿပီ

............

က်င္းေ႐ွာင္ယြီကေက်ာင္းကိုေရာက္သြားတဲ့အခါမွာေပ့ဇီကေကာင္ေလးတစ္ေယာက္နဲ႔အတူတူ​​ေက်ာင္းထဲကိုဝင္လာတာ​ေတြ႕လိုက္တယ္

'သူ႕ကိုငါဘယ္လိုေဖာ္ျပရမလဲ,သူကမဆိုဘူးပဲ..ေပ့က်ဲ႕ထက္ေတာင္​ေခ်ာေသးတယ္'

သူ႕ေနာက္မွာအနက္ေရာင္ဝတ္စုံဝတ္ထားတဲ့အ​ေစာင့္ေတြကလိုက္လာၿပီးေတာ့ေဘးမွာလည္းေခြးအႀကီးႀကီးတစ္ေကာင္႐ွိေသးတယ္
လမ္းကေနျဖတ္သြားတိုင္းသူ႕ကိုမျမင္တဲ့သူမ႐ွိဘူး

က်င္းေ႐ွာင္ယြီကသူတို႔စကားေျပာတာကိုၾကားၿပီးသူ႕နာမည္ကိုသိခဲ့တယ္

'ဖူခ်င္းး....ေက်ာင္းမွာထင္႐ွားတဲ့လူထူးဆန္းဖူခ်င္းး...'

Transalated by Dora 💜 Mia💙
18.4.21(Sunday)

Continue Reading

You'll Also Like

387K 22.2K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...