လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန...

By simply_because99

67.7K 8.6K 428

Title ✿ Free RenYigu Original Author ✿ Your唯 Eng Translator : Rinisnotgold Status : 15 chapters (Complete... More

Synopsis
အပိုင်း - ၁ [ U ]
အပိုင်း - ၁ [ Z ]
အပိုင်း - ၂ [ U ]
အပိုင်း - ၂ [ Z ]
အပိုင်း - ၃ [ U ]
အပိုင်း - ၃ [ Z ]
အပိုင်း - ၄ [ U ]
အပိုင်း - ၄ [ Z ]
အပိုင်း - ၅ [ U ]
အပိုင်း - ၅ [ Z ]
အပိုင်း - ၆ [ U ]
အပိုင်း - ၆ [ Z ]
အပိုင်း - ၇ [ U ]
အပိုင်း - ၇ [ Z ]
အပိုင်း - ၈ [ U ]
အပိုင်း - ၈ [ Z ]
အပိုင်း - ၉ [ Z ]
အပိုင်း - ၁၀ [ U ]
အပိုင်း - ၁၀ [ Z ]
အပိုင်း - ၁၁ [ U ]
အပိုင်း - ၁၁ [ Z ]
ဇာတ်သိမ်းပိုင်း [ U ]
ဇာတ်သိမ်းပိုင်း [ Z ]
Extra 1 [ U ]
Extra 1 [ Z ]
Extra 2 [ U ]
Extra 2 [ Z ]
Extra 3 - ပထမပိုင်း [ U ]
Extra 3 - ပထမပိုင်း [ Z ]
Extra 3 - ဒုတိယပိုင်း [ U ]
Extra 3 - ဒုတိယပိုင်း [ Z ]

အပိုင်း - ၉ [ U ]

1.6K 325 1
By simply_because99

【 Unicode 】

                                 (179)

ငါ့သူငယ်ချင်းကို ပြောပြလိုက်တယ်။
ငါ လူကောင်းတစ်ယောက်နဲ့တွဲနေပြီး အခု
အဲဒီလူကိုဖြတ်ပစ်ဖို့ စဥ်းစားဆဲအခြေအနေလို့။

ငါ့သူငယ်ချင်းက အစက်အတန်းရှည်ကြီးကို
ပြန်ပို့လာတယ်။

သူငယ်ချင်းက ငါ့ကို ရူးသွားပြီလားဆိုပြီး
မေးချင်တာဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီနောက်
သူ အမှတ်ရသွားတာက ငါတကယ်ရူးနေတယ်
ဆိုတဲ့အချက်ပဲ။ ဒါကြောင့် သူ ဘာပြောရမှန်း
မသိတော့တာ။

ခဏအကြာ ငါ့သူငယ်ချင်းက စာပြန်တယ်။

သူငယ်ချင်း : ဘာကိုမှ မိုက်မိုက်မဲမဲ,မလုပ်နဲ့ဦး။

သူငယ်ချင်း : အရင်ဆုံး...

သူငယ်ချင်း : ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ
                    ငါ့ကိုပြောပြ၊ ဟုတ်ပြီလား?

ငါ : ရည်းစားတစ်ယောက်ရပေမယ့် ငါ သူ့ကို
      ဘာလို့တွဲနေမိမှန်း နားမလည်ဘူး။

နောက်တစ်ကြိမ်ထပ်ပြီး ငါ့သူငယ်ချင်းက
အတော်ကြာအောင် ဘာမှပြန်မဖြေပေ။
ဖြစ်နိုင်တာက သူ ငါ့ကမ္ဘာကိုနားလည်နိုင်ဖို့
အခက်ခဲဆုံးကြိုးစားနေရပုံပဲ။

ငါ့သူငယ်ချင်းက အဖြေမရှာနိုင်ချိန်၊
စာပြန်ပို့လာတယ်။

သူငယ်ချင်း : မင်းက ဘယ်လို date လုပ်မလို့လဲ။

သူငယ်ချင်း : ဘယ်လိုတွဲတာမျိုးကို အဓိပ္ပါယ်
                   သတ်မှတ်ချင်တာလဲ?

ငါလည်း မသိဘူး။ ငါ ကလေးရနိုင်တာမျိုးမဟုတ်သလို၊ ရွှယ်ယောင်ကျူ့လည်း ကလေးမရနိုင်တာ
အထင်အရှား။ ငါတို့နှစ်ဦးအတူရှိနေခြင်းက
လက်တွဲဖော်လိုအပ်တဲ့လူသားတွေရဲ့သဘာဝ
စိတ်ဆန္ဒဖြစ်ပြီး အပြန်အလှန်စောင့်ရှောက်ပေးတဲ့ကိစ္စသက်သက်ပဲ။

သူငယ်ချင်း : ဒါဆို မင်း ဘာကိုလိုချင်သေးလို့လဲ။

ငါလည်း မသိဘူး!
ငါ ဘာလုပ်ချင်လဲ၊ ဘာလုပ်နိုင်မလဲ၊
ဘာလုပ်သင့်လဲ၊ ဘယ်ကလာသလဲ၊ ဘယ်ကို
သွားမှာလဲ၊ ဘာ​လို့အသက်ရှင်နေတာလဲ၊
ဘာ​ကြောင့် သေဆုံးရမှာလဲဆိုတာတွေကို
ငါ မသိတော့ဘူး!!

                                (180)

ငါ့သူငယ်ချင်းက စကားလမ်းကြောင်းလွှဲလိုက်တယ်။

သူငယ်ချင်း : မင်း ဆရာဝန်ဆီ တကယ်ကြီး
                    သွားမှာလား။

သူငယ်ချင်း : ဆရာဝန်ဆီသွားတာက အကူအညီ
                    မဖြစ်ဘူးလို့ ငါပြောပြီးသားပဲ။

ငါ : မသွားရသေးဘူး၊ ငါက စောင့်ဆိုင်းနေဆဲ
      စာရင်းမှာပါတာ။

သူငယ်ချင်း : မင်းပြောတော့ စောင့်ဆိုင်းကာလကို
                    ကျော်လွန်လို့ ချိန်းဆိုမှုပြီးပြီဆို?

ငါ : ငါ မစဥ်းစားဘဲ ချိန်းဆိုမှုကိုဖျက်မိတာ။

သူငယ်ချင်း : ဟူး...မင်းက အကြိမ်တိုင်းလိုလို
                    ကမူးရှူးထိုးဖြစ်နေတာလေ။

ငါ အရင်ကတည်းက အကြိမ်ပေါင်းများစွာ
တဇွတ်ထိုးဆန်ခဲ့တယ်ဆိုတာ အမှန်ပဲ၊ ဆိုပေမယ့်
ငါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့မရနိုင်ဘူး။

တကယ်တော့ ဒီထုံထိုင်းတဲ့ရောဂါက
ကောင်းတော့ကောင်းသား။ ငါ့ကိုယ်ငါ ဖြေသိမ့်ဖို့
ဆင်ခြေတစ်ခုကို အမြဲရှာလို့ရတယ်လေ။ ဒါတွေ
အားလုံးက ငါ့ရောဂါကြောင့်ဖြစ်တာဆိုပြီး
ပြောလိုက်မယ်။ ငါ့အမှား​မဟုတ်ဘူး၊ ငါက ရောဂါသည်သက်သက်ပဲ။

ဆိုပေမယ့်လည်း ဒီလိုလုပ်တာက သိပ်အသုံးမဝင်
ပါဘူး။ အဆုံးမှာတော့ ငါတစ်ယောက်တည်းကပဲ
တာဝန်မခံဘဲ ပုံချတဲ့ကိစ္စလုပ်နိုင်တာမဟုတ်လား။
တခြားလူတွေက ငါ့ကို အရူးတစ်ယောက်လိုပဲ
သဘောထားကြမှာလေ။

                               (181)

သူငယ်ချင်း : မင်းနဲ့တွဲတာ ဘယ်သူလဲ။

သူငယ်ချင်း : ငါ သိတဲ့လူလား?

ငါ : မင်းကို နောက်ပိုင်းမှာ ပြောနိုင်လောက်တယ်၊
      ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့သူက ပြတ်တော့မှာ။

သူငယ်ချင်း : ဒီရယ်စရာကောင်းတဲ့အကြောင်းနဲ့
                    တကယ်ကြီးဖြတ်ပစ်မလို့လား။

ဒီလိုလုပ်ဖို့အပြင် ငါ ဘာတတ်နိုင်မှာလဲ! ငါလည်း မှန်တယ်ဆိုတဲ့ခံစားချက်ကို မရရုံ!

ငါ့သူငယ်ချင်းက ရူးတော့မလိုပဲ။

သူငယ်ချင်း : Fuck.ဒါဆို ဘယ်လိုခံစားချက်ကို
                    လိုချင်တာတုံး၊ မင်းသမီးလေး?!

ငါလည်း မပြောတတ်ဘူး၊ ဘုရားပဲ သိလိမ့်မယ်။

ငါ သူငယ်ချင်းကိုမေးကြည့်လိုက်တယ်။
သူ date လုပ်တုန်းက ဘယ်လိုခံစားရလဲဆိုတာပေါ့။ ငါ့သူငယ်ချင်းက စိတ်ဓာတ်ကျသွားကာ
ပြန်​မေးလိုက်တယ်။ မွေးကတည်းက တစ်ကိုယ်တည်းလူပျိုကြီးဖြစ်ဖို့ကံပါတဲ့ သူ့ကို လှောင်ပြောင်နေတာလားတဲ့။

ငါ တမင်ရည်ရွယ်ပြီးမေးတာ မဟုတ်ရပါဘူး။

အဲဒီနောက် ငါ သူငယ်ချင်းကိုမေးလိုက်တယ်။
သူ့မှာ သဘောကျတဲ့လူရှိလားပေါ့။ သူငယ်ချင်းက
ရှိတယ်လို့ပြန်ဖြေပြီး၊ 'တုန်းဟွ'ကာရိုက်တာပုံကို
ပို့လာရော။ (donghua)

ငါ တုန်းဟွဇာတ်ကောင်တွေကို ခွဲခြားခွဲခြား
လုပ်တာမဟုတ်ပေမယ့်လည်း၊ အနည်းဆုံးတော့
ပန်ဒါဝက်ဝံပုံကို လာမပို့နဲ့လေကွာ။ ဒါကြီးက
လူမဟုတ်ဘူးလေ၊ အိုကေ? ငါက စိတ်ရောဂါ
ရနေရုံပါ။ အပြည့်အဝရူးသွပ်နေတာမဟုတ်ဘူး။

ပန်ဒါဝက်ဝံတွေကို အထင်သေးတာလားဆိုပြီး
သူငယ်ချင်းက မေးတယ်။ အဲ့လိုမဟုတ်ဘူးလို့
ငါ ပြန်ဖြေလိုက်ကာ တကယ်တော့ သူ့ကို
အံ့သြရုံတင်။ သူငယ်ချင်းက ထပ်မေးပြန်တယ်။
ပန်ဒါဝက်ဝံလေးတွေကို ချစ်စရာကောင်းတယ်
မထင်ဘူးလားတဲ့။ ပန်ဒါဝက်ဝံလေးတွေ
ချစ်ဖို့ကောင်းတာအမှန်ပါပဲ၊ ဒါပေမယ့် ငါ
အဲ့လိုရှော့ခ်ရစေလောက်တဲ့၊ တားမြစ်ထားတဲ့
ဆက်ဆံရေးကို လက်မခံနိုင်တာလို့ ပြောလိုက်
တယ်။

အကယ်၍ ငါ့မိသားစုမှာ အဲ့လိုကိစ္စဖြစ်လာမယ်
ဆိုရင်၊ ငါ့အစ်ကိုကြီးက သူ့ကို သေအောင်ရိုက်ပြီး
ရေတွင်းထဲမြှုပ်ပစ်မှာ။ အကယ်၍ အဲလိုကိစ္စမျိုး
အပြင်မှာပေါ်ပေါက်ရင်လည်း ဒါကိုစီမံတဲ့
အစိုးရအဖွဲ့က သူ့ကိုဖမ်းဆီးမှာဖြစ်ကာ
ပစ်မိန့်ပေးပြီး ကွပ်မျက်လိမ့်မယ်။

ငါ့သူငယ်ချင်းက တစ်သက်နီးပါးကြာအောင်
မွှေနှောက်ရှာပြီးချိန်မှာ တုန်းမဲန်းဇာတ်ကောင်
ဖြစ်တဲ့လူပုံကို ထပ်ပို့လာတယ်။ (dongman)

ငါ သူငယ်ချင်းကိုမေးလိုက်တယ်။
အပြင်လောကမှာ မင်းကိုသိတဲ့လူတစ်ယောက်ယောက်မရှိဘူးလားလို့။
အနုပညာရှင်တွေရဲ့ဓာတ်ပုံကို မပို့ဖို့လည်း
ပြောရသေးတယ်။

သူငယ်ချင်းက ဟားဟားဟားဆိုပြီး ရယ်ကာ
'မင်းနောက်နေတာလား'လို့ မေးတယ်။
လက်တွေ့မှာ သဘောကျမိတဲ့လူသာ ရှိရင်၊
သူ အခုထိ single ဖြစ်နေပါ့မလားတဲ့။

ငါ သူငယ်ချင်းကို အိပ်မက်ကနေနိုးထဖို့
တည်တည်ငြိမ်ငြိမ်​ဆိုလိုက်တယ်။ ဒီအရာနှစ်ခု
ကြားမှာ တိုက်ရိုက်ဆက်နွှယ်မှုမရှိဘူးလေ။

                              (182)

သူငယ်ချင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး
တော်တော်ကြာအောင် တွေးတောလိုက်ကာ၊ အလယ်တန်းကျောင်းတုန်းက တစ်စားပွဲတည်းအတူတူထိုင်ခဲ့သူကို အောက်မေ့သွားတယ်။

အဲဒီတစ်ယောက်ကို ငါလည်းသိတယ်၊
သူမက အတန်းထဲမှာ အလှဆုံးမိန်းကလေးပဲ။

ဒါကြောင့် ငါ သူငယ်ချင်းကို မေးကြည့်လိုက်
တယ်။ အတန်းရဲ့အိုင်ဒေါလ်ကို တစ်ဖက်သတ်
ကြိုက်မိတဲ့အခါ ဘယ်လိုခံစားချက်တွေ
ဖြစ်ပေါ်သလဲပေါ့။ ငါ့သူငယ်ချင်းပြောတာတော့
ဘယ်လိုခံစားချက်တွေဖြစ်ပေါ်ပါစေ၊
ဝင့်ကြွားဖွယ်တဲ့။ ဘာပဲပြောပြော သူမက
တကယ်ချောမောတဲ့အပြင် အဆင့်တွေလည်း
ကောင်းတာမို့ သူမကိုသာ တွဲနိုင်မယ်ဆိုရင်၊
သူ့ကိုယ်သူ ပိုအဆင်ပြေလာသလို ထင်မြင်မှာ
ဖြစ်ပြီး၊ ဒါဟာ ဂုဏ်ယူစရာကိစ္စဆိုပဲ။

ငါ့သူငယ်ချင်း အခုချိန်ထိ FA ဖြစ်နေတာ
မဆန်းပါဘူးလေ။

ငါ သူ့ကို ဘာမှမမျှော်မှန်းတော့ဘူး။

သူ တကယ် လက်တွဲဖော်တစ်ယောက်လိုချင်ရင်..
အိမ်ထောင်ဖက်တွေ့မှပဲ မျှော်လင့်ချက်ရှိမယ်လို့
ခံစားရတယ်။ ငါ့သူငယ်ချင်းက အကြီးအကျယ်
ကံကောင်းရင်တော့..တစ်စုံတစ်ဦးကို တွေ့ရှိမှာပါ။
အနစ်နာခံနိုင်ပြီး သူ့အပေါ်စာနာထောက်ထားမယ့်
မိန်းကလေးမျိုးပေါ့။

သူငယ်ချင်းကလည်း ငါ့ကို အတန်းရှင်း
ပေးချင်ပုံမပေါ်ပြန်ဘူး။

                              (183)

ငါတို့နှစ်ယောက် အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင်လုပ်လိုက်ရတယ်။

သူငယ်ချင်း : နောက်ပြောင်တာတွေ ရပ်တော့။

သူငယ်ချင်း : ငါ အခု အလေးအနက်ပြောနေတာ။

သူငယ်ချင်း : ကြိုးစားပြီး မင်းကိုယ်တိုင်
                    ပြန်သုံးသပ်ကြည့်။

သူငယ်ချင်း : မင်း ဘယ်ဆက်ဆံရေးကိုလိုချင်လဲ
                    ငါမသိပေမယ့်၊ အနည်းဆုံးတော့
                    ရုပ်ရှင်နဲ့လက်တွေ့ကို ခွဲခြားတတ်ဖို့
                    ကောင်းတယ်။

Danmei Novel ထဲက အဓိကကာရိုက်တာနဲ့
အမျိုးသားဇာတ်လိုက်ကို မင်းမေးနေတာလား။
ပိုပြီး လက်တွေ့ဆန်ဖို့? ဒါက ထုံထိုင်းရာမကျ
ဘူးပေါ့ ဟုတ်လား?

သူငယ်ချင်း : ဟမ်...

ငါ ဘာမှပြန်မပြောလိုက်ပေ။ ဒါက ငါ့ဦးနှောက်ထဲ
ပေါ်ပေါက်ပြီးသား'စကြ၀ဠာ'မှ ထွက်နေတဲ့
သတင်းစကားသက်သက်ပဲ။

သူငယ်ချင်းက စိတ်ရင်းမှန်နဲ့ အပင်ပန်းခံရင်း
ငါ့ကိုအကြံဥာဏ်ပေးဖို့ ကြိုးစားရှာတယ်။

သူငယ်ချင်း : မင်း ဒီထက်ပိုပြီး လေ့ကျင့်ခန်းလုပ်
                    သင့်တယ်။

လတ်တလောမှာ ငါ တော်တော်လေး
exercise လုပ်ဖြစ်တယ်လို့ ပြောလိုက်တယ်။

သူငယ်ချင်းက ငါ့ကို မယုံဘူး။

ထားပါတော့၊ ဘာပဲဖြစ်ဖြစ် ငါ ဒါကိုပြောင်းလဲလို့
မရဘူးလေ။ ဆိုတော့ ယုံချင်ယုံ၊ မယုံချင်နေ။

                              (184)

တကယ်ကို အချိန်နောက်ကျနေပြီဖြစ်ပေမယ့်
ရွှယ်ယောင်ကျူ့ မရောက်သေးဘူး။ ဒီည
သူပြန်မလာတော့ဘူးဆိုပြီး စာတစ်စောင်ပဲ
ပို့ခဲ့တယ်။

အိုး။

ပျင်းစရာကောင်းချက်ကွာ။

ပြဿနာရှာတတ်တဲ့ ငါ့အရိုးက စတင်ကိုက်ခဲလာ
ပေပြီ။ ညတစ်ဝက်ခန့်ကိုက်ခဲပြီးနောက် အဆုံးမှာ
ငါ မခံစားနိုင်တော့တာမို့၊ ရွှယ်ယောင်ကျူ့ဆီ
စာပို့လိုက်တယ်။

ငါ : ငါတို့နှစ်ယောက်က တအားမြန်မြန်ဆန်ဆန်
      အဆင့်တက်သွားတယ်လို့ မထင်ဘူးလား။

ပြီးတော့ ငါ အဲဒီစာကို ဖြည်းဖြည်းချင်းရုပ်သိမ်းဖို့လုပ်တယ်။

ရွှယ်ယောင်ကျူ့က အစက်တန်းကို အရှည်ကြီး
ပြန်ပို့လေရဲ့။

ရွှယ်ယောင်ကျူ့က ဘာလုပ်နေပါလိမ့်။
ညသန်းခေါင်ကြီး မအိပ်ဘဲ ဖုန်းသုံးနေတာလား?
ငါ စိတ်လှုပ်ရှားသွားပြီး ဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ စက္ကန့်တချို့အကြာမှာ သူက စာပြန်ပို့လာတယ်။

ရွှယ်ယောင်ကျူ့ : မင်းအတွက်တော့ နည်းနည်း
                           မြန်ကောင်းမြန်နိုင်တယ်။

ငါ : မင်း ဘာကိုဆိုလိုချင်တာ?

ရွှယ်ယောင်ကျူ့ : ဆိုပေမယ့် ငါ့အတွက်တော့၊

ရွှယ်ယောင်ကျူ့ : ဒါက အမှန်တကယ်ဖြစ်လာတဲ့
                           ရေရှည်အိပ်မက်တစ်ခုပဲ။

ငါ : ..............

                                (185)

စကားထစ်တဲ့သူက ရည်းစားကောင်လေး
တစ်ယောက်(သို့)နှစ်ယောက်ကို တစ်ပြိုင်တည်း
ထားနိုင်လောက်တာ ဘာကြောင့်လဲ၊ မင်းတို့တွေ
သိလား?

အဓိက,ကတော့ ငါ့သူငယ်ချင်းနဲ့အစ်ကိုကြီးတို့
Blackboard ကိုကြည့်ဖို့လိုပါတယ်။

                               (186)

ရွှယ်ယောင်ကျူ့ : မင်း ဒါကို ရုတ်တရက်ကြီး
                           ဘာလို့တွေးမိတာလဲ။

ငါ : ငါ မသိဘူး။

ငါ : ဒါကို ထူးဆန်းတယ်လို့ ခံစားရရုံ။

ရွှယ်ယောင်ကျူ့ : ဘယ်အပိုင်း ထူးဆန်းတာလဲ။

အင်း၊ ငါလည်း တကယ်ကို တိတိကျကျမပြောနိုင်
ဘူး။ ဒါနဲ့ပတ်သက်ပြီး ကြီးကြီးမားမားအချက်
မရှိဘူးလို့ ထင်မိရုံတင်။ ငါတို့ ဒီအတိုင်း
ဘာရယ်မဟုတ်,တွဲဖြစ်သွားခဲ့တာမဟုတ်လား။
မသိရင် ငါနဲ့သူက သိပ်လွယ်ကူလွန်းနေသလိုလို၊
ဒါမှမဟုတ်လည်း တစ်ခုခုပဲ။

ရွှယ်ယောင်ကျူ့ : ဒီအတိုင်းတွဲဖြစ်တာမဟုတ်
                           ဘူး၊ ငါတို့ ဘုရားကျောင်းကို
                           သွားဆုတောင်းခဲ့တယ်လေ။

ငါမေးလိုက်တယ်။ 'အဲဒီတော့?'

ရွှယ်ယောင်ကျူ့ : ဒါနဲ့ပဲ ငါတို့ ဘုရားကျောင်းမှာ
                           ဆုတောင်းခဲ့တုန်းက..

ရွှယ်ယောင်ကျူ့ : မင်း ငါ့ကိုပြန်ကြိုက်ပါစေလို့
                           ငါ ဆုတောင်းခဲ့တယ်။

ရွှယ်ယောင်ကျူ့ : ပြီးတော့ တကယ်ဖြစ်လာခဲ့ပြီ။

မေးခွန်းက အခုမှလာတာ။ ငါ ရွှယ်ယောင်ကျူ့ကို
ဘာလို့ ဒီအတိုင်းကြိုက်မိသွားတာလဲ?

ငါက သိပ်ကိုအထီးကျန်၊ သနားစရာကောင်းပြီး
ဝမ်းနည်းနေတဲ့အချိန်မှာ..gay ကောင်လေး
တစ်ယောက်ပေါ်လာတော့ ငါ ဘာရယ်မဟုတ်
အဲဒီကောင်လေးကို အရမ်းအရမ်းတွဲချင်သွားတာ
ဖြစ်ရမယ်။ နောက်တစ်နည်း တွေးကြည့်ရအောင်၊
တကယ်လို့ ငါ့သူငယ်ချင်းက ကွေးနေရင်ရော?
ငါ သူနဲ့ တွဲဖြစ်လောက်မလား။

ရွှယ်ယောင်ကျူ့ : ..........

ရွှယ်ယောင်ကျူ့က တော်တော်ကြာတဲ့အထိ
တစ်ခွန်းမှမဆိုဘူး။ ဖြစ်နိုင်တာက ဘာပြောရမှန်း
မသိတော့ပုံပဲ။

ရုတ်တရက်..ငါ အလွန်အမင်း အထီးကျန်၊
သနားစဖွယ်ကောင်းလာကာ ဝမ်းနည်းမိပြီ။

ငါ့ညီလေးနဲ့ညီမလေးမှာ ကိုယ်ပိုင်ကမ္ဘာငယ်
အသီးသီးရှိတယ်။ လူတိုင်းလူတိုင်းမှာ ကမ္ဘာငယ်ကိုယ်စီနဲ့ဆိုပေမယ့်၊ ငါ့အတွက်တော့ လုံးဝမရှိဘူး။

ရွှယ်ယောင်ကျူ့ : မင်းမှာ ရှိပါတယ်၊
                           အဲဒီကမ္ဘာငယ်က ငါလေ။

ဒီစကားက ငါ့ကို နှစ်သိမ့်မှုမပေးနိုင်ဘူး၊
ဘာ​​လို့လဲဆိုတော့ ဒါက အမှန်တကယ်မဟုတ်မှန်း
ငါ ရှင်းရှင်းလင်းလင်းသိနေတာကြောင့်ပဲ။

                               (187)

ဖာ့ခ်၊ ငါ့အလှည့်က ဘယ်တော့လာမှာလဲ?

✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧

                     

Continue Reading

You'll Also Like

4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
72.8K 7.8K 145
မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
278K 14.4K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
237K 35.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest