Only you (Complete)

By wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... More

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*24*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*15*

1.3K 145 7
By wintshweyi

Unicode

ဂျင် ဂျန်းကုနဲ့ချိန်းထားသည့်စားသောက်ဆိုင်စီကိုလာလိုက်သည်... ဂျင်စိတ်မလှုပ်ရှားမိအောင်ကြိုးစားနေပေမဲ့ဂျန်းကုကိုအဝေးကမြင်နေရရုံလေးနဲ့တင် ဂျင့်ရဲ့နှလုံးသားဟာခုန်နေပီးသားဖြစ်သည်...

"ဂျင် ရောက်လာပီလား..."

သူ့ကိုလက်ပြနေတဲ့ဂျန်းကုရှိရာစားပွဲဝိုင်းစီကိုဂျင်ပြုံးပြရင်း၀င်ထိုင်လိုက်သည်.. ဂျန်းကုကတော့ဂျင့်ကိုကြည့်ရင်းပြုံးနေရာမှ ဘယ်ဘက်လက်သူကြွယ်မှာ၀တ်ထားတဲ့လက်စွပ် တနည်းအားဖြင့်ပြောရရင် ဂျင်နဲ့နမ်ဂျွန်းရဲ့လက်ထပ်လက်စွပ်စီမှာအကြည့်တွေအဆုံးသတ်သွားတယ်...

"ကျွန်တော်နောက်ကျသွားတာလား"

ဂျန်းကု ဂျင့်အမေးကိုပြုံးရင်းခေါင်းရမ်းပြလိုက်သည်...

"ဒါနဲ့ လက်စွပ်လေးကလှတယ်နော်.. အရင်ကမမြင်မိသလိုပဲ"

ဂျင် လက်မှာ၀တ်ထားတဲ့လက်စွပ်ကိုပြန်ကြည့်လိုက်မိတယ်.. တကယ်တော့ နမ်ဂျွန်းကုတင်‌ေပါ်မှာပစ်တင်ထားတဲ့လက်စွပ်လေးကိုဘာစိတ်မှမပါပဲပီးပီးရောကောက်၀တ်ခဲ့တာလေ...

"ဂျန်းကုက ဟိုသတင်းစာရှင်းလင်းပွဲကိုလာဖူးတယ်ဆိုတော့ ကျွန်တော့အကြောင်းလည်းအနည်းငယ်တော့သိတယ်မလား.."

"ဂျင်နဲ့ CEO Kimအကြောင်းလား"

ဂျင်ခေါင်းငြိမ့်ပြလိုက်သည်...

"အနည်းငယ်တော့သိပါတယ် ဒါပေမဲ့...."

ဂျန်းကုကစကားဆက်မပြောပဲစိုက်ကြည့်နေတာကြောင့်ဂျင်နေရခက်လာသည်...

"မလိုက်ဖက်ဘူး...."

'ဟုတ်တယ် သူကမင်းနဲ့တကယ်ကိုမလိုက်ဖက်ဖူး.. သူရော သူပေးထားတဲ့ဒီလက်စွပ်ရော မင်းနဲ့မလိုက်ဖက်ဖူး..'

ဂျန်းကုရဲ့စကားအဆုံးမှာ ဂျင် ဂျန်းကုကိုမော့ကြည့်လိုက်မိသည်...

'ခင်များဘာဖြစ်ချင်နေတာလဲ.. အမြဲဘာလို့ကျွန်တော့ကိုရင်ခုန်အောင်လုပ်နေရတာလဲ...'

"အာ.. ဒါနဲ့ဒီမှာ ဂျင့်ပိုက်ဆံအိတ် ပစ္စည်းတွေစစ်ကြည့်လိုက်ပါဦး"

ဂျင်လည်း ဂျန်းကုလက်ထဲကပိုက်ဆံအိတ်လေးကိုယူလိုက်ပီးအတွင်းထဲကရွှေရောင်ဘောပင်လေးကိုထုတ်ကြည့်လိုက်တယ်..

"ရပါတယ်.. ကျွန်တော်ဒီပိုက်ဆံအိတ်လေးကိုပြန်လိုချင်တာကဒီဘောပင်လေးကြောင့်ပါ.."

"ကျွန်တော်ဘောပင်လေးကိုကောက်ရတာဒါနဲ့ဆိုရင်နှစ်ခါတောင်ရှိနေပီနော်"

"ဟုတ်သားပဲ"

"ဂျင်ကဒီဘောပင်လေးကိုအရမ်းသဘောကျတယ်ထင်တယ်"

"ကျိန်းသေပြန်တွေ့ချင်တဲ့လူတယောက်‌စီကနေရခဲ့တဲ့ပစ္စည်းလေးမို့လို့ပါ"

'မင်းကိုယ့်ကိုမမေ့သေးဘူးပဲဂျင်'

"မနာလိုလိုက်တာ.."

ဂျန်းကုရဲ့စကားလေးကြောင့်ဂျင့်ရဲ့နှလုံးသားဟာလည်းပြောင်းဆန်ကုန်ပါတယ်..

'ကိုယ်မနာလိုတယ်ဂျင်... မင်းရဲ့ရင်ထဲမှာနေရာယူထားတဲ့အရင်ကဖြူစင်တဲ့ဂျန်းကုကို ကိုယ်မနာလိုတယ်...'

'ခင်များဒီလိုတွေ နားမလည်နိုင်တဲ့စကားတွေကိုဆက်ပြောနေမယ်ဆိုရင် ကျွန်တော်အထင်မှားမိလိမ့်မယ်ဂျန်းကု.. ခင်များကကျွန်တော့ကိုသဘောကျနေတယ်ဆိုပီးတော့ပေါ့..'
.
.
.
.
.
.
.
ဂျန်းကု ဆော့ဂျင်နဲ့တွေ့ပီးအပြန်မှာ ကိုယ်ကိုယ်တိုင်တောင်မသိပဲ လက်စွပ်ဆိုင်တခုရဲ့ရှေ့ကိုရောက်နေမိတယ်.. ကိုယ်ကိုတိုင်တောင်မသိပဲ ဆော့ဂျင်နဲ့လိုက်ဖက်မဲ့လက်စွပ်လေးကိုရှာနေမိတယ်..

"ဒီလက်စွပ်လေး တချက်လောက်ပြလို့ရမလား"

"ဟုတ်ကဲ့ ဒါလေးက proposeလုပ်တဲ့အတွဲတွေမှာနာမည်ကြီးနေတဲ့လက်စွပ်လေးပါ.. coupleရှိပါတယ်..ဒီလက်စွပ်လေးရဲ့နာမည်က you are mineပါ.."

ဂျန်းကု လက်စွပ်လေးကိုသေချာစိုက်ကြည့်နေမိတယ်... အခုကြည့်နေတဲ့လက်စွပ်လေးကတော့နမ်ဂျွန်း ဆော့ဂျင်ကိုပေးထားတဲ့လက်စွပ်ဒီဇိုင်းလေးပင်... ဆော့ဂျင်ကနဂိုကတည်းချောပီးအသားအရည်လှတဲ့သူမို့ဘလိုဒီဇိုင်းနဲ့ပဲဖြစ်ဖြစ်လိုက်မှာအမှန်ပင်.. သူကတော့ဆော့ဂျင်ကိုတခြားသူတွေလိုမဟုတ်ပဲထူးခြားတာလေးပေးချင်မိသည်...

"ဟိုတခုရော ပြလို့ရမလား"

"အော်.. ဒါလေးလား ဒါကတလောကလုံးမှာ ဒီနှစ်ကွင်းပဲရှိနိုင်တဲ့လက်စွပ်လေးပါ... ဒီလက်စွပ်လေးရဲ့နာမည်က only youပါ.. မင်းတယောက်သာဆိုတဲ့အဓိပ္ပာလေးပေါ့ ဒီဟာကို ဒီဇိုင်နာ***ကဒီနှစ်ကွင်းထဲကိုပဲအထူးပြုလုပ်ထားတာပါ"

'Only youတဲ့လား အရမ်းလှတဲ့နာမည်လေးပဲ '

"ကျွန်တော်ဒါကိုယူပါ့မယ်"
.
.
.
.
.
.
.
.
'မင်းဘာလို့ငါ့ကိုလာတားနေရတာလဲ ပတ်ဂျီမင်'

'ကျွန်တော်တောင်းပန်ပါတယ် ကမ်ဟယ်ဆူ သူ့ကိုအဲဒီလိုမလုပ်ပါနဲ့'

'သူကဘာလုပ်ရပ်တွေကိုလုပ်ခဲ့လဲဆိုတာမင်းသိတယ်မလား အဲတာကိုဘာလို့...'

'တောင်းပန်ပါတယ်'

'ငါကတော့သက်ဆိုင်ရာကိုအကြောင်းကြားရမှာပဲ'

'ကမ်ဟယ်ဆူ!!'

'မင်း ဘာလုပ်နေတာလဲ ပတ်ဂျီမင် အ!!'

"မဟုတ်ဖူး !!!!!"

ဂျီမင် ပုံမှန်အတိုင်းချွေးတွေရွှဲလျက်ပင်နိုးလာရပြန်သည်.. အဲဒီနေ့တုန်းက သူသာ ကမ်ဟယ်ဆူ့ခေါင်းကိုမရိုက်ခဲ့မိရင်ဒီလိုတွေဖြစ်လာမှမဟုတ်ဖူး.. သူကြောင့်နမ်ဂျွန်းနဲ့ဟိုဆော့ပါအလုပ်ရှုပ်ရတဲ့အပြင် တခြားအပြစ်မရှိတဲ့သူတယောက်ကလဲသူ့အစားထောင်ထဲ၀င်ခဲ့ရသေးတယ်.. တကယ်တော့သူကသတ်လိုက်တာပါ သူကလူသတ်သမားပါ.. ဒါပေမဲ့ပတ်ဂျီမင်တယောက်မသိခဲ့သည်ကတော့ ကမ်ဟယ်ဆူဟာ ခေါင်းကိုရိုက်လိုက်တဲ့ဒဏ်ရာကြောင့်သေရသည်မဟုတ်ပဲ အသက်ရှူကျပ်ပီးသေဆုံးခင်းဖြစ်သည်ဆိုတာကိုပင်.. တကယ်တော့ကမ်ဟယ်ဆူ့ကိုသတ်လိုက်တဲ့တရားခံက.....
.
.
.
.
.
.
.
#အေး ငါ့ဘက်ကတော့အကုန်okတယ် မင်းဘက်ကရော#
#............#
#မင်းသူ့နားကိုသေချာချဉ်းကပ်မှဖြစ်မယ်#
#...........#
#စိတ်မပူပါနဲ့ ငါလည်းငါ့ရဲ့ပစ်မှတ်ကိုဦးတည်နေပါပီ#
#...........#
#No ငါမင်းကိုထိန်းချုပ်နေတာမဟုတ်ဖူး ငါတို့ကပူးပေါင်းဆောင်ရွက်နေတာလေ မင်းလဲသူတို့ကိုလက်စားချေချင်နေတယ်မလား#
#............#

ဂျန်းကု ဖုန်းချလိုက်ပီး မဲ့ပြုံးတချက်ကိုဆင်မြန်းလိုက်သည်..

'တောင်းပန်ပါတယ် ဂျင်.. ငါအရင်ကဂျန်းကုမဖြစ်နိုင်တော့ဘူး.. ငါ့ရဲ့တန်ဖိုးအရှိဆုံးအရာတွေကိုကမ်နမ်ဂျွန်းကဖျက်စီးပစ်လိုက်တာ.. ငါ့မိဘ ငါ့သူငယ်ချင်း နောက်ဆုံးမင်းကိုအထိပါ ငါ့အနားကနေဆွဲထုတ်သွားခဲ့တာ.. ငါသူ့ကိုပြန်ပီးလက်စားချေရမှဖြစ်မယ်...'
.
.
.
.
.
.
.
.........Namjin........x........Jinkook........
AN

သက်ြန်အထိမ်းအမှတ်အနေနဲ့တင်ပေးလိုက်တာပါနော် မနက်ဖြန်ကျရင်နတ်သားလေးဇာတ်သိမ်းတင်ပေးပါ့မယ် love you all(●♡∀♡)(◍•ᴗ•◍)❤
..................................................................
Zawgyi


"ဂျင် ရောက်လာပီလား..."





ဂျင် လက်မှာဝတ်ထားတဲ့လက်စွပ်ကိုပြန်ကြည့်လိုက်မိတယ်.. တကယ်တော့ နမ်ဂျွန်းကုတင်‌ပေါ်မှာပစ်တင်ထားတဲ့လက်စွပ်လေးကိုဘာစိတ်မှမပါပဲပီးပီးရောကောက်ဝတ်ခဲ့တာလေ...






"မလိုက်ဖက်ဘူး...."








"ဟုတ်သားပဲ"




"မနာလိုလိုက်တာ.."



.
.
.
.
.
.
.







.
.
.
.
.
.
.
.



'တောင်းပန်ပါတယ်'


'ကမ်ဟယ်ဆူ!!'


"မဟုတ်ဖူး !!!!!"

.
.
.
.
.
.
.
#............#
#...........#
#...........#
#............#


.
.
.
.
.
.
.
.........Namjin........x........Jinkook........
AN

..................................................................



Continue Reading

You'll Also Like

5K 201 18
"My dream has finally come true! I can finally open my own flower shop!"
7K 505 35
ငါဘယ်​တော့မှ အရက်မ​သောက်​တော့ပါဘူး ရန်လဲမဖြစ်​တော့ဘူး က​လေးမကြိုက်တာ​တွေလဲ ဘာတစ်ခုမှမလုပ်​တော့ပါဘူး ကင်​ဆော့ဂျင် တစ်...
62.2K 2.4K 38
Jo Yuri is from the Future,She only came back to Fix everything she did wrong and She only has Limited Time but What Happens if She Falls in love wit...
30.8K 3.5K 34
ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ခပ်လန်းလန်း Bad Boy ကောင်လေးနဲ့ အနေအေးပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး