Our Dads are Fudanshi (Season...

By Its_just_Thu

161K 23.6K 3.7K

You will get a heache when your dads are fudanshi🙄😑 More

Character Introduction/Author's Note
ODAF - Ep 1
ODAF - Ep 2
ODAF - Ep 3
ODAF - Ep 4
ODAF - Ep 5
ODAF - Ep 6
ODAF - Ep 7
ODAF - Ep 8
ODAF - Ep 9
ODAF - Ep 10
ODAF - Ep 11
ODAF - Ep 12
ODAF - Ep 13
ODAF - Ep 14
ODAF - Ep 15
ODAF - Ep 16
ODAF - Ep 17
ODAF - Ep 18
ODAF - Ep 19
ODAF -Ep 20
ODAF - Ep 21
ODAF Ep 22
ODAF - Ep 23
ODAF - Ep 24
ODAF - Ep 25
ODAF - Ep 26
ODAF - Ep 27
ODAF - Ep 28
ODAF - Ep 29
ODAF - Ep 30
ODAF - Ep 31
ODAF - Ep 32
ODAF - Ep 33
ODAF - Ep 34
ODAF - Ep 35
ODAF - Ep 36
ODAF - Ep 37
ODAF - Ep 38
ODAF - Ep 39
ODAF - Ep 40
ODAF - Ep 41

ODAF - F I N A L 💛

3.4K 284 67
By Its_just_Thu


Our Dads are Fudanshi Final Ep

"အငယ်လေး ရိရှောင်း၊ အထုပ်တွေအကုန်လုံးကားပေါ်တင်လိုက်ပြီလား''

ရှောင်းဝမ်ကပျော်ရွှင်နေတာကို ဖုန်းဖိလို့မရတဲ့လေသံနဲ့မေးတော့ ရိရှောင်းကလည်း သွက်သွက်လက်လက်ခေါင်းညိမ့်ပြတယ်။

"အကုန်ထည့်ပြီးပြီကိုကို Readyပဲ''

"ဟဲဟဲ ခရီးသွားရမယ်ဆိုတာ အခုချိန်ထိမယုံနိုင်သေးဘူး''

"ယုံလိုက်ပါတော့ တကယ်သွားရမယ့်ဟာကို''

ရိရှောင်းထက်ပိုပြီးကလေးဆန်တဲ့ရှောင်းဝမ်ကို ရိရှောင်းကပုခုံးပုတ်ပြီးတောင် ပြန်အားပေးနေသေးတယ်။

သူတို့ညီအစ်ကိုနှစ်ယောက်က စာမေးပွဲပြီးလို့ဆိုပြီး Daddyတို့က ကမ်းခြေကို ခရီးထွက်ဖို့လိုက်ပို့ပေးတာဖြစ်တယ်။

ဒီကမ်းခြေက အတော်လေးလှတယ်လို့ နာမည်ကြီးတဲ့ကမ်းခြေတစ်ခုပဲ။

ရှောင်းဝမ်တို့ညီအစ်ကိုနှစ်ယောက်လုံး တစ်ခါမှမရောက်ဖူးသေးဘူး။

မရောက်ဖူးဆို အခုသွားမယ့်ကမ်းခြေက သူတို့နေတဲ့မြို့နဲ့ တော်တော်လေးလှမ်းတာမို့ တကူးတကကြီး မသွားဖြစ်တာဆိုရင်လည်း ပါလိမ့်မယ်။

မြို့နဲ့သိပ်မလှမ်းတဲ့ ကမ်းခြေတွေကိုတော့ ရောက်ဖူးပေမယ့် ဒီကမ်းခြေက ပထမဦးဆုံးသွားမှာမို့ ရှောင်းဝမ်တို့ညီအစ်ကိုနှစ်ယောက်လုံး စိတ်လှုပ်ရှားနေတာပေါ့။

အဲ့ဒီအပြင်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အချက်ကတော့ သူတို့နဲ့အတူ သူတို့ရဲ့ဘဲဘဲတွေပါ လိုက်ဖို့အတွက် Daddyတို့က ခွင့်ပြုထားလို့ပဲ။

စာမေးပွဲဆိုတဲ့ Stressကြီးလဲ မရှိတော့ဘူး၊ ချစ်ရတဲ့သူနဲ့နှစ်ယောက် ကမ်းခြေမှာဘယ်လိုတွေရိုရမလဲလို့ တွေးပြီးရှောင်းဝမ်တို့က ပါးစပ်မစိနိုင်တော့ဘူးလေ။

"ငယ်လေးရေ ရိရှောင်း၊ အိမ်ပြင်မှာ ကားသံကြားတယ် ချန်ယွီ လာတာထင်တယ်သွားကြိုလိုက်ဦးလေ ''

"ဟာ ဟုတ်လား ကျွန်တော်က မရောက်သေးဘူးထင်လို့ သွားလိုက်မယ်ပါးပါး''

ချန်ယွီဆိုတဲ့အသံကြားတာနဲ့ ရိရှောင်းတို့က အမြီးတောင်လှမ်းဆွဲမရလို့မရလောက်အောင် ခြံအပြင်ကိုထွက်ပြေးသွားတယ်။

ရိရှောင်းကိုမနာလိုလိုက်တာ။

မနာလိုဆို စခန်းမှူးချန်ယွီကတော့ သူတစ်ယောက်တည်းလိုက်မှာဖြစ်တဲ့အတွက် ကားသက်သက်နဲ့မလာခိုင်းတော့ပဲ ရှောင်းဝမ်တို့မိသားစုနဲ့ ကားအတူလာစီးခိုင်းထားတာ။

ရှောင်းဝမ်ရဲ့ကိုကိုကတော့ ကိုကိုတို့မိသားစုကပါ ရှောင်းဝမ်တို့နဲ့အတူ ဒီခရီးကိုလိုက်မှာမို့ ရှောင်းဝမ်တို့အိမ်က ကားနဲ့မလိုက်ပဲသူ့အိမ်ကကားကိုမောင်းပေးရမှာ။

ဒါမျိုးကျ လောကကြီးကမတရားဘူး၊ အမြဲတမ်းရိရှောင်းတို့က ကံကိုကောင်းလွန်းတယ်။

ကြည့်နေ ကြည့်နေ မဂ်လာဆောင်ရင်တော့ အစ်ကိုဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ ရိရှောင်းတို့ထက်အရင်မဂ်လာဆောင်ရမှ ဖြစ်မယ်။

မဟုတ်ရင် ရိရှောင်းတို့လင်လင်နှစ်ယောက် ရှောင်းဝမ်ရှေ့မှာ ရိုနေမှာကို သည်းခံနိုင်မှာမဟုတ်ဘူး။

Xxxxxx

ခရီးရောက်မစိုက်လို့ပဲပြောရမယ်၊ ဟိုတယ်အခန်းတွေ check in လုပ်ပြီး ကိုယ်နေရမယ့်အခန်းထဲရောက်ပြီး ကျောဆန့်မလို့ရှိသေး၊ ချန်ယွီက သားငယ်ရဲ့လက်ကိုဆွဲကာ ခွင့်တောင်းစရာရှိလို့ပါဆိုပြီးရောက်လာခဲ့သည်။

သူတို့နှစ်ယောက်ပုံစံကိုကြည့်ကာ ရှောင်းကျန့်တစ်ခုခုကိုရိပ်မိသလိုရှိနေသား။

ချန်ယွီပြောတာကိုနားထောင်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ၊ ချန်ယွီက သားငယ်လေးရိရှောင်းကိုလက်ထပ်ချင်ပါပြီတဲ့။

သားငယ်က ငယ်သေးတာသူသိပေမယ့် သူကတော့ အသက်မငယ်တော့တာကြောင့် သားနဲ့နှစ်ယောက်တစ်ဘဝကို တည်ထောင်ချင်ပါပြီတဲ့လေ။

ရှောင်းကျန့်ကတော့ နဂိုကတည်းက ချန်ရှောင်း ship တဲ့သူမုို့ ငြင်းစရာမရှိ၊ ချန်ယွီက သားငယ်ကို ကောင်းကောင်းကိုင်တွယ်ထိန်းသိမ်းနိုင်တယ်ဆုိုတာ သူကသိပြီးသားလေ။

ရိပေါ်ကတော့ ရှောင်းဝမ်လေးကို ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့သူဆုိုတော့ နည်းနည်းအူတုိုနေတာပေါ့။

ကိုယ့်သားက ဟင်းရွက်ကန်စွန်းမဟုတ်တာမုို့ ချက်ချင်း ပေးစားမယ်မပြောသေးပဲ ကောတုို့နှစ်ယောက်တုိုင်ပင်ပါရစေအုံးဆုိုပြီး ပြောလိုက်တော့ ချန်ယွီက အကြီးပီပီ ခေါင်းညိတ်လက်ခံတယ်။

ရိရှောင်းကတော့ သူတုို့နှစ်ယောက်ကို မပေးစားချင်ဘူးလားဆိုပြီးစိုးရိမ်နေပုံရကာ မျက်နှာသိပ်မကောင်း။

ဒါပေမယ့် မျက်နှာမကောင်းတာက ရိရှောင်းတစ်ယောက်တည်းမဟုတ်၊ သူ့ယောကျာ်းကလေးကြီး ရိပေါ်လဲ မျက်နှာမကောင်းတာမုို့ ရိပေါ်နဲ့ အေးဆေးစကားပြောရတော့သည်။

ရိပေါ်က သဘောမတူဘူးတော့မဟုတ်၊ အစတည်းက သဘောတူလို့ ပေးတွဲထားခဲ့တာပဲတဲ့။ ဒါပေမယ့် ချက်ချင်းကြီး ပေးစားပစ်ဖို့ကျ နည်းနည်းနှမြောသေးတယ်ပေါ့လေ။

အဲဒီလိုပြောဖြစ်ကြတော့ ရှောင်းကျန့်လဲ ထုိုနည်းတူပါပဲ။ ရော့ အင့်ဆိုပြီး သူ့သားငယ်လေးကို ထည့်မပေးလိုက်ချင်။

ထိုသို့နဲ့ပဲ သူတုို့အဖေနှစ်ယောက် ခေါင်းချင်းရိုက်ပြီး တုိုင်ပင်ဆွေးနွေးဖြစ်တာက သူတုို့ရဲ့သားမက်လောင်းလေးတွေက တကယ်ပဲ သားတွေကို တစ်သက်စာလုံးကာကွယ်စောင့်ရှောက်နိုင်မလားဆိုတဲ့ စမ်းသပ်မှုတစ်ခုလုပ်ဖို့ပဲဖြစ်သည်။

အသက်အန္တရယ်နဲ့ကြုံတဲ့အခါ သူတို့အသက်ထက် ကိုယ့်သားတွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်မလားဆိုတဲ့ သူတို့စမ်းသပ်ချက်က အနည်းငယ်တော့  အန္တရယ်များလှပါသည်။

ဒုတိယနေ့ညနေစောင်း သူတို့ရေဆော့ကြရင်း ထိုအကောင်အထည်ကို ဖော်ဖြစ်ကြသည်။

အဲဒါက တခြားတော့မဟုတ်၊ လှေအတူစီးကြရင်း သားတွေရေနစ်တဲ့အခါ သားမက်တွေက သူတို့အသက်ကိုပဲ ဦးစားပေးမလား၊ သားတွေကို ကယ်မလားဆိုတာကို စမ်းသပ်ကြမှာဖြစ်သည်။

အဲဒီကမ်းခြေမှာ banana boat လို့ခေါ်တဲ့ လှေစီးတာခေတ်စားသည်။ ဒါပေမယ့် အဲဒီလှေနဲ့ပက်သက်တဲ့အကြောင်းကိုတော့ သူတို့နှစ်ယောက်အပြင်ဘယ်သူမှမသိ။

ကမ်းစပ်ကနေ အရှိန်နဲ့သွားတဲ့ လှေကာ လူတစ်ရပ်စာမမှီတဲ့ ပင်လယ်ရေအနည်းငယ်နက်တဲ့နေရာမှာ တမင်မှောက်ချလိုက်ပြီး လှေပေါ်ကသူတွေက ကမ်းစပ်ကို ကိုယ့်ဘာသာရေပြန်ကူးလာရမှာဖြစ်သည်။

ရေမကူးတတ်တဲ့သူတွေကတော့ အဲဒီလှေကို အဲလိုမမှောက်ပစ်ဖို့ ကြိုပြီး request လုပ်ထားလို့လဲရသည်။

သူတုို့ကတော့ သားမက်တွေကိုစမ်းသပ်မှာမုို့ တမင်မှောက်ခိုင်းထားရသည်။ တကယ်လို့ သားမက်လောင်းတွေက သားတွေကိုမကယ်နိုင်ဘူးဆိုလဲ ရှောင်းကျန့်ရော ရိပေါ်ရောက သားတွေကို ကိုယ်တိုင်ကယ်နိုင်လောက်အောင် ရေကူးကျွမ်းကျင်ကြပြီး သားတွေကလဲ ခြေခတ်လက်ခတ်လောက်တော့ကူးတတ်တာမို့သိပ်တော့စိုးရိမ်စရာမရှိပါ။

အဓိကကြည့်ရမှာက ဟိုနှစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲ။ တကယ်လို့ သူတို့က သားတွေထက် သူတို့အသက်ကို ဦးစားပေးမယ်ဆိုရင်တော့ဖြင့် သူတို့စိတ်မကောင်းစွာနဲ့ပဲ သားတွေနဲ့ပေးစားမယ့်အစီအစဉ်ကို ထပ်တစ်ကြိမ်ပြန်စဉ်းစားရတော့မည်သာ။

ဒါပေမယ့် ချန်ယွီနဲ့ကုဝေက သူတို့ရဲ့သားနှစ်ယောက်ကို သူတို့အသက်ထက်ပိုချစ်တယ်ဆိုတာကို ကောင်းကောင်းကြီးသက်သေပြနိုင်ခဲ့လေသည်။

လှေမှောက်ပြီဆိုတာနဲ့ သူ့ဆိုင်ရာသူဆီအပြေးကူးခတ်သွားပြီး ချက်ချင်းဆွဲပွေ့သွားတာများ ရိပေါ်တို့တောင် အသက်လုရှူနေတုန်းရှိသေးသည်။

ကမ်းစပ်ရောက်တော့လဲ သားငယ်နှစ်ယောက်ရေမွန်းမှာစိုးလို့ ပြူးပြာပြီး စိတ်ပူနေတာများ သူတို့ကအဖေတွေအလား။

အဲလိုမြင်ကွင်းမျိုးကို သူတို့မြင်မိလေတော့ .. သားတွေအတွက် ရင်အေးသွားရသလို ကြည်နူးစိတ်ဖြင့် ကြက်သီးများလဲထမိပါရဲ့။

ရှောင်းကျန့်ရဲ့ right person ကို ခပ်ငယ်ငယ်အရွယ်မှာတွေ့ခဲ့သလို သားတို့ရဲ့ဘဝလက်တွဲဖော်ကောင်းကိုလဲ ခပ်ငယ်ငယ်အရွယ်မှာပဲ ရှာတွေ့ခဲ့ကြသည်ပဲ။

မှတ်ချက် banana boat က pattaya မှာတကယ်ရှိပါတယ်။ အိမ်က ဦးလေးကောင်းမှုနဲ့ အိုင်ရေနစ်မလိုဖြစ်ခဲ့တာပါ။

Xxxxxxxx

"ဝမ်လေး အဝတ်အစားလဲပြီးပြီလား ဟာ ကြည့်ဦး ခေါင်းစိုနေတာလဲမသုတ်ရသေးဘူးလားကွာ''

ကုဝေက ရေချိုးခန်းထဲကနေ အဝတ်လှဲပြီးထွက်လာတဲ့ရှောင်းဝမ်အနားကို လျှောက်သွားလိုက်ကာပြောတော့ ရှောင်းဝမ်က သွားဖြဲကာရယ်ပြတယ်။

"ကျွန်တော့်ဆံပင်ကတိုတိုလေးပါကိုကိုကလည်း ခဏနေရင် ခြောက်သွားမှာပါ''

"ဟာကွာ မတော်လို့အအေးမိရင်ဘယ်လိုလုပ်မလဲ ပြီးတော့ ခုနက ရေထဲမှာအကြာကြီးနေလာတဲ့ဟာကို လာ ကိုယ်သုတ်ပေးမယ် ကုတင်ပေါ်မှာထိုင်လိုက်''

ယောက္ခထီးတွေနဲ့ ခရီးအတူထွက်လာတာမို့ သူနဲ့ရှောင်းဝမ်က နှစ်ယောက်တည်းအတူ Hotelခန်းမှာနေရတာတော့ မဟုတ်ဘူး။

ဒီကမ်းခြေHotel resortမှာက မိသားစုရှစ်ယောက်နေလို့ရမယ့် Family roomဆိုတဲ့အခန်းအမျိုးအစားတစ်ခုရှိတယ်။

အဲ့ဒီမှာ သူတို့တွေ အားလုံးပေါင်းကိုးယောက်စုပြီးတော့နေကြတာ ညီမလေးကတော့ ပါးပါးတို့နဲ့အတူတူ တစ်ခန်းနေတယ်။

သူနဲ့ရှောင်းဝမ်လေးက တစ်ခန်း တစ်ကုတင်ထဲတူတူအိပ်ရပေမယ့် တံခါးဖွင့်လိုက်တာနဲ့ ယောက်ခထီးတို့အခန်းရောက်ပြီမို့လို့ အေးအေးဆေးဆေးစိတ်ချလက်ချနေရတာမျိုးတော့ မဟုတ်ဘူး။

ဒါပေမယ့် တစ်ကုတင်ထဲအိပ်ရတာနဲ့တင် ကုဝေကကျေနပ်နေပါပြီလေ။

လက်မထပ်ရသေးခင် ဝမ်လေးကို အသားယူဖို့ ကုဝေမှာနဲနဲလေးမှစိတ်ကူးမရှိပါ။

ယောကျာ်း​လေးတစ်ယောက်ဖြစ်တဲ့အပြင် ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ကုဝေက ယောကျာ်းလေးနှစ်ယောက် အတူတူနေကြတဲ့အခါ လက်ခံရမယ့်တစ်ဖက်ယောကျာ်းလေးကျန်းမာရေးနဲ့ ဆောင်ရန်ရှောင်ရန်တွေအကြောင်းကို ကုဝေကကောင်းကောင်းသိတာမို့ အခုလိုမျိုးဘာမှမပြင်ဆင်ရသေးတဲ့ ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ဝမ်လေးကိုနာကျင်ရအောင် သူမလုပ်ရက်ပါဘူး။

ဝမ်လေးကိုကုတင်ပေါ်မှာထိုင်ခိုင်းပြီး ကုဝေက မျက်နှာသုတ်ပုဝါအသစ်ကိုယူကာ မတ်တပ်ရပ်လျက်ပဲ ဝမ်လေးခေါင်းကို ရေစိုနေတဲ့ဆံပင်တွေကိုသုတ်ပေးနေလိုက်တယ်။

အခုလိုမျိုး အခွင့်အရေးသူထပ်မရမှာကိုအရမ်းကြောက်နေခဲ့တယ်ဆိုတာ ဝမ်လေးကတော့သိပါ့မလားမသိဘူး။

ဝမ်လေးရေနစ်မလိုဖြစ်တုန်းက သူအရမ်းပဲကြောက်သွားခဲ့တာ၊ ဝမ်လေးကိုဆုံးရှုံးရမှာ ဝမ်လေးတစ်ခုခုဖြစ်သွားမှာ သူသေသွားမှာထက်တောင် ပိုကြောက်မိပါသေးတယ်။

ခေါင်းသုတ်ပေးရင်းနဲ့ ကုဝေက ဝမ်လေးကို အမြတ်တနိုးငုံ့ကြည့်နေတာကို ဝမ်လေးကသတိထားသွားမိတဲ့နောက်တော့ သူ့ကို တိုးတိုးစကားစပြောတယ်။

"ကိုကို ဘာဖြစ်လို့ကြည့်နေတာလဲ ကျွန်တော့်ကို ဒီလောက်တောင်ကြည့်လို့မဝဘူးပေါ့လေ''

"အင်း ဟုတ်တယ် ကြည့်လို့မဝဘူး၊ အခုလိုမျိုး ငေးကြည့်နေခွင့်ထပ်မရမှာကို ကို်ယ်အရမ်းစိုးရိမ်ခဲ့တာ၊ ခုနတုန်းက ပင်လယ်ထဲမှာသာ ဝမ်လေးတစ်ခုခုဖြစ်သွားရင် ကိုယ်ပါလိုက်သေမိမယ်ထင်တယ်''

"ကိုကိုကလည်း ဘာမှမဖြစ်ပါဘူး ကျွန်တော်က ရေကူးတတ်တာပဲဟာ ဒါပေမယ့် ပင်လယ်​ထဲမှာက အရပ်မမှီပဲရေတအားနက်နေတာမို့ ရုတ်တရတ်ရေဘယ်လိုကူးရမယ်ဆို မေ့သွားတာ''

"ဝမ်လေးမပြောနဲ့ ဝမ်လေးထက်အရပ်ပိုမြင့်တဲ့ ကိုယ်တောင်မှ အရမ်းကြောက်သွားသေးတာပဲ ဒါပေမယ့် ကိုယ်ချက်ချင်းသတိရသွားတာက ကိုယ့်အသက်အန္တရာယ်မဟုတ်ပဲ ဝမ်လေးအသက်အန်တရာယ်ပဲ ဝမ်လေးအဆင်ပြေပါ့မလား ဝမ်လေးရေကူးနိုင်ပါ့မလားလို့ ကိုယ်တွေးမိပြီး ဝမ်လေးရှိတဲ့နေရာကို ကိုယ်လိုက်ရှာရတော့တာပဲ''

"အင်း ကိုကိုရှိနေလို့သာပေါ့ မဟုတ််ရင်တော့ ကျွန်တော်တစ်ခုခုဖြစ်ရင်ဖြစ်သွားမှာ''

"အဲ့တာကြောင့်လေ ဝမ်လေး''

"ဟင် ဘာလဲကိုကိုပြောလေ''

စကားခနရပ်သွား​တော့ ဝမ်လေးကဆက်ပြောစေလိုတဲ့သဘောနဲ့ စကားထောက်ပေးတယ်။

သူ ဝမ်လေးနားကနေ ခနထွက်ခဲ့ပြီး သူ့ရဲ့ကျောပိုးအိတ်ထဲမှာ ထည့်ထားတဲ့ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်တယ်။

အဲ့တာက တခြားတော့မဟုတ်ဘူး၊ ရိုးရိုးရှင်းရှင်း ပလက်တီနမ်နဲ့လုပ်ထားပြီး စိန်ပွင့်သေးသေးလေးတွေမြုပ်ထားတဲ့ လက်စွပ်တစ်ကွင်းပဲ။

တကယ်တော့ ဒီလက်စွပ်က သူတို့ချစ်သူဖြစ်တာခြောက်လပြည့်အထိမ်းအမှတ်ရော စာမေးပွဲဖြေပြီးသွားတဲ့ ဝမ်လေးကိုဂုဏ်ပြုပေးဖို့အတွက်ကော သူဝယ်ထားတာဖြစ်တယ်။

ဒါပေမယ့် ဒီလက်စွပ်လေးကို အခု​တေ့ာ တခြားရည်ရွယ်ချက်နဲ့ သူအသုံးပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

လက်စွပ်ဘူးလေးကိုဖွင့်ကာ ဝမ်လေးရှေ့ကိုထိုးပေးလိုက်တော့ ဝမ်လေးက အံ့အားသင့်တဲ့မျက်လုံးမျိုးနဲ့ သူ့ကိုမော့ကြည့်တယ်။

"ကိုကို ဒါက ''

"ကိုယ့်ကို လက်ထပ်နိုင်မလားဝမ်လေး၊ ဒီစကားပြောတာ အရမ်းစောနေတယ်ဆိုတာ ကိုယ်သိပါတယ် ဒါပေမယ့် ဒီနေ့အဖြစ်အပျက်တွေဖြစ်ပြီးသွားတဲ့အချိန် ကိုယ်ဝမ်လေးကို ဆုံးရှုံးရမှာ ဝမ်လေးကိုမပိုင်ဆိုင်ရသေးပဲ ဝမ်လေးကိုယ့်အနားကထွက်သွားမှာကိုယ်အရမ်းကြောက်နေမိတယ်၊ အဲ့တာကြောင့်မို့လို့ ကိုယ်ဝမ်လေးကို ဖြစ်နိုင်ရင်အခုချက်ချင်းပဲလက်ထပ်ချင်တယ်''

မိမိအရှေ့မှာမြင်လိုက်ရတဲ့ ရိုးရှင်းလှတဲ့လက်စွပ်လှလှလေးတစ်ကွင်းရယ် ကိုကို့ဆီကကြားရတဲ့စကားတွေရယ်ကို ရှောင်းဝမ်ရုတ်တရတ် ဘယ်လိုတုန့်ပြန်ရမလဲ သေချာမသိဘူး။

လက်မထပ်ချင်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ၊ ကိုိကိုနဲ့ချစ်သူဖြစ်သွားကတည်းက ကိုကို့ကိုပဲယူမှာလို့ ရှောင်းဝမ်ကဆုံးဖြတ်ချက်ချထားပြီးသား။

ဒါပေမယ့် ရှောင်းဝမ်က အခုမှငယ်ငယ်လေးပဲရှိသေးတာလေ။

ပြီးတော့ ပါးပါးတို့ကရော သဘောတူပါ့မလားလို့ ရှောင်းဝမ်က ပူပန်နေတာမို့ ရုတ်တရတ်ဘာပြန်ဖြေရမှန်းမသိပဲ ရှော့ခ်ရနေမိတာ။

"ဝမ် ဝမ်လေး ကိုကိုပြောတာကို လက်မခံနိုင်တာလားဟင် ကိုကို့ကိုလက်မထပ်ချင်လို့လား''

ဝမ်လေးတုန့်ပြန်မှုအတွက် တစ်မိနစ်လောက်တုန့်ဆိုင်းသွားတော့ ကိုကိုကအသံတွေတုန်ပြီး ပြာပြာသလဲဖြစ်ကာ မေးလာ​တော့မှ ဝမ်လေးအမြန်ပြန်ဖြေရမယ်ဆိုတာ သဘောပေါက်သွားတယ်။

တော်ကြာ သူ့ရဲ့ကလေးကြီးက စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျရင်ကျနေမှာ။

"လက်ထပ်မှာ ကျွန်တော်ကိုကို့ကို လက်ထပ်မှာ''

"ဝမ်လေး တကယ်ပြောတာလား''

"တကယ်ပေါ့ လက်စွပ်က ကျွန်တော့်အတွက်မလား စွပ်ပေးလေ''

အဲ့ဒီလိုပြောလိုက်မှပဲ ကိုကိုက ချက်ချင်းပြန်ပြုံးသွားကာ လက်စွပ်ဘူးထဲကလက်စွပ်ကို တုန်ရီနေတဲ့လက်အစုံနဲ့ ဆွဲထုတ်ကာစွပ်နေတာမြင်ရတယ်။

သူနဲ့ပတ်သတ်ရင် အဲ့ဒီလိုမျိုး လှုပ်လှုပ်ခတ်ခတ်ဖြစ်တတ်တာတွေကိုတော့ ရှောင်းဝမ်သဘောမကျပဲမနေနိုင်။

ကိုကိုကရှောင်းဝမ်ကို သိပ်ချစ်တယ်ဆိုတာ အပြုအမူတွေကတစ်ဆင့် ခံစားလို့ရတယ်လေ။

မိမိလက်ပေါ်မှာ ကိုကိုစွပ်ပေးတဲ့လက်စွပ်လေးကိုကြည့်ပြီး ရှောင်းဝမ်သဘောတကျနဲ့ ပြုံးနေမိတယ်။

"ဒါပေမယ့် Daddyတို့ပါးပါးတို့ လက်ခံအောင်တော့ ကိုကိုတော်တော်ပြောယူရဦးမယ်ထင်တယ်''

"ဒါပေါ့ ပြောရမှာပေါ့ အဲ့တာကိုကို့တာဝန်ထားပါ ကိုယ်က အကြီးပဲဟာ ကိုကိုအဆင်ပြေအောင်ပြောမယ်နော်''

"ဟုတ်ကဲ့ကိုကို ကိုကို့ကိုချစ်တယ်''

"ကိုယ်ကပိုချစ်တာပေါ့ဝမ်လေးရာ လာပါဦး ကိုယ့်ကောင်လေးကိုနမ်းပါရစေဦး''

ရှောင်းဝမ်ရဲ့မှေးဖျားကို လက်တစ်ဖက်နဲ့ဆွဲမော့လို့ သူကိုယ်တိုင်လည်း မျက်နှာကိုငုံ့ချလာတဲ့ကိုကို့ကြောင့် ရှောင်းဝမ်ကိိုကို့အနမ်းတွေခံယူဖို့အတွက် အသင့်ပြင်ထားလိုက်တော့တယ်။

တဖြေးဖြေးပြင်းရှလာတဲ့ နှုတ်ခမ်းကအနမ်းလေးတွေက ရှောင်းဝမ်ရဲ့ရင်ကို ကြည်နူးမှုအပြည့်ပေးတယ်။

ခပ်ကြမ်းကြမ်းနမ်းရင် သူနာကျင်သွားမှာစိုးလို့ ခပ်ဖြေးဖြေးပဲနမ်းတာပါလို့ပြောတဲ့ကိုကိုက ရှောင်းဝမ်ကို သိပ်ကြင်နာလွန်းတာ သိသာလွန်းလှတယ်။

နှစ်ဦးသားအနမ်းတွေပုံ​​ဖော်နေတဲ့ခနမှာပဲ Daddyရဲ့အော်ခေါ်သံက နားထဲကို တော်ဝင်လာပါ​တော့တယ်။

"ရှောင်းဝမ်ရေ ညစာသွားစားကြမယ်ဟေ့၊ အဝတ်အစားလှပြီးရင်ထွက်လာခဲ့ကြတော့''

Daddyရဲ့အော်သံကြောင့် ကိုကို့မျက်နှာကြီး ရှုံ့မဲ့သွားတာကို ​ရှောင်းဝမ်ကြည့်ပြီး တဟီးဟီးနဲ့ ရယ်မောလိုက်မိတယ်။

အဖေတွေနဲ့အတူတူ ခရီးထွက်လာမှတော့ ဒီလို ဒုက္ခကတော့ရှိမှာပေါ့လေ။

ရှောင်းဝမ်ကတော့ ရယ်မောရင်း တစ်ဖက်မှာလည်း သူတို့နှစ်ယောက်လက်ထပ်ဖို့အရေး ဒယ်ဒီတို့ကြည်ဖြူပါစေလို့လဲ တိတ်တဆိတ်ဆုတောင်းရင်းနဲ့ပေါ့။

Xxxxxxx

အဲဒီနေ့ညနေ ထမင်းဝိုင်းမှာတော့ နောက်ထပ်မမျှော်လင့်တဲ့စကားကို ပြောလာသူက ကုဝေပဲ။

“ပါးတို့... ဟိုလေ ကျွန်တော် ရှောင်းဝမ်နဲ့လက်ထပ်ချင်လို့။ ကျွန်တော်တို့ကို လက်ထပ်ခွင့်ပေးပါ”

“ဟေ … ”

အခုမှ ချန်ယွီ့ကို သားငယ်နဲ့လက်ထပ်ဖို့သဘောတူတယ်လို့ပြောမလို့ပဲရှိသေး၊ အခု ကုဝေက တဖန် သားကြီးကိုလက်ထပ်ပါရစေလို့ပြောလာတော့ ရှောင်းကျန့်နဲ့ ရိပေါ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရတော့တာပဲ။

“ဟုတ်တယ် ဒယ်ဒီနဲ့ပါးပါး၊ သားကို ကိုကိုနဲ့လက်ထပ်ခွင့်ပေးပါ”

“ကျွန်တော် ဝမ်လေးကို ဒယ်ဒီပေါ်တို့ ပါပါးကျန့်တို့ဂရုစိုက်သလိုပဲ လိုလေသေးမရှိဂရုစိုက်ပေးမှာပါ။ ကျွန်တော့်ကိုစိတ်ချပါနော်။ ဒယ်ဒီ သားကိုပြောပေးပါအုံး”

ကုဝေကပြောလဲပြော၊ သူ့အဖေ ဟော်ကရွှမ်းကိုပါ စစ်ကူခေါ်လေတော့သည်။

“ဟုတ်သားပဲ ကျန့်ကောတို့ရာ မဟုတ်လဲ သားတို့နှစ်ယောက်ကိုပေးစားမယ်လို့ သဘောတူထားပြီးသားပဲဟာ။ မှန်းထားတဲ့အချိန်ထက် စောသွားတာပဲရှိတာပါ”

“ခဏနေကြပါအုံး ငါတို့က လက်ထပ်ပေးချင်တယ်ပဲထားပါအုံး။ ချန်ယွီကလဲ မနေ့ကမှ သူနဲ့အငယ်လေးကို လက်ထပ်ခွင့်ပြုဖို့ တောင်းဆိုထားတာ။ တစ်နှစ်တည်းနှစ်မင်္ဂလာ လုပ်ဖို့ကျတော့..”

“အဲဒါဆိုလဲလွယ်ပါတယ် ကျွန်တော်တုို့ကအရင်ပြောထားတာဆိုတော့ ကျွန်တော်တို့ကို အရင်ဆောင်ပေးလိုက်ပေါ့”

ရိရှောင်းကထပြောတော့ ရှောင်းဝမ်က လက်မခံပဲ ချက်ချင်းထပြောလေတယ်။

“ဟာ ငါက အကြီးလေ အငယ်လေးရ အဲဒီတော့ အိမ်ထောင်ပြုချင်းပြု ငါကအရင်ပြုသင့်တာပေါ့”

“အဲလိုအသက်ကြီးလို့ အိမ်ထောင်အရင်ပြုကြကြေးဆို ကျွန်တော့်ချစ်ချစ်က အားလုံးထက်အသက်ပိုကြီးတယ်လေ သူအရင်အိမ်ထောင်ပြုသင့်တာပေါ့”

“အကိုချန်ယွီကကြီးတယ်ဆုိုပေမယ့်ငါတုို့အိမ်သားမဟုတ်ဘူးလေ။ ငါတို့အိမ်သားရဲ့ ကြီးစဉ်ငယ်လိုက်အတုိုင်းပဲဖြစ်သင့်တယ်”

“ဟာ မရပါဘူးနော် သားတုို့ကအရင်ပြောထားတာ။ ဒယ်ဒီ သားတုိ့အရင်ပြောတာနော်”

“ကဲပါကွာ ခဏလေးနေကြပါအုံးဟ”

ရိပေါ် အသံမာမာနဲ့ ထအော်လိုက်တော့မှ ညီအကိုနှစ်ယောက်ငြိမ်သွားကြတော့သည်။

“ရိပေါ်ကော ကျွန်တော်အကြံရပြီ အခု ကောတုို့က ကလေးတွေကို ဘယ်သူ့ကိုအရင်အိမ်ထောင်ချပေးရမလဲဆုံးဖြတ်မရဖြစ်နေတာမဟုတ်လား။ ကျွန်တော်အကြံပေးမယ်”

ဟောက်ရွှမ်းပြောတဲ့အကြံကိုကြားပြီးနောက် သူတုို့တစ်ဝိုင်းလုံးမျက်လုံးပြူးကြရတော့သည်။

“ဟောက်ရွှမ်း မင်းဟာက ဖြစ်ပါ့မလားကွာ”

သူပေးတဲ့အကြံကြီးက ဖင်ကြိမ်းစရာကြီး။

“ဖြစ်ပါတယ်ဗျာ သားတို့နှစ်ယောက်အတွက်အဆုံးအဖြတ်ကို ကလေးတွေကို မွေးထားတဲ့ကောတုို့နှစ်ယောက်ရဲ့ခံနိုင်ရည်နဲ့ ဆုံးဖြတ်လိုက်ကြတာပေါ့ ဟဲဟဲ”

ဟောက်ရွှမ်းပြောတဲ့အကြံကတခြားတော့မဟုတ်၊ ရိပေါ်တုို့နှစ်ယောက်ကို ဒီနေ့ည စိတ်ကြွဆေးတိုက်မယ်တဲ့။ ရိပေါ်တုို့က စိတ်ကြွဆေးရဲ့အရှိန်ကိုခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်။ မခံနိုင်ပဲ top နေလိုက်တဲ့သူ မွေးထားတဲ့သားက နောက်နှစ်မှမင်္ဂလာဆောင်ရမယ်၊ သည်းခံနိုင်တဲ့သူမွေးထားတဲ့သားကတော့ ဒီနှစ်မင်္ဂလာဆောင်ရမယ်ပေါ့။

တကယ်လို့ ရိပေါ် top လိုက်ရင် ရိရှောင်းက နောက်နှစ်မှမင်္ဂလာဆောင်ရမယ်၊ ရှောင်းကျန့် top လိုက်ရင်တော့ ရှောင်းဝမ်က နောက်နှစ်မှမင်္ဂလာဆောင်ရမယ်ပေါ့လေ။

ကလေးတွေနှစ်ယောက်က သူတို့မျှော်လင့်ချက်ရောင်ခြည်က အဖေတွေဆီမှာမို့ မျက်လုံးလေးတွေ အရောင်တလက်လက်နဲ့ ဖခင်တွေကိုကြည့်နေသလို ရိပေါ်တို့လဲ စိတ်လှုပ်ရှားနေနကြတယ်။

Xxxxxx

နောက်တစ်နေ့မနက်မိုးလင်းတဲ့အချိန်မှာတော့ အဖေနှစ်ယောက်က သူများတွေ မထင်ထားတဲ့အဖြေကို သားတွေကို ပေးလိုက်ရတော့တယ်။

အဲဒါကတော့ သားတွေကိုအတူတူမင်္ဂလာဆောင်ပေးမယ်ဆိုတာပဲ။

သုံးမင်္ဂလာဖြစ်သွားအောင် ရိပေါ်တို့အတွဲပါ anniversary အနေနဲ့ မင်္ဂလာထပ်ဆောင်မယ်လို့ပြောလိုက်တော့ သားတွေမှာ ပြုံးပျော်လို့ပဲ။

မနက်စာအတူစားကြ၊ ရေကူးကန်ဘေးက နေပူဆာခဏလှံကြပြီး အရမ်းပူလာတာမို့ ကိုယ်တီအခန်းထဲဝင်လာဖြစ်ကြသည်။

"ငါ့ယုန်ပေါက်လေးက ငြိမ်ချက်သားကောင်းနေပါလား နေလို့မကောင်းဘူးလား ဟမ်"

အခန်းထဲဝင်ဝင်လာချင်း ရင်ခွင်ထဲအတင်းဝင်တို့ဝှေ့လာတဲ့ ရှောင်းကျန့်ကို ရိပေါ်မေးလိုက်ရင်း နဖူးလေးကိုပါ စမ်းကြည့်လိုက်သေးသည်။

"ကောင်းပါတယ်"

"အဲဒါဆိုဘာဖြစ်နေတာလဲ"

"ငါစိတ်မကောင်းဖြစ်နေတာ.."

"ဘာလဲ သားတွေ အိမ်ထောင်ပြုတော့မယ်ဆိုလို့လား"

“အင်း .. ချန်ယွီရော ကုဝေရောက လူကောင်းလေးတွေဆိုတာ ငါသိပါတယ် ဒါပေမယ့် .. ငါ့သားလေးတွေကို အိမ်ထောင်ပြုခိုင်းရမှာ ငါနှမြောတယ်။ ငါ့မှာ ချစ်လို့တောင်မဝသေးဘူး”

“ဆူလို့မဝသေးတာလဲ ထည့်ပြော!”

“မင်းနော်…”

ရိပေါ်စကားကြောင့် အသံထက် ပိုမြန်တဲ့ ဒုံးကျည်လိုမျက်စောင်းကို ရိပေါ်ထံ ပစ်လွှတ်လိုက်တယ်။ ရိပေါ်ကတော့ သူ မျက်စောင်းထိုးတာတောင် ဘာမှမဖြစ်သလို ပြုံးရင်း သူ့ဆံပင်လေူတွေကို ခပ်ဖွဖွပွတ်ပေးနေတုန်း။

“အချစ်ကလဲကွာ။ ငါက မင်းစိတ်သက်သာရာရအောင်ပြောတာပါ။ မင်းသားတွေကို ဘယ်လောက်ချစ်လဲဆိုတာ ငါသိပါတယ်။ အဲဒီလိုပဲ သားတွေကလဲ သူတို့ပါပါးကို ဘယ်လောက်ချစ်လိုက်သလဲ။ အိမ်ထောင်ကျသွားတယ်ဆိုရင်တောင် သူတို့ရင်ထဲက မင်းကိုချစ်တဲ့အချစ်တွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး”

“ဒါပေမယ့် သားတွေနဲ့ ငါမခွဲချင်ဘူးလေ”

မျက်ရည်တွေအိုင်ထွန်းနေတဲ့မျက်ဝန်းတွေနဲ့ ရင်ခွင်ထဲက ရှောင်းကျန့်က ရိပေါ်ကိုမော့ကြည့်ပြီးပြောပုံက အသက် ၅၀ နားကပ်နေတဲ့ ကလေးနှစ်ယောက်အဖေနဲ့မတူပဲ ငါးနှစ်ကလေးငယ်နဲ့တောင်တူနေသေးတာမို့ ရိပေါ် ခေါင်းငုံ့ကာ နမ်းလိုက်မိသည်။

“သားတွေနဲ့သားမက်တွေကို ငါတို့အိမ်မှာပဲလာနေရမယ်လို့ အမိန့်ထုတ်လိုက်မယ်။ မကျေနပ်ရင် မယူကြနဲ့လို့ပါထည့်ပြောလိုက်မယ်။ ဒါပေမယ့် မင်းရဲ့သားတွေက အိမ်မှာနေရမယ်ဆိုရင် ငြင်းမှာတောင်မဟုတ်ဘူးဆိုတာ ငါသိတယ်”

ဒီစကားကိုတော့ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်မိခြင်းပါပဲ။ သားနှစ်ယောက်နဲ့ သူတို့ကြားထဲက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်က ခိုင်မာလွန်းတာထက်တောင် ပိုနေသေးတာမဟုတ်လား။

“အဲလိုဆိုရင် .. သားမက်တွေကရော လက်ခံပါ့မလား”

“သူတို့တွေက ငါတို့သားတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းမြင်တယ်မဟုတ်လား။ သားတွေကိုချစ်လို့ပဲ သူတို့က ငါတို့ဆန္ဒကိုလိုက်လျောကြမှာပါကွာ မပူပါနဲ့”

“အင်း .. ဘာတွေပဲဖြစ်ဖြစ် မင်းကတော့ ငါ့နားမှာ အမြဲရှိနေပေးမှာမဟုတ်လား ရိပေါ်”

မျက်ဝန်းညိုလေးတွေမှာ မျှော်လင့်ချက်အပြည့်နဲ့ သူ့ကိုကြည့်ကာမေးတဲ့ ရှောင်းကျန့်ရဲ့မျက်နှာလေးကို သူလက်မလေးနဲ့ အသာပွတ်ကာ ခပ်တိုးတိုးပြန်ဖြေမိတယ်။

“ဒါပေါ့ … ငါတို့ဘဝရဲ့နေဝင်ချိန်တွေအထိ မင်းအနားမှာပဲ မင်းကိုချစ်ရင်းနဲ့ပဲ ငါအိုမင်းသွားမှာပါ”

သူ့စကားကြောင့် ကျေနပ်သွားတဲ့ သူ့ရဲ့ယုန်ပေါက်က သူ့နှုတ်ခမ်းကို လာထိကပ်လို့အနမ်းပေးတာမို့ ရိပေါ်လဲ ရှောင်းကျန့်အနမ်းတွေကို စိတ်လိုလက်ရ တုံ့ပြန်လိုက်မိတယ်။

ပြောင်းလဲရိုးအီမသွားတဲ့ချစ်ခြင်းတွေက ဒီယုန်ပေါက်လေးအတွက်ဖြစ်ပြီး ကာကွယ်ပေးချင်စိတ်အပြည့်နဲ့မေတ္တာတရားဟာ သူတို့ရဲ့သားနှစ်ယောက်အတွက်ဖြစ်သည်။ နောက်ဆိုရင်တော့ ထွေးပွေ့ချင်စရာ မြေးငယ်လေးတွေထပ်ရှိလာနိုင်သေးသည်။

ဒီလူသားတွေကြောင့်ပဲ သူ့ဘဝမှာ အရာရာလှပနေခဲ့ရတာပါပဲလေ။

ရိပေါ်နဲ့ရှောင်းကျန်ဆိုတဲ့ လူငယ်လေးတွေဘဝကနေ ဖေပေါ်နဲ့ဖေကျန့်ဆိုတဲ့ဘဝ၊ ထိုဘဝကနေ ဖိုးပေါ်နဲ့ ဖိုးကျန့်ဆိုတဲ့ဘဝအထိ အတူတကွရှင်သန်နေထိုင်သွားလိုပါသည်။


(ဒီပုံလေးနဲ့ အရမ်းလိုက်လို့ 💛)

ပြီးပါပြီ။

12.04.21

Love Area ဆိုတဲ့ အောင်သွယ်တော်မြှားနတ်မောင် Agency ကနေ အစပြုခဲ့တဲ့ ဇာတ်လမ်းလေးက အခုတော့ အဆုံးသတ်ပါပြီ။ သိပ်ချစ်ကြတဲ့ငယ်သူငယ်ချင်း၂ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အဖော်ပြုရင်း သားတွေ သားမက်တွေ … နောက် မြေးတွေနဲ့ ပျော်ရွှ့င်စွာ အိုမင်းသွားကြပါလိမ့်မယ်။

ကိုယ့်ရဲ့ Love Area ကို ၂၀၂၀ ဧပြီလပိုင်းထဲမှာ ဇာတ်သိမ်းခဲ့ပြီး အခု Our Dads are Fudanshi ကိုတော့ ၂၀၂၁ ဧပြီလပိုင်းမှာ အပြီးသတ်နိုင်ခဲ့ပါပြီ။

တစ်နှစ်တာခရီးရှည်ကြီးမှာ အတူလိုက်ပါခဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။

Zawgyi below 💛

Our Dads are Fudanshi Final Ep

"အငယ္ေလး ရိေရွာင္း၊ အထုပ္ေတြအကုန္လုံးကားေပၚတင္လိုက္ၿပီလား''

ေရွာင္းဝမ္ကေပ်ာ္႐ႊင္ေနတာကို ဖုန္းဖိလို႔မရတဲ့ေလသံနဲ႕ေမးေတာ့ ရိေရွာင္းကလည္း သြက္သြက္လက္လက္ေခါင္းညိမ့္ျပတယ္။

"အကုန္ထည့္ၿပီးၿပီကိုကို Readyပဲ''

"ဟဲဟဲ ခရီးသြားရမယ္ဆိုတာ အခုခ်ိန္ထိမယုံနိုင္ေသးဘူး''

"ယုံလိုက္ပါေတာ့ တကယ္သြားရမယ့္ဟာကို''

ရိေရွာင္းထက္ပိုၿပီးကေလးဆန္တဲ့ေရွာင္းဝမ္ကို ရိေရွာင္းကပုခုံးပုတ္ၿပီးေတာင္ ျပန္အားေပးေနေသးတယ္။

သူတို႔ညီအစ္ကိုႏွစ္ေယာက္က စာေမးပြဲၿပီးလို႔ဆိုၿပီး Daddyတို႔က ကမ္းေျခကို ခရီးထြက္ဖို႔လိုက္ပို႔ေပးတာျဖစ္တယ္။

ဒီကမ္းေျခက အေတာ္ေလးလွတယ္လို႔ နာမည္ႀကီးတဲ့ကမ္းေျခတစ္ခုပဲ။

ေရွာင္းဝမ္တို႔ညီအစ္ကိုႏွစ္ေယာက္လုံး တစ္ခါမွမေရာက္ဖူးေသးဘူး။

မေရာက္ဖူးဆို အခုသြားမယ့္ကမ္းေျခက သူတို႔ေနတဲ့ၿမိဳ႕နဲ႕ ေတာ္ေတာ္ေလးလွမ္းတာမို႔ တကူးတကႀကီး မသြားျဖစ္တာဆိုရင္လည္း ပါလိမ့္မယ္။

ၿမိဳ႕နဲ႕သိပ္မလွမ္းတဲ့ ကမ္းေျခေတြကိုေတာ့ ေရာက္ဖူးေပမယ့္ ဒီကမ္းေျခက ပထမဦးဆုံးသြားမွာမို႔ ေရွာင္းဝမ္တို႔ညီအစ္ကိုႏွစ္ေယာက္လုံး စိတ္လႈပ္ရွားေနတာေပါ့။

အဲ့ဒီအျပင္ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းတဲ့အခ်က္ကေတာ့ သူတို႔နဲ႕အတူ သူတို႔ရဲ႕ဘဲဘဲေတြပါ လိုက္ဖို႔အတြက္ Daddyတို႔က ခြင့္ျပဳထားလို႔ပဲ။

စာေမးပြဲဆိုတဲ့ Stressႀကီးလဲ မရွိေတာ့ဘူး၊ ခ်စ္ရတဲ့သူနဲ႕ႏွစ္ေယာက္ ကမ္းေျခမွာဘယ္လိုေတြရိုရမလဲလို႔ ေတြးၿပီးေရွာင္းဝမ္တို႔က ပါးစပ္မစိနိုင္ေတာ့ဘူးေလ။

"ငယ္ေလးေရ ရိေရွာင္း၊ အိမ္ျပင္မွာ ကားသံၾကားတယ္ ခ်န္ယြီ လာတာထင္တယ္သြားႀကိဳလိုက္ဦးေလ ''

"ဟာ ဟုတ္လား ကြၽန္ေတာ္က မေရာက္ေသးဘူးထင္လို႔ သြားလိုက္မယ္ပါးပါး''

ခ်န္ယြီဆိုတဲ့အသံၾကားတာနဲ႕ ရိေရွာင္းတို႔က အၿမီးေတာင္လွမ္းဆြဲမရလို႔မရေလာက္ေအာင္ ၿခံအျပင္ကိုထြက္ေျပးသြားတယ္။

ရိေရွာင္းကိုမနာလိုလိုက္တာ။

မနာလိုဆို စခန္းမႉးခ်န္ယြီကေတာ့ သူတစ္ေယာက္တည္းလိုက္မွာျဖစ္တဲ့အတြက္ ကားသက္သက္နဲ႕မလာခိုင္းေတာ့ပဲ ေရွာင္းဝမ္တို႔မိသားစုနဲ႕ ကားအတူလာစီးခိုင္းထားတာ။

ေရွာင္းဝမ္ရဲ႕ကိုကိုကေတာ့ ကိုကိုတို႔မိသားစုကပါ ေရွာင္းဝမ္တို႔နဲ႕အတူ ဒီခရီးကိုလိုက္မွာမို႔ ေရွာင္းဝမ္တို႔အိမ္က ကားနဲ႕မလိုက္ပဲသူ႕အိမ္ကကားကိုေမာင္းေပးရမွာ။

ဒါမ်ိဳးက် ေလာကႀကီးကမတရားဘူး၊ အၿမဲတမ္းရိေရွာင္းတို႔က ကံကိုေကာင္းလြန္းတယ္။

ၾကည့္ေန ၾကည့္ေန မဂ္လာေဆာင္ရင္ေတာ့ အစ္ကိုဆိုတဲ့ဂုဏ္ပုဒ္နဲ႕အညီ ရိေရွာင္းတို႔ထက္အရင္မဂ္လာေဆာင္ရမွ ျဖစ္မယ္။

မဟုတ္ရင္ ရိေရွာင္းတို႔လင္လင္ႏွစ္ေယာက္ ေရွာင္းဝမ္ေရွ႕မွာ ရိုေနမွာကို သည္းခံနိုင္မွာမဟုတ္ဘူး။

Xxxxxx

ခရီးေရာက္မစိုက္လို႔ပဲေျပာရမယ္၊ ဟိုတယ္အခန္းေတြ check in လုပ္ၿပီး ကိုယ္ေနရမယ့္အခန္းထဲေရာက္ၿပီး ေက်ာဆန႔္မလို႔ရွိေသး၊ ခ်န္ယြီက သားငယ္ရဲ႕လက္ကိုဆြဲကာ ခြင့္ေတာင္းစရာရွိလို႔ပါဆိုၿပီးေရာက္လာခဲ့သည္။

သူတို႔ႏွစ္ေယာက္ပုံစံကိုၾကည့္ကာ ေရွာင္းက်န႔္တစ္ခုခုကိုရိပ္မိသလိုရွိေနသား။

ခ်န္ယြီေျပာတာကိုနားေထာင္လိုက္ေတာ့ ထင္တဲ့အတိုင္းပါပဲ၊ ခ်န္ယြီက သားငယ္ေလးရိေရွာင္းကိုလက္ထပ္ခ်င္ပါၿပီတဲ့။

သားငယ္က ငယ္ေသးတာသူသိေပမယ့္ သူကေတာ့ အသက္မငယ္ေတာ့တာေၾကာင့္ သားနဲ႕ႏွစ္ေယာက္တစ္ဘဝကို တည္ေထာင္ခ်င္ပါၿပီတဲ့ေလ။

ေရွာင္းက်န႔္ကေတာ့ နဂိုကတည္းက ခ်န္ေရွာင္း ship တဲ့သူမုို႔ ျငင္းစရာမရွိ၊ ခ်န္ယြီက သားငယ္ကို ေကာင္းေကာင္းကိုင္တြယ္ထိန္းသိမ္းနိုင္တယ္ဆုိုတာ သူကသိၿပီးသားေလ။

ရိေပၚကေတာ့ ေရွာင္းဝမ္ေလးကို ဝမ္းနဲ႕လြယ္ၿပီး ေမြးထားတဲ့သူဆုိုေတာ့ နည္းနည္းအူတုိုေနတာေပါ့။

ကိုယ့္သားက ဟင္း႐ြက္ကန္စြန္းမဟုတ္တာမုို႔ ခ်က္ခ်င္း ေပးစားမယ္မေျပာေသးပဲ ေကာတုို႔ႏွစ္ေယာက္တုိုင္ပင္ပါရေစအုံးဆုိုၿပီး ေျပာလိုက္ေတာ့ ခ်န္ယြီက အႀကီးပီပီ ေခါင္းညိတ္လက္ခံတယ္။

ရိေရွာင္းကေတာ့ သူတုို႔ႏွစ္ေယာက္ကို မေပးစားခ်င္ဘူးလားဆိုၿပီးစိုးရိမ္ေနပုံရကာ မ်က္ႏွာသိပ္မေကာင္း။

ဒါေပမယ့္ မ်က္ႏွာမေကာင္းတာက ရိေရွာင္းတစ္ေယာက္တည္းမဟုတ္၊ သူ႕ေယာက်ာ္းကေလးႀကီး ရိေပၚလဲ မ်က္ႏွာမေကာင္းတာမုို႔ ရိေပၚနဲ႕ ေအးေဆးစကားေျပာရေတာ့သည္။

ရိေပၚက သေဘာမတူဘူးေတာ့မဟုတ္၊ အစတည္းက သေဘာတူလို႔ ေပးတြဲထားခဲ့တာပဲတဲ့။ ဒါေပမယ့္ ခ်က္ခ်င္းႀကီး ေပးစားပစ္ဖို႔က် နည္းနည္းႏွေျမာေသးတယ္ေပါ့ေလ။

အဲဒီလိုေျပာျဖစ္ၾကေတာ့ ေရွာင္းက်န႔္လဲ ထုိုနည္းတူပါပဲ။ ေရာ့ အင့္ဆိုၿပီး သူ႕သားငယ္ေလးကို ထည့္မေပးလိုက္ခ်င္။

ထိုသို႔နဲ႕ပဲ သူတုို႔အေဖႏွစ္ေယာက္ ေခါင္းခ်င္းရိုက္ၿပီး တုိုင္ပင္ေဆြးေႏြးျဖစ္တာက သူတုို႔ရဲ႕သားမက္ေလာင္းေလးေတြက တကယ္ပဲ သားေတြကို တစ္သက္စာလုံးကာကြယ္ေစာင့္ေရွာက္နိုင္မလားဆိုတဲ့ စမ္းသပ္မႈတစ္ခုလုပ္ဖို႔ပဲျဖစ္သည္။

အသက္အႏၲရယ္နဲ႕ႀကဳံတဲ့အခါ သူတို႔အသက္ထက္ ကိုယ့္သားေတြရဲ႕ အသက္ကို ကာကြယ္ေပးနိုင္မလားဆိုတဲ့ သူတို႔စမ္းသပ္ခ်က္က အနည္းငယ္ေတာ့  အႏၲရယ္မ်ားလွပါသည္။

ဒုတိယေန႕ညေနေစာင္း သူတို႔ေရေဆာ့ၾကရင္း ထိုအေကာင္အထည္ကို ေဖာ္ျဖစ္ၾကသည္။

အဲဒါက တျခားေတာ့မဟုတ္၊ ေလွအတူစီးၾကရင္း သားေတြေရနစ္တဲ့အခါ သားမက္ေတြက သူတို႔အသက္ကိုပဲ ဦးစားေပးမလား၊ သားေတြကို ကယ္မလားဆိုတာကို စမ္းသပ္ၾကမွာျဖစ္သည္။

အဲဒီကမ္းေျခမွာ banana boat လို႔ေခၚတဲ့ ေလွစီးတာေခတ္စားသည္။ ဒါေပမယ့္ အဲဒီေလွနဲ႕ပက္သက္တဲ့အေၾကာင္းကိုေတာ့ သူတို႔ႏွစ္ေယာက္အျပင္ဘယ္သူမွမသိ။

ကမ္းစပ္ကေန အရွိန္နဲ႕သြားတဲ့ ေလွကာ လူတစ္ရပ္စာမမွီတဲ့ ပင္လယ္ေရအနည္းငယ္နက္တဲ့ေနရာမွာ တမင္ေမွာက္ခ်လိဳက္ၿပီး ေလွေပၚကသူေတြက ကမ္းစပ္ကို ကိုယ့္ဘာသာေရျပန္ကူးလာရမွာျဖစ္သည္။

ေရမကူးတတ္တဲ့သူေတြကေတာ့ အဲဒီေလွကို အဲလိုမေမွာက္ပစ္ဖို႔ ႀကိဳၿပီး request လုပ္ထားလို႔လဲရသည္။

သူတုို႔ကေတာ့ သားမက္ေတြကိုစမ္းသပ္မွာမုို႔ တမင္ေမွာက္ခိုင္းထားရသည္။ တကယ္လို႔ သားမက္ေလာင္းေတြက သားေတြကိုမကယ္နိုင္ဘူးဆိုလဲ ေရွာင္းက်န႔္ေရာ ရိေပၚေရာက သားေတြကို ကိုယ္တိုင္ကယ္နိုင္ေလာက္ေအာင္ ေရကူးကြၽမ္းက်င္ၾကၿပီး သားေတြကလဲ ေျခခတ္လက္ခတ္ေလာက္ေတာ့ကူးတတ္တာမို႔သိပ္ေတာ့စိုးရိမ္စရာမရွိပါ။

အဓိကၾကည့္ရမွာက ဟိုႏွစ္ေယာက္ ဘယ္လိုတုံ႕ျပန္မလဲဆိုတာပါပဲ။ တကယ္လို႔ သူတို႔က သားေတြထက္ သူတို႔အသက္ကို ဦးစားေပးမယ္ဆိုရင္ေတာ့ျဖင့္ သူတို႔စိတ္မေကာင္းစြာနဲ႕ပဲ သားေတြနဲ႕ေပးစားမယ့္အစီအစဥ္ကို ထပ္တစ္ႀကိမ္ျပန္စဥ္းစားရေတာ့မည္သာ။

ဒါေပမယ့္ ခ်န္ယြီနဲ႕ကုေဝက သူတို႔ရဲ႕သားႏွစ္ေယာက္ကို သူတို႔အသက္ထက္ပိုခ်စ္တယ္ဆိုတာကို ေကာင္းေကာင္းႀကီးသက္ေသျပနိုင္ခဲ့ေလသည္။

ေလွေမွာက္ၿပီဆိုတာနဲ႕ သူ႕ဆိုင္ရာသူဆီအေျပးကူးခတ္သြားၿပီး ခ်က္ခ်င္းဆြဲေပြ႕သြားတာမ်ား ရိေပၚတို႔ေတာင္ အသက္လုရႉေနတုန္းရွိေသးသည္။

ကမ္းစပ္ေရာက္ေတာ့လဲ သားငယ္ႏွစ္ေယာက္ေရမြန္းမွာစိုးလို႔ ျပဴးျပာၿပီး စိတ္ပူေနတာမ်ား သူတို႔ကအေဖေတြအလား။

အဲလိုျမင္ကြင္းမ်ိဳးကို သူတို႔ျမင္မိေလေတာ့ .. သားေတြအတြက္ ရင္ေအးသြားရသလို ၾကည္ႏူးစိတ္ျဖင့္ ၾကက္သီးမ်ားလဲထမိပါရဲ႕။

ေရွာင္းက်န႔္ရဲ႕ right person ကို ခပ္ငယ္ငယ္အ႐ြယ္မွာေတြ႕ခဲ့သလို သားတို႔ရဲ႕ဘဝလက္တြဲေဖာ္ေကာင္းကိုလဲ ခပ္ငယ္ငယ္အ႐ြယ္မွာပဲ ရွာေတြ႕ခဲ့ၾကသည္ပဲ။

မွတ္ခ်က္ banana boat က pattaya မွာတကယ္ရွိပါတယ္။ အိမ္က ဦးေလးေကာင္းမႈနဲ႕ အိုင္ေရနစ္မလိုျဖစ္ခဲ့တာပါ။

Xxxxxxxx

"ဝမ္ေလး အဝတ္အစားလဲၿပီးၿပီလား ဟာ ၾကည့္ဦး ေခါင္းစိုေနတာလဲမသုတ္ရေသးဘူးလားကြာ''

ကုေဝက ေရခ်ိဳးခန္းထဲကေန အဝတ္လွဲၿပီးထြက္လာတဲ့ေရွာင္းဝမ္အနားကို ေလွ်ာက္သြားလိုက္ကာေျပာေတာ့ ေရွာင္းဝမ္က သြားၿဖဲကာရယ္ျပတယ္။

"ကြၽန္ေတာ့္ဆံပင္ကတိုတိုေလးပါကိုကိုကလည္း ခဏေနရင္ ေျခာက္သြားမွာပါ''

"ဟာကြာ မေတာ္လို႔အေအးမိရင္ဘယ္လိုလုပ္မလဲ ၿပီးေတာ့ ခုနက ေရထဲမွာအၾကာႀကီးေနလာတဲ့ဟာကို လာ ကိုယ္သုတ္ေပးမယ္ ကုတင္ေပၚမွာထိုင္လိုက္''

ေယာကၡထီးေတြနဲ႕ ခရီးအတူထြက္လာတာမို႔ သူနဲ႕ေရွာင္းဝမ္က ႏွစ္ေယာက္တည္းအတူ Hotelခန္းမွာေနရတာေတာ့ မဟုတ္ဘူး။

ဒီကမ္းေျခHotel resortမွာက မိသားစုရွစ္ေယာက္ေနလို႔ရမယ့္ Family roomဆိုတဲ့အခန္းအမ်ိဳးအစားတစ္ခုရွိတယ္။

အဲ့ဒီမွာ သူတို႔ေတြ အားလုံးေပါင္းကိုးေယာက္စုၿပီးေတာ့ေနၾကတာ ညီမေလးကေတာ့ ပါးပါးတို႔နဲ႕အတူတူ တစ္ခန္းေနတယ္။

သူနဲ႕ေရွာင္းဝမ္ေလးက တစ္ခန္း တစ္ကုတင္ထဲတူတူအိပ္ရေပမယ့္ တံခါးဖြင့္လိုက္တာနဲ႕ ေယာက္ခထီးတို႔အခန္းေရာက္ၿပီမို႔လို႔ ေအးေအးေဆးေဆးစိတ္ခ်လက္ခ်ေနရတာမ်ိဳးေတာ့ မဟုတ္ဘူး။

ဒါေပမယ့္ တစ္ကုတင္ထဲအိပ္ရတာနဲ႕တင္ ကုေဝကေက်နပ္ေနပါၿပီေလ။

လက္မထပ္ရေသးခင္ ဝမ္ေလးကို အသားယူဖို႔ ကုေဝမွာနဲနဲေလးမွစိတ္ကူးမရွိပါ။

ေယာက်ာ္း​ေလးတစ္ေယာက္ျဖစ္တဲ့အျပင္ ဆရာဝန္တစ္ေယာက္လည္းျဖစ္တဲ့ကုေဝက ေယာက်ာ္းေလးႏွစ္ေယာက္ အတူတူေနၾကတဲ့အခါ လက္ခံရမယ့္တစ္ဖက္ေယာက်ာ္းေလးက်န္းမာေရးနဲ႕ ေဆာင္ရန္ေရွာင္ရန္ေတြအေၾကာင္းကို ကုေဝကေကာင္းေကာင္းသိတာမို႔ အခုလိုမ်ိဳးဘာမွမျပင္ဆင္ရေသးတဲ့ ငယ္ငယ္႐ြယ္႐ြယ္အခ်ိန္မွာ ဝမ္ေလးကိုနာက်င္ရေအာင္ သူမလုပ္ရက္ပါဘူး။

ဝမ္ေလးကိုကုတင္ေပၚမွာထိုင္ခိုင္းၿပီး ကုေဝက မ်က္ႏွာသုတ္ပုဝါအသစ္ကိုယူကာ မတ္တပ္ရပ္လ်က္ပဲ ဝမ္ေလးေခါင္းကို ေရစိုေနတဲ့ဆံပင္ေတြကိုသုတ္ေပးေနလိုက္တယ္။

အခုလိုမ်ိဳး အခြင့္အေရးသူထပ္မရမွာကိုအရမ္းေၾကာက္ေနခဲ့တယ္ဆိုတာ ဝမ္ေလးကေတာ့သိပါ့မလားမသိဘူး။

ဝမ္ေလးေရနစ္မလိုျဖစ္တုန္းက သူအရမ္းပဲေၾကာက္သြားခဲ့တာ၊ ဝမ္ေလးကိုဆုံးရႈံးရမွာ ဝမ္ေလးတစ္ခုခုျဖစ္သြားမွာ သူေသသြားမွာထက္ေတာင္ ပိုေၾကာက္မိပါေသးတယ္။

ေခါင္းသုတ္ေပးရင္းနဲ႕ ကုေဝက ဝမ္ေလးကို အျမတ္တနိုးငုံ႕ၾကည့္ေနတာကို ဝမ္ေလးကသတိထားသြားမိတဲ့ေနာက္ေတာ့ သူ႕ကို တိုးတိုးစကားစေျပာတယ္။

"ကိုကို ဘာျဖစ္လို႔ၾကည့္ေနတာလဲ ကြၽန္ေတာ့္ကို ဒီေလာက္ေတာင္ၾကည့္လို႔မဝဘူးေပါ့ေလ''

"အင္း ဟုတ္တယ္ ၾကည့္လို႔မဝဘူး၊ အခုလိုမ်ိဳး ေငးၾကည့္ေနခြင့္ထပ္မရမွာကို ကို္ယ္အရမ္းစိုးရိမ္ခဲ့တာ၊ ခုနတုန္းက ပင္လယ္ထဲမွာသာ ဝမ္ေလးတစ္ခုခုျဖစ္သြားရင္ ကိုယ္ပါလိုက္ေသမိမယ္ထင္တယ္''

"ကိုကိုကလည္း ဘာမွမျဖစ္ပါဘူး ကြၽန္ေတာ္က ေရကူးတတ္တာပဲဟာ ဒါေပမယ့္ ပင္လယ္​ထဲမွာက အရပ္မမွီပဲေရတအားနက္ေနတာမို႔ ႐ုတ္တရတ္ေရဘယ္လိုကူးရမယ္ဆို ေမ့သြားတာ''

"ဝမ္ေလးမေျပာနဲ႕ ဝမ္ေလးထက္အရပ္ပိုျမင့္တဲ့ ကိုယ္ေတာင္မွ အရမ္းေၾကာက္သြားေသးတာပဲ ဒါေပမယ့္ ကိုယ္ခ်က္ခ်င္းသတိရသြားတာက ကိုယ့္အသက္အႏၲရာယ္မဟုတ္ပဲ ဝမ္ေလးအသက္အန္တရာယ္ပဲ ဝမ္ေလးအဆင္ေျပပါ့မလား ဝမ္ေလးေရကူးနိုင္ပါ့မလားလို႔ ကိုယ္ေတြးမိၿပီး ဝမ္ေလးရွိတဲ့ေနရာကို ကိုယ္လိုက္ရွာရေတာ့တာပဲ''

"အင္း ကိုကိုရွိေနလို႔သာေပါ့ မဟုတ္္ရင္ေတာ့ ကြၽန္ေတာ္တစ္ခုခုျဖစ္ရင္ျဖစ္သြားမွာ''

"အဲ့တာေၾကာင့္ေလ ဝမ္ေလး''

"ဟင္ ဘာလဲကိုကိုေျပာေလ''

စကားခနရပ္သြား​ေတာ့ ဝမ္ေလးကဆက္ေျပာေစလိုတဲ့သေဘာနဲ႕ စကားေထာက္ေပးတယ္။

သူ ဝမ္ေလးနားကေန ခနထြက္ခဲ့ၿပီး သူ႕ရဲ႕ေက်ာပိုးအိတ္ထဲမွာ ထည့္ထားတဲ့ဘူးေလးတစ္ဘူးကို ထုတ္ယူလိုက္တယ္။

အဲ့တာက တျခားေတာ့မဟုတ္ဘူး၊ ရိုးရိုးရွင္းရွင္း ပလက္တီနမ္နဲ႕လုပ္ထားၿပီး စိန္ပြင့္ေသးေသးေလးေတြျမဳပ္ထားတဲ့ လက္စြပ္တစ္ကြင္းပဲ။

တကယ္ေတာ့ ဒီလက္စြပ္က သူတို႔ခ်စ္သူျဖစ္တာေျခာက္လျပည့္အထိမ္းအမွတ္ေရာ စာေမးပြဲေျဖၿပီးသြားတဲ့ ဝမ္ေလးကိုဂုဏ္ျပဳေပးဖို႔အတြက္ေကာ သူဝယ္ထားတာျဖစ္တယ္။

ဒါေပမယ့္ ဒီလက္စြပ္ေလးကို အခု​ေတ့ာ တျခားရည္႐ြယ္ခ်က္နဲ႕ သူအသုံးျပဳေတာ့မယ္လို႔ ဆုံးျဖတ္လိုက္တယ္။

လက္စြပ္ဘူးေလးကိုဖြင့္ကာ ဝမ္ေလးေရွ႕ကိုထိုးေပးလိုက္ေတာ့ ဝမ္ေလးက အံ့အားသင့္တဲ့မ်က္လုံးမ်ိဳးနဲ႕ သူ႕ကိုေမာ့ၾကည့္တယ္။

"ကိုကို ဒါက ''

"ကိုယ့္ကို လက္ထပ္နိုင္မလားဝမ္ေလး၊ ဒီစကားေျပာတာ အရမ္းေစာေနတယ္ဆိုတာ ကိုယ္သိပါတယ္ ဒါေပမယ့္ ဒီေန႕အျဖစ္အပ်က္ေတြျဖစ္ၿပီးသြားတဲ့အခ်ိန္ ကိုယ္ဝမ္ေလးကို ဆုံးရႈံးရမွာ ဝမ္ေလးကိုမပိုင္ဆိုင္ရေသးပဲ ဝမ္ေလးကိုယ့္အနားကထြက္သြားမွာကိုယ္အရမ္းေၾကာက္ေနမိတယ္၊ အဲ့တာေၾကာင့္မို႔လို႔ ကိုယ္ဝမ္ေလးကို ျဖစ္နိုင္ရင္အခုခ်က္ခ်င္းပဲလက္ထပ္ခ်င္တယ္''

မိမိအေရွ႕မွာျမင္လိုက္ရတဲ့ ရိုးရွင္းလွတဲ့လက္စြပ္လွလွေလးတစ္ကြင္းရယ္ ကိုကို႔ဆီကၾကားရတဲ့စကားေတြရယ္ကို ေရွာင္းဝမ္႐ုတ္တရတ္ ဘယ္လိုတုန့္ျပန္ရမလဲ ေသခ်ာမသိဘူး။

လက္မထပ္ခ်င္ဘူးေတာ့ ဘယ္ဟုတ္ပါ့မလဲ၊ ကိုိကိုနဲ႕ခ်စ္သူျဖစ္သြားကတည္းက ကိုကို႔ကိုပဲယူမွာလို႔ ေရွာင္းဝမ္ကဆုံးျဖတ္ခ်က္ခ်ထားၿပီးသား။

ဒါေပမယ့္ ေရွာင္းဝမ္က အခုမွငယ္ငယ္ေလးပဲရွိေသးတာေလ။

ၿပီးေတာ့ ပါးပါးတို႔ကေရာ သေဘာတူပါ့မလားလို႔ ေရွာင္းဝမ္က ပူပန္ေနတာမို႔ ႐ုတ္တရတ္ဘာျပန္ေျဖရမွန္းမသိပဲ ေရွာ့ခ္ရေနမိတာ။

"ဝမ္ ဝမ္ေလး ကိုကိုေျပာတာကို လက္မခံနိုင္တာလားဟင္ ကိုကို႔ကိုလက္မထပ္ခ်င္လို႔လား''

ဝမ္ေလးတုန့္ျပန္မႈအတြက္ တစ္မိနစ္ေလာက္တုန့္ဆိုင္းသြားေတာ့ ကိုကိုကအသံေတြတုန္ၿပီး ျပာျပာသလဲျဖစ္ကာ ေမးလာ​ေတာ့မွ ဝမ္ေလးအျမန္ျပန္ေျဖရမယ္ဆိုတာ သေဘာေပါက္သြားတယ္။

ေတာ္ၾကာ သူ႕ရဲ႕ကေလးႀကီးက စိတ္မေကာင္းျဖစ္ၿပီး မ်က္ရည္က်ရင္က်ေနမွာ။

"လက္ထပ္မွာ ကြၽန္ေတာ္ကိုကို႔ကို လက္ထပ္မွာ''

"ဝမ္ေလး တကယ္ေျပာတာလား''

"တကယ္ေပါ့ လက္စြပ္က ကြၽန္ေတာ့္အတြက္မလား စြပ္ေပးေလ''

အဲ့ဒီလိုေျပာလိုက္မွပဲ ကိုကိုက ခ်က္ခ်င္းျပန္ၿပဳံးသြားကာ လက္စြပ္ဘူးထဲကလက္စြပ္ကို တုန္ရီေနတဲ့လက္အစုံနဲ႕ ဆြဲထုတ္ကာစြပ္ေနတာျမင္ရတယ္။

သူနဲ႕ပတ္သတ္ရင္ အဲ့ဒီလိုမ်ိဳး လႈပ္လႈပ္ခတ္ခတ္ျဖစ္တတ္တာေတြကိုေတာ့ ေရွာင္းဝမ္သေဘာမက်ပဲမေနနိုင္။

ကိုကိုကေရွာင္းဝမ္ကို သိပ္ခ်စ္တယ္ဆိုတာ အျပဳအမူေတြကတစ္ဆင့္ ခံစားလို႔ရတယ္ေလ။

မိမိလက္ေပၚမွာ ကိုကိုစြပ္ေပးတဲ့လက္စြပ္ေလးကိုၾကည့္ၿပီး ေရွာင္းဝမ္သေဘာတက်နဲ႕ ၿပဳံးေနမိတယ္။

"ဒါေပမယ့္ Daddyတို႔ပါးပါးတို႔ လက္ခံေအာင္ေတာ့ ကိုကိုေတာ္ေတာ္ေျပာယူရဦးမယ္ထင္တယ္''

"ဒါေပါ့ ေျပာရမွာေပါ့ အဲ့တာကိုကို႔တာဝန္ထားပါ ကိုယ္က အႀကီးပဲဟာ ကိုကိုအဆင္ေျပေအာင္ေျပာမယ္ေနာ္''

"ဟုတ္ကဲ့ကိုကို ကိုကို႔ကိုခ်စ္တယ္''

"ကိုယ္ကပိုခ်စ္တာေပါ့ဝမ္ေလးရာ လာပါဦး ကိုယ့္ေကာင္ေလးကိုနမ္းပါရေစဦး''

ေရွာင္းဝမ္ရဲ႕ေမွးဖ်ားကို လက္တစ္ဖက္နဲ႕ဆြဲေမာ့လို႔ သူကိုယ္တိုင္လည္း မ်က္ႏွာကိုငုံ႕ခ်လာတဲ့ကိုကို႔ေၾကာင့္ ေရွာင္းဝမ္ကိိုကို႔အနမ္းေတြခံယူဖို႔အတြက္ အသင့္ျပင္ထားလိုက္ေတာ့တယ္။

တေျဖးေျဖးျပင္းရွလာတဲ့ ႏႈတ္ခမ္းကအနမ္းေလးေတြက ေရွာင္းဝမ္ရဲ႕ရင္ကို ၾကည္ႏူးမႈအျပည့္ေပးတယ္။

ခပ္ၾကမ္းၾကမ္းနမ္းရင္ သူနာက်င္သြားမွာစိုးလို႔ ခပ္ေျဖးေျဖးပဲနမ္းတာပါလို႔ေျပာတဲ့ကိုကိုက ေရွာင္းဝမ္ကို သိပ္ၾကင္နာလြန္းတာ သိသာလြန္းလွတယ္။

ႏွစ္ဦးသားအနမ္းေတြပုံ​​ေဖာ္ေနတဲ့ခနမွာပဲ Daddyရဲ႕ေအာ္ေခၚသံက နားထဲကို ေတာ္ဝင္လာပါ​ေတာ့တယ္။

"ေရွာင္းဝမ္ေရ ညစာသြားစားၾကမယ္ေဟ့၊ အဝတ္အစားလွၿပီးရင္ထြက္လာခဲ့ၾကေတာ့''

Daddyရဲ႕ေအာ္သံေၾကာင့္ ကိုကို႔မ်က္ႏွာႀကီး ရႈံ႕မဲ့သြားတာကို ​ေရွာင္းဝမ္ၾကည့္ၿပီး တဟီးဟီးနဲ႕ ရယ္ေမာလိုက္မိတယ္။

အေဖေတြနဲ႕အတူတူ ခရီးထြက္လာမွေတာ့ ဒီလို ဒုကၡကေတာ့ရွိမွာေပါ့ေလ။

ေရွာင္းဝမ္ကေတာ့ ရယ္ေမာရင္း တစ္ဖက္မွာလည္း သူတို႔ႏွစ္ေယာက္လက္ထပ္ဖို႔အေရး ဒယ္ဒီတို႔ၾကည္ျဖဴပါေစလို႔လဲ တိတ္တဆိတ္ဆုေတာင္းရင္းနဲ႕ေပါ့။

Xxxxxxx

အဲဒီေန႕ညေန ထမင္းဝိုင္းမွာေတာ့ ေနာက္ထပ္မေမွ်ာ္လင့္တဲ့စကားကို ေျပာလာသူက ကုေဝပဲ။

“ပါးတို႔... ဟိုေလ ကြၽန္ေတာ္ ေရွာင္းဝမ္နဲ႕လက္ထပ္ခ်င္လို႔။ ကြၽန္ေတာ္တို႔ကို လက္ထပ္ခြင့္ေပးပါ”

“ေဟ … ”

အခုမွ ခ်န္ယြီ့ကို သားငယ္နဲ႕လက္ထပ္ဖို႔သေဘာတူတယ္လို႔ေျပာမလို႔ပဲရွိေသး၊ အခု ကုေဝက တဖန္ သားႀကီးကိုလက္ထပ္ပါရေစလို႔ေျပာလာေတာ့ ေရွာင္းက်န႔္နဲ႕ ရိေပၚ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရေတာ့တာပဲ။

“ဟုတ္တယ္ ဒယ္ဒီနဲ႕ပါးပါး၊ သားကို ကိုကိုနဲ႕လက္ထပ္ခြင့္ေပးပါ”

“ကြၽန္ေတာ္ ဝမ္ေလးကို ဒယ္ဒီေပၚတို႔ ပါပါးက်န႔္တို႔ဂ႐ုစိုက္သလိုပဲ လိုေလေသးမရွိဂ႐ုစိုက္ေပးမွာပါ။ ကြၽန္ေတာ့္ကိုစိတ္ခ်ပါေနာ္။ ဒယ္ဒီ သားကိုေျပာေပးပါအုံး”

ကုေဝကေျပာလဲေျပာ၊ သူ႕အေဖ ေဟာ္က႐ႊမ္းကိုပါ စစ္ကူေခၚေလေတာ့သည္။

“ဟုတ္သားပဲ က်န႔္ေကာတို႔ရာ မဟုတ္လဲ သားတို႔ႏွစ္ေယာက္ကိုေပးစားမယ္လို႔ သေဘာတူထားၿပီးသားပဲဟာ။ မွန္းထားတဲ့အခ်ိန္ထက္ ေစာသြားတာပဲရွိတာပါ”

“ခဏေနၾကပါအုံး ငါတို႔က လက္ထပ္ေပးခ်င္တယ္ပဲထားပါအုံး။ ခ်န္ယြီကလဲ မေန႕ကမွ သူနဲ႕အငယ္ေလးကို လက္ထပ္ခြင့္ျပဳဖို႔ ေတာင္းဆိုထားတာ။ တစ္ႏွစ္တည္းႏွစ္မဂၤလာ လုပ္ဖို႔က်ေတာ့..”

“အဲဒါဆိုလဲလြယ္ပါတယ္ ကြၽန္ေတာ္တုို႔ကအရင္ေျပာထားတာဆိုေတာ့ ကြၽန္ေတာ္တို႔ကို အရင္ေဆာင္ေပးလိုက္ေပါ့”

ရိေရွာင္းကထေျပာေတာ့ ေရွာင္းဝမ္က လက္မခံပဲ ခ်က္ခ်င္းထေျပာေလတယ္။

“ဟာ ငါက အႀကီးေလ အငယ္ေလးရ အဲဒီေတာ့ အိမ္ေထာင္ျပဳခ်င္းျပဳ ငါကအရင္ျပဳသင့္တာေပါ့”

“အဲလိုအသက္ႀကီးလို႔ အိမ္ေထာင္အရင္ျပဳၾကေၾကးဆို ကြၽန္ေတာ့္ခ်စ္ခ်စ္က အားလုံးထက္အသက္ပိုႀကီးတယ္ေလ သူအရင္အိမ္ေထာင္ျပဳသင့္တာေပါ့”

“အကိုခ်န္ယြီကႀကီးတယ္ဆုိုေပမယ့္ငါတုို႔အိမ္သားမဟုတ္ဘူးေလ။ ငါတို႔အိမ္သားရဲ႕ ႀကီးစဥ္ငယ္လိုက္အတုိုင္းပဲျဖစ္သင့္တယ္”

“ဟာ မရပါဘူးေနာ္ သားတုို႔ကအရင္ေျပာထားတာ။ ဒယ္ဒီ သားတုိ့အရင္ေျပာတာေနာ္”

“ကဲပါကြာ ခဏေလးေနၾကပါအုံးဟ”

ရိေပၚ အသံမာမာနဲ႕ ထေအာ္လိုက္ေတာ့မွ ညီအကိုႏွစ္ေယာက္ၿငိမ္သြားၾကေတာ့သည္။

“ရိေပၚေကာ ကြၽန္ေတာ္အႀကံရၿပီ အခု ေကာတုို႔က ကေလးေတြကို ဘယ္သူ႕ကိုအရင္အိမ္ေထာင္ခ်ေပးရမလဲဆုံးျဖတ္မရျဖစ္ေနတာမဟုတ္လား။ ကြၽန္ေတာ္အႀကံေပးမယ္”

ေဟာက္႐ႊမ္းေျပာတဲ့အႀကံကိုၾကားၿပီးေနာက္ သူတုို႔တစ္ဝိုင္းလုံးမ်က္လုံးျပဴးၾကရေတာ့သည္။

“ေဟာက္႐ႊမ္း မင္းဟာက ျဖစ္ပါ့မလားကြာ”

သူေပးတဲ့အႀကံႀကီးက ဖင္ႀကိမ္းစရာႀကီး။

“ျဖစ္ပါတယ္ဗ်ာ သားတို႔ႏွစ္ေယာက္အတြက္အဆုံးအျဖတ္ကို ကေလးေတြကို ေမြးထားတဲ့ေကာတုို႔ႏွစ္ေယာက္ရဲ႕ခံနိုင္ရည္နဲ႕ ဆုံးျဖတ္လိုက္ၾကတာေပါ့ ဟဲဟဲ”

ေဟာက္႐ႊမ္းေျပာတဲ့အႀကံကတျခားေတာ့မဟုတ္၊ ရိေပၚတုို႔ႏွစ္ေယာက္ကို ဒီေန႕ည စိတ္ႂကြေဆးတိုက္မယ္တဲ့။ ရိေပၚတုို႔က စိတ္ႂကြေဆးရဲ႕အရွိန္ကိုခံနိုင္ရည္ရွိေအာင္ႀကိဳးစားရမယ္။ မခံနိုင္ပဲ top ေနလိုက္တဲ့သူ ေမြးထားတဲ့သားက ေနာက္ႏွစ္မွမဂၤလာေဆာင္ရမယ္၊ သည္းခံနိုင္တဲ့သူေမြးထားတဲ့သားကေတာ့ ဒီႏွစ္မဂၤလာေဆာင္ရမယ္ေပါ့။

တကယ္လို႔ ရိေပၚ top လိုက္ရင္ ရိေရွာင္းက ေနာက္ႏွစ္မွမဂၤလာေဆာင္ရမယ္၊ ေရွာင္းက်န႔္ top လိုက္ရင္ေတာ့ ေရွာင္းဝမ္က ေနာက္ႏွစ္မွမဂၤလာေဆာင္ရမယ္ေပါ့ေလ။

ကေလးေတြႏွစ္ေယာက္က သူတို႔ေမွ်ာ္လင့္ခ်က္ေရာင္ျခည္က အေဖေတြဆီမွာမို႔ မ်က္လုံးေလးေတြ အေရာင္တလက္လက္နဲ႕ ဖခင္ေတြကိုၾကည့္ေနသလို ရိေပၚတို႔လဲ စိတ္လႈပ္ရွားေနနၾကတယ္။

Xxxxxx

ေနာက္တစ္ေန႕မနက္မိုးလင္းတဲ့အခ်ိန္မွာေတာ့ အေဖႏွစ္ေယာက္က သူမ်ားေတြ မထင္ထားတဲ့အေျဖကို သားေတြကို ေပးလိုက္ရေတာ့တယ္။

အဲဒါကေတာ့ သားေတြကိုအတူတူမဂၤလာေဆာင္ေပးမယ္ဆိုတာပဲ။

သုံးမဂၤလာျဖစ္သြားေအာင္ ရိေပၚတို႔အတြဲပါ anniversary အေနနဲ႕ မဂၤလာထပ္ေဆာင္မယ္လို႔ေျပာလိုက္ေတာ့ သားေတြမွာ ၿပဳံးေပ်ာ္လို႔ပဲ။

မနက္စာအတူစားၾက၊ ေရကူးကန္ေဘးက ေနပူဆာခဏလွံၾကၿပီး အရမ္းပူလာတာမို႔ ကိုယ္တီအခန္းထဲဝင္လာျဖစ္ၾကသည္။

"ငါ့ယုန္ေပါက္ေလးက ၿငိမ္ခ်က္သားေကာင္းေနပါလား ေနလို႔မေကာင္းဘူးလား ဟမ္"

အခန္းထဲဝင္ဝင္လာခ်င္း ရင္ခြင္ထဲအတင္းဝင္တို႔ေဝွ႕လာတဲ့ ေရွာင္းက်န႔္ကို ရိေပၚေမးလိုက္ရင္း နဖူးေလးကိုပါ စမ္းၾကည့္လိုက္ေသးသည္။

"ေကာင္းပါတယ္"

"အဲဒါဆိုဘာျဖစ္ေနတာလဲ"

"ငါစိတ္မေကာင္းျဖစ္ေနတာ.."

"ဘာလဲ သားေတြ အိမ္ေထာင္ျပဳေတာ့မယ္ဆိုလို႔လား"

“အင္း .. ခ်န္ယြီေရာ ကုေဝေရာက လူေကာင္းေလးေတြဆိုတာ ငါသိပါတယ္ ဒါေပမယ့္ .. ငါ့သားေလးေတြကို အိမ္ေထာင္ျပဳခိုင္းရမွာ ငါႏွေျမာတယ္။ ငါ့မွာ ခ်စ္လို႔ေတာင္မဝေသးဘူး”

“ဆူလို႔မဝေသးတာလဲ ထည့္ေျပာ!”

“မင္းေနာ္…”

ရိေပၚစကားေၾကာင့္ အသံထက္ ပိုျမန္တဲ့ ဒုံးက်ည္လိုမ်က္ေစာင္းကို ရိေပၚထံ ပစ္လႊတ္လိုက္တယ္။ ရိေပၚကေတာ့ သူ မ်က္ေစာင္းထိုးတာေတာင္ ဘာမွမျဖစ္သလို ၿပဳံးရင္း သူ႕ဆံပင္ေလူေတြကို ခပ္ဖြဖြပြတ္ေပးေနတုန္း။

“အခ်စ္ကလဲကြာ။ ငါက မင္းစိတ္သက္သာရာရေအာင္ေျပာတာပါ။ မင္းသားေတြကို ဘယ္ေလာက္ခ်စ္လဲဆိုတာ ငါသိပါတယ္။ အဲဒီလိုပဲ သားေတြကလဲ သူတို႔ပါပါးကို ဘယ္ေလာက္ခ်စ္လိုက္သလဲ။ အိမ္ေထာင္က်သြားတယ္ဆိုရင္ေတာင္ သူတို႔ရင္ထဲက မင္းကိုခ်စ္တဲ့အခ်စ္ေတြက ေျပာင္းလဲသြားမွာမဟုတ္ပါဘူး”

“ဒါေပမယ့္ သားေတြနဲ႕ ငါမခြဲခ်င္ဘူးေလ”

မ်က္ရည္ေတြအိုင္ထြန္းေနတဲ့မ်က္ဝန္းေတြနဲ႕ ရင္ခြင္ထဲက ေရွာင္းက်န႔္က ရိေပၚကိုေမာ့ၾကည့္ၿပီးေျပာပုံက အသက္ ၅၀ နားကပ္ေနတဲ့ ကေလးႏွစ္ေယာက္အေဖနဲ႕မတူပဲ ငါးႏွစ္ကေလးငယ္နဲ႕ေတာင္တူေနေသးတာမို႔ ရိေပၚ ေခါင္းငုံ႕ကာ နမ္းလိုက္မိသည္။

“သားေတြနဲ႕သားမက္ေတြကို ငါတို႔အိမ္မွာပဲလာေနရမယ္လို႔ အမိန႔္ထုတ္လိုက္မယ္။ မေက်နပ္ရင္ မယူၾကနဲ႕လို႔ပါထည့္ေျပာလိုက္မယ္။ ဒါေပမယ့္ မင္းရဲ႕သားေတြက အိမ္မွာေနရမယ္ဆိုရင္ ျငင္းမွာေတာင္မဟုတ္ဘူးဆိုတာ ငါသိတယ္”

ဒီစကားကိုေတာ့ယုံၾကည္ခ်က္အျပည့္နဲ႕ ေျပာလိုက္မိျခင္းပါပဲ။ သားႏွစ္ေယာက္နဲ႕ သူတို႔ၾကားထဲက ခ်စ္ျခင္းေမတၱာနဲ႕ သံေယာဇဥ္က ခိုင္မာလြန္းတာထက္ေတာင္ ပိုေနေသးတာမဟုတ္လား။

“အဲလိုဆိုရင္ .. သားမက္ေတြကေရာ လက္ခံပါ့မလား”

“သူတို႔ေတြက ငါတို႔သားေတြကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ မင္းျမင္တယ္မဟုတ္လား။ သားေတြကိုခ်စ္လို႔ပဲ သူတို႔က ငါတို႔ဆႏၵကိုလိုက္ေလ်ာၾကမွာပါကြာ မပူပါနဲ႕”

“အင္း .. ဘာေတြပဲျဖစ္ျဖစ္ မင္းကေတာ့ ငါ့နားမွာ အၿမဲရွိေနေပးမွာမဟုတ္လား ရိေပၚ”

မ်က္ဝန္းညိုေလးေတြမွာ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႕ သူ႕ကိုၾကည့္ကာေမးတဲ့ ေရွာင္းက်န႔္ရဲ႕မ်က္ႏွာေလးကို သူလက္မေလးနဲ႕ အသာပြတ္ကာ ခပ္တိုးတိုးျပန္ေျဖမိတယ္။

“ဒါေပါ့ … ငါတို႔ဘဝရဲ႕ေနဝင္ခ်ိန္ေတြအထိ မင္းအနားမွာပဲ မင္းကိုခ်စ္ရင္းနဲ႕ပဲ ငါအိုမင္းသြားမွာပါ”

သူ႕စကားေၾကာင့္ ေက်နပ္သြားတဲ့ သူ႕ရဲ႕ယုန္ေပါက္က သူ႕ႏႈတ္ခမ္းကို လာထိကပ္လို႔အနမ္းေပးတာမို႔ ရိေပၚလဲ ေရွာင္းက်န႔္အနမ္းေတြကို စိတ္လိုလက္ရ တုံ႕ျပန္လိုက္မိတယ္။

ေျပာင္းလဲရိုးအီမသြားတဲ့ခ်စ္ျခင္းေတြက ဒီယုန္ေပါက္ေလးအတြက္ျဖစ္ၿပီး ကာကြယ္ေပးခ်င္စိတ္အျပည့္နဲ႕ေမတၱာတရားဟာ သူတို႔ရဲ႕သားႏွစ္ေယာက္အတြက္ျဖစ္သည္။ ေနာက္ဆိုရင္ေတာ့ ေထြးေပြ႕ခ်င္စရာ ေျမးငယ္ေလးေတြထပ္ရွိလာနိုင္ေသးသည္။

ဒီလူသားေတြေၾကာင့္ပဲ သူ႕ဘဝမွာ အရာရာလွပေနခဲ့ရတာပါပဲေလ။

ရိေပၚနဲ႕ေရွာင္းက်န္ဆိုတဲ့ လူငယ္ေလးေတြဘဝကေန ေဖေပၚနဲ႕ေဖက်န႔္ဆိုတဲ့ဘဝ၊ ထိုဘဝကေန ဖိုးေပၚနဲ႕ ဖိုးက်န႔္ဆိုတဲ့ဘဝအထိ အတူတကြရွင္သန္ေနထိုင္သြားလိုပါသည္။

(ဒီပုံေလးနဲ႕ အရမ္းလိုက္လို႔ 💛)

ၿပီးပါၿပီ။

12.04.21

Love Area ဆိုတဲ့ ေအာင္သြယ္ေတာ္ျမႇားနတ္ေမာင္ Agency ကေန အစျပဳခဲ့တဲ့ ဇာတ္လမ္းေလးက အခုေတာ့ အဆုံးသတ္ပါၿပီ။ သိပ္ခ်စ္ၾကတဲ့ငယ္သူငယ္ခ်င္း၂ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္အေဖာ္ျပဳရင္း သားေတြ သားမက္ေတြ … ေနာက္ ေျမးေတြနဲ႕ ေပ်ာ္႐ႊ႕င္စြာ အိုမင္းသြားၾကပါလိမ့္မယ္။

ကိုယ့္ရဲ႕ Love Area ကို ၂၀၂၀ ဧၿပီလပိုင္းထဲမွာ ဇာတ္သိမ္းခဲ့ၿပီး အခု Our Dads are Fudanshi ကိုေတာ့ ၂၀၂၁ ဧၿပီလပိုင္းမွာ အၿပီးသတ္နိုင္ခဲ့ပါၿပီ။

တစ္ႏွစ္တာခရီးရွည္ႀကီးမွာ အတူလိုက္ပါခဲ့သူေတြကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


Continue Reading

You'll Also Like

288K 22.5K 38
|| Zaw & Uni ll Accident တခုမွစတင္ခဲ့သည့္... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)
390K 34.6K 49
Crushဆီကattentionလိုခ်င္​လား??? တစ္​ျခားလူ​ေတြနဲ႔​ေပ်ာ္​​ေပ်ာ္​ရႊင္​ရႊင္​​ေနပီးသူ႔ကိုပိုးစိုးပက္​စက္​​ေခ်ျပလိုက္​! အနည္​းဆံုး​ေတာ့Crushရဲ့အေတြးထဲကိုယ...
1.9M 166K 42
... ႏုႏုပ်ိဳပ်ိဳေလး ေရးထားတဲ့ Wang Yi Bo × Xiao Zhan Fanfiction ေလးပါ ...
172K 9K 17
လန္​က်န္​႔ _____________ မင္​းအ​ေပၚထားတဲ့အခ်စ္​​ေတြက ဘယ္​ဘဝ​ေရာက္​​ေရာက္​ ဘယ္​ႏွစ္​ဘဝ​ေျပာင္​း​ေျပာင္​း ​ထာဝရတည္​ျမဲ​ေနမွာ ​ေဝ့ရင္​း ​ေဝ့ရင္​း _____...