ODAF - Ep 34

3.2K 583 88
                                    


Our Dads are Fudanshi ep 34

“အဟမ်း ဒါကဘယ်လိုဖြစ်နေကြတာလဲ ကုဝေ ဟမ်”

အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ချက်က ရှောင်းဝမ်ကြိုက်တဲ့ ကိုရီးယားကားတွေထဲကလိုပဲခင်ဗျ။

အခုမှ ရှောင်းဝမ်နှုတ်ခမ်းနုနုလေးကို ခဏလေးဆိုမှခဏလေးပဲနမ်းရုံရှိသေး၊ နားထဲဝင်လာတဲ့ ယောက္ခထီးရဲ့အသံက နွေလယ်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလိုပဲ။

“ပါပါး ဟိုလေ…”

“တိတ်တိတ်နေ အကြီးကောင် .. မင်းကို မမေးဘူး”

“အု…”

သူ့အဖေ ပါပါးကျန့်ရဲ့ ငေါက်ငမ်းသံကြောင့် ရှောင်းဝမ်မှာ အုခနဲပါးစပ်ကို ပြန်ပိတ်သွားရတယ်။

ရပါတယ် ဒီလိုအချိန်မှာ ရှေ့ကနေ မာမားမတ်မတ်ရပ်ပြီး ကာကွယ်မှာ ကုဝေတာဝန်ဖြစ်သွားပြီပဲ။

“ဟိုလေ ပါပါး .. အဲ ဦးဦး .. ပါပါးဦးဦးကျန့်”

ပါပါးခေါ်မလို့စဉ်းစားပြီးခေါ်လိုက်ပေမယ့် မပြူးတဲ့မျက်လုံးကို အတင်းပြူးပြနေတဲ့ မတော်ရသေးတဲ့ယောက္ခထီးကြောင့် ပါပါးရမလို ဦးဦးရမလိုနဲ့ ကုဝေလမ်းတွေပျောက်သွားရပြန်တယ်။

အယောင်ယောင်အမှားမှားတွေဖြစ်နေတဲ့ ကုဝေကို ဦးဦးကျန့်အနောက်က ကိုယ့်ဒယ်ဒီဟောက်ရွှမ်းက ရယ်ချင်ပေမယ့် ပါးစပ်အတင်းစေ့ထားရပုံပဲ။

ဒယ်ဒီရေ သားမိုက်ကို မကယ်တင်တော့ဘူးလား။

“မင်းအခုဘာလုပ်လိုက်တာလဲ ကုဝေ၊ ရှောင်းဝမ်က မင်းညီမနဲ့ စေ့စပ်တော့မယ့်ကလေးနော်”

သိတယ်၊ သိပါတယ်လို့။ ရင်နာအောင် ထပ်မပြောပါနဲ့တော့လို့။

ဒီကိစ္စကို သူဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး၊ ရအောင်ဖျက်မှာပဲဆိုတာ သေချာပေမယ့်လည်း စကားအဖြစ်နဲ့ ကြားတာတောင် ကုဝေရင်နာလွန်းရသည်။

ရှောင်းဝမ်ကို ခံစားရအောင်လုပ်ခဲ့မိတဲ့ဝဋ်တွေလည်နေရတာပဲလို့ ကုဝေတွေးမိတော့ သနားအားနာစိတ်နဲ့ ရှောင်းဝမ်ကို ပိုတိုးလို့ချစ်မိပြန်သည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now