ODAF - Ep 40

2.2K 291 16
                                    


Our Dads are Fudanshi Ep 40

ကုဝေတစ်ယောက်ဘာဖြစ်နေလဲမသိတဲ့ ရှောင်းဝမ်မှာတော့ တစ်ညနေလုံး သူ့ရည်းစားဆီက ဖုန်းမလာသလို သူ့ရည်းစားကို ဖုန်းဆက်တော့လည်း မကိုင်တာမို့ စာမလုပ်နိုင်ပဲ အခန်းထဲမှာငူငူကြီးထိုင်နေမိတယ်။

ခါတိုင်းဆိုရင် ရှောင်းဝမ်ရဲ့ကိုကိုက ဒီလိုမျိုးအကြာကြီးအဆက်အသွယ်မလုပ်ပဲ ပစ်မထားဖူးဘူး။

ဒီနေ့က ကိုကိုညဘက်Night dutyရှိတယ်ဆိုတာကို ရှောင်းဝမ်သိထားပေမယ့် ခါတိုင်းကိုကိုက Night dutyရှိလည်း သူ့ကိုအခုလို အဆက်အသွယ်မလုပ်ပဲ ပစ်ထားတာမှမဟုတ်တာ။

သူအလုပ်မဝင်ခင်ရှောင်းဝမ်ကို ဖုန်းခေါ်တတ်သလို ကြားထဲမှာ အလုပ်အားတဲ့အချိန်တိုင်း ရှောင်းဝမ်ကို ကိုကိုက ဖုန်းမခေါ်ရင်တောင်စာပို့လေ့ရှိတယ်လေ။

အခုက ဖုန်းလည်းမခေါ်ဘူး၊ Messageလည်းတစ်စောင်မှ မပို့ထားဘူးဆိုတော့ ရှောင်းဝမ်စိတ်ပူနေမိတာ သူ့အလွန်လဲမဟုတ်ဘူး။

^ကျွန်တော်လွမ်းနေပြီကိုကိုရဲ့၊ ဖုန်းလေးဘာလေးဆက်ပါဦး^

ရှောင်းဝမ် Message တစ်စောင်ထပ်ပို့လိုက်ပြီးစာပြန်အလာကို စောင့်မျှော်နေမိတယ်။

ကိုကို့ကြောင့်နဲ့ ရှောင်းဝမ်မှာ စာလဲမလုပ်နိုင်ဘူး။ သူပဲ လူကိုစာကြိုးစားချင်စိတ်ရှိအောင် စာသင်ပေးခဲ့ပြီး အခုတော့ သူပဲ လူကိုစာမလုပ်နိုင်အောင် လုပ်နေပြန်ပါပြီ။ ဒေါက်တာကုဝေက တကယ့်ကိုလူဆိုးပဲ။

"ကိုကိုရေ''

ကြားချင်နေတာ ဒီဌက်ဆိုးထိုးသံမဟုတ်၊ ကိုကို့ရဲ့ ကလေးလေးလို့ခေါ်တဲ့အသံလေ။

အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့ သူ့ရဲ့တစ်ဦးတည်းသောညီတော်မောင် ရိရှောင်းကို မျက်စောင်းကြီးပိတ်ထိုးပစ်လိုက်တယ်။

"ဘာလဲ ငါမအားသေးဘူး''

"ဟင် မအားဘူးပြောတဲ့သူကလည်း ကုတင်ပေါ်မှာ မျောက်မှိုင်မှိုင်နေပြီးတော့ ''

"ဘာ အငယ်လေး မင်းကတော့ နားရင်းအုပ်ခံချင်နေပြီထင်တယ်''

"ဟာ ကိုကိုကလည်း ဒီညီလေးတစ်ယောက်တည်းရှိတာ ရက်ရက်စက်စက်တွေမပြောပါနဲ့''

Our Dads are Fudanshi (Season 2 of Love Area) [Completed]حيث تعيش القصص. اكتشف الآن