ODAF - Ep 17

2.9K 545 119
                                    


 

Our Dads are Fudanshi Ep 17

အပြင်သွားဖို့အဝတ်အစားလဲပြီး မှန်ထဲက ကိုယ့်ပုံကိုယ်ပြန်ကြည့်ကာ ချန်ယွီ နည်းနည်းလေးအနေခက်နေမိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အပြင်သွားဖို့အဝတ်အစားလဲပြီး မှန်ထဲက ကိုယ့်ပုံကိုယ်ပြန်ကြည့်ကာ ချန်ယွီ နည်းနည်းလေးအနေခက်နေမိသည်။

သူပြင်ထားတာ အရမ်းများသွားပြီလား။

ရိရှောင်းကို မုန့်လိုက်ကျွေးမယ်ပြောထားပြီး အလုပ်မအားတာ ၃၊၄ရက်လောက် ဖြစ်သွားကာ ရိရှောင်းလဲ စခန်းကိုရောက်မလာတာမို့ အဆင်မှပြေရဲ့လားလို့ မနေ့ညက ဖုန်းဆက်မေးဖြစ်သည်။

ဒီနေ့အလုပ်နားရက်ဖြစ်တာမို့ မုန့်လိုက်ကျွေးရမလားလို့မေးလိုက်တော့ ရိရှောင်းက နည်းနည်းလေးမှတောင် မငြင်း။

ကျောင်းဆင်းရင် မုန့်လိုက်ကျွေးဆိုလို့ ချန်ယွီလဲ အိမ်အလုပ်တွေကို နေ့လည်ကတည်းက အပြီးသတ်ထားပြီး အပြင်သွားဖို့ ပြင်ဆင်နေရသည်။

အပြင်ကိုသေချာမထွက်ဖြစ်တာ လအနည်းငယ်တောင်ကြာနေပြီပြောရမည်။

ဒီမှာ ပြန်ပြီးတာဝန်ကျကတည်းက အိမ်အသစ်မှာ အသားကျအောင်ပြင်ဆင်နေရတာနဲ့ ဆက်တိုက်တက်လာတဲ့အမှုတွေကို ကိုင်တွယ်နေရတာနဲ့ လိုအပ်တာထွက်ဝယ်တာမျိုး လောက်ပဲ လုပ်ဖြစ်ပြီး အပြင်မှာတောင် ညစာထွက်မစားဖြစ်။

အခုတော့ ရိရှောင်းဆိုတဲ့ ချာတိတ်ရဲ့ကောင်းမှုနဲ့ အပြင်ထွက်ရတော့မယ်။

ရိရှောင်းက ရုပ်ကလေးကလဲ နုနုငယ်ငယ် ပုံစံလေးကလဲ တအားချစ်စရာကောင်းတာကြောင့် သူနဲ့တွဲသွားရင်ကိုယ်က အိုစာနေမှာစိုးကာ လူငယ်ဆန်မယ့်အဝတ်အစားကိုထိုင်ရွေးနေတာနဲ့တင် နာရီဝက်လောက်ကြာသွားသည်၊ စိတ်ကြိုက်ကိုမတွေ့။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now