လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန...

By simply_because99

67.7K 8.6K 428

Title ✿ Free RenYigu Original Author ✿ Your唯 Eng Translator : Rinisnotgold Status : 15 chapters (Complete... More

Synopsis
အပိုင်း - ၁ [ U ]
အပိုင်း - ၁ [ Z ]
အပိုင်း - ၂ [ U ]
အပိုင်း - ၂ [ Z ]
အပိုင်း - ၃ [ U ]
အပိုင်း - ၃ [ Z ]
အပိုင်း - ၄ [ U ]
အပိုင်း - ၄ [ Z ]
အပိုင်း - ၅ [ U ]
အပိုင်း - ၅ [ Z ]
အပိုင်း - ၆ [ U ]
အပိုင်း - ၆ [ Z ]
အပိုင်း - ၇ [ U ]
အပိုင်း - ၇ [ Z ]
အပိုင်း - ၈ [ Z ]
အပိုင်း - ၉ [ U ]
အပိုင်း - ၉ [ Z ]
အပိုင်း - ၁၀ [ U ]
အပိုင်း - ၁၀ [ Z ]
အပိုင်း - ၁၁ [ U ]
အပိုင်း - ၁၁ [ Z ]
ဇာတ်သိမ်းပိုင်း [ U ]
ဇာတ်သိမ်းပိုင်း [ Z ]
Extra 1 [ U ]
Extra 1 [ Z ]
Extra 2 [ U ]
Extra 2 [ Z ]
Extra 3 - ပထမပိုင်း [ U ]
Extra 3 - ပထမပိုင်း [ Z ]
Extra 3 - ဒုတိယပိုင်း [ U ]
Extra 3 - ဒုတိယပိုင်း [ Z ]

အပိုင်း - ၈ [ U ]

1.6K 363 6
By simply_because99

【 Unicode 】

                                 (149)

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး
ငါ ဆင်ခြင်တွေးတောနေမိတယ်။ ချစ်ကျွမ်းဝင်
နေတဲ့အတောအတွင်း သူက ငါ့ကိုရိုက်နှက်မှာ
မဟုတ်ဘူး။ တစ်ချက်ရှိတာက လူတွေနဲ့ပိုပြီး
နီးနီးကပ်ကပ်နေလေလေ၊ အဲဒီလူတွေရဲ့
တကယ့်ပုံစံအစစ်ကို မြင်နိုင်လေလေ။ အချိန်
အတိုင်းအတာတစ်ခုကို ဖြတ်ကျော်ပြီးတဲ့အခါ
လူကောင်းလို ဟန်ဆောင်ဖို့မဖြစ်နိုင်တော့ဘူး။

                                (150)

ရွှယ်ယောင်ကျူ့က အဲ့လိုလူ မဟုတ်လောက်ဘူး
လို့ ထင်တယ်။

ဒါပေမယ့် ငါ့အတွေးတွေက အဲ့လိုမျိုးဖြစ်နေရော။

ရွှယ်ယောင်ကျူ့က မေးတယ်။
"မင်း-မင်း ဘာတွေ၊ စဥ်း-စဥ်းစားနေတာလဲ"

ငါ ဘာမှမပြောလိုက်ဘူး။

ရွှယ်ယောင်ကျူ့က ပြောတယ်။
"မင်း ဘာ-ဘာတွေတွေးနေလဲဆိုတာ၊ ငါ့ကို ပြော-ပြောလို့ရပါတယ်"

ငါ ရေရွတ်လိုက်တယ်။
"ဘာမှမဟုတ်ပါဘူး"

                                (151)

ငါတို့ပြန်ရောက်ချိန်မှာ အစ်ကိုကြီးက စာပို့လာ
တယ် : 'မင်း ဆက်ပြီး အတိုက်အခံလုပ်နေမယ်
ဆိုရင် ဒီအိမ်ကို နောက်ဘယ်တော့မှ ပြန်မလာနဲ့'
တဲ့။

ငါ အစ်ကိုကြီးကိုဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး။ ငါ စိတ်ရောဂါဖြစ်နေတယ်ဆိုတာကို ဝန်မခံ
ချင်ပေ။ အစ်ကိုကြီးကလည်း လက်ခံစေချင်မှာ
မဟုတ်ဘူး။ ငါ စတင်ပုန်ကန်ပြီဆိုပြီး
အစ်ကိုကြီးက ထင်နေတာ။ တစ်ခါတလေ
ငါလည်း ထကြွသောင်းကျန်းမိပြီလားလို့
တွေးမိတယ်။ ဒါမှမဟုတ် စိတ်ကြီးဝင်တဲ့ရောဂါ
လက္ခဏာလည်း ဖြစ်နိုင်တာပဲ။

ငါ ဒါကိုတွေးကြည့်လိုက်ရင် ဆရာဝန်နဲ့ချိန်းထား
တာကို ထပ်ပြီးပယ်ဖျက်ချင်လာရော။ ငါ ဖိုရမ်မှာ
ရှာကြည့်လိုက်တော့ လူတချို့ပြောတာက..
ဆေးကုသမှုခံယူရင် ဘေးထွက်ဆိုးကျိုးကို တော်တော်လေးစိုးရိမ်ရတယ်တဲ့။ ဆေးကုသမှု
ခံယူရင်ဘာဖြစ်နိုင်လဲဆိုတော့ အသည်းကိုထိခိုက်
စေတယ်၊ အဝလွန်စေတယ်တဲ့။ ဒါ့အပြင်
ကုသမှုရဲ့အခြေခံနည်းလမ်းက လူနာတွေကို အတွေးအခေါ်လျော့နည်းစေတယ်ဆိုပြီး
ပြောကြသေးတယ်။ ဒါကြောင့် လူနာအနေနဲ့
အိပ်ငိုက်တာမျိုး၊ ထုံထိုင်းတာမျိုးဖြစ်တတ်ပြီး
ကောင်းကောင်းမတွေးခေါ်နိုင်တော့ဘူးတဲ့။

ငါ့မှာ ဖိအားများပြီး ကြီးကြီးမားမားတွေးတော
စရာမရှိပေမယ့်၊ ငါ ငတုံးတစ်ယောက်တော့
မဖြစ်ချင်ဘူးလေ။

ငတုံးအဖြစ်ခံမလား၊ဒါမှမဟုတ် အရူးလုပ်မလား။
မေးခွန်းကတော့ ဆုပ်လည်းစူး စားလည်းရူးပဲ။

မင်းတို့ ငါ့ကို အစကတည်းက သတ်လိုက်ပါတော့လား! Fuck..ငါ့ကို ဘာလို့ မွေးဖွားစေခဲ့တာလဲ?
ငါ မွေးလာပြီဆိုတာနဲ့ နာကျင်ရတော့မှာ!
မင်းတို့ ဘာဖြစ်နေကြတာလဲ?

ငါ ကျိန်ဆဲချင်တယ်( အကုန်လုံးနော်၊ အမြင့်ဆုံးငရဲအထိ)

                               (152)

ဒါပေမယ့် ငါ ဆရာဝန်နဲ့ချိန်းထားတာကို
တကယ်ဖျက်ဖို့ သတ္တိမရှိပါဘူး။
ငါ ရွှယ်ယောင်ကျူ့ကို ကတိပေးထားတယ်လေ။
ငါ အိပ်ရာထဲမှာ ရှူးမပေါက်ချင်ဘူး။

                               (153)

ငါ ဒါကို အနီးစပ်ဆုံးတွေးလိုက်တော့လည်း
appointment ကို အခုချက်ချင်း
ရည်ရွယ်ချက်ရှိရှိ,ဖျက်ပစ်ချင်လာပြီ။

                               (154)

နိုးနိုးနိုးနိုး၊ မဖြစ်ဘူး။ ပုံမှန်လိုပဲ နေရမယ်၊
ပုံမှန်လိုပဲ နေရမယ်။

                               (155)

ရွှယ်ယောင်ကျူ့က ပြောလိုက်တယ်။
"မင်း-မင်း အသံတိတ်ရုပ်ရှင်ကို သ-သရုပ်ဆောင်
နေတာလား၊ မင်းရဲ့အပြုအမူတွေက၊ သိပ်-သိပ်ကို
ဒရမ်မာဆန်လွန်းတယ်"

ငါ ပြန်ဖြေလိုက်တယ်။
"ငါ တအားအရေးကြီးတဲ့မေးခွန်းကို
စဥ်းစားနေတာ၊ မင်း ဘာကိုပိုကောင်းတယ်လို့
ထင်လဲ၊ လေသာဆောင်လား? ဒါမှမဟုတ် မီးဖိုချောင်လား?"

"စားကြရအောင်၊ ပြီးရင်၊ ငါ-ငါ လုပ်စရာကိစ္စ၊
ရှိလို့၊ အပြင်သွားရမယ်၊ မင်း-မင်း ခပ်စောစော
အနားယူနှင့်"

ငါ မေးလိုက်တယ်။
"ဘာကိစ္စလဲ"

ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"ကုမ္ပဏီကိစ္စ"

ဘယ်လိုကုမ္ပဏီမျိုးက ညလယ်ခေါင်ကြီးမှာ
အလုပ်ကိစ္စရှိတာလဲ? ဆင်ခြေတွေ...။

"တကယ်၊ အခြေအနေ တစ်-တစ်ခုရှိလို့၊
ငါ့ကို အခုပဲ၊ ဖုန်းခေါ်ထားတာ"

ဘယ်လိုအခြေအနေလဲဆိုတာကို
ငါမေးလိုက်တယ်။ ရွှယ်ယောင်ကျူ့က
ချီတုံချတုံဖြစ်ပြီးမှ ​ပြောတယ်။

"အ-အလုပ်သမားတစ်ယောက်က၊ ကိစ္စတစ်ခုခု၊
ဖြစ်-ဖြစ်ပျက်ခဲ့လို့"

ငါ ချက်ချင်း အလေးအနက်ဖြစ်သွားပြီး-
"ဘာဖြစ်ပျက်ခဲ့လို့လဲ? မင်း လစာကိုမပေးဘဲ
အချိန်ဆွဲထားလို့လား"

"ဟင့်အင်း၊ အဲလိုမဟုတ်ဘူး၊ ဒီကိစ္စကို၊
စိတ်-စိတ်မပူပါနဲ့"

ငါ စိုးရိမ်တကြီးပြောလိုက်တယ်။
"အဲဒီသူရဲ့လစာကို မထိမ်ချန်ထားပါနဲ့၊
သူကိုယ်တိုင် မင်းဆီလာပြီးသတ်မှာကို စောင့်နေ
တာလား?"

ရွှယ်ယောင်ကျူ့က ဆိုတယ်။
"စိတ်အေးအေးထား"

ငါ စိတ်အေးအေးမထားနိုင်ဘူး! တကယ်လို့
ရွှယ်ယောင်ကျူ့နဲ့ပြဿနာဖြစ်ဖူးတဲ့လူတွေက
သူ့အစား ငါ့ကိုလာပြီး ရိုက်နှက်ရင်
ဘယ်လိုလုပ်မလဲ?!

ငါ ဒီလိုတွေးနေတာကို ထုတ်ဖော်ပြောဖို့
သိပ်ရှက်တယ်။ ဒါကြောင့် ငါ ရွှယ်ယောင်ကျူ့ကို ထပ်ခါထပ်ခါသတိပေးနေရတာ။ တခြားသူတွေရဲ့
မကောင်းတဲ့အခြမ်းကို သတိလက်လွတ်
မဖော်ထုတ်မိဖို့ပေါ့။

                                 (156)

ရွှယ်ယောင်ကျူ့က စားပြီးတာနဲ့ ထွက်သွားတယ်။
ငါ ပန်းကန်ခွက်ယောက်တွေကို ဆေးကြော၊
ကြမ်းတိုက်ပြီးချိန်မှာ ပိုပိုတုန်လှုပ်ချောက်ချားလာ
တာမို့၊ ငါကိုယ်တိုင် ရွှယ်ယောင်ကျူ့ရဲ့ကုမ္ပဏီကို
တိတ်တိတ်လေးသွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

                                (157)

ငါ ရွှယ်ယောင်ကျူ့ရဲ့ကုမ္ပဏီကိုရောက်သွားချိန်၊
ဝန်ထမ်းက ငါ့ကို ချက်ချင်းသတိထားမိသွားခဲ့
တာ။ ဒါကြောင့် ငါ တစ်ခုခုပြောဖို့အခွင့်အရေးမရခင်မှာပဲ ရွှယ်ယောင်ကျူ့ရဲ့ရုံးခန်းထဲကို ဆွဲခေါ်ခံလိုက်ရတယ်။

လူတိုင်းက ငါ့ကိုစိုက်ကြည့်နေတော့
ငါ ရှက်ကိုးရှက်ကန်းပြုံးပြလိုက်တယ်။

ရွှယ်ယောင်ကျူ့မှာ ငါ့ကိုစီမံဖို့ အချိန်မရှိသေးတာမို့၊ ငါ့ကိုဘေးမှာထိုင်ခိုင်းပြီး လုပ်ချင်ရာလုပ်ခွင့်ပြုထားလိုက်တယ်။ ရွှယ်ယောင်ကျူ့က တခြားလူတွေနဲ့အတူ ကိစ္စရပ်ကို ဆက်ပြီးဆွေးနွေးနေလေရဲ့။

အဆောက်အဦးပေါ်ကနေ ခုန်ချပြီး
ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တဲ့ အလုပ်သမား
တစ်ယောက်ရှိတယ်ဆိုပါလား။

အဓိကအချက်ကတော့ ကုမ္ပဏီက လစာမပေးတာကြောင့် မဟုတ်ဘဲ၊ ထိုအလုပ်သမားကိုယ်တိုင်
သတ်သေချင်စိတ်ရှိလို့ ခုန်ချသွားတာပဲ။

အလုပ်သမားအုပ်စုရဲ့ခေါင်းဆောင်ပြောတာတော့
အဲဒီလူက တော်တော်လေးကို ပုံမှန်အတိုင်းတဲ့။
အဲဒီလူက မိသားစုပြဿနာအကြောင်း
မပြောဖူးတဲ့အပြင် သူ့မှာ အကုန်လုံးအဆင်ပြေ
နေတာ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊
suicide လုပ်ကာ ဆုံးပါးသွားခဲ့ပြီ။ လူသတ်မှု
ဖြစ်နိုင်တယ်လို့ ရဲတွေက သံသယဝင်ကြမှာ
ပြောစရာတောင်မလိုပါဘူး။ ဆိုပေမယ့် ရဲတွေက အခင်းဖြစ်ပွားတဲ့နေရာကို စစ်ဆေးပြီးရင်တော့
ဒီလိုသံသယဝင်မှာမဟုတ်ပါဘူး။

တစ်ယောက်က ထင်ကြေးပေးတာတော့ အဲဒီလူမှာ သေနိုင်လောက်တဲ့ရောဂါရှိနေတာကို ကိုယ်တိုင်
သိသွားလို့လားတဲ့။ ဒါပေမယ့် သူတို့ လတ်တလောမှာ ဆေးရုံသွားဖို့အချိန်မရှိခဲ့ဘူး၊ ပြီးတော့
သူတို့ရဲ့နှစ်စဥ်မှတ်တမ်းကလည်း ပုံမှန်ပဲတဲ့။

ဘယ်သူကမှ ရေရေရာရာ၊တိတိကျကျမ​ပြောနိုင်ဘူး။ တကယ်တော့ ဒါက အရေးကြီးဆုံး
အခက်အခဲမဟုတ်သေးဘူးလေ။ နောက်ပြီး
ကုမ္ပဏီဧရိယာအတွင်းမှာ လူသေမှုဖြစ်ပွားခဲ့တာ
ဆိုတော့ ဖြေရှင်းချက်ပေးရမယ့်အပြင်
သေဆုံးသူရဲ့မိသားစုကိုလည်း လျော်ကြေးငွေ
ပေးရလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် သူတို့အနေနဲ့ ပဋိပက္ခဖန်တီးပြီး ကုမ္ပဏီကို ပြဿနာတက်စေဖို့ အလားအလာများတယ်လေ။ ဒါ့ပြင် အနာဂတ်မှာ
မျှော်စင်ရဲ့စျေးတန်ဖိုးကို ထိခိုက်စေနိုင်သေးတာ။

ရွှယ်ယောင်ကျူ့က ပထမဆုံးအနေနဲ့ လူတွေလွှတ်လိုက်ကာ၊ ကိစ္စကို ထိန်းသင့်သလောက် ထိန်းသိမ်းပြီး ရီပို့မတင်ဘဲ မီဒီယာကိုဆက်သွယ်ခိုင်းလိုက်တယ်။ ထို့နောက် အဲဒီလူရဲ့မိသားစုကို
စောင့်ရှောက်ဖို့ အကောင်းဆုံးနည်းလမ်းဆွေးနွေး
ကြတယ်။

ရွှယ်ယောင်ကျူ့ရဲ့ရည်ရွယ်ချက်ကတော့..
နစ်နာကြေးကို သေချာပေါက်ပေးရမှာဖြစ်တယ်။
ဆိုသော်ငြား သူတို့ကို ငွေညှစ်ခွင့်မပြုနိုင်ပေဘူး။
အနီးအနားတစ်ဝိုက်မှာ မတော်တဆမှုဖြစ်ခဲ့တဲ့
မျှော်စင်ရှိနေပြီး အလုပ်သမားရဲ့လုံခြုံမှုကို အန္တရာယ်ပေးခဲ့တာမဟုတ်လား။ အဲဒီလူရဲ့
မိသားစုက သုံးသိန်းတောင်းဆိုပြီးနောက်
မီဒီယာသမားနဲ့ သတင်းထောက်တွေ ခေါ်လာတာမို့
ဆူညံပွက်လောရိုက်သွားရတယ်။ ဒီနေ့လိုသာ
ဆိုရင် မျှော်စင်ကို အဆင်ပြေပြေရောင်းဖို့
မဖြစ်နိုင်တော့ဘူး။

တစ်ခဏလောက် လူတိုင်းဆွေးနွေးကြပေမယ့်
ဖြေရှင်းချက်များများစားစားမရပေ။ ဒါကြောင့်
ဒီအတိုင်းပဲထားပြီး အခြေအနေအလိုက်
လိမ့်ပါသွားကြတယ်။

                                 (158)

အစည်းအဝေးရပ်နားချိန်မှာ သန်းခေါင်ယံကို
ကျော်လွန်နှင့်ပြီ။ ရွှယ်ယောင်ကျူ့က ပြောလိုက်တယ်။
"သွားရအောင်၊ ငါ မင်း-မင်းကို အိမ်အရင်ပို့ပေးမယ်၊ အနားယူဖို့လေ၊ ငါကတော့ ပြန်-ပြန်လို့မရသေးဘူး"

"မပြန်ဘူး၊ ငါ မင်းနဲ့နေမှာ"

ရွှယ်ယောင်ကျူ့က အံ့အားသင့်သွားသလိုမျိုး
မျက်ခုံးပင့်တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါက မီဒီယာနယ်ပယ်က
မဟုတ်လား၊ မင်းထက်စာရင် ငါက
ဒီအသိုင်းအဝိုင်းအကြောင်းကို ပိုသိတယ်၊
ငါ လိုက်မေးကြည့်ရင် ကောင်းမလား?"

ရွှယ်ယောင်ကျူ့က ခေါင်းညိတ်တယ်။

ပြီးတော့ ငါ မေးကြည့်တယ်။
"ဒါဆို အဲဒီလူရဲ့မိသားစုကို ဘယ်လိုလုပ်မလဲ"

"သူတို့ကို၊ အသိပေးနှင့်ပြီးပြီ၊ ကြည့်လိုက်"

                               (159)

သတင်းတွေကို မပျံ့အောင်ထိန်းသိမ်းဖို့အတွက်
ငါတို့ တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့တယ်။ ဒါကြောင့်
အဲဒီအလုပ်သမားရဲ့မိသားစုရောက်လာဖို့
အချိန်အတော်ပဲဖြစ်သွားတာ။

မိသားစုဝင်က အမျိုးသမီးကြီးတစ်ဦး။
ဆံပင်တွေအားလုံးနီးပါး ဖြူနေပြီး နားရွက်
အောက်နားမှာ တိုတိုကပ်ကပ်နဲ့ ဆံထုံးသေးသေး
ထုံးထားတယ်။ ဆံထုံးငယ်က သပ်ရပ်နေကာ ဆံညှပ်အမည်းကိုလည်း အသုံးပြုထားလေတယ်။
အမျိုးသမီးကြီးရဲ့အဝတ်အစားနဲ့ဖိနပ်က အသစ်မဟုတ်သော်လည်း လုံးဝကို သန့်ရှင်းသပ်ရပ်နေ
တယ်။

အမျိုးသမီးကြီးက တစ်လမ်းလုံး
တောက်လျှောက်ငိုလာတာကြောင့် မျက်လုံးတွေ
နီရဲရောင်ရမ်းနေတာဖြစ်ရမယ်။ သူမက
ငါတို့ကိုလည်း မြင်ရော၊ မငိုတော့ဘဲ အတော်တည်ငြိမ်စွာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တယ်။

"အန်တီက 'ကျန်းချွမ်'ရဲ့အမေပါ"

ငါတို့ သူမကိုခေါ်သွားပြီး အလောင်းပြလိုက်
တယ်။ အမျိုးသမီးကြီးက ၄င်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်ရင်း တစ်ဖန်ငိုကြွေးပြန်
တော့တယ်။ ဒီလိုငိုကြွေးပုံမျိုးက အထူးသဖြင့် ရင်ကွဲနာကျဖွယ်ဖြစ်တယ်။ အမျိုးသမီးကြီးက
ကြမ်းပြင်ပေါ်ကနေ မထတော့မယ့်အတိုင်း
ထိုင်နေတာမို့၊ ငါတို့လည်း သူမကို မထူပေးနိုင်ခဲ့
ဘူး။ ဒါက ပတ်ပတ်လည်မှာရှိတဲ့လူတိုင်းကို
ကြောက်ရွံ့စေကာ၊ ငါတို့လည်း စိုးရိမ်နေမိတယ်။ သူမ,အငိုလွန်ပြီး သတိလစ်မေ့မျောသွားမှာကို
လေ။

                               (160)

အလောင်းကို စစ်ဆေးအတည်ပြုပြီးပေမယ့်
သူမ ၄င်းကို ချက်ချင်းသယ်သွားဖို့မဖြစ်နိုင်ဘူး။
ဘာ​လို့လဲဆိုတော့ ရဲတွေက နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေဆဲမို့။ ဒါကြောင့် ငါတို့ ကျန်းချွမ်ရဲ့
ပစ္စည်းတွေကိုယူဖို့ သူမကို ကုမ္ပဏီဆီ အရင်ဆုံး
ခေါ်သွားလိုက်တယ်။

လမ်းတစ်လျှောက်မှာ အမျိုးသမီးကြီးက
အတော်လေးတည်ငြိမ်ပြီး တိတ်ဆိတ်နေခဲ့တာ။
ဒါပေမယ့် သူမ ပစ္စည်းတွေကိုမြင်တာနဲ့
တစ်ပြိုင်နက်၊ ငိုကြွေးစပြုလာပြန်ပြီ။
ဒီတစ်ကြိမ်မှာတော့ သူမက အရင်ထက်ပိုပြီး
အသံမထွက်အောင် ငို​နေလေတယ်။

ပစ္စည်းတွေအားလုံးသိမ်းပြီးနောက်မှာ
ရွှယ်ယောင်ကျူ့က ပြောလိုက်တယ်။

"အန်တီ၊ ဘာ-ဘာမှမစားရသေးဘူး၊ မဟုတ်လား၊
ကျွန်တော်တို့၊ အနီးအနားမှာ၊ တစ်-တစ်ခုခု၊
သွားစားမယ်ဆိုရင် အဆင်ပြေမလား"

အမျိုးသမီးကြီးက ရွှယ်ယောင်ကျူ့ကို
ကြည့်ပြီးမေးလိုက်တယ်။
"သားက ဥက္ကဌရွှယ်လား?"

ရွှယ်ယောင်ကျူ့က ခေါင်းညိတ်ပြတယ်။

အမျိုးသမီးကြီးက ဆိုလေရဲ့။
"ကျန်းချွမ်က သားအကြောင်းကိုပြောဖူးတယ်"

ရွှယ်ယောင်ကျူ့က ဘာမှပြန်မပြောဘူး။
သူလည်းပဲ တစ်ဖက်လူဘာကိုရည်ညွှန်းချင်သလဲ
ဆိုတာကို နားလည်ပုံမပေါ်။

အမျိုးသမီးကြီးက ပြောလိုက်တယ်။
"အန်တီစားချင်စိတ်မရှိဘူး၊ သားတို့နှစ်ယောက်
သွားစားလိုက်ပါ၊ အန်တီ ဒီမှာ ခဏလောက်
နေလို့ရမလား"

ရွှယ်ယောင်ကျူ့က ပြန်​ဖြေတယ်။
"ရပါတယ် အန်တီ"

ဒီလိုအခြေအနေကြောင့် ငါ အသင့်စားအစာကိုပဲ ရိုးရိုးရှင်းရှင်းမှာယူပြီး ဒီနေရာဆီ
delivery နဲ့ ပို့ခိုင်းလိုက်တယ်။

                             (161)

ကျန်းချွမ်ရဲ့အဆောင်အပြင်ဘက်မှာ ထိုင်ရင်း
ငါတို့ မှာယူထားတဲ့အစားအစာနဲ့ ဗိုက်ဖြည့်လိုက်
ကြတယ်။ အမျိုးသမီးကြီးက တကယ်ကို
စားချင်စိတ်မရှိပေမယ့်၊ အားတင်းပြီး နည်းနည်း
စားလိုက်တယ်။ အမှန်တော့ ငါတို့လည်း
စားဖို့သောက်ဖို့ အာသီသမရှိတဲ့အပြင်
တော်တော်လေး မရွှင်မပျဖြစ်နေကြတယ်။

ငါ မေးလိုက်တယ်။
"အန်တီ၊ အိမ်မှာ တခြားမိသားစုဝင်ရှိလား"

"ဟင့်အင်း၊ ဘယ်သူမှမရှိတော့ဘူး၊ ကျန်းချွမ်ရဲ့
အဖေက ဆုံးသွားတာကြာပြီ၊ အန်တီ့မှာ
ဆွေမျိုးတွေရှိပေမယ့် အဆက်အသွယ်
မလုပ်ဖြစ်ဘူး"

ရွှယ်ယောင်ကျူ့က မဝံ့မရဲမေးကြည့်တယ်။
"အန်တီ့မှာ မိ-မိသားစုပြဿနာ တစ်ခုခုရှိသလား၊
ကျန်းချွမ်က တ-တကယ်ကို ရုတ်တရက်ကြီးဆိုတော့...ကျွန်တော်တို့အကုန်လုံး၊ တော်တော်လေး၊
တုန်လှုပ်သွားခဲ့တာ"

အမျိုးသမီးကြီးက ပြန်ဖြေတယ်။

"မဟုတ်ဘူး၊ အဲ့လိုမျိုးမရှိဘူး၊ အန်တီတို့
အတိတ်တုန်းက အခြေအနေပိုဆိုးခဲ့တာ၊
ကျန်းချွမ်ပြောဖူးတယ်၊ သားဆီမှာ အလုပ်လုပ်
တာက တခြားအလုပ်နေရာတွေထက်စာရင်
ပိုအဆင်ပြေတယ်..ပြီးတော့ လခလည်း
ကောင်းတယ်တဲ့၊ တစ်နှစ်ပတ်လုံး သူ အိမ်ကို
ပစ္စည်းပြန်ပို့နိုင်သေးတာ၊ ဒီနှစ်နှစ်အတွင်း
ကျန်းချွမ်က သားဆီမှာအလုပ်လုပ်တဲ့အတွက်
ငွေတော်တော်စုနိုင်ခဲ့တယ်၊ ပြီးတော့ သူ တစ်ခါက
ပြောဖူးတယ်၊ နှစ်သစ်ကူးတွေကုန်လွန်ပြီဆိုတာနဲ့
အန်တီတို့မွေးရပ်မြေမှာ အိမ်လေးတစ်လုံး
ဝယ်လို့ရနိုင်တယ်တဲ့၊ အန်တီတို့ရဲ့နယ်မြို့က
ကျဥ်းကျဥ်းလေးဆိုတော့ အိမ်တွေ စျေးမကြီးဘူးလေ"

ငါနဲ့ရွှယ်ယောင်ကျူ့ အချင်းချင်းလှမ်းကြည့်လိုက်ကြတယ်။

အမျိုးသမီးကြီးက ထပ်ပြောတယ်။
"အနှောင့်အယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်"

ရွှယ်ယောင်ကျူ့က ခပ်သွက်သွက်ဆိုတယ်။
"မဟုတ်ပါဘူး၊ အနှောင့်အယှက်မဖြစ်ပါဘူး"

"အန်တီ ကျန်းချွမ်းကို ခဏလောက်ကြည့်ချင်သေးတယ်၊ သားတို့ အန်တီ့ကို ကူညီနိုင်မလား"

ငါ မြန်မြန်ဖြေလိုက်တယ်။
"ရတာပေါ့ အန်တီ"

အမျိုးသမီးကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာ
ငါနဲ့ ရွှယ်ယောင်ကျူ့ရပ်ပြီး သူမကို ကူတွဲပေး
လိုက်တယ်။ အမျိုးသမီးကြီးက အားနာပြီး
ရှိုးတိုးရှန့်တန့်ဖြစ်သွားကာ-

"အန်တီအဆင်ပြေပါတယ်ကွယ်၊ သားတို့
နှစ်ယောက်လုံးကို ကျေးဇူးတင်တယ်"

လမ်းလျှောက်နေရင်း ရွှယ်ယောင်ကျူ့က
​ဆိုလိုက်တယ်။
"အန်တီ၊ အကူအညီ၊ လို-လိုအပ်တာတစ်ခုခု၊
ရှိရင်၊ ကျွန်တော့်ကိုပြောလို့ရပါတယ်"

အမျိုးသမီးကြီးက ပြန်ပြောတယ်။
"ဘာမှမရှိပါဘူး သား"

ရွှယ်ယောင်ကျူ့က-
"ကုမ္ပဏီဧရိယာအတွင်းမှာ ကျန်းချွမ်ကွယ်လွန်
သွားတာမို့၊ အန်တီ့ကို နစ်နာကြေးပေးမှာပါ"

အမျိုးသမီးကြီးက အံ့သြတုန်လှုပ်သွားပြီး
ရွှယ်ယောင်ကျူ့ကိုကြည့်ရင်း ပြောလိုက်တယ်။

"အန်တီတို့က သားရဲ့ကုမ္ပဏီကို ကံဆိုးအောင်
လုပ်သလိုဖြစ်သွားခဲ့တာ၊ နစ်နာကြေးဆိုတာမျိုး
တကယ်မလိုအပ်ပါဘူး"

ရွှယ်ယောင်ကျူ့က တုံ့ပြန်တယ်။
"အဲလိုမ​ဟုတ်ပါဘူး အန်တီ၊ ဘာပဲပြောပြော
ကုမ္ပဏီအနီးတစ်ဝိုက်မှာဖြစ်ခဲ့တာ မဟုတ်လား"

အမျိုးသမီးကြီးက တစ်ခဏမျှတုံ့ဆိုင်းသွားကာ-
"တကယ်တော့ ဒီကိစ္စက သားတို့နဲ့မဆိုင်ပါဘူး၊
ကျန်းချွမ်မှာ သူ့အဖေလိုမျိုး ရောဂါရှိနေတာ
ဖြစ်ရမယ်"

ငါနဲ့ရွှယ်ယောင်ကျူ့ နှစ်ယောက်လုံး
ရှော့ခ်ရသွားတယ်။

"ကျန်းချွမ်ရဲ့အဖေကလည်း အဆောက်အဦး
ပေါ်ကနေ ခုန်ချပြီးသတ်သေသွားခဲ့တာလေ"

                                (162)

ကျန်းချွမ် မူလတန်းအရွယ်တုန်းက
သူ့အဖေသတ်သေသွားခဲ့တာ။ အဲဒီမတိုင်ခင်က
ကျန်းချွမ်ဟာ တော်တော်လေးပုံမှန်ဖြစ်ခဲ့တယ်။
သူ့အဆင့်တွေကောင်းတဲ့အပြင် အလုပ်ကြိုးစား
ပြီး စိတ်အားထက်သန်မှုလည်းရှိခဲ့တယ်။
ထို့နောက် အစိုးရစစ်စာမေးပွဲဖြေတဲ့အခါ
ဘာကြောင့်မှန်းမသိ ကျန်းချွမ်ရဲ့အခြေအနေ
မကောင်းတော့ဘဲ အလွန်ဆိုးဆိုးရွားရွားဖြေခဲ့တာ
မို့၊ တစ်နှစ်ကျသွားတော့တယ်။ အဲဒီနှစ်အတွင်းမှာ ကျန်းချွမ်က ကျောင်းဆက်မတက်ချင်တော့ဘူး
ဆိုပြီး သူ့အမေကို ရုတ်တရက်ပြောလာခဲ့တယ်။
ကျန်းချွမ်က ခေါင်းထိခိုက်ကာ အိပ်မပျော်တဲ့
ရောဂါရသွားပြီး တကယ်သေပစ်ချင်နေခဲ့တာ။

အမေက ကျန်းချွမ်ကို ဖိအားမပေးတဲ့အပြင်
ကိုယ်တိုင်ရွေးချယ်ခွင့်ပြုထားတယ်။ အိမ်မှာပဲ
နေပြီး ခဏလောက်နားလိုက်တာလည်း
ကောင်းပါတယ်လေ။

သို့ပေမယ့် သူတို့ရဲ့မိသားစုအခြေအနေ
သိပ်မကောင်းတဲ့အပြင်၊ ကျန်းချွမ်
ငယ်ငယ်ကတည်းက တော်တော်ရင့်ကျက်ကာ
သိတတ်တာမို့၊ အိမ်မှာ နှစ်ဝက်ခန့် နားပြီးတဲ့အခါ ပျင်းရိမနေတော့ဘူး။ ဒါကြောင့် ကျန်းချွမ်က
တခြားရွာသားတွေနဲ့အတူ မြို့ဆီ မရမက,သွားပြီး
အလုပ်လုပ်ခဲ့တယ်။

တကယ်တော့ အမေက ကျန်းချွမ်ကို အလုပ်မလုပ်
စေချင်ဘူး။ လုံးဝအဆင်ပြေနေတဲ့တက္ကသိုလ်
ကျောင်းသားတစ်ယောက်က ဘာကြောင့်များ
ဆောက်လုပ်ရေးလုပ်ငန်းကို ဝင်လုပ်ရမှာလဲ။
ဆိုသော်ငြား ကျန်းချွမ်က တက္ကသိုလ်
ဆက်မတက်ဘူးလို့ အသည်းအသန်ငြင်းပြီး
ကာယအလုပ်ကိုပဲ ဆောင်ရွက်ချင်တယ်လို့
ပြောလာခဲ့တာ။

ထိုကိစ္စနဲ့ပတ်သက်ပြီး အမေဖြစ်သူက
ဘာမှမတတ်နိုင်တာကြောင့် ကျန်းချွမ်ကို
သွားခွင့်ပြုခဲ့ရတယ်။

                                (163)

ငါတို့ အမျိုးသမီးကြီးကိုကူညီပေးကာ
ကျန်းချွမ်ရဲ့အလောင်းကို သဂြိုဟ်ပြီးနောက်
သူမကို အိမ်ပြန်ပို့ဖို့လုပ်တယ်။ သို့ပေမယ့်
သူမက ငြင်းရင်း ပြောလေရဲ့။

"အန်တီ မြို့တော်ကိုလာမလည်ဖြစ်တာ
နှစ်အတော်ကြာပြီ၊ ကျန်းချွမ် အရင်က ပြောဖူးတယ်၊ ဒီနှစ်သစ်ကူးကျရင် သူ အန်တီ့ကိုခေါ်ပြီး
မြို့တော်မှာ ရက်အနည်းငယ်လောက် လည်ပတ်
ကြမယ်တဲ့၊ အန်တီ အခု ဒီကိုရောက်နေပြီဆိုတော့
သူနဲ့အတူ လျှောက်သွားကြည့်ချင်တယ်"

ရွှယ်ယောင်ကျူ့က အမျိုးသမီးကြီးကိုအဖော်ပြုချင်ပေမယ့်၊ သူမက အနှောင့်အယှက်ပေးရမှာ
အားနာတယ်လို့ပြောပြီး ငြင်းလိုက်လေရဲ့။

ရွှယ်ယောင်ကျူ့က သူမကို ဆက်တိုက်တွန်းဖို့
မကြိုးစားပေ။ ထိုအစား ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို
ခေါ်ကာ အမျိုးသမီးကြီးရဲ့နောက်ကနေ ခပ်ခွာခွာလိုက်စောင့်ရှောက်ဖို့ ပြောလိုက်တယ်။ ဘာ​လို့လဲ
ဆိုတော့ အမျိုးသမီးကြီး ဒီကိစ္စကိုလက်မခံနိုင်
ဖြစ်ပြီး တစ်စုံတစ်ရာ ရူးရူးမိုက်မိုက်ပြုမိမှာကို
စိုးရိမ်လို့ပဲ။

                                (164)

နောက်ယောင်ခံလိုက်တဲ့ဝန်ထမ်းနှစ်​ယောက်
သတင်းပို့တာတော့..အမျိုးသမီးကြီးက
ထိုဖြစ်ရပ်ကိုလက်မခံနိုင်တာမျိုး၊ အလွန်အကျွံ
မဖြေသိမ့်နိုင်တာမျိုး မရှိဘူးတဲ့။ နေ့တိုင်းနေ့တိုင်း
အမျိုးသမီးကြီးက ကျန်းချွမ်ရဲ့အရိုးပြာအိုးကို
အိတ်ထဲထည့်ပြီး သူမနဲ့အတူ ယူဆောင်သွားရင်း မြို့တော်မှာရှိတဲ့နေရာ၊ရှုခင်းတွေဆီ လှည့်လည်ခဲ့တယ်။ ဒီအပြုအမူကြောင့် စောင့်ကြည့်နေသူတွေ
ဝမ်းနည်းမိပြီး သနားကရုဏာသက်ခဲ့ကြတယ်။

ရက်အတန်ကြာ ဒီလိုလည်ပတ်ပြီးနောက်မှာ
အမျိုးသမီးကြီးက အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။
သူမက ရွှယ်ယောင်ကျူ့ကိုဖုန်းဆက်ကာ
ကျေးဇူးတင်စကားဆိုရင်း မနက်ဖြန်ပြန်ရန်
စီစဥ်ထားကြောင်း အသိပေးလာတယ်။

အမျိုးသမီးကြီးက တော်တော်လေး
အကင်းပါးတာမို့၊ နောက်ယောင်ခံလိုက်သူတွေကို
အစောပိုင်းကတည်းက သတိထားမိသွားခဲ့တာ။
အစမှာတော့ သူမက လူဆိုးတွေဖြစ်မယ်ထင်လို့
ကြောက်ရွံ့ခဲ့တယ်။ ဒါ့အပြင် သူမက ပစ်မှတ်ထား
ခံရလောက်အောင် ချမ်းသာနေသလားဆိုပြီး
ဇဝေဇဝါဖြစ်ခဲ့သေးတယ်။ ထို့နောက် သူမ
သေချာတွေးတောလိုက်တော့..ဒီနှစ်ယောက်ကို
ရွှယ်ယောင်ကျူ့ရဲ့ကုမ္ပဏီမှာမြင်ဖူးကြောင်း
သတိရသွားတယ်။

ရွှယ်ယောင်ကျူ့က သူကိုယ်တိုင် အမျိုးသမီးကြီး
ကို လိုက်ပို့ချင်ပေမယ့်၊ သူမက ရထားနံပါတ်
ပြောပြဖို့ လိုလားပုံမပေါ်ဘူး။ လိုက်ပို့မယ်ဆိုရင်
အနှောင့်အယှက်ပေးသလိုဖြစ်မှာကို သူမက
စိုးရိမ်တဲ့အတွက် မလိုကြောင်း ဆိုခဲ့တယ်။

ရွှယ်ယောင်ကျူ့က ဆက်တိုက်မေးနေတဲ့အတွက်
အချိန်အတော်ကြာပြီးနောက် အဆုံးမှာတော့
အမျိုးသမီးကြီးက ပြောပြလိုက်တယ်။ မနက်ဖြန်
မနက် ၇ နာရီထွက်မယ့်ရထားနဲ့ သွားမှာတဲ့။

                               (165)

ထိုနေ့ည ၁၂ နာရီမှာ နောက်ယောင်ခံလိုက်နေသူ
နှစ်ဦးက ရွှယ်ယောင်ကျူ့ကို ဖုန်းခေါ်ပြီးပြောခဲ့တယ်။ အမျိုးသမီးကြီး ပျောက်သွားပြီဆိုပဲ။
ကျန်းချွမ်တို့အလုပ်သမားအုပ်စုရဲ့
ခေါင်းဆောင်က အမျိုးသမီးကြီးမပြန်ခင်
နောက်ဆုံးအနေနဲ့ တစ်ခါတွေ့ချင်ခဲ့ပေမယ့်
သိလိုက်ရတာက..သူမ ခပ်စောစောထွက်သွားနှင့်
ပြီတဲ့။ သူတို့ အနီးတစ်ဝိုက်မှာ နာရီအချို့ကြာ
ရှာကြည့်ကာ ဘူတာရုံအထိသွားပြီး နောက်ထပ်
နာရီအနည်းငယ်ကြာအောင် ဆက်ရှာခဲ့ပေမယ့်
သူမကို မတွေ့ခဲ့ဘူး။ ဒါကြောင့် ထိုသူနှစ်ဦးက
ရွှယ်ယောင်ကျူ့ကို ဖုန်းခေါ်လိုက်တာ။

ဖုန်းဆက်တဲ့အချိန်မှာ ငါနဲ့ရွှယ်ယောင်ကျူ့က
အိပ်ဖို့အတွက် ကျကျနနပြင်ဆင်ပြီးနေပြီ။
ဆိုပေမယ့် ဒီအကြောင်းကိုလည်း သိရော၊
ငါတို့နှစ်ယောက် အိပ်ရာပေါ်ကနေ လွှားခနဲခုန်ပြီး
ချက်ချင်းပြေးထွက်သွားတာများ...နင်ဂျာတွေအတိုင်းပဲ။

                              (166)

အမှန်တော့ ငါတို့လည်း အမျိုးသမီးကြီးကို
ဘယ်မှာသွားရှာရမလဲ မသိဘူး။

ငါ ဒါကို ခဏစဥ်းစားကြည့်လိုက်တယ်။
အမျိုးသမီးကြီးက ဒီကိစ္စကို အမှန်တကယ်
လက်မခံနိုင်ဘူးဆိုရင်၊ သူမ သင့်တော်တဲ့
နေရာတစ်ခုခုကိုသွားပြီး suicide လုပ်မှာ
ဖြစ်နိုင်တယ်။ အမျိုးသမီးကြီးက ဘယ်သူ့ကိုမှ
ဒုက္ခမပေးချင်တာမို့၊ အဆောက်အဦးပေါ်ကနေ
ခုန်ချမှာမဟုတ်ဘူး။ ဒီလိုဆိုရင် သူမ မြစ်ထဲကို
ခုန်ဆင်းတာမျိုးဖြစ်နိုင်တယ်။

ရွှယ်ယောင်ကျူ့က ကားမောင်းနေရင်း
မှတ်ချက်ပေးတယ်။
"မင်း-မင်းရဲ့အတွေးအခေါ်က၊ တော်တော်လေး၊
ထူး-ထူးခြားသားပဲ၊ ဟုတ်တယ်မလား"

ငါ ဘာမှပြန်မပြောလိုက်ဘူး။

                              (167)

ငါတို့ အမျိုးသမီးကြီးကို မြစ်ဘေးမှာ
တကယ်ရှာတွေ့ခဲ့ပြီ။ သူမက အရိုးပြာအိုး
ထည့်ထားတဲ့အိတ်ကို ရင်ထဲပွေ့ပိုက်ရင်း
မြစ်ဘေးကခုံတန်းမှာထိုင်ကာ မြစ်ရေပြင်ကို
တွေငေးစွာကြည့်နေတယ်။

ဒါကိုမြင်တော့မှ ငါနဲ့ရွှယ်ယောင်ကျူ့
စိတ်အေးသွားပြီး သက်ပြင်းဖွဖွချလိုက်တယ်။

အမျိုးသမီးကြီးက ငါတို့ကိုလည်း မြင်ရော၊
အလွန်အံ့အားသင့်သွားပြီး မေးလိုက်တယ်။

"သားတို့နှစ်ယောက်က ဒီကို..ဘယ်လိုလုပ်"

ရွှယ်ယောင်ကျူ့က ဆိုတယ်။
"ကျွန်တော်တို့ မ-မနေ့ညက၊ အဆာပြေမုန့်
စားဖြစ်လို့၊ ဒါကြောင့်၊ အစာကြေအောင်လမ်း-လမ်းလျှောက်ထွက်တာ"

အမျိုးသမီးကြီးက ပြုံးပြီး​ပြောတယ်။
"အန်တီလည်း မနေ့ညက မုန့်တချို့စားဖြစ်လို့
ဒီနေ့ လမ်းလျှောက်ထွက်တာ၊ ကျန်းချွမ်ပြောဖူး
တာကိုလည်း ရုတ်တရက်အမှတ်ရသွားလို့လေ၊
ဒီနေရာမှာရှိတဲ့အသားကင်ဆိုင်က အရသာ
ထူးခြားကောင်းမွန်ပြီး ဆိုင်ပိုင်ရှင်ရဲ့သမီးက
တီဗီမှာမြင်ရတဲ့သရုပ်ဆောင်တွေလိုပဲ တော်တော်ချောတယ်တဲ့၊ ဒါကြောင့် အန်တီလာပြီး
စူးစမ်းကြည့်တာ"

ရွှယ်ယောင်ကျူ့က ဆိုတယ်။
"ကောင်းတာပေါ့ အန်တီ၊ ဒါနဲ့ အ-အချိန်ကျပြီ
ဆိုတော့၊ ခဏနေရင် ကျွန်တော်တို့၊ အန်တီ့ကို၊
ဘူတာရုံဆီ လိုက်-လိုက်ပို့ပေးပါ့မယ်"

အမျိုးသမီးကြီးက အတန်ငယ်,ရှိုးတိုးရှန့်တန့်ဖြစ်
သွားကာ-
"ဒီလိုဆို အန်တီ သားတို့ကို ဝန်ပိုစေရဦးမှာပဲ"

အမျိုးသမီးကြီးပြောဆိုရင်းနဲ့ အာကာတစ်ခွင်
လင်းထိန်လာခဲ့ပြီ။ နီရဲလုံးဝန်းသောနေမင်းက
မြစ်ရေပြင်ထက်ကနေ ကောင်းကင်ဆီသို့
တဖြည်းဖြည်းမြင့်တက်လာခဲ့တယ်။

ရွှယ်ယောင်ကျူ့က မေးလိုက်တယ်။
"အန်တီ၊ တစ်-တစ်ယောက်တည်းပြန်လို့၊
ဖြစ်ပါ့မလား"

အမျိုးသမီးကြီးက ပြုံးရင်း-
"အန်တီ ဒီကို တစ်ယောက်တည်းလာခဲ့ပေမယ့်၊
အပြန်မှာတော့ နှစ်ယောက်ဖြစ်သွားပါပြီ"

ရွှယ်ယောင်ကျူ့ တစ်ခုခုထပ်ပြောဖို့ကြိုးစား
ပေမယ့်၊ သူမက ​ဆိုလိုက်တယ်။

"စိတ်မပူပါနဲ့၊ အန်တီ ကိစ္စတွေကို ခက်ခဲအောင်
မလုပ်ပါဘူး၊ ကျန်းချွမ်ရဲ့အဖေက ဘာလို့
ဒီလိုပြင်းပြင်းထန်ထန်တွေးခဲ့လဲဆိုတာကို
အန်တီနားမလည်နိုင်ဘူး၊ သူတို့သားအဖက
သေခြင်းတရားကိုမကြောက်ဘဲ ဘာကြောင့်
ရှင်သန်ဖို့စိုးရွံ့ခဲ့တာလဲ? သူတို့မတတ်နိုင်တဲ့အကြောင်းတစ်ခုခု တကယ်ရှိနေခဲ့တာလား"

                               (168)

ဒီလိုနဲ့ပဲ ငါတို့ သူမကို ဘူတာရုံဆီလိုက်ပို့ပေးကာ
သူမရဲ့အပြန်ခရီးစတင်ခဲ့တော့တယ်။

ရွှယ်ယောင်ကျူ့က တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး
စိတ်အခြေအနေမကောင်းပုံပဲ။

ငါလည်း ဘာပြောရမှန်းမသိတော့ဘူး။

ငါတို့ ကားမောင်းပြန်လာကာ ပါကင်ထိုးပြီးနောက်
ကားအပြင်သို့မထွက်ဖြစ်သေး။ ထိုအစား
ရွှယ်ယောင်ကျူ့က မေးလာတယ်။

"ဒါက၊ တ-တကယ်ကို နာကျင်ရသလား"

"ဟင်?"

ရွှယ်ယောင်ကျူ့က မေးပြန်တယ်။
"မင်း ငါ့-ငါ့ကိုလက်ထပ်ဖို့၊ ဆန္ဒရှိမလား"

"Huh?"

ရွှယ်ယောင်ကျူ့ရဲ့တွေးခေါ်ပုံနည်းလမ်းက
ရူးနှမ်းသူတစ်ယောက်ထက်ပိုပြီး အရိုင်းဆန်နေ
သလိုပဲ။

သူက ထပ်မေးတယ်။
"မင်း-မင်း ကျန်းချွမ်လို၊ မဖြစ်ဖို့အတွက်၊
ငါ-ငါ ဘာလုပ်ရပါ့မလဲ"

ငါ ပြောလိုက်တယ်။
"နဂိုကတည်းက ငါ သူနဲ့မတူဘူး"

အဲဒီနောက် ရွှယ်ယောင်ကျူ့က ဘာဆိုဘာမှ
ထပ်မပြောပေ။

                              (169)

အမှန်တော့ ငါက ကျန်းချွမ်နဲ့ လုံးဝကွဲပြားနေတာ
မဟုတ်ဘူး။ ကျန်းချွမ်လည်း သူ့ကိုယ်သူ
ကယ်တင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့မယ်လို့
ငါထင်တယ်။ သူ တအားနာကျင်ရတဲ့အတွက်
ဒီနည်းလမ်းကိုပဲ ရွေးချယ်နိုင်ခဲ့ရှာတာ။

ဒါပေမယ့် ငါက ကျန်းချွမ်နဲ့စာရင် နည်းနည်းသူရဲဘောကြောင်သလို၊ မဆိုစလောက်လေး
သတ္တိပိုရှိတယ်။

ငါ သေပစ်ဖို့ သတ္တိလုံလုံလောက်လောက်
မရှိပေမယ့်၊ ရှင်သန်နေရတဲ့ဘဝကိုလည်း
မကြောက်ရွံ့ဘူးလေ။

✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧

Continue Reading

You'll Also Like

78.9K 12K 57
Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGoldfish (Lazy Girl Translation) Chapters:...
705K 91.3K 59
Black-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်​ကို သိလား စုံ​ထောက်​ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်​စားပြုတယ်​တဲ့.. သူ့ကို Flower of...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
908K 134K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...