Unicode
ည(၇)နာရီတောင်ခွဲပေတော့မည်။ကိုဘုန်းတို့အိမ်က ပြန်လာကတည်းက ခဏအနားယူလိုက်ပြီး ရေချိုးလိုက်သည်။
ရေချိုးနေရင်း ညနေက သန့်စင်ခန်းထဲကအဖြစ်အပျက်တွေကို ပြန်တွေးနေမိသည်။
သူကြည်နူးသလို၊ ပျော်ရွှင်သလို ခံစားရမှုနဲ့အတူ ရှက်လည်းရှက်မိသည်။
ဟိုကလေးနဲ့အတူ နမ်းခဲ့မိသော သူ့နှုတ်ခမ်းကိုသူ မယုံကြည်နိုင်စွာ ထိကိုင်နေလိုက်သည်။
သူ့နှုတ်ခမ်းထက်မှာ ဟိုကလေးဆီကရတဲ့ ပီကေအနံ့လေးတွေပင် စွဲထင်နေသယောင်။
သူရဲ့ခံစားချက်ကိုတော့ လုံးဝအတည်ပြုနိုင်ခဲ့လေ၏။
ငါ ဉာဏ့်ကိုချစ်မိနေပြီ။
ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် အဝတ်အစားလဲလိုက်သည်။
ညအိပ်ဝတ်စုံ အဖြူအနက်ကွက်လေးကို ဝတ်ဆင်လိုက်သည်။
ကုတင်ပေါ်ထိုင်ရင်း ဘေးကစားပွဲပေါ်မှဖုန်းကို လှမ်းယူလိုက်သည်။
သွေးသစ်ဉာဏ် နာမည်နဲ့ messageများရောက်နေသည်။
ဖုန်းခေါ်ထားသည်ကိုလည်းတွေ့ရသည်၊ သို့သော်သူပြန်မခေါ်ချင်ပါ။ပြန်မခေါ်ရဲတာဟုဆိုလျှင်ပိုမှန်မည်။
ဘာလို့မခေါ်ရဲတာလဲဆိုတော့ ရှက်နေလို့နေမှာ၊ ညနေကအကြောင်းအရာကြောင့်ပင်။
ဖုန်းကိုင်ပြီး ချီတုံချတုံ ဖြစ်နေတုန်း သူ့လက်ထဲကဖုန်းလေးက တုန်ခါလာသည်။
သူဖုန်းscreenကို ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ဉာဏ် ဆိုတဲ့သူပင်။
"ဟယ်လို....''
".............."
"အင်း....ပြောလေ....''
".............."
"တကယ်ဖြတ်လိုက်တာ၊ ကိုယ်မလာတော့ဘူး"
"..........."
"ကျွတ်....အဲ့အကြောင်းဆက်မပြောနဲ့"
".............."
"ဟာ...၊ မရဘူးနော် မလာခဲ့နဲ့''
".............."
"ကောင်းပြီ၊ ကိုယ်လာခဲ့မယ်''
"............"
"Ok ok...''
ဖုန်းချပြီးတော့ စားပွဲပေါ်ပြန်တင်ထားလိုက်တော့သည်။
ဒီညစောစောအိပ်ရဦးမယ်၊ မနက်တီမြတ်တို့၊ဦးသာတို့နဲ့ ဘုရားသွားရဦးမည်လေ။
ကိုဘုန်းမပါဘူးလားဆိုတော့ မပါလို့ဘယ်ရမလဲ။
သိပ်ရှည်ရှည်ဝေးဝေး တွေးတောမနေတော့ဘဲ အိပ်ဖို့သာအာရုံစိုက်လိုက်လေသည်။
-----------------------------------------------------------------------
ဘုန်းသာလျှံ၊ သလင်းနွေ၊ ဦးသာထင်၊ ဒေါ်မြတ်သူဇာတို့လေးယောက် ဘုရားသို့ရောက်နေကြ၏။
ဒါဟာလည်း ဓလေ့ထုံးစံတစ်ခုလိုပင်ဖြစ်နေလေသည်။
ကိုဘုန်းမိဘတွေ စင်္ကါပူကပြန်လာတိုင်း ဘုရားသွားနေကျဖြစ်သည်။ နိုင်ငံခြားကပြန်ရောက်တိုင်း ဘုရားကိုသွားလိုက်ရမှာ စိတ်အေးချမ်းသွားသည်ဟု တီမြတ်ပြောနေကျစကားအတိုင်းပင်။
ဘုရားရင်ပြင်ပေါ်မှ သက်ဆိုင်ရာနေ့နံထောင်တွင် အသ်ိးသီးနေရာယူကာ ဘုရားကန်တော့နေကြလေ၏။
ဘယ်နေ့မွေးမှန်းမသိသော သလင်းနွေအတွက်ကတော့ နာမည်ရဲ့အစစာလုံးအတိုင်း သောကြာနံကိုယူထားသည်။
မွေးနေကိုတော့ ဂေဟာသို့ရောက်တဲ့နေ့ကို မွေးနေ့အဖြစ်သတ်မှတ်ပေးထားလေရဲ့။
မိဘမဲ့ဂေဟာတွေရဲ့ထုံးဟံအတိုင်း ဂေဟာကိုစရောက်တဲ့နေ့က ထိုကလေးရဲ့မွေးနေဟု သတ်မှတ်ကြသည်မဟုတ်လား။
တစ်ချို့မိဘရှိရဲ့နဲ့ မစောင့်ရှောက်နိုင်လို့ လာပို့သွားတဲ့ကလေးတစ်ချို့မှာတော့ နာမည်နှင့်မွေးနေ့သက္ကရာဇ်ကို စာရွက်လေးနဲ့ရေးပြီးထည့်ပေးတတ်ကြသည်။
သူ မိဘမဲ့ဂေဟာ ရောက်တုန်းကအနှီးထုတ်လေးထဲမှာ ဆွဲကြိုးလေးတစ်ကုံးပါလာ၏။
စောင့်ရှောက်မပေးနိုင်ဘဲ မွေးပြီးစွန့်ပစ်သွားသော မိဘတွေကို စိတ်လည်းမဆိုး၊ စိတ်လည်းမနာပါ။
လူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တာကိုပင် ကျေးဇူးကြီးလှပေသည်လေ။
ဘာအကြောင်းကြောင့် ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ မိဘကမိဘပဲလေ။ ဒီလိုလုပ်ရတဲ့အကြောင်းအရင်း မဟုတ်ရင်တောင် ဖြေရှင်းချက်တော့ရှိလိမ့်မည်။
တစ်ချိန်က ကြီးလာရင်မိဘအရင်းတွေနဲ့ပြန်ဆုံဖို့ ခဏခဏ တောင်းဆုခြွေခဲ့မိတယ်လေ ကလေးအတွေးလေးနဲ့ပေါ့။
အခုတော့ ကိုယ်တိုင်ရှာဖွေမှသာ တွေ့နိူင်မည်ဆိုတာ သိထားပြီးပြီလေ။
ငယ်စဥ်ကတည်းက ယခုအချိန်ထိ မမြင်ဖူးခဲ့သော မိဘတွေကို ဆုတောင်းမေတ္တာပို့သနေကျဖြစ်၏။
ကိုဘုန်းမိဘတွေနဲ့ ဆုံပြီးတဲ့နောက် သူ့မိဘတွေများဖြစ်နိုင်မလားလို့ ရူးမိုက်စွာတွေးခဲ့ဖူးတာ သူပဲသိလေသည်။
"ဘာတွေစဥ်းစားနေတာလဲ''
နဖူးလေးကို အသာတောက်ရင်းမေးလာတာသော ကိုဘုန်းကို သူမော့ကြည့်လိုက်သည်။
ခါတိုင်း color shirtနဲ့ pantသာ အဝတ်များသော်လည်း ဒီနေ့မှာတော့ ကြည့်ရတာတစ်မျိုးဆန်းနေ၏။
ရှပ်အဖြူနှင့်ယောပုဆိုးနက်ပြာရောင်လေး ဝတ်ဆင်ထားပြီး လှပ်တင်ထားသည့်ဆံသားနှင့်အတူ အပြစ်ကင်းမဲ့သည့် ကြည်လင်ဝင်းပနေသောမျက်နှာနှင့် ဘုန်းသာလျှံ။
"ဘာမှမစဥ်းစားပါဘူး ဒီတိုင်း..."
ဘုန်းသာလျှံက သူ့ဘေးတွင်ဝင်ထိုင်လိုက်လေသည်။
"တီမြတ်တို့ရော''
သလင်းကပဲ စကားပြန်စလိုက်ရသည်။
နှစ်ယောက်သား ဘုရားရင်ပြင်အဆုံးသတ်ရှိ လှေကားထစ်လေးတွင် နားနေကြ၏။
"မာမီနဲ့ဒယ်ဒီတို့က အဓိဌာန်ပုတီးစိတ်ဦးမှာမလို့ နည်းနည်းတော့ကြာမယ်၊ ဒီနားမှာစောင့်နေမယ်တော့ ပြောထားတယ်"
"ဟုတ်ပါပြီ''
အခွင့်အရေးလေးရတုန်း သူ့ကချစ်တဲ့အကြောင်းတွေ ပြောပြဖို့ အားယူနေလေသည်။
ဒီအချိန်လေးအတွင်း တိုတ်ခတ်သွားသော လေပြေညှင်းလေးတွေကတောင် ဘုန်းသာလျှံက်ို အားပေးစကားဆိုနေသည့်နှယ်။
ကျေးငှက်လေးများ၏ အသံကပင် 'ကြိုးစားထား ဘုန်းသာလျှံ' ဟုပြောနေသည်ထင်ရသည်။
လက်ဖဝါးနှင့်နဖူးတွင်ဇောချွေးများတောင်ပြန်လာသလိုပင်။
ငါကဘာလို့ကြောက်ရမှာလဲ၊ လူလူချင်း ချစ်တယ်ပြောတာပဲ၊ ဘာမှကြောက်နေစရာမလိုဘူး၊ အားတင်းစမ်း ငဘုန်း
သူ့ကိုယ်သူ အထပ်ထပ်အခါခါအားပေးစကားပြောနေသည့် ဘုန်းသာလျှံနှင့် တစ်ဖက်တွင်လည်း တစ်စုံတစ်ခုကိုပြောရန် အကြံအိုက်နေသည့် သလင်းနွေ။
လှေကားကို လက်သည်းလေးနှင့်ကုတ်ခြစ်နေသည်မှာ လှေကားမှဆေးအချို့တောင်ကွာကျသွားနိုင်သည်။
"ကိုဘုန်း....''
"သလင်း....''
နှစ်ဦးလုံးအခေါ်ချင်းဆုံသွားတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။
"ကိုဘုန်းအရင်ပြောပါ''
ကိုဘုန်းက နှစ်လိုဖွယ်ပြုံးပြပြီး ခေါင်းရမ်းပြသည်။
"သလင်း အရင်ပြော''
သလင်းက တစ်စုံတစ်ခုကို ငေးကြည့်နေရင်းမှ မျက်လွှာချကာ သက်ပြင်းချလိုက်လေသည်။
"ကိုဘုန်း သိတဲ့အတိုင်း ကျွန်တော်က မိဘမဲ့လေ၊ မိဘမေတ္တာမရခဲ့ဘူးလေ...၊ ဒါပေမယ့် ကိုဘုန်းတို့မိသားစုနဲ့တွေ့တော့ တကယ့်မေတ္တာတွေကိုရခဲ့တယ်၊
က်ိုဘုန်းကို အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုအထိ သဘောထားခဲ့တယ်''
ပြောနေရင်းမှ ဘုန်းသာလျှံကိုကြည့်လိုက်တော့ သလင်းကို ပြန်ကြည့်နေတာနှင့်ဆုံသွားသည်။
ဆက်ပြောလေ ဆိုသည့်အဓိပ္ပါယ်ပါသည့် အကြည့်မျိုးနှင့်ပေါ့။
"အခု ကျွန်တော်ရင်ခုန်တတ်၊ ခံစားတတ်နေပြီ၊ ကျွန်တော် လူတစ်ယောက်ကိုချစ်မိနေပြီ''
ပုံမှန်ဆို သလင်းချစ်နေတာသူလား ဆိုသည့်အတွေးကို တွေးကောင်းတွေးနိုင်သည်။
အခုအခြေအနေမှာတော့ သူမတွေးနိုင်တော့ပါ။
အကြောင်းကတော့ 'အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ' ဟူသောစကားအသုံးအနှုန်းကြောင့်ဖြစ်သည်။
စကားလုံးလှလှသုံးပြီး ကြိုတင်အသိပေးသွားသည့် သလင်းရဲ့အတွေးအခေါ်ကို သူသဘောကျသွားသည်။
ဤသဘောကျမှုမျ်ိုးမှာ သလင်းသူ့ကုမ္ပဏီမှာ အလုပ်စဝင်ကာစက ဖြစ်ပေါ်ခဲ့ဖူးသော သဘောကျခြင်းမျိုးဖြစ်သည်။
"အဲ့လို လူတစ်ယောက်ကိုချစ်မိတဲ့ကျွန်တော်က...ကျွန်တော့်ကိုကျွန်တော်တောင်ဘာမှနားမလည်တော့ဘူး၊ ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး''
"ကိုယ့်ဘဝအတွက် ကိုယ်ပဲစီမံရမှာ၊ ကိုယ်ယုံပါတယ် သလင်းအမှန်ကန်ဆုံး စဥ်းစားနိုင်လိမ့်မယ်လို့...''
မှိုင်ကျသွားသော မျက်ဝန်းတစ်စုံ။
ထိုမျက်ဝန်းတွေနဲ့အတူ ထွက်ပေါ်လာသည့်စကားသံတစ်ချို့။
ရယ်တော့ရယ်ရသား။
ကိုယ်ချစ်ရေးဆိုမယ့်သူဆီက ချစ်ရမယ့်သူရှိနေပြီ ဆိုတာကို ဘယ်လိုခံစားချက်နဲ့နားထောင်နိုင်ပါ့မလဲ။
အခု ဘုန်းသာလျှံကတော့ နားထောင်ပေးရုံတင်မက အားပေးစကားတောင်ပြောလိုက်သေးသည်။
စိတ်ထဲကတော့ ခံစားသွားရလိမ့်မည်ဆိုတာ သေချာသည်။
အစ်ကိုတစ်ယောက်ရဲ့စကားကို နားထောင်နေသည့်ညီငယ်လေးလို သလင်းပြုမူနေသည်။
ထို့နောက်တွင်မှ တစ်စုံတစ်ခုကို သတိရသွားဟန်တူသည်။
"ကိုဘုန်း ပြောစရာရှိတယ်ဆို...."
သလင်းကမေးလိုက်တော့မှ ဘုန်းသာလျှံပြန်သတိဝင်လာလေ၏။ ခဏတုန်းက ဖွင့်ပြောမည်ဆိုတဲ့ ခေါင်းစဥ်အောက်က စကားလုံးတွေကို ဖွင့်ဟပြောဖို့ စဥ်းစားလိုက်သည်။
"အဲ့ဒါက ကိုယ်လေ....."
"စောင့်ရတာကြာသွားလား သားတို့...''
အချ်ိန်ကိုက်ရောက်လာသော ဦးသာထင်နှင့်ဒေါ်မြတ်သူဇာ။
အရေးဆိုအနှောင့်က ဝင်ပြီဟု ဘုန်းသာလျှံ တွေးလိုက်မိ၏။
သို့သော်ငြား ဘုန်းသာလျှံလက်မလျှော့ပါ။ သလင်းကို ရအောင်ချစ်ခွင့်ပန်ဦးမည်ဖြစ်သည်။ တနေ့နေ့ပေါ့.......။
အဆုံးရှုံးလည်း မခံပါ...၊ သလင်းကိုချစ်လွန်းတာကြောင့် ရအောင်ယူမည်ဟု တွေးထားသည်။
"ကဲ ပြန်ကြရအောင်''
ဦးသာထင်က ဝင်ပြောလိုက်သည်။ထို့နောက်အားလုံး အိမ်ပြန်ရန်အတွက် ဘုရားဝင်းထဲကထွက်လာကြတော့၏။
-----------------------------------------------------------------------
ညနေ (၄)နာရီခန့်၊ ပန်းခြံတစ်ခုအတွင်းတွင်ဖြစ်သည်။
သွေးသစ်ဉာဏ်နှင့် သလင်းနွေတို့အတူရှိနေကြသည်။
ပန်းခြံအတွင်းရှိရေကန် ကမ်းစပ်ရှိမြက်ခင်းပေါ်တွင်အတူရပ်နေကြသည်။နှစ်ယောက်လုံးက ရေကန်ပြင်ကြီးဘက်သို့ မျက်နှာမူထားကြလေ၏။
"ချိုမြိန်တယ်..."
အစမရှိ အဆုံးမရှိဆိုလိုက်သော သွေးသစ်ဉာဏ်စကားကြောင့် သလင်းနွေကလှည့်ကြည့်လာသည်။
သို့သော် သွေးသစ်ဉာဏ်ကတော့ မူလအတိုင်း ပုံစံမပျက်ပေ။
"စွဲမက်ဖို့ကောင်းတယ်....''
"ဆွဲဆောင်နိုင်လွန်းတယ်...''
"နူးညံ့တယ်..."
"နွေးထွေးတယ်..."
မနားတမ်းတရစပ်ပြောနေသည့် သွေးသစ်ဉာဏ်ရဲ့ နှုတ်ခမ်းပါးပါးထက်မှ စကားလုံးများစွာကို နားမလည်သည့်ဟန့် ပြနေသည့် သလင်းနွေ။
"ဘာတွေပြောနေတာလဲဟင်''
"ကျွန်တော်ခံစားခဲ့ရတာလေးတွေပေါ့''
ဒီအထိတိုင် သလင်းနွေ ဘာကိုမှ နားမလည်သေးပေ။
အရိပ်ပြလို့ အကောင်မမြင်သောကြောင့် အကောင်လိုက်ထုတ်ပြရတော့မယ်ဟု သွေးသစ်ဉာဏ်စဥ်းစားလိုက်သည်။
"သလင်းရော မခံစားခဲ့ရဘူးလား... အဲ့လိုမျိုးတွေ..."
"ဟမ်...ကိုယ်က..ဘာလို့အဲ့လိုခံစားရမှာလဲ"
"ဘာလို့ဆို...ကျွန်တော်ခံစားခဲ့ရတယ်လေ...''
"ဉာဏ်ကဉာဏ် ကိုယ်ကကိုယ်လေ...ခံစားရတာဘယ်လိုလုပ်တူမှာလဲ''
သလင်းစကားကြောင့် သွေးသစ်က သူ့နှုတ်ခမ်းတွေကို လက်ညှိုးလေးနှင့် ပွတ်သပ်လိုက်ကာ
"ဘာလို့လဲဆိုတော့...ကျွန်တော်တို့အတူနမ်းခဲ့တာကြောင့်လေ..."
"ဟာ..."
သလင်းအံ့သြမှုအပြည်နှင့် ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ အံ့သြတယ်ဆိုသော်ငြား ဒီလိုတည့်ကြီးပြောလိုက်တာကြောင့် ရှက်သွားခြင်းမျိုးသာ။
ရှက်လား၊မရှက်လားတော့ မသိ။ ပါးနှစ်ဖက်ကတော့ ပေါက်ထွက်တော့မည့် ခရမ်းချဉ်သီးတစ်လုံးနှယ်။
"တကယ်ပဲ ဘယ်လိုမှ မခံစားခဲ့ရဘူးလား''
သွေးသစ်က သလင်းဘက်လှည့်ကာ သူ့ရဲ့ခါးကို ကိုင်းရင်းပြောလိုက်သည်။
သလင်းက အရပ်မပုသည့်တိုင် သွေးသစ်ရဲ့မှေးစေ့နား လောက်ထိသာရှည်သည်။
သွေးသစ် ခါးကိုင်းလိုက်မှ သူတို့နှစ်ဦးရဲ့မျက်နှာက တန်းတူဖြစ်သွားသည်။
မျက်နှာနှစ်ခုက နီးကပ်လွန်းတာကြောင့် နှစ်ဦးလုံးရဲ့ ရင်အစုံမှာတော့....။
"အဲဲဒါ မတော်တဆဖြစ်တာမလို့...ဆက်မပြောနဲ့''
သလင်းကနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
သွေးသစ်က နောက်ဆုတ်သွားသောသလင်းကို တားရန် သလင်းလက်ကိုလှမ်းဆွဲလိုက်သည်။
နှစ်ဦးလုံးမျက်နှာချင်းဆိုင်အနေအထားနှင့် သွေးသစ်က သလင်းရဲ့လက်ကို ဆွဲထားလေ၏။
တစ်ယောက်မျက်နှာတစ်ယောက် အကြောင်းပြချက်မဲ့စွာ ကြည့်နေကြသည်။
"မတော်တဆမဟုတ်ဘဲ ကျွန်တော့်ဘက်ကရည်ရွယ်တယ်ဆိုရင်ရော.....''
"တော်ပြီဉာဏ်....ဆက်မနောက်နဲ့တော့''
သလင်းက သွေးသစ်ဆွဲထားသော လက်ကို မသိမသာရုန်းနေသည်။ အာရုံမပျက်သွားသောသွေးသစ်က ပို၍ဆုပ်ကိုင်လာသည်။
သလင်းကရုန်းလေ သွေးသစ်ကပိုပြီးတင်းကျပ်အောင် ကိုင်လေနှင့် ရုန်းလေငြိလေဖြစ်နေသည်။
"နောက်တာမဟုတ်ဘူး...သလင်း..ကျွန်တော်သလင်းကိုသဘောကျတယ်...''
"အင်း...ကိုယ်လည်းသဘောကျပါတယ်...''
သွေးသစ်ရဲ့စကားဆိုလိုရင်း နားမလည်သော သလင်းက သံယောင်သံဝါသ ပြုလိုက်သေးသည်။ သလင်းနားမလည်မှန်းသိသော သွေးသစ်က အရှင်းလင်းဆုံးပြောရန်တွေးလိုက်သည်။
"ကျွန်တော်ဆိုလိုတာကို နားလည်ရဲ့လား''
သွေးသစ်ရဲ့အမေးကို သလင်းကမတုံ့မဆိုင်ဘဲ ချက်ချင်းခေါင်းညိတ်ပြလ်ိုက်ပြီး
"လူတစ်ယောက်နဲ့တစ်ယောက် သဘောကျတာပဲလေ....ကောင်းတာပေါ့....တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေတာထက်စာရင်ပေါ့...အဲ့လိုမုန်းနေတော့လည်း ဘာအကျိုးရှိလို့လဲ...ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနေကြတော့ ပိုပြီးနွေးထွေးတာပေါ့...ဟုတ်တယ်မလား''
စကားတွေအများကြီးပြောပြီးမှ သွေးသစ်မျက်နှာကို သလင်းမော့ကြည့်လာသည်။ သလင်းတွေ့လိုက်ရသည်က လငမုတ်ဖမ်းသလို ရှုံ့မဲ့နေသည့် သွေးသစ်။
သလင်း သွေးသစ်ပြောသည့် အဓိပ္ပါယ်က်ို ကောင်းကောင်းနားလည်ပါသည်။ သွေးသစ်ကို သက်သက်နောက်ချင်တာကြောင့်သာ မသိဟန်ဆောင်ပေးနေခြင်းဖြစ်သည်။
"ကျွန်တော် သလင်းကိုချစ်တယ်လိုပြောတာဗျာ..."
မြန်မြန်ဆန်ဆန် ပြောချလိုက်သော သွေးသစ်မျက်နှာက စိတ်ဆတ်နေသယောင်။
"မနောက်ကောင်းဘူး...ဉာဏ်''
"ကျွန်တော်နောက်နေတာမဟုတ်ဘူး...ကျွန်တော် သလင်းကိုတကယ်ချစ်တာ...''
သလင်းက သွေးသစ်ရဲ့ လက်တွေကိုဖြုတ်ချလိုက်ပြီး မျက်နှာကိုတည်ထားလိုက်သည်။ ထို့နောက် သွေးသစ်မျက်နှာကို သေချာစိုက်ကြည့်လိုက်သည်။
"ဉာဏ်က အခုထိကျောင်းသားပဲရှိသေးတယ်...စာကြိုးစားရမယ်...ပြီးတော့ ဒီအရွယ်ဆိုတာ လေတိုက်လို့ သစ်ရွက်လေးလှုပ်ရှားသွားရင်တောင် အကြောင်းမဲ့ရယ်မိပြုံးမိတယ်မလား... စိတ်ကစားတတ်တဲ့အရွယ်ဆိုတော့ လက်တည့်စမ်းချင်တာ ကိုယ်သိပါတယ်...ဒါပေမယ့် ကိုယ်က မင်းလက်တည့်စမ်းခံရမယ့် သားကောင်းမဖြစ်ချင်ဘူး...''
ထိုသို့ပြောပြီး သလင်းက ရေကန်ပြင်ကြီးဘက် ပြန်လှည့်ကာ ကြည့်နေလိုက်သည်။
သူ့ခံစားချက်တွေက သွေးသစ်ဉာဏ်ကို ချစ်နေတာ သူကိုယ်တိုင်သိပြီးဖြစ်၏။
သို့သော် ဘာမှမသိ မရင့်ကျက်သေးတဲ့ လူငယ်လေးကို လက်ခံဖို့စဥ်းစားရပေဦးမည်။
သွေးသစ်မှာ အနာဂတ် စိတ်ကူး အိမ်မက်တွေ ရှိပေလိမ့်မည်။ ထို့အရာတွေကို အကောင်အထည်ဖော်ရတဲ့အချိန် ကိုယ်က သူ့အတွက် အနှောက်အယှက်ဖြစ်စေမှာ ကြောက်ရသေးသည်။
ကိုယ်က ဒီလူ့ပတ်ဝန်းကျင်မှာ နှံ့စပ်နေပြီမို့ ဘာတွေပဲ ဘယ်လိုဖြစ်လာပါစေ၊ ကြိုက်သလို ပုတ်ခတ်ကြပါစေ ခံနိုင်ရည်ရှိပြီး၏။
သို့သော်...သွေးသစ်က ကျောင်းတောင်မပြီးသေးသည့် သာမာန်လူငယ်တစ်ဦး။
တစ်စုံတစ်ခုဆို သည်းခံနိုင်မည်မထင်။ ဆိုးခနဲ ဆတ်ခနဲ တစ်ခုခုထလုပ်မည်ကိုလည်း တွေးရသေးသည်။
"ကျွန်တော်က သလင်းကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ဆန်းစစ်ပြီးသားပါ...ဘယ်တုန်းကမှ ဆန့်ကျင်ဘက် အဖြေမထွက်လာဘူး...ပြီးတော့ လေတိုက်တိုင်း စိတ်လှုပ်ရှားရအောင် ကျွန်တော်က ကလေးမဟုတ်ဘူး...''
ကန်ရေပြင်ဘက်လှည့်နေသော သလင်းကို သူ့ဘက်သို့ဆွဲလှည့်ကာ စကားတွေဆက်တိုက်ပြောလိုက်သည့် သွေးသစ်။
ငယ်ရွယ်သန်မာသော အမျိုးသားတစ်ဦးရဲ့ အားကြောင့်ရော၊ ရုတ်တရက်ဖြစ်သွားတာကြောင့်ပါ သလင်းရဲ့ ခန္ဓာကိုယ်လေးက အလိုက်သင့်လေးပါလာလျက်။
"ကလေးမဟုတ်လို့ပဲပြောနေရတာ...ဒီနိုင်ငံမှာ ဒီလိုကိစ္စတွေကို လက်မခံနိုင်ကြတာသိတယ်မလား...အနည်းဆုံး လက်ခံရင်တောင် လူနည်းစုပဲ ရှိမယ်...ပြီးတော့ မင်းရှေ့ဆက်လျှောက်ရမယ့် ခရီးအတွက် ကိုယ်ကဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး''
"ကျွန်တော့်ရဲ့အနာဂါတ်ကို သလင်းနဲ့အတူတူ လျှောက်လှမ်းချင်တယ်ဆိုရင်ရော....''
ထိုစကားနဲ့ အတူ သွေးသစ်ရဲ့လက်တွေက သလင်းရဲ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။
ကျယ်ပြန့်သော ကန်ရေပြင်ကို ဖြတ်သန်းလာသည့် လေညှင်းအေးအေးလေးကြောင့် သလင်းရင်ထဲအမည်မတပ်နိုင်သည့် ခံစားချက်ကလေးက အပြေးတစ်ပိုင်း...။
ယောက်ျားလေးချင်း ရည်းစားစကားပြောခံရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။
ထိုသို့ဖြစ်ဖို့နေနေသာသာ အရွယ်ရောက်ပြီးကတည်း ဘယ်သူ့ကိုမှ ခံစားချက်တွေမဖြစ်ပေါ်ခဲ့ပေ။
တစ်ဦးတည်း တစ်ယောက်တည်းသာ အေးဆေးနေတတ်ခဲ့ပြီး လုပ်ငန်းခွင်ဝင်မှသာ အပေါင်းအသင်းအနည်းငယ် ရှိလာသည်။
"ဖြေလေ ကျွန်တော်မေးတာကို...ကျွန်တော့်အနာဂတ်ကိုလျှောက်လှမ်းမယ့်ခရီးမှာ ကျွန်တော့်ဘေးမှာ ရှိနေပေးနိုင်မလား...သလင်း...''
"ဉာဏ်က အခုမှ တတိယနှစ်ပဲရှိသေးတယ်...ဒီလိုကိစ္စတွေလူသိရှင်ကြားဖြစ်လာရင် ဉာဏ့်အတွက်မကောင်းဘူး...ဘွဲ့ရပြီးတဲ့အခါကျ စဥ်းစားပေးမယ်''
သွေးသစ်က သလင်းပခုံးကို လွှတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် နဖူးပေါ်ဝဲကျနေသော ဆံသားအချို့ကို လှန်တင်လိုက်သည်။
"ဘာလို့ရှည်ရှည်ဝေးဝေး စဥ်းစားနေတာလဲ...ကျွန်တော်ချစ်တာသလင်းလေ... ပတ်ဝန်းကျင်က်ို ဂရုစိုက်ရအောင် ကျွန်တော်က ပတ်ဝန်းကျင်ကိုချစ်တာမဟုတ်ဘူး...သလင်းကိုချစ်တာ...မြတ်နိုးတာ...
သိပ်မပြောချင်ဘူး...ဘွဲ့ရတဲ့အထိမစောင့်နိုင်ဘူး..နောက်တစ်ပါတ်ဆို စာမေးပွဲတွေစပြီ...စာမေးပွဲနောက်ဆုံးနေ့ကျရင် ကျွန်တော်လိုချင်တဲ့အဖြေရချင်တယ်...''
စကားပြောတာကိုက သူ့ဘက်သူဆွဲပြောသွားသည်။ သူလိုချင်တဲ့အဖြေတဲ့၊ ကိုယ်ဖြေချင်တာဖြေမှာပေါ့ ကိုယ့်နှလုံးသား ကိုယ်ပိုင်တာကြောင့်...။
"အွန်...အဲ့ဒါက....''
"ဘာလဲ အခုချက်ချင်းအဖြေပေးချင်လို့လား''
မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးပြပြီးပြောလိုက်သည့် သွေးသစ်က ဆွဲဆောင်မှုအပြည့်နှင့်။
🎶 တွေ့တွေ့ချင်းပဲ ပြောလိုက်တော့မှာလား....
🎶နှလုံးသားထဲက အရေးကြီးတဲ့ ချစ်စကား....
.🎶လွယ်လွယ်ကူကူပြောတိုင်း လွယ်လွယ်ယုံရမလာ...
🎶အချိန်ယူကာ စဥ်းစားချင်သေးတော့ အေးဆေးပေါ့...စဥ်းစားချင်ပါတယ်....ဟေ....
အချိန်ကိုက်ထွက်ပေါ်လာသည့် သီချင်းသံရှိရာဆီသို့ နှစ်ဦးလုံးရဲ့အကြည့်က တစ်ပြိုင်နက်ထဲရောက်သွားသည်။
စက်ဘီးကလေးဖြေးဖြေးနှင်းလာပြီး နောက် carrierခုံတွင် ရေခဲပုံးလေးထောင့်လေးနှင့် စက်ဘီးရှေ့ခြင်းလေးထဲမှ bluetooth boxလေးဖွင့်ထားသည့် ရေခဲချောင်းသည်လေးက သူတို့နောက်မှ ဖြတ်သွားလေသည်။ ဘာကိုမှ ဂရုမစိုက်သည့်ဟန်နှင့်။
အရှိန်ပြတ်သွားသော သွေးသစ်က
"ကျွတ်...ဒီလူတော့...ဒီအချိန်ကျမှ လာရသလား''
ဟု သွေးသစ်ဉာဏ်ရဲ့ပုံရိပ်ပျောက်သွားသည့်တိုင် ရန်လုပ်နေသည်။
ခပ်ဆဆ ရယ်နေသည့် သလင်းက်ို စိုက်ကြည့်လိုက်တော့မှ ရယ်နေသည့်သလင်းကို အရယ်ရပ်လိုက်သည်။
"ဘာကိုရယ်နေတာလဲ''
သွေးသစ်မေးလိုက်တော့မှ သလင်းက ခေါင်းခါပြီး တစ်ခွန်းတည်းပြောလိုက်သည်။
"အဲ့ဒီ သီချင်းက ကိုယ့်ရဲ့လက်တလော အဖြေပဲ''
-----------------------------------------------------------------------
(A/N. မရေးတတ်ရေးတတ်နဲ့ရေးထားတာလေးမို့ ကြိုးစားထားတာလေးကို အသိအမှတ်ပြုပေးကြပါဦး။💙💙
ဝေဖန်ချင်တာလေးရှိရင် အားမနာတမ်းပြောလို့ရပါတယ်။😘😘
စာရေးဖို့အတွက်အာရုံမရရင် အိမ်သာထဲဝင်ပြီးရိုက်တတ်ပါတယ်။😆😆
အိမ်သာတတ်ရင် ဇာတ်လမ်း၊ဇာတ်ကွက်၊ဒိုင်ယာလော့ချ်တွေရတတ်လို့ပါ။😁😁
အပန်းမကြီးရင် voteလေးပေးပြီး အချင်းချင်းလက်တို့ပြီး shareပေးကြပါဦး။😍😍
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
(11.4.2021)
____________________________________________________
Zawgyi
ည(၇)နာရီေတာင္ခြဲေပေတာ့မည္။ကိုဘုန္းတို႔အိမ္က ျပန္လာကတည္းက ခဏအနားယူလိုက္ၿပီး ေရခ်ိဳးလိုက္သည္။
ေရခ်ိဳးေနရင္း ညေနက သန့္စင္ခန္းထဲကအျဖစ္အပ်က္ေတြကို ျပန္ေတြးေနမိသည္။
သူၾကည္ႏူးသလို၊ ေပ်ာ္႐ႊင္သလို ခံစားရမႈနဲ႕အတူ ရွက္လည္းရွက္မိသည္။
ဟိုကေလးနဲ႕အတူ နမ္းခဲ့မိေသာ သူ႕ႏႈတ္ခမ္းကိုသူ မယုံၾကည္နိုင္စြာ ထိကိုင္ေနလိုက္သည္။
သူ႕ႏႈတ္ခမ္းထက္မွာ ဟိုကေလးဆီကရတဲ့ ပီေကအနံ႕ေလးေတြပင္ စြဲထင္ေနသေယာင္။
သူရဲ႕ခံစားခ်က္ကိုေတာ့ လုံးဝအတည္ျပဳနိုင္ခဲ့ေလ၏။
ငါ ဉာဏ့္ကိုခ်စ္မိေနၿပီ။
ေရခ်ိဳးခန္းထဲမွ ထြက္လာၿပီးေနာက္ အဝတ္အစားလဲလိုက္သည္။
ညအိပ္ဝတ္စုံ အျဖဴေနာ္အနက္ကြက္ေလးကို ဝတ္ဆင္လိုက္သည္။
ကုတင္ေပၚထိုင္ရင္း ေဘးကစားပြဲေပၚမွဖုန္းကို လွမ္းယူလိုက္သည္။
ေသြးသစ္ဉာဏ္ နာမည္နဲ႕ messageမ်ားေရာက္ေနသည္။
ဖုန္းေခၚထားသည္ကိုလည္းေတြ႕ရသည္၊ သို႔ေသာ္သူျပန္မေခၚခ်င္ပါ။ျပန္မေခၚရဲတာဟုဆိုလွ်င္ပိုမွန္မည္။
ဘာလို႔မေခၚရဲတာလဲဆိုေတာ့ ရွက္ေနလို႔ေနမွာ၊ ညေနကအေၾကာင္းအရာေၾကာင့္ပင္။
ဖုန္းကိုင္ၿပီး ခ်ီတုံခ်တဳံ ျဖစ္ေနတုန္း သူ႕လက္ထဲကဖုန္းေလးက တုန္ခါလာသည္။
သူဖုန္းscreenကို ၾကည့္လိုက္ေတာ့ ထင္ထားသည့္အတိုင္း ဉာဏ္ ဆိုတဲ့သူပင္။
"ဟယ္လို....''
".............."
"အင္း....ေျပာေလ....''
".............."
"တကယ္ျဖတ္လိုက္တာ၊ ကိုယ္မလာေတာ့ဘူး"
"..........."
"ကြၽတ္....အဲ့အေၾကာင္းဆက္မေျပာနဲ႕"
".............."
"ဟာ...၊ မရဘူးေနာ္ မလာခဲ့နဲ႕''
".............."
"ေကာင္းၿပီ၊ ကိုယ္လာခဲ့မယ္''
"............"
"Ok ok...''
ဖုန္းခ်ၿပီးေတာ့ စားပြဲေပၚျပန္တင္ထားလိုက္ေတာ့သည္။
ဒီညေစာေစာအိပ္ရဦးမယ္၊ မနက္တီျမတ္တို႔၊ဦးသာတို႔နဲ႕ ဘုရားသြားရဦးမည္ေလ။
ကိုဘုန္းမပါဘူးလားဆိုေတာ့ မပါလို႔ဘယ္ရမလဲ။
သိပ္ရွည္ရွည္ေဝးေဝး ေတြးေတာမေနေတာ့ဘဲ အိပ္ဖို႔သာအာ႐ုံစိုက္လိုက္ေလသည္။
-----------------------------------------------------------------------
ဘုန္းသာလွ်ံ၊ သလင္းႏြေ၊ ဦးသာထင္၊ ေဒၚျမတ္သူဇာတို႔ေလးေယာက္ ဘုရားသို႔ေရာက္ေနၾက၏။
ဒါဟာလည္း ဓေလ့ထုံးစံတစ္ခုလိုပင္ျဖစ္ေနေလသည္။
ကိုဘုန္းမိဘေတြ စကၤါပူကျပန္လာတိုင္း ဘုရားသြားေနက်ျဖစ္သည္။ နိုင္ငံျခားကျပန္ေရာက္တိုင္း ဘုရားကိုသြားလိုက္ရမွာ စိတ္ေအးခ်မ္းသြားသည္ဟု တီျမတ္ေျပာေနက်စကားအတိုင္းပင္။
ဘုရားရင္ျပင္ေပၚမွ သက္ဆိုင္ရာေန႕နံေထာင္တြင္ အသ်ိးသီးနေရာယူကာ ဘုရားကန္ေတာ့ေနၾကေလ၏။
ဘယ္ေန႕ေမြးမွန္းမသိေသာ သလင္းႏြေအတြက္ကေတာ့ နာမည္ရဲ႕အစစာလုံးအတိုင္း ေသာၾကာနံကိုယူထားသည္။
ေမြးေနကိုေတာ့ ေဂဟာသို႔ေရာက္တဲ့ေန႕ကို ေမြးေန႕အျဖစ္သတ္မွတ္ေပးထားေလရဲ႕။
မိဘမဲ့ေဂဟာေတြရဲ႕ထုံးဟံအတိုင္း ေဂဟာကိုစေရာက္တဲ့ေန႕က ထိုကေလးရဲ႕ေမြးေနဟု သတ္မွတ္ၾကသည္မဟုတ္လား။
တစ္ခ်ိဳ႕မိဘရွိရဲ႕နဲ႕ မေစာင့္ေရွာက္နိုင္လို႔ လာပို႔သြားတဲ့ကေလးတစ္ခ်ိဳ႕မွာေတာ့ နာမည္ႏွင့္ေမြးေန႕သကၠရာဇ္ကို စာ႐ြက္ေလးနဲ႕ေရးၿပီးထည့္ေပးတတ္ၾကသည္။
သူ မိဘမဲ့ေဂဟာ ေရာက္တုန္းကအႏွီးထုတ္ေလးထဲမွာ ဆြဲႀကိဳးေလးတစ္ကုံးပါလာ၏။
ေစာင့္ေရွာက္မေပးနိုင္ဘဲ ေမြးၿပီးစြန့္ပစ္သြားေသာ မိဘေတြကို စိတ္လည္းမဆိုး၊ စိတ္လည္းမနာပါ။
လူ႕ေလာကထဲေရာက္ေအာင္ ေမြးထုတ္ေပးခဲ့တာကိုပင္ ေက်းဇူးႀကီးလွေပသည္ေလ။
ဘာအေၾကာင္းေၾကာင့္ ဘယ္လိုပဲလုပ္ခဲ့လုပ္ခဲ့ မိဘကမိဘပဲေလ။ ဒီလိုလုပ္ရတဲ့အေၾကာင္းအရင္း မဟုတ္ရင္ေတာင္ ေျဖရွင္းခ်က္ေတာ့ရွိလိမ့္မည္။
တစ္ခ်ိန္က ႀကီးလာရင္မိဘအရင္းေတြနဲ႕ျပန္ဆုံဖို႔ ခဏခဏ ေတာင္းဆုေႁခြခဲ့မိတယ္ေလ ကေလးအေတြးေလးနဲ႕ေပါ့။
အခုေတာ့ ကိုယ္တိုင္ရွာေဖြမွသာ ေတြ႕နိူင္မည္ဆိုတာ သိထားၿပီးၿပီေလ။
ငယ္စဥ္ကတည္းက ယခုအခ်ိန္ထိ မျမင္ဖူးခဲ့ေသာ မိဘေတြကို ဆုေတာင္းေမတၱာပို႔သေနက်ျဖစ္၏။
ကိုဘုန္းမိဘေတြနဲ႕ ဆုံၿပီးတဲ့ေနာက္ သူ႕မိဘေတြမ်ားျဖစ္နိုင္မလားလို႔ ႐ူးမိုက္စြာေတြးခဲ့ဖူးတာ သူပဲသိေလသည္။
"ဘာေတြစဥ္းစားေနတာလဲ''
နဖူးေလးကို အသာေတာက္ရင္းေမးလာတာေသာ ကိုဘုန္းကို သူေမာ့ၾကည့္လိုက္သည္။
ခါတိုင္း color shirtနဲ႕ pantသာ အဝတ္မ်ားေသာ္လည္း ဒီေန႕မွာေတာ့ ၾကည့္ရတာတစ္မ်ိဳးဆန္းေန၏။
ရွပ္အျဖဴႏွင့္ေယာပုဆိုးနက္ျပာေရာင္ေလး ဝတ္ဆင္ထားၿပီး လွပ္တင္ထားသည့္ဆံသားႏွင့္အတူ အျပစ္ကင္းမဲ့သည့္ ၾကည္လင္ဝင္းပေနေသာမ်က္ႏွာႏွင့္ ဘုန္းသာလွ်ံ။
"ဘာမွမစဥ္းစားပါဘူး ဒီတိုင္း..."
ဘုန္းသာလွ်ံက သူ႕ေဘးတြင္ဝင္ထိုင္လိုက္ေလသည္။
"တီျမတ္တို႔ေရာ''
သလင္းကပဲ စကားျပန္စလိုက္ရသည္။
ႏွစ္ေယာက္သား ဘုရားရင္ျပင္အဆုံးသတ္ရွိ ေလွကားထစ္ေလးတြင္ နားေနၾက၏။
"မာမီနဲ႕ဒယ္ဒီတို႔က အဓိဌာန္ပုတီးစိတ္ဦးမွာမလို႔ နည္းနည္းေတာ့ၾကာမယ္၊ ဒီနားမွာေစာင့္ေနမယ္ေတာ့ ေျပာထားတယ္"
"ဟုတ္ပါၿပီ''
အခြင့္အေရးေလးရတုန္း သူ႕ကခ်စ္တဲ့အေၾကာင္းေတြ ေျပာျပဖို႔ အားယူေနေလသည္။
ဒီအခ်ိန္ေလးအတြင္း တိုတ္ခတ္သြားေသာ ေလေျပညွင္းေလးေတြကေတာင္ ဘုန်းသာလျှံက်ို အားေပးစကားဆိုေနသည့္ႏွယ္။
ေက်းငွက္ေလးမ်ား၏ အသံကပင္ 'ႀကိဳးစားထား ဘုန္းသာလွ်ံ' ဟုေျပာေနသည္ထင္ရသည္။
လက္ဖဝါးႏွင့္နဖူးတြင္ေဇာေခြၽးမ်ားေတာင္ျပန္လာသလိုပင္။
ငါကဘာလို႔ေၾကာက္ရမွာလဲ၊ လူလူခ်င္း ခ်စ္တယ္ေျပာတာပဲ၊ ဘာမွေၾကာက္ေနစရာမလိုဘူး၊ အားတင္းစမ္း ငဘုန္း
သူ႕ကိုယ္သူ အထပ္ထပ္အခါခါအားေပးစကားေျပာေနသည့္ ဘုန္းသာလွ်ံႏွင့္ တစ္ဖက္တြင္လည္း တစ္စုံတစ္ခုကိုေျပာရန္ အႀကံအိုက္ေနသည့္ သလင္းႏြေ။
ေလွကားကို လက္သည္းေလးႏွင့္ကုတ္ျခစ္ေနသည္မွာ ေလွကားမွေဆးအခ်ိဳ႕ေတာင္ကြာက်သြားနိုင္သည္။
"ကိုဘုန္း....''
"သလင္း....''
ႏွစ္ဦးလုံးအေခၚခ်င္းဆုံသြားေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္မိလိုက္ၾကသည္။
"ကိုဘုန္းအရင္ေျပာပါ''
ကိုဘုန္းက ႏွစ္လိုဖြယ္ၿပဳံးျပၿပီး ေခါင္းရမ္းျပသည္။
"သလင္း အရင္ေျပာ''
သလင္းက တစ္စုံတစ္ခုကို ေငးၾကည့္ေနရင္းမွ မ်က္လႊာခ်ကာ သက္ျပင္းခ်လိဳက္ေလသည္။
"ကိုဘုန္း သိတဲ့အတိုင္း ကြၽန္ေတာ္က မိဘမဲ့ေလ၊ မိဘေမတၱာမရခဲ့ဘူးေလ...၊ ဒါေပမယ့္ ကိုဘုန္းတို႔မိသားစုနဲ႕ေတြ႕ေတာ့ တကယ့္ေမတၱာေတြကိုရခဲ့တယ္၊
က်ိုဘုန်းကို အစ္ကိုတစ္ေယာက္လို၊ သူငယ္ခ်င္းတစ္ေယာက္လိုအထိ သေဘာထားခဲ့တယ္''
ေျပာေနရင္းမွ ဘုန္းသာလွ်ံကိုၾကည့္လိုက္ေတာ့ သလင္းကို ျပန္ၾကည့္ေနတာႏွင့္ဆုံသြားသည္။
ဆက္ေျပာေလ ဆိုသည့်အဓိပ္ပါယ်ပါသည့် အၾကည့္မ်ိဳးႏွင့္ေပါ့။
"အခု ကြၽန္ေတာ္ရင္ခုန္တတ္၊ ခံစားတတ္ေနၿပီ၊ ကြၽန္ေတာ္ လူတစ္ေယာက္ကိုခ်စ္မိေနၿပီ''
ပုံမွန္ဆို သလင္းခ်စ္ေနတာသူလား ဆိုသည့္အေတြးကို ေတြးေကာင္းေတြးနိုင္သည္။
အခုအေျခအေနမွာေတာ့ သူမေတြးနိုင္ေတာ့ပါ။
အေၾကာင္းကေတာ့ 'အစ္ကိုတစ္ေယာက္လို၊ သူငယ္ခ်င္းတစ္ေယာက္လို ' ဟူေသာစကားအသုံးအႏႈန္းေၾကာင့္ျဖစ္သည္။
စကားလုံးလွလွသုံးၿပီး ႀကိဳတင္အသိေပးသြားသည့္ သလင္းရဲ႕အေတြးအေခၚကို သူသေဘာက်သြားသည္။
ဤသဘောကျမှုမျ်ိုးမှာ သလင္းသူ႕ကုမၸဏီမွာ အလုပ္စဝင္ကာစက ျဖစ္ေပၚခဲ့ဖူးေသာ သေဘာက်ျခင္းမ်ိဳးျဖစ္သည္။
"အဲ့လို လူတစ္ေယာက္ကိုခ်စ္မိတဲ့ကြၽန္ေတာ္က...ကြၽန္ေတာ့္ကိုကြၽန္ေတာ္ေတာင္ဘာမွနားမလည္ေတာ့ဘူး၊ ကြၽန္ေတာ္လည္း ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး''
"ကိုယ့္ဘဝအတြက္ ကိုယ္ပဲစီမံရမွာ၊ ကိုယ္ယုံပါတယ္ သလင္းအမွန္ကန္ဆုံး စဥ္းစားနိုင္လိမ့္မယ္လို႔...''
မွိုင္က်သြားေသာ မ်က္ဝန္းတစ္စုံ။
ထိုမ်က္ဝန္းေတြနဲ႕အတူ ထြက္ေပၚလာသည့္စကားသံတစ္ခ်ိဳ႕။
ရယ္ေတာ့ရယ္ရသား။
ကိုယ္ခ်စ္ေရးဆိုမယ့္သူဆီက ခ်စ္ရမယ့္သူရွိေနၿပီ ဆိုတာကို ဘယ္လိုခံစားခ်က္နဲ႕နားေထာင္နိုင္ပါ့မလဲ။
အခု ဘုန္းသာလွ်ံကေတာ့ နားေထာင္ေပး႐ုံတင္မက အားေပးစကားေတာင္ေျပာလိုက္ေသးသည္။
စိတ္ထဲကေတာ့ ခံစားသြားရလိမ့္မည္ဆိုတာ ေသခ်ာသည္။
အစ္ကိုတစ္ေယာက္ရဲ႕စကားကို နားေထာင္ေနသည့္ညီငယ္ေလးလို သလင္းျပဳမူေနသည္။
ထို႔ေနာက္တြင္မွ တစ္စုံတစ္ခုကို သတိရသြားဟန္တူသည္။
"ကိုဘုန္း ေျပာစရာရွိတယ္ဆို...."
သလင္းကေမးလိုက္ေတာ့မွ ဘုန္းသာလွ်ံျပန္သတိဝင္လာေလ၏။ ခဏတုန္းက ဖြင့္ေျပာမည္ဆိုတဲ့ ေခါင္းစဥ္ေအာက္က စကားလုံးေတြကို ဖြင့္ဟေျပာဖို႔ စဥ္းစားလိုက္သည္။
"အဲ့ဒါက ကိုယ္ေလ....."
"ေစာင့္ရတာၾကာသြားလား သားတို႔...''
အချ်ိန်ကိုက်ရောက်လာသော ဦးသာထင္ႏွင့္ေဒၚျမတ္သူဇာ။
အေရးဆိုအႏွောင့္က ဝင္ၿပီဟု ဘုန္းသာလွ်ံ ေတြးလိုက္မိ၏။
သို႔ေသာ္ျငား ဘုန္းသာလွ်ံလက္မေလွ်ာ့ပါ။ သလင္းကို ရေအာင္ခ်စ္ခြင့္ပန္ဦးမည္ျဖစ္သည္။ တေန႕ေန႕ေပါ့.......။
အဆုံးရႈံးလည္း မခံပါ...၊ သလင္းကိုခ်စ္လြန္းတာေၾကာင့္ ရေအာင္ယူမည္ဟု ေတြးထားသည္။
"ကဲ ျပန္ၾကရေအာင္''
ဦးသာထင္က ဝင္ေျပာလိုက္သည္။ထို႔ေနာက္အားလုံး အိမ္ျပန္ရန္အတြက္ ဘုရားဝင္းထဲကထြက္လာၾကေတာ့၏။
-----------------------------------------------------------------------
ညေန (၄)နာရီခန့္၊ ပန္းၿခံတစ္ခုအတြင္းတြင္ျဖစ္သည္။
ေသြးသစ္ဉာဏ္ႏွင့္ သလင္းႏြေတို႔အတူရွိေနၾကသည္။
ပန္းၿခံအတြင္းရွိေရကန္ ကမ္းစပ္ရွိျမက္ခင္းေပၚတြင္အတူရပ္ေနၾကသည္။ႏွစ္ေယာက္လုံးက ေရကန္ျပင္ႀကီးဘက္သို႔ မ်က္ႏွာမူထားၾကေလ၏။
"ခ်ိဳၿမိန္တယ္..."
အစမရွိ အဆုံးမရွိဆိုလိုက္ေသာ ေသြးသစ္ဉာဏ္စကားေၾကာင့္ သလင္းႏြေကလွည့္ၾကည့္လာသည္။
သို႔ေသာ္ ေသြးသစ္ဉာဏ္ကေတာ့ မူလအတိုင္း ပုံစံမပ်က္ေပ။
"စြဲမက္ဖို႔ေကာင္းတယ္....''
"ဆြဲေဆာင္နိုင္လြန္းတယ္...''
"ႏူးညံ့တယ္..."
"ႏြေးေထြးတယ္..."
မနားတမ္းတရစပ္ေျပာေနသည့္ ေသြးသစ္ဉာဏ္ရဲ႕ ႏႈတ္ခမ္းပါးပါးထက္မွ စကားလုံးမ်ားစြာကို နားမလည္သည့္ဟန့္ ျပေနသည့္ သလင္းႏြေ။
"ဘာေတြေျပာေနတာလဲဟင္''
"ကြၽန္ေတာ္ခံစားခဲ့ရတာေလးေတြေပါ့''
ဒီအထိတိုင္ သလင္းႏြေ ဘာကိုမွ နားမလည္ေသးေပ။
အရိပ္ျပလို႔ အေကာင္မျမင္ေသာေၾကာင့္ အေကာင္လိုက္ထုတ္ျပရေတာ့မယ္ဟု ေသြးသစ္ဉာဏ္စဥ္းစားလိုက္သည္။
"သလင္းေရာ မခံစားခဲ့ရဘူးလား... အဲ့လိုမ်ိဳးေတြ..."
"ဟမ္...ကိုယ္က..ဘာလို႔အဲ့လိုခံစားရမွာလဲ"
"ဘာလို႔ဆို...ကြၽန္ေတာ္ခံစားခဲ့ရတယ္ေလ...''
"ဉာဏ္ကဉာဏ္ ကိုယ္ကကိုယ္ေလ...ခံစားရတာဘယ္လိုလုပ္တူမွာလဲ''
သလင္းစကားေၾကာင့္ ေသြးသစ္က သူ႕ႏႈတ္ခမ္းေတြကို လက္ညွိုးေလးႏွင့္ ပြတ္သပ္လိုက္ကာ
"ဘာလို႔လဲဆိုေတာ့...ကြၽန္ေတာ္တို႔အတူနမ္းခဲ့တာေၾကာင့္ေလ..."
"ဟာ..."
သလင္းအံ့ၾသမႈအျပည္ႏွင့္ ပါးစပ္အေဟာင္းသားျဖစ္သြားရ၏။ အံ့ၾသတယ္ဆိုေသာ္ျငား ဒီလိုတည့္ႀကီးေျပာလိုက္တာေၾကာင့္ ရွက္သြားျခင္းမ်ိဳးသာ။
ရွက္လား၊မရွက္လားေတာ့ မသိ။ ပါးႏွစ္ဖက္ကေတာ့ ေပါက္ထြက္ေတာ့မည့္ ခရမ္းခ်ဥ္သီးတစ္လုံးႏွယ္။
"တကယ္ပဲ ဘယ္လိုမွ မခံစားခဲ့ရဘူးလား''
ေသြးသစ္က သလင္းဘက္လွည့္ကာ သူ႕ရဲ႕ခါးကို ကိုင္းရင္းေျပာလိုက္သည္။
သလင္းက အရပ္မပုသည့္တိုင္ ေသြးသစ္ရဲ႕ေမွးေစ့နား ေလာက္ထိသာရွည္သည္။
ေသြးသစ္ ခါးကိုင္းလိုက္မွ သူတို႔ႏွစ္ဦးရဲ႕မ်က္ႏွာက တန္းတူျဖစ္သြားသည္။
မ်က္ႏွာႏွစ္ခုက နီးကပ္လြန္းတာေၾကာင့္ ႏွစ္ဦးလုံးရဲ႕ ရင္အစုံမွာေတာ့....။
"အဲဲဒါ မေတာ္တဆျဖစ္တာမလို႔...ဆက္မေျပာနဲ႕''
သလင္းကေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္သည္။
ေသြးသစ္က ေနာက္ဆုတ္သြားေသာသလင္းကို တားရန္ သလင္းလက္ကိုလွမ္းဆြဲလိုက္သည္။
ႏွစ္ဦးလုံးမ်က္ႏွာခ်င္းဆိုင္အေနအထားႏွင့္ ေသြးသစ္က သလင္းရဲ႕လက္ကို ဆြဲထားေလ၏။
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ အေၾကာင္းျပခ်က္မဲ့စြာ ၾကည့္ေနၾကသည္။
"မေတာ္တဆမဟုတ္ဘဲ ကြၽန္ေတာ့္ဘက္ကရည္႐ြယ္တယ္ဆိုရင္ေရာ.....''
"ေတာ္ၿပီဉာဏ္....ဆက္မေနာက္နဲ႕ေတာ့''
သလင္းက ေသြးသစ္ဆြဲထားေသာ လက္ကို မသိမသာ႐ုန္းေနသည္။ အာ႐ုံမပ်က္သြားေသာေသြးသစ္က ပို၍ဆုပ္ကိုင္လာသည္။
သလင္းက႐ုန္းေလ ေသြးသစ္ကပိုၿပီးတင္းက်ပ္ေအာင္ ကိုင္ေလႏွင့္ ႐ုန္းေလၿငိေလျဖစ္ေနသည္။
"ေနာက္တာမဟုတ္ဘူး...သလင္း..ကြၽန္ေတာ္သလင္းကိုသေဘာက်တယ္...''
"အင္း...ကိုယ္လည္းသေဘာက်ပါတယ္...''
ေသြးသစ္ရဲ႕စကားဆိုလိုရင္း နားမလည္ေသာ သလင္းက သံေယာင္သံဝါသ ျပဳလိုက္ေသးသည္။ သလင္းနားမလည္မွန္းသိေသာ ေသြးသစ္က အရွင္းလင္းဆုံးေျပာရန္ေတြးလိုက္သည္။
"ကြၽန္ေတာ္ဆိုလိုတာကို နားလည္ရဲ႕လား''
ေသြးသစ္ရဲ႕အေမးကို သလင္းကမတုံ႕မဆိုင္ဘဲ ချက်ချင်းခေါင်းညိတ်ပြလ်ိုက်ပြီး
"လူတစ္ေယာက္နဲ႕တစ္ေယာက္ သေဘာက်တာပဲေလ....ေကာင္းတာေပါ့....တစ္ေယာက္ကိုတစ္ေယာက္မုန္းတီးေနတာထက္စာရင္ေပါ့...အဲ့လိုမုန္းေနေတာ့လည္း ဘာအက်ိဳးရွိလို႔လဲ...ခင္ခင္မင္မင္ ရင္းရင္းႏွီးႏွီးေနၾကေတာ့ ပိုၿပီးႏြေးေထြးတာေပါ့...ဟုတ္တယ္မလား''
စကားေတြအမ်ားႀကီးေျပာၿပီးမွ ေသြးသစ္မ်က္ႏွာကို သလင္းေမာ့ၾကည့္လာသည္။ သလင္းေတြ႕လိုက္ရသည္က လငမုတ္ဖမ္းသလို ရႈံ႕မဲ့ေနသည့္ ေသြးသစ္။
သလင္း ေသြးသစ္ေျပာသည့္ အဓိပ္ပါယ်က်ို ေကာင္းေကာင္းနားလည္ပါသည္။ ေသြးသစ္ကို သက္သက္ေနာက္ခ်င္တာေၾကာင့္သာ မသိဟန္ေဆာင္ေပးေနျခင္းျဖစ္သည္။
"ကြၽန္ေတာ္ သလင္းကိုခ်စ္တယ္လိုေျပာတာဗ်ာ..."
ျမန္ျမန္ဆန္ဆန္ ေျပာခ်လိဳက္ေသာ ေသြးသစ္မ်က္ႏွာက စိတ္ဆတ္ေနသေယာင္။
"မေနာက္ေကာင္းဘူး...ဉာဏ္''
"ကြၽန္ေတာ္ေနာက္ေနတာမဟုတ္ဘူး...ကြၽန္ေတာ္ သလင္းကိုတကယ္ခ်စ္တာ...''
သလင္းက ေသြးသစ္ရဲ႕ လက္ေတြကိုျဖဳတ္ခ်လိဳက္ၿပီး မ်က္ႏွာကိုတည္ထားလိုက္သည္။ ထို႔ေနာက္ ေသြးသစ္မ်က္ႏွာကို ေသခ်ာစိုက္ၾကည့္လိုက္သည္။
"ဉာဏ္က အခုထိေက်ာင္းသားပဲရွိေသးတယ္...စာႀကိဳးစားရမယ္...ၿပီးေတာ့ ဒီအ႐ြယ္ဆိုတာ ေလတိုက္လို႔ သစ္႐ြက္ေလးလႈပ္ရွားသြားရင္ေတာင္ အေၾကာင္းမဲ့ရယ္မိၿပဳံးမိတယ္မလား... စိတ္ကစားတတ္တဲ့အ႐ြယ္ဆိုေတာ့ လက္တည့္စမ္းခ်င္တာ ကိုယ္သိပါတယ္...ဒါေပမယ့္ ကိုယ္က မင္းလက္တည့္စမ္းခံရမယ့္ သားေကာင္းမျဖစ္ခ်င္ဘူး...''
ထိုသို႔ေျပာၿပီး သလင္းက ေရကန္ျပင္ႀကီးဘက္ ျပန္လွည့္ကာ ၾကည့္ေနလိုက္သည္။
သူ႕ခံစားခ်က္ေတြက ေသြးသစ္ဉာဏ္ကို ခ်စ္ေနတာ သူကိုယ္တိုင္သိၿပီးျဖစ္၏။
သို႔ေသာ္ ဘာမွမသိ မရင့္က်က္ေသးတဲ့ လူငယ္ေလးကို လက္ခံဖို႔စဥ္းစားရေပဦးမည္။
ေသြးသစ္မွာ အနာဂတ္ စိတ္ကူး အိမ္မက္ေတြ ရွိေပလိမ့္မည္။ ထို႔အရာေတြကို အေကာင္အထည္ေဖာ္ရတဲ့အခ်ိန္ ကိုယ္က သူ႕အတြက္ အႏွောက္အယွက္ျဖစ္ေစမွာ ေၾကာက္ရေသးသည္။
ကိုယ္က ဒီလူ႕ပတ္ဝန္းက်င္မွာ ႏွံ႕စပ္ေနၿပီမို႔ ဘာေတြပဲ ဘယ္လိုျဖစ္လာပါေစ၊ ႀကိဳက္သလို ပုတ္ခတ္ၾကပါေစ ခံနိုင္ရည္ရွိၿပီး၏။
သို႔ေသာ္...ေသြးသစ္က ေက်ာင္းေတာင္မၿပီးေသးသည့္ သာမာန္လူငယ္တစ္ဦး။
တစ္စုံတစ္ခုဆို သည္းခံနိုင္မည္မထင္။ ဆိုးခနဲ ဆတ္ခနဲ တစ္ခုခုထလုပ္မည္ကိုလည္း ေတြးရေသးသည္။
"ကြၽန္ေတာ္က သလင္းကိုခ်စ္တယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ အႀကိမ္ႀကိမ္ဆန္းစစ္ၿပီးသားပါ...ဘယ္တုန္းကမွ ဆန့္က်င္ဘက္ အေျဖမထြက္လာဘူး...ၿပီးေတာ့ ေလတိုက္တိုင္း စိတ္လႈပ္ရွားရေအာင္ ကြၽန္ေတာ္က ကေလးမဟုတ္ဘူး...''
ကန္ေရျပင္ဘက္လွည့္ေနေသာ သလင္းကို သူ႕ဘက္သို႔ဆြဲလွည့္ကာ စကားေတြဆက္တိုက္ေျပာလိုက္သည့္ ေသြးသစ္။
ငယ္႐ြယ္သန္မာေသာ အမ်ိဳးသားတစ္ဦးရဲ႕ အားေၾကာင့္ေရာ၊ ႐ုတ္တရက္ျဖစ္သြားတာေၾကာင့္ပါ သလင္းရဲ႕ ခႏၶာကိုယ္ေလးက အလိုက္သင့္ေလးပါလာလ်က္။
"ကေလးမဟုတ္လို႔ပဲေျပာေနရတာ...ဒီနိုင္ငံမွာ ဒီလိုကိစၥေတြကို လက္မခံနိုင္ၾကတာသိတယ္မလား...အနည္းဆုံး လက္ခံရင္ေတာင္ လူနည္းစုပဲ ရွိမယ္...ၿပီးေတာ့ မင္းေရွ႕ဆက္ေလွ်ာက္ရမယ့္ ခရီးအတြက္ ကိုယ္ကဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္ဘူး''
"ကြၽန္ေတာ့္ရဲ႕အနာဂါတ္ကို သလင္းနဲ႕အတူတူ ေလွ်ာက္လွမ္းခ်င္တယ္ဆိုရင္ေရာ....''
ထိုစကားနဲ႕ အတူ ေသြးသစ္ရဲ႕လက္ေတြက သလင္းရဲ႕လက္ေမာင္းႏွစ္ဖက္ကို ဆုပ္ကိုင္ထားသည္။
က်ယ္ျပန့္ေသာ ကန္ေရျပင္ကို ျဖတ္သန္းလာသည့္ ေလညွင္းေအးေအးေလးေၾကာင့္ သလင္းရင္ထဲအမည္မတပ္နိုင္သည့္ ခံစားခ်က္ကေလးက အေျပးတစ္ပိုင္း...။
ေယာက္်ားေလးခ်င္း ရည္းစားစကားေျပာခံရလိမ့္မည္ဟု လုံးဝမထင္ထားခဲ့။
ထိုသို႔ျဖစ္ဖို႔ေနေနသာသာ အ႐ြယ္ေရာက္ၿပီးကတည္း ဘယ္သူ႕ကိုမွ ခံစားခ်က္ေတြမျဖစ္ေပၚခဲ့ေပ။
တစ္ဦးတည္း တစ္ေယာက္တည္းသာ ေအးေဆးေနတတ္ခဲ့ၿပီး လုပ္ငန္းခြင္ဝင္မွသာ အေပါင္းအသင္းအနည္းငယ္ ရွိလာသည္။
"ေျဖေလ ကြၽန္ေတာ္ေမးတာကို...ကြၽန္ေတာ့္အနာဂတ္ကိုေလွ်ာက္လွမ္းမယ့္ခရီးမွာ ကြၽန္ေတာ့္ေဘးမွာ ရွိေနေပးနိုင္မလား...သလင္း...''
"ဉာဏ္က အခုမွ တတိယႏွစ္ပဲရွိေသးတယ္...ဒီလိုကိစၥေတြလူသိရွင္ၾကားျဖစ္လာရင္ ဉာဏ့္အတြက္မေကာင္းဘူး...ဘြဲ႕ရၿပီးတဲ့အခါက် စဥ္းစားေပးမယ္''
ေသြးသစ္က သလင္းပခုံးကို လႊတ္လိုက္သည္။ ထို႔ေနာက္ လက္တစ္ဖက္ျဖင့္ နဖူးေပၚဝဲက်ေနေသာ ဆံသားအခ်ိဳ႕ကို လွန္တင္လိုက္သည္။
"ဘာလို႔ရွည္ရွည္ေဝးေဝး စဥ္းစားေနတာလဲ...ကြၽန္ေတာ္ခ်စ္တာသလင္းေလ... ပတ်ဝန်းကျင်က်ို ဂ႐ုစိုက္ရေအာင္ ကြၽန္ေတာ္က ပတ္ဝန္းက်င္ကိုခ်စ္တာမဟုတ္ဘူး...သလင္းကိုခ်စ္တာ...ျမတ္နိုးတာ...
သိပ္မေျပာခ်င္ဘူး...ဘြဲ႕ရတဲ့အထိမေစာင့္နိုင္ဘူး..ေနာက္တစ္ပါတ္ဆို စာေမးပြဲေတြစၿပီ...စာေမးပြဲေနာက္ဆုံးေန႕က်ရင္ ကြၽန္ေတာ္လိုခ်င္တဲ့အေျဖရခ်င္တယ္...''
စကားေျပာတာကိုက သူ႕ဘက္သူဆြဲေျပာသြားသည္။ သူလိုခ်င္တဲ့အေျဖတဲ့၊ ကိုယ္ေျဖခ်င္တာေျဖမွာေပါ့ ကိုယ့္ႏွလုံးသား ကိုယ္ပိုင္တာေၾကာင့္...။
"အြန္...အဲ့ဒါက....''
"ဘာလဲ အခုခ်က္ခ်င္းအေျဖေပးခ်င္လို႔လား''
မ်က္ခုံးတစ္ဖက္ပင့္ကာ ၿပဳံးျပၿပီးေျပာလိုက္သည့္ ေသြးသစ္က ဆြဲေဆာင္မႈအျပည့္ႏွင့္။
ေတြ႕ေတြ႕ခ်င္းပဲ ေျပာလိုက္ေတာ့မွာလား....
ႏွလုံးသားထဲက အေရးႀကီးတဲ့ ခ်စ္စကား....
.လြယ္လြယ္ကူကူေျပာတိုင္း လြယ္လြယ္ယုံရမလာ...
အခ်ိန္ယူကာ စဥ္းစားခ်င္ေသးေတာ့ ေအးေဆးေပါ့...စဥ္းစားခ်င္ပါတယ္....ေဟ....
အခ်ိန္ကိုက္ထြက္ေပၚလာသည့္ သီခ်င္းသံရွိရာဆီသို႔ ႏွစ္ဦးလုံးရဲ႕အၾကည့္က တစ္ၿပိဳင္နက္ထဲေရာက္သြားသည္။
စက္ဘီးကေလးေျဖးေျဖးႏွင္းလာၿပီး ေနာက္ carrierခုံတြင္ ေရခဲပုံးေလးေထာင့္ေလးႏွင့္ စက္ဘီးေရွ႕ျခင္းေလးထဲမွ bluetooth boxေလးဖြင့္ထားသည့္ ေရခဲေခ်ာင္းသည္ေလးက သူတို႔ေနာက္မွ ျဖတ္သြားေလသည္။ ဘာကိုမွ ဂ႐ုမစိုက္သည့္ဟန္ႏွင့္။
အရွိန္ျပတ္သြားေသာ ေသြးသစ္က
"ကြၽတ္...ဒီလူေတာ့...ဒီအခ်ိန္က်မွ လာရသလား''
ဟု ေသြးသစ္ဉာဏ္ရဲ႕ပုံရိပ္ေပ်ာက္သြားသည့္တိုင္ ရန္လုပ္ေနသည္။
ခပ္ဆဆ ရယ္ေနသည့္ သလင်းက်ို စိုက္ၾကည့္လိုက္ေတာ့မွ ရယ္ေနသည့္သလင္းကို အရယ္ရပ္လိုက္သည္။
"ဘာကိုရယ္ေနတာလဲ''
ေသြးသစ္ေမးလိုက္ေတာ့မွ သလင္းက ေခါင္းခါၿပီး တစ္ခြန္းတည္းေျပာလိုက္သည္။
"အဲ့ဒီ သီခ်င္းက ကိုယ့္ရဲ႕လက္တေလာ အေျဖပဲ''
-----------------------------------------------------------------------
(A/N. မေရးတတ္ေရးတတ္နဲ႕ေရးထားတာေလးမို႔ ႀကိဳးစားထားတာေလးကို အသိအမွတ္ျပဳေပးၾကပါဦး။
ေဝဖန္ခ်င္တာေလးရွိရင္ အားမနာတမ္းေျပာလို႔ရပါတယ္။😘😘
စာေရးဖို႔အတြက္အာ႐ုံမရရင္ အိမ္သာထဲဝင္ၿပီးရိုက္တတ္ပါတယ္။😆😆
အိမ္သာတတ္ရင္ ဇာတ္လမ္း၊ဇာတ္ကြက္၊ဒိုင္ယာေလာ့ခ်္ေတြရတတ္လို႔ပါ။😁😁
အပန္းမႀကီးရင္ voteေလးေပးၿပီး အခ်င္းခ်င္းလက္တို႔ၿပီး shareေပးၾကပါဦး။😍😍
အားလုံးကိုေက်းဇူးတင္ပါတယ္ဗ်ာ။
(11.4.2021)
____________________________________________________