ကြွေပန်း(Unicode+Zawgi)

By KhonYate666

12K 509 30

အချစ်ရဆုံးသော တစ်ပွင့်တည်းသော ပန်းလေးအတွက်သာ လေပြေဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အဲ့ဒီပန်းလေးကြောင့်ဘဲ လေပွေဖြစ်သွား... More

Intro
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part (17)
Part(18)
Part(19)
Part(20)
Part(21) [ END]

Part (16)

222 11 4
By KhonYate666

Unicode//

မနက် ငါးနာရီကတည်းက တက်ကြွသော​​ခြေလှမ်းများဖြင့် အိမ်မှထွက်ခဲ့သည် ။ လမ်းသွားရင်း သီချင်းနားမထောင်စဖူး Pink Sweat ရဲ့ perfect သီချင်းအား နားကျပ်လေးတပ်ရင်း နား​ေထာင်လာမိသည် ။ ရတဲ့​နေရာများဆိုလျှင် သီချင်းပါလိုက်ညည်းနေမိသေးသည် ။ အိမ်မှ လမ်းထိပ်သို့သွားသော ခြေလှမ်းများသည် တက်ကြွရွှင်မြူးလျက် ။ တစ်ခါ တစ်ခါ ခုန်တောင် ခုန်ပေါက်မိမယ်ထင်ရဲ့.......

ဘက်စ်ကားဖြင့်ပင် ဆေးရုံသို့သွားရသည် ။ Taxi ငှားဖို့လောက်ထိတော့ ပိုက်ဆံသိပ်မပေါ ။ မပေါသည့်ကြားကပင် ဘက်စ်ကားဆရာအား " ပိုတာပြန်မအမ်းပါနဲ့တော့ဗျာ " ဟု ပြောမိသေးသည် ။

ဒီနေ့က ကျွန်တော်ချစ်ရသူ ဆေးရုံဆင်းရမည့်နေ့မို့ပင် ။ ဆေးရုံဝင်းအတွင်းရှိ ဆရာဝန် သုနာပြု လူနာများအပြင် သန့်ရှင်းရေးဝန်ထမ်းများကအစ တွေ့သမျှလူများအား သွားဖြီးပြနေမိသည် ။ ရွှင်မြူးတက်ကြွသောခြေလှမ်းများဖြင့် လှေကားမှပက် တက်သွားလိုက်သည် ။ ဓာတ်လှေကားစောင့်ရန်ပင် စိတ်ကသိပ်မရှည်ချင် ။

ဟူးးးရောက်ပြီ နောက်ဆုံးတော့ ကျွန်တော်ချစ်ရသူ၏အခန်းရှေ့......
အတတ်နိုင်ဆုံး တည်ငြိမ်အောင်ပြင်ဆင်ပြီး အခန်းတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်မိတော့.........ထပ်တူကျနေခဲ့တဲ့ နှုတ်ခမ်းများအား အမှတ်မထင် မြင်တွေ့ရသည် ။ တစ်ဖက်လူကား ကျွန်တော်အရမ်းချစ်ရသူ ။ ကျန်သူကား သူ၏အသက်ထက်ပိုတွယ်တာရသူ ။ ကျွန်တော့်အတွက် နေရာမရှိတော့ဘဲ ။ ကျွန်တော်က လူပိုတစ်ယောက်ဘဲ ။ ဒီနေရာမှာ ကျွန်တော်ဆက်နေဖို့မှ မသင့်ဘဲ ။ ဘယ်နှကြိမ်တောင် ရှိနေပါပြီလဲ ။ အခန်းရှေ့တွင်ပင် ရပ်ကြည့်နေခဲ့ရတာ....အခန်းရှေ့ကပင် လှည့်ပြန်ခဲ့ရတာ...... ဘယ်နှကြိမ်တောင်လဲ......

ဂယက်ရိုက်နေခဲ့သော ရင်ဘတ်အား လက်ဖြင့် တင်းကြပ်စွာ ဖိထားမိသည် ။ ယိမ်းယိုင်ကာ ခွေလဲတော့မည့် ခြေထောက်များအား အတတ်နိုင်ဆုံးအားယူကာ တည်ငြိမ်အောင် လျှောက်လှမ်းနေရသည် ။ လှေကားကမဆင်းနိုင်တော့ ဓာတ်လှေကားဖြင့်သာ ဆင်းလာခဲ့သည် ။ အလာလမ်းနှင့်မတူစွာ မျက်နှာညှိုးလာသော ကျွန်တော့်အား ဆေးရုံဝင်းအတွင်းမှလူများ ကြည့်နေလား၊ ကြည့်မနေလားပင် သတိမထားမိ ။ ကြည့်နေခဲ့သည် ထင်သည် ။

ဆေးရုံရှေ့ပန်းခြံအတွင်းရှိ ခုံတန်းတစ်ခုမှာ ခေါင်းငိုက်စိုက်ချလျက် ထိုင်လိုက်သည် ။ အမှားတစ်ခုကို အဖြေရှာရင်း......
ဟုတ်ပါသည် ။ မှားသူကား နောက်တစ်ဖန် ကျွန်တော်သာ ဖြစ်နေခဲ့ပြန်ပါသည် ။ ကြင်သူရှိမှန်းသိရက်နှင့် ချစ်ခင်ရသူရှိမှန်းသိရက်နှင့် တွယ်ကပ်နေခဲ့တာကို....
အနားတွင် ဂရုစိုက်မယ့်သူ ရှိမှန်းသိရက်နှင့် လုံလောက်စွာ ချစ်ပေးမယ့်သူ ရှိမှန်းသိရက်နှင့် သူ့ကိုရွေးချယ်ခဲ့မိသည်ကို......
ယခုလို နာကျင်ရသည်မှာ ကျွန်တော့်လိုလူတစ်ယောက်အတွက် မဆန်းကြယ် ???

မျက်နှာလေးတောင် သေချာမမြင်ရပါဘဲနှင့် ယခုလိုတော့ မပြန်ချင်ပါ.....သူလေး၏ချစ်ရသူရှိမှန်းသိသောကြောင့် ယခုကဲ့သို့ နာကျင်ရမှာစိုးသောကြောင့် ဆေးရုံတောင် လူနာလာမမေးနိုင်ခဲ့တာ ။ ပြက္ခဒိန်မှာ ရက်စွဲတွေမှတ် စက္ကန့်တစ်စက္ကန့်ချင်းစီကို ရေတွက်ကာ ဒီနေ့လေးအား စောင့်ဆိုင်းခဲ့တာ ။ ယခုလိုတော့ မပြန်ချင်သည်မှာ အမှန် ။ ဖြစ်ချင်ရာဖြစ်ဟုပင် တွေးကာ ချစ်ရသူ၏နောက်တော်ပါးသို့ လိုက်ရန် ဆုံးဖြတ်လိုက်သည် ။

ခုံတန်းမှာ ထိုင်ရင်းဖြင့်ပင် ငယ်လေးတို့အလာကို စောင့်နေလိုက်သည် ။ ငါ့ရင်ကို ဘယ်အထိခွဲဖို့ ငါ့ကို ဘယ်လောက်တောင် နာကျင်စေဖို့ စိတ်ကူးထားတာလဲ ငယ်လေးရာ ။ လက်ချင်းတွဲလျှောက်လျှင်ပင် ခံနိုင်ရည်ရှိဖို့ ကျွန်တော် အတော်လေး ကြိုးစားယူရမည် ။ ယခုတော့ ချီထားသည်တဲ့.........

မတတ်နိုင် ။ မျက်နှာတော်နုနုကိုတော့ တစ်ဝကြီးကြည့်ချင်သေးသည် ။ ပိုက်ဆံမရှိသည့်ကြားက ဆေးရုံရှေ့ရှိ ရပ်ထားသော Taxi အားငှား၍ ငယ်လေးတို့ကားနောက်မှ လိုက်လာခဲ့သည် ။ အမေ့ဆီကမုန့်ဖိုးထပ်တောင်းရပေတော့မည် ။

အရင်ဆုံးသွားသည့်နေရာက ကစားကွင်းတဲ့ ။ ငယ်လေးက ကလေးစိတ်လုံးဝမပျောက်သေးဘူးဘဲ ။ ကျွန်တော် တိတ်တခိုးလေး ပြုံးမိသွားသည် ။
တော်တော်သက်သာ​ပြီမှန်း ပက်ပြေးနေသည်ကို ကြည့်ရုံဖြင့် သိနိုင်သည် ။ ပြေးလိုက် နှုတ်ခမ်းလေးတထော်ထော်နှင့် နောက်ကိုလှမ်းအော်လိုက်ဖြင့် ပျော်မြူးနေခဲ့သည့် ချစ်ရသူ ။ ကျွန်တော့်နှုတ်ခမ်းထက် အပြုံးလေးတစ်ပွင့် ဖြစ်သွားခဲ့သည် ။ သို့သော် သူ၏အနားတွင် ရှိသူကား ကျွန်တော်မဟုတ်သည်ကို သတိရမိချိန် မျက်ဝန်းအိမ်ထက် ရုတ်ချည်းစိုစွတ်လာသည် ။

မင်းသွားရာနောက် တကောက်ကောက်နဲ့လိုက်နေခဲ့တဲ့ငါ့ကို မြင်ရဲ့လား ငယ်လေး ။ မမြင်ချင်ယောင်များဆောင်နေလေသလား ။ မဟုတ်လောက်ပါ ။ သူ၏ မျက်ဝန်းထဲ လူတစ်ယောက်ကိုသာ မြင်သောကြောင့် ပက်ဝန်းကျင်အား မေ့နေခဲ့တာဘဲ ဖြစ်ပါလိမ့်မည် ။
အမှတ်တမဲ့အဖြစ်တောင် အကြည့်ချင်းမဆုံခဲ့....
ခိုးလိုက်သည်ဟုဆိုသော်လည်း မျက်လုံးချင်းတော့ ဆုံချင်မိသည် ။ ကျွန်တော့်ဘက်ကို မျက်လုံးဝိုင်းလေးများဝေ့လာလျှင် မြင်များမြင်လေပြီလားဟု ခေါင်းတစ်ထောင်ထောင် ဖြစ်ရသည်က အမော.....

ညောင်းလို့ထင်သည် ။ ခုံတန်းတစ်ခုတွင် ဝင်ထိုင်နေသည် ။ ဟိုလူကတော့ မုန့်တစ်ခုခုသွားဝယ်သည်လား မသိ ။ မလှမ်းမကမ်းမှာ ထိုင်ကာ မျက်နှာတော်အား မော်ဖူးနေမိသည် ။ ငေးရင်းမှပင် အမြဲမေးချင်မိနေသော မေးခွန်းတစ်ခုကို မေးမိသည် ။ " ဘာကြောင့် ငါ့ကို ပိုင်ဆိုင်ခွင့်မပေးရတာလဲ ငယ်လေးရာ " လို့.......

တကယ်ကလေးပါ...တကယ်ကို အပြစ်ကင်းစင်တာပါ.....ခုံမှထပြီးအသွား ခဲနှင့်တိုက်ပြီး ချော်လဲသည်တဲ့လေ ။ နဲနဲတော့ ရီသွမ်းသွေးလိုက်မိတယ် ။ ဘယ်ကဘယ်လိုရောက်သွားသည်လဲလည်း မသိ ။ ငယ်လေးကို မြေပေါ်မကျမှီ လှမ်းဖမ်းနိုင်လိုက်သည် ။ ကျွန်တော့်မြင်တော့ မျက်ဝန်းဝိုင်းများက ဝိုင်းစက်သွားကာ နှုတ်ခမ်းဖူးတစ်စုံသည်လည်း ပွင့်ဟသွားသည် ။

" အယ် "

ယခုမှ တွေ့သလိုပင် ဟန်ဆောင်ရပေတော့မည် ။

" ငယ်လေးက ကစားကွင်းမှာလာဆော့တယ်ပေါ့ တစ်ယောက်တည်းလား အဖော်မပါဘူးလား "

ပါးမို့နှစ်ဖက်တွင် ပန်းနုရောင်လေစများ ယှက်သန်းလာကာ ခေါင်းငုံ့သွားသည် ။ ဪ သူနဲ့လာတာ ပြောရမှာလေးကို ဒီလောက်တောင် ရှက်တယ်လား ။

" ဟုတ်ဘူး ကျွန်တော့်ကိုကို နဲ့ "

ကိုကိုတဲ့ ။ ကိုကို တဲ့လား ။ ချစ်သူတွေတောင် ဖြစ်သွားပြီပေါ့ ။ နာမ်စားလေးက လှသားဘဲ ' ကိုကို ' တဲ့ ။ အကျည်းတန်ခြင်းက ကျွန်တော့်ကို ခေါ်တာမဟုတ်ခြင်းပင် ။

" အောင်မာ ကိုကိုတွေဘာတွေနဲ့ ချစ်သူတောင် ရနေပြီပေါ့ "

" ဟာဗျာ ဒါနဲ့ ကိုလင်းသူခန့်က ဘာလာလုပ်တာ "

" အယ် ကိုယ်လည်း လာဆော့တာလေ "

မျက်ခုံးလေးများတွန့်ချိုးကာ ကျွန်တော့်အား စူးစိုက်ကြည့်နေသည် ။ ဘာမှားသွားသည် မသိ ။ အနေရခက်လာသောကြောင့် ဇောချွေးများပင် ပျံလို့......အာ..ချီး စာမေးတာမရတဲ့ ကလေးအတိုင်းဘဲ.....

" ဒီနေ့က ကျောင်းဖွင့်ရက်ကြီးကို ကျောင်းလစ်လာတာပေါ့ "

" အေးဆို စိတ်ပြေလက်ပျောက်ဖြစ်အောင်လေ ကျောင်းလစ်လာတာ "

အပူအပင်ကင်းစွာ ဟက်ဟက်ပက်ပက်ရီမောနေတော့သည် ။ ကျွန်တော်လည်း ယောင်တောင်တောင်နဲ့ လိုက်ရီမိသည် ။ ဟုတ်ပါတယ်လေ ။ ဒီတိုင်းလေးနေရတာလည်း မဆိုးလှပါ ။ ချစ်ရသူ၏အပြုံးလေးကိုလည်း တွေ့ရသည် ။ ချစ်ရသူ၏ ရီမောသံလေးကိုလည်း ကြားရသည် ။ ချစ်ရသူ၏ မျက်နှာလေးကိုလည်း ငေးမျှော်ကြည့်လို့ရသည် ။ ပိုင်ဆိုင်လိုခြင်းကို ခေါင်းစဥ်မတပ်ဘဲ ချစ်မည်ဆိုလျှင်တော့ ပျော်ရွှင်ရမည် ။ ပိုင်ဆိုင်လိုခြင်းကို ခေါင်းစဥ်တပ်လျှင်တော့ နာကျင်ရမည်ဘဲလေ ။

" ကဲ သွားတော့လေ ကိုကိုဆီသွားမလို့မလား "

" ဟာ "

ဒုတိယအကြိမ် ပါးလေးနှစ်ဖက် ပန်းနုရောင်သမ်းလာပြန်သည် ။ ရှက်ရီလေးရီကာ သူချစ်ရသူထံပါးသို့ ပြေးသွားလေသည် ။ ရပ်ဆဲနေရာမှာ ရပ်မြဲရပ်ကျန်ခဲ့သူကတော့ ထုံးစံအတိုင်း ကျွန်တော်သာ.......

" ဟေ့ မနက်ဖြန် ကျောင်းလာခဲ့နော် ငယ်လေး "

နောက်သို့လှည့်၍ ခေါင်းလေးငြိမ့်ပြသွားသည် ။ ဘာဖြစ်ဖြစ်လေ ။ ကျောင်းတော့တက်စေချင်သည် ။ ပုံရိပ်လေးကိုတော့ မျက်ဝန်းထဲစွဲသည်ထက်စွဲ ရုပ်လုံးပေါ်သည်ထက်ပေါ်အောင် ငေးကြည့်ချင်သေးသည်လေ ။

•••••••••••••••••••••••••••••

" မလာနဲ မလာနဲ့ ကျွန်တော့်ဆီကိုမလာပါနဲ့ ကြောက်တယ် ကြောက်တယ် ခင်ဗျားကိုကြောက်တယ် ကျွန်တော့်ဆီမလာနဲ့ ကျွန်တော့်အသားကို မထိနဲ့ "

အမြဲလှပသပ်ရပ်ကာ ချစ်စဖွယ်ဖြစ်နေသောအခန်းလေးသည် ယခုတော့ ခြောက်ခြားဖွယ်ရာအတိ ။ ရှိသမျှ ပြတင်းပေါက်များသည် သံပြတင်းများအသွင်ပြောင်းကာ အသေပိတ်သွားခဲ့သည် ။ အခန်းတစ်ခုလုံးတွင်လည်း ဖန်ကွဲစများ ပစ္စည်းအတိုအစများဖြင့် ရှုပ်ပွနေလေသည် ။ ကုတင်ထက်တွင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလျက် ကတုန်ကယင်ရောက်တတ်ရာရာများကို အော်နေသော လူတစ်ယောက်ရှိလေသည် ။ နားများကို လက်နှစ်ဖက်ဖြင့် အုပ်ကား မျက်စိများကို စုံမှိတ်ထားသည် ။ မိမိကိုယ်ကို ကုတ်ခြစ်ထားသော လက်သည်းရာများသည် တစ်ကိုယ်လုံးတွင်အနှံ့ သွေးများစို့၍ နေလေသည် ။

မည်သူမည်ဝါမှန်းပင် ပုံဖော်၍မရ ။ ဆံပင်များကရှုပ်ပွလျက် ခေါင်းငိုက်စိုက်ချကာ ကယောင်ကတမ်းများပင် အော်နေသည် ။

" မင်း ဒီလိုဘဲ လုပ်နေတော့မှာလား ဟမ် ဒီလိုဘဲနေတော့မှာလား "

အော်ဟစ်နေသူ၏ပုခုံးပေါ်သို့ လက်တစ်ဖက်သည် နူးညံစွာ အုပ်မိုးလာသည် ။ သို့သော် ရိုက်ချခံလိုက်ရသည် ။

" မထိနဲ့ ခင်ဗျားကိုမုန်းတယ် ​ကြောက်တယ် ကျွန်တော့်ကို မထိပါနဲ့ "

တစ်ဖက်မှ လှောင်ရီသံစွက်သော ရီမောသံ ထွက်ပေါ်လာခဲ့သည် ။

" ဟက် ကောင်းပြီလေ အားလုံးက မင်းအပေါ် မူတည်တယ် "

ဝုန်းခနဲ တံခါးပိတ်သံနှင့်အတူ တစ်ဖက်လူကား ထွက်သွားခဲ့သည် ။ အော်ဟစ်နေသောသူကား ငိုရင်း ကျန်နေခဲ့သည် ။ ပါးစပ်မှလည်း တစ်ခုခုကို တီးတိုး တဖွဖွ ရွတ်နေခဲ့သည် ။ မျက်လုံးများသည် ဆောက်တည်ရာမရ မျှော်လင့်ချက်များ ပျောက်ဆုံးနေခဲ့သည် ။

" မဟုတ်ဘူး ဒါ သူမဟုတ်ဘူး အခြားတစ်​ယောက်မလား ကျွန်တော်ချစ်ရသူ မဟုတ်ဘူးမလား တစ်ယောက်ယောက် ပြောပြပေးပါ ပြောပြပေးကြပါ " တစ်ဦးတည်း ရေရွတ်နေမိသည် ။ ပြန်ဖြေပေးမည့်သူကားမရှိ ။

အခန်းအပြင်ရှိလူက လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ အခန်းအတွင်း အမည်းရောင်ဝတ် လူနှစ်ယောက် ဝင်လာသည် ။ ရုန်းကန်တွန်းထိုးနေသည့် ကုတင်ပေါ်မှလူအား မေ့ဆေးဖြင့်အုပ်ကာ ထမ်းပိုးသယ်ဆောင်သွားသည် ။ အခန်းရှေ့ရှိလူက ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်သည် ။ အပြင်ပန်းတွင် တည်ငြိမ်နေဟန်ရှိသော်လည်း ထိုသူ၏မျက်လုံးများတွင် မရေရာမှု ဝမ်းနည်းမှု စိုးထိတ်မှုများ ရှုပ်ယှက်ခတ်နေခဲ့သည် ။ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ချက်ကို ဆင်မြန်းထားသောငြား မျက်ဝန်းထဲရှိ ဝမ်းနည်းမှုကိုကား ဖုံးကွယ်၍မရ ။

" ဒါ မင်းရွေးချယ်ခဲ့တဲ့လမ်းဘဲ ဖြိုးလေး "

********************
.
.
.
.
.
.
.
.
.
.
.
.
.
.

Zawgi //
































•••••••••••••••••••••••••••••













********************

Continue Reading

You'll Also Like

6.4M 562K 86
-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season...
1.8M 206K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
711K 42K 31
story description>>>>> start-5/10/2021 end-1/1/2022