【 Unicode 】
(59)
ဒါကိုပြောရင် မင်းတို့ယုံနိုင်မှာတောင် မဟုတ်ဘူး။
ငါ ရွှယ်ယောင်ကျူ့ရဲ့ကုမ္ပဏီကို ပထမဆုံး
သွားတုန်းက ငါတွေ့ဖူးတဲ့နောက်လိုက်တွေရော၊
ကျန်တဲ့သူတွေပါ ငါ့ကို ရွှယ်ယောင်ကျူ့ရဲ့
ချစ်သူလို့ အမှတ်မှားနေကြတယ်။ တကယ်တော့
ချစ်သူထက်တောင် ပိုတယ်လို့ တွေးနေကြတာ။
ရွှေရောင်ချိန်းကြိုးဆွဲထားတဲ့လူက
ရွှယ်ယောင်ကျူ့ရဲ့ပခုံးကို လက်နဲ့ ရိုက်ကာ-
"မဆိုးပါဘူး! မင်း ငါတို့ကို ပွဲဖိတ်ဦးနော်၊
လျိုရွှေ့စားသောက်ပွဲလေ! တစ်လစာ!"
ရွှယ်ယောင်ကျူ့က ဝင့်ကြွားဟန်ဖြင့်
စိတ်မပါတပါ ဆိုတယ်။
"No"
ရွှေရောင်ချိန်းကြိုးဆွဲထားတဲ့လူက မေးတယ်။
"ဘာလို့လဲဟ"
ရွှယ်ယောင်ကျူ့က ပြောလိုက်တယ်။
"ပါးစပ်ပိတ်ထား"
ပြီးတော့ မိတ်ဆက်ပေးတယ်။
"သူက၊ ငါ့ရဲ့ သူငယ်ချင်း၊ သူ့နာမည်က၊
တာ့ကျင်း"
ရွှေရောင်ချိန်းကြိုးက ဆိုတယ်။
"ဒါနဲ့ မင်းရဲ့လူကိုလည်း မိတ်ဆက်ပေးဦးလေ"
ရွှယ်ယောင်ကျူ့က ဘာပြန်ပြောလဲဆိုတော့...
"ဟင့်အင်း"
(60)
ရွှယ်ယောင်ကျူ့က ငါ့ကို သူ့ရုံးခန်းထဲ
ခေါ်သွားပြီး၊ စပ်စုချင်တဲ့တစ်သိုက်ကိုတော့
အပြင်ဘက်မှာ ချန်ထားခဲ့တယ်။
ရွှယ်ယောင်ကျူ့က ရှင်းပြတယ်။
"သူတို့က၊ မင်း-မင်းရဲ့အကြောင်းကို
ကြား-ကြားထားပြီးသား"
အိုး။
မင်းရှင်းပြစရာမလိုပါဘူး။ ငါ ကြည့်လိုက်ရုံနဲ့
သိသာပါတယ်။
ဘောင်ခတ်ထားတဲ့ငါ့ဓာတ်ပုံတွေက
ရွှယ်ယောင်ကျူ့ရဲ့စားပွဲပေါ်မှာရှိနေတာကို
သတိပြုမိတယ်။ ဒီပုံတွေကို အလယ်တန်းတုန်းက
ခိုးရိုက်ထားတာဖြစ်ရမယ်။
ရွှယ်ယောင်ကျူ့က ပိုပိုပြီး ကြောက်ဖို့ကောင်း
လာပြီပဲ။
ရွှယ်ယောင်ကျူ့က နည်းနည်းရှက်နေသလိုမျိုး
ငါ့ကို ကြည့်လိုက်တယ်။
"ဆော-ဆောရီး"
"ငါ မင်းကို မမှတ်မိဘူး"
"ခ-ခဏစောင့်"
ရွှယ်ယောင်ကျူ့က တစ်ခဏလောက်
ဖုန်းထဲရှာနေရင်း၊ screen ကို ငါ့ဆီပြတယ်။
"ဒီ-ဒီမှာကြည့်၊ ဒါ ငါလေ"
ပုံထဲက ကောင်လေးမှာ မျက်လုံးကို လုံးဝအုပ်နေ
တဲ့ ဆံစအထူကြီး,ရှိတယ်။ ဒါ့အပြင်၊
ထိုကောင်လေးက မျက်မှန်အနက်တပ်ထားတာမို့
သူ့မျက်နှာတစ်ဝက်လောက်က စိတ္တဇဆန်နေ
လေရဲ့။
အခုတော့ ငါ မှတ်မိသွားပြီ။ ဒီအတန်းဖော်က
ငါရဲ့ partner ဖြစ်ခဲ့ပြီး အခြေခံအားဖြင့်
စကားကို သုံးလုံးထက် ပိုမပြောပေ။ သူ့ပုံစံက
ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်ခဲ့တာ။
ဒါပေမယ့် ငါသိသလောက်တော့...
သူ့နာမည်က ရွှယ်ယောင်ကျူ့မဟုတ်သလိုပဲ။
ရွှယ်ယောင်ကျူ့က ရှင်းပြတယ်။
"ဆရာက၊ နာမည်တွေကို ချိန်း-ချိန်းဖို့၊ မေ့သွားလို့၊
ငါ၊ မရှင်းပြခဲ့တာ"
"ငါကြားတာတော့ မင်းက နဂိုလူကို တွန်းပစ်
တယ်ဆို? ဘာလို့ အဲလိုလုပ်တာလဲ"
ရွှယ်ယောင်ကျူ့က ခဏလောက်တိတ်ဆိတ်
သွားပြီးမှ...
"ငါ၊ ဘာမှ၊ မမှတ်မိတော့ဘူး"
မင်း မမှတ်မိတဲ့ပုံမပေါ်ပါဘူးနော်။
နေပါစေ၊ မေးရင် အချိန်ကုန်တာပဲရှိမယ်။
"မင်း မမှတ်မိရင်လည်း ထားလိုက်ပါတော့"
"ငါ မင်း-မင်းကို အန္တရာယ်မပေးပါဘူး၊
ငါ-ငါ မင်းကို ကြိုက်တယ်"
ရွှယ်ယောင်ကျူ့က ငါ့ကိုကြိုက်တယ်ဆိုပြီး
အကြိမ်တစ်သန်းနီးပါးပြောနေတော့...ငါ သံသယ
ရှိလာခဲ့ပြီ၊ ဒါက သူ့ရဲ့လက်သုံးစကားလား။
(61)
ငါ မှတ်မိသလောက်တော့ အဲဒီတုန်းက
သူ့ဆီကနေ စကားပြန်တာကို တစ်ခါမှမကြားဖူး
တာမို့၊ ဒီ partner က ဆွံ့အနေတာလားလို့
ငါ တွေးခဲ့မိတာ။
ရွှယ်ယောင်ကျူ့က ပြောတယ်။
"ငါ စကားထစ်-ထစ်တာကြောင့်၊ အတန်းဖော်
တွေက၊ ငါ့ကို၊ မကြာခဏ၊ လှောင်ခဲ့တယ်၊
ငါ၊ ဒါကြောင့်၊ စ-စကားမပြောခဲ့တာ"
ငါ ခေါင်းညိတ်လိုက်တယ်။
သူက ဆက်ပြောတယ်။
"မင်း-မင်းက၊ ငါ့ကို၊ စကားပိုပြောဖို့၊ တိုက်တွန်း
ခဲ့တာ"
ဒီအကြောင်းကိုလည်း ငါ သိပ်မမှတ်မိတော့ဘူး။
ငယ်ငယ်ကတည်းက ငါ စကားကို အမျှင်မပြတ်
ပြောတတ်တာမို့။
"မင်း-မင်းက၊ ငါ့ကို၊ ဆံပင်ပုံစံပြောင်းဖို့နဲ့၊
ငါ့-ငါ့မျက်မှန်ကို ဖယ်ဖို့၊ ပြောခဲ့တယ်"
ငါ မေးလိုက်တယ်။
"ဒီတော့ မင်းက မျက်ကပ်မှန်တပ်လိုက်တာလား"
"ငါ ခွဲ-ခွဲစိတ်မှု၊လုပ်ခဲ့တာ...မင်း ငါ့-ငါ့ကို၊
ပြန်-ပြန်ကြိုက်ဖို့အတွက်လေ"
(62)
ကိုးရိုးကားရားနိုင်လိုက်တာ။
သူ ဒီလို ဘွင်းဘွင်းရှင်းရှင်း မပြောလို့မရဘူး
လား?
(63)
"ပြီးတော့ မင်းက၊ ငါ-ငါနဲ့အတူ၊ ဗီဒီယိုဂိမ်း
တွေ၊ ကစားခဲ့တယ်၊ ငါ့ကို karaoke ဆီ
ခေါ်-ခေါ်သွားပေးတယ်၊ လေ-လေထီးခုန်ခဲ့ကြ
သေးတယ်"
"ဒါနဲ့ပဲ မင်း ငါ့ကိုကြိုက်ရမယ်လို့ မဆိုလိုဘူးလေ"
ရွှယ်ယောင်ကျူ့က ပြောတယ်။
"ငါ အလိုလိုကြိုက်မိသွားတာ"
ဖာ့ခ်။
ဒါဆိုလည်း မင်းစိတ်ကြိုက်သာ လုပ်တော့!
(64)
ငါ ငယ်ငယ်တုန်းက လေထီးခုန်တာကို သဘောကျ
ခဲ့တာ၊ မယုံနိုင်စရာပဲနော်။ ငါ တကယ်ကို မစိုးရိမ်
ခဲ့ဘူးပဲ။ တစ်ယောက်ယောက်က ငါ့ကိုသတ်ဖို့
ကြံစည်ပြီး လေထီးခုန်တဲ့အခါ အဖျက်အနှောင့်
လုပ်ထားရင် ဘယ်လိုလုပ်မလဲ။
(65)
ရွှယ်ယောင်ကျူ့က ငယ်ဘဝအမှတ်တရတွေကို
တသသ,ဖြစ်နေဆဲပင်။ ငါ ခံစားမိတယ်။
တကယ်လို့ ငါ အဲ့တုန်းက နှာချေမိရင်တောင်၊
ရွှယ်ယောင်ကျူ့ရဲ့မှတ်ဥာဏ်ထဲမှာတော့...
ငါက အမွေးနုနုပန်းရောင်အသည်းပုံလေး
ဖွာထွက်ပေးတယ်လို့ ဖြစ်နေမှာ။
ငါ ငယ်ငယ်တုန်းက တော်တော်လေးအဆင်ပြေ
ခဲ့တယ်ဆိုတဲ့အချက်ကို ငါ ငြင်းချက်ထုတ်နေတာ
မဟုတ်ပေမယ့်...ဒါက ရှက်စရာကောင်းတယ်
လေ။
ငါ့ခေါင်းထဲမှာ ကိစ္စတွေကို ထပ်ခါထပ်ခါ
တွေးတောနေပေမယ့်လည်း ရွှယ်ယောင်ကျူ့ကို ဘယ်လိုပြောရမလဲ မသိတော့ဘူး။ ငါ့လိုမျိုး တောင်ပံကျိုးနေတဲ့ fallen angel ကို
မေ့ပစ်ပြီး၊ ပွေ့ပိုက်ချင်စရာကောင်းတဲ့
ပန်းရောင် angel လေးကို ရှာဖို့အတွက်ပေါ့။
(66)
ရွှယ်ယောင်ကျူ့က အချစ်ဦးနဲ့ပတ်သက်တဲ့
အမှတ်တရတွေထဲ နစ်မျောနေချိန်၊ နှောင့်ယှက်ခံ
လိုက်ရတယ်။ အတွင်းရေးမှူးက ဝင်လာပြီး
အစီရင်ခံစာ တင်တာကြောင့်ပဲ။
အစီရင်ခံစာမှာ ပါဝင်တဲ့အကြောင်းအရာတွေကို
ငါ နားထောင်ပြီးနောက်၊ စိတ်ပြောင်းသွားရတယ်။
ရွှယ်ယောင်ကျူ့က တအားချမ်းသာတာပဲ။
ငါ သူ့ခံစားချက်တွေကို ကစားကြည့်သင့်လား?
ငါက အနှေးနဲ့အမြန် သေနိုင်တာဆိုတော့၊
ငါ သူ့ကို လှည့်စားပြီး ညီလေးနဲ့ညီမလေးကို
စောင့်ရှောက်ပေးခိုင်းရမလား၊ ငါ သေသွားတဲ့
အချိန်ကျရင်လေ...။
(67)
တကယ်တော့ ဒီလိုလုပ်လို့မဖြစ်ပါဘူး။
အခြေခံအားဖြင့် တစ်ကမ္ဘာလုံးမှာ
ငါ့ကို အန္တရာယ်ပေးချင်သူတွေ ပြည့်နှက်နေရင်
တောင်၊ သူတို့မမှန်ဘူးဆိုတာနဲ့ ငါလည်း လိုက်မှား
ရမယ်လို့ မဆိုလိုဘူး။ ဘယ်လိုအခြေအနေမှာ
ဖြစ်စေ၊ ငါက လူကောင်းတစ်ယောက်။
ဒီအချက်ကပဲ ငါ့မှာ နောက်ဆုံးကျန်ရှိတဲ့
ကောင်းကွက်မို့။
(68)
အနာဂတ်မှာ ငါသေသွားတဲ့အချိန်၊
ငါ့ကမ္ပည်းတိုင်မှာ ဒီလိုစကားလုံးကိုပဲ ကျန်ရစ်
စေချင်တယ် : 'လူကောင်းဖြစ်တယ်'ဆိုတဲ့
စကားလုံးတွေပေါ့။
(69)
ငါ အမှန်တကယ် သေသွားတဲ့အခါကျရင်၊
ငါ့အရိုးပြာကို ကျဲလိုက်ပါ။ ဘယ်နေရာပဲဖြစ်ဖြစ်
အဆင်ပြေတယ်၊ ဒီလိုဆိုရင် ငါက မြေမှုန်အနေနဲ့
ပတ်ဝန်းကျင်လောကကို အန္တရာယ်မပေးမှာလေ။
အသက်ရှိစဥ်က ငါ လူသားတွေအတွက်
ဘာမှ ကောင်းကျိုးမပြုနိုင်ခဲ့တာကြောင့်၊
ငါ သေသွားရင်တော့ ကမ္ဘာကြီးအပေါ်
နည်းနည်းလောက် အကူအညီဖြစ်ချင်မိတယ်၊
ဒါဆို ကောင်းမှာပဲနော်။
ဘုရားသခင်၊ ကျွန်တော်က ဒီလိုမေတ္တာတရား
ကြီးမားတဲ့ လူကောင်းတစ်ယောက်ဖြစ်တာမို့
ကျွန်တော့်အပေါ် ပိုကောင်းပေးနိုင်မလား?
(70)
ရွှယ်ယောင်ကျူ့က မေးတယ်။
"ပျင်းနေပြီလား၊ မင်း ဘာ-ဘာတွေ၊ တွေးနေ
တာလဲ"
"ငါ ဘုရားသခင်ဆီမှာ ဆုတောင်းနေတာ၊
ငါ့ကို နောက်ထပ် နှစ်ငါးရာလောက်
အသက်ရှင်ခွင့်ပေးဖို့"
ရွှယ်ယောင်ကျူ့က ပြုံးရင်း ပြောလိုက်တယ်။
"ဒါဆိုလည်း၊ မနက်ဖြန်ကျရင်၊ ဘုရားကျောင်းကို
သွား-သွားပြီး ဆု-ဆုတောင်းရအောင်"
ရွှယ်ယောင်ကျူ့က သိပ်တွယ်ကပ်လွန်းတာပဲ!
သူ ဘာကြောင့် စကားလမ်းကြောင်းပြောင်းလွန်း
ပြီး အလိုက်သင့်ပြောနိုင်ရတာလဲ?! ဒီလိုမျိုး
ဖြစ်အောင် သူ ဘယ်လို အတွေ့အကြုံရှိတာ
ပါလိမ့်?!
"ငါ ဒီလို၊ လူကောင်းဖြစ်လာတာ၊
မင်း-မင်းကြောင့်ပဲလေ"
မရှက်ဘူးလားနော်။
ဘယ်သူတွေက ကိုယ့်ကိုယ်ကိုယ် 'ဒီလိုလူကောင်း'
ဆိုပြီး ရည်ညွှန်းတတ်လို့လဲ?
(71)
ငါ ထင်တာတော့လေ...ရွှယ်ယောင်ကျူ့က
သူ ဘယ်လောက်ချမ်းသာလဲဆိုတာကို
ကြွားဝါချင်ပုံရတယ်။ တိရစ္ဆာန်လေးတွေက
သူတို့ရဲ့မိတ်ဖက်ကို ဆွဲဆောင်သလိုမျိုးလေ။
ရွှယ်ယောင်ကျူ့က ရယ်မောလိုက်ကာ...
"မင်း-မင်း မှန်ပါတယ်"
(72)
မာမီ။
ကျွန်တော် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။
(73)
ငါ သူ့ကို ခပ်တည်တည်ပြောလိုက်တယ်။
"ငါ့ပင်ကိုစရိုက်က အရင်နဲ့ မတူတော့ဘူး"
"မင်း-မင်းက မင်းဖြစ်နေတုန်းပါပဲ"
ငါတော့ အဲလိုမထင်ဘူး၊ လူတစ်ယောက်ရဲ့
ပင်ကိုစရိုက် ပြောင်းသွားပြီဆိုရင် အရင်နဲ့
မတူတဲ့လူဖြစ်သွားတာ။ ဥပမာပြောရရင်
'ရန်ယိကု'ဆိုတဲ့လူ နှစ်ယောက်ရှိတယ်ဆိုပါတော့။
တစ်ယောက်က တက်ကြွကာ အကောင်းမြင်စိတ်
ရှိပြီး နောက်တစ်ယောက်က တစ်ချိန်လုံးထိုင်းမှိုင်း
နေမယ်ဆိုရင်၊ ငါကတော့ ပထမတစ်ယောက်ကိုပဲ
သူငယ်ချင်းအဖြစ် ရွေးမိလိမ့်မယ်။
ဒါပေမယ့် ငါ ဒါကို ခပ်ကျယ်ကျယ်မပြောရဲပါ
ဘူး။ ငါ ရွှယ်ယောင်ကျူ့နဲ့ သိပ်မရင်းနှီးဘူး
ဆိုတော့ ဒီလိုနက်နဲတဲ့ကိစ္စတွေကို မပြောပြချင်
ပေ။
(74)
ရွှယ်ယောင်ကျူ့က မေးတယ်။
"မင်း ဘာ-ဘာလို့၊ ရုတ်တရက်ကြီး မပျော်တော့
တာလဲ"
ငါ တိတ်တိတ်လေး တွေးနေမိတယ်။ အနာဂတ်မှာ
ဆိုရင် ငါ မပျော်တာနဲ့ ပြီးသွားမှာမဟုတ်ဘူး။
ငါ သူများတွေကို တိုက်ခိုက်မိနိုင်တယ်။
"မင်း ပျင်း-ပျင်းတယ်ဆို၊ ရုပ်ရှင်ကြည့်ရအောင်၊
ရုပ်ရှင်ကြည့်-ကြည့်ပြီးရင်၊ တစ်ခုခု၊
သွားစားကြမယ်"
ရွှယ်ယောင်ကျူ့က ငါ့ကို ကျေးဇူးဆပ်ချင်
နေတာလားလို့ ခံစားမိတယ်။
အဲဒီတုန်းက ငါကိုယ်တိုင်တောင် မသိလိုက်ဘဲ
သူ့အပေါ် လွှမ်းမိုးမိခဲ့တယ်လေ။ ပြီးတော့
ရွှယ်ယောင်ကျူ့က ဆက်ဆံရေးသိပ်မကောင်းတဲ့
introvert လူငယ်အဖြစ်ကနေ၊ အခုလို
ပြောင်းလဲနိုင်ခဲ့ပြီ။ ဒါကြောင့် ငါ့ကို ကျေးဇူးတင်
နေတာများလား။
ဒါပေမယ့် သူ ဒီလိုလုပ်ဖို့ မလိုပါဘူး။
သူ ငါ့ကို ကတိတစ်ခုပေးရင် လုံလောက်ပြီ။
တစ်နေ့နေ့မှာ ငါ သေသွားတာပဲဖြစ်ဖြစ်၊ ရူးသွား
တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရာအားလုံးဆုံးရှုံး
သွားတာပဲဖြစ်ဖြစ်၊ ငါ့ညီလေးနဲ့ညီမလေးကို
သူ့ရဲ့သွေးသားအရင်းလို စောင့်ရှောက်ပေးစေ
ချင်တယ်။ ငါလိုချင်တာ ဒါပါပဲ။
(75)
ငါ ရွှယ်ယောင်ကျူ့ကို ပြောလိုက်တယ်။
"မင်း ငါ့ညီလေးနဲ့ညီမလေးကို မွေးစားနိုင်လား၊
ဘယ်လိုလဲ?"
ရွှယ်ယောင်ကျူ့က အတော်ကြာ
တိတ်ဆိတ်သွားပြီးမှ...
"ဒါဆို မိ-မိသားစု ဆက်နွှယ်ပုံတွေ၊ ရှုပ်ထွေးသွား
လိမ့်မယ်"
ငါတောင် အဲဒါကို ဂရုမစိုက်ဘူး!
"မင်းရဲ့ညီလေးနဲ့ညီမလေးက၊ မိ-မိသားစုထဲမှာ
မင်း-မင်းထက် ပိုငယ်တဲ့မျိုးဆက်၊ ဖြစ်-ဖြစ်သွား
လိမ့်မယ်"
စိတ်တိုစရာကောင်းတဲ့ စကားထစ်သူ။
မင်း တစ်ချိန်လုံး ဘာတွေကို စိတ်ကူးယဥ်နေ
တာလဲ?
(76)
ငါ mall ကို မသွားချင်ဘူး။
တစ်ယောက်ယောက်က ငါ့နောက်ကိုလိုက်လာပြီး
ရိုက်နှက်ဖို့ကြံရင် ဘယ်လိုလုပ်မလဲ။ ဒါပေမယ့်
ရွှယ်ယောင်ကျူ့က ငါ့ကို ဆွဲခေါ်သွားပြီး
shopping ထွက်ရင်း၊ အဝတ်အစားအသစ်
ဝယ်ချင်တယ်တဲ့။
အပူအပင်ကင်းလိုက်တာကွာ။
(77)
ရွှယ်ယောင်ကျူ့က တကယ်သွားပြီး
အဝတ်အစားအသစ်တွေ ဝယ်ခဲ့တယ်လေ။
ပြီးတော့ သူက အဝတ်အစားအသစ်တွေ
စမ်းဝတ်ရင်း တအားပျော်နေသေးတာ။
ငါကတော့ တော်တော်လေး ပျင်းလာတာမို့၊
အဝတ်အစားတွေကို ဟိုဟိုဒီဒီလျှောက်ကြည့်
နေလိုက်တယ်။ တကယ်ကြည့်ကောင်းပုံပေါ်တဲ့
ပြောင်ပြောင်လက်လက်ဇစ်ကြိုးကို တွေ့လိုက်
တာမို့၊ ငါ သေချာကြည့်ဖို့ ကိုင်လိုက်တယ်။
ရုတ်တရက်ဆိုသလိုပဲ တစ်ခုခုမှားနေတာကို
ငါ သိရှိသွားပြီ။ အကယ်၍ ငါ့လက်ဗွေရာက
ဇစ်ကြိုးရဲ့မျက်နှာပြင်ပေါ်မှာ ကပ်ကျန်ခဲ့မယ်
ဆိုရင်၊ တစ်ယောက်ယောက်က ဒါကိုအသုံးပြုပြီး
ကြံစည်နိုင်တယ်မလား? ဥပမာအနေနဲ့၊
လူသတ်ဖို့တွေးထားတဲ့တစ်စုံတစ်ဦးက ဒါကိုဝတ်ဆင်လိုက်မယ်ဆိုရင်၊ ရဲတွေက
ဇစ်ကြိုးမှာရှိနေတဲ့ ငါ့လက်ဗွေရာကို အတည်ပြု
ပြီး ငါ့ကို လူသတ်သမားလို့ စွပ်စွဲနိုင်တယ်လေ။
ငါ အလျင်စလိုနဲ့၊ ဇစ်ကြိုးကို
အကြိမ်ပေါင်းများစွာ ပွတ်သုတ်ခဲ့ပေမယ့်
ငါ ထိလိုက်တိုင်းမှာ လက်ဗွေရာက ပိုပိုပြီး
စွဲကျန်သလို ခံစားနေရတယ်။
ငါ တုန်ယင်ကြောက်ရွံ့စပြုလာပြီ။
(78)
ရွှယ်ယောင်ကျူ့က အဝတ်အစားတွေဝယ်ပြီး
ဆိုင်ထဲကနေ အတူထွက်လာချိန်အထိ၊
ငါ တုန်ယင်နေတုန်းပဲ။
ရွှယ်ယောင်ကျူ့က 'ဘာဖြစ်လို့လဲ'ဆိုပြီး
မေးတော့၊ ငါ ဘာမှမဟုတ်ကြောင်း ပြောခဲ့တယ်။
ငါ့အတွေးနဲ့အပြုအမူတွေက တကယ်ရူးနှမ်းနေ
မှန်း သိပေမယ့်၊ ငါက ဒီလိုမျိုးဆိုတာကို
ရွှယ်ယောင်ကျူ့သိသွားမှာ မလိုလားဘူး။
ငါ ဘယ်လောက်ထိ ရူးကြောင်ကြောင်နိုင်လဲ
ဆိုတာကို သူ ကြုံပြီးသားဖြစ်ပေမယ့်လည်း။
ရွှယ်ယောင်ကျူ့က ငါ့ကို ဘာလို့ အပြင်ထွက်ခိုင်း
ရတာလဲ? ငါသာ အပြင်မသွားခဲ့ရင် ဒါတွေ
ဖြစ်လာမှာမဟုတ်သလို၊ ငါ အိမ်မှာပဲ နေသရွေ့
ဘာပြဿနာမှ မရှိဘူး။
(79)
ငါ အခု ဘာလုပ်ရမလဲဆိုတာကို သိသွားပြီ။
ငါ ရွှယ်ယောင်ကျူ့နဲ့ date ပြီး၊ ငါ့ကို ဂရုစိုက်
ပေးဖို့ ပြောရမယ်။ ဒီလိုသာဆိုရင် ငါ အိမ်မှာပဲ
အမြဲနေပြီး အပြင်ထွက်စရာ မလိုပေ။ ဒါဆို
ဘယ်သူကမှ ငါ့ကို အန္တရာယ်မပေးနိုင်တော့ဘူး။
(80)
ငါ ရွှယ်ယောင်ကျူ့ရဲ့နာမည်ကို ခေါ်လိုက်တော့
သူက ခြေလှမ်းရပ်သွားပြီး ငါ့ကို လှည့်ကြည့်
လေရဲ့။
ဘာပြောရမလဲဆိုတာကို ငါ့ခေါင်းထဲ
ထပ်ကာထပ်ကာနွှေးနေရင်း၊ ငါ အနားကို
လျှောက်သွားပြီး သူ့လက်ကိုဆွဲယူလိုက်တယ်။
တစ်စက္ကန့်လောက် ရွှယ်ယောင်ကျူ့က ရှော့ခ်ရ
သွားပြီးမှ၊ ငါ့ကို ချီတုံချတုံကြည့်လာခဲ့တယ်။
လျှပ်တစ်ပြက်အတွင်း ငါ သေချာသိလိုက်တာက
ဒီလိုမျိုးမလုပ်သင့်ဘူးဆိုတာပဲ! တစ်နေ့နေ့မှာ
ရွှယ်ယောင်ကျူ့က partner အသစ်ရသွားပြီး
ငါ့ကို ပထုတ်ချင်ရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့ သူ ငါနဲ့ မပြတ်စဲနိုင်မှာကို စိုးရိမ်နေ
ရင်ရော? ဒါမှမဟုတ် သူ ငါ့အတွက်သုံးထားသမျှ
ပိုက်ဆံတွေကို လိုချင်ပြီး၊ ပြန်မရနိုင်မှာကို
တွေးပူရင်း ငါ့ကိုဖြတ်ပစ်ခဲ့ရင်? အမှန်တော့
ငါ့ကို ရှောင်ဖယ်ဖို့လွယ်ပေမယ့်...သူက ဒီလို
မတွေးခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဒါ့အပြင် သူ့ကိုအသုံးချတာက ငါ့ရဲ့
ကိုယ်ကျင့်သိက္ခာကိုလည်း တော်တော်လေး
ထိခိုက်စေနိုင်တာ။
(81)
ပြီးတော့ မင်းတို့မသိလို့။ တစ်နေ့နေ့မှာ
ရွှယ်ယောင်ကျူ့က တစ်စုံတစ်ဦးရဲ့
bad side ကို သိသွားခဲ့ပြီး၊ အဲဒီသူတွေက
ရွှယ်ယောင်ကျူ့ကို ခြိမ်းခြောက်ဖို့အတွက်
ငါ့ကို ဓားစာခံအဖြစ် ဖမ်းရင်း၊ မတော်တဆ
သတ်မိသွားရင် ဘယ်လိုလုပ်မလဲ။
(82)
ရွှယ်ယောင်ကျူ့က မေးတယ်။
"ဘာ၊ ဖြစ်လို့လဲ?"
"အာ ဘာမှမဟုတ်ပါဘူး၊ ငါ bubble tea
သွားသောက်ဖို့ မင်းကိုခေါ်မလို့၊
မင်း သောက်မယ်မလား?"
"အင်း၊ သောက်မယ်"
(83)
လောလောဆယ်မှာ bubble tea က
စျေးကြီးနေပြီပဲ။ တစ်ခွက်ကို ယွမ် ၂၀ ကနေ
၃၀ အတွင်း ကျသင့်တယ်။
ငါ ဒါကို ဝယ်မသောက်နိုင်လောက်တဲ့
အနေအထား။
မီနူးကိုကြည့်နေရင်း ငါ တစ်ခုခုပြောလိုက်
ချင်တာ။ ငါ သူ့အတွက်ပဲ တစ်ခွက်ဝယ်ပြီး၊
ငါသောက်ဖို့ နောက်တစ်ခွက်ကို မဝယ်ချင်ပေ။
ဒီလိုဆိုရင် ငါက အပေါစားဆန်သွားနိုင်မလား။
ဒါကြောင့် ငါ ရွေးချယ်စရာမရှိတော့ဘဲ
အံတင်းတင်းကြိတ်ကာ၊ မီနူးကို ဆက်ကြည့်
နေမိတယ်။
ငါ သူ့ကို မေးလိုက်တယ်။
"မင်း ဘာသောက်မလဲ?"
မီနူးပေါ်က လိုင်းတစ်လိုင်းကို ရွှယ်ယောင်ကျူ့က
လက်ညိုးထိုးလိုက်တယ်။
Green tea တစ်ခွက်ကို ၂၈ ယွမ်တောင်
ကျသင့်တယ်! ဒီအစား ငါ လက်ဖက်ရည်
တစ်ထုပ်လုံးကို ဝယ်မယ်ဆိုရင် တစ်လလောက်
သောက်လို့ရတယ်!
ငါ မျည်ရည်စမ်းစမ်းနဲ့ နှစ်ခွက်ဝယ်လိုက်
ရတယ်။ ၅၆ ယွမ်ကတော့ ဒီလိုနည်းနဲ့
ကုန်သွားပြီပေါ့။ ငါ ခြေအိတ်တစ်စုံလောက်
ဝယ်ထားခဲ့ရင် အကောင်းသား။
(84)
ရွှယ်ယောင်ကျူ့က bubble tea သောက်ရင်း
မေးတယ်။
"မင်း-မင်း လက်ဖက်ရည်၊ သောက်ရတာ၊
ကြိုက်လား? ငါ့မှာ လက်ဖက်ရွက်၊အများကြီး
ရှိတယ်၊ အကုန်လုံးက၊ သူများ လက်ဆောင်ပေး
ထားတာ"
ငါ လက်ဖက်ရည်သောက်ရတာ မကြိုက်ပါဘူး!
"မင်း bubble tea ကို အ-အများကြီး၊
မသောက်သင့်ဘူး၊ ဒါက၊ မင်း-မင်းအတွက်
မကောင်းဘူး၊ သတင်းမှာ ပြော-ပြောထားတယ်၊
သကြားပမာဏ များ-များလွန်းတယ်တဲ့"
ငါ သောက်ချင်ရင်တောင် ဝယ်သောက်ဖို့
မတတ်နိုင်ဘူး!
ဆင်းရဲနွမ်းပါးမှုက ငါ့ကို သကြားနဲ့ ဝေးကွာစေ
ပြီးသား။
(85)
ငါတို့ ပထမဆုံး ဟော့ပေါ့စားကြတယ်။
ရွှယ်ယောင်ကျူ့က ဆိုတယ်။
"မင်း-မင်း စားတာ၊ နည်းတယ်နော်"
ငါ diet လုပ်နေလို့ဆိုပြီး ပြောလိုက်တယ်။
ရွှယ်ယောင်ကျူ့က ရယ်မောကာ...
"မင်းက အခု၊ အ-အနေအထားဆို၊ အဆင်ပြေ
နေပါပြီ၊ ပြီး-ပြီးတော့ diet လုပ်တာက၊
မင်း-မင်းရဲ့ဆာလောင်မှုပေါ် မူတည်တာ
မဟုတ်ဘူး၊ ငါတို့၊ မနက်တိုင်း ဖြည်းဖြည်းမှန်မှန်
ပြေးရအောင်"
(86)
ဘာကြောင့်မှန်း ရေရေရာရာမသိပေမယ့်၊
ငါ မနက်ခင်းမှာ ရွှယ်ယောင်ကျူ့နဲ့အတူ
ဖြည်းဖြည်းမှန်မှန်ပြေးပြီးနောက်၊
ဘုရားကျောင်းဆီ သွားကာ ဝတ်ပြုဆုတောင်းခဲ့
ရတယ်။
✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧