Unicode
ဟိုဆော့ ဟိုတယ်ရဲ့သီးသန့်တွေ့ဆုံခန်းထဲမှာထိုင်မရထမရဖြစ်နေသည်... တကယ်ပဲထိုသူသာပြန်လွတ်လာရင် သူတို့သုံးယောက်လုံးအကုန်သေနေ့စေ့ပီ... အဲတာအပြင်ဂျွန်းဂျန်းကုကပါသူတို့အနားမှာရောက်နေပီ... ဒီလိုနဲ့သူတို့လုပ်ခဲ့သမျှအကုန်ပေါ်ကုန်တော့မှာမဟုတ်ဖူးလား....
"ဟိုကောင်တွေ ဘာလို့ဒီလောက်ကြာနေရတာလဲ.."
"အကိုဟိုဆော့.."
"ဂျီမင်"
ပထမဆုံးအနေနဲ့အခန်းထဲကို၀င်လာသူကဂျီမင်... ဂျီမင်တကိုယ်လုံးတုန်နေပီးသိသိသာသာထိတ်လန့်နေလေသည်..
"အကို... အကိုပြောတာတကယ်ပဲလား သူ... သူလွတ်လာပီလား.."
ဟိုဆော့လဲလဲကျမတတ်ဖြစ်နေတဲ့ဂျီမင့်ကိုထူပေးရင်း နှစ်သိမ့်စကားဆိုလိုက်သည်.. တကယ်တော့သူကိုယ်တိုင်လည်းစိတ်တွေပူပန်နေရပါသည်...
"ခနနေ နမ်ဂျွန်းရောက်လာမှ အကုန်ပြောပြမယ်... စိတ်အေးအေးထားနော် ဂျီမင်.."
ဂျီမင်နဲ့ဟိုဆော့ နမ်ဂျွန်းကိုစောင့်နေလိုက်သည် မကြာခင်မှာပဲနမ်ဂျွန်းလဲထိုနေရာသို့ရောက်ရှိလာသည်...
"နမ်ဂျွန်း မင်းရောက်လာပီလား"
"သူလွတ်လာပီဆိုတာဘာကိုပြောချင်တာလဲ ဧကန္တ..."
"ဟုတ်တယ် မင်းထင်နေတဲ့သူပဲ.."
"ဒါပေမဲ့ဘလိုလုပ်.."
ဟိုဆော့ လက်သီးကိုတင်းတင်းဆုပ်လိုက်ပီး အောက်နှုတ်ခမ်းကိုအသာကိုက်လိုက်သည်..
"သူကလွတ်ဖို့အချိန်မတန်သေးဘူးလေ"
"ငါဒီကိုမလာခင်က ထောင်ဖက်ကိုသွားစုံစမ်းပီးပီ.. ထောင်ထဲမှာရှိနေတဲ့သူက သူမဟုတ်ဖူး... ကြည့်ရတာ လူစားထိုးထားတဲ့ပုံပဲ.."
ဂျီမင်ကလည်းစိတ်လှုပ်ရှားနေပီ.. သူ့ရဲ့လက်ထိပ်အရည်ပြားတွေကိုတတိတိကိုက်နေမိသည်...
"သူကိုရှာမှဖြစ်မယ်"
"ဒါပေမဲ့ သူကို ကျွန်တော်ရော bossရောမှ သေချာမမြင်ဖူးပဲ... အကိုဟိုဆော့တယောက်ပဲသူ့ကိုမှတ်မိတာမဟုတ်လား..."
ဟိုဆော့ သက်ပြင်းချလိုက်ပီး စားပွဲပေါ်မှာတင်ထားတဲ့ရေခွက်ထဲရေကိုအကုန်သောက်ပစ်လိုက်သည်..
"ဒါနဲ့ ဂျွန်းဂျန်းကုပြန်ရောက်ပီဆိုတာမင်းတို့နှစ်ယောက်လုံးသိတယ်မလား"
နမ်ဂျွန်းရော ဂျီမင်ရောဘာမှပြန်မဖြေပေ..
"မင်းတို့ငါ့ကိုဘာလို့မပြောတာလဲ"
"သူကပြဿနာမှမဟုတ်တာ"
"အခုသူကလဲပြဿနာပဲ.. သူက ကမ်ဟယ်ဆူ မဆုံးခင်က နေက်ဆုံး၀တ်ခဲ့တဲ့အ၀တ်အစားက အနီရောင်ဆိုတာသူသိနေတယ်.."
"ဘလိုလုပ်.."
ဂျီမင်ကတော့ ပြိုလဲကျတော့မတက်ဖြစ်နေပီ သူ့ရဲ့မျက်၀န်းတွေထဲကမျက်ရည်တွေကျလာလေသည်...
"ဒါက ကမ်ဟယ်ဆူ ကျွန်တော်တို့သုံးယောက်ကိုဒဏ်ခတ်တာလား... တကယ်ဆိုရင်ကျွန်တော့မှာပဲအပြစ်ရှိတာပါ"
ဟိုဆော့ ဂျီမင့်ရဲ့တုန်နေတဲ့လက်လေးကိုဆုပ်ကိုင်ပေးလိုက်သည်...
"မဟုတ်ပါဘူး ငါတို့သုံးယောင်လုံးမှာအပြစ်ရှိတာပါ.. ငါဆိုရင်လည်း သက်သေတွေကိုဖျောက်ပီး အခင်းနေရာကိုရှင်းခဲ့တဲ့အပြင် မှုခင်းဆရာ၀န်တွေနဲ့ပေါင်းပီ တခြားတယောက်အပေါ်ကိုအပြစ်ဖို့ခဲ့တာမဟုတ်လား.."
"ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကိုသတ်ပစ်ခဲ့တာလေ သူ့ရဲ့ခေါင်းကို ကျွန်တော့လက်နဲ့ကိုယ်တိုင်...."
နမ်ဂျွန်းကတော့ ဘာစကားမှမပြောပဲတခုခုကိုစဉ်းစားနေလေသည်....
ဟိုဆော့ကလဲဂျီမင့်ကိုနှစ်သိမ့်ပေးနေလေသည်...
.
.
.
.
.
.
.
ဂျန်းကုပြောလက်စဖုန်းကိုချလိုက်ပီးမဲ့ပြုံးတစ်ခုဖန်တီးလိုက်သည်..
"နောက်ဆုံးတော့ မင်းတို့သူလွတ်သွားတာကိုသိသွားပီပဲ.."
ဘေးမှာထိုင်နေတဲ့ထယ်ယောင်းကတော့ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်နေလေသည်..
"ဂျန်းကု တကယ်ပဲသူကတရားခံမဟုတ်ဖူးဆိုတာကိုမင်းယုံကြည်လား"
"အင်း ငါယုံလို့ပဲ.. သူ့ကိုကူညီပေးခဲ့တာပေါ့ အဲဒီတုန်းကရော အခုရော.."
"သူနဲ့ဘယ်တော့လောက်ဆုံဖို့စဉ်းစားထားလဲ"
"ဒီညနေ.."
ဂျန်းကုဘေးမှာရှိတဲ့ ဝိုင်ခွက်ထဲကဝိုင်ကိုအရသာခံပီးသောက်နေလိုက်တယ်...
"ကမ်နမ်ဂျွန်း ခင်များကျွန်တော့စီမှာကျရှုံးမဲ့နေ့ရောက်လာတော့မှာပါ"
ထယ်ယောင်းကဖုန်းကိုတချက်ထုတ်ကြည့်ပီး...
"ငါပြန်တော့မယ်.. ဒီနေ့ဟိုဆော့မွေးနေ့ ညနေမင်းနဲ့သွားတွေ့မှငါ့ကိုဖုန်းဆက်လိုက်လေ.."
ဂျန်းကု ထယ်ယောင်းကိုခေါင်းငြိမ့်ပြလိုက်သည်..
'ထယ်ယောင်း အကယ်၍ ဒီအမှုမှာ မင်းအရမ်းချစ်တဲ့ဂျန်းဟိုဆော့ဆိုတဲ့သူက ပါ၀င်နေခဲ့မယ်ဆိုရင် မင်းဘလိုလုပ်မလဲ.. ငါ ကမ်နမ်ဂျွန်းကိုအနိုင်ယူချင်ပေမဲ့ငါ့သူငယ်ချင်းဖြစ်တဲ့မင်းကိုမထိခိုက်စေချင်ဘူး..'
.
.
.
.
.
.
.
ဂျီမင် ဟိုဆော့အိမ်ပြန်လိုက်ပို့ပေးမယ်ပြောသည်ကိုငြင်းပီး လမ်းလျှောက်ပြန်လာခဲ့လိုက်သည်.. ဂျီမင့်၏မျက်လုံးထဲတွင်လဲ ထိုနေ့ကသွေးတွေပေကျန်နေတဲ့ ကမ်ဟယ်ဆူကသာနေရာယူထားသည်.. ဂျီမင်လုံး၀စိတ်နဲ့လူနဲ့မကပ်တော့ပေ..
*တီ.... တီ*
ကားဟွန်းတီးသံကြောင့် ဂျီမင်ထိတ်လန့်ပီးလဲကျသွားမိသည်.. တကယ်တော့ကားသည်အရှိန်ဖြင့်မောင်းလာခြင်းမဟုတ် ဂျီမင်ကသာအသိစိတ်ကပ်မနေခြင်းပင်.. ကားထဲကလူတစ်ဦးဆင်းလာပီ ဂျီမင့်ကိုလာကြည့်လေသည်...
"အတွင်းရေးမှူးပတ် ထပ်တွေ့ပြန်ပီနော်"
"ခင်များ!! မင်ယွန်းဂီ"
"ဒါနဲ့ဘာဖြစ်သွားသေးလဲ ဒဏ်ရာတွေရသွားသေးလား.."
ယွန်းဂီလဲကျနေတဲ့ဂျီမင့်ကိုထူပေးလိုက်သည်..
"ဘာမှမဖြစ်ပါဘူး.. ဒီအတိုင်းလန့်သွားရုံလေးပါ"
"ဒီနေ့အတွင်းရေးမှူးပတ်စိတ်နဲ့ကိုယ်မကပ်ဖူးထင်တယ်နော်.. သတိလေးဘာလေးတော့ထားမှပေါ့.."
"ရပါတယ် CEOမင်.. ကျွန်တော့ကိုခွင့်ပြုပါဦး.."
"ကျွန်တော်လိုက်ပို့ပေးမယ်လေ"
"မလိုပါဘူး ကျွန်တော်ဘာသာပြန်လိုက်ပါ့မယ်"
ယွန်းဂီ ထွက်သွားတဲ့ ဂျီမင့်ကိုကြည့်ရင်း တချက်ပြုံးလိုက်မိသည်..
"မင်းကိုမြင်ဖူးသလိုဖြစ်နေတာ.. အခုတော့ဘယ်မှာမြင်ဖူးလဲဆိုတာငါမှတ်မိသွားပီ... ကမ်ဟယ်ဆူရဲ့မျက်နှာကိုယူထားတဲ့ပတ်ဂျီမင်.."
.
.
.
.
.
.
.
နမ်ဂျွန်း အိမ်ရောက်ရောက်ခြင်း ဒေါသစိတ်ကြောင့်ပစ္စည်းအကုန်လုံးကို ပစ်ခွဲနေသည်.. မျက်နှာတခုလုံးဟာလည်းဒေါသအရှိန်အဟုန်ကြောင့်နီရဲ့လျက်ပင်..
"ဘလိုလုပ် ဒီလိုတွေဖြစ်ရတာလဲကွာ!!!!!"
'ခွမ်း!!!'
"သူ့ကိုရှာတွေ့မှဖြစ်မယ်.. ဟုတ်တယ်.. သူ့ကိုရှာတွေ့မှဖြစ်မယ်
ဒါပေမဲ့ငါမှသူ့ကိုသေချာမမြင်ဘူးပဲ!!!"
'ခွမ်း!!'
"တောက်!!!!!"
နမ်ဂျွန်း ပစ္စည်းတွေအကုန်လုံးကိုပစ်ခွဲပစ်နေသည်မှာတစ်အိမ်လုံးလဲရစရာမရှိတော့ပေ.. သူ့ရဲ့အချစ်တော်လေးကမ်ဆော့ဂျင်ကတော့ သူ့ကိုရှိသည်လို့ပင်မသတ်မှတ်ပဲ သူ့ချခွဲသမျှကို သီချင်းလေးနားထောင်ရင်း အေးအေးစေးစေးထိုင်ကြည့်နေလေသည်..
"အကိုလေး bossကိုတားပါဦး"
ဆော့ဂျင်သက်ပြင်းတချက်ချလိုက်ရင်း အကူညီလာတောင်းတဲ့သက်တော်စောင့်ကိုတချက်ချက်ပြုံးပြလိုက်သည်..
"မင်းတို့လို ဗလတောင့်တဲ့လူ တစ်အုပ်ကြီးတောင်သူ့ကိုမထိန်းနိုင်လို့ ဒီအတိုင်းကြည့်နေရတာမလား.. ငါလိုပိန်ပိန်သေးသေးလေးက သူ့ကိုဘလိုတားနိုင်မှာလဲ.."
"အကိုလေးကလဲဗျာ အကိုလေးကခန္ဓာကိုယ်သာသေးတာ.. ဟိုတခေါက်ထွက်ပြေးတုန်းက ကျွန်တော့ကိုထိုးလိုက်တာ တပတ်လောက်ကိုအီစောင့်သွားတာဗျ..."
ဆော့ဂျင် အစောင့်ရဲ့စကားကြောင့်အားရပါးရရယ်လိုက်မိသည်..
ဆော့ဂျင်ရဲ့ရယ်သံကြောင့်ဒေါသထွက်နေတဲ့ကမ်နမ်ဂျွန်းက မျက်လုံးနီနီကြီးတွေဖြင့်စိုက်ကြည့်နေလေသည်..
"ဘယ်ကိုလာစိုက်ကြည့်နေတာလဲ.. ခင်များဒေါသထွက်နေတာနဲ့ ကျွန်တော်ကရယ်ချင်တာတောင်ရယ်လို့မရတော့ဘူးလား.. အရူးထချင်ရင်လဲကိုယ်ဘာသာအရူးထ ကျန်တဲ့လူတွေအနေကျဉ်းကျပ်အောင်လာလုပ်မနေနဲ့.."
"တောက်!!!"
ဆော့ဂျင်ရဲ့ဒေါသထွက်စေတဲ့စကားတွေကြောင့် နမ်ဂျွန်းဟာစားပွဲခုံကြီးကိုကန်သွားပီအပေါ်ထပ်ကိုပဲတက်သွားတော့သည်... ဆော့ဂျင်ကတော့ပုံမှန်အတိုင်းပြုံးရီလျက်ပင်..
'ခင်များကိုဘယ်သူဒေါသထွက်အောင်လုပ်လိုက်လဲမသိပေမဲ့ အဲဒီလူကိုကျွန်တော်ထိုင်ရှိခိုးချင်စိတ်တောင်ပေါက်တယ်ဗျာ.. ကမ်နမ်ဂျွန်း ခင်များစိတ်တွေပူလောင်လေလေ ကျွတော့ရဲ့စိတ်တွေအေးချမ်းလေလေပဲ.. '
.
.
.
.
.
.
.
.......Namjin.....x........ Jinkook.........
AN
တိုသွားလာဟင်(´∩。• ᵕ •。∩') ညကျရင်တပိုင်းထပ်တင်ေပးပါ့မယ်(◍•ᴗ•◍)❤ အသစ်oneshotလေးလဲ wallထဲမှာရှိတယ်နော် C**Hမှာလှူထားတဲ့ဒါဒါတယောက်တောင်းဆိုထားတဲ့ဟာလေးပါ ဝေဖန်ပေးကြပါဦးနော်(●♡∀♡)
......................................................................
Zawgyi
"အကိုဟိုဆော့.."
"ဂျီမင်"
"ဒါပေမဲ့ဘလိုလုပ်.."
"သူကိုရှာမှဖြစ်မယ်"
"သူကပြဿနာမှမဟုတ်တာ"
"ဘလိုလုပ်.."
.
.
.
.
.
.
.
"ဒီညနေ.."
.
.
.
.
.
.
.
*တီ.... တီ*
"ခင်များ!! မင်ယွန်းဂီ"
.
.
.
.
.
.
.
'ခွမ်း!!!'
'ခွမ်း!!'
"တောက်!!!!!"
"တောက်!!!"
.
.
.
.
.
.
.
.......Namjin.....x........ Jinkook.........
AN
တိုသွားလာဟင်(´∩。• ᵕ •。∩') ညကျရင်တပိုင်းထပ်တင်ပေးပါ့မယ်(◍•ᴗ•◍)❤ အသစ်oneshotလေးလဲ wallထဲမှာရှိတယ်နော် C**Hမှာလှူထားတဲ့ဒါဒါတယောက်တောင်းဆိုထားတဲ့ဟာလေးပါ ဝေဖန်ပေးကြပါဦးနော်(●♡∀♡)
......................................................................