Unicode
ဆော့ဂျင်တယောက် နေရင်းထိုင်ရင်းဟိုတနေ့ကလူအကြောင်းစဉ်းစားမိပြန်သည်.. နာမည်တောင်မသိတဲ့လူတယောက်ကိုဘာလို့ဖုန်းနံပါတ်ပေးလိုက်မိလဲဆိုတာ ဆော့ဂျင်ကိုယ်တိုင်ပင်မသိတော့...သေချာသည်ကတော့ထိုလူဟာ ဆော့ဂျင်အတွေးတွေကိုအပိုင်စိုးရရှိထားသည်ကိုပင်...
"တော်ပီ... ငါသူ့အကြောင်းမတွေးတော့ဘူး... သူဘာသာဖုန်းမဆက်လဲဘာဖြစ်လဲ အဆင်ပြေသွားတာပေါ့... ဒါနဲ့နေပါဦးငါကသူ့ဖုန်းကိုမျှော်နေတာလား... သူ့ကိုပေါက်ကရတွေပြောပီးဖုန်းနံပါတ်ကြီးထိုးပေးလိုက်တာ ငါ့ကိုဘလိုထင်သွားမလဲမသိဘူး... အား!!! ကမ်ဆော့ဂျင်မင်းတော့ရူးနေပီပဲ..."
ဆော့ဂျင်တယောက် ကိုယ့်ခေါင်းကိုယ်သာနာနာရိုက်နေမိသည်... ဆော့ဂျင်အိပ်ယာထဲကနေကုန်းရုန်းထလိုက်ပီး မနက်စာစားဖို့အောက်ထပ်ကိုဆင်းလိုက်တယ်... ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲသူ့ရဲ့နတ်ဆိုး ကမ်နမ်ဂျွန်းကတော့ ထမင်းစားပွဲဝိုင်းမှာရှိမနေခဲ့ပါဘူး...
"အော်.. ငါမေ့နေတာပဲ ဒီနေ့ဟိုတယောက်ရဲ့နှစ်ပတ်လည်နေ့လေ
ကမ်နမ်ဂျွန်းဒီနေ့တော့ဟိုအခန်းထဲမှာပဲတနေကုန်ဦးမယ်ထင်တယ်.."
နှစ်တိုင်း ကမ်နမ်ဂျွန်းထိုနေ့ရောက်လျှင် ဘာမှမစား ဘာမှမသောက် ဘယ်သူနဲ့မှစကားမပြောပဲ ထိုအခန်းထဲမှာနေတတ်တာလုပ်နေကျလုပ်ရပ်တခုပင်... ဒါကိုကမ်ဆော့ဂျင်တို့ကတော့ထူးပီးစိတ်ပူမနေတော့.. အကယ်၍ထိုကောင်လေးနောက်လိုက်သွားချင်တယ်ဆိုရင်လည်းပျော်ပျော်ကြီးကပြီးတော့ကိုထည့်ပေးလိုက်ဦးပေမည်..
.
.
.
.
.
.
.
နမ်ဂျွန်း ထိုအခန်းထဲရဲ့ကြမ်းပြင်မှာပုံလဲကျလျက်ထိုက်နေသည်... လက်ထဲတွင်လည်းကောင်လေးတယောက်၏ပြုံးနေသောဓာတ်ပုံများကနေရာယူထားလေသည်... နမ်ဂျွန်းရဲ့မျက်လုံးအိမ်ကမျက်ရည်များစွာစီးကျလာပီး ထိုဓာတ်ပုံလေးပေါ်သိုကျရောက်သွားသည်..
"ဟယ်ဆူ မင်းကိုယ့်ကိုထားသွားတာ သုံးနှစ်တောင်ရှိပီနော်.. အရင်ကလိုမျိုးကိုယ့်ကိုလာဆူပါပီး ကိုယ့်ရဲ့မျက်ရည်တွေကိုသုတ်ပေးလှည့်ပါဦး ဟယ်ဆူ.."
နမ်ဂျွန်း လက်ထဲကဓာတ်ပုံလေးတွေကိုပွေ့ပိုက်ထားလိုက်သည်..
"တောင်းပန်ပါတယ် အကုန်ကိုယ့်ကြောင့်ပါ.."
'ချစ်ရသူကို ကိုယ့်လက်နဲ့ကိုယ်ပြန်သတ်မိတဲ့အဖြစ်.. ချစ်ရသူဟာကိုယ့်လက်ပေါ်မှာတင်သေသွားတဲ့အဖြစ်... ဒီလိုအဖြစ်မျိုးကို ဘယ်သူကခံနိုင်ရည်ရှိမှာလဲ... ကမ်နမ်ဂျွန်းဖြစ်နေလို့.. ကိုယ်ကကမ်နမ်ဂျွန်းဖြစ်နေလို့သာ တောင့်ခံနိုင်နေတာ.. တခြားတယောက်သာဆိုရင် သေချာပေါက်ရူးသွပ်မိမယ်ထင်တယ်..'
ထိုရက်မှာ ကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့တဲ့ကောင်လေးနှစ်ယောက်လဲရှိနေမှာသေချာသည်.. သူတို့သုံးယောင်ရဲ့အပြစ်တင်စိတ်တွေကတော့ ကမ်ဟယ်ဆူရဲ့သေဆုံးမှုနဲ့အလုံးစုံကိုတိုက်ရိုက်ပတ်သတ်နေသည်...
.
.
.
.
.
.
.
ဂျီမင် ဒီနေ့ ဟိုဆော့နဲ့ဖုန်းပြောဖြစ်သည်.. ဟိုဆော့ကတော့ ဟယ်ဆူ့ရဲ့အုတ်ဂူစီကိုသွားမယ်တဲ့.. သူဘယ်လိုစိတ်နဲ့များထိုသူ့အုတ်ဂူရှေ့မှာရပ်နေနိုင်မှာလဲ.. သူ့ရဲ့မျက်နှာနဲ့ သူ့ကိုသတ်ထားတဲ့ဒီလက်တစ်စုံနဲ့ဘယ်လိုများသူ့ရှေ့မှာရပ်နိုင်မှာလဲ... ဟိုဆော့ကိုတော့မလိုက်တော့ဘူးလိုငြင်းထားလိုက်သည်.. တကယ်တော့ ထိုသူ့ရှေ့မှာ ရပ်ဖို့သတ္တိရှိမနေခဲ့တာပင်..
"ကမ်ဟယ်ဆူ မင်းကတော့ငါ့ကိုအရမ်းမုန်းနေမှာပဲနော်.. ငါ့ကိုတင်မဟုတ်ဘူး သူ့ကိုရော အကိုဟိုဆော့ကိုရော ငါတို့သုံးယောက်လုံးကိုမင်းမုန်းနေမှာပေါ့.. ဒါပေမဲ့တကယ်တော့အပြစ်ရှိတဲ့သူကငါပါ... ကမ်နမ်ဂျွန်းသူကမင်းကိုဘလောက်ချစ်တယ်ဆိုတာ မင်းသိတယ်မလား.. အဲဒီတုန်းကသူအသိစိတ်လွတ်နေခဲ့လို့ပါ.. အကိုဟိုဆော့ကတော့ မတတ်သာလို့သာနောက်ပိုင်းကိစ္စတွေကိုရှင်းလင်းပေးခဲ့ရတာပါ.. မင်းမုန်းမယ်ဆိုရင်ငါ့ကိုပဲမုန်းပါ... ငါ့ကိုပဲအပြစ်ပေးပါ"
ဂျီမင် တယောက်တည်းငိုကြွေးနေမိသည်... ပုံမှန်ခြောက်ခြားစရာအိမ်မက်ဆိုးကြီးဟာ ဒီနေ့မှပိုပီးခြောက်ခြားနေသလိုပင်..
.
.
.
.
.
.
.
အုတ်ဂူတခုပေါ်မှာ ထွင်းထားတဲ့နာမည်လေး ကမ်ဟယ်ဆူ... အဲဒီအုတ်ဂူလေးရှေ့မှာ ချထားတဲ့ အနက်ရောင်နှင်းဆီပန်းတစည်း.. အဲဒီအုတ်ဂူလေးရှေ့မှာ အဖြူရောင်နှင်းဆီပန်းနဲ့ အဝါရောင်နှင်းဆီပန်းနှစ်စီးကိုကိုင်ရင်းရပ်နေတဲ့လူတယောက်..
သူကတော့ ဂျွန်းဂျန်းကု..
"ဟယ်ဆူ မင်းငါတို့သူငယ်ချင်းနှစ်ယောက်ကိုထားသွားခဲ့တာကြာပီနော်.. အရင်လိုငါရယ် မင်းရယ် ထယ်ယောင်းရယ် သွားနေကြမုန့်ဆိုင်လေးကအဒေါ်ကြီးကတောင် ငါနဲ့ထယ်ယောင်းသွားထိုင်ရင် မင်းမပါလာဘူးလားဆိုပီးတောင်မေးတတ်တယ်.. တကယ်ဆိုရင် ငါနိုင်ငံခြားကိုထွက်မသွားခဲ့ရမှာ.. မင်းကိုစောင့်ရှောက်ပေးခဲ့ရမှာ... တောင်းပန်ပါတယ် ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေး ဟယ်ဆူ..."
ဂျန်းကု အုတ်ဂူလေးပေါကို ထယ်ယောင်းကဟယ်ဆူအတွက်၀ယ်ပေးလိုက်တဲ့ အဝါရောင်ပန်းစည်းလေးရယ် သူကိုယ်တိုင်ရွေး၀ယ်ခဲ့တဲ့အဖြူရောင်ပန်းစည်းလေးရယ်ကိုတင်ထားလိုက်တယ်.. ပီးတော့ဂျန်းကုထိုအုတ်ဂူလေးကိုနောက်ကျောပေးပီးထွက်လာခဲ့လိုက်တယ်... ဒါပေမဲ့အပြန်မှာ လူတယောက်နဲ့ထိတ်တိုက်စုံမိသွားတယ်... သူကတော့ဂျန်းဟိုဆော့...
"မင်း!!! ဂျန်းကုမလား.."
ဟိုဆော့အံ့ဩသင့်စွာမေးလိုက်တယ်.. ဂျန်းကုလည်းပြုံးပြရင်း..
"အကိုဟိုဆော့ နေကောင်းတယ်မလား.."
"မင်းဘယ်တုန်းကပြန်ရောက်တာလဲ..?"
ဂျန်းကုကထိုမေးခွန်းကိုမဖြေပဲ..
"ကမ်နမ်ဂျွန်းကတော့ သိလောက်မယ်ထင်တယ် ကျွန်တော်ပြန်လာမယ်ဆိုတာကို.. အကို့ကိုမပြောပြဘူးလား"
ဟိုဆော့ခေါင်းရမ်းပြလိုက်သည်..
"ကျွန်တော်သွားစရာလေးရှိသေးလို့ခွင့်ပြုပါဦး.."
ဂျန်းကု ဟိုဆော့ကိုကျော်သွားပီးမှ နောက်ကိုပြန်ဆုတ်လာပီး ဟိုဆော့နား နားမှာကပ်ပြောလိုက်တယ်..
"ဒီအနီရောင်နှင်းဆီတွေက ဟယ်ဆူ့အတွက်လား.. ဘယ်လိုလုပ်မလဲ ဟယ်ဆူကအနီရောင်ကိုကြိုက်သေးပါဦးမလားမသိဘူး.. သူဆုံးသွားတုန်းကနောက်ဆုံး၀တ်ခဲ့ရတာက သွေးတွေပေနေတဲ့အနီရောင်၀တ်စုံလေ.."
ဂျန်းကုကတော့ဘာမှမဖြစ်သလိုထွက်သွားနိုင်ပေမဲ့ ဟိုဆောါကတော့သွေးပျက်စွာနဲ့လဲကျသွားတယ်..
"သူဘလိုသိတာလဲ.. ကမ်ဟယ်ဆူသေတုန်းကအနီရောင်၀တ်ထားတယ်ဆိုတာ.. ငါတို့သုံးယောက်ပဲသိတာလေ.. ပီးတော့အဲဒီအနီရောင်၀တ်စုံကို ဖျက်စီးပီးတခြား၀တ်စုံတထည်အစားထိုးခဲ့တာမလား.. သူကဘလိုလုပ်ပီးအနီရောင်၀တ်စုံမှန်းသိနေရတာလဲ.."
ဟိုဆော့ စိတ်ကိုပြန်အားတင်းရင်း ကမ်ဟယ်ဆူ့အုတ်ဂူပေါ်ကိုကြည့်လိုက်တော့ ပန်းစည်းသုံးစည်း.. ဟိုဆော့လည်းပန်းစည်းတွေကိုယူကြည့်တော့ အဖြူရောင်နဲ့ အဝါရောင်ပန်းစည်းမှာတော့ ဂျန်းကုနဲ့ထယ်ယောင်းနာမည်ကိုထိုထားပီး အနက်ရောင်နှင်းဆီမှာထိုးထားတဲ့နာမည်ကတော့..
"......."
ဟိုဆော့လက်ထဲကပန်းစည်းတွေအကုန်လွတ်ကျသွားသည်..
"သူကဘလိုလုပ် ဘလိုလုပ်ပီး.. အခုချိန်မှာသူထောင်ထဲမှာရှိနေရမှာမလား.. ဘလိုဖြစ်ပီး
မဖြစ်ဘူး.. ငါ နမ်ဂျွန်းကိုပြောရမယ်"
ဟိုဆော့ နမ်ဂျွန်းကိုဖုန်းဆက်ပေမဲ့နမ်ဂျွန်းကတော့ဖုန်းမကိုင်ခဲ့ပါဘူး..
"ဘလိုဖြစ်တာလဲ မြန်မြန်ကိုင်စမ်းပါ.. မဟုတ်သေးဘူး.. ငါဂျီမင့်စီကိုဆက်ရမယ်"
ဂျီမင်စီကိုဖုန်းဆက်ပြန်တော့လည်း ဂျီမင့်ဖုန်းကစက်ပိတ်ထားသည်..
"ဟာ ဘလိုတွေဖြစ်နေတာလဲ..?"
နောက်ဆုံးတော့ဟိုဆော့ နှစ်ယောက်လုံးစီကို messageပို့ထားလိုက်သည်..
'သူပြန်လွတ်လာပီ...'
.
.
.
.
.
.
.
......Namjin.....x........Jinkook...........
AN:
ဒီအပိုင်းမှာတော်တော်ဂှုပ်သွားကြတယ်မလား(・∀・) ကမ်ဟယ်ဆူနဲ့ ဂျန်းကုတို့ ထယ်ယောင်းတို့ကသူငယ်ချင်းတွေပါ အပိုင်း3လား 4လားမသိဘူး အဲဒီမှာဂျန်းကုကြည့်တဲ့သုံးယောက်တွဲပုံလေးဆိုတာ ဟယ်ဆူရယ် ဂျန်းကုရယ် ထယ်ယောင်းရယ်ပါ◉‿◉ နောက်တပတ်မှပြန်တွေကြမယ်နော်ဒါဒါတို့(☆▽☆) love you all(◍•ᴗ•◍)❤
...............................................................
Zawgyi
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"မင်း!!! ဂျန်းကုမလား.."
"......."
"ဟာ ဘလိုတွေဖြစ်နေတာလဲ..?"
'သူပြန်လွတ်လာပီ...'
.
.
.
.
.
.
.
......Namjin.....x........Jinkook...........
AN:
ဒီအပိုင်းမှာတော်တော်ဂှုပ်သွားကြတယ်မလား(・∀・) ကမ်ဟယ်ဆူနဲ့ ဂျန်းကုတို့ ထယ်ယောင်းတို့ကသူငယ်ချင်းတွေပါ အပိုင်3းလား 4လားမသိဘူး အဲဒီမှာဂျန်းကုကြည့်တဲ့သုံးယောက်တွဲပုံလေးဆိုတာ ဟယ်ဆူရယ် ဂျန်းကုရယ် ထယ်ယောင်းရယ်ပါ◉‿◉ နောက်တပတ်မှပြန်တွေကြမယ်နော်ဒါဒါတို့(☆▽☆) love you all(◍•ᴗ•◍)❤
...............................................................