Only you (Complete)

By wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... More

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*24*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*8*

1.5K 169 16
By wintshweyi

Unicode

"အကိုလေး bossကခေါ်ခိုင်းလိုက်လို့ပါ..."

ဂျင်စိတ်ပျက်စွာသက်ပြင်းချလိုက်မိသည်.. ဂျင်ခုံပေါ်က၀တ်လက်စ စိန်နားကပ်အကွင်းလေးကို ဘယ်ဘက်နားမှာတက်လိုက်ပီး ကမ်နမ်ဂျွန်းပေးထားတဲ့အဖိုးတန်နာရီကို လက်မှာပတ်လိုက်တယ်...

"ရပီ... သွားမယ်.."

ဂျင် နမ်ဂျွန်းခေါ်ဖို့လွှတ်လိုက်တဲ့ကားနဲ့လိုက်သွားလိုက်တယ်.. ဒါပေမဲ့ဂျင့်ရဲ့အတွေးထဲမှာတော့ ဒီပွဲကဘာအတွက်ကျင်းပတယ်ဆိုတာကိုစဉ်းစားမရလောက်အောင်ဖြစ်နေတယ်.. ဂျင်တွေးလက်စအတွေးကိုရပ်ပီး ခနလောက်မှိန်းနေလိုက်တယ်...
.
.
.
.
.
.
.
.
"အကိုလေး ရောက်ပါပီ"

ဂျင်အိပ်ချင်မူးတူးနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့ရောက်နေတာက တခါမှမရောက်ဖူးခဲ့တဲ့ကမ်နမ်ဂျွန်းရဲ့ကုမ္ပဏီ...

'ကမ်နမ်ဂျွန်း ခင်များဘာလုပ်ဖို့ကြံနေတာလဲ.. ကျွန်တော်နဲ့လက်ထပ်ထားတာကိုဘယ်သူ့ကိုမှမသိစေချင်လို့ ခင်များပဲ ကုမ္ပဏီကိုမလာခိုင်းခဲ့တာမဟုတ်လား.. အခုမှဘာအရူးလုပ်ရပ်တွေလုပ်နေရတာလဲ..'

ဂျင် ကားပေါ်ကနေဆင်းလိုက်ပီး ကုမ္ပဏီထဲကို၀င်လိုက်တယ်...
.
.
.
.
.
.
.
.
"ဂျန်းကု မင်းတကယ် ဒီပွဲကိုတက်မှာလား.."

ဂျန်းကု ထယ်ယောင်းကိုချက်ကြည့်လိုက်တယ်

"ရောက်တောင်ရောက်တော့မှာကိုအခုမှဘာထဖြစ်တာလဲ?"
"ငါပြောချင်တာက..."

ထယ်ယောင်းဘာပြောချင်တယ်ဆိုတာ သူ့ရဲ့မျက်လုံးတွေကိုကြည့်တာနဲ့ဂျန်းကုသိပါတယ်...

"မင်းဘာပြောချင်တာလဲ ငါသိပါတယ်"
"ဒါဆို..."
"မလောပါနဲ့ ငါသူနဲ့ထိပ်တိုက်စုံဖို့အစီအစဉ်မရှိသေးဘူး.. သူဘာလုပ်မယ်ဆိုတာသိချင်ရုံသက်သက်ပဲ..."

ထယ်ယောင်းကတော့ ဂျန်းကုကိုကြည့်ရင်းသက်ပြင်းရှည်တခုကိုချလိုက်တယ်..
ဂျန်ကု ထယ်ယောင်းဘက်ကိုတချက်လှည့်ကြည့်ရင်းစကားစပြောလိုက်တယ်..

"မင်း ကမ်ဆော့ဂျင်ကိုသိလား.."
"မင်းက ဘာလုပ်မလို့လဲ"

ထယ်ယောင်း ဂျန်းကုကိုသေချာစိုက်ကြည့်လိုက်တယ်..

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲမေးတာ.."
"ဘာပဲဖြစ်ဖြစ် မင်းသူနဲ့မပတ်သတ်မိအောင်နေ သူနဲ့မတွေ့ဖြစ်အောင်နေ ကုန်ကုန်ပြောရရင်သူ့အကြောင်းကိုတောင်မတွေးမိစေနဲ့ကွာ.."

ဂျန်းကု ထယ်ယောင်းကိုကြည့်ရင်းမေးလိုက်တယ်..

"ဘာဖြစ်လို့လဲ"
"မင်းသူက ကမ်နမ်ဂျွန်းနဲ့ ဘယ်လိုပတ်သတ်တယ်ဆိုတာသိပီးသားမလား"

ဂျန်းကုတချက်ပြုံးလိုက်ရင်းဖြေလိုက်တယ်..

"ဘာလဲ.. မင်းကငါ့ ကမ်နမ်ဂျွန်းကိုကြောက်နေတယ်ထင်လို့လား"

ထယ်ယောင်း ခေါင်းကိုရမ်းလိုက်ပီး ဂျန်းကုပုခုံးကိုအသာလေးပုတ်လိုက်တယ်..

"မင်းမကြောက်မှန်းငါသိတယ်... မင်းသူ့ကိုဘလောက်မုန်းလဲဆိုတာလဲ ငါသိတယ်.."

ဂျန်းကု ထယ်ယောင်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်တယ်...

"ဒါဆိုဘာလို့လဲ..."

ထယ်ယောင်း သက်ပြင်းရှည်တချက်ချလိုက်တယ်..

"မင်း ကမ်ဆော့ဂျင်ကိုအသုံးချဖို့လုပ်နေတာမလား..."

ဂျန်းကု မငြင်းမိသလို ပြန်လည်းမဖြေခဲ့ပေ..

"မင်းသူ့ကိုအသုံးချဖို့လုပ်နေတာကိုရပ်လိုက်ပါ.. သူက မင်းထင်ထားတာထက်ပိုပီးအန္တရာယ်ရှိတယ်"

ဂျန်းကု တချက်ရယ်လိုက်ပီး ထယ်ယောင်းကိုပြောလိုက်တယ်..

"ငါကို ကမ်နမ်ဂျွန်းတောင်ဘာမှမလုပ်နိုင်တာ သူကငါ့ကိုဘာများလုပ်နိုင်မှာမို့လို့လဲ.."

ထယ်ယောင်း ဂျန်းကုကို ဆက်ပီးစကားပြောလိုက်တယ်..

"ကောင်းပီ.. ငါပြောပြမယ်.. သူက ကမ်နမ်ဂျွန်းထက်ပိုအန္တရာယ်ရှိတယ်.. အခန့်မသင့်ရင်မင်းရဲ့လက်စားချေဖို့အစီအစဉ်တွေပါသူ့ကြောင့်ပျက်သွားနိုင်တယ်.. "

ဂျန်းကု ထယ်ယောင်းပြောတာကိုစိတ်မ၀င်စားသလိုနေလိုက်တယ်..

"သူက မင်းထင်သလောက်မလွယ်ဘူး.. သူကကမ်နမ်ဂျွန်းထက်တောင်ပိုပီးအင်အားကြီးတဲ့ပိုင်ဖက်ဖြစ်နေနိုင်တယ်.. အကယ်၍မင်းသူ့ကိုပတ်သတ်မိရင် မင်းသူ့စီကနေဘယ်တော့မှပြန်ရုန်းထွက်နိုင်တော့မှာမဟုတ်ဖူး.."
"မင်းဘာကိုပြောချင်တာလဲ.."
"ငါစိုးရိမ်တာတခုပဲရှိတယ်.. အဲတာက မင်းသူ့ကိုလက်စားချေဖို့ချဉ်းကပ်ရင်း နောက်ဆုံး မင်းသူ့စီမှာကျရှုံးသွားမှာကိုပဲ.."
"ငါက သူ့စီမှာဘာကိစ္စနဲ့မှကျရှုံးစရာအကြောင်းမရှိဘူး ထယ်ယောင်း.."
"အကယ်၍ မင်း သူ့ကိုချစ်မိသွားရင်ရော.."
"ဘာ.."

ဂျန်းကု ထယ်ယောင်းကို အံဩစွာကြည့်လိုက်တယ်..

"မင်းသူ့ကိုမချစ်မိပါဘူးလို့ အာမခံနိုင်လား.. လူတချို့ကပြောကျတယ် ကမ်ဆော့ဂျင်ရဲ့အပြုံး ကမ်ဆော့ဂျင်ရဲ့အလှက ဘယ်ယောက်ျားလေး မိန်းကလေးမှ ရုန်းထွက်နိုင်မဲ့အရာမျိုးမဟုတ်ဖူးတဲ့.. အကုန်လုံးသူ့အပြုံး အလှအောက်မှာကျရှုံးရတာပဲ.. အဲဒီထဲမှာ မင်းမပါဘူးလို့ အာမခံနိုင်လား"

ဂျန်းကု ခနတာ တွေဝေနေမိတယ်.. ဒါပေမဲ့လည်းသူ့ရဲ့တွေဝေနေတဲ့အတွေးတွေကိုဆန့်ကျင်ပီး ပြတ်သားစွာပဲ ထယ်ယောင်းကိုပြောလိုက်တယ်..

"ငါ အာမခံနိုင်တယ်ဆိုရင်ရော"
"....."
"သူ့ကိုမချစ်မိဖို့..သူ့စီမှာမကျရှုံးဖို့ ငါကအာမခံနိုင်တယ်ဆိုရင်ရော.."

'ဟုတ်တယ်.. အကယ်၍ငါသူ့ကိုချစ်မိခဲ့ရင်တောင် အဲဒီအချစ်တွေကိုငါကိုယ်တိုင်ဖယ်ထုပ်ပစ်မယ်.. ဘာလို့လဲဆိုရင် ငါသူ့ကိုချစ်တယ်ဆိုတာထက် ကမ်နမ်ဂျွန်းကိုလက်စားချေဖို့ကပိုပီးအရေးပါတယ်..'

ထယ်ယောင်း ထွက်သွားတဲ့ဂျန်းကုရဲ့နောက်‌ေကျာပြင်ကိုငေးကြည့်နေမိတယ်..

'ဂျန်းကု ငါကမင်းရဲ့သူငယ်ချင်းပါ.. မင်းအကြောင်းကိုငါသိတယ်.. ခုနကမင်းသူ့နာမည်ကိုပြောတုန်းက မင်းမျက်လုံးတွေထဲကနေ သူ့အပေါ်ထားတဲ့ခံစားချက်ကိုငါတွေ့နေရတယ်... မင်းသူ့ကိုအသုံးချရာကနေ မင်းဒုက္ခရောက်လိမ့်မယ်.. ဘယ်လိုလူမျိုးမဆို အချစ်ရှေ့မှာကျရှုံးသွားရတာပဲ ဂျန်းကု.. ငါစိုးရိမ်တာက နောက်ဆုံးမှာမင်းဒီထက်ပိုပီးနာကျင်ရမှာကိုပဲ..'
.
.
.
.
.
.
.
.
"ရောက်လာပီလား.."

ဆော့ဂျင် ခေါင်းကို အသာငြိမ့်ပြပီးဆိုဖာပေါ်မှာထိုင်နေလိုက်တယ်..

"ခနနေရင် သွားရတော့မယ်..."

ဆော့ဂျင် ဂရုမစိုက်သည့်အလား စားပွဲပေါ်က မဂ္ဂဇင်းစာအုပ်ကိုသာဟိုလှန်ဒီလှန်လှန်နေလိုက်တယ်..
နမ်ဂျွန်းလည်း သူ့ရဲ့အလုပ်တွေကိုပဲတစိုက်မတ်မတ်လုပ်နေလိုက်တယ်..

"Boss သတင်းထောက်တွေအကုန်စုံပါပီ.."
"အင်း ဒါဆို..."

နမ်ဂျွန်းစကားမဆုံးခင် ထပီးအပြင်ထွက်သွားတဲ့ဆော့ဂျင်ကြောင့် နမ်ဂျွန်းလည်းသက်ပြင်းချရင်းပဲနောက်ကနေလိုက်သွားလိုက်တယ်.. အခန်းတခုရှေ့ရောက်တော့ နမ်ဂျွန်းက ဂျင့်လက်ကိုလှမ်းဆွဲလိုက်တယ်.. ဂျင်ကလည်းဘာလဲဆိုတဲ့သဘောနဲ့ပြန်ပီးစိုက်ကြည့်လိုက်တယ်...

"ဒီထဲမှာသတင်းထောက်တွေရှိတယ်"

နမ်ဂျွန်း စကားပြောရင်း ဆွဲကိုင်ထားတဲ့ ဆော့ဂျင်ရဲ့လက်ကိုသူ့ရဲ့လက်မောင်းပေါ်ကိုတွယ်ချိတ်စေလိုက်တယ်.. သူတို့အခန်းထဲကို၀င်လိုက်တာနဲ့ ကင်မရာမီးရောင်တွေတဖြတ်ဖြတ်အပြင် သတင်းတထာက်တွေကပါ တယောက်တပေါက်မေးခွန်းတွေစမေးကြတယ်...

"Kim Seok Jin shi..
CEO Kim Namjoonနဲ့လက်ထပ်ထားရတဲ့အကြောင်းအရင်းလေးသိခွင့်ရှိမလားရှင့်"

ထိုင်ခုံမှာတောင်မထိုင်ရသေးခင် မေးလိုက်တဲ့သတင်းထောက်ရဲ့စကားတခွန်းကြောင့် ဆော့ဂျင်အခြေအနေတွေအကုန်လုံးကိုသဘောပေါက်သွားတော့သည်

'လက်စသတ်တော့ ခင်များက ကျွန်တော့ကိုပြေးစရာမြေမရှိအောင်လုပ်နေတာပဲ... ကျွန်တော့ကိုလူသိရှင်ကြားချပြလိုက်ရင် ကျွန်တော်ထွက်မပြေးနိုင်တော့ဘူးလို့ထင်နေတာမလား.. ဒါပေမဲ့ဘယ်လိုလုပ်မလဲ ဒီအခွင့်အရေးကိုအသုံးချပီး ကျွန်တော်ကခင်များသိက္ခာတွေကိုရစရာမရှိအောင်ချပစ်တော့မှာလေ..'

ဆော့ဂျင် မဲ့ပြုံးတချက်ပြုံးလိုက်ရင်း သတင်းထောက်ရဲ့မေးခွန်းကိုပြန်ဖြေပေးလိုက်တယ်..

"အိုး ခင်များတို့ကဒီကိစ္စကိုသိချင်ကြတယ်ပေါ့.. okလေ ပြောပြတာပေါ့.  တကယ်တော့ ကျွန်တော်ကငွေနဲ့အသိမ်းခံခဲ့ရတာလေ"

ဆော့ဂျင်ရဲ့စကားအဆုံးမှာ သတင်းထောက်တွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်..

"ဘာလို့အသိမ်းခံရတာလဲ.. သိချင်သေးလား.."

ဆော့ဂျင် ခပ်ရွဲ့ရွဲ့မေးလိုက်တော့ သတင်းထောက်တွေရဲ့သိချင်စိတ်တွေဟာ ပိုပီးပြင်းပြလာကြတယ်..

"ဘာလို့လဲဆိုရင်...."

ဆော့ဂျင်ရဲ့စကားမဆုံးသေးခင်မှာပဲ နမ်ဂျွန်းကစကားစဖြတ်လိုက်တယ်...

"ဒါက ကျွန်တော်တို့ရဲ့ personalကိစ္စမို့လို့ အခုဖြေဖို့သိပ်အဆင်မပြေပါဘူး"

ဂျင်တချက်ပြုံးလိုက်မိတယ်..

'ခင်များသိပ်လည်းတတ်နိုင်ပါ့လား ကမ်နမ်ဂျွန်းရယ်..'

နမ်ဂျွန်းရဲ့စကားအပီးမှာ သတင်းထောက်တွေရဲ့မေးခွန်းတွေဟာလည်းထပ်မံရောက်ရှိလာတယ်..

"CEO Kimမှာ အရင်ကသူတို့သားလောင်းတယောက်ရှိခဲ့ဖူးတယ်လို့သိရပါတယ် ဟုတ်ပါသလား.."

သတင်းထောက်ရဲ့အမေးကို နမ်ဂျွန်းကမဖြေမိပေမဲ့ အခွင့်အရေးကိုချောင်းနေတဲ့ ဆော့ဂျင်ကတော့ လျင်မြန်စွာပဲဖြေလိုက်တယ်..

"ခင်များတို့လဲ သူ့ကိုသိတာလား.. ဒါဆိုသူကကျွန်တော်နဲ့ရုပ်ချင်းအရမ်းဆင်တယ်ဆိုတာကိုရော ခင်များတို့သိလား.."

သတင်းထောက်တွေက ဆော့ဂျင်ရဲ့အပြောစကားကိုအသေးစိတ်နားထောင်နေကြတယ်..

"တကယ်တော့ ကျွန်တော်ကအစားထိုး ဖြစ်ခဲ့တာလေ..
အဲဒီသူ့ရဲ့အရင်လူနေရာမှာအစားထိုး.. ဘာလို့ဆို ကျွန်တော့ရုပ်ကသူနဲ့အရမ်းတူနေလို့လေ.. ဒါပေမဲ့ ကျွန်တော့ထက်ပိုပီး တူတဲ့သူတယောက်သေးရှိ‌တယ်.. သူကကမ်နမ်ဂျွန်းနဲ့အရမ်းနီးကပ်တဲ့သူတယောက်လေ.."

နမ်ဂျွန်း စားပွဲခုံကိုဒေါသတကြီးရိုက်ချလိုက်ပီးထိုင်ခုံကနေထလိုက်တယ်..

"ကျွန်တော်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကိုဒီမှာပဲရပ်နားလိုက်ပါတယ်.. အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်.."

အရှေ့ကနေထွက်သွားတဲ့ နမ်ဂျွန်းကိုကြည့်ရင်း ဆော့ဂျင်ရီလိုက်မိတယ်..

'ခင်များ ကျွန်တော့ကိုဒီလိုမျိုးလာလုပ်လို့မရပါဘူး ကမ်နမ်ဂျွန်း..'

တဖက်မှာလည်း သတင်းစာရှင်းလင်းပွဲနောက်ဆုံးခုံမှာထိုင်နေတဲ့ ဂျန်းကုနဲ့ထယ်ယောင်း..

"ငါပြောသားပဲဂျန်းကု ကမ်ဆော့ဂျင်က မင်းထင်သလောက်မလွယ်ဘူးလို့.."
"မင်းစောင့်ကြည့်နေလိုက်ပါ ငါသူ့ကိုအသုံးချရင်း ကမ်နမ်ဂျွန်းကိုအနိုင်ယူပြမယ်.."

'တောင်းပန်ပါတယ် ကမ်ဆော့ဂျင်.. မင်းကငါတို့နှစ်ယောက်ကြားထဲကကိစ္စနဲ့မသက်ဆိုင်ဘူးဆိုပေမဲ့သူ့ရဲ့အားနည်းချက်ကမင်းဖြစ်နေတာကိုပဲအပြစ်တင်ရမယ်.. ငါသူ့ကိုအနိုင်ယူဖို့မင်းကိုအသုံးချရလိမ့်မယ်..'

ဂျန်းကုရဲ့မျက်၀န်းထဲမှာအမုန်းမီးတွေအပြင် အနိုင်လိုချင်စိတ်တွေပါပြည့်နှက်သွားခဲ့တယ်...
.
.
.
.
.
.
.
.....Namjin.....x......jinkook.......
AN

သာသာ နေမကောင်းလို့အချိန်အတော်ကြာမတင်ပေးဖြစ်ခဲ့ပါဘူး.. စောင့်နေတဲ့သူလေးတွေအကုန်ကျေးဇူးပါနော်.. ဒီအပိုင်းနဲနဲတော့တိုသွားတယ်... ‌မနက်ဖြန်ကျရင်oneshotလေးတပုဒ်လည်းတင်ပေးပါ့မယ်.. updatedမှန်အောင်လဲကြိုးစားပေးပါ့မယ်နော်.. အားလုံးပဲအန္တရာယ်ကင်းကြပါစေနော်...😘love you all❤️
........................................................................
Zawgyi

"အကိုေလး bossကေခၚခိုင္းလိုက္လို႔ပါ..."

ဂ်င္စိတ္ပ်က္စြာသက္ျပင္းခ်လိုက္မိသည္.. ဂ်င္ခုံေပၚက၀တ္လက္စ စိန္နားကပ္အကြင္းေလးကို ဘယ္ဘက္နားမွာတက္လိုက္ပီး ကမ္နမ္ဂြၽန္းေပးထားတဲ့အဖိုးတန္နာရီကို လက္မွာပတ္လိုက္တယ္...

"ရပီ... သြားမယ္.."

ဂ်င္ နမ္ဂြၽန္းေခၚဖို႔လႊတ္လိုက္တဲ့ကားနဲ႔လိုက္သြားလိုက္တယ္.. ဒါေပမဲ့ဂ်င့္ရဲ႕အေတြးထဲမွာေတာ့ ဒီပြဲကဘာအတြက္က်င္းပတယ္ဆိုတာကိုစဥ္းစားမရေလာက္ေအာင္ျဖစ္ေနတယ္.. ဂ်င္ေတြးလက္စအေတြးကိုရပ္ပီး ခနေလာက္မွိန္းေနလိုက္တယ္...
.
.
.
.
.
.
.
.
"အကိုေလး ေရာက္ပါပီ"

ဂ်င္အိပ္ခ်င္မူးတူးနဲ႔မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ မ်က္စိေ႐ွ႕ေရာက္ေနတာက တခါမွမေရာက္ဖူးခဲ့တဲ့ကမ္နမ္ဂြၽန္းရဲ႕ကုမၸဏီ...

'ကမ္နမ္ဂြၽန္း ခင္မ်ားဘာလုပ္ဖို႔ၾကံေနတာလဲ.. ကြၽန္ေတာ္နဲ႔လက္ထပ္ထားတာကိုဘယ္သူ႕ကိုမွမသိေစခ်င္လို႔ ခင္မ်ားပဲ ကုမၸဏီကိုမလာခိုင္းခဲ့တာမဟုတ္လား.. အခုမွဘာအ႐ူးလုပ္ရပ္ေတြလုပ္ေနရတာလဲ..'

ဂ်င္ ကားေပၚကေနဆင္းလိုက္ပီး ကုမၸဏီထဲကို၀င္လိုက္တယ္...
.
.
.
.
.
.
.
.
"ဂ်န္းကု မင္းတကယ္ ဒီပြဲကိုတက္မွာလား.."

ဂ်န္းကု ထယ္ေယာင္းကိုခ်က္ၾကည့္လိုက္တယ္

"ေရာက္ေတာင္ေရာက္ေတာ့မွာကိုအခုမွဘာထျဖစ္တာလဲ?"
"ငါေျပာခ်င္တာက..."

ထယ္ေယာင္းဘာေျပာခ်င္တယ္ဆိုတာ သူ႕ရဲ႕မ်က္လုံးေတြကိုၾကည့္တာနဲ႔ဂ်န္းကုသိပါတယ္...

"မင္းဘာေျပာခ်င္တာလဲ ငါသိပါတယ္"
"ဒါဆို..."
"မေလာပါနဲ႔ ငါသူနဲ႔ထိပ္တိုက္စုံဖို႔အစီအစဥ္မ႐ွိေသးဘူး.. သူဘာလုပ္မယ္ဆိုတာသိခ်င္႐ုံသက္သက္ပဲ..."

ထယ္ေယာင္းကေတာ့ ဂ်န္းကုကိုၾကည့္ရင္းသက္ျပင္း႐ွည္တခုကိုခ်လိုက္တယ္..
ဂ်န္ကု ထယ္ေယာင္းဘက္ကိုတခ်က္လွည့္ၾကည့္ရင္းစကားစေျပာလိုက္တယ္..

"မင္း ကမ္ေဆာ့ဂ်င္ကိုသိလား.."
"မင္းက ဘာလုပ္မလို႔လဲ"

ထယ္ေယာင္း ဂ်န္းကုကိုေသခ်ာစိုက္ၾကည့္လိုက္တယ္..

"ဘာမွမဟုတ္ပါဘူး ဒီအတိုင္းပဲေမးတာ.."
"ဘာပဲျဖစ္ျဖစ္ မင္းသူနဲ႔မပတ္သတ္မိေအာင္ေန သူနဲ႔မေတြ႕ျဖစ္ေအာင္ေန ကုန္ကုန္ေျပာရရင္သူ႕အေၾကာင္းကိုေတာင္မေတြးမိေစနဲ႔ကြာ.."

ဂ်န္းကု ထယ္ေယာင္းကိုၾကည့္ရင္းေမးလိုက္တယ္..

"ဘာျဖစ္လို႔လဲ"
"မင္းသူက ကမ္နမ္ဂြၽန္းနဲ႔ ဘယ္လိုပတ္သတ္တယ္ဆိုတာသိပီးသားမလား"

ဂ်န္းကုတခ်က္ျပဳံးလိုက္ရင္းေျဖလိုက္တယ္..

"ဘာလဲ.. မင္းကငါ့ ကမ္နမ္ဂြၽန္းကိုေၾကာက္ေနတယ္ထင္လို႔လား"

ထယ္ေယာင္း ေခါင္းကိုရမ္းလိုက္ပီး ဂ်န္းကုပုခုံးကိုအသာေလးပုတ္လိုက္တယ္..

"မင္းမေၾကာက္မွန္းငါသိတယ္... မင္းသူ႕ကိုဘေလာက္မုန္းလဲဆိုတာလဲ ငါသိတယ္.."

ဂ်န္းကု ထယ္ေယာင္းကို စူးစူးရဲရဲစိုက္ၾကည့္လိုက္တယ္...

"ဒါဆိုဘာလို႔လဲ..."

ထယ္ေယာင္း သက္ျပင္း႐ွည္တခ်က္ခ်လိုက္တယ္..

"မင္း ကမ္ေဆာ့ဂ်င္ကိုအသုံးခ်ဖို႔လုပ္ေနတာမလား..."

ဂ်န္းကု မျငင္းမိသလို ျပန္လည္းမေျဖခဲ့ေပ..

"မင္းသူ႕ကိုအသုံးခ်ဖို႔လုပ္ေနတာကိုရပ္လိုက္ပါ.. သူက မင္းထင္ထားတာထက္ပိုပီးအႏၲရာယ္႐ွိတယ္"

ဂ်န္းကု တခ်က္ရယ္လိုက္ပီး ထယ္ေယာင္းကိုေျပာလိုက္တယ္..

"ငါကို ကမ္နမ္ဂြၽန္းေတာင္ဘာမွမလုပ္ႏိုင္တာ သူကငါ့ကိုဘာမ်ားလုပ္ႏိုင္မွာမို႔လို႔လဲ.."

ထယ္ေယာင္း ဂ်န္းကုကို ဆက္ပီးစကားေျပာလိုက္တယ္..

"ေကာင္းပီ.. ငါေျပာျပမယ္.. သူက ကမ္နမ္ဂြၽန္းထက္ပိုအႏၲရာယ္႐ွိတယ္.. အခန္႔မသင့္ရင္မင္းရဲ႕လက္စားေခ်ဖို႔အစီအစဥ္ေတြပါသူ႕ေၾကာင့္ပ်က္သြားႏိုင္တယ္.. "

ဂ်န္းကု ထယ္ေယာင္းေျပာတာကိုစိတ္မ၀င္စားသလိုေနလိုက္တယ္..

"သူက မင္းထင္သေလာက္မလြယ္ဘူး.. သူကကမ္နမ္ဂြၽန္းထက္ေတာင္ပိုပီးအင္အားႀကီးတဲ့ပိုင္ဖက္ျဖစ္ေနႏိုင္တယ္.. အကယ္၍မင္းသူ႕ကိုပတ္သတ္မိရင္ မင္းသူ႕စီကေနဘယ္ေတာ့မွျပန္႐ုန္းထြက္ႏိုင္ေတာ့မွာမဟုတ္ဖူး.."
"မင္းဘာကိုေျပာခ်င္တာလဲ.."
"ငါစိုးရိမ္တာတခုပဲ႐ွိတယ္.. အဲတာက မင္းသူ႕ကိုလက္စားေခ်ဖို႔ခ်ဥ္းကပ္ရင္း ေနာက္ဆုံး မင္းသူ႕စီမွာက်႐ႈံးသြားမွာကိုပဲ.."
"ငါက သူ႕စီမွာဘာကိစၥနဲ႔မွက်႐ႈံးစရာအေၾကာင္းမ႐ွိဘူး ထယ္ေယာင္း.."
"အကယ္၍ မင္း သူ႕ကိုခ်စ္မိသြားရင္ေရာ.."
"ဘာ.."

ဂ်န္းကု ထယ္ေယာင္းကို အံဩစြာၾကည့္လိုက္တယ္..

"မင္းသူ႕ကိုမခ်စ္မိပါဘူးလို႔ အာမခံႏိုင္လား.. လူတခ်ိဳ႕ကေျပာက်တယ္ ကမ္ေဆာ့ဂ်င္ရဲ႕အျပဳံး ကမ္ေဆာ့ဂ်င္ရဲ႕အလွက ဘယ္ေယာက်္ားေလး မိန္းကေလးမွ ႐ုန္းထြက္ႏိုင္မဲ့အရာမ်ိဳးမဟုတ္ဖူးတဲ့.. အကုန္လုံးသူ႕အျပဳံး အလွေအာက္မွာက်႐ႈံးရတာပဲ.. အဲဒီထဲမွာ မင္းမပါဘူးလို႔ အာမခံႏိုင္လား"

ဂ်န္းကု ခနတာ ေတြေဝေနမိတယ္.. ဒါေပမဲ့လည္းသူ႕ရဲ႕ေတြေဝေနတဲ့အေတြးေတြကိုဆန္႔က်င္ပီး ျပတ္သားစြာပဲ ထယ္ေယာင္းကိုေျပာလိုက္တယ္..

"ငါ အာမခံႏိုင္တယ္ဆိုရင္ေရာ"
"....."
"သူ႕ကိုမခ်စ္မိဖို႔..သူ႕စီမွာမက်႐ႈံးဖို႔ ငါကအာမခံႏိုင္တယ္ဆိုရင္ေရာ.."

'ဟုတ္တယ္.. အကယ္၍ငါသူ႕ကိုခ်စ္မိခဲ့ရင္ေတာင္ အဲဒီအခ်စ္ေတြကိုငါကိုယ္တိုင္ဖယ္ထုပ္ပစ္မယ္.. ဘာလို႔လဲဆိုရင္ ငါသူ႕ကိုခ်စ္တယ္ဆိုတာထက္ ကမ္နမ္ဂြၽန္းကိုလက္စားေခ်ဖို႔ကပိုပီးအေရးပါတယ္..'

ထယ္ေယာင္း ထြက္သြားတဲ့ဂ်န္းကုရဲ႕ေနာက္‌ေက်ာျပင္ကိုေငးၾကည့္ေနမိတယ္..

'ဂ်န္းကု ငါကမင္းရဲ႕သူငယ္ခ်င္းပါ.. မင္းအေၾကာင္းကိုငါသိတယ္.. ခုနကမင္းသူ႕နာမည္ကိုေျပာတုန္းက မင္းမ်က္လုံးေတြထဲကေန သူ႕အေပၚထားတဲ့ခံစားခ်က္ကိုငါေတြ႕ေနရတယ္... မင္းသူ႕ကိုအသုံးခ်ရာကေန မင္းဒုကၡေရာက္လိမ့္မယ္.. ဘယ္လိုလူမ်ိဳးမဆို အခ်စ္ေ႐ွ႕မွာက်႐ႈံးသြားရတာပဲ ဂ်န္းကု.. ငါစိုးရိမ္တာက ေနာက္ဆုံးမွာမင္းဒီထက္ပိုပီးနာက်င္ရမွာကိုပဲ..'
.
.
.
.
.
.
.
.
"ေရာက္လာပီလား.."

ေဆာ့ဂ်င္ ေခါင္းကို အသာၿငိမ့္ျပပီးဆိုဖာေပၚမွာထိုင္ေနလိုက္တယ္..

"ခနေနရင္ သြားရေတာ့မယ္..."

ေဆာ့ဂ်င္ ဂ႐ုမစိုက္သည့္အလား စားပြဲေပၚက မဂၢဇင္းစာအုပ္ကိုသာဟိုလွန္ဒီလွန္လွန္ေနလိုက္တယ္..
နမ္ဂြၽန္းလည္း သူ႕ရဲ႕အလုပ္ေတြကိုပဲတစိုက္မတ္မတ္လုပ္ေနလိုက္တယ္..

"Boss သတင္းေထာက္ေတြအကုန္စုံပါပီ.."
"အင္း ဒါဆို..."

နမ္ဂြၽန္းစကားမဆုံးခင္ ထပီးအျပင္ထြက္သြားတဲ့ေဆာ့ဂ်င္ေၾကာင့္ နမ္ဂြၽန္းလည္းသက္ျပင္းခ်ရင္းပဲေနာက္ကေနလိုက္သြားလိုက္တယ္.. အခန္းတခုေ႐ွ႕ေရာက္ေတာ့ နမ္ဂြၽန္းက ဂ်င့္လက္ကိုလွမ္းဆြဲလိုက္တယ္.. ဂ်င္ကလည္းဘာလဲဆိုတဲ့သေဘာနဲ႔ျပန္ပီးစိုက္ၾကည့္လိုက္တယ္...

"ဒီထဲမွာသတင္းေထာက္ေတြ႐ွိတယ္"

နမ္ဂြၽန္း စကားေျပာရင္း ဆြဲကိုင္ထားတဲ့ ေဆာ့ဂ်င္ရဲ႕လက္ကိုသူ႕ရဲ႕လက္ေမာင္းေပၚကိုတြယ္ခ်ိတ္ေစလိုက္တယ္.. သူတို႔အခန္းထဲကို၀င္လိုက္တာနဲ႔ ကင္မရာမီးေရာင္ေတြတျဖတ္ျဖတ္အျပင္ သတင္းတထာက္ေတြကပါ တေယာက္တေပါက္ေမးခြန္းေတြစေမးၾကတယ္...

"Kim Seok Jin shi..
CEO Kim Namjoonနဲ႔လက္ထပ္ထားရတဲ့အေၾကာင္းအရင္းေလးသိခြင့္႐ွိမလား႐ွင့္"

ထိုင္ခုံမွာေတာင္မထိုင္ရေသးခင္ ေမးလိုက္တဲ့သတင္းေထာက္ရဲ႕စကားတခြန္းေၾကာင့္ ေဆာ့ဂ်င္အေျခအေနေတြအကုန္လုံးကိုသေဘာေပါက္သြားေတာ့သည္

'လက္စသတ္ေတာ့ ခင္မ်ားက ကြၽန္ေတာ့ကိုေျပးစရာေျမမ႐ွိေအာင္လုပ္ေနတာပဲ... ကြၽန္ေတာ့ကိုလူသိ႐ွင္ၾကားခ်ျပလိုက္ရင္ ကြၽန္ေတာ္ထြက္မေျပးႏိုင္ေတာ့ဘူးလို႔ထင္ေနတာမလား.. ဒါေပမဲ့ဘယ္လိုလုပ္မလဲ ဒီအခြင့္အေရးကိုအသုံးခ်ပီး ကြၽန္ေတာ္ကခင္မ်ားသိကၡာေတြကိုရစရာမ႐ွိေအာင္ခ်ပစ္ေတာ့မွာေလ..'

ေဆာ့ဂ်င္ မဲ့ျပဳံးတခ်က္ျပဳံးလိုက္ရင္း သတင္းေထာက္ရဲ႕ေမးခြန္းကိုျပန္ေျဖေပးလိုက္တယ္..

"အိုး ခင္မ်ားတို႔ကဒီကိစၥကိုသိခ်င္ၾကတယ္ေပါ့.. okေလ ေျပာျပတာေပါ့.  တကယ္ေတာ့ ကြၽန္ေတာ္ကေငြနဲ႔အသိမ္းခံခဲ့ရတာေလ"

ေဆာ့ဂ်င္ရဲ႕စကားအဆုံးမွာ သတင္းေထာက္ေတြအကုန္႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကတယ္..

"ဘာလို႔အသိမ္းခံရတာလဲ.. သိခ်င္ေသးလား.."

ေဆာ့ဂ်င္ ခပ္႐ြဲ႕႐ြဲ႕ေမးလိုက္ေတာ့ သတင္းေထာက္ေတြရဲ႕သိခ်င္စိတ္ေတြဟာ ပိုပီးျပင္းျပလာၾကတယ္..

"ဘာလို႔လဲဆိုရင္...."

ေဆာ့ဂ်င္ရဲ႕စကားမဆုံးေသးခင္မွာပဲ နမ္ဂြၽန္းကစကားစျဖတ္လိုက္တယ္...

"ဒါက ကြၽန္ေတာ္တို႔ရဲ႕ personalကိစၥမို႔လို႔ အခုေျဖဖို႔သိပ္အဆင္မေျပပါဘူး"

ဂ်င္တခ်က္ျပဳံးလိုက္မိတယ္..

'ခင္မ်ားသိပ္လည္းတတ္ႏိုင္ပါ့လား ကမ္နမ္ဂြၽန္းရယ္..'

နမ္ဂြၽန္းရဲ႕စကားအပီးမွာ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြဟာလည္းထပ္မံေရာက္႐ွိလာတယ္..

"CEO Kimမွာ အရင္ကသူတို႔သားေလာင္းတေယာက္႐ွိခဲ့ဖူးတယ္လို႔သိရပါတယ္ ဟုတ္ပါသလား.."

သတင္းေထာက္ရဲ႕အေမးကို နမ္ဂြၽန္းကမေျဖမိေပမဲ့ အခြင့္အေရးကိုေခ်ာင္းေနတဲ့ ေဆာ့ဂ်င္ကေတာ့ လ်င္ျမန္စြာပဲေျဖလိုက္တယ္..

"ခင္မ်ားတို႔လဲ သူ႕ကိုသိတာလား.. ဒါဆိုသူကကြၽန္ေတာ္နဲ႔႐ုပ္ခ်င္းအရမ္းဆင္တယ္ဆိုတာကိုေရာ ခင္မ်ားတို႔သိလား.."

သတင္းေထာက္ေတြက ေဆာ့ဂ်င္ရဲ႕အေျပာစကားကိုအေသးစိတ္နားေထာင္ေနၾကတယ္..

"တကယ္ေတာ့ ကြၽန္ေတာ္ကအစားထိုး ျဖစ္ခဲ့တာေလ..
အဲဒီသူ႕ရဲ႕အရင္လူေနရာမွာအစားထိုး.. ဘာလို႔ဆို ကြၽန္ေတာ့႐ုပ္ကသူနဲ႔အရမ္းတူေနလို႔ေလ.. ဒါေပမဲ့ ကြၽန္ေတာ့ထက္ပိုပီး တူတဲ့သူတေယာက္ေသး႐ွိ‌တယ္.. သူကကမ္နမ္ဂြၽန္းနဲ႔အရမ္းနီးကပ္တဲ့သူတေယာက္ေလ.."

နမ္ဂြၽန္း စားပြဲခုံကိုေဒါသတႀကီး႐ိုက္ခ်လိုက္ပီးထိုင္ခုံကေနထလိုက္တယ္..

"ကြၽန္ေတာ္တို႔ရဲ႕ သတင္းစာ႐ွင္းလင္းပြဲကိုဒီမွာပဲရပ္နားလိုက္ပါတယ္.. အားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္.."

အေ႐ွ႕ကေနထြက္သြားတဲ့ နမ္ဂြၽန္းကိုၾကည့္ရင္း ေဆာ့ဂ်င္ရီလိုက္မိတယ္..

'ခင္မ်ား ကြၽန္ေတာ့ကိုဒီလိုမ်ိဳးလာလုပ္လို႔မရပါဘူး ကမ္နမ္ဂြၽန္း..'

တဖက္မွာလည္း သတင္းစာ႐ွင္းလင္းပြဲေနာက္ဆုံးခုံမွာထိုင္ေနတဲ့ ဂ်န္းကုနဲ႔ထယ္ေယာင္း..

"ငါေျပာသားပဲဂ်န္းကု ကမ္ေဆာ့ဂ်င္က မင္းထင္သေလာက္မလြယ္ဘူးလို႔.."
"မင္းေစာင့္ၾကည့္ေနလိုက္ပါ ငါသူ႕ကိုအသုံးခ်ရင္း ကမ္နမ္ဂြၽန္းကိုအႏိုင္ယူျပမယ္.."

'ေတာင္းပန္ပါတယ္ ကမ္ေဆာ့ဂ်င္.. မင္းကငါတို႔ႏွစ္ေယာက္ၾကားထဲကကိစၥနဲ႔မသက္ဆိုင္ဘူးဆိုေပမဲ့သူ႕ရဲ႕အားနည္းခ်က္ကမင္းျဖစ္ေနတာကိုပဲအျပစ္တင္ရမယ္.. ငါသူ႕ကိုအႏိုင္ယူဖို႔မင္းကိုအသုံးခ်ရလိမ့္မယ္..'

ဂ်န္းကုရဲ႕မ်က္၀န္းထဲမွာအမုန္းမီးေတြအျပင္ အႏိုင္လိုခ်င္စိတ္ေတြပါျပည့္ႏွက္သြားခဲ့တယ္...
.
.
.
.
.
.
.
.....Namjin.....x......jinkook.......
AN

သာသာ ေနမေကာင္းလို႔အခ်ိန္အေတာ္ၾကာမတင္ေပးျဖစ္ခဲ့ပါဘူး.. ေစာင့္ေနတဲ့သူေလးေတြအကုန္ေက်းဇူးပါေနာ္.. ဒီအပိုင္းနဲနဲေတာ့တိုသြားတယ္... ‌မနက္ျဖန္က်ရင္oneshotေလးတပုဒ္လည္းတင္ေပးပါ့မယ္.. updatedမွန္ေအာင္လဲႀကိဳးစားေပးပါ့မယ္ေနာ္.. အားလုံးပဲအႏၲရာယ္ကင္းၾကပါေစေနာ္...😘love you all❤️
........................................................................









Continue Reading

You'll Also Like

14.7K 1.1K 17
ခုမှသူများတေရေးနေကြတော့ ရေးကြည့်ချင်လို့ပါ...😁(ပျင်းလည်းပျင်းနေလို့😢) မှားတာရှိရင်လည်း ခွင့်လွှတ်ပေးကြပါနော်🥺 JinKook Fic လေးပါ 💜
561K 12.5K 39
In wich a one night stand turns out to be a lot more than that.
7K 505 35
ငါဘယ်​တော့မှ အရက်မ​သောက်​တော့ပါဘူး ရန်လဲမဖြစ်​တော့ဘူး က​လေးမကြိုက်တာ​တွေလဲ ဘာတစ်ခုမှမလုပ်​တော့ပါဘူး ကင်​ဆော့ဂျင် တစ်...
1M 54.4K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...