ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...
By yeolli_khin
114K 19.2K 566
NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More
Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.18
Arc2.19
About Update
Arc 2.7
2.9K 523 12
By yeolli_khin
Unicode
အသစ်​ပြောင်းထားတဲ့ဇာတ်ညွှန်းဟာ ​နောက်ထပ်တစ်ကြိမ် ထပ်​ပြောင်းလိုက်ရသည်။ ဒီတစ်ကြိမ်​မှာ​တော့ အများကြီးကိုပြင်ဆင်လိုက်တာ​ကြောင့်
main plotကိုပါသက်​​ရောက်​စေသည့်အပြင်
တခြားcast​တွေလဲ ဇာတ်ညွှန်းအသစ်ကိုပြန်ကျက်ရ​လေသည်။
လုမန်နီဆီကို အသစ်ပြန်ပြင်ထားတဲ့ဇာတ်ညွှန်း​ရောက်တဲ့အခါမှာ မာန​ထောင်လွှားတဲ့ဥက္ကဌက
သူ့ဝိတ်နဲ့ ဒါရိုက်တာကိုအတင်းဖိအား​ပေးပြီး
​ပြောင်းခိုင်းတယ်လို့ထင်လိုက်သည်။
သူမနည်းနည်း​တော့​ပျော်သွားတယ် ဒီလိုအရာ​တွေက ဒါရိုက်တာဆီမှာဖြစ်လာမယ်ဆိုတာ ကြိုတွက်ထားသည်။
ဒါ​​​ပေမယ့် အသစ်ပြင်ထားတဲ့ဇာတ်ညွှန်းမှာ
သူမရဲ့နောက်ဆုံးsceneကိုမြင်ပြီး​နောက် သူမထပ်မပြုံးနိုင်​တော့ဘူး။ လှပတဲ့မျက်ဝန်းတစ်စုံက
​ဒေါသ​တွေ​တောက်​လောင်လာသည်။
​ကျောက်ချင်းစုံက သူ့ရဲ့ရန်ငြိုးကိုpublicကိုထုတ်ပြလိုက်ရုံတင်မကဘဲ သူမsceneကိုပါ
ဒါရိုက်တာကို​ပြောင်းခိုင်းလိုက်​လေသည်!!
သူမ ဒါလုံးဝလက်မခံနိုင်ဘူး!!!
လုမန်နီ ကျန်းဂျင်ကို တိုက်ရိုက်ဆက်သွယ်လိုက်​သော်လည်း ​နောက်ဆုံးမှာ​တော့ သူမဒါရိုက်တာကို
အာခံနိုင်စွမ်းမရှိသဖြင့် ​ဒေါသထွက်စွာဘဲကျန်​နေခဲ့သည်။
"ဒါရိုက်တာ ကျွန်မခု​လေးတင်ဘဲဇာတ်ညွှန်းအသစ်ကိုဖတ်ပြီးပြီ။ ကျွန်မအထင် တခြား​နေရာ​တွေ​ပြောင်းလိုက်တာ​ကောင်းပါတယ် ဒါ​ပေမယ့်
တတိယမင်းသမီး​နေရာက......ဒါရိုက်တာ
ရှင်ဘဲ​ပြောခဲ့တယ်​လေ ဒီဇာတ်​ကောင်ရဲ့highlightက ​နောက်ဆုံးsceneဆိုပြီး
အခု ​နောက်ဆုံးsceneက​ပြောင်းသွားတယ်
ဒါ ဒီဇာတ်​ကောင်ကိုအများကြီးထိခိုက်​စေနိုင်တယ်မဟုတ်ဘူးလား???"
လုမန်နီ သူမအပိုင်းနဲ့ပတ်သက်ပြီးတိုက်ရိုက်မ​ပြောဘဲနဲ့ ကျန်းဂျင်ကိုဒါရိုက်တာတစ်​ယောက်
ရဲ့ ရှု​ထောင့်က​နေ ပြသနာကို​ဖြေရှင်း​အောင်​ပြောလိုက်​သည်။ဒီလိုလုပ်တာက သူမမှာအပြစ်မရှိ​ကြောင်းကို​ဖော်ပြရုံသာမကဘဲ ​ကျောက်ချင်းစုန်အ​ပေါ် ကျန်းဂျင်ရဲ့အမြင်ကို ရှုံ့ချ​စေရန်ဖြစ်သည်။
လုမန်နီကပြန်လည်​မွေးဖွားခြင်း​ရွှေလက်​ချောင်းရှိ​နေ​ပေမယ့် သူမအခုထိ​တော့နာမည်မရှိ​သေးတဲ့အရံမင်းသမီးတစ်​ယောက်ဘဲ။ ​ကျောက်ချင်းစုန်ကို
တိုက်ရိုက်သွား​ပြောရင် ​ကျောက်တုံးကိုကြက်ဥနဲ့​ပေါက်သလိုဘဲ။ သူမ မ​အောင်မြင်ရုံသာမကဘဲ
သူမဘဝကိုဖျက်ဆီးသလိုဖြစ်သွားလိမ့်မည်၊
ဘယ်လိုဘဲဖြစ်ဖြစ် ကျန်းဂျင်ကလဲအရူးမဟုတ်ဘူး။ လုမန်နီရဲ့အ​တွေးကို မသိဘဲဘယ်​​နေပါ့မလဲ?
ဒါ​ကြောင့် သူ​အေးစက်စွာ​ပြောလိုက်သည်
"ဇာတ်ညွှန်း​ပြောင်းလိုက်တာက productionတစ်ခုလုံး​ကောင်းဖို့အတွက်ဘဲ
မင်းအ​နေနဲ့နစ်နာသလိုခံစား​နေရတာကို သိ​ပေမယ့် မင်းစာချုပ်ထဲမှာ အ​​သေအချာ​ရေးထားတယ်
ဘယ်လိုဇာတ်ရုပ်မဆို လက်ခံရိုက်ကူးပါ့မယ်ဆိုပြီး"
လုမန်နီဘာမှမတတ်နိုင်​တော့ဘဲ ​ချောင်းဆိုးလိုက်မိတယ်။သူမဒီကိစ္စကို နူးညံ့နားလည်စွာ​ဖြေရှင်းဖို့ကြိုးစားခဲ့​ပေမယ့် ကျန်းဂျင်ကမျက်နှာသာမ​ပေးခဲ့ဘူး။သည့်အပြင် သူမကို အကုန်ဒဲ့​ပြောချလိုက်တာမို့ ဒါအနိုင်ကျင့်​နေတာနဲ့မတူလား?
ပြီး​တော့ သူမရဲ့ဇာတ်​ကြောင်းကို​ပြောင်းလိုက်ခြင်းက ဒီအားလုံးအဆင်​​ပြေ​နေတဲ့productionနဲ့ဘာမှမဆိုင်ဘူး​လေ။အရင်ဘဝတုန်းက ဒီdramaရဲ့ဇာတ်ညွှန်းက မ​ပြောင်းခဲ့ဘူး​လေ!
ဒီအ​ကြောင်းကို​တွေးမိ​တော့ လုမန်နီနှလုံးခုန်မြန်လာပြီး ရုတ်တရပ်​ကြောက်ဖို့​ကောင်းတဲ့ပုံရိပ်​တွေပြန့်ကျဲလာသည်။
ဘာလို့ အရင်ဘဝကမဖြစ်ခဲ့တဲ့အရာ​တွေက ရုတ်တရပ်ကြီးဖြစ်လာရတာလဲ?
ဘာလို့​ကျောက်ချင်းစုန်က ရုတ်တရပ်အနုပညာ​လောကထဲဝင်လာတာလဲ?
ဘာလို့ သူဒီdramaထဲပါဖို့​​ရွေးချယ်ခဲ့တာလဲ?
ဘာလို့ သူကချီချန်းနဲ့သရုပ်​ဆောင်ဖို့ အတင်း​တောင်းဆိုခဲ့တာလဲ?
ဖြစ်နိုင်တာက.....
ရုတ်တရပ်လန့်စရာအ​တွေး​တွေ​ရောက်လာပြီး
လုမန်နီမျက်နှာကိုဖြူ​ဖျော့သွား​စေ​ကော
တစ်ကိုယ်လုံးတုန်ရီလာသည်။
တကယ်လို့ သူမပြန်​ရောက်လာတာ​ကြောင့်
အရာအားလုံး​က​​ပြောင်းလဲသွားတာဆိုရင်
လိပ်ပြာအကျိုးသက်​​ရောက်မှုဖြစ်တာလား။
ဒါ​ပေမယ့်...သူမ​ကျောက်ချင်းစုန်နဲ့တစ်ခါမှစကားမ​ပြောခဲ့ဖူးဘူး​လေ။
သူမဘယ်ရှု​ထောင့်က​နေဘဲ စဥ်းစား စဥ်းစား
​အ​ဖြေကတစ်ခုထဲ.....
"လုမန်နီ မင်းဘာ​ပြောချင်တာရှိ​သေးလဲ?ငါအခုအလုပ်ရှုပ်​နေတယ်"
​ကျန်းဂျင်ရဲ့စိတ်မရှည်တဲ့အသံကဖုန်းထဲက​နေထွက်လာကာ လုမန်နီကို အသိပြန်ဝင်လာ​စေသည်။
ထိုအချိန်တုန်းက သူမရဲ့အ​တွေးက ရှုပ်​ထွေး​နေကာ ​ကျန်းဂျင်နဲ့စကားဆက်​ပြောရင် အားမရှိ​တော့​ပေ။ ဒါ​ကြောင့် သူမမြန်မြန်ဖုန်းကိုချလိုက်​လေသည်။
လုမန်နီ တစ်ကိုယ်လုံးတုန်လှုပ်​နေမိသည်။
ဘာလို့​ကျောက်ချင်းစုန်ကလဲပြန်​မွေးဖွားလာရတာလဲ?သူ့မှာ ဆိုးရွားတဲ့အဆုံးသတ်မှမရှိခဲ့တာ
သူ့ကဘာအ​ကြောင်း​ကြောင့်နဲ့ ပြန်​မွေးဖွားလာရတာလဲ!!
သူမကသာ ဒီကမ္ဘာ​ပေါ်မှာ အထူးခြားဆုံးဖြစ်​နေသင့်တာ​လေ!
​ကျောက်ချင်းစုန် ပြန်​မွေးဖွားလာရတာ မတရားဘူး ပြီး​​တော့ သူတို့နှစ်​ယောက်အတိတ်တုန်းက
ဘာပြသနာမှမရှိခဲ့ဘူး​လေ  တစ်ဖက်လူက သူမကိုတိုက်ခိုက်စရာအ​ကြောင်းမရှိဘူး​
လုမန်နီ အခုထိသူမရဲ့အ​တွေး​တွေကိုမှားတယ်လို့မခံစားရ​သေးဘူး ဒါ​ပေမယ့် ​တကယ်လို့
​ကျောက်ချင်းစုန်ကလဲ rebornဆိုရင်
သူမရဲွလုပ်ရပ်​တွေက အရမ်းကို​ပေါ့ဆစွာနဲ့အန္တရာယ်များလွန်း​နေသည်။
တကယ်လို့ သူမသာ ​​ကျောက်ချင်းစုန်လဲပြန်​မွေးဖွားတာကိုသိခဲ့ရင် သူမ​သေချာ​ပေါက် သူ့ကိုသွားထိမှာမဟုတ်ဘူး!
​ကျောက်ချင်းစုန်အ​ပေါ်ရှိတဲ့ သံသယ​တွေက ​နောက်တစ်​နေ့မှာ ပိုပြီး​သေချာသွားသည်။
သူမထုတ်ဝေသောသေးငယ်သည့်ကုမ္ပဏီသို့တင်သွင်းခဲ့သောအမည်မသိဆောင်းပါးသည်ဥက္ကဌရဲ့
ပုံရိပ်ကိုဂုဏ်ယူဝင့်ကြွားစွာဖော်ပြရုံသာမကဘဲ၊
သူမက အသစ်ဝင်လာတဲ့သူ​တွေကို အနိုင်ကျင့်သလိုဖြစ်သွား​လေသည်။
ဒါဆို အခုသူမဘာလုပ်ရ​တော့မလဲ!!!
လုမန်နီရဲ့ အ​တွေး​တွေက စုယွီအ​ပေါ်ရှုပ်​ထွေး​နေချိန်မှာ တစ်ဖက်က စုယွီက​တော့ ​​ဘောလုံး​လေးနဲ့
သူမအ​ကြောင်း​ဆွေး​နွေး​နေသည်။
"သခင်​လေးhost ကအရင်ကမ္ဘာလိုမျိုးလုပ်ဖို့ စီစဥ်​နေတာလား တဖြည်းဖြည်းနဲ့ဇာတ်လိုက်မရဲ့ပုံရိပ်ကိုခွာချပြီး ဇာတ်လိုက်ကိုသူမနဲ့​ဝေးခိုင်းဖို့မလား?"
​ဘောလုံး​လေးကစုယွီရဲ့taskကိုမ​အောင်မြင်မှာ စိုးရိမ်​နေတာမဟုတ်​ပေမယ့် စုယွီဘာ​တွေး​နေလဲဆိုတာကို ကြိုတင်ပြင်ထားဖို့ဖြစ်သည်။
နှလုံးသားမဲ့ပြီးကစားရတာကြိုက်တဲ့ hostတစ်​ယောက်ကိုရထားတာ အရမ်းခက်ခဲလွန်းတယ်!
စုယွီ စာရွက်စာတမ်း​တွေကိုအကြည့်မပျက်ဘဲနဲ့
"ငါမလုပ်​ဘူး၊ ငါကသူမကိုသူ့ကိုသူ​ဖော်ထုတ်လာ​အောင် လုပ်ပြီး သဘာဝကျကျ ဇာတ်လိုက်နဲ့​ဝေးသွား​အောင်လုပ်မလို့"
"ဇာတ်လိုက်မက ဒီ​လောက်တုံးပါ့မလား?"
​ဘောလုံး​လေး တကယ်ဘဲ စုယွီရဲ့အ​တွေး​တွေကိုလိုက်မမှီ​တော့ဘူး။
"ဒီကမ္ဘာရဲ့ဇာတ်လိုက်မက ဦး​နှောက်နည်းနည်းရှိတယ်၊ပြီး​တော့ ဒီလိုစကားမျိုးရှိတယ်မလား
'စမတ်ကျတဲ့လူတစ်​ယောက် စမတ်ကျတဲ့လူကိုကစားတတ်တယ်'"
စုယွီ စာချုပ်မှာလက်မှတ်ထိုးလိုက်ကာ ​ဖောင်တိန်ကို ​ဘေးမှာချလိုက်ရင်း ​ကျောကိုအ​နောက်မှီလိုက်သည်။
"သူမကို အပြစ်​ပေးရတာထက် သူမကိုယ်တိုင် ​ချောက်ထဲခုန်ဆင်းသွားတာထက် ပိုမ​ကောင်းဘူးလား?"
စုယွီ ​ပြောပြီးတာနဲ့​ဘောလုံး​လေးကို လူမိုက်ဆန်စွာပြုံးပြလိုက်သည်။င​ကြောက်​ဘောလုံး​လေး​က​တော့ ရင်ထဲမှာငို​ကြွေး​နေပြီဖြစ်သည်။
"ဝူးဝူးဝူး သခင်​လေးhostကအရမ်း​ကြောက်ဖို့​ကောင်းတယ်"
"မငိုပါ​သေးနဲ့ဦး ငါ့ကိုအခု အဲ့မိန်းမဘာလုပ်​နေလဲဆိုတာ အရင်စုံစမ်း​ပေး"
စုယွီ နှလုံးသားမဲ့စွာ အမိန့်​ပေးလိုက်ပြီး အလုပ်ဆက်လုပ်​နေလိုက်သည်။
​ဘောလုံး​လေးမှာ တစ်ဖက်ကငို​​နေပြီး တစ်ဖက်ကစုယွီခိုင်းတာကိုစလုပ်​နေ​လေသည်။
"သူမအခု အိမ်မှာ၊  သူ့ပုံစံ ကြည့်ရတာအဆင်​ပြေပုံမ​ပေါ်ဘူး။ ကြည့်ရတာ တစ်ခုခုကို​ကြောက်​နေသလို.."
စုယွီ မျက်ခုံးပင့်လိုက်တာ အပြုံး​လေးခပ်​ရေး​ရေး​ပေါ်လာသည်။
"အို...အဲ့လိုလား၊ ဒါဆို မကြာမှီ ဖြစ်လာ​တော့မှာဘဲ"
"မကြာမှီ?မကြာမှီ ဘာဖြစ်လာမှာလဲ?"
​ဘောလုံး​လေးရဲ့တစ်ကိုယ်လုံး 360'လုံး question mark​တွေပြည့်သွားသည်။
ဘာလို့ သခင်​လေးရဲ့စကားကို နားမလည်ရတာပါလိမ့်?
စုယွီဆက်မ​ပြော​တော့ဘဲ မတ်တပ်ရပ်လိုက်ကာ
တံခါးဆီကို​​လျှောက်သွားလိုက်​လေသည်။
"ငါအပြင်သွားပြီး ​လေ​ကောင်း​လေသန့်ရှူချင်လို့
မင်း ကျန်တဲ့အလုပ်​တွေကို လက်စသတ်​ပေးပါဦး"
"....."
​ဘောလုံးတကယ်ဘဲ 'ဝူးဝူးဝူး'ဆိုပြီးငိုချင်သွားသည်။
သုံးရက်​ကြာပြီး​နောက် စုယွီ သူ​​​​မျှော်လင့်ထားတဲ့လုမန်နီဆီက ဖုန်း​ကောကိုရ​​လေသည်။
"ဟုတ်ကဲ့? ဟယ်လို"
စုယွီ ဖုန်းကိုကိုင်လိုက်တာ​ မသိချင်​ယောင်​ဆောင်ပြီး​ပြောလိုက်သည်။
လုမန်နီရဲ့ ချိုသာတဲ့အသံကထွက်လာသည်။
"ဥက္ကဌ​ကျောက် မဂ်လာပါ ကျွန်မပါ လုမန်နီ"
"လုမန်နီ? ဒီနာမည်ကိုကျွန်​တော်တစ်ခါမှမကြားဖူးဘူး"
စုယွီ သူ့လက်​​ချောင်း​တွေကို စားပွဲ​ပေါ်မှာ​တောက်​​နေကာ မျက်နှာက​တော့ အရမ်းကိုဟန်​ဆောင်မှူကင်း​နေသည်။
သူ့စကား​ကြောင့် လုမန်နီ နှင်သွား​ပေမယ့်
တစ်ဖက်ကသူမကိုတမင်လုပ်​နေမှန်းသူမသိတယ်။
ဒါ​ပေမယ့် သူမမှာ​ဒေါသထွက်ပိုင်ခွင့်မရှိဘူး။
သူမ အစက​နေပြန်မိတ်ဆတ်ဖို့ဘဲလိုက်သည်။
"ဥက္ကဌ​ကျောက်က​မေ့​တောင်သွားပြီလား?
ကျွန်မတို့ <Jian Jia of the Inner Palace>ကိုရိုက်ခဲ့ဖူးတယ်​လေ"
"အာ မင်းက ငါ့ကိုအခက်အခဲဖြစ်​အောင်လုပ်ခဲ့တဲ့မင်းသမီးဘဲ၊ အာ ​ပြောရအုန်းမယ် ဒီမနက်ဘဲ ငါပြသနာကို သတင်းမှာ​တွေ့လိုက်တယ်"
လုမန်နီ မျက်နှာနီလာကာ​ဒေါသများ​ပေါက်ထွက်မတက်ဖြစ်သွားသည်။ ဖုန်းနဲ့​ပြော​နေတာမို့​
​တော်​သေးသည်။ မဟုတ်ရင် သူမ​ဒေါသအထွက်လွန်ပြီး ပါးရိုက်မိ​လောက်သည်။
"ဥက္ကဌ​ကျောက် အဲ့​နေ့ကတကယ် ကျွန်မအမှားပါ
ကျွန်မဒီရက်ပိုင်း​တွေး​နေမိတာ ကျွန်မတကယ်ဘဲမှားသွားတာ​ကြောင့် ဒီ​နေ့ ဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်တာပါ"
"ဒါဆို ငါ့ကို​တောင်းပန်ဖို့ဖုန်းဆက်လိုက်တာ​ပေါ့?"
စုယွီ​မေးလိုက်သည်။
လုမန်နီ မတတ်နိုင်ဘဲနဲ့သ​​ဘောတူလိုက်ရသည်။
မုန်းစရာ​ကောင်း​လောက်​အောင် သူမအသံကိုနူးညံ့စွာ​ပြောလိုက်သည်။
"ဟုတ်တယ် ပြီး​တော့ တကယ်လို့ဥက္ကဌ​ကျောက်သာ အားမယ်ဆိုရင် ကျွန်မ ​တောင်းပန်တဲ့အ​နေနဲ့ တစ်နှပ်​လောက်ဧည့်ခံပါ​ရ​စေ"
"ကြည့်ပါဦး ဘယ်​လောက်​တောင်သင့်​လျော်တဲ့​တောင်းပန်မှုလဲ ကျွန်​တော်သေချာ​ပေါက်ဒီတစ်ခါကို လက်ခံမှာပါ။ဒါ​ပေမယ့် ကျွန်​တော်အခု အလုပ်ကရှုပ်ပြီးမအား​သေးတာ​ကြောင့် အချိန်ရရင် ပြန်ဆက်သွယ်လိုက်ပါ့မယ်"
စုယွီ ​ပေါ့ပါးစွာပြန်​ဖြေလိုက်သည်။
စုယွီဒီလိုမျိုးချက်ချင်း လက်ခံလိမ့်မယ်လို့ လုမန်နီမထင်ခဲ့ဘူး။သူမသက်ပြင်းအသာချကာ ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်သည်။
ကြည့်​လေ ဘယ်သူကမှသူမရဲ့အလှကိုမလွန်ဆန်နိုင်ဘူး
"ဥက္ကဌ​ကျောက်ကကျွန်မကို ဒီအခွင့်အ​​ရေး​ပေး​တော့ အရမ်းဝမ်းသာမိတယ်၊ ​ဥက္ကဌ​ကျောက်သာ
အချိန်ရရင် ဆက်သွယ်ဖို့မ​မေ့နဲ့​နော်"
လုမန်နီပြုံးလိုက်ကာ ဖုန်းချလိုက်သည်။
သူဖုန်းချပြီးတာနဲ့တစ်ပြိုင်နက် စုယွီ ​​ဘောလုံး​လေးကို
"ချီချန်းရဲ့ လာမယ့် schedule​၁၀ရက်စာကို စစ်​ပေး"
"ဟုတ် ကျွန်​တော့်အခုဘဲစစ်လိုက်မယ်"
တာဝန်ကိုလက်ခံပြီးတာနဲ့ ​ဘောလုံး​လေးနှလုံးသား​လေး ခါးသီးသွားသည်။
ဘာလို့ systemနဲ့hostက​ပြောင်းပြန်ဖြစ်​နေရတာလဲ?systemကhostကို task​တွေ​ပေးရမှာမဟုတ်ဘူးလား အခု​တော့သူကျ​တော့ hostခိုင်းတာ​တွေလုပ်​ပေးရတယ်
"ရှာလို့မပြီး​သေးဘူးလား?"
စုယွီရဲ့အသံက စိတ်ရှုပ်စွာနဲ့​ပြောလိုက်သည်။
​ဘောလုံး​လေး တိတ်တိတ်​​လေးဆက်​နေကာ သူ့ကိုသူ​တွေးမိသည်။ တစ်​ယောက်ထဲ​နေဖို့ဖြစ်လာမှ​တော့ သူ့hostရဲ့အကျင့်ဆိုး​တွေကိုလဲ လက်ခံရ​တော့မှာ​ပေါ့။ဘဝကြီးက ခါးလိုက်တာQAQ
"​တွေ့ပြီ ။​နောက်၅ရက်​နေရင် ချီချန်းနဲ့ဒါရိုက်တာတို့ Drunken Moonမှာ ညစာစားဖို့ရှိတယ်
သူတို့ည​နေ ၆နာရီခွဲမှာချိန်းထားကြတယ်"
​ပြောပြီးတာနဲ့ စိတ်ဓါတ်ကျ​နေတဲ့ စက်ဝိုင်း​လေးလို​ပြောင်းလိုက်သည်။
စုယွီ ​ဘောလုံး​လေးကိုဂရုမစိုက်​တော့ဘဲ
လုမန်နီကို ​ဖုန်း​ခေါ်လိုက်သည်။
"​နောက်၅ရက်ကြာရင် Drunken Moonမှာ ည​နေ၆ခွဲ အဆင်​ပြေလား အဲ့အချိန်?"
"ကိ...ကိစ္စမရှိပါဘူး အားလုံးအဆင်​ပြေတယ်"
လုမန်နီ ဦး​နှောက်​ခြောက်သွား​လေသည်။
ခုနကဘဲ ဒီ​မ​ကောင်းဆိုးဝါးက အလုပ်အရမ်းရှုပ်​နေလို့ အချိန်မရှိဘူး​ပြောခဲ့တယ်မဟုတ်ဘူးလား?
သူဖုန်းချပြီး ၅မိနစ်ဘဲရှိ​သေးတယ်​လေ အို​ကေ?
"​ကောင်းပြီ ဒါဆို​​နောက်မှ​တွေ့ကြမယ်"
လုမန်နီဘာ​တွေး​နေလဲဆိုတာ စုယွီဂရုမစိုက်​တော့ဘဲ ဖုန်းချလိုက်သည်။
ဖုန်းချလိုက်ပြီး စုယွီပြုံးလိုက်ကာ ​မေး​စေ့ကိုပွတ်လိုက်သည်။အဲ့​နေ့​ရောက်ရင် ဘာ​တွေဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ???
Note
"ဝူးဝူးဝူး – sound effects of crying,
Oh my poor ​ဘောလုံး​လေး UwU
______________________________________
အ​​ရေး​တော်ပုံ​အောင်ရမည်!!!
Zawgyi