ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ခ...

By Yoeyarthit

89K 6.4K 1.7K

ကိုယ်ကအားလုံးအတွက် ဧည့်လမ်းညွှန် ဖြစ်ခဲ့ပေမဲ့ မင်းအတွက်တော့ နှလုံးသားလမ်းညွှန် ဖြစ်ပါရစေ.....။ (27.1.2021)... More

ချစ်သူ့ရင်ခွင်ထက်ဝယ်(မောင့်ချစ်သူ)
အခန်း (၁)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း ( ၂၅ )
အခန်း ( ၂၆)
အခန်း ( ၂၇)
အခန်း ( ၂၈)
အခန်း ( ၂၉)
အခန်း ( ၃၀)
အခန်း ( ၃၁)
အခန်း ( ၃၂)- (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ ( ေက်းဇူးတင္လႊာ )
New Fic
!!!!

အခန်း (၂)

3.4K 322 59
By Yoeyarthit


Unicode

စားသောက်ဆိုင်အတွင်း တခြားဝိုင်းတွေကစားမပြီးသေးသော်လည်း သလင်းနွေနှင့်သွေးသစ်ဉာဏ်တို့က စားသောက်ပြီးစီးနေပြီဖြစ်သည်။

သွေးသစ်ဉာဏ်သည် cokeတစ်ဗူးသာသောက်​နေပြီး နေ့လယ်စာစားနေသော သလင်းနွေကို စိုက်ကြည့်နေခဲ့သည်။

ထိုကဲ့သို့ စိုက်ကြည့်နေသဖြင့် သလင်းနွေအနေခက်ပြီး နေ့လယ်စာပင်ပြီးအောင်မစားဖြစ်ဘဲ လိမ္မော်ရည်သာနေခဲ့ရသည်။

သွေးသစ်ဉာဏ်ကိုလည်း စကားမပြောဖြစ်ဘဲ ဖုန်းထိုင်သုံးနေလိုက်သည်။

၁နာရီခွဲတွင် ကားပြန်ထွက်မည်ဖြစ်၍ ၁နာရီကျော်ကျော်တွင် ရေဗူးနှင့်မုန့်တစ်ချို့ဝယ်ပြီး ကားပေါ်ပြန်တက်ခဲ့သည်။

သွေးသစ်ဉာဏ်ကလည်း သလင်းနွေနောက်ကမခွာဘဲ ကပ်နေသည်။

သလင်းနွေလည်းတကယ်စိတ်ရှုပ်သဖြင့် ကားပေါ်တွင်လည်း သူ့ဖုန်းသူသုံးနေသည်။မျက်နှာကတည်လျက်။ကားပေါ်တွင် လူမစုံသေးသော်လည်း တစ်ယောက်စ၊နှစ်ယောက်စတော့ရှိနေသည်။

"ဘာဖြစ်နေတာလဲ''

သွေးသစ်ဉာဏ်ကမေးလာတာကြောင့် သလင်းနွေလှည့်ကြည့်ပြီး မျက်ခုံးပင့်ပြလာသည်။ဘာကိုလဲဆိုသည့်သဘောတရားအပြည့်နှင့်။

"ဘာလဲ၊ကျွန်တော်နဲ့မထိုင်ချင်လို့လား''

အသံမာမာမေးလာသည့် သွေးသစ်ဉာဏ်ကြောင့် သလင်းနွေက ခေါင်းခါပြလိုက်သည်။

အမှန်တော့ သလင်းနွေ အနေခက်နေခြင်းပင်ဖြစ်သည်။

ခရီးစကတည်းက လူကိုအရုပ်ထင်နေလားမသိ။မှီလို့မှီ၊အင်္ကျီတင်လို့တင်နှင့်။

နေ့လယ်စာစားတော့လည်း စားစရာရှိတာမစားဘဲ တစ်ချိန်လုံးထိုင်ကြည့်နေသဖြင့် စိတ်အချဥ်ပေါက်ခဲ့ရသည်။

နေ့လယ်စာကောင်းကောင်းမစားရသဖြင့် လမ်းတွင်ဗိုက်ဆာမှာစိုးတာကြောင့် မုန့်အချို့နှင့်ရေ ဝယ်ပြီးကားပေါ်တွင် တက်ထိုင်နေလိုက်သည်။

အဲ့ဒီလို ကားပေါ်တတ်လာသည့်အချိန်တွင်လည်း နောက်ကတပ်ကြပ်မကွာလိုက်လာသေးသည်။

အခုလည်း ဘေးကနေ အကြည့်စူးစူးတွေနှင့် ပွစိပွစိပြောနေသောကြောင့် သလင်းစိတ်ညစ်မိသည်။

"ရော့...''

သလင်းလှည့်ကြည့်လိုက်တော့ နားကြပ်တစ်ဖက်ကမ်းပေးလာသည့် သွေးသစ်။

ခုနတုန်းကလို စူးရှနေသည့်အကြည့်မဟုတ်ဘဲ မျှော်လင့်တကြီးဖြစ်နေရှာသည့် ခပ်နက်နက်မျက်ခုံးအောက်က မျက်ဝန်းတစ်စုံ။

တတိယနှစ်(tourism) ဆိုတော့လည်း ကလေးမဟုတ်တော့သည့်တိုင် လူကြီးမကျနှင့် ဆွဲဆောင်မှုရှိလှသည်။

"ရော့လေ...''

ကြောင်ငေးကြည့်နေမိသည့် သလင်းကို အသံထပ်ပေးပြီး နားကြပ်ကိုမြှောက်ပြလိုက်သည်။

အဲ့ဒီအခါမှ သလင်းက နားကြပ်ကိုယူလိုက်ပြီး နားတွင်တပ်ဆင်လိုက်သည်။

"ဘာသီချင်းလဲ''

"သီချင်းနားထောင်ချင်တာလား၊ ကျွန်တော်က ဇာတ်ကားကြည့်မလားလို့....၊အပြင်းပြေအောင်''

"ဇာတ်ကား...၊ဘာကားလဲ''

"ရိုမီယိုနဲ့ဂျူးလိယက်''

ဖုန်းထဲက ဇာတ်ကားတစ်ခုကိုရွေးပြီး ဖွင့်ပြလိုက်သည်။သလင်းကတစ်ချက်ကြည့်လိုက်ပြီး၊

"အဲ့ကားက နှစ်ဆွေးနေပြီလေ၊ကြာလှပြီကို''

"ကျွန်တော်ကြိုက်တယ်လေ''

ခပ်ဆတ်ဆတ်ပြောရင်း မျက်မှောင်ကြုတ်ပြီး ကြည့်လာသည့် သွေးသစ်ကြောင့် သလင်းအကြည့်လွှဲလိုက်ပြီး ဖုန်းကိုသာအာရုံစိုက်လိုက်သည်။

အသက်ကြီးလို့သာ လူကြီးဖြစ်နေတာ တကယ့်ကလေးသာသာပဲ

သွေးသစ် နှုတ်ခမ်းများတွန့်သွားသည့်တိုင် ကျေနပ်စွာပြုံးရင် ရေရွတ်လိုက်သည်။

ဒီလိုပုံစံအတိုင်းဆ်ို ဒီလူကြီးကို သွေးသစ်အရမ်းပိုင်ဆိုင်ချင်နေပြီ။သွေးသစ်ရဲ့လှပလွန်းသောအပြုံးကိုတော့ သလင်းမမြင်လိုက်ရပေ။

သူကြည့်ပြီးရိုးနေသော ဇာတ်ကားကိုကြည့်နေရသဖြင့် မျက်မှောင်ကကြုံ့ထားလိုက်သေးသည်။

သွေးသစ် သလင်းကိုကြည့်ပြီး ရင်ထဲကကလိကလိ ဖြစ်သည့်အထိအူယားသွားရသည်။

သိပ်မကြာလိုက် ကျောင်းသားတွေဆုံပြီး ခရီးကိုပြန်လည်စတင်ကြသည်။

အကုန်လုံးက သူ့အာရုံနဲ့သူရှိနေကြသလို သွေးသစ်နဲ့သလင်းကလည်း သူတို့ကြည့်နေတဲ့ဇာတ်ကားဆီသာ အာရုံစုထားသည်။

ကြည့်နေရင်းအချိန်အနည်းငယ်ကြာလာတော့ သလင်းမျက်တောင်ပုတ်ခပ်ပုတ်ခပ်လုပ်လာသည်ကို သွေးသစ်သတိထားမိလိုက်သည်။

ထို့ကြောင့် သလင်းဝယ်လာသည့်မုန့်အိတ်ကို လှမ်းယူလိုက်သည်။သလင်းက ဘာလုပ်မလို့လဲဆိုသည့်အကြည့်နှင့် လှည့်ကြည့်လာသည်။

ဘာမှမဟုတ်ဘူးကြည့်စရာရှိတာကြည့် ဆ်ိုသည့်သဘောနှင့် သွေးသစ်က သလင်းကိုင်ထားသောဖုန်းကိုသာ မေးငေါ့ပြလိုက်သည်။

သလင်းလည်း ဖုန်းထဲအာရုံပြန်စိုက်နေလိုက်ပြီး ဘာမဟုတ်သလိုနေနေလိုက်သည်။

သွေးသစ်က သလင်းဝယ်လာသည့်နေကြာစေ့ထုတ်ကိုဖောက်လိုက်ပြီး နေကြာစေ့ကိုအခွံခွာလိုက်သည်။

အခွံခွာပြီးသားနေကြာစေ့ကို သလင်းနှုတ်ခမ်းနားကိုကပ်ပေးလိုက်တော့ သလင်းကလှမ်းယူမည်အပြု၊သွေးသစ်က အယူမခံဘဲရှောင်လိုက်သည်။

"ဟ...''

နှုတ်ခမ်းနှစ်လွှာဟရုံလေး၊နှစ်ကိုယ်ကြား ကြားနိုင်သောအသံလေးဖြင့်သာ သွေးသစ်ကပြောလိုက်သည်။

သလင်းက ခေါင်းခါပြလိုက်တော့ သွေးသစ်က မျက်နှာကိုတင်းပြီး ထပ်ခွံလိုက်သည်။

တင်းမာသွားသော သွေးသစ်မျက်နှာကြောင့် သလင်းပါးစပ်ဟပေးလိုက်သည်။

ထိုအခါမှ သွေးသစ်က သလင်းကိုနေကြာစေ့ခွံကျွေးလိုက်သည်။

လွန်ဆန်နိုင်တာလည်းမဟုတ်ဘဲ၊ဘာလို့လွန်ဆန်ချင်နေတာလဲ သလင်း။

သွေးသစ် အကျေနပ်ကြီးကျေနပ်ကာ ရေရွှတ်မိသည်။သွေးသစ်အဖို့ကျေနပ်စရာဆိုပေမယ့် သလင်းကတော့ သူ့ကိုယ်သူမကျေနပ်ပေ။

ကျောင်းတတ်နေသည့်အချိန်ကစပြီး အခုလုပ်ငန်းခွင်ဝင်နေသည့်အချိန်အထိ ဘယ်သူနဲ့မဆို ခပ်တန်းတန်းနေသည်။

လုပ်ငန်းသဘောမိတ်ဆွေများကလွဲပြီး ဘယ်သူစိမ်းနဲ့မှ အရောတဝင်မနေခဲ့။

သွေးသစ်ဉာဏ် ဆိုသည့်ဒီကလေးနဲ့မှ ဘာမှပြန်မပြောရဲ၊သူပြောသလိုလုပ်နေရသည် ဟုတွေးကာ သူ့ကိုယ်သူမကျေမချမ်းဖြစ်နေသည်။

----------------------------------------------------------------------------

ည၇နာရီလောက်ရောက်မှ ကျိုက်ထီးရိုးတောင်ခြေက Hotelသို့ ကားဆိုက်သည်။

အားလုံးကိုယ့်အထုတ်ကိုယ်ဆွဲပြီး ကားပေါ်ကဆင်းလာကြသည်။Hotelထဲဝင်ပြီး Reception တွင်အားလုံးစုပြုံရပ်လိုက်ကြသည်။

သလင်းက လူအုပ်ကြားထဲကထိုးထွက်ကာ အားလုံးရှေ့တွင် တည်တည်တံ့တံ့ရပ်လိုက်သည်။အကုန်လုံးရဲ့တီးတိုးစကားသံတွေ ရပ်သွားမှ သလင်းကစကားစလိုက်သည်။

"ဟုတ်ကဲ့...၊ကျွန်တော်က ဒီကလူကြီးမင်းတွေအတွက် ​ကျိုက်ထီးရိုးကို လမ်းညွှန်လုပ်ပေးမယ့် guideတစ်ယောက်ပါ၊ကျွန်တော့်နာမည် သလင်းနွေလို့ခေါ်ပါတယ်၊အားလုံးပဲ တွေ့ရတာမင်္ဂလာပါ''

သလင်းနွေက သူ့နာမည်ကိုမိတ်ဆက်လိုက်ပြီး သူ့ရဲ့တာဝန်၊ဝတ္တရားတွေကို ရှင်းပြလိုက်သည်။

"ဟယ်..သလင်းနွေတဲ့၊လှလိုက်တာနော် နာမည်လေးက၊ဟင်းဟင်း ''

"ဟဲ့...၊လူကလည်းမိုက်ပါတယ်ဟ''

"မင်္ဂလာပါ......''

"Guide လေးက အချောလေးဟေ့၊ဒီခရီးလိုက်လာရတာ တန်သွားပြီဟ''

ကျောင်းသား၊ကျောင်းသူ ၂၀ ကျော်ထံမှ ကျွတ်စီကျွတ်စီစကားသံ အချို့ထွက်လာသည်။

"ကဲ...တိတ်ကြတော့''

ဆရာမက ဝင်ဟန့်လိုက်မှ စကားသံများရပ်သွားသည်။

ထို့အခါမှ သလင်းကစကားဆက်ရန်ကြိုးစားလိုက်ပြီး အားလုံးကိုဝေ့ဝဲ့ကြည့်လိုက်သည်။

မှုန်တေတေနှင့်ကြည့်နေသည့် သွေးသစ်ကိုမြင်တော့ ချက်ချင်းပဲအကြည့်လွဲပြီး စကားဆက်ပြောလိုက်သည်။

"ဒီHotelမှာ အားလုံးအတွက် Bookingလုပ်ထားပါတယ်၊ကိုယ်အတူနေချင်တဲ့သူတွေနဲ့ ငါးယောက်ကိုတစ်ခန်းနေလို့ရပါတယ်''

"ဟေး...ဟေး....''

ကျောင်းသား၊ကျောင်းသူတွေရဲ့အသံက ကျေနပ်စွာထွက်လာကြသည်။အသံငြိမ်သွားမှ သလင်းက ဆရာမနှစ်ယောက်ဘက်လှည့်ကာ၊

"ဆရာမတို့နှစ်ယောက်အတွက် သက်သက်၁ခန်းပြင်ပေးထားပါတယ်''

"ကောင်းပါပြီရှင်''

"ကဲ ဒါဆို အားလုံးပဲ မှတ်ပုံတင်အပ်ပြီး အခန်းသော့ယူလို့ရပါပြီ၊ကိုယ်နဲ့နေတဲ့သူငယ်ချင်းကိုတော့ စာရင်းရေးပြီး ဆရာမတွေကို သေချာပေးထားကြပါ
နောက်ပြီး ညစာစားရင်လည်း အားလုံးအတူတူစားစေချင်ပါတယ်၊မနက်ဖြန်အတွက် ခရီးစဥ်လေး ပြောပြချင်လို့ပါ..အခုတော့ အားလုံးနားလို့ရပါပြီ''

သလင်းက Reception က အခန်းသော့များတောင်းပြီး မှတ်ပုံတင်အားလုံးကို Receptionတွင်ပြန်အပ်လိုက်သည်။

ကျောင်းသား၊ကျောင်းသူအဖွဲ့ကိုယ်စီအား သော့အသီးသီးအပ်လိုက်သည်။

ကျောင်းသား၊အဖွဲ့တွေအကုန်ထွက်သွားမှ သလင်းက ဆရာမနှစ်ဦးထံ အခန်းသော့အပ်လိုက်သည်။

"ဒီမှာပါ ဆရာမ၊ဆရာမတို့နှစ်ယောက်ရဲ့အခန်းသော့၊အေးဆေးနားကြပါဦး''

"ဒါဆို ကျွန်မတို့ကိုခွင့်ပြုပါဦး''

"ဟုတ်ကဲ့ပါဗျ''

ဆရာမနှစ်ဦးလုံး အခန်းသော့ယူပြီး သူတို့အခန်းရှိရာသို့ ထွက်သွားကြသည်။သလင်းလည်းသူ့အခန်းသို့သွားမည်အပြု၊

"သလင်း''

ခုနတုန်းက အနားမှာမရှိဘဲ အခုမှသလင်းနားရောက်လာကာ အသံပြုလိုက်သည့် သွေးသစ်။

"အင်း...၊မင်းလိုက်မသွားသေးဘူးလား''

"မင်း၊ဟုတ်လား''

သေစမ်း သလင်းနွေရေ

ဟုသာကိုယ့်ကိုယ်ကိုယ် ချီးမွမ်းထောပနာပြုလိုက်ရသည့် သလင်း။

ဒီကလေးကို ဉာဏ် လို့ခေါ်ရဖို့သူမေ့နေ၍ဖြစ်သည်။ဒီကလေးက သူဖြစ်ချင်သလိုမဖြစ်ရရင် စိတ်တိုပေဦးမည်ကိုသူအသိ။

"အော်...၊ဉာဏ်လို့ပြောတာ''

"ကျွန်တော်သူတို့နဲ့ မနေချင်ပါဘူး''

"ဒါဆို တစ်ခန်းထပ်ယူပေးရမလား''

"ဟင့်အင်း..၊မယူချင်ဘူး''

"ဒါဆို ဒီလျှောက်လမ်းပေါ်မှအိပ်မလား''

"ဘာ...၊ဘာပြောတယ် သလင်း''

"ဟုတ်တယ်လေ၊အခန်းမယူဘူးဆိုတော့ ဒီလျှောက်လမ်းပေါ်မှာအိမ်မလို့လားလို့''

ပြောပြီး သူ့အခန်းသူထွက်လာသည့်သလင်းနှင့် သလင်းနောက်ကလိုက်လာသည့် သွေးသစ်။

သလင်းအခန်းရှေ့ရောက်တော့တံခါးဖွင့်ရန်ပြင်ပြီးမှ နောက်လှည့်ကြည့်လိုက်သည်။

ဖြစ်ချင်တော့ သွေးသစ်က သလင်းထက် ခေါင်းတစ်လုံးစာအရပ်ပိုမြင့်နေသ​ဖြင့် သလင်းကသွေးသစ်ကို မော့ကြည့်ရပေသည်။

ကျစ်...ဒီအရပ်နဲ့တော့၊ ငါကကြီးတာ ငါကအရပ်ရှည်ရမှာကိုကွာ။

သလင်းသူ့ကိုယ်သူမကျေမနပ်ဖြစ်မိသည်။

"ကျွန်တော် သလင်းနဲ့နေလို့ရမလား''

"မရဘူး၊ကိုယ်က သူစိမ်းတွေနဲ့အတူမနေတတ်ဘူး''

"သေချာလား သလင်း''

ခန္ဓာကိုယ်ကို ကိုင်းပြီးပြောလာသည့် သွေးသစ်ကြောင့် သလင်းမျက်နှာနှင့်သွေးသစ်မျက်နှာက တစ်လက်မသာသာပဲကွာတော့သည်။

သလင်းက သွေးသစ်ကို တွန်းထုတ်လိုက်ပြီး အခန်းထဲဝင်ကာလော့ချလိုက်တော့သည်။

အခန်းထဲရောက်တော့မှ ကျောပိုးအိတ်ကိုကုတင်ပေါ်တင်ကာ အဝတ်အစားလဲလိုက်သည်။

ဖုန်းကိုထုတ်ကာအားသွင်းထားလိုက်သည်။ခဏကြာတော့ အခန်းထဲကထွက်ကာ hotel စားသောက်ခန်းဘက်ထွက်လာသည်။

တော်တော်များများလူစုံနေသဖြင့် မြန်မြန်ဝင်ထိုင်လ်ိုက်ရသည်။သလင်းစားပွဲမှာဝင်ထိုင်မိသည်နှင့် အရင်ဆုံးရှာမိသည်က သွေးသစ်ကို။

သို့သော် သွေးသစ်ကိုမတွေ့သဖြင့် စိတ်ကစိုးရိမ်မိပြန်သည်။

အားလုံးလူစုံပြီဖြစ်၍ မနက်အတွက်ခရီးစဥ်ကိစ္စပြောပြီးသည့်တိုင် သွေးသစ်ကရောက်မလာပေ။

သလင်းအားလုံးကို နှုတ်ဆက်ကာ Receptionဘက်ထွက်လာလိုက်သည်။

"ညီမရေ၊သွေးသစ်ဉာဏ်ဆိုတဲ့ဧည့်သည့် အခန်းလာယူသေးလား''

ဝန်ထမ်းကောင်မလေးက စာရင်းစစ်ကြည့်လိုက်ရင်း၊

"မယူထားဘူးရှင့်၊ဘာများဖြစ်လို့လဲရှင့်''

"အဲ့ဧည့်သည်ရဲ့အခန်းသိချင်လို့ပါ၊အခန်းယူမထားရင် ဘယ်သွားလဲမသိဘူး၊သူ့ပုံစံက.......''

သလင်းအတတ်နိုင်ဆုံး သွေးသစ်ရဲ့ပုံစံကိုဖမ်းပြီး မေးကြည့်လိုက်သည်။

ဝန်ထမ်းကောင်မလေးကလည်း နည်းနည်းစဥ်းစားဟန်ပြုကာ အဖြေပြန်ပေးလိုက်၏။

------------------------------------------------------------------------
(16.3.2021)
Vote,commentလေးတွေချန်ခဲ့လို့ရပါတယ်ဗျ။
ကျေးဇူးတင်ပါတယ်။

Zawgyi

စားေသာက္ဆိုင္အတြင္း တျခားဝိုင္းေတြကစားမၿပီးေသးေသာ္လည္း သလင္းႏြေႏွင့္ေသြးသစ္ဉာဏ္တို႔က စားေသာက္ၿပီးစီးေနၿပီျဖစ္သည္။

ေသြးသစ္ဉာဏ္သည္ cokeတစ္ဗူးသာေသာက္ေနၿပီး ေန႕လယ္စာစားေနေသာ သလင္းႏြေကို စိုက္ၾကည့္ေနခဲ့သည္။

ထိုကဲ့သို႔ စိုက္ၾကည့္ေနသျဖင့္ သလင္းႏြေအေနခက္ၿပီး ေန႕လယ္စာပင္ၿပီးေအာင္မစားျဖစ္ဘဲ လိေမၼာ္ရည္သာေနခဲ့ရသည္။

ေသြးသစ္ဉာဏ္ကိုလည္း စကားမေျပာျဖစ္ဘဲ ဖုန္းထိုင္သုံးေနလိုက္သည္။

၁နာရီခြဲတြင္ ကားျပန္ထြက္မည္ျဖစ္၍ ၁နာရီေက်ာ္ေက်ာ္တြင္ ေရဗူးႏွင့္မုန့္တစ္ခ်ိဳ႕ဝယ္ၿပီး ကားေပၚျပန္တက္ခဲ့သည္။

ေသြးသစ္ဉာဏ္ကလည္း သလင္းႏြေေနာက္ကမခြာဘဲ ကပ္ေနသည္။

သလင္းႏြေလည္းတကယ္စိတ္ရႈပ္သျဖင့္ ကားေပၚတြင္လည္း သူ႕ဖုန္းသူသုံးေနသည္။မ်က္ႏွာကတည္လ်က္။ကားေပၚတြင္ လူမစုံေသးေသာ္လည္း တစ္ေယာက္စ၊ႏွစ္ေယာက္စေတာ့ရွိေနသည္။

"ဘာျဖစ္ေနတာလဲ''

ေသြးသစ္ဉာဏ္ကေမးလာတာေၾကာင့္ သလင္းႏြေလွည့္ၾကည့္ၿပီး မ်က္ခုံးပင့္ျပလာသည္။ဘာကိုလဲဆိုသည့္သေဘာတရားအျပည့္ႏွင့္။

"ဘာလဲ၊ကြၽန္ေတာ္နဲ႕မထိုင္ခ်င္လို႔လား''

အသံမာမာေမးလာသည့္ ေသြးသစ္ဉာဏ္ေၾကာင့္ သလင္းႏြေက ေခါင္းခါျပလိုက္သည္။

အမွန္ေတာ့ သလင္းႏြေ အေနခက္ေနျခင္းပင္ျဖစ္သည္။

ခရီးစကတည္းက လူကိုအ႐ုပ္ထင္ေနလားမသိ။မွီလို႔မွီ၊အကၤ်ီတင္လို႔တင္ႏွင့္။

ေန႕လယ္စာစားေတာ့လည္း စားစရာရွိတာမစားဘဲ တစ္ခ်ိန္လုံးထိုင္ၾကည့္ေနသျဖင့္ စိတ္အခ်ဥ္ေပါက္ခဲ့ရသည္။

ေန႕လယ္စာေကာင္းေကာင္းမစားရသျဖင့္ လမ္းတြင္ဗိုက္ဆာမွာစိုးတာေၾကာင့္ မုန့္အခ်ိဳ႕ႏွင့္ေရ ဝယ္ၿပီးကားေပၚတြင္ တက္ထိုင္ေနလိုက္သည္။

အဲ့ဒီလို ကားေပၚတတ္လာသည့္အခ်ိန္တြင္လည္း ေနာက္ကတပ္ၾကပ္မကြာလိုက္လာေသးသည္။

အခုလည္း ေဘးကေန အၾကည့္စူးစူးေတြႏွင့္ ပြစိပြစိေျပာေနေသာေၾကာင့္ သလင္းစိတ္ညစ္မိသည္။

"ေရာ့...''

သလင္းလွည့္ၾကည့္လိုက္ေတာ့ နားၾကပ္တစ္ဖက္ကမ္းေပးလာသည့္ ေသြးသစ္။

ခုနတုန္းကလို စူးရွေနသည့္အၾကည့္မဟုတ္ဘဲ ေမွ်ာ္လင့္တႀကီးျဖစ္ေနရွာသည့္ ခပ္နက္နက္မ်က္ခုံးေအာက္က မ်က္ဝန္းတစ္စုံ။

တတိယႏွစ္(tourism) ဆိုေတာ့လည္း ကေလးမဟုတ္ေတာ့သည့္တိုင္ လူႀကီးမက်ႏွင့္ ဆြဲေဆာင္မႈရွိလွသည္။

"ေရာ့ေလ...''

ေၾကာင္ေငးၾကည့္ေနမိသည့္ သလင္းကို အသံထပ္ေပးၿပီး နားၾကပ္ကိုျမႇောက္ျပလိုက္သည္။

အဲ့ဒီအခါမွ သလင္းက နားၾကပ္ကိုယူလိုက္ၿပီး နားတြင္တပ္ဆင္လိုက္သည္။

"ဘာသီခ်င္းလဲ''

"သီခ်င္းနားေထာင္ခ်င္တာလား၊ ကြၽန္ေတာ္က ဇာတ္ကားၾကည့္မလားလို႔....၊အျပင္းေျပေအာင္''

"ဇာတ္ကား...၊ဘာကားလဲ''

"ရိုမီယိုနဲ႕ဂ်ဴးလိယက္''

ဖုန္းထဲက ဇာတ္ကားတစ္ခုကိုေ႐ြးၿပီး ဖြင့္ျပလိုက္သည္။သလင္းကတစ္ခ်က္ၾကည့္လိုက္ၿပီး၊

"အဲ့ကားက ႏွစ္ေဆြးေနၿပီေလ၊ၾကာလွၿပီကို''

"ကြၽန္ေတာ္ႀကိဳက္တယ္ေလ''

ခပ္ဆတ္ဆတ္ေျပာရင္း မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လာသည့္ ေသြးသစ္ေၾကာင့္ သလင္းအၾကည့္လႊဲလိုက္ၿပီး ဖုန္းကိုသာအာ႐ုံစိုက္လိုက္သည္။

အသက္ႀကီးလို႔သာ လူႀကီးျဖစ္ေနတာ တကယ့္ကေလးသာသာပဲ

ေသြးသစ္ ႏႈတ္ခမ္းမ်ားတြန့္သြားသည့္တိုင္ ေက်နပ္စြာၿပဳံးရင္ ေရ႐ြတ္လိုက္သည္။

ဒီလိုပုံစံအတိုင်းဆ်ို ဒီလူႀကီးကို ေသြးသစ္အရမ္းပိုင္ဆိုင္ခ်င္ေနၿပီ။ေသြးသစ္ရဲ႕လွပလြန္းေသာအၿပဳံးကိုေတာ့ သလင္းမျမင္လိုက္ရေပ။

သူၾကည့္ၿပီးရိုးေနေသာ ဇာတ္ကားကိုၾကည့္ေနရသျဖင့္ မ်က္ေမွာင္ကႀကဳံ႕ထားလိုက္ေသးသည္။

ေသြးသစ္ သလင္းကိုၾကည့္ၿပီး ရင္ထဲကကလိကလိ ျဖစ္သည့္အထိအူယားသြားရသည္။

သိပ္မၾကာလိုက္ ေက်ာင္းသားေတြဆုံၿပီး ခရီးကိုျပန္လည္စတင္ၾကသည္။

အကုန္လုံးက သူ႕အာ႐ုံနဲ႕သူရွိေနၾကသလို ေသြးသစ္နဲ႕သလင္းကလည္း သူတို႔ၾကည့္ေနတဲ့ဇာတ္ကားဆီသာ အာ႐ုံစုထားသည္။

ၾကည့္ေနရင္းအခ်ိန္အနည္းငယ္ၾကာလာေတာ့ သလင္းမ်က္ေတာင္ပုတ္ခပ္ပုတ္ခပ္လုပ္လာသည္ကို ေသြးသစ္သတိထားမိလိုက္သည္။

ထို႔ေၾကာင့္ သလင္းဝယ္လာသည့္မုန့္အိတ္ကို လွမ္းယူလိုက္သည္။သလင္းက ဘာလုပ္မလို႔လဲဆိုသည့္အၾကည့္ႏွင့္ လွည့္ၾကည့္လာသည္။

ဘာမွမဟုတ္ဘူးၾကည့္စရာရွိတာၾကည့္ ဆ်ိုသည့်သဘောနှင့် ေသြးသစ္က သလင္းကိုင္ထားေသာဖုန္းကိုသာ ေမးေငါ့ျပလိုက္သည္။

သလင္းလည္း ဖုန္းထဲအာ႐ုံျပန္စိုက္ေနလိုက္ၿပီး ဘာမဟုတ္သလိုေနေနလိုက္သည္။

ေသြးသစ္က သလင္းဝယ္လာသည့္ေနၾကာေစ့ထုတ္ကိုေဖာက္လိုက္ၿပီး ေနၾကာေစ့ကိုအခြံခြာလိုက္သည္။

အခြံခြာၿပီးသားေနၾကာေစ့ကို သလင္းႏႈတ္ခမ္းနားကိုကပ္ေပးလိုက္ေတာ့ သလင္းကလွမ္းယူမည္အျပဳ၊ေသြးသစ္က အယူမခံဘဲေရွာင္လိုက္သည္။

"ဟ...''

ႏႈတ္ခမ္းႏွစ္လႊာဟ႐ုံေလး၊ႏွစ္ကိုယ္ၾကား ၾကားနိုင္ေသာအသံေလးျဖင့္သာ ေသြးသစ္ကေျပာလိုက္သည္။

သလင္းက ေခါင္းခါျပလိုက္ေတာ့ ေသြးသစ္က မ်က္ႏွာကိုတင္းၿပီး ထပ္ခြံလိုက္သည္။

တင္းမာသြားေသာ ေသြးသစ္မ်က္ႏွာေၾကာင့္ သလင္းပါးစပ္ဟေပးလိုက္သည္။

ထိုအခါမွ ေသြးသစ္က သလင္းကိုေနၾကာေစ့ခြံေကြၽးလိုက္သည္။

လြန္ဆန္နိုင္တာလည္းမဟုတ္ဘဲ၊ဘာလို႔လြန္ဆန္ခ်င္ေနတာလဲ သလင္း။

ေသြးသစ္ အေက်နပ္ႀကီးေက်နပ္ကာ ေရ႐ႊတ္မိသည္။ေသြးသစ္အဖို႔ေက်နပ္စရာဆိုေပမယ့္ သလင္းကေတာ့ သူ႕ကိုယ္သူမေက်နပ္ေပ။

ေက်ာင္းတတ္ေနသည့္အခ်ိန္ကစၿပီး အခုလုပ္ငန္းခြင္ဝင္ေနသည့္အခ်ိန္အထိ ဘယ္သူနဲ႕မဆို ခပ္တန္းတန္းေနသည္။

လုပ္ငန္းသေဘာမိတ္ေဆြမ်ားကလြဲၿပီး ဘယ္သူစိမ္းနဲ႕မွ အေရာတဝင္မေနခဲ့။

ေသြးသစ္ဉာဏ္ ဆိုသည့္ဒီကေလးနဲ႕မွ ဘာမွျပန္မေျပာရဲ၊သူေျပာသလိုလုပ္ေနရသည္ ဟုေတြးကာ သူ႕ကိုယ္သူမေက်မခ်မ္းျဖစ္ေနသည္။

----------------------------------------------------------------------------

ည၇နာရီေလာက္ေရာက္မွ က်ိဳက္ထီးရိုးေတာင္ေျခက Hotelသို႔ ကားဆိုက္သည္။

အားလုံးကိုယ့္အထုတ္ကိုယ္ဆြဲၿပီး ကားေပၚကဆင္းလာၾကသည္။Hotelထဲဝင္ၿပီး Reception တြင္အားလုံးစုၿပဳံရပ္လိုက္ၾကသည္။

သလင္းက လူအုပ္ၾကားထဲကထိုးထြက္ကာ အားလုံးေရွ႕တြင္ တည္တည္တံ့တံ့ရပ္လိုက္သည္။အကုန္လုံးရဲ႕တီးတိုးစကားသံေတြ ရပ္သြားမွ သလင္းကစကားစလိုက္သည္။

"ဟုတ္ကဲ့...၊ကြၽန္ေတာ္က ဒီကလူႀကီးမင္းေတြအတြက္ က်ိဳက္ထီးရိုးကို လမ္းၫႊန္လုပ္ေပးမယ့္ guideတစ္ေယာက္ပါ၊ကြၽန္ေတာ့္နာမည္ သလင္းႏြေလို႔ေခၚပါတယ္၊အားလုံးပဲ ေတြ႕ရတာမဂၤလာပါ''

သလင္းႏြေက သူ႕နာမည္ကိုမိတ္ဆက္လိုက္ၿပီး သူ႕ရဲ႕တာဝန္၊ဝတၱရားေတြကို ရွင္းျပလိုက္သည္။

"ဟယ္..သလင္းႏြေတဲ့၊လွလိုက္တာေနာ္ နာမည္ေလးက၊ဟင္းဟင္း ''

"ဟဲ့...၊လူကလည္းမိုက္ပါတယ္ဟ''

"မဂၤလာပါ......''

"Guide ေလးက အေခ်ာေလးေဟ့၊ဒီခရီးလိုက္လာရတာ တန္သြားၿပီဟ''

ေက်ာင္းသား၊ေက်ာင္းသူ ၂၀ ေက်ာ္ထံမွ ကြၽတ္စီကြၽတ္စီစကားသံ အခ်ိဳ႕ထြက္လာသည္။

"ကဲ...တိတ္ၾကေတာ့''

ဆရာမက ဝင္ဟန့္လိုက္မွ စကားသံမ်ားရပ္သြားသည္။

ထို႔အခါမွ သလင္းကစကားဆက္ရန္ႀကိဳးစားလိုက္ၿပီး အားလုံးကိုေဝ့ဝဲ့ၾကည့္လိုက္သည္။

မႈန္ေတေတႏွင့္ၾကည့္ေနသည့္ ေသြးသစ္ကိုျမင္ေတာ့ ခ်က္ခ်င္းပဲအၾကည့္လြဲၿပီး စကားဆက္ေျပာလိုက္သည္။

"ဒီHotelမွာ အားလုံးအတြက္ Bookingလုပ္ထားပါတယ္၊ကိုယ္အတူေနခ်င္တဲ့သူေတြနဲ႕ ငါးေယာက္ကိုတစ္ခန္းေနလို႔ရပါတယ္''

"ေဟး...ေဟး....''

ေက်ာင္းသား၊ေက်ာင္းသူေတြရဲ႕အသံက ေက်နပ္စြာထြက္လာၾကသည္။အသံၿငိမ္သြားမွ သလင္းက ဆရာမႏွစ္ေယာက္ဘက္လွည့္ကာ၊

"ဆရာမတို႔ႏွစ္ေယာက္အတြက္ သက္သက္၁ခန္းျပင္ေပးထားပါတယ္''

"ေကာင္းပါၿပီရွင္''

"ကဲ ဒါဆို အားလုံးပဲ မွတ္ပုံတင္အပ္ၿပီး အခန္းေသာ့ယူလို႔ရပါၿပီ၊ကိုယ္နဲ႕ေနတဲ့သူငယ္ခ်င္းကိုေတာ့ စာရင္းေရးၿပီး ဆရာမေတြကို ေသခ်ာေပးထားၾကပါ
ေနာက္ၿပီး ညစာစားရင္လည္း အားလုံးအတူတူစားေစခ်င္ပါတယ္၊မနက္ျဖန္အတြက္ ခရီးစဥ္ေလး ေျပာျပခ်င္လို႔ပါ..အခုေတာ့ အားလုံးနားလို႔ရပါၿပီ''

သလင္းက Reception က အခန္းေသာ့မ်ားေတာင္းၿပီး မွတ္ပုံတင္အားလုံးကို Receptionတြင္ျပန္အပ္လိုက္သည္။

ေက်ာင္းသား၊ေက်ာင္းသူအဖြဲ႕ကိုယ္စီအား ေသာ့အသီးသီးအပ္လိုက္သည္။

ေက်ာင္းသား၊အဖြဲ႕ေတြအကုန္ထြက္သြားမွ သလင္းက ဆရာမႏွစ္ဦးထံ အခန္းေသာ့အပ္လိုက္သည္။

"ဒီမွာပါ ဆရာမ၊ဆရာမတို႔ႏွစ္ေယာက္ရဲ႕အခန္းေသာ့၊ေအးေဆးနားၾကပါဦး''

"ဒါဆို ကြၽန္မတို႔ကိုခြင့္ျပဳပါဦး''

"ဟုတ္ကဲ့ပါဗ်''

ဆရာမႏွစ္ဦးလုံး အခန္းေသာ့ယူၿပီး သူတို႔အခန္းရွိရာသို႔ ထြက္သြားၾကသည္။သလင္းလည္းသူ႕အခန္းသို႔သြားမည္အျပဳ၊

"သလင္း''

ခုနတုန္းက အနားမွာမရွိဘဲ အခုမွသလင္းနားေရာက္လာကာ အသံျပဳလိုက္သည့္ ေသြးသစ္။

"အင္း...၊မင္းလိုက္မသြားေသးဘူးလား''

"မင္း၊ဟုတ္လား''

ေသစမ္း သလင္းႏြေေရ

ဟုသာကိုယ့္ကိုယ္ကိုယ္ ခ်ီးမြမ္းေထာပနာျပဳလိုက္ရသည့္ သလင္း။

ဒီကေလးကို ဉာဏ္ လို႔ေခၚရဖို႔သူေမ့ေန၍ျဖစ္သည္။ဒီကေလးက သူျဖစ္ခ်င္သလိုမျဖစ္ရရင္ စိတ္တိုေပဦးမည္ကိုသူအသိ။

"ေအာ္...၊ဉာဏ္လို႔ေျပာတာ''

"ကြၽန္ေတာ္သူတို႔နဲ႕ မေနခ်င္ပါဘူး''

"ဒါဆို တစ္ခန္းထပ္ယူေပးရမလား''

"ဟင့္အင္း..၊မယူခ်င္ဘူး''

"ဒါဆို ဒီေလွ်ာက္လမ္းေပၚမွအိပ္မလား''

"ဘာ...၊ဘာေျပာတယ္ သလင္း''

"ဟုတ္တယ္ေလ၊အခန္းမယူဘူးဆိုေတာ့ ဒီေလွ်ာက္လမ္းေပၚမွာအိမ္မလို႔လားလို႔''

ေျပာၿပီး သူ႕အခန္းသူထြက္လာသည့္သလင္းႏွင့္ သလင္းေနာက္ကလိုက္လာသည့္ ေသြးသစ္။

သလင္းအခန္းေရွ႕ေရာက္ေတာ့တံခါးဖြင့္ရန္ျပင္ၿပီးမွ ေနာက္လွည့္ၾကည့္လိုက္သည္။

ျဖစ္ခ်င္ေတာ့ ေသြးသစ္က သလင္းထက္ ေခါင္းတစ္လုံးစာအရပ္ပိုျမင့္ေနသျဖင့္ သလင္းကေသြးသစ္ကို ေမာ့ၾကည့္ရေပသည္။

က်စ္...ဒီအရပ္နဲ႕ေတာ့၊ ငါကႀကီးတာ ငါကအရပ္ရွည္ရမွာကိုကြာ။

သလင္းသူ႕ကိုယ္သူမေက်မနပ္ျဖစ္မိသည္။

"ကြၽန္ေတာ္ သလင္းနဲ႕ေနလို႔ရမလား''

"မရဘူး၊ကိုယ္က သူစိမ္းေတြနဲ႕အတူမေနတတ္ဘူး''

"ေသခ်ာလား သလင္း''

ခႏၶာကိုယ္ကို ကိုင္းၿပီးေျပာလာသည့္ ေသြးသစ္ေၾကာင့္ သလင္းမ်က္ႏွာႏွင့္ေသြးသစ္မ်က္ႏွာက တစ္လက္မသာသာပဲကြာေတာ့သည္။

သလင္းက ေသြးသစ္ကို တြန္းထုတ္လိုက္ၿပီး အခန္းထဲဝင္ကာေလာ့ခ်လိဳက္ေတာ့သည္။

အခန္းထဲေရာက္ေတာ့မွ ေက်ာပိုးအိတ္ကိုကုတင္ေပၚတင္ကာ အဝတ္အစားလဲလိုက္သည္။

ဖုန္းကိုထုတ္ကာအားသြင္းထားလိုက္သည္။ခဏၾကာေတာ့ အခန္းထဲကထြက္ကာ hotel စားေသာက္ခန္းဘက္ထြက္လာသည္။

ေတာ္ေတာ္မ်ားမ်ားလူစုံေနသျဖင့္ မြန်မြန်ဝင်ထိုင်လ်ိုက်ရသည်။သလင်းစားပွဲမှာဝင်ထိုင်မိသည်နှင့် အရင္ဆုံးရွာမိသည္က ေသြးသစ္ကို။

သို႔ေသာ္ ေသြးသစ္ကိုမေတြ႕သျဖင့္ စိတ္ကစိုးရိမ္မိျပန္သည္။

အားလုံးလူစုံၿပီျဖစ္၍ မနက္အတြက္ခရီးစဥ္ကိစၥေျပာၿပီးသည့္တိုင္ ေသြးသစ္ကေရာက္မလာေပ။

သလင္းအားလုံးကို ႏႈတ္ဆက္ကာ Receptionဘက္ထြက္လာလိုက္သည္။

"ညီမေရ၊ေသြးသစ္ဉာဏ္ဆိုတဲ့ဧည့္သည့္ အခန္းလာယူေသးလား''

ဝန္ထမ္းေကာင္မေလးက စာရင္းစစ္ၾကည့္လိုက္ရင္း၊

"မယူထားဘူးရွင့္၊ဘာမ်ားျဖစ္လို႔လဲရွင့္''

"အဲ့ဧည့္သည္ရဲ႕အခန္းသိခ်င္လို႔ပါ၊အခန္းယူမထားရင္ ဘယ္သြားလဲမသိဘူး၊သူ႕ပုံစံက.......''

သလင္းအတတ္နိုင္ဆုံး ေသြးသစ္ရဲ႕ပုံစံကိုဖမ္းၿပီး ေမးၾကည့္လိုက္သည္။

ဝန္ထမ္းေကာင္မေလးကလည္း နည္းနည္းစဥ္းစားဟန္ျပဳကာ အေျဖျပန္ေပးလိုက္၏။

------------------------------------------------------------------------
(16.3.2021)
Vote,commentေလးေတြခ်န္ခဲ့လို႔ရပါတယ္ဗ်။
ေက်းဇူးတင္ပါတယ္။

Continue Reading

You'll Also Like

11.5K 1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
175K 21.1K 48
အို....ဤအချစ်များရယ် ဘာကြောင့် ဆုံဖို့ခက်ရတယ်(Zaw and Uni)
267K 11.1K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
133K 10.6K 48
3.6.2021 - 11.5.2022