ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...

By yeolli_khin

114K 19.2K 566

NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More

Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc 2.7
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.18
Arc2.19
About Update

Arc2.6

3.2K 594 6
By yeolli_khin

Unicode
မွန်းတည့်ချိန်တွင် "အတွင်းနန်းဆောင်ရဲ့ ကျန့်ကျား" ဇာတ်လမ်းတွဲဒါရိုက်တာကို စုယွီက ဖုန်းခေါ်ခဲ့သည်။ သူသည် ထင်ရာစိုင်းတတ်သောဉက္ကဌနှင့်ပြောဆိုဆက်ဆံရာတွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး အကူအညီမဲ့သည်ဟုခံစားရသော်လည်း သူ့လေသံကတော့ လေးစားသည့်အသံဖြစ်နေဆဲပင်။ "ဥက္ကဌကျောက် Ol' Hanနဲ့ ကျွန်တော့်ကို တစ်ခုခုများ ဆွေးနွေးချင်တာများ ရှိလား"

ဒါရိုက်တာရည်ညွှန်းသော "Ol' Han"သည် "အတွင်းနန်းဆောင်ရဲ့ ကျန့်ကျား"ဇာတ်လမ်းတွဲမှ ဇာတ်ညွှန်းရေးသူ ဟန်ကျီခွင်းဖြစ်သည်။

"အင်း...ဒီဒရမ်မာဇာတ်လမ်းတွဲထဲက တတိယအမျိုးသမီးဇာတ်လိုက်နဲ့ပတ်သက်ပြီး ခင်ဗျားတို့နှစ်ယောက်နဲ့ ‌ေ‌ဆွးနွေးစရာအချို့ ကျွန်တော့်မှာရှိတယ်" စုယွီရဲ့အသံက သိမ်မွေ့ပြီးဖော်ရွေပေမယ့် ဒါရိုက်တာနှင့်ဇာတ်ညွှန်ရေးသူတို့နှစ်ဦးစလုံး၏နှလုံးသားများသည် ပြင်းထန်စွာ စတင်တုန်လှုပ်လာတော့သည်။ 

ဒီဒရမ်မာ၏ဒါရိုက်တာကျန်းကျင်သည် အသက်လေးဆယ်တောင် မရှိသေးသော်လည်း သူသည် ဖျော်ဖြေရေးလုပ်ငန်းတွင် လူသိများပြီး သူ၏ရိုက်ကူးထုပ်လုပ်မှုအရည်အသွေးကြောင့် ချီးကျူးခြင်းခံရသူဖြစ်သည်။ သူ၏ TVဇာတ်လမ်းတွဲများမှာ ဝေဖန်ပြောဆိုသူများထံတွင်လည်း အဆင့်သက်မှတ်ချက်ကောင်းများရရှိကြသည်။

ဒါက သူသည် သရုပ်ဆောင်များကိုတင်းကြပ်စွာရွေးချယ်ခြင်းကြောင့်သာမကပဲ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံနှင့် ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်များအပေါ်ကိုပါ တင်းကြပ်စွာထိန်းချုပ်ထားခြင်းအပြင် ဇာတ်ညွှန်းနှင့် ဇာတ်လမ်းကျောရိုးအပေါ် သူ၏မြင့်မားသောစံနှုန်းများကြောင့်လည်းဖြစ်သည်။

ယခင်က စုယွီ၏ခေါင်းမာမှုကြောင့် ဇာတ်ကောင်များထပ်ထည့်ပြီး ဇာတ်ညွှန်းကိုပြင်ဆင်ခဲ့ရတာနဲ့တင် သူ၏စိတ်ရှည်မှုနှင့် သည်းခံမှု အကန့်အသတ်ကိုရောက်လုနီးပါးဖြစ်နေခဲ့သည်။ အကယ်၍ စုယွီက သူ့ကို အခြားဇာတ်ကောင်ကိုပါ ပြုပြင်ခိုင်းမည်ဆိုပါက ဒါရိုက်တာသည် အလွန် လျင်မြန်စွာ နှုတ်ထွက်သွားနိုင်သည်။

ဒါပေမယ့် အခြားသူတစ်ဦးက ဒီတောင်းဆိုမှုကို အမှန်တကယ်မပြုလုပ်မီ ကျန်းကျင်သည် စုယွီက ကြီးမားသောအရာတစ်ခုခုကိုမွှေလိမ့်မည်မဟုတ်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ "တတိယအမျိုးသမီးဇာတ်လိုက်‌ေနရာမှာ သရုပ်ဆောင်တဲ့သူကို ဥက္ကဌကျောက်ကသိလား"

ဒီမေးခွန်းဟာ အချည်းနှီးပါပဲ။ စုယွီက လုမန်နီနဲ့ ဇာတ်လမ်းဇာတ်ကွက်တစ်ခု ရိုက်ကူးပြီးခါစပင်။ သူက သူမကို အရင်ကမသိဘူးဆိုရင်တောင်မှ အခုတော့ သူမကို သိ‌ေနပြီဖြစ်သည်။ သို့သော် ကျန်းကျင်သည် နောက်ထပ် ဘာပြောလို့ပြောရမှန်းမသိခဲ့ပါ။

စုယွီသည် အခြားသူများနှင့် ကစားရန် စိတ်ကူးမရှိသောကြောင့် ရိုးရိုးစင်းစင်းသာပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို တတိယအမျိုးသမီးဇာတ်လိုက်ရဲ့ဇာတ်ညွှန်းကိုပြင်ဆင်ဖို့ ကူညီပေးစေချင်တယ်"

အခု‌ စုယွီ၏နူးညံ့သိမ်မွေ့သောအသံက ကျန်းကျင်ဒေါသကိုစွလိုက်သလိုဖြစ်သွားခဲ့ပြီး ကျန်းကျင်၏အသံဟာ ချက်ချင်းအေးစက်လာခဲ့သည်။ သူနှင့် ဟန်ကျီခွင်းသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ပြီးနောက် ပြောလိုက်သည်။ "ဥက္ကဌကျောက် ကျွန်တော်က‌တော့ ဒရမ်မာမှာ တတိယအမျိုးသမီးဇာတ်လိုက်ပါဝင်တဲ့အပိုင်းနဲ့ပတ်သက်ပြီး ဘာမှမမှားယွင်းဘူးလို့ထင်တယ်။ ဒါကြောင့် ဘာမှထပ်ပြုပြင်စရာလိုမယ်မထင်ဘူး။"

စုယွီသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အံ့ဩဖွယ်ကောင်းလောက်အောင်ပဲ သူ့နောက်ခံကိုသုံးပြီးတော့ အခြားသူများအား ဖိအားမပေးပေ။ ထိုအစား သိမ်မွေ့သောအသံဖြင့်ပင် စကားခေါင်းစဉ်အသစ်ကိုစတင်ပြောဆိုလိုက်သည်။ "ကျွန်တော်ဇာတ်ညွှန်းကိုဖတ်ကြည့်ချိန်တုန်းက အရမ်းအရေးကြီးပြီးဖြစ်နိုင်ချေရှိတဲ့ဇာတ်ကွက်တစ်ခုကို သတိမမူမိလိုက်သလို ခံစားမိတယ်။ ကျွန်တော် အဲဒီအကြောင်းကို ဒါရိုက်တာကျန်းနဲ့ အနည်းငယ်လောက်‌ေ‌ဆွးနွေးချင်တယ်။"

ကျန်းကျင်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဥက္ကဌကျောက်၏စကားခေါင်းစဉ်ပြောင်းလဲတာက နည်းနည်းရုတ်တရတ်ဖြစ်လွန်းသည်။ ဒါပေမယ့် သူတစ်ဦးတည်းအတွေးဖြင့် အခြားသူတစ်ဦးအပေါ်ဝေဖန်ဆုံးဖြတ်ချက်ချတာ စောသည်ကမကောင်းဟုထင်ကာ သူ နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်ခဲ့သည်။ ပြီးတော့ သူသည် ထိုစကားခေါင်းစဉ်အသစ်ကိုလက်ခံလိုက်ပြီးတော့ ပြောလိုက်သည်။ "ဟုတ်ပြီ။ အကယ်၍ ဥက္ကဌကျောက်မှာ ထောက်ပြစရာသူရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။"

"ဒါရိုက်တာကျန်း အဓိကအမျိုးသမီးဇာတ်ကောင်၏ပင်ကိုယ်စရိုက်ကို ဘယ်လိုထင်လဲ" စုယွီသည် တိုက်ရိုက်မဖြေကြားခဲ့ပေမယ့် ထိုအစား အခြားမေးခွန်းတစ်ခုကိုပြန်မေးခဲ့သည်။

ကျန်းကျင်သည် အနည်းငယ် အံ့အားသင့်သွားသဖြင့် သူ့ဘေးတွင်ထိုင်နေသော ဟန်ကျီခွင်းက လက်ဦးးမှုယူကာ ပြန်ဖြေခဲ့သည်။ "ဇာတ်ညွန်းထဲမှာ ကျွန်တော်က အဓိကအမျိုးသမီးဇာတ်ကောင်ကို အပြင်ဖက်တွင် ဘယ်သူ့ကိုမဆို ကြင်နာပြီးနူးညံ့သိမ်မွေ့သူတစ်ဦးအဖြစ် သရုပ်ဖော်ထားပြီးတော့ အတွင်းစိတ်မှာတော့ သံမဏိနှင့်တူသည့်စိတ်ထားမျိုးကို သရုပ်ဖော်ထားခဲ့တယ်။ ဒီဟာမှာ ပြဿနာတစ်ခုခုများ ရှိလို့လား။"

"အဓိကအမျိုးသမီးဇာတ်ကောင်က ဒီလိုစရိုက်မျိုးပဲဖြစ်သင့်တယ်လို့ ကျွန်‌ေတာ်ထင်တယ်။ ဒါပေမယ့် သူမ ကလေးဘဝတုန်းက ရုတ်တရတ်ပျောက်သွားတဲ့နောက်ပိုင်းက ဇာတ်ကွက်ကို မင်းတို့နှစ်ယောက် မှတ်မိနေတုန်းပဲမလား။" စုယွီသည် ပုံမှန်ရာသီဥတုအကြောင်းစကားစမြည်ပြောဆိုနေသကဲ့သို့ အေးအေးဆေးဆေးပင် ထိုင်ခုံသို့ကျောမှီကာ သူ့ရုံးစားပွဲကို ခြေထောက်တင်လိုက်သည်။

ကျန်းကျင်နှင့် ဟန်ကျီခွင်းသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်သည်။ သူ့တို့နှစ်ဦးစလုံးသည် စုယွီ၏အတွေးတွေနောက်သို့‌လိုက်ပါရင်း ဘယ်ဟာက ပြဿနာဖြစ်နေတယ်ဆိုတာမှန်း စုယွီဘာကိုပြုလုပ်ရန် ကြိုးစားနေတာလည်း နားမလည်နိုင်သေးပါ။ ဟန်ကျီခွင်းက စောနကမေးခွန်းကို ဆက်မေးခဲ့သည်။ "ဒီဇာတ်လမ်းဇာတ်ကွက်ဟာ အမျိုးသမီးဇာတ်လိုက်၏စိတ်အတွင်းရိှ‌ေမှာင်မိုက်မှုများစတင်ခဲ့တာဖြစ်ပြီးတော့ ဒါကို ဇာတ်လမ်း၏အထွတ်အထိပ်လို့ သတ်မှတ်နိုင်တယ်။ အမျိုးသမီးဇာတ်လိုက်က ထင်ရာစိုင်းမကျေနပ်ဖြစ်မှုကနေ အပြင်းအထန်ရုန်းကန်လှုပ်ရှားသည်းခံပြီးတော့ နောက်ဆုံးတွင် သူမ၏ပုံရိပ်ကို ပြန်လည်ရရှိအောင်ပြုလုပ်ခဲ့တာ ဖြစ်တယ်။"

"ဒီဇာတ်လမ်းရဲ့ဇာတ်ညွှန်းကို အသေးစိတ်ပြုလုပ်ထားပြီးတော့ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတယ်။ အရေးအသားကလည်း တကယ်ကောင်းတယ်။" ဟု စုယွီက သဘောတူလိုက်သည်။ လေးနက်သောမျက်နှာအသွင်အပြင်ကို ထိန်းသိမ်းထားပြီးတော့ ဇာတ်လမ်းအကြောင်းကို ဆက်လက်ပြောဆိုနေခဲ့သည်။ "ဒါပေမယ့် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်အကြား အပြန်အလှန်ဆက်ဆံရေးက အားနည်းနေတယ်။ သူမကလေးကိုဆုံးရှုံးခဲ့ရသည့်အမျိုးသမီးတစ်ဦးသည် သူမ၏ရန်သူများအားလုံးအပေါ် မကျေမနပ်မှုများပြည့်နှက်နေခဲ့တယ်။ သို့သော် အရာခပ်သိမ်း၏နောက်ကွယ်ရှိ အမျိုးသားဇာတ်လိုက်ကိုတော့ ဂရုတစိုက် ချစ်မြတ်နိုးဆဲပဲလား။ ဒီမိန်းမက ရူးနေတာလား။"

ဒီ "အတွင်းနန်းဆောင်ရဲ့ ကျန့်ကျား"ဇာတ်လမ်းတွဲတွင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြား ချစ်မေတ္တာများ ပင်လယ်ကဲ့သို့ပိုမိုနက်ရှိုင်းလာစေရန် အနှောင့်အယှက်များစွာ ကြုံတွေ့ခဲ့ရသည်။ ဒါတွေအကုန်လုံးဟာလည်း အမြှောက်စာဇာတ်ကောင်တွေ၏ပံ့ပိုးမှုကြောင့်ဟုဆိုရရင်လည်း မမှားပေ။

ဒီလိုလိုက်ဖက်ညီလှသောချစ်ခြင်း‌ေမတ္တာသည် စုယွီ၏အမြင်မှာတော့ IQချို့တဲ့နေသည်နှင့် အခြေခံအားဖြင့်ညီမျှလေသည်။

မိန်းမလိုက်စားသောဧကရာဇ်က သူမစိတ်ဆင်းရဲရခြင်း၏အဓိကအကြောင်းအရင်းဖြစ်သည်မှာ သိသာထင်ရှားသော်လည်း အမျိုးသမီးဇာတ်လိုက်သည် ဧကရာဇ်ကိုအလွန်ချစ်ခင်မြတ်နိုးဆဲဖြစ်သည်။ သူမသည် နာကြည်း၍လက်စားချေသောအခါတွင်ပင် သူမသည် နန်းတော်အတွင်းရှိ အခြားသောကိုယ်လုပ်တော်များအပေါ်တွင်သာ အငြိုးတကြီး ကြံစည်ခဲ့သည်။

ဤကဲ့သို့သောအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာရှိနေတာဖြစ်ပြီး ထိုအဖြစ်အပျက်ကိုရေးသားသောသူများမှာလည်း စိတ်ပိုင်းဆိုင်ရာဝေဒနာရှိမရှိကို သံသယဖြင့် ထိန်းသိမ်းထားသင့်သည်။

သို့သော် ယခုအချိန်မှာတော့ စုယွီသည် သူ၏အတွေးအမြင်အစစ်ကို ထုတ်ဖော်မပြသနိုင်ပါ။ ဒီလိုမှမဟုတ်ရင် ကျောက်ဖျော်ဖြေရေးလုပ်ငန်းစု၏အကြီးဆုံးဥက္ကဌဖြစ်ခဲ့ရင်တောင် ဒီလူနှစ်ယောက်ဟာ ဒေါသတကြီးနဲ့ဖုန်းချသွားပြီး သူခေါ်သမျှဖုန်းတွေကို ကိုင်တော့မှမဟုတ်ပဲ ဒီဖြစ်လာမည့်အကျိုးဆက်များကို ဘာပဲဖြစ်ဖြစ် လက်ခံလိုက်ရလိမ့်မယ်။ "အကယ်၍ ဒီဒရမ်မာကို ဂရုဏာသက်စေမယ့်ဇာတ်လမ်းဇာတ်ကွက်အတက်အကျများကို ပို၍မြင်သာအောင်ပြသနိုင်မယ်ဆိုရင် ကြည့်ရှုသူများစွာကို ဆွဲဆောင်နိုင်ပေမယ့် တကယ်လို့ မင်းကသာ ဒရမ်မာ၊ စိတ်ခံစားမှုအတက်အကျများစွာကို ပေါင်းထည့်လိုက်မယ်ဆိုရင် ကြည့်ရှုသူထက်ဝက်ကျော်ကို ကျိန်းသေပေါက် ရလိမ့်မယ်။" စုယွီသည် အချို့အချက်များကို ထပ်ထည့်ရန်စဉ်းစားလိုက်ပြန်သည်။ "သနားဂရုဏာသက်ဖွယ်ရာ‌ေကာင်းသည့် အမျိုးသမီးဇာတ်လိုက်၏ဇာတ်လမ်းဇာတ်ကွက်တွေဟာ အတွင်းနန်းဆောင်ရှိကိုယ်လုပ်တော်များသည် သူမကြောင့် ရှာလကာရည်သောက်မိသလိုဖြစ်တဲ့အတွက် အနိုင်ကျင့်နှိပ်စက်တဲ့ဇာတ်လမ်းဇာတ်ကွက် အထူးသဖြင့် သူမကလေးကိုဆုံးရှုံးသွားတဲ့ဇာတ်ကွက်တွေက အလွန်ရှိးရှင်းလွန်းတယ်။ ထိုကဲ့သို့သောပြုလုပ်တာဟာ သနားဂရုဏာသက်ဖွယ်ကောင်းစေရန် ရည်ရွယ်ချက်ကြောင့်ဆိုပေမယ့် သူမဟာ အမျိုးသားဇာတ်လိုက်အပေါ် နာကြည်းမှုသေးသေးလေးတောင် မဖြစ်မိဘူး။ ဒါက စောက်ရမ်းဒရမ်မာဆန်လွန်းတယ် မဟုတ်ဘူးလား။"

ကျန်းကျင်နှင့် ဟန်ကျီခွင်းတို့သည် ဉာဏ်ရည်ဉာဏ်စွမ်းရှိသောပုဂ္ဂိုလ်များဖြစ်ကြသည်။ စုယွီ၏ပြောစကားများကို နားထောင်ရပြီးသည့်နောက်တွင် သူတို့ကို မျက်နှာဖြတ်ရိုက်သလိုမျိုး ခံစားလိုက်ရသည်။ ဒီနန်းတွင်းဇာတ်လမ်းတွဲအနေဖြင့် နန်းတွင်းရှိအမျိုးသမီးများအကြား အံဩဖွယ်ကောင်းသာမြင်ကွင်းများကို ရိုက်ကူးနိုင်သည့်အပြင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်အကြား အချစ်အမုန်းဆက်ဆံရေးကို ဖော်ပြရန် အဖြစ်အပျက်များစွာရှိသည်။

အခြားရှုထောင့်များအားလုံးကို လျစ်လျူရှုပြီး ဒီအချက်ကို စက္ကန့်အနည်းငယ်မျှ အာရုံစိုက်လိုက်ရုံဖြင့် အမျိုးသမီးများစွာနှင့် အမျိုးသားတစ်ဦးထဲသာ ပါဝင်သောအိမ်ထောင်စုအနေဖြင့် ချောက်ချမှုများစွာကို အပိုအလိုမရှိဖြစ်သွားစေနိုင်သည်။ သူတို့က ဒီလိုအဖြစ်အပျက်မျိုးကို ဘယ်လိုသတိမပြုမိနိုင်ခဲ့တာလဲ။

စုယွီ၏မှတ်ချက်များသည် ဒီလူနှစ်ဦးအား နိုးကြားတက်ကြွစေသော ခေါ်ဆိုမှုတစ်ခုဖြစ်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းကျင်နှင့် ဟန်ကျီခွင်းတို့ကို လုံးဝအပြစ်တင်လို့တော့ မရဘူး။ အကြောင်းမှာ သူတို့နှစ်ဦးစလုံးသည် အတွေ့အကြုံရင့်ကျက်သော ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာများဖြစ်သော်လည်း သူတို့နှစ်ဦးသည် ကြမ်းတမ်းခက်ထန်သောယောကျာ်းသားနှစ်ဦးဖြစ်နေဆဲပင်။ သူတို့သည် ခံစားချက်များ၊ စိတ်လှုပ်ရှားမှုများနှင့်ပတ်သက်သောအရာအားလုံးကို အံ့ဩဖွယ်ကောင်းလောက်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟု မမျှော်လင့်နိုင်ပေ။

"ဥက္ကဌကျောက် ကျေးဇူးအရမ်းတင်ပါတယ်။ မင်းသာ ဒီအကြောင်းကို မထောက်ပြခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီလောက်ကြီးမားတဲ့ ဇာတ်ကွက်ယိုပေါက်ကြီးကို နားလည်သတိပြုမိမှာမဟုတ်ဘူး။" ကျန်းကျင်၏အသံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။

ဟန်ကျီခွင်း၏အနေအထားသည်လည်း ကျန်းကျင်၏အနေအထားနှင့် အလွန်ဆင်တူနေခဲ့သည်။ သူက ချက်ချင်းပဲ ဇာတ်ညွှန်းကိုပြင်ဆင်ပြောင်းလဲဖို့ရာကို မစောင့်ဆိုင်းချင်တော့ဘူး။

သို့သော် သူတို့နှစ်ဦးစလုံးက ဒီအကြောင်းအရာကို စိတ်ဝင်တစားစဉ်းစားနေချိန်တွင် စုယွီသည် သူတို့နှစ်ဦး၏ခေါင်းပေါ် ရေအေးများ လောင်းချပေးခဲ့သည်။ "ဒါရိုက်တာကျန်း အရမ်းယဉ်ကျေးဖို့မလိုပါဘူး။ ဒီဒရမ်မာရဲ့ငွေကြေးကုန်ကျစရိတ်အားလုံးကို ကျောက်ဖျော်ဖြေရေးလုပ်ငန်းစုက ထောက်ပံ့ပေးနေရတာပဲ။ ဒါပေမယ့် ကျွန်တော် အရင်ကပြောခဲ့တဲ့အကြောင်းကို ဒါရိုက်တာကျန်းက နည်းနည်းလောက် စဉ်းစားမိရဲ့လား။" 

ကျန်းကျင်သည် စိတ်လှုပ်ရှားမှုမှာ နစ်မြှုပ်နေဆဲဖြစ်သော်လည်း စုယွီ၏စကားကို ချက်ချင်း သဘောမတူခဲ့ပါ။ "ဥက္ကဌကျောက်က အဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာ‌ေတွထပ်ပြောစရာရှိသေးလို့လဲ။"

"အာ...တတိယအမျိုးသမီးဇာတ်လိုက်ရဲ့ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ညှိနှုိင်းစရာရှိတယ်။" စုယွီ၏အသံသည် ရာသီဥတုအကြောင်းပြော‌ဆိုနေသည့်အသံကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့သည်။

ကျန်းကျင်သည် ရေအေးနှင့်အပက်ခံလိုက်ရသလိုမျိုးဖြစ်သွားခဲ့ပြီး ရုတ်တရတ် တိတ်ဆိတ်သွားခဲ့သည်။ သူက စုယွီ၏အစောပိုင်းက ထောက်ပြခဲ့တာကိုစဉ်းစားမိပြီး ရုတ်တရတ် အခြားရည်ရွယ်ချက်‌ေတွကို ရှင်းရှင်းလင်းလင်းနားလည်သွားခဲ့သည်။

ဒီလို 'အပေးအယူ' ဆက်ဆံရေးသည် ကျန်းကျင်ကို အလွန်အံ့အားသင့်သွားစေခဲ့ပေမယ့်လည်း ဘာလုပ်ရမယ်ဆိုတာကို အနည်းငယ်မရေရာသလိုဖြစ်သွားခဲ့သည်။

ကျောက်ချင်းစုံ၏ပုံရိပ်ကို သူထင်မြင်ခဲ့တာနဲ့ပတ်သက်ပြီး အံ့အားသင့်သွားခဲ့သည်။ သူက အခြားသူများကို တိုက်ရိုက်ဖိအားပေးနိုင်ပြီး သူ့နည်းလမ်းအတိုင်းလက်ခံအောင် လုပ်နိုင်‌ေလသည်။ အခြားသူများကို ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးဖြင့်သာ အကြံပြုခဲ့လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

မသေချာမရေရာတဲ့ကိစ္စတွေအစား သဘာဝကျစွာ သူသည် စုယွီ၏တောင်းဆိုချက်ကို သဘောတူသင့်လား၊ သဘောမတူသင့်ဘူးလားဆိုတာကိုသာ ဆုံးဖြတ်သင့်သည်။

ဒီရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ ကျန်းကျင်သည် စည်းကမ်းကြီးပြီးဖြောင့်မတ်မှန်ကန်သောလူတစ်ဦးအဖြစ် ဂုဏ်သတင်းကြီးသည်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာရှိနေသူ ဘယ်လောက်များများက အမှန်တကယ် ရိုးသားပြီးသန့်ရှင်းနိုင်မှာလဲ။

ထို့ကြောင့် ယခုအချိန်တွင် ကျန်းကျင်အမှန်တကယ်တွေးတောနေသည့်အရာမှာ လုမန်နီအား သူမ၏ဇာတ်ညွှန်းပြောင်းလဲမှုအား အကြောင်းကြားရန်ဖြစ်သည်။

"ဒါရိုက်တာကျန်း ဒီလောက် ဆိုးဆိုးရွားရွားခံစားမနေပါနဲ့။ ကျွန်တော်ရဲ့‌ေတာင်း‌ဆိုချက်က ကျိုးကြောင်းဆီလျော်မှုမရှိတာ ကျွန်တော်လည်း သိပါတယ်။ တကယ်လို့ ဒါရိုက်တာကျန်းက ငြင်းပယ်မယ်ဆိုရင်တောင် ခင်ဗျားကိုလက်စားချေဖို့ ကျွန်တော်မလုပ်ပါဘူး။" ငါးစာချပြီးနောက် စုယွီသည် ရှိုးကို ပြုံးပြုံးလေးစောင့်ကြည့်ရန်သာလိုသည်။ သူက သူ၏အစောပိုင်းတောင်းဆိုချက်ကို ကျန်းကျင်က ဒေါသတကြီးငြင်းပယ်ကာ လှောင်ပြောင်ခဲ့တယ်ဆိုသည့်အကြောင်းကို အခြားသူများ သိရန် ပြောမှာမဟုတ်ပေ။

ကျန်းကျင်၏မျက်နှာကြီးဟာ စုယွီ၏စကားများကြောင့် နီစွေးစွေးဖြစ်လာခဲ့သည်။ သိပ်မကြာသေးခင်က သူသည် အခြားသူ၏ကျိုးကြောင်းဆီလျော်သောတောင်းဆိုချက်များကို ငြင်းဆန်ခဲ့ပြီး ယခုတော့ ယိမ်းယိုင်နေပြီဖြစ်လေသည်။

ကျန်းကျင်သည် ချောင်းနှစ်ကြိမ်လောက်ဟန့်လိုက်ပြီးနောက် အေးဆေးတည်ငြိမ်ဟန်ဆောင်လိုက်သည်။ "တတိယအမျိုးသမီးဇာတ်လိုက်ရဲ့ဇာတ်ညွှန်းဘယ်နား‌ေလာက်ကို ပြုပြင်သင့်တယ်လို့ ဥက္ကဌကျောက်ထင်လဲ။"

ဤ 'ပြင်ဆင်ချက်' ဆိုတဲ့စကားလုံးဟာ အလွန်‌ေယဘုယျကျလွန်းသည်။ ဇာတ်ကွက်အနည်းငယ်ပြောင်းခြင်းသည် ပြင်ဆင်ချက်တစ်ခုဖြစ်ပြီး လူတစ်ဦး၏ပင်ကိုယ်စရိုက်ကိုပြောင်းလဲခြင်းသည်ကလည်း ပြင်ဆင်ချက်တစ်ခုသာဖြစ်သည်။ ဇာတ်ကောင်တစ်ခုလုံး၏အခန်းကဏ္ဌတစ်ခုလုံးကို တိုက်ရိုက်ဖျက်သိမ်းပြစ်လိုက်ခြင်းကပင် အနည်းငယ်တွန်းအားပေးနေသည်ဟုဆိုနိုင်သော်လည်း ပြင်ဆင်ချက်တစ်ခုဟု ခေါ်ဆိုနိုင်သေးသည်။

ကျန်းကျင်က သူ့‌ေတာင်းဆိုချက်များကို အတော်အတန်သဘောတူကြောင်း သိလိုက်သည်နှင့် စုယွီသည်  တဖြည်းဖြည်းနဲ့ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာလေသည်။ "ဒီဇာတ်ညွန်းကို ဇာတ်ညွန်းရေးသူက တော်တော်ကြိုးစားအားထုတ်ထားတာပဲ။ ဒီပြင်ဆင်ချက်က အရမ်းကြီးနေရင် ဒီဇာတ်ညွန်းရေးသူအတွက် အရမ်းခက်ခဲသွားမယ်။ ဒါကြောင့် ပထမဦးဆုံးဇာတ်လမ်းဇာတ်ကွက်အနည်းငယ်ကို ပြောင်းလဲဖို့ မလိုအပ်ဘူး။ တတိယအမျိုးသမီးဇာတ်လိုက်၏နောက်ဆုံးဇာတ်ကွက်ကိုသာ တိုက်ရိုက်ပြုပြင်လိုက်ပါ။"

ကျန်းကျင်နှင့် ဟန်ကျီခွင်းသည် တစ်ဦးနှင့်တစ်ဦး အင်တင်တင်ကြည့်လိုက်သည်။ စုယွီ၏အသံသည် ပေါ့ပါးနေသော်လည်း သူတို့နှစ်ဦးဟာ အဓိပ္ပာယ်ကိုသေချာပေါက်နားလည်သည်။ ဤနောက်ဆုံးဇာတ်ကွက်သည် တတိယအမျိုးသမီးဇာတ်လိုက်၏သရုပ်ဆောင်နိုင်စွမ်းကို ပြသနိုင်သော ဇာတ်ကွက်တစ်ခုဖြစ်လေသည်။

တတိယအမျိုးသမီးဇာတ်လိုက်သည် အများအားဖြင့် မလိုမုန်းထားမနာလိုတတ်သောပုံစံစရိုက်မျိုးရှိသည်။ သူမသည် ဧကရာဇ်နှင့်အတူရှိချိန်မှသာ ချစ်စရာကောင်းသောကြာပန်းဖြူလေးအသွင်ဖြစ်သွားသည်။ သို့သော် သူမ၏မူလပင်ကိုယ်စရိုက်ကြောင့် သူမသည် ကောင်းမွန်ကြင်နာတတ်ဟန်ဆောင်သော်လည်း   တချို့သောမြှောက်ပင့်မှုအချို့နှင့် အမှားအယွင်းအချို့ဟာ ကျန်ရှိနေဆဲဖြစ်သည်။

သိသာထင်ရှားစွာပဲ ကြည့်ရှုသူပရိသတ်များသည် ထိုဇာတ်ကောင်မျိုးကို မျက်နှာသာမပေးချေ။ ဘယ်လိုပင် ဒရမ်မာဇာတ်လမ်းတွဲအတွက်ကြောင့်ဖြစ်ပါစေ တတိယအမျိုးသမီးဇာတ်လိုက်၏အခန်းကဏ္ဌသည် လူတိုင်း၏အချစ်အမုန်းကိုရရှိစေပြီးတော့ သနားဂရုဏာမရရှိစေပဲ သည်းမခံနိုင်အောင်ဒေါသထွက်စေသည်။

နောက်ဆုံးဇာတ်ကွက်မှလွဲ၍ တတိယအမျိုးသမီးဇာတ်လိုက်၏ဇာတ်ကွက်အသီးသီးသည် လူတိုင်းကို အလွန်ဒေါသထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မှုတို့ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် ချစ်ခြင်း၊သနားခြင်းနှင့် ဂရုဏာသက်မှုအားလုံးသည် ဒီနောက်ဆုံးဇာတ်ကွက်ပေါ်မူတည်နေပြီး နောက်ဆုံးဇာတ်ကွက်တွင် ထိုဇာတ်ကောင်၏အရေးပါပုံကို ရှင်းရှင်းလင်းလင်း သရုပ်ပြနိုင်ခဲ့သည်။

အခုတော့ ကျောက်ချင်းစုံသည် ထိုအရေးပါသောဇာတ်ကွက်အားပြောင်းလဲရန် သူတို့ကို တိုက်ရိုက်တောင်းဆိုခဲ့သည်။

ကျန်းကျင်သည် အနည်းငယ်တွန့်ဆုတ်သွားပေမယ့် သူက တတိယအမျိုးသမီးဇာတ်လိုက်၏ဇာတ်လမ်းဇာတ်ကွက်များနှင့် စုယွီထောက်ပြခဲ့သောဇာတ်လမ်းတွဲ၏ယိုပေါက်ကြီးကို ချိန်ထိုးစဉ်းစားကြည့်သောအခါ နှိုင်းယှဉ်လို့ပင် မရပေ။ သူသည် လျင်မြန်စွာပဲ သူ့စိတ်ကို ပြောင်းလဲလိုက်သည်။

နောက်ဆုံးတော့ မပြုလုပ်သင့်တဲ့အမူအကျင့်ကိုပြုလုပ်ခဲ့ပြီးတော့ မထိသင့်တဲ့သူကိုသွားထိမိတဲ့အတွက် လုမန်နီက သူမကိုယ်သူမသာ အပြစ်တင်သင့်တယ်။ ဒါရိုက်တာကျန်းသည် ကျောက်ဖျော်ဖြေရေးလုပ်ငန်းစုဥက္ကဌက လူတစ်ယောက်အတွက်နဲ့ သူ့‌အပေါ် ဘာကြောင့်စိတ်အနှောင့်အယှက်အဖြစ်ခံရမှာလဲ။

ဒီအကြောင်းကိုစဉ်းစားမိပြီးနောက် ကျန်းကျင်သည် သူ့စိတ်ကို အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ခေါင်းကိုအသေအချာညိမ့်၍ စုယွီ၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။ "ကောင်းပြီ ဒါကို ပြောင်းလဲပစ်ကြစို့"

______________________________________
Zawgyi

Zawgyi

မြန္းတည့္ခ်ိန္တြင္ "အတြင္းနန္းေဆာင္ရဲ႕ က်န႔္က်ား" ဇာတ္လမ္းတြဲဒါ႐ိုက္တာကို စုယြီက ဖုန္းေခၚခဲ့သည္။ သူသည္ ထင္ရာစိုင္းတတ္ေသာဉကၠဌႏွင့္ေျပာဆိုဆက္ဆံရာတြင္ အလြန္စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး အကူအညီမဲ့သည္ဟုခံစားရေသာ္လည္း သူ႔ေလသံကေတာ့ ေလးစားသည့္အသံျဖစ္ေနဆဲပင္။ "ဥကၠဌေက်ာက္ Ol' Hanနဲ႔ ကြၽန္ေတာ့္ကို တစ္ခုခုမ်ား ေဆြးေႏြးခ်င္တာမ်ား ရွိလား"

ဒါ႐ိုက္တာရည္ၫႊန္းေသာ "Ol' Han"သည္ "အတြင္းနန္းေဆာင္ရဲ႕ က်န႔္က်ား"ဇာတ္လမ္းတြဲမွ ဇာတ္ၫႊန္းေရးသူ ဟန္က်ီခြင္းျဖစ္သည္။

"အင္း...ဒီဒရမ္မာဇာတ္လမ္းတြဲထဲက တတိယအမ်ိဳးသမီးဇာတ္လိုက္နဲ႔ပတ္သက္ၿပီး ခင္ဗ်ားတို႔ႏွစ္ေယာက္နဲ႔ ‌ေ‌ဆြးေႏြးစရာအခ်ိဳ႕ ကြၽန္ေတာ့္မွာရွိတယ္" စုယြီရဲ႕အသံက သိမ္ေမြ႕ၿပီးေဖာ္ေ႐ြေပမယ့္ ဒါ႐ိုက္တာႏွင့္ဇာတ္ၫႊန္ေရးသူတို႔ႏွစ္ဦးစလုံး၏ႏွလုံးသားမ်ားသည္ ျပင္းထန္စြာ စတင္တုန္လႈပ္လာေတာ့သည္။ 

ဒီဒရမ္မာ၏ဒါ႐ိုက္တာက်န္းက်င္သည္ အသက္ေလးဆယ္ေတာင္ မရွိေသးေသာ္လည္း သူသည္ ေဖ်ာ္ေျဖေရးလုပ္ငန္းတြင္ လူသိမ်ားၿပီး သူ၏႐ိုက္ကူးထုပ္လုပ္မႈအရည္အေသြးေၾကာင့္ ခ်ီးက်ဴးျခင္းခံရသူျဖစ္သည္။ သူ၏ TVဇာတ္လမ္းတြဲမ်ားမွာ ေဝဖန္ေျပာဆိုသူမ်ားထံတြင္လည္း အဆင့္သက္မွတ္ခ်က္ေကာင္းမ်ားရရွိၾကသည္။

ဒါက သူသည္ သ႐ုပ္ေဆာင္မ်ားကိုတင္းၾကပ္စြာေ႐ြးခ်ယ္ျခင္းေၾကာင့္သာမကပဲ ဇာတ္လမ္းဇာတ္အိမ္တည္ေဆာက္ပုံႏွင့္ ဇာတ္ဝင္ပစၥည္းအသုံးအေဆာင္မ်ားအေပၚကိုပါ တင္းၾကပ္စြာထိန္းခ်ဳပ္ထားျခင္းအျပင္ ဇာတ္ၫႊန္းႏွင့္ ဇာတ္လမ္းေက်ာ႐ိုးအေပၚ သူ၏ျမင့္မားေသာစံႏႈန္းမ်ားေၾကာင့္လည္းျဖစ္သည္။

ယခင္က စုယြီ၏ေခါင္းမာမႈေၾကာင့္ ဇာတ္ေကာင္မ်ားထပ္ထည့္ၿပီး ဇာတ္ၫႊန္းကိုျပင္ဆင္ခဲ့ရတာနဲ႔တင္ သူ၏စိတ္ရွည္မႈႏွင့္ သည္းခံမႈ အကန႔္အသတ္ကိုေရာက္လုနီးပါးျဖစ္ေနခဲ့သည္။ အကယ္၍ စုယြီက သူ႔ကို အျခားဇာတ္ေကာင္ကိုပါ ျပဳျပင္ခိုင္းမည္ဆိုပါက ဒါ႐ိုက္တာသည္ အလြန္ လ်င္ျမန္စြာ ႏႈတ္ထြက္သြားႏိုင္သည္။

ဒါေပမယ့္ အျခားသူတစ္ဦးက ဒီေတာင္းဆိုမႈကို အမွန္တကယ္မျပဳလုပ္မီ က်န္းက်င္သည္ စုယြီက ႀကီးမားေသာအရာတစ္ခုခုကိုေမႊလိမ့္မည္မဟုတ္ဟူေသာ ေမွ်ာ္လင့္ခ်က္ကို ဆုပ္ကိုင္ထားဆဲျဖစ္သည္။ "တတိယအမ်ိဳးသမီးဇာတ္လိုက္‌ေနရာမွာ သ႐ုပ္ေဆာင္တဲ့သူကို ဥကၠဌေက်ာက္ကသိလား"

ဒီေမးခြန္းဟာ အခ်ည္းႏွီးပါပဲ။ စုယြီက လုမန္နီနဲ႔ ဇာတ္လမ္းဇာတ္ကြက္တစ္ခု ႐ိုက္ကူးၿပီးခါစပင္။ သူက သူမကို အရင္ကမသိဘူးဆိုရင္ေတာင္မွ အခုေတာ့ သူမကို သိ‌ေနၿပီျဖစ္သည္။ သို႔ေသာ္ က်န္းက်င္သည္ ေနာက္ထပ္ ဘာေျပာလို႔ေျပာရမွန္းမသိခဲ့ပါ။

စုယြီသည္ အျခားသူမ်ားႏွင့္ ကစားရန္ စိတ္ကူးမရွိေသာေၾကာင့္ ႐ိုး႐ိုးစင္းစင္းသာေျပာလိုက္သည္။ "ကြၽန္ေတာ္ ခင္ဗ်ားတို႔ႏွစ္ေယာက္ကို တတိယအမ်ိဳးသမီးဇာတ္လိုက္ရဲ႕ဇာတ္ၫႊန္းကိုျပင္ဆင္ဖို႔ ကူညီေပးေစခ်င္တယ္"

အခု‌ စုယြီ၏ႏူးညံ့သိမ္ေမြ႕ေသာအသံက က်န္းက်င္ေဒါသကိုစြလိုက္သလိုျဖစ္သြားခဲ့ၿပီး က်န္းက်င္၏အသံဟာ ခ်က္ခ်င္းေအးစက္လာခဲ့သည္။ သူႏွင့္ ဟန္က်ီခြင္းသည္ တစ္ဦးႏွင့္တစ္ဦး အၾကည့္ခ်င္းဖလွယ္ၿပီးေနာက္ ေျပာလိုက္သည္။ "ဥကၠဌေက်ာက္ ကြၽန္ေတာ္က‌ေတာ့ ဒရမ္မာမွာ တတိယအမ်ိဳးသမီးဇာတ္လိုက္ပါဝင္တဲ့အပိုင္းနဲ႔ပတ္သက္ၿပီး ဘာမွမမွားယြင္းဘူးလို႔ထင္တယ္။ ဒါေၾကာင့္ ဘာမွထပ္ျပဳျပင္စရာလိုမယ္မထင္ဘူး။"

စုယြီသည္ ခဏေလာက္ တိတ္ဆိတ္သြားၿပီးေနာက္ အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ပဲ သူ႔ေနာက္ခံကိုသုံးၿပီးေတာ့ အျခားသူမ်ားအား ဖိအားမေပးေပ။ ထိုအစား သိမ္ေမြ႕ေသာအသံျဖင့္ပင္ စကားေခါင္းစဥ္အသစ္ကိုစတင္ေျပာဆိုလိုက္သည္။ "ကြၽန္ေတာ္ဇာတ္ၫႊန္းကိုဖတ္ၾကည့္ခ်ိန္တုန္းက အရမ္းအေရးႀကီးၿပီးျဖစ္ႏိုင္ေခ်ရွိတဲ့ဇာတ္ကြက္တစ္ခုကို သတိမမူမိလိုက္သလို ခံစားမိတယ္။ ကြၽန္ေတာ္ အဲဒီအေၾကာင္းကို ဒါ႐ိုက္တာက်န္းနဲ႔ အနည္းငယ္ေလာက္‌ေ‌ဆြးေႏြးခ်င္တယ္။"

က်န္းက်င္သည္ အနည္းငယ္ စိတ္ပ်က္သြားခဲ့သည္။ ဥကၠဌေက်ာက္၏စကားေခါင္းစဥ္ေျပာင္းလဲတာက နည္းနည္း႐ုတ္တရတ္ျဖစ္လြန္းသည္။ ဒါေပမယ့္ သူတစ္ဦးတည္းအေတြးျဖင့္ အျခားသူတစ္ဦးအေပၚေဝဖန္ဆုံးျဖတ္ခ်က္ခ်တာ ေစာသည္ကမေကာင္းဟုထင္ကာ သူ ေနာက္သို႔ ေျခတစ္လွမ္းျပန္ဆုတ္ခဲ့သည္။ ၿပီးေတာ့ သူသည္ ထိုစကားေခါင္းစဥ္အသစ္ကိုလက္ခံလိုက္ၿပီးေတာ့ ေျပာလိုက္သည္။ "ဟုတ္ၿပီ။ အကယ္၍ ဥကၠဌေက်ာက္မွာ ေထာက္ျပစရာသူရွိရင္ ပြင့္ပြင့္လင္းလင္း ေျပာပါ။"

"ဒါ႐ိုက္တာက်န္း အဓိကအမ်ိဳးသမီးဇာတ္ေကာင္၏ပင္ကိုယ္စ႐ိုက္ကို ဘယ္လိုထင္လဲ" စုယြီသည္ တိုက္႐ိုက္မေျဖၾကားခဲ့ေပမယ့္ ထိုအစား အျခားေမးခြန္းတစ္ခုကိုျပန္ေမးခဲ့သည္။

က်န္းက်င္သည္ အနည္းငယ္ အံ့အားသင့္သြားသျဖင့္ သူ႔ေဘးတြင္ထိုင္ေနေသာ ဟန္က်ီခြင္းက လက္ဦးးမႈယူကာ ျပန္ေျဖခဲ့သည္။ "ဇာတ္ၫြန္းထဲမွာ ကြၽန္ေတာ္က အဓိကအမ်ိဳးသမီးဇာတ္ေကာင္ကို အျပင္ဖက္တြင္ ဘယ္သူ႔ကိုမဆို ၾကင္နာၿပီးႏူးညံ့သိမ္ေမြ႕သူတစ္ဦးအျဖစ္ သ႐ုပ္ေဖာ္ထားၿပီးေတာ့ အတြင္းစိတ္မွာေတာ့ သံမဏိႏွင့္တူသည့္စိတ္ထားမ်ိဳးကို သ႐ုပ္ေဖာ္ထားခဲ့တယ္။ ဒီဟာမွာ ျပႆနာတစ္ခုခုမ်ား ရွိလို႔လား။"

"အဓိကအမ်ိဳးသမီးဇာတ္ေကာင္က ဒီလိုစ႐ိုက္မ်ိဳးပဲျဖစ္သင့္တယ္လို႔ ကြၽန္‌ေတာ္ထင္တယ္။ ဒါေပမယ့္ သူမ ကေလးဘဝတုန္းက ႐ုတ္တရတ္ေပ်ာက္သြားတဲ့ေနာက္ပိုင္းက ဇာတ္ကြက္ကို မင္းတို႔ႏွစ္ေယာက္ မွတ္မိေနတုန္းပဲမလား။" စုယြီသည္ ပုံမွန္ရာသီဥတုအေၾကာင္းစကားစျမည္ေျပာဆိုေနသကဲ့သို႔ ေအးေအးေဆးေဆးပင္ ထိုင္ခုံသို႔ေက်ာမွီကာ သူ႔႐ုံးစားပြဲကို ေျခေထာက္တင္လိုက္သည္။

က်န္းက်င္ႏွင့္ ဟန္က်ီခြင္းသည္ တစ္ဦးႏွင့္တစ္ဦး အၾကည့္ခ်င္းဖလွယ္လိုက္သည္။ သူ႔တို႔ႏွစ္ဦးစလုံးသည္ စုယြီ၏အေတြးေတြေနာက္သို႔‌လိုက္ပါရင္း ဘယ္ဟာက ျပႆနာျဖစ္ေနတယ္ဆိုတာမွန္း စုယြီဘာကိုျပဳလုပ္ရန္ ႀကိဳးစားေနတာလည္း နားမလည္ႏိုင္ေသးပါ။ ဟန္က်ီခြင္းက ေစာနကေမးခြန္းကို ဆက္ေမးခဲ့သည္။ "ဒီဇာတ္လမ္းဇာတ္ကြက္ဟာ အမ်ိဳးသမီးဇာတ္လိုက္၏စိတ္အတြင္းရိွ‌ေမွာင္မိုက္မႈမ်ားစတင္ခဲ့တာျဖစ္ၿပီးေတာ့ ဒါကို ဇာတ္လမ္း၏အထြတ္အထိပ္လို႔ သတ္မွတ္ႏိုင္တယ္။ အမ်ိဳးသမီးဇာတ္လိုက္က ထင္ရာစိုင္းမေက်နပ္ျဖစ္မႈကေန အျပင္းအထန္႐ုန္းကန္လႈပ္ရွားသည္းခံၿပီးေတာ့ ေနာက္ဆုံးတြင္ သူမ၏ပုံရိပ္ကို ျပန္လည္ရရွိေအာင္ျပဳလုပ္ခဲ့တာ ျဖစ္တယ္။"

"ဒီဇာတ္လမ္းရဲ႕ဇာတ္ၫႊန္းကို အေသးစိတ္ျပဳလုပ္ထားၿပီးေတာ့ အလြန္စိတ္လႈပ္ရွားဖို႔ေကာင္းတယ္။ အေရးအသားကလည္း တကယ္ေကာင္းတယ္။" ဟု စုယြီက သေဘာတူလိုက္သည္။ ေလးနက္ေသာမ်က္ႏွာအသြင္အျပင္ကို ထိန္းသိမ္းထားၿပီးေတာ့ ဇာတ္လမ္းအေၾကာင္းကို ဆက္လက္ေျပာဆိုေနခဲ့သည္။ "ဒါေပမယ့္ အမ်ိဳးသားဇာတ္လိုက္နဲ႔ အမ်ိဳးသမီးဇာတ္လိုက္အၾကား အျပန္အလွန္ဆက္ဆံေရးက အားနည္းေနတယ္။ သူမကေလးကိုဆုံးရႈံးခဲ့ရသည့္အမ်ိဳးသမီးတစ္ဦးသည္ သူမ၏ရန္သူမ်ားအားလုံးအေပၚ မေက်မနပ္မႈမ်ားျပည့္ႏွက္ေနခဲ့တယ္။ သို႔ေသာ္ အရာခပ္သိမ္း၏ေနာက္ကြယ္ရွိ အမ်ိဳးသားဇာတ္လိုက္ကိုေတာ့ ဂ႐ုတစိုက္ ခ်စ္ျမတ္ႏိုးဆဲပဲလား။ ဒီမိန္းမက ႐ူးေနတာလား။"

ဒီ "အတြင္းနန္းေဆာင္ရဲ႕ က်န႔္က်ား"ဇာတ္လမ္းတြဲတြင္ အမ်ိဳးသားဇာတ္လိုက္ႏွင့္ အမ်ိဳးသမီးဇာတ္လိုက္ၾကား ခ်စ္ေမတၱာမ်ား ပင္လယ္ကဲ့သို႔ပိုမိုနက္ရႈိင္းလာေစရန္ အေႏွာင့္အယွက္မ်ားစြာ ႀကဳံေတြ႕ခဲ့ရသည္။ ဒါေတြအကုန္လုံးဟာလည္း အေျမႇာက္စာဇာတ္ေကာင္ေတြ၏ပံ့ပိုးမႈေၾကာင့္ဟုဆိုရရင္လည္း မမွားေပ။

ဒီလိုလိုက္ဖက္ညီလွေသာခ်စ္ျခင္း‌ေမတၱာသည္ စုယြီ၏အျမင္မွာေတာ့ IQခ်ိဳ႕တဲ့ေနသည္ႏွင့္ အေျခခံအားျဖင့္ညီမွ်ေလသည္။

မိန္းမလိုက္စားေသာဧကရာဇ္က သူမစိတ္ဆင္းရဲရျခင္း၏အဓိကအေၾကာင္းအရင္းျဖစ္သည္မွာ သိသာထင္ရွားေသာ္လည္း အမ်ိဳးသမီးဇာတ္လိုက္သည္ ဧကရာဇ္ကိုအလြန္ခ်စ္ခင္ျမတ္ႏိုးဆဲျဖစ္သည္။ သူမသည္ နာၾကည္း၍လက္စားေခ်ေသာအခါတြင္ပင္ သူမသည္ နန္းေတာ္အတြင္းရွိ အျခားေသာကိုယ္လုပ္ေတာ္မ်ားအေပၚတြင္သာ အၿငိဳးတႀကီး ႀကံစည္ခဲ့သည္။

ဤကဲ့သို႔ေသာအမ်ိဳးသမီးသည္ စိတ္ပိုင္းဆိုင္ရာေဝဒနာရွိေနတာျဖစ္ၿပီး ထိုအျဖစ္အပ်က္ကိုေရးသားေသာသူမ်ားမွာလည္း စိတ္ပိုင္းဆိုင္ရာေဝဒနာရွိမရွိကို သံသယျဖင့္ ထိန္းသိမ္းထားသင့္သည္။

သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ စုယြီသည္ သူ၏အေတြးအျမင္အစစ္ကို ထုတ္ေဖာ္မျပသႏိုင္ပါ။ ဒီလိုမွမဟုတ္ရင္ ေက်ာက္ေဖ်ာ္ေျဖေရးလုပ္ငန္းစု၏အႀကီးဆုံးဥကၠဌျဖစ္ခဲ့ရင္ေတာင္ ဒီလူႏွစ္ေယာက္ဟာ ေဒါသတႀကီးနဲ႔ဖုန္းခ်သြားၿပီး သူေခၚသမွ်ဖုန္းေတြကို ကိုင္ေတာ့မွမဟုတ္ပဲ ဒီျဖစ္လာမည့္အက်ိဳးဆက္မ်ားကို ဘာပဲျဖစ္ျဖစ္ လက္ခံလိုက္ရလိမ့္မယ္။ "အကယ္၍ ဒီဒရမ္မာကို ဂ႐ုဏာသက္ေစမယ့္ဇာတ္လမ္းဇာတ္ကြက္အတက္အက်မ်ားကို ပို၍ျမင္သာေအာင္ျပသႏိုင္မယ္ဆိုရင္ ၾကည့္ရႈသူမ်ားစြာကို ဆြဲေဆာင္ႏိုင္ေပမယ့္ တကယ္လို႔ မင္းကသာ ဒရမ္မာ၊ စိတ္ခံစားမႈအတက္အက်မ်ားစြာကို ေပါင္းထည့္လိုက္မယ္ဆိုရင္ ၾကည့္ရႈသူထက္ဝက္ေက်ာ္ကို က်ိန္းေသေပါက္ ရလိမ့္မယ္။" စုယြီသည္ အခ်ိဳ႕အခ်က္မ်ားကို ထပ္ထည့္ရန္စဥ္းစားလိုက္ျပန္သည္။ "သနားဂ႐ုဏာသက္ဖြယ္ရာ‌ေကာင္းသည့္ အမ်ိဳးသမီးဇာတ္လိုက္၏ဇာတ္လမ္းဇာတ္ကြက္ေတြဟာ အတြင္းနန္းေဆာင္ရွိကိုယ္လုပ္ေတာ္မ်ားသည္ သူမေၾကာင့္ ရွာလကာရည္ေသာက္မိသလိုျဖစ္တဲ့အတြက္ အႏိုင္က်င့္ႏွိပ္စက္တဲ့ဇာတ္လမ္းဇာတ္ကြက္ အထူးသျဖင့္ သူမကေလးကိုဆုံးရႈံးသြားတဲ့ဇာတ္ကြက္ေတြက အလြန္ရွိးရွင္းလြန္းတယ္။ ထိုကဲ့သို႔ေသာျပဳလုပ္တာဟာ သနားဂ႐ုဏာသက္ဖြယ္ေကာင္းေစရန္ ရည္႐ြယ္ခ်က္ေၾကာင့္ဆိုေပမယ့္ သူမဟာ အမ်ိဳးသားဇာတ္လိုက္အေပၚ နာၾကည္းမႈေသးေသးေလးေတာင္ မျဖစ္မိဘူး။ ဒါက ေစာက္ရမ္းဒရမ္မာဆန္လြန္းတယ္ မဟုတ္ဘူးလား။"

က်န္းက်င္ႏွင့္ ဟန္က်ီခြင္းတို႔သည္ ဉာဏ္ရည္ဉာဏ္စြမ္းရွိေသာပုဂၢိဳလ္မ်ားျဖစ္ၾကသည္။ စုယြီ၏ေျပာစကားမ်ားကို နားေထာင္ရၿပီးသည့္ေနာက္တြင္ သူတို႔ကို မ်က္ႏွာျဖတ္႐ိုက္သလိုမ်ိဳး ခံစားလိုက္ရသည္။ ဒီနန္းတြင္းဇာတ္လမ္းတြဲအေနျဖင့္ နန္းတြင္းရွိအမ်ိဳးသမီးမ်ားအၾကား အံဩဖြယ္ေကာင္းသာျမင္ကြင္းမ်ားကို ႐ိုက္ကူးႏိုင္သည့္အျပင္ အမ်ိဳးသားဇာတ္လိုက္ႏွင့္ အမ်ိဳးသမီးဇာတ္လိုက္အၾကား အခ်စ္အမုန္းဆက္ဆံေရးကို ေဖာ္ျပရန္ အျဖစ္အပ်က္မ်ားစြာရွိသည္။

အျခားရႈေထာင့္မ်ားအားလုံးကို လ်စ္လ်ဴရႈၿပီး ဒီအခ်က္ကို စကၠန႔္အနည္းငယ္မွ် အာ႐ုံစိုက္လိုက္႐ုံျဖင့္ အမ်ိဳးသမီးမ်ားစြာႏွင့္ အမ်ိဳးသားတစ္ဦးထဲသာ ပါဝင္ေသာအိမ္ေထာင္စုအေနျဖင့္ ေခ်ာက္ခ်မႈမ်ားစြာကို အပိုအလိုမရွိျဖစ္သြားေစႏိုင္သည္။ သူတို႔က ဒီလိုအျဖစ္အပ်က္မ်ိဳးကို ဘယ္လိုသတိမျပဳမိႏိုင္ခဲ့တာလဲ။

စုယြီ၏မွတ္ခ်က္မ်ားသည္ ဒီလူႏွစ္ဦးအား ႏိုးၾကားတက္ႂကြေစေသာ ေခၚဆိုမႈတစ္ခုျဖစ္ေစခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ က်န္းက်င္ႏွင့္ ဟန္က်ီခြင္းတို႔ကို လုံးဝအျပစ္တင္လို႔ေတာ့ မရဘူး။ အေၾကာင္းမွာ သူတို႔ႏွစ္ဦးစလုံးသည္ အေတြ႕အႀကဳံရင့္က်က္ေသာ ဒါ႐ိုက္တာႏွင့္ ဇာတ္ၫႊန္းေရးဆရာမ်ားျဖစ္ေသာ္လည္း သူတို႔ႏွစ္ဦးသည္ ၾကမ္းတမ္းခက္ထန္ေသာေယာက်ာ္းသားႏွစ္ဦးျဖစ္ေနဆဲပင္။ သူတို႔သည္ ခံစားခ်က္မ်ား၊ စိတ္လႈပ္ရွားမႈမ်ားႏွင့္ပတ္သက္ေသာအရာအားလုံးကို အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ ကိုင္တြယ္ႏိုင္လိမ့္မည္ဟု မေမွ်ာ္လင့္ႏိုင္ေပ။

"ဥကၠဌေက်ာက္ ေက်းဇူးအရမ္းတင္ပါတယ္။ မင္းသာ ဒီအေၾကာင္းကို မေထာက္ျပခဲ့ဘူးဆိုရင္ ကြၽန္ေတာ္တို႔ ဒီေလာက္ႀကီးမားတဲ့ ဇာတ္ကြက္ယိုေပါက္ႀကီးကို နားလည္သတိျပဳမိမွာမဟုတ္ဘူး။" က်န္းက်င္၏အသံသည္ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ေနခဲ့သည္။

ဟန္က်ီခြင္း၏အေနအထားသည္လည္း က်န္းက်င္၏အေနအထားႏွင့္ အလြန္ဆင္တူေနခဲ့သည္။ သူက ခ်က္ခ်င္းပဲ ဇာတ္ၫႊန္းကိုျပင္ဆင္ေျပာင္းလဲဖို႔ရာကို မေစာင့္ဆိုင္းခ်င္ေတာ့ဘူး။

သို႔ေသာ္ သူတို႔ႏွစ္ဦးစလုံးက ဒီအေၾကာင္းအရာကို စိတ္ဝင္တစားစဥ္းစားေနခ်ိန္တြင္ စုယြီသည္ သူတို႔ႏွစ္ဦး၏ေခါင္းေပၚ ေရေအးမ်ား ေလာင္းခ်ေပးခဲ့သည္။ "ဒါ႐ိုက္တာက်န္း အရမ္းယဥ္ေက်းဖို႔မလိုပါဘူး။ ဒီဒရမ္မာရဲ႕ေငြေၾကးကုန္က်စရိတ္အားလုံးကို ေက်ာက္ေဖ်ာ္ေျဖေရးလုပ္ငန္းစုက ေထာက္ပံ့ေပးေနရတာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ အရင္ကေျပာခဲ့တဲ့အေၾကာင္းကို ဒါ႐ိုက္တာက်န္းက နည္းနည္းေလာက္ စဥ္းစားမိရဲ႕လား။" 

က်န္းက်င္သည္ စိတ္လႈပ္ရွားမႈမွာ နစ္ျမႇဳပ္ေနဆဲျဖစ္ေသာ္လည္း စုယြီ၏စကားကို ခ်က္ခ်င္း သေဘာမတူခဲ့ပါ။ "ဥကၠဌေက်ာက္က အဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး ဘာ‌ေတြထပ္ေျပာစရာရွိေသးလို႔လဲ။"

"အာ...တတိယအမ်ိဳးသမီးဇာတ္လိုက္ရဲ႕႐ုပ္ရွင္ဇာတ္ၫႊန္းနဲ႔ ပတ္သက္ၿပီး ညႇိႏႈိင္းစရာရွိတယ္။" စုယြီ၏အသံသည္ ရာသီဥတုအေၾကာင္းေျပာ‌ဆိုေနသည့္အသံကဲ့သို႔ ေအးေဆးတည္ၿငိမ္ေနခဲ့သည္။

က်န္းက်င္သည္ ေရေအးႏွင့္အပက္ခံလိုက္ရသလိုမ်ိဳးျဖစ္သြားခဲ့ၿပီး ႐ုတ္တရတ္ တိတ္ဆိတ္သြားခဲ့သည္။ သူက စုယြီ၏အေစာပိုင္းက ေထာက္ျပခဲ့တာကိုစဥ္းစားမိၿပီး ႐ုတ္တရတ္ အျခားရည္႐ြယ္ခ်က္‌ေတြကို ရွင္းရွင္းလင္းလင္းနားလည္သြားခဲ့သည္။

ဒီလို 'အေပးအယူ' ဆက္ဆံေရးသည္ က်န္းက်င္ကို အလြန္အံ့အားသင့္သြားေစခဲ့ေပမယ့္လည္း ဘာလုပ္ရမယ္ဆိုတာကို အနည္းငယ္မေရရာသလိုျဖစ္သြားခဲ့သည္။

ေက်ာက္ခ်င္းစုံ၏ပုံရိပ္ကို သူထင္ျမင္ခဲ့တာနဲ႔ပတ္သက္ၿပီး အံ့အားသင့္သြားခဲ့သည္။ သူက အျခားသူမ်ားကို တိုက္႐ိုက္ဖိအားေပးႏိုင္ၿပီး သူ႔နည္းလမ္းအတိုင္းလက္ခံေအာင္ လုပ္ႏိုင္‌ေလသည္။ အျခားသူမ်ားကို ရင္းႏွီးေႏြးေထြးတဲ့ဆက္ဆံေရးျဖင့္သာ အႀကံျပဳခဲ့လိမ့္မယ္လို႔ ဘယ္သူ ထင္မွာလဲ။

မေသခ်ာမေရရာတဲ့ကိစၥေတြအစား သဘာဝက်စြာ သူသည္ စုယြီ၏ေတာင္းဆိုခ်က္ကို သေဘာတူသင့္လား၊ သေဘာမတူသင့္ဘူးလားဆိုတာကိုသာ ဆုံးျဖတ္သင့္သည္။

ဒီ႐ုပ္ရွင္အသိုင္းအဝိုင္းထဲမွာ က်န္းက်င္သည္ စည္းကမ္းႀကီးၿပီးေျဖာင့္မတ္မွန္ကန္ေသာလူတစ္ဦးအျဖစ္ ဂုဏ္သတင္းႀကီးသည္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းထဲမွာရွိေနသူ ဘယ္ေလာက္မ်ားမ်ားက အမွန္တကယ္ ႐ိုးသားၿပီးသန႔္ရွင္းႏိုင္မွာလဲ။

ထို႔ေၾကာင့္ ယခုအခ်ိန္တြင္ က်န္းက်င္အမွန္တကယ္ေတြးေတာေနသည့္အရာမွာ လုမန္နီအား သူမ၏ဇာတ္ၫႊန္းေျပာင္းလဲမႈအား အေၾကာင္းၾကားရန္ျဖစ္သည္။

"ဒါ႐ိုက္တာက်န္း ဒီေလာက္ ဆိုးဆိုး႐ြား႐ြားခံစားမေနပါနဲ႔။ ကြၽန္ေတာ္ရဲ႕‌ေတာင္း‌ဆိုခ်က္က က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိတာ ကြၽန္ေတာ္လည္း သိပါတယ္။ တကယ္လို႔ ဒါ႐ိုက္တာက်န္းက ျငင္းပယ္မယ္ဆိုရင္ေတာင္ ခင္ဗ်ားကိုလက္စားေခ်ဖို႔ ကြၽန္ေတာ္မလုပ္ပါဘူး။" ငါးစာခ်ၿပီးေနာက္ စုယြီသည္ ရႈိးကို ၿပဳံးၿပဳံးေလးေစာင့္ၾကည့္ရန္သာလိုသည္။ သူက သူ၏အေစာပိုင္းေတာင္းဆိုခ်က္ကို က်န္းက်င္က ေဒါသတႀကီးျငင္းပယ္ကာ ေလွာင္ေျပာင္ခဲ့တယ္ဆိုသည့္အေၾကာင္းကို အျခားသူမ်ား သိရန္ ေျပာမွာမဟုတ္ေပ။

က်န္းက်င္၏မ်က္ႏွာႀကီးဟာ စုယြီ၏စကားမ်ားေၾကာင့္ နီေစြးေစြးျဖစ္လာခဲ့သည္။ သိပ္မၾကာေသးခင္က သူသည္ အျခားသူ၏က်ိဳးေၾကာင္းဆီေလ်ာ္ေသာေတာင္းဆိုခ်က္မ်ားကို ျငင္းဆန္ခဲ့ၿပီး ယခုေတာ့ ယိမ္းယိုင္ေနၿပီျဖစ္ေလသည္။

က်န္းက်င္သည္ ေခ်ာင္းႏွစ္ႀကိမ္ေလာက္ဟန႔္လိုက္ၿပီးေနာက္ ေအးေဆးတည္ၿငိမ္ဟန္ေဆာင္လိုက္သည္။ "တတိယအမ်ိဳးသမီးဇာတ္လိုက္ရဲ႕ဇာတ္ၫႊန္းဘယ္နား‌ေလာက္ကို ျပဳျပင္သင့္တယ္လို႔ ဥကၠဌေက်ာက္ထင္လဲ။"

ဤ 'ျပင္ဆင္ခ်က္' ဆိုတဲ့စကားလုံးဟာ အလြန္‌ေယဘုယ်က်လြန္းသည္။ ဇာတ္ကြက္အနည္းငယ္ေျပာင္းျခင္းသည္ ျပင္ဆင္ခ်က္တစ္ခုျဖစ္ၿပီး လူတစ္ဦး၏ပင္ကိုယ္စ႐ိုက္ကိုေျပာင္းလဲျခင္းသည္ကလည္း ျပင္ဆင္ခ်က္တစ္ခုသာျဖစ္သည္။ ဇာတ္ေကာင္တစ္ခုလုံး၏အခန္းကဏၭတစ္ခုလုံးကို တိုက္႐ိုက္ဖ်က္သိမ္းျပစ္လိုက္ျခင္းကပင္ အနည္းငယ္တြန္းအားေပးေနသည္ဟုဆိုႏိုင္ေသာ္လည္း ျပင္ဆင္ခ်က္တစ္ခုဟု ေခၚဆိုႏိုင္ေသးသည္။

က်န္းက်င္က သူ႔‌ေတာင္းဆိုခ်က္မ်ားကို အေတာ္အတန္သေဘာတူေၾကာင္း သိလိုက္သည္ႏွင့္ စုယြီသည္ တျဖည္းျဖည္းနဲ႔ အၿပဳံးတစ္ပြင့္ျဖစ္ေပၚလာေလသည္။ "ဒီဇာတ္ၫြန္းကို ဇာတ္ၫြန္းေရးသူက ေတာ္ေတာ္ႀကိဳးစားအားထုတ္ထားတာပဲ။ ဒီျပင္ဆင္ခ်က္က အရမ္းႀကီးေနရင္ ဒီဇာတ္ၫြန္းေရးသူအတြက္ အရမ္းခက္ခဲသြားမယ္။ ဒါေၾကာင့္ ပထမဦးဆုံးဇာတ္လမ္းဇာတ္ကြက္အနည္းငယ္ကို ေျပာင္းလဲဖို႔ မလိုအပ္ဘူး။ တတိယအမ်ိဳးသမီးဇာတ္လိုက္၏ေနာက္ဆုံးဇာတ္ကြက္ကိုသာ တိုက္႐ိုက္ျပဳျပင္လိုက္ပါ။"

က်န္းက်င္ႏွင့္ ဟန္က်ီခြင္းသည္ တစ္ဦးႏွင့္တစ္ဦး အင္တင္တင္ၾကည့္လိုက္သည္။ စုယြီ၏အသံသည္ ေပါ့ပါးေနေသာ္လည္း သူတို႔ႏွစ္ဦးဟာ အဓိပၸာယ္ကိုေသခ်ာေပါက္နားလည္သည္။ ဤေနာက္ဆုံးဇာတ္ကြက္သည္ တတိယအမ်ိဳးသမီးဇာတ္လိုက္၏သ႐ုပ္ေဆာင္ႏိုင္စြမ္းကို ျပသႏိုင္ေသာ ဇာတ္ကြက္တစ္ခုျဖစ္ေလသည္။

တတိယအမ်ိဳးသမီးဇာတ္လိုက္သည္ အမ်ားအားျဖင့္ မလိုမုန္းထားမနာလိုတတ္ေသာပုံစံစ႐ိုက္မ်ိဳးရွိသည္။ သူမသည္ ဧကရာဇ္ႏွင့္အတူရွိခ်ိန္မွသာ ခ်စ္စရာေကာင္းေသာၾကာပန္းျဖဴေလးအသြင္ျဖစ္သြားသည္။ သို႔ေသာ္ သူမ၏မူလပင္ကိုယ္စ႐ိုက္ေၾကာင့္ သူမသည္ ေကာင္းမြန္ၾကင္နာတတ္ဟန္ေဆာင္ေသာ္လည္း တခ်ိဳ႕ေသာေျမႇာက္ပင့္မႈအခ်ိဳ႕ႏွင့္ အမွားအယြင္းအခ်ိဳ႕ဟာ က်န္ရွိေနဆဲျဖစ္သည္။

သိသာထင္ရွားစြာပဲ ၾကည့္ရႈသူပရိသတ္မ်ားသည္ ထိုဇာတ္ေကာင္မ်ိဳးကို မ်က္ႏွာသာမေပးေခ်။ ဘယ္လိုပင္ ဒရမ္မာဇာတ္လမ္းတြဲအတြက္ေၾကာင့္ျဖစ္ပါေစ တတိယအမ်ိဳးသမီးဇာတ္လိုက္၏အခန္းကဏၭသည္ လူတိုင္း၏အခ်စ္အမုန္းကိုရရွိေစၿပီးေတာ့ သနားဂ႐ုဏာမရရွိေစပဲ သည္းမခံႏိုင္ေအာင္ေဒါသထြက္ေစသည္။

ေနာက္ဆုံးဇာတ္ကြက္မွလြဲ၍ တတိယအမ်ိဳးသမီးဇာတ္လိုက္၏ဇာတ္ကြက္အသီးသီးသည္ လူတိုင္းကို အလြန္ေဒါသထြက္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္မႈတို႔ကို လႈံ႕ေဆာ္ေပးႏိုင္ခဲ့သည္။

ထို႔ေၾကာင့္ ခ်စ္ျခင္း၊သနားျခင္းႏွင့္ ဂ႐ုဏာသက္မႈအားလုံးသည္ ဒီေနာက္ဆုံးဇာတ္ကြက္ေပၚမူတည္ေနၿပီး ေနာက္ဆုံးဇာတ္ကြက္တြင္ ထိုဇာတ္ေကာင္၏အေရးပါပုံကို ရွင္းရွင္းလင္းလင္း သ႐ုပ္ျပႏိုင္ခဲ့သည္။

အခုေတာ့ ေက်ာက္ခ်င္းစုံသည္ ထိုအေရးပါေသာဇာတ္ကြက္အားေျပာင္းလဲရန္ သူတို႔ကို တိုက္႐ိုက္ေတာင္းဆိုခဲ့သည္။

က်န္းက်င္သည္ အနည္းငယ္တြန႔္ဆုတ္သြားေပမယ့္ သူက တတိယအမ်ိဳးသမီးဇာတ္လိုက္၏ဇာတ္လမ္းဇာတ္ကြက္မ်ားႏွင့္ စုယြီေထာက္ျပခဲ့ေသာဇာတ္လမ္းတြဲ၏ယိုေပါက္ႀကီးကို ခ်ိန္ထိုးစဥ္းစားၾကည့္ေသာအခါ ႏႈိင္းယွဥ္လို႔ပင္ မရေပ။ သူသည္ လ်င္ျမန္စြာပဲ သူ႔စိတ္ကို ေျပာင္းလဲလိုက္သည္။

ေနာက္ဆုံးေတာ့ မျပဳလုပ္သင့္တဲ့အမူအက်င့္ကိုျပဳလုပ္ခဲ့ၿပီးေတာ့ မထိသင့္တဲ့သူကိုသြားထိမိတဲ့အတြက္ လုမန္နီက သူမကိုယ္သူမသာ အျပစ္တင္သင့္တယ္။ ဒါ႐ိုက္တာက်န္းသည္ ေက်ာက္ေဖ်ာ္ေျဖေရးလုပ္ငန္းစုဥကၠဌက လူတစ္ေယာက္အတြက္နဲ႔ သူ႔‌အေပၚ ဘာေၾကာင့္စိတ္အေႏွာင့္အယွက္အျဖစ္ခံရမွာလဲ။

ဒီအေၾကာင္းကိုစဥ္းစားမိၿပီးေနာက္ က်န္းက်င္သည္ သူ႔စိတ္ကို အခိုင္အမာ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ သူသည္ ေခါင္းကိုအေသအခ်ာညိမ့္၍ စုယြီ၏ေတာင္းဆိုခ်က္ကို လက္ခံလိုက္သည္။ "ေကာင္းၿပီ ဒါကို ေျပာင္းလဲပစ္ၾကစို႔"

Continue Reading

You'll Also Like

1.7M 208K 165
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
296K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
738K 31.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022