Only you (Complete)

Av wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... Mer

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*24*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*5*

1.7K 202 18
Av wintshweyi

Unicode

"Bossစုံစမ်းခိုင်းထားတဲ့ ကမ်ဆော့ဂျင်အကြောင်းအကုန်သိရပါပီ..."
"ဆက်ပြော...."

တိတ်ဆိတ်တဲ့ အခန်းထဲမှာထိုလူနှစ်ဦးရဲ့စကားသံတွေသာပျံ့နှံ့နေခဲ့တယ်..

"ကမ်ဆော့ဂျင်က အရင်ကသာမန်လူလတ်တန်းစားထဲကဖြစ်ပီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပီး ဘ၀ကိုအေးအေးဆေးဆေးဖြတ်သန်းခဲ့ဖူးပါတယ်.. ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်ကအကြောင့်ပြချက်မရှိပဲ ကမ်နမ်ဂျွန်းနဲ့တိတ်တဆိတ်လက်ထပ်လိုက်တယ်.. သူများတွေပြောပုံအရဆိုရင်သူတို့အိမ်ထောင်ရေးကလဲပြေလည်ပုံမရဘူး.. ပီးတော့ကမ်ဆော့ဂျင်က ကမ်နမ်ဂျွန်းနဲ့လက်ထပ်ပီးကတည်းကBarတွေClubတွေသွားပီ အပျော်ရှာလေ့ရှိတယ်... ဒါပေမဲ့သူနဲ့ပတ်သတ်တဲ့သူမှန်သမျှနောက်နေ့မိုးမလင်းခင်မှာပဲပျောက်ခြင်းမလှပျောက်ဆုံးကုန်ကြတယ်... ကျွန်တော်စုံစမ်းလို့ရသလောက်ကတော့ဒါပါပဲboss.."
"သူသွားနေကျ Barနာမည်ကဘာလဲ..?"

ဂျန်းကုပျင်းရိပျင်းတွဲအသံနဲ့မေးလိုက်တယ်...

"သူသွားနေကျBarကတော့****ပါ boss.. အဲဒီbarကို Min groupရဲ့CEO Min yoongiပိုင်တာပါ.. ကမ်ဆော့ဂျင်က အဲဒီBarမှာ VVIP Cardရှိတဲ့သူတစ်ယောက်ပါ.. အကယ်၍bossအဲဒီမှာသူနဲ့ဆုံချင်တယ်ဆိုရင် အရင်ဆုံးVVIP Cardရအောင်အရင်လုပ်ရမှာပါ.. ဘာလို့ဆို ရိုးရိုးလူတွေက Barရဲ့ အောက်ထပ်တွေမှာပဲပျော်ပါးနိုင်ပီး VVIPတွေကိုတော့ အပေါ်ဆုံးထပ်ဖြစ်တဲ့24လွှာမှာ သီးသန့်ထားလို့ပါပဲ.."
"ဒါဆို အရင်ဆုံး CEO Minနဲ့ဆက်သွယ်ရမယ်ဆိုပါတော့.."
"ဟုတ်ပါတယ်.. ဒါပေမဲ့လွယ်မဲ့ပုံတော့မရပါဘူး..
Bossသိချင်မယ် ထင်လို့ CEO Minအကြောင်းတွေကိုပါစုံစမ်းလာခဲ့ပါတယ်.."
"မင်းတော်သားပဲ...."
"ဒါပေမဲ့ သူ့အကြောင်းက ကမ်ဆော့ဂျင်ထက်ပိုလျှို့ဝှက်ပါတယ်... သူရဲ့လွန်ခဲ့တဲ့ငါးနှစ်နောက်ပိုင်းကအချက်အလက်တွေကိုရှာလို့မတွေ့ပါဘူး.. လွန်ခဲ့တဲ့ငါးနှစ်ကစပီးသူ့ဘ၀က အခုလက်ရှိလိုမျိုးပဲ Min groupရဲ့ CEOဖြစ်နေပါပီ.. သူ့မိသားစု သူငယ်ချင်း ဆွေမျိုးဆိုလို့ ဘာဆိုဘာမှစုံစမ်းလို့မရပါဘူး.. တဦးတည်းသောစုံစမ်းလို့ရတာကတော့ ကမ်ဆော့ဂျင်ပါပဲ.. ကမ်ဆော့ဂျင်နဲ့ မင်ယွန်းဂီက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှစဆုံခဲ့တာပါ"

'မင်ယွန်းဂီ မင်းကစီးပွားရေးအမြင်ရှိတယ် ဉာဏ်ထက်တယ် စိတ်၀င်စားစရာကောင်းတယ် လျှို့ဝှက်ချက်များတယ်.. အကယ်၍မင်းနဲ့မိတ်ဖက်ကောင်းတွေမဖြစ်နိုင်ခဲ့ရင်တောင် ပြိုင်ဘက်ကောင်းတွေတော့ဖြစ်နိုင်မှာအသေအချာပဲ..'

"ကောင်းပီလေ.. ငါCEO Minနဲ့အပေးအယူလုပ်ပီး VVIP Cardရအောင်လုပ်လိုက်မယ်"
"ဒါပေမဲ့ Bossသူက အပျော်အပါးလည်းမမက်ဘူး.. လောဘလည်းအဲဒီလောက်မရှိဘူး.. ဆွေးမျိုးသားချင်းတွေနဲ့လည်းချိန်းခြောက်လို့မရဘူး ဘာလိုအရာမျိုးနဲ့သူ့ကိုအပေးအယူလုပ်မှာလဲ.."

ဂျန်းကုတချက်လောက်ပြုံးလိုက်တယ်..

"RJ companyရဲ့ ရှယ်ယာတွေနဲ့ဆိုရင်တော့ရလောက်ပါတယ်..."
"ဒါပေမဲ့ အဲတာတွေကိုBossအနှစ်နှစ်အလလကခက်ခက်ခဲခဲစုဆောင်းခဲ့ရတာလေ..."
"မင်းပြောတယ်မလား ကမ်ဆော့ဂျင်ကသူ့ရဲ့တဦးတည်းသောသူငယ်ချင်းဆို.. သူ သူ့သူငယ်ချင်းကိုလွတ်မြောက်အောင်ဘာမဆိုကြိုးစားလိမ့်မယ်.. ဘာလို့လဲဆိုရင် တယောက်တည်းအထီးကျန်တတ်တဲ့သူတွေက တဦးတည်းရှိတဲ့သူငယ်ချင်းကိုတခြားသူတွေထက်ပိုတန်ဖိုးထားတတ်ကြတယ်... သူ့သူငယ်ချင်းလွတ်မြောက်ဖို့ ဒီရှယ်ယာတွေကအရေးပါဆုံးပဲလေ.."
"Bossသေချာရဲ့လား?"

'သေချာတာပေါ့.. ဘာလို့လဲဆိုရင်ငါလည်းတချိန်ကသူ့လိုခံစားခဲ့ရဖူးလို့လေ..'
.
.
.
.
.
.
ထယ်ယောင်း မနက်နိုးနိုးခြင်းအိပ်ယာဘေးဘက်ကိုစမ်းလိုက်တော့လွတ်နေတဲ့နေရာလေး...ထယ်ယောင်းအမြန်ထထိုင်လိုက်မိတယ်...

"ဟိုဆော့ ဘယ်ရောက်သွားတာလဲ"

ထယ်ယောင်း မီးဖိုချောင်ထဲကို၀င်လိုက်တော့ တွေပါပီ ဟင်းချက်နေတဲ့သူ့ရဲ့အိမ်ရှင်ထီးလေး...ထယ်ယောင်းဟိုဆော့ရဲ့အနောက်ကနေခါးကိုသိမ်းပီးဖက်လိုက်တယ်..

"အမေ့!!"
"ကိုယ့်ရဲ့ဟိုဆော့ကီးလေးလန့်သွားတာလား.."
"မင်းကအသံမှမပေးပဲ"

ထယ်ယောင်း ဟိုဆော့ရဲ့ပုခုံးလေးပေါ်ကိုမေးတင်ပီးခနလောက်မှိန်းနေလိုက်တယ်.. ပီးတော့ဟိုဆော့ရဲ့လည်တိုင်လေးကို နှာခေါင်းလေးနဲ့ဖွဖွလေးနမ်းလိုက်တယ်..

"ဟား.. ကိုယ့်ရဲ့ဟိုဆော့ကီးရဲ့ကိုယ်သင်းရနံ့လေးကလေ အမြဲကိုမွှေးနေတော့တာပဲ.."

ထယ်ယောင်းထပ်ပီးလည်တိုင်လေးကိုအနမ်းတွေခြွေမိတယ်..

"ရား.. ကမ်ထယ်ယောင်း လွှတ်ဦး ငါမနေတတ်တော့ဘူး"
"မလွှတ်ဖူး!!"
"မင်းမနက်စာငတ်ချင်လို့လား.. ငါဟင်းမချက်ပဲနေလိုက်မှာနော်.."
"ရတယ်လေ အဲဒီအစား ခင်များလေးကိုပဲမနက်စာအဖြစ်စားရတာပေါ့.."
"မင်း....!!"

ဆွဲလှည့်ခံလိုက်ရတဲ့ခန္ဓာကိုယ်နဲ့အတူ နှုတ်ခမ်းတစုံဟာလည်းချိတ်ပိတ်ခြင်းခံလိုက်ရတယ်..

"ရား!! ကယ်ထယ်ယောင်းသွားလည်းမတိုက်ရသေးပဲနဲ့"
"ဘာလဲ ရွံ့တာလား.."
"ဟုတ်တယ်.. ရွံ့တယ် ညစ်ပတ်အိုးကြီး သွားအရင်တိုက်လိုက်စမ်းပါ.."
"Okလေ.. သွားတိုက်ပီးရင်ရော??"
"ကမ်ထယ်ယောင်း!!!မနေ့ညကလည်း တခေါက်လုပ်ပီးသွားပီ.. မနက်ပါငါ့ကိုအနားမပေးရင် ဆေးရုံမှာ ငါduty၀င်ရင်းမူးလဲလိမ့်မယ်သိရဲ့လား..!!!"
"သိပါပီ ကိုယ့်ရဲ့ဆရာ၀န်လေးရယ်"
"သိရင်သွားတော့.."
"ဟုတ်ကဲ့ပါ ခင်ဗျာ"

'အဲဒီ ကျားပေါက်ကတော့လေ အမြဲတိုင်းငါ့ကိုစားဖို့ချောင်းနေတော့တာပဲ.. ဖုန်းcontactမှာမှတ်ထားတာတောင် my deerတဲ့ သူကကျားလေးငါ့ကိုစားမှာတဲ့လေ တကယ်ပဲမလွယ်ကျောလေး...'
.
.
.
.
.
.
"ဆိုပါဦး ဒီက... ကျွန်တော့ကိုတွေ့ချင်တယ်ဆိုတာ ဘာကိစ္စ.."

ယွန်းဂီရှေ့မှာထိုင်နေတဲ့သူကိုစူးစူးရဲရဲကြည့်ရင်းမေးလိုက်တယ်..

"ခင်များအကြောင်းကြားထားတာတွေကမမှားဘူပဲ"
"Wait ခင်များကျုပ်အကြောင်းတွေ နောက်ကွယ်မှာစုံစမ်းနေတာလား"

ဂျန်းကု ကော်ဖီကို တချက်မော့သောက်ပီးစကားဆက်လိုက်တယ်...

"ကိုယ့်ပါတနာ အကြောင်းကိုတော့အနည်းငယ်သိသင့်တယ်မလား.."
နောက်တခါ သိချင်ရင် ကျွန်တော့ကိုတိုက်ရိုက်မေးပါ... "ခိုးချောင်ခိုးဝှက်တွေလုပ်တာကျွန်တော်မကြိုက်ဖူး"
"ရတယ်လေ.. ဒါဆိုရင်တခုလောက်မေးခွင့်ပြုပါ"

ယွန်းဂီ ဘာလဲဟူသောသဘောဖြင့်မေးဆတ်ပြလိုက်သည်..

"ဘာလို့ ခင်များမှာ လွန်ခဲ့တဲ့ငါးနှစ်နောက်ပိုင်းကအချက်အလက်တွေရှိမနေရတာလဲ..."
"ကျွန်တော့အထင်တော့ အဲတာခင်များနဲ့မဆိုင်ပါဘူး"
"Okလေ.. ဒါဆိုကျွန်တော်တို့နဲ့ဆိုင်တာပဲပြောကြရအောင် ကျွန်တော်ခင်များပိုင်တဲ့****barရဲ့VVIP Cardကိုလိုချင်တယ်.."

ယွန်းဂီ ဂျန်းကုကိုမော့ကြည့်လိုက်မိတယ်...

"ခင်များကျုပ်ကိုအမိန့်ပေးနေတာလား.."
"No ခင်များကိုအမိန်ပေးနေတာမဟုတ်သလို တောင်းဆိုနေတာလဲ မဟုတ်ဖူး.. ပါတနာတယောက်အနေနဲ့အပေးအယူလုပ်နေတာ.."
"ဆိုတော့.. ကျွန်တော့ဘက်ကဘာပြန်ရမှာလဲ.."
"RJ groupရှယ်ယာ 20%"

'သူကတကယ်ပဲဘလိုလူလဲ.. ငါတောင်စု‌ေဆာင်းလို့မရတဲ့RJ groupရဲ့ရှယ်‌ယာတွေဘာလို့သူ့စီကိုရောက်နေရတာလဲ.. ပီးတော့သူကဘာလုပ်ချင်လို့ Barတစ်ခုရဲ့သာမန်VVIP Cardကိုလိုချင်နေရတာလဲ..'

"ခင်များကဘာလို့ ဒီVVIP Cardကိုအရေးတကြီးလိုနေရတာလဲ.."
"ဘာရယ်မဟုတ်ပါဘူး.. ခင်များBarရဲ့VVIPတွေကအထက်တန်းစားတွေဆိုတော့ နောက်ထပိစီးပွားရေးအသစ်တွေတိုးချဲ့ဖို့ ideaအသစ်လေးတွေရတာပေါ့.."
"ကျုပ်မေးခွန်းပြောင်းမေးမယ်... ဒီလောက်တန်ဖိုးရှိတဲ့ရှယ်ယာတွေကိုဘာလို့ကျွန်တော့လက်ထဲထည့်နိုင်ရတာလဲ.."

ဂျန်းကုမတ်တပ်ထရပ်လိုက်တယ်..

"ခင်များကြားဖူးတယ်မလား.. ရန်သူရဲ့ရန်သူကမိတ်ဆွေဆိုတာကိုလေ... ကျွန်တော်တို့ကရန်သူတူနေမှတော့ ဘာလို့မိတ်ဆွေတွေမဖြစ်နိုင်ရမှာလဲ.. ဒီတန်ဖိုးကြီးတဲ့ရှယ်ယာတွေအစား ခင်များလို
တန်ဖိုးကြီးတဲ့မိတ်ဆွေတယောက်ရတယ်ဆိုတာ ကျွန်တော့ဘက်ကအရှုံးမရှိပါဘူး... ကျွန်တော်နဲ့မိတ်ဆွေတွေဖြစ်ဖို့ဖိတ်ခေါ်ပါတယ်.."

ဂျန်းကု လက်တဖက်ကိုယွန်းဂီရှေ့ကိုကမ်းပေးလိုက်တယ်..

"ကောင်းပီလေ.. ခင်များလိုချင်တဲ့ VVIP Cardကျွန်တော်ပေးမယ်.. ကျွန်တော်တို့မိတ်ဆွေတွေလုပ်ကြတာပေါ့"

ယွန်းဂီလည်းမတ်တပ်ရပ်လိုက်ပီးဂျန်းကုရဲ့ လက်ကိုဆွဲပီးနှုတ်ဆက်လိုက်တယ်...

"ဒါပေမဲ့ခင်များမမေ့ပါနဲ့ မိတ်ဆွေတွေကလည်းတချိန်မှာရန်သူတွေဖြစ်သွားနိုင်တယ်ဆိုတာ..."

ယွန်းဂီ ဂျန်းကုနားကိုကပ်ပီးတိုးတိုးလေးပြောလိုက်တယ်.. ဂျန်းကုကတော့ ပုံမှန်အတိုင်းထင်ရှားတဲ့အပြုံးတခုကိုသာဆင်မြန်းထားခဲ့တယ်...
.
.
.
.
.
.
.
"Boss ****ဘားကိုရောက်ပါပီ"

ဂျန်းကုကားတံခါးကိုဖွင့်လိုက်ပီး Barထဲကို၀င်လိုက်တယ်..
Barရဲ့အပေါ်ဆုံးထပ် VVIPတွေအတွက်နေရာကိုတက်သွားလိုက်တယ်.. ဂျန်းကု ဆော့ဂျင်ကိုရှာနေမိတယ်.. ဒါပေမဲ့မကြာပါဘူး အရက်ပုလင်းတွေကြားခေါင်းစိုက်နေတဲ့ကမ်ဆော့ဂျင်... ဂျန်းကုသူ့နားကခုံကိုအမြန်ယူပီးထိုင်လိုက်တယ်...

"အေ့.. မင်းက ဘယ်သူလဲ?"

ဆော့ဂျင်ကတော့ ဂျန်းကုရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ဆွဲပီးမသုန်မမှုန်စိုက်ကြည့်နေတယ်..

"ကိုယ်က မင်းရဲ့မင်းသားလေး.."

ဂျန်းကုပြောလိုက်တော့ ဆော့ဂျင်ရဲ့မျက်ခုံးတွေဟာတွန့်ချိုးသွားတယ်..

"မင်းက ငါ့ရဲ့မင်းသားလေး ဟုတ်လား.."
"အင်း"
"ငါကမင်းသမီးလေးမှမဟုတ်တာ ငါကယောက်ျားလေးလေ.."
"ဟင်?"

ဆော့ဂျင် ဒယိမ်းဒယိုင်ထရပ်လိုက်တယ်..

"ငါကယောက်ျားလေးလို့ အဲတာကြောင့် ငါမင်းသားလေးမလိုဘူး.."

ဆော့ဂျင် လဲကျမလိုဖြစ်သွားတာကို ဂျန်းကုပုခုံးကနေထိန်းပေးလိုက်တယ်..

"ငါက... အေ့... ဧကရာဇ်လုပ်မှာ အေ့.."
"ဟုတ်ပါပီ ကိုယ်ကဘုရင်ဆိုရင်မင်းကဧကရာဇ်.."

'ကိုယ့်ရဲ့နှလုံးသားထဲမှာ မင်းကထာ၀ရဧကရာဇ်'
.
.
.
.
.
.
......Namjin......x.......Jinkook.......

AN;
ဒီအပိုင်းတော့နည်းနည်းတိုသွားတယ်နော် သာသာသဘက်ခါကျမှနောက်တပိုင်းတင်ပေးပါ့မယ် ကိုယ့်ကိုယ်ကိုဂရုစိုက်ကြဦးနော်
Love you all💜
...........................................................

Zawgyi

"ဆက်ပြော...."




"မင်းတော်သားပဲ...."




"Bossသေချာရဲ့လား?"

.
.
.
.
.
.



"အမေ့!!"
"မင်းကအသံမှမပေးပဲ"




"မလွှတ်ဖူး!!"
"မင်း....!!"


"ဘာလဲ ရွံ့တာလား.."
"သိရင်သွားတော့.."
"ဟုတ်ကဲ့ပါ ခင်ဗျာ"

.
.
.
.
.
.








"RJ groupရှယ်ယာ 20%"

'သူကတကယ်ပဲဘလိုလူလဲ.. ငါတောင်စု‌ဆောင်းလို့မရတဲ့RJ groupရဲ့ရှယ်‌ယာတွေဘာလို့သူ့စီကိုရောက်နေရတာလဲ.. ပီးတော့သူကဘာလုပ်ချင်လို့ Barတစ်ခုရဲ့သာမန်VVIP Cardကိုလိုချင်နေရတာလဲ..'








.
.
.
.
.
.
.
"Boss ****ဘားကိုရောက်ပါပီ"


"အေ့.. မင်းက ဘယ်သူလဲ?"




"အင်း"
"ဟင်?"





.
.
.
.
.
.
......Namjin......x.......Jinkook.......
AN;
Love you all💜
...........................................................











Fortsätt läs

Du kommer också att gilla

562K 12.5K 39
In wich a one night stand turns out to be a lot more than that.
8.2K 287 20
Charlie wakes up in a strange cave, with a new mask to wear.
30.8K 3.5K 34
ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ခပ်လန်းလန်း Bad Boy ကောင်လေးနဲ့ အနေအေးပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး
4.3K 687 18
တွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေ...